Sunday 27 February 2011
ပြည်ပရောက် မြန်မာများ၏ အခန်းကဏ္ဍ
အကျဉ်းထောင်များရှိနိုင်ငံရေးသမားများစာရင်း။
မြန်မာတပြည်လုံးရှိထောင်များ၌ရှိနေကြသောနိုင်ငံရေးအကျဉ်းသားများစာရင်း။ 
၁။အကျဉ်းသားစုစုပေါင်းဦးရေ                         ၂၁၈၉ ဦး
၂။ကျန်းမာရေးမကောင်းသူများ စာရင်း                ၁၅၄ ဦး
၃။ထောင်ပြောင်းရွေ့ စာရင်း                             ၂၇၅ ဦး
၎။သံဃာတော်များစာရင်း                                ၂၅၄ ပါး
၅။ထောင်တွင်းကွယ်လွန်သူများစာရင်း                 ၁၄၆ ဦး
(မှတ်ချက်။။။။။။ဇန္ဒဝါရီလ ၂၀၁၀ တွင်ကောက်ယူထားသောစာရင်းဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်
ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှကူးယူဖေါ်ပြပါသည်။)
မတ်လ ၁၃ရက်နေ့ ဖုန်းမော်ကျဆုံး (ကိုဖုန်းမော်နေ့ ဒို့ မမေ့ )
ဖုန်းမော်ဥဒါန်း
ကိုဖုန်းမော်
စွယ်တော်ပန်းပွင့်
မရင့်မှည့်မှီ
လွင့်ကြွေမြေခ 
နွေဦးကိုနှိုးထစေခဲ့  
ဖုန်းမော်မသေ
ဤမြေအနှံ 
လွင့်ပျံစီးဆင်း 
ရဲရင့်ခြင်းနွေဦး 
ဖူးပွင့်ထောင်သောင်း
လှည်းနေမြေအောင်း  
မြင်းစောင်းမကျန် 
တော်လှန်ဖူးသစ် 
ရှစ်လေးလုံး။
စစ်ဖိနပ်အောက်
မလွတ်မြောက်သေး
နွေဦးတေးကို
သွေးနဲ့ ပေးဆပ်
မြင့်မြတ်ခြင်းတွေကို
ဒို့ မြေဆီမှာတွေ့ နေရပေါ့ 
ချွှန်မြဒေါင်းတွေ
လာခြေတော့မည် 
ပြည်သူ့ တပ်ဦး
ဖူးပွင့်နီမြန်း
ဖုန်းမော်ဥဒါန်း တွင်မဆုံး။
(၂၃ကြိမ်မြောက် ကိုဖုန်းမော် ကျဆုံးခြင်း နှစ်ပတ်လည်နေ့ သို့ ဦးညွတ်ခြင်း)   
 နီလွင်သွေး (ဒဿနိက)   
 ၅ ရက် ဖေဖေါ်ဝါရီလ ၂၀၁၁   (စနေနေ့ )
ငုရင်ပြင်ဘလောက်မှ ထပ်ဆင့်ကူးယူဖေါ်ပြပါသည်။                   
Friday 25 February 2011
     မဲပေါက်သည့် နိုင်ငံရေးအကျဉ်းသား၅၀ ကိုလည်း လစဉ်အဝေးရောက်မိတ်ဆွေများအဖြစ်လက်တွဲမည်။
                                            မိုးမခ ဖေဖေါ်ဝါရီ ၂၅ ၊ ၂၀၁၁
၀၁၁ နှစ်သစ်တွင် မိုးမခစာနယ်ဇင်းအဖွဲ့ က  NLD  ပါတီ၏ လူမှု ထောက်ကူအဖွဲ့ က ကူညီအားပေးနေသောနိုင်ငံရေးအကျဉ်းသား၆၀၀ ဦးအား မိုးမခ မိတ်ဆွေများဆုဖြင့် ဂုဏ်ပြုမည်ဖြစ်ကြောင်းထုပ်ပြန်ခဲ့ သည်။ ထုပ်ပြန်ခဲ့ သည့် အတိုင်းလည်း မိုးမခရန်ပုံငွေထဲမှ
ဒေါ်လာငွေ ၆၀၀ ကျော်ကို မိုးမခ ဝိုင်းတော်သားများ အလှူအဖြစ် မတည်ခဲ့ ပြီး အများပြည်သူအလှူကိုလည်း လက်ခံခဲ့ ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ တထောင် တန်ဖိုးဖြင့် ရည်စူးဂုဏ်ပြုမှု ဆောင်ရွက်နိုင်ခဲ့ ကြောင်းတင်ပြလိုက်ပါသည်။ထိုအပြင် NLD  ပါတီကူညီစောင့် ရှောက်နေသည့် နိုင်ငံရေးအကျဉ်းသား စာရင်းများ အနက်မှ စွန်းစားသူ၅၀ဦးကို လည်းမဲနှိုက် ပြီးအဝေး ရောက်မိတ်ဆွေများအဖြစ် လက်တွဲခွင့်၊ မိတ်ဆွေဖွဲ့ ခွင့် ရခဲ့ သည် ဖြစ်ရာ အဆိုပါအဝေးရောက် မိတ်ဆွေ ၅၀ ဦးနှင့် တကွ  NLD ပါတီက စာရင်းပြုစုအားပေးကူညီနေသော နိုင်ငံရေးအကျဉ်းသားများကို မိုးမခမိတ်ဆွေများက လစဉ်အားပေးဂုဏ်ယူ သွားနိုင်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်သည်။ မိတ်ဆွေဖွဲ့ လိုသူများအနေဖြင့် မိုးမခမှတဆင့် မဲနှိုက်ပြီး မိမိ၏ အဝေးရောက်မိတ်ဆွေ သူရဲကောင်းတဦး၏အမည်ကို သိရမည်ဖြစ်သည်။ အဝေးရောက် မိတ်ဆွေ အဖြစ်လစဉ် အနဲ ဆုံး မြန်မာငွေကျပ် ၅ ထောင်ဖိုးဖြင့် ကူညီမှု ကိုစတင်နိုင်သည်။ မိုးမခ စာနယ်ဇင်း
အဖွဲ့ ကတာဝန်ယူပြီး အကြောင်းကြားမှု၊ ပြန်ကြားမှုတိုကို ပြုလုပ်ပေးမည်ဟုပြင်ဆင်ထားသည်။
ယခုလက်ရှိတွင် မိုးမခမိတ်ဆွေများ ၊ပရိတ်သတ်များဖြင့်  NLD  လူမှုထောက်ကူအဖွဲ့ ၏ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုလုပ်ငန်းကို ရည်းစူးလှူဒါန်းမှုများ စတင်နေပြီဖြစ်ရာ လက်ရှိတွင် အလှူရှင်ဦးရေ ၂၀ ရှိပြီး နိုင်ငံရေးအကျဉ်းသား၂၇ဦးကို အဝေးရောက်မိတ်ဆွေများအဖြစ် စာရင်းသွင်းထားသည်ကိုတွေ့ ရသည်။ အလှူရှင် အချို့ က အများကောင်းမှု့အဖြစ်နိုင်ငံရေးအကျဉ်းသားများ ကူညီမှု လုပ်ငန်းသို့ ရည်စူးလှူဒါန်းကြသည်ကိုတွေ့ ရသည်။ 
NLD ဦးစီးဆောင်ရွက်နေသော မြန်မာပြည်ရှိ နိုင်ငံရေးအကျဉ်းသား များ၊ မိသားစုများ ၊လူမှုထောက်ကူပြူ အလုပ်များအတွက် အမေရိကန်ပြည်ထောင်စု အနှံအပြားရှိ မြန်မာကွန်မြူနီတီများကလည်း ဝိုင်းဝန်းခြင်း၊ ပံ့ပိုးခြင်းနှင့် အားပေးကူညီမှူ များပြုလုပ်လာကြသည် ကို ဆက်လက်သတင်းပေးပို့ ပြန်ကြားပေးပါမည်။ လက်ဆင့်ကမ်း သတင်းပေးပို့ ကြရန်တောင်းပန်လိုက်ပါသည်။
(မိုးမခ ဘလောက် မှ ကူးယူဖေါ်ပြပါသည်) 
Home » Uncategorized, ဆောင်းပါး » ဆယ့်သုံး မျဉ်းစောင်း နှစ်
ဖေဖော်ဝါရီလ ၁၃ ရက်ဟာ ကျမတို့တိုင်းပြည်ရဲ့ခေါင်းဆောင် ဗိုယ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ ဖြစ်ပါတယ်။ နောင်လာ နောက်သားတွေ ဗိုလ်ချုပ်ကို အမှတ်ရအောင်၊ ဗိုလ်ချုပ်ကိုလေးစားကြည်ညိုတတ်အောင် ရည်စူးပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို ကလေးများနေ့ အဖြစ်သတ်မှတ်ပြီး အခမ်းအနားတွေ ကျင်းပကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖေဖော် ၀ါရီ ၁၃ ရက်နေ့ဟာ ကျမတို့ သူငယ်ချင်း ဂျင်မီလို့ခေါ်တဲ့ ကျော်မင်းယု ရဲ့ မွေးနေ့လဲဖြစ်ပါတယ်။
ကိုဂျင်မီ ရဲ့ မိသားစု
ကျမ ဂျင်မီ့ကို စသိခဲ့တာက ၈၈၈၈ အရေးတော်ပုံကြီးကို အစပြုတဲ့ ၁၉၈၈ ဇွန်လထဲမှာပါ ။ ကျောင်းထဲက ဆန္ဒပြပွဲမှာ ဂျင်မီ လဲ ပါဝင်ပါ တယ်။ ကျောင်းတွေပိတ်သွားတဲ့နောက်မှာတော့ ကျမလဲ ဂျင်မီ နဲ့ မ တွေ့တော့ပါဘူး။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးအနေနဲ့ ကျမတို့ ပြန်တွေ့ပါတယ်။ ဂျင်မီ ရဲ့ ထူးခြားချက်က တခြားဘာမှအာရုံမရဘဲ မြန်မာပြည်ကြီး ဒီမိုကရေစီရဖို့အရေးကိုပဲ သူ့ခေါင်းထဲမှာ ရှိနေပုံပါပဲ။
ဂျင်မီက အရမ်းရိုးသားတဲ့ ခေတ်လူငယ် တဦးပါ။ ၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက် တံတားနီ ၁ နှစ်ပြည့် အခမ်းအနားမှာ တော့ ကျောင်းသားထဲက ဂျင်မီ ၊ လူ့ဘောင်သစ်ပါတီက ကိုအောင်ဇေယျ ၊ NLD က ဒေါ်အောင် ဆန်းစုကြည်တို့ ၃ ဦး တရားပွဲတပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီတရားပွဲမှာ ကျမတို့လဲရှိနေပါတယ်။ ကိုဂျင်မီရဲ့
“ဖြူသလား ၊ နီသလား ဤတံတား” ဆိုတဲ့ ဟောပြောချက်က နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ ထင်ရှားခဲ့ပါတယ်။ လာရောက်နား ထောင်တဲ့ ပြည်သူတွေကလဲ ဂျင်မီ့ ရဲ့ ဖြူသလား ၊ နီသလား ဤတံတား ကို ကြိုက်နှစ်သက်ကြပါတယ်။
ကိုဂျင်မီက ဖြူသလား၊ နီသလား ဤတံတား လို့အော်လိုက်တိုင်း  အားလုံးသော လူများကလဲ  “နီပါတယ်” လို့ ကျယ် ကျယ်လောင်လောင် ညီညီညာညာ ပြန်အော်ခဲ့ကြပါတယ်။ အဲဒီတရားပွဲကြောင့် ဂျင်မီလဲ ထောင် အနှစ် ၂၀ ကျခဲ့ပါ တယ်။ ဂျင်မီ အကျဉ်းထောင်ထဲရှိစဉ်မှာ မကြာခဏ စစ်ကြောရေးလုပ်ခံရပေမဲ့ ဂျင်မီ ရဲ့  ပြတ်သားတဲ့ခံယူချက်ကြောင့် ဂျင်မီဟာ ထောက်လှမ်းရေးတွေရဲ့ ပစ်မှတ်ထားခံခဲ့ရပါတယ်။ ၁၁/၉၂ မတိုင်ခင် ဂျင်မီ့ ကို စစ်ကြောရေးလုပ်ပါတယ်။ စစ် ကြောရေးမှာ ထောက်လှမ်းရေးတွေက ဂျင်မီ့ ကို ပြန်လွှတ်ခဲ့ရင် နိုင်ငံရေးဆက်မလုပ်ဖို့ ဖျောင်းဖျတိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျင်မီကတော့ “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပဲကျင့်သုံးခဲ့ ပါတယ်။ ထောင်ဒဏ်တွေဘယ်လောက်ပဲ နှစ်ရှည်ချပါစေ ဂျင်မီ့ နှုတ်က အိမ်ပြန်ချင်တဲ့အကြောင်း တခွန်းမှ မပြောခဲ့ပါ ဘူး။ ၁၉၉၀ ခုနှစ် စက်တင်ဘာ ၂၅ ရက်တုန်းက နိုင်ငံရေး အကျဉ်းသားတွေက ရွေးကောက်ပွဲပြီးလို့ ၃ လ ကျော်လာတဲ့ အထိ အနိုင်ရတဲ့ပါတီ NLD ကိုအာဏာမအပ်လို့ အာဏာအပ်ဖို့အတွက် ဆန္ဒပြကြပါတယ်။ အဲဒီပွဲမှာ နိုင်ငံရေးအကျဉ်း သားတွေကို ရက်ရက်စက်စက် သေလုမျောပါး ရိုက်နှက်ခဲ့ပါတယ်။
အောက်စီဂျင်မလိုဘူး
ဟိုက်ဒြိုဂျင် မလိုဘူး
I don’t need you …
ရင်ထဲမှာ လိပ်ပြာကူး  “အေးဆေးပါ”…
ဆိုတဲ့ သီချင်းကို ၁၉၉၃ ခုနှစ်က ကိုဂျင်မီနဲ့ ကိုလူသစ်တို့ကရေးဖွဲ့ပြီး ဂျင်မီ က သံစဉ်ထည့်ထားပါတယ်။ အဲဒီသီချင်းက ထောင်ထဲမှာ လူတိုင်းကြိုက်နှစ်သက်ကြပြီး အောင်မြင်မှုလဲ ရခဲ့ပါတယ်။ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားပါတယ်။ အဲ ဒါဟာ သူ့ရဲ့အနုပညာ အရည်အသွေးကို သီချင်းနဲ့ ထုတ်ဖော်ပြသလိုက်တာပဲပေါ့။
၉၃ ခုနှစ်အစမှာပဲ ၁/၉၃ ကြေငြာချက်နဲ့အတူ ထောင်ဒဏ်နှစ်ရှည် ကျခံနေရသူတွေ၊ သေဒဏ်ကျခံနေရသူတွေကို ပြစ် ဒဏ်လျော့ပေါ့လိုက်ပါတယ်။ အဲဒီလူတွေထဲမှာ ထောင်ဒဏ်နှစ် ၂၀ ကျခံနေရတဲ့ ဂျင်မီလဲ ပါဝင်ပါတယ်။ ဂျင်မီကတော့ မလိုအပ်ပါဘူးတဲ့။ နှစ်ကာလ အပိုင်းအခြားတွေဟာ လူ့ဘ၀ရဲ့ အဓိကအစိတ်အပိုင်း တခုမဟုတ်ဘူးတဲ့။ လူတွေဟာ လူ့ ဘ၀ရဲ့ ရပိုင်ခွင့်တွေရဖို့က အရေးကြီးသလို လူ့ဘ၀ရဲ့ ရပိုင်ခွင့်တွေရအောင် တိုက်ယူဖို့က ပိုပြီးအရေးကြီးတယ်လို့ ခံယူ ထားသူပါ။
၁၉၈၈ ခုနှစ်က ဂျင်မီ ဟာ ၁၉ နှစ်သားပဲ ရှိပါသေးတယ်။ သူ့ဘ၀မှာ ပျိုရွယ်စဉ်တုန်းက ဖြစ်ချင်ခဲ့၊ တောင့်တခဲ့တာက အ ဆိုတော် တယောက်ဖြစ်ဖို့်ပါ။ အတီးသမားတယောက်ဖြစ်ဖို့လဲ ကျိုးစားလေ့ကျင့်သင်ယူနေစဉ်မှာ ဘ၀က တဆစ်ချိုး ပြောင်းလဲခဲ့ ရပါတယ်။ သူ့ရဲ့ ဖြူသလား၊ နီသလား၊ ဤတံတား ဆိုတဲ့ ဟောပြောချက်နဲ့အတူ နိုင်ငံရေးသမား တ ယောက်အဖြစ် ပြတ်ပြတ်သားသား ခံယူခဲ့သူလဲ ဖြစ်ပါတယ်။ နံရံလေးဖက်ကြား အထီးကျန် လှောင်ပိတ်ခံထားရတဲ့ အ ချိန်တွေမှာ သူရဲ့ ငယ်ချစ်ဖြစ်တဲ့ ဂီတနဲ့သာ ပျော်မွေ့ခဲ့တဲ့သူပါ။
ထောင်သမိုင်းမှာ အီဆတ်၊ နဂါးလေး၊ ကရင်လေး၊ အင်းလေး၊ ၀င်းမောင် အစရှိတဲ့ ထောင်မင်းသားတွေတောင်မှ ထောင် ဆိုတာ မနေသင့်မနေအပ်တဲ့အရပ်လို့ သတ်မှတ်ထားကြပြီး ထောင်ထဲမှာပဲ သူတို့သက်တမ်းကုန် သေဆုံးသွားကြ ရပါ တယ်။ ထောင်ဆိုတာ လူ့အသိုင်းအ၀ိုင်းရဲ့ သီးခြားအကာအရံထဲက  ပုပ်သိုးဆွေးမြေ့နေတဲ့ နေရာတခုအဖြစ် အ.က.စ ၀န်ထမ်းတွေကလဲ ခံယူထားပြီး ထောင်ထဲကို အကျဉ်းသားဘ၀နဲ့ ပြန်ရောက်ရမှာကို သေမတတ်ကြောက်ကြပြီး ဝေးဝေး က ရှောင်ကြပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါ ပါဘူး။
ထောင်သပိတ်မှာ တချို့နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ပြီး မိသားစုနဲ့ဝေးတဲ့ နယ်ထောင်တွေကို ပို့လိုက်ပါတယ်။  ဂျင်မီ တို့ကိုလည်း ၅ တိုက် ၂၂ ခန်းကနေ မေ့မျောအောင် ရိုက်နှက်ပြီး စစ်ခွေးတိုက် အပို့ခံခဲ့ရပါတယ်။ ၁၉၉၃ ခုနှစ်မှာ တော့ ၁/၉၃ ကြေငြာချက်အရ ပြစ်ဒဏ် ၁၀ နှစ်လျော့ခဲ့သော်လည်း ၁၉၉၆ ခုနှစ်မှာတော့ ဂျင်မီ အပါအ၀င် နိုင်ငံရေးအ ကျဉ်းသား ၂၂ ယောက်က ထောင်ဒဏ်နှစ်တိုးခံခဲ့ရပါတယ်။ ဂျင်မီကတော့ ၁၂ နှစ်ထပ်တိုးခံရတာပါ။
ထောင်ထဲမှာ ၀ါဒါလို့ခေါ်တဲ့ ထောင်ဝန်ထမ်းတွေဟာ ခေတ်အဆက်ဆက်မှာ ဦးနှောက်ကို သင်းကွပ်ခံရသူတွေ ဖြစ်ပါ တယ်။ သူတို့ဟာ ထောင်ဝင်းကျဉ်းကျဉ်းလေးထဲမှာ ကြီးပြင်းခဲ့ရသူတွေများပါတယ်။ အပြင်လောကနဲ့လဲ အဆက်အ သွယ် မရှိပါဘူး။ သူတို့ ကိုယ်တိုင်ထောင်ပြန်ကျမှာကိုလည်း အလွန်ကြောက်ကြသူတွေလေ။ ဒါကြောင့် အထက်က ခိုင်း လိုက်တာနဲ့ တပြိုင်နက် သူတို့ဟာ ချက်ခြင်းလုပ်လေ့ရှိပါတယ်။ ဦးနု လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို  နိုပ် ကွပ်ဖို့ ထောင်ဝါဒါတွေကို သုံးခဲ့သလို မဆလ လက်ထက်မှာလဲ နိုင်ငံရေးသမားတွေကို ထောင်ဝါဒါတွေနဲ့ပဲ နိုပ်ကွပ်ခဲ့ပါ တယ်။ န၀တ၊ နအဖ  လက်ထက်မှာလည်း ဖော်မြူလာအဟောင်းအတိုင်း ပါပဲ။
အောက်ခြေ၀န်ထမ်းတချို့ကတော့ နိုင်ငံရေးသမားတွေကို သနားတတ်ကြပါတယ်။ သို့သော်လည်း အထက်အမိန့်ကို တော့ သူတို့ မလွန်ဆန်နိုင်ကြပါဘူး။ ဒါကြောင့်လဲ ၁၉၉၆ ခုနှစ် နှစ်တိုးပွဲကြီး ဖြစ်လာတာပါ။ ဒါပေမဲ့ နိုင်ငံရေးသမားတွေ ကတော့ သူတို့ကိုရဲ့ ဘ၀တွေကို စာနာနားလည်ကြသလို သူတို့ရဲ့လုပ်ရပ်တွေကို မဖော်ကြပါဘူး။ တကယ်လို့ ဒီပစ္စည်း တွေကို ဘယ်သူဘယ်ဝါ သယ်လာပါတယ်ဆိုရင်တော့ အဲဒီဝါဒါတွေပဲ ထောင်ကျမှာပါ။ ထောင်ထဲကို သူတို့ သယ်မလာ ဘဲနဲ့တော့ ဒီပစ္စည်းတွေ ရောက်မလာပါဘူး။ ထောင်ဝါဒါတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် အကျဉ်းသားတွေက ပိုက်ဆံပေးပြီးမှာတဲ့ပစ္စည်းတွေကို သူတို့ခန္ဓာကိုယ်မှာ ၀ှက်ပြီးယူလာတတ်ပါတယ်။ ကိုဂျင်မီကို သာယာဝတီထောင်က နေ ရန်ကုန်ထောင်ကို ပြန်ခေါ်ပြီးမှ ထောင်ဒဏ်နှစ်တိုးတာပါ။ သူတို့တွေ နှစ်တိုးပြီးတာတောင် ဂျင်မီက ကျမတို့ အမျိုး သမီးတိုက်ကို အားမငယ်ဖို့ လှမ်းအားပေးနိုင်တဲ့အထိ စိတ်ဓါတ်ကြံ့ခိုင်ပါတယ်။
ဂျင်မီ့ အစ်ကို မျိုးမင်းယု (ခေါ်) စာရေးဆရာ မျိုးကိုမျိုးဟာလဲ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး အကျဉ်းထောင် က လွတ်မြောက်ပြီးမှ နာမည်ကြီးစာရေးဆရာ ဖြစ်လာသူပါ။ ၂၀၀၅ ခုနှစ်မှာ ဂျင်မီဟာ ထောင်ဒဏ် ၃၂ နှစ်ကနေ လွတ် မြောက်လာပါသော်လည်း  ဗမာပြည်ကြီးကတော့ စစ်အာဏာရှင်တွေ လက်အောက်က မလွတ်မြောက်သေးပါဘူး။
၂၀၀၆ ခုနှစ်မှာတော့ ရည်ရွယ်ချက်တူတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနီလာသိန်းနဲ့ လက်ထပ်ထိမ်းမြား ခဲ့ပါတယ်။ နီလာသိန်းက ၁၉၉၆ ခုနှစ် ကျောင်းသား အရေးအခင်းမှာပါဝင်ခဲ့လို့ ထောင်ဒဏ် ၁၀ နှစ်ကျခံခဲ့ရသူပါ။ သူတို့ လင်မယား ဟာ တဦးရဲ့ဆန္ဒကို တဦးက ဖြည့်ဆည်းပေးရင်း နိုင်ငံရေးခရီး ဆက်ခဲ့ကြပါတယ်။ သူတို့ရဲ့ မျိုးဆက်အဖြစ် ၂၀၀၇ ခုနှစ် နှစ်ဦးပိုင်းမှာ သမီးငယ်လေးကို ဖွားမြင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြည့်အရေးကို ဦးထိပ်ပန်ဆင်ထားသူတွေမို့ ၂၀၀၇ ခုနှစ်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံခဲ့ရပါတယ်။ ဂျင်မီရေ အသက် ၁၀၀ တောင်မှ မနေရနိုင်တဲ့ လူ့သက်တမ်းမှာမှ ထောင်သက်က ၉၇ နှစ်တဲ့လား… ဗားတော့ဗရက် စကားလုံးနဲ့ပြောရင် “နှင်းတွေဒီလောက်ထန်နေရင် ပဲပြားပင်လေး တွေ ဘယ်လိုရှင်သန်နိုင်မှာလဲ” တဲ့။
ဟုတ်တယ် ၊ ဒါပေမဲ့… ဂျင်မီဟာ ကြံ့ကြံ့ခံ ရုန်းထွက်နိုင်တဲ့ ပဲပြားပင် တပင်ဖြစ်မှာပါ။ အနာဂတ်ကို ပိုက်ထွေးနိုင်မယ့် ခေတ်တခေတ်ရဲ့ အလှည့်အပြောင်းမှာ လွတ်လပ်တက်ကြွနေမယ့် ချစ်သမီးလေးနဲ့ မျိုးဆက်သွေးတွေရဲ့ အပြုံးမှာ… အေးဆေးပါ…
အဲဒီစကားလုံးတွေဟာလည်း… ဂျင်မီရဲ့ သီချင်းပါ… ။
ခင်ငြိမ်းသစ်
နေ့ သစ် ဘလောက်တွင် ဖေါ်ပြထားသောမခင်ငြိမ်းသစ်၏ ဆောင်းပါးကို ထပ်မံဖေါ်ပြပါသည်။
Sunday 20 February 2011
 အကျဉ်းသားကူညီရေး ဝိုင်းဝန်းကြဖို့ ဦးဝင်းတင်ပန်ကြား
2011-02-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ နိုင်ငံရေး အကျဉ်းသား တဦးချင်းအလိုက် မဲနှိုက်ပြီး ကူညီနေတဲ့ အစီအစဉ်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဝိုင်းဝန်းကူညီ ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင် ဦးဝင်းတင်က ပန်ကြားလိုက်ပါတယ်။
(Photo: AFP)
စက်တင်ဘာ ၂၇ ရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
“နိုင်ငံရေး အကျဉ်းသား ၅ဝ လောက်ကို အမေရိက ကနေ တာဝန်ယူမယ်ပေါ့။ အလားတူပဲ ကျနော်တို့ရဲ့ စိတ်ဆန္ဒ အစီအစဉ်ထဲမှာတော့ အင်္ဂလန်တို့ သြစတြေလျတို့ ဂျပန်တို့ ဆိုတဲ့ဒေသတွေမှာလည်း မဲနှိုက်ပြီး တာဝန်ယူမှုတွေ လုပ်သွားဖို့ ရည်ရွယ်ချက် ရှိပါတယ်။ အကျဉ်းသားတွေရဲ့ ဒုက္ခသုက္ခတွေ၊ ပုဂ္ဂိုလ်ရေး အခက်အခဲတွေနဲ့ ပတ်သက်ပြီးတော့ အကူအညီပေးသွားဖို့ အဆင်သင့် ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
လက်ရှိ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်မှာ ကူညီစောင့်ရှောက်ဖို့ မဲနှိုက် တာဝန်ယူထားသူ ၆ ရာကျော်အတွက်သာ ရှိသေးတာကြောင့် ကျန် နိုင်ငံရေး အကျဉ်းသားတွေအတွက် တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီကြဖို့ ဦးဝင်းတင်က လှုံ့ဆော်လိုက်တာပါ။
အခုနောက်ပိုင်း ဒီအစီအစဉ်မှာ ပါဝင်လာသူတွေ ပိုများလာတယ်လို့လည်း ဆိုပါတယ်။ မြန်မာစစ်အစိုးရဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ မနီလာသိမ်း အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီး ထောင်ချပြီး မိသားစုတွေ ထောင်ဝင်စာတွေ့ဖို့ ခက်ခဲမယ့် နယ်ဝေးထောင်တွေကို ပို့ထားပါတယ်။
ဒါ့ပြင် အကျဉ်းထောင်တွင်းမှာ နောက်ထပ် အခက်အခဲ တွေ့အောင် ဖန်တီးထားတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို စိတ်ဓာတ်ရေးရာ အားပေးမှုပဲ ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုပဲဖြစ်စေ ကူညီကြဖို့ NLD က ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးဝင်းတင်နဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကရင်အမျိုးသားနေ့ သို့ မြန်မာ့ရေးရာဌာနမှပေးပို့သော သဝဏ်လွှာ
KayinNewYear-2011
ချင်းအမျိုးသားနေ့ သို့ မြန်မာ့ရေးရာဌာန မှပေးပို့သော သဝဏ်လွှာ
ChinNationalDay-2011
Saturday 19 February 2011
nterview with U Win Tin - Burmese Junta sponsoring state terrorism? Print E-mail
User Rating: / 5
PoorBest 
မျက်မှောက်ရေးရာ - အင်တာဗျူး
Friday, 18 February 2011
နိုင်ငံတော်ကိုယ်တိုင်က အကြမ်းဖက်သမားဖြစ်နေပြီလား
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၁
ဒီတပတ် ဆရာဦးဝင်းတင်နဲ့ ဆုံတွေ့စကားပြောဖြစ်တဲ့အခါမှာ အဓိကမေးဖြစ် ပြောဖြစ်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီကို စစ်အစိုးရအာဘော် သတင်းစာများကနေပြီးတော့ ကြေကွဲဖွယ် ဇာတ်သိမ်းနဲ့ ကြုံရလိမ့်မယ်လို့ တရားဝင်ခြိမ်းခြောက်လိုက်တာရယ်၊ စီးပွားရေးပိတ်ဆို့မှုများနဲ့ ပတ်သက်တဲ့ သဘောထားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို ပြစ်တင်ဝေဖန်ပြောဆိုလာတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။
          ဒီလ ၁၃၊ ၁၄၊ က စပြီးတော့ စစ်အစိုးရသတင်းစာတွေကနေပြီးတော့ အင်န်အယ်ဒီရဲ့ ဆန်ရှင်အပေါ် သဘောထားနဲ့ ပတ်သက်ပြီး ပြန်လှန် ဝေဖန်တိုက်ခိုက်တဲ့ ဆောင်းပါးတွေ ထည့်လာတယ်။ အဲဒီအထဲမှာ စီးပွားရေးပိတ်ဆို့မှုအပေါ်မှာ ပြန်လှန်ပြီး ပြောဆိုဆွေးနွေး ဝေဖန်ရန်တွေ့နေတာတွေအပြင်ကို ထူးထူးခြားခြား ဘာကို ထည့်ပြောလာသလဲဆိုတော့ ဒီလိုမျိုးစစ်အစိုးရကို ဆန့်ကျင်တဲ့ သဘောထားရှိတဲ့ ဒေါ်စုနဲ့ အင်န်အယ်ဒီပါတီဟာ သမိုင်းနိဂုံးချုပ်မယ်၊ နိုင်ငံရေးကျဆုံးမယ်လို့ ခြိမ်းခြောက်တဲ့ စကားကို ပြောတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့သတင်းစာမှာတော့ ဒေါ်စုကို အင်္ဂလိပ်ဘာသာနဲ့ တိတိကျကျ ပြတ်ပြတ်သားသားကို အသက်အန္တရာယ်နဲ့ ကြုံရမယ်၊ ကြေကွယ်ဖွယ် ဇာတ်သိမ်းနဲ့ ဇာတ်သိမ်းမလှ ဖြစ်လိမ့်မယ်လို့ကို ပြောင်ပြောင်တင်းတင်း ပြောလိုက်တယ်။ အတိအကျ စကားလုံးက She will meet her tragic end လို့ ပြောလိုက်တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့က ဘာမြင်သလဲဆိုတော့ လက်နက်ကိုင်ထားတဲ့ စစ်အစိုးရက စစ်အာဏာပိုင်တွေက လက်နက်မဲ့တဲ့ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အကြမ်းဖက်မယ်၊ ရန်မူမယ်လို့ ပြောလိုက်တယ်လို့ မြင်တယ်။ စိုးရိမ်စရာကောင်းတဲ့ သဘောလို့ မြင်ပါတယ်။ ဒါကို ဆရာက ဘာပြောချင်သလဲ။ ဆရာတို့က ဒါကို ပေါ့ပေါ့ဆဆပဲ သဘောထားသလား။
          အဲသည်ဆောင်းပါ်းတွေရဲ့ ဂယက်နဲ့ ကျနော်တို့ သဘောထားကို မပြောခင်မှာ၊ ပြည်သူလူထုဖက်က တုန့်ပြန်မှုကို မပြောခင်မှာ အရင်ဆုံး ဘာကို ပြောချင်သလဲ ဆိုတော့ - သူတို့စစ်အစိုးရရဲ့ သတင်းစာကနေ ဒီလိုမျိုး စကားလုံးတွေ သုံးစွဲပြီး ခြိမ်းခြောက် ရေးသားလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနကနေပြီး အလွန်အမင်း စိုးရိမ်သွားပြီးတော့ သူတို့အစိုးရတရပ်အနေနဲ့ စစ်အစိုးရကို တရားဝင် သတိပေးပြောဆိုချက် ထွက်ပေါ်လာတာကို တွေ့ရတယ် လို့ ပြောချင်ပါတယ်။
          အမေရိကန်အစိုးရက မြန်မာစစ်အစိုးရကို သတိပေးတဲ့ စကားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့၊ စောင့်ရှောက်ပေးဖို့ တာဝန်ဟာ စစ်အစိုးရမှာ တာဝန်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တယ်။ မြန်မာပြည်တွင်းက ပြည်သူတွေနဲ့အတူ စိုးရိမ်တယ်လို့ သဘော ပြောလာတာကို တွေ့ရပါတယ်။ ဟုတ်ပါတယ်။ ကျနော်တို့တွေမှာကော၊ ပြည်သူလူထုတွေ ကြားထဲမှာ စိုးရိမ်မှုတွေ၊ သောကတွေ ပိုပြီး ဖြစ်လာတယ်။ ကျယ်ပြန့်လာတယ်လို့ ကျနော်တို့ ကြုံတွေ့နေရပါတယ်။
          သူတို့စစ်အစိုးရ ကျင်းပနေတဲ့ လွှတ်တော်ဆိုတဲ့ ဆီမှာကလည်း ၀န်ကြီးတွေ ခန့်တာတွေ၊ ထွက်တာတွေ၊ အပြောင်းအလဲတွေ ဖြစ်တယ်လို့ သတင်းတွေ၊ ပါးစပ်အပြောတွေကလည်း ပြန့်နှံ့ပြီး တိုင်းပြည်ကလည်း မငြိမ်မသက်ဖြစ်နေတဲ့အတွက် ဖေဖော်ဝါရီလ ၁၇ နေ့က ဆိုရင် ဘယ်လောက်ထိ ကောလဟလတွေက ဖြစ်သလဲ ဆိုတော့ ညကပဲ အင်န်အယ်ဒီပါတီကို ၀င်သိမ်းတယ်၊ ၀င်ဖမ်းတယ် ကြားလို့ သတင်းဌာနတွေက ပြည်သူတွေက ဖုံးဆက်ပြီး မေးကြ၊ မြန်းကြ၊ စုံစမ်းကြတာတွေကိုတောင် ကျနော်တို့ ကြုံကြရတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ စစ်အစိုးရရဲ့ တင်းမာတဲ့ သဘောထား ထုတ်ပြန်ချက်ကြောင့် နိုင်ငံတကာမှာကော၊ ပြည်တွင်းက ပြည်သူလူထုတရပ်လုံးမှာပါ မတည်မငြိမ်နဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ပြောချင်ပါတယ်။
နောက်မေးခွန်းတခုကတော့ ဆရာရယ်။ အခု ဖေဖော်ဝါရီလမှာ ထုတ်ပြန်လိုက်တဲ့ အင်န်အယ်ဒီရဲ့ နိုင်ငံတာကဆန်ရှင်ပေါ်မှာ လက်ခံတယ်ဆိုတဲ့ သဘောထား၊ ပြီင်္းတော့ နိုင်ငံတကာကလည်း ဆန်ရှင်တွေ၊ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းမယ်၊ စဉ်းစားမယ် ဆိုရင်လည်း စစ်အစိုးရနဲ့ အပေါင်းအပါတွေနဲ့ တဖက်သတ် တွေ့ဆုံပြီး မဆုံးဖြတ်နဲ့၊ ပြည်သူလူထုထောက်ခံမှုရရှိထားတဲ့ အတိုက်အခံဒီမိုကရေစီအင်အားစုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အင်န်အယ်ဒီနဲ့တကွ မဟာမိတ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးပါလို့ ကမ်းလှမ်းလိုက်တယ်၊ ပြောလိုက်တယ်လို့ ကျနော်တို့က မြင်ပါတယ်။ အဲသည်လို ပြောတာ ဖြစ်တဲ့အတွက် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာလုံးနဲ့ မြန်မာပြည်တွင်းသာမက၊ ပြည်ပက မြန်မာပြည်အရေးစိတ်ဝင်စားသူတွေကိုပါ ရည်ရွယ်ပြီး ရေးသားလိုက်တယ်လို့ ရှုမြင်မိပါတယ်။ ဒီလိုမျိုး ရှင်းလင်းချက်က ဘာများ လူအများ နားမလည်စေတဲ့ မျက်စိလည်စရာများ ရှိနေလို့လဲ။
          ဒါက ရှင်းလင်းပါတယ်။ ကျနော်တို့ရဲ့ ကမ်းလှမ်းချက်၊ သဘောထားထုတ်ပြန်ချက်က အင်န်အယ်ဒီနဲ့ မဟာမိတ်နိုင်ငံရေးအင်အားစုတွေ မပါဝင်ဘဲနဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့တာတွေကို ရုတ်သိမ်းဖို့၊ ပြင်ဆင်ဖို့၊ ဘာပဲ လုပ်လုပ်၊ မစဉ်းစားပါနဲ့၊ မဆုံးဖြတ်ပါနဲ့။ ကျနော်တို့နဲ့ ဆွေးနွေးပါလို့ ပြောလိုက်တာ ဖြစ်တယ်။ ဒါကို အနောက်နိုင်ငံတွေထဲမှာ အရင်ဦးဆုံး လက်ခံတာ၊ အသိအမှတ်ပြုတာက အမေရိကန်နိုင်ငံဖြစ်တယ်။ ဥရောပတို့ အီးယူတို့က ဘာပြောမလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့။
          စစ်အစိုးရနဲ့ သူတို့ အပေါင်းအပါတွေက အမြဲတစိုက်ပြောနေတာက ဆန်ရှင်တွေက ပြည်သူလူထုကို ထိခိုက်တယ်လို့ ပြောတယ်။ ကျနော်တို့ပြောနေတာက ပြည်သူလူထုကို ထိခိုက်တာထက် လူ့အခွင့်အရေးတွေ အမြဲချိုးဖောက်နေတဲ့ ဒီမိုကရေစီရေး တိုင်းပြည်အရေးကို အလေးမထားတဲ့ စစ်အစိုးရကို ထိခိုက်စေတယ် လို့ ပြောတယ်။ ဒါကြောင့် ဆန်ရှင်ကိစ္စကို လျော့ချင်တာပဲ ဖြစ်ဖြစ်၊ တိုးချင်တာပဲဖြစ်ဖြစ် ကျနော်တို့နဲ့ ဆွေးနွေးပါ၊ တိုင်ပင်ပါ။ သဘောထားကို တောင်းပါလို့ ပြောလိုက်တာ ဖြစ်ပါတယ်။
ဒါဆိုရင် ကျနော်တို့က ပြောချင်တာတခုကတော့ ပြည်သူလူထုတွေ၊ ပြည်တွင်းက တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလုပ်သမား လယ်သမားတွေ အားလုံးမှာ နိုင်ငံရေးချွတ်ခြုံကျမှု၊ စီးပွားရေး ချွတ်ခြုံကျမှု၊ ပညာရေးချွတ်ခြုံကျမှု၊ လူ့အခွင့်အရေးတွေ၊ အလုပ်သမား လယ်သမားအခွင့်အရေးတွေ အားလုံး ချွတ်ခြုံကျမှုတွေ ဖြစ်နေတယ်။ ခံစားနေရတယ်။ လူမှုရေး ကျန်းမာရေး အစစအရာရာ အထွေထွေ ဆင်းရဲ ချို့တဲ့နေရတာတွေ အားလုံးဟာ ဆန်ရှင်ကြောင့်လို့ စစ်အစိုးရနဲ့ အပေါင်းအပါတွေက ၀ိုင်းပြီး လက်ညှိုးထိုးနေတာကို စစ်အစိုးရလက်အောက်က ပြည်သူလူထုကြီး အားလုံးက တပြိုင်နက်တည်း ခေါင်းတွေ ညိတ်ပြီး ဟုတ်တယ် ဟုတ်တယ်လို့ ပြောနေကြလို့လား။ လူထုက ဘယ်လိုခံစားနေရတယ်၊ ဘယ်လိုနားလည် သဘောပေါက်နေတယ်လို့ ဆရာက မြင်သလဲ။ ပြောချင်သလဲ။
          အခု ကျနော်တို့ သဘောထားထုတ်ပြန်ချက်တွေမှာလည်း ပြောပြီးပါပြီ။ တိုင်းပြည်မှာ အစစအရာရာ ချွတ်ခြုံကျပြီး ဆင်းရဲဒုက္ခမျိုးစုံနဲ့ လွတ်လပ်ရေးတွေ ဆိတ်သုဉ်းနေတာ၊ လူ့အခွင့်အရေးတွေ၊ အလုပ်သမား၊ လယ်သမားတွေ၊ တိုင်းရင်းသားတွေ အားလုံးရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးနေရတာဟာ ဆန်ရှင်ဆိုတာထက် စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ခြယ်မှုတွေ၊ စီမံခန့်ခွဲမှု ချွတ်ခြုံကျနေတာတွေ ကြောင့်ဖြစ်တယ်။ လက်ဝါးကြီးအုပ် စစ်အုပ်ချုပ်မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေကြောင့် ဖြစ်တယ်ဆိုတာကို ပြည်သူတွေက ထင်ထင်ရှားရှား ပြတ်ပြတ်သားသား နားလည်နေပြီး ဖြစ်ပါတယ်။
          အခုအချိန်မှာ လူထုက စစ်အစိုးရကြောင့် သည်လို အထွေထွေဆင်းရဲကြပ်တည်းမှုကို ရင်ဆိုင်နေရတာ ဖြစ်တယ်။ လူ့အခွင့်အရေး အလုပ်သမား လယ်သမား အခွင့်အရေးတွေ မရှိလို့ ဆင်းရဲတာ၊ စီးပွားရေးအခွင့်အရေးတွေ မရှိတာကြောင့် တိုင်းပြည် ကြပ်တည်းတာဆိုတာကို သိပြီး ဖြစ်တယ်။
          အခုထုတ်ပြန်တာကလည်း ပြည်သူလူထုကို ရှင်းပြတာထက် နားဝေးတဲ့ ပြည်ပက အစုအဖွဲ့တွေ၊ သက်ဆိုင်ရာတွေကို သဘောပေါက်အောင်၊ နားလည်အောင် ရှင်းတာပဲ ဖြစ်တယ်။ ဒါကြောင့် ဘာလုပ်လုပ် ကျနော်တို့နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ပါ၊ ဒါကြောင့် ကျနော်တို့က အင်္ဂလိပ်ဘာသာနဲ့ စနစ်တကျ အချက်အလက်နဲ့ သေသေချာချာ ရေးသား ထုတ်ပြန်ရတာဖြစ်တယ်။ ဒါကို နားလည်ကြစေချင်တယ်။
ကျေးဇူးတင်ပါတယ် ဆရာ။
Friday 18 February 2011
A review on sanctions imposed on Burma is released by NLD
National  League  for  Democracy
97/B, West  Shwegondine Road,
Bahan Township , Rangoon
Sanctions on Burma
(A review by the National League for Democracy, 8 February 2011)
In recent months sanctions have repeatedly featured in discussions over the kind of policies that would best encourage positive change in Burma. Are current administrative policies and practices conducive to a healthy economy, with or without sanctions? Are allegations that sanctions have exacerbated the hardships of the people of Burma justified or are such accusations based on political motives? Are sanctions in their present form likely to achieve the desired objectives? Are there credible signs of progress in the democratization process? The issue of sanctions needs to be examined within the broad context of political desiderata and economic realities.
The extent to which sanctions bear responsibility for the economic hardships of the people of Burma is a subject that has raised much controversy. The International Monetary Fund has pinpointed poor economic policies and performances, mismanagement and an unattractive investment climate as the main causes of the ills of the economy. The Fund does not see sanctions as a significant factor in regard to the economic problems of the country. It might be well to consider here the allegation that development has been held back because of a sanctions related fall in development assistance. It should be noted that most Official Development Assistance to Burma was stopped only after 1988.  However, by December 1987 Burma had already fallen to the status of a Least Developed Country in spite of the 3,712 million US dollars that was received in aid between 1978-1988.
Have sanctions led to foreign trade constraints harmful to social conditions in Burma? The volume of Burmese foreign trade has actually increased rapidly since the late 1990s. Earnings from natural gas alone generated about 35% of total export earnings for the fiscal year 2008-09. Natural gas exports began in 1998 and brought in 1,070 million dollars in 2005-06 and 2,380 million dollars in 2008-09. It is estimated that gas exports could reach the 4,000 million dollar mark by 2010-11. Such sales of natural resources augmented income and strengthened financial resources. Foreign exchange reserves rose to 4,041.6 million dollars in 2008-09. Yet despite increasing financial strength, education and health care have been neglected and living standards have not risen. According to the 2010 Human Resources Development Report of the United Nations Development Programme, Burma has fallen behind Laos and Cambodia and now ranks lowest among the nations of South East Asia.
If we look at Foreign Direct Investment (FDI), foreign capital went mainly into the extraction of natural resources. Whereas FDI for 2008-09 totalled 925 million dollars, permitted foreign investment in 2009- 2010 increased to 15,839 million dollars, of which 62% was in the oil and natural gas sectors. The rest went to hydroelectric power generation and mining. Investments in other sectors were insignificant. Productive investments have been impeded by an unfavourable business environment comprising multiple exchange rates, lack of accountability and corruption. Even investments by some Asian countries unrelated to economic sanctions were withdrawn from Burma during the 1990’s.
The Burmese garment industry was hardest hit by sanctions. 1998 to 2001 were the boom years for the garment industry because of high demand from American and European markets. Earnings from garment exports fell by 400 million dollars in 2003 as a result of US sanctions. Of that loss, only about 2.5% was related to labour wages. The main burden was borne by big businesses and by the privileged classes that were exploiting the country and the labour force. As garment factories could not export directly to the countries for which their goods were destined but had to reroute their goods through third countries, Burmese profits fell. However, by 2008-09, the garment industry had recovered due to the influx of new business from China. Currently, income from garment exports ranks third in the export earnings line-up.
The rural population engaged in agriculture, which comprises 63% of the total population of the country, has not been affected by economic sanctions. Rather, peasants have suffered from lack of freedom in production and marketing, from forced sales of agriculture land and from policies and practices that have resulted in the gross suppression of the price of farming products. Thus the hardships of the vast majority of the people of Burma are not related to sanctions but to misguided government policies.
It might be appropriate to mention here certain practices current in the forestry sector. Excellent laws and regulations, promulgated since colonial times, relating to the conservation of forests still remain valid. However these have been consistently ignored and for decades irresponsible logging has been rife throughout the forests of the country, particularly in areas contiguous to the national borders. Once pristine forests have been turned into bare tracts of land, the unhappy consequence of complicity between rapacious timber merchants from neighbouring countries and corrupt local authorities. From this example it can be seen that much of the present imbalance in the economic development of Burma is due to a lack of systematic management of domestic resources.  Sanctions cannot be blamed for the distressing state of Burma’s forests.
Criticism of sanctions, particularly economic sanctions, sometimes serve to divert attention from the main problems plaguing the country. Allegations that economic sanctions have prevented the emergence of a middle class overlook the glaring fact that there is no genuine market economy in Burma. Blatant cronyism is the trademark of the Burmese economy and constitutes the main obstacle to the emergence of small and medium enterprises. Similarly, allegations that it is sanctions that have distanced the ordinary people of Burma from concepts of good governance totally ignore the refusal of the military regime to accept suggestions of reforms that might in any way diminish their absolute grip on power in all spheres of the life of the nation. It has been claimed that sanctions have kept out high technology from the west while the only accessible technology, from countries that are not overly concerned with ethical considerations, is sub-standard. Such a claim is tantamount to an absolution of governmental responsibility for ensuring that business contracts incorporate stipulations that protect the interests of the country and the people.
It has been further alleged that financial sanctions are ineffective and poorly targeted. In actual fact only members of the military junta and their associates have been denied access to the United States’ financial system and since the average Burmese citizen does not have a bank account it can be asserted that these measures do not hurt the public at large. Financial sanctions have also prevented, albeit imperfectly, the laundering of black money and the siphoning off of revenues from the sale of gas and other natural resources.
Targetted sanctions serve as a warning that acts contrary to basic norms of justice and human rights cannot be committed with impunity even by authoritarian governments.
Sanctions were imposed on Burma by the United States, member countries of the European Union, Canada, New Zealand and Australia with the following aims:
(a) To put an end to human rights violations;
(b) To promote democratic values and practices;
(c) To discourage the military government from oppressing the people.    
The legislative assemblies that have emerged as a result of the 2010 elections are totally dominated, at all the national and regional levels, by the combined body of the Union Solidarity and Development Party, which was founded by the State Peace and Development Council (the erstwhile  State Law and Order Restoration Council) and the non-elected military representatives nominated by the commander-in-chief. Moves to designate these assemblies as the only permitted field for political play reduces democratization in Burma to a parody. The special appeal of the National League for Democracy (NLD) against its deregistration was dismissed with indecent haste and without acceptable legal justification by the Supreme Court. This too is an indication of intent to limit political activities in the country to a minimum.
Now more than ever there is an urgent need to call for an all inclusive political process.  The participation of a broad spectrum of political forces is essential to the achievement of national reconciliation in Burma. Progress in the democratization process, firmly grounded in national reconciliation, and the release of political prisoners should be central to any consideration of changes in sanctions policies.
The views of the NLD with regard to sanctions may be summarized as follows:   
1.    The United States, member countries of the European Union, Canada, New Zealand and Australia imposed sanctions on Burma to effect improvements in the human rights situation and to promote democratic values.
2.     Sanctions are the result of decisions made by the countries concerned, not the outcome of demands by political parties, organizations or individuals in Burma.
3.    Recently there have been calls for the removal of sanctions by some political parties, organizations, individuals and nations. Most of these calls seem to have been motivated by political considerations. Available evidence indicates that economic conditions within the country have not been affected by sanctions to any notable degree. 
4.    As the major causes of sanctions are violations of human rights and lack of democratic practices, it is by dealing effectively with these issues that the removal of sanctions can best be effected. The release of all political prisoners is a critical requirement.
5.    We therefore urge the Government of Burma to take the necessary steps speedily and assiduously.
6.    The NLD considers that in the meantime the economic hardships of the people would be ameliorated if businesses that have already invested, or are thinking of investing, in Burma were to observe guidelines aimed at conserving the ecological environment, protecting the rights of workers and promoting civil society.
7.     The NLD calls for discussions with the United States, the European Union, Canada and Australia with a view to reaching agreement on when, how and under what circumstances sanctions might be modified in the interests of democracy, human rights and a healthy economic environment. A study and analysis by a team of widely-respected professionals on the effects of sanctions would be beneficial to such discussions.
8.    The international community has long expressed a wish to see Burma progress along the road to democracy and economic prosperity. Appropriate policies, wisely coordinated and consistently applied would constitute the best path to the achievement of this objective.
Wednesday 16 February 2011
တပ်မတော်သားတွေရဲ့ စကားသံများ - အပိုင်း (၁)
ဆောင်းပါးရှင် - ဗိုလ်ရန်နောင်
အန်တီစု နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပုံကို Media တွေကတဆင့်မြင်တွေ့ခွင့်ရချိန်မှာ တပ်တွင်း မိသားစုများအကြား လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် လူအုပ်ကြီးမှ အန်တီစုကို မကြောက်မရွံ့ထောက်ခံအားပေးစုရုံးနေတဲ့မြင်ကွင်းကြောင့်ဖြစ်ပါတယ်။တချိန်တည်းမှာပဲ အန်တီစုရဲ့ ပြည်သူ့စကားသံတွေ ကြားချင်ကြောင်း ပြောတဲ့စကားနဲ့အတူ Media အတော်များများမှာလည်း ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲရဲ့ မသမာမှုတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ မတရား ဖိနှိပ်ခံရမှုတွေကို ဖွင့်ချလာကြတာမြင်ရကြားရလာပါတယ်။ဒီလို အချိန်အခါမှာ ကျွန်တော်တို့လည်း မိမိ လက်လှမ်းမှီသမျှသော မတရားမှုများကို တတ်နိုင်သလောက် ဖော်ထုတ်ပေးသင့်တယ်လို့ ခံယူမိပါတယ်။
ဒါကြောင့် အန်တီစု ဖတ်စေဖို့ တပ်မတော်သားတွေရဲ့ ရင်တွင်းဖြစ် စကားများအား တင်ပြ ပေးလိုက်ပါတယ်။ အထက်အဖွဲ့အစည်းများက မကြာခဏ လက်မှတ်ထိုးခိုင်းနေတဲ့ မြန်မာနိုင်ငံ လျှို့ဝှက်ချက် ဥပဒေဟာ ဥပဒေအထက်မှလုပ်ချင်ရာလုပ်နေသူများအတွက်အကာအကွယ်ပေးနေမှုကိုဖွင့်လှစ် ဖော်ပြပေးရမယ်လို့လည်း ခံယူမိပါတယ်။
တပ်မိသားစုတွေအဖို့ ၂ဝဝ၈ ဖွဲ့စည်းပုံတုန်းကလည်း မဲရုံမှာ ဓါတ်ပုံရိုက်ရုံလေးသာ နေပြခဲ့ရပြီး ၁ဝဝ% ထောက်ခံသော မဲရုံအဖြစ် ပါရမီ ဖြည့်ပေးခဲ့ရသလို ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သင်တန်း တက်နေတာတွေ ပြင်ပတာဝန်တွေနဲ့ရောကာတပ်မိသားစုဝင်အတော်များများကို ကြိုတင်မဲ လုပ်ရမယ်ဆိုပြီး တပ်မတော်စည်းရုံးရေးကော်မတီတာဝန်ခံအရာရှိခိုင်းတဲ့အတိုင်းကြံ့ဖွတ်သင်္ကေတခြင်္သေ့ဘေးမှာအမှန်ခြစ်ခဲ့ကြရပါတယ်။ လျှို့ဝှက်မဲပေးတာတွေ၊ ကြိုတင်မဲ စည်းကမ်းချက်တွေကို အသာထားပြီး တပစ ၄ဝဝ မှာပါတဲ့ မိသားစု စာရင်းအတိုင်းတပ်ရေးဗိုလ်ကြီး၊ရုံးအုပ်၊တပ်ကြပ်ကြီးစာရေးနဲ့တာဝန်ကျစစ်သည်တစ်ဦးဦးတို့က ဆောင်ရွက်ပေးခဲ့ရပါတယ်။
တပ်မှာ မဲရုံက သီးခြားဖြစ်တဲ့အတွက် ဘယ်သူကမှ လာမစစ်သလို၊ ဒီ တပစ ၄ဝဝ ကိုယ်ရေးမှတ်တမ်းပါ ဇနီး၊သားသမီးများမှာတချို့ကပြင်ပမဲရုံတွေမှာမဲစာရင်းပါနေသလိုတချို့သားသမီးတွေကအိမ်ထောင်ခွဲတွေပါ။ ဒါပေမယ့်လည်း ဒီအဖြစ်တွေ တကယ်ဖြစ်ခဲ့ပါတယ်။ မဲပေးတဲ့နေ့မှာတော့ အရာရှိ/စစ်သည် အများစုက အမှန်တကယ် လာစောင့်ပြီး တန်းစီနေတဲ့အတွက် ၂ဝဝ၈ တုန်းကလို ဟန်ပြ ဓါတ်ပုံရိုက်ရုံ မလုပ်တော့ပဲ မဲဝင်ပေးခိုင်းတဲ့ တပ်ရှိသလို၊ အတော်များများကို ကြိုတင်မဲ လုပ်ထားလို့ မဲမပေးခိုင်းတော့တဲ့ တပ်တွေလည်း ရှိပါတယ်။ လူရှိရက်နဲ့ မဲမပေးရလို့ အချို့ အရာရှိ/စစ်သည် မိသားစုတွေက ပွစိပွစိလုပ်ရာမှာ ထိုအုပ်စုများဟာ ခြင်္သေ့ကို ထောက်ခံမှာ မဟုတ်သူမှန်း သိသာသွားပြီး လေတပ်စခန်းမှူးမှ Black List သတ်မှတ် စောင့်ကြည့်ခြင်း ခံရပါတော့တယ်။ နောက်ဆုံးတော့ တကယ့်မဲပုံးတွေထဲမှာ ခြင်္သေ့ မဟုတ်တဲ့ အုပ်စုများရဲ့ အမှန်ခြစ်က များနေပေမဲ့ ကြိုတင်မဲများက ၈ဝ % လောက်ရှိတာမို့ ခြင်္သေ့ကသာ အသာစီး ရသွားပါတယ်။
ဒါကလေတပ်စခန်းအတော်များများမှာတကယ်လက်တွေ့ဖြစ်သွားခဲ့တာတွေပါ။အခြားသောကြည်းတပ်လက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့တွေမှာလည်း အလားတူ ဖြစ်စဉ်တွေ ရှိဦးမှာပါ။ အစကတည်းက ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကိုဘာကြောင့်အကောင်အထည်ဖော်မပေးပဲဘာလို ရွေးကောက်ပွဲ ထပ်လုပ်ရတာလဲဆိုတဲ့ မေးခွန်းကို စစ်သည်မိသားစုတွေ ရင်ထဲက မေးနေကြတာပါ။ အပြင်မှာမေးရဲတဲ့သူတော့ မရှိပါဘူး။ မိသားစု စားဝတ်နေရေးကိုငဲ့ကွက်နေရပေမယ့်တပ်မိသားစုတွေအနေနဲ့လက်ရှိအခြေအနေတွေကိုစိတ်ပျက်နေကြပါပြီ။
ကိုယ့်တပ်ကိုတောင်ကောာင်းအောင်မလုပ်နိုင်ဘဲနိုင်ငံတော်ကြီးကိုအရမ်းချစ်ပြနေတဲ့ တပ်ချုပ်ကြီးနဲ့ လေချုပ် အပါအဝင် စစ်အာဏာရှင်တွေကို စိတ်ကုန်နေကြပါပြီ။ စစ်သည် အပြောင်းအရွေ့ကို မျှမျှတတ ဖြစ်ရအောင် သူကိုယ်တိုင် စီမံနေတယ်လို့ အသံကောင်းဟစ်ထားတဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) လေချုပ်ကြီးကတော့ အမှန်တကယ် အောက်ခြေက အဖြစ်တွေကို မသိပါဘူး။ စစ်သည်တွေကို ၃ နှစ်(သို့) ၅နှစ် ပြည့်ရင် တပ်ပြောင်းတင်နိုင်တယ်။ အထူး လိုအပ်ချက်အရ မဟုတ်ရင် ပြောင်းရွေ့ပေးရမယ်လို့ မူချထားပေမယ့် ဘယ်သူမှ မသွားချင်တဲ့ အဝေးတပ်တွေဖြစ်တဲ့ ဟုမ္မလင်း၊ မြိတ်၊ နမ့်စန် တို့လို တပ်တွေဆီကို တပ်မှူးများနဲ့ အဆင်မပြေသူများအား အကြောင်းအမျိုးမျိုးပြ စေလွှတ်ထားပါတယ်။ အဲဒီ စစ်သည်ဟာ ၅နှစ် မက ကြာနေတာတောင် အစားထိုးစရာမရှိလို့ ဆိုကာ ပြန်မဆင်းရတာတွေ၊ အထက်လူကြီးနှင့် ပိုင်သူများဟာ ကနဦးနေရာချထားခံရကတည်းကစစ်သက်၂ဝကျော်သည့်တိုင်တပ်တစ်ခုထဲမှာပဲရာထူးအဆင့်ဆင့်တိုးပြီး ကျောက်ချ နေရတာတွေ ရှိနေပါတယ်။
ဦးစီးအရာရှိများကလည်း လေချုပ်ကို အကြောင်းအမျိုးမျိုးပြ လိမ်ထားသလို အချို့ကိုလည်း လေချုပ်က သိရက်နဲ့ဟန်ပြ အပြောင်းအရွေ့လုပ်၊ တချို့ကို ဆောင်ရွက်ပြပြီး တမင်သက်သက် ညစ်ထားတာတွေလည်း ရှိပါတယ်။ စစ်သည်တွေ အနေနဲ့တော့ မနေနိုင်တော့တဲ့အဆုံး တချို့ဟာ လုပ်ငန်းမှာ အားကိုးရရက်နဲ့ တပ်ပြေးတွေ ဖြစ်သွားရပါတော့တယ်။
အရာရှိတွေလည်း အလားတူပါဘဲ၊ လေသူရဲအငယ်တွေအနေနဲ့တော့ မောင်းတဲ့ လေယာဉ် အမျိုးအစားရှိလို့ တပ်မှာ နေရတာမှန်ပေမယ့် ကျန်လေသူရဲ Senior တွေ၊ စက်မှုလက်မှု အရာရှိတွေကိုတော့ လူခင်ရင် မူပြင်တယ်ဆိုတဲ့စကားလိုပဲလေချုပ်သဘော၊စစ်ရုံးမှဦးစီးအရာရှိတွေသဘောအတိုင်းမူအမျိုးမျိုးချပြီး နေရာချထားမှု ပြုပါတယ်။ ဥပမာပေးရရင်လေချုပ်ရဲ့ကိုယ်ရံတော်ဗိုလ်မှူးထွန်းဝင်းကိုဒုဗိုလ်မှူးကြီးပေးတဲ့အခါမှာသူမောင်းနေကျလေ ယာဉ်အမျိုးအစားမရှိဘဲဝင်ငွေကောင်းတဲ့မင်္ဂလာဒုံ(ဒလခ) ရဲ့ အုပ်ချုပ်ရေးတပ်မှူးအဖြစ် ကြံဖန်နေရာပေးပြီး အစဉ်အလာမရှိဘဲ ဝိုင်-၈ လေယာဉ် ကို မောင်းခွင့်ပေးခဲ့တာမျိုး ဖြစ်ပါတယ်။
အလားတူ လေချုပ် တပည့်ဖြစ်တဲ့ DSA - ၃၆ က ချစ်ပိုင်အား လေယာဉ်ပျံသန်းမှု မပြုနိုင်သူများကိုသာ ခန့်တဲ့ လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်က လေတပ် ပစ္စည်း ထောက်ပံ့မှု စီမံရေးတပ်မှာ တပ်မှူး (ဒုမှူးကြီး) ပေးပြီး ဒလခမှာ MIG-29 မောင်းခွင့် ပေးထား တာတို့ ဖြစ်ပါတယ်။
စက်မှုလက်မှုအရာရှိတွေထဲမှာဆိုရင်လည်းကျောင်းဆင်းကတည်းကတပ်တစ်တပ်ထဲမှာပဲ နှစ်ပေါင်းများစွာ နေသူတွေရှိသလို၊ စစ်ရာထူးခန့်ချုပ်ရုံး အမိန့်အရရော လေတပ် အမိန့်အရပါ တပ်များစွာကို လှည့်ပြောင်းနေရသူတွေလည်း ရှိပါတယ်။နေရာအပြောင်းအရွေ့အခြေအနေတွေမမျှတသလိုသင်တန်းရွေးချယ်စေလွှတ်မှုတွေ၊ အဆင့်တိုးမှုတွေမှာလည်း အရာရှိတွေရော စစ်သည်တွေမှာပါ မညီမျှမှုတွေ၊ လက်တန်းဆောင်ရွက်မှုတွေ အများကြီး ရှိနေပါတယ်။
ကြည်းတပ်လို တပ်အများကြီးမှာ လွဲချော်မှုတွေ ရှိနိုင်လို့ နားလည်ပေးနိုင်ကြသော်လည်း လေတပ်လို လူနည်းနည်းလေးမှာ ဒီလိုဖြစ်နေတာ ဘာကြောင့်ပါလဲ။ အရင်ကတော့ ကာကွယ်ရေးဦးစီးချုပ် (လေ) က လူတိုင်းကို သိတယ်၊ လေတပ်က ကျဉ်းကျဉ်းလေးလို့ ဆိုကြပါတယ်။ အခုတော့ ဒီဖြစ်စဉ်တွေဟာ လူတိုင်းကို သိနေလို့ ဖြစ်နေတာလား၊ ဒါမှမဟုတ် တပ်မတော်ရဲ့ အခြေအနေကိုက ဒီလို ဖြစ်နေတာလား ဆိုတာ စဉ်းစားစရာဖြစ်လာပါပြီ။ ဒီလိုဖြစ်ရပ်တွေအတွက် ရင်ဖွင့်သံတွေကို သက်ဆိုင်သူတွေထံ သိစေချင် ပါတယ်။ နိုင်ငံတော်သစ်မှာ အမှန်တရားတွေ၊ နည်းလမ်းတကျ ဖြစ်တည်မှုတွေသာ ရှိစေချင် ပါတယ်။ မလုပ်/ မရှုပ်/ မပြုတ် သာပေါင်း ညာစားတွေကို မကောင်းမှုသည် ဆိတ်ကွယ်ရာ မရှိကြောင်း သိစေချင် ပါတယ်။ ဆက်လက် တင်ပြပါ ဦးမယ်။
၁၆) ကြိမ်မြောက် FBE ခေါ် (ဥရောပရောက်မြန်မာ့အရေးဆွေးနွေးပွဲ) အစည်းအဝေး
13,Feb,2011။-
၁၆ ကြိမ်မြောက် ဥရောပရောက် မြန်မာများ FBE( Forum of Burmese in Europe ) အစည်းအဝေးကို နော်ဝေနိုင်ငံ အော်စလိုမြို့ မှာ ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၃ ရက် တွင် ကျင်းပခဲ့ပါသည်။
အမေရိကန်၊ ဒိန်းမတ်၊ နော်ဝေ၊ ဂျာမဏီ၊ အိန္ဒိယနှင့် ဥရော နိုင်ငံများရှိ မြန်မာ နိုင်ငံသား ၇၀ ခန့် တက်ရောက်ေ ဆွးနွေး ခဲ့ကြသည်။ ဤအခမ်းအနားသို့  မြန်မာ့ ဒီမိုကရေစီ ခေါင်ေးဆာင်ဒေါ်အောင်ဆန်း စုကြည်က ဗွီဒီယို ရိုက်ကူးပြီး သတင်းစကား ပေးပို့ ခဲ့ပါသည်။
“ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေ အနေနဲ့ စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်နဲ့ ဒီမိုကရေစီအရေးတွေကို ပူးပေါင်းဆောင်ရွက်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်က ကိစ္စတွေကိုတိုက်တွန်း သတင်းမက်ဆေ့ ပေးပါသည်” ဤ အခမ်း အနား ဖြစ်မြောက်ရေး ဦးဆောင်သူ အင်အယ်လ်ဒီ လွတ်မြောက်နေယ်မြေ (နော်ဝေဌာနခွဲ -တာဝန်ခံ )ဦးကျော်သွင် က အခမ်း အနားမှု အဖြစ်၎င်း၊ ဒေါ်နီတာ ရင်ရင်မေ( အင်္ဂလန်၊ ဘီဘီစီ ၀န်ထမ်း) က သဘာပတိ၊ အရံ သဘာပတီအဖြစ် နိုင်ထောမွန် (ဒိန်းမတ်)တို့က ဆောင်ရွက်ကြပါသည်။
ထို့နောက် ဥရောပသမဂ္ဂ၏ ထားရှိသည့် ပိတ်ဆို့ အရေးယူမှု ဆက်လက် ထားရှိရေးကို FBE အနေနဲ့ ဆက်လက် ထားရှိ ဆောင်ရွက်ရေးကို လုပ်ဆောင်ရေး၊ ဒုတိယ ပင်လုံ ညီလာခံ ဖြစ်မြာက်ရေးကို ၀ိုင်း ထောက်ခံခြင်းနှင့် ကူညီပံ့ပိုးကြရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ ကူညီထောက်ပန့် ရေး၊ စစ်ရာဇ၀တ်မှုများ နိုင်ငံတကာ ခုံရုံးတင် စစ်ဆေး နိုင်ရန် ဆောင်ရွက်ရေး စသည် တို့ အပါအ၀င် အခြား ဆုံးဖြတ်ချက်များကို အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြသည်။
ဟစ်တိုင်
၁၃-ဖေဖော်ဝါရီ -၂၀၁၁
-----------------------
စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ရဲ့တရားခံ ဘယ်သူလဲ
ဆောင်းပါးရှင် - ဗိုလ်မှူးအောင်လင်းထွဋ်
ယခုတလော ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပြောစကားတွေနဲ့ ရေးခိုင်းတဲ့ ဆောင်းပါးတွေကို သံယောင်လိုက်ကာ ၂၀၀၈ ဖွဲ့စည်းပုံအား ဘုမသိ ဘမသိ ထောက်ခံပြီး ပြည်သူတွေအတွက် ကိုယ်စားပြုသယောင်ယောင် နိုင်ငံရေးပါတီများနဲ့ ကိုယ့်ကိုကိုယ် အသုံးချခံ ဖြစ်မှန်းမသိ ဖြစ်နေကြသော တတိယအုပ်စု (Third Party) တွေကို စီးပွါးရေးပိတ်ဆို့ရေး (Economic Sanction) ၏ တရားခံ ဘယ်သူလဲဆိုတာ အသိပေးလိုပါတယ်။
တကယ်တရားခံ အစစ်အမှန်ဟာ နိုင်ငံတကာတရားရုံးကို ရှောင်တိမ်းဖို့ တပ်မတော်ကို လူသတ်၊ မုဒိန်းကျင့် မတရားမှုများကို လုပ်ဆောင်ဖို့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အမိန့်ပေးနေတဲ့ ပေးခဲ့သော တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေဘဲ ဖြစ်ပါတယ်။
ပထမ ၁၉၉၇ စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) အကြောင်းနဲ့ ပတ်သက်ပြီးပြောရရင် ၁၉၉၆ ခုနှစ် စစ်ရုံးချုပ်မှာ လုပ်ခဲ့တဲ့ လေးလပတ်အစည်းဝေးမှာ ဒေသခံ တိုင်းမှူး၊ တပ်မမှူးတွေကို ညွှန်ကြားခဲ့တာပါ။ ရန်သူလှုပ်ရှားမှုရှိသော အညိုရောင်နယ်မြေတွေမှာရှိတဲ့ ကျေးရွာတွေကို စုစည်းဖို့ နေရာ ပြောင်းရွှေ့ခိုင်းတဲ့အခါ ရွာသူရွာသားများက မပြောင်းရွှေ့ပေးနိုင်ကြောင်း အာခံရာမှ ဒေါသထွက်ပြီး အစိတ်သားတောင်မချန်နဲ့၊ အမိန့်ကိုအာခံရင် ရွာတွေရော ရွာသားတွေရော အကုန်ရှင်းပစ်ဆိုသည့် ညွှန်ကြားချက်ရဲ့ နောက်ဆက်တွဲ ရလာဒ် အနေဖြင့် ပိတ်ဆို့ရေး (Sanction) ဆိုတာ ဖြစ်လာရတာပါ။
၁၉၉၆၊ ၁၉၉၇ က စပြီး စစ်တပ်ဟာ တိုင်းရင်းသားနယ်မြေတွေမှာ လူသတ်၊ မုဒိန်းကျင့်မှုများ အပါအဝင် မတရားမှုများကို အမိန့်ရ လုပ်ပိုင်ခွင့် ရခဲ့သလို ဖြစ်လာခဲ့တာပါ။ ရေဗူးပေါက်တာမလိုချင် ရေပါတာဘဲလိုချင် ဆိုတဲ့ စကားလုံးကို လက်ကိုင်ထားပြီး အရပ်သားတွေအပေါ် လုပ်ချင်တာလုပ် အရေးယူမှု တစ်စုံတရာ မရှိတော့ပါ။ အဲဒီအချိန်မှာ အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ Ms Meldrine Albright (နိုင်ငံခြားရေးဝန်ကြီး ၁၉၉၇-၂၀၀၀) မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါတယ်။ Ms Meldrine Albright ဟာ မြန်မာနိုင်ငံအတွင်း သွားရောက်လေ့လာစဉ် ပြည်သူလူထုနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှ မပြန်မှီ နဝတ အစိုးရခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံစဉ် နဝတရဲ့ အကြီးအကျယ် လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ရာက ပြင်းပြင်းထန်ထန် တစ်ဖက်နှင့် တစ်ဖက် စကားများခဲ့ကြပါတယ်။ NLD ကလဲ လူ့အခွင့်အရေးချိုးဖေါက်မှုနှင့် ပတ်သက်၍ Ms Meldrine Albright ကို ပြောကောင်းလဲပြောနိုင်ပါတယ်။
အဲ့ဒီ Meeting မှာ Ms Meldrine Albright ဟာ မကျေမနပ် တော်တော်ဖြစ်သွားကြောင်းကို လျှို့ဝှက် အသံဖမ်းထားတဲ့ တိတ်ခွေတွေကို ပြန်လည်နားထောင် ရတာကြောင့် သိခဲ့ရပါတယ်။ Ms Meldrine Albright မြန်မာနိုင်ငံမှ မပြန်မှီ ရန်ကုန်လေဆိပ်ရောက်တော့ လုံခြုံရေးအဖြစ် ခရီးစဉ်တစ်လျောက်လုံး လိုက်ပါခဲ့ရတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက်ကို Ms Meldrine Albright ရဲ့ အဖွဲ့ဝင်တစ်ယောက် ပြောသွားတာက “မင်းတို့ခေါင်းဆောင်တွေက မင်းတို့ပြည်သူတွေအပေါ် တော်တော်ရက်စက်တာဘဲ၊ ဒီအဖွားကြီးက USA ရဲ့ လာမယ့် Election မှာ Secretary of State (နိုင်ငံခြားရေးဝန်ကြီး) ဖြစ်ဖို့များတယ်၊ သူဖြစ်လာရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွယ်လိုက်မယ်ထင်တယ် ဘယ်နိုင်ငံကမျှ သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဒီလို မဆက်ဆံခဲ့ဘူး” လို့ ပြောခဲ့တယ်။
နောက်ဆုံး အားလုံးသိခဲ့ကြတဲ့အတိုင်း ၁၉၉၇ ခုနှစ်ခုမှာ Ms Meldrine Albright ဟာ အမေရိကန်နိုင်ငံရဲ့ Secretary of State (နိုင်ငံခြားရေးဝန်ကြီး) ဖြစ်လာပြီး မကြာခင်မှာဘဲ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် New Investment ရင်းနှီးမြုပ်နှံမှုအသစ် ထပ်မလုပ်ရဆိုတဲ့ ၁၉၉၇ ပိတ်ဆို့ရေး (Sanction) ချခံရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဆိုပြီး နိုင်ငံရေးပါတီများနဲ့ တတိယအုပ်စု (Third Party) တွေက ဘုမသိ ဘမသိ စွပ်စွဲနေတာကတော့ မတရားဘူးထင်တယ်။ ဒါကြောင့် ၁၉၉၇ ပိတ်ဆို့ရေး (Sanction) ရဲ့ အဓိက တရားခံဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဘဲ ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်မှာ စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ချမှတ်ခံရတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘာပြောခဲ့လဲ၊ ရီတာပေါ့ဆိုပြီး အမေရိကန်အစိုးရကို ဟားခဲ့သေးတာလေ။ အဲဒီတုံးက သဘာဝဓါတ်ငွေ့ ပိုက်ဆံမရသေးလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုက ဘာမှသိပ်မရှိသေးဘူး။ ဒီ ပိတ်ဆို့ရေး (Sanction) ကို နိုင်ငံရေး လက်နက်အနေဖြင့် သုံးဖို့တောင် ညွှန်ကြားခဲ့သေးတာဘဲ။ မြန်မာနိုင်ငံ ဆင်းရဲနေရတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က လုပ်လို့ဆိုပြီး ပြည်တွင်းပြည်ပကို ဝါဒဖြန့် International ကို Lobby လုပ်ခိုင်းလို့ ကျွန်တော်တို့ကိုယ်တိုင်တောင် လုပ်ခဲ့ကြရသေးတာပါ။
ဒုတိယ ၂၀၀၃ ခုနှစ် စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) က ရှင်းပါတယ်။ ဒီပဲရင်းကိစ္စပြီးမှ ဖြစ်တာပါ။ ဒီပဲရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပစ်ဖို့ အမိန့်ပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တပည့်တွေဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ တားတဲ့ကြားက “ငါခိုင်းတာ” ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ဒုတိယဥက္ကဌ ဒုဗိုလ်ချုပ်ကြီးစိုးဝင်း (သေဆုံး) နဲ့ ဦးအောင်သောင်းတို့ကို ညွှန်ကြားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းခိုင်းခဲ့တာပါ။ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့ ဖြစ်ဖြစ်ချင်းည ဖြစ်ပြီး တစ်နာရီအကြာမှာဘဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကျွန်တော့်ရှေ့မှာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်ဆီံကို ဖုံးဆက်ပြီး မေးခဲ့တယ်။ ဒီပဲရင်းမှာ ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရတာ ဟုတ် မဟုတ် ဆိုတာကို မေးတယ်။ ဝါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်က ကျွန်တော့်ကို ကကလှမ်းထံ ဒီအကြောင်းနဲ့ပတ်သက်ပြီး မေးခိုင်းလို့ မေးကြည့်တဲ့အခါမှာ ကကလှမ်းက ဒီလိုပြောပါတယ်။
“အစ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းရတာ မြန်လှချီလား၊ ဟုတ်တယ်အစ်ကိုရေ အဘကြီး ခိုင်းတာ ဘယ်သူမှ တားလို့မရဘူး။ ဒေါ်စုကတော့ အခုတပ်မှာ ခေါ်ထားတယ် မစိုးရိမ်ရပါဘူးလို့” ဆိုပြီး ပြန်ပြောလာတယ်။ ဒီကိစ္စလဲ ဖြစ်ပြီးရော မြန်မာအစိုးရအတွက် Lobby လုပ်ပေးနေတဲ့ အမေရိကန်တွေလဲ ၃-၄ နှစ်လောက် လုပ်ခဲ့တာတွေ အားလုံးရပ်တန့်သွားခဲ့ပြီး သမတ Bush အစိုးရကို ချဉ်းကပ်လို့ မရတော့ဘူး ဖြစ်ခဲ့တယ်။ သိပ်မကြာပါဘူး မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံသားများ ကုန်သွယ်မှု၊ ငွေပေးငွေယူ မလုပ်ရ၊ ဗိုလ်ချုပ်ကြီးများရဲ့ မိသားစုတွေ ပိုင်ဆိုင်မှု၊ ခရီးသွားလာမှု၊ ပိတ်ပင်မှု ဆိုတဲ့ ဒုတိယ ၂၀၀၃ ခုနှစ် ပိတ်ဆို့ရေး (Sanction) ထပ်ဖြစ်လာတာပါ။
ဒုတိယ စီးပွားရေး ပိတ်ဆို့ရေး (Economic Sanction) ကတော့ အစိုးရရော ဗိုလ်ချုပ်ကြီးတွေပါ တော်တော်ထိသွားတယ်။ ကျွန်တော်တို့ သံရုံးမှာတောင် အမေရိကန်ဒေါ်လာ အရွှေ့အပြောင်း လုပ်လို့မရလို့ လစာ (၃) လစာလောက် မြန်မာအစိုးရက သံရုံးကို ပို့လို့မရဖြစ်ခဲ့ရတယ်။ ဗိုလ်ချုပ်ကြီးတွေ တော်တော်မျက်လုံးပြူး မျက်ဆံပြာ ဖြစ်သွားခဲ့ရတယ်။ နောက် (၄) လလောက်ကြာတော့ အမေရိကန် အစိုးရက လျော့ပေးလိုက်လို့ အသက်ရှူချောင်သွားတယ်။ နောက်ပိုင်းတော့ US Dollar ကို Euro ငွေနဲ့ ချက်ချင်း ပြောင်းသုံးခိုင်းတဲ့အတွက် ကျွန်တော်တို့ သံရုံးမှာ နောက်ပိုင်း လစာတွေရတဲ့အခါ Euro နဲ့ လစာစပြီး ရခဲ့ကြပါတယ်။ ဗိုလ်ချုပ်ကြီးတွေ အနေနဲ့လည်ဲး စင်္ကာပူ၊ သြစတြေးလျနိုင်ငံတွေမှာ ထားကြတဲ့ US Dollar တွေကို Middle East အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ရွှေ့ခဲ့ကြတယ်လို့ သတင်းတွေ ထွက်လာခဲ့ကြတာဘဲ။
ဒုတိယ ၂၀၀၃ ခုနှစ် စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ကတော့ အစိုးရ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ အလိုတော်ရိ စီးပွါးရေးသမားကြီးတွေကို နာနာလေး ထိသွားလို့ စပ်စပ်ထိ မခံနိုင်ဘဲ စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ကို ယခင်က ရီတာပေါ့လို့ ပြောနေရာကနေ ချက်ခြင်းဆိုသလို Policy ပြောင်းပြီး ရုတ်သိမ်းပေးဖို့ဆိုတာ ဖြစ်လာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က လုပ်ကြံလဲ ခံရသေးတယ် အစွပ်စွဲလည်း ခံရသေးတယ်ဆိုတာတော့ နိုင်ငံရေးပါတီများနဲ့ တတိယအုပ်စု (Third Party)တွေကို ဒါ မတရားဘူးဆိုတာ ပြောချင်ပါတယ်။ ဘာကြောင့် အဓိကတရားခံ ဒီပဲရင်းလုပ်ကြံမှုကို ဖန်တီးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဗြောင်မစွပ်စွဲရပါသလဲ။
တတိယ ၂၀၀၇ ခုနှစ် စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ရဲ့ တရားခံဟာလဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပါဘဲ။ သံဃာတော်အရေးခင်းမှာ ကျန်တဲ့ ဗိုလ်ချုပ်ကြီး အများစုက ပခုက္ကူ သံဃာတော်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက သွားရောက်ရှစ်ခိုးတောင်ပန်ဖို့ တင်ပြနေတဲ့ကြားက ဦးအောင်သောင်းရဲ့ စကားကိုမှ နားထောင်ပြီး သံဃာတော်တွေကို သေနတ်နဲ့ ပစ်သတ်ခွင့် အမိန့်ပေးခဲ့တာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ။ ဒီလို သံဃာတော်တွေကို သုတ်သင် ရှင်းလင်းခိုင်းတဲ့အတွက်ကြောင့် အမေရိကန်က စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ချတာပါ။
ဒီပိတ်ဆို့မှုကတော့ မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာတွေကို အမေရိကန် နိုင်ငံအတွင်း တင်သွင်းခွင့် ပိတ်တာပါ။ ဟောင်ကောင်နဲ့တရုတ်တွေ အဝယ်များလို့ ရသင့်ရထိုက်သည့်တန်ဖိုးထက် နည်းနည်းပါးပါး လျော့ရတာကလွဲလို့ ပြည်သူလူထု အနည်းအကျဉ်း ထိခိုက်တာကလွဲလို့ အစိုးရက နိုင်ငံရေးအရ ပိုထိပါတယ်။ ဒီဟာကလဲ သံဃာကို သတ်ခိုင်းတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကြောင့်ပါဘဲ ။ ဒါကြောင့် ကျွန်တော်ပြောချင်တာက နည်းမျိုးစုံနဲ့ ညစ်ပတ်ယုတ်မာနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုတော့ နိုင်ငံရေးပါတီများနဲ့ တတိယအုပ်စု (Third Party) တွေက မပြောရဲဘဲ တစ်ဖက်သတ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပြောနေတာကတော့ မလွန်လွန်းဘူးလား။ ခင်ဗျားတို့ထင်သလို နေရာ Space လေးများ ရမယ်လို့ ထင်နေကြတုံးဘဲလား။ ဒီအတိုင်းသွားရင် နောက်ထပ် အနှစ် (၂၀) ဘာမှ မပြောင်းလဲနိုင်သေးဘူး။ လူသာပြောင်းသွားမယ် အာဏာရှင်ပုံစံ မပြောင်းနိုင်ဘူးဆိုတာ မမေ့ကြပါနဲ့။
၁၉၉၃ ခုနှစ် ကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တပ်မတော်သည် မြန်မာ့နိုင်ငံရေး၏ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါရမည် ဆိုတဲ့ ဦးတည်ချက်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီးတင်ဦး (ရဟတ်ယာဉ်ပျက်ကျသေဆုံး) တို့က မြန်မာ့နိုင်ငံရေးမှာ အရပ်သားရဲ့ အခန်းကဏ္ဍ ပျောက်သွားလိမ့်မယ်လို့ တင်ပြခဲ့တဲ့ကြားက ဒီအမျိုးသားညီလာခံကို ဆက်လုပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအား မဖြစ်ဖြစ်အောင် ပုံဖေါ်ခဲ့ပါပြီ။ အဲဒီတုံးကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အရပ်သားနိုင်ငံရေး ပျောက်သွားတော့ မကောင်းတော့ဘူးလား ဆိုတာ ပြန်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီးတင်ဦးတို့ ၂ ဦး ကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ဒါကိုကြည့်ရင် မြန်မာနိုင်ငံမှာ ခင်ဗျားတို့ပြောနေတဲ့ သာမန်အရပ်သား ဒီမိုကရေစီနိုင်ငံရေးဆိုတာ ဝေးပါသေးတယ်။ ခြေတစ်လှမ်း လှမ်းဖို့နေနေသာသာ လှမ်းမယ့် ခြေထောက်တွေကို ရိုက်ချိုးထားပြီး ဖြစ်နေပါပြီ။
တကယ် အမိမြန်မာနိုင်ငံတော်ကြီးကို ကောင်းစားတာ မြင်လိုချင်ရင် ကျွန်တော်တို့အချင်းချင်း အပြန်အလှန် အပြစ်မပြောကြဘဲ ညီညီညွတ်ညွတ်နဲ့ “ဘုံရန်သူ” ဖြစ်တဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုသာ လူ့အခွင့်အရေး အမြောက်အများကို ချိုးဖေါက်နေမှုနဲ့ ပထမအဆင့်နေဖြင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က မြန်မာအစိုးရ အဆက်ဆက် ပြစ်မှုကျူးလွန်နေမှုတွေကို လာရောက် စစ်ဆေးခွင့်ရဖို့ ဝိုင်းဝန်းဆော်သြကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
ကျောင်းသား၊ ဘုရားသား၊ စစ်သား၊ တိုင်းရင်းသား၊ အလုပ်သမား၊ လယ်သမား၊ အခြေခံ လူတန်းစားအားလုံး ဘယ်ဘဝကို ရောက်နေကြတယ် ဆိုတာကိုလဲ လုံးဝ မမေ့ကြပါနဲ့။ သာမာန်အခြေခံ လူတန်းစားတွေဘက်က ရပ်တည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဘာဘဲဖြစ်ဖြစ် ဝိုင်းရံပေးစေချင်ပါတယ်။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ NLD ချေမှုန်းရေး မဟာဗျူဟာကို ယောင်ဝါးပြီး မထောက်ခံမိကြဖို့ သတိကြီးကြီးနဲ့ ဆင်ခြင်ပြောဆိုသင့်ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ် တွေ့ဆုံမေးမြန်းခန်း
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူစည်ကားလှသော သူ၏ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် မဇ္ဈိမသတင်းထောက် Thea Forbes က နိုဝင်ဘာ ၂၉ ၊ ၂ဝ၁ဝ ပြည့်နှစ်တွင် လူချင်း တွေ့ဆုံမေးမြန်းခဲ့သည်။
၂၁ ရာစု ပင်လုံညီလာခံ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ရှေ့လုပ်ငန်းစဉ်၊ ပိတ်ဆို့ အရေးယူမှုမှသည် စစ်အစိုးရ စီမံကိန်းများပေါ်အမြင်တို့ကို မေးမြန်းထားသည်။
နိုဝင်ဘာလ ၁၃ ရက်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက် မဇ္ဈိမက ဒုတိယအကြိမ် မေးမြန်းခြင်း ဖြစ်သည်။ မူရင်း အင်္ဂလိပ်ဘာသာဖြင့် မေးဖြေထားသည်ကို ဘာသာပြန်ထားပါသည်။
မေး- နိုဝင်ဘာ ၁၄ ရက်က လူထုကို မိန့်ခွန်းပြောတဲ့နေရာမှာ ရှင့်အဖေရဲ့ ဆိုင်းဘုတ်အကြီးကြီး ချိတ်ထားတာ တွေ့ပါတယ်။ ဒီတော့ လွတ်လပ်ရေးသူရဲကောင်း ရှင့်အဖေနဲ့ မျိုးရိုးဆက်နွယ်မှု ရှိနေတာဟာ ရှင့်အတွက် ဘယ်လောက်အရေးပါတယ်လို့ ထင်ပါသလဲ။
ဖြေ - ဒါသိပ်အရေးကြီးပါတယ်၊ ဒါကျမနဲ့ ကျမအဖေ မျိုးရိုးဆက်နွယ်မှုရှိလို့ မဟုတ်ပါဘူး။ ဒီလိုမစဉ်းစားပါနဲ့၊ ဒါအဖေနဲ့ပဲ ဆိုင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးသမား ရှားပါးနေတဲ့ ခုအချိန်မှာ လူတွေက သူ့အပေါ် ယုံကြည်မှုရှိနေကြတာက အဓိကပါ။ ဒါကြောင့်လူတွေက ကျမအဖေကို သိပ်ချစ်ခင်ကြတယ်။ သူသာ အသက်ရှင်နေရင် သူတို့မှီခိုအားထားနိုင်တဲ့ ခေါင်းဆောင်လို့ ထင်ကြတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း - အပိုင်း ၁ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း
မေး - ရှင်နဲ့ရှင်ရဲ့ပါတီက ဒုတိယ ပင်လုံညီလာခံခေါ်ဖို့ ပြောထားတယ်နော်။
ဖြေ - မဟုတ်ပါဘူး၊ ကျမတို့က ဒါကိုလုပ်ဖို့ တာဝန်ယူလိုက်တာပါ။ ဒါကိုစပြီး ဆောင်ရွက်တာ တိုင်းရင်းသား ပါတီတွေပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခြေလှမ်းမဟုတ်ပါဘူး။ ကျမတို့ပါတီက ဒါကိုထောက်ခံခဲ့တာသာ ဖြစ်ပါတယ်။
မေး - ဒီလို ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးမှာ စစ်တပ်ပါဝင်မှု ဘယ်လောက် အရေးကြီးတယ်လို့ ထင်ပါသလဲ။
မြန်မာပြည်လို တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံမျိုးမှာ အထူးသဖြင့် အာဏာရှိနေတဲ့သူတွေ အနေနဲ့ သူတို့ အသံတွေကို နားထောင်ဖို့လိုတယ်။
ဖြေ - ဒုတိယ ပင်လုံညီလာခံ ကျင်းပရတဲ့ အကြောင်းက စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ ဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ တတ်နိုင်သမျှ လူများများပါရေး ဆိုတာ ကျမတို့ ရည်မှန်းလုပ်ဆောင်နေတဲ့ အချက် ဖြစ်ပါတယ်။ အဓိက,က စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ မြန်မာနိုင်ငံအတွင်းက မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြားမှာ ညီညွတ်ရေးရအောင် လုပ်ဆောင်ဖို့ပါ။
မေး - ဒီလိုဆို တိုင်းရင်းသား လူမျိုးစုအားလုံး တန်းတူညီမျှမှုရနိုင်မယ့် အနာဂတ် မြန်မာပြည် ထူထောင်နိုင်မယ့် အချိန်ကို မျှော်မှန်းကြည့်နိုင်ပါသလား။
ဖြေ - မျှော်မှန်းနိုင်တာပေါ့၊ ဒါကျမတို့ သွားနေတဲ့ ရည်မှန်းချက်ပဲ။
မေး - ပထမပင်လုံညီလာခံကို စစ်တပ်က တိုင်းပြည်ပြိုကွဲရေးအတွက် ပထမခြေလှမ်းလို့ ယူဆခဲ့တယ်မဟုတ်လား။
winnationday17ဖြေ - ပထမပင်လုံညီလာခံဟာ တိုင်းပြည်ပြိုကွဲရေးအတွက် ပထမခြေလှမ်းလို့ စစ်တပ်က ပြောခဲ့ဖူးတယ်လို့ ကျမမထင်ပါဘူး။ ရှင်ဘာလို့ ဒီလိုမေးခွန်းမျိုးမေးတယ်ဆိုတာ ကျမသိချင်လိုက်တာ။
မေး - ကျမထင်တာ တိုင်းရင်းသားလူမျိုးစုတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးအတွက် သန္နိဋ္ဌာန် ချထားကြတာ၊ ဒီတော့ နိုင်ငံတော်က သူတို့ကိုမြင်လာတာက -
ဖြေ - ပထမ ပင်လုံညီလာခံရဲ့ ရည်ရွယ်ချက်က တိုင်းပြည် လွတ်လပ်ရေးရဖို့အတွက် တိုင်းရင်းသား လူမျိုးစုအားလုံး အတူတကွ လက်တွဲ လုပ်ဆောင်ရေး ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘယ်သူမှ သဘောထား ကွဲပြားမှု မရှိခဲ့ပါဘူး။
မေး - ခုလို ဒုတိယ ပင်လုံညီလာခံ ကျင်းပပြီး ညီညွတ်ရေးရအောင်လုပ်တဲ့အခါ စစ်တပ်က ပါဝင် ဆောင်ရွက်လိမ့်မယ်လို့ ထင်ပါသလား။
ဖြေ - ညီညွတ်ရေးအတွက်ပထမခြေလှမ်းက သူများပြောတာ နားထောင်ဖို့ပါ။ မြန်မာပြည်လို တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံမျိုးမှာ အထူးသဖြင့် အာဏာရှိနေတဲ့သူတွေ အနေနဲ့ သူတို့အသံတွေကို နားထောင်ဖို့လိုတယ်။ ဒီလိုနားထောင်မှ သူတို့ဘာလိုချင်တယ်၊ သူတို့မျှော်မှန်းချက်တွေကဘာ၊ သူတို့မျှော်လင့် ချက်တွေကဘာ၊ သူတို့ဘာကို စိုးရိမ်ကြတယ် ဆိုတာတွေ သိလာမှာဖြစ်ပါတယ်။ ဒီလိုနားလည်လာမှ မတူကွဲပြားခြင်းတွေရဲ့ ညီညွတ်ရေး ဆိုတာအတွက် အခြေခံ အုတ်မြစ်ကိုချနိုင်မှာဖြစ်ပါတယ်။
မေး - ဒီလဆန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကို ရှင်နဲ့ရှင်ရဲ့ပါတီက အပြင်းအထန် ရှုတ်ချ ကန့်ကွက်ခဲ့တယ်နော်။ ဒီရွေးကောက်ပွဲမှာဝင်ပြိုင်ခဲ့ပြီး စစ်အစိုးရနဲ့ ဆက်သွယ်မှုမရှိဘဲ အနိုင်ရခဲ့တဲ့ ပါတီတွေနဲ့ ပါတီဝင်တွေကို ရှင်ဘာများ ပြောချင်ပါသလဲ။ ဒီချုပ်က `အတုအယောင် ရွေးကောက်ပွဲ´ လို့ပြောထားတဲ့ ရွေးကောက်ပွဲမှာ သူတို့အနိုင်ရထားတဲ့ အမတ်နေရာအချို့ဟာ အလုပ်ဖြစ်မယ့် အလားအလာရှိမယ်လို့ ရှင်ထင်ပါသလား။
ဖြေ - ဒါကတော့ သူတို့ရဲ့ ရွေးချယ်မှုပါပဲ၊ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေလို့ ရှင်ပြောတော့ ဒီလိုပါတီတွေက အများကြီးပါ၊ ဒီတော့သူတို့မှာလဲ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မတူညီတဲ့ သဘောထားတွေ ရှိကြမှာပါ။ ဒါကိုတော့ ရှင်သူတို့ကိုပဲ မေးရမယ်လို့ ကျမထင်ပါတယ်။ ကျမတို့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အယုံအကြည် မရှိလို့ပါ။ ရွေးကောက်ပွဲ ဥပဒေတွေဟာ လွတ်လပ်မျှတတယ်လို့ ကျမတို့မထင်လို့ပါ။ ထောင်ထဲမှာရှိနေတဲ့ ကျမတို့ရဲ့ ရဲဘော်တွေကို မျက်ကွယ်ပြုပြီး ရွေးကောက်ပွဲ ဝင်ရတယ် ဆိုတာမျိုး ကျမတို့ မလုပ်နိုင်ပါဘူး။ ဒါကြောင့်ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ ကျမတို့ ဆုံးဖြတ်ခဲ့တာပါ။ သူတို့မှာလဲ သူတို့အကြောင်းနဲ့ သူတို့ ရှိမှာပေါ့။ ကျမတို့ကလဲ ဒါတွေကြောင့်ပဲ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့သူတွေ အတွက်တော့ ဒီပွဲမှာ သူတို့အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ သူတို့ဖာသာပဲ ထုတ်ဖော်ပြောရမှာ ဖြစ်ပါတယ်။
မေး - နောက်တကြိမ်ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့ တောင်းဆိုနိုင်မယ့် အခွင့်အရေး ဒီချုပ် ရလိမ့်မယ်လို့ ထင်ပါသလား။
winnationday19ဖြေ - ကျမတို့က နောက်တကြိမ် ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပပေးဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒီလို ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပပေးဖို့အတွက် တောင်းဆိုဖို့ စိတ်ဝင်စားတယ် ဆိုတာလဲ ကျမတို့ဘယ်တုံးကမှ မပြောခဲ့ပါဘူး။ ဒီမေးခွန်းကတော့ တော်တော့်ကို အချိန်မတန်သေးတဲ့ မေးခွန်းပဲလို့ ကျမထင်ပါတယ်။
မေး - ပညာရေးဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအတွက် အလွန် အဓိကကျတဲ့ လုပ်ငန်းလို့ နိုဝင်ဘာ ၁၄ က လူထုကို မိန့်ခွန်းပြောတဲ့နေရာမှာ ရှင် ထည့်ပြောသွားတယ်။ ဒီပညာရေးလို လုပ်ငန်းမျိုးဟာ ရှင်နဲ့ရှင်တို့ပါတီအတွက် အစိုးရနဲ့ပူးပေါင်း လုပ်နိုင်မယ့် စင်မြင့်တရပ်လို့ ရှင်ထင်ပါသလား။
ဖြေ - လူထုအတွက် တကယ်ကိုအကျိုးရှိမယ့် ပညာရေး၊ ကျန်းမာရေး တခြားဘာဘဲဖြစ်ဖြစ် ကျမတို့ ဘယ်သူမဆို လူတိုင်းနဲ့ ဝမ်းမြောက်ဝမ်းသာ ပူးပေါင်း ဆောင်ရွက်လိုပါတယ်။
မေး - စစ်အစိုးရက ဒီချုပ်နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်မယ့် အချိန်ကို ရှင်မျှော်မှန်းကြည့်လို့ ရပါသလား။
ဖြေ - ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်အစိုးရ ဆုံးဖြတ်ရမယ့်အချိန် မုချ ရောက်လာလိမ့်မယ်လို့ ကျမထင်ပါတယ်။
မေး - မြန်မာနိုင်ငံကို လာရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ တောင်းဆို တင်ပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင့်ရဲ့ ရပ်တည်ချက်အပေါ်မှာ ကျမတို့ သိပ်မရှင်းဘူး။ ဒီလိုစုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့ဖို့ ရှင်က မလိုလားဘူးလို့ပြောတာဟာ မျှတမှု ရှိပါ့မလား။
ဖြေ - ကျမဒါမျိုးတခုမှ မပြောခဲ့ပါဘူး။ နယူးယောက်တိုင်းမ် သတင်းစာမှာပါတဲ့ ဆောင်းပါးကို ရှင်ပြောနေတာ ထင်ပါတယ်။ ကျမအဲဒီမှာ ပြောခဲ့တာက ဗိုလ်ချုပ်ကြီးတွေကို ရုံးတင်စစ်ဆေးဖို့ ကျမတခါမှ မတောင်းဆိုခဲ့ဖူးဘူးလို့ ပြောခဲ့တာပါ။ ဒါဟာ ဟိုဆေးကင်တားနားရဲ့ အဆိုပြု တင်ပြချက်တွေနဲ့ ဘာမှ မပတ်သက်ပါဘူး။ ဒါလုံးလုံးကွဲပြားခြားနားတဲ့ သီးသန့်ကိစ္စ နှစ်ခုပါ။
မေး - အနာဂတ်မြန်မာပြည်မှာ တာဝန်ခံတဲ့စနစ်ကို ဘယ်လို သွတ်သွင်းနိုင်မယ်လို့ ရှင်ထင်ပါသလဲ။
ဖြေ - အစိုးရ အုပ်ချုပ်ရေးစနစ်မှာ ပွင့်လင်းမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ကို ကျမတို့ အမြဲတမ်းပြောနေ တောင်းဆိုနေခဲ့တာပါ။ အစိုးရအုပ်ချုပ်မှု စနစ်ကောင်းဆိုတာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ လိုပါတယ်။ ဒါကျမတို့ ဆွေးနွေးရမယ့်ကိစ္စတချို့ပါ။ ဒီမိုကရေစီ အစိုးရတရပ် တက်လာရင် သူတို့ကို အရေးယူမှာလားလို့ စစ်တပ်က စိုးရိမ်နေတဲ့အကြောင်း လူတွေက ပြောကြပါတယ်။ သူတို့ လုပ်ခဲ့တာတွေအတွက် ပေးဆပ်ရမှာပေါ့ ဆိုတာမျိုးတွေလဲ ပြောကြပါတယ်။ ဒါပေမဲ့ ဒါတွေက ရော်ရမ်းမှန်းဆ ပြောတာတွေပါ။ ခုလိုစိုးရိမ်မှုတွေ ရှိနေတာကြောင့်ပဲ တယောက်နဲ့တယောက် တွေ့ပြီး စကားပြောဖို့ လိုတာပေါ့။ ကျမတို့တိုင်းပြည်အတွက် တကယ်တမ်း ဘာတွေလိုချင်တယ် ဆိုတာ တွေ့ဆုံ ရှာဖွေဖို့ လိုတာပေါ့။
မေး - ဒီလိုဆို စစ်တပ်နဲ့ ဒီချုပ်ကြားမှာ အပြန်အလှန် တွေ့ဆုံဆွေးနွေးရေးဟာ ဒီအချိန်မှာ အရေးအကြီးဆုံးလို့ ရှင်ပြောချင်တာလား။
ဖြေ - ဟုတ်တာပေါ့၊ အတူတကွ လက်တွဲလုပ်ဆောင်ချင်တဲ့ ဘက်နှစ်ဘက်အနေနဲ့ တယောက်နဲ့တယောက် တဖက်ဖက်ကစပြီး စကားပြောဖို့ဟာ အရေးအကြီးဆုံးကိစ္စ မဖြစ်သင့်ဘူးလား။
မေး - ဟုတ်ကဲ့ပါ၊ ဒါကိုကော တကယ်လက်တွေ့ ကျတယ်လို့ ရှင်ထင်ပါသလား။
ဖြေ - ဘာလို့ လက်တွေ့မကျရမှာလဲ၊ လူတွေက ပြောကြတယ်၊ ရှင်တို့ဘက်က တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ ပြောလာတာကြာပြီ။ နအဖ ဘက်ကဘာမှ မတုံ့ပြန်ဘူး။ ဒါကို ခုအထိ ပြောနေတုန်းပဲလားလို့ ပြောကြတယ်။ လူသားမျိုးနွယ် တရပ်အနေနဲ့ ဘာမှတိုးတက်မှုမရှိဘူးလို့ လူတွေစိတ်ထဲ ခံစားမိပါသလား။ ဒါဆို လူသားရဲ့ အစကို ကျမတို့ ပြန်သွားကြရလိမ့်မယ်။ ဒီတုန်းက လူဝံတွေက ပြောမှာပေါ့။ မင်းတို့က ဘာလို့ ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်ပြီး လမ်းလျှောက်ဖို့ ကြိုးစားနေရတာလဲလို့။ မင်းတို့ဘယ်တော့မှ ဒီလိုဖြစ်မှာ မဟုတ်ဘူးလို့ ပြောမှာပေါ့။ ခုကြည့် ကျမတို့လူသားတွေ မတ်မတ် ရပ်နိုင်နေပြီလေ။
မေး- ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ရှင့်၊ ဒီနေ့ကာလမှာ မြန်မာလူငယ်တွေ ဒီချုပ်နဲ့ နိုင်ငံရေးကို ချဉ်းကပ်ပုံအပေါ် ရှင်ဘယ်လိုခံစားရပါသလဲ။
ဖြေ - လွန်ခဲ့တဲ့ ၇ နှစ်ကထက်စာရင် လူငယ်တွေ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ပါဝင်လာတာကို ကျမကိုယ်တိုင် တွေ့မြင်ရပါတယ်။ အပြောင်းအလဲအတွက် လုပ်ကိုင်တဲ့နေရာမှာ သူတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ဖို့လိုတယ် ဆိုတာ ဒီလူငယ်တွေကောင်းကောင်း သဘောပေါက်နေတယ်လို့ ကျမတော့ ထင်ပါတယ်။ သူတို့ကိုယ်တိုင် မပါဘဲ ဘေးကနေ အသာထိုင်စောင့်ကြည့်နေပြီး အပြောင်းအလဲ တရပ် ပေါ်ပေါက်လာလိမ့်မယ်လို့ သူတို့ မထင်တော့ပါဘူး။ ဒါသိပ်ကို ကောင်းတဲ့အချက်ပါ။ သိပ်ကောင်းတဲ့ အပြောင်းအလဲပါ။
မေး - မီဒီယာ လွတ်လပ်ခွင့်အတွက်၊ အင်တာနက် လွတ်လပ်ခွင့်အတွက် ကြိုးပမ်းမှုတွေ တိုးမြှင့် ဆောင်ရွက်လာလိမ့်မယ်လို့ကော ရှင်ထင်ပါသလား။
ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပ ပေးဖို့အတွက် တောင်းဆိုဖို့ စိတ်ဝင်စား တယ် ဆိုတာလဲ ကျမတို့ဘယ်တုံးကမှ မပြောခဲ့ပါဘူး။
ဖြေ - သူတို့ဒီလိုအမြဲတမ်း ကြိုးစားနေခဲ့တာဘဲ မဟုတ်ဘူးလား။ ဂျာနယ်သစ်တွေ အများကြီး မြန်မာပြည်မှာ ထွက်လာကြတယ် မဟုတ်လား။ သူတို့ဂျာနယ်တွေမှာ ကျမဓာတ်ပုံတွေ ပါလို့ဆိုပြီး ပြဿနာ တက်ကြတယ် မဟုတ်လား။ ဒါပေမဲ့ သူတို့ဆက်ကြိုးပမ်း အားထုတ်နေကြတာပါပဲ၊ ဒါကောင်းတဲ့ကိစ္စပါ။ ဒါရှေ့တဆင့်တ က်ဖို့အတွက် ကောင်းတဲ့ခြေလှမ်းပါ။
မေး - ဒီချုပ်ထဲကို လူငယ်အဖွဲ့ဝင်တွေ များများဝင်လာဖို့၊ အရေးပါတဲ့ သြဇာရှိတဲ့နေရာတွေမှာ ဝင်ယူဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေ ရှိလာလိမ့်မယ်လို့ကော ရှင်ထင်ပါသလား။
ဖြေ - အို ရှိတာပေါ့၊ ဒါကိုကျမတို့ ခုကိုပဲ စလုပ်နေပါပြီ။ တာဝန်ရှိတဲ့ ရာထူးတာဝန်တွေမှာ လူငယ် အများအပြား ဝင်လုပ်နေပါပြီ။ ဖြူဖြူသင်း အကြောင်း ရှင်ကြားပြီးပြီ ထင်ပါတယ်။ သူကငယ်ပါသေးတယ် ဒါပေမဲ့ ကျမတို့ ပါတီရဲ့ ဗဟိုကော်မတီဝင်ပါ။ HIV ဝေဒနာရှင်တွေအတွက် ဂေဟာကို သူလုံးဝ တာဝန်ယူထားတာပါ။ ကျမတို့က ကျမတို့တတ်နိုင်တဲ့ အကူအညီကိုပဲ ပေးတာပါ။ ဒီဂေဟာမှာ ဖြစ်ပျက်သမျှနဲ့ ပတ်သက်ပြီး အရာရာဆုံးဖြတ်ခွင့်ကို သူ့ကိုပဲပေးထားတာပါ။
မေး - ရှင်အကျယ်ချုပ် ကျခံနေရတုန်းမှာ ကမ္ဘာ့မီဒီယာတွေကို ရှင်တစုံတရာ ပြောနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့ လူ့အဖွဲ့အစည်းနဲ့ တွေ့ဆုံ စကားပြောဖို့ကျတော့ အများကြီးအကန့်အသတ်တွေ ရှိနေပါတယ်။ ဒီအခက်အခဲကို ကျော်လွှားဖို့ ရှင့်တဦးချင်းအနေနဲ့ ဘာများပြောချင်ပါသလဲ။ အခုရှင်က လူထုရဲ့မြင်ကွင်းမှာ ရောက်နေပြီလေ။ အာရုံစိုက်ခံရသူတယောက် ဖြစ်နေပြီဆိုတော့။
ဖြေ - ဟုတ်ကဲ့၊ ပထမဆုံး ကျမပြောချင်တာက လူတော်တော်များများနဲ့ ကျမ မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောနိုင်ခဲ့ပါတယ်။ မြန်မာပြည်မှာ ရှိသမျှလူတိုင်းနဲ့တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ လူပုဂ္ဂိုလ်တချို့နဲ့ ပါတီတချို့ကိုတော့ တွေ့နိုင်ခဲ့ပါတယ်။ ဒီမနက်ဆို ကျမ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ တွေ့တယ်။ ပြီးတော့ မီဒီယာက တဆင့်လဲ လူထုနဲ့ထိတွေ့ခွင့်ရပါတယ်။
မေး - နိုင်ငံခြား အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ စစ်အစိုးရကြားက စီးပွားရေး အဆက်အဆံတွေ သဘောတူညီချက်တွေ အပေါ်မှာ ရှင်ရဲ့ ရပ်တည်ချက်က ဘယ်လိုပါလဲ။
ဖြေ - ဒါကတော့ ရှိနေတဲ့ ကန်ထရိုက်စာချုပ် တခုချင်းအပေါ်မှာ တည်နေတယ်လို့ ကျမ ထင်ပါတယ်၊ မဟုတ်ဘူးလား။ ကျမတို့က ဥပဒေစိုးမိုးမှုကို ယုံကြည်ပါတယ်။ ကျမတို့ ဘာဘဲလုပ်လုပ် ဥပဒေစိုးမိုးမှုကို လေးစား လိုက်နာဆောင်ရွက်သွားမှာပါ။
မေး - သဘာဝ သယံဇာတ ရောင်းချမှုက ရလာတဲ့ ဝင်ငွေတွေကို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေမှာ ပြည်လည် အသုံးချနိုင်ဖို့အတွက် ဘာအပြောင်းအလဲတွေ လုပ်နိုင်လိမ့်မယ်လို့ ရှင်ထင်ပါသလဲ။
ဖြေ - တကယ်တမ်းရှိနေတဲ့ စီးပွားရေး စာချုပ်တွေထက် စာရင် ဒီကိစ္စက တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုဆိုတဲ့ ကိစ္စတွေနဲ့ ပိုဆိုင်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် အစိုးရစနစ်တရပ်မှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ခံမှုရှိဖို့ ကျမတို့ ပြောနေတာပေါ့။ ဒီလိုမရှိလို့ပဲ ဒီငွေတွေ ဘာလုပ်ပစ်လိုက်တယ်ဆိုတာ လူထုက မသိရတာပေါ့။ ဒါကြောင့် ဒီငွေတွေကို တိုင်းပြည်တခုလုံးနဲ့ ခြုံပြီး ပိုအကျိုးရှိရှိသုံးဖို့ကို ကျမတို့ ဘာမှမလုပ်နိုင်တာပေါ့။
မေး - ဒါဆိုရင် စစ်အစိုးရနဲ့နိုင်ငံတကာ ကုမ္ပဏီတွေအကြား ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေကို ရပ်ဆိုင်းထားဖို့ ရှင်က အကြံပြုမှာလား။ ဒါမှမဟုတ် လုံးလုံး ရပ်ဆိုင်းပစ်လိုက်ဖို့ ပြောမှာလား။
ဖြေ - မဟုတ်ပါဘူး၊ စာချုပ်တွေကို ရပ်ဆိုင်းထားဖို့တို့၊ ရပ်တန့်ပစ်လိုက်ဖို့တို့ဆိုတာ ကျမတို့ တခါမှ မပြောဖူးပါဘူး။ ကျမတို့အမြဲပြောခဲ့တာက ဘာစာချုပ်တွေပဲချုပ်ချုပ် ပြည်သူလူထုအတွက် အကျိုးကျေးဇူးရှိဖို့၊ လုပ်ငန်းမှာ အကျိုးအမြတ်ရဖို့၊ ပြီးတော့ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ ကိုပါ။
မေး - ဒါဆို ဒီလိုဖြစ်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့ အပြောင်းအလဲတွေ ဘယ်လိုမျိုး လုပ်ဖို့လိုတယ်လို့ ရှင်ထင်ပါသလဲ။
ဖြေ - ဒါက ပိုမိုကောင်းမွန်တဲ့ အစိုးရတရပ် ပေါ်ပေါက်ရေး လှုပ်ရှားမှုကြီး တခုလုံးနဲ့ ဆိုင်ပါတယ်။ မဟုတ်ဘူးလား။ ဒါတွေကို တခုချင်း ခွဲထုတ်ပြီး စဉ်းစားလို့မရဘူး။ တိုင်းပြည်တခုလုံးနဲ့ဆိုင်တဲ့ အခြေအနေတရပ်ကို ဓာတ်ငွေ့စာချုပ်လို ဟာလေးတခုထဲနဲ့ ကွက်ပြီး ပြောလို့မရဘူး။
မေး - ဟုတ်ကဲ့ရှင့် ဒါဆို ဥပမာအားဖြင့်ပြောရရင် မြန်မာနိုင်ငံမှာရှိနေတဲ့ မြေယာသိမ်းယူမှု ကိစ္စတွေကိုရောရှင့်။ အနာဂတ် မြန်မာပြည်မှာ မြေယာ၊ အိမ်ယာ၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နိုင်လိမ့်မယ်လို့ကော ရှင်ထင်ပါသလား။
ဖြေ - ဟုတ်တာပေါ့၊ ဒါ ဥပဒေစိုးမိုးမှုနဲ့ မဆိုင်ဘူးလား၊ ဘာလို့လဲဆို တချို့မြေသိမ်းတဲ့ ကိစ္စတွေက တည်ဆဲ ဥပဒေတွေနဲ့ ဆန့်ကျင်ပြီး သိမ်းတာ။ ဒါတွေကြောင့်ဘဲ ကျမတို့က ဥပဒေစိုးမိုးမှုကိစ္စတွေကို ရေးကြီးခွင်ကျယ်လုပ် ပြောနေရတာ။ တရားဥပဒေ စိုးမိုးမှုကိစ္စကို အလေးထား ပြောနေရတာ။ ဒီလို မြေသိမ်းခံရတဲ့ သူတွေအတွက် လက်တွေ့ ကူညီနိုင်တာ မှန်သမျှကို ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ပေးသွားမှာပါ။ အခမဲ့ ဥပဒေ အကျိုးဆောင်မှုတွေ ပေးသွားမှာပါ။
မေး - အိုဘားမားအစိုးရက မြန်မာနိုင်ငံကို အရေးယူဒဏ်ခတ်တာနဲ့ ထိတွေ့ဆက်ဆံတာ နှစ်ခုလုံးကို အတူလုပ်သွားမယ်လို့ ပြောလိုက်တော့ ရှင့်ကို ထောက်ခံသူ အများအပြားက ဝိုင်းဝန်း ရှုတ်ချခဲ့ကြတယ်။ ဒီတော့ အရင်ထက်စာရင် ဒီချုပ်နဲ့ဝါရှင်တန် အစိုးရတို့အကြား ဆက်ဆံရေးက ပိုမိုတင်းမာလာတယ်လို့ ရှင်မထင်ဘူးလား။
winnationday18ဖြေ - ကျမ တဦးချင်းအနေနဲ့တော့ ဒီလိုမခံစားရပါဘူး၊ ဘာလို့လဲဆို ကျမက ထိတွေ့ ဆက်ဆံမှု မူဝါဒကို ယုံကြည်တာကိုး။ လူတိုင်းနဲ့ ထိတွေ့ဆက်ဆံသင့်တယ်လို့ ကျမထင်ပါတယ်။ အိုဘားမားအစိုးရက စစ်အစိုးရနဲ့ ဆက်ဆံတဲ့နေရာမှာ ဒီလို ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ထိတွေ့ဆက်ဆံမှုကို အတူတကွ ကျင့်သုံးသွားမယ်လို့ စပြောကတည်းက ကျမဒါကို လုံးလုံးသဘောတူပါတယ် ပြောခဲ့တာဘဲ။ ဒါပေမဲ့ ကျမတို့ကိုလဲ တန်းတူရည်တူ ထိတွေ့ ဆက်ဆံရမယ်လို့ ပြောခဲ့တာဘဲ။
မေး - ဟုတ်ကဲ့၊ ဒါဆို အခုလို အမေရိကန်နိုင်ငံက သူတို့အမေရိကန် ကုမ္ပဏီတွေအတွက် အခွင့်အလမ်းတွေ ဖွင့်ပေးလာတာကိုရော ရှင်ဘယ်လိုခံစားရပါသလဲ။
ဖြေ - ဟာ ဒါကတော့ ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ပဲ ဆိုင်တာပေါ့။ ထိတွေ့ဆက်ဆံရေးနဲ့ ဆိုင်မှမဆိုင်ဘဲ။
မေး - ဒါဆို သေသေချာချာ သုတေသနလုပ်၊ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့တာမျိုးကို ရှင်ထောက်ခံမှာလား။
ဖြေ - ကျမတို့ပြောပြီးပါပြီ၊ ပိတ်ဆို့ဒဏ်ခတ်မှု ကိစ္စရပ်ကြီး တခုလုံးကို ကျမတို့ ပြန်သုံးသပ်မှာပါ။ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ပြည်သူလူထုကို တကယ်တမ်း ထိခိုက်မှု ရှိ မရှိ၊ ဒဏ်ခတ် ပိတ်ဆို့မှုရဲ့ အကျိုးတွေက ဘာတွေလဲ၊ ဒဏ်ခတ်ပိတ်ဆို့မှုပေါ် စီးပွားရေး အမြင်နဲ့ နိုင်ငံရေးအမြင် ဒါတွေရှိပါတယ် ပြန်သုံးသပ်သွားမှာပါ။ ကျမတို့ အခါအားလျော်စွာ လုပ်ခဲ့တဲ့အတိုင်းဘဲ ဒဏ်ခတ်ပိတ်ဆို့မှု အခြေအနေ တရပ်လုံးကိုလဲ ပြန်လည် သုံးသပ်သွားမှာပါ။ ပြည်သူလူထုကို ထိခိုက်စေတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေရှိရင် ဒါတွေကိုဖယ်ရှားရေးအတွက် ပူးပေါင်း ဆောင်ရွက်လိုတယ်လို့ နအဖကို ကျမတို့ လွန်ခဲ့တဲ့ တနှစ်လောက်က ကမ်းလှမ်း ပြောဆိုခဲ့ဖူးတာလဲ ရှင်သတိထားမိမှာပါ။ ဒီတော့ဒါဟာ မူဝါဒအသစ် မဟုတ်ပါဘူး။ ဒီလိုမူဝါဒတွေ၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အခါအားလျော်စွာ ပြန်လည် သုံးသပ်သင့်တယ်ဆိုတဲ့ ဟာက ကျမတို့ အမြဲတမ်း ကိုင်စွဲထားတဲ့ မူဝါဒပါ။ ဒါကိုကျမတို့လုပ်မှာပါ။
မေး - မကြာသေးခင်ကပေါ်ပေါက်ခဲ့တဲ့ စစ်အစိုးရရဲ့ အနုမြူ ရည်မှန်းချက်တွေကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ အနာဂတ် မြန်မာ့လူ့အဖွဲ့အစည်းမှာရှိမယ့် အနုမြူစွမ်းအင်နဲ့ အနုမြူ ဓာတ်အား ထုတ်လုပ်မှုအပေါ် ရှင်ရဲ့ရပ် တည်ချက်က ဘယ်လိုပါလဲ။
ဖြေ - အနုမြူအပြောင်းအလဲလို ကိစ္စမျိုးတွေကို ကျမတို့စပြီး မကိုင်တွယ်ခင် အခုထက်ပိုပြီး ကျမတို့မှာ စွမ်းဆောင်ရည် မြင့်မြင့်မားမား ရှိဘို့လိုတယ်လို့ ကျမထင်ပါတယ်။ ဘာလို့လဲဆို ဒီလိုကိစ္စမျိုးက လုံခြုံမှုရှိဖို့တို့၊ လုံခြုံရေးအရ ကြိုတင်သတိပြုရမယ့် အချက်တို့၊ စွမ်းဆောင်ရည် မြင့်မားဖို့တို့ အများကြီးလိုတာကိုး။ ဒါကြောင့် ပွင့်လင်းမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ဆိုတဲ့ ဘူတာပဲ ပြန်ဆိုက်တာဘဲ။ ပွင့်လင်းမြင်သာမှုသာ မရှိရင် ဘာတွေ ဖြစ်နေတယ်ဆိုတာ ကျမတို့တကယ်ပဲ သိမှာမဟုတ်ဘူး။ အနုမြူ ဓာတ်အားပေး စက်ရုံအကြီးကြီးတခု ဆောက်နေသလား မဆောက်နေဘူးလား ဆိုတာလဲ ကျမတို့မသိရဘူး။ ကျမတို့ ဘာမှကိုမသိတာ၊ လူထုက ဘာမှကို မသိတာ။
မေး - ဒါဆို ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိဖို့အတွက် ပွင့်လင်းမြင်သာတဲ့ တရားဥပဒေ စနစ်တရပ် လိုအပ်တယ်လို့ကော ရှင်ထင်ပါသလား။ ဒီလိုစနစ်တရပ် ထူထောင်ဖို့အတွက် စစ်အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဖြစ်နေပြီလို့ကော ရှင်ထင်ပါသလား။
ပြည်သူလူထုကို ထိခိုက်စေတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေရှိရင် ဒါတွေကို ဖယ်ရှားရေး အတွက် ပူးပေါင်းဆောင်ရွက်လိုတယ်လို့ နအဖကို ကျမတို့ လွန်ခဲ့တဲ့ တနှစ်လောက် က ကမ်းလှမ်း ပြောဆိုခဲ့ဖူးတာလဲ ရှင် သတိထား မိမှာပါ။
ဖြေ - စစ်အစိုးရဘက်က အထူးသဖြင့် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိဖို့ကိစ္စတွေမှာ အထူး လိုလိုလားလား ရှိနေတယ်လို့ ကျမ မထင်ပါဘူး။ ဒါကြောင့်မို့ ကျမတို့က ဒါတွေကို တောင်းဆိုနေဖို့ မသင့်ဘူးလို့လဲ ကျမ မထင်ပါဘူး။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုသာ ရှိနေခဲ့မယ်ဆိုရင် ကျမတို့ဘက်ကလဲ ခုလို ပွင့်လင်းမြင်သာမှုရှိပါ၊ တာဝန်ခံမှုရှိပါလို့ တောင်းဆိုနေစရာ ဘာလိုတော့မှာလဲ။ ဒီတော့ ဒါက စစ်အစိုးရက လိုလားတယ် မလိုလားဘူးဆိုတာနဲ့ မဆိုင်ပါဘူး။ တိုင်းပြည်မှာ ဘာတွေ လိုအပ်နေသလဲဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။
မေး - နိုဝင်ဘာလ ၁၄ ရက်နေ့က ရှင်ပြောခဲ့တဲ့မိန့်ခွန်းမှာ အခြားနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက်လဲ ထည့်သွင်း တောင်းဆိုသွားခဲ့ပါတယ်။ ခုလောလောဆယ် ဒီကိစ္စအတွက် ဒီချုပ်က စလုပ်နေပြီလား။
ဖြေ - နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကျမတို့ဘက်က အမြဲတမ်း ကြိုးစားနေခဲ့တာပဲ။ ဒါပေမဲ့ ဒီအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဒီချုပ်ဘက်က ဘာတွေလုပ်နေပြီလဲ မေးလာရင်တော့ ဒီလူတွေကိုလွှတ်ဖို့ မလွှတ်ဖို့က ကျမတို့ဘက်က လုပ်ရမှာ မဟုတ်ပါဘူး။ ကျမတို့ဘက်ကလုပ်ရမှာက ဒီလူတွေ အမြန်ဆုံး လွတ်မြောက်လာဖို့ အာဏာပိုင်တွေကို ဖျောင်းဖျ သိမ်းသွင်းနိုင်မယ့် အခြေအနေ တရပ်ကို ဖန်တီးပေးဖို့ပါပဲ။
မေး - ဒါဆို လက်တွေ့အနေနဲ့ပြောရရင် အာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ကိစ္စ ဘယ်လိုဖြစ်လာမယ် ထင်ပါသလဲ။ သူတို့ဘက်က ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိနေပြီ အဆင့်သင့်ဖြစ်နေပြီလို့ကော ရှင့်စိတ်ထဲထင်ပါသလား။
ဖြေ - ဟုတ်ကဲ့၊ အရင်တုန်းကတော့ သူတို့ဘက်က ပူးပေါင်း ဆောင်ရွက်လိုပါတယ် ဆိုတဲ့ အရိပ်လက္ခဏာ မပြခဲ့ဖူးပါဘူး။ ဒီလိုဆိုလို့ ဆက်မကြိုးစားသင့်ဘူးလို့လဲ မဟုတ်ပါဘူး။ ဆက်ကြိုးစားနေရမှာပဲ။ သူတို့ဘက်က စိတ်ဝင်စားမှုမရှိလို့ ကျမတို့ဘက်ကလဲ ထပ်မကြိုးစားသင့်ဘူးလို့ ပြောမယ်ဆိုရင်တော့ အစကထဲက ဘာမှ မကြိုးစားသင့်ခဲ့ဘူးလို့ဘဲ ပြောရမလို ဖြစ်နေမှာပေါ့။