Saturday 30 April 2011

စစ်အစိုးရနှင့် သဘောတူညီချက်များကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ထုတ်ဖော်ပြောကြား

စစ်အစိုးရနှင့် သဘောတူညီချက်များကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ထုတ်ဖော်ပြောကြား

2011-04-29
၂၀၀၃ မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ အဲဒီအရေးအခင်း နောက်ပိုင်း၊ ၂၀၀၄ ခုနှစ် မေလ အမျိုးသားညီလာခံ ပြန်မစမီကာလအတွင်း စစ်အစိုးရ အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆွေးနွေးရရှိခဲ့တဲ့ သဘောတူညီချက်တွေကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံးအကြိမ်အဖြစ် RFA ကနေ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Ad Hoc Commission on Depayin Massacre (Burma)
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးခရီးစဉ်အတွင်း အနှောင့်အယှက်ပေးခဲ့ကြသည့် လက်နက်ကိုင်လူတစုကို ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားမီ ဒီပဲယင်းမြို့နယ် ကျည်တောက်ပေါက် ကျေးရွာအနီးတွင် ၂၀ဝ၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့မြင်ရသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။(Photo: Ad Hoc Commission on Depayin Massacre- Burma)
ဒီပဲယင်းအဖြစ်အပျက် အပြီး စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ NLD ခေါင်းဆောင်တွေအကြား လျှို့ဝှက် ဆွေးနွေးပွဲတွေ အကြိမ် တော်တော်များများ ရှိခဲ့ပါတယ်။ ထိခိုက်နစ်နာသူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရေး အပါအဝင် အချက် ၄ ချက်ကို အာဏာပိုင်တွေက သဘောတူညီခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ ဒီပဲယင်း ကိစ္စအပြီးမှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစကားပြော သဘောတူညီမှုယူခဲ့တဲ့ အချက်တွေက “၁။ ဒီပဲယင်း အဖြစ်အပျက် ကို စုံစမ်းစစ်ဆေးရန်၊ ၂။ အဲဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရန်၊ ၃။ နောင်အခါမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန်၊ ၄။ ဒီပဲယင်းနဲ့ပတ်သက်လို့ အဖမ်းဆီးခံနေရသူတွေ အားလုံးကို ပြန်လွှတ်ပေးရန်  ဆိုတာတွေ ဖြစ်ပါတယ်။”
ဒီပဲယင်းအရေးအခင်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောကြားချက်တွေကို မကြားရသေး တဲ့အတွက် ပြောဆိုဝေဖန်မှုတချို့ ပေါ်ပေါက်နေစဉ် အတွင်း RFA က အပတ်စဉ် ထုတ်လွှင့်နေ့တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် သောတရှင်တဦးက မေးမြန်းခဲ့ရာမှာ  ဒေါ်အောင်ဆန်းစုကြည် က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစိုးရနဲ့ အဲဒီလို သဘောတူညီချက်တွေ ရရှိပြီးကာမှ အာဏာပိုင်တွေဖက်က ကတိဖျက်ခဲ့လို့ အမျိုးသားညီလာခံ တက်ရောက်ရေး အပါအဝင် သဘောတူညီမှု အားလုံး ပျက်ပြား ခဲ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
 “NLD ဖက်ကတော့ မိမိတို့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို အမျိုးသားညီလာခံလွှတ်ဖို့ သဘောတူလိုက်ပါတယ်။ ဒီအချက်အားလုံးကို နှစ်ဦးနှစ်ဖက် လက်ခံပြီးမှ အမျိုးသားညီလာခံစဖို့ ရက် အနည်းငယ်လေးအလိုမှာ အန်တီ့ကို မလွှတ်ပေးဘူး ပြောတာကစပြီး သဘောတူညီချက်တွေရော ဆွေးနွေးတာတွေရော ပျက်သွားပါတယ်။ “
၂၀၀၃ ခုနှစ်မေလက အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာ အနီး မှာ အာဏာပိုင်တွေရဲ့ သြဇာခံလို့ လူအများက ယုံကြည်ယူဆကြတဲ့ တုတ်၊ ဓား လက်နက်ကိုင် လူရမ်းကား အမြောက်အမြားက ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား NLD အဖွဲ့ဝင်တွေကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာမှာ လူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ယဉ်မောင်းသူရဲ့ကျွမ်းကျင်မှု ကြောင့် အဲဒီတိုက်ခိုက်မှုက မိမိ လွတ်မြောက်ခဲ့ကြောင်း RFA ကို ပြောပါတယ်။
“အတိုချုံးပြောရမယ် ဆိုရင်တော့ ကားမောင်းတဲ့လူငယ်က အင်မတန်မှ ကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရခက်တဲ့သူတွေက လမ်းကို အတားအဆီးတွေနဲ့ ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့အထဲက နေပြီးတော့ ဖောက်ထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။”
အခက်အခဲတွေ မည်မျှရှိပေမဲ့လည်း နောက်မျိုးဆက်သစ်တွေရဲ့အကျိုးအတွက် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အောင်မြင်တဲ့အထိ မဆုတ်မရွံ့ ဆက်လက် ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အပြည့်အစုံကို RFA က ဒီအပတ် ထုတ်လွှင့်မဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ရမှာ ဖြစ်ပါတယ်။


လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ်အမေးအဖြေ အစီအစဉ်

2010-11-26
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။

EyePress
"လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်"
မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။ အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org" ဖြစ်ပါတယ်။
မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။
အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ဧပြီ ၂၉ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဧပြီ ၂၉ ရက်)
အသံဖိုင်ယူရန်

Wednesday 27 April 2011

မြန်မာပြည်သူများနှင့်အတူ Signature Campaign တွင်ဂျာမဏီရောက် မြန်မာ့ဒီမိုကရေစီရေးလိုလားသူများ ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြပါ

ပြည်သူလူထုကို ကိုယ်စားပြုသော အသံ...

နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးမလားလို့ အားလုံးက မျှော်လင့်တောင့်တ ခဲ့ကြပေမယ့် ခုချိန်ထိ ထူးခြားမှု တစုံတရာမတွေ့ရှိသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဆိုတာရဲ့နောက်ကွယ်မှာ ဒါ့ထက်မက အဓိပ္ပါယ်တွေကို ဖေါ်ဆောင်နေတယ်ဆိုတာ အားလုံး နားလည် လက်ခံထားကြတဲ့အတွက်လည်း၊ မျှော်လင့်မှုတွေဟာ ပိုမိုပြင်းထန်ကြခြင်းဖြစ်ပါတယ်။

အစိုးရသစ်ရဲ့ လုပ်ရပ်ဟာ အပြုသဘောဆောင်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မတည်ကိုပါ ဒီအကျဉ်းသားပြန်လည်လွှတ်ပေးရေးနဲ့ ဆက်နွယ်နေပါတယ်။ မြန်မာပြည်ရဲ့ အလှည့်အပြောင်း ကံကြမ္မာဟာ အစိုးရ ရဲ့ ဒီဆုံးဖြတ်ချက်ပေါ်မှာ လုံးလုံးလျားလျား မူတည်နေပါတယ်။

ဒီမိုကရေစီ အင်အားစု များအနေနဲ့ အစိုးရသစ်ကို အပြုသဘောဆောင်တဲ့ မေတ္တာရပ်ခံ ကမ်းလှမ်းချက်ကို ပြုခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးဦးဆောင်သူများ အပါအ၀င်၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်များနဲ့ ပြည်သူလူထုမှ ပြည်သူလူထုကို ကိုယ်စားပြုပြီး ဒီမေတ္တာရပ်ခံ၊ ကမ်းလှမ်းမှုကို ပြုခဲ့ကြခြင်းဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ် မှ မိတ်ဆွေများအနေနဲ့ ဒီမေတ္တာရပ်ခံ တောင်းဆိုမှုကို ထောက်ခံတဲ့အနေနဲ့ဝိုင်းပြီး like လုပ်ပေးကြ စေချင်ပါတယ်။

Cho Tu Zal Facebook မှာ Like လုပ်ရန် Click

PASSWORD အခိုးခံ ရမှုများ လာခြင်းကြောင့် အထူး သတိပြု အသုံးပြုရန် လိုအပ်လာ
1 Comments - 26 Apr 2011
itWEEKLY JournalPASSWORDအွန်လိုင်း အသုံပြု ရာတွင် အသုံးပြု သူများ အနေဖြင့် Facebook သုံးခြင်း ၊ ဂိမ်းဆော့ခြင်း များတွင် ဆန္ဒမစောဘဲ ဂရုတစိုက် လေ့လာပြီးမှ သာ အသုံး ပြုသင့်ကြောင်း၊ ထိုကဲ့သို့ မဟုတ်ဘဲ အမှတ် တမဲ့ အသုံးပြု လိုက် ပါက Hacker များ ၏ Password ခိုးယူခြင်းကို ခံရမည် ဖြစ်ပြီး ယခု အခါတွင် အွန်လိုင်း သုံးစွဲသူ အများစု Password ခိုးယူခြင်း ခံရေ ကြောင်း စုံးစမ်း သိရ သည်။Facebook အသုံးပြု၍ ဂိမ်း ဆော့သည့်အခါ User များ အနေဖြင့် သူငယ်ချင်း မျာ...

More Link



အတွေးများ၊ လူများ၊ သမိုင်းစာမျက်နှာများ ၂၃ နှစ် ( ကမာပုလဲ )


Tuesday, 26 April 2011
အတွေးများ၊ လူများ၊ သမိုင်းစာမျက်နှာများ ၂၃ နှစ်
ကမာပုလဲ
ဧပြီ ၂၇၊ ၂၀၁၁
          “ ဦးနု ၀န်ကြီးချုပ်ပြန်မဖြစ်တာ၊ သူ့ အစိုးရ အာဏာပြန်မရတာ ဒေါ်စုနဲ့ ကျောင်းသားတွေ မထောက်ခံလို့ မဟုတ်ဘူးဗျ။ ပြည်သူလူထုက ဦးနုကို မထောက်ခံလို့။ မြစ်တမြစ်မှာ နှစ်ခါ ရေချိုးလို့ မရဘူး ဆိုတဲ့စကား ရှိတယ်မလား”
(၁)
        ၈၈ အရေးတော်ပုံကြီးတွင် ပြည်သူတယောက်အနေဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းပေါ်ပေါက်လာသည့်အခါ လူ့ဘောင်သစ် ဒီမိုရက်တစ် ပါတီတွင် ပါဝင်လှုပ်ရှားခဲ့သည်။ မြို့နယ် စည်းရုံးရေး ကော်မတီတွင် ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ အောက်တိုဘာလထဲတွင် ဖမ်းဆီးခံရကာ ထောင်ကျခဲ့သည်။ မအူပင် အကျဉ်းထောင်၊ ရွှေသဌေး ရဲဘက်စခန်းမှ သည် အင်းစိန်ထောင်သို့ …။
          ကိုထက်မိုး (နယ်စပ် ကျဆုံး)၊ ရွှေဘုန်းလူ (တာရာမင်းဝေ မဖြစ်သေး၊ ယခု ကွယ်လွန်) တို့ နှင့် ( ၃ ) ဆောင်တွင် အတူနေရသည်။ ၁၉၉၀-ခု မေဒေး ထောင်တွင်း လှုပ်ရှားမှု ဖြစ်သည်။ မြအေး (ယခု ထောင်တွင်းအကျဉ်းကျနေသူ) တို့က ကမကထပြု လှုပ်ရှားရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။ ထောင်ပိုင် ဘိုကြည်က မာဖီ (အရပ် ၀တ်စုံ) ဖြင့် ကိုမြအေးကို အဆောင်ထဲ ၀င်ရောက်လာကာ လက်သီးနှင့် ထိုးသည်ဟု ကြားရသည်။ နောက်တနေ့တွင် (၅)တိုက်ထဲသို့ အမှုတွဲနှင့်အတူ ရောက်သွားသည်။
          ဖထီးမန်းဒါဝိတ် (ထောင်တွင်း ကျဆုံး) က သူ့ဆေးရုံစာ ငါးကြော်ကလေး တတုံးကို ပေးရှာသည်။ အရိုင်း (အောင်သန်းဦး) ကလည်း ပေးသည်။ နယ်မှဆိုတော့ ထောင်ဝင်စာသည် ကိုယ်နှင့် ဘာမျှ မဆိုင်သလိုဖြစ်နေသည်။ ၁၉၉၀ ရွေးကောက်ပွဲ ပြီးသွားသည်။ ၀န်ထမ်း (ထောင်ဝါဒါ) အချို့က “ ခမောက်၊ ခမောက် အပြတ်အသတ် နိုင်တယ်” ဟု တိုးတိုး ပြောသွားသည်။ လူထုက မပြီးဆုံးသေးသည့် အရေးတော်ပုံကြီးကို ထပ်မံ တိုက်ပွဲဝင် အနိုင်ယူလိုက် ပြန်လေသည်။ ပီတိ မဆုံးသေးခင် ညနေစောင်းကြီး တိုက်ထဲမှ နိုင်ငံရေး အကျဉ်းသား အချို့ကို လာထုတ် ခေါ်ဆောင်သွားသည်။ ခြေကျင်းရိုက်သည်။ ညတွင် ထောင်အသီးသီး သို့ ပြောင်းရွေ့မည်ကို သိလိုက်ရသည်။ အောင်ဒင် (ဒတ္ထ) က BAD SIGN (မကောင်းတဲ့ လက္ခဏာ) လို့ ပြောလိုက်သည်။ တချို့က မြင်းခြံ၊ တချို့ မန္တလေး၊ တချို့ကား သာယာဝတီ …….။
          “၈၈၈၈ တုန်းက ဦးနုရဲ့ အစိုးရ တိုက်ကွက်ကို ဒေါ်စုတို့ နဲ့ ကျောင်းသားတွေ အားလုံး ၀ိုင်းထောက်ခံလိုက်ရင် ပွဲပြီးသွားပြီဗျ။ ခုတော့ဗျာ”
          ကျူရှင်ဆရာ ဂျိုးဖြူ ကိုသိန်းဟန်က သူ့အမြင်ကို ယတိပြတ်ပြောသည်။ သူ့အမှုတွဲ ဖြစ်သည့် (မြန်ညီဒီ) ကိုဇော်ဖေ၀င်း (သူလည်း ကျူရှင်ဆရာ) က ထောက်ခံသည်။ ဒေါက်တာ ခင်ဇော်ဝင်းကလည်း သဘောတူသည်။ ကျနော်က ကျနော့်အမြင်ကို ပြောခွင့်ပြုပါဟု တောင်းဆိုလိုက်သည်။
          “ ဦးနု ၀န်ကြီးချုပ်ပြန်မဖြစ်တာ၊ သူ့ အစိုးရ အာဏာပြန်မရတာ ဒေါ်စုနဲ့ ကျောင်းသားတွေ မထောက်ခံလို့ မဟုတ်ဘူးဗျ။ ပြည်သူလူထုက ဦးနုကို မထောက်ခံလို့။ မြစ်တမြစ်မှာ နှစ်ခါ ရေချိုးလို့ မရဘူး ဆိုတဲ့စကား ရှိတယ်မလား”
          စကားဝိုင်းက တိတ်သွားသည်။
(၂)
ဖဆပလ ခေတ်က ၀န်ကြီးချုပ် ဦးနုသည် လူရှေ့၊ သူရှေ့တွင် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးဟု အော်ဟစ်ကာ လွှတ်တော်တွင် အပြုတ်တိုက် ရေး မူကို မကျကျအောင် ချဖို့လုပ်နေခဲ့သည်။ ဗိုလ်နေ၀င်း၏ တပည့်များဖြစ်သော ဗိုလ်အောင်ကြီး တို့ အာဏာကို လာရောက်ခြိမ်းခြောက် တောင်းဆိုသည့်အခါ ၁၉၅၈ တွင် အသာတကြည် လွှဲပေးလိုက်သည်။ ဗိုလ်နေ၀င်းက သူတော်ယောင်ဆောင်ကာ ကတိစကားအတိုင်း လုပ်သလိုလို ရွေးကောက်ပွဲ ပြန်ကျင်းပပေးသည်။ တည်မြဲ ဖဆပလ ကို သန့်ရှင်း ဖဆပလ (ဦးနု) အနေနှင့် ယှဉ်ပြိုင် အနိုင်ယူဖို့ရာမှာ မလွယ်ကြောင်းကို သိသည်။ ပမညတ က သန့်ရှင်းနှင့် မဟာမိတ်ပြုလိုက်သည်။ သန့်ရှင်း အနိုင်ရကာ အစိုးရ ဖွဲ့နိုင်ခဲ့ပါသည်။ သို့သော် ဦးနုသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နှာစေးနေခဲ့သည်။ ၁၉၆၂ - ရောက်တော့ ဗိုလ်နေ၀င်းက အစိုးရ အဖွဲ့ကို ဖျက်သိမ်းကာ စစ်တပ်ဖြင့် အာဏာသိမ်းလိုက်သည်။
          ဦးနုသည် တောခိုကာ လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့သည်။ ထိုင်း- ဗမာ နယ်စပ် တကြောတွင်အများဆုံး ဖြစ်သည်။ ဘယ်သူက ကူညီလို့၊ ဘယ်လောက် အောင်မြင်ကာ၊ ဘယ်သို့ လုပ်ခဲ့ကြသည်ကို သက်ရှိထင်ရှားရှိနေသူ ပြည်ချစ် ရဲဘော်ဟောင်းကြီးများ ပြောပြ၍ အတော်အတန် သိခဲ့ရသည်။
တရုပ်ပြည်သစ် ခေါင်းဆောင်ကြီးထံ အမေရိကန် သမတ နစ်ဆင်နှင့် လွန်းပျံ ခရီးသည်ကြီး ဒီပလိုမေစီ ကစ်ဆင်းဂျား (နိုင်ငံခြားရေး ၀န်ကြီး) တို့ ရောက်လာကြသည်။ သူတို့၏ တံခါးပိတ်ဆွေးနွေးပွဲများမှ “ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွားသာ ရှိ” ဖြစ်ခဲ့သည်။ သူတို့၏ ဘုံရန်သူကား ဆိုရှယ် နယ်ချဲ့ ဟူသတည်း။
ဦးနု အိန္ဒိယ ကိုသွားသည်။ ဟိုမှာ တရားအားထုတ်နေသည်။ ဗိုလ်နေ၀င်းက “စိတ်ကောက်ပြီး ထွက်သွားကြတဲ့ ညီအကိုတွေ ပြန်လာချိန်တန်ပါပြီ” ဟု လှိုက်လှဲစွာ ကြိုဆိုလိုက်သည်။ ကိုကြီးနု အိန္ဒိယမှ ရန်ကုန်ပြန်ကာ တရားအားထုတ်ခဲ့ပြန်သည်။
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နယ်စပ်တကြောမှ ဦးနုကို ယုံကြည်ပုံအပ် လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့သည့် အညတရ ရဲဘော်များသည်ကား အမိမဲ့သား ရေနည်းငါးသဖွယ်…။ အသိုက်ပျက် ငှက်ကလေးများလို ဘ၀ပျက်ခဲ့ရသည်။ ကိုကြီးနုသည် ဆရာဒဂုန်တာရာ၏ စကားဖြင့် ပြောရမည်ဆိုလျင် “မုန်တိုင်းထဲမှ သစ်ရွက် တရွက်” ပင် ဖြစ်နေလေရော့သလား။ သို့သော် သူတရွက်တည်းကား မဟုတ်ပေ … ။

(၃)
          ကိုဘဆွေနှင့် ကိုကျော်ငြိမ်းကား ရှင်းပါသည်။ ဘာမှ ငြိမ်းချမ်းရေးတွေ လုပ်မနေနဲ့ လာ လက်နက်ချကြ ဖြစ်သည်။ မချလျင် အပြုတ်တိုက်မည်။ သူတို့ တပည့် ဗိုလ်နေ၀င်းက သူတို့ ခြေရာကို တထပ်တည်း နင်းသည်။ သူအာဏာရလာတော့ ဒီအဖိုးကြီးတွေကိုပါ နိုင်ငံရေးလောကမှ အပြတ်ရှင်းပြစ်သည်။ နေ တစင်းပဲရှိရမည်။ နှစ်စင်း၊ သုံးစင်း မရှိစေရ။
          ဗိုလ်နေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်း ခွေးကတက် ရောက်သွားသည့် ရဲရဲတောက် ခေါင်းဆောင်ကြီးတွေ ရှိခဲ့သည်။ သို့သော် မြေအောက်လှုပ်ရှားမှုမှ တဆင့် ဗမာပြည်လမ်းမထိုထိုတွင် ကျောင်းသားများ၊ အလုပ်သမားများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် နှစ်ကာလအလိုက် စဉ်ဆက်မပြတ် လှုပ်ရှားတိုက်ပွဲ ၀င်ခဲ့ကြသည်။
၈၈၈၈ အရေးတော်ပုံကြီးသည် သူ့ အလိုလိုဖြစ်လာသည်မဟုတ်။ ထိုထိုသော တိုက်ပွဲဝင် လှုပ်ရှားမှုများ၏ ရင့်မှည့် အမြုတေ အရေးတော်ပုံကြီးပင် ဖြစ်သည်။ လူတန်းစားပေါင်းစုံ၊ လူ့အလွှာပေါင်းစုံ ပါဝင်သဖြင့် အရေးတော်ပုံကြီး ဟု တိုက်ပွဲတန်ဖိုး သတ်မှတ်ခံရခြင်း ဖြစ်သည်။ မိခင် နေမကောင်း၍ ဗမာပြည်ရောက်နေသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်အောင်ဆန်း၏ သမီးကို ကျောင်းသားများက တိုက်ပွဲကို ဦးဆောင် ပေးရန် အိမ်တိုင်ယာရောက် သွားရောက် တောင်းဆိုခဲ့သည်။ ဖအေ့သွေးပါသူ သမီးသည် တိုက်ပွဲအတွင်း ပါဝင်လာခဲ့သည်။ ဦးဆောင် တိုက်ပွဲဝင်ခဲ့သည်။ သူကား ……..
          “ ဒေါ်အောင်ဆန်းစုကြည်”
 (၄)
          ဗိုလ်နေ၀င်းမှ ဗိုလ်စောမောင်အား အာဏာသိမ်းစေခဲ့သည်။ ပါတီများ ဖွဲ့စည်း တည်ထောင်မှုပေးခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ်လာသည်။ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ကြသည်။
ဗိုလ်အောင်ကြီးကို ကြာကြာ မစောင့်လိုက်ရ။ မင်းသားခေါင်းပြုတ်ကျကာ သူ့မူရင်း ဘီလူးခေါင်းပေါ်လာသည်။ ဒီချုပ် အတွင်း ညီညွတ်ရေး ဖြိုခွဲမှုကို စတင်ခဲ့သည်။ ကိုင်သည့် ပြဿနာ အချက်အလက်ကား “ ဘုမသိ၊ ဘမသိ၊ သမိုင်းမသိသူများ အကြိုက် ကွန်မြူနစ် ဆန့်ကျင်ရေး” ဖြစ်သည်။ သို့သော် သူ ဗိုလ်အောင်ကြီးသာ လွင့်သွားသည်။ ပါတီခွဲထောင်သည်။ ဦးတင်ဦးနှင့် ဒေါ်စုတွင် ဘုံရန်သူကို မျက်ခြေမပြတ်သည့် ရပ်တည်ချက်ကို တွေ့ရသည်။ တိုင်းပြည်၏ ဘုံရန်သူကား စစ်အာဏာရှင်စနစ်သာ ဖြစ်သည်ကို သူတို့ရပ်တည်ချက်က ပြခဲ့သည်။
          ဒီချုပ်အတွင်း တပ်မှုးဟောင်းများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြိတ်အနယ် ဆွေးနွေးခဲ့ရသည်။ ဒေါ်စုက ဘဘတို့ “ဗိုလ်အောင်ဆန်း လမ်းစဉ်လိုက်မှာလား၊ ဗိုလ်နေ၀င်း လမ်းစဉ်လိုက်မှာလား”ဟု တည်မြဲတပ်မှူးဟောင်းများကို မေးခွန်းထုတ်ခဲ့ သည်။
မကြာမီ ၁၉၈၉ ဇူလိုင် ၁၉ ချီတက်ပွဲပျက်သည်။ အာဇာနည်ကုန်းကို ချီတက်ရန် တိုက်ပွဲခေါ်ခဲ့ပြီးမှ ဒေါ်စုက လက်ရှိ စစ်အာဏာရှင်၊ စစ်အုပ်စုသည် ဖက်ဆစ်ဆန်သည်ဟု ဆိုကာ ချီတက်ပွဲကိုဖျက်လိုက်သည်။ ချီတက်သွားကြသော ကျောင်းသားအချို့ အရိုက်ခံရ၊ အဖမ်းခံလိုက်ရသည်။ နောက်တနေ့ ဖြစ်မည်ထင်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ချခံလိုက်ရသည်။
          ဒီချုပ် ခေါင်းဆောင်ပိုင်းကို တည်မြဲတပ်မှူးဟောင်းများ ဦးစီးကာ ပြုပြင်လိုက်ကြ သည်။ သည့်အပြင် ရန်သူ့အလိုကျ ဗိုလ်အောင်ရွှေ ဦးစီးကာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီချုပ်မှ မဲပေးထုတ်ပယ်လိုက်လေသည်။ ၁၉၉၅ ဂျွန် ၁၀ ရက်နေ့ ဖြစ်မည် ထင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်သည်။
ဒေါ်စု လွတ်သည့် နေ့တွင်ပင် တိုက်ပွဲတောင်းဆိုချက်မှာ “ဒိုင်ယာလော့” ဖြစ်နေသည်။ ဒေါ်စုကလည်း လွတ် လွတ်ချင်း ဒိုင်ယာလော့ လုပ်ရန် စစ်အုပ်စုကို တောင်းဆိုသည်။ ပြီးတော့ သူမ လုပ်စရာ ရှိတာကို လုပ်သည်။ ဒီချုပ်အတွင်း ညီညွတ်ရေးအတွက် ပြန်လည်ရင်ကြားစေ့စေခဲ့သည်။
ဘဘဗိုလ်အောင်ရွှေ (တည်မြဲတပ်မှူး ဟောင်းကြီး)ကို ဥက္ကဌနေရာမှာပဲထားသည်။ ဦးတင်ဦးက သဘောထားကြီးစွာ ဒုဥက္ကဌနေရာမှာပဲနေသည်။ ဒေါ်စု လူထုထဲဆင်းသည်။ လူထုနှင့် တွေ့သည်။ အင်းယားလမ်းတွင် ဒေါ်စုတို့ကားတန်း အကြမ်းဖက်ခံရသည်။ ဦးတင်ဦး ဒဏ်ရာရသည်။ မကြာခင် “ဒီပဲယင်း လူ အစုအပြုံ သတ်ပွဲ” ဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ကြံခံရသည်။
          ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့ စီးလာသည့်ကား လွတ်သွားသည်။ နေအိမ် အကျယ်ချုပ်ခံကြရသည်။
 (၅)
အများသိပြီး သမိုင်းအဖြစ်အပျက်တွေကို လူတတ်ကြီးလုပ် ရေးနေခြင်းမဟုတ်ပါ။ ဖေါ်ပြပါ အဖြစ်အပျက်တို့မှ အတွေးစများကို တင်ပြဆွေးနွေးလိုခြင်းသာ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ ဗိုလ်အောင်ဆန်း မဖြစ်နိုင်ပါ။
ဒေါ်အောင်ဆန်းစုကြည် ဗမာပြည်နိုင်ငံရေးလောကထဲ စ၀င်ကတည်းက ချောချောမွေ့မွေ့ လျှောက်ခဲ့ရသည်မဟုတ်ပါ။ တိုက်ပွဲကြမ်းများဖြင့်သာ အတိပြီးခဲ့သည်။ နိုင်ငံရေးဘ၀ နုနယ်သော ဒေါ်စုသည် လူထုဘက်က ရိုးရိုးသားသား၊ သတ္တိရှိရှိ ရပ်တည် ခဲ့သည်သာဖြစ်သည်။ သူ၏ နိုင်ငံရေး အတွေ့အကြုံ မပြည့်အိုးကို လက်တွေ့တိုက်ပွဲ အတွေ့အကြုံများဖြင့် ဖြည့်ဆည်းသည်။
သူသည် နိုင်ငံရေး ဖန်ဆင်းရှင်ကြီး (Master Creator) မဟုတ် လူထုက တင်မြောက်ထားသော လူထုခေါင်းဆောင်တယောက်ပင် ဖြစ်သည်။ ထာဝရ ခေါင်းဆောင်လား၊ တခဏ ခေါင်းဆောင်လား ဆိုသည်မှာ လူထုက ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။
          ယခု ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်လာသည်။ သူမလွတ်ခင် ၂၀၀၈ အခြေခံဥပဒေ ကို စစ်အုပ်စုက အဓမ္မ အတည်ပြုခဲ့သည်။ သူက နေအိမ်အကျယ်ချုပ်၊ ကျနော်တို့က လွတ်လွတ်လပ်လပ် အပြင်မှာ။
ကျနော်တို့ ဘာများ လုပ်နိုင်ခဲ့ပါသနည်း။
စစ်အုပ်စုက ရွေးကောင်ပွဲအတွက် အသေအချာ ပြင်ဆင်သည်။ မတရားသည့် နည်းလမ်းပေါင်းစုံကို အာဏာဖြင့် အကောင်အထည်ဖေါ်သည်။ ဖဲစကားဖြင့် ပြောမည်ဆိုလျင် ရှိုးဝိုင်းတွင် စပိတ်(တစ်) လေးလုံးကို သေနတ်ထောက်ကာ လုယူထားသည်။ ပြီး ၀ိုင်းထဲမှလူအားလုံး ရှိသမျှပိုက်ဆံ အကုန်ထုတ်ရိုက်ရမည်ဟု သေနတ်နှင့်ချိန်ကာ ရိုက်ခိုင်းသည်။
ကျနော်တို့ ဘာများ လုပ်နိုင်ခဲ့၊ လုပ်ခဲ့ပါသနည်း။
ဒေါ်အောင်ဆန်းစုကြည်က မလွတ်ခင်ကပင် ရွေးကောက်ပွဲကို မ၀င်ဘူးဟု သပိတ်မှောက် ခဲ့သေးသည်။
(၆)
          သူလွတ်လာသောအခါ အခြေအနေ တစုံလုံးသည် တစ်ကပြန်စရမည့် အခြေအနေ ဖြစ်နေသည်။ လွတ်လွတ်လပ်လပ်မဟုတ်။ ရန်သူကို ရင်ဆိုင်နေရချိန်မှာ ပါတီတွင်းကို လည်း သန့်ရှင်းအောင် မည်သို့လုပ်ကြမည်နည်း။
သူမ၏ အတ္တဘာဝ အင်အားများကို ဘယ်လိုတည်ဆောက်ရမည်နည်း။
          ဒီမှာ တခုတင်ပြချင်ပါသည်။ နိုင်ငံရေးနှင့် တော်လှန်ရေးတွင် နည်းပရိယာယ်အရ “ရန်သူ့လူ ကိုယ့်ဘက်ပါရေး” ဖြစ်သည်။ ကျနော်တို့တိုက်နေသည်မှာ စစ်အာဏာရှင် စနစ်ကိုသာဖြစ်သည်။ ဒါသည်ပင် မဟာဗျူဟာခေါ်ခေါ် သေနင်္ဂဗျူဟာ ဖြစ်သည်။
ကျနော် တို့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရနေသူတွေ ဘာတွေများ ဘယ်လောက် လုပ်နိုင်ခဲ့ ပါသနည်း။
          လွတ်မြောက်လာသူ ဒေါ်အောင်ဆန်းစုကြည်၏ လက်တွေ့ နိုင်ငံရေး လှုပ်ရှားမှုများကို အားမလို၊ အားမရဖြစ်ကြသည်။ ဘယ်အခြေခံပေါ်မှာ ဖြစ်နေကြ ပါသနည်း။ ဒေါ်စု လွဲသွားပြီဟု မြင်ကြသည်။
ဘယ် အထိလွဲသွားနိုင်ပါသနည်း။
ကျနော်တို့ က တိုက်ပွဲအတွက် ဘာတွေများ ပြင်ဆင်ထားပြီးကြပါသနည်း။
ဗိုလ်အောင်ဆန်း ဂျပန်ခေါ်လာသည်။ ဖက်ဆစ်ဂျပန်ကို တိုက်ဖို့လိုအပ်လာမည်။ တိုက်ရန် ဗိုလ်အောင်ဆန်း ၏ ခေတ်ပြိုင် ခေါင်းဆောင်တွေက မြေအောက်တွင် စနစ်တကျ ပြင်ဆင်ထားနိုင်ခဲ့သည်။ ဗိုလ်အောင်ဆန်းကလည်း ဖက်ဆစ်ဂျပန်ကို တိုက်ရန် လက်ခံခဲ့သည်။ သူပင် ဦးဆောင်သူထဲ ပါလာခဲ့သည်။
ယခု ဒေါ်စုတွင် ဗိုလ်အောင်ဆန်းလို အတ္တဘာဝ အင်အား များ ရှိနေပါရဲ့လား။
ကျနော်တို့ ဘာတွေများ ပြင်ဆင်ဆောင်ရွက်နိုင် ခဲ့ပါသနည်း။
သမိုင်းက အညှာအတာ ကင်းသည်။ သမိုင်း၏ ကရုဏာသက်မှုကို မည်သူ တဦး တယောက်ကမျှ မခံစားရနိုင်ပါ။
(၇)
             အနှစ် နှစ်ဆယ်နီးပါး ထောင်ကျခဲ့သော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြန်လွတ်လာခဲ့သည်။ ၂၀၀၇ မတိုင်မီဖြစ်သည်။ တည်ငြိမ်သည်။ အမြော် အမြင်ရှိသည်။ “၈၈ မျိုးဆက်ကျောင်းသားများ” ကိုစည်းရုံးဖွဲ့စည်းနိုင်ခဲ့သည်။ ခု နှစ်ရှည် ထောင်ချခံထားရပြန်သည်။
သူသည် သူလုပ်စရာရှိသည်ကို ရိုးရိုးသားသားလုပ်သည်။ ရိုးရိုး တွေးသည်။ ဘုံရန်သူကို သိသည်။ လေလုံးမကြီး။ သူလုပ်နိုင်သည်ကို စည်းရုံးရေး ရှိရှိ နိုင်ငံရေး အသိ၊ သတိဖြင့် လုပ်ခဲ့သည်။
ရန်သူက သိသည်။ သွား ထောင်ထဲမှာနေ …..။
သူကား လက်ရှိ ၈၈၈၈ မျိုးဆက်တွေထဲတွင် နှိုင်းယှဉ်မှုအရ ကျောင်းသား ခေါင်းဆောင် စစ်စစ်တယောက်ပင် ဖြစ်သည်။
 (ဧပြီ ၂၃၊ ၂၀၁၁)        
 

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေအစီအစဉ်"

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေအစီအစဉ်"
ဧပြီ ၂၂၊ ၂၀၁၁ အာရ်အက်ဖ်အေ အစီအစဉ်
ယခုရက်ပိုင်းအတွင်းက ဒီမိုကရေစီလိုလားသူများ အနေနဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ပန်ကြားလွှာရေးသားရာမှာ ပြည်ပရောက် မြန်မာ  နိုင်ငံသူ နိုင်ငံသားတွေ အထူးသဖြင့် ဒုက္ခသည်တွေ မိမိတို့ နေရပ်ကို လုံခြုံအေးချမ်းစွာ ပြန်လာစေနိုင်မယ့် အခြေနေတွေ ဖြစ်ပေါ်လာရေးကို ဆောင်ရွက်ပေးဖို့ တောင်းဆို ထားပါတယ်ဘုရား။ ဒီပန်ကြားလွှာကို ပြည်သူတွေ ဝိုင်းဝန်း ထောက်ခံလက်မှတ်ထိုးရေး လှုပ်ရှားမှုမှာ NLD က တက်တက်ကြွကြွ ပါဝင်နေပါတယ်ဘုရား။ တပည့်တော်မ ကိုယ်တိုင်လည်း လက်မှတ်ထိုး ပြီးပါပြီဘုရား။ ဒါက တော့ အနာဂတ်အတွက်ပါ။ ယခု လောလောဆယ်မှာတော့ တပည့်တော်မတို့ ဒီမိုကရေစီ ကွန်ယက်ထဲမှာ နိုင်ငံခြားရောက် မြန်မာတွေ ပါဝင်ပြီး ဒုက္ခသည်တွေကို တတ်အားသရွေ့ ကူညီဖို့ရာ ဆောင်ရွက်နေပါ တယ်ဘုရား။
မေးသူ။           ။မအေပရယ်မိုး (အမေရိကန်ပြည်ထောင်စု)
မေးခွန်း။         ။အန်တီစုရှင့် သမီးက အမေရိကန်ပြည်ထောင်စု မယ်ဒလင်း တက္ကသိုလ်မှာ ကျောင်းတတ်နေ တဲ့ ကျောင်းသူတဦးဖြစ်ပါတယ်ရှင်။ သမီးနာမည်က အေပရယ်မိုးပါ။ လာမယ့် မြန်မာသက္ကရာဇ် ၁၃၇၃-ခုနှစ်မှာ ကမ္ဘာတ၀ှမ်းမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲလို့ ထင်ပါသလဲ။ မြန်မာပြည်မှာရော ဘာတွေဖြစ် လာနိုင်မလဲ။ အန်တီစုတို့  NLD ကရော  ဘာတွေ လုပ်မှာလဲ။ မြန်မာပြည်သူတွေအတွက် အန်တီစုရဲ့ နှစ်သစ် အမှာစကားလေးလည်း ကြားချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ် အန်တီ။
ဖြေ။              ။သမီးမေခွန်းတွေထဲမှာ အန်တီ တကယ်ဖြေနိုင်တာကတော့ အန်တီတို့ NLD က ဘာလုပ်မှာ လဲဆိုတာနဲ့ ပြည်သူတွေအတွက် ဘာဖြစ်စေချင်သလဲ ဆိုတာပါပဲ။ ကမ္ဘာကြီးမှာဘာတွေဖြစ်မယ်ဆိုတာကို တော့ သိနိုင်တဲ့အစွမ်း အန်တီ့မှာမရှိပါဘူး။ NLD ကတော့ နိုင်ငံရဲ့ အနာဂတ်ကို အကျိုးဖြစ်စေမယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေကို အကျိုးဖြစ်စေမယ့် လူမှုရေးလုပ်ငန်းတွေကို ဆက်လက်ပြီး လုပ်သွား မှာပါ။ ပြည်သူတွေအတွက် ဘာဖြစ်စေချင်တယ်ဆိုတာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကိုယ်လိုချင်တဲ့ နိုင်ငံမျိုးဖြစ်အောင် လုပ်ယှုမယ်ဆိုတဲ့ ခိုင်မာတဲ့စိတ်တွေ အခြေခံပြီး ဒီနှစ်သစ်ခရီးကို  လှမ်းသွားစေချင်ပါတယ်။ နှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ စိတ်ဓာတ်အပြည့်အ၀နဲ့ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။
မေးသူ။           ။ဘုန်းတော်ကြီး လင်ရောင်တန် (ကိုရီးယား)ကို  ကိုးရီးယား NLD အဖွဲ့ဝင်       ကိုဇော်မိုးအောင်က ဘာသာပြန်ပေးသည်။
မေးခွန်း။         ။ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ကို နှစ်ရှည်လများ ခံရပြီးတဲ့နောက် နိုင်ငံခြား သားတဦးက လုံခြုံရေးတွေများစွာ ချထားတဲ့ကြားထဲကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲကို ၀င် ရောက်ခဲ့ပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှုပေါင်းစုံကို ထပ်ဆင့် ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ဆင်ခြင်မိပါသ လဲခင်ဗျာ။ ရှေ့လျှောက် မြန်မာ့ဒီမိုကရေစီအရေးကို ဆောင်ရွက်မယ်ဆိုရင် ကျန်းမာရေးက အလွန်တရာမှ အရေးကြီးပါတယ်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေ ဘယ်လိုရှိပါသလဲခင်ဗျာ။
ဖြေ။              ။လုံခြုံရေး အထပ်ထပ်ကြားကနေ လူတယောက်က  ဖောက်ထိုးဝင်လာတော့ နည်းနည်းတော့ အံ့ဩသွားတယ်လို့ပဲ ဖြေပါရစေဘုရား။ ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ ဆန္ဒလည်း မရှိလို့ အဆိုးဘက်ကြည့်ပြီး မစဉ်းစားတာပဲ ကောင်းတယ်လို့ ယူဆပါတယ်ဘုရား။ တပည့်တော်မ ကျန်းမာရေးလဲကောင်းပါတယ်။ အခုလို ဂရုတစိုက်နဲ့ မေးတဲ့အတွက် ကျေးဇူးကြီးလှပါတယ်ဘုရား။
မေးသူ။           ။ကိုထွန်းဝင်း (တောင်ကိုးရီးယား)
မေးခွန်း။         ။အန်တီစုခင်ဗျာ။ ကျွန်တော် မေးခွန်းတခု မေးချင်ပါတယ်။ မြန်မာပြည်မှာ အစိုးရလည်း ပြောင်းလဲသွားပြီးပြီိ။ အခုတက်လာတဲ့ သမ္မတဦးသိန်းစိန်တို့ အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်အောင် အန်တီစုတို့ အနေနဲ့ ဘယ်လို ကြိုးပမ်းမှုများ ရှိနေလဲဆိုတာ ပြောပြလို့ရရင် ပြောပြ နိုင်ပါသလားခင်ဗျာ။
ဖြေ။              ။အန်တီတို့ တွေဆုံဆွေးနွေးရေးအတွက် စပြီးပြောတာ လုပ်တာနဲ့ အများပြည်သူ သိအောင်လို့ သတင်းထုတ်ပြန်ပါမယ်။ အခုအချိန်မှာတော့ ဘာမှမပြောသေးတာကို နားလည် သီးခံပေးစေချင်ပါတယ်။
မေးသူ။           ။မစိုးစန္ဒာ (အိန္ဒိယ)
မေးခွန်း။         ။အန်တီစု မင်္ဂလာပါရှင်။ ကျမ မစိုးစန္ဒာပါ။ နယူးဒေလီကပါ။ အိန္ဒိယကို ရွှေဝါရောင်တော်လှန် ရေးနဲ့ ရောက်ရှိခဲ့ပါတယ်။ ကျမ သိချင်တာက NLD အဖွဲ့ အနေနဲ့  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင် ခဲ့ပြီးတော့ ရွေးကောက်ပွဲကို ကျောခိုင်းခဲ့ပါတယ်။ နောက်တခါ ၂၀၁၀ မှာလည်း ရွေးကောက်ပွဲကို ကျောခိုင်းခဲ့ပါ တယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကြိုတင်မဲကြောင့် နိုင်လာခဲ့တဲ့ အစိုးရသစ် ကို အန်တီစုနဲ့ NLD အဖွဲ့ အနေနဲ့ ကန့်ကွက်မယ်လို့ ကျမတို့ဘက်က ထင်ခဲ့ပါတယ်။ ဒါပေမယ့် အန်တီစုအနေနဲ့ “အစိုးရ အသစ်ကို အရှိကို အရှိတိုင်းလက်ခံပါတယ်”လို့ RFA နဲ့ အမေးအဖြေအစီစဉ်မှာ ကြားခဲ့ရပါတယ်။ အဲဒါ ကို ကျမတို့ နားမလည်လို့ အန်တီစုတို့ရဲ့ အစိုးရသစ်ကို “အရှိကို အရှိတိုင်း လက်ခံပါတယ်” ဆိုတဲ့ ဟာလေးကို တချက်ခြင်းပဲ ရှင်းလင်းပြောကြားပေးစေလိုပါတယ်အန်တီစုရယ်။ အရမ်း ကျေးဇူးတင်ပါတယ်။  အန်တီစုနဲ့တကွ NLD အဖွဲ့သားများ ကျန်းမာချမ်းသာစေရန် ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
အဖြေ။       ။အန်တီတို့ NLD က   အနှစ်၂၀ ကျော် န.၀.တ ၊ န.အ.ဖ နဲ့ နိုင်ငံ့ အကျိုးအတွက် ဆွေးနွေးပွဲတွေ လုပ်ဖို့ တစိုက်မတ်မတ် တောင်းဆိုခဲ့ပါတယ်။ ဒီအတိုင်းပဲ အခု အစိုးရ အဖွဲ့တခု ရှိနေတာကို မရှိချင်ယောင် မဆောင်ပဲနဲ့ အဲဒီ အစိုးရအဖွဲ့နဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ရှေးရှုတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ရေးကိုပဲ ဦးတည်သွားမှာဖြစ်ပါတယ်
န.၀.တ၊ န.အ.ဖ ရှိတုန်းက ကန့်ကွက်သင့်တဲ့ လုပ်ဆောင်ချက်တွေကို NLD က အစဉ်တစိုက် ကန့်ကွက်ခဲ့သလို အခုလည်း ကန့်ကွက်သင့်တာတွေကို ဆက်ပြီး ကန့်ကွက်သွားမှာပါ။
မေးသူ။           ။ကိုကိုလတ် (ဂျပန်)
မေးခွန်း။         ။ကျနော် ကိုကိုလတ်ပါ။ ဂျပန်နိုင်ငံကပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းလေး မေးပါရစေ ခင်ဗျာ။ အိုင်ဗရီကို့စ်နိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရတဲ့ သမ္မတကို အာဏာလွှဲ မပေးတဲ့အတွက် သမ္မတဟောင်း ကို ဖယ်ရှားဖို့ ကုလသမဂ္ဂတပ်တွေကို စေလွှတ်ခဲ့ပါတယ်။ ကျနော်တို့ ဗမာပြည်မှာ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲ တုန်းက ဒေါ်အောင်ဆန်းစုတို့ရဲ့ NLD က  အနိုင်ရခဲ့ပေမယ့် စစ်အစိုးရကို ဖယ်ရှားပေးဖို့အတွက် ကုလသမဂ္ဂ တပ်တွေ စေလွှတ်ခဲ့တာလည်း မတွေ့ရပါဘူး။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂတပ်တွေ ဗမာပြည်ကို မရောက်လာတာက ကျနော်တို့ အတိုက်အခံတွေက ထိထိရောက်ရောက် မတောင်းဆိုခဲ့ကြလို့လား? ဒါမှမဟုတ် ကုလသမဂ္ဂအဖွဲ့ထဲမှာ ဘက်လိုက်မှုတွေ ရှိနေလို့လား? ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို ပြောပြပေးပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဖြေ။              ။NLD ရွေးကောက်ပွဲနိုင်တဲ့ အချိန်တုန်းက ကျွန်မက အကျယ်ချုပ်ကျဆဲ ဖြစ်ပါတယ်။ သိခဲ့ရတာကတော့ တဘက်နဲ့တဘက် ဆွေးနွေးမှုဖြစ်ရေးကို မျှော်ကိုးပြီး NLD က အဆင်ပြေအောင် ကြိုးစားပြီး စောင့်ခဲ့ပါတယ်။အခု အိုင်ဗရီကို့စ်နိုင်ငံမှာ ပြည်တွင်းစစ်သဘောမျိုးလောက်ကို ဖြစ်ပြီး နိုင်ငံကော ပြည်သူတွေပါ အတော်နာပြီးမှ ပြင်သစ်တပ်တွေရဲ့ အကူအညီနဲ့ ရွေးကောက်ပွဲမှာ ရှုံးတဲ့ သမ္မတဟောင်းကို ဖြုတ်ချနိုင်တဲ့ သတင်းကို ကြားရပါပြီ။ တကယ်ပဲ ကျမတို့ နိုင်ငံမှာ ဒီလို သွေးချောင်းစီးပြီး နိုင်ငံသားတွေအချင်းချင်း ကုစားလို့ ခက်မယ့် စိတ်ဝမ်းကွဲမှု ဒဏ်ရာတွေ ဖြစ်စေမယ့်နည်းနဲ့ ကျမတို့တတွေဟာ အစိုးရအပြောင်းအလွဲ လိုချင်ကြတာ လား ဆိုတာကိုတော့ စဉ်းစားစရာပါ။ အများပြည်သူတွေ လိုချင်တဲ့ အပြောင်းအလဲတွေကို  ပြည်သူတွေ အနည်းဆုံး အထိနာစေမယ့် နည်းတွေရှာပြီး လုပ်ဆောင်ရပါလိမ့်မယ်လို့ ထင်ပါတယ်။
မေးသူ။           ။နိုင်ဖေသိန်းဇာ (သြစတေးရီးယား)
မေးခွန်း။         ။ဒေါ်အောင်ဆန်းစုကြည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍ ချမ်းသာပါစေလို့ ပထမဦးစွာ ဆု တောင်းပါတယ်။ ကျနော့်နာမည်က နိုင်ဖေသိန်းဇာ ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံခြားရေးဌာန တာဝန်ခံ တဦးလည်းဖြစ်ခဲ့ဖူးပါတယ်။ ကျနော် မေးမြန်းမယ့် မေးခွန်းကတော့  တိုင်းရင်းသား စာပေတွေ ပပျောက်ရင် တိုင်းရင်းသား လူမျိုးတို့လည်း ပပျောက်မယ်။ ပျူ ကန် ယန်း သက် လူမျိုးတို့လို တနေ့မဟုတ် တနေ့ ပျောက် ကွယ်သွားကြမယ်ဆိုတာ လူတိုင်း အသိ ဖြစ်တယ်။ တိုင်းရင်းသားတို့မှာ သူတို့ရဲ့ အိုင်ဒင်တီတီ ထိန်းသိမ်း သွားနိုင်တဲ့ အခွင့်အရေး အပြည့်အဝရှိသင့်တယ်။ တိုင်းရင်းသား စာပေ စကားတွေကိုလည်း အားပေးရမယ်လို့ မြင်တယ်။ ဒါကြောင့် သက်ဆိုင်ရာ ပြည်နယ်မှာ တိုင်းရင်းသား ဘာသာ စာပေကို မြန်မာစာနဲ့အတူ အစိုးရ စာသင်ကျောင်းတို့မှာ ပူးတွဲ သင်ကြားခွင့် ရှိရမယ်လို့ ကျနော် မြင်တယ်။ ယခု စစ်အစိုးရမှာ အဲဒီလို မှန်ကန်တဲ့ ပညာရေး မူဝါဒတရပ် လုံးဝ မရှိတာကို တွေ့ရတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါ်စုတို့ NLD ပါတီအနေနဲ့ ဘယ်လို ပညာရေးမူဝါဒ သဘောထားအမြင် ရှိသလဲဆိုတာကို သိပါရစေချင်ဗျား။ ကျေးဇူးတင်ပါတယ်။
ဖြေ။              ။ကျမတို့ NLD က တိုင်းရင်းသားအရေး မူဝါဒအရကော ပညာရေးမူဝါဒအရကော တိုင်းရင်း သား စာပေ ဘာသာ စကားတွေကို ရှင်သန်ဖွံ့ဖြိုးအောင် အားပေးရမယ်လို့ သဘောထားပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ တတ်နိုင်သလောက် တိုင်းရင်းသား ဘာသာစကားတွေကို သင်ကြားပေးတာလည်း သင့်တော် မယ်လို့ ယုံကြည်ပါတယ်။ ကျမကိုယ်တိုင်က မြန်မာဘာသာစကားအပြင် အခြား တိုင်းရင်းသာ ဘာသာစကား တခုမှ မတတ်တာကို ဝမ်းနည်း မကျေနပ်မိ ဖြစ်ပါတယ်။ အခုလို အချိန်မှာ မွန်ဘာသာစကားနဲ့ နှစ်သစ်ကူး မင်္ဂလာပါလို့ ပြောနိုင်ရင် ဘယ်လောက်ကောင်းမလဲနော်။
မေးသူ။           ။အရှင်ဣန္ဒောဘာသ (နို့ဖိုးစခန်း၊ ထိုင်း)
မေးခွန်း။         ဦးဇင်းက ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီးမှာ နို့ဖိုးဒုက္ခသည်စခန်းကို ရောက်ရှိလာသူပါ။ ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံသားပေါင်း တသိန်းခွဲလောက်ရှိတယ်။  အချို့သူ တွေဆိုရင် ဒုက္ခသည်စခန်း ထဲမှာ နေထိုင်လာခဲ့တာ နှစ်ပေါင်းနှစ်ဆယ်နီးပါး ရှိနေခဲ့ပါပြီ။ ဒုက္ခသည်စခန်းထဲမှာ နေထိုင်ရင်း ဆက်လက် ပေါက်ဖွားလာတဲ့ မျိုးဆက်သစ် ကလေးတွေလည်း အများကြီးရှိကြပါတယ်။ အချို့ကြတော့ UN အစီအစဉ်နဲ့ တတိယနိုင်ငံကို ထွက်ခွာ နေထိုင်ခွင့် ရသွားကြပေမယ့်လည်း အများအားဖြင့်ကတော့ ဒုက္ခသည်စခန်းထဲမှာ ဆက်လက်ပြီး နေထိုင် နေရဆဲပဲ။ အဲဒီလူတွေရဲ့ အနာဂတ်ဟာ ပျောက်ဆုံးနေပြီး ဘဝအာမခံချက် မရှိကြတဲ့ အတွက် ရှင်လျက်နဲ့ သေနေကြတဲ့ သူတွေလို့ ပြောရင်လည်း ပြောလို့ရပါတယ်။ အခုဆိုရင်  UN  က ထောက်ပံ့ တဲ့ ရိက္ခာကလည်း လုံလောက်မှု မရှိ။ ဒုက္ခသည်စခန်းရဲ့အပြင်ဘက်ကို ထွက်ပြီး အလုပ်လုပ်ခွင့်လည်း မရှိ။ တတိယနိုင်ငံကို ထွက်ခွာခွင့် ရဖို့ကလည်း မသေချာ။ ကိုယ့်ရဲ့အမိမြေကို ပြန်ဖို့ကလည်း နိုင်ငံရေးအခြေနေက လည်း ဒကာမကြီး သိတဲ့အတိုင်းပဲ တည်ငြိမ်မှုက မရှိပြန်တော့ ဒုက္ခသည်စခန်းတွင်းမှာပဲ ကိုယ်ဆင်းရဲ စိတ်ဆင်း ရဲနဲ့ ဆက်လက် နေထိုင်နေကြရတယ်။ ဒါကြောင့် ဒီဒုက္ခသည်တွေ အားလုံးကို ဒကာမကြီးအနေနဲ့ ကူညီနိုင်မယ့် နည်းလမ်းများ ရှိရင်ဖြင့် ကူညီပေးစေချင်လို့ ဒုက္ခသည်တွေ အားလုံးရဲ့ ကိုယ်စား ဦးဇင်းက တောင်းဆို လိုက်ရ တာပါ။ ဒကာမကြီးလည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် တိုင်းကျိုး ပြည်ကျိုးများကို ဆထက်တပိုး ဆက်လက်သည်းပိုးဆောင်ရွက်နိုင်ပါစေလို့ ဦးဇင်း ဆုတောင်းလိုက်ပါတယ်။
ဖြေ။              ။အရှင်ဘုရားနည်းတူ တပည့်တော်မတို့လည်း ပြည်ပမှာ ဒုက္ခသည်တွေ အဖြစ်နဲ့ တကယ့်ကို ဒုက္ခကြီးစွာ ခံစားနေရတဲ့ တပည့်တော်မတို့ရဲ့ ပြည်သူပြည်သားတွေအတွက် အင်မတန်ကိုမှ စိုးရိမ်ပူပန်ရပါ တယ်ဘုရား။ ယခုရက်ပိုင်းအတွင်းက ဒီမိုကရေစီလိုလားသူများ အနေနဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ပန်ကြားလွှာရေးသားရာမှာ ပြည်ပရောက် မြန်မာ  နိုင်ငံသူ နိုင်ငံသားတွေ အထူးသဖြင့် ဒုက္ခသည်တွေ မိမိတို့ နေရပ်ကို လုံခြုံအေးချမ်းစွာ ပြန်လာစေနိုင်မယ့် အခြေနေတွေ ဖြစ်ပေါ်လာရေးကို ဆောင်ရွက်ပေးဖို့ တောင်းဆို ထားပါတယ်ဘုရား။ ဒီပန်ကြားလွှာကို ပြည်သူတွေ ဝိုင်းဝန်း ထောက်ခံလက်မှတ်ထိုးရေး လှုပ်ရှားမှုမှာ NLD က တက်တက်ကြွကြွ ပါဝင်နေပါတယ်ဘုရား။ တပည့်တော်မ ကိုယ်တိုင်လည်း လက်မှတ်ထိုး ပြီးပါပြီဘုရား။ ဒါက တော့ အနာဂတ်အတွက်ပါ။ ယခု လောလောဆယ်မှာတော့ တပည့်တော်မတို့ ဒီမိုကရေစီ ကွန်ယက်ထဲမှာ နိုင်ငံခြားရောက် မြန်မာတွေ ပါဝင်ပြီး ဒုက္ခသည်တွေကို တတ်အားသရွေ့ ကူညီဖို့ရာ ဆောင်ရွက်နေပါ တယ်ဘုရား။ ထို့အပြင် အလှူရှင် နိုင်ငံတွေကိုလည်း ပိုမို ကူညီထောက်ပံ့ဖို့ တောင်းဆိုခဲ့ပြီး ဖြစ်သလို  ဆက် လက်ပြီးလည်း တောင်းဆိုပါဦးမယ် ဘုရား။ ထို့အပြင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖွဲ့ရုံးနဲ့ အမြန်ဆုံး ဆက်သွယ်ပြီး အရှင်ဘုရားမိန့်ထားတဲ့ အချက်အလက်တွေ အပါအဝင် ဒုက္ခသည်တွေ ကိစ္စကို ဆွေးနွေးပါမယ် ဘုရား။
 (ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)
ဧပြီ (၂၂) ရက်နေ့ အစီအစဉ်

 

Tuesday 26 April 2011

်ရဟန္တာမုံလည်ဆရာတော်ဘုရားကြီးဧ။်ရုပ်ကလာပ်တော်ဓါတ်ပုံများ















အောက်ပါလင့်ကလေးကိုနှိပ်လိုက်ရင်ဆရာတော်ကြီးဧ။်ပုံတော်များကိုဖူးတွေ့ နိုင်ပါသည်.

http://www.dhammadownload.com/MoneLeiSayaDawUThanWaRa-news.htm













-



Posted: 25 Apr 2011 09:21 AM PDT


ဗီဒီယိုဖိုင်မျှဝေသောကိုနစ်နေမန်းအားကျေးဇူးတင်ရှိပါသည်...

Posted: 25 Apr 2011 08:52 AM PDT
itWEEKLY Journal

PASSWORD

အွန်လိုင်း အသုံပြု ရာတွင် အသုံးပြု သူများ အနေဖြင့် Facebook သုံးခြင်း ၊ ဂိမ်းဆော့ခြင်း များတွင် ဆန္ဒမစောဘဲ ဂရုတစိုက် လေ့လာပြီးမှ သာ အသုံး ပြုသင့်ကြောင်း၊ ထိုကဲ့သို့ မဟုတ်ဘဲ အမှတ် တမဲ့ အသုံးပြု လိုက် ပါက Hacker များ ၏ Password ခိုးယူခြင်းကို ခံရမည် ဖြစ်ပြီး ယခု အခါတွင် အွန်လိုင်း သုံးစွဲသူ အများစု Password ခိုးယူခြင်း ခံရေ ကြောင်း စုံးစမ်း သိရ သည်။

Facebook အသုံးပြု၍ ဂိမ်း ဆော့သည့်အခါ User များ အနေဖြင့် သူငယ်ချင်း များပေးပို့သော Link game များကို စိစစ်ခြင်း မရှိဘဲ Click နှိပ်လိုက်သည့်အခါ game Application အစစ် မဟုတ်ဘဲ Hacker များဖန်တီးထားသော Application အတုဖြစ် နေပြီး မိမိ၏ Password အလွယ်တကူ Hacker လက်ထဲသို့ ရောက်ရှိသွားနိုင်သလို၊ Facebook ဝင်သုံးသည့် အခါတွင်လည်း Facebook Address ဘားကို အထူး ဂရုစိုက်ရန် လိုအပ်ကြောင်း၊ မသင်္ကာစရာလိပ်စာ မျိုးဖြစ် နေပါက ဂိမ်းဆော့ခြင်းကို ရှောင်ရှားသင့်သလို ထင်ရှားသော Application game တွေကို တိုက်ရိုက် Link မှ ယူ၍ သွားသင့် ပေသည်။

ဥပမာ အားဖြင့် Farmware.com ကို Farmware.com ဆိုပြီး ဆင်တူယိုးမှား လုပ်ထားပြီး user name, Password တစ်ရက်လျှင် ၃၀၊ ၄၀ ခန့်ရအောင် Hacker တချို့ကလုပ်ဆောင်နေကြောင်း၊ Facebook website ထဲဝင်မည်ဆို လျှင်လည်း မိမိ ဘယ် Link အောက် သို့ရောက်သွားသည်ကို သေချာမလေ့ လာပါက ဆင်တူယိုးမှား Facebook များနှင့် တွေ့ရမည်ဖြစ်ကြောင်း Online နည်းပညာကျွမ်းကျင်သူကို အဂ္ဂက IT Weekly ဂျာနယ်သို့ပြော သည်။ Username, Password Hack ပုံအနေဖြင့် Gmail တွင် Password Recovery ရှိပြီး၊ သုံးသူက Forget Your Password Facilities ကို နှိပ်မိလျှင် ဘယ်အချိန်က gmail စတင်သုံးစွဲခဲ့သလဲ၊ သူငယ်ချင်း(၅) ယောက်၏ e-mail address ကို တောင်းပြီးဖော်ပြလိုက်သည့်အခါ Hacker ကမိမိ account ထဲသို့ ဝင်မကြည့် လိုက်သောအခါ Match ဖြစ်သည်နှင့် မိမိ account ဖွင့်သွားသည်။ ထိုသို့ လုပ်ရန်အတွက် gmail address (၅) ခုကို ကြိုတင်၍ မိမိ account ထဲသို့ ပို့ထားခြင်း ဖြစ်သည်။ ထိုနည်းသည် နောက်ပေါက်မှ Hack သောနည်းဖြစ် သည်။

ထိုသို့ Hack ခြင်းသည် လက် ရှိအခြေအနေတွင် အများဆုံးဖြစ်နေ သောနည်းဖြစ်သည်။ လူအများသိစေချင်သော Facebook Website များကို ချဉ်းကပ်ရာ တွင် Link တစ်ခုကို သုံးလိုက်ပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သိစေရ မည်ဟု ကမ်းလှမ်းကြောင်း၊ ထိုအခါ websiteတင်ထားသူကလည်း လူအများဆီသို့ရောက်မည်ဆိုသောကြောင့်ကြေညာချင် လိုသောဆန္ဒဖြင့်   မိမိ၏ Password ကို  ရိုက်ထည့်လိုက်သည် နှင့် တစ်ပြိုင်နက် Account ပွင့်သွား သည်။ အဆိုပါ Link တွင် Password ရိုက်ထည့်ပြီးသည်နှင့် တစ်ပြိုင် နက် Sorry Server ဟု ပေါ်လာပြီး Server နားနေကြောင်း အကြောင်း ပြန်သည်။

Link ချိတ်သူက လည်း အ သုံးပြု၍မရသည့်အခါ username နှင့် Password ကို ဖျက်သော်လည်း ၎င်း ၏ Password က Hacker ထံသို့ ရောက်ရှိသွားပြီး မိမိ Password ဖျက်၍ Hacker ၏ Password ဖြင့် မိမိ account ထဲတွင် ရေးသားချင် သည်များကို တင်သွားသည်ကို တွေ့ ရကြောင်း ထိုကဲ့သို့ပြုလုပ်ခြင်းကို NGO အဖွဲ့အစည်းများက အထူးဂရု စိုက်သင့်သည်။ Page အစစ်ကို Page အတုဖြင့် Hacker လိုက်သောပုံစံသည် မိမိ၏ Website အတွင်းသို့ ရေးချင် ရာကို ဝင်ရောက်ရေး နိုင်သည့်အခြေ အနေရောက်ရှိသွားခြင်းကြောင့် လွန် စွာအန္တရာယ်ကြီးမားကြောင်း Online နည်းပညာကျွမ်းကျင်သူ ကိုအဂ္ဂက ၎င်း၏ လေ့လာချက် များကို ပြောသည်။

ကျော်ထွန်း၊ ဟေမာ

Posted: 25 Apr 2011 08:48 AM PDT
အရပ်သားအစိုးရတရပ်ပေါ်ထွန်းလာပြီ ဆိုတဲ့အသုံးအနှုန်းကို သုံးကြတော့ အရပ်သားအစိုးရဆိုတာ ဘယ်လိုအစိုးရမျိုးပါလဲလို့အတွေးနယ်ချဲ့မိပါတယ်။ အရပ်သူအရပ်သားတွေနဲ့ဖွဲ့စည်းတဲ့အစိုးရလို့အကြမ်းဖျဉ်းအားဖြင့်တော့ ပြောလို့ရသလို၊ အရပ်သူအရပ်သားတွေနဲ့ဖွဲ့စည်းတယ်ဆိုတာ အရပ်သူအရပ်သားတွေအကျိုးစီးပွားအတွက် အဲဒီအရပ်က အရပ်သူအရပ်သားတွေကိုကိုယ်စားပြုတဲ့အဲဒီအရပ်သူအရပ်သားတွေကိုယ်တိုင်ပါဝင်ဖွဲ့စည်းထားတဲ့အစိုးရလို့ ဆက်စပ်မိလာပါတယ်။ ဒီတော့ အရပ်သားအစိုးရဆိုတာ အရပ်အခေါ်လွယ်လွယ်ကူကူခေါ်နေပေမယ့် စာသံပေသံပေါက်အောင်ခေါ်မယ်ဆိုရင် ပြည်သူ့အစိုးရ ပါပဲ။ ပြည်သူ့အစိုးရဆိုမှတော့ ဒီမိုကရေစီ စံတခုဖြစ်တဲ့  The government by the people, for the people, of the people ဆိုတာကို သတိရမိပါတယ်။

ကျွန်တော်တို့တိုင်းပြည် မှာ နှစ်ကာလကြာရှည်စွာ ကွယ်ပျောက်နေတဲ့ ပြည်သူ့အစိုးရတရပ်ဟာ အမှန်တကယ်ပေါ်ထွန်းလာပြီလားလို့ တွေးကြည့်စရာ၊ မျှော်လင့်စရာပါပဲ။

ဒီ့အရင် စစ်အစိုးရ အုပ်ချုပ်မှုနဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုနဲ့ ဘာကွာမလဲ လို့ပိုင်းခြားစိတ်ဖြာကြည့်မယ်ဆို စစ်တပ်နဲ့ အရပ်ဘက်နဲ့ ဘာကွာသလဲဆိုတာကိုသုံးသပ်ကြည့်ရင်  မြင်သာထင်သာပါလိမ့်မယ်။ စစ်တပ်ဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းပါ။နိုင်ငံတကာ စံထုံးစံထားတွေအရ စစ်တပ်တတပ်ရဲ့အဓိက ဖွဲ့စည်းမှုဟာ အမိန့်နာခံမှု ပါ။ဘယ်စစ်တပ်မဆို တသွေးတသံတမိန့် အမိန့်နာခံမှုရှိမှ အုပ်ချုပ်လို့ရပါတယ်။ စစ်တပ်ထဲ တန်းစီတဲ့အခါမှာ ကြယ်သီးနဲ့ ဘောင်းဘီခါးပတ်ခေါင်းနဲ့၊ တညီထဲရှိရပါသတဲ့။ မရိုမသေ့စကား ငယ်ပါတောင်ဘောင်းဘီရဲ့ဘယ်မှာဆို ဘယ်မှာ၊ညာမှာဆိုညာမှာ တညီတည်းရှိနေရပါသတဲ့။ ဗိုလ်မှူးဟောင်းတယောက်ပြောပြလို့ ကျွန်တော်တို့ နားထောင်ရင်း ရယ်ခဲ့ရပါတယ်။ စည်းကမ်း ကြီးတာကောင်းပါတယ်။ ဒါပေမယ့် ရပ်ထဲရွာထဲမတော့အဲဒီလို တသွေးတသံတမိန့် လုပ်လို့မရပါဘူး။
အရေးကြီးတာက ဘယ်လောက်ပဲစည်းကမ်းကြီးကြီး၊ ဘယ်လောက်ပဲ အမိန့်နာခံနာခံ ဒါတွေအားလုံးဟာအဲဒီစစ်တပ် ကိုယ်စားပြုတဲ့ လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာကိုတော့ အမြဲလက်ကိုင်ထားဖို့လိုပါတယ်။ဒါနဲ့ တဆက်တည်း ပြည်သူ့အစိုးရ ပြောင်းပြီဆို စစ်တပ်ကကော၊ တပ်မတော်ကကော ပြည်သူ့တပ်မတော် ပြန်ပြောင်းဖို့မလိုဘူးလားလို့မေးစရာတွေးစရာ ရလာပြန်ပါတယ်။ ပြည်သူတွေထဲက ပြည်သူတွေအတွက် ပြည်သူတွေနဲ့ဖွဲ့စည်းထားတဲ့တပ်မတော် ဆိုတာ မကောင်းလို့လားဗျာ။ ပြည်သူ့တပ်မတော်ဆိုတာ အသုံးအနှုန်းကိုလည်း ပြန်သုံးသင့်တယ်လို့တွေးမိကြောင်းပါ။ ပြည်သူတွေနဲ့ တကယ် တသားတည်းဖြစ်ချင်ရင်၊ ပြည်သူတွေရဲ့ထောက်ခံမှုကို တကယ်လိုချင်တယ်ဆိုရင်တော့ အခေါ်အဝေါ်ကအစ အရေးကြီးတယ်ထင်ပါရဲ့ ။
အရပ်သား အရပ်ဖက်မှာတော့ စစ်တပ်နဲ့လုံးလုံးလျားလျားဆန့်ကျင်ဘက်ဖြစ်ပါတယ်။

အရပ်သားလူ့အဖွဲ့အစည်းတရပ် ရဲ့ အဓိကဖွဲ့စည်းမှု ဟာ ဘာလဲဆိုရင် တော့ စာနာမှု sympathy ပါပဲ။ စာနာစိတ် နဲ့သာ အပြန်အလှန်ဆက်ဆံတဲ့ လူ့အဖွဲ့အစည်းမှသာ အောင်မြင်တဲ့ ယဉ်ကျေးတဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းတရပ်ဖြစ်ပါလိမ့်မယ်။ ပိုက်ဆံရှိတဲ့သူက မရှိတဲ့သူကို၊ ရာထူးအာဏာရှိတဲ့သူက မရှိတဲ့သူကို ၊ပညာတတ်တဲ့သူက မတတ်တဲ့သူကို နိုင့်ထက်စီးနင်း ခေါင်းပုံဖြတ်အမြတ်ထုတ်ခွင့်ရှိနေတဲ့လူ့အဖွဲ့အစည်းမျိုး၊စာနာမှုကင်းမဲ့တဲ့ လူ့အဖွဲ့အစည်းမျိုးကို အောင်မြင်တဲ့ တည်ငြိမ်တဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းလို့သတ်မှတ်လို့
မရပါဘူး။
ဒီတော့ အရပ်သားတွေအရပ်ဖက်လူ့အဖွဲ့အစည်းတွေကို စစ်တပ်ပုံစံတသွေးတသံတမိန့်နဲ့ အုပ်ချုပ်လို့ရမရ၊ အောင်မြင်နိုင်မအောင်မြင်နိုင် ကို အထူးပြောစရာတောင်မလိုတော့ပါဘူး။
စစ်တပ်ပုံစံအုပ်ချုပ်တဲ့ စစ်အစိုးရကနေ၊ အရပ်ဖက်ပုံစံ အုပ်ချုပ်မယ့် အရပ်သားအစိုးရ အသွင်ကို ကူးပြောင်းတဲ့အခါမှာ စစ်ဗိုလ်တွေကအရပ်ဝတ်လဲပြီး  အရပ်သားအဖြစ်ခံယူအုပ်ချုပ်ရုံနဲ့တော့  အောင်မြင်တဲ့ အရပ်သားအုပ်ချုပ်ရေး၊ အရပ်သားအစိုးရဖြစ်လာမှာမဟုတ်ပါဘူး။  အရပ်သားလိုတွေး၊  အရပ်သားလိုနေ၊အရပ်သားလို စာနာစိတ်နဲ့ အရပ်သားတွေအကျိုးစီးပွားကိုရှေ့ရှုမှသာ အရပ်သားအစိုးရကောင်း (၀ါ) ပြည်သူ့အစိုးရကောင်းဖြစ်လာပါလိမ့်မယ် ။
ချိုတူးဇော်

.

သတိရှိကြပါ။















ဦးဝင်းမောင် မှ မြစိမ်းရောင် ဆရာတော်ဘုရားကြီးသို့ ၂၆-၂-၂၀၁၁ နံနက် ၉း၁၀
အချိန်လျှောက်ထားချက်---
       ဆရာတော်ဘုရား တပည့်တော်အား ကမ္ဘာစောင့်နတ်၊သာသနာစောင့်နတ်များမှ
လာရောက်နှိုးဆော်တိုင်တွန်းမှုကြောင့်
ဆရာတော်အားလာရောက်လျှောက်ထားခြင်းဖြစ်ပါသည်ဘုရား။
     ၂၀၁၁ ခု မတ်လလယ်လောက်မှစ၍ ငလျင်များစတင် လှုပ်ရှားမှာဖြစ်ကြောင်း
အဓိက အနေနှင့် စစ်ကိုင်း၊တောင်ငူ၊ပဲခူး စသည့်မြို့များ
ဖြစ်ကြောင်း၊တန်ခိုးကြီးဘုရားစေတီများ မပျက်စီးစေရန်
သာသနာစောင့်နတ်မင်းများအား စောင့်ကြပ်စေခဲ့ကြောင်း၊ မြန်မာပြည်ရှိ
ရဟန်းရှင်လူများ မထိခိုက်မပျက်စီးစေရန်တိုင်းနယ်များရှိ
မြို့ကြီးများသို့ မိမိအားစေလွှတ်၍ အစီအမံများကို ဆောင်ရွက်ခိုင်းကြောင်း
မိမိလုပ်ဆောင်သည့်နေရာမြို့များမှ မြေထက်သို့(၄)မိုင် မြေပေါ်သို့
ဗဟိုချက်မှ (၃၉၀)မိုင် အန္တရာယ်ကင်းသက်ရောက်စေပါကြောင်း။ မြန်မာပြည်ကြီး
အန္တရာယ်မှကင်းဝေးစေရန် ဆရာတော်၊သံဃာတော်များမှ မြန်မာနိုင်ငံနယ်နမိတ်
တစ်လျှောက် လေယာဉ်ဖြင့် ပဋ္ဌာန်း၊ပရိတ်၊မေတ္တာများ ရွတ်ဖတ်သရဇယ်ပါက ၂၀ ပုံ ၁
ပုံခန့် သာ အန္တရာယ်ကျရောက်စေမှာဖြစ်သည့်အတွက် ဆရာတော်ဘုရားအား
လျှောက်ထားပါကြောင်း၊ ၂၀၁၁ ဧပြီလတွင် မြောင်းမြ၊ ပုသိမ်၊ဖျာပုံ
စသည့်မြို့များမှာ မထင်မှတ်ဘဲ ရေကြိးနိုင်ပါကြောင်း၊
   ၂၀၁၂ ခု ဒီဇင်ဘာလမှ ၂၀၁၃ ခုနှစ်မတ်လအထိ ကာလသည်
အလွန်အရေးကြီးပါကြောင်း၊ နေနှင့်ကမ္ဘာကြားသို့ ဂြိုဟ်ကြီးတစ်လုံး
ဖြတ်သန်းမှာဖြစ်ပါကြောင်း ၊၄င်းဂြိုဟ်သည်
အပူရှိန်ပြင်းထန်လွန်းသောကြောင့် ကမ္ဘာကြီးသည်
ငလျင်လှုပ်၊မီးတောင်များပေါက်ကွဲပြီး ပြင်းထန်သောဘေးအန္တရာယ်များကြောင့်
ကမ္ဘာပေါ်ရှိ လူသန်းပေါင်း(၆၀၀၀)အနက် သန်း(၃၀၀၀)
ကျော်(၄၀၀၀)ခန့်သေကြေပျက်စီးမှာဖြစ်ကြောင်း၊ဤကာလတွင်လူများ သီလသမာဓိ
တည်ဆောက်ပြီး သတ်သတ်လွတ်စားလျှင်ပိုမိုသင့်လျော်မည်ဖြစ်ပါကြောင်း၊
မြန်မာ၊သီရီလင်္ကာ၊ နီပေါ၊ယိုးဒယား စသည်(၄)နိုင်ငံသာ
သက်သာရာရမည်ဖြစ်ပါကြောင်း၊ တပည့်တော် ပုသိမ်၌လုပ်ငန်းလုပ်ဆောင်နေစဉ်
ဦးအောင်မြင့်ဆိုသူ လူတစ်ဥိးရောက်ရှိလာပြီး ဘိုးတော်အောင်မင်းခေါင်မှ
၎င်းအား မြစိမ်းရောက်ဆရာတော်ဘုရားသို့ လျှောက်ထားရန်ခိုင်းပါ
ကြောင်း၊မြစိမ်းတောင်ရှိ အဆောက်အဦးများခိုင်ခန့်စွာ တည်ဆောက်ထားရန်
ဆန်ဆီဆားဆေး များစုဆောင်းထားရန် လျှောက်ထားခိုင်းကြောင်း။ ယခုသူမလာခင်
တပည့်တော်မှ ကြိုတင်လျှောက်ထားခြင်းဖြစ်ပါကြောင်း၊
       ၂၀၁၃  ခု ဖေဖေါ်ဝါရီ ၁၄၊၁၅၊၁၆ ရက်များမှာ ကမ္ဘာကြီးသည်
လည်ပတ်မှုရပ်ဆိုင်းပြီး အမှောင်ကျမည်ဖြစ်ပါကြောင်း
စသည်ဖြင့်လျှောက်ထားပါသည်။
      ဆရာတော်ဘုရားကြီးမှ ဒကာကြီး လျှောက်ထားချက်များဖြစ်နိုင်ပါကြောင်း
ပြန်လည်မိန့်ကြားပါသည်။ ဒကာကြီးလည်း တောင်ပေါ်သို့လှည့်လည်ပြီး
အဆောက်အဦးများ ဆောက်ထားသည်ကို လေ့လာကြည့်ရှုနိုင်ရန်နှင့် ဆန်၊ဆီ၊ဆေး၊ဆား
စသည်များ အဆင်သင့် ဆောင်ရွက်ထားပါကြောင်း ပြန်လည်မိန့်ကြားပါသည်။
         ဆရာတော်ကြီးမှ ဆက်လက်၍ ယခု မြန်မာသက္ကရာဇ်
ဘယ်လောက်ရှိပြီလဲသိလားဟု မေးသည့်အခါ ၁၃၇၂ ခုရှိပါပြီဘုရားလို့ဖြေတဲ့အခါ
ဒကာတို့ကို တဘောင်တစ်ခု ရွတ်ပြမယ်၊ ၈၁ နဲ့ မတင်းတိမ် ၉၀ ခုကို
အရောက်ချိန် မင်းတို့သိကြသလားမေးပြီး နောင် (၁၀)နှစ်နဲ့ နှစ်(၂၀)ကြာရင်
ကမ္ဘာပေါ်မှာအားလုံး ဗုဒ္ဓဘာသာဝင်တွေဖြစ်ကုန်ပြီး
မန္တလေးမြို့အောင်ပင်လယ်ကန်အနီးမှာ ဗုဒ္ဓရာဇာ၊ဗုဒ္ဓစင်္ကြမင်း ပေါ်လာပြီး
ကမ္ဘာပေါ်မှာ မင်းတစ်ပါးတည်းသာ အုပ်ချုပ်စိုးစံမှာဖြစ်တယ်လို့
မိန့်ကြားပါသည်။
      မှတ်ချက်။          ။ ယခုလာရောက်လျှောက်ထားသူ ဦးဝင်းမောင်မှာ
၂၀၀၈ ခုနှစ် နာဂစ် မတိုက်ခတ်မီ ၁၀ ရက်ခန့်အလိုတွင် ဆရာတော်အား
ရန်ကုန်၊ဧရာဝတီ စသည့်နေရာများတွင် ကြီးမားသော မုန်တိုင်းကြီးတိုက်ခတ်ပြီး
လူသိန်းချီသေဆုံးမည်အကြောင်း လျှောက်ထားခဲ့ဖူးသည်။
        ၁-၃-၂၀၁၁ ခု အင်္ဂါနေ့ နံနက် ၈း၀၀ နာရီအချိန် ဦးဝင်းမောင် မှ
မိုးဇလပညာရှင် ဒေါက်တာထွန်းလွင် သုံးသပ်ချက်အား ဆက်ကပ်ရာ ဆရာတော်မှ ၂၀၁၂
ခုနှစ်သည် အင်မတန်မှ အရေးကြီးကြောင်း၊ ပျက်စီးမှာဖြစ်ကြောင်း
မိန့်ကြားသဖြင့် လူအများ ကပ်ဘေးမှ လွတ်မြောက်ရန် မည်သို့ဆောင်ရွက်ရမည်ကို
လျှောက်ထားရာ အန္တရာယ်ဖြစ်ပွါးနိုင်သည့်ရက်များ တွင်
ဖယောင်းတိုင်အသေး(၂)တိုင်အား ပူးထွန်း၍ ဘုရား၌ ပူဇော်ပါ
သားတော်၊သမီးတော်များ အား ကယ်တင်စောင့်ရှောက်ပါရန်နှင့်
သဗ္ဗုဗဒ္ဓေဂါထာတော်အား အချိန်ရလျှင် ရသလို ရွတ်ဖတ် ပူဇော်ရန်
မိန့်ကြားပါသည်။
            (ဟုတ်မဟုတ်အား ကိုယ်တိုင် ကြုံကြားသိမြင်ခြင်းမရှိပါ
လက်ထဲရောက်လာ၍ ထပ်မံဝေငှပါသည်။ဘုရားတရားသံဃာ ကိုးကွယ်ဆည်းကပ်ရန်
တိုက်တွန်းချက်များပါ၍ အကျိုးမယုတ်ဟု ယူဆမိပါ၍ ဝေငှခြင်းဖြစ်ပါသည်။)













Posted: 24 Apr 2011 07:32 AM PDT
သား အခု နေရတဲ့ ဒုက္ခသည် စခန်းထဲက - သူ့ အိမ်လေးရှေ့ ခတ်လှမ်းလှမ်း တဖက် တောင်နံရံစောင်းမှာ မိဘမဲ့ ကလေး ၆၀ - ၇၀ လောက် ရှိမယ်။ သူတို့နေကြတယ်။ သူတို့ စုနေရတဲ့ ဘော်ဒါဆောင်လေးတွေ အစီအရီရှိတယ်။ မိန်းခလေးတွေက သတ်သတ် ယောက်ျားလေးတွေက သတ်သတ်ပေါ့။ ကျောင်းသူကျောင်းသားလေး တွေပါ။ အိပ်ဆောင်၎ခုလောက်နဲ့ စားဖိုဆောင်၊ စုပေါင်းထမင်းစားဆောင်တွေ လည်း ရှိသေးတယ်။စေတနာဆရာဝန်မကြီးတယောက်က ဦးဆောင်တာဝန်ယူစောင့်ရှောက်ထားတယ် ဆိုပါတော့ဗျာ။

ကလေးတွေ အများစု က အရွယ်တောင်ရောက်ကြပြီ။ ဆယ်ကျော်သက်တွေဖြစ်နေကြပြီ။ ယောက်ျားလေးတွေအတွက် ကစားဘို့ ဘော်လုံးကွင်းလေးတခုလုပ်ထားပေးတယ်။ တောင်စောင်းကို ရသလောက်မြေညှိပြီးဘောလုံးကန်ကြတာပေါ့။

အခုတင်ထားတဲ့ ပုံလေးထဲမှာ ဂျိုင်းထောက်နဲ့ ကလေးတယောက် လည်း ဘောလုံးကန်နေတာတွေ့လိမ့်မယ်။( ဓါတ်ပုံ ကျင့်ဝတ်အရ လိုသလောက်ပဲ ပြချင်တယ်။ အကုန် မပြတော့ဘူးဗျာ) အဓိက ဆွေးနွေးချင်တဲ့ အကြောင်းအရာက ဖရောင်းလိုနုနယ်တဲ့ သူတို့ အသိဥာဏ်ကို ဘယ်လိုဘ၀ ဖြတ်သန်းမှုတွေက လွှမ်းမိုးမလဲ။ လောကကိုဘယ်လိုမြင်ပြီးဘယ်လိုပုံဖေါ်တုန့်ပြန်ကြီးပြင်းကြမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။

တချို့ ကလေးတွေဟာသူတို့ လူမှန်းမသိတတ်ခင် မိဘဘယ်သူဘယ်ဝါဆိုတာ သိခွင့် မရလိုက်ရခင် မိဘတွေကိုဆုံးရှုံးခဲ့ ကြရတယ်။ ရှေ့တန်းမှာတိုက်ပွဲ ကျခဲ့တာလား။ မိုင်းနင်းမိတာလား ။ ပေါ်တာဆွဲခံရပြီး ပြန်ရောက်မလာတာလား။ ယာတောကို အသွားကျည်သင့်တာလား။ ပြေးလွှားရင်း ငှက်မိလို့လား ။မျိုးစုံပေါ့လေ။ ဘာဘဲဖြစ်ဖြစ် အမျိုးသားရေးပြိုကွဲမှု အဆက် ပြည်တွင်းစစ်ဒဏ်ကို သူတို့လေးတွေ မှာ ဘာအပြစ်မှ မရှိရှာဘဲ ဝေစုရကြတယ်။ ခံစားကြရရှာတယ်။

ကျွန်တော့်သား စကားစပြောတော့ အရင်ဆုံးပြောတတ်တဲ့ စကားတွေထဲမှာ( ည ၉နာရီထိုးရင် အပြင်မထွက်ရပါ )ဆိုတဲ့ ၀ါကျရှည် တခုကို ကျွန်တော် ဖုံးထဲကနေ စ နားထောင်ရတယ်။ ဖခင်တယောက်အနေနဲ့ ဘယ်လိုခံစားရမယ်ဆိုတာ ခင်ဗျားသိမှာပါ။ သူ့ရဲ့တီတီတာတာစကားတွေဟာဒါတွေပါသင့်ရဲ့လားဆိုတာပေါ့။ ဒါသူ့အမေသင်တာတော့ လုံးဝ မဟုတ်ဘူး။ စခန်းထဲမှာနေရင်းကြီးပြင်း၊ ညစဉ် သူကြားသိနေတာတွေကို သူ့ဖာသာသင်ယူနေတာပေါ့။မသိတတ်ခင်မှာတင်သူ့လွတ်လပ်ခွင့်တွေက ဆုံးပါးနေတယ်။ ခုဆို မဲဆောက်သွား ရဲဖမ်းတတ်တယ်လို့ သူနဲနဲသိတယ်။ဟိုလူဒီလူအဖမ်းခံရတဲ့ သတင်းတွေ မကြာခဏ လူကြီးတွေဆီက ကြားနေရတာကို။ အဖေကြီးဆိုတာက အကြာကြီးနေမှ တခါလာတတ်တယ်။ သူ့နားမှာမနေနိုင်တာသူ့အတွက် ပိုက်ပိုက်ရှာနေရလို့ သူပြောတတ်တယ်။ ကျေကျေနပ်နပ်ရှိမရှိတော့မသိနိုင်ဘူး။ သူ့အမေကပြောတဲ့အတိုင်း မှတ်ထားတာပေါ့။ သူ့အမေကသူ့သား လိုက်နားလည်နိုင်သလောက် လိမ်တာပေါ့။

သူက သူ့အဖေဆီ ဘာလို့ သွားလို့ မရတာလဲဆိုတဲ့ မေးခွန်းကိုကျတော့ သူ့အမေ မဖြေနိုင်ဘူး။အဖွားဆီ ပြန်လို့မရဘူး။ အဖွားဆီပြန်ရင် သူ့အဖေကြီးကို သူတွေ့ရမှာမဟုတ်တော့ဘူးလို့ လည်း သူနားလည်ထားတယ်။ခတ်ဝါးဝါး ဖြစ်နေမှာပါ။ အလုံးစုံ ဘယ်သိနိုင်မှာလဲ။

တကယ်တန်းကျတော့ ခင်ဗျားထင်သလို ဖယောင်းလိုနုနယ်တဲ့ သူတို့ဘ၀တွေကို မိဘတွေ က အလုံးစုံ မစိုးမိုးနိုင်ပါဘူး။ လက်တွေ့ ဘ၀က ပြဌါန်းတဲ့ အတိုင်းသူတို့ နားလည်ဘာသာ ပြန်ဆိုကြစမြဲ ကျွန်တော်ထင်တယ်။

မိုင်းနင်းမိလို့ ခြေထောက်ပြတ်ထားတဲ့ ကလေးတယောက် ရဲ့ အသိမှာ ဘယ်လိုရှိမလဲ ကျွန်တော် အကြိမ်များစွာ တွေးဖြစ်တယ်။ သီချင်းရေးတတ်တဲ့ လူကိုသီချင်းရေးခိုင်း။ ပြီး လှတပတရှိတာလေးတွေကို တိုင်းရင်းသားဝတ်စုံ ၀တ်ခိုင်း..ကြည့်ကောင်းအောင် ဗီဒီယို ရိုက် တိုင်းပြည်ကို လွှင့်ပြရုံနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမဖြစ်နိုင်ဘူး။ စကားလုံးတွေ စာရွက်တွေပေါ်မှာရေးထားတာတွေ ဒီ အခွံတွေကို ကျွန်တော်တို့ တိုင်းရင်းသားတွေ မြင်ရလှပြီ။ လက်တွေ့ဘ၀ ရင်ဆိုင်နေရတာက သိတ်ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေ။ အိပ်မက်ဆိုးတွေလို ခုထိသူတို့ကို...လိုက်နေတုန်း။

ခြေထောက်ပြတ်တဲ့ လူတွေကို စခန်းထဲမှာ ကျွန်တော်သား ခဏခဏ တွေ့နေတယ်။ သူက အခုဆို အလွန်အမေးအမြန်းထူတဲ့ အရွယ်ရောက်နေပြီ။အဲဒီလူကြီးက ဘာဖြစ်လို့ ခြေထောက်မရှိတာလဲဆိုတဲ့ မေးခွန်း ဘယ်နေ့ သူ့အမေ အမေးခံရမလဲ ကျွန်တော် ပူတယ်။ ကျွန်တော့်ကို မေးလာရင်လည်း ကျွန်တော် မဖြေတတ်ဘူး။ လူအချင်းချင်း ခြေထောက်ပြတ်အောင် ဒါမှမဟုတ် သေအောင် မြေကြီးထဲမှာ မြှုပ်ကြတဲ့ မြေမြှုပ်မိုင်းအကြောင်းနားထောင်ကောင်းအောင် လောကကြီးကို စိတ်မနာဘဲချစ်တတ်အောင် ကျွန်တော့် သား နုနုနယ်နယ်ကို ဘယ်လိုအသိမျိုးပေးကြမလဲ။ ကျွန်တော်သားအိမ် ရှေ့ က မိဘမဲ့ ကလေး အားလုံးကိုကော ဘယ်သူက ဘယ်လို လွှမ်းမိုးမှုနဲ့ လောကကြီးက ကြောက်စရာမကောင်းပါဘူးဆိုတဲ့ အကောင်းမြင်အပေါင်းလက္ခဏာဆောင် ချိုမြိန်တဲ့အသိလေးတွေဘယ်လိုပေးကြမလဲ။ မနာကျည်း အောင်ဘယ်သူတွေလာ သင်ကြားပေးမလဲ။ ကျွန်တော်တွေး…. ရင်ပူတယ်…. ကိုကျော်မော်ရေ….

ခွန်ဆိုင်း ( ၁၉.၄.၂၀၁၁)


Monday 25 April 2011

ထောက်လှမ်းရေး မျက်လုံးအောက်က နိုင်ငံ

Big Brother watches, inspects Danish students’ notebooks

E-mail Print PDF
0diggsdigg

(Feature) – The sun was up high in the sky when our group of Danish students and teachers walked into the People’s Park in Rangoon to chat about the many meetings we had had over the previous few days.

We took out our notebooks, sat down in a circle on the grass and started talking and writing, trying to ignore the heat.
After meeting Aung San Suu Kyi, the group of Danish students found themselves being photographed wherever they went, as seen here. Photo: Line Skovlund Larsen
After meeting Aung San Suu Kyi, the group of Danish students found themselves being photographed wherever they went, as seen here. Photo: Line Skovlund Larsen

I was traveling with a group of 11 students and two teachers from my Danish folk high school with our focus on international politics. We had studied Burma in class looking at different political subjects like sanctions, exile media, the military junta, the opposition parties and pro-democracy leader Aung San Suu Kyi.

Now academic knowledge was being checked with reality on the ground on a 10-day visit to Burma, to experience ourselves a country known for military repression since 1962, one that made international headlines with the ‘Saffron Revolution’ against military rule in 2007 and when Aung San Sun Kyi was released in November of last year.

Sitting in a park and writing would not elicit a second glance in Copenhagen where we are from. But this was Rangoon, or Yangon as the military junta now calls it, and we were soon to find that publicly scribbling in notebooks draws attention.

After 30 minutes, a car with black tinted windows drove up close to our circle, stopped and waited there for a few minutes before driving off. Ten minutes later, somebody using a camera with a large telephoto lens started to take photographs while trying to stay out of sight round the corner of a house. The camera would appear and then discreetly disappear every time we looked in its direction. 

It could almost be described as comical, but I was starting to get nervous. Does the government have our photographs on record? Will they check our belongings when we leave the park and look at our notebooks to see if we have jotted down the names of Burmese people we might have met and spoken with? 

Then two surly men approached and stood behind us and tried to look at our notebooks. Luckily our notes were all in Danish and our conversation too. They sat down a few meters from us, not saying anything, listening, trying to pick up some of our conversation. But we were cautious not to mention any names. 

Our teachers at the folk high school, a gap-year school between high school and university that teaches about international politics, had warned us to take care.

From the days we had spent in this smiling land of gold, both in Rangoon and Mandalay, we had been struck by how friendly people were. But there was also a palpable feeling of fear that affects the daily life of many people.

Big Brother is really, truly watching.

We had done our homework before we came, but it was only when we were in Burma that we could understand the difficulties people face. The military authorities cause many problems for the people, we learnt. Burma has 2,073 political prisoners, censorship rules the media, and all political activities and even talk of politics are in danger of being monitored. To criticize the government in public risks a long and harrowing prison term.  

This presents a huge problem. The surveillance means that people are afraid, even though informers do not lurk on every street corner and there are limits to the extent of the surveillance.

A young Burmese activist told me about the consequences of living with this surveillance day in and day out.

‘Ordinary people are not being watched, but they feel like they are, they don’t know who is there, even in their homes’, the activist said, speaking on condition of anonymity. ‘They don’t dare talk about human rights. We feel like we are being watched, but we are not. Not the ordinary people’.

All this insecurity often leads to gossip and rumours. In Mandalay, our group went to a comedy show performed by the Moustache Brothers. The three brothers have been performing their show of anti-government jokes and dance for more than 40 years. One of them, Par Par Lay, has been a political prisoner. In 1996, the government banned them from performing in public, so now they regularly perform in their own home.

Their goal, they say, is to spread the word about the bad government in Burma through communicating with tourists. Reaching out to their fellow Burmese is out.

‘Journalists and the media can’t talk freely, therefore we must get the message out through the tourists’, said Lu Maw, one of the brothers. ‘And with this show, we kill two birds with one stone. We make money, and we achieve our goal’.

On the way back to our guesthouse from the show, I talked with our taxi-driver, who claimed to have a theory about one of the brothers who now only dances a little. He claimed he had an agreement with the government in order for the show not to be shut down.

As we rattled along in the taxi, the driver claimed one of the brothers was afraid of the government and because of that he had promised them to hand over the names of any tourists who ask political questions during the show in order to prevent them from writing critically about the government when they leave Burma.

Such is the feeling of paranoia. We asked the comedians political questions during the show but nobody came to question us. But the incident told us a lot about the feeling of insecurity and suspicion.

We raised the issue with pro-democracy leader Aung San Suu Kyi, telling her of our experience when we met her in Rangoon.

‘I think one of the big problems about the Burmese people is that there is little sense of security, and when people are insecure they are not nice about each other’, she said in explanation. ‘If you are insecure, you are jealous. And because you are insecure, you will start being paranoid’.

She also said jealousy may explain why the taxi driver had come up with this theory. He had said he was a former dancer. The Moustache Brothers were dancing for a living, whereas he was just driving a taxi.

Another explanation was provided by a journalist from a local newspaper, who we met in a secure location on a rooftop.

‘Everywhere (inside Burma) there are many rumours because we don’t have any freedom to share news and so forth’, he said.

This sense of Big Brother always watching suffuses everything. Anything that smacks of political activity or opinion gets censured. The universities are strictly controlled and have been closed on several occasions, the latest period during 2007.

Step out of line and the consequences can be severe. One Burmese activist told me that that you can get thrown into prison for between 10 and 60 years in appalling conditions, including torture, for carrying out political activities.

This threat does not stop the activists, however. It just drives them underground. All activities are hidden. Several organizations local and foreign do humanitarian work but, if they are politically active, it happens behind the scenes.  

Needless to say, it is not wise to mention the names of these organizations for security reasons. One foreign diplomat from an embassy to Burma, said these organizations have to be careful.

‘NGOs, the UN and embassies have to strike a balance between doing their work and being allowed to stay in the country’, he said.

One question that came to mind was why do Burmese work as informers and spies for the military junta?

A young Burmese activist proffered his view.

‘People become informers to gain power,’ he said. ‘They can make deals with the government, for example to open up a gambling house, even though it is officially illegal. To be an informer also means job security. It’s hard to get a job in the countryside’.

Surely, I asked another activist, they must have a conscience? Don’t they feel guilty?

The activist referred to George Orwell’s book, Burmese Days, and said that many Burmese people think that if they do something very good after doing something bad, it will in effect erase the wrong. 

Here we were, outsiders, young students from a European country where freedom of speech and real democracy is taken for granted. We wondered what could be done to end this culture of fear among these people who had so warmly welcomed us.

There is certainly talk of change for the better, at least in the media. Before we came, we had followed news of the 2010 Burmese election. A civilian government had been elected. The military junta had officially handed over power. That was the official story.

But will the new government loosen up on surveillance, stop the censorship and free the political prisoners?

We received a mix of opinions. Some think that the new government means change, some that it will make small improvements. But most people I talked to seemed to share the opinion of Moustache Brother, Lu Maw: ‘Our new democracy is not a real democracy. Everyone knows it’s the same generals. It’s like pouring new water on old tea leaves’.

All this offers is a bitter taste.

Aung San Suu Kyi, who knows what it is like to cross the generals after so many years of house arrest, calls for the rule of law.
‘I think that a healthier political system would help’, she told us. ‘We need to have rule of law. If you knew that you couldn’t be put away unless you really committed a crime, you wouldn’t be so suspicious of your neighbour’.

She does points out though that this will only change some attitudes. For real change, more time will be needed. She believes that the culture of fear has a lot to do with people’s social and cultural values. And this only can be changed over time.

‘For really radical changes, we will need time’, she said. ‘We will need time for the democratic culture to sink in and to take root’.

We got a sense that change was coming, if rather slowly. More and more young people are organized into youth groups, doing humanitarian and hidden political work. A promoter of one of these youth groups told us that the earlier generations didn’t talk about politics because of the harsh punishments meted out by the junta. ‘But we know it is possible to talk politics through the less risky work with the civil society’, he said, referring to the hidden dialogues that take place amongst the various youth groups. 

Our time was up. The 10 days had been packed with meetings with politically active people, journalists, aid organizations, school teachers, monks and, of course, The Lady, Aung San Suu Kyi.

We experienced surveillance up close. We saw it with our own eyes and heard about it from the Burmese people we met. In the park, at the airport, and in front of the headquarters of the National League for Democracy, we had been photographed, often in a very blatant way. On the train from Rangoon to Mandalay I remember taking out a notebook to write down the e-mail address of a woman I had just met, and immediately a man in a white shirt came to ask me where I was going, noting it down on his notepad.

It was clear that we had been watched and recorded every step of the way after we had been to see Aung San Suu Kyi. We recognized that it was impossible to meet anybody after that due to the potential danger to them.

The day after our meeting with The Lady, our teacher received a call from a woman who said she was calling from a travel agency. She asked when we were leaving Burma, whether by plane, and at what time. Then she hung up without an explanation. This was one more strange incident to add to the list.

The surveillance continued right up to the last minute. As we went up the escalator in Yangon International Airport to leave for Denmark, a neatly-dressed man stood ready with his camera to photograph us. He followed us through the whole airport procedure, took group pictures, and single pictures. While we were waiting for our passports to be checked, he had the chance to take perfect photos of every single face.

But nobody stopped us from leaving. Nobody checked our bags.

We boarded the flight, glad that we did not have to give away any information to the government, and happy to soon be able to talk freely.

It was a strange feeling to leave this world where one always had a sense one was being watched. We thought of our new Burmese friends. Will they someday achieve their goal of living in a country where Big Brother is not watching all the time? Or will they end up being imprisoned for saying critical words against the regime?

What can we do? We are students from another world. We hope we can do something to support our new friends in their struggle for a free and fair society.
Line Skovlund Larsen was part of a group of 11 Danish students and two teachers who spent 10 days in Burma in early April as part of their international politics course at college.

ထောက်လှမ်းရေး မျက်လုံးအောက်က နိုင်ငံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(Line Skovlund Larsen သည် ၁၁ ဦးပါ ဒိန်းမတ်ကျောင်းသား အဖွဲ့နှင့် လိုက်ပါလာသည့် ကျောင်းသူ ဖြစ်သည်။ နိုင်ငံတကာ နိုင်ငံရေးကောလိပ် ကျောင်းသင်ခန်းစာ၏ အစိတ်အပိုင်းတခု အနေနှင့် ယခုနှစ် ဧပြီလဆန်းတွင် ဆရာနှစ်ဦးနှင့်အတူ မြန်မာနိုင်ငံသို့ ၁ဝ ရက်ကြာခရီး လာရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်းအတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာ ပြန်ဆိုထားခြင်း ဖြစ်သည်။)

ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်ထဲ ကျမတို့ ဒိန်းမတ် ကျောင်းသားအုပ်စု ဆရာတွေနဲ့အတူ ဝင်လာတော့ နေတောင် အတော်မြင့်နေပါပြီ။ လွန်ခဲ့တဲ့ ရက်တွေအတွင်း ကျမတို့တွေ့ဆုံဆွေးနွေးခဲ့သမျှ ပြောဆိုဆွေးနွေးကြဖို့ပါ။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ဒိန်းမတ်ကျောင်းသားများသည် ပုံတွင်တွေ့ရသည့်အတိုင်း ဓါတ်ပုံ မှတ်တမ်းတင် အရိုက်ခံရသည်ကို သိရှိလိုက်ပါတော့သည်။ ဓါတ်ပုံ - Line Skovlund Larsen
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ဒိန်းမတ်ကျောင်းသားများသည် ပုံတွင်တွေ့ရသည့်အတိုင်း ဓါတ်ပုံ မှတ်တမ်းတင် အရိုက်ခံရသည်ကို သိရှိလိုက်ပါတော့သည်။ ဓါတ်ပုံ - Line Skovlund Larsen


မိနစ် ၃ဝ လောက်ကြာတော့ ပြူတင်းပေါက် တံခါးမှန်တွေမှာ စတစ်ကာ အမည်းတွေ တပ်ထားတဲ့ ကားတစင်း ကျမတို့ ထိုင်နေတဲ့ ဝိုင်းနား လာရပ်လိုက်ပါတယ်။ မိနစ် အနည်းငယ်လောက် စောင့်ကြည့်ပြီး
 မောင်းထွက် သွားပါတယ်။ ၁ဝ မိနစ်လောက်ကြာတော့ လူတယောက်က အိမ်ဒေါင့်တဒေါင့်က ကွယ်ပြီး အဝေးရိုက် မှန်ဘီလူးတပ် ကင်မရာ တလုံးနဲ့ ကျမတို့ အဖွဲ့ကို ဓာတ်ပုံတွေ ရိုက်ယူနေပါတော့တယ်။
ကျမတို့လည်း မြက်ခင်းပေါ် ဝိုင်းထိုင်လိုက်ကြပြီး မှတ်စု စာအုပ်တွေကို ထုတ်၊ အပူဒဏ်ကို အမှုမထားဘဲ စတင်ဆွေးနွေးကြပါတယ်။

ကျမက ဒိန်းမတ်ကျောင်းသား ၁၁ ယောက်အုပ်စုနဲ့ ပါလာတာပါ။ ဆရာနှစ်ယောက်လည်း ပါပါတယ်။ ဒီဆရာတွေက ကျမတို့ကို နိုင်ငံတကာ နိုင်ငံရေး ဘာသာရပ် သင်ပေးနေတဲ့ ဒိန်းမတ် အထက်တန်းကျောင်းက ဆရာတွေပါ။ အတန်းထဲမှာ  မြန်မာပြည်အကြောင်း နိုင်ငံရေး ဘာသာရပ် အမျိုးမျိုး၊ အကြောင်းအရာ အမျိုးမျိုးဖြစ်တဲ့ ပိတ်ဆို့ အရေးယူမှု၊ ပြည်ပမီဒီယာ၊ စစ်အစိုးရ၊ နိုင်ငံရေး ပါတီများ၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စတာတွေကို လေ့လာ သင်ယူခဲ့ကြရပါတယ်။

အခုတော့ စာသင်ခန်းထဲက ကျောင်းစာတွေကို ၁ဝ ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်း လက်တွေ့အခြေအနေနဲ့ တိုက်ဆိုက်လေ့လာခွင့် ရပါတော့မယ်။ ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်ရဲ့ ဖိနှိပ်မှုမျိုးစုံကို ခံခဲ့ရတဲ့၊ ၂ဝဝ၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့၊ စစ်တပ်အုပ်စိုးမှုကို ဆန့်ကျင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး၊ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာ လမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အထိန်းသိမ်းခံမှ ပြန်လည် လွတ်မြောက်လာခြင်း ဆိုတဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ခေါင်းကြီးသတင်းတွေ ဖြစ်ပေါ်စေခဲ့တဲ့ နိုင်ငံကို ကိုယ်ပိုင်အတွေ့အကြုံတွေ ရယူဖို့ ကျမတို့ ရောက်လာပါပြီ။

ကျမတို့အရပ် ကိုပင်ဟေဂင်မှာတော့ အခုလိုပန်းခြံထဲထိုင်ရင်း ကျောင်းသင်ခန်းစာတွေ ကြည့်တာဟာ လူတွေကို သမင်လည်ပြန် လှည့်ကြည့်စေရလောက်အောင် ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်အစိုးရက Yangon လို့ စာလုံးပေါင်း ပြောင်းထားတဲ့ ရန်ကုန်မှာတော့ မှတ်စုစာအုပ်တွေထဲ လက်ရေးသော့နဲ့ မှတ်စုထုတ်နေတာဟာ လူတွေ အာရုံစိုက်စရာ ဖြစ်နေပါတယ်။

မိနစ် ၃ဝ လောက်ကြာတော့ ပြူတင်းပေါက်တံခါးမှန်တွေမှာ စတစ်ကာအမည်းတွေ တပ်ထားတဲ့ ကားတစင်း ကျမတို့ထိုင်နေတဲ့ ဝိုင်းနား လာရပ်လိုက်ပါတယ်။ မိနစ်အနည်းငယ်လောက် စောင့်ကြည့်ပြီး မောင်းထွက်သွားပါတယ်။ ၁ဝ မိနစ်လောက်ကြာတော့ လူတယောက်က အိမ်ဒေါင့်တဒေါင့်ကကွယ်ပြီး အဝေးရိုက်မှန်ဘီလူးတပ် ကင်မရာတလုံးနဲ့ ကျမတို့အဖွဲ့ကို ဓာတ်ပုံတွေ ရိုက်ယူနေပါတော့တယ်။ ကျမတို့ လှမ်းကြည့်လိုက်တိုင်း ဒီကင်မရာက ပျောက်ပျောက်သွားပါတယ်။

အဖြစ်အပျက်က ရယ်စရာကောင်းပေမယ့် ကျမလည်း နည်းနည်းတော့ လန့်လာပါတယ်။ အစိုးရက ကျမတို့ကို ဓာတ်ပုံရိုက် မှတ်တမ်း တင်နေတာလားလို့လည်း တွေးမိလာပါတယ်။ ကျမတို့ ပန်းခြံထဲက ထွက်ရင်ကော ပါလာသမျှကို ရှာမှာလား။ မှတ်စုစာအုပ်ထဲ မှတ်ထားတဲ့ ကျမတို့နဲ့တွေ့ဆုံခဲ့တဲ့ သူတွေရဲ့ နာမည်တွေကိုရော ရှာမှာလား စသဖြင့် တွေးပူလာမိပါတယ်။

ခဏနေတော့ မျက်နှာပေါက်ဆိုးဆိုးနဲ့ လူနှစ်ယောက် ကျမတို့အုပ်စုနား ကပ်လာပြီး၊ နောက်မှာ လာရပ်ကာ ကျမတို့မှတ်စုစာအုပ်တွေကို ကြည့်နေပါတယ်။ ကံကောင်းတာက ကျမတို့မှတ်စုစာအုပ်တွေကို ဒိန်းမတ်ဘာသာနဲ့ ရေးထားတာပါ။ ကျမတို့ ပြောဆိုဆွေးနွေးခဲ့တာတွေကိုလည်း ဒီလိုပဲ ရေးထားတာပါ။ ပြီးတော့ ခပ်လှမ်းလှမ်းမှာ သူတို့ ထိုင်နေကြပါတယ်။ ဘာမှမပြောဘဲ ဒီအတိုင်းထိုင်နေပြီး ကျမတို့ပြောသမျှကိုသာ နားထောင်နေကြပါတယ်။ ဒါပေမဲ့ ကျမတို့ကလည်း ဘယ်နာမည်ကိုမှ ထုတ်မပြောမိအောင် သတိထား နေနေကြပါတယ်။

အထက်တန်းနဲ့ တက္ကသိုလ် မတက်ခင်အကြား အကြိုသင်တန်းမှာ ကျမတို့ကို နိုင်ငံတကာ နိုင်ငံရေးဘာသာရပ် သင်ပေးနေတဲ့ ကျမတို့ကျောင်းက ဆရာတွေကတော့ သတိထားနေကြဖို့ ကျမတို့ကို သတိပေးနေကြပါတယ်။

အပြုံးတွေဝေနေတဲ့ ရွှေရောင်တဝင်းဝင်းနဲ့ မြန်မာပြည်ကို ကျမတို့ ရောက်ကတည်းက ရန်ကုန်မှာကော၊ မန္တလေးမှာပါ လူတွေအားလုံး ဖော်ဖော်ရွေရွေ၊ ခင်ခင်မင်မင် ရှိကြတာကိုသာ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့မှာ အကြောက်တရားကိုယ်စီ ရှိနေကြပြီး၊ ဒီစိတ်ကပဲ လူတော်တော်များများရဲ့ နေ့စဉ်ဘဝတွေကို အနှောင့်အယှက် ပေးနေပါတော့တယ်။

အကိုကြီးကတော့ တကယ့်ကို အမှန်ပဲ ကျမတို့ကို စောင့်ကြည့်နေပါပြီ။

ဒီမလာခင် ကျမတို့လည်း ဒီခရီးအတွက် သေချာပြင်ဆင် လုပ်ကိုင်လာခဲ့ကြတာပါပဲ။ ဒါပေမဲ့ မြန်မာပြည်ရောက်မှ ပြည်သူတွေရဲ့ ဒုက္ခကို ကျမတို့ တကယ်နားလည်လာတော့တာပါ။ စစ်အာဏာပိုင်တွေက လူတွေကို ဒုက္ခတွေ အများကြီး ပေးနေတာကိုး။ မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသား ၂ဝ၇၃ ဦး ရှိနေပါတယ်။ မီဒီယာတွေကို ဆင်ဆာဖြတ်နေပါတယ်။ နိုင်ငံရေး လှုပ်ရှားမှု မှန်သမျှ၊ နိုင်ငံရေး အကြောင်း ပြောတာတောင် စောင့်ကြည့်ခံရနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အစိုးရကို လူမြင်ကွင်းမှာ လူသိရှင်ကြား ဝေဖန်ပြောဆိုမိရင်တော့ ထောင်ဒဏ် နှစ်ရှည်ကျပြီး အကြီးအကျယ် ဒုက္ခရောက်နိုင်ပါတယ်။

ဒါ .. တကယ့် ပြဿနာကြီးပါ။ အခုလို စောင့်ကြည့် ထောက်လှမ်းနေတယ်ဆိုတာ လူတွေကို ကြောက်ရွံ့ ထိတ်လန့်စေပါတယ်။ လမ်းထောင့်တိုင်းမှာ သတင်းပေးတွေ ထားကြည့်နိုင်လောက်အောင် မလုပ်နိုင်တဲ့ အကန့်အသတ်တွေ သူတို့မှာ ရှိပေမယ့် ဒါ .. လူတွေကို တကယ်ပဲ ထိခိုက်စေပါတယ်။

ဒီလို နေ့စဉ်နဲ့အမျှ စောင့်ကြည့်ထောက်လှမ်းခံနေရတဲ့ အောက်မှာ နေရတာ ဘယ်လောက် အနေခက်တယ် ဆိုတာ တက်ကြွလှုပ်ရှားသူ လူငယ် တဦးကလည်း ကျမတို့ကို ပြောပြခဲ့ပါတယ်။

`သာမန်လူတွေကတော့ အခုလို စောင့်ကြည့်ခံရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့လည်း ဒီလိုပဲ စိတ်ထဲမှာ ခံစားနေရတာပါပဲ။ ကိုယ့်အိမ်ထဲ ဘယ်သူက ကိုယ့်ကို စောင့်ကြည့်နေတယ်ဆိုတာတောင် မသိဘဲ သံသယနဲ့ ထိတ်လန့်နေရတဲ့ ဘဝပါ။ သူတို့က လူ့အခွင့်အရေးအကြောင်းလည်း မပြောရဲဘူး။ ကိုယ့်ကို စောင့်ကြည့်နေတာ မဟုတ်ဘဲနဲ့ စောင့်ကြည့်ခံနေရတယ်လို့ ထင်နေတော့တာပဲ။ သာမန်လူတွေကို ဒီလိုစောင့်မကြည့်ပါဘူး´ လို့ အမည်မဖော်လိုတဲ့ အဲဒီ တက်ကြွလှုပ်ရှားသူက ပြောပါတယ်။

ဒီလို စိတ်ထဲမှာ မလုံမခြုံဖြစ်နေတော့ အတင်းအဖျင်းတွေနဲ့ ကောလာဟလတွေကိုပဲ ထွက်ပေါ်လာစေပါတယ်။ မန္တလေးရောက်တုန်း နှုတ်ခမ်းမွှေးညီအကိုရဲ့ ပွဲကို ကျမတို့ သွားကြည့်ကြပါတယ်။ ဒီညီအကို ၃ ယောက်က အစိုးရဆန့်ကျင်ရေး ပြက်လုံးတွေပြက်ပြီး ကပြဖျော်ဖြေလာတာ နှစ်ပေါင်း ၄ဝ ကျော်ပါပြီ။ သူတို့ထဲက တယောက်ဖြစ်တဲ့ လူရွှင်တော် ပါပါလေးကလည်း နိုင်ငံရေး အကျဉ်းသားဟောင်းပါ။ သူတို့ကို အစိုးရက ၁၉၉၆ မှာ ပွဲကခွင့် ပိတ်ပင်ခဲ့ပါတယ်။ လူမြင်ကွင်းမှာ ကခွင့် မရှိတော့ပါဘူး။ ဒီတော့ အိမ်မှာပဲ သူတို့ ကရပါတော့တယ်။

`ကျမထင်တာ မြန်မာပြည်လူထု အတွက် ပြဿနာကြီး တခုက စိတ်ထဲ မလုံမခြုံဖြစ်နေတာပဲ။ ဒီလို စိတ်ထဲ မသန့်တော့ တယောက်နဲ့တယောက် ဆက်ဆံရာမှာလည်း အဆင်မပြေတော့ဘူး။ အခုလို စိတ်မသန့် မလုံမခြုံ ဖြစ်နေရင် ဝန်တိုစိတ် ပေါ်လာတာပဲ။ တခါ မလုံခြုံတဲ့ စိတ်ကြောင့် အကြောက်လွန်ရောဂါလည်း ရလာနိုင်သေးတယ်´
သူတို့ရည်ရွယ်ချက်က မြန်မာပြည်အစိုးရဟာ မကောင်းကြောင်း ကမ္ဘာလှည့် ခရီးသည်တွေက တဆင့် ကမ္ဘာကို သတင်းဖြန့်ဖို့ ပါပဲ။ မြန်မာလူမျိုး အချင်းချင်း ပြောဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး။

`သတင်းထောက်တွေနဲ့ မီဒီယာတွေက လွတ်လွတ် လပ်လပ် ပြောခွင့် မရဘူး။ ဒီတော့ ကျနော်တို့က ကမ္ဘာလှည့် ခရီးသည်တွေက တဆင့် သတင်းဖြန့်ရတာပေါ့´ လို့ ညီအကို ၃ ယောက်ထဲမှာ တယောက်ဖြစ်တဲ့ ကိုလူမော်က ပြောပြပါတယ်။ `ဒီလိုပွဲကတော့ ကျနော်တို့က ခဲတလုံးနဲ့ ငှက်နှစ်ကောင် ပစ်နိုင်တာဗျ။ ပိုက်ဆံလည်း ရတယ်၊ ကိုယ့်ရည်မှန်းချက်လည်း အောင်မြင်တယ်´ လို့ သူက ဆိုပါတယ်။

ပွဲကအပြန် တည်းခိုရာ ဧည့်ရိပ်သာကိုအသွား အငှားကားမောင်းသူနဲ့ ကျမ စကားပြောဖြစ်ပါတယ်။ သူက ဒီညီအကိုထဲက တယောက် အခု သိပ်မကတော့တဲ့အကြောင်း ပြောပြပါတယ်။ ဒီလူက သူတို့အိမ်မှာကတဲ့ပွဲ အပိတ်မခံရအောင် အစိုးရနဲ့ နားလည်မှုယူထားတာလို့ သူက ပြောပါတယ်။

အငှားကားပေါ် တလှုပ်လှုပ်နဲ့ သွားနေတုန်း ကားမောင်းသူက ဆက်ပြောပြနေပါတယ်။ ဒီညီအကိုထဲက တယောက်က အစိုးရကို ကြောက်တယ်။ ဒီတော့ သူက သူတို့ကို နိုင်ငံရေး မေးခွန်းတွေ မေးလာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေရဲ့ နာမည်တွေကို အစိုးရကို ပေးပါမယ်လို့ ကတိပေးထားတာ။ သူတို့ မြန်မာပြည်ကပြန်ရင် အစိုးရမကောင်းကြောင်း မရေးနိုင်အောင် လုပ်ထားတာလို့ သူက ဆက်ပြောပါတယ်။

ဒါ .. အကြောက်လွန်ရောဂါပဲ ဖြစ်ပါတယ်။ ဒီလူရွှင်တော်တွေကို ကျမတို့ နိုင်ငံရေးမေးခွန်းတွေ သူတို့ဖျော်ဖြေနေတုန်း မေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ကျမတို့ဆီလာပြီး မေးလား စမ်းလား လုပ်တာမရှိပါဘူး။ ဒီအဖြစ်အပျက်ကလေးက လူတွေ ဘယ်လောက်တောင် အယုံအကြည်မဲ့နေကြတယ်၊ သံသယပွားနေကြတယ်ဆိုတာ ပြနေပါတယ်။

ရန်ကုန်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တော့လည်း ကျမတို့ရဲ့ ဒီ အတွေ့အကြုံလေးကို ပြန်ပြောပြပြီး ဆွေးနွေးဖြစ်ပါတယ်။

`ကျမထင်တာ မြန်မာပြည်လူထုအတွက် ပြဿနာကြီးတခုက စိတ်ထဲ မလုံမခြုံဖြစ်နေတာပဲ။ ဒီလို စိတ်ထဲမသန့်တော့ တယောက်နဲ့တယောက် ဆက်ဆံရာမှာလည်း အဆင်မပြေတော့ဘူး။ အခုလို စိတ်မသန့် မလုံမခြုံဖြစ်နေရင် ဝန်တိုစိတ် ပေါ်လာတာပဲ။ တခါ မလုံခြုံတဲ့ စိတ်ကြောင့် အကြောက်လွန်ရောဂါလည်း ရလာနိုင်သေးတယ်´ လို့ ဒေါ်စုက ရှင်းပြပါတယ်။

အငှားကားမောင်းသူ ပြောပြခဲ့တဲ့ သူ့အထင်သူ့စိတ်ကူးမှာ အဲဒီဝန်တိုစိတ်ကြောင့်ပဲ ပေါ်ထွက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။ နှုတ်ခမ်းမွှေးညီအကိုက စားဝတ်နေရေးအတွက် ပွဲကနေခြင်းသာဖြစ်ပြီး၊ အလားတူပဲ အငှားကားမောင်းသူကလည်း ကားမောင်းနေတာပဲ ဖြစ်ပါသည်တဲ့။

နောက်ထပ် ဒီလိုရှင်းပြခဲ့သူကတော့ ပြည်တွင်းသတင်းစာတစောင်မှ သတင်းထောက် တယောက်ပါ။ သူ့ကို လုံခြုံစိတ်ချရတဲ့ အိမ်ခေါင်မိုးတခုပေါ် တွေ့ဆုံခဲ့ရတာပါ။

`မြန်မာပြည်ထဲ ဘယ်နေရာရောက်ရောက် ကောလာဟလနဲ့ တွေ့မှာပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ တယောက်နဲ့တယောက် လွတ်လွတ်လပ်လပ် သတင်းဖလှယ်လို့မှ မရတာ၊ ဒီလိုပေါ့´ လို့ သူက ဆိုပါတယ်။

နှုတ်ခမ်းမွှေး ညီအကိုအပေါ်ထားတဲ့ ဒီလိုစိတ်မျိုးတွေကြောင့် အရာရာကို ဒီလိုပဲ ရှုမြင်နေပါတော့တယ်။ နိုင်ငံရေးလှုပ်ရှားမှုလေး တခုခုလောက်၊ နိုင်ငံရေးအမြင်သဘောထားလေး တခုခုလောက် မပါလိုက်နဲ့ တခါထဲ ပိတ်တော့တာ ဖြစ်ပါတယ်။ တက္ကသိုလ်တွေကိုလည်း အရမ်းတင်းကျပ်ထားတယ်။ ခဏခဏလည်း အပိတ်ခံကြရတယ်။ ဒီလိုအကြာကြီး နောက်ဆုံးပိတ်ခဲ့တာ ၂ဝဝ၇ ခုနှစ် အရေးအခင်းအတွင်းကပါ။ ဒီစည်းကမ်းတွေကို မလိုက်နာ ချိုးဖောက်ခဲ့ရင် ခံရမယ့် ဆင်းရဲဒုက္ခက မသေးပါ။ နိုင်ငံရေးလုပ်ခဲ့ရင် ညှဉ်းပန်းနှိပ်စက်ခံရမယ်။ အခြေအနေဆိုးလှတဲ့ ထောင်ထဲမှာ ၁ဝ နှစ်ကနေ နှစ် ၆ဝ လောက်အထိ သွားနေရမယ်လို့ မြန်မာတက်ကြွလှုပ်ရှားသူ တယောက်က ကျမကို ပြောပြခဲ့ပါတယ်။

ဒီလိုခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် တက်ကြွလှုပ်ရှားသူတွေကတော့ သူတို့အလုပ်တွေကို ဆက်လုပ်နေတာပါပဲ။ မြေအောက်လျှိုးသွားရတာပဲ ရှိပါတယ်။ အခုတော့ လှုပ်ရှားမှု မှန်သမျှဟာ မြေအောက်လုပ်ငန်းအသွင်နဲ့ လုပ်နေကြတာပါ။ ပြည်တွင်းကရော ပြည်ပကပါ အဖွဲ့အစည်းအတော်များများ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်နေကြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပါလာရင်တော့ ပုန်းလျှိုးကွယ်လျှိုးပဲ လုပ်ကြရပါတယ်။

သူတို့လုံခြုံရေးကြောင့် ဒီအဖွဲ့အစည်းတွေရဲ့ နာမည်တွေကို ဒီနေရာမှာ ထုတ်ပြောလို့ မဖြစ်ဘူးဆိုတာ ပြောနေစရာတောင် မလိုပါ။ ဒီလိုအဖွဲ့အစည်းတွေဟာ အလုပ်လုပ်ရာမှာ သိပ်သတိထားရတယ်လို့ ရန်ကုန်က သံရုံးတရုံးရဲ့ နိုင်ငံခြားသံတမန်တယောက်က ပြောပါတယ်။

`အန်ဂျီအိုတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ သံရုံးတွေဟာ သူတို့လုပ်ရမယ့် အလုပ်နဲ့ သူတို့ မြန်မာပြည်တွင်း ဆက်နေခွင့်ရဖို့ အကြားမှာ အတော် ချိန်ဆလုပ်နေရတာ´ လို့ သူက ပြောပြပါတယ်။

ကျမတို့စိတ်ထဲ ပေါ်လာတဲ့ မေးခွန်းတခုက မြန်မာလူမျိုးတွေ ဘာ့လို့ စစ်အစိုးရအတွက် သတင်းပေးတွေ၊ သူလျှိုတွေ လုပ်ပေးနေကြတာလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

မြန်မာလူငယ်တက်ကြွလှုပ်ရှားသူ တယောက်က သူ့အမြင်ကို အခုလို ပြောပြလာပါတယ်။

`ကျနော်တို့ရဲ့ ဒ်ီမိုကရေစီအသစ် ဆိုတာက တကယ့် ဒီမိုကရေစီ အစစ် မဟုတ်ဘူးဗျ။ လူတိုင်း သိနေတာပါပဲ။ ဒီဗိုလ်ချုပ်တွေပဲ ဆိုတာ။ ဘာနဲ့တူလဲဆိုတော့ လက်ဖက်ခြောက်အသစ် မထည့်ဘဲ ရေနွေး ထပ်ထည့်သလိုပေါ့´
`လူတွေက အာဏာလိုချင်လို့ သတင်းပေးလုပ်ကြတာ။ သူတို့က အစိုးရနဲ့ အပေးအယူ လုပ်နိုင်တယ်။ ဥပမာဆိုပါတော့ တရားဝင် မဟုတ်ပေမယ့် လောင်းကစားဝိုင်း ထောင်လို့ရတယ်။ သတင်းပေးဖြစ်ရင် အလုပ်အတွက်လည်း အာမခံချက် ရှိတယ်။ ကျေးလက်မှာ အလုပ်ရဖို့ ခက်တယ်လေ´ လို့ သူက ရှင်းပြပါတယ်။

ကျမ နောက်ထပ် တက်ကြွလှုပ်ရှားသူ တယောက်ကို မေးမိပါတယ်။ ဒီလိုလုပ်တာ သူတို့ လိပ်ပြာသန့်ရဲ့လား၊ ဒီလိုလုပ်တာ မကောင်းဘူးလို့ကော မထင်ကြဘူးလားလို့။

ဒီတော့သူက ဂျော့ခ်ျအော်ဝဲလ်ရဲ့ မြန်မာပြည်နေ့များဆိုတဲ့ စာအုပ်ကို ကိုးကားပြီး ပြန်ပြောပါတယ်။ လူတွေစိတ်ထဲမှာ မကောင်းမှုတခုခု လုပ်ပြီးရင် ကောင်းမှုတခုခု ပြန်လုပ်လိုက်၊ ဒါဆို အပြစ်တွေ ကျေတယ်လို့ ထင်နေကြကြောင်း ပြန်ရှင်းပြပါတယ်။

ကျမတို့ကတော့ ဥရောပနိုင်ငံတခုကလာတဲ့ အပြင်က ကျောင်းသားတွေ။ ကိုယ့်နိုင်ငံမှာ လွတ်လပ်တဲ့ ဒီမိုကရေစီတို့၊ စစ်မှန်တဲ့ ဒီမိုကရေစီတို့ အလွယ်တကူရနေကြတာဆိုတော့ စိတ်ထဲ သိပ်အလေးအနက် မရှိသလိုပါဘဲ။ ကျမတို့ကို နွေးနွေးထွေးထွေး၊ ဖော်ဖော်ရွေရွေ ဆီးကြိုခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ထဲက အကြောက်တရားကို ဘယ်လိုများ ပျောက်အောင် လုပ်ရပါ့မလဲလို့ တွေးနေမိပါတယ်။

အနည်းဆုံး မီဒီယာထဲမှာတော့ အကောင်းဘက်ကို ရှေးရှုတဲ့ အပြောင်းအလဲတွေအကြောင်း ပြောဆိုနေကြတာ တွေ့နေရပါတယ်။ ကျမတို့မလာခင် မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေအကြောင်း ဖတ်ခဲ့မှတ်ခဲ့ရပါတယ်။ အရပ်သားအစိုးရတရပ်ကို ရွေးကောက်တင်မြှောက်ခဲ့ကြပြီးပါပြီ။ စစ်အစိုးရကလည်း ဒီအစိုးရကို တရားဝင် အာဏာလွှဲပြောင်းပေးပြီးပါပြီ။ ဒါက တရားဝင် ကြေညာထားတဲ့ သတင်းပါ။

ဒီတော့ အခုအစိုးရသစ်က အရင်က စောင့်ကြည့်ထောက်လှမ်းမှုမျိုးကို အခု နည်းနည်း လျှော့လိုက်ပြီလား၊ ဆင်ဆာဖြတ်တာ ပိတ်တာတွေ မလုပ်တော့ဘူးလား၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်ပြီလား။

ရလာတဲ့ ထင်မြင်ယူဆချက်တွေက အမျိုးမျိုးပါ။ တချို့က ဒီအစိုးရသစ်ကို အပြောင်းအလဲလို့ မြင်တယ်။ တချို့လည်း နည်းနည်းပါးပါး တိုးတက်မှုရှိတယ်လို့ မြင်တယ်။ ဒါပေမဲ့ ကျမတို့ တွေ့ခဲ့တဲ့ လူအတော်များများကတော့ နှုတ်ခမ်းမွှေး ညီအကို ကိုလူမော်နဲ့ အမြင်တူကြတာ များပါတယ်။ သူက `ကျနော်တို့ရဲ့ ဒ်ီမိုကရေစီအသစ်ဆိုတာက တကယ့် ဒီမိုကရေစီအစစ် မဟုတ်ဘူးဗျ။ လူတိုင်း သိနေတာပါပဲ။ ဒီဗိုလ်ချုပ်တွေပဲဆိုတာ။ ဘာနဲ့တူလဲဆိုတော့ လက်ဖက်ခြောက်အသစ် မထည့်ဘဲ ရေနွေးထပ်ထည့်သလိုပေါ့´ လို့ ဆိုပါတယ်။

ဒါမျိုးက ခါးသက်သက်အရသာပဲ ရမှာပါ။

ဗိုလ်ချုပ်ကြီးတွေအကြောင်း ကောင်းကောင်းသိနေတဲ့ အိမ်ချုပ်အကြိမ်ကြိမ် ကျခံခဲ့ရတဲ့  ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥပဒေစိုးမိုးမှု ရှိစေရေးကိုပဲ တောင်းဆိုနေပါတယ်။

`ပိုကောင်းတဲ့ နိုင်ငံရေးစနစ်တရပ် ရှိလာရင် အဆင်ပြေသွားမယ်လို့ ကျမ ထင်ပါတယ်။ ပြစ်မှုတခုခုကို တကယ်မကျူးလွန်ရင် အဖမ်းမခံရဘူးဆိုတာ သိနေရင် ဘယ်သူမှ ကိုယ့်အိမ်နီးချင်းကို မယုံသင်္ကာဖြစ်နေမှာ မဟုတ်ဘူး´ လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ဒါကလည်း အမြင်သဘောထားတချို့ကိုပဲ ပြောင်းလဲစေလိမ့်မယ်လို့ ပြောပြပါတယ်။

တကယ်စစ်မှန်တဲ့ အပြောင်းအလဲအတွက် အချိန်ယူရဦးမှာပါ၊ ကြောက်စိတ်ဟာ လူထုရဲ့ လူမှုရေး ယဉ်ကျေးမှု စံတန်ဖိုးတွေနဲ့လည်း သက်ဆိုင်တယ်လို့ သူယုံကြည်ကြောင်းပါ ပြောပါတယ်။ ဒါတွေကတော့ အချိန်အတော်ကြာမှ ပြောင်းလဲသွားနိုင်မှာပါ။

`တကယ်အပြောင်းအလဲ ကြီးကြီးမားမား ပေါ်ဖို့ဆိုရင်တော့ အချိန်ယူရမယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုခိုင်မာဖို့ အမြစ်တွယ်ဖို့ ဆိုတာလည်း အချိန်ယူရမယ်´ လို့ သူက ဆိုပါတယ်။

နှေးကောင်းနှေးပေမယ့် အပြောင်းအလဲကြီးတခု ဖြစ်တော့မယ်ဆိုတာတော့ ကျမတို့ သိနေကြပါပြီ။ လူငယ်တွေဟာ လူငယ်အုပ်စုလေးတွေအဖြစ် စုစည်းမိလာနေကြပါတယ်။ လူသားချင်းစာနာတဲ့ လူမှုအထောက်အကူပြု လုပ်ငန်းတွေ လျှို့ဝှက်နိုင်ငံရေး အလုပ်တွေကို ဒီအုပ်စုလေးတွေက လုပ်ကြပါတယ်။ ဒီအုပ်စုတွေထဲက တခုရဲ့ လူငယ်ခေါင်းဆောင် တယောက်က ကျမတို့နဲ့ တွေ့ဆုံတုန်း ပြောတာက သူတို့အရင် မျိုးဆက်တွေက စစ်အစိုးရက ပြစ်ဒဏ်ကြီးကြီးမားမား ချခဲ့လို့ နိုင်ငံရေးစကား မပြောကြတော့ကြောင်းနဲ့ သူတို့ကတော့ လူထုအခြေပြု လုပ်ငန်းတွေလုပ်ရင်း နိုင်ငံရေးလုပ်ရတာ အန္တရာယ်မများလှတာကို သိလာကြောင်း ပြောပြပါတယ်။ သူဆိုလိုတာက လူငယ်အုပ်စု အများအပြားအကြား လျှို့ဝှက်ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြတာကို ဆိုလိုတာပါ။

ကျမတို့လည်း ပြန်ချိန်တန်ပါပြီ။ ၁ဝ ရက်လုံးလုံး နိုင်ငံရေးအရ တက်ကြွလှလူတွေ၊ သတင်းထောက်တွေ၊ အကူအညီပေးရေး အဖွဲ့အစည်းတွေ၊ ကျောင်းဆရာတွေ၊ သံဃာတော်တွေ၊ ပြီးတော့ အမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ခွင့်ရခဲ့ပါတယ်၊ ဆွေးနွေးပြောဆိုခွင့်ရခဲ့ပါတယ်။

စောင့်ကြည့်ထောက်လှမ်းတာတွေကို ကျမတို့လည်း ကိုယ်တိုင်ကြုံခဲ့ရပြီ။ ကျမတို့ တွေ့ခဲ့တဲ့ မြန်မာလူမျိုးတွေ ပြောတာ ကြားခဲ့ရသလို၊ ကိုယ်တိုင်မျက်စိနဲ့လည်း တပ်အပ်မြင်ခဲ့ရပြီ။ ပန်းခြံထဲမှာ၊ လေဆိပ်မှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပပ် ဌာနချုပ်ရုံးရှေ့မှာ၊ ကျမတို့ကို ပြောင်ပဲ ဓာတ်ပုံရိုက်ခဲ့ကြတယ်။ ရန်ကုန်ကနေ မန္တလေးအသွား ရထားပေါ်မှာလည်း အခုလို ကြုံခဲ့ရတယ်။ ခုနလေးတင် တွေ့ခဲ့ရတဲ့ အမျိုးသမီးတယောက်ရဲ့ အီးမေးလ်လိပ်စာကို မှတ်စုစာအုပ်ထုတ် မှတ်လိုက်တာနဲ့ပဲ ချက်ချင်းဆိုသလို ရှပ်အကျီင်္အဖြူဝတ်ထားတဲ့ လူတယောက် အနားရောက်လာပြီး ဘယ်သွားမလို့လဲ မေးကာ သူ့မှတ်စုစာအုပ်ထုတ် ရေးမှတ်နေတာကိုလည်း ကြုံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ပြီးကတည်းက ကျမတို့ခြေလှမ်းလှမ်းသမျှ အကုန်စောင့်ကြည့် မှတ်တမ်းတင်နေပြီဆိုတာက ထင်ရှားလှပါတယ်။ တယောက်ယောက်ကို အန္တရာယ်မဖြစ်စေဘဲ တွေ့ဆုံဖို့ဆိုရာမှာ မဖြစ်နိုင်တော့ကြောင်းလည်း သိလာခဲ့ပါတယ်။

အန်တီနဲ့ တွေ့အပြီး နောက်တရက်မှာပဲ ကျမတို့ဆရာဆီ အမျိုးသမီးတယောက်က ခရီးသွားအေဂျင်စီကပါလို့ ဆိုပြီး ဖုံးဆက်လာပါတယ်။ သူက ကျမတို့အဖွဲ့ မြန်မာပြည်က ဘယ်နေ့ပြန်မယ်၊ ဘယ်အချိန်ထွက်မယ်၊ လေယာဉ်နဲ့လား စသဖြင့် မေးလာပါတယ်။ ပြီးတော့ ဘာမှမပြောဘဲ ဖုန်းချလိုက်ပါတယ်။ အခုအဖြစ်အပျက်ဟာ ကျမတို့ခရီးစဉ်အတွင်း ကြုံခဲ့ရသမျှ ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေထဲက တခုပါ။

ဒီလို စောင့်ကြည့်ထောက်လှမ်းခံရမှုကတော့ မြန်မာပြည်ကမထွက်ခင် နောက်ဆုံးမိနစ်အထိ ဖြစ်ပါတယ်။ ဒိန်းမတ်ဆီ ထွက်ခွါဖို့ ရန်ကုန်လေဆိပ် ရွေ့ရှားလှေကားပေါ် တက်သွားနေတုန်းမှာပဲ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ထားသူ တယောက်က ကျမတို့ကို ဓာတ်ပုံရိုက်ဖို့ အဆင်သင့်ဖြစ်နေတာကိုပါ တွေ့ရပါတယ်။ ကျမတို့နိုင်ငံကူးစာအုပ်တွေ အစစ်ဆေးခံနေတုန်း ကျမတို့အားလုံး တဦးချင်းကို စိမ်ပြေနပြေ ဓာတ်ပုံရိုက်ခွင့် သူ ရပါတယ်။

ဒါပေမဲ့ ဘယ်သူကမှ ကျမတို့ ထွက်ခွါတာကို မတားပါဘူး။ ကျမတို့အိတ်တွေကိုလည်း ဘယ်သူကမှ လာမစစ်ကြပါဘူး။

နောက်ဆုံး ကျမတို့အားလုံး လေယာဉ်ပေါ် ရောက်ကြပါတယ်။ အစိုးရကို ကျမတို့ ဘာသတင်းအချက်အလက်မှ ပေးစရာ မလိုတော့ပါ။ မကြာခင် လွတ်လွတ်လပ်လပ်လည်း စကားပြောနိုင်တော့မှာမို့ ကျမတို့အားလုံး ပျော်နေကြပါတယ်။

တယောက်ယောက်က စောင့်ကြည့်နေတာကို အမြဲခံစားနေရတဲ့ ကမ္ဘာလောကထဲက ထွက်လာရတာကိုက ကျမတို့အတွက် ထူးဆန်းတဲ့ ခံစားချက်တမျိုးကို ဖြစ်ပေါ်စေပါတယ်။ ကျမတို့ရဲ့ မြန်မာလူမျိုး မိတ်ဆွေတွေ အကြောင်းကိုလည်း စဉ်းစားနေမိပါတယ်။ အခုလို အကိုကြီးက တချိန်လုံး စောင့်မကြည့်နေတော့မယ့် နိုင်ငံထဲမှာ နေခွင့်ရရေးဆိုတဲ့ သူတို့ရည်မှန်းချက်ကို တနေ့ရောက်ပါ့မလား။ ဒါမှမဟုတ် အစိုးရကို ဝေဖန်ပြောဆိုမိလို့ ထောင်ထဲပဲ ရောက်သွားကြမလား။ မတွေးတတ်တော့ပါ။

ကျမတို့ ဘာတွေ လုပ်ပေးနိုင်ပါသလဲ။ ကျမတို့ဟာ တခြားတကမ္ဘာကနေ လာကြတဲ့ ကျောင်းသူငယ်တွေပဲ ဖြစ်ပါတယ်။ ကျမတို့ရဲ့ မိတ်ဆွေတွေ ရုန်းကန် တိုက်ပွဲဝင်နေကြတဲ့ လွတ်လပ်မျှတတဲ့ လူ့အဖွဲ့အစည်းတခု ပေါ်ပေါက်ရေးမှာ ကျမတို့လည်း တခန်းတဏ္ဍ ပါဝင်ဖြည့်ဆီး ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတော့တယ်။


Add this page to your favorite Social Bookmarking websites