Wednesday 29 June 2011

https://mail.google.com/mail/u/0/?ui=2&ik=e0cb5a234b&view=att&th=130db4f5024c5b57&attid=0.2&disp=inline&realattid=f_gpi8df281&zw
https://mail.google.com/mail/u/0/?ui=2&ik=e0cb5a234b&view=att&th=130db4f5024c5b57&attid=0.1&disp=inline&realattid=f_gpi8dcdc0&zw


Burmese pro-democracy leader Aung San Suu Kyi( ဘီဘီစီThe Reith Lectures 2011 )

Posted: 28 Jun 2011 01:13 AM PDT


အသံလွှင့်ချက်အကျယ်နားထောင်ကြည့်ရန်ပုံကိုနှိပ်ပါ။


အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးဘမြင့်၏ (၆၅)နှစ်မြောက်မွေးနေ့ပွဲနှင့် ဂုဏ်ပြုပွဲ

Posted: 28 Jun 2011 12:58 AM PDT


ဒီကနေ၂၇ရက်နေ့မှာ ၉၀ ခုနှစ်မှ လေးကြိမ်မြောက် အဖြစ် ဖမ်းဆီးခံရပြီးနောက်ဆုံးအကြိမ် အနှစ်၂၀ ဗန်းမော်ထောင် တွင် နိုင်ငံရေးမှုဖြင့်အကျဉ်းကျနေသော အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဦးဘမြင့်၏ ၆၅နှစ်ပြည့်မွေးနေ့ပွဲနှင့် ဂုဏ်ပြုပွဲကို အလုံမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှိရာဦးဘမြင့်၏နေအိမ်မှာ ကျင်းပပါတယ်။
ဒီပွဲကိုအင်္ဂါဝတ်ပြူအဖွဲ့ကိုယ်စားဒေါ်နော်အုံးလှ၊အလုံမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့၂၀၀၇
စက်တင်ဘာအကြမ်းမဖက်အမျိုးသားလှုပ်ရှားသူလူငယ်တွေကဦးဆောင်ကျင်းပတာပါ။ နံနက်၇နာ၇ီမှာ အဖွဲ့ဝင်တွေ မိတ်ဆွေတွေနဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းမှာဆွမ်းကပ်ပြီး ဦးဘမြင့်အပါအ၀င် အကျဉ်းကျနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဆွမ်းကပ် လှူဒ်ါန်းခဲ့ပါတယ် ။နံနက် ၈နာရီမှာ ကျွေးမွေးဧည့်ခံပြီးဦးဘမြင့်အပါဝင်ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့ဖယာင်းတိုင်မီးထွန်းကြပြီး ဆုတောင်း ကြပါတယ်။

ဂုဏ်ပြူကဗျာများနှင့်ဂုဏ်ပြုစကားများဖတ်ကြားပြောကြားပြီး အလုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဘမြင့်၏သားဖြစ်သူ အလုံ လူငယ်ခေါင်းဆောင်ကိုလူမော်လတ်မှ တက်ရောက်လာသူအားလုံးကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီးအကျဉ်းကျနိုင်ငံရေးသမားတွေပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒီမွေးနေ့ပွဲကိုအင်္ဂါမိသားစုဝင်များ နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ။ကျောင်းသားများ
၊ဖမ်းဆီးခံနိုင်ငံရေးမိသားစုဝင်များ စုစုပေါင်း၁၅၀ နီးပါးတက်ရောက်ကြခဲ့ကြပါတယ်။

အားလုံးမေတ္တာဖြင့်
ကိုလူမော်လတ်


အရေးပေါ်လှုပ်ရှားမှု

Posted: 28 Jun 2011 12:44 AM PDT

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါးလာရောက် ကုသမည့် လူနာများအား တစ်ရက်ကြိုတင်၍ တိုကင်ယူဆောင်ရပါမည်။ နေ့စဉ်နေ့တိုင်း နေ့လည် (၂း၀၀) နာရီ အချိန်မှစ၍ တိုကင်ပေးခြင်း၊ လူနာအမည်စာရင်းတို့ကို သက်ဆိုင်ရာရောဂါဝေဒနာအလျှောက် ကုသပေးမည့် ဆရာဝန်များ၏ ကုသမှုစာရင်းရေးသွင်းသွားမည်ဖြစ်သည်။ လာရောက်၍ တိုကင်ယူရာ ၌လည်း လူနာကိုယ်တိုင်ရန်မလို။ လူနာနှင့်ပတ်သက်သော ဆွေမျိုးသားချင်း (သို့) မိတ်ဆွေတို့မှ လာရောက်တိုကင်ယူရာတွင် လူနာ၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း(မူရင်း/မိတ္တူ)တို့အား ယူဆောင် လာရန် လိုအပ်ပေသည်။

၂၇.၆.၂၀၁၁ (တနင်္လာနေ့) နေ့လည် (၁း၀၀) နာရီအချိန်ခန့်တွင် သုခကုသိုလ်ဖြစ်ဆေးခန်း၌ (အရိုးအကြော) ဆေးကုသခံယူရန်အတွက် တိုကင်စီတန်းနေသော မြောက်ဒဂုံမြို့နယ်နေ ဒေါ်ရင်မေသည် ရုတ်တရက် မူးလဲမေ့မြောသွားခဲ့ရာ သုခကုသိုလ်ဖြစ်ဆေးခန်း၏ လူမှုရေး လုပ်အား ပေးအသင်းသားများက သုခကုသိုလ်ဖြစ်ဆေးခန်းအတွင်းရှိ တာဝန်ကျ ကုသိုလ်ဖြစ်လာရောက် ကုသ ပေးနေသော ဒေါက်တာ ဦးရွှေထွဏ်းထံချက်ချင်း အကြောင်းကြား၍ ဒေါက်တာဦးရွှေထွဏ်းမှ အရေးပေါ် သွေးပေါင်ချိန်တိုင်းကြည့်ရာ၊ သွေးပေါင်ချိန် အလွန်ကျနေပါ၍ အချိုရည်အကြောအား ဆေး ချိတ်တွယ်ကာ မြောက်ဥက္ကလာပဆေးရုံ အရေးပေါ်ဋ္ဌာနသို့ သုခကုသိုလ်ဖြစ်ဆေးခန်းရှိ အရေးပေါ်လူနာတင်ယာဉ်ဖြင့် အလျင်မြန်ဆုံး ပို့ဆောင်ကူညီပံ့ပိုး ကယ်ဆယ်ပေးနိုင်ခဲ့သည်။

ထို့ကြောင့် နောက်နောင် ဆေးဝါးကုသရန်အတွက် လာရောက်တိုကင်ယူသောအခါတွင် လူနာ ကိုယ်တိုင်လာရောက် ယူရန်မလိုကြောင်း သတိပြုရမည်ဖြစ်သည်။ ယခုဖြစ်စဉ်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် သီတဂူဆရာတော်ကြီးမှ ၆.၅.၂၀၁၁ ရက်နေ့တွင် လှူဒါန်းထားသော အရေးပေါ်လူနာတင်ယာဉ်ရှိနေခြင်းကြောင့် လူနာအနေဖြင့် အသက်အန္တရာယ်မှ ကယ်တင်နိုင်ခြင်း ဖြစ်သည်။ ထိုကြောင့် သီတဂူဆရာတော်ကြီး၏ အရေးပေါ်လူနာတင်ယာဉ် ပွဲဦးထွက် ကုသိုလ်ဖြစ်လှုပ် ရှားမှုတစ်ရပ်ပင် ဖြစ်တော့သည်။


ိကိုကျော်သူ


လွှတ်တော် ဥက္ကဋ္ဌ ပြောတဲ့ ဥပဒေပြင်ပနဲ့ နီးနီးဝေးဝေးက လူတွေ ဆိုတာ . . .

Posted: 27 Jun 2011 08:44 AM PDT

Photo..Irrawaddy
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဥပဒေ ပြင်ပနဲ့ နီးနီးနေတဲ့သူတွေ ရှိသလို ဥပဒေပြင်ပနဲ့ ဝေးဝေးနေတဲ့ သူတွေလည်းရှိတယ်။

ဥပဒေအထက်တွင် မည်သူ တဦးယောက်မျှ မရှိသကဲ့သို့ ဥပဒေ ပြင်ပတွင်လည်း မည်သူ တဦး တယောက်မျှ ရှိ၍ မရဘူး ဆိုပြီး သတိ ပေးသလို ပြောသွားတယ်။

အားလုံးကတော့ သိကြပါတယ်။ ဥပဒေပြင်ပမှာ နီးနီးနေတဲ့သူ ဆိုတာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတာ၊ ဝေးဝေးက ဆိုတာက ပြည်ပ အတိုက်အခံတွေကို ပြောချင်တာပါ လို့ အဲဒီအစည်းအဝေးကို တက်ကြသူတချို့က သုံးသပ်ကြတယ်။

ကျွန်တော့်စိတ်ထဲ အွန်လိုင်းပေါ်မှာ ရေးနေသားနေတဲ့ ကျွန်တော်တို့လို လူမျိုးတွေကိုများ ရည်ညွှန်းသလားလဲ ခံစားမိတယ်။ နီးနီးဆိုတာ ကျွန်တော်တို့လို ပြည်တွင်းကရေးနေ၊ သားနေတဲ့သူတွေ၊ ဝေးဝေးဆိုတာ ပြည်ပ က ရေးနေသားနေတဲ့သူတွေပေါ့။

မြန်မာပြည် ဒီမိုကရေစီ တည်ဆောက်ရေးမှာ ဖဆပလခေတ်တုန်းကလို ဗန္ဓုလပန်းခြံထဲ ပြည်သူ့ဟစ်တိုင်ထားပေးတာမျိုးတောင် မလုပ်နိုင်ပဲ၊ ခုလို လူနည်းစု၊ ပညာတတ်လူတန်းစား နည်းနည်း ကလေး ကွက်ပြီးသုံးတဲ့ အွန်လိုင်းပေါ်မှာတောင် လွတ်လပ်စွာ ဝေဖန်ပြောဆိုရေးသားကြတာတွေ၊ အပြန်အလှန်လေးလေးစားစားနဲ့ ဆွေးနွေး ပြောဆိုရေးသားကြတာတွေကို ထိပါး လာမယ်ဆိုရင်တော့ သူတို့ပြောတဲ့ ဒီမိုကရေစီ ဟာ ဘာ ဆိုတာ ပိုထင်ရှားလာပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ လွတ်လပ်စွာ ရေးသားထုတ်ဖေါ်ဝေဖန်ပြောဆိုခွင့်နဲ့ အပြန်အလှန်( စစ်ဗိုလ်တွေ၊ အစိုးရကိုထောက်ခံတဲ့ လိုလားတဲ့အင်အားစုတွေနဲ့) အပြန်အလှန်လေးလေးစားစား ဆွေးနွေးမှုတွေကို ပြုရင်း ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာဖို့၊ ဒီမိုကရေစီထွန်းကားလာဖို့ ရည်ရွယ်ချက်နဲ့ ဆက်ရေးနေသားနေပါဦးမယ်။

ကျွန်တော် မြန်မာပြည်ထဲမှာနေနေတာပါ။ အချိန်မရွေး သူတို့ကြိုက်သလို စီမံနိုင်ပါတယ်။

ချစ်ခင်စွာ

ချိုတူးဇော်


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Monday 27 June 2011

ဒေါ်စုပြောတဲ့ လူငယ်နှင့် အိုင်တီ

ome > အင်တာဗျူး > ဒေါ်စုပြောတဲ့ လူငယ်နှင့် အိုင်တီ

ဒေါ်စုပြောတဲ့ လူငယ်နှင့် အိုင်တီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(ရန်ကုန်) Asia Calling မှ Rebecca Henschke နှင့်  KBR 68H အင်ဒိုနီးရှား ရေဒီယိုသတင်းဌါန၏ အပတ်စဉ် ရေဒီယိုအစီအစဉ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မကြာသေးခင်က ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာလူငယ်များ အကြောင်း၊ ဆက်သွယ်ရေးနှင့် အိုင်တီနည်းပညာ ပြောင်းလဲမှုကြီးကို သတိထားမိကြောင်းလည်း ဒေါ်စုက ထည့်သွင်း
 ပြောဆိုသွားသည်။

မွေးနေ့မှာ ဘာတွေလုပ်နေပါသလဲ။

“ကျမမွေးနေ့မှာ အတော်များများခဲ့ပါတယ်။ လူငယ်ဂီတပြိုင်ပွဲ နောက်ဆုံးနေ့ကို ကျင်းပခဲ့ပါတယ်။ လူငယ်တွေဘဝမှာ လုပ်စရာအလုပ်တခုခု အမြဲရှိနေတယ်ဆိုတာ သိစေဖို့နဲ့ သူတို့ထူးချွန်တဲ့နေရာမှာ အောင်မြင်စေရေးအတွက်လေ့ကျင့်ဖို့ အခွင့်အလမ်းပေးခဲ့တာဖြစ်ပါတယ်။ အခုကြားနေရတဲ့ ဂီတဟာ ဒီပြိုင်ပွဲက ဂီတပါပဲ၊ ခု အကြို ဗိုလ်လုပွဲ အဆင့်
 ရောက်နေပါပြီ”

ဒီပြိုင်ပွဲမှာ လူငယ်တွေ နိုင်ငံရေး လူ့အခွင့်အရေးတွေ အကြောင်း သီဆိုပြိုင်ပွဲ ဝင်နိုင်ပါသလား။

“ခုအထိတော့ ကျမကြားရတဲ့ သီချင်းအများစုဟာ ဒီ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတွေ အကြောင်းပါပဲ”

သူတို့ ဒီသီချင်းတွေကို လူထုကြားထဲမှာကော ဖျော်ဖြေမှာလား။

assk“ဟုတ်ပါတယ်၊ ရုံးမှာ ဒီသီချင်းတွေကို သူတို့ သီဆိုယှဉ်ပြိုင်ခဲ့ ပြီးပါပြီ။ ကျမမွေးနေ့မှာ အများရှေ့မှာပဲ နောက်ဆုံး ဗိုလ်လုပွဲအနေနဲ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ကြည့်ချင် နားထောင်ချင်တဲ့သူ အားလုံး ဒီပြိုင်ပွဲကို လွတ်လွတ်လပ်လပ် လာရောက် ကြည့်ရှုနိုင်ပါတယ်”

ဂျကာတာကို ရောက်လာတဲ့ လူငယ်တချို့နဲ့စကားပြောကြည့်တော့ နိုင်ငံရေးကို စိတ်မဝင်စားတဲ့အကြောင်း၊ စိတ်ဝင်စားမှု လျော့ကျလာတဲ့အကြောင်းတွေပြောကြပါတယ် ဒါကိုကောသိပါသလား။

“လူငယ်တချို့က စိတ်မဝင်စားတာရှိမှာပါ ဒါပေမဲ့တကယ့်ကို စိတ်ဝင်စားတဲ့သူတွေလဲ ရှိပါတယ်။ ဒီတော့ ဘယ်လို လူငယ်တွေနဲ့ ရှင်စကားပြောခဲ့သလဲ ဆိုတာပေါ် မူတည်မှာပါ။ အခွင့်ထူးခံ အသိုင်းအဝိုင်းကတော့ ဒီမိုကရေစီကို စိတ်မဝင်စားတာ နိုင်ငံရေးကို စိတ်မဝင်စားတာ ရှိပါတယ်။ ဒီလိုပဲ ဘဝကိုခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ လူငယ်တွေကလဲ သူတို့နိစ္စဓူဝ အလုပ်ထက်ပိုပြီး ဘာကိုမှ မစဉ်းစားအားဘူး။ ဒါပေမဲ့ အခုပိုပြီးတွေ့လာရတာက သူတို့ဘဝတွေကို မကျေမနပ်ဖြစ်နေတဲ့ လူငယ်တွေဟာ အပြောင်းအလဲဖြစ်ဖို့ သူတို့တခုခုလုပ်မှ ဖြစ်တော့မယ် ဆိုတာကို တဖြည်းဖြည်း သိလာနေကြပါပြီ”

ဒေါ်စုမွေးနေ့မှာ လူငယ်တွေကို နိုင်ငံရေးအကြောင်း သီချင်းဆိုခိုင်းတဲ့ စိတ်ကူးကလဲ ကြီးမားတဲ့ အပြောင်းအလဲပဲလား။

“ ကျမတို့ လူငယ်တွေဟာ ဒီမိုကရေစီနဲ့ နိုင်ငံရေးအကြောင်းကို အမြဲပဲသီဆိုနေကြပါတယ်။ ဖိနှိပ်မှုတွေ ဘယ်လိုပဲရှိရှိ၊ ကန့်သတ်မှုတွေ ဘယ်လိုပဲရှိရှိ ကျမတို့လုပ်သင့်တယ်ထင်တဲ့ အလုပ်တွေကို လုပ်ဖို့ အမြဲကြိုးစားနေပါတယ်။ အခုထူးခြားတာက ဒီလုပ်ငန်းမှာ လူငယ်တွေပိုပြီး ပါဝင်လိုကြတာကို တွေ့ရပါတယ်”

ပိုများလာတယ်ဆိုတာ သံဃာတော်တွေ အုံကြွမှု ကာလကထက် ပိုများလာတာပါလား။

“အဲဒီအချိန်က ကျမက နေအိမ် အကျယ်ချုပ် ကျနေဆဲမို့ ဒီအကြောင်းမသိပါဘူး။ ဒါပေမဲ့ သေချာတာက ကျမနောက်ဆုံး နေအိမ် အကျယ်ချုပ် ချခံရတဲ့ ၈ နှစ်ကထက် စာရင်တော့ ပိုများလာပါတယ်”

ခုလိုနေ အိမ်အကျယ်ချုပ်ချခံရလို့ အဆက်ပြတ်နေရာကနေ ပြန်လွတ်လာတဲ့အခါ တခြားဘာထူးခြားတဲ့ အပြောင်းအလဲတွေ တွေ့ရပါသေးလဲ။

“ဆက်သွယ်ရေးမှာ တိုးတက်မှုကြီး အိုင်တီတော်လှန်ရေးကြီးလဲ မြန်မာပြည်ရောက် လာတာကို တွေ့ရပါတယ်။ တခြားနိုင်ငံတွေနဲ့စာရင် ရှေ့တန်းရောက်၊ မရောက် မပြောနိုင်ပေမယ့် ဒီဆက်သွယ်ရေး တော်လှန်ရေးကြီးက အတိုင်းအတာတခုအထိ  မြန်မာနိုင်ငံကို ရောက်လာခဲ့တာ သေချာပါတယ်။ ဒါကြောင့်ပဲ လူငယ်တွေဟာ ကျမတို့ လုပ်နေတာတွေကို စိတ်ဝင်စားလာကြတယ် ကျမတို့လုပ်နေတာတွေကို အမီလိုက်လာနိုင်ကြတယ်”

မိန့်ခွန်းတွေ အမှာစကားတွေကို အပြင်ရောက်အောင် ဗွီဒီယိုလင့်တွေ တခြား ဒစ်ဂျစ်တယ် နည်းလမ်းတွေ သုံးပြီး လုပ်လာနိုင်တာ တွေ့ရပါတယ်။ ဒေါ်စုလုပ်နေတဲ့ အရေးကိစ္စတွေအတွက် စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဖို့ မြန်မာနိုင်ငံ အပြင်ထွက်ပြီး တခြားနိုင်ငံတွေ ဥပမာအားဖြင့် ထိုင်း တရုတ်နိုင်ငံတွေကို ထွက်ပြီး မလုပ်နိုင်ဘူးလား။

“နောက်လအတွင်း မြန်မာပြည်ထဲမှာ ကျမခရီးထွက်မှာပါ။ ဒီ့မတိုင်ခင် ရန်ကုန်မြို့ အပြင်မထွက်နိုင်တာကတော့ ဒီမှာလုပ်စရာတွေ အများကြီးရှိနေလို့ပါ။ ဒါပေမဲ့ ရန်ကုန်မြို့ အပြင်ထွက်နိုင်ဖို့ အချိန်ရလာအောင် ကြိုးစားခဲ့ပါတယ်။
 နောက်လထဲမှာ စထွက်မှာပါ။ မြန်မာပြည် အပြင်ထွက်ဖို့ ဆိုတာကတော့ ကျမထင်ပါတယ် နည်းနည်း စောပါသေးတယ်။ ကျမနိုင်ငံပြင်ပ ထွက်သွားခဲ့ရင် လက်ရှိအစိုးရက ကျမကို ပြန်လာခွင့်ပေးမယ်လို့ မထင်နိုင်သေးပါဘူး”

ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းတော့ လွတ်လွတ်လပ်လပ် အကန့်အသတ်မရှိ သွားနိုင်တယ်မဟုတ်လား။

“ကန့်သတ်မှုတွေလုပ်မလား မလုပ်ဘူးလားဆိုတာလဲ ကျမမသိပါဘူး။ သူတို့ အပေါ်ပဲ လုံးဝမူတည်ပါတယ်။ ဒါပေမယ့် ကျမမှာ ကိုယ့်နိုင်ငံတွင်း လွတ်လွတ်လပ်လပ် ခရီးထွက်ခွင့်ရှိတယ်လို့တော့ ထင်ပါတယ်”

လွတ်လာပြီးကတည်းက ဘယ်နေရာတွေမှာ အအောင်မြင်ဆုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါသလဲ။

“ကျမထင်တာ ဒီမိုကရေစီ ကွန်ရက်တွေဖွဲ့တာမှာ အရှိန်အဟုန် သိပ်ကောင်းခဲ့တာ အတွက်တော့ အားရတယ်။ လူငယ်တွေ ပညာရေးတွေလို ကိစ္စတွေနဲ့ ပတ်သက်လို့ တခြားနိုင်ငံတွေထိ ကွန်ရက်က ကျယ်ပြန့်သွားပြီ။ ကွန်ရက်က စုံပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ ရှေ့နေကွန်ရက် အတော်စုံတယ်။ ပညာရေးကတော့ အဓိကပေါ့”

ဘာတွေများလဲ နည်းနည်း ထပ်ရှင်းပြလို့ရမလား။

“ကျမတို့ အခမဲ့ကျောင်းတွေ ဖွင့်ခဲ့ပါတယ်။ ဒီကျောင်းတွေကို မျှော်လင့်မထားတဲ့နှုန်းနဲ့ကို တိုးဖွင့်နိုင်ခဲ့ပါတယ်။ သိပ်ကိုမြန်ပါတယ်။ ဒီနည်းဟာ အတော်အလုပ်ဖြစ်တယ်။ ပညာရေးက မြန်မာပြည်မှာ အတော်ဈေးကြီးတယ်။ တိုင်းပြည်က ဆင်းရဲပေမယ့် ပညာရေးစရိတ်က အတော်ကြီးတယ်။ အစိုးရကပေးတဲ့ ပညာရေးက အခမဲ့မဟုတ်ဘူး။ မိဘတွေက ကျောင်းမထားနိုင်တဲ့ ကလေးတွေကို အခမဲ့ပညာရေး ပေးနိုင်အောင် ကျမတို့ လုပ်နေတယ်”

ဒီလို လူမှုရေးကိစ္စတွေ လုပ်နေရုံနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရသွားလိမ့်မယ်လို့ ထင်ပါသလား။

“သူတို့ လုပ်ချင်တာကို လုပ်မှဖြစ်မယ်ဆိုတာကို လူထုနားလည်စေချင်တာပါပဲ။ တခြားလူတွေအပေါ် မှီခိုနေလို့ မဖြစ်ဘူး။ အမှီခိုကင်းတဲ့ စိတ်ဓါတ်ကို ရစေချင်လို့ မှီခိုချင်တဲ့စိတ်ကို လျော့ပါးအောင်လို့ တချိန်တည်းမှာ လုပ်တတ် ကိုင်တတ်အောင်လဲ လုပ်ပေးနေတာ”

ဒေါ်စုအပေါ်မှာ လူပုဂ္ဂိုလ်အနေနဲ့ရော၊ ထင်ရှားတဲ့သူ တဦးအနေနဲ့ရော မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် သိပ်မှီခိုလွန်းနေတယ်လို့ ထင်ပါသလား။

“ကွန်ရက်တွေဖွဲ့စည်းတာကိုက ထိုင်နေလို့မရဘူး၊ သူများကိုအားကိုးလို့မရဘူး၊ ကိုယ့်ဘာသာလုပ်မှရမယ် ဆိုတာကို လူတွေသိစေချင်လို့ပါပဲ”

ခုလောလောဆယ် အရှေ့အလယ်ပိုင်းဒေသမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်နေတာကို
 တွေ့နေရပါတယ်။
မြန်မာပြည်မှာကော ဒီသတင်းတွေ ဖော်ပြခွင့် ပြုပါသလား။

“အရှေ့အလယ်ပိုင်းက အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ ဆင်ဆာဖြတ်တာ နည်းနည်းပါးပါးတော့ ရှိမယ်လို့ ကျမထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူတွေကတော့ ဒီသတင်းတွေကို သိနေတာပါပဲ။ တကယ်စိတ်ဝင်စားရင် သတင်းဆိုတာ ရေဒီယိုတို့ အင်တာနက်တို့ကနေ ရနေတာပါ”

ဒီသတင်းတွေက လူတွေကို တစုံတရာ လှုံ့ဆော်ပေးနိုင်တယ်လို့ ထင်ပါသလား။

“ကျမတို့မြန်မာနိုင်ငံမှာလဲ ဒီလိုတွေဖြစ်လာနိုင်မလားလို့ စဉ်းစားကြတာတွေ ရှိပါတယ်။ အခု အရှေ့အလယ်ပိုင်းမှာ
 ဖြစ်နေတာတွေက မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်နဲ့ ၂ဝဝ၇ နှစ်က ဖြစ်ခဲ့တာတွေနဲ့ နှိုင်းယှဉ် ပြောဆိုလာတာတွေလဲ ရှိလာပါတယ်”

ဆွေးနွေးဝိုင်းတွေမှာ သောတရှင်တွေ အမေးများတာက မြန်မာပြည် ဒီမိုကရေစီရရှိရေး တိုက်ပွဲမှာ အပြင်ကလူတွေ ဘာလုပ်ပေးနိုင်မလဲ ဆိုတာပါ။

“ပထမဆုံးအချက်ကတော့ ကျမတို့မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ လူတွေသိနေဖို့ လိုပါတယ်။ ကျမတို့ စိတ်ပူတာ ပြီခဲ့တဲ့နှစ် နိုဝင်ဘာလက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေအပေါ်မှာ သိပ်ထင်ထားကြမှာကိုပါပဲ။
 ရွေးကောက်ပွဲတွေလဲ လုပ်ပြီးပြီ အရပ်သား အစိုးရဆိုတာကြီးလဲ ပေါ်လာပြီ၊ မြန်မာပြည်မှာ နောက်ထပ် လုပ်စရာ ဘာမှမကျန်တော့ဘူးလို့ လူတွေထင်မသွားကြဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ရက်အနည်း ငယ်အတွင်းကပဲ ကချင်လွတ်လပ်ရေး အဖွဲ့နဲ့ အစိုးရတပ် အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာကို သိလိမ့်မယ်ထင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ နီးပါး အပစ်အခတ် ရပ်ထားရာကနေ ခုလိုတိုက်ပွဲတွေ ပြန်ဖြစ်လာတယ်ဆိုတာ ဆုတ်ယုတ်တာကို ပြတာပဲ။ ဒါကြောင့် ငြိမ်းချမ်းရေး ဒီမိုကရေစီရေးတို့မှာ တိုးတက်မှုတွေရှိနေပြီလို့ အလွယ်တကူ ပြောလို့တော့မရဘူးလို့ ကျမထင်ပါတယ်”

တိုက်ပွဲတွေဖြစ်နေတာဟာ တရုတ်ပြည်က ရေအားလျှပ်စစ် စီမံကိန်းတွေ တည်ဆောက်နေတဲ့ မဟာဗျူဟာကျတဲ့ နေရာတွေမှာ ဖြစ်နေတာ ဆိုတော့ အဲဒီနေရာတွေမှာ အခြေအနေတွေ ဘယ်လိုရှိတယ်လို့ သိထားပါသလဲ။

“ရေဒီယိုမှာကြားတာထက်တော့ ကျမတို့ပိုမသိပါဘူး။ နယ်စပ်ဒေသမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကချင်ခေါင်းဆောင်တွေ ပြောတာကြားပါတယ်။ တရုတ်နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးစေလိုတယ်လို့ သူတို့ပြောတာလဲ ကြားပါတယ်”

တိုင်းရင်းသားအရပ်သားတွေ ထောင်ပေါင်းများစွာ ထိုင်းနဲ့ တရုတ်နိုင်ငံကို တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးနေရတယ်လို့လဲ ကြားပါတယ်။ ထိုင်းနိင်ငံကလဲ မြန်မာပြည်က နောက်ထပ် ဒုက္ခသည်တွေ သူတို့ဆီ ရောက်လာတာကို လက်မခံချင်တော့သလိုလဲ ရှိပါတယ်။ တရုတ်ကလဲ ဒီဒုက္ခသည်တွေကို လွန်ခဲ့တဲ့ ၃ ရက်က နယ်စပ်ဖြတ်ကျော်ခွင့် မပေးခဲ့ပါဘူး။ မကြာခင် ကမ္ဘာ့ဒုက္ခသည်နေ့လဲ ရောက်ပါတော့မယ်။ အိမ်နီးချင်းနိုင်ငံ တွေကို ဘာများပြောချင်ပါသလဲ။

“ပထမဆုံး ပြောချင်တာကတော့ ဒုက္ခသည်ဆိုတာ ဖြစ်ချင်လို့ ဖြစ်ရတာ မဟုတ်ပါဘူး။ အခြေအနေအရ မလွှဲမရှောင်သာလို့ ဒုက္ခသည် ဖြစ်လာရသူတွေပါ။ သူတို့နိုင်ငံထဲ နောက်ထပ် ဒုက္ခသည်တွေ ဝင်မလာစေချင်ရင်
 ပြည်တွင်းရေး ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်အောင် မြန်မာနိုင်ငံကို သူတို့ကူညီသင့်တယ်လို့ ကျမထင်ပါတယ်။ ဒီလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ဆိုတာ ကျမတို့လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ လုံး ကြိုးစားခဲ့တဲ့ ကိစ္စပါပဲ”

မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ ညီညွတ်ရင် အစိုးရပြုတ်ကျမယ်လို့ ထင်ပါသလား။

“ညီညွတ်ရေးဆိုတာ အပတ်တကုတ်လုပ်ရတဲ့ဟာမျိုး၊ အထူးသဖြင့် တိုင်းရင်းသား ပေါင်းစုံနေထိုင်တဲ့နိုင်ငံမှာ အတော်အပတ်တကုတ် လုပ်မှရမယ်။ ညတွင်းချင်း ဒီလို ညီညွတ်သွားကြလိမ့်မယ်လို့တော့ ကျမ မထင်ဘူး။ တချိန်လုံး ကြိုးစားရမယ့်အရာပဲ။ အချင်းချင်း ပစ်တာခတ်တာကတော့ ညီညွတ်ရေးအတွက် အဖြေမဟုတ်ပါဘူး”

ဒါဆိုရင် ဒီအဖွဲ့အစည်းတွေကို ပိုပြီးငြိမ်းငြိမ်းချမ်းချမ်း ချဉ်းကပ်လုပ်ဆောင်စေချင် တာပါလား။ သူတို့ရဲ့ လက်နက်ကိုင် တိုက်ပွဲကိုကော ထောက်ခံပါသလား။

“တိုင်းရင်းသားလူနည်းစုတွေအပေါ်မှာပဲ အကုန်လုံးမူတည်တယ်လို့ ကျမ မထင်ပါဘူး။ အစိုးရပေါ်မှာပဲ ပိုတာဝန်ရှိတယ်လို့ ကျမထင်ပါတယ်။ တိုင်းပြည်မှာ အပစ်အခတ်ရပ်စဲထားမလား မထားဘူးလားဆိုတာ ဆုံးဖြတ်နိုင်ခွင့်ကလဲ သူတို့မှာဘဲ ရှိတာကိုး”

ငြိမ်းငြိမ်းချမ်းချမ်း ပျော့ပျော့ပျောင်းပျောင်း ချဉ်းကပ် လုပ်ဆောင်တာထက် စာရင် အစိုးရကို စစ်ပုံစံ ပိုဆန်တဲ့ အုံကြွမှုမျိုး လုပ်ဖို့လိုတယ်လို့ကော ထင်ပါသလား။

“ ငြိမ်းငြိမ်းချမ်းချမ်း ပျော့ပျော့ပျောင်းပျောင်း ဆိုတာလဲ လမ်းမှန်တော့ မဟုတ်ဘူး ထင်ပါတယ်။ ငြိမ်းချမ်းဖို့တော့ လိုတယ် ပျော့နေလို့တော့ မဖြစ်ဘူး။ ဂန္ဓီကြီးက ပြောခဲ့တယ်။ အကြမ်းမဖက်လမ်းကို လိုက်ရတာ အကြမ်းဖက်လမ်းကို လိုက်ရတာထက် သတ္တိပိုရှိဖို့လိုတယ်တဲ့။ ဘာလို့လဲဆိုတော့ ပိုကြိုးကြိုးစားစား ခက်ခက်ခဲခဲ လုပ်ရမှာမို့တဲ့။ ကျမတို့ ငြိမ်းချမ်းတဲ့လမ်းကိုရွေးတာ ကျမတို့ပျော့တဲ့လမ်းကို ရွေးတယ်လို့တော့ မဆိုလိုပါဘူး”


မြန်မာနိုင်ငံက ရေနက်ဆိပ်ကမ်းလို စီးပွါးရေးစီမံကိန်းတွေမှာ ပါဝင်လုပ်ဆောင် နေကြတဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက သောတရှင်တွေ အနေနဲ့ကကော သူတို့နိုင်ငံက လူထုအခြေပြု အဖွဲ့အစည်းတွေက
 မြန်မာနိုင်ငံမှာ သူတို့အစိုးရတွေက လုပ်နေတဲ့ စီးပွါးရေး လုပ်ငန်းတွေအပေါ် ဘယ်လိုဖိအားမျိုးတွေပေး
 နိုင်ပါသလဲ။


“ရေတိုအကျိုးစီးပွါးကိုကြည့်တာထက် ရေရှည်မှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တာဝန်သိသိ ကြည့်ကြဖို့ သူတို့အစိုးရတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်ရင် ကောင်းပါတယ်။ နှစ်နိုင်ငံအကြား အရေးအကြီးဆုံး အချက်က အစိုးရနှစ်ရပ်ကြား ဘယ်လောက်သင့်မြတ်တယ်ဆိုတာ မဟုတ်ဘူး၊ ရေရှည်မှာ နှစ်နိုင်ငံပြည်သူတွေ ဘယ်လောက်သင့်မြတ် အဆင်ပြေတယ်ဆိုတာက ပိုအရေးကြီးတယ်လို့ ကျမထင်တယ်။ နှစ်နိုင်ငံပြည်သူတွေကြား
 ကောင်းမွန်တဲ့ဆက်ဆံရေး ရှိဖို့ဆိုတာ သူတို့ဘယ်လောက် မျှမျှတတယှဉ်ပြိုင် လုပ်ကိုင်ခွင့်ရတယ်ဆိုတဲ့အပေါ် မူတည်တယ်ဆိုတာ သူတို့အစိုးရတွေ သိအောင်လုပ်ပေးနိုင်ရင် ပိုကောင်းတယ်လို့ ကျမထင်ပါတယ်”

အခုလောလောဆယ် ဘယ်နေရာတွေမှာ မျှမျှတတ မရှိဘူးလို့ထင်ပါသလဲ။ ဒီဖွံ့ဖြိုး တိုးတက်မှုတွေက
 မြန်မာပြည်သူတွေအတွက် ဘာမှ အကျိုးမရှိဘူးလား။

“ဒါတကယ့်ကို မမျှတတာပါ။ မြန်မာပြည်ထဲမှာရှိတဲ့ လူတချို့အတွက်တော့ အကျိုးရှိပါတယ်။ မြန်မာပြည်သူ အများစုကြီးအတွက် အကျိုးရှိတယ်လို့တော့ ကျမ မထင်ပါဘူး”

မွေးနေ့အတွက် ဆုတောင်းရမယ်ဆို ဘာဆုကိုတောင်းမလဲ။

“ရှင်းရှင်းလေးပါ၊ ဒါကျမတို့ အားလုံး ကြာရှည်ကြာများ အတူတူတောင်းနေကြတဲ့ ဆုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး အမြန်ဆုံးရပါစေလို့ပဲ ဆုတောင်းပါမယ်”

ဒါဖြစ်နိုင်လိမ့်မယ်လို့ကော ထင်ပါသလား။ ဒါတနေ့မှာ တကယ်ဖြစ်လာလိမ့်မယ်လို့ ကောထင်ပါသလား။

“သိပ်ကိုမျှော်လင့်ပါတယ်။ ကျမတို့လုပ်နိုင်တာနဲ့အမျှ ရမှာပါပဲ။ ကြိုးကြိုးစားစားလုပ်ရင် အောင်မြင်မှာပါ”

တချို့က မေးခိုင်းပါတယ်။ ဒေါ်စုကို ဘယ်အရာတွေက ရယ်မောစေပါသလဲတဲ့။

“ကျမကို ရယ်အောင် လုပ်နိုင်တာ အများကြီးရှိပါတယ်။ တခါတရံ အစိုးရလုပ်နေတာ တွေကလဲ ရယ်ရတာဘဲ။ တခါတရံ သူတို့လုပ်တာ သိပ်ကို ရယ်စရာကောင်းတယ် ဟာသတွေပဲ။ မငိုချင်ရင် ရယ်နေမှ ရမှာ”

Saturday 25 June 2011







ရုပ်ဝတ္ထုတွေ တိုးတက်ပြီး စိတ်ဓာတ်ခြောက်သွေ့နေတဲ့မြို့သို့ အလည်တစ်ခေါက်...

Posted: 23 Jun 2011 10:56 AM PDT

ကြပ်ပြေးသို့ အလည်တစ်ခေါက်...
 လူမရှိတဲ့လမ်းများ....
 ကြပ်ပြေးမင်းရဲ့ နေပြည်တော်က အကြီးဆုံး ဆူပါမားကတ်ပါတဲ့ လူမရှိဘူးလို့ဆိုပါတယ်..။
 အစိုးရ အရာရှိကြီးများရဲ့ အိမ်တော်တွေပါ...
 အိမ်တော်တွေလို့ ဆိုပါတယ်...
ပြီးခဲ့တဲ့လက အသိဂျပန်လူမျိုးတစ်ယောက် မြန်မာပြည် အလည်တစ်ခေါက်သွားပါတယ်...။ ပြန်ရောက်လာပြီး အီးမေးလ် ပေးပို့လာတာလေးကတော့ ရန်ကုန်မြို့ဟာ အစိုးရပြောင်းသွားပေမယ့် အရင်အတိုင်းပါပဲတဲ့.. ချိုင့်တွေ ခွက်တွေနဲ့ပေါ့ ဘာမှမပြောင်းလဲပါဘူးတဲ့...။ ကြပ်ပြေးနေပြည်တော်ကိုလည်း အလည်တစ်ခေါက် ရောကခဲ့ပါတယ်တဲ့....။ နိုင်ငံခြားသားတွေ တည်းခိုတဲ့ ဟိုတယ်နဲ့ လမ်းတွေပေါ်မှာ လူတွေမရှိပါဘူးတဲ့ မြင်ရတဲ့ အတိုင်းပါပဲတဲ့...။ မလိုအပ်ပဲ ညဘက်မှာ ထိန်ထိန်ညီးအောင် မီးတွေထွန်းတာကတော့ မီးပြတ်ပြီး အမြဲတမ်းမှောင်နေတဲ့ ရန်ကုန်မြို့နဲ့ တခြားဆီပါပဲတဲ့။ မလိုအပ်ပဲ မီးတွေထွန်းတာတာ အင်မတန်မှ ဖြုန်းတီးရာ ရောက်ပါတယ်တဲ့...။ 

အဆောက်အဦးတွေ ဟိုတယ်တွေ လမ်းတွေ တော်တော်များများပြီးနေတာ တွေ့ရပေမယ့် ဟိုတယ်တွေမှာ တည်းခိုတဲ့ သူတွေမရှိလို့ နောက်ပိုင်း ပြုပြင်ရေး စားရိတ်တွေ အတွက် စိတ်ပူရပါတယ်တဲ့ ...။ အကြီးဆုံး ဆူပါမားကတ်(၂)ခု ရှိပါတယ်တဲ့။ အစိုးရအရာရှိကြီးတွေရဲ့ အိမ်တွေကတော့ အင်မတန်မှ ခမ်းနားထည်ဝါပြီး သာမာန်ပြည်သူတွေရဲ့ ဘဝကတော့ ဆင်းရဲကြပ်တည်းနေတာ တွေ့ရတာ စိတ်မကောင်းစရာပါပဲတဲ့..။ 

ပေးပို့လာတာကတော့ ဒါပါပဲ... ဒါကတော့ မိုင်တိုင် ၇၆ အလွန်ကြပ်ပြေး မင်းတရားကြီးရဲ့ နေပြည်တော်သို့ အလည်အပတ်ရောက်စဉ် နောက်ဆုံးရ မြင်ကွင်းတွေပါပဲ...။ ရုပ်ပဲရှိပြီး နာမ်မရှိတဲ့သူတွေ အုပ်ချုပ်နေတဲ့ ကြပ်ပြေး ဘဝသေမင်းတရားကြီးရဲ့ မြို့ပေါ့ဗျာ....
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610






အမေရိကန် အောက်လွှတ်တော် ကြားနာပွဲမှာ ဒေါ်စု ဗွီဒီယိုကနေ မိန့်ခွန်းပြော(ရုပ်/သံ)

Posted: 22 Jun 2011 04:39 PM PDT


မြန်မာပြည်ရဲ့ လျှို့ဝှက် ကန့်လန့်ကာ နောက်ကွယ်ကို ထိုးဖောက် ကြည့်ရှုခြင်း၊ ရွေးကောက်ပွဲ အတုအယောင်နဲ့ ခက်ခဲတဲ့လမ်းကြောင်း ဆိုတဲ့ ခေါင်းစဉ်ပါ ကြားနာပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ကွန်ဂရက်စ် လွှတ်တော်မှာ ဗွီဒီယိုကနေတဆင့်မိန့်ခွန်းပြောဆိုလိုက်ပါတယ်...
မိန့်ခွန်းအပြည့်အစုံမူရင်း
DASSK Message to House Subcommittee Heraing June 22 2011




Thursday 23 June 2011

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ရန် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ၂၀၁၀ မတ်လက တောင်းဆိုခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင် (CoI) ဖွဲ့စည်းရေးကို ထောက်ခံကြောင်း ယမန်နေ့က အမေရိကန် အောက်လွှတ်တော်တွင် ပြောကြားလိုက်သည်။

DSu_and_US_Congress
မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ဇွန်လဆန်းက ရောက်ရှိလာသော အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် (ဓာတ်ပုံ - ခင်မောင်ဝင်း / AP)
ဇွန်လ ၂၂ ရက်က ကျင်းပသည့် အမေရိကန် အောက်လွှတ်တော်၏ အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ၏ မြန်မာ့အရေး ကြားနာပွဲသို့ ပေးပို့သော ကြိုတင်အသံသွင်းထား သည့် ဗီဒီယို မိန့်ခွန်းတွင် ဒေါ်အောင်ဆန်း စုကြည်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“ကျမ ပါမောက္ခ ကင်တာနာ တောင်းဆိုထားတဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ရေး (CoI) ကို ထောက်ခံတယ်။ ဒါက စုံစမ်းရေး ကော် မရှင်ပဲဆိုတာ ရှင်းနေတာပဲ။ ခုံရုံးဖွဲ့ အရေးယူတာမဟုတ်ဘူး။ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဘာတွေရှိလဲ။ နောင်မှာ ဒါမျိုးတွေ မရှိအောင် ကျမတို့ ဘာလုပ်နိုင်မလဲဆိုတာကို ဖော်ထုတ်ဖို့ပဲ။ ဒါက ရှင်းပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ ဗီဒီယို မိန့်ခွန်းတွင် အင်္ဂလိပ်ဘာသာဖြင့် ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မည်ကဲ့သို့ အခြေအနေရှိသည်ကို မှန်ကန်စွာ ဖော်ထုတ်နိုင်ရေး အတွက် မစ္စတာ ကင်တာနာ တောင်းဆိုထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး(CoI)ကို အမေရိကန်၊ ကနေဒါ အပါအ၀င်နိုင်ငံ ပေါင်း ၁၆ နိုင်ငံက ထောက်ခံထားသည်။

နိုင်ငံတကာရှိ မြန်မာ့အရေးလှုပ်ရှားသည့်အဖွဲ့များက မြန်မာအစိုးရသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများ နှင့် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲထားမှုများအပေါ် ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မရှင်တွင် တိုင်ကြားခဲ့သည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မကြာခင်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တွင် နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ လွတ်လပ်စွာအသင်းအဖွဲ့ကိစ္စ၊ သတင်း လွတ်လပ်ခွင့် ကိစ္စ၊ လွတ်လပ်သည့် တရားစီရင်ရေးနှင့် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ အနေဖြင့် အချိန်မရွေး မြန်မာနိုင်ငံသို့ လာရောက်ခွင့် ရှိရေး တို့သည် အရေးကြီးကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ဒီကနေ့တိုင်းပြည်မှာ အခုလိုအပ်နေတာက လွတ်လပ်တဲ့တရားစီရင်ရေးမရှိရင် တရားဥပဒေစိုးမိုးမှုမရှိနိုင်ဘူး၊ တရား ဥပဒေ စိုးမိုးမှုမရှိရင် နိုင်ငံသားတွေဘ၀ ဘယ်လုံခြုံမလဲ၊ ဒီမိုကရေစီကို သွားဖို့ စစ်မှန်တဲ့ တိုးတက်မှုလည်း ရှိလာမှာ မဟုတ်ဘူး။ ဘာကြောင့် နိုင်ငံရေးအကျဉ်းသားတွေဟာ အခုထိ အကျဉ်းထောင်ထဲမှာ ရှိနေတာလဲ။ ဒီမိုကရေစီ ဖော်ဆောင်မယ်လို့ ပြော နေတဲ့ အခုအစိုးရဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအမှန်တကယ်ဖြစ်ပေါ်ဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာ ဘယ်လိုလုပ်ရှိစရာလိုတော့မှာလဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ရုပ်သံမိန့်ခွန်းတွင် ပြောသည်။

ထိုကြားနာပွဲတွင် အမေရိကန်အခြေဆိုက် U.S Campaign for Burma အဖွဲ့မှ ဒါရိုက်တာ ဦးအောင်ဒင်နှင့် Johns Hopkins Center for Public Health and Human Rights မှ ဒါရိုက်တာ Dr.Chris Beyrer တို့ကလည်း မြန်မာနိုင်ငံ အခြေအနေများ နှင့် ပတ်သက်ပြီး တင်ပြကြသည်။ 

ကြားနာပွဲ၌ Burma နှင့် Myanmar စကားလုံးနှင့် ပတ်သက်၍လည်း အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုမှတဆင့် ပြောသောစကားကို နားထောင်ပြီးနောက် ကြားနာရေး ကော်မတီ ဥက္ကဌ မစ္စတာ ဒေါ်နယ် မန်ဇူလိုက အမေရိကန် သမ္မတ အိုဘားမား ၏ မြန်မာအစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရေး မူဝါဒသည် အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် မြန်မာ့ဒီမိုကရေစီရေးတို့တွင် တိုးတက်မှုမရှိဟု သံသယဖြစ်မိကြောင်း ယင်းကြားနာပွဲ၌ ထုတ်ဖော်ပြောကြား ခဲ့သည်။

မြန်မာ့အရေးကြားနာပွဲသည် ကချင်၊ ရှမ်း စသည့်ပြည်နယ်များတွင် လတ်တလောဖြစ်ပွားနေသော မြန်မာအစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်တချို့အကြား စစ်ပွဲများဖြစ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ထိုစစ်ပွဲများကြောင့်

ထောင်နှင့်ချီသော ဒုက္ခသည်များသည် တရုတ်-မြန်မာနယ်စပ်သို့ လည်းကောင်း၊ တချို့မှာ တရုတ်နိုင်ငံဘက်သို့ လည်း ကောင်း ထွက်ပြေးတိမ်းရှောင် နေကြရသည်။

အမေရိကန်နိုင်ငံကလည်း မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တချို့အကြား ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခ အခြေအနေများအပေါ် စိုးရိမ်ကြောင်း မကြာသေးခင်က ထုတ်ဖော်ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် အမျိုးသား ပြန် လည် သင့်မြတ်ရေးဆီသို့ ဦးတည်ကြိုးစားကြရန်နှင့် စစ်ပွဲများကို ရပ်တန့်ရန် တိုက်တွန်းထားသည်။

အမေရိကန် အောက်လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ခုနှစ်အတွက် အောက်လွှတ်တော်ဆိုင်ရာ ရွှေတံဆိပ် ဆုကို ချီးမြှင့်ခဲ့ဖူးသည်။ ယင်း ဆုသည် အမေရိကန်အရပ်သားများကို ချီးမြှင့်သည့်ဆုများတွင် အမြင့်ဆုံး ဆုတဆု ဖြစ်သည်။

Wednesday 22 June 2011

ဒေါ်အောင်ဆန်းစုကြည် အမေရိကန် အောက်လွှတ်တော်၏ အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ၏ မြန်မာ့အရေး ကြားနာပွဲသို့ ပေးပို့သော ဗီဒီယို မိန့်ခွန်း

နအဖရဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခြင်းကိုခံခဲ့ ရတဲ့ ဥပဒေကျောင်းသား ကိုဇေယျာရဲ့ ကဗျာပါ။

                                       သွေးစည်းစို့ 
                                 ကချင် ကယား  ကရင် ချင်း
                                 ဗမာ မွန် ရခိုင် ရှမ်း
                                 ပြည်ထောင်စုဖွား 
                                 ညီနောင်များတို့ 
                                ကျောင်းသား စစ်သား
                                ရဟန်းများနှင့် 
                                အလုပ်သမား လယ်သမား
                                တို့ တတွေ အားလုံး 
                               ပေါင်းစည်းလုံးမှ
                                စစ်အာဏာရှင်လက်
                                ရုန်းထွက်နိုင်မယ်
                                ဒီတော့
                                မကွဲပြားဘဲ
                                တဦးနှင့်တဦး
                                လက်များခိုင်ခိုင်
                                တွဲထားကြလော။
                                                                                          ဇေယျာ (ဥပဒေ)



ဂွဒ် ဂါးဗားမန့် ဖြစ်ဖို့ . .- ရေးသူ- ချိုတူးဇော်

Posted: 21 Jun 2011 08:49 AM PDT

လတ်တလော ဖြစ်ပေါ်နေတဲ့ ကချင်၊ ကရင် နဲ့ ရှမ်း ပြည်နယ်တွေက စစ်ပွဲတွေဟာ အစိုးရ ရဲ့ အမြော်အမြင်နည်းပါးမှု၊ ငါတကောကော မောက်မာမှု၊ တွေကြောင့်ဖြစ်ရတယ် လို့ပဲ ရှင်းရှင်းပြောချင်တယ်။

စစ် ဆိုတာ ငါ့မှာ အင်အားရှိတယ်၊ ငါနိုင်အောင် တိုက်နိုင်တယ် လို့ ဆိုပြီးတော့ လည်း တိုက် စရာမှ မဟုတ်တာ။ ဘယ်လိုနည်းနဲ့ပဲ အာဏာကို ရ ထား၊ ရ ထား၊ အစိုးရ တရပ်ဟာ သူအုပ်ချုပ်နေတဲ့ တိုင်းသူပြည်သားတွေရဲ့ ထိခိုက်နာကျင်မှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေကို ပြည့်စုံအောင် ကာကွယ်ပေးနိုင်မှ အစိုးရကောင်း( Good government) ဖြစ်ပါလိမ့်မယ်။ ပါးစပ်က ဂွဒ်ဂါးဗားမန့် လို့ပြောတိုင်းဖြစ်တာမဟုတ်ပါဘူး။ ဒီလို စစ်ဖြစ်ဖို့မပြောနဲ့ သွားရင်းလာရင်း၊ ရထားတွေမှောက်ပြီး၊ ကားတွေမှောက်ပြီး လူတွေအစုလိုက်အပြုံလိုက်ပျက်စီးဆုံးရှုံးရတယ်ဆိုရင်တောင် အစိုးရ မှာ တာဝန်ရှိတယ်။ တာဝန်လည်း ယူရမယ်။ ဒါမှ ဂွဒ်ဂါးဗားမန့် လို့ခေါ်တယ်။ အလကားနေရင်းတော့ မဂွဒ် ဘူးဗျ။ခု ကချင်ပြည်နယ်မှာ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဖြစ်ရတဲ့ စစ်ပွဲတွေဟာ အစိုးရအနေနဲ့တာဝန်လုံးလုံးလျားလျားယူရမယ့် ဖြစ်ရပ်တွေဖြစ်တယ်။

ပြည်သူလူထုကို ကိုယ်စားပြုတဲ့အစိုးရဖြစ်ချင်ရင်၊ အစိုးရကောင်းဖြစ်ချင်ရင် ပြည်သူက မကြိုက်ဘူးလို့အော်နေမှတော့ နားထောင်ပေါ့။ မြစ်ဆုံရေကာတာစီမံကိန်းဟာ ဘယ်လိုအကျိုးမြတ်ပဲ ရှိရှိ၊ ပြည်သူတရပ်လုံးက မလုပ်ပါနဲ့ လို့ ၀ိုင်းအော်နေတာကို ငါတကောကောပြီး ဆက်လုပ်တာကိုးက အစိုးရရဲ့ ရပ်တည်ချက်ဟာ ငါတကောကော ကော ရာ မကျဘူးလား။ အဲဒီ မြစ်ဆုံ၊ အဲဒီ ဧရာဝတီ နဲ့ မြန်မာပြည်ကို တည်ဆောက်ထားတာ။ နေရာတကာ အကျိုးမြတ်ရှိတိုင်း လုပ်လို့ မရဘူး။

အထူးသဖြင့် တိုင်းပြည်ကိစ္စဆိုတာ အကျိုးအမြတ်ထွက်တိုင်း လုပ်ရတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြတ်လို့ ရွှေတိဂုံကိုရောင်းလို့မရဘူး၊ မြတ်လို့ ခါကာဘိုရာဇီကို ပေးလို့မရဘူး။ ဒါ တိုင်းပြည် ကိစ္စ။ တိုင်းပြည်ရဲ့ ရပ်တည်ချက်ဟာ ဘယ်လောက်ဆင်းရဲဆင်းရဲ၊ ဘယ်လောက် အကျိုးအမြတ်နည်းနည်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်သယံဇာတကို စောင့်ရှောက်စောင့်ထိန်းမှုမရှိပဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးလို့အော်နေလည်း အလကားဖြစ်မှာပဲ။ လွတ်လပ်ရေးဆိုတာ သူတပါး ကျွန် ပြုသိမ်းပိုက်ထားမှ ဆုံးရှုံးတာမဟုတ်ဘူး။ ရှိရှိသမျှ သယံဇာတတွေ လက်သည်မပေါ်အောင် ၀ိုင်းပြီး အလုအယက် အောက်ဈေးနဲ့ လက်ဝါးကြီးအုပ် ခံနေရတာလည်း လွတ်လပ်ရေး ဆုံးရှုံးတာပါပဲ။ အင်္ဂလိပ်တွေ ကိုလိုနီ နယ်ချဲ့ တုန်းက သယံဇာတတွေကို ထုတ်ပြီးသယ်သွားတယ်။ ကုန်ကြမ်းတွေကို ဈေးပေါပေါနဲ့ထုတ်လုပ်တယ်။ ကုန်ချောတွေကို အမြတ်တင်ပြီးလာရောင်းခဲ့တယ် တဲ့။ ဒါဆို ခု ကျွန်တော်တို့ နိုင်ငံကို အိမ်နီးချင်းနိုင်ငံတွေက ဘယ်လို ဆက်ဆံနေ၊ ဘယ်လို ပြုမှုနေသလဲ နှိုင်းယှဉ်စဉ်းစားကြည့်ဖို့လိုလိမ့်မယ်။ ကျွန်တော်တို့ ဆိပ်ကမ်းတွေ၊ ကျွန်တော်တို့ လမ်းတွေ၊ ကျွန်တော်တို့မြစ်တွေကို သူတို့ပြည်နယ်တခုထွက်ပေါက်ရဖို့ အသုံးချနေတာ. . .ကိုယ့်အိမ်ထဲ ၀င်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်၊ ကိုယ့်ပစ္စည်းတွေ သုံးချင်သလိုသုံး၊ ကိုယ့်မှာဖြင့် နှမအပျိုတွေနဲ့။ ပြည်သူက ဒါကို မလုပ်စေချင်လို့ မလုပ်ပါနဲ့ လို့တောင်းဆိုရင် အစိုးရက ဂွဒ် ချင်တယ်ဆို ပြည်သူနဲ့ တသွေးတည်း ၊ တသံတည်း နေလိုက်ပေါ့ဗျာ။

ခု ကချင်ပြည်နယ်မှာ တံတားတွေ အဖေါက်ခွဲခံလိုက်ရတော့ ဒီ ၂၀ လုံးတည်ဆောက်ထားသမျှ အလကားဖြစ်ရ၊ ပိုက်ဆံတွေလည်းဆုံး၊ အချိန်တွေလည်းဆုံး ၊ ဒီလိုမျိုးတွေဖြစ်လာနိုင်တယ် လို့ အစက မစဉ်းစားမိခဲ့ဖူးလားလို့ မေးချင်ပါတယ်။ ဒီလိုမျိုးတွေဖြစ်မှာစိုးလို့ အဖွဲ့အစည်းအသီးသီးနဲ့ ပြည်သူလူထုအနေနဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ပါလို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ကြပါတယ်။

စစ် ဆိုတာ မလွှဲမရှောင်သာ ထိပါးလာလို့ပြန်တိုက်ရတယ်ဆိုတောင် အစိုးရက မပါးနပ်လို့၊ လိမ္မာပါးနပ်စွာ မဖြေရှင်းတတ်လို့ လို့ သုံးသပ်ရပါတယ်။ ခုလို ကိုယ့်ပြည်သူကိုယ့်ပြည်သားချင်းဖြစ်ရတာကတော့ အတိုင်းထက်အလွန်ဖြစ်သွားပါပြီ။ကချင်မှာ ကချင်ဒေသခံပြည်သူတွေကို ရထားလမ်းတွေ အလှည့်ကျစောင့်ခိုင်းတယ်ဆိုတဲ့ သတင်းတက်လာပြန်ပါပြီ။

ဒီလုပ်ရပ်ဟာ ကေအိုင်အေ နဲ့ ထိပ်တိုက်မတွေ့ချင်လို့ စစ် ကိုရှောင်ကွင်းချင်လို့ လို့အကြောင်းပြကောင်း ပါလိမ့်မယ်။ ဒါပေမယ့် ပြဿနာတရပ်ကို အရင်းအမြစ်က မဖြေမရှင်းပဲ ခုလို ငါးပွက်ရာငါးစာချဖြေရှင်းတဲ့နည်း က ပြဿနာတွေကင်းမသွားတဲ့အပြင်၊ ကြီးထွားသထက်ကြီးထွားလာမယ်၊ တခြားဘေးထွက်ဆိုးကျိုးတွေ များလာမယ် လို့ ဆင်ခြင်မြော်မြင်သင့်တယ်။

အစကတည်းက တိုင်းရင်းသားတွေနဲ့ နားလည်ယုံကြည်မှုတွေတည်ဆောက်ထားပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုသာ တည်ဆောက်ထားနိုင်ရင် ဘယ် လက်နက်ကိုင်အဖွဲ့အစည်းကမှ လမ်းတွေ တံတားတွေကို ဖျက်မှာမဟုတ်ဘူး။ အဲဒီ လမ်းတွေတံတားတွေကို ဘယ် စစ်ဗိုလ်တွေရဲ့ ပိုက်ဆံနဲ့မှ ဆောက်ထားတာမဟုတ်ဘူး။ ပြည်တွေရဲ့ချွေးနည်းစာ တိုင်းပြည်ရဲ့ သယံဇာတတွေကို ရောင်းချလို့ရတဲ့ပိုက်ဆံတွေနဲ့ဆောက်ထားတာ။ ပျက်စီးတော့ ကိုယ့်ပိုက်ဆံပဲ ကုန်သလိုပါ။ ကိုယ်ပဲ အဆင်မပြေဖြစ်ရတာပါ။

အစကတည်းက ဒီလို သမိုင်းနောက်ပြန်ဆွဲမယ့် ဖြစ်ရပ်တွေ ပေါ်လာနိုင်ပါလား လို့ မစဥ်းစားခဲ့တာ အံ့သြမဆုံးဘူး။

ပြည်သူအနေနဲ့ အနုပညာရှင်တွေအနေနဲ့၊ စာပေပညာရှင်တွေအနေနဲ့

ဒါမျိုးတွေဖြစ်လာမှာစိုးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့၊

..အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဖို့၊ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ပေးဖို့ အကြိမ်ကြိမ်အလီလီ မေတ္တာတွေ ရပ်ခံခဲ့တဲ့ကြားက . . .။

ထပ်ပြောရပါဦးမယ် . . .

ကျွန်တော်တို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို လိုချင်ပါတယ်။

တပ်မတော်သားတွေပဲ ဖြစ်ဖြစ်၊

တိုင်းရင်းသားတွေပဲ ဖြစ်ဖြစ်၊

ဘယ်လိုပြည်သူပြည်သားတွေမဆို သေကြေပျက်စီးတာ မလိုလားပါဘူး၊

တိုင်းရင်းသားအဖွဲ့အစည်းအသီးသီး အပါအ၀င်၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့အမြန်ဆုံး တွေ့ဆုံဆွေးနွေးပေးဖို့ တောင်းဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးပြီး အစိုးရအနေနဲ့ ပြည်သူလူထု နဲ့ ကမ္ဘာ ရဲ့ ယုံကြည်မှု ကို အရင်ဆုံးတည်ဆောက်ပါ။

ဒီလို လုပ်ရင် အစိုးရ အနေနဲ့ အကျိုးမဲ့ မှာမဟုတ်ဘူး၊ အကျိုးများစေမယ် ဆိုတာ

ဖွဲ့ထားတဲ့ နိုင်ငံရေးအကြံပေးတွေ၊ စီးပွားရေးအကြံပေးတွေ၊ ..ပါးစပ်ပိတ်နေကြသလားဗျာ။

ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲဝင် ပြည်သူမဲနဲ့ အမတ်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း မျက်နှာပြောင်တိုက်နိုင်ပါပေရဲ့ဗျာ . . .။

ချိုတူးဇော်


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Tuesday 21 June 2011

မြင်းခွာရွက်ဟာ စားစရာလဲဟုတ်၊ ဆေးလဲဟုတ်တယ်ဆိုတာ ။








မြင်းခွာရွက်ဟာ စားစရာလဲဟုတ်၊ ဆေးလဲဟုတ်တယ်ဆိုတာ မြန်မာတွေသာမကာ
တခြားလူမျိုးတွေကပါ မှတ်ယူကြတယ်။ Sanskrit သင်္သကရိုက်ဘာသာ နဲ့ Mandooka
Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။
အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella
asiatica (Gotu Kola) လို့ ပါတယ်။

အများဆုံး Indian Pennywort လို့ ခေါ်တယ်။ နာမယ်တော့ India ပေမဲ့၊
လက်တွေ့မှာတော့ တရုပ်ပါ။ မူဆယ် ၁၀၅ မိုင် နယ်စပ်ကနေ ၂၀၀၈
အောက်တိုဘာလအတွင်း ဆေးမြင်းခွာ ၀ ဒသမ ၅၅ တန် တဖက်နိုင်ငံကို
တင်ပို့နိုင်ခဲ့တယ်လို့ ဖတ်ရတယ်။

မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။
1. အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော်
ခွန်အား တိုးတက်စေ၏။
2. အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့်
သွေးတိုးရောဂါကို သက်သာစေ၏။
3. ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။
4. အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ
ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။
5. အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့်
အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။
6. အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ
အအေးမိခြင်း၊ လေပြွန် ချောင်းပူခြင်း ပျောက်၏၊ ၀မ်းသက်၍ သလိပ်ကိုလည်း
ပျောက်၏။
7. အရွက်ကို ညှစ်ရည်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း
စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
8. အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား
လိမ်းကျံပေးက ပျောက်ကင်း၏။
9. ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊
နာကျင်-ကိုက်ခဲခြင်း၊ ဆီး၌ သွေးပါခြင်းတို့ ပျောက်၏။
10. အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ်
သုံးနိုင်၏။ အရွက်စိမ်းကို ကြိတ်၍ အ၀တ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင်
အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့်
ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်းစေ၏။

အရှေ့တိုင်းဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ
အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်တပိုင်း ပြောနိုင်တာက
ရောဂါပိုးတွေကို နိုင်တယ်၊ အနာကိုနိုင်တယ်၊ သွေး-အာရုံကြော ကောင်းစေတယ်၊
ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း
စိတ်တက်ကြွစေတယ်လို့ ယုံကြတယ်။ ၁၉၆၆-၇၉ ထုတ် စာတအုပ်မှာ Youth Vitamin X
လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။

ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို
အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊
Anthelmintic သန်ချဆေး၊ laxative ၀မ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက
ချွဲထုတ်ဆေး၊ Cooling ကိုယ် အေးစေတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။
ဒါ့ကြောင့် Epilepsy ၀က်ရူးပြန်၊ Nervous debility အာရုံကြော မကောင်းတာ၊
Dyspepsia အစာမကျေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊
Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊
Jaundice အသားဝါ၊ Dysentery ၀မ်းကိုက်၊ Eczema နှင်းကူနာ၊ ရောဂါတွေအတွက်
ပေးပါသတဲ့။

သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော
Sex ရော ကောင်းစေပါသတဲ့။ ဒီစာဖတ်ပြီး မြင်းခွါရွက် ဈေးမတက်ကောင်းပါရဲ့။







လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သီချင်းပြိုင်ပွဲမှ ပထမဆုရ စမ်းချောင်းမြို့နယ်လူငယ်များ သီဆိုတဲ့ ... (အမောဖြေပါအမေ) သီချင်း ။

Posted: 19 Jun 2011 06:33 AM PDT


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မွေးနေ့အမှာစကားများ(ရုပ်/သံ)

Posted: 19 Jun 2011 05:39 AM PDT


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင်ဒီကနေ့ပြောကြားခဲ့သော မွေးနေ့အမှာစကား


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသူနိုင်ငံသားများအား ဒီကနေ့ပြောကြားခဲ့သော မွေးနေ့အမှာစကား


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏သားငယ် မွေးနေ့အမှီရောက်ရှိလာ

Posted: 19 Jun 2011 05:20 AM PDT








Photo.AP/Reuters


ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)၏ အင်တာနက် စာမျက်နှာ (Website) ဖွင့်လှစ်ခြင်း အသိပေး ကြေငြာ

Posted: 18 Jun 2011 06:45 PM PDT

Announcement
ညီအကိုမောင်နှမများ ခင်ဗျား...။

Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)၏ အင်တာနက် စာမျက်နှာ www.generationwave.org ( Website) ဖွင့်လှစ်ကြောင်းအသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျား ။

လေးစားစွာဖြင့်
Generation Wave(မျိုးဆက်သစ် လူငယ်များအစည်းအရုံး)

info@generationwave.org

media@generationwave.org

www.generationwave.org


မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှာစကား

Posted: 18 Jun 2011 06:33 PM PDT


ဘယ်ဘာသာပဲ ကိုးကွယ် - ဘာလူမျိုးပဲဖြစ်ဖြစ် - ဘာစကားပဲပြောပြော တကယ့်ကို စေတနာအပြည့်နဲ့  တောင်းပေးတဲ့ ဆု ဟာ အတိုင်းအတာ တခုထိ ထိရောက်မှုရှိတယ်လို့  ကျမ ယုံပါတယ်.. ဘာလို့ လဲဆိုတော့ ကျမက မေတ္တာ စေတနာရဲ့  စွမ်းပကားကို အင်မတန် ယုံလို့ ပါပဲ .. အရင်နှစ်တွေမှာဆုတောင်းပေးတဲ့သူတွေ အခုနှစ် ဆုတောင်းပေးသူအားလုံးကို ကျေးဇူးတင်တယ် ပြောရင်းနဲ့  ဒီဆုတောင်းပေးချက်တွေဟာ ကျမကို အင်မတန် အထောက်အကူပေးတယ်လို့  ပြောချင်ပါတယ်..


"သဘာဝ နှင်းဆီ …ထာဝရ နှင်းဆီ"

Posted: 18 Jun 2011 06:28 PM PDT



ဂျွန် ဂျူလိုင် မိုးစက်လေးတွေကြား က…
သဘာဝ ပေါက်ပင်လေလား …
နှင်းဆီလေလား…
သေချာတယ် အဲဒါ သဘာဝ နှင်းဆီ…
နှင်းဆီ နဲ့  လိုက်ပါပေတယ် …
ဘ၀လမ်း က ဆူးငြောင့်တွေ နဲ့ 
ခလုတ် ကန်သင်းတွေနဲ့ ..
အဲဒီခလုတ် အခက်ခဲတွေကို …
မေတ္တာနဲ့ ကျော် လွှား မုဒိတာပွားရင်းက..
ရန်ရန်ခြင်း မတုံ့ နှင်းခဲ့ လေဘူး…
အေးလေ …
ယုံကြည်ချက်သက်သက်နဲ့ …
ကိုင်ဆွဲခဲ့တာ က အကြမ်းမဖက် ဒီမိုနည်း…
တနေ့ တော့  ……
သဘာဝ နှင်းဆီ ရောင်ခြည် သမ်းလာမှာပါ…
လွတ်လပ်စွာ ပွင့်လန်း လာမှာပါ…
နှင်းဆီ ရဲ့  ရနံ့  က …
ကမ္ဘာ အနှံ့ပျံနေတယ်…
နှင်းဆီရဲ့ အဆင်းက…
မြန်မာလို ကျက်သရေ ရှိတယ်…
ဘယ်လို ကြည့်ကြည့် …
မေတ္တာ ကိုစား အားရှိနေတတ်တယ် ..
မေတ္တာတွေ ခြံရံ …
ဂရုဏာတွေအပြည့် နဲ့ …
ကမ္ဘာမြေပေါ် နှင်းဆီ ပေါက်ဖွားခဲ့ တာ…
အခုဆို ၆၆ နှစ် တိုင်ခဲ့ ပြီ…
ဘယ်လိုပဲ ရှုရှု…
ပြည်သူတွေကြား က နှင်းဆီ…
ကမ္ဘာသူ ကမ္ဘာသားတွေကြား က နှင်းဆီ…
လွတ်လပ်စွာ ပွင့်လန်း တဲ့ နှင်းဆီ…
မိခင်တို့ ရဲ့ နှင်းဆီ…
ယုံကြည်ချက်နဲ့ ပွင့်လန်းတဲ့  နှင်းဆီ…
"သဘာဝ နှင်းဆီ…ထာဝရ နှင်းဆီ"
ပွင့်လန်းခြင်းမှ သည်…
ငြိမ်းချမ်းသော ရောင်ခြည် သစ်ဆီသို့ …
ငြိမ်းချမ်းခြင်း မှ သည် …တိုးတက်သော ဥယျာဉ် သစ်ဆီ သို့ …
…..မှ သည်………..သို့ …….
သဘာဝ နှင်းဆီ ထာဝရ နှင်းဆီ…
မွေးနေ့ မှ တိုင် ထာဝရ အေးချမ်းပါစေ…
တည်ကြည် လန်းဆန်းပါစေ………
အောင်မြင် ငြိမ်းချမ်းပါစေ လို့ ….

သားမောင်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရ (၁၉.၆.၂၀၁၁ တနင်္ဂနွေနေ့ )




သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့သားများရဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဂုဏ်ပြုအငြိမ့်

Posted: 18 Jun 2011 09:56 AM PDT


သြစတေးလျနိုင်ငံမယ်လ်ဘုန်းမြို့မှာပြုလုပ်တဲ့ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းပွဲအခမ်းအနား

Posted: 18 Jun 2011 09:32 AM PDT




ုkoTin Hlaing facebookမှ


ပန်းမြတ်ဧကရီ ( ၀ါ ) ဒေါ်အောင်ဆန်းစုကြည်

Posted: 18 Jun 2011 08:40 AM PDT

Free Image Hosting
မွန်မြတ်တဲ့ နှလုံးအလှနဲ့
ဖြူစင်လှတဲ့ ကိုယ်ကျင့်တရားကြောင့်
လူအများက လေးစားသော အားဖြင့်
ပန်းတွေရဲ့ အမည်နဲ့ အမေ့ကို တင်စား
အချို့က နှင်းဆီနီ
အချို့က သဇင်နီ
ကြုံလာသမျှ ဒဏ်တွေကို ကြံကြံခိုင်လို့
ဗေဒါပန်း လို့ ဂုဏ်ယူဝင်ကြွားကြပြန်တယ်…….။

အာဏာဆိုတဲ့ နွံထဲမှာ မနစ်ဘဲ
ဇွဲများနဲ့ အမြဲရုန်းထလို့ အဆင်းလှတဲ့ အမေကို
ကြာပန်းတပွင့်ပါတဲ့……။

သူတို့ကို အားကျလို့ အမေ့သားလည်း
ပန်းမြတ် ဧကရီ လို့ တင်စားပါရစေ………….အမေ။


အမေ့နူတ်ဖျားက ရွတ်ဆိုလိုက်တဲ့
ငြိမ်းချမ်းရေး တေးသံတွေက
ပြည်သူများရဲ့ နားထဲကို
ချိုသာစွာ စီးဝင်သွားခဲ့ပေမယ့်
မဟုတ်တာ အကုန်လုပ်ကာ
ယုတ်မာနေကြတဲ့ လက်နက်ကိုင် လူတစုက
ကြောက်ဒူးတွေ တုန်နေတာကိုက
အမှန်တရား အတွက် ခွန်အားပေမို့
သားတို့များစွာ အားတက်ခဲ့မိပါတယ်…..အမေ ။

နူးညံ့လှတဲ့ မိန်းမသား တစ်ယောက်ပေမယ့်
ကြောက်ရွံ့ခြင်းတွေကို အပြီးတိုင်မောင်းထုတ်
အာဏာရှင်စနစ်ကို စက်ဆုပ်ရွံရှာ
ဒီမိုကရေစီ မရသမျှတော့
ပြည်သူတွေ နစ်နာနေမှာကို တွေးပူ
တိုင်းပြည် အတွက် ပေးဆပ်
ကြီးမြတ်တဲ့ ဥာဏ်ပညာဖြင့်
ချင့်ချိန်လို့ တွေးပြ
ပြည်သူတွေကို လမ်းမှန်ပြတာ
အားရစရာ သိပ်ကိုကောင်းလို့
အမေ ကျန်းမာချမ်းသာပါစေလို့
သားတို့လည်း အမြဲ ဆုတောင်းလျှက်ပါ ……အမေ ။

အသက်နဲ ခန္ဓာ တည်နေသမျှတော့
ဒီမိုကရေစီ ၀ါဒ ခေတ်စားအောင်
မရရအောင် ကြိုးစားလုပ်ဆောင်မယ်ဆိုတဲ့
အမေ့ရဲ့ ရည်ရွယ်ချက်တွေ
အထမြောက် ရှင်သန်စေဖို့
အမေသွားရာ လမ်းတလျှောက်မှာ
ဘယ်သူ့ကိုမှ နင်းချမသွားဘဲ
ကိုယ်တိုင်က အနစ်နာခံ
စံပြအဖြစ် နေထိုင်ခဲ့လို့
ကမ္ဘာတ၀ှမ်းက ပညာရှင်လို့သတ်မှတ်
ဆုတံဆိပ်တွေ အမျိုးမျိုးပေးအပ်ခဲ့လို့
သားတို့တိုင်းပြည် အတွက်
ဂုဏ်တက်ခဲ့ရပါတယ်…………..အမေ…. ။

သယံဇာတတွေ ပေါကြွယ်ဝတဲ့
သားတို့ရဲ့ ဗမာပြည်ကြီးမှာ
လူ့မိစ္ဆာတွေရဲ့ အာဏာနဲ့ လောဘရမ္မက်
ထိုးနှက်ချက်ကြောင့် အမေ့ရဲ့
ရင်သွေးငယ်လေးတွေ
အနာဂတ်ခရီး အတွက် စမ်းတ၀ါးဝါးနဲ့
ဒုက္ခကြီးစွာ ခရီးဆက်နေကြရပြီ အမေရယ်…။

တချို့တွေက လမ်းမပေါ်မှာ အသက်ပျောက် ကုန်ကြတယ်
အချို့က အကျဉ်းထောင်ထဲမှာ လွတ်ရက်တွေကို လက်ချိုးရေတွက်နေကြတယ်
တချို့က တိုင်းတပါးကို ထွက်ပြေး တိမ်းရှောင်သွားကြရတယ်…..။
တချို့က တိုင်းတပါးမှာ ကျွန်ခံစားဖို့ လဘ်ထိုးသွားနေကြရပြီ ………..အမေရေ။

ကမ္ဘာ့အလယ်မှာ တခါက သိပ်လှပါတယ်ဆိုပြီး
ထင်ပေါ်ခဲ့တဲ့ ဗမာနိုင်ငံလေးဟာ
အရေကို လွှာ အသားကို လှီး
ဂုတ်သွေးစုပ်တာ အားမရလို့
ကလီစာကို ဖောက်ထုတ်တဲ့ပြင်
ချဉ်ဆီကိုပါ စုပ်ချင်ကြတဲ့
ယုတ်မာတဲ့ လူတစုကြောင့်
ဆိုးဝါးလှတဲ့ ဝေဒနာ တရပ်ကို
ရင်မှာ ဖက်ကာ နောက်ဆုံး မျှော်လင့်ချက် အဖြစ်
မခံမရပ်နိုင်တဲ့ ဟန်ပန်နဲ
နာကြည်းစွာ ငြီးတွားပြနေပြီ…...အမေ ။

အာဏာကို အကြောင်းပြု
လူတစုရဲ့ ထောင်းထုချက်
ကြမ်းကြုတ်လို့ ယုတ်မာပက်စက်တဲ့ဒဏ်
ခံနေရတာ ကံကြမ္မာကြောင့်ပါလို့
တခါလေးမှ မတွေးခဲ့ဘဲ
ဥာဏ်နဲ့ ယှဉ်ကာ အစဉ်ကြိုးစားပြီး
မတရားတာ မှန်သမျှကို
ရှေ့တန်းကနေ ဆန့်ကျင်ပြလို့
သူရဲကောင်း ပီသ
လွန်းလှပါတယ်...အမေ ။

လူမိုက်တို့ ကြီးစိုးနေသမျှ
အမှန်တရားကို လက်ကိုင်ထားသူများ
ဆင်းရဲဒုက္ခများတာ သိနေပါလျှက်နဲ့
တချက်လေးမှ နောက်မတွန့်ဘဲ
ချီတက်ရဲတဲ့ အမေ့သတ္တိကို
လေးစားလွန်းလို့ တမ္ဘာလုံးမှ
ပညာရှင် အများစုက အမေ့ကို သူရဲကောင်းပါလို့
ခေါ်ဆိုသံကို ကြားရတိုင်း... အနှိုင်းအဆမဲ့ ဂုဏ်ယူမိပါတယ်...အမေ။

၆၆ နှစ် အရွယ် မငယ်တော့တဲ့
အမေ့ရုပ်သွင်မှာ ရဲရင့်ခြင်းမာန်တွေဝင်
သိမ်မွေ့တဲ့ အပြင်အဆင် နဲ့
အမှန်တရားကို လက်ကိုင်ထားကာ
တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတို့မိခင်ရဲ့
အနာဂတ် ဘ၀ခရီးလမ်းမှာ
ကိုယ်စိတ်နှပါး ကျန်းမာ ရွှင်လန်းစွာဖြင့်
ဗမာဆိုတဲ့ သားတို့ တိုင်းပြည်လေးကို
ကမ္ဘာအလယ့်မှာ ၀င်ကြွားနိုင်ဖို့
ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝတဲ့
တိုင်းပြည်တစ်ခုအဖြစ်သို့ အမြန်ဆုံး တည်ဆောက်နိုင်ပါစေ အမေ...။

ခင်မင်လေးစားလျှက်
ဗမာ့သွေး + ဗမာ့သွေး ချစ်သူ

http://www.facebook.com/note.php?note_id=225321304152191
ဒီကဗျာလေးနဲ့ ပက်သက်လို့ မိတ်ဆွေတို့ ခံစားရတာကို ရင်ဖွင့်ပြချင်တယ် ဆိုရင် ဒီလင့်လေးကို နှိပ်ကာ လာရောက် ပြောကြားနိုင်ပါတယ် ခင်ဗျာ .။


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610