Saturday 31 March 2012

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မိနစ်အလိုက် နောက်ဆုံးရသတင်းများ

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မိနစ်အလိုက် နောက်ဆုံးရသတင်းများ PDF Print
Saturday, 31 March 2012 22:09
AddThis Social Bookmark Button
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများအတွက် လစ်လပ်မဲဆန္ဒနယ် (၄၀)ကျော်တွင် ရောက်ရှိနေသော
 Eleven Media Group မှ သတင်းထောက်များ၏ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးရသတင်း
များကို ဤနေရာတွင် မိနစ်အလိုက် အချိန်နှင့် တစ်ပြေးညီ စုစည်ဖေါ်ပြအပ်ပါသည်။ ထို့အတူ https://www.facebook.com/ElevenMediaGroup တွင်လည်း နောက်ဆုံးရသတင်းများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးထားပါသည်။
31 March 2012 23:48
ကလောမြို့နယ်တွင် မဲရုံပေါင်း ၁၃၂ ရုံ၊ မဲပုံး ၂၅၆ ပုံး၊ မဲလက်မှတ် စာအုပ်မှာ ၂၀၁၉ အုပ် ဖြစ်ကြောင်း၊ မဲပေးနိုင်သည့် ဦးရေ ကျား ၄၈၂၃၆ ဦး၊ မ ၅၀၁၅၇ ဦး၊ စုစုပေါင်း ၉၈၃၉၃ ဦးဖြစ်ကြောင်းနှင့် စစ်တပ်မှ မဲပေးနိုင်သူဦးရေမှာ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။
31 March 2012 23:44
သုံးခွမြို့နယ်တွင် လူဦးရေ ၁၅၈၈၃၀ ရှိပြီး မဲပေးနိုင်သည့်ဦးရေမှာ ၁၁၂၇၉၀ ဖြစ်ကြောင်း၊ မဲရုံပေါင်း ၁၃၅ ရုံရှိကြောင်းနှင့် မြို့နယ်ကော်မရှင်က ကြိုတင်မဲ ၂၀၀၀ မကျော်စေရကြောင်း ပြောကြားထားပြီး ယင်းအနက်
 ၁၆၅၀ ကို NLD က ရရှိခဲ့ကြောင်း သိရသည်။
31 March 2012 23:13
"ပြည်သူတွေရဲ့ စီးပွားရေး အခက်အခဲတွေ၊ ကုန်ဈေးနှုန်း အခက်အခဲတွေ၊ လယ်ယာမြေ သိမ်းခံရတာတွေကို တွေ့နေရပါတယ်။ ပထမဆုံးလုပ်ပေးချင်တာကတော့ လယ်သမားတွေရဲ့ ထွက်ကုန်တွေကို ပြည်ပကို ကျယ်ကျယ်ပြန့်ပြန့်ရောင်းချပေးနိုင်အောင်ပါ။ တချို့မဲစာရင်းတွေ မှားတာတွေ
ကတော့ ကျွမ်းကျွမ်းကျင်ကျင် မရှိသေးလို့ပဲ မြင်ပါတယ်။ အချိန်မှီ ပြုပြင်နိုင်ခဲ့တာတွေ ရှိသလို၊ မပြင်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ မြန်အောင်မြို့နယ်က ဒေါင့်ကျအုပ်စု၊ ညောင်တုန်းလဲအုပ်စု၊ ရင်းတိုက်ကုန်းအုပ်စု၊ ထောက်ကျံ့အုပ်စုတွေကို မနက်ဖြန် အဓိကထားပြီး သွားမှာပါ။ ပြည်သူတွေကို အဓိက ပြောချင်တာကတော့ မိမိနိုင်ငံအတွက် ဆောင်ရွက်ပေးနိုင်မယ့် ပုဂ္ဂိုလ်ကိုရွေးချယ်တာ
 ပိုကောင်းပါတယ်"
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းလှိုင်
31 March 2012 23:01
"ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေး တို့လိုအပ်နေတာ တွေ့ရပါတယ်။ မနက်ဖြန်မှာ မြန်အောင်မြို.နယ်မှာရှိတဲ့ မြို့ပေါ်နဲ့က နောင်ကို အဓိကထားသွားမှာပါ။ တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာ ဆောင်ရွက်ထားပါတယ်။ ပြည်သူတွေအားလုံးက ပြည်ထောင်စုကြံ.ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ယုံကြည်အားပေးပါ။ နိုင်ငံနဲ့ လူမျိုးအနာဂတ် လိုအပ်ချက်အားလုံးကို ကျန်တဲ့ နှစ်ကာလအတွင်းမှာ အစွမ်းကုန် ဆောင်ရွက်ပေးပါမယ် ဟု ပြောကြားခဲ့ပါတယ်။"
31 March 2012 22:55
w57_02
ကော့မှူးမြို့နယ် ၀ါသိင်္ခရွာသို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများနှင့်အတူ ယနေ့ညဦးပိုင်းက တွေ့ရစဉ်


w57_02_1
ကော့မှူးမြို့နယ် ၀ါသိင်္ခရွာသို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများနှင့်အတူ ယနေ့ညဦးပိုင်းက တွေ့ရစဉ်

w57_02_2
w57_02_3
31 March 2012 22:10
"ကော်မရှင်ကသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာလုပ်ဆောင်နေသည်။ မြို့နယ်ကော်မရှင်ကိုကျော်ပြီး လုပ်တာဘာမှမရှိ၊ ကြိုတင်မဲကိစ္စလည်း ပါတီအနေဖြင့် ၀င်ရောက်စွက်ဖက်မှု မလုပ်ကြောင်းဆို၊ မဲဆွယ်ကတည်းက စည်းကမ်းတကျလုပ်ဆောင်ပြီး ချိုးဖောက်မှုမလုပ်ကြောင်းပြော၊ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း တရားမျှမျှတတသာလုပ်ဆောင်သွားမည်ဟု ဆိုပါသည်။"
ဦးရန်နိုင်စိုး မြို့နယ်အတွင်းရေးမှူး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စာလှယ်လောင်းဦးတင့်လွင် ကျေးရွာမဲရုံကိုယ်စာလှယ်လောင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ
သွားရောက်နေသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။
31 March 2012 2205
"စည်းမျဉ်းစည်းကမ်းအတိုင်းသတင်းယူနိုင်သည်၊ မဲရုံအတွင်း ၀င်ရောက်ပြီး ဓာတ်ပုံရိုက်ခွင့်မပေးနိုင်၊ မြင်သာထင်သာသည့်နေရာမှနေ၍ သက်ဆိုင်ရာရပ်ကျေးကော်မရှင်ထံ ခွင့်တောင်းပြီးဓာတ်ပုံရိုက်နိုင်သည်။ မဲပေးသူများကို အနှောင့်အယှက်လုံးဝမဖြစ်စေရ၊ ပါတီတစ်ခုခုအတွက် မဲဆွယ်သည့်သဘောမျိုးအမူအရာမျိုးဖြင့် မဲပေးသူများအားအင်တာဗျူးမပြုလုပ်ရ၊ ပါတီတစ်ခုခု၏အလံနှင့် အရောင်တူအင်္ကျီမ၀တ်ဆင်ရဟု ပြောကြားသည်။ ကော်မရှင်အဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကျေးနယ်မြေအသီးသီးသို့ ၃၀ရက်နေ့နှင့် ၃၁ရက်နေ့အတွင်း သွားရောက်ပြီဖြစ်ကြောင်း သိရပြီး ဖြစ်ပေါ်လာသော၊ ရှိလာသော အခက်အခဲများကို ဖြေရှင်းပေးနိုင်အောင် ပြင်ဆင်ထားသည်ဟု မြို့နယ် ကော်မရှင်တာဝန်ရှိသူများက ဆိုပါသည်။ မဲရုံများပိတ်ပြီးနောက် မဲစာရင်းရေတွက်မှုကိုလည်း ဓာတ်ပုံရိုက်ခွင့်မပေးနိုင်ကြောင်း၊ မဲရလဒ်များကိုလည်း မြို့နယ်နှင့် ခရိုင်မှ မထုတ်ပြန်ပေးနိုင်ကြောင်းနှင့် တိုင်းကော်မရှင်မှသာ တောင်းယူရန်ပြောပါသည်။ ၂၀၁၀ပြည့်နှစ်ေ၇ွးကောက်ပွဲတွင် ညနေ ၇နာရီဝန်းကျင်
တွင် အနိုင်အရှုံးရလဒ်သိရှိနိုင်ကြောင်း သိရပါသည်။"
ဦးကျော်မောင် ဥက္ကဋ္ဌ မြို့နယ်ကော်မရှင်၊ ဦးတင်မြင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်
31 March 2012 22:00 
"ရွာတိုင်းရွာတိုင်းက ဒေါ်အောင်စုကြည်နဲ့ ဒီချုပ်ဆိုတာနဲ့ အဖွဲ့ဆိုတာနဲ့ လာစရာမလို မဲပေးဖို့ အသင့်ဆိုတာ
ချည်းပဲ။ တချို့ပါတီတွေဆိုရင် လူစုဖို့တောင်ခက်ခဲတယ်။ ရွာဘုန်းကြီးလှူပြီး ဘုန်းကြီးကတစ်ဆင့် လူစုရတာ တွေ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၉၀ ရွေးကောက်ပွဲမှာ တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် တစ်ဦးဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ကြောင့် မဲပေးတာပိုများမှာပါ။ အခက်တွေလည်းရှိပါ
တယ်။ တချို့ရွာတွေဆို အအုပ်ချုပ်ရေးမှူးတွေကြောင့် ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ သူတို့က
 မျက်နှာလို မျက်နှာရ လုပ်ချင်တယ်။ လက်ပါးစေတွေလိုမျိုး စိန်ခေါ်၊ ခြိမ်းခြောက်၊ နှောင့်ယှက်ချင်ကြတယ်။
 ဥပမာ မန်းကျည်းကြုံရွာဆို မဲစာရင်းကပ်တာ နောက်ကျတယ်။ မုန်းစလှဲရွာဆိုလည်း ၃၁ရက်နေ့ထိ မဲစာရင်းမကပ်သေးဘူး။ ကပ်စရာသင်ပုန်းမရှိလို့ပြောတယ်။ တချို့လည်းအမှန်ပြောတာဖြစ်မှာပါ။
သာဂရမှာလည်း မဲစာရင်းကပ်တာ နောက်ကျတော့ လူသုံးရာကျော် မဲ ပေးခွင့်မရတော့ဘူး။ ကျောင်းတော်ရာကျေးရွာအုပ်စုဆိုရင် လူဦးရေ ၃၄၁၁ရှိတာမှာ ၁၁၄၀မှာ မှတ်ပုံတင်မရှိလို့မေးပေးခွင့်မရဘူးဖြစ်တယ်။ မြို့နယ်လ၀ကကို ပြောမရတော့ ခရိုင်၊ တိုင်းအဆင့်ထိပြောရတယ်။ ယာယီ မှတ်ပုံတင် လုပ်ပေးမယ်လို့ပြောပေမယ့် အချိန်မီဖို့ ခက်ခဲပါတယ်။ မြို့နယ် ကော်မရှင်ကနေ မတ်လ ၁၇ရက်နေ့က မဲစာရင်းကူးခွင့်ရပါတယ်။ စာရင်းမှားတာတွေလည်း ရှိတယ်။ ကုန်းဇောင်းတို့၊ ပေတောတို့မှာ ရာချီပြီးလျော့တယ်။ ကော်မရှင်ကိုပြောတော့ ကော်မရှင်က ပြန်စိစစ်ပြီး ဖြည့်ပေးတာလည်းရှိတယ်။
အနှောင့်အယှက်ပေးတာတွေလည်း ရှိတယ်။ ဇီးတောအုပ်စု ကျောင်းစုကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဆို၊ သူက မကွေးတိုင်းဒေသကြီးဝန်ကြီးတစ်ဦးရဲ့ညီတော် တယ်ပြောတယ်။ သူက အုပ်ချုပ်ရေးမှူးလုပ်လာတာ နှစ်
 ၂၀ရှိပြီ။ ကျွန်တော်တို့မဲဆွယ်တာ၊ စည်းရုံးရေးဆင်းတာ၊ မဲဆွယ်စာရွက်ကပ်တာကအစ သူ့ကျေးရွာမှာတော်တော်ခက်ခက်ခဲခဲလုပ်ရတယ်။ နောက် နန်းတော်ကျွန်း အုပ်ချုပ်ရေးမှူးဆိုလည်း
ကျွန်တော်တို့ မဲဆွယ်စာရွက်စာတမ်း တွေကို ဆုတ်ဖြဲတာမျိုးလုပ်တယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ ကျွန်တော့်အနေနဲ့ ၇၀ရာခိုင်နှုန်းနိုင်မယ်၊ ၃၀ရာခိုင်နှုန်း အနှောက်အယှက် ကြုံနိုင်တယ်လို့ ခန့်မှန်းထားပါ
တယ်။ ကြိုတင်မဲကိစကတော့ ၃၁ရက်နေ့ ညနေပိုင်းထိ ကျွန်တော်တို့ဆီ သတင်းမတက်ပါဘူး။ ၃ရာခိုင်နှုန်းထက် ကျော် မကျော်၊ စည်းကမ်း သတ်မှတ်ချက် ညီ မညီ မသိသေးပါဘူး။ ရွေးကောက်ပွဲနေ့မှပဲ သက်ဆိုင်ရာ မဲရုံကိုယ်စားလှယ်တွေကို မေးရမှာပါ။ ဒီရွေးကောက်ပွဲမှာ အခုလောက်မဲဆွယ်ခွင့်ရတာ ခန့်မှန်းထားတာထက် ပိုကောင်းပါတယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ တွေဆုံညိနှိုင်း
မှုကြောင့် ရတာပါ။"
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပွင့်ဖြူမြိုနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို
ပွင့်ဖြူမြို့နယ် -မဲပေးနိုင်သူဦးရေ ၁၁၃၀၅၃မြို့ပေါ်ရပ်ကွက် ၄ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၂စု၊ စုစုပေါင်း ၅၆၊
မဲရုံပေါင်း ၂၀၉ရုံ

31 March 2012 21:21 
“မနက်ဖြန်ကျရင် အစောဆုံးသွားပြီးမဲပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေစုကို ချစ်လို့ပေါ့”
ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ကျေးရွာမှ ကုန်စုံဆိုင်ရှင်တစ်ဦး
“မနက်ဖြန်ကျရင် အစောဆုံးသွားပြီးမဲပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေစုကို ချစ်လို့ပေါ့”
ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ကျေးရွာမှ ကုန်စုံဆိုင်ရှင်တစ်ဦး
“ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့တွေ ဘယ်သူ့ကို ရွေးချယ်ရမယ်ဆိုတာ သိလာပြီ။ အရင်တုန်းက ရွေးကောက်ပွဲအတွေ့အကြုံမရှိတာရယ် အဆွယ်ကောင်းတာရယ်ကြောင့် သူများပေးတဲ့ မဲပဲလိုက်ပေးခဲ့တယ်။ အခုတော့ ကျွန်တော်တို့တွေမှာ အတွေ့အကြုံရှိလာပြီ။ ဘယ်သူ့ကိုပေးရမယ်ဆိုတာ သိလာတယ်။ ဒီတစ်ခေါက် ကျွန်တော်ပိုင်တဲ့မဲကို ပေးဖြစ်အောင်ကို ပေးမယ်” ပြင်ဦးလွင်မြို့နယ်  မိုးကြိုးပစ်ကျေးရွာမှ တောင်သူတစ်ဦး
“ကျွန်တော့်အိမ်မှာ မိသားစုခြောက်ယောက်ရှိတယ်။ အားလုံးမဲပေးပိုင်ခွင့်ရှိတဲ့ အသက်အရွယ်တွေချည်းပဲ။
ဒီတော့ ကျွန်တော်တို့မဲကို ပေးဖြစ်အောင်ပေးမယ်။ ကျွန်တော်တို့နိုင်ငံအပြောင်းအလဲဖြစ်ဖို့လိုနေတယ်။ ဒီလိုအပ်ချက် ကို လုပ်နိုင်မယ်လို့ထင်တဲ့သူ၊ လွတ်တော်ထဲမှာ ပြောရဲဆိုရဲရှိတဲ့သူတယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့သူကို မဲပေးမယ်။ အရင် ၂၀၁၀ မဲပေးတုန်းက ဘာခံစားမှုမှမရှိခဲ့ဘူး။
 ဒီတစ်ခေါက်တော်တော်လေး စိတ်လှုပ်ရှားတယ်။ မနက်ဖြန်အတွက် ကြိုပြီးရင်ခုန်မိတယ်။ တကယ်အလုပ်လုပ်မယ့်သူအတွက် တစ်မဲဆိုလည်းတစ်မဲ တန်ဖိုးရှိတယ်”
ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၃)တွင် နေထိုင်သူတစ်ဦး
“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲသာ အမှန်တကယ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ပဲ နိုင်မှာပါ”
ဦးကျော်သီဟ၊ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

31 March 2012 22:01

တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်ခုတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် သေချာမှု မရှိသေးကြောင်းသိရ

တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်ခုတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် မတ်လ ၃၁
 ရက်နေ့အထိ သေချာမှုမရှိသေးကြောင်း တန့်ယန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''ကျေးရွာအုပ်စု ရှစ်ခုက မဲရုံဖွင့်လို့ရမရ ဒီနေ့ထိ မသေချာသေးပါဘူး။ ကော်မရှင် အနေနဲ့ကတော့ မဲပေးခွင့်ရှိသတွေ မဲပေးနိုင်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာပါ''ဟု မြို့နယ်ကော်မရှင်
 အဖွဲ့ခွဲဥက္ကဋ္ဌက ဆိုသည်။

မဲရုံဖွင့်လှစ်ရန် အခက်အခဲရှိသည့် ကျေးရွာအုပ်စု ရှစ်ခုမှာ နမ့်လပ်၊ ကောင်းလန်း၊ နားဝိန်၊ ပန်ဖီ၊ နမ့်စိုင်၊
 ခမ်းပုန့်၊ မန်ကောင်းနှင့် နမ့်အွန်အုပ်စုများဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာအုပ်စုရှစ်ခုတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အရေအတွက်မှာ ၁၀၉၈ ဦးရှိကြောင်း သိရသည်။

''အဲဒီ ကျေးရွာအုပ်စုတွေမှာ မဲရုံဖွင့်ပြီး မဲပေးခွင့် ရ မရ မနက်ဖြန်မှပဲ သိရမှာ။ ကော်မရှင် အဖွဲ့ခွဲကလူတွေ

လည်း အဲဒီရွာတွေဘက် ဆင်းသွားကြပြီ။ အခြေအနေပေးရင် အဲဒီရွာတွေနဲ့ အနီးစပ်ဆုံးမှာ မဲပေးခွင့်ရှိ
သူတွေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ ကျေးရွာအုပ်စုတွေမှာ ဘာကြောင့်
မဲရုံဖွင့်လှစ်ဖို့ ခက်ခဲရတာလည်းဆိုရင် အဖွဲ့အစည်းတစ်ခုရဲ့ နယ်မြေသဘောမျိုး ဖြစ်နေပြီး သူတို့နဲ့ ညှိနှိုင်းနေရတယ်။ သူတို့နဲ့ ညှိနှိုင်းလို့ အဆင်ပြေရင် အဲဒီရွာတွေနဲ့ အနီးစပ်ဆုံးမှာ မဲရုံဖွင့်ပြီး ဆောင်ရွက်ပေးသွားမယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

''မဲရုံဖွင့်လှစ်ဖို့ ခက်ခဲတယ်လို့ မြို့နယ်ကော်မရှင်ကနေ ခရိုင်ကိုတင်ပြတဲ့ ကျေးရွာအုပ်စု ၁၀ ခု ရှိခဲ့တယ်။ အဲဒီအထဲက တောင်သျိုးနဲ့ မန်လွယ်ဆိုတဲ့ နှစ်ခုမှာ မဲရုံဖွင့်လှစ်ဖို့ ပြန်ခွင့်ပြုလိုက်လို့ အခုရှစ်အုပ်စုပဲ မဲရုံဖွင့်ဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ကျန်တဲ့ ရှစ်အုပ်စုအတွက် မဲရုံတွေကို တောင်လျိုးနှင့် မန်လွယ်
ရွာတွေမှာပဲ အုပ်စုခွဲပြီး မဲရုံဖွင့်ပေးမယ်လို့လည်း ကြားတယ်။ မဲရုံဖွင့်ဖို့ ခက်ခဲတယ်လို့ တင်ပြရတဲ့ အကြောင်းအရင်းက အဲဒီဒေသမှာရှိတဲ့ အဖွဲ့အစည်းတစ်ခုက ခွင့်မပြုလို့ သိရပါတယ်''ဟု
ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲရုံ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒပေးပိုင်
ခွင့်ရှိသူ ၇၀၄၄၆ ဦးရှိကြောင်း၊ မရုံဖွင့်လှစ် ရန်ခက်ခဲသည့် အဆိုပါကျေးရွာအုပ်စုရှစ်ခုရှိ မဲရုံ ရှစ်ရုံ
 အပါအ၀င် တန့်ယန်းမြို့နယ် တစ်မြို့နယ်လုံးတွင် မဲရုံ ၅၆ ရုံရှိကြောင်း သိရသည်။

31 March 2012 21:37

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကြိုတင်မဲကောက်ခွင့် မရှိသူများက ကြိုတင်မဲများ ကောက်ခံနေကြောင်း အန်အယ်ဒီပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ပြောကြား

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကြိုတင်မဲကောက်ခံခွင့်မရှိသူများက ကြိုတင်မဲများ ကောက်ခံနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောပြခဲ့သည်။

ကြိုတင်မဲများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေး စာရေးမတို့မှ လိုက်လံကောက်ခံနေပြိး ယင်းကောက်ခံမှုအား မြို့နယ်ကော်မရှင်ရုံးမှ မသိရှိကြောင်း သိရသည်။ ကြိုတင်မဲကောက်ခံခြင်းကို မတ်လ
 ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင် ကောက်ခံခွင့်ရှိသော်လည်း အချို့နေ၇ာများတွင် မတ်လ ၂၉ ရက်နေ့ကတည်းက ကောက်ခံနေသည်ကို တွေ့ရကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပြခဲ့သည်။

“ကြိုတင်မဲ ကောက်ခွင့်မရှိတဲ့သူတွေက ကြိုတင်မဲတွေ လိုက်ကောက်နေတယ်။ ကြိုတင်မဲဆိုတော့ ထည့်ချင်
သူတွေ ဆန္ဒရှိမှ ထည့်ရမှာပါ။ အဲဒိလို ကြိုတင်ကောက်တာကို ရပ်ကွက်ကျေးရွာ ကော်မရှင်တွေက မသိဘူး။ ဒါကြောင့် မေးခွန်းထုတ်စရာက ဒီကြိုတင်မဲ စာရွက်တွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ စာရေးမတွေက ဘယ်လိုရသလဲပေါ့။ ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ရပ်ကွက်ကြိး ၁၂ ရပ်ကွက်၊ ကျေးရွာပေါင်း ၃၆၀
 ရှိပါတယ်။ အခု ကြိုတင်မဲကောက်တာတွေက အရမ်းကို များနေတယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြာခဲ့သည်။

ကြိုတင်မဲပေးခြင်းနှင့်ပတ်သက်ပြီး တားဆီးပေးပါရန် မြို့နယ်ကော်မရှင်ကို တိုင်ကြားထားကြောင်း၊ ကော်မရှင်ကလည်း သူတို့ ဒီကိစ္စကိုမသိရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောပြခဲ့သည်။

“အန်တီက ပေါင်တစ်ဖက်မကောင်းလို့ လမ်းမလျှောက်နိုင်တဲ့အတွက် ကြိုတင်မဲပေးရတာပါ။ ဒီနေ့မနက်
အန်တီကို ကြိုတင်မဲလာကောက်သွားတယ်။ အန်နီကတော့ အန်အယ်ဒီပါတီကို အမှန်ခြစ်လိုက်တယ်။
 ဒါပေမဲ့ စာအိတ်ထဲကိုတော့ ကိုယ်တိုင်မဲစာရွက်မထည့်ရဘူး။ မဲလာတောင်းခံတဲ့သူတွေပဲ စာအိတ်ထဲကို ထည့်လိုက်တယ်”ဟု ကျောက်ပန်းတောင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက
 မတ်လ ၃၁ ရက်နေ့တွင် ပြောပြခဲ့သည်။

31 March 2012 21:32

ကျောက်ပန်းတောင်း မြို့နယ် ရပ်ကွက်များ၏ မဲစာရင်းများတွင် မိသားစုလိုက် မဲစာရင်း ကျန်ခဲ့ခြင်းများရှိပြီး သေဆုံးသူအချို့မှာ မဲစာရင်းတွေပါဝင်နေကြောင်း သိရ

ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များ၏ မဲစာရင်းများ ကြေညာရာတွင် မိသားစုအလိုက် မဲစာရင်းကျန်ရှိခဲ့သည့် အဖြစ်အပျက် အများအပြားရှိနေပြီး သေဆုံးသူများမှာမူ မဲစာရင်းတွင်
 ပါဝင်နေကြောင်း မဲစာရင်းတွင် မပါဝင်ခဲ့သည့် သူများ၏ ပြောကြားချက်များအရ သိရှိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ရပ်ကွက်များတွင် မဲစာရင်းများကို ကပ်ထားသည်ကို ရပ်ကွက်နေ
 ပြည်သူများ သိရှိစေရန် တရားဝင် ကြေညာခြင်းမျိုး မရှိကြောင်း၊ မဲစာရင်းကပ်သည်ကို မသိရှိသောကြောင့် မဲစာရင်းများ မကြည့်ခဲ့ရကြောင်း၊ မဲစာရင်းကပ်သည်ကို သိရှိပြီး သွားရောက်ကြည့်ရှူသူများတွင်လည်း မိသားစုလိုက် မဲစာရင်းတွင် ကျန်ရှိခဲ့ခြင်းများ၊ သေဆုံးသူအချို့ကို မဲစာရင်းတွင် ထည့်သွင်းထားခြင်းများ ရှိနေကြောင်း မဲစာရင်းတွင် မပါဝင်သူများက ပြောကြားခဲ့သည်။ မဲစာရင်းတွင် မပါဝင်သောကြောင့်
 ကော်မရှင်ရုံးသို့ သွားပြောရာ အလုပ်ရှုပ်ခြင်းကြောင့် မပါဝင်ခြင်းဖြစ်သည်ဟု ပြန်ပြောခဲ့ကြောင်း၊ မဲပေးရမည့်အချိန် နီးကပ်သည်အထိ မဲပေးရမည့်စာရင်းတွင် မပါဝင်သေးကြောင်း သိရသည်။

“ကျွန်မက မဲစာရင်းမှ လုံးဝမကိုမပါတာ။ ကျွန်မအဲဒါနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက စာရေးမကိုမဲစာရင်း မပါတာဘာကြောင့်လဲလို့ သွားမေးတော့ အလုပ်ရှုပ်လို့ မပါတာလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မတို့ နှစ်အိမ်ကျော်က သေဆုံးသွားတဲ့ သားအဖနှစ်ယောက်ကျတော့ မဲစာရင်းထဲမှာပါနေတယ်။
ပြီးတော့ မဲစာရင်းကိုလာ ကြည့်ဖို့အတွက်ကိုလည်း ကြေညာတာမရှိဘူး။ အခြားဟာမျိုးတွေကိုသာကြေညာ
တယ်။ မဲ စာရင်းကိုတော့ လူမြင်ကွင်းမှာ ကြေညာတာမတွေ့ရဘူး။ ကျွန်မက မဲပေးတာနဲ့ပတ်သက်ပြီး အာရုံစိုက်နေလို့သာ မဲစာရင်း ကပ်တယ်ဆိုတာကို သိတာ။ မဲစာရင်းမပါတော့ မဲမပေးရတော့ဘူး။
အဲဒီအတွက် ကျွန်မအရမ်းကို ဒေါသထွက်တယ်။ ဒါကလုံဝးကို မဖြစ်သင့်ဘူး”ဟု ကျောက်ပန်းတောင်းမြို့နယ်
 လွတ်လပ်ရေးရပ်ကွက်တွင် နေထိုင်သူ မအေးအေးခိုင်က ပြောပြခဲ့သည်။

“အန်တီတို့ကတော့ မိသားစု (၇) ယောက်လုံး မဲစာရင်းထဲ မပါတာပါ။ အိမ်နီးနားချင်း လင်မယားနှစ်ယောက်ကျတော့ ဟိုတလောက သေသွားတာ အခု မဲစာရင်းထဲမှာ ပါနေပြီ။ မနက်ဖြန်ပဲ မဲပေး၇တော့မယ်။ အခုထိ မဲစာရင်းထဲမှာ မပါတာ တော်တော်လေးကို ဒေါသထွက်ဖို့ ကောင်းတယ်။
 အန်တီက အရမ်းကို မဲပေးချင်တာ။ အန်တီတို့မိသားစု (၇) ယောက် မဲပေးခွင့်မရရင် (၇) ယောက်စာ လျော့သွားမယ်လေ။ အန်တီတို့ရပ်ကွက်ထဲမှာ ရပ်ကွက်ရဲ့ သုံးပုံ တစ်ပုံလောက်က
မဲစာရင်းထဲ မပါဘူးဖြစ်နေတယ်”ဟု လွတ်လပ်ရေး ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကလည်း
 ပြောကြားခဲ့သည်။

“ကျွန်တော်တို့ မိသားစုလည်း မဲစာရင်းထဲမှာ လုံးဝကိုမပါဘူး။ ၂၀၁၀ တုန်းကတောင် မဲပေးခဲ့ရတယ်ဗျာ။ အခုမဲစာရင်းထဲမပါတော့ ၀မ်းနည်းတယ်ဗျာ”ဟု ကျောက်ပန်းတောင်မြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက
 ပြောပြခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း မဲပေးခွင့်ရှိသူဦးေ၇ ၂၀၆၀၀၇ ဦးရှိမည်ဖြစ်ပြီး မဲရုံပေါင်း ၃၈၃ ရုံရှိမည်ဖြစ်ကြောင်း သိရသည်။

31 March 2012 21:11

တောင်တွင်းကြီးမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း ကြိုတင်မဲများ ကောက်ခံနေခြင်းနှင့် လျှို့ဝှက်မဲပေးခြင်းဥပဒေနှင့် မညီညွတ်သော ကိစ္စများ
 ဖြစ်ပေါ်နေ

တောင်တွင်းကြီးမြို့နယ်တွင် ကြား ဖြတ်ရွေးကောက်ပွဲအတွက် မဲးပေးနိုင်ရန် မဲစာရင်းတွင် အိမ်ထောင်စု တစ်စုလုံးမပါဝင်ခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့က အုပ်ချုပ်ရေး တာဝန်အပြင် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီစည်းရုံးရေးမှူး တာဝန်ပူးတွဲ ရယူထားရုံမက ရပ်/ ကျေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်နေခြင်း၊ ကိုယ်တိုင်လည်း ပြည်ထောင်စုံကြံ့ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မဲထည့်ရန်
 ကြိုတင်မဲများ လိုက်လံကောက်ခံနေခြင်းနှင့် လျှို့ဝှက်မဲပေးခြင်း ဥပေဒေနှင့် မကိုက်ညီသော ကိစ္စများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။

၂၀၁၂ မတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ် အချိန်တွင် တောင်တွင်းကြီးမြို့နယ်
 ကြခတ်ကန်းကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက တစ်အိမ်တစ်ဆင်း ကြိုတင်မဲများ လိုက်လံကောက်
ခံနေခြင်း၊ ပန်းတောငယ် အုပ်စုကြီး၊ အင်းကုန်းကျေးရွာ ရွာခွဲအုပ်ချုပ်ရေး(ယာအိမ်မှူး)သည် အုပ်ချုပ်ရေး တာဝန်အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးတာဝန်ကို ပူးတွဲရယူထားကြောင်း၊ ရပ်/ ကျေး ကော်မရှင် အဖွဲ့ဝင် လည်း ဖြစ်နေကြောင်း၊ ၎င်းကိုယ်တိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် ကြိုတင်မဲများ လိုက်လံကောက်ခံနေကြောင်း ရေဖြားကျေးရွာ အိမ်ထောင်ဦးစီး
 ဦးအုန်းရွှေ အပါအ၀င် မိသားစုဝင် ခုနစ်ဦးစလုံးမှာ အသက် ၁၈ နှစ် ပြည့်ပြီးသော်လည်း မဲစာရင်းတွင် လုံးဝမပါဝင်ခြင်း၊ ရွှေအင်းပင်ကျေးရွာမှ ကော်မရှင် အဖွဲ့ဝင်အချို့သည် မဲစာရင်းအမှတ် ၁၄၄၅ ဒေါ်သန်းစိန်၊ ၁၄၃၈ ဒေါ်ညိုတင်၊ ၁၈၂၀ ဒေါ်တင်စိန်၊ ၁၃၇၇ ဒေါ်ခင်ဝင်း တို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၁၁ တွင် ၎င်းတို့၏ ရှေ့မှောက်၌ ကြိုတင်မဲပေးစေ သဖြင့် လျို့ဝှက်မဲပေးခြင်း ဥပဒေနှင့် မကိုက်ညီသော ကိစ္စများဖြစ်ပေါ်နေကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများမှ သက်ဆိုင်ရာသို့ တိုင်ကြားထားပြီး အလားတူဖြစ်ရပ်များ ရှိမရှိကိုလည်း ဆက်လက်စုံစမ်းနေကြောင်း
သိရှိရသည်။ ယင်းကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲတွင် စည်း ကမ်းနဲ့ မညီညွတ်သော ဖြစ်ရပ်များနှင့်ပတ်
သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးခင်သောင်းက ''မဲရုံ ၂၈၄
 ရုံမှာ မဲရုံ ကိုယ်စားလှယ် နှစ်ဦးအပြင် အခြားကိစ္စရပ်တွေပါ ဖြေရှင်းနိုင်ရန်အတွက် သင်တန်းပေးထားပြီးသားပါ။ ကျေးရွာတွေမှာ ဒီလိုမသမာတဲ့ ကိစ္စတွေကို အဆင့်ဆင့် တိုင်ကြားထားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးလို့ ၁၅ ရက်အတွင်းမှာ ဒီအမှုတွေနဲ့ပတ်သက်ပြီး အမှုဖွင့် အရေးယူဖို့အတွက် ဆက်လက် ဆောင်ရွက်သွားပါ့မယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လုပ်ချင်တိုင်း လုပ်ခဲ့တာတွေ
 ရှိတယ်။ ဒါပေမယ့် အခု ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ကျွန်တော်တို့ ပါတီအနေနဲ့ အနီးကပ် လေ့လာစောင့်ကြည့်ပြီး လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် တောင်တွင်းမြို့နယ် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးအောင်ကြည်ညွန့်မှ အခုဖြစ်နေတဲ့ မဲသမာမှုကိစ္စတွေက ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတပြီး သန့်ရှင်းတဲ့ အဖြေထွက်လာမယ့်
အခြေအနေကို ထိခိုက်မှုရှိလာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေ ဖြစ်နေတယ်
ဆိုတာကို သက်သေ အချက်အလက် အပြည့်အစုံနဲ့ တင်ပြပြီး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တဲ့ အချို့
ကိစ္စရပ်တွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တာဝန်မယူကြဘူး''ဟု ပြောဆိုခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် မြို့ပေါ် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၃ အုပ်စု၊ ကျေးရွာ ၂၇၅ ရွာရှိပြီး
မဲပေးနိုင်ခွင့် ဦးရေမှာ အမျိုးသား ၈၁၈၁၃၊ အမျိုးသမီး ၉၂၈၆၆ စုစုပေါင်း ၁၇၄၆၇၀ ဦးရှိပြီး မဲရုံ ပေါင်း
 ၂၈၄ ရုံရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်မှ ဦးမောင်မောင်ဝင်း(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဦးအောင်ကြည်ညွန့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးမောင်ဝင်း(တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
)နှင့် ဦးအောင်သန်းတင့်(ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ)တို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

31 March 2012 20:53

ပြည်ခိုင်ဖြိုး ပါတီစည်းရုံးရေးမှူး၏ သားဖြစ်သူက စိတ်မနှံ့သူတစ်ဦး အပါအ၀င် ၈ ဦးအား
 ကြိုတင်မဲ ထည့်ခိုင်းသောကြောင့် အရေးယူပေးပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ကော်မရှင်သို့ တိုင်ကြား

ကျောက်ပန်းတောင်းမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာအုပ်စု၊ ယာကြီးတော(အရှေ့)ကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စည်းရုံးရေးမှူး၏
 ဦးမြမောင်၏ သားဖြစ်သူသည် အဆိုပါကျေးရွာတွင် နေထိုင်သူ စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးနှင့် မဲစာရင်းတွင်ပါဝင်သူ ၇ ဦး၊ စုစုပေါင်း ၈ ဦးတို့အား မတ်လ ၃၀ ရက်နေ့တွင် ကြိုတင်မဲ
ထည့်ခိုင်းသောကြောင့် ယင်းကိစ္စကို အရေးယူပေးပါရန် အမျိုးသားဒီမိုကရေစီ ပါတီအဖွဲ့ချုပ် (ကျောက်ပန်းတောင်းမြို့နယ်)မှ မြို့နယ်ကော်မရှင်သို့ တိုင်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်တွင် သက်ဆိုင်ရာ ကျေးရွာကော်မရှင်၏ တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ မဲထည့်ခိုင်းခြင်းကြောင့် ယခုကဲ့သို့ တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

''သက်ဆိုင်ရာ ကော်မရှင်တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ မဲပေးခိုင်းတာရယ်၊ စိတ်မနှံ့တဲ့သူကို မဲထည့်ခိုင်းတာရယ်ကြောင့် မြို့နယ်ကော်မရှင်ကို အရေးယူပေးဖို့ တိုင်ကြားရခြင်း ဖြစ်ပါတယ်။
 စိတ်မနှံ့တဲ့သူက မဲပေးလို့ မရဘူးဆိုတာ သိထားပါတယ်''ဟု ကျောက်ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

မဲပြားတွင်ပါရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အမှန်ခြစ်နိုင်မည့် နေရာတွင် ဖယောင်းများ သုပ်ထားသည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်းကြောင့် စိစစ်ပေးပါရန် မြို့နယ် ကော်မရှင်သို့
ယင်းကိစ္စကို စိစစ်ပေးပါရန် ကျောက်ပန်းတောင်းမြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ကော်မ
ရှင်သို့ အသိပေးအကြောင်းကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

''မဲပြားမှာပါတဲ့ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ကို အမှန်ခြစ်ရမဲ့နေရာမှာ ဖယောင်းတွေသုပ်ထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ‘ဖယောင်းသုပ်ထားတာဟာ အမှန်ခြစ်ရင် မထင်အောင်၊ မထင်တဲ့အတွက် နောက်တစ်ခါ ထပ်ခြစ်ပြီး ပယ်မဲဖြစ်အောင် လုပ်သွားမဲ့သဘောပါ။ ‘မဖြစ်သင့်တဲ့
 ကိစ္စမို့လို့ မြို့နယ်ကော်မရှင်အဖွဲ့ကို စိစစ်ပေးဖို့ အသိပေး အကြောင်းကြားထားပါတယ်။ ကော်မရှင်က
 ဘာမှတော့ အကြောင်းပြန် မကြားဘူး''ဟု ကျောက်ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပြခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ
 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းကြည်တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဒေါ်စု ကော့မှုးမြို့နယ် ရောက်ရှိ

 (ဗွီဒီယို)

ကောမှုးမြို့နယ် ပြည်သူလွှတ်တော်မဲဆန္ဒနယ်ကနေ ၀င်ရောက် အရွေးခြယ်ခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှုးမြို့နယ် ၀ါးသင်္ခံကျေးရွာကို မတ်လ ၃၁ ရက်နေ့ ညပိုင်းမှာ ရောက်ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့ လာရောက်စဉ်မှာပဲ ကော့မှုးမှာ NLD ပါတီ မဲဆွယ်ရေးအဖွဲ့တွေကို အနှောက်အယှက်တွေ ရှိခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် စိုးရိမ်ခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဥာဏ်ဝင်းကတော့ ဒီလို နှောက်ယှက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ ယူဆပြီး၊ ဒေါ်အာင်ဆန်းစုကြည် ခရီးစဉ်အတွက် စိုးရိမ်ခဲ့တယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတော့ ၀ါးသင်္ခံကျေးရွာကို ငြိမ်းငြိမ်းချမ်းချမ်းရောက်ရှိ အနားယူနေပြီး၊ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ အဲဒီက မဲရုံတွေကို လှည့်လည်ကြည့်မယ်လို့ သိရပါတယ်။

ကိုယ်စားလှယ်များနဲ့ ဆွေးနွေးပွဲ

ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်းပြည်ပ သတင်းထောက်များ မေးမြန်းမှုကို ဖြေကြားစဉ်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်းပြည်ပ သတင်းထောက်များ မေးမြန်းမှုကို ဖြေကြားစဉ်
လက်ရှိ တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေအရ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်ပါတယ်။ ဒါပေမယ့်လည်း
ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမှာဖြစ်သလို လွှတ်တော်ထဲ ရောက်ရင်လည်း လွယ်လွယ်နဲ့ လွှတ်တော်ထဲက စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေက
သတင်းထောက် ၃၀၀ လောက် တက်ရောက် သတင်းယူခဲ့တဲ့ ဒီသတင်းစာ ရှင်းလင်းပွဲမှာ တောင်ငူမြို့ကို မဲဆွယ် စည်းရုံးသွားရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့လွှတ်တော် ကိုယ်စားလှယ်လောင်း လေးခွနဲ့
အပြစ်ခံရတာတွေ ရွေးကောက်ပွဲကာလ တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေအပြင် သူ့ရဲ့ကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့အမေးကို ဒေါ်အောင်ဆန်းစုကြည်က ကျယ်ကျယ် ပြန့်ပြန့်
ပြန်လည် ဖြေကြား ခဲ့ပါတယ်။

ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ)


(Photos - Zimbio)

မြစ်ဆုံနဲ့ သဘာဝပတ်ဝန်းကျင် by anyarnwaytamarmyay

မြစ်ဆုံနဲ့ သဘာဝပတ်ဝန်းကျင် by anyarnwaytamarmyay

နားထောင်ကြည့် ပါ။ အားလုံးအတွက်ပါ။
(ဒေါင်းမာန်ဟန်မှ ကူးယူဖေါ်ပြပါသည်)

အန်အယ်လ်ဒီ by anyarnwaytamarmyay

အန်အယ်လ်ဒီ by anyarnwaytamarmyay

နားထောင်ကြည့်ပါ။ အားလုံးအတွက်ပါ။
(ဒေါင်းမာန်ဟုန်မှကူးယူဖေါ်ပြပါသည်)






Posted: 30 Mar 2012 12:12 PM PDT
အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ လက်ကမ်း စာစောင်တွေကို ဝမ်းပန်းတသာ ရယူပြီး ပြန်လည် အသိအမှတ်ပြုနေကြတဲ့ ပြည်သူ့တပ်မတော်သားများ..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း တပ်မတော်သားများမှ
 အဖွဲ့ချုပ် လက်ကမ်းစာစောင်များအား ဝမ်းပန်းတသာ လက်ခံ ရယူပြီး အပြန်အလှန် အသိအမှတ်ပြုနေကြတဲ့
 မြင်ကွင်း ဓာတ်ပုံတွေပါ...။ အကြောင်းကြောင်းကြောင့် မည်သည့်မြို့ မည်သည့်တပ်ဆိုတာကို ကာယကံရှင်များရဲ့
လုံခြုံရေးကြောင့် မဖော်ပြနိုင်တာကိုတော့ နားလည်စေချင်ပါတယ်..။

ပြီးခဲ့တဲ့ ၁၉၉၀ရွေးကောက်ပွဲတွေမှာ တပ်မြို့တွေဖြစ်တဲ့ မင်္ဂလာဒုံ၊ မှော်ဘီအစရှိတဲ့ နေရာတွေမှာ အဖွဲ့ချုပ်က
 ပြတ်ပြတ်သားသား အနိုင်ရခဲ့တာ မှတ်မိကြဦးမှာပါ..။ လတ်တလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်
ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာလည်း ယူနီဖောင်းကို ချွတ်ပြီး လာရောက်အားပေးကြတဲ့
သူတွေဒုနဲ့ဒေးပါ..။ ကလောမြို့က တပ်သားလေး ကျော်ဇင်ဝင်းတို့ အဖွဲ့ချုပ်ကို လာရောက်တိုင်ကြားတဲ့
 ရေတပ်သားသူရိန်တို့ သတင်းတွေဟာလည်း အင်တာနက် သတင်းစာမျက်နှာတွေမှာြ
မင်တွေ့နေရတာပါ..။ လူထုခေါင်းဆောင်မှလည်း မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ
တပ်မတော်မှ ပူပေါင်းပါဝင် ဆောင်ရွက်ဖို့ ပြောဆိုနေတာလည်း အများသိပြီး ဖြစ်ပါတယ်..။ တကယ့် အရာခံ၊
 အကြပ်၊ တပ်သားတွေရဲ့ ရင်ထဲမှာလည်း အမှန်တရားဆိုတာကို သိရှိနားလည် ပြီးသားပါ...။  တပ်မတော်နဲ့ ပြည်သူကို
 ရန်သူသဖွယ် ပိုင်းခြားခဲ့တဲ့ လူနည်းစု တဦး၊ တဖွဲ့ ကြောင့် အိမ်ကြက်အချင်းချင်း ပြန်ခွပ်နေရပြီး ပြည်သူနဲ့ အလှမ်းဝေးနေရတာပါ
...။
ကောင်းမွန်တဲ့ စံနစ်တခုအောက်ကို ပြန်လည်ရောက်ရှိမှသာ တပ်မတော်သားတွေရဲ့
ဘဝတွေ သာယာစိုပြေနိုင်မှာ ဖြစ်သလို ခေတ်မှီပြီး အင်အားတောင့်တင်းတဲ့ ပြည်သူ့ကို
ကာကွယ်တဲ့ တပ်မတော်ဆိုတာ ဖြစ်လာမှာပါ...။ တိုင်းပြည် အင်းအားရှိမှ တပ်မတော်လည်း အင်အားရှိလာမှာ
 မလွဲမသေပါပဲ။ အနာဂတ်မှာ ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့  ပြည်သူချစ်တဲ့ ပြည်သူတပ်မတော်ဆိုတဲ့ ကောင်းမွေကို
 ပြန်လည် ဆက်ခံနိုင်ဖို့ အတွက် ပြည်သူ့ဘက်က ရပ်တည်ပေးကြပါလို့ တိုက်တွန်းလိုက် ရပါတယ်

 ပြည်သူ့တပ်မတော်သားများ ခင်ဗျာ..။

အထက်က ဖော်ပြပါ ဓာတ်ပုံတွေကို မည်သည့်တပ်၊ မည်သူဆိုတာ စုံစမ်းမနေပဲ တကယ့် အောက်ခြေမှ စစ်သည်တွေရဲ့
 ရင်ထဲက ဆန္ဒတွေကို နားလည်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်များအား မေတ္တာရပ်ခံ အပ်ပါတယ်..။
ဒီမိုဝေယံ
Posted: 30 Mar 2012 11:17 AM PDT
၂၆-၃-၂၀၁၂ နေ့က သီလဝါ မီးလောင်မှု မြင်ကွင်း ဓာတ်ပုံ China News

ရှုပ်လို့ မီး ရှို့လိုက်ရတဲ့ မြန်မာ့သစ်လုပ်ငန်း 
အရှုပ်တော်ပုံအပိုင်း (၁)

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း၏
  အရှုပ်တော်ပုံကြောင့် ပြည်သူ့ဘဏ္ဍာမှ ပံ့ပိုးထားတဲ့ စာရင်း ကွာဟမှုများကို ဖြေရှင်းရန်အတွက် ၂၆-၃-၂၀၁၂ နေ့ ညနေ
 ပိုင်း မှ ၂၇-၃-၂၀၁၂ နေ့ နံနက် စောစောအထိ ကျောက်တန်းမြို့နယ်၊ သီလ၀ါ အပြည်ပြည်ဆိုင်ရာ
 ဆိပ်ကမ်း တွင် ပြည်ပသို့တင်ပို့ရန် စုပုံထားသည့် ကျွန်းသစ်လုံးကြီးများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

သစ်ဆိပ်များတွင် မီးမကြာခဏ လောင်ကျွမ်းလေ့ရှိသော်လည်း ယခု လောင်ကျွမ်းမှုမှာ မြန်မာ
 နိုင်ငံတွင် အကြီးမားဆုံး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ကျွန်းသစ်တန်ချိန် ၈၁၀၀ လောင်ကျွမ်း ကြောင်း
 စာရင်းဖေါ်ပြခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၁၀၀ကျော်ခန့်နှင့် စုစုပေါင်း ဒေါ်လာ
ကိုးသန်းနီးပါးခန့်  မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သက်ဆိုင်ရာ တင်ပြခဲ့သည်။

ယင်းမီးလောင်မှုမှာ ဦးတေဇ ပိုင် ထူး Co ပိုင် သစ်များဟု ပြင်ပတွင် သတင်းဖြစ်ပေါ်နေသော် လည်း
အမှန်တကယ် နိုင်ငံတော်အစိုးရပိုင် သစ်များ ဖြစ်သည်ဟု သိရသည်။ အကြောင်းမှာ မြန်မာ နိုင်ငံမှ ပြည်ပသို့
သစ်ရောင်းချရာတွင် သဘောင်္တင်ရုံနှင့် စီးပွားရေးလုပ်ငန်းရှင် ပိုင်သစ်များဟု ပြောဆိုမရပဲ၊ြ
ပည်ပသို့ သဘောင်္ထွက်ခွာပြီး မြန်မာ့ရေပိုင်နက် ၁၂ မိုင်ကျော်လွန်မှ သာ သစ်လုပ်ငန်းက ယင်း စီးပွားရေး
လုပ်ငန်းရှင်ထံသို့ Invoice ထုတ်ပေးကြောင်း၊ Invoice ရမှ သာလျှင် လုပ်ငန်းရှင်ပိုင် ဖြစ်သွားကြောင်း သိရသည်။
သီလ၀ါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် သစ်လုံးတန်ချိန် ၃၀၀၀၀ ကျော် စုပုံထားသည့် အနက်မှ ယခု လောင်ကျွမ်းမှု
သည် တန် ၈၁၀၀ ဟု ပြသော်လည်း အမှန် တကယ် ၈၁၀၀ လောင်ကျွမ်းခြင်း မရှိပဲ စာရင်း ပိုပြခဲ့ခြင်း ဖြစ်သည်။

ယင်းမီးလောင်ကျွမ်းမှုတွင် သီလ၀ါ ဆိပ်ကမ်း သစ်လုံးရောင်းဌာန တာဝန် ခံ မန်နေဂျာ ဦးမြင့်သိန်း၊ ဒု အထွေထွေ
 မန် နေဂျာ ဦးတင်ဦး ၊ အထွေထွေ မန်နေဂျာ ဦးအေးကျော်  ဦးဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ရီ တို့တွင်
 အပြည့်အ၀ တာဝန်ရှိကြောင်း၊ ယင်း လူများမှာ လက်ရှိ ပြည်ထောင်စု ၀န် ကြီး ဦးဝင်းထွန်း ၏လူများဖြစ်နေကြသည့်
အတွက် ယင်းမီးလောင်ဆုံးရှုံးမှုမှာ စာရင်းဖျောက်မှု သက်သက်သာ ဖြစ်သည် ။

လတ်တလော စစ်ဆေးချက်များအရ ပြည်ပသစ်လုံးအရောင်းဌာန ၁/၂/၃ ဟု ရှိရာ တွင် အရောင်းဌာန ၁ နှင့် ၂
 မှာ ကျွန်းသစ်အရောင်းဌာနများဖြစ်ပြီး၊ အရောင်းဌာန ၃ မှာ ပျဉ်းကတိုး အရောင်းဌာန များဖြစ်သည်။ ပြည်ပ အရောင်းဌာန
 ၃ မှ ပျဉ်းကတိုး တန် ချိန် ၁၃၀၀၀ ကျော်နှင့် ပြည်ပအရောင်းဌာန ၁ / ၂ တို့မှ ကျွန်းတန်ချိန် ၇၀၀၀ စုစုပေါင်း တန်
 ချိန် ၂၀၀၀၀ ကျော် ကွာခြားနေပြီး အရေးယူနိုင်ခြင်း မရှိသေးသလို စစ်ဆေးရခြင်း မရှိသေးသော သစ်လုံးတန် ချိန် 
စုစုပေါင်း ၆၀၀၀၀၀ ကျော်ရှိနေသေးသည် ။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန တွင်ဖြစ်ပေါ်နေသော စာရင်းကွာဟ မှုများ နှင့်
 နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးမှုများမှာ ပြည်ထောင်စုအဆင့်ဝန်ကြီး နှင့် စီးပွားရေးဖက် Great Apex Co,Ltd မှ
 ချစ်တီးကုလား ဦးအေးမောင်တို့၏ အလွဲသုံးမှုများကြောင့် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ အတွင်း ရေပန်းစား
လျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကို ပြည်ထောင်စုဝန်ကြိးအဖြစ် တာဝန်မပေးခင် ကတည်းက
 မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး လက်ထက်ကတည်းက တပ်မတော်ဂေါက်ကွင်း (ရန်ကုန် )
တွင် Golf Carry ကျောနံပတ် ၀၄၉ မသန်းသန်းညွန့် နှင့် ညှိစွန်းခဲ့ပြီး တိုက်ခန်း ရှစ် ခန်း ၊ အင်းစိန်ဈေးတွင်
 ရွှေဆိုင်တစ်ဆိုင်၊ ၂၀၁၁ နှစ်ဆန်း ပိုင်းက ပဲခူးသစ် ထုတ်လုပ်ရေး - ရောင်း/ စက်သို့ မသန်းသန်းညွန့်
 နာမည်နှင့် သစ်ရောင်းချပေးရန်၊ ဦးဝင်းထွန်း၏ လက်မှတ်ဖြင့် မဖြစ်မနေရောင်း ချပေးရန် မှတ်ချက်ရေးထိုး ပေးခဲ့ကြောင်း၊
 ယခု မသန်းသန်းညွန့် အင်းစိန် ဈေးမှ ရွှေဆိုင်ကို ရောင်းချပြီး ဦးဝင်းထွန်း နှင့် ညှိစွန်းနေသည့် အကြောင်း ဖေါ်ကောင်လုပ်
 နေသော သူမ၏ခင်ပွန်းကို Taxi ကားတစ်စီး ၀ယ်ပေးထားရကြောင်း သိရသည်။ ဂေါက်ကွင်းတွင်လည်း
သန်းသန်းညွန့်ပိုင် ဆိုင်တစ်ဆိုင် ဖွင့်ပေးထားသည် ဟုသိရသည်။
လက်ရှိပြည်ထောင်စု ၀န်ကြီးဖြစ်လာသည့်အခါ ဦးဝင်းထွန်းသည် Golf Carry
မသန်းသန်းညွန့်နှင့် တင်းတိမ်ရောင့်ရဲ ခြင်းမရှိတော့ပဲ နိုင်ငံကျော် အဆိုတော် ရုပ်ရှင် မင်းသမီးများအတွက်ပါ
 ပံ့ပိုး ညှိစွန်းမှုများ ပြုလုပ်လာခဲ့ကြောင်း သိရသည်။ ၁၁-၁၀-၂၀၁၁ ရက်စွဲဖြင့် သစ်ကုန်သည် မဟုတ်သူ
 မင်းသမီး နန်းဆုရတီစိုးကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း က whole sale ဖြင့် ကျွန်းသစ် တန် ၅၀၀
 ရောင်းချပေးခဲ့ကြောင်း၊ ယင်းရောင်းချခွင့် ပါမစ်အတွက် တစ်တန်လျှင် ဒေါ်လာ ၅၀၀ နှုန်းဖြင့် မင်းသမီး
 နန်းဆုရတီစိုး က အမြတ်ရခဲ့ပြီး မြန်မာကျပ်ငွေ သိန်းနှစ်ထောင် ရရှိအောင် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
  ယင်း သိန်းနှစ်ထောင်ဖြင့် ၃၀-၁၀-၂၀၁၁ နေ့တွင် နန်းဆုရတီစိုးက Hotel တစ်ခုတွင် ဂျာနယ်
 သတင်းထောက်များနှင့် မီဒီယာရှင်းလင်းပွဲပြုလုပ်ကာ ၂၀၀၈ ခုနှစ်ကတည်းက အသံစီးရီး ထွက်ခဲ့သည့်
 သူမ၏ မိုးမမြင်လေမမြင် တေးစီးရီးကို MTVနှင့် VCD ချပ်များထုတ်ရန် ကြေငြာခဲ့ကြောင်း သိရသည်။
 သူမ၏ မိုးမမြင်လေမမြင် တေးစီးရီး VCD ချပ်များထုတ်ဝေရန် စီစဉ်ပြီးသည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့်
မင်းသမီး နန်းဆုရတီစိုးတို့ ထိုင်းနိုင်ငံတွင် ချိန်းဆို တွေ့ဆုံကာ အပန်းဖြေခဲ့ကြကြောင်း သိရသည် ။

လက်ရှိ အကယ်ဒမီ မင်းသမီး သက်မွန်မြင့်အား တစ်လလျှင် ဒေါ်လာ ငါးထောင်နှုန်းဖြင့် တစ်နှစ်စာ ဒေါ်လာ
 ခြောက်သောင်း ပံ့ပိုးပေးလျှက်ရှိပြီး ပြည်ထောင်စုဝန်ကြီးနှင့် အထက်အဆင့် လူကြီးများနှင့်
 စီးပွားရေး လုပ်ငန်းရှင်ကြီးများအတွက် ပြုလုပ်သော ဦးဝင်းထွန်း၏ ပါတီပွဲများတွင်
ပင်တိုင်ဧည့်ခံပေးရန် စီစဉ်ထားသည့်အတွက် မြန်မာ့သစ်လုပ်ငန်းကို စာရင်းစစ်မရှိပဲ
 ထင်တိုင်းကြဲ ခွင့်ရအောင် ဆောင်ရွက်ထားသည်။

အဆိုတော် ရုပ်ရှင်မင်းသမီးများနှင့် တွေ့ဆုံပေးခဲ့သော Great Apex Co,Ltd မှ
ချစ်တီးကုလား ဦးအေးမောင်အား မြန်မာ့သစ်လုပ်ငန်း၏ အစဉ်အလာဖြစ်သော သစ်ရောက်ငွေချေ စံနစ်အစား
ဖားအံသစ် ထုတ်လုပ်ရေးမှ တဆင့် မြန်မာ့သစ်လုပ်ငန်း ဘဏ္ဍာရေးဌာန ရုံးချုပ်က ကျပ်သိန်း ၆၀၀၀ ကို စရံငွေအဖြစ် ပေးထားကြောင်း သိရသည်။

ယခုအခါ လွှတ်တော်အတွင်း ၀န်ကြိးဌာနများ၏ အလွဲသုံးစားမှုများကို အရေးယူရန် ပြည်သူ့လွှတ်တော် ဥက္ကဌ
သူရဦးရွှေမန်း ကလည်း ၀န်ကြီးဌာနများ၏ အကျင့်ပျက် ခြစားမှုများကို ဖေါ်ထုတ်ရန် ဆောင်ရွက်လျက်ရှိရာ
ကွာခြားနေသော သစ်တန်ချိန် များအား စာရင်းဖျောက်ရန် အတွက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၏ လူယုံ သီလ၀ါ
သစ်ဆိပ် တာဝန်ခံ ပြည်ပသစ်လုံး ရောင်းဌာန မှ မန်နေဂျာ ဦးမြင့်သိန်းအား စာရင်းဖျောက်နိုင်ရေး စီစဉ်ညွှန်ကြားခဲ့
 ကြောင်း သိရသည်။ ထပ်မံရရှိမည့် သတင်းများကို ဆက်လက်ဖေါ်ပြပါမည်။

သစ်လုပ်ငန်းရှင်များ
Posted: 30 Mar 2012 10:22 AM PDT
 မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက် အရွးခံမယ့် မဖြူဖြူသင်းနှင့် ထောက်ခံသူ ပြည်သူများ..


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ မဲဆွယ်စည်းရုံးစဉ် မြင်တွေ့ရတဲ့ မြင်ကွင်းနဲ့ ပြည်သူများ...

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဝါးသင်္ခရွာမဲဆွယ် စည်းရုံးရေးအဖွဲ့နဲ့ ဒေသခံ အဖွဲ့ချုပ်ကို ထောက်ခံသူပြည်သူတဦး

 ဒဂုံဆိပ်ကမ်းမြို့နယ်မှာ သပြေပန်းနဲ့ ရေဖြန်းပြီး မဲဆွယ်စည်းရုံးနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူးဦးဋ္ဌေးဦး
မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှဒေါ်လဲ့လဲ့အေး မဲဆွယ်စည်းရုံးနေစဉ်..


 ဓာတ်ပုံများ AP,Reuters, Getty Images

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Daw Aung San Suu Kyi said By Election unfair



 *လူညံ့


       တနေ့တုန်းက မိဘတယောက် ဟာသူ့သမီးကို စာမေးပွဲ အမှတ်နည်းလို့ဆိုပြီး
 ကြိမ်ဖြင့် ရိုက်ပြီး ဆုံးမ နေသည်။  ကျောင်းသူလေးဟာရှက်လည်းရှက်
 ကြောက်လည်းကြောက်သွားသည်။ အဲဒီလို ဆူလိုက်  ရိုက်လိုက်လို့ပြီး
 ညံ့သွားတာတွေကို ကျနော်ခဏခဏတွေ့နေရသည်။ အဲဒီကျောင်းသူလေးရဲ့ဖြစ်၇ပ်
 ကိုကြည့်ပြီး `ညံ့ခြင်း´ `တော်ခြင်း´ အကြောင်းကို စဉ်းစားနေမိသည်။
        တကယ်တော့ ဒီနေ့လူငယ်တွေတော်ကြပါသည်။ ဗဟုသုတလည်း ကြွယ်ဝကြပါသည်။ ဒါပေမယ့် သူတို့တော်နေတာကို ကျနော်တို့လူကြီးတွေသတိမပြုမိကြ။
 သူတို့တော်နေကြတာဟာ ကျနော်တို့တော်စေချင်သလို တော်နေကြတာမဟုတ်ကြ။  ဒါကြောင့်
 သူတို့နဲ့ ကျနော်တို့ရဲ့ အကြားမှာ ပဋိပက္ခတွေ အမြဲဖြစ်နေကြရသည်။

       ချားလ်ဒါဝင်ရဲ့ အကြောင်းပြောပြချင်သည်။ သူ့ကို လူတိုင်းသိကြသည်။ လူကို
 မျောက်ကဆင်းသက်လာတယ်လို့ ရဲရဲ ၀ံ့ဝံ့ တင်ပြပြောဆိုသွားခဲ့တဲ့
 ပညာရှင်တယောက်ဖြစ်သည်။ သူရဲ့ ငယ်ဘ၀မှာ ထင်ရှားတဲ့ အဖြစ်အပျက် တခုရှိခဲ့ဖူးသည်။
 သူဟာ ငယ်စဉ်တုန်းက ခရစ်ယာန်ဘုန်းကြီးကျောင်းမှာနေရသည်။ ကျောင်းနေပြီး
၂နှစ်လောက်ကြာတဲ့အခါ ကျောင်းရုံးခန်းထဲတွင် သူ့ကိုကျောင်းအုပ်ကြီးနဲ့
 သူ့ရဲ့ဖခင် က ဆူသည်။ ရိုက်သည်။ သူ့ကို ၇ိုက်ပြီး တဲ့အခါ သူက ဆရာနဲ့ အဖေကို
 မေးတဲံပြောတဲ့ စကားများသည် ကျနော်တို့အားလုံး အတွက် တွေးစရာလေးတွေ၇ှိနေသည်။
 သူကမေးသည်။
 ``ဆရာကြီးနဲ့ အဖေခင်ဗျား၊ ကျနော့်ကို ဘာကြောင့်ရိုက်နေကြတာတုံး´´  သူ့အဖေက
 ပြန်ပြောသည်။ `` ဘာလို့ အရိုက်ခံရမှန်း မသိလောက်အောင်ကို ညံ့လှချေလား
 ငါ့သားရာ´´
 ဆရာက ၀င်ပြောသည်၊`` မင်း...ဒီကျောင်းမှာနေတာ ၂နှစ်ရှိနေပြီ ဒီစာ၂မျက်နှာရအောင်
 မင်းမကျက်နိုင်ဘူး..ဒါကြောင့် မင်းကို ငါတို့ ဆူနေတာ
 ရိုက်နေရတာ...မင်းတော်တော်ညံ့တဲ့အကောင်ပဲ တုံးတဲ့အ တဲ့ကောင်ပဲ´´
 ``ကျနော်မသိလို့မေးပါရစေခင်ဗျ၊ ညံ့တယ် တုံးတယ်ဆိုတာ ဘာလဲဗျ၊ ကျနော့ကို
 ၇ှင်းပြစမ်းပါ။´´ အဲဒီအချိန်မှာ သူ့အဖေဟာ အလွန်ကို ဒေါသထွက်သွားသည်။ သူ့သားကို
 ကြည့်ပြီးတော့တော်တော်ကို စိတ်ဓါတ်ကျသွားသည်။ ဒေါနဲ့ မောနဲ့ ပြန်ဖြေလိုက်သည်။
 ``မင်းဒီစာ၂မျက်နှာကို ဒီလောက်အကြာကြီး သင်ပေးတာတောင် အလွတ်မရဘူး
 အဲဒါညံ့တာပေါ့ကွာ။´´  ချားလ်ဟာ သူ့အဖေရဲ့မျက်နှာကို ပြန်ပြီးကြည့်လိုက်သည်။
 ဆရာကိုလည်း ရဲ၇ဲကြီးကြည့်လိုက်သည်။ ပြီးတော့ သူ့ပါးစပ်ကနေပြီး
 စကားတခွန်းဆိုလိုက်သည်။  ``လတ်စသတ်တော့ ညံ့တယ်ဆိုတာ အဖေတို့ ဆရာတို့
 ဖြစ်စေချင်တာ လုပ်မမေးနိုင်လို့ ပြောတာကိုး။´´ သူ့အဖေဟာ ဒေါသကြီးနဲ့
 ပြန်အော်လိုက်တယ်။ ``ဟုတ်တယ်ကွ။ မင်း တော်တော်ညံ့တဲ့ တုံးတဲ့ကောင်ပဲ´´
 ချားဟာ ချက်ချင်းဆိုသလိုဘဲ အဖေနဲ့ ဆရာကို ပြန်ပြောလိုက်သည်။
 ``ဒါဆိုရင် အဖေနဲ့ ဆရာလည်း ညံ့တာဘဲ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဖြစ်ချင်တာကို
လုပ်မပေးနိုင်ကြဘူး  ကျနော့် ကိုလည်း နားလည်ဖို့ လည်း မကြိုးစားဘူး...အဖေတို့
 ကျနော့ကို နားမလည်းပါဘူး ညံ့တယ်ဆိုတာ အဖေတို့ ဆရာတို့ အကြိုက်ကို မလိုက်လို့
 ကျနော့ ကိုစွပ်စွဲတဲ့ စကားပဲ။ ဒီလိုဆိုရင် အဖေတို့ ဆရာတို့က ကျနော့်အကြိုက်ကို
 မလိုက်တဲ့ အတွက် ကျနော့အတွက်တော့ အဖေနဲ့ ဆရာဟာ လူညံ့ပဲ´´
 ဒီလိုနဲ့ ချားလ် တယောက် ငယ်ငယ်ရွယ်၇ွယ်နဲ့ ကျောင်းထုတ်ခံခဲ့ရပါသည်။
 ကျောင်းထွက်လိုက်ရတဲ့ ချားလ်ဟာ တော်လား ညံ့လားဆိုတာ စဉ်းစားကြည့်ရအောင်။
 ဒီကနေ့ လူတိုင်းနီးပါး ချားလ်ကို သိကြသည်။ ချားလ် ကို ညံ့တယ်လို့ ပြောခဲ့တဲ့
 သူရဲ့ ဖခင်နဲ့ ဆရာ ကို ဘယ်သူမှ မသိကြပါ။

 *    တကယ်တော့ ...လူတယောက်က တခြားလူတယောက်ကို ညံ့တယ်လို့ ပြောတိုင်း
 အပြောခံ၇တဲ့ သူဟာ စိတ်ဓါတ်မကျသင့်ပါ။ ညံ့တယ်ဆိုတာ သူ့အကြိုက်မလိုက်လို့
 စွပ်စွဲပြောဆိုတဲ့ စကားလုံးမျှသာဖြစ်သည်။ မိဘတယောက်ဟာ ကိုယ့်သားသမီးကို ခဏခဏ
 ညံ့တယ်လို့မပြောသင့်ပါ။ ညံ့တယ်လို့ အပြောခံ၇တဲ့ ကလေးတယောက်ဟာ သူ့ကို
 သူတကယ်ညံ့တယ်ထင်သွားပြီး လူဆိုးတယောက်ဖြစ်သွားနိုင်သည်။ တကယ်တော့...
 မိဘအကြိုက် ကိုမလိုက်တော့တဲ့ အတွက် ညံ့တယ်လို့ပြောဆိုခံနေရတဲ့ သားသမီးတွေ
 လောကမှာ အများကြီး၇ှိပါသည်။ ဒီလိုပါပဲ ...ဆရာတယောက်ဟာ ကိုယ့်တပည့်ကို
 ညံ့တယ်လို့ မမြင်သင့်ပါ။ မပြောသင့်ပါ။ ကျနော်တို့ ကိုယ်တိုင်လည်း သူတို့
 အ၇ွယ်တုန်းက ဘယ်လောက်များတော်ခဲ့ကြလိုလဲဗျ။ ကျောင်းသားတယောက် ဟာ
 အမှတ်နည်းတိုင်း လူညံ့တယောက် မဟုတ်ပါ။ အမှတ်များတိုင်းလည်း တကယ်တော် နေတယ်လို့
 တထစ်ချသတ်မှတ်လို့မရပါ။ *
        ကျနော်တို့ ပတ်ဝန်းကျင်မှာ မိဘနဲ့ သားသမီး ဆရာနဲ့ တပည့် အပေးအယူမတည့်
 ကြလို့ တယောက်ကို တယောက် အပြန်အလှန် ညံ့တယ်လို့ စွပ်စွဲနေတတ်ကြသည်။  အဲဒီလို
 စွပ်စွဲနေရုံနဲ့ နှစ်ဖက်စလုံး တော်မလာနိုင်ပါ။ တယောက်ကို
 တယောက်နားလည်အောင်ကြိုးစားဖို့က ပိုပြီးအဓိကကျပါသည်။ နားလည်မှုလွဲကြရင်းနဲ့
 သူ့ကြောင့် ကိုယ့်ဘ၀ပျက်ဆီး ကိုယ့်ကြောင့် သူ့ဘ၀ပျက်စီး ၊ ကိုယ့်ကြောင့်
သူ့ဘ၀နစ်မွန်း တတ်ပါတယ်။ ကြည့်တတ်ရင် မြင်တွေ့နိုင်ပါတယ်။

    တကယ့်လူညံ့ကို ကျနော် ကတော့ ဒီလိုတွေးမိသည်။* လောဘကြီးတဲ့ သူဟာ
 လောဘကြီးလွန်းတဲ့ စိတ်ကြောင့် တဖြည်းဖြည်းနဲ့ လူညံ့ဖြစ်သွားတတ်သည်။ ဒီလိုဘဲ
 ဒေါသကြီးတဲ့ သူ၊ အတ္တကြီးတဲ့ သူ၊ မာနကြီးတဲ့ သူ၊  ဘ၀င်မြင့်တဲ့ သူဟာ အဲဒီ ဒေါသ၊
 အတ္တ၊ မာနနဲ့ ဘ၀င်မြင့်တဲ့ စိတ်ကြောင့် သူ့ဘ၀ဟာ တဖြည်းဖြည်းချင်း
 လူညံ့ဖြစ်မှန်းမသိဖြစ်လာတတ်သည်။ လူတယောက်ဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာနနည်းသလား
များသလား ဆိုတာကို ကြည့်ရုံနဲ့ သူဟာ လူတော်တယောက်လား လူညံ့တယောက်လားဆိုတာ
 အလွယ်တကူခွဲခြားသိနိုင်ပါသည်။

 ဘာဘဲပြောပြော လူတယောက်ဟာ ငယ်ငယ်တုန်းက ညံ့တာသိပ်ပြီး အရေးမကြီးပါဘူး။  သူ့ကို
 တော်လာအောင်ြ ပုပြင်ပေးနိုင်တဲ့ မိဘရှိတယ်။ ဆရာရှိတယ်။ စာပေတွေ၇ှိတယ်။
 သူကိုယ်တိုင်လည်း လူညံ့တယောက်မဖြစ်ချင်တဲ့ မခံချင်စိတ်ရှိသည်။ ဒါကြောင့်
 တော်အောင် ကြိုးစားရင်းနဲ့ လူ့ဘ၀မှာ လူတော်တယောက်ဖြစ်လာနိုင်သည်။ *

 ငယ်တုန်း ညံ့တယ်ဆိုတာ ဖြူစင်တဲ့ ညံ့ဖျင်းခြင်းမျိုးဖြစ်သည်။ ကြီးမှ
 ညံ့တယ်ဆိုတာတော့ ရှက်စရာကောင်းသည်။ လောကအတွင်လည်းအလွန်နစ်နာသည်။
အခု ကျနော့ အသက် ၅၀ ကျော်ပြီ....

ဦးဘုန်း(ဓါတု)
သံစဉ်များနှင့် ကမ္ဘာစာအုပ်မှ ကူးယူဖေါ်ပြသည်။







 ရွေးကောက်ပွဲမတိုင်မီ (၂)ရက်အလိုမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ
Posted: 30 Mar 2012 12:11 AM PDT



Posted: 30 Mar 2012 12:06 AM PDT


ဓာတ်ပုံ..သံသာဝင်း

Posted: 29 Mar 2012 10:45 AM PDT

 နိုင်ငံတကာမှာတော့ ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာရင် ဟိုးထိပ်ဆုံး ၀န်ကြီးကစပြီး နှုတ်ထွက်ရတာမျိုး တွေ့ကြုံ
 မှတ်သားဘူးပါတယ်။ တည်ဆဲအစိုးရအဖွဲ့တွေတောင်မှ ကုလားထိုင်လှုပ်သွားတတ်သတဲ့။

ရုတ်တရက်ကြည့်ရင်တော့ ဒါဟာ မိန်းမပျိုလေးတစ်ယောက် သနားစဖွယ် အမှတ်မထင်သေဆုံးသွားခဲ့တာပါပဲ။
ဒါပေမဲ့ ဒီ့ထက်မကတဲ့ သတိထားစရာတွေ ရှိနေတယ်။

သတင်းတွေကို လိုက်ဖတ်တယ်။နန်းဝိုးဖန်က တရားလိုတဲ့။

သူ့ဆီက လူတစ်ယောက် မတရားအလွဲသုံးစားလုပ်သွားတာကို သူ တရားစွဲမိကာမှ ဘယ်နှယ့်လုပ် သူက ခံရရှာသလဲ?ကျနော်တို့ တိုင်းပြည်က လည်သူ စားစတမ်းလား?
ရိုးသားသူတွေအဖို့ ပြဿနာတစ်ခုခုဖြစ်ရင် ဒီလိုပဲ ငုံ့ခံကြရတော့မှာလား?

ဒါကို ထုံးတမ်းစဉ်လာတစ်ခုလိုဖြစ်မသွားစေချင်ဘူးဆိုရင် ကျနော်တို့အားလုံး ဒီကိစ္စကို လေးလေးနက်နက် ၀ိုင်းဝန်းဖို့ လိုမယ်။


















ကိုလိုနီခေတ်အကျင့်ဆိုးတွေကို ဖျောက်ဆိုတဲ့စာတမ်းကို ကျနော်တွေ့ဘူးသလိုပဲ။ဒါပေမဲ့ တကယ်တမ်း အဲဒီလို အကျင့်ဆိုးတွေ ဖျောက်နိုင်ရဲ့လား။

ကိုလိုနီခေတ်တုန်းက ပုလိပ်ဆိုတာတော့ အတော်ဆိုးတာပဲ။ ဂွင်ဖန်လိုက်တာကလည်း နူရာဝဲစွဲ လဲရာ ပုလိပ်ထောင်းခဲ့တယ်။

"တရားလိုဖြစ်တဲ့ မနန်းဝိုးဖန်ကို ဘာလို့ တနေကုန်၊ တညလုံး စစ်ရသလဲ။ တရားလိုကို တရားခံလို ဘာကြောင့် စစ်တာလဲ။ ဒါတွေ မေးခွန်းထုတ်စရာတွေပဲ" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။ ဆိုတဲ့စာသားတစ်ခုကို သတင်းတစ်ပုဒ်ဆီမှာ ဖတ်ရတယ်။

ကျနော်တို့လည်း အဲဒီမေးခွန်းကို ရိုးသားစွာ သိချင်မိပါတယ်။ဒီလို သနားကမား ကောင်မလေးတစ်ယောက် ကို တစ်ညလုံး စစ်လို့ရသလား?

စစ်ခွင့်ရှိသလား?

ဒီမိုကရေစီဆိုတဲ့နိုင်ငံတော်ကြီးမှာ ဒါမျိုးကို ခွင့်ပြုထားပါသလား?

ကျနော်ပြောချင်တာက တစ်ခုတည်းပါ။ဒီကိစ္စကြောင့် အဲဒီတုန်းက စစ်တဲ့ ဒုရဲအုပ် အလုပ်ပြုတ်သွားမယ်။
ထောင်ကျကောင်းကျမယ်။ ဒါပဲ။ဒီလောက်နဲ့ ပြီးသွားမှာကို မြင်နေတယ်။အပြစ်အားလုံး အဲဒီ ရဲအုပ်အပေါ် ပုံချလိုက်လိမ့်မယ်။

တကယ်ဖြစ်သင့်တာက အတွင်းလှိုက်စားနေတဲ့ ပြဿနာကို ဖြေရှင်းရမှာ ...

ဒီလိုလုပ်ရပ်မျိုးတွေ နောက်ထပ်မဖြစ်အောင်၊ အားနည်းတဲ့ ပြည်သူတွေအပေါ် မတရားအနိုင်ကျင့်တာမျိုး မဖြစ်အောင် တားဆီးရမှာ။

နိုင်ငံတကာမှာတော့ ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာရင် ဟိုးထိပ်ဆုံး ၀န်ကြီးကစပြီး နှုတ်ထွက်ရတာမျိုး တွေ့ကြုံ မှတ်သားဘူးပါတယ်။
တည်ဆဲအစိုးရအဖွဲ့တွေတောင်မှ ကုလားထိုင်လှုပ်သွားတတ်သတဲ့။အဲဒီလောက်ထိ ကျနော် တောင်းဆိုလိုခြင်း မဟုတ်ပါ။ဒါပေမဲ့ ပွဲပြီးမီးသေဖြစ်သွားမှာတော့ မကြိုက်ရိုး အမှန်ပါ။

နောက်ထပ်အပြစ်မဲ့ပြည်သူတွေ အနှိပ်စက်မခံရအောင် ထိထိရောက်ရောက်ကိုင်တွယ်သင့်တယ်။

တကယ်တော့ ဒီမိုကရေစီစနစ်မှာ (ဒီမိုကရေစီစနစ် စစ်စစ်မှာ) အာဏာဆိုတာ ပြည်သူက နှင်းအပ် ထားတာပါ။

ပြည်သူက ယုံကြည်စိတ်ချအောင် တနည်းပြောရရင် ပြည်သူနောက်ကျောလုံအောင် အာဏာပိုင်တွေက နေထိုင်ပြသင့်တယ်။

ပြည်သူက ကျီးလန့်စာစားဘ၀နဲ့ တထိတ်လန့်လန့်နေရရင် ဒါ အာဏာရှင်အုပ်ချုပ်ရေးပဲဖြစ်လိမ့်မယ်။

အခုကာလ ပြည်သူတွေဟာ အာဏာပိုင်အဖွဲ့အစည်းတွေကို တကယ်တမ်းအားကိုးဝံ့ပါပြီလား။
ရုံးပြင်ကနားရောက်ရမှာကို ကျနော်တို့ မြန်မာတွေ တော်တော်ကြောက်တတ်ကြပါတယ်။
အချိန်ကုန်တယ်။ လူပန်းတယ်။ ထိုင်နေအကောင်းသွား ထလိုက်မှ ဆေးအတွက်လေး ဆိုသလိုဖြစ်ရမယ် ဆိုတာမျိုးတွေ ကျနော်တို့အားလုံးရဲ့ ရင်ထဲမှာ ရှိကြပါတယ်။
ဒါဘယ်သူ့ကြောင့်ပါလဲ။ ဘယ်သူတွေက ချွတ်ယွင်းအားနည်းနေလို့လဲ။

တနည်းအားဖြင့်ကြည့်ရင်တော့ နန်းဝိုးဖန်ရဲ့ ဖြစ်ရပ်ဟာ အာဏာပိုင်တွေအနေနဲ့ ပြည်သူ့ယုံကြည်မှုကို ရယူနိုင်စရာ အခွင့်အလမ်းလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ဒါကို ထိထိရောက်ရောက်ကိုင်တွယ်ပြခဲ့ရင် ပွင့်လင်းမြင်သာမှုအပြည့်နဲ့ြ့ပည်သူတွေဆီ ချပြခဲ့ရင်သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဂုဏ်သိက္ခာရှိစွာ နှုတ်ထွက်တာမျိုးလုပ်ပြခဲ့ရင်ပြည်သူ့ယုံကြည်မှုကို တမုဟုတ်ချင်းရကြမှာပါ။

ကျနော်တို့မြန်မာတွေက ခွင့်လွှတ်လွယ်တတ်ကြပါတယ်။

ဒါပေမဲ့ အခုတော့ ကျနော်တို့မျှော်လင့်တာနဲ့ ဆင့်ကျင်ဘက်။

ငါ့ညီရေးရင် ငါ့ညီမှာ အန္တရာယ်ရှိမယ်။ ငါ့ညီတင်မကဘူး ငါ့ညီအဖွဲ့အစည်းမှာပါ အန္တရာယ်ရှိမယ် .... လို့ သတင်းထောက်တစ်ယောက်ကို ခြိမ်းခြောက်ကြောင်းကြားရတော့ ဒါ ဒီမိုကရေစီနိုင်ငံတဲ့လားလို့ပဲ အော်မေးချင်မိတော့တယ်။

ထပ်ပြောပါဦးမယ်။

ကျနော့်ဆန္ဒကတော့ ဒီကိစ္စကို ပြီးလွယ်ပျောက်လွယ်ဖြစ်မသွားစေချင်ပါ။ဟို အလွဲသုံးစားလုပ်သွားတယ် ဆိုတဲ့လူ ကို လည်း လွတ်မသွားစေချင်ပါ။

ကမ္ဘာကျော်စာရေးဆရာကြီးဖြစ်တဲ့အားနက်ဟဲမင်းဝေးရဲ့ နာမည်ကြီး ၀တ္ထုတစ်အုပ်ကို မူတည်ပြီး စကားတစ်ခွန်းကြားဘူးပါတယ်။

ခေါင်းလောင်းထိုးသံတစ်ခုကြားတဲ့အခါ ဘယ်သူ့အတွက် ထိုးတာလဲလို့ မေးမနေပါနဲ့မင်းအတွက် ထိုးတာဖြစ်တယ်။လူတိုင်းအတွက် ထိုးတာဖြစ်တယ်တဲ့။

အခု နန်းဝိုးဖန်းဆိုတဲ့အသက်၁၉နှစ်သာ ရှိသေးရှာသူ ရှမ်းမကလေးဟာညကြီးအချိန်မတော် အစစ်ဆေးခံရ ရင်း သေဆုံးသွားခဲ့ရှာပါပြီ။

သူက ပြောနေတယ်။သတိထားကြပါ။သူ့လိုအဖြစ်တွေ အများကြီးရှိနေသေးပါသတဲ့။

Thorn Nay Soe သွန်းနေစိုး

Posted: 29 Mar 2012 09:32 AM PDT




Posted: 29 Mar 2012 09:24 AM PDT



Posted: 29 Mar 2012 08:30 AM PDT

တောက်မဲ့မီး တရဲရဲ မီးမီးခဲ

ဘရိတ်ကီ







Photo..Kyaw Swa Htoon

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610