Friday 30 November 2012





အမေသိပါစေ အမေကြားပါစေ (ကဗျာရှင် မေ)

Posted: 29 Nov 2012 06:57 PM PST



အမေသိပါစေ အမေကြားပါစေ
(ကဗျာရှင် မေ)

တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ်၅၄တဲ့
အမေ့ရဲ့သမိုင်းဝင် ဒီစံအိမ်
မော်ကွန်းတင်မဲ့ နှစ်ရှည်အကျဉ်းထောင်တခုကိုလေ
ဖျက်ဆီးလိုသူတဦး ဦးအောင်ဆန်းဦးတဲ့
အမွေဆိုင်တရားစွဲ လျှောက်လဲခဲ့စဉ်က
အမေ့သားသမီးစုံညီ ပွက်ပွက်စီလို့
အမေ့အိမ်ကိုကာကွယ် ညီညွတ်ခဲ့ကြတာလေ။
ဒီလိုပဲအမေ
လက်ပံတောင်းတောင်အရေးတဲ့
လည်ပြန်ကြည့်ပါဦးအမေ
အမေ့သားသမီးတွေ
ဒီရေဒီမြေဒီသာသနာကိုကာကွယ်ဖို့
အစွမ်းကုန်ကြိုးပမ်း
ဖမ်းသူတွေလဲဖမ်း လဲသူတွေလဲလဲ
ရက်စက်သူလူစုလက်ထဲအလဲလဲအကွဲကွဲနဲ့
လူပင်လဲသော်လည်း စိတ်မလဲဘူး
ရှေဆက်သွားဖို့ အံကိုခဲဆဲ
ကိုယ့်အိမ်ကိုကိုယ် ကာကွယ်နေဆဲလေအမေ။

ဒီမိုကရေစီဆိုတာ ပြည်သူ့ ဆန္ဒတဲ့လား
ပြည်သူမပါရင် ဘာမှမဖြစ်ဘူးတဲ့လား
လွပ်လပ်စွာဖော်ပြတာကHuman Right တဲ့လား
အမေ့စကားတကယ်အားရ
လွမ်းလှတယ် အမေ
ကတိတည်ဖို့ကအရေးကြီးသတဲ့လား
ပွင့်လင်းတာကကောင်းတာလား
မီဒီယာတွေကြောင့် တဲ့လား
ဘာတွေလဲအမေ။

သားသမီးကအမေ့ကို ကာကွယ်
အမေကသားသမီးကို စောင့်ရှောက်
ညီညွတ်တဲ့ အလှတရားနဲ့
မြန်မာ့မိသားစုဘဝ
အားလုံးနားလည်ကြတဲ့ ဒီနေ့မှာ
အမေ့စကားတခွန်ကြားပါရစေ
အမေ။

            MAY 
(29.11.2012)
             

တရုတ်သတင်းဋ္ဌာနများမှ ထုတ်လွှင့်တဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှု ရုပ်သံသတင်းများ..

Posted: 29 Nov 2012 11:54 AM PST

လက်ပံတောင်းတောင် စီမံကိန်း လုပ်ငန်းခွင်တခု
တရုတ်သတင်းဋ္ဌာနများမှ ထုတ်လွှင့်တဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှု ရုပ်သံသတင်းများ..

တရုတ်နိုင်ငံခြားရေးဋ္ဌာန ပြောခွင့်ရှိသူကတော့ ဒီလက်ပံတောင်းတောင် အရေးကိစ္စဟာ Local law and Regulation နဲ့သာအကျုံးဝင်တယ်လို့ ပြောဆိုသွားပါတယ်..။

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com



 

လက်ပံတောင်းတောင်သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွဲမှုကို ကန့်ကွက်ကြရန် မြန်မာတို့ တိုက်တွန်း


လက်ပံတောင်းတောင်သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွဲမှုကို ကန့်ကွက်ကြရန် မြန်မာတို့ တိုက်တွန်း

မိုးမခအထောက်တော် ၀၀၂၊ နိုဝင်ဘာ ၂၉ ၊ ၂၀၁၂

မြန်မာပြည်အလယ်ပိုင်းရှိ လက်ပံတောင်းတောင် စီမံကိန်းကို ကန့်ကွက်သည့် ဒေသခံမြန်မာများ၏ သပိတ်စခန်းများကို ကြံ့ဖွံ့အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ခင်း  အကြမ်းဖက်ဖြိုခွဲခြင်းကို ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများနှင့် အသိုင်းအ၀ိုင်းတို့က ၀ိုင်းဝန်း ကန့်ကွက်ရှုံချကြပါရန် ဆန်ဖရန်ဘေးဧရိယာရောက် မြန်မာ့အရေးလှုပ်ရှားသူများက  တိုက်တွန်းလိုက်သည်။

မြန်မာတပ်မတော်၏ ဦးပိုင်ကုမ္ဗဏီနှင့် တရုတ်နိုင်ငံက ၀မ်ပေါင်ကုမ္ဗဏီတို့ ဖက်စပ်ချုပ်ဆိုထားသည့် လက်ပံတောင်းတောင် ကြေးနီသတ္တုစီမံကိန်းကြောင့် ဒေသခံတို့၏ လူနေမှုဘ၀နှင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးခြင်း၊ အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ ဆန္ဒထုတ်ဖော်မှုများကို ကန့်သတ်ဖိနှိပ်ခြင်းတို့ ဖြစ်ပွားလျက်ရှိရာမှ ဒေသခံပြည်သူတို့က သပိတ်စခန်းများ ဖွင့်လှစ်ပြီး ဆန္ဒထုတ်ဖော်ပြသနေခြင်းကို ကြံ့ဖွံ့အစိုးရက ယခုလို အကြမ်းဖက်နှိမ်နှင်းမှုများကို ဒေသခံများနှင့်အတူ ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများ မိတ်ဆွေများက အတူတကွ ရပ်တည်ပြီး ဆန့်ကျင်ကြရန်၊ ကန့်ကွက်ရှုံချကြရန်၊ တရားဥပဒေစိုးမိုးမှု မျှတစေရေး တောင်းဆိုကြရန် တိုက်တွန်းပါကြောင်း ဆန်ဖရန်ဘေးဧရိယာဒေသခံ မြန်မာ့အရေးလှုပ်ရှားသူ ကိုညီညီသန်းက ပြောကြားသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်သူများအပေါ် မြန်မာအစိုးရ၏ တရားဥပဒေမဲ့ အကြမ်းဖက်ဖြိုခွဲခြင်းကို ကန့်ကွက် ရှုံ့ချကြရန်

မြန်မာပြည်နှင့် ပြည်သူတို့၏ အကျိုးနှင့် တိုးတက်ရေးကို ကာကွယ်စောင့်ရှောက်ပြီး နှစ်ဦးနှစ်ဖက် တရားမျှတသည့်၊ ပွင့်လင်းမြင်သာမှုရှိသည့် စီမံကိန်းများအဖြစ် ပြုပြင်ဖော်ဆောင်ရေးကို မြန်မာအစိုးရနှင့် တရုတ်နိုင်ငံတို့ကို တိုက်တွန်းကြရန်

နိုင်ငံတကာရှိ အစိုးရများ အဖွဲ့အစည်းများ၊ အသိုင်းအ၀ိုင်းကလည်း မြန်မာပြည်သူများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ ဥပဒေမဲ့ ဖိနှိပ်ခံနေရမှုများကို ၀ိုင်းဝန်း ကာကွယ်ပေးရေး၊ မြန်မာအစိုးရကိုယ်တိုင် ဥပဒေစိုးမိုးရေးကို လိုက်နာဆောင်ရွက်ရန် ဖိအားပေး တောင်းဆိုကြရန်

ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများ အသိုင်းအ၀ိုင်းအသီးသီးက ညီညီညွတ်ညွတ် လက်တွဲ ချိတ်ဆက်ပြီး ထိခိုက်နစ်နာသော ဒေသခံပြည်သူများနှင့် အတူ ရပ်တည်ကြရေး၊ အားပေးကူညီမှုများ တယောက်တလက် ဆောင်ရွက်ကြရေး ထုတ်ဖော်ကြရန်

စသည့် သဘောထားများရှိပါကြောင်း ဆန်ဖရန်ဘေးဧရိယာ မြန်မာ့အရေး လှုပ်ရှားသူတဦးဖြစ်သူ ကိုထွန်းမြတ်ဦးက မိုးမခသို့ ပြောကြားသည်။

နီးစပ်ရာ မြန်မာသံရုံး၊ ကုလသမဂ္ဂရုံး၊ တရုတ်သံရုံးများတွင် ကန့်ကွက်ဆန္ဒပြပွဲများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြရန် အဆင်သင့်ပြင်ထားရမည်ဟုလည်း တိုက်တွန်းလိုကြောင်း ကိုမိုးကျော်ကလည်း ထုတ်ဖော်ပြောဆိုလိုက်သည်။

http://moemaka.com/?s=%E1%80%9C%E1%80%80%E1%80%B9%E1%80%95%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9&paged=2 (မိုးမခ၏ လက်ပံတောင်းတောင်ဆိုင်ရာ စာများ)

            http://moemaka.com/?s=%E1%80%9C%E1%80%80%E1%80%B9%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9 (မိုးမခ၏ လက်ပန်တောင်းတောင်ဆိုင်ရာ စာများ)

http://moemaka.com/?s=%E1%80%9C%E1%80%80%E1%80%B9%E1%80%95%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8 (မိုးမခ၏ လက်ပတောင်းတောင် ဆိုင်ရာ စာများ)

        (ဓာတ်ပုံ – သလ္လာဝတီသတင်းစာမျက်နှာ၊ အစိုးရ၏ မီးလောင်ဗုံးဖြင့် အတိုက်ခံရသူ သံဃာတော်တပါး

 





--
http://www.burmaburo.blogspot.com








မိုဘိုင်းအင်တာနက်သုံးခ Data Volume စနစ်တိုင်းအသာ ကောက်ခံမည်ဟုဆို

ဒီဇင်ဘာ ရက်တွင် စတင်ပြောင်းလဲတော့မည့် မိုဘိုင်းအင်တာနက်အသုံးပြုခ ကောက်ခံသည့်စနစ်ကို သုံးစွဲသူအများစုက မကျေနပ်သည့်တိုင် ၎င်းတို့သတ်မှတ်ထားသည့် Data Volume စနစ်အတိုင်းသာ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေး တာဝန်ရှိသူများက ယနေ့ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိနစ်အလိုက်ဖြတ်တောက်မှုကို ဆက်လက်ကျင့်သုံးတော့ မည်မဟုတ်ကြောင်းနှင့် အသစ်ပြောင်းလဲမည့်စနစ်တွင် မိမိကြိုက်နှစ်သက်ရာ Plan ကို ရွေးချယ်နိုင်ကြောင်း မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

"
စနစ်နှစ်မျိုးထားဖို့အစီအစဉ်မရှိဘူး။ မိနစ်အလိုက်ကောက်နေတာတွေက ဒေတာနှုန်းယူတာ အဆင်မပြေလို့ အခုလို စနစ်အသစ်ကို ကျင့်သုံးမှာဖြစ်တယ်။ ရေရှည်မှာ အဆင်ပြေမယ့် နှုန်းထားတွေဖြစ်လာမယ်လို့မြင်ပါတယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ရှင်းလင်းပွဲတွင် ပြောကြားသည်။

ယခုပြောင်းလဲမည့် Data Volume စနစ်တွင် သုံးစွဲသူအများဆုံး ဝေဖန်နေကြသည့် အချက်များစွာပေါ်ထွက်နေသည်။
မိမိမည်မျှဒေတာပမာဏအသုံးပြုသည်ကို မည်သို့ပြန်လည် စစ်ဆေးနိုင်မည်ဆိုသည့်အချက်သည် သုံးစွဲသူများ စိုးရိမ်နေသည့် အချက်များအနက်တစ်ခုဖြစ်သည်။ ထိုအချက်နှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေး၏ တာဝန်ရှိသူများက ဒေတာပမာဏအသုံးပြုမှုကို ပြန်လည်စစ်ဆေးနိုင်သည့် Application software များစွာရှိကြောင်း ချေပပြောဆိုသည်။

သို့သော် မြန်မာ့ဆက်သွယ်ရေးက အသုံးပြုသည်ဟုဆိုသည့် ဆော့ဖ်ဝဲများကို ၎င်းတို့၏ ISP က လက်ခံခြင်းရှိ၊ မရှိနှင့်ပတ်သက်ပြီး ဦးဌေးဝင်းက "သုံးစွဲသူတွေအသုံးပြုတဲ့ ဆော့ဖ်ဝဲတွေက ထွက်တဲ့ တစ်ဦးချင်းဒေတာအသုံးပြုမှုပမာဏနဲ့ ဆက်သွယ်ရေးက ထွက်မယ့် ပမာဏဟာ သိပ်ပြီး ကွာဟချက်ရှိမှာမဟုတ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး။ နည်းနည်းတော့ ကွဲလွဲမှုရှိပါမယ်" ဟု ပြောသည်။

Plan (B)
တွင် တစ်လျှင် တစ်ထောင့်ငါးရာကျပ် ပေးသွင်းထားပါက 200 MB ပမာဏသုံးစွဲနိုင်မည်ဖြစ်ပြီး Plan C တွင်မူ လစဉ်ခုနစ်ထောင်ကျပ် ပေးသွင်းပြီး 1 GB အသုံးပြုနိုင်မည်ဟု ၎င်းတို့က သတ်မှတ်ထားသည်။ သို့သော် ထိုအမျိုးအစားနှစ်မျိုးလုံးတွင် သတ်မှတ်ပမာဏထက် ပိုပါက 100 KB တိုင်းကို နောက်ထပ်နှစ်ကျပ်နှုန်းထပ်မံကောက်ခံသွားမည့်အချက်သည်လည်း သုံးစွဲသူများမကျေနပ်သော အချက်တစ်ချက်ဖြစ်နေသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဦးဌေးဝင်းက "အသုံးပြုသူတွေအတွက် ကိုယ်သုံးမယ့်ပမာဏကို အများကြီးမဖြစ်အောင် ကန့်သတ်လိုက်တဲ့ သဘောဖြစ်ပါတယ်။ 1 GB ကျော်တိုင်း၊ 200 MB ကျော်တိုင်း အလိုအလျောက် Plan A နှုန်းထားအတိုင်း ကောက်သွားမှာဖြစ်ပါတယ်" ဟု ပြန်လည်ဖြေကြားသည်။

သရီးဂျီစနစ်ကို ဖွင့်လိုက်သောလည်း မည်သည့် webpage တစ်ခုမျှမဖွင့်လျှင် နောက်ကွယ်မှ run နေမည့် application များအတွက် ပိုက်ဆံဖြတ်တောက်ခံရမည်မဟုတ်ဘဲ download upload များအတွက်သာ ကုန်ကျမည်ဟု မိုဘိုင်းအင်ဂျင်နီယာချုပ်က မီဒီယာများသို့ ဖြေဆိုသည်။

ယခုကဲ့သို့ ပြောင်းလဲသတ်မှတ်တော့မည့် မိုဘိုင်းအင်တာနက်ကောက်ခံပုံစနစ်သည် နိုင်ငံသားတစ်ဦးချင်းစီ၏ ၀င်ငွေများနှင့်ယှဉ်လျှင် များပြားနေသည်ဟု သုံးစွဲသူများက ထောက်ပြပြောဆိုနေကြသော်လည်း ဆက်သွယ်ရေးမှ တာဝန်ရှိသူများကမူ ၎င်းတို့၏ နှုန်းထားအသစ်သည် နိုင်ငံတကာနှင့်ယှဉ်လျှင် များစွာသက်သာနေကြောင်းနှင့် သုံးစွဲသူများ သက်သာအောင်သာ ပြုလုပ်ခြင်းဟုသာ ပြန်လည်ဖြေကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အဆိုပါအစည်းအဝေးသို့တက်ရောက်သူ ရတနာပုံတယ်လီပို့ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကလည်း "ကျွန်တော်တို့က သက်သာချောင်ချိအောင်လုပ်ဖို့ပဲရှိတယ်။ ပြည်သူလူထုက ကောင်းလား၊ မကောင်းလားတောင် မခံစားကြည့်ရသေးပါဘူး။ လက်တွေ့တောင် မသိသေးဘဲ ပြောနေကြတယ်ဆိုတာကိုက စောနေပါတယ်" ဟု မီဒီယာများသို့ ကြားဖြတ်ဖြေဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေကြသည့် မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲမှုအများစုက လာမည့် ဒီဇင်ဘာ ၁၅ ရက်တွင် ဆက်သွယ်ရေးရုံးရှေ့၌ ကန့်ကွက်ဆန္ဒပြမည်ဟု အင်တာနက်ပေါ်ရှိ လူမှုဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသော်လည်း မြန်မာ့ဆက်သွယ်ရေးက ယင်းကိစ္စအပေါ် မည်သို့မျှစဉ်းစားဆောင်ရွက်မည်မဟုတ်ဘဲ အစီအစဉ်အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

ယခုလောလောဆယ်တွင် ပြောင်းလဲမည့်စနစ်အတွက် နီးစပ်ရာဆက်သွယ်ရေးစခန်းများ၌ မှတ်ပုံတင်မိတ္တူနှင့် အခမဲ့လျှောက်ထားနိုင်ရန် စီစဉ်ထားသော်လည်း နောက်ပိုင်းတွင် sms (စာတိုပို့စနစ်)ဖြင့် ပြောင်းလဲဆောင်ရွက်ပေးသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

လစဉ်လဆန်းပိုင်းများတွင် မိမိယူထားသည့် အမျိုးအစား၏ ပမာဏအလိုက် ဖုန်းဘီလ်ထဲမှ အလိုအလျောက် ဖြတ်တောက်သွားမည်ဖြစ်သည်။

ကျောင်းသားများအတွက် တစ်ဦးလျှင် 5 GB အသုံးပြုတိုင်း 1 GB အခမဲ့ပေးမည့် ၀န်ဆောင်မှုကို ကျောင်းသားကတ်ပြသခြင်းဖြင့် လျှောက်ထားနိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ယခုလက်ရှိမြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ လေးသိန်းနီးပါးရှိနေပြီဖြစ်သည်။



--
http://www.burmaburo.blogspot.com




နိုဝင်ဘာ ၂၉၊ ၂၀၁၂
M-Media
ကျနော်တို့က ဒီပစ္စည်းကို မီးခိုးဗုံးအဖြစ်သုံးလိုက်တာပါတဲ့… အော်… ဟုတ်ကဲ့… စစ်တပ်မှာ မီးခိုးဗုံး ဘယ်နားလေးသုံးလဲ ပြန်မေးရမယ်…  သေနတ်ကိုမိုးပေါ်ထောင် မပစ်ဘူးဆိုတဲ့ နေဝင်းတောင် ဒါမျိုးတော့ မသုံးတတ်ဘူး…
White phosphorus ဆိုတာက လေထဲမှာ သူ့ဘာသာသူမီးလောင်နိုင်တယ်… ရိုးရိုးလောင်ကျွမ်းရုံတင်မဟုတ်ပဲ ကိုယ်တိုင်မီးလောင်တဲ့အချိန်မှာ သူ့ဘာသာသူအရည်ပျော်ပြီး အောက်ကိုဆင်းတယ်… ကိုယ်ခန္ဓာကရေရှိတော့ ရေနဲ့ပါထပ်ပြီးဓာတ်ပြုတဲ့အခါ မီးလောင်လို့ဝင်ရောက်ဓာတ်ပြုတဲ့အောက်ဆီဂျင်ရယ် ရေရယ် ဖော့စရပ်ရယ်ထပ်ပြီးဓာတ်ပြုပြီး ဖော့စဖော့ရစ်အက်ဆစ်အပြင်းစား
ထပ်ထွက်ပြီး အက်ဆစ်စားတာပါထပ်ဖြစ်တယ်… ဒါဟာ white phosphorus အသုံးပြုရင် ဖြစ်တဲ့သဘာဝပါပဲ…
စစ်သုံးမှာ မီးခိုးဗုံးအနေနဲ့သုံးတာမှန်တယ်… ဒါပေမဲ့ မီးခိုးဗုံးဆိုတာ မျက်ရည်ယိုဗုံးမဟုတ်ဘူး… သူက smoke တွေအများကြီးထွက်ပြီး ရန်သူကိုအနီးကပ်တိုက်ခိုက်တဲ့အခါ ရန်သူ့ပစ်အားကျအောင်သုံးရတာ… ဒါ့အပြင် ပုံမှန်မီးခိုးဗုံးမှာထည့်သုံးတဲ့ white phosphorus အချိုးအစားကအင်မတန်မှနည်းလွန်းတယ်… ဖော့စရပ်နည်းနည်းလေးနဲ့ အခြားမီးခိုးအများကြီးထွက်နိုင်တဲ့ Agent တွေထည့်သုံးရတာပါ… ကျနော်စဉ်းစားတာက လူစုခွဲဖို့သက်သက်ဆိုရင် မျက်ရေယိုဗုံးသုံးပေါ့… ဒါကကျနော်သူတို့ဘက်လိုက်ပြီးတွေးပေးထားတာပဲရှိသေးတယ်… ဆန္ဒပြတဲ့လူ့အစုအဝေးကိုခွဲချင်ရင် မီးခိုးဗုံးဘာ့ကြောင့်သုံးသလဲ… ဘာလဲ မီးခိုးဗုံးသုံးပြီး ဝင်ရိုက်မလို့လား… ကဲအခုတော့သုံးပြီးပြီ… အဲ့ဒီအတွက် ဘယ်သူတာဝန်ယူဖြေရှင်းပေးမှာလဲ..
အောက်က ယူကျူ့လင့်က White phosphorus ကိုလက်နက်အဖြစ်သုံးပြီးတိုက်ခိုက်ခံရတဲ့အခါ ဖြစ်တဲ့ဒါဏ်ရာပါ… သူ့ရဲ့ cycle ကဒီလိုပါ… white phosphorus ဟာရေနဲ့ဓာတ်မပြုပါဘူး… အပေါ်က ယူကျူ့လင့်ထဲမှာ သေသေချာချာပါပါတယ်… white phosphorus ပဲသီးသန့်ဆိုရင် လေထုထဲမှာ ကိုယ်တိုင်မီးလောင်ပါတယ်… ဒါ့အပြင် ပတ်ဝန်းကျင်မှာရှိတဲ့အောက်ဆီဂျင်နဲ့လည်းဓာတ်ပြုနေပါသေးတယ်… လူ့အရေပြားနဲ့ထိတဲ့အခါ မီးလောင်လို့ထွက်လာတဲ့ ခန္ဓာကိုယ်ထဲကရေနဲ့ white phosphorus နဲ့ပတ်ဝန်းကျင်အောက်ဆီဂျင် ဓာတ်ပြုရာကထွက်တဲ့ ဖော့စရပ်အောက်ဆိုက်တို့ဓာတ်ပြုပြီး ဖော့စပေါရစ်အက်စစ်ဖြစ်ပါတယ်… ဒါတင်မကပဲ မီးလောင်လို့ထွက်လာတဲ့အခြားဓာတ်ငွေ့တစ်ခုဖြစ်တဲ့ ဖော့စပေါရစ်ပန်တောက်ဆိုက်ကလည်း ရေနဲ့ဓာတ်ပြုပြီး ဖော့စပေါရစ်အက်
စစ်အပြင်းထွက်နေပါသေးတယ်… စဉ်းစားကြည့်ပေါ့ဗျာ
အသားပေါ်မှာ မီးလောင်တယ် ဖြစ်တဲ့ဒါဏ်ရာကို အက်စစ်စားတယ် … ဒီတော့ white phosphorus ကိုလက်နက်အဖြစ်သုံးရင် ဖော့စရပ်အများကြီးနဲ့တိုက်ရိုက်ထိတွေ့သူမှာ အရိုးပဲကျန်သည်အထိ မီးလောင်အက်စစ်စားသွားပါတယ်… ဂါဇာမှာ စာသင်ကျောင်းပေါ်ကို white phosphorus တွေအစ္စရေးကဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီး ဝင်ရှင်းတဲ့ဓာတ်ပုံတွေရှိပါသေးတယ်… အွန်လိုင်းမှာသာကိုယ့်ဘာသာကိုယ်ရှာကြည့်ပါ… အဲ့ဒီထဲမှာ အရိုးစုတွေအများကြီးတွေ့ရပါလိမ့်မယ်… Special operation game ကိုကစားဖူးရင် အဲ့ဒီထဲမှာလည်း white phosphorus နဲ့တိုက်ခိုက်ခံရပုံကို ပုံဖော်ထားတာတွေ ပါပါတယ်…
white phosphorus သုံးတဲ့မီးခိုးဗုံးနဲ့အတိုက်ခံရတာဆိုပြီး စကားကိုကြွံသွားမှာစိုးလို့ သေသေချာချာရှင်းပြတာပါ… အခန့်မသင့်ရင် အစိုးရဘက်က အရေပြားလောင်ရုံတင်ဆိုပြီး ခံငြင်းပါလိမ့်မယ်… အဓိကမေးသင့်တာက white phosphorus အသုံးပြုလိုက်ရင် ဖြစ်လာမဲ့ဘေးထွက်ဆိုးကျိုးတွေကို မတွက်ဆပဲ ဘာ့ကြောင့်သုံးသလဲဆိုတာရယ် ဘာ့ကြောင့် မီးခိုးဗုံးနဲ့တိုက်ခိုက်တာလဲဆိုတာရယ်ပါ… တကယ်ဆိုရင် ဖော့စရပ်ပါတဲ့ မီးခိုးဗုံးပဲဖြစ်ဖြစ် ဖော့စရပ်မပါတဲ့မီးခိုးဗုံးပဲဖြစ်ဖြစ် မသုံးသင့်ပါဘူး…
အခုဖြစ်သွားတာမှာဆိုရင် တစ်ဖက်ကဆန္ဒပြသူတွေဟာ အကြမ်းဖက်တိုက်ခိုက်နေသူတွေမှမဟုတ်တာ… အကြမ်းဖက်ဆန္ဒပြသူတွေမို့လို့ အကြမ်းဖက်နှိမ်နင်းတယ်ဆိုရင် တစ်မျိုးပေါ့… ဒီဖြစ်ရပ်မှာ တချို့က နိုင်ငံရေးအရောင်တွေပါသယောင်ယောင် ဟိုယောင်ယောင် ဒီယောင်ယောင်ပြောနေကြလို့ပါ… ကျနော်မြင်တာကျတော့ ဆန္ဒပြသူတွေဟာနိုင်ငံရေး အရောင်အသွေးတွေကြောင့် သွေးထိုးမြှောက်ပင့် သူတွေကြောင့်ပဲဆိုပါစေဦး ဒီလိုတိုက်ခိုက်မှုမျိုး လိုအပ်လို့လားဆိုတဲ့မေးခွန်းပါ… ထပ်ပြောချင်တာက နိုင်ငံရဲ့ဂုဏ်သိက္ခာကို ငဲ့ကွက်စေလိုတဲ့ပုံစံမျိုးတွေဘာတွေနဲ့ တရားရေအေးသွားရောက် တိုက်ကျွေးသူအနေနဲ့ ထိုင်းနိုင်ငံက ဘန်ကောက်မှာလမ်းပိတ် လေယဉ်ကွင်းပိတ်ပြီးဆန္ဒပြသွားတဲ့ဖြစ်ရပ်က နှစ်ပိုင်းပဲကြာပါသေးတယ်… ဒီလောက်မြို့တော်မှာ ရုပ်ပျက်ဆင်းပျက်နဲ့ စီးပွါးရေးပါထိခိုက်အောင် ဆန္ဒပြနေတဲ့ သူတွေကို ထိုင်းက ဖော့စရပ်ပါတဲ့ဗုံးနဲ့ဖြိုခွင်းတယ်လို့ မကြားလိုက်မိရိုးအမှန်ပါ… ပြောမယ်ဆိုလည်း ၂ဖက်စလုံးကို မျှမျှတတပြောပါ… ဒါပါပဲ…
Source: သန့်စင်ဖြိုး FB
ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာက ဓာတုဗေဒ လက်နက် အမျိုးအစားမှာပါဝင်ပြီး ပေါက်ကွဲမှူအနီးအနားမှာရှိတဲ့ လူနဲ့ ရေဓာတ်ပါတဲ့ စိုစွတ်တဲ့ အရာတွေကို မီးလောင်ကျွမ်းစေနိုင်တာမျိုးပါ။ ဒီလက်နက်မျိုးကို ဒုကမ္ဘာစစ် အတွင်း ၁၉၄၅ ခုနှစ် မန္တလေး မြို့သိမ်းတိုက်ပွဲ မှာအင်္ဂလိပ်တပ်တွေက ဂျပန်တပ်တွေ ကို ပထမဆုံးနဲ့ နောက်ဆုံး မြန်မာ့မြေပေါ်မှာ စမ်းသပ်အသုံးပြုခဲ့ပါတယ်။ အင်မတန်မှ ရက်စက်လှပြီး ခံစားရသူကို သေရာပါ ဒါဏ်ရာဒါဏ်ချက်များစွဲကပ်စေကာ နောက်ဆက်တွဲဝေဒနာများအဖြစ် အသည်းနဲ့ကျောက်ကပ် ရောဂါများပါ ရရှိနိုင်စေပါတယ်။မြန်မာမြေပေါ်မှာသာ အထူးအဆန်း အနေနဲ့ ဖြစ်နေပေမဲ့ တကယ်တော့ ဒီလက်နက်မျိုးဟာ ပါလက်စတိုင်းဒေသမှာ အစ္စရေးတပ်များက အသုံးပြုနေကြ သာမန်ရိုးကျ လက်နက် တခုတောင်ဖြစ်နေပါပြီ။အမေရိကန်တပ်များကော၊ အစ္စရေးတပ်များပါ လက်ရှိဆင်နွှဲနေကြစစ်ပွဲမျိုးမှာ လူမသိ သူမသိကော ပြောင်ပြောင်တင်းတင်းပါ အသုံးပြုနေကြတာမျိုးပါ။ လတ်တလော အနေအထားကြည့်ပြီး အသေအပျောက် စာရင်းမများလှလို့ သိပ်မပြင်းထန်ဘူးလို့ ထင်ရပေမဲ့လဲ နောက်ပိုင်း နာတာရှည် ရောဂါများရရှိပြီး လူညွန့်ပါတုံးစေနိုင်တဲ့အတွက် အဓိပ္ပါယ်ရှိရှိ ရက်စက်နိုင်တဲ့လက်နက်တမျိုးပါပဲ။ သို့ပေမဲ့လဲ ဒီလိုနိုင်ငံကြီးတွေတောင်မှ စစ်ပွဲတွေမှာပဲ သုံးကြပြီး ဒီလို သာမန် ဆန္ဒပြ ပြည်သူတွေကို ဘယ်တုန်းကမှ မသုံးခဲ့ပါ။ သုံးခွင့်လဲမရှိပါ။ဆရာထက် တပည့်လက်ဇောင်းထက်ဆိုသလို ကျောင်းသားတွေကို ရီကွိုင်ဂန်းနဲ့ပစ်ဖမ်းခဲ့တဲ့ ဗိုလ်နေဝင်းထက် လက်ရှိ ဦးသိန်းစိန်ဒီမိုကရေစီ အစိုးရက အပုံကြီးသာသွားပါပြီ။ ကောင်းပြီ၊ ကချင်စစ်ပွဲတွေကို မရပ်နိုင်ဘူး။ စစ်တပ်ကို စွပ်ဖက်လို့မရပါဘူးလို့ ငြင်းဆန်လို့ ရကောင်းရနိုင်ပေမဲ့ ဒီလို ပြည်တွင်းကဆန္ဒပြပွဲ တွေကိုတော့ သမ္မတကြီး တာဝန်မရှိပါဘူးလို့ ကိုယ်လွတ်ရုန်းလို့ မရလောက်ပါဘူးနော်။ မျက်ရည်ယို ဗုံးလောက်ပါဆိုပြီး ဗြောင်လိမ်ဖို့လဲ မကြိုးစားပါနဲ့တော့။ မျက်ရည်ယိုဗုံး ရဲ့ အရသာကို ကျွန်တော် အပါအဝင် ပြည်သူများ၊ သံဃာတော်အများအပြား ကပါ ၂၀၀၇ ရွှေဝါရောင်မှာတုန်းက ကောင်းကောင်းကြီးမြည်းစမ်းဖူးခဲ့ပြီးပါပြီ။ မျက်ရည်ယိုဗုံးနဲ့ မီးလောင်ဗုံးဟာ အတော်ကွာခြားမှန်း ကာယကံရှင် များရဲ့ သေရာပါ ဒဏ်ရာ များက သက်သေခံသွားပါပြီ။

လက်ရှိ ဖေ့ဘုတ်ပေါ်ရထားတဲ့ ဗုံးရဲ့ ဓာတ်ပုံနဲ့ မူရင်း မီးလောင်ဗုံး အစစ်ပုံကို ယှဉ်တွဲပြသထားလိုက်ပါတယ်။
အဆင့်ဆင့် ရှယ်နေကြတာက ယူလာတာဖြစ်ပြီး မူရင်း ဓာတ်ပုံဆရာကို မသိရှိနိုင်တဲ့အတွက် ခရက်ဒစ်မပေးနိုင်တာတော့ ခွင့်လွှတ်ပါခင်မျာ။
Source: ဝါးလုံးရှည် အတီး FB
-


--
http://www.burmaburo.blogspot.com

Thursday 29 November 2012

Elementary Productions: White Phosphorus


Posted: 28 Nov 2012 11:29 PM PST
 လက်ရှိနောက်ဆုံးရ သတင်း (နမျိုးဇင် ဖေ့စ်ဘွတ်)
ဝမ်ပေါင် ကြေးနီ စက်ရုံ ၀င်ပေါက်မှ ပုသိမ်မုံရွာလမ်းဆုံ ထိ ကို သံဆူးကြိုးများ ပိတ်ပြီး ရဲလက်နက်ကိုင်များ အပိတ်ဆို့ထားသည်။ ယဉ်ကျေးမှု ကင်းမဲ့သော တုန့်ပြန်ဆက်ဆံတတ်သူ ရဲ တပွင့် နှင့် ကျနော် ပြသနာ တက်သည်။ ပြည်သူ လူထုကို ၇ိုင်းပြစွာ ဆက်ဆံသောကြောင့် ကျနော်က ယဉ်ကျေးစွာပြောဆိုရန် ပြောပြီး ကျနော် ကိုယ်တိုင် တပ်မတော် အရာရှိဟောင်း ဖြစ်ကြောင်း ပြည်သူ့လစာကို စားပြီး ပြည်သူကို ယဉ်ကျေးစွာဆက်ဆံဖို့ လိုကြောင်း ပြောသော အခါ ထို လ ၂၄၇၆၅၉ ဒုရဲအုပ် မျိုးမင်းနိုင် ( တန့်ဆည်စခန်း မုံရွာခရိုင်) က စစ်ဗိုလ်ဟောင်းလည်း ဖင်ခံ လိုက်ကွာ ဟု ဆိုသည် အထိ ရိုင်းစိုင်းစွာ တုန့်ပြန်သည်ကို ၀မ်းနည်းစွာ တွေ့ရှိရသည်။

ရဲတပ်ဖွဲ့ဝင်များ မျက်နှာသည် လွန်စွာမှပင် ၀မ်းနည်းစဖွယ်ကောင်းလောက်အောင် ယဉ်ကျေးမှု ကင်းမဲ့နေသည်ကို တွေ့ရှိရသည်။ ထို ဒုရဲအုပ်မှာ တိုင်းရင်းသား တဦးဖြစ်နေသည်ကို လည်း သတိပြုလိုက်မိသည်။

ရဟန်း သံဃာ လူ ပရိသတ် စုစုပေါင်း ၇၀ ခန့် ထိခိုက် ဒါဏ်ရာ ရခဲ့ပြီး၊ သံဃာတော် တပါး ပျံလွန်တော်မူသွားသည်ဟု တွေ့မြင်လိုက်ရသော ရွာသားများက ပြောပြ သော်လည်း အခြေအနေမှ စစ်မြေပြင် အတွင်း ညဖက် စိနင်း သတ်ဖြတ်တိုက်ခိုက်သကဲ့သို့ အလစ်အငိုက် အမိုက်ထု ကို အကာကွယ်ယူပြီး လက်နက်များ၊ မီးခိုးဗုံးများ၊ မီးလောင်ဗုံးဟု ယူဆ ရသော မီးလောင်စေတတ်သည့် ပေါက်ကွဲမှုများဖြင့် အလစ်အငိုက် တိုက်ခိုက် စီးနင်းခြင်း ဖြစ်ရာ ဖြစ်စဉ် အသေးစိတ်ကို အတိအကျ မရနိုင်ပေ။

ပြောင်းခင်းများ အတွင်း ပုန်းအောင်းနေသေးသော ရွာသားများစွာ တို့ ယခုထက်တိုင် အဆက်သွယ် မရသေး။ ပျောက်ဆုံးနေဆဲဖြစ်သည်။

မိုးကြိုးပစ် ရွာနှင့် ၀မ်ပေါင် ဂိတ်ကြား တွင်လည်း သံဆူးကြိုးတာား လက်နက်ကိုင်များ ပိတ်ဆို့ ထားသောကြောင့် ရွာသား သုံးရာခန့်မှာ ပိတ်မိနေသည်။

ကျနော်တို့ အဖွဲ့ ထိုရွာသားများကို သွားရောက် ခေါ်ယူကာ ပိတ်ဆို့ထားသော ရဲများအား အဘယ်ကြောင့် အများသူငှာလမ်းအား ပိတ်ထားလဲဟု မေးပြီး အတင်းဖြတ်ရန် ကြိုးစားမှ ငါးဦးစီ ဖြတ်သန်းခွင့် ပေးသည်။ ထို လူပေါင်း ၂၀၀ ခန့်ကို ခေါ်ထုတ်လာခဲ့ပြီး ကျန်ရစ်နေသေးသော ရွာသားများကို ဆက်လက် ခေါ်ယူနေဆဲဖြစ်သည်။

မကြာမှီ ယခု ဖြစ်စဉ်များနှင့် မနီးမဝေး ကွင်းပြင်ကျယ် ထဲတွင် ဒေါ်အောင်ဆန်းစုကြည် စကားပြောမည့် စင်မြင့် အနိးတွင် လူပရိတ်သတ် ရာပေါင်းမျာါးစွာ နှင့်အတူ ကျနော်တို့ စောင့်ဆိုင်းနေသည်။

ဓါတ်ပုံပင် တင်မရအောင် ကွန်နက်ရှင်က နှေးကွေးလွန်းသဖြင့် စာ အရင် တင်ပြလိုက်သည် မကြာခင် ပုံများတင်ပြပါမည်။
 Nay Myo Zin
Posted: 28 Nov 2012 10:55 PM PST
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား
၁။ မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)နှင့်မြင်တွေရစဉ်။ သတင်းဓာတ်ပုံ- သလ္လာဝတီတိုင်းမ်

နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိ
တ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြားခဲ့သည်။

"ကျွန်တော်ပြောနိုင်တာက ဓာတု လက်နက်လုံးဝ မပါဘူး။ ၁။ မီး သတ်ပိုက်သုံးတယ်။ ၂။ မျက်ရည် ယိုဗုံးသုံးတယ်။ ၃။ မီးခိုးဗုံး။ တဲတွေမှာ မီးလောင်တာက မီးခိုးဗုံး (Smoke Bomb) ကြောင့်ပါ။ ဓာတုပစ္စည်းမပါ ပါဘူး။" ဟု ဦးဇော်ဌေးက ပြောကြားပါသည်။

ထို့အပြင် အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖေါ်ပြထားချက်မှာလည်း မတိကျ မခိုင်လုံကြောင်း ပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့ ရှေ့တန်းစစ်မျက်နှာမှာ တပ်မတော်သုံး မှိုင်းကာချတဲ့ဟာ မဟုတ်ဘူး။ နောက် နပမ်းဗုံးတွေလည်း မဟုတ်ဘူး။ " ဟု ဦးဇော်ဌေးက ပြောပါသည်။

ယခုဖြစ်စဉ်တွင် မီးခိုးဗုံးသာ အသုံးပြုခဲ့သည်ဟု ဆိုလျှင် မည်သည့် အတွက်ကြောင့် မီးလောင်ကြွမ်းမှုများ ဖြစ်ပွားရကြောင်း၊ ယခုမီးလောင်သည့် သပိတ်စခန်းများမှာ မိုရေကာဖျဉ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း Eleven Media Group မှ မေးမြန်းမှုအပေါ် "ကျွန်တော်တို့ ပြည်ထဲရေးကို မေးတော့ မီးခိုးဗုံးလို့ ပဲပြောတယ်။ အဓိကရုဏ်း နှိမ် နင်းတဲ့နေရာမှာသုံးတယ်။ နိုင်ငံတကာမှာလည်း သုံးတယ်။ စစ် မြေပြင်သုံး မီးခိုးဗုံး မဟုတ်ဘူး။ သုံးခုစလုံးက အဓိကရုဏ်းနှိမ်နင်းတဲ့ဟာတွေ ချည်းပဲ။" ဟု ဦးဇော်ဌေးက ရှင်းပြပါသည်။

ထို့နောက် "အဓိကကတော့ စိုင်းသိန်းဝင်းဟာကြီးကတော့ မတိ ကျဘူး၊ မခိုင်လုံ ဘူး" ဟု ဆက်လက် ပြောကြားခဲ့ပါသည်။

ထို့ပြင် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ရန်နှင့် ပတ်သက်၍မေးမြန်းမှုအပေါ် လုပ် ဆောင်နေပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

"မနက် ၃နာရီကျော် လောက်မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လောက်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ လူအုပ်စုရှိတဲ့ အပေါ်ကို ပစ်ကုန်ရော။ အဲဒီဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ အဲဒီဗုံးက မျက်ရည်ယိုဗုံးမဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည်ကျတဲ့နေရာ၊ ထိမှန်တဲ့သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ မီးကျည်ရဲ့ အစနဲ့ ထိတာနဲ့ အရေပြားတွေ လောင်ကုန်တယ်။ တစ်ချို့ကြတော့ အရေခွံမလန်ဘဲ အသားချိုင့်သွားတာလည်း တွေ့ရတယ်။ သပိတ်စခန်းတွေက ၀ါးလုံးတိုင်တွေနဲ့ ပလပ်စတစ်မိုးကာတွေအုပ်မိုးထားတာ။ " ဟု ယင်းဖြစ်စဉ်အား မျက်မြင် သတင်းရယူနေသူ Eleven Media Group သတင်းထောက် ကိုအောင်သူက ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်တွင် မီးလောင်ဒဏ်ရာရသူများ၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ သာမန်မီးလောင်နာနှင့် မတူဘဲ ဓါတုပစ္စည်း တစ်ခုခုကြောင့် ယခုကဲ့သို့ ဒဏ်ရာများကို ဖြစ်ပေါ်စေသည်ဟု ယူဆကြောင်း အမည် မဖေါ်လိုသူ ဆရာဝန်တစ်ဦးက ပြောကြားခဲ့ပါသည်။

"ကျွန်တော်သိရသလောက် မီးလောင် ဒဏ်ရာတွေက သာမန် မီးလောင်ဒဏ်ရာပုံမျိုး မပေါက်ဘူး။ ဓါတုပစ္စည်း တစ်ခုခုနဲ့ ထိထားတဲ့ ပုံမျိုးတွေ့ရတယ်။ သာမန် အဓိကရုဏ်း လက်နက်မျိုးမဟုတ်တဲ့ အတွက် အစိုးရအနေနဲ့က လုံလောက်တဲ့ ဖြေရှင်းမှုမျိုး လိုပါတယ်။ အစိုးရအနေနဲ့ ဒီဖြစ်စဉ်ကို အသေးစိတ် စုံစမ်းပြီး ပြည်သူကို ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမရှိဘူးဆိုရင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုမျိုး ပြုလုပ်ဖို့ တောင်းဆိုရလိမ့်မယ်။" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။

Eleven Media Group 

Posted: 28 Nov 2012 08:38 PM PST

ဓာတ်ပုံများ သိန်းသန်းဦး
Posted: 28 Nov 2012 08:13 PM PST
 
 မုံရွာဆေးရုံမှ ဒဏ်ရာရ သံဃာတော်များ
 
လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား မီးလောင်စေသော ဓါတုပစ္စည်းပါဝင်သည့် လက်နက် (ဓါတုလက်နက်) ဖြင့် အင်အားသုံးနှိမ်နင်းခဲ့ကြောင်း သိရ

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်
းများအား အင်းအားသုံးဖြိုခွင်းရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သပိတ်စခန်း တည်ရှိရာနေရာများသို့ မီးလောင်စေသော ဓါတုပစ္စည်းပါဝင်သည့် လက်နက် (ဓါတုလက်နက်) ဖြင့် အင်အားသုံးနှိမ်နင်းခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံခဲ့သူများ၏ ပြောကြားချက်များအရ သိရသည်။

"ကျွန်တော်တို့က စဖြစ်တဲ့အချိန်မှာ ၀မ်ပေါင်ကုမ္ပဏီရှေ့မှာရှိတဲ့ ပင်မသပိတ်စခန်းမှာ ရှိနေခဲ့တာပါ။ သူတို့က ပထမပိုင်းတုန်းက အင်းအား သုံးပြီး ဖြိုခွင်းမယ်ဆိုပြီး ကြေညာပါတယ်။ မနက် ၃နာရီကျော် လောက်မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လောက်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ ပစ်ကုန်ရော။ အဲဒီဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ အဲဒီဗုံးက မျက်ရည်ယိုဗုံးမဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည်ကျတဲ့နေရာ၊ ထိမှန်တဲ့သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ လက်ရှိအချိန်မှာတော့ သပိတ်စခန်းတွေမှာရှိတဲ့ သံဃာတော်တွေနဲ့ လူတွေကို ပတ်ဝန်းကျင်က ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေမှာ ဆေးကုသနေရတယ်။ ထိခိုက်တဲ့အထဲမှာ လူတွေထက် သံဃာတော်တွေက ပိုပြီးဒဏ်ရာရကြတာ တွေ့ရတယ်။ တစ်ချို့  ကို မုံရွာဆေးရုံကို ပို့ပေးပြီးတော့ ဒဏ်ရာပြင်းထန်သည့် သံဃာတော်တစ်ပါးကို မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်" ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးမှ ပြောကြားခဲ့သည်။

"စဖြစ်တာက နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်မှာ စတင်ဖြစ်သွားခဲ့တာပါ။ အစဦးဆုံး မီးသတ်ပိုက်နဲ့ မထိုးခင်မှာ ကျော်ရွာဂိတ်ဆီက သေနတ် ၃ ချက် ဖောက်လိုက်သံကြားလိုက်ရတယ်။ အဲဒီနောက်မှာပဲ စတော့တာပါပဲ။ ပထမ မီးသတ်ပိုက်နဲ့ သပိတ်စခန်းထဲမှာ ရှိနေတဲ့သူတွေကို ရေတွေနဲ့ စဖျန်းပါတယ်။ ၁၀ မိနစ်လောက်ကြာတဲ့အခါမှာတော့ မီးကျည်လိုအရာတွေနဲ့ စပစ်တယ်။ နောက်မီးခိုးတွေထွက်တယ် နောက်ပေါက်ကွဲတယ်။ အစကတော့ သပိတ်စခန်းထဲမှာ နေရင် အခြေအနေ မဟန်တော့ဘူးဆိုတာ သိပါတယ်။ အဲဒီတော့ သပိတ်စခန်းတွေ ပျက်ဆီးချင် ပျက်ဆီးသွားပါစေ။ လူတွေကိုတော့ လွတ်ရာကိုပြေးကြဖို့အတွက် ဆရာတော်တွေက ဆော်သြပေးတယ်။ ဒါနဲ့ပဲ လွတ်ရာကိုတောင် ကြား၊ တောင်ပေါ်တွေကနေ ပြေးခဲ့ကြရပါတယ်။ သံဃာအများစု ထိခိုက်ဒဏ်ရာရကြတယ် လူတွေလည်းအနည်းငယ် ထိခိုက်မှုတွေရှိပါတယ်။ သံဃာတချို့ကိုလည်း ရဲကားတွေအပေါ်မှာ ပါသွားတာမြင်လိုက်ရပါတယ်။ အခုချိန် ထိဖြိုခွဲခံရတဲ့ သပိတ်အဖွဲ့ဝင်တွေဟာ လုံခြုံတဲ့နေရာမှာ ရှိနေ ကြပါတယ်"ဟု မောင်းတန်ဂိတ်(တောင်ပေါ်ဂိတ်) သပိတ်အဖွဲ့ဝင်တစ်ဦးက ကိုယ်တွေ့ကြုံခဲ့သည်များကို ပြောပြခဲ့သည်။

ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး အများစုမှာ သံဃာတော်များဖြစ်ကြောင်း သိရသည်။ လတ်တလော ရရှိထေားသော သတင်းများအရ မုံရွာဆေးရုံတွင် ရောက်ရှိကုသခံနေရသူ ၅၀ကျော်ခန့်ရှိပြီး အများစုမှာ မီးလောင်ဒဏ်ရာများဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒဏ်ရာရသူများထဲမှ ဒဏ်ရာအခြေအနေ ပြင်းထန်သည့် သံဃာတော်တစ်ပါးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ အင်အားသုံးဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူ ရာဂဏန်းခန့်ရှိပြီး အတည်မပြုနိုင်သော သတင်းများအရ ယခုဖြစ်စဉ်ကြောင့် သေဆုံးသူများရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများလည်း ရှိနေကြောင်း သိရှိရသည်။

"စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေနှစ်ဆယ်လောက်ထိ မီးညွှန့်ပန်းထွက်တဲ့ သေနတ် မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက် အမျိုးအစားက စစ်မြေပြင်မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာနေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့်ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။ ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ်ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင် စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။
 တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်း လိုက်ရတာလည်း မှတ်မိကြမှာပေါ့။ အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။
 မျက်ရည်ယို ဗုံးဆိုတာက မီးလောင်ဗုံးမှမဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရမဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ် တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစားသာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇ၀တ်မှုအကြီး ကြီးတစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်" ဟု အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် လက်နှက်များ အသုံးပြုနှိမ်နင်းခဲ့သည် ဆိုသည်ကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးသို့ ဆက်သွယ် စုံစမ်းလျက်ရှိပြီး မြန်မာနိုင်ငံ ရဲချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော် သမ္မတရုံးတွင် ယခုကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်နေကြောင်း သိရသည်။

Eleven Media Group
Posted: 28 Nov 2012 03:12 PM PST
လက်ပံတောင်းအရေးပေါ်သတင်း ၁၂

ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်းနှင့် ကျောင်းသားသမဂ္ဂမှ ကားများ ရောက်ရှိလာပြီး 

ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်နေလျက်ရှိကြောင်း သတင်းရရှိပါသည်။ မုံရွာဆေးရုံသို့ 

လက်ပံတောင်းမှ လူနာတင်ယာဉ် တစ်စီး ဆိုက်ရောက်လာကြောင်း တာဝန်ကျ သူနာပြုဆရာမ တစ်ဦးက 


အတည်ပြုပြောကြားသည်။

သို့သော်လည်း ဒဏ်ရာရရှိသူများစွာ ကျန်ရှိနေပြီး လူနာတင်ယာဉ် လောက်ငမှု မရှိသေးကြောင်း 

သတင်းရရှိပါသည်။

So manay injury in that case and needed ambulance car and care man now.

Posted: 28 Nov 2012 03:05 PM PST
သတင်းမီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ ဆိုင်ကယ်များအား မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် ထိုသို့ မီးလောင်ပျက်စီးခဲ့သည့် အချိန်မှာ မျက်ရည်ယိုဗုံးများဖြင့် စတင် ဖြိုခွင်းခဲ့သည့် အချိန်ဖြစ်ကြောင်း သိရသည်။ ဖောင်းကားတောင်ရွာဘုန်တော်ကြီးကျောင်းမှ ဒဏ်ရာအပြင်းအထန်ရရှိသူသံဃာ ၆ ပါးနှင့် လူတစ်ဦးရှိနေပြီး ဖြိုခွင်းမှုကြောင့် 
ပိတ်မိနေသောအဖွဲ့များ ဖောင်းကားဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်စုစည်းမိကြပြီဖြစ်ကြောင်းလည်းသိရသည်။ လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန်အထိ အဆက်အသွယ်မရသေးကြောင်း၊တောင်ကြားနှင့် ဆည်တည်းစခန်းမှ သပိတ်အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီးပြန်ခိုင်းခဲ့ကြောင်း EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။








Posted: 28 Nov 2012 02:41 PM PST


ဝမ်ပေါင်ကုမ္ပဏီထဲတွင် ဆန္ဒပြခေါင်းဆောင် သံဃာတော် (၆)ပါးကို ဖမ်းဆီးထားကြောင်း သတင်းအတိအကျ ရရှိပါသည်။

ဝမ်ပေါင်ကုမ္ပဏီရှေ့ရှိ သပိတ်စခန်းမှ အပြင်းအထန် ဒဏ်ရာရရှိသော သံဃာတော် အရေအတွက်မှာ (၅)ပါး ဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။

Posted: 28 Nov 2012 02:39 PM PST


သပိတ်စခန်းနှင့် အနီးတစ်ဝိုက်ရှိ ရွာများအတွင်းသို့ ရဲတပ်ဖွဲ့မှ ပွိုင့်ကားများဖြင့် ရောက်ရှိလာကာ အကြမ်းဖက် လူဖမ်းဆီးမှုများ

 ပြုလုပ်နေသည်ဟု သတင်းရရှိပါသည်။

ကံကုန်းရွာတွင် ဆောက်လုပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် စင်ကိုလည်း ရဲတပ်ဖွဲ့ အင်အား ၅၀ ခန့်က 


ဝိုင်းထားကြောင်း သတင်းရရှိပါသည်။

Posted: 28 Nov 2012 02:30 PM PST
လက်ပံတောင်း အရေးပေါ်သတင်း ၉

သပိတ်စခန်း (၆)ခုစလုံး မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ ပုသိမ်-မုံရွာလမ်းကိုလည်း အာဏာပိုင်များက ပိတ်ဆို့လိုက်ပြီ ဖြစ်သည်။




Posted: 28 Nov 2012 02:00 PM PST
ThanLarWaddy Times
ဒဏ်ရာရစာရင်း

၁။ မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)
၂။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ဦးသုစိတ္တ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)
၃။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ရှင်သောဘိတ အနည်းငယ်ဒဏ်ရာရ
၎။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ရှင်နန္ဒမာလာ အနည်းငယ်မီးလောင်ဒဏ်ရာရ

ဆက်လက်၍ ဒဏ်ရာရသူများစွာ ရှိနေသေးကြောင်း သတင်းရရှိပါသည်။

Posted: 28 Nov 2012 01:54 PM PST

လက်ပန်းတောင်းတောင် စီမံကိန်းတွင် ရှိနေသည့် သပိတ်စခန်းများကို ယနေ့ နံနက် ၃နာရီကျော်ကျော်ခန့် တွင် ရာချီသော ရဲတပ်ဖွဲ့ ဝင်များက မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုန်းများဖြင့် ၀င်ရောက် စီးနင်း ဖြိုခွဲခဲ့သည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။
နောက်ဆက်တွဲ သတင်းများကို ဆက်လက် စုံစမ်းကာ တင်ပြသွားပါမည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာတွင် စုဝေးနေသည့် သံဃာတော်များနှင့် ဒေသခံများအား
နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့ကြောင်း သိရသည်။
ယင်းသို့ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော
EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com