Saturday 29 December 2012

A slave at five years old




Dear friends,



India is stalling the toughest child labour law in its history... because politicians say it's not a 'priority'! But the majority of MPs support it and all they need is a massive public push to bring it to a vote. Let´s raise our voices for India´s children. Sign now:

The Indian Parliament is closing without passing the toughest child labour law in its history. Worse, the bill is supported by the majority of MPs, but it was ignored for weeks, because they felt it was not a 'priority'!

India is the world's child labour capital -- kids as young as five are sold to traffickers and forced to work as modern-day slaves, abused and beaten. The historic new bill would ban outright any child labour under 14 and provide stipends for poor families to keep their children in school. But MPs have let it fall off their agenda, and Indian child rights groups say they badly need our help, now, to ramp up the public pressure.

If the Avaaz community comes together, we can create a wave of attention to the bill, and push MPs to vote. Sign this urgent petition and forward it widely -- when we reach 1 million we'll deliver our message to the Parliament with former child workers:

http://www.avaaz.org/en/india_child_labour_g1/?bXVWUbb&v=20512

A staggering 215 million children work in mines, quarries, and factories around the world. All nations have signed an agreement to put the eradication of child labour at the heart of their national education plans. But, India is home to the largest child labour force in the world. If the new law passes, it would ban all child labour for under 14-year-olds and all harmful work for under 18s. The law even has provisions to ensure it doesn't hurt the poorest families -- enshrining the right to free education and proposing stipends to compensate any losses.

Critics say the real problem isn't the law, it's bad enforcement. And it's true that in the last three years in India less than 10% of the 450,000 reports of child labour were prosecuted under the existing, weak, law. But the new law packs some serious punch. The police will no longer have to wait for a court order to act. All forms of commercial child labour under 14 will be criminalised, and instead of meaningless fines or short prison sentences, the criminals will face tough penalties.

While the majority of MPs say they'll support the bill, there's no political urgency to bring it to a vote. But each day they delay, more children are forced into a life of sweatshop misery. It's up to us to push them over the edge. Sign the petition to India's MPs now, and share widely:

http://www.avaaz.org/en/india_child_labour_g1/?bXVWUbb&v=20512

The Avaaz community has campaigned to protect the children and the most vulnerable, time and time again. Just weeks ago, 1.2 million of us got together to help pass the most comprehensive education plan in Pakistan. How we treat our children is a reflection on our moral compass -- and it´s time to take firm steps against their abuse. Let's join together to speak out for the future of India's suffering children.

With hope and determination,

Jamie, Alice, Alex, Alaphia, Lisa, Jeremy, Ricken, Dalia, Rewan, Michelle and the whole Avaaz team


MORE INFORMATION:

India proposes ban on child labor (Washington Post)
http://www.washingtonpost.com/world/india-proposes-ban-on-child-labor/2012/08/29/ef9d802a-f1f2-11e1-a612-3cfc842a6d89_story.html

Getting ready for the new law against child labour (The Hindu)
http://www.thehindu.com/opinion/op-ed/article3878212.ece

Over 60 million child laborers in India (India Tribune)
http://www.indiatribune.com/index.php?option=com_content&view=article&id=2884:over-60-million-child-laborers-in-india

35 child workers rescued from Delhi factories (Business Line)
http://www.thehindubusinessline.com/industry-and-economy/economy/35-child-workers-rescued-from-delhi-factories/article1694550.ece

End Child Labour and Educational Disadvantage - report and film
http://educationenvoy.org/


Support the Avaaz Community!
We're entirely funded by donations and receive no money from governments or corporations. Our dedicated team ensures even the smallest contributions go a long way. Donate to Avaaz





Avaaz.org is a 17-million-person global campaign network
that works to ensure that the views and values of the world's people shape global decision-making. ("Avaaz" means "voice" or "song" in many languages.) Avaaz members live in every nation of the world; our team is spread across 19 countries on 6 continents and operates in 14 languages. Learn about some of Avaaz's biggest campaigns here, or follow us on Facebook or Twitter.

You are getting this message because you signed "Stand with Aung San Suu Kyi" on 2011-07-02 using the email address moelay1310@gmail.com.
To ensure that Avaaz messages reach your inbox, please add avaaz@avaaz.org to your address book. To change your email address, language settings, or other personal information, https://secure.avaaz.org/act/index.php?r=profile&user=805be3c5fffc4734ef88d1d056270680&lang=en, or simply go here to unsubscribe.


To contact Avaaz, please do not reply to this email. Instead, write to us at www.avaaz.org/en/contact or call us at +1-888-922-8229 (US).

Sunday 23 December 2012






"ကျွန်မတို့ကတော့ကလေးတွေလူစဉ်မမီတာကြေးနီစီမံကိန်းကြောင့်လို့ပဲထင်ပါတယ်"
Posted: 23 Dec 2012 04:17 AM PST


"ကျွန်မတို့ကပြောခွင့်မရလို့ မပြောပဲနေခဲ့ရတာပါ။ ကျွန်မတို့ ရဲ့ကလေးတွေ ဒီလိုမျိုးလူစဉ်မမီ ဖြစ်ရတာဟာ ဦးပိုင်ဆာလဖြူရစ် အက်စစ်စက်ရုံနဲ့ ကြေးနီစီမံကိန်း ကြောင့်လို့ပဲထင်ပါတယ်။ ကျွန်မတို့ မှာ ဒီလိုမျိုးဆွံအတဲ့ ကလေးတွေ မွေးတဲ့ မျိုးရိုးလည်းမရှိပါဘူး။ ကျွန်မကိုယ်ဝန်ဆောင်စဉ်ကာလ တုန်းကတော့ ဦးပိုင်မိုးကြိုးဆာလ ဖြူရစ်အက်စစ်စက်ရုံက အက်စစ် ငွေ့တွေရှုရှိုက်ခဲ့ရတယ်ဘာမှမဖြစ် လောက်ဘူးပဲထင်ခဲ့တာ။ ကလေး မွေးတုန်းကလည်း အခက်ခဲမရှိ ခဲ့ဘူး၊ နောက်ပိုင်းကျတော့မှ ကလေးက အသက်၂ နှစ်အရွယ် တာရောက်လာတယ်စကားမပြော ဘူး၊

မိခင်တစ်ရောက်အနေနဲ့ တော့ ကိုယ်ကလေးဒီလိုဖြစ်နေ တာကိုတော့ ဘယ်ကြည့်ရက်ပါ မလည်း၊ ရန်ကုန်ကလေးဆေးရုံ မှာတုန်းကတော့ဒေါ်အောင်ဆန်းစု ကြည်လာကြည့်တယ်၊အားမငယ် ဖို့လည်းပြောသွားခဲ့ပါတယ်၊ကျွန်မ အနေနဲ့ကတော့အစိုးရရဲ့ထုတ်ပြန် ကြေညာချက်ကိုလက်မခံနိုင်ပါဘူး၊

ကျွန်တို့စိတ်ထဲမှာထင်နေတာ ကတော့ ဦးပိုင်မိုးကြိုးဆာလပ် ဖြူရစ်အက်စစ်ဆက်ရုံနဲ့အမှတ်
တစ်ကြေးစဉ်တောင်ကြေးနီ စီမံကိန်း ကြောင် ကျွန်မတို့ကလေးတွေ ဒီလိုဖြစ်ရတယ်လို့ပဲထင်ပါတယ်" ဟု ၂နှစ်အရွယ်ခန္ဒာကိုယ်ပျော့ခွေ နေ သည့်သမီငယ်လေးကို ချီထား သည့်မခင်စန်းမြင့်က ၀မ်းနည်း သောမျက်နှာဖြင့် ပြောဆိုသည်။

ထိုကဲ့သို့ပြောဆိုရသည်မှာကန်ကုန်း ကျေးရွာရှိကို အင်္ဂါရှိတဲ့နေသည့် ကလေးများအား ယင်းကဲသို့ကိုယ် အင်္ဂါချို့တဲ့ရခြင်းမှာလက်ပံတောင်း ဒေသတွင်ပြုလုပ်နေသည့်အမှတ် (၁)ကြေးနီးစီမံကိန်းနှင့် သက်ဆိုင် မှုရှိမရှိကို ကန်ကုန်းကျေးရွာရှိ ကိုယ်အင်္ဂါရှိုးတဲ့နေသည့် ကလေး ငယ်များ အားရန်ကုန်မြို့ရှိ ကလေးဆေးရုံတွင် စစ်ဆေးပြီး မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဋ္ဌာန မှ အမှတ်တရ(၁) ကြေးနီစီမံကိန် နှင့် သက်ဆိုင်မှုမရှိဟုကြောငြာ ချက်ထုတ်ပြန်ခဲ့သည့်အပေါ် မကျေနပ်သောကြောင့်အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ မခင်ဆန်းမြင့်ဆိုသူ မှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ဆားလင်းကြီးမြို့နယ်ကန်ကုန်း ကျေးရွာတွင်နေထိုင်သူဖြစ်ပြီးသူမ ၏ ကလေး ငယ် မှာ အသက် ၂ နှစ်အရွယ် ရောက်သည် အထိ လမ်းလျှောက်နိုင်ခြင်းမရှိခေါင်းမ ထောင်နိုင်ကလေး၏ ခန္ဒာကိုယ် မှာပျောခွေနေသည်ကိုတွေရ သည်။ အဆိုပါကလေးငယ်ကဲ့သို့ ပင် ကန်ကုန်ကျေးရွာတွင် ယင် ကဲ့သို့ဝေဒခံစားနေရသည့်ကလေး ငယ်သုံးဦးရှိနေသည်ဟု သိရ သည်။
ရန်ကုန်ကလေးဆေးရုံတွင် သွာရောက်စစ်ဆေးခဲ့ရာတွင် ပါဝင်ခဲ့သည် ကလေးငယ် ကောင်းထက်ဇော်၏ မိခင်မနီလာ ကလည်း"ကျွန်မကလေးဒီလိုဖြစ် သွားရတာအမှတ်တစ် ကြေးစဉ် တောင် ကြေးနီးစီမံကိန်းကြောင် လို့ပဲထင်တယ်၊အစိုးရရဲ့ထုတ်ပြန် ကြေညာချက်ကို ငြင်းချင်ပေမဲ့ အခွင်မသလို့ရန်ကုန်မှာဘာမှ မပြောခဲ့ရဘာဘူး၊ ကျွန်မတို ရန်ကုန်ကလေးဆေးရုံမှာ တုန်းက ဘယ်မှ မသွားရပါဘူး၊ ဘယ်သူနဲ့ မှလည်း မတွေ့ရပါဘူး၊ သူတို့ စစ်ဆေးပြီးတော့ ပြန်လွှတ်လိုက်တာပါပဲ၊ ကျွန်မတို့ကိုလာခေါ် တုန်းကလည်း သူတို့လာခေါ်မယ် ဆိုတာမသိခဲ့ရပါဘူး၊ ကျွန်မအနေ နဲ့အဓိကပြောချင်တာကတော့ ကျွန်မတို့ကလေးတွေ ဒီလိုမျိုး လူစဉ်မမှီဖြစ်ရတာ ဒီကြေးနီစီမံ ကိန်းကြောင့်လို့ ပဲထင်ပါတယ်" ဟုကန်ကုန်းကျေးရွာမှကိုယ်အင်္ဂါချို့ တဲ့နေသည့်ကလေးငယ်၏ မိခင် တစ်ဦးကပြောသည်။
တိုကန်ကုန်းကျေးရွာမှာ အမှတ်တစ်ကြေးနီစီမံကိန်းနှင့် နီးကပ်နေသည့်အပြင့်ကြေးနီထုတ် လုပ်ရာတွင် အသုံးပြုသည့်မိုးကြိုး ဆာလဖြူရစ်အက်စစ်စက်ရုံမှာ လည်းကုန်ကုန်းရွာအနောက်ဘက် တွင် တည်ဆောက်ထားခြင်းဖြစ် သောကြောင့် နေစဉ်နှင့်အမျှ အက်စစ်အနံသက်ဆိုးများကို ရှု ရှိုက်နေရပါသည်ဟုရွာသူရွာသား များကပြောဆိုသည်။ အဆိုပါ အက်စစ်စက်ရုံမှာလည်းလည်ပတ် မှုမရှိဟု သက်ဆိုင်သူများကပြော ဆိုသော်လည်း တစ်ကယ်တန်း သွာရောက်ကြည့်ရှုရာတွင်အက်စစ် စက်ရုံမှာ လည်ပတ်နေသည်ဟု ယူဆရပြီး အဆိုပါအက်စစ်စက်ရုံ ထဲမှအက်စစ်ရည်များသယ်ဆောင် သည့်ကားတစ်ဆီးထွက်လာပြီ ယင်းကားမှာ အမှတ်တစ်ကြေးနီ စီမံကိန်းရှိရာသို့ သွာရောက်ပြီး မိုးကြိုးအက်စ်ရည်သွာရောက် ပေးပိုသည်ကို တွေ့ရသည်။အမှတ်တစ်ကြေးနီစီမံကိန်းဝန်း ကျင်မှဒေသခံများ ပြောပြချက် အရ စီမံကိန်းအတွက်ဘတ်ဖိုး ကားသစ်ကြီးများ ဒီဇင်ဘာ ၁၆ ရက် ရောက်ရှိလာသည်ကို တွေရကြောင်းအမှတ်တစ်ကြေးနီ စီမံကိန်းမှ နေ့စဉ် ညနေ ၃ နာရီခွဲ တောင်များ ကိုမိုင်ခွဲပြီးမိုးကြိုး အက်စစ်များပက်ဖြန်းလျက်ရှိ ကြောင်း ပြောပြခဲ့သည်။

မျိုးမြင့် (Hot news weekly)
Posted: 23 Dec 2012 04:14 AM PST
ဦးသောင်း ဆိုတာ ..

ကျနော်တို့ RIT ကျောင်းတော်ကြီး ကို သူပုန်ကျောင်း ဆိုပြီး ..
Systematic Destroy လုပ်ခဲ့သူ ..

ကျနော်တို့ ရဲ့ ဆရာ ဆရာမတွေ ကို သူပုန်ဆရာ တွေလို့ စွပ်စွဲပြီး ..
သူ့ရဲ့ ကိုယ်ပိုင်တပည့်(Phd အလိုအလျောက်ရ) တွေနဲ့ နည်းမျိုးစုံ နှိပ်ကွပ် ခဲ့သူ ..

ကျနော်တို့ RIT သမိုင်း နဲ့ အတူ အမဲစက်ကြီး စွန်းကျန်ခဲ့ မဲ့ သူ ..
----------------------------------------------------------------------------------------
"ဒီကျောင်းကြီးကို အဆင့်မြင့်အောင် နိုင်ငံခြားသားတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုပြီး ကျွန်တော် ပါမောက္ခချုပ် လုပ်နေတုန်း ၉၇၊ ၉၈ လောက်ကပေါ့၊ နိုင်ငံခြားသားဆရာ တွေလာပြီး စာလာသင်တာမျိုး လုပ်ခဲ့ဖူးတယ်။ စင်ကာပူနှင့် မလေးရှားကိုလည်း ပညာတော်သင်တွေ လွှတ် တယ်။ နောက်တော့ ဒါပေမယ့် လုံးဝ ကွဲပြားခြားနားတဲ့ စနစ်တစ်ခု ၂ဝဝဝ ခုနှစ်မှာ ပေါ်လာတယ်။ နယ်တွေမှာ ကျောင်းတွေ အများကြီး ဖွင့်ပြီး ဒီကျောင်း နှစ်ကျောင်းမှာတော့ ကျောင်းသား လက်မခံဘဲ ဖြစ်သွားတယ်။ ကျောင်းသားပေါင်း ၈ဝဝဝ ကျော်နဲ့ သင်တန်းပေါင်း ၁ဝဝ ကျော်နဲ့ နေ့ရော၊ ညရော မီးတွေ ထိန်လင်းပြီး လည်ပတ် နေခဲ့ရာက စောစောက ပြောသလို စနစ်အသစ်ထွင်ပြီး နောက်ပိုင်းမှာ ဒီဟာတွေ အကုန်လုံးလောက် ပျောက်ပျက်သွားခဲ့တယ်"
ဆရာဦးညီလှငယ်- ပါမောက္ခချုပ်(ငြိမ်း)
-------------------------------------------------------------------
"သုံးသိန်းတစ်သောင်း"

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ၀န်ကြီး ဦးသောင်း တယောက်ထဲမှ တာဝန်ယူခဲ့သည်မှာ ဆယ်စုနှစ်ကျော်ကြာညောင်းခဲ့ပါပြီ။

န-အ-ဖ စစ်အစိုးရသမိုင်းမှာ ၀န်ကြီးဌာနတခုထဲမှာ အရှည်ကြာဆုံး တာဝန်ယူခဲ့တဲ့ သက်တော်ရှည်အမတ်ကြီးလို့ ဆိုနိုင်လောက်ပါပေတယ်။ တပ်ချူပ်ကြီး-သန်းရွေနဲ့
တမြို့ထဲ ကျောက်ဆည်သားချင်း ဖြစ်သလို၊ ဒုချူပ်-မောင်အေး နှင့်လည်း D.S.A အပတ်စဉ် ( ၁ ) မှာ Same Batch တွေလည်း ဖြစ်ပါတယ်။

ဦးသောင်းဟာ D.S.A 1st Batch ရဲ့ BC(Best Cadet)ကိုလည်း ရခဲ့တယ်၊ ပြီးခဲ့တဲ့၂၀၀၇-Sep:ရွေဝါရောင်တော်လှန်ရေးမှာ စစ်အစိုးရ၏အကြမ်းဖက်မှုတွင် အထက်မြန်မာပြည်မှာ စက်မှု (၁) ၀န်ကြီးအောင်သောင်း၊ အောက်မှာ ဦးသောင်းဟုလည်း စစ်အစိုးရ၏ အကြံပေး ပရောဟိတ်တဦးအဖြစ် ထင်ရှားခဲ့သူလည်း ဖြစ်သည်။ စစ်အစိုးရအဖွဲ့ထဲမှာတောင် ဦးသောင်း ပြီးလျှင် အားလုံးပြီးတယ်။ အဲသလောက်ထိ ဦးသောင်းက ပိုင်တယ်။ ဦးသောင်း မျက်စောင်းထိုးခံရမှာ ဗိုလ်ချုပ်ကြီးတွေတောင် ကြောက်ရဆိုဘဲ။ တပ်ချုပ်ကြီးအိမ်နောက် ဖေးပေါက်က၀င်ပြီး ဒေါ်ကြိုင်ကြိုင်ကို သွားသွားညှော် တယ်တဲ့။ အတို့အထောင်ကောင်းတဲ့ ၀န်ကြီးတယောက်ပါ။

သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနတွင် - သုံးသိန်းတသောင်း - ဟု ပြောစမှတ်တခု ရှိသည်။ ကွန်ပျုတာကျောင်းသားများကပင်အစ သိကြသည်။ ဆိုလိုသည်မှာ သုံးသိန်း ဆိုသည်မှာ ဒေါက်တာ ဒေါ်နီလာသိန်း (ပါမောက္ခချုပ် - ရန်ကုန် ကွန်ပျုတာ တက္ကသိုလ်- Ph;D, S'pure)၊ ဒေါက်တာဒေါ်သန္တာသိန်း ( ကထိက- ရန်ကုန်ကွန်ပျုတာ တက္ကသိုလ်- Korea ၌ Post Ph:D တက်နေဆဲ)၊ နောက်တယောက်က ဒေါက်တာဒေါ်ရတနာသိန်း (ကထိက-ရန်ကုန်ကွန်ပျုတာ တက္ကသိုလ်-Local Ph:D) စသည့် ညီအမသုံးဖော်နှင့် တသောင်းကတော့ ၀န်ကြီးဦးသောင်း။

ဒေါက်တာ ဒေါ်နီလာသိန်း၏လက်မှတ်ဖြင့် မန္တလေးကွန်ပျူတာတက္ကသိုလ် B.C.Sc (Hons:) ဘွဲ့လက်မှတ်တွင် Bachelor နှင့် Bechelor ဟု စာလုံးပေါင်းအမှားဖြင့် ထုတ်ပေးသည်။ အလွန်ရုတ်ပျက် ဆင်းပျက်နိုင်သော အမှားအရွင်း ဖြစ်သည်။ ၄င်းကိစ္စဖြင့်တာဝန်ရှိသူအချို့ ကို ၀န်ကြီးက Action ယူသည်။ ဒေါ်နီလာသိန်း မပါ။ စီမံထူးချွန်(တတိယ)အဆင့်ပင် ဦးသောင်း၏ ထောက်ခံမှုဖြင့် ရလိုက်သေးသည်။ ညီအမသုံးယောက်လုံး ဦးသောင်း၏ မြှောက်စားချီးမြင့်ခြင်းကို အလွန်ခံရသည်။ နယ်ကျောင်းများသို့ ဦးသောင်း ရောက်လျှင်ပင် ဒေါ်နီလာသိန်း မည်ကဲ့သို့တော်ကြောင်း၊ တတ်ကြောင်း ပြောရသည်မှာ ဦးသောင်း အတွက် မမောနိုင် မပန်းနိုင်ရှာ။ မိသားစုခြင်းလည်း အလွန်နီးကပ်စွာဆက်ဆံမှုရှိသည်၊ မည်ကဲ့သို့ အလျော်အစားရှိသည်မသိ။

ဝန်ကြီးဦးသောင်း မြှောက်စားချီးမြင့်မှု အလွန်ကောင်းသည်။ M.I.Sc/ M.A.Sc 1st Batch, 2nd Batch များကိုလည်း ဦးသောင်း မြှောက်စားခဲ့သည်။ Ph: D ဆင်းလာပြီဆိုလျှင် နယ်ကွန်ပျူတာတက္ကသိုလ်များတွင် ကျောင်းအုပ် ပေးသည်။ Ph;D 1st Batch တွေ ဆင်းလာတော့ 1st Batch Ph:D များကို မြှောက်စားသည်။ 2nd Batch ဆင်းလာတော့ 1st Batch တွေ မြောင်းထဲရောက်သည်။ မတည်မြဲသော သင်္ခါရသဘောကို ဦးသောင်းအောက်တွင်ပို၍ တရားရစေသည်။
M.I.Sc/ M.A.Sc 1st Batch, 2nd Batch များကိုလည်း ဦးသောင်း မြှောက်စားခဲ့သည်။ ယခုတော့ ၄င်းတို့ဘေးဖယ်ခံမြောင်းထဲမှာ။ သူကြိုက်လျှင်ကြိုက်သလို သူ့ သဘောကျတုန်းကတော့တမျိုး။ ဦးသောင်းက စိတ်အပြောင်းအလဲမြန်သည်။ အာဏာရှင်သန်းရွေ၏လူယုံတပည့်ပီသစွာ သ-ပ-န တွင် အာဏာရှင်ဆံသည်။ မည်သည့်ကိစ္စူမဆို သူစိတ်တခုတည်းဖြင့် အဆင်ခြင်မဲ့ ဆုံးဖြတ်သည်။ ဌာနဆိုင်ရာ DE Report က မတင်ရသေး၊ ဦးသောင်းက Action ယူပြီးပြီ။ စိတ်ထင်ရာစိုင်းသည့် လုပ်ရပ်ဖြစ်သည်။
မြန်မာစကားတွင် ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်ဆိုသော စကားကို လူတိုင်း ကားဘူးကြပေလိမ့်မည်။ အဘ မည်မျှအလုပ်လုပ်ရသည်။ ငါဘယ်လို Admin ကောင်းသည်။ အဘရှိလို့ မင်းတို့ မြောင်းထဲ မရောက်တာ။ နင်တို့ကို အဘက မြောင်းထဲကနေ ဒီနေရာရောက်အောင် တင်ထားရတာ။ ကျောင်းတိုင်းရောက်တိုင်း-သ-ပ-န ၀န်ထမ်းများနှင့်တွေ့တိုင်း ဦးသောင်း ပြောနေကြ။ သူတော်တာ လူတိုင်းသိစေချင်သည်။ သူမကိုက်သူများကို နာမည်တတ်ပြီး လူပုံအလည်မှာ မကောင်းပြောသည်။
လူကြီးလူကောင်း အင်္ဂါရပ်နှင့်ကိုက်ညီမှု၊ ၀န်ကြီးတယောက်၏ဂုဏ်သိက္ခာ ဦးသောင်းတွင် လုံးဝမရှိ။ တပ်ချုပ်ကြီးသန်းရွေ၏နောက်ခံဖြင့် ကီးကျယ်နေသူသာ ဖြစ်သည်။ အစိုးရအဖွဲ့ဝင် လူကြီးများ၊ ထိပ်ပိုင်းလူကြီးများ၊ ဦးသောင်း ဘာမှမဟုတ် ဘာမှမတတ်ဆိုတာ အားလုံးအသိ။
(ရေးသားသူ - ဖရီးဘားမား mm-နစ်နေမန်း ဘလော့)
-------------------------------------------------------------------------------------------------------------
အရင် သနပ ၀န်ကြီး ဦးသောင်းလက်ထက် DSA ဆင်း Best Cadet တွေကို ဘဲ
စက်/သက် ညွှန်ချုပ်အဖြစ် ခေါ်ခန့်ခဲ့တယ်။ ရောက်လာတဲ့ ညွှန်ချုပ်က ၀န်ထမ်းအားလုံး တန်းတူညီမျှ တာဝန်ယူရမယ်ဆိုပြီး နတ်မောက်လမ်း စက်/သက် ညွှန်ချုပ်ရုံး ဧရိယာမှာ ၁၀ ပေပတ်လည် အကွက်ချ အားလုံး(အားလုံး) မြက်ပေါက်ရမယ်လို့ ခိုင်းခဲ့တယ်။ အဲဒီ့ညွှန်ချုပ် ဒုဝန်ကြီးဖြစ်သွားခဲ့ပေမယ့် ပညာရှင်ကို နှိပ်ကွပ်ခံရလို့ ပညာမာနရှိတဲ့ ညွှန်၊ ဒုညွှန်/လက်ထောက်ညွှန်နဲ့
ကျောင်းအုပ်တွေ နှုတ်ထွက်သွားခဲ့ကြတာက စပြီး ယနေ့လက်ရှိ ဘာမှ မတတ်တဲ့ အင်ဂျင်နီယာ ကျောင်းဆင်းတွေ ထွက်လာခဲ့တော့တာပါ ခင်ဗျ။
ဦးသောင်းနှိပ်ကွပ်လို့ ဦးညီလှငယ် (RIT ပါချုပ်) နှုတ်ထွက်စာ တင်ထွက်သွားတာ ဗိုလ်ခင်ညွှန့်က ချိန်ခွင်လျှာ ညှိချင်လို့ ဒုဝန်ကြီးပေးပြီး ပြန်ခန့်ခဲ့ရတာပါ။
ဦးသောင်း (DSA အပတ်စဉ် (၁) Best Cadet ရ ၊ တပ် လုံးပြုတ်အောင်တိုက်သူဟု နာမည်ရခဲ့သူ၊
ယခင် ဗမခ အောင်ကြီး၏ PA လုပ်ခဲ့ဘူး၍ ဦးနေ၀င်း၏ အမျက်မာန်ရှကာ ပြည်နှင် ဒဏ်ခံခဲ့ရသူ (အမေရိကန် သံအမတ်အဖြစ်) ရဲ့ ထူးချွန်မှုတွေကိုတော့
ယနေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကျောင်းတွေရဲ့ အခြေအနေကို ကြည့်လိုက်တာနဲ့ သိသင့်ပါတယ်။
တပည့်တွေကို PhD အထိ တက်ခိုင်းပြီး
( ဦးသောင်းက အင်တာနက်ရှိရင် Ph D ဘွဲ့ပေးလို့ရဆိုဘဲ)
အဲဒီ့ တပည့်တွေကို သင်ပေးခဲ့တဲ့ ဆရာဆရာမတွေကို B Tech, B.E လောက်နဲ့ ရပ်ထားခဲ့တဲ့ အထက်အောက် ပြောင်းပြန်လှန် သွေးခွဲစနစ်ခင်ဗျ။
တစ်နိုင်ငံလုံးနေရာတိုင်းမှာ အရေးပါတဲ့ အင်/ယာတွေ အရည်အသွေး နိမ့်ကျပြီ ဆိုမှတော့ သွားပြီပေါ့ ဗျာ။ တိုင်းပြည်ဇောက်ထိုးဆင်းပြီဗျို့။
(Swal Taw Ywet –mandalaygazette မှ)
----------------------------------------------------------------------------------------------
San Ko
+++ အင်ဂျင်နီယာဘွဲ့ တံဆိပ်အသစ် +++

မြန်မာအင်ဂျင်နီယာလောကတွင် ဘွဲ့တံဆိပ် အသစ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ BE, ME, Phd အပြင်
BE (ဦးသောင်း)၊ ME (ဦးသောင်း)၊ Phd (ဦးသောင်း) ဆိုပြီးပေါ်လာခဲ့ပါသည်။ အင်ဂျင်ယာလောက ပျက်စီးရန် ရည်ရွယ်၍ ဦးတည်ချက်ရှိရှိ ဖျက်ဆီးခဲ့ပါတယ်။ ဦးသောင်း ပုံသွင်းခဲ့သော စနစ်ဆိုးအောက် ပုံဖော်မည့် လူများစွာ မွေးထုတ်ခဲ့ပါတယ်။ မကောင်းအကျင့်ဆိုးဟု တချို့သိ၍ ပြုပြင်သော်လည်း စနစ်ဆိုး ဆက်လက်
အသက်ဝင်ရန် စနစ်ဆိုးကို ဆက်လက်ခံကျင့်သုံးဖော်နေသော သူများမှာလည်း အများအပြားတွေနေရပါတယ်။
သူတို့တွေဟာ နောက်ဆယ်စုနှစ် နှစ်ခုလောက် ဒီလောကထဲမှာရှိနေကြဦးမှာပါ အရေအတွက် သောင်းဂဏန်း နီးနီးရှိနေကြတယ် ဒီလိုလူတွေဝင်နေတဲ့ ပညာရေးစနစ်ဟာ ရင်လေးစရာပါ။ ငွေသာ ပြောပြီး ပညာကို မပြောတတ်တဲ့ လူတွေပိုများနေတာ တွေ့ရတယ်။ စနစ်ဆိုးကို ဆက်လက်ပုံဖော်မဲ့ ကျွန်သဘောက်လို့ပဲ မြင်တယ်။ ဒီအကျင့်ဆိုးကို မပြင်ပဲ ဆက်လက်ကျင့်သုံးနေရင်တော့ ဝေးဝေးရောက်အောင် နှင်ထုတ်ရမှာပဲ..


Posted: 23 Dec 2012 03:53 AM PST

လူကုန်ကူးတိုက်ဖျက်ရေး WALK FREE အဖွဲ့မှတွံတေး ဘုရားကြီးမင်္ဂလာတိုက်ပရဟိတဂေဟာမှာမြန်မာသနပ်ခါးကို သဘောကျလို့ကိုယ်တိုင်ကျောက် ပြင်မှာသွေးကြည့် ပြီး ကိုယ်တိုင်လှူးပေး နေတဲ့ သူဌေးကြီးရဲ့ သမီးကြီးNicola Forrest ပါ
သမီးငယ်လေးတယောက် ကြောပိုးခိုင်းလို့ ကြေနပ်တဲ့အထိ ကြောပိုးခုံပေါက်ကစားပေးနေတဲ့ လူကုန်ကူးတိုက်ဖျက်ရေး WALK FREE အဖွဲ့တည်ထောင်သူ သြစတေးလျှသူဌေးကြီးAndrew Forrest ရဲ့ သမီး အလတ် Sophia Forrest ပါ
လူကုန်ကူးတိုက်ဖျက်ရေး WALK FREE အဖွဲ့မှတွံတေး ဘုရားကြီး မင်္ဂလာတိုက်ပရဟိတဂေဟာမှကလေးငယ်များကို လက်ဝှေ့ထိုးနည်းပြပေးနေတဲ့(သားအငယ်ဆုံးSydney Forrest ပါ)

တွံတေး ဘုရားကြီးရွာက မင်္ဂလာပရဟိတဂေဟာ ဆရာတော်ကြီး ကို WALK FREE အဖွဲ့သားတွေ သံဃာအတွက်ဆွမ်း မိဘမဲ့ကလေးတွေအတွက် ထမင်း တနပ်စာသွားလှုကြပါတယ်
လူကုန်ကူးတိုက်ဖျက်ရေး WALK FREE အဖွဲ့မှတွံတေး ဘုရားကြီး မင်္ဂလာတိုက်ပရဟိတဂေဟာမှကလေးငယ်များကို မနက်စာထမင်းတနပ်လှူဒါန်းကျွေးမွေးခဲ့ပါတယ် ကိုယ်တိုင်ထမင်းလိုက်ပွဲများလိုက်ထဲ့ပေးကြပါတယ်(သြစတေးလျှသူဌေး FORREST ရဲ့ သားအငယ်ဆုံးSydney Forrest ပါ
လူကုန်ကူးတိုက်ဖျက်ရေး WALK FREE အဖွဲ့မှတွံတေး ဘုရားကြီး မင်္ဂလာတိုက်ပရဟိတဂေဟာမှကလေးငယ်များနဲ့အမှတ်တရပါ (သူဌေးကြီး၏မိခင်ပါ)

သတင်းနှင့်ဓာတ်ပုံ...Ko Kyaw Thu
Posted: 22 Dec 2012 06:33 PM PST

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈) သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေးများကို ပြန်လည်ချိုးဖောက်နေသည်ဟု ယုံကြည်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ချုပ်မှ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖော်ပွဲများတွင် ပါဝင်ခဲ့မှုကြောင့် ဗကသများအဖွဲ့ချုပ်မှ ကိုအောင်မှိုင်းဆန်း၊ ကိုမင်းနိုင်လွင် (ခ) ကိုကျော်ကြီး နှင့် ကိုသန်းထိုက်တို့အား ပုဒ်မ (၁၈) ဖြင့် မန္တလေးထောင်တွင် ဖမ်းဆီးထားပြီး ကိုသီဟ၀င်းတင်နှင့် ကိုထွန်းထွန်းကျော်တို့အား ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ (၁၈) တို့ဖြင့် အသီးသီး ဖမ်းဝရမ်း ထုတ်ပြန်ထားကြောင့် ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

''ပုဒ်မ ၁၈ ဟာ ပြည်သူလူထုရဲ့အခွင့်အရေးတွေကို ဆန္ဒထုတ်ဖော်တဲ့ အခါမှာ အသုံးချရမယ့် အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ ပုဒ်မ တစ်ခုဖြစ်ပြီး မတရားတဲ့ ဥပဒေ တစ်ခုလို့ လူထုကို အသိပေးချင်လို့ ကျွန်တော်တို့လူတွေက အကျဉ်းထောင်ထဲကို ၀င်သွားခဲ့တာပါ'' ဟု
ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောသည်။

လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်၍လည်း ဒီမိုကရေစီရေး ချိုးဖျက်ခံရခြင်းနှင့် ဆုံးရှုံးသွားသည်ဟု ယူဆသောကြောင့် တာဝန်ရှိသူများကို အရေးယူပေးမှသာ ကျေနပ်နိုင်မည် ဖြစ်ကြောင်းနှင့် မတရားဖမ်းဆီးထားမှုများကို ပယ်ဖျက်ပေးရန် တောင်းဆိုကြောင်း၊ ပြည်သူလူထု၏ အရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုကျော်ကိုကိုက ဆက်လက်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ပတ်သက်၍လည်း တလေးတစားနှင့် စောင့်ကြည့်သွားမည်ဖြစ်ပြီး ကော်မရှင်တွင် လိုအပ်သည်များကို အကြံပေးခြင်းနှင့် အားကောင်းလာစေရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက်များကို တတ်နိုင်သမျ ဆန်းစစ်လေ့လာသွားမည်ဖြစ်ပြီး သေသေချာချာ စိစစ်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင်မူ မှားသည်မှန်သည်ဟု မပြောလိုသေးကြောင်း၊ တွေ့ရှိချက်များသည် ပြည်သူလူထု၏ ဆန္ဒ၊ ပြောကြားချက်များနှင့် ညီမညီကို သိရှိအောင် အရင်ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ ဗကသအနေဖြင့် ပြည်သူလူထုဘက်ကသာ ရပ်တည်သွားမည် ဖြစ်ကြောင်းလည်း မေးခွန်းများကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
EMG
Posted: 22 Dec 2012 06:31 PM PST

နေမျိုးဇင်ကို တပ်မှ ဖြုတ်ပစ်ခံရသူဖြစ်ကြောင်း၊ နည်းမျိုးစုံနဲ့ မဟုတ် မမှန် ၀ါဒ ဖြန့်နေသူတို့ သိစေဖို့ တင်ပြခြင်းဖြစ်ပါတယ်။ ခေတ်ပျက်မှာ အခွင့်ထူးခံပြီး နေခဲ့တဲ့သူ မဟုတ်ဘူး ဆိုတဲ့ သက်သေပါ။ အထူးသဖြင့် လူတယောက် အကြောင်း ဇာစ်မြစ်ကို သေချာ မလေ့လာပဲ တဖက်စောင်းနင်း အပုပ်ချတတ်တဲ့ နိုင်ငံဘဏ္ဍာ ပြည်သူ့အခွန်ငွေတွေနဲ့ ရုရှားမှာ ပညာတော်သင်နေသူ စစ်ဗိုလ် တွေလိုမျိုး အတွက် သိစေဖို့ တင်ပေးခြင်းဖြစ်ပါ
တယ်။

စစ်သားကောင်း စိတ်ဓါတ်နဲ့ပဲ လူထု အတွက် အလုပ်လုပ်နေပါတယ်။ အခွင့်အရေးသမား ဟုတ်လား မဟုတ်ဘူးလား ။ ရှင်းပြတာပါပဲ။ သိစေချင်တယ်။

စစ်တပ်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာစားနေတဲ့ အတွက် တပ်မတော်ကနေ အခုလို နှုတ်ထွက်ခဲ့ပြီး
စစ်အာဏာရှင်တွေကို ပြည်တွင်းက ပွင့်ပွင့်လင်းလင်း ဝေဖန် ဆန့်ကျင်ခဲ့တဲ့ ပြည်သူ့စစ်သားဖြစ်တယ်။

နိုင်ငံဘဏ္ဍာကို ရာထူးအာဏာသုံးပြီး မတရားရယူထားခြင်း မရှိဖူးပါ။၊
အချိန်မရွေး ပိုင်ဆိုင်မှု ထုတ်ပြန်ကြေငြာ အစစ်ခံရဲပါတယ်


အခု ပြည်တွင်းကနေ နိုင်ငံရေး အလုပ်ကို ပေါ်ပေါ်ထင်ထင် လုပ်နေပါတယ်။ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် ဆိုတဲ့ နံမည်နဲ့ လူမှုနိုင်ငံရေး ဖွံ့ဖြိုးရေး အလုပ်တွေကို လုပ်နေပါတယ်။ ဖုန်းက 0949328559 ပါ ။

မျိုးချစ်စိတ် ရှိတဲ့ စစ်သားတိုင်းရဲ့ မိတ်ဆွေဖြစ်ပါတယ်။ ပြည်သူကို ဖိစီးနှိပ်စက်တတ်တဲ့ အာဏာရှင်တိုင်းကို တော်လှန်သူ ဖြစ်ပါတယ်။ အခက်ကြုံသော ပြည်သူတိုင်းကို နိုင်ရာနေရာက ရသလောက်ကူညီပေးနေမယ့် သူဖြစ်ပါတယ်။

ကိုယ်ကျင့်မကောင်းသော လူကြီး ဆိုသူများရဲ့ မုန်းတီးစက်ဆုပ်ခြင်းကို ကြည်နူးစွာ ခံယူပြိး ပြည်သူအတွက် လုပ်နိုင်သော နေရာက လုပ်နိုင်သလောက် လုပ်ပြီး လူ့ဘ၀ကို တန်ဖိုး တခုနဲ့ တည်ဆောက်ပဲ့ကိုင် ချန်ခဲ့ချင်သူတယောက်ပါပဲ။

ရာထူးတွေ ရူးသွပ်လို့ လုပ်နေတာ ထင်ပြီး ခွက်စောင်းခုတ်နေသူတွေ၊ ခြေရာ ချင်း လိုက်တိုင်းလာလေမလားလို့ စိတ်ပူနေသူတွေ၊ လွှတ်တော်တွင်း ၀င်ပြိုင်ချင်လို့ လူထု အကျိုးပြုလုပ်ငန်းတွေ လုပ်နေတာလို့ အတင်းစွပ်စွဲပြီး ကာဆီး အပုပ်ချနေသူတွေ သိစေဖို့ တင်ပေးခြင်းသာဖြစ်ပါတယ်။

ကျနော်ဖြစ်ချင်တာ တခုပဲ ရှိတယ်။

လူပီသတဲ့ ............... လူ ဖြစ်ချင်တယ်။

နေမျိုးဇင်
Posted: 22 Dec 2012 07:27 AM PST




"ယခုအချိန်မှာဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ပြောကြတယ်။ အဲဒီတော့ ကျွန်မတို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အလိုအပ်ဆုံးက ဘာလဲဆိုတော့ စိတ်ဓာတ်တွေ ပြုပြင်ပြောင်းလဲဖို့ပါပဲ။ တချို့က မေးကြတယ်။ ကျွန်မတို့နိုင်ငံ ဘယ်တော့ပြောင်းလဲမလဲ။ ကျွန်မပြောချင်တာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ကိုယ်က ဘယ်တော့ပြောင်းမလဲ၊ ကိုယ့်စိတ်တွေကို ဘယ်တော့ပြောင်းမလဲ၊ ကိုယ်က နိုင်ငံရဲ့ တာဝန်တွေကို ဘယ်တော့ထမ်းဆောင်မယ်ဆိုတဲ့စိတ် ဘယ်တော့မွေးမယ်အပေါ်မှာ မူတည်ပြီး ကျွန်မတို့နိုင်ငံ ဘယ်တော့ပြောင်းမလဲဆိုတာ အဖြေပေါ်မှာပါ"

"နိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တက်တက်ကြွကြွ နိုးနိုးကြားကြားရှိရမယ်။ ဘယ်သူတွေက ဘာလုပ်နေလဲ၊ ဘာအတွက်လုပ်နေလဲ၊ ဘာရည်ရွယ်ချက်နဲ့လုပ်နေလဲ၊ သင့်တော်လား၊ မသင့်တော်ဘူးလားဆိုတာ စဉ်းစားရပါမယ်။ လူများတွေ ပြောတာကို လွယ်လွယ်နဲ့ မယုံနဲ့။ကျွန်မပြောတာလည်းလွယ်လွယ်နဲ့မယုံပါနဲ့။ ပြောတာတွေကို သေသေချာချာစဉ်းစားပါ။ လက်တွေ့ကျလား၊ မကျဘူးလားဆိုတာ ကိုယ့်ဟာကိုယ်စဉ်းစားဆုံးဖြတ်ပါ"

"ကျွန်မတို့ နိုင်ငံတကယ်ဂုဏ်ရှိဖို့ဆိုတာ ကျွန်မတို့နိုင်ငံရဲ့ သီလ၊ သမာဓိ၊ ပညာပေါ်မှာ မူတည်တယ်။ ပြင်ပကလာမယ့် အထောက်အကူတွေပေါ်မှာ မူတည်တာမဟုတ်ဘူးဆိုတာ ကျွန်မ သေသေချာချာပြောချင်ပါတယ်။ ပြင်ပကတော့ အထောက်အကူတွေပေးချင်တယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးဘက်ကို သွားနေတယ်ဆိုပြီးတော့ အင်မတန်မှ ကျွန်မတို့နိုင်ငံပေးမှာ သဒ္ဓါပွားနေကြတယ်။ သို့သော် ကျွန်မတို့ နိုင်ငံဟာ သွားသင့်တဲ့လမ်းကိုမသွားလို့ရှိရင် သဒ္ဓါစိတ်တွေဟာလည်း ပျောက်သွားမှာပါ။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ခြင်းအားဖြင့် ကျွန်မတို့ဟာ အများရဲ့ ထောက်ခံမှုလည်းရမယ်။ အကူအညီလည်းရမယ်။ လူမစွမ်း နတ်မတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကျွန်မတို့ ပြည်သူတွေဟာ လူအများချစ်အောင်လို့၊ လူအများလေးစားအောင်လို့ နေမှ ရေရှည်အကူအညီတွေကိုရမှာပါ။ တကယ်မသိသေးရင်တော့ပေးမှာပေါ့။ တကယ်လို့ ဒီတိုင်းပြည်ဟာ ပေးရကျိုး မနပ်ဘူး၊ မပေးသင့်ဘူးဆိုရင် ဆက်ပေးမှာ မဟုတ်ဘူး"

Photo..ခွန်ဒီးယမ်
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

Saturday 22 December 2012

ဆရာချစ်ဦးညို - စာပေဟောပြောပွဲ





Posted: 21 Dec 2012 10:07 PM PST


Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။
ဒီလို privacy shortcuts များကို  US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။
ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOM Fans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
-Blocking
Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို
Block ချင်ရင် အရင်လို setting ထဲကနေ အရှည်ကြီး ၀င်နေစရာ မလိုတော့ပါဘူး။

Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး တတိယအကြောင်းမှာ  မိမိ Block လိုတဲ့ user ရဲ့ နာမည်(သို့)သူ့ရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။
ဒါ့အပြင် သင်ယခင်က block ထားတဲ့ သူတွေရဲ့ စာရင်းကိုကြည့်နိုင်ဖို့ View All Blocked Users ဆိုတာကိုပါ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။
-Privacy Shortcuts

Save
Facebook Privacy shortcuts pop-up box ရဲ့ ပထမအကြောင်းဖြစ်တဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းကို click နှိပ်လိုက်ပါ။
Who can see my future posts? ဆိုတဲ့ နေရာမှာ သင့်ရဲ့ post အသစ်အကုန်လုံးကို ဘယ်လို လုံခြုံရေးထားချင်သလဲဆိုတာကို မူတည်ပြီး လွယ်ကူစွာ ထိန်းချုပ်နိုင်အောင် လုပ်ထားပေးတာဖြစ်ပါတယ်။
နောက် Facebook Privacy shortcuts pop-up box ရဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ ဒုတိယ အကြောင်းဖြစ်တဲ့ Where can I review all my posts and things I'm tagged in? ဆိုတဲ့နေရာမှာတော့ သင်မတင်ခဲ့ဘဲ Tag လုပ်ခံထားရတဲ့ ပုံတွေ စာသားတွေကို ပါ ထိန်းချုပ်တာဖျက်ပစ်လို့ရမှာဖြစ်ပါတယ်။
222
ပြီးတော့ သင်မလိုတော့တဲ့ အတိတ်က ပိုစ့်အကုန်လုံးကို တစ်နေရာထဲကနေ ဖျက်ပစ်နိုင်မှာပါ။
Facebook Privacy shortcuts pop-up box ရဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ဆိုတဲ့ လုံခြုံရေးအတွက် အသုံးဝင်ပုံအကြောင်းကို ရှင်းပြသွားပါမယ်။

WW
မိမိရဲ့ Profile ကို မည်သူက ၀င်ကြည့်ရင် ဘယ်လိုပေါ်နေလဲ ဆိုတာ သိချင်ကြပါတယ်။ ဒါကြောင့် "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ကိုဝင်ပြီး View As ကို နှိပ်လိုက်ပါ။
ဒါဆိုရင် သင့်ရဲ့  profile ကို ပေါ်လာပြီး This is what your timeline looks like to: ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ သူငယ်ချင်းနာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။
အခုပြောပြမှာကတော့ နောက်ဆုံးအချက်ပါ။
Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး ဒုတိယအကြောင်းဖြစ်တဲ့ "who can contact me" ကို click လိုက်ပါ။

Fi
ပထမဆုံးအကြောင်းဖြစ်တဲ့ Whose messages do I want filtered into my Inbox? ဆိုတာကတော့ မိမိကို message ပေးပို့နေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာပါ။
ဒုတိယအကြောင်းဖြစ်တဲ့ Who can send me friend requests? ဆိုတာကတော့ ဘယ်သူတွေက သူငယ်ချင်းဖြစ်ခွင့် ပို့လို့ရအောင် ထိန်းချုပ်မလဲဆိုတာပဲဖြစ်ပါတယ်။
ဥပမာအနေနဲ့ ပြောရရင် မိမိနဲ့ သူငယ်ချင်းဖြစ်လိုသူကြားမှာ ကြားခံသူငယ်ချင်း(Mutual) မရှိရင် friend request ဆိုတဲ့ button ကို နှိပ်ခွင့်ပေးဖို့ နေနေသာသာ တဘက်လူက ရှာလို့ ရမှာတောင်မဟုတ်ပါဘူး။
××××××××××××××××××××××××××××××××××××××
အားလုံးပဲနှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ….
____________________________________
Posted By KaungMyatOo[Admin-Team,NewsOfMyanmar]

NewsOfMyanmar
Posted: 21 Dec 2012 07:19 PM PST
စာရေးသူ ဘာတေးလင့်တနာ(Bertil Lintner)၏ More war than peace in Myanmarကို ဘာသာပြန်ဆိုသည်။

သေနတ်တင် ရဟတ်ယာဉ်များ က စစ်မြေပြင်ထက် ဝေဟင်တစ်ခွင် ပျံဝဲနေကြသည်။ ဒုက္ခသည်နှင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရသူ (အိုင်ဒီပီ) ၁၀ဝဝ၀ဝ ခန့်အဖို့ ညနက်တွင် ထိုးဖောက် မြည်ဟိန်းလာသော ဗုံးသံ၊ အမြောက်သံ များကိုသာ အဆက်မပြတ် ကြားနေရသည်။ စစ် ဆေးရုံများမှာ ဒဏ်ရာရ အစိုးရစစ်သားများဖြင့် တင်းကျမ်း ပြည့်နေသည်။ တံတားများ၊ ဆက်သွယ်ရေး လိုင်းများနှင့် အခြား အခြေခံအရေးကြီး အဆောက်အအုံ များမှာ စစ်၏ အပျက်အစီးများထဲတွင် လဲလျောင်းနေကြ သည်။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင် ပြည်နယ် အတွင်းမှ ဤပုံရိပ်များနှင့် အသံများက ပြင်ပကမ္ဘာသို့ ပျံ့လွင့် လာနေသော သမ္မတဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေး နှင့် ဒီမိုကရေစီသို့ ဖြည်းဖြည်းမှန် မှန်ချီတက်ရေးအသွင်အပြင်ကို တစ်စစီ ပျက်ပြားသွားစေခဲ့သည်။

ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ) ဌာနချုပ် တည်ရှိသည့် လိုင်ဇာသို့ သွားရာ တောဖြတ်၊ တောင် ပတ်၊ မြွှေလိမ် မြွေကောက် လမ်းတစ်လျှောက်တွင် စစ်ဘေးရှောင် ဒုက္ခသည် အရပ်သားများမှာ သူပုန် တို့က ပေးသော မဝရေစာ အထောက်အပံ့ ကလေးများနှင့် သူတို့စိုက်ပျိုး၍ ရသမျှ အသီးအနှံကလေးများ အပေါ် မှီခိုအသက် ရှင် နေထိုင်နေကြရသည်။ သူတို့မှာ နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီ အသိုင်းအဝိုင်း ၏ ဥပေက္ခာပြုမှုကို ခံနေရသည်။ လူသားချင်း စာနာကူညီမှု ဆိုင်ရာ အကျပ်အတည်း ဖြေရှင်းရေးကို သဏ္ဌာန် သဘော၊ ဟန်သဘော သာ လုပ်ဆောင်နေသော
ကုလသမဂ္ဂ အေဂျင်စီများမှာလည်း ထိုအထဲတွင် အပါအဝင် ဖြစ်နေ သည်။

လက်နက်ကိုင်ပဋိပက္ခများ စတင်ဖြစ်ပွားချိန်က မြန်မာ့တပ် မတော်သည် ကေအိုင်အေကို တိုက်ခိုက်ရန် လက်နက် အကြီးအကျယ် တပ်ဆင်ထားသော်လည်း အလေ့အကျင့် နည်းပါးလှသည့် ခြေလျင် တပ်ဖွဲ့များကို စေလွှတ်ဖြန့်ချ ထားခဲ့သည်။ အကျိုးဆက်မှာ စစ်မြေပြင်တွင် အစုလိုက် အပြုံလိုက် အသတ်ခံရသလို သာ ဖြစ်ခဲ့ရသည်။ အစိုးရတပ်မှ စွန့်ခွာ ထွက်ပြေး၍ ယခုလိုင်ဇာတွင် ရောက်ရှိနေထိုင်ကြသော အစိုးရ တပ် ခြေလျင် စစ်သားငယ်လေးများမှာ ယခင်မြို့တော်ဟောင်း ရန်ကုန် လမ်းမများပေါ်မှ ဝိုင်းပိတ် စုဆောင်းရရှိခဲ့သော ကလေးများ ဖြစ်ပြီး အခြေခံ စစ်သင်တန်း အချို့ကို ဖုတ်ပူမီးတိုက် ပေးကာ ကချင်ပြည်နယ်သို့ တိုက်ခိုက်ရန် ပို့လိုက်ခြင်း ဖြစ်ကြောင်း အစိုးရစစ်တပ်မှ တပ်ပြေးများနှင့် တွေ့ဆုံမေးမြန်းခဲ့သော လူ့အခွင့်အရေး လုပ်သား များ၏ ပြောကြားချက် အရ သိရှိရသည်။

မြန်မာ့တပ်မတော်မှာ တစ်ချိန် က လက်နက်အသုံးဆောင်ချို့တဲ့ သော်လည်း ကွန်မြူနစ်သူပုန်များ အပြင် တိုင်းရင်းသား လူမျိုးစု သူပုန်များနှင့် တောက်လျှောက် တိုက်ခိုက်မှုများ အတွင်း ထုသားပေသားရခဲ့သော ခြေလျင်တပ်များ ရှိခဲ့ပါသည်။ ထိုစဉ်က တိုင်းပြည်၏ အကြီးဆုံးနှင့် အင်အား အကောင်းဆုံး သူပုန် တပ်မတော် ဖြစ်သည့် ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ပြိုပျက်ပြီး မတူသော တိုင်းရင်းသား လူမျိုးစုတပ်ဖွဲ့ ၄ ခုအဖြစ် ကွဲထွက်ကာ ၁၉၈၉ တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်ခဲ့ပြီးကတည်းက မြန်မာနိုင်ငံ နယ်စပ် ဒေသအများစုတွင် စစ်ဆင် တိုက်ခိုက်ရေး လှုပ်ရှားမှု အနည်းအကျဉ်းသာ ရှိခဲ့သည်။
အစိုးရ စစ်တပ် မြစ်ကြီးနားမြို့ပေါ် ပေါ်တာဆွဲနေသောပုံ

 CPB ပြိုပျက်မှုနှင့် အတူ လက်နက်ခဲယမ်း မီးကျောက်အတွက် ကွန်မြူနစ်တို့အပေါ် မှီခိုခဲ့ရသော အခြား သူပုန်တပ် အများအပြားမှာ အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ခဲ့ကြရသည်။ ထိုအထဲတွင် ကေအိုင်အေလည်း ပါပါသည်။ ၁၉၉၄ ဖေဖော်ဝါရီ ၂၄ တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးတစ်ခု လက်မှတ်ရေးထိုးခဲ့သည်။ ထိုသို့ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီခဲ့ကြသော သူပုန်အဖွဲ့တစ်ဒါဇင်ကျော်လုံး မှာ စာရွက်စာတမ်းပေါ်တွင် မဟုတ်ဘဲ နှုတ်ကတိအားဖြင့် သာ ပြုလုပ်ခဲ့ကြ သည်။

ကချင်တို့က ပိုမိုတရားဝင်စေ ရန် မျှော်လင့်ချက်ဖြင့် သူတို့၏ အပစ်အခတ်ရပ်စဲရေးကို စာဖြင့် ရေးသားချုပ်ဆို ရန် အလေးအနက် ပြောခဲ့သော်လည်း ထိုစဉ်က အာဏာရ စစ်အစိုးရက သူတို့ အစိုးရမှာ ယာယီ သာ ဖြစ်သော ကြောင့် ကေ အိုင်အေ၏ ကိုယ်ပိုင် အုပ်ချုပ်ရေး တောင်းဆိုချက် အပါအဝင် နိုင်ငံရေး ပြဿနာများနှင့် ပတ်သက် ၍ တစ်စုံတစ်ရာ မဆွေးနွေးခင်၊ ရွေးကောက်ခံ အစိုးရ တစ်ရပ်က အာဏာရယူသည် အထိ စောင့်ဆိုင်းရန် ကေအိုင်အေ ကို ပြောကြား ခဲ့သည်။

ကချင်တို့က ၁၇ နှစ်ကြာ စောင့်ဆိုင်းခဲ့ကြပါသည်။ သို့သော် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးတွင် လည်း နိုင် ငံရေးပြဿနာ ဖြေရှင်းရေး ဆွေးနွေးမှု များ ဖြစ်မလာခဲ့ဘဲ ၂၀၁၁ ဇွန် ၉ တွင် အစိုးရတပ်များက အပစ်အခတ် ရပ်စဲရေးကို ချိုးဖျက်ကာ ဗန်းမော် အရှေ့ဘက် တာပိန်မြစ် တစ်လျှောက်ရှိ ကေအိုင်အေ စခန်းများ ကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ထိုအချိန်မှစ၍ မြန်မာအစိုးရနှင့် ကေအိုင်အို အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ သော်လည်း ဘာဆုံးဖြတ် ချက်မျှ မြင်သာထင်သာ မရခဲ့ပါ။ "သူတို့က ကျွန်တော်တို့ကို သူတို့ ထိန်းချုပ်မှု အောက် ရောက်စေချင်တာပဲ။ ကျွန်တော်တို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတွင်းက တိုင်းရင်းသား လူမျိုးစု အားလုံးရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ အခွင့်အရေးတွေ ရဖို့ ညှိနှိုင်းဆွေးနွေး ချင်တာပါ"ဟု ကေအိုင်အေ ဥက္ကဋ္ဌ ဇောင်းဟရား (Zawng Hra) က လိုင်ဇာ၏ ဌာနချုပ်၌ အာရှတိုင်း(မ) အွန်လိုင်းနှင့် တွေ့ဆုံရာတွင် ပြောကြား ခဲ့သည်။

ငြိမ်းချမ်းရေး၏ အဓိပ္ပာယ်မှာ အစိုးရနှင့် တိုင်းရင်းသားသူပုန်များ ကြားတွင် မတူကြပါ။ အစိုးရက သူပုန်များကို ဖယ်ဒရယ် မဟုတ်သော ၂၀ဝ၈ ဖွဲ့စည်းပုံကို လက်ခံ စေလိုပြီး ယင်းတို့၏တပ်များကို နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်) ဟု ခေါ်သော မြန်မာ့တပ်မတော် လက်အောက်ခံ တပ်များအဖြစ်သို့ ပြောင်းစေလိုကြသည်။ တစ်ဖက်တွင် ကချင်တို့အတွက် ငြိမ်းချမ်းရေး ဆိုသည်မှာ တိုင်းရင်းသား ပြည်နယ်များကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် အဆင့် ကြီးကြီးမားမား ပေးအပ်မည့် အနည်းဆုံး အခြေခံကျကျ ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံအသစ် တစ်ခုဖြစ်ပါ သည်။

ဤမတူကွဲပြားမှု နှစ်ခုကပင် နိုင်ငံခြား ကြားဝင်စေ့စပ်သူများ၏ ငြိမ်းချမ်းရေးဖြေရှင်းချက်တစ်ခုရရှိ ရေး ကြိုးပမ်း မှုများ မအောင်မြင်ရသည့် အကြောင်းရင်း ဖြစ် သည်။ နိုင်ငံရေး ပြဿနာများ ဆွေးနွေးမှုကို ရှောင်ရှားပြီး အပစ်အခတ် ရပ်စဲရေး၊ လက်နက် ဖျက်သိမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တို့ကိုသာ ဇောင်းပေးနေ ကြသော နော်ဝေ အစိုးရမှ ကမကထ ပြုလုပ်သည့် " ငြိမ်းချမ်းရေး အထောက်အကူအဖွဲ့  (Peace Support Initiative)" နှင့် ဆွစ်ဇာလန် အခြေစိုက် "လူသားချင်း စာနာမှု ဆိုင်ရာ ဆွေးနွေးပွဲဌာန (Center for Humanitarian Dialogue) တို့အပါအဝင် ငြိမ်းချမ်းရေးပွဲစား များမှာ အနှစ်သာရအားဖြင့် အစိုးရ၏ အမြင်ကို သာ ဈေးကွက် တင်နေခြင်းဖြစ်သည်ဟု လိုင်ဇာနှင့် အခြားဒေသ များတွင် အာရှတိုင်း(မ) အွန်လိုင်းက တွေ့ဆုံစကား ပြောခဲ့သူ အများအပြားက ဆိုကြပါသည်။

အခြား တိုင်းရင်းသား အဖွဲ့များနှင့် ထင်ရှားသော နိုင်ငံရေး ပလေယာများက ကေအိုင်အို၏ အမြင်ကို မျှဝေ သဘောတူကြသည်။ စက်တင်ဘာလ အတွင်း ရန်ကုန် တွင် တွေ့ဆုံမေးမြန်းရာ၌ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး  က "၂၀ဝ၈ ဖွဲ့စည်းပုံကို ကျွန်တော် တို့ လုံးဝငြင်းပယ်ပါတယ်" ဟု ပြောပါသည်။ ဒီမိုကရေ စီ ခေါင်းဆောင်နှင့် အတိုက်အခံ လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်က အာရှတိုင်း(မ) အွန်လိုင်းနှင့် နေပြည်တော် မြို့တော်သစ် ၌ တွေ့ဆုံရာတွင် "ဒီမိုကရေစီ ကို စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနဲ့ အစားထိုးလို့ မရပါဘူး" ဟု ပြောခဲ့သည်။

ဤသို့ဆိုပါလျှင် ကချင်ပြည်နယ်တွင်း စစ်ပွဲပြင်းထန်လာနေမှုမှာ အံ့ဩဖွယ်ရာတော့ မဟုတ်ချေ။ သံတမန် သတင်း ရပ်ကွက်များစွာ၏ အဆိုအရ လိုင်ဇာနှင့် အခြားသော ကေအိုင်အို/ ကေအိုင်အေ အမာခံ စခန်းများကို သိမ်းပိုက် ရယူရန် အစိုးရက အဓိက ထိုးစစ်ကြီးတစ်ခု ဆင်နွှဲရန် စီစဉ်ထားကြောင်း သိရပါသည်။

ရင်ဆိုင် တိုက်ပွဲများတွင် အကျအဆုံး များမည် စိုးသဖြင့် ၁၀၅ မီလီ မီတာ ဟော်ဝစ်ဇာ အမြောက်များ၊ ၁၂၀ မီလီမီတာ မော်တာများနှင့် ၁၉၈၀ နှစ်များတွင် အာဖဂန်စစ်ပွဲ ၌ အများအပြား သုံးစွဲခဲ့သော ရုရှား လုပ် Mi24  နောက် ဖွင့် သေနတ်တင် ရဟတ်ယာဉ်၏ နိုင်ငံခြား တင်ပို့သည့်  ပုံတူ Mi35 ဟယ်လီကော့ပတာ များကို မကြာသေးမီ အစိုးရတပ်များက အားထား အသုံးပြုခဲ့သည်။ ထိုသေနတ်တင် ဟယ်လီကော့ပတာများကို လိုင်ဇာ အနောက် ဘက် ဒေသများနှင့် ပြည်နယ်မြို့တော် မြစ်ကြီးနား အရှေ့မြောက်ဘက် ပန်ဝါဒေသ အနီးတစ်ဝိုက် မှ ကေအိုင်အေ တပ်များကို တိုက်ခိုက်ရာ၌လည်း အသုံးပြုခဲ့ကြသည်။

ကချင်ပြည်နယ် အနောက်ပိုင်း ဖားကန့်ဒေသတွင် ဆွီဒင်နိုင်ငံထုတ် ၈၄ မီလီမီတာ ကား(လ)ဂုစတပ်(ဖ) ဒုံးပစ်လောင် ချာများကို သူပုန်စခန်း များအား တိုက်ရန် အစိုးရက အသုံးပြုခဲ့သည်။ ယခုလ စောစောပိုင်းက ဤသတင်းထောက်၏ ပထမ သတင်းပေးပို့ ဖွင့်ချခဲ့မှုကြောင့် မြန်မာနိုင်ငံသို့ ဥရောပသမဂ္ဂ လက်နက်တင်ပို့မှု ပိတ်ပင်ရေး ချမှတ်ထားသည့်ကြားမှ ဤလက်နက်များ မည်သို့ ရောက်လာသည်ကို ဆွီဒင်အစိုးရက စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ရသည်။

ဒီဇင်ဘာ ၁၃ ရက်တွင် ဆွီဒင် ပါလီမန်၌ ထုတ်ပြန်သော ကုန်သွယ်ရေးဝန်ကြီး အီဝါဘီဂျော်လင်း၏ ကြေညာ ချက် အရ ပြဿနာ ပေါ်နေသော ထိုလက်နက်များမှာ တတိယ နိုင်ငံတစ်ခုသို့ လွှဲပြောင်းမှုမပြုရန် နယူးဒေလီ နှင့် စတော့ဟုမ်းတို့ အကြား သဘောတူထား သည့်ကြားမှ အိန္ဒိယက မြန်မာသို့ ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၇ ရက်ထုတ် The Voice ဂျာနယ်၌ ဖော်ပြပါရှိ သော သတင်းတစ်ပုဒ်တွင် ထိုလက် နက်များမှာ အီးယူ၏ လက်နက်ပိတ်ပင်မှု မတိုင်မီက တင်သွင်း ထားကြောင်း ပြောဆို၍ မြန်မာအစိုးရသည် ဤ ပြဿနာကို ကွေ့ရှောင်ရန် ကြိုးစား ခဲ့သည်။

အကယ်စင်စစ် ၁၉၈၂ ခုနှစ် ၌ ဆွီဒင်မှ ဝယ်ခဲ့သော လက်နက် များမှာ မိုဒယ်ဟောင်းများဖြစ်သည်။ ယခုနှစ် အောက်တိုဘာတွင် ကေအိုင်အေက သိမ်းဆည်းရမိသော လက်နက်များမှာ နောက်ဆုံးပေါ် မိုဒယ်ဖြစ်သည်။ လက်နက် အမှတ်စဉ် နံပါတ်များမှာ ၂၀ဝ၃ ခုနှစ်တွင် အိန္ဒိယ အစိုးရသို့ ရောင်းချခဲ့သော လက်နက်များ၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ ဆွီဒင်လက်နက် မပြန့်ပွားရေးနှင့် ပို့ကုန် ထိန်းချုပ်ရေးဌာန (ISP) မှ ပြောခွင့်ရ အမျိုးသမီး၏ အဆိုအရ သိရသည်။

မြန်မာနိုင်ငံတွင်း ဒေသခံ သတင်းရပ်ကွက်များ၏အဆိုအရ ဤလက်နက်များမှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံနှင့် မဏိပူရ ပြည်နယ်များမှ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း နယ်စပ် တစ်လျှောက်တွင် အခြေခံစခန်း ဖွင့်ထားသည့် အိန္ဒိယသူပုန်များကို တိုက်ခိုက်ရန် မြန်မာစစ်တပ်သို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ထို သူပုန် များကို တိုက်ခိုက်ရမည့် အစား ကေအိုင်အေကို တိုက်ခိုက်ရန် မြန်မာ စစ်တပ်မှ အသုံးပြုခဲ့ကြောင်း သိရသည်။

ထိုအငြင်းပွားမှုကြောင့် ကချင် စစ်ပွဲကို မကြုံဖူး လောက်အောင် နိုင်ငံတကာက သိရှိသွားတော့သည်။  အထူး သဖြင့် သမ္မတ ဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်း အစိုးရနှင့် ထိတွေ့ဆက်ဆံရေး ပေါ်လစီနှင့် စီးပွားရေး ဆက်ဆံမှု အခွင့်အလမ်းများကို အနောက်နိုင်ငံများက မျက်စိမှိတ် လိုက်ရှာနေသည့် အချိန်တွင် ဖြစ်ပေါ်  လာခြင်းပင်။ ခိုင်လုံသော သတင်းရင်းမြစ်များအရ မကြာမီ ဥရောပ ပါလီမန်တွင် လက်နက်ပိတ်ဆို့ရေး ပြဿနာကို တင်ပြဆွေးနွေးကြတော့မည် ဖြစ်ကြောင်း၊ ယင်းလုပ်ဆောင် မှုက မြန်မာနိုင်ငံတွင်း မကြာမီက ဖြစ်ပေါ် တိုးတက်မှုများကို ဝေဖန်မှု ရှိရှိ သံတမန်ရေး ချဉ်းကပ်မှု ပိုမို ပြုလုပ်ရန် ဖြစ်စေနိုင်ကြောင်း သိရသည်။

သို့တစေ မြန်မာအစိုးရ အနေဖြင့် ကေအိုင်အေအပေါ် ဆင်နွှဲနေသော ထိုးစစ်ကို ရပ်ဆိုင်း၍ အဓိပ္ပာယ် ရှိသော ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ မကြာမီအချိန်အတွင်း ပြု လုပ်လေမည်လားဆိုသည်မှာ သံသယဖြစ်ဖွယ် ရှိပါသည်။ အဓိက ပြဿနာ တစ်ခုမှာ အစိုးရ၏ ညှိနှိုင်းဆွေးနွေးရေးမှူးချုပ်လည်းဖြစ်၊ သမ္မတ ရုံးဝန်ကြီး လည်း ဖြစ်၊ နော်ဝေ အစိုးရနှင့် အခြားနိုင်ငံခြား ပွဲစားများ၏ အချစ်တော်လည်း ဖြစ်သူ ဦးအောင်မင်း တွင် ကေအိုင်အိုနှင့် နိုင်ငံရေး ပြဿနာ ညှိနှိုင်းဖြေရှင်းခွင့် မရှိခြင်း ဖြစ်သည်။

"ဦးအောင်မင်း မှာက နိုင်ငံရေး လုပ်ပိုင်ခွင့် မရှိပါဘူး။ အခုအထိ နိုင်ငံရေးပြဿနာနဲ့ ပတ်သက်လို့ သူ အမြဲပဲ ရှောင်ခဲ့တာ၊ သူ့တာဝန်က အစိုးရ ပေါ်လစီကို ကိုယ်စားပြု လိုက်နာရုံ သက်သက်ပဲ"ဟု ကေအိုင်အို ဥက္ကဋ္ဌ ဇောင်ဟရား ကဆိုပါသည်။

ထို့ထက်ပို၍ဆိုရလျှင် သမ္မတ ဦးသိန်းစိန်တွင်ပင် ကချင်နှင့် နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်သည့် ပါဝါ ရှိပါသလား ဆိုသည်မှာ မသဲကွဲပါ။ ပြီးခဲ့သည့်နှစ် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားကတည်းက အနည်း ဆုံးနှစ်ကြိမ် တိုက်ခိုက်မှုရပ်ရန် စစ်တပ်ကို သူတောင်းဆိုခဲ့သော်လည်း နားမပေါက်ခဲ့ပါ။ ထိုအချက်က ဦးသိန်းစိန်သည် စစ်ဘက်အား ထိန်းချုပ်နိုင်မှု ရှိ မရှိ မေးခွန်းများကို တိုးပွားလာစေခဲ့သည်။ စစ်ဘက်မှာ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စကားကိုသာ နားထောင်မည့်ပုံ ရှိပါသည်။ ကချင်ပြည်နယ်တွင်း ဆက်လက် ဖြစ်ပေါ်နေသော ဤစစ်ပွဲက အမျိုးသား လုံခြုံရေး၏ အလွန်အရေးကြီးသည့် ပြဿနာများ ပေါ်ပေါက် လာပါက မြန်မာနိုင်ငံမှာ စစ်ဘက်အုပ်စိုးမှု အောက်တွင် အခိုင်အမာ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း သတိပေးနေသလိုသာ ရှိပါတော့သည်။

ဤစာရေးသူ ဘာတေးလင့်တနာ(Bertil Lintner) မှာ Far Eastern Economi Review စာစောင်၏ ယခင် သတင်းထောက်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ စာအုပ်စာတမ်း မြောက်မြားစွာ ရေးသားခဲ့သူဖြစ်သည်။ ယခု လောလော ဆယ်တွင် Asia Pacific Media Service တွင် ရေးသား နေပါသည်။)
စိုးမြင့်

http://www.myanmarij.com
Posted: 21 Dec 2012 06:11 PM PST
ကမာရွက်မြို့နယ် အမှတ်(၃)ရပ်၊ ပညာ့အလင်း စာကြည့်တိုက် စာပေ ဟောပြောပွဲ (၀၉-၁၂-၁၂)

ခေါင်းစဉ်မဲ့ ခေါင်းစဉ်- ဆရာ ချစ်ဦးညို

လက်ပန်းတောင်းတောင်နဲ့ ဦးပိုင်အကြောင်း ဟာသနှောပြီး ပီပီပြင်ပြင် ဟောပြောသွားပါတယ်..
Posted: 21 Dec 2012 08:50 AM PST
passport စာအုပ် အသစ်ပြောင်းတဲ့အခါမှာ စာအုပ်ဟောင်းမှာရှိတဲ့ စာမျက်နှာတွေကို cancelled တံဆိပ်တုံး အကုန်ထူလိုက်တယ်။ cancelled တံဆိမ်တုံးထုတဲ့နေရာမှာ ဘီစာ(VISA)ရှိ၊ မရှိ သတိမထားပြီးမှ cancelled တံဆိပ်ထုပါလို့ နိုင်ငံခြားရောက် မြန်မာသံရုံးမှ တာဝန်ရှိသူများကို မေတ္တာရပ်ခံပါတယ်။

သတိမထားပဲ re-entry တံဆပ်ကို cancelled တံဆိပ်ထုလိုက်မိတဲ့အတွက် ဘုန်းဘုန်းမှာ ကျောင်းသားဘီစာ လုံးလုံးပျက်သွားပြီး၊ ထိုင်းနိုင်ငံမှာလဲ နေလို့မရတော့ပါဘူး၊ အမိမြန်မာပြည်ကို အပြီးပိုင် ပြန်ရတော့မည်ဖြစ်သည်။

ဘုန်းဘုန်း ကျောင်းသားဘီစာ(Studient Visa)ပျက်သွားတာ ပြဿနာမရှိပါဘူး၊ တာဝန်ကို အလေးမထားတာသည်သာ ကြီးမားသော ပြဿနာတစ်ရပ်ပင်ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ကျောင်းသားတွေကို ဘုန်းဘုန်းလို cancelled တံဆိပ် မှားမထုမိအောင် သေချာစစ်ဆေးပြီးမှ cancelled တံဆိပ်ထုပါလို့ နိုင်ငံခြားရှိ မြန်မာသံရုံးအားလုံးမှ တာဝန်ရှိသူအားလုံးကို ၀မ်းနည်းစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။


ဒီမနက်တော့ ထောက်ခံစာလေးတစ်ခုရလာခဲ့ပါတယ်။ ဒါပေမယ့် Re-untery ကို cancelled ထုမိတယ်လို့ ရေးပေးလို့မရဘူး ဘုန်းဘုန်းဆိုပြီး။ အောက်ပါစာအတိုင်း ရေးပေးလိုပါတယ်။ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် ဘုန်းဘုန်းရယ်ဆိုပြီး အားပေးစကားလဲ ပြောပါတယ်။

ပြုံးပန်းမေတ္တာ ဆရာတော်

Posted: 21 Dec 2012 07:45 AM PST
၁၈ နှစ်မြောက် DKBA တပ်မတော်နေ့ DKBA ဌာနချုပ်ရှိရာဆုံးပေါင်းမြိုင်း ကွင်းတွင်ယနေ့ကျင်းပပြုလုပ်ခဲ့ပါသည် ဓာတ်ပုံ..ဇော်သူရ (မဲဆောက်)

ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဖွယ်(ခ) ဗိုလ်နှုတ်ခမ်းမွှေးက ယနေ့နံနက် ဒီကေဘီအေ တပ်မတော်နေ့ အခမ်းအနားတွင် ၄င်းတို့၏ တပ်မတော် ကြီးခေတ်မီ ဖွံဖြိုးတိုးတက်လာရန်အတွက် ကရင်လူမျိုးများ စည်းလုံးညီညွှတ်မှု ရှိစေရန် အရေးကြီးကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

စည်းလုံးညီညွှတ်မှု၏ အင်အားသည် အမျိုးသားထုတစ်ရပ်လုံး စာလောင်မွတ်သိပ်လျက်ရှိသည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူခြင်း တို့ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်းနှင့် ၄င်းတို့အနေဖြင့် အစိုးရနှင့် လက်မှတ်ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေးအပေါ် ယုံကြည်မှုရှိစွာဖြင့် ပြည်သူလိုလားနေသော ငြိမ်းချမ်းရေးပန်းတိုင်ကို လျှောက်လှမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ကရင်တစ်မျိုးသားလုံးစည်းလုံးညီညွှတ်မယ်ဆိုရင် ကရင်အမျိုးသားလုံးအတိုင်းအတာနဲ့ အင်အားရရှိလာမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ ယနေ့လူကြီးလူငယ်တွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားနေတဲ့ စကားတစ်ရပ် ရှိပါတယ်။အဲဒါကို ကျွန်တော်တို့အားလုံး မှတ်သားတန်ဖိုးထားသင့်ပါတယ်၊ အဲဒါကတော့ စည်းလုံးညီညွှတ်ခြင်းသည် အမှန်အင်အားဘဲဖြစ်ပါတယ်" ဟု စစ်ဦးစီးချုပ်က ပြောကြားသည်။

၎င်းကပင် နိုင်ငံခြားအားအထင်ကြီး၍ သွားရောက်လုပ်ကိုင်နေကြသူများကို " ကျွန်တော်တို့အားလုံးသိ ထားရမှာက သူ့နိုင်ငံနဲ့ သူ့လူမျိုးအကျိုးကို သူတို့ကိုယ်တိုင်သယ်ပိုးကြိုးစားလုပ်ဆောင်ကြရမှာဖြစ်သ လိုငါတို့တိုင်းပြည် ငါတို့လူမျိုး လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးအကျိုးအတွက် ငါတို့အားလုံးအမြဲတမ်း အဆင်သင့်ပြင်ဆင်ပြီး မမေ့မလျော့ဘဲ ယုံကြည်မှုအပြည့်အ၀ နဲ့ တက်ညီလက်ညီရှေ့ဆက်ကြိုးပမ်းဆောင် ရွက်ကြမယ်ဆိုရင် သူတပါးနိုင်ငံကောင်းသလို ငါတို့နိုင်ငံလဲ ဧကန်မလွဲကောင်းလာရမှာပါပဲ၊သူတိုနိုင်ငံကောင်းအောင်သူတို့တည်ဆောက်တဲ့နေရာမှာ အရင်းနှီးဟာ အသက်နဲ့သွေး၊ငါတို့နိုင်ငံကောင်းဖိုဆိုလည်း ရင်းနှီးရမှာ အသက်သွေးပဲ" ဟုထပ်မံပြောကြားခဲ့သည်။

အဆိုပါ ကိစ္စရပ်များနှင့်ဆက်လျဉ်း၍ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတစ်ဦး၏ ၁၈ နှစ်ပြည့် ဒီကေဘီအေနေ့အား ပေးပို့သော သ၀ဏ်လွှာတွင် ၄င်းတို့နှင့် ဒီကေဘီအေသည် တူညီသောရည်မှန်းချက် များဖြစ်သည့်တန်းတူရေး၊လွတ်မြောက်ရေး၊ပါတီစုံဒီမိုကရေစီရေးနှင့်စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုအရေးတို့ကို နှောက်ယှက်နေ သည့်ပြည်သူ့ရန်သူများ အား သမိုင်းပေးတာဝန်အရ ပူးပေါင်းဖြေရှင်းကြရဦးမည် ဟု ပေးပို့ထားကြောင်းသိရသည်။

စူးရှ (မြန်မာခောတ်)
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

Background story of Letpadaung Mining Protest by Burmese Community

Friday 21 December 2012

သခင်ဘသောင်း (၁၉၀၁-၁၉၈၁) ၏ ခဲကြောင်းပုံကြမ်း

မောင်သော်က
ဒီဇင်ဘာ ၁၃၊ ၂၀၁၂
 ကျွန်တော်သည် စာပေနယ်သို့သာ မရောက်ရှိခဲ့လျှင် စာရေးဆရာကြီး သခင်ဘသောင်းအကြောင်းကို ရေး သားရန် ထိုက်တန်သူတစ်ဦး မဟုတ်ပါ။ သခင်ဘသောင်းနှင့် ခေတ်ပြိုင်သခင် စာရေးဆရာကြီး များသာလျှင် ရေးသားရန်သင့်သည့် ဆောင်းပါးဖြစ်ပါသည်။ ကျွန်တော်နှင့် ဆရာကြီးတို့၏ တွေ့ဆုံရမှုသည် နာမည်ကျော် ကလောင်ကြီးတစ်ချောင်းနှင့် အတောင်အလက် နုနယ်သေးသော ကလောင်ပေါက်စ လေးတစ်ဦး၏ တွေ့ဆုံ သိကျွမ်းရမှုသာဖြစ်ပါသည်။ သို့သော် စာပေနယ်တွင် ကလောင်သမား အချင်းချင်း သည် ရင့်သည်၊ နုသည် မရွေး ဖော်ရွေစွာ ပေါင်းတတ်သော စာပေဥာဉ်ရှိသူမို့ ဆရာကြီးနှင့် ကျွန်တော် သည် အသက်အရွယ်အားဖြင့် သားအဖပမာ ကွာခြားသော်လည်း ရင်းနှီးခင်မင်စွာပင် ပေါင်းသင်း ဆက်ဆံ ခဲ့ကြပါသည်။
စာရေးဆရာ သခင်ဘသောင်းကို ကျွန်တော် စတင် စွဲမက်ခဲ့ရသည်မှာ “ ပန်းသာမစာဥ “ စာအုပ်မှဖြစ်ပါ သည်။ ကျွန်တော့်အစ်ကိုကြီးသည် စစ်မဖြစ်မီက နဂါးနီစာအုပ်အသင်းဝင်ဖြစ်သည့်အလျောက် လစဉ်ထုတ် နဂါးနီ စာအုပ် များကို ရရှိခဲ့ပါသည်။ အိုင်းရစ် သူပုန်များဖြစ်သော “မိုက်ကယ် ကောလင်း” “ဒင်ဘရင်း” “ကိုယ်ပျောက်စစ်သား” “ လက်သီးပုန်း” “ဆင်ဖိန်း” “ သင်းထိုက်နဲ့သင်းကံ” စာအုပ်များကို ဖတ်ရှုရကာ ဗြိတိသျှ ကိုလိုနီစနစ် ဆန့်ကျင်ရေးစိတ်ဓာတ် တဖွားဖွားတက်ခဲ့ရသည့် စာဖတ်လူငယ်တစ်ဦး ဖြစ်ခဲ့ပါသည်။
ထိုစာအုပ်များ အတွင်းမှ “ပန်းသာမစာဥ” စာအုပ်ကို ဖတ်ရပြန်သောအခါ တစ်မျိုးရသ မဖော်ပြနိုင်သည့် ခံစားမှု တစ်ရပ် ကို ရရှိခဲ့ပါသည်။ Thomas Hardy ၏ Tess of Dumber ville ကို ပြန်ထားသည်ဟုလည်း အမှတ်မထားခဲ့မိ၊ သိလည်းမသိ။ ပန်းသာမြို့စားကြီး ဦးပန်းအောင်၊ ပန်းသာမောင်မောင်၊ မောင်ဒေ၀နှင့် မစာဥ ခေါ် “အု”တို့သာလျှင် အသက်ရှင်နေသော ဇာတ်ကောင်များအဖြစ် ကျွန်တော့်စိတ်ဝယ် စွဲနေမိခဲ့ သည်။ ဂျပန်ခေတ် တစ်ခေတ်လုံးတွင် အခေါက်ခေါက်ဖတ်မိသော စာအုပ်မှာ သခင်ဘသောင်း၏ “ပန်းသာ မစာဥ”၊ ဆရာကြီး ရွှေဥဒေါင်း၏ “အိုင်ဗင်ဟို”၊ ဆရာကြီး ပီမိုးနင်း၏ “သူရဲကောင်းသုံးယောက်” စာအုပ် များ ဖြစ်ပါသည်။ ဤကလောင်ရှင်ကြီးများသည် ဘာသာပြန်ဆိုခြင်း အတတ်ပညာ၊ အနုပညာ တို့၌ ကျွန်တော်၏ မြင်ဆရာများဖြစ်ခဲ့ကြပါသည်။
ထို့နောက် စွဲမက်ခဲ့ရသော ဘာသာပြန်စာအုပ်မှာ “တစ်ထောင့်တစ်ည”ပင်ဖြစ်ပါသည်။ ကမ္ဘာ့ဂန္တ၀င် စာပေတစ်ရပ်ဖြစ်သည့် တစ်ထောင့် တစ်ညကို မြန်မာဘာသာသို့ ဦးစွာဘာသာပြန်ခဲ့သူမှာ ဒေါက်တာ ရာမန် ဖြစ်ပါသည်။ မြန်မာ-မွတ်စလင်တိုင်းရင်းသားတစ်ဦးသည် မြန်မာ မှုအရာတွင် မည်မျှလိမ္မာကျွမ်းကျင်သည်ကို “ပသီပုံပြင်” ဖတ်ခဲ့လျှင် သိသာပါလိမ့်မည်။ ယင်းပုံပြင်စာအုပ်ကိုပင် သခင်ဘသောင်းက စကားပြေ ပုံပြောဟန်နှင့် ရေးသားလိုက်ပြန်သောအခါ ပိုမိုစွဲမက်ဖွယ်ရာကောင်းလှပါသည်။
“ဤဒွန္နယာကြီးမှာ အရာရာသည် အလ္လာဟု အရှင်မြတ်၏ အလိုတော်အရသာလျှင် ဖြစ်ရဘာသဒိ့။ ယှာဠဇတ် မင်းသမီးက စူလေမန် ဘုရင်ကြီးအား သို့ကလို လျှောက်ထားဘာသဒိ့၊ ဤအရေးအသားကို ဖတ်ရသည့်အခါ သခင်ဘသောင်းသည် မူစလင်အနွယ်ဝင် တစ်ဦး သော်လည်းကောင်း၊ အစ္စလာမ်စာပေကျမ်းဂန်နှင့် နီးစပ်သူသော်လည်းကောင်း ဖြစ်ရမည်ဟု ကျွန်တော်က တစ်ထစ်ချ ယူဆခဲ့ပါသည်။ အမှန်မှာမူ ဆရာကြီးသည် စာပေကျမ်းဂန်၌ အရာရာတွင် နှံ့စပ်သူ ဘာသာပြန်ကောင်းတစ်သူ တစ်ဦးဖြစ်ခဲ့ခြင်းကြောင့် သို့ကလို ထင်ရ သည်အထိ ဖြစ်ခဲ့ရပါသည်။
စာပေဗိမာန် မှ ကြီးမှူးကျင်းပသည့် “ ဘာသာပြန်စာပေ နှီးနှောဖလှယ်ပွဲ “ တွင် ဆရာကြီး သခင်ဘသောင်း က ဘာသာပြန်နှင့်ပတ်သက်သော စာတမ်းတစ်စောင် တင်သွင်းခဲ့ပါသည်။
အလွန်ကောင်းမွန်သော စာတမ်း တစ်စောင်ဖြစ်ပါသည်။ စာတမ်းရှင်က စာတမ်းတင်သွင်းရာ၌ အဆိုအမိန့် တစ်ရပ်ပါလာပါသည်။ ယင်းမှာ မြန်မာစာပေ၌ “နာမ်စား”များ သုံးရာတွင် ရှုပ်ထွေးသည်။ ကျွန်တော်၊ ကျွန်မ၊ ကျွန်ုပ်၊ ငါ၊ ဘုရား၊ ကျွန်တော်မျိုး၊ တပည့်တော် စသည်ဖြင့် လည်းကောင်း၊ သင်၊ မင်း၊ ချင်း၊ ခင်ဗျား၊ အရှင်မင်းကြီး၊ အရှင်ဘုရား စသည်ဖြင့် ရှုပ်ထွေးလှသည်။ အင်္ဂလိပ် စာ၌မူ ရှင်း၏။ ပထမ ပုဂ္ဂိုလ်နာမ်စား၊ ဒုတိယပုဂ္ဂိုလ်နာမ် စားတို့ကို “အိုင်” “ယူ” နှစ်လုံးသာလျှင် သုံး၏။ သို့ကြောင့် ချင်းဖထဝေး က ရှင်ဘုရင်ကို လျှောက်ထားရာ၌ “ယာတောအလယ်မှာလေ၊ ငါပြောမယ် ရွှေရှင်ဘုရားရဲ့၊ နင်ဆင်ခြင်ဦး” ဟူ၍ ဆိုခဲ့ကြောင်း ထုတ်ဖော်ကာ သူ့စာတမ်းကို အခိုင်အမာ ပြုသွားသည်။
စာတမ်းကို ဆွေးနွေးသူများအလှည့်တွင် အကွက်ပေါ်လျှင် နောက်ရွှတ်တတ်သော ကျွန်တော့်ဗီဇက ကျွန်တော့် အား စင်ပေါ် ဆွဲခေါ်သွားသည်။ ကျွန်တော်က စာတမ်းရှင် သခင်ဘသောင်း၏အဆိုကို ချေဖျက် ဆွေးနွေးခဲ့သည်။ (ထောက်ခံဆွေးနွေးခြင်းမဟုတ်ပါ)။ ကျွန်တော်က မြန်မာစကားသည် ကြွယ်ဝ သည်။ အမွှမ်းအပြောက်များသည်။ စကားတစ်လုံးကိုပင် သူ့နေရာနှင့်သူ လျော်ညီအောင် ရေလဲ နှင့် သုံးသည်။
ဤ သည်မှာပင် မြန်မာစာပေ၏ အလှဖြစ်သည်။ ထို့ကြောင့် ကျွန်တော်၊ ကျွန်မ၊ ငါ၊ ကျွန်တော်မျိုး၊ တပည့်တော် ရှိနေသည်များကို ရှိပါစေ။ ကြွယ်ဝပါစေ။ အင်္ဂလိပ်စာပေနှင့် ထပ်တူအောင် “အိုင်” “ယူ” မှာ ပင် မကန့်သတ် ပါနှင့်ဟု တင်ပြသည်။ ကျွန်တော့်တင်ပြချက်အဆုံးတွင် တင်ပြချက်ကို အခိုင်အမာ ပြုရန် အတွက် စင်မြင့် ထက်တွင် ရပ်နေသော ကျွန်တော်က ရှေ့ဆုံးတန်းတွင် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာကြီး ဦးလူဖေ၀င်း၊ ဒေါက်တာ မောင်ဖြူးတို့နှင့်အတူ ထိုင်နားထောင်နေသော ဆရာကြီး သခင် ဘသောင်း ကို မျက်နှာမူလိုက်ကာ ….
“ ကဲ … ဆရာကြီး သခင်ဘသောင်းရေ၊ ငါ ပြောစရာရှိတာကတော့ ဒါပါပဲ၊ နင်ကတော့ ဘယ်လိုသဘောလဲ မသိဘူး။ ငါကတော့ နင့်စာတမ်းကို အပြည့်အစုံ မထောက်ခံနိုင်ပါဘူး ခင်ဗျာ “ ဟု ပြောချ လိုက်ရာ ခန်းမ တစ်ခုလုံးပွဲကျသွားခဲ့ပါသည်။
ရှေ့ဆုံးတန်းမှ ဆရာကြီးများလည်း ခွက်ထိုးခွက်လန် ရယ်ကြပါသည်။ ဆရာကြီး သခင်ဘသောင်း ကိုယ်တိုင် လည်း မျက်ရည်ထွက်အောင် ရယ်ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ဆရာကြီး ကကျွန်တော့်အား “ ဟေ့ … မောင်သော်က နင် သက်သက် ငါ့ကို တွယ်တာပဲ” ဟု ရယ်ရယ်မောမော ပြော သွားခဲ့ပါသည်။ သူ့ စာတမ်း မှ အချက်တစ်ချက်ကို ကျွန်တော် ချေဖျက်သော်လည်း သူ စိတ်မဆိုးခဲ့ပါ။ စာပေ စိတ်အပြည့်အ၀ ရှိသည့် စာရေးဆရာကြီးဖြစ်ပါသည်။
ဆရာကြီးအသက် ၇၀ ပြည့်သည့်နေ့က စာပေအပေါင်းအသင်းနှင့်တပည့်တပန်းများက အရက်ပုလင်း ၇၀ ဖြင့် ဂါရ၀ပြုကြပါသည်။ “ မင်းတို့ သိပ်မသောက်ကြနဲ့ကွ၊ လျှော့သောက်၊ အသည်းကင်ဆာ ဖြစ် တတ်တယ်၊ ဆေးလိပ်မသောက်နဲ့၊ အဆုပ်ရောဂါဖြစ်နိုင်တယ်၊ အသက်ကြီးတဲ့ ငါကတော့ အရက်လည်း သောက်၊ ဆေး ပြင်းလိပ်လည်းသောက်၊ ကင်ဆာမကလို့ ဖြစ်ချင်တာဖြစ်၊ ဒီအရွယ်ရောက်လာတာ ဒါအမြတ် ပဲကွ၊ ဘာမှ ဆင်ခြင်စရာမလိုတော့ဘူး၊ မင်းတို့ကို လျှော့သောက်ဖို့ ဆုံးမရင် ငါက ဖိသောက် လို့ရတယ်” ဟု ရွယ်ရွှန်း ဖတ်ရွှန်းပြောခဲ့သည်။
ထို့နောက်တွင် မူ သူ မကျန်းမာ ဟု ကျွန်တော် ကြားရ၍ သွားခဲ့သည်။
ဆရာဝန် က အရက်မသောက်ရန် ညွှန် ကြားထားသဖြင့် အရက်ကို လုံးဝ မသောက်တော့ အိပ်ရာထဲ လဲနေပေပြီ။ ကျွန်တော် မကြည့်ချင်၊ မကြည့် ရက်ပါ။ ကျွန်တော် ကြည့်ချင်သည်မှာ တဟဲဟဲရယ်နေသော သခင်ဘသောင်း၊ ရမ်ခွက်ကို လက်တစ်ဖက် တွင် မြတ်နိုးစွာကိုင်ထားသော သခင်ဘသောင်းကိုသာလျှင် တွေ့ချင်ပါသည်။ “ ငါသောက်လို့တော့ မဖြစ် ဘူးကွ၊ ဒါပေမဲ့ မင်းလာရင်၊ မင်းပုလင်း ယူလာပေါ့ကွာ၊ ငါ့အိပ်ရာဘေး မှာ ထိုင်သောက်၊ စကားပြောရတာ ပေါ့၊ ရပါတယ်ကွ” ဟု သူက ဖိတ်ခေါ်ပါသည်။ သို့သော် ဆရာဝန်၏ တားမြစ်ချက်ကြောင့်သာ ရပ်ထားရ သည်။ အရက်ကြိုက်တတ်သော လူမမာ ရှေ့တွင် တစ်ယောက်တည်း အရက်သောက်နိုင်သည့် အသည်း နှလုံးမျိုး ကျွန်တော့်တွင် မရှိခြင်းကြောင့် သူ့ထံ သို့ မရောက်ဖြစ်တော့ပါ။
တစ်ခါက နိုင်ငံခြားသားတစ်ဦး၏အိမ် ဧည့်ခံပွဲတစ်ခု၌ သူ့အား ကျွန်တော်က အိမ်ရှင်နိုင်ငံခြားသားနဲ့ မိတ် ဆက် ပေးပါသည်။ ဆရာ ဦးညိုမြလည်း ရှိနေပါသည်။ “ ဒီပုဂ္ဂိုလ်ကြီးကတော့ သခင်ဘသောင်းပါ၊ မြန်မာပြည်မှာ တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်သူ၊ ပထမဆုံးသော သခင်အမည် ခံသူ ဖြစ်ပါတယ်” ဟု မိတ်ဆက်ပေးလိုက်သည်။ နိုင်ငံခြားသား အိမ်ရှင်က လေးစားစွာ ရိုကျိုးစွာ လက်ဆွဲ နှုတ်ဆက် သည်။ ဆရာကြီးက ရယ်မောလျက် “ ဟုတ်ပါတယ်၊ မြန်မာပြည်မှာဖြစ်ခဲ့တဲ့ ကိစ္စ၀ိစ္စအားလုံးရဲ့ တရားခံ ရေသောက် မြစ်ဟာ ကျွန်တော်ပဲဖြစ်ပါတယ်” ဟု မိမိကဏ္ဍကို အရွှမ်းဖောက် နှိမ့်ချ ကာ ပြန်ပြော လိုက်သည်။ နိုင်ငံခြား သားအိမ်ရှင်က ဤတစ်ချက်တည်းနှင့်ပင် သူ့အား လေးစား ကြည်ညိုပြီး ဖြစ်သွားသည်။ စိတ်ထားရင့်သန် သူများသာလျှင် မိမိကိုယ်ကို နှိမ့်ချတတ်သည်။ မိမိကဏ္ဍကို မိမိ ကိုယ်တိုင် အရောင်တင်ခြင်းမရှိ။
ဆရာကြီး၏ နောက်ဆုံးနေ့များတွင် ဆရာကြီးအတွက် ကျွန်တော် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသောနေ့မှာ “ နိုင်ငံဂုဏ်ရည် ပထမအဆင့်” ကို ဆရာကြီး ရရှိကြောင်း သိရှိရသည့်နေ့ဖြစ်ပါသည်။
အသုဘ သခင်စတိုင်
ဆရာကြီး သခင်ဘသောင်း ကွယ်လွန်သွားပြီဟ]ူသော သတင်းသည် မမျှော်လင့်သည် မဟုတ်သော်လည်း မကြိုဆိုဘဲ ရောက်လာသည်။ ဇရာဒုဗ္ဗလာ ဝေဒနာ၏ ဖိစီးခြင်းမှ လွတ်မြောက်သော နေ့ပေတည်း။ သခင်ဘသောင်းသည် နှစ်ဆယ်ရာစု၏ သားဖြစ်သည်။ နှစ်ဆယ်ရာစုကို နှစ်ပေါင်း ရှစ်ဆယ်တိတိ အသက်ရှင် နေထိုင်သွားခဲ့သည်။ ၀ံသာနုခေတ် နိုင်ငံရေးမှ ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေး ကာလ အထိ နိုးကြွထက်ကြွစွာ ရှေ့တန်းမှ ပါဝင်ခဲ့သူဖြစ်သည်။ (“ တို့ဗမာ” ခေတ်မှသည် မျက်မှောက် ခေတ် အထိ လက်သီးလက်မောင်းတန်းခဲ့သူဖြစ်သည်။
အသုဘချသည့်နေ့က ရန်ကုန်ဆေးရုံကြီး၏ ရေခဲတိုက်ဝ ရှုခင်းသည် လူ့ဘ၀သံဝေဂ၊ နိုင်ငံရေးသံဝေဂရ ဖွယ်သော ရှုခင်းဖြစ်သည်။ ဇရာ၏ ဖိစီးမှုကြောင့် ကြွေလုလုရော်ရွက်ခြောက်ပမာ ယဲ့ယဲ့ကလေးသာ ကျန် တော့သော သခင်ကြီးများ၊ နိုင်ငံရေးဇာတ်ခုံမှ ကန့်လန့်ကာချ အနားယူသွားသော နိုင်ငံရေးသမားဟောင်း ကြီးများ၊ ပါတီဌာနချုပ်မှ ပုဂ္ဂိုလ်များ၊ စာပေလုပ်သားများနှင့် စည်ကားသိုက်မြိုက်လှသည်။ အားလုံး လိုလို သည်ပင် စိတ်မကောင်းကြ၊ နှမြောတသဖြစ်ကြသည်။ ဆရာကြီး၏ ရုပ်အလောင်းခေါင်း ကို သုံးရောင်ခြယ် အလံဖြင့် တင့်တယ်စွာ၊ သူ့လုပ်ရပ်နှင့် ကိုက်ညီစွာ၊ ဂုဏ်ပြုအလံဖုံးအုပ်ထားသည်။ ခေါင်းရင်း တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဌာနချုပ်မှ ပေးပို့သည့် လွမ်းသူ့ပန်းခွေ။
ဝန်ကြီးချုပ်ဟောင်း ဦးနုမှအစ သခင် သခင်မ စုံညီစွာပင် ကြံတောသုသာန်အထိ လိုက်ပါ ပို့ဆောင်ကြသည်။ ကြံတောသုသာန်၌ ဂူသွင်းမြှုပ်နှံခြင်းပြုသည်။ ကြံတောသုသာန် နာနတ်တော မြန်မာသင်္ချိုင်း ၌ ဂူသွင်းမြှုပ်နှံသော အသုဘအခမ်းအနားမှာ အသုဘအခမ်းအနားနှင့် တူလှသည်။ တည်ငြိမ် သည်။ လေး နက်သည်။ ဣနြေ္ဒရသည်။
အို …. အဆွေတော် သခင်ဘသောင်း …
တကောင်းအဘိရာဇာ တို့ဗမာသခင်မျိုးမှ အစချီကာ သခင်ဘသောင်း၏ လုပ်ဆောင်ချက်အရပ်ရပ်ကို ချီး ကျူး ထောပနာပြုသည့် စာတမ်းတစ်စောင်ကို သခင်ကြီးမြင့်က ဆရာကြီး၏ သင်္ချိုင်းထိပ်မှ ဖတ်ကာ ဂုဏ်ပြု သည်။ သင်္ချိုင်းပတ်ပတ်လည်တွင် ၀ိုင်းရပ်နေကြသည့် ပရိသတ်များက အလွန်ဣနြေ္ဒရစွာ တုပ်တုပ်မျှ မလှုပ် ကြဘဲ အလေးအနက်ပြု နားထောင်ကြသည်။ မြေးလူးငိုသည့် အပူသည် မရှိ။ တည်ငြိမ် လေးနက်စွာ လှိုက်၍ ဆွေးသူ၊ ရင်ဆို့သွားသူများသာ ရှိသည်။
သခင်ဘသောင်းသည် ငြိမ်းချမ်းခြင်းကို ရှာခဲ့သော် ငြိမ်း ချမ်းမှုအစစ်ကို ရပေပြီ။ လေးနက်တည်ငြိမ်သော အသံဖြင့် ဂုဏ်ပြုစာတမ်းကို ဖတ်ပြီးသည်၏ အဆုံး၌ သခင်ကြီးမြင့်က “ သခင်မျိုးစေ့” ဟု တိုင်ပေးလိုက်ရာ၊ ပရိသတ်များက “တို့ဗမာ” ဟုလက်သီးလက်မောင်း တန်း ဟစ်ကြွေးရင်း သခင်ဘသောင်း ၏ အလောင်းကို မြေချလိုက်ကြတော့သည်။ ၁၃၀၀ ပြည့်နှစ် အရေး တော်ပုံမှ ကြွေးကြော်သံ သည် ဤအကြိမ်တွင် ကြံတောသုသာန်မြေမှ ပေါ်ထွက်လာကာ စကြ၀ဠာဆီသို့ ပျံ့နှံ့သွားပေတော့သည်။
သခင်ဘသောင်းတို့
အို … ပထ၀ီပံသု
ဂုဏ်ပြုအပ်သည့် သားကောင်း
သခင်ဘသောင်းအား
သင့်ရင်ခွင်ကြား
ဆောင်ထားလေလော့၊
သခင်ဘသောင်းကား
လဲလျောင်းလေပြီထာဝရ
ကူးပြောင်းလေပြီ တစ်ဘ၀။
အို … အမိမြန်မာ
တကောင်းအဘိရာဇာမှ
ဦးဥတ္တမ တလီ
အာဇာနည်အပေါင်း
သိကောင်းလေလော့၊
သခင်ဘသောင်းကား
လဲလျောင်းလေပြီ ထာဝရ
ကူးပြောင်းလေပြီ တစ်ဘ၀။
အို … အမိမြန်မာစာ
မြန်မာစကား တို့စကား
တို့စကားနဲ့ တို့စာ လေးစားပါ
ကြွေးကြော်ကြေညာသူအတွက်မူ
သင်ဂုဏ်ယူလော့၊
သခင်ဘသောင်းကား
လဲလျောင်းလေပြီး ထာဝရ
ကူးပြောင်းလေပြီ တစ်ဘ၀။
အို … ပန်းသာမစာဥခင်ဗျား
မြို့စားကြီး ဦးပန်းအောင်
ပန်းသာမောင်မောင်နှင့် မောင်ဒေဝ
ဆီးကြ၊ ကြိုကြစမ်းလေလော့။
သခင်ဘသောင်းကား
လဲလျောင်းလေပြီထာဝရ
ကူးပြောင်းလေပြီ တစ်ဘ၀။
အို … ယှာဠဇာတ် ဇလိုင်ခါ
ဤဒွန္နယာကြပီးမှာ
အလ္လာအရှင်မြတ် … အမိန့်တော်လျှင်
သခင်ဘသောင်းတစ်ယောက်မူ
ခံယူသွားကြောင်း သတင်း
မယ်မင်းသခင် ဘုရင်ကြီးအား
တထောင့်တညမှာ
လျှောက်ထားပါလော့၊
သခင်ဘသောင်းကား
လဲလျောင်းလေပြီ ထာဝရ
ကူးပြောင်းလေပြီ တစ်ဘ၀။
သောင်းပြောင်းထွေလာရယ်စရာ၊ ဇွန်၊ ၁၉၈၁
မူရင်း
http://www.facebook.com/notes/maung-luu-nge/%E1%80%9E%E1%80%81%E1%80%84%E1%80%B9%E1%80%98%E1%80%B1%E1%80%9E%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%81%81%E1%81%89%E1%81%80%E1%81%81-%E1%81%81%E1%81%89%E1%81%88%E1%81%81-%E1%80%81%E1%80%B2%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%B6%E1%80%AF%E1%81%BE%E1%80%80%E1%80%99%E1%80%B9%E1%80%B8-%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9%E1%80%80/5311384835656

နေပြည်တော်ခေတ် ကာချင်းသစ် (Maung Swan Yi)

ကမ္ဘာ့ရေ၊ ရာသီဥတုနှင့် မြန်မာပြည်

ကမ္ဘာ့ရေ၊ ရာသီဥတုနှင့် မြန်မာပြည်   

မောင်ကျေးရေ (ခေတ္တ ကယ်လီဖိုးနီယား)
မိုးမခလောကဓာတ်ခန်း၊ စာတမ်း၊ ဒီဇင်ဘာ ၁၆၊ ၂၀၁၂
 ● သောက်သုံးရေနှင့် ကမ္ဘာမြေ
ရေအရင်းအမြစ်ဆိုသည်မှာ လူနှင့်ပတ်ဝန်ကျင်အတွက် (သောက်သုံးရေစိုက်ပျိုးရေ၊ စက်ရုံအလုပ်ရုံသုံးရေ၊ လူမှုပတ်ဝန်းကျင်သုံးရေ စသည့်လိုအပ်ချက်များ) လိုအပ်သလို စိတ်ချစွာအသုံးပြုနိုင်သောရေ (မြေပေါ်ရေနှင့် မြေအောက်ရေ) ကို ခေါ်ဆိုပါသည်။ ကမ္ဘာ့ရေထု၏ ၉၇.၅ ရာခိုင်နှုန်းသောရေ (ပင်လယ်ရေနှင့်ဒီရေအတက်အကျရှိသည့် ပင်လယ်စပ်အနီးအနားရှိ မြစ်ချောင်းအင်းအိုင်များ၊ ဆားငံရေအိုင်များ နှင့် အငံဓါတ်ပျော်ဝင်နေသောမြေအောက်ရေ) တို့သည် သောက်သုံး၍မရနိုင်သော ရေငံများဖြစ်ပါသည်။ ကျန်၂.၅ ရာခိုင်နှုန်းသောရေသည်သာ သောက်သုံးနိုင်သော ရေဖြစ်ပါသည်။ ထိုသောက်သုံးနိုင်သောရေများ တွင် ရေခဲမြစ်များ၊ ရေခဲတောင်များ၊ မြေပေါ်ရေချိုနှင့် မြေအောက် ရေချိုများ ပါဝင်ပါသည်။ ရေခဲမြစ်များ၊ ရေခဲတောင်နှင့် နှင်းတောင်များမပါဝင်ပါက အမှန်တကယ်သောက်သုံးနိုင်သည့် ရေပမာဏမှာ ၀.၇၈၅၀ ရာခိုင်နှုန်း (မြေပေါ်ရေ-၀.၀၃၂၅ ရာခိုင်နှုန်းနှင့်မြေအောက်ရေ- ၀.၇၅၂၅ ရာခိုင်နှုန်း) သာလျှင်ရှိပါသည်။
အဆိုပါ သောက်သုံးနိုင်သောကမ္ဘာရေထုပမာဏ၏ ၆၉ ရာခိုင်နှုန်းခန့်သည်စိုက်ပျိုးရေအတွက်၊ ၂၂ ရာခိုင်နှုန်းခန့်သည် စက်ရုံအလုပ်ရုံ အ တွက်နှင့်လူအများသောက်သုံးရေအတွက် ၈ ရာခိုင်နှုန်းခန့်သာလျှင် အသုံးပြုနေကြကြောင်း၊ ယ္ခုအခါ ကမ္ဘာလူဦရေသည် ၂၀၁၁ ခုနှစ်မှတ် တမ်းများအရ- ၇ဘီလျံကျော်ရှိနေရာမှာ ၂၀၂၅ တွင် ၉ ဘီလျံကျော်ရှိလာနိုင်ကြောင်းခန့်မှန်းထားကြပါသည်။ ကမ္ဘာလူဦရေတိုးနှုန်းမှာ ၁.၁%ခန်ဖြစ်ပြီး၊မြို့ပြဖွံဖြိုးမှုများမှာ လည်းလျှင်မြန်စွာ တိုးတက်နေကြောင်း၊လက်ရှိကမ္ဘာပေါ်ရှိမြို့ပြလူဦရေမှာ၂.၈ ဘီလျံမှ ၂၀၂၅ တွင်လူဦ ရေ ၄.၅ ဘီ လျံရှိလာနိုင်ကြောင်း၊ လူဦရေတိုးတက်လာသည်နှင့်အမျှ ရေလိုအပ်မှုပမာဏပိုမိုများပြားလာမှာဖြစ်ကြောင်း၊ ကုလသမဂ္ဂဖွံဖြိုး မှု အစီအစဉ်၏မှတ်တမ်းများက ဖွင့်ဆိုထားပါသည်။
ယ္ခုကာလကမ္ဘာကြီးသည် ရာသီဥတုပြောင်းလွဲမှုများ၏ အကျိုးအဆက်များဖြစ်သည့် မိုးခေါင်ရေရှားမှု၊ ရေကြီး ရေလျံခြင်း၊ သန့်ရှင်းသော သောက် သုံးရေရှားပါးလာခြင်းတို့ကို ကြုံတွေ့ခံစားနေရခြင်းနှင့်အတူ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုးတက်များပြားလာသော လူဦးရေများ၏ အရေးတကြီးလိုအပ်သော သောက်သုံးရေလိုအပ်ချက်များအတွက် သက်ဆိုင်ရာအစိုးရများသည် သင့်တင့်လျောက်ပတ်သောနည်းဖြင့် သန့်ရှင်း သည့်သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးနည်းလမ်းများကို ရှာဖွေလုပ်ဆောင်ပေးနေကြရပါသည်။ အဆိုပါ ရေအရင်းအမြစ်များ လုံခြုံရေးသည်လည်း အရေးကြီးပေသည်။ သို့မှသာ ပြည်သူလူထုအတွက်သောက်သုံးရန်သင့်တော်သော၊ သန့်စင်သော၊ ဘေးအန္တာရာယ်မရှိ စိတ်ချစွာသုံးစွဲနိုင်သောရေ (Portable, clean and safe water) ကိုရရှိနိုင်မည်ဖြစ်ကြောင်း ဆက်လက်ဖေါ်ပြထားပါသည်။
● ကမ္ဘာ့ရေနေ့ (World Water Day) မိန့်ခွန်းကောက်နှုတ်ချက်          
၂၀၁၂ ခုနှစ်မတ်လ-၂၂ ရက်နေ့က အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီ၌ကမ္ဘာရေ နေ့တွင်ပြောကြားသောမိန်ခွန်းတွင် – ကမ္ဘာမြေပေါ်ရှိ လူတိုင်း လူတိုင်းအသက်ရှင်နေထိုင်ရေးအတွက် သန့်ရှင်းသောသောက်သုံးရေ လိုအပ်ချက်သည် အဓိကအရေးကြီးဆုံး အချက်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးပေါ်လစီသည်လည်း သန့်ရှင်းသော သောက်သုံးရေသည် အဓိဖြစ်ကြောင်း ဖွင့်ဆိုထားပါသည်။ ရေသည်သောက်သုံးရန်၊ စက်ရုံအလုပ်ရုံသုံးရန်၊ စိုက်ပျိုးရေးသုံးရန်သာမက စွမ်းအင်ထုတ်လုပ်ရန်အတွက် လူတန်းစားအလွှာအသီးသီး၏အခြေခံအလိုအပ်ဆုံး သော အရာဖြစ်ပါသည်။
ထိုကြောင့် ရေသည်တကမ္ဘာလုံး၏ အာရုံစိုက်ရာဖြစ်ရာပြီး ရေပြသာနာကို မိမိနယ်မြေဒေသအလိုက် ဖြေရှင်းနိုင်အောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်းလူဦးရေနှစ်သန်းကျော်သည် မသန့်ရှင်းသောသောက်သုံးရေကြောင့် သေဆုံးနေရ ကြောင်း၊ သို့ပါ၍ဖြစ်နိုင်မည့်နည်းဖြင့် သန့်ရှင်းသည့်သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်ကျင်သန့်ရှင်းရေးကို ဦးစားပေးလုပ်ဆောင်ပေးခြင်းဖြင့် ကျမ္မာခြင်းနှင့်ပြည်စုံသောဘ၀ကိုရရှိပြီး၊ သန်းနှင့်ချီသောပြည်သူလူထုအတွက် မသန့်ရှင်းသောသောက်သုံးရေကြောင့် သေဆုံးနေရသူ များ နည်းပါးလာမှာဖြစ်ကြောင်း၊ ဆင်းရဲသောနိုင်ငံများနှင့် တိုးတက်ဆဲနိုင်ငံများရှိ အမျိုးသ္မီးများနှင့်ကလေးသူငယ်များသည်လည်း သောက်သုံးရေ သယ်ယူရသည့်အချိန်အစား ကျောင်းသို့သွားနိုင်ပြီး အမျိုးသ္မီးများသည်လည်း မိသားစုဝင်ငွေအတွက် တဖက်တလမ်းမှ အခွင့်အရေးများရလာမည် ဖြစ်ကြောင်း ၊ ပြည်သူလူထုအတွက်သောက်သုံးရေကို အချိန်မကုန်ဘဲ လွယ်ကူစွာရရှိစေခြင်းသည် အလုပ်အကိုင်များ တိုးတက် ပေါများပြီး ကုန်ထုတ်စွမ်းအား တိုးတက်စေမည်ဖြစ်ကြောင်း၊ တချိန်ထဲမှာဘဲ ရာသီဥတုပြောင်းလဲလာမှုများကိုလည်း ထည့်သွင်းစဉ်စားရမည်ဖြစ်ပါသည်။
ဒီအကြောင်းခြင်းရာများကို တစ်ကမ္ဘာလုံးအတွက် စဉ်းစားလုပ်ဆောင်နေချိန်မှာဘဲ အမေရိကန်နိုင်ငံအတွင်း အနောက်တောင် အလယ်ပိုင်း၌ သဲကန္တာရဆန်နေပြီး အရှေဘက်ချမ်း၌ ရေကြီးရေလျှံခြင်းများ ကြုံတွေနေရပါသည်။ သို့ပါ၍ တစ်ကမ္ဘာလုံး၊ သန့်ရှင်းသောသောက်သုံးရေ ၇ရှိရေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါသည်။
● ရေပြဿနာများ
အမေရိကန်နိုင်ငံအနေနှင့်  ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေအတွက် အခက်အခဲအတားအဆီးများရှိနေသော ကမ္ဘာအဆင်းရဲဆုံးနိုင်ငံများကို WASH (Water Sanitation and Hygiene) Project စီမံကိန်းအစီအစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူပေါင်း၍ ရေရရှိရေးဆိုင်ရာအခက်အခဲများအား အရေးတကြီး လုပ်ကိုင်ဖြေရှင်းပေးလျက်ရှိကြောင်း၊ မည်သို့မည်မျှလုပ်ဆောင်ပေးနေသော်လည်း ယ္ခုကမ္ဘာလူဦရေတိုးနှုန်းအရ လာမည့်သက္ကရာဇ် ၂၀၁၅တွင် လူဦရေသန်း ၇၀၀ ခန့်သည် သန့်ရှင်းသည့် သောက်သုံးရေရရှိရေး အခက်အခဲများ ရှိလာမှာဖြစ်ကြောင်း၊ ကမ္ဘာလူဦးရေ တိုးတက်လာသည်နှင့်အမျှ သောက်သုံးရေလိုအပ်မှုသည်လည် မြင့်တက်လာမည်ဖြစ်သော်လည်း သန့်ရှင်းသော သောက်သုံးရေ တည်ရှိမှုမှာ တိုးတက်မလာနိုင်ကြောင်း ၊ မိုးခေါင်ခြင်း၊ ရာသီဥတုပူပြင်းလာခြင်းတို့ကြောင့် မြေပေါ်ရေ (မြစ်ချောင်း၊အင်း၊အိုင်များ၏ ရေမျက်နှာပြင်များ) မျက်နှာပြင်များ နှိမ့်ကျလာပြီး၊မြေအောက်ရေများသည်လည်း စိုက်ပျိုးရေနှင့် စက်ရုံအလုပ်ရုံသုံးရေအဖြစ် ထုတ်ယူမူများကြောင့် သောက်သုံးရေအတွက် နည်းပါးလာနေကြောင်း အရှေ့အလယ်ပိုင်းဒေသရှိ စက်ရေတွင်းများ(အ၀ိစီတွင်း)သည် လာမည့်ရာစုနှစ်များအတွင်း ခမ်းချောက်သွားနိုင်ကြောင်း ကမ္ဘာ့ ဇလဘူမိဗေဒပညာရှင်များက ပြောကြားသည်ကိုလည်း  ညွန်းဆိုထားပါသည်။
ထိုကြောင့် ရေနှင့်သက်ဆိုင်သော အချက်အလက်များကို စနစ်တကျ၊ အသေးစိတ်စုဆောင်းထားဘို့ လိုအပ်ကြောင်း၊ လိုအပ်ပါက နေရာဒေသအလိုက် သက်ဆိုင်ရာအချက်အလက်များကို ဖြန့်ဝေပေးနိုင်မှာဖြစ်ကြောင်း၊ ရေနှင့်သက်ဆိုင်သည့် မည်သည့်အဖွဲအစည်းမဆို စနစ်တကျ ပူးပေါင်းဆောင်းရွက်ရမှာဖြစ်ကြောင်း၊ ရေနှင့်သက်ဆိုင်သည့် လုပ်ငန်းများကိုလုပ်ကိုင်နေသော လုပ်ငန်းအတွေအကြုံရှိသောသူများ၊ ကျွမ်းကျင်သူပညာရှင်များကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်စေရမှာ ဖြစ်ကြောင်း၊ ဖိတ်ခေါ်ရမှာဖြစ်ကြောင်း၊ ထိုသို့ဖြင့်အမေရိကန်နှင့် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးက ရေပြသာနာ ကြုံတွေ့နေသည့်နိုင်ငံများကို တတ်သည့်နားလည်သောနည်းပညာနှင့် သင်တန်းများ၊ အတွေအကြုံများကို ဖြန့်ဝေပေးနိုင်မည်ဟု ဖေါ်ပြပါရှိပါသည်။
● ရေသည် လက်နက်၊ အကြမ်းဖက်သမားတို့၏ အန္တရာယ်
ထိုအပြင် ကမ္ဘာရေနေ့မိန်ခွန်းတွင် အမေရိကန်ပြည်တောင်စုနှင့် နိုင်ငံတကါအဖွဲ့အစည်းများ၏ လေ့လာတွေ့ရှိချက်ကို ကိုးကား၍ ထပ်လျောင်းပြောကြားရာ – သက္ကရစ်၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် သောက်သုံးရေကိုအကြောင်းပြု၍ ရေကို လက်နက်သဖွယ်အသုံးပြုခြင်း၊ အကြမ်းဖက် လုပ်ငန်းသုံးကရိယာအဖြစ် အသုံးပြုခြင်းဖြင့် တစ်ပြည်နယ်နှင့် တစ်ပြည်နယ်၊ တနိုင်ငံနှင့် တနိုင်ငံ(သို့) နိုင်ငံအချင်းချင်း၊ ဒေသအတွင်း တင်းမာမှုများ ဖြစ်ပေါ်လါနိုင်စရာအကြောင်းများ ရှိနေကြောင်း၊ ထိုသို့ဖြစ်လါနိုင်သည့် အခြေခံအကြောင်းများမှာ ရာသီဥတုဆိုးဝါးလါခြင်း၊ စားနပ်ရိက္ခာရှားပါးလာခြင်း၊ သောက်သုံးရေရှားပါးလာခြင်း၊ သောက်သုံးရေ အရည်အသွေးညံ့ဖျင်းလာခြင်းတို့နှင့်အတူ ဆင်းရဲမွဲတေးမှုများလာခြင်း၊ လူမျိုးရေး၊ လူတန်းစားတင်းမာမှုများလာခြင်း၊ စနစ်တကျဦးဆောင်၊ စီမံခန့်ခွဲမှုမပြုနိုင်သောသူများ ခေါင်းဆောင်သည့်အစိုးရအဖွဲ့များကြောင့် မိမိတိုင်းနိုင်ငံပြည်နယ်များကို မတည်မငြိမ်ဖြစ်စေမှုများ၊ ဦးတည်လာစေနိုင်ပါမည်ဟု ဆိုထားပါသည်။
ထိုအခြင်းအရာများ အမှန်တကယ်ဖြစ်လာနိုင်စရာအကြောင်း ရှိကြောင်း၊ နယ်မြေချဲ့ထွင်ပိုင်းစိုးလိုသူများးနှင့် လူမျိုးရေး တင်းမာသူများကလည်း ရေနှင့်သက်ဆိုင်သော အဆောက်အဦများ၊ (ရေလှောင်ကန်၊ ရေအားလျှက်စစ်စက်ရုံစသည်တို့) ကိုဖျက်စီးမည်ဟု ချိန်းခြောက်လာနိုင်ကြောင်း၊ ကြိုတင်ကာကွယ်မှုကြောင့် ထိုသို့ဖြစ်မလာနိုင်ပေမဲ့ ရာသီဥတုဖေါက်ပြန်မှုကြောင့် မြစ်ရေများ အဆမတန်ကြီးခြင်း၊ ဆည်မြောင်းများ ရေလျံခြင်း။ မိုးခေါင်ရေရှားမှုကြောင့် ဆည်မြောင်းများ၊ မြစ်ရေများ ခမ်းခြောက်ခြင်း၊ ရေအရင်းအမြစ်များ ဆုံးရုံးမှုများ ဖြစ်လာနိုင်ကြောင်း။ ထိုအကြောင်းအရာများက ပြည်သူလူထုနှင့် အစိုးရကို စိုးရိမ်စရာ၊ ငွေကုန်ကြေးကျများစရာများ ဖြစ်လာနိုင်ကြောင်း၊ ထိုကြောင့် ရေအရင်အမြစ်များကို ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ စိုးရိမ်စရာအရေးကြီးသော လုံခြုံရေးကိစ္စတစ်ခုအနေနှင့် စဉ်းစားရမှာဖြစ်ကြောင်း။
ထိုကဲ့သို့စိုးရိမ်မှုများသည် မည်သည့်နိုင်ငံများတွင်ဟု အတိအကျမပြောဆိုနိုင်သော်လည်း၊ ကမ္ဘာတ၀ှမ်းရှိ မြေပေါ် ရေအရင်းအမြစ်များ (မြစ်ချောင်း အင်းအိုင်၊ ဆည်မြောင်း၊ ရေအားလျပ်စစ် ရေကာတာများကို အလေးထား လေ့လာထားရာ၊ အာရှတိုက်မြောက်ပိုင်းနှင့် တောင်အာရှ၊ အရှေ့တောင်အာရှရှိ မဲခေါင်မြစ်(Mekong)။ အီရတ်နှင့် အရှေ့အလယ်ပိုင်းရှိ တီကရစ်မြစ်နှင့် ယူကရေးတီမြစ်များ(Tigris and Euphrates) ။ အိန္ဒိယနှင့် တောင်အာရှရှိ အိန္ဒုမြစ်နှင့် ဗြမ္မာပုတ္တရမြစ် (Indus and Brahmaputra)၊ အမူဒါယာမြစ် (Amu Darya) တို့ ပါဝင်ပါကြောင်း၊ ပထ၀ီဝင်အနေအထားအရ၊ မြစ်ကြောင်းမြစ်ဝှမ်းများဒေသ အပေါ်ပိုင်းရှိ နိုင်ငံများ (မြစ်အထက်ပိုင်းနိုင်ငံများ) သည် မြစ်အောက်ပိုင်းနိုင်ငံများထက် ပိုမို၍ အခွင့်အရေးသာကြောင်း၊ ရေကြောင်းစီဆင်းမှုကို နိုင်ငံရေးအမြတ်ထုတ်မှုအနေနှင့် ကန့်သတ်ထိမ်းချုပ်နိုင်ကြောင်း။ အဆိုပါအချက်အလက်များသည် တိုင်း၊ နိုင်ငံ၊ ပြည်နယ်များ မတည်ငြိမ်မှု၊ ပျက်စီးဆုံးရုံးမှုများ၊ များပြားလာပြီး၊ ဒေသအတွင်း တင်းမာမှုများကိုလည်း ပိုမိုဆိုးရွားလာစေမှာဖြစ်ကြောင်း၊သို့ပါ၍ အမေရိကန်နိုင်ငံက ဦးဆောင်၍ အမေရိကန်၏ ရေအသင်းအဖွဲ့၊ လုပ်ဖေါ်ကိုင်ဖက် (new U.S. Water partners) သစ်များအား အမေရိကန်၏ ရေနှင့်ဆိုင်ရာစီမံခန့်ခွဲမှု၊ ကျွမ်းကျင်မှုများကို ကျန်ရှိနိုင်ငံ များသို့ မျှဝေပေးရန် ရည်ရွယ်ကြောင်း၊ ရေ နှင့်သက်ဆိုင်သော သတင်းအချက်အလက်များကိုရှာ ဖွေပေးမည်ဖြစ်ကြောင်း၊ ပြောကြားသွားပါသည်။
အမေရိကန်ပြည်တောင်စုအနေနှင့် ကမ္ဘာဘဏ်နှင့် ပူးပေါင်း၍ ကမ္ဘာတစ်ဝှမ်း ရေအရင်းအမြစ်များ လုံခြုံရေးအစီအစဉ်များ ချမှတ်ထားရာ ယူအက်(စ်)အေအိုင်ဒီနှင့် နာဆာတို့ပူးပေါင်း၍ ဂြိုလ်တုနည်းပညာအကူအညီဖြင့် စောင့်ကြည့်လေ့လာလျက်ရှိပါသည်။ ရေကိုအကြောင်းပြု၍ မလိုလားအပ်သော စိမ်ခေါ်မှုများ ဖြစ်လာနိုင်စရာအကြောင်းများ ရှိလာနိုင်မည့်နေရာဒေသများကိုလည်း စောင့်ကြည့်လျှက်ရှိပါကြောင်း၊ ကမ္ဘာရေနေ့ (worldwater day) ပြောကြားသော မိန့်ခွန်းတွင်ဖေါ်ပြပါရှိပါသည်။
● လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်က ခန့်မှန်းချက်နှင့် နှစ်ပေါင်းနှစ်ထောင်ကျော် သုံးထောင်က သမိုင်းသာဓက
လွန်ခဲ့သောနှစ်ပေါင်း ၂၅- ၃၀ခန့်က ကမ္ဘာ သိပ္ပံပညာရှင်များ၊သုတေသီများနှင့် နိုင်ငံရေးသ္မားများနှင့် ထိုစဉ်က ကုလ သမဂ္ဂ အတွင်းရေးမှုးချုပ် ဘူထရိုဂါလီနှင့် ကိုဖီအာနမ်တို့၏ ခန့်မှန်းချက်သည်လည်း ၊ နောင်အနာဂတ် ၂၁ ရာစု နောင်းပိုင်း ကာလများ၌်၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသများတွင် လူဦရေ အဆမတန် တိုးးပွားလာမှုနှင့် လူတို့အတွက် လိုအပ်သော သောက်သုံးရေရှားပါးလာမှု၊ စားနပ်ရိက္ခာ ရှားပါး လာမှု့များကြောင့် သောက်သုံးရေကို အကြောင်းပြုပြီး အကြမ်းဖက်မှုများ၊ မလိုလားအပ်သော စစ်မက်အရေးအခင်းများ ဖြစ်လာနိုင်စရာအကြောင်း ရှိကြောင်း၊ Water Resources (Wikipedia) the Free Encyclopediaတွင် လည်းဖေါ်ပြပါရှိပါသည်။
မြတ်စွာဘုရားရှင်လက်ထက်ကလည်း သောက်သုံးရေကို အကြောင်းပြု၍ ကေါလိယပြည်နှင့်ကပိလ၀ိပြည်၊ (ယ္ခု အိန္ဒိယတိုက်) နှစ်ပြည်ထောင် စစ်မက်အရေအခင်း ဖြစ်မည့်အခြေအနေများ ဖြစ်ပေါ်ခဲ့ရာ ဘုရားက သွားရောက် တရားဟော ဖြန်ဖြေပေးခဲ့ရကြောင်း ဖတ်သားဖူးပါသည်။
လူသားအများစုကသာလျှင် သောက်သုံး၍ရသောရေကို စနစ်တကျမသုံးစွဲခြင်း၊ စက်ရုံအလုပ်ရုံထုတ် စွန့်ပစ် ပစ္စည်းများအား မြစ်ချောင်းများအတွင်း စွန့်ပစ်ခြင်းဖြင့် သောက်သုံး၍ မရနိုင်အောင် ပြုလုပ်ကြခြင်း၊ ရေနှင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းအောင်ပြုလုပ်ခြင်း၊ ရေကို အကြမ်းဖက်လက်နက်ကရိယာအဖြစ် အသုံးပြုလာနိုင်ခြင်း များကို တားဆီးနိုင်လျှင် လူသားအားလုံးအတွက် အလိုအပ်ဆုံးသော သောက်သုံးရေကို အမြဲရယူသုံးစွဲနိုင်မည် ဖြစ်ပေသည်။
● ကမ္ဘာ့ရာသီဥတု
ကမ္ဘာရာသီဥတုမှတ်တမ်းများတွင် သက္ကရာဇ် ၂၀၀၀ သည် လွန်ခဲ့သောရာစုနှစ်များ အတွင်း အပူဆုံးနှစ်ဖြစ်ကြောင်း သိပ္ပံ ပညာရှင်များက မှတ်တမ်းတင်ထားရပြီ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုမှာ ၁၈၇၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ၁၇ စင်တီိမီတာ မြင့်တက်ခဲ့ကြောင်း၊ ၁၉၅၀ ခုနှစ် မှ ၂၀၀၉ ခုနှစ်အထိပင်လယ်ရေမြင့်တက်နှုန်းသည် ၁.၇ စင်တီမီတာ ရှိကြောင်း၊ ၁၉၈၈ ခုနှစ်က ကုလသမဂ္ဂမှ ဦးဆောင်ဖွဲ့စည်းထားသော ရာသီဥ တုပြောင်းလွဲမှုကို လေ့လာသည့် နိုင်ငံတကာအဖွဲ့ (IPCC – Intergovernmental Panel on Climate Change) ၏ ဥက္ကဌ ရာ ဂျင်ဒ ရာ ပချူရီ (Rajendra pachauri) က ရာသီဥတုပြောင်းလွဲမှု၏ သက်ရောက်မှုများသည် ပို၍ ပို၍ စိုးရိမ်စရာဖြစ်လာကြောင်း၊ ပင်လယ်ရေ မြင့်တက်လာမှုသည် ၂၁ ရာစု နောင်းပိုင်းတွင် ၅၉ စင်တီမီတာထိ တိုးမြင်လာနိုင်ကြောင်းပြောကြားသွားပါသည်။
ကာဘွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ ထုတ်လွတ်မှုများ ပိုမိုများပြားလာခြင်းက အဓိက အကြောင်းအရင်းဖြစ်ကြောင်း ပြောသွားပါသည်။ (လန်ဒန်မှ လေ့လာရေးအဖွဲ့ သုတေသနပြုချက်အရ အန္တာတိတ်နှင့် ဂရင်းလန်းဒေသရှိ ရေခဲတောင် များ အရည်ပျော်မှုကြောင့် ၁၉၉၂ မှ ယ္ခုအထိ ၁.၁ မီလီမီတာ မြင့်တက်ခဲ့ကြောင်း၊ ထိုကြောင့် ကမ္ဘာမြေနှိမ့်ပိုင်းဒေသများ ရေလွမ်းမိုးမှုများ ပိုမိုဖြစ်လာစရာအကြောင်း ရှိကြောင်း၊  ဒီဇင်ဘာလ ၃ ရက်နေ့က အာရှသတင်းစာတွင်လည်း ဖေါ်ပြထားပါသည်။)
ကမ်ရိုးတန်းဒေသများသည်လည်း ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ရေလွမ်းမိုးမှုများ ကြုံတွေရခြင်း၊ မြစ်ရေလျံခြင်း၊ ရေကြီးခြင်း၊ ရေငံတိုးဝင်မှုများကြောင့် ရေချိုများ သောက်သုံးမရ ဖြစ်ခြင်းများ ကြုံတွေ့ရပေမည်။
ကမ္ဘာရာသီဥတု ပြောင်းလွဲလာမှုနှင့်အတူ ကမ္ဘာကြီး ပိုမိုပူနွေးလာသည်နှင့်အမျှ မိုးရွာသွန်းမှု လျော့နည်းလာ၍ အငွေ့ပြန်နှုန်းပိုမိုလာပြီး ရေအရင်းအမြစ်များသည်လည်း ရေပမာဏ လျော့နည်းလာကာ ရေအရည်အသွေးများ ကျဆင်းလာပေမည်။ ထိုအခါ ရေလိုအပ်မှု ပိုမို များပြားလာပေမည်။ စိုက်ပျိုးရေးလုပ်ငန်းများသည်လည်း အထွက်နှုန်းများ ကျဆင်းလာမည်။ မိုးခေါင်ရေရှားမှုကြောင့် စိုက်ပျိုးရေအတွက်ပါ ရေလိုအပ်ချက် များပြားလာပေမည်။ အဆိုပါအချက်အလက်များက ရာသီဥတုနှင့် ရေအရင်းအမြစ် (မြေပေါ်ရေ၊မြေအောက်ရေ) ဆက်နွယ်မှုရှိနေကို ပြဆိုပါသည်။
၂၁ ရာ စုအတွင်း ကမ္ဘာရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ ကမ္ဘာကြီးပိုမိုပူနွေးလာမှုကြောင့် ရေအရင်းအမြစ်များကို များစွာ ထိခိုက်ပျက်စီးစေမည် ဖြစ်ကြောင်း၊ မြေပေါ်ရေသာမက မြေအောက်ရေပါ ပျက်စီးစေနိုင်မည် ဖြစ်ပါသည်။ ထိုသို့ဖြစ်ပျက်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမိုတိခိုက်နိုင်မည်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။
ထိုကြောင့် ကမ္ဘာကြီး ပိုမိုပူနွေးလာသည်နှင့်အမျှ ပူအိုက်စွတ်စိုသော အီကွေတာရာသီဥတုသည်လည်း နေရာအနံ ပြန့်နှံလာပြီး ဟာရီကိန်းမုန်တိုင်းများ ထပ်မံဖြစ်ပေါ်လာမှာဖြစ်ကြောင်း၊ ယ္ခုအချိန်အထိ တနှစ်လျှင်ဟာရီကိန်း ၁၀ ကြိမ် ဖြစ်ပြီး၊ ၂ ကြိမ်မှာ ကြီးမားပြီး ကြောက်စရာကောင်းကြောင်း၊ ပြော ကြားသွားပါသည်။ နောက်နှစ်များမှာ ကြောက်စရာနှင့် ကြီးမားသော ဟာရီကိန်းမုန်တိုင်း ၄ ခုခန့် ဖြစ်လာနိုင်ကြောင်း ခန့်မှန်ထားပါသည်။
ကမ္ဘာမြေကြီး၏အပူချိန်သည် ၁၈၈၀ ခုနှစ်ကစ၍တဖြေးဖြေးတိုးတိုး လာရာ၂၀၀၀ ခုနှစ် နောက်ပိုင်းကစ၍ သိသိသာသာ တိုးမြင့်လာသည်ကို တွေရကြောင်း။ ကမ္ဘာမြေမျက်နှာပြင်အနီး လေထုအပူချိန်မှာ ၁၉၈၀ ခုမှစ၍ ယနေ့အထိ နှစ်စဉိ ၀.၆ ဒီဂရီ စင်တီဂ၇ိတ် တိုးမြင့်လာကြောင်း မှတ်တမ်းများက ပြဆိုထားပါသည်။ ကမ္ဘာမြေကြီး၏ နှစ်စဉ် ပျမ်းမျှအပူချိန်မှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ (၁၉၆၁ – ၁၉၉၀) အတွင်း (၁၄.၀) ဒီကရီ စင်တီဂရိတ် ရှိခဲ့ပြီး ယနေ့၂၀၁၂ -ခုနှစ် စက်တင်ဘာလ အပူချိန်မှာ (၁၅.၆၇) ဒီဂရီစင်တီဂရိတ်ရှိလာကြောင်း ၊အမေရိကန်နိုင်ငံရှိ the National Oceanic and Atmospheric Administration (NOAA) and National Climate Data Center (NCDC) မှ မှတ်တန်းများက ပြဆိုထားပါသည်။
မိုးလေ၀သနှင့် ရာသီဥတုသည် တနှစ်ထက် တနှစ် ပိုမိုဆိုးရွားလာနိုင်ကြောင်း၊ ထိုအကျိုးအဆက်ကြောင့် ကောက်ပဲသီနှံများ ဆုံးရုံမှု များပြားလာနိုင်ကြောင်း၊ လေမုန်တိုင်းကြောင့် အိုးအိမ် အဆောက်အဦများ ပျက်စီးပြီး လူများ သေကြေပျကိစီးမှု ပိုမိုများပြားလာနိုင်ကြောင်း၊ ကမ္ဘာလေထုအတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ် ပါဝင်မှုနှုန်းမှာလည်း ယနေ့ တွက်ယူရရှိသည့် ၇၁၇ ပီပီအမ် (Part per million) မှ နှစ်ဆခန့်ဖြစ် လါနိုင်ကြောင်း၊ ထိုကြောင့် ယခုအခါ တွေကြုံနိုင်မည့် အန္တရာယ်များကို ကြိုတင်ပြင်ဆင်ရမှာဖြစ်ကြောင်း၊ နောင်အနှစ် ၅၀ အတွက် ကြိုတင်ပြင်ဆင်ရမှာ ဖြစ်ကြောင်း၊ ဘာကလေယူနီဘာစီတီမှ သုတေသနပညာရှင် Mullers က ပြောကြားသွားပါသည်။
ယ္ခုအခါကမ္ဘာကြီး၏အရောင်မှာအာကာသမှကြည့်ပါကအ၀ါရောင်မှအနီရောင်သို့ပြောင်းလာနေသည်ကို တွေ့ရကြောင်း ပြောသွားပါသည်။
ထိုကြောင ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ် ထုတ်လွတ်မှုကို အများဆုံး လျော့ချရမည်ဖြစ်ကြောင်းနှင့် ရာသီဥတုနှင့် ရေအရင်းအမြစ်များ (မြေပေါ်ရေ၊မြေအောက်ရေ) သည်လည်း ဆက်နွယ်မှုရှိနေပါကြောင်း၊ ထိုကြောင့် သန့်ရှင်းသော သောက်သုံးရေသည် ရာသီဥတုပြောင်းလွဲမှု၏ ဆိုးကျိုးသက်ရောက်မှုများကို ခံစါးရ လွယ်ကူကြောင်း၊ မုန်တိုင်းများ၊ ရေကြီးချင်းများကြောင့် ရေနှင့် ပတ်ဝန်းကျင်ကို ညစ်နွမ်းပျက်စီးစေနိုင်ပါကြောင်း ညွန်းဆိုထားပါသည်။
● မြန်မာနိုင်ငံ ရေသယံဇာတ
မြန်မာနိုင်ငံသည် ရေအရင်းအမြစ်များစွာ ကြွယ်ဝသော နိုင်ငံတစ်ခုဖြစ်ပါသည်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ လေးမြို့မြစ်၊ မြစ်သာမြစ်၊ မြစ်ငယ်မြစ်နှင့် မဲခေါင် (သံလွင်) မြစ်တို့သည် မြန်မာနိုင်ငံ၏ အထင်ကရ မြစ်များဖြစ်ပြီး တိုင်းပြည်နှင့် လူထုအတွက် အသုံးဝင်သောမြစ်များ ဖြစ်ကြပါသည်။ အဆိုပါမြစ်များသည် မုတ်သုန်ရာသီဥတုနှင့် မိုးရွာသွန်းမှုအရ ရေတက်ရေကျနှင့် ရေစီးဆင်းလျက်ရှိသော မြစ်များဖြစ်ကြပြီး ရာသီအလိုက် ရေအရည်အသွေး ပြောင်းလဲမှုများ ရှိနေပါသည်။
မြေပေါ်မြေအောက် ရေအရင်းအမြစ်များ၏ ရေပြန်လည်ဖြည့်တင်းမှုသည် မိုးရေသာ အဓိက ဖြစ်ပြီး အရှေ့ရိုးမနှင့် အနောက်ရိုမများတွင် ရွာသွန်းသောမိုးရေများ စီဆင်းစိမ့်ဝင်မှုမှ တဆင့် ရေပြန်လည်ဖြည့်တင်းနေပါသည်။ အချို့သောနေရာအနည်းငယ်တွင်သာ မြေပေါ်ကန်များ၊ မြစ်ချောင်းများက မြေအောက်ရေကို ဖြည့်တင်းနိုင်ပါသည်။
(ဥပမာ – ရန်ကုန်မြို့တွင် အင်းယားကန်မှ စိမ့်ရေကို အနောက်ဘက်ခြမ်းရှိ လှိုင်မြို့နယ်အတွင်းရိ စက်ရေတွင်း (အ၀ိစီတွင်း) များသည် မြေအောက်ပြန်လည်ဖြည့်တင်းရေအဖြစ် လက္ခံရရှိကြပါသည်။)
ဧရာဝတီမြစ်သည် မိုင်ပေါင်း ၁၃၀၀ ကျော်ရှိပြီး အရှည်ဆုံးနှင့် ပြည်သူလူထုအတွက် အသုံးဝင်ဆုံး၊ အကျိုးအပြုဆုံး မြစ်တစ်ခုဖြစ်ပါသည်။ လူဦးရေအများဆုံးသည် ဧရာဝတီမြစ်ရိုး ၊မြစ်ကမ်းတလျောက် နေထိုင်လုပ်ကိုင်စားသောက်ကြရာ ဧရာဝတီမြစ်ရေသည်လည်း လူတို့၏ သောက်သုံးရေ အရင်းအမြစ်ဖြစ်ပါသည်။
အဆိုပါမြစ်ရေနှင့် ပတ်ဝန်းကျင် အစဉ်သန့်ရှင်းကြည်လင်ရန် လွန်စွာအရေးကြီးပေသည်။ မြစ်ကမ်းနား တလျောက်ရှိ မြို့အများစုသည် မြစ်ရေကိုသောက်သုံးရေအဖြစ် အသုံးပြုနေကြရပါသည်။
နေရာဒေသအများစုတွင် မြေပေါ်ရေကို သောက်သုံးရေအဖြစ် အများအပြားအသုံးပြုနေကြပါသည် ။ မြေပေါ်ရေရရှိ့်မှု အလားအလာ နည်းပါးသည့်နေရာဒေသများနှင့် မြေပေါ်ရေနှင့် ဝေးလွန်းသည့်နေရာဒေသ များတွင်သာ မြေအောက်ရေကို ထုတ်ယူအသုံးပြုကြပါသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်သုံးစွဲနိုင်သော မြေပေါ်ရေ အရင်းအမြစ် ကုဗကီလိုမီတာပေါင်း ၁၀၈၀ နှင့် မြေအောက်ရေ အရင်းအမြစ် ကုဗကီလိုမီတာပေါင်း ၄၉၅ ရှိပါသည်။
စိုက်ပျိုးရေးအတွက် ရေအသုံးပြုမှုမှာ စုစုပေါင်းရေသုံးစွဲမှုပမာဏ၏ ၉၀ရာခိုင်နှုန်းခန့်ရှိပြီး စက်ရုံအလုပ်ရုံနှင့် အများပြည်သူ သောက်သူံးရေမှာ ၁၀% ခန့်ရှိပ်ါသည်။ အဆိုပါအရေအတွက်အတွက်မှာ နှစ်စဉ် ရေသုံးစွဲနိုင်သော ရေအရင်းအမြစ်ပမာဏ၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်းခ့န်သာ ရှိပါသေးသည်။
သိုပါ၍ အဆိုပါရေအရင်းအမြစ်များ ညစ်ညမ်းမှုမရှိ၊ အစဉ်သဖြင့် သန့်ရှင်းသော၊ သောက်သုံးရန် စိတ်ချရသောရေ ဖြစ်နေရန် အလွန်အရေးကြီးပါသည်။ သက်ဆိုင်ရာအစီုးရ၊ အဖွဲ့အစည်းများက စနစ်တကျထိမ်းသိမ်း၊ စီမံခန့်ခွဲ၍ အသုံးပြုစေခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သိုမှသာမြန်မာနိုင်ငံအနေနှင့် ရာသီဥတုဖေါက်ပြန်ပြောင်းလွဲမှုများကြောင့် သောက်သုံးရေအခက်အခဲ ကြုံတွေ့ရမည့်ဘေးက ကင်းဝေးပေမည်။
● လူဦးရေ
မြန်မာနိုင်ငံ၏ လူဦးရေမှာ ယ္ခုအခါ သန်း ၆၀ ကျော်ရှိနေပါသည်။ လူဦးရေ ၃၄ ရာခိုင်နှုန်းသည် မြို့ပြနေလူထုဖြစ်ပြီး မြို့နေလူဦရေ တိုးမြင့်နှုန်းမှာ ၂.၉ ရာခိုင်နှုန်း ရှိပါသည်။ လူဦရေ မွေးဖွားနှုန်းမှာ ၂ ရာခိုင်နှုံးခန့် ရှိပါသည်။ လူဦးရေ တိုးပွားလာသည်နှင့်အမျှ သောက်သုံးရေလိုအပ်မှုသည်လည်း ပို၍ပို၍ များလာမည်ဖြစ်ပေသည်။ နောင်အနှစ် ၂၀ ကျော်ကာလတွင် သန်း ၈၀ မကျော်ဟုမ ည်သူမျှမပြောနိုင်ပေ။

● မြန်မာနိုင်ငံ၏ရာသီဥတု
ရာသီဥတုမှာ ပူအိုက်စွတ်စိုသော မုတ်သုန် ရာသီဥတုဖြစ်ပြီး အနောက်တောင်မုတ်သုန်လေကြောင့် မေလမှ အောက်တိုဘာလအထိ မိုးရာသွန်းမှု များပြားပါသည်။ မြန်မာနိုင်ငံ၏ မိုးရွာသွင်းမှုမှာ ကန်ရိုးတန်းဒေသများသည် မိုးရေချိန်လက္မ ၂၀၀ ခန့်သာရွာသွန်ပြီး၊ မြန်မာပြည်အောက်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသတွင် လက္မ ၉၀ ကျော်ရှိပါသည်။ မြန်မာပြည်အလယ်ပိုင်းသည် မိုးအနည်းဆုံးရပ်ဝန်း အနေနှင့် မိုးရေချိန်လက္မ ၄၀ ခန့်သာ ရွာသွန်း ပါသည်။
သို့ပါ၍ သတိထားစရာအချက်မှာ-မြန်မာနိုင်ငံတွင် လာမည့်ဆယ်စုနှစ်ကာလနှင့် နောက်ပိုင်းတွင်မှတ်သုံကာလသည် ပုံမှန်လက်ရှိအချိန် ကာလထက် ပိုမိုလျော့နည်းလာမည် ဖြစ်ကြောင်း၊ ရက်ပေါင်း ၄၀ ခန့်မျှ လျော့နည်းမှာ ဖြစ်ကြောင်း၊ ထိုကြောင့် သောက်သုံးရေရရှိရေးမှာလည်း အခက်အခဲများ ကြုံတွေလာနိုင်ကြောင်း ဗွီိအိုအေမြန်မာပိုင်း အစီအစဉ်၊ သိပံ္ပနှင့် နည်းပညာကဏ္ဌ၌ ECODEV အဖွဲ့ဝင်တစ်ဦးနှင့် ဒေါ်ခင်မျိုးသက်က နိုဝင်ဘာ ၃၀ ရက်၌ ဆွေးနွေးထားပါသည်။
အဆိုပါအချက်သည် မြန်မာနိုင်ငံရေရရှိရေးလုပ်ငန်းများအတွက် အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်။ သောက်သုံးရေရရှိရေးလုပ်ငန်းများ အခက်အခဲရှိလာနိုင်စရာ အကြောင်းများကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်၍ရနိုင်ပါသည်။
ထိုအပြင် ကမ္ဘာဘဏ်က၊ နိုဝင်ဘာ(၁၈)ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာအရ ကမ္ဘာပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ဘင်္ဂလားပင်လယ်အော်ဘက်တွင် ပင်လယ်ရေမျက်နာပြင်သည် ၃ ပေ အထိ တက်လာနှိင်ကြောင်း ဖေါ်ပြပါရှိပါသည်။ ယင်းသတိပေးချက်သည် မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းနေ ပြည်သူများနှင့် မြစ်ဝကျွန်းပေါ်ဒေသအချို့အတွက် အင်မတန်အရေးကြီးပါသည်။ ချောင်းသာ၊ ငပလီ စသည့် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ၏ အရေးကြီးသောနေရာများရှိနေသည့်အတွက် လုပ်ငန်း များ မထိခိုက်နိုင်အောင် လိုအပ်သည့်ပြင်ဆင်မှုများ၊ သောက်သုံးရေအတွက်အပါ ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်ခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။

● သတိထားစရာများ
မြန်မာနိုင်ငံအနေနှင့် အလေးထားဂရုပြုရမည့်အကြောင်းအရာ အနည်းငယ်ရှိပါသည်။ မြေပေါ်ရေ အရင်းအမြစ် များ (မြစ်၊ ချောင်း၊ အင်း၊ အိုင်) ၏ ရေအရည်အသွေး ပျက်စီး ယိုယွန်းစေနိုင်သော၊ ရေအရင်းအမြစ်များ လျော့နည်းခမ်းခြောက်သွားစေမည့် စက်ရုံအလုပ်ရုံ၊ ရေအားလျှပ်စစ်ထုပ်လုပ်သည့် အဆောက်အဦများ၊ ဓါတ်သတ္တုထုတ်လုပ်သည့်လုပ်ငန်းများအား အဆိုပါ ရေအရင်းအမြစ်များ၏ အနီအနားနှင့် မြစ်ညာအရပ်ဒေသ (ဧရာဝတီမြစ်ဆုံ (မေခ၊ မေလိခ)။ ပထမမြစ်ကျင်း၊ သပိတ်ကျင်းဒေသ၊ ချင်းတွင်းမြစ် အထက်ပိုင်းနှင့် မုံရွာဒေသ (သတ္တုတွင်းများ တူးဖေါ်ထုတ်လုပ်ရာဒေသများ၊ မြစ်လက်တက်များ အနီအနား)။ စစ်တောင်းမြစ် အထက်ပိုင်း(ဥပမာ – မိုးထိ၊ မိုးမိဒေသများ) တွင်လုပ်ဆောင်းခြင်းကို ဂရုပြုရပါမည်။
နိုင်ငံစီပွားအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်ပါကလည်း သဘာဝပတ်ဝန်းကျင်၊ အရင်းအမြစ်များ မပျက်စီး မယိုယွင်းစေမည့်နည်းစနစ်၊ ပုံထုပ် (Production; It’s Safe-environmental Design and Construction) လုပ်ဆောင်ခြင်းက ပိုမိုကောင်းမွန်ပါသည်။ လုပ်လက်စခွင့်ပြုထားသည့် လုပ်ငန်းများကို ထိုသို့လုပ်ဆောင်စေပါက ပိုမိုကောင်းမွန်ပါသည်။
လက်ပံတောင်းတောင်း သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ယ္ခုလက်ရှိ ထုတ်လုပ်နေသည့်ပုံစံမျိုးဖြင့် လုပ်ကိုင်နေခြင်းထက်တိုးတက်နေသောနိုင်ငံများ (ဥပမာ၊ ၊ Australia, United State) တွင် ထုတ်လုပ်သည့် လူနှင့် သဘာဝပတ်ဝန်းကျင် မြေပေါ်မြေအောက်ရေ အရင်းအမြစ် များကို မထိခိုက်စေသည့် နည်းစနစ်များကို အသုံးပြုခြင်းက ပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။ သတ္တုတွင်းတခု၏ အဓိကအချက်မှာ သတ္တုထုတ်လုပ်ရာ မှဖြစ်ပေါ်လါသည့် စွန့်ပစ်ပစ္စည်းများကြောင့် လေထု၊ မြေပေါ်ရေ၊ မြေအောက်ရေ၊ သဘာဝပတ်ဝန်းကျင်၊ သစ်ပင်သီးနှံများ မပျက်စီး၊ မယိုယွင်းစေဘို့၊ အနီးအနားနေပြည်သူများ ကျမ္မာရေး မထိခိုက်စေဘို့ အဓိကဖြစ်ပါသည်။
အဆိုပါ သတ္တုတွင်းမှ စွန့်ပစ်ပစ္စည်းများ၏ ဓာတုဗေဒဆိုင်ရာ ဘေးထွက် ဆိုးကျိုးများအဖြစ် မြေပေါ်ရေနှင့် မြေအောက်ရေတို့ကို ညစ်ညမ်းစေပြီး လေထုကိုလည်း ညစ်ညမ်းနိုင် စေပါသည်။ ဒေသခံပြည်သူများ၏ ကျမ္မာရေးကိုလည်း ဆိုးဝါးစေပါမည်။ မြေပေါ်ရေဖြစ်သည့် ချင်းတွင်းနှင့် ဧရာဝတီမြစ်ရေတို့ကို ရေအရည်အသွေး ပျက်စီးယိုယွင်းစေခြင်းဖြင့် ချင်းတွင်းနှင့် ဧရာဝတီမြစ်ရိုးတလျှောက်နေ ထိုင် လုပ်ကိုင်စားသောက်နေကြကုန်သော ပြည်သူပြည်သားများ ကျန်မာရေးချို့ယွင်းကာ နိုင်ငံအနေနှင့်လည်း ကောင်းကျိုးများ ဖြစ်မလာနှိင်ပါ။ အဘယ်ကြောင့်ဆိုသော် သတ္တုတွင်းတခု၏ ထုတ်လုပ်မှုကာလသည် ၁ နှစ်၊ ၂ နှစ် မဟုတ်ပါ။ ဆယ်စုနှစ် အနည်းငယ်မှ ဆယ်စုနှစ် များစွာ ကြာမြင့်ပါသည်။
သတ္တုတွင်းလုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများသည်လည်း လူနှင့်သဘာဝပတ်ဝန်းကျင်၊ ရေသယံဇာတကို ဆယ်စုနှစ်များစွာ ထိခိုက်ခံစားနိုင်ပါသည်။
ထိုအပြင်လေးမြို့မြစ်သည် ပေ ၅၀၀၀ ကျော်မြင့်သော ချင်း တောင်တန်းမှ မြစ်ဖျားခံစီးဆင်းလာသော မြစ်တစ်ခုဖြစ်ပြီး ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်မှမြောက်ဦးမြို့နယ်အထိ ရေချို(သောက်သုံးရေ) ရရှိသော မြစ်တစ်ခုဖြစ်ပါသည်။ ယခုအခါ အဆိုပါ မြစ်ညာအထက်ပိုင်း (ဆောက်လုပ်ရေးလုပ်ငန်းသုံး ကျောက်ထုတ်လုပ်ငန်းနယ်မြေ / Mine Area of Construction raw material) နေ စီးပွားရေးသ္မားများက စွန့်ပစ်ပစ္စည်းများကို အဆိုပါမြစ်အတွင်း စည်းမဲ့စွာပစ်ချခြင်း၊ကျောက်ထုလုပ်ငန်းကိုအလွယ်တကူမြစ်ချောင်းအ တွင်းလုပ်ဆောင်ခြင်းကြောင့် မြစ်ရေများ နောက်ကျိ နေပြီး ရေအရည်အသွေး ယိုယွင်းလာ၍ အောက်ပိုင်းနေ ပြည်သူပြည်သားများ အတွက် သောက်သုံးရေကိုညစ်ညမ်းစေခြင်းဖြင့် မလိုလားသော ကျမ္မာရေးအန္တရာယ်များနှင့် ကြုံတွေ့လာနိုင်ကြောင်း၊ သန့်ရှင်းသော သောက်သုံးရေအတွက် အခက်အခဲများ ဖြစ်လာကြောင်း ကိုလည်း မြစ်မခဂျာနယ်တွင် ဖတ်လိုက်ရပါသည်။ ထိုအခြင်းအရာများ ကို ပြုပြင်စေခြင်းဖြင့် လေးမြို့မြစ်သည် အစဉ်သန့်ရှင်းနေပေမည်။
အဓိကအချက်မှာ၊ ဧရာဝတီမြစ်ရေ၊ ချင်းတွင်းမြစ်ရေတို့သည် အင်မတန်အရေးကြီးသော ရေအရင်းအမြစ်များ ဖြစ်ကြပါသည်။ ရေကြောင်းခရီးကုန်စည်ကူးသန်းသွားလာရေးလုပ်ငန်းများ ဖြစ်ထွန်းနေသောနေရာလည်း ဖြစ်ပါသည်။ ထိုအပြင် မေခ မေလိခ၊ ဧရာဝတီမြစ်ဆုံသည် သဘာဝအတိုင်း ရှိနေသင့်သော နေရာတစ်ခုဖြစ်ပါသည်။ ဘူမိသိပ္ပံပညာရှင်များနှင့် နိုင်ငအတွက် ဂုဏ်ယူဖွယ်ရာ၊ အရှေ့တောင်အာရှတွင် အင်မတန်ရှားပါးသော ဘူမိပတ်ဝန်းကျင် (Geo-environment) ဒေသရပ်ဝန်း တစ်ခုဖြစ်ပါသည်။
● ဆွေးနွေးအကြံပြုတင်ပြခြင်း
မြန်မာနိုင်ငံ၏ လူဦရေတိုးနှုန်းအရ လူဦရေသန်း ၆၀ ကျော်မှ သက္ကရာဇ်၊ ၂၀၂၅ တွင် သန်း ၈၀ ခန့် ဖြစ်လာနိုင် ချေ ရှိပါသည်။ သို့သော် သောက်သုံးရေအရင်းအမြစ်များ၏ ရေထုကမာဏမှာ တိုး၍ လာမည်မဟုတ်ပါ။ ပတ်ဝန်ကျင်ညစ်ညမ်း မှုကြောင့် သန့်ရှင်းသောသောက်သုံးရေပမာဏ လျော့နည်းမည်သာ ဖြစ်နိုင်ချေရှိပါသည်။ မြန်မာနိုင်ငံတွင် ရေအရင်းအမြစ် ပေါများစွာရှိသော်လည်း အားလုံးသော ရေအရင်းအမြစ်များသည် သောက်သုံး၍ မရနိုင်ပါ။
လူတိုအတွက် သောက်ရေ၊ သုံးရေ၊ စက်ရုံအလုပ်ရုံသုံးရေ၊ လူမှုပတ်ဝန်ကျင်အတွက်သုံးရေ တို့မှာ ပေါများစွာရှိသည်ဟု မှတ်ယူ၍ မရနိုင်ပါ။ သို့ပါ၍ လက်ရှိသောက်သုံး၍ရနိုင်သောရေကို ရေအရည်အသွေး မပျက်စီးအောင် ထိန်းသိမ်းသွားနိုင်ရန်၊ ရေရှည်အသုံးပြု၍ရနိုင်အောင် ဆောင်ရွက်ကြရန် အရေးကြီးပေသည် ။ မြေပေါ်မြေအောက် ရေအရင်းအမြစ်မှာ သဘာဝအလျောက်ဖြစ်တည်နေသော အရာများ ဖြစ်ပေသည်။
မြို့သစ်များတိုးချဲ့ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ စက်ရုံအလုပ်ရုံများအတွက် စက်မှုဇုံများ တည်ထောင်ခြင်းများ ပြုလုပ်ရာတွင် သောက်သုံးရေ လုံလုံလောက်လောက် ရရှိနိုင်မည့် ရေအရင်းအမြစ်များနှင့် နီးသည့်နေရာများကိုသာ ဦးစားပေး စဉ်းစားသင့်ပါသည်။(ဥပမာ – မဟာရန်ကုန်မြို့ တိုးချဲ့ရေး အစီအစဉ်တွင် လက်ရှိ မဟာရန်ကုန်ဧရိယာကို တိုးချဲမည့်အစား ရန်ကုန်မြို့နယ်နမိတ်နှင့် အလမ်းမဝေးသည့်နေရာ (ဥပမာ -လေဆိပ်အနီး၊ ပဲခူးရိုးမတောင်ခြေ၊ မြေပြန့်ဆင်ခြေလျော နေရာမျိုး)မျိုးကို စဉ်းစားခြင်းက ပိုကောင်းပါသည် ။
မြေပေါ်မြေအောက် ရေအရင်းအမြစ်နှစ်မျိုးစလုံး ရနိုင်သောနေရာ (သို့) မြေပေါ်ရေ အရင်းအမြစ် လုံလုံလောက်လောက်ရနိုင်သောနေရာမျိုးကို စဉ်းစားသင့်ပါသည်။ ထို့အပြင် ရာသီဥတုပြောင်းလဲလာမှု၊ မိုးရွာသွန်းမှု အနည်းအများ၊ ရေသိုလှောင်နိုင်မှု အခြေအနေ၊ နေရာအကျယ်အ၀န်း စသည်တို့ကိုလည်း ထည့်သွင်း စဉ်းစားရပါမည်။ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းတို့မှာ လူတို့ လုပ်ယူ၍ရသော အခြေခံအဆောက်အဦများ ဖြစ်ကြပါသည်။
မြို့ရွာရပ်ကွက်ရေပေးရေးနှင့် စက်မှုဇုံများ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ရေပေးဝေခြင်းကို ကဏ္ဍတခုစီ လုပ်ဆောင်ပါက ပိုမိုကောင်းမွန် ပြည့်စုံမည် ဖြစ်ပါသည်။ သို့ပါသဖြင့် ပြည်သူလူထု၏ သောက်သုံးရေသုံးစွဲလာနှုန်းသည် မည်ရွေ့ မည်မျှဖြစ်ပြီး၊ အခြားလုပ်ငန်းများ၏ ရေသုံးစွဲမှုပမာဏကိုလည်း ကိန်းဂဏန်းများဖြင့် စနစ်တကျသိရှိရပြီး နိုင်ငံတော်၏ နှစ်ရှည်စီမံကိန်းများ ရေးဆွဲရာတွင် အခြေခံအချက်အလက်အနေနှင့် အသုံးပြု၍ ရရှိမည်ဖြစ်ပေသည်။
ထို့ပြင် စက်မှုဇုံများမှ စွန့်ပစ်ရေဆိုးများကို စနစ်တကျသန့်စင်စေပြီး စွန့်ပစ်ရေကိုလည်း စက်မှုလုပ်ငန်းများတွင် သန့်စင်ပြီး ပြန်လည်အသုံးချနိုင်ပါက ရေဆိုးစွန့်ပစ်မှုကို ထိန်းချုပ်စေခြင်းနှင့်အတူ ရေကို အလေအလွင့် နည်းပါးစေပါမည်။ (စွန့်ပစ်ရေကို သန့်စင်သည့်လုပ်ငန်းများကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံချိန်စံညွန်း၊ မီမမီ သက်ဆိုင်ရာပညာရှင်အဖွဲအစည်း (သို့) ဌာနဆိုင်ရာများက စစ်ဆေးရပါသည်။)
မိုးများသည့်ဒေသများတွင် မိုးရေကို စနစ်တကျ သိုလှောင်သုံးစွဲသည့် အလေ့အကျင့်များ အသုံးပြု သင့်ပါသည်။ (ယ္ခုအခါ တိုးတက်သော အာရှနိုင်ငံတစ်ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံ၏ ကျွန်းတခု တွင် အိမ်တိုင်း၊ အိမ်တိုင်းတွင် တနိုင်တပိုင်၊ မိုးရေကိုလှောင်၍ သောက်သုံးရေအဖြစ် အသုံးပြုနေကြပါပြီး။) မြန်မာနိုင်ငံတွင်လည်း မြစ်ဝကျွန်းပေါ်ဒေသနှင့် ကန်းရိုတန်း ရေငန်ဒေသများတွင် ပြု လုပ်၍ ရရှိနိုင်ပါမည်။ (နိုင်ငံတကါတွင် ပြုလုပ်သည့်နည်းပညာများ လိုအပ်ပါက ကူညီပေးနိုင်ပါသည်။)
ရေအရင်းအမြစ်များ ထုတ်ယူသုံးစွဲခြင်းနှင့် ပတ်သက်၍ ၀န်ဆောင်မှုပြုလုပ်ပေးသူ (ရေထုတ်လုပ်ပေးသူ (သို့) ကန်ထရိုက်တာ)၊ သုံးစွဲသူ (ပြည်သူလူထု(သို့) လုပ်ငန်းရှင်)၊ ၀န်ဆောင်ခွင့်ပြုသူ၊ (အစီုးရ၊ အဖွဲအစည်း၊) တို့အားလုံးနှင့် အကြုံးဝင်သည့်အပြင် လူမှုသဘာဝပတ်ဝန်းကျင်ကိုလည်း ထည့်သွင်းစဉ်းစားထားသော စည်းမျဉ်း စည်းကမ်း နည်းဥပဒေများကို တိုးတက်လာသော ခေတ်စနစ်နှင့်အညီ တတ်သည့် နားလည်သောပညာရှင်များ (ဇလဘူမိဗေဒပညာရှင်၊ ဇလဗေဒပညာရှင်၊ မြိုပြအင်ဂျင်နီယာ၊ ဥပဒေပညာရှင်၊ တွင်းတူးစက်မှုအင်ဂျင်နီယာ) က ဦးဆောင်၍ လက်ရှိဥပဒေများကို အခြေခံပြီး ပြုစုပါက ပိုမိုကောင်းမွန်ပါမည်။
လက်ရှိဥပဒေများထက် ပြည်စုံလုံလောက်သည့် ဥပဒေများ၊ ခေတ်စနစ်နှင့်အညီ ရှိသင့်ပါပြီ ထိုသို့ဥပဒေပြုစုရာတွင် မြေပေါ်ရေနှင့် မြေအောက်ကို ခွဲခြား၍ ဥပဒေများ ပြုစုသင့်ပါသည်။ (စာရေးသူသည် ဆည်မြောင်းဦးစီးဌာနနှင့် ကျေးရွာရေရရှိရေးဌာန (စက်မှုလယ်ယာဦးစီးဌာန) တို့တွင်ဝန်ထမ်းအဖြစ် ဆယ်စုနှစ်၂ ခု ခန့်လုပ်ဆောင်ခဲ့သဖြင့် သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် ပတ်သက် သော စည်းမျဉ်းဥပဒေများကို အတိုင်းအတာတခုထိသိရှိနားလည်ခဲ့ပါသည်၊)
ယ္ခုအခါ တိုးတက်သောနိုင်ငံအများ၏ အစီုးရများသည် နှစ်ရှည်စီမံကိန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်ရေး ၊ စီမံကိန်း ရေးဆွဲစဉ်ကတည်းက လူုနှင့် သဘာဝပတ်ဝန်းကျင်၊ ရေအရင်းအမြစ်များ မပျက်စီးရေးကို အဓိကထား ပုံစံထုတ်၊ ဆောက်လုပ်ကြပါသည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့ရာသီဥတု ဆိုးရွားရာမှုများကို ကြိုတင်တွေးဆ အလုပ်လုပ်ကြသောကြောင့် ဖြစ်ပါသည်။ တိုးတက်သောနိုင်ငံများတွင် ထိုသို့ လုပ်ဆောင်ရာ၌ တတ်သိနားလည်သော ပညာရပ်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ (Geologist, Geo-environmental Engineer, MiningGeologist, Mining Engineer, Hydro-geologist, Geotechnical Engineer, Mining Blasting Specialist, Public health and SanitationEngineer, Environmental engineer, Forest Specialist and etc.) နှင့် ဆွေးနွေးတိုင်ပင်လုပ်ဆောင်ကြပါသည်။ ထိုကဲ့သိုသော ပညာရှင် မြန်မာနိုင်ငံသားများ (အသက် ၅၅ နှစ်ကျော် အထက်)၊ များစွာရှိပါသေးသည်။
အထက်တွင် ညွန်းဆိုခဲ့သည့်အတိုင်း မြန်မာနိုင်ငံ၏ လက်ရှိသောက်သုံးရေရရှိမှု၊ သုံးစွဲမှုနှင့် ရာသီဥတု၊ မိုးလေ၀သတို့ကို အခြေခံ၍ နောင်အနှစ် ၃၀ – ၅၀ စသည်ဖြင့် နှစ်ရှည်နိုင်ငံတော်စီမံကိန်းများကို တတ်ကျွမ်း နားလည်သည့် ပညာရှင်များ ဦဆောင်မှုဖြင့် ရေးဆွဲအကောင်အထည် ဖေါ်သင့်ပါသည်။ သို့မှသာ ကမ္ဘာ့ရာသီဥတု ပြောင်းလွဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးအန္တရာယ်များ ကျရောက်သော်လည်း ပြည်သူလူထုအတွက် သောက်သုံးရေ၊ စက်ရုံအလုပ်ရုံသုံးရေ၊ စိုက်ပျိုးရေများ စနစ်တကျ တည်ရှိနေပေသည်။
(Source::USGS; Water Resources , Burma Resources(Wikipedia) Free Encyclopedia; water Static Myanmar (SEASIA 2011)