Saturday 26 October 2013







Posted: 20 Oct 2013 11:46 PM PDT
"ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင်"
ကျွန်တော်သည် စာရေးဆရာ တစ်ဦးမဟုတ် လွန်ခဲ့ပြီးသော အချိန်ကာလများတုန်းက ရုပ်ရှင်သရုပ်ဆောင် ဘဝဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန်တွင် ကျွန်တော်၏သမီးငယ် မြင့်မိုရ်ဦး လူ့လောကထဲ သို့ရောက်ရှိသည့် (၂) ရက်မြောက်နေ့တွင် နိုင်ငံတော်၏ တပ်မတော်နေ့ ဇာတ်ကားအဖြစ် ထိုအချိန်က အနက် ရောင်နယ်မြေဟု သတ်မှတ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ လုံးခင်း ဒေသများသို့ ရုပ်မြင်သံကြား သွားရောက် ရိုက်ကူးရန်အတွက် ဖြစ်ပေါ်လာသည်။ အနုပညာသမားတစ်ယောက် မငြိမ်းချမ်းသော ပြည်နယ် တစ်ခုတွင် လက်နက်ဆွဲကိုင်ကာ ကျည်ဆံ၊ ဗုံးဆံများကြားထဲ၌ ရုန်ကန်လှုပ်ရှားပေးဆပ်ခဲ့ရသည်။ အချိန်ကာလ အားဖြင့် တစ်လနီးပါးကြာခဲ့သည်။ ရိုက်ကူးရေးပြီးဆုံးသွား၍ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသော အချိန်တွင် ကျွန်တော်သည် တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို စိတ်ကြမ်း၊ လူကြမ်း၊ စရိုက်ကြမ်းများ ဖြစ်ပေါ်ခဲ့ရသည်။ ကျွန်တော့်၏ နေအိမ်အတွင်းသို့ ပြန်လည်ရောက်ရှိသောအခါ ပုခက်ငယ်အတွင်း၌ ကျွန်တော်၏ ချစ်စရာသမီးငယ်လေးအား မြင်တွေ့ မိသောအခါတွင် ကျွန်တော်၏ စိတ်ရိုင်း စရိုက်ကြမ်းများ လျော့ပါးသွားမှုကို ပေါ့ပါးစွာဖြင့် ခံစားမိတော့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော်စာရေးချင်စိတ် ပေါ်ပေါက်လာ ခဲ့တော့သည်။ ထိုစဉ်အခါက ကျွန်တော်ရေးသားလိုက်သော ဆောင်းပါးအား ယခင်က ရုပ်ရှင်အမြုတေ ဟုခေါ်သော ယခု ရွှေအမြုတေ ရုပ်ရှင်မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ ထည့်သွင်းဖော်ပြခြင်းကို ခံခဲ့ရသည်။ ဆောင်းပါးအမည်ကား "လက်ရဲဇက်ရဲနဲ့ ပုခက်လွှဲတဲ့လက်" ဟု၍ဖြစ်တော့သည်။ ထိုစဉ်အခါက ကျွန်တော်ရေးသား ဖြစ်ခဲ့သော ဆောင်းပါးများအား တတ်သိနားလည်သော စာရေးဆရာ ကြီးများအား ပြသအကူအညီတောင်း၍ တည်းဖြတ်မှုများ ပြင်ဆင်မှုများပြုလုပ် ပေးစေခဲ့သည်။

ယခုပရဟိတ လူမှုရေးသမားအဖြစ် ရောက်ရှိခဲ့သောအချိန်တွင် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝ ဘေး၊ စစ်ဘေး စသည့် လူမှုလိုအပ်ချက်များအား ကူညီဖေးမလုပ်ကိုင်ရန် ကျွန်တော်၏ စိတ်တို့သည် ပြည်သူ/ သားတို့နှင့် ထပ်တူထပ်မျှခံစားခဲ့ရတော့သည်။ ထိုခံစားချက်များအား စာမျက်နှာပေါ်တွင် ရေးချခဲ့ကာ ကျွန်တော်၏ Facebook ပေါ်တွင်တင်ပြခဲ့သည်။ ပရဟိတ လူမှုရေးသမားစာပေများအား ကျွန်တော်တို့နှင့်အတူ လက်တွဲ၍ ပရဟိတလုပ်ငန်းများအား လုပ်ကိုင်ပေးနေသူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အား ပြသ၍ တည်းဖြတ် အကြံပေးမှုများအား ရယူခဲ့ရပြန်သည်။

၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းနောက်ပိုင်း ကျွန်တော်အနုပညာ လုပ်ငန်းများ လုပ်ခြင်းများကို ပိတ်ပင်တားစီးခံခဲ့ရတော့သည်။ ရုပ်ရှင်ပိတ်ကားတွင်သာမက စာမျက်နှာများ (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဗီနိုင်းကားချပ်)တို့ပေါ်တွင် ကျော်သူဓါတ်ပုံမသုံးရ၊ ကျော်သူ့ပန်ချီးမပြရ၊ ကျော်သူ့ ဆောင်းပါးမသုံးရ ကျော်သူ ဟူသော နာမည်ပါ တင်ပြခွင့်မရှိခဲ့။ ကျွန်တော်၏ ဆရာကြီးဖြစ်သူ ဆရာမင်းသိင်္ခ ကွယ်လွန်စဉ်က ဝမ်းနည်းဆုံးရှုံး မှုဖြစ်ရကြောင်းနှင့် ကျွန်တော်၏သမီး မင်္ဂလာပွဲအခမ်းအနား ကြေငြာခြင်းတို့ ဖြစ်သော (နာရေး၊ သာရေး) ကိစ္စရပ်များကိုပင် (ကျော်သူ)ဟူသော အမည်ပါ၍ သတင်းစာထဲတွင် ကြေငြာထည့်ခွင့်ပင်မရခဲ့ချေ။ ထို့ကြောင့် ကျွန်တော်သည် လူသားအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ရင်း တွေ့ကြုံခံစားခဲ့ရသော အဖြစ်အပျက်များ ခံစားချက်များအား ကျွန်တော်၏ Facebook ပေါ်တွင် လွတ်လပ်စွာ ရေးသားရင်ဖွင့်ခြင်းကို တစ်ကိုယ်တော် ပြုလုပ်ခဲ့တော့သည်။

ကျွန်တော်၏ ခံစားမှုဆောင်းပါးများ၊ ကဗျာများအား ဖတ်ရှုမိသူ၊ သတိပြုမိသူ၊ စုဆောင်းထားခဲ့သူ ပညာရှင်တစ်ဦးပေါ်ပေါက်လာခဲ့သည်။ ထိုသူသည် ပြည်ပနိုင်ငံတွင် နိုင်ငံတကာဆက်ဆံရေးဘွဲ့ကို ဆွတ်ခူးခဲ့သူ အလင်းဆက် (IR) ပင်ဖြစ်တော့သည်။ အလင်းဆက် (IR)သည် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသောအခါ ကျွန်တော်နှင့် တွေ့ဆုံ ရင်းနှီးခဲ့ပြီး ကျွန်တော်၏ ဆောင်းပါးများအား စာအုပ်ထုတ်ဝေရန် တိုက်တွန်းခဲ့သည်။ သူ၏ တိုက်တွန်းမှုနှင့်အတူ ထုတ်ဝေသူ ဦးအောင်သူ (မန္တလေးမြို့ ထွန်းဦးစာပေတိုက်၊ ပဉ္စဂံစာပေတိုက်ပိုင်ရှင်)အား ကျွန်တော့်ဆီ အရောက် ခေါ်လာခဲ့တော့သည်။ ထိုထိုသော အကြောင်းအရပ်များ ပေါင်းစည်းပြီးသကာလ ကျွန်တော်၏ "ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်" ဟူသော စာအုပ်ထွက်ပေါ်လာခဲ့တော့သည်။ ထိုသို့ ကျွန်တော်၏ လူ့သက်တမ်းတွင် မှတ်တိုင် တစ်တိုင်အဖြစ် ထပ်မံစိုက်ထူပေးခဲ့သော အလင်းဆက် (IR)၊ စာရေးဆရာ ဟိန်းလတ်၊ ဦးထွန်းဦး၊ ဦးအောင်သူ (ထွန်းဦး စာပေ တိုက်၊ ပဉ္စဂံ စာပေတိုက်)နှင့် ကျွန်တော်၏ ခံစားချက်စကားလုံးများအား ကွန်ပျူတာ စာရိုက်ကူညီပေးခဲ့သော ကျော်ဟိန်း (FFSS)၊ ဇော်စိုင်း (FFSS)၊ ဝံသ (FFSS)၊ ဇူးဇူး (FFSS)နှင့် လိုအပ်သော အချက်အလက်များအား ရှာဖွေစုဆောင်းပေးခဲ့သော ဇာနည်ထက် (FFSS)၊ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးပေးခဲ့သော ရောဘတ်အောင် (FFSS) တို့အပြင် အမှာစာ ရေးသားကူညီပေးခဲ့သော ဘဘဦးဝင်းတင်၊ ဘကြီးမိုး (ဦးမိုးသူ)၊ ဦးဝင်းငြိမ်း (အလင်းတန်း၊ ရွှေအမြုတေ အယ်ဒီတာချုပ်)တို့အား၎င်း မျက်နှာဖုံးပန်းချီဖန်တီးပေးခဲ့သော ပန်းချီဆရာ ဦးတင်ထွန်း၊ အတွင်းပန်းချီများအား ဖန်တီးရေးဆွဲပေးခဲ့သော ပန်းချီဆရာ မင်းကျော်ခိုင်(USA-NY)၊ မမွှေး၊ ပန်းချီ လင်းဝဏ္ဏ၊ ကာတွန်း မောင်မောင်အောင်တို့နှင့် ဇာတ်ညွှန်း လွင်မင်းအံ့တို့အားလည်း ကျွန်တော်၏ နှလုံးသားထက်မှ ကျေးဇူး တင်မိပါတော့သည်။ ထုတ်ဝေသူ ဦးအောင်သူ (မန္တလေးမြို့ ထွန်းဦးစာပေတိုက်၊ ပဉ္စဂံစာပေတိုက်ပိုင်ရှင်)၏ အကြံပြုချက်အရ ကျွန်တော်၏မွေးနေ့ဖြစ်သော နိုဝင်ဘာလ (၂)ရက်နေ့ မတိုင်မီ မွေးနေ့အကြိုအဖြစ် နိုဝင်ဘာ (၁)ရက်နေ့အား စာအုပ်ထုတ်ဝေရန် ဆုံးဖြတ်ခဲ့ကြတော့သည်။

ကျွန်တော်၏ "ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်" ဟူသော ခေါင်းစီးနှင့်ပတ်သတ်၍ ကျွန်တော်ရှင်းလင်း ထားချက်အားလည်း ယင်းစာအုပ်တွင်ပါရှိသည်။ "ဖြစ်ချင်တယ်" နှင့် "ဖြစ်ခဲ့ရင်"တို့သည် အဓိပ္ပါယ်ချင်း ကွာခြားမှု ရှိသည်ကို သတိထားစေချင်တော့သည်။ ကျွန်တော်သည် အများပြည်သူလူထု မြန်မာပြည်သူ/သားများအတွက် စွန့်လွှတ်အနစ်နာခံမှုများစွာဖြင့် ပေးဆပ်နေရသော၊ မြန်မာပြည်ကြီးအား ကျေးဇူးဆပ်နေသော သူတစ်ယောက် ဖြစ်သည်နှင့်အညီ မြန်မာပြည်သူလူထုတို့၏ ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ၊ လူမှုဒုက္ခပေါင်းများစွာတို့ သည် ကျွန်တော့်နှလုံးသားထဲ ထပ်တူထပ်မျှ ခံစားလာခဲ့ရသည်။

"ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်" စာအုပ်သည်ကား "ပြည်သူ့အသံ … ကျော်သူ့အသံ" "ကျော်သူ့အသံ … ပြည်သူ့အသံ" ဖြစ်တော့သည်။ ထိုထိုသော အကြောင်းများကြောင့် "ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်"စာအုပ်၏ အမည်မှာ "ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင်" ဟူ၍ ဖြစ်သင့်တော့သည်။
ကျော်သူ
Posted: 20 Oct 2013 03:59 PM PDT
ယခုလအတွင်း မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များတွင် ဗုံးဖောက်ခွဲသူများမှာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပြည်လည်တည်ငြိမ်စ ပြုနေပြီ ဖြစ်သော ဘာသာရေး ပဋိပက္ခများကို ပြန်လည်ဖြစ်ပွားစေရန် နိုင်ငံရေးရည်ရွယ်ချက် ရှိရှိလုပ်ဆောင် ခြင်း များသာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မှဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ဖြစ်သော နိုင်ငံခြားရင်းနှီး မြှပ်နှံများကိုထိခိုက်စေရန် ရည်ရွယ်ပြီးလုပ်ဆောင်သည်ဟူသော အချက်ကိုမူ ၄င်းအနေဖြင့် ယုံကြည်မှု မရှိကြောင်း ယခုလ ၂၀ရက်တွင် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။
" ကားနဲ့လိုက်ပို့ပေးသူတွေရဲ့ ပြောပြချက်အရ သူ့ရဲ့အမူအယာနဲ့ လှုပ်ရှားမှုက သာသနိက အဆောက် အအုံတွေကို ပစ်မှတ်ထားပြီး ဆောင်ရွက်တယ်။ရွှေတိဂုံဘုရားကိုလည်း ခိုင်းထားတဲ့ကောင်လေးက မလုပ်ရဲလို့ လုပ်ရဲလို့ရှိရင် ဒါ့ထက်ပို ပြသာနာကြီးမယ်။ ဗုဒ္ဓဘာသာ အထွတ်အမြတ်ထားတဲ့ နေရာတွေကို သူတို့က ပစ်မှတ်ထားပြီးလုပ်တယ်။ တကယ်လို့ အောင်မြင်သွားလို့ ရှိရင်လည်း ကျွန်တော်တို့ ဗုဒ္ဓဘာသာနဲ့ အခြားဘာသာတွေရဲ့ ပဋိပက္ခကို ပိုကြီးအောင်လုပ်တယ်လို့ ထင်တယ်။ စီးပွားရေး ရင်းနှီးမြှပ်နှံမှု ထိခိုက်အောင် လုပ်တယ်ဆိုတာ အပေါ်ယံပြထားတဲ့ ကိစ္စလို့ပဲ ကျွန်တော်တို့က သုံးသပ်တယ်" ဟု ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

ဗုံးပေါက်ကွဲမှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူများသည် ဗုဒ္ဓဘာသာ၏ အထင်ကရဖြစ်သော ပုဂံရှေးဟောင်း နယ်မြေရှိ တန်ခိုးကြီး အာနန္ဒာဘုရားသို့ သွားရောက်လေ့လာ ကြည်ရူ့ခဲ့ခြင်းများရှိပြီး ရန်ကုန်မြို့ ရှိရွှေတိဂုံစေတီတော်မြတ်ကြီး၌ လည်းအစ္စလမ် ဘာသာဝင်တို့၏ ဘတ်ကရီအစ် နေ့တွင် ဗုံးဖောက်ခွဲရန် ကြံစည်မှုရှိခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုများ ကြောင့်ဖမ်းဆီးခံထားရသူ စောမြင့်လွင် နှင့်သွားရောက်တွေ့ဆုံမေးမြန်းခဲ့သူ KNU ဗဟို မှဖဒိုမန်းငြိမ်းမောင်က ရှင်းပြသည်။

"ကားမောင်းပို့ပေးခဲ့တဲ့ ပုဂ္ဂိုလ်တယောက်က သူလိုက်ပို့ခဲ့တဲ့ ပုဂ္ဂိုလ်တွေက ပုဂံကိုနှစ်ခေါက် ရောက်တယ်။သွားတဲ့သူက ဗုဒ္ဓဘာသာဝင်မဟုတ်ဘူး။ သာသန နယ်မြေပုဂံဆိုတာက ခင်ဗျားတို့ သိတဲ့အတိုင်းပဲ နိုင်ငံခြားသားတွေ သွားတယ်။ သူလေ့လာတာက အာနန္ဒာဘုရားကို အချိန်တစ်နာရီ ကြာအောင်လေ့လာတယ်။ အာနန္ဒာ ဘုရားဆိုတာ ခင်ဗျားတို့ သိတဲ့အတိုင်းပဲလှိုဏ် ဘုရားဖြစ်တယ်။ မကောင်းတဲ့ အကြံအစည်နဲ့ လုပ်မယ်ဆိုရင် အများကြီးအခွင့် အရေးရှိတယ်" ဟု ၄င်းက ဆက်လက်ပြောသည်။

ယခု ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ လုပ်ဆောင်သူများသည် KNU အောက်ခြေရှိသူများ၏ စိတ်ခံစားချက်အပေါ် ရှေ့တန်းတင်ကာ လုပ်ဆောင်ခဲ့သော ဖြစ်စဉ်များသာ ဖြစ်ပြီး KNU ၏သဘောထား မဟုတ်ကြောင်း KNU ဗဟိုကဆိုသည်။

မြန်မာပို့စ်ဂလိုဘယ်
Posted: 20 Oct 2013 03:43 PM PDT
ရခိုင့်သဘာဝသယံဇာတများ တူးဖော်ထုတ်လုပ်ရောင်းချနေခြင်းအပေါ်ရခိုင်ပြည်နယ်ရှိလူထုအခြေပြုအဖွဲ့စည်းများ၏ သဘောထားထုတ်ပြန်ကြေငြာချက်

နေ့စွဲ။ ။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်။

သဘာဝသယံဇာတများ ကိုယ်ပိုင်စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို "ပြည်သူ့သယံဇာတအဖွဲ့"မှ ဦးဆောင်ပြီး ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်မှ (၁၆) ရက်အထိ မြောက်ဦးမြို့၊ မြောက်ဦးဟိုတယ် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ် (၁၇) မြို့နယ်မှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်းများနှင့် ရခိုင့်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၅) ဦးတက်ရောက်ခဲ့ကြပြီး မိမိတို့ ရခိုင်ပြည်နယ်မှထွက်ရှိသည့် သဘာဝသယံဇာတများအား ကိုယ်ပိုင်စီမံခန့်ခွဲရေးဆိုင်ရာနှင့် အကျိုးခံစားခွင့်ရရှိရေး များကို ဘက်ပေါင်းစုံမှ ခြုံငုံသုံးသပ် ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် ယခင်အစိုးရအဆက်ဆက်နှင့် ဦးသိန်းစိန်အစိုးရ လက်ထက်တိုင်အောင် အကောင် အထည်ဖေါ်ဆောင်ရွက်လျှက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေးအမည်ခံစီမံကိန်းများမှ ရခိုင်ပြည်သူများ၏ လူမှုစီးပွား အပေါ် အကျိုးသက်ရောက်မှုများနှင့် နစ်နာဆုံးရှုံးမှုများအပါအ၀င် ရခိုင့်တောတောင်သဘာဝများနှင့် ဂေဟစနစ်များ ထိခိုက်ပျက်စီးလာမှုများကိုလည်း သုံးသပ်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပြီး နိုင်ငံခြားဝင်ငွေ များကို နိုင်ငံတော်အတွက် အများဆုံးရှာပေးနေသည့် ပြည်နယ်တစ်ခုဖြစ်သည်။ သို့သော်လည်း ရခိုင်ပြည်နယ် သည် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးပြည်နယ်တခုဖြစ်ပြီး ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်နေသည်မှာ ရခိုင်ပြည်သူ တရပ်လုံးအတွက် ၀မ်းနည်းစရာအဖြစ် မြင်တွေ့နေရသည်။ လက်ရှိအချိန်တွင်လည်း ရခိုင်ပြည်သူထုဆန္ဒမပါရှိဘဲ ရခိုင်ပြည်မှထွက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ကို တရုတ်ပြည်သို့ ထုတ်ယူတင်ပို့ရောင်းချထားပြီး၊ အထူးစီးပွားရေး ဇုန်စီမံကိန်းများ၊ သတ္တုတူးဖော်ထုတ်လုပ်ခြင်း စီမံကိန်းများနှင့် ရေအားလျှပ်စစ်စီမံကိန်းများကို ရခိုင်ပြည်တစ်ဝန်း တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပေသည်။

သို့သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်တပြည်လုံးအတိုင်းအတာအရ ရန်ကုန်မြို့နှင့်တူညီသော ဈေးနှုန်းဖြင့် (၂၄)နာရီ လျှပ်စစ်မီးရရှိရေးအပါအ၀င် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် ဒေသတခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအချိန်ထိ ထိရောက်သော လုပ်ဆောင်ပေးမှုများ မရှိသေးပေ။

ထို့ကြောင့် မြောက်ဦးမြို့တွင်ပြုလုပ်ခဲ့သော သဘာဝသယံဇာတများ ကိုယ်ပိုင်စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲသို့ ရခိုင်ပြည်နယ်(၁၇)မြို့နယ်၏ အဖွဲ့အစည်းအသီးသီးမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ အောက်ဖော်ပြပါ အချက်များကို တညီတညွတ်တည်း တောင်းဆိုလိုက်သည်။


ရွှေသဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ ရခိုင်ပြည်နယ်ရှိ ကျေးလက်နှင့် မြို့ပြများတွင် ရန်ကုန်မြို့နှင့်တူညီသော ဈေးနှုန်းဖြင့် လျှပ်စစ်ဓါတ်အား ၂၄နာရီ သုံးစွဲခွင့်ပြုရန်နှင့် စီမံကိန်းမှရရှိသောအကျိုးအမြတ်များကို ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲရန်။

ရခိုင်ပြည်သဘာဝသယံဇာတစီမံကိန်းများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရှိဒေသခံပြည်သူများမှ ကိုယ်ပိုင် စီမံခန့်ခွဲပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခိုင်အမာထည့်သွင်းပြဌါန်းရန်။

ရခိုင်ပြည်နယ်အတွင်း ပြည်သူ့ဆန္ဒမပါဘဲ လျာထားလုပ်ကိုင်ဆောင်ရွက်နေသော အောက်ဖော်ပြပါ စီမံကိန်းများကို အမြန်ဆုံးရပ်တန့်ပေးရန်။

လေးမြို့ရေအားလျှပ်စစ်စီမံကိန်း (မြောက်ဦးမြို့နယ်)၊ ကုလားတန်မြစ်ကြောင်းစီမံကိန်း၊ တိုက်တေနီယမ်ထုတ်လုပ်မှုစီမံကိန်း(မောင်တောမြို့နယ်)၊ နေပူတောင်စီမံကိန်း (တောင်ကုတ်မြို့ နယ်)၊ အထူးစီးပွါးရေးဇုန်စီမံကိန်းနှင့် မြဒေးကျွန်းရေနက်ဆိပ်ကမ်းစီမံကိန်းများ (ကျောက်ဖြူမြို့ နယ်)၊ ဟိုတယ်ဇုန်နှင့် စိုက်ပျိုးမွေးမြူရေးစီမံကိန်း (မာန်အောင်မြို့နယ်)၊ သူဌေးချောင်း ရေအား လျှပ်စစ်စီမံကိန်း (သံတွဲမြို့နယ်)၊ အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်း(အမ်းမြို့နယ်)၊ ကျောက်ဖြူ- ကူမင်းရထားလမ်း၊ မြဒေးကျွန်းရေနက်ဆိပ်ကမ်း စီမံကိန်းများဖြစ်သည်။

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်မဖေါ်ဆောင်နိုင်သေးသရွေ့ သဘာဝသယံဇာတများ ထုတ်ယူ သုံးစွဲမည့် စီမံကိန်းများကို လုံးဝဆိုင်းငံ့ထားရန်။
တပ်မတော်၊ စီးပွါးရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီအချို့မှ ဒေသခံပြည်သူများ၏ လယ်ယာမြေများ သိမ်းဆည်းထားမှုများကို အမြန်ဆုံးပြန်ပေးရန်။

လုပ်ဆောင်မည့် စီမံကိန်းများအတွက် စစ်မှန်သော FPIC, UNDRIP, SIA, EIA, HIA ရယူရန်နှင့် ၄င်းတို့ကို မဖြစ်မနေလုပ်ဆောင်ရမည့် ဥပဒေတစ်ရပ်ကို တရားဝင်ပြဌါန်းပေးရန်။

သဘာဝသယံဇာတထုတ်ယူသုံးစွဲခြင်း စီမံကိန်းများနှင့်ပတ်သက်၍ တက်ကြွလှုပ်ရှားမှုကြောင့် ဒေသအသီး သီးမှ ထိန်းသိမ်းအကျဉ်းချခံနေရသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်။

ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာအဆောက်အဦး အမွေအနှစ်နယ်မြေများကို UNESCO ၏ စံနူန်းများနှင့်အညီ ထိန်းသိမ်းဖော်ထုတ်ကာကွယ်ပေးရန်။

၂၀၁၂ခုနှစ် မေလ ၂၇-ရက်မှ ၂၉-ရက်ထိ ရသေ့တောင်မြို့တွင် ကျင်းပခဲ့သော ရခိုင်ပြည်လုံးဆိုင်ရာ လူထုအစည်းအဝေးမှ တောင်းဆိုချက်များ၊ ကန့်ကွက်ချက်များ၊ အကြံပြုချက်များ၊ တောင်ကုတ် ရခိုင်လူမှုကွန်ယက်မှ သဘောထားထုတ်ပြန်ချက်များ၊ ၂၀၁၂ နိုဝင်ဘာလတွင်ပြုလုပ်သော ရခိုင်လူငယ် Forum မှ သဘောထားထုတ်ပြန်ချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်။

ဆက်သွယ်ရန်
ဒေါ်အေးနုစိန် (စစ်တွေ) - ဖုန်း - 094 200 31 358
ဦးဖေကြွယ် (သံတွဲ) - ဖုန်း - 094 201 95 806
ဦးမျိုးထွန်း (ပြည်သူ့သယံဇာတ) - ဖုန်း - 094 250 18154
ဦးအောင်သောင်းရွှေ (မောင်တော) - ဖုန်း - 092 502 36 720
ဦးထွန်းနေ၀င်း (မြောက်ဦး) - ဖုန်း - 094 211 72 405
မောင်ထွန်းကြည် (ကျောက်ဖြူ) - ဖုန်း - 092 502 38 839

You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com







Posted: 21 Oct 2013 10:08 AM PDT
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ Sakharov Prizeဆု ရယူခြင်းအခမ်းအနား (LIVE) ကို မနက်ဖြန်ဒီနေရာမှာတိုက်ရိုက် စောင့်မျှော်ကြည့်ရူနိုင်ပါတယ်..
http://audiovisual.europarl.europa.eu/Assetdetail.aspx?id=3a1624a3-2904-4fde-a468-a20d00ada0b3

http://www.europarl.europa.eu/ep-live/en/other-events/video?event=20131022-1230-SPECIAL



Posted: 21 Oct 2013 09:07 AM PDT
(Bernama News မှ 18 Oct 2013 ရက်စွဲပါ "Japan to help Myanmar build schools" သတင်းကို ဘာသာပြန် ဆိုသည်။)

မြန်မာနိုင်ငံတိုင်းဒေသကြီး နှစ်ခုနှင့် ပြည်နယ်တစ်ခုတွင် အခြေခံပညာစာသင်ကျောင်း ၈ ကျောင်း ထပ်မံ တည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံက အကူငွေ အမေရိကန်ဒေါ်လာ ၄၇၀,၇၉၉ ကူညီထောက်ပံ့ မည်ဟု မြန်မာသတင်းကို ကိုးကား၍ တရုတ် Xinhua သတင်းဌာနက ထုတ်ပြန်သည်။

အဆိုပါ အောက်ခြေပညာရေးစီမံကိန်းကို ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၊ ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာတစ်ရွာနှင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ကျေးရွာငါးရွာ တို့တွင် အကောင်အထည်ဖော်သွားမည်ဟု သိရှိရသည်။

၎င်းစီမံကိန်းသည် ကျောင်းသား ၂၈၆၈ ခန့်အတွက် ပညာသင်ကြားရန် ပိုမိုကောင်းမွန်သော နေရာထိုင်ခင်း နှင့် သန့်ရှင်းရေးစနစ်များ ကိုဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ရသည်။

ပြီးခဲ့သည့် သြဂုတ်လကလည်း ဂျပန် Nippon Foundation နှင့် Bridge Asia Japan တို့က ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် စာသင်ကျောင်းများ တည်ဆောင်ရန် အကူအညီပေးမည်ဟု ကတိပြုခဲ့ကြသည်။

မြန်မာအာဏာပိုင်များနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှု အရ Nippon Foundation က စာသင်ကျောင်းများ တည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၅ သန်း နှင့် Bridge Asia Japan က ရခိုင် ပြည်နယ်တွင် ကျောင်းများ ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၆ သန်း အသီးသီး ကူညီရန် ကတိပြုခဲ့ကြ သည်ဟု သိရှိရသည်။

အောက်ဆုံး အဆင့်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ကို အမြစ်လှန် ပြောင်းလဲပစ်ရန် အရေးပေါ် လိုအပ်နေကြောင်း သတိပေး ခေါင်းလောင်းသံများ ထွက်ပေါ်နေသော်လည်း မြန်မာအာဏာပိုင်များ သွေးအေး နှေးကွေးနေခြင်းကို နားမလည်နိုင်အောင် ဖြစ်မိသည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက သံသယ မှတ်ချက်ပေးထားကြသည်။

Yangon chronicle
Posted: 21 Oct 2013 08:34 AM PDT
ရှေးစကားပုံတစ်ခုကို ကြားဖူးသည်။ "ကြွေးတင်ဘုရင်ဆပ် လိမ့်မည်"တဲ့။ ဟုတ်မဟုတ်တော့မသိ အလွန်နားထောင်ကောင်းလွန်းသော စကားပုံဖြစ်သည်။ အကြွေးရလျှင် ဆင်တောင်ဝယ်စီးချင်သော မြန်မာလူမျိုးများနှင့် အလွန်လိုက်ဖက်သော စကားပုံကလေးဖြစ်သည်။ ကျွန်တော်၏အစ်မကြီး ဒေါ်မာလာဝေသည် အကြွေးယူရတာကို အလွန် ဝါသနာပါသည်။ ဘာပစ္စည်းပဲဖြစ်ဖြစ် အကြွေးလာရောင်းလျှင် ငြင်းသည်မရှိ ဝယ်ယူလေ့ရှိသည်။ အကြွေးသာရပါက ဘာ မဆိုဝယ်သည်။ ကျွန်တော်တို့က ဘယ်ကပိုက်ဆံနှင့် အကြွေးကို ပြန်ဆပ်မည် နည်းဟုမေးတော့ "ဒါလေးများ လွယ်ပါတယ် ကြွေးတင်ဘုရင်ဆပ်မှာပေါ့" ဟု အဖြေပေးလေ့ရှိသည်။ ကျွန်တော်သည် ငယ်သေးသည်ဖြစ်ရာ တိုင်းသူပြည်သားများ အကြွေးတင်ပါက တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသော ရှင်ဘုရင်ကြီးက ပြည်သူတွေကိုယ်စား အကြွေးတွေကို ဝင်၍ဆပ်ပေးလိမ့်မည်ဟု တကယ်ပင် ယုံကြည်ခဲ့သည်။ ဒါကြောင့် မာလာဝေက ကြွေးတင် ဘုရင်ဆပ်လိမ့်မည်ဟု ပြောခြင်းဖြစ်နိုင်သည်ဟု ကလေးအတွေး တွေးခဲ့ဖူးပါသည်။

ဟိုးရှေးပဒေသရာဇ်ခေတ်က တိုင်းသူပြည်သားများ အကြွေးမဆပ်နိုင်လျှင် ရှင်ဘုရင်ကြီးက ဝင်ကူဆပ်ပေးရသော ဓလေ့မြန်မာနိုင်ငံမှာ ထွန်းကားခဲ့သလားတော့ သေသေချာချာမသိပါ။
ကလေးဘဝက ကြည်နူးမှုကလေးသည် ကြီးပြင်းလာသောအခါ တဖြည်းဖြည်းနှင့် ဖြစ်ရပ်မှန်နှင့်ကွာခြားနေကြောင်း သိရပေပြီ။ ကျွန်တော်တို့ အာရုံကိုပို၍ ကိုင်လှုပ်လိုက်သော ဖြစ်ရပ်မှာ ၂၄-၁၀-၂၀၁၂ နေ့က ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်အစည်းဝေးမှ အမေးအဖြေများကို ကြားရ၍ ဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံခြားတိုင်းပြည်များ သို့ပေးဆပ်စရာကြွေးမြီ စုစုပေါင်း မည်ရွေ့မည်မျှရှိသည်ကို ဖြေကြားပေးပါရန် မင်းလှမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးမောင်တိုး၏ မေးမြန်းချက်ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိန်းက ဖြေကြားရာ၌ မြန်မာနိုင်ငံက ပေးဆပ်ရန်တင်ရှိနေသော နိုင်ငံခြားကြွေးမြီ(အတိုး၊အရင်းပေါင်း)မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း တစ်သောင်း ငါးထောင်ကျော်(USD 15089.434 million) ရှိသည်ဟု ဖြေကြားသွားပါသည်။ တဖန်ပြည်တွင်း ကြွေးမြီကျပ်သန်းပေါင်း ကိုးသန်းကိုးသိန်းကျော်(သန်းပေါင်း ၉၉၈၈၈၅၇ ကျပ်) တင်ရှိနေကြောင်း တရားဝင်ထုတ်ဖော်ပြောကြားသွားပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ပြည်သူလူထုမှာ ဟိုက်ခနဲ ဖြစ်သွားပါသည်။

ကျွန်တော်တို့တိုင်းပြည်သည် ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး (တည့်တည့်ပြောရလျှင် ကမ္ဘာ့အဆင်းရဲဆုံး) နိုင်ငံစာရင်းထဲမှာ ပါနေတာတော့ သိသည်။ သို့သော် အစိုးရအဆက်ဆက်က တစ်ခါမှယခုလို တိတိကျကျ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိ၍ ကိုယ့်နိုင်ငံက အကြွေးတွေကို သေသေချာချာ သိလိုက်ရသောအခါ ပက်လက်လန်သွားပါသည်။ နိုင်ငံခြားကြွေးမြီ ဒေါ်လာ ၁၅ ဘီလျံအနက် အများစုဖြစ်သော ၈ ဒသမ ၄ ဘီလျံဒေါ်လာမှာ ဦးနေဝင်း အစိုးရလက်ထက် ၁၉၆၂ နှင့် ၁၉၈၈ ခုနှစ်ကြားတွင် ချေးယူထားခဲ့သည် ဆိုသည်။ ကျန်ချေးငွေများမှာ ၁၉၈၈ နောက်ပိုင်း တက်လာသော အစိုးရလက်ထက်က ချေးငွေများဖြစ်သည်။ အကြွေး ထုံးစံအရ အရင်း မဆပ်နိုင်သောအခါ အတိုးပါ ထပ်ပေါင်းလျက် ဤမျှအထိ များပြားလာခဲ့ခြင်းဖြစ်ဟန်တူသည်။

နိုင်ငံတော်ကို အလွန်ချစ်ပါသည်ဟု တဖွဖွပြောကာ အာဏာသိမ်းယူခဲ့သော အာဏာရှင်ကြီးများသည် သူတို့အုပ်ချုပ်စဉ်က တိုင်းပြည်၏ ဘဏ္ဍာရေးရှင်းတမ်းကို အမြဲလျှို့ဝှက်ထားခဲ့ပြီး ဆင်းသွားသောအခါမှ တိုင်းပြည်က ဤရွေ့ဤမျှပေးဖို့ရှိပါသည်ဆိုခြင်းမှာ ဘုန်းကြီးအမှုရွာပတ် ဆိုသကဲ့သို့ ဘုန်းကြီးတစ်ပါးရှုပ်ထားခဲ့သော ကိစ္စမှာ သူလူထွက်သွားကမှ ရွာသားများက စိုက်၍လျော်ရမည့် ကိန်းဆိုက်နေပေသည်။ သူတို့ အုပ်ချုပ်ခဲ့စဉ် ကာလတစ်လျှောက် တစ်ခါဖူးမျှ တိုင်းသူပြည်သားများကို လူရာသွင်း၍ ရှင်းမပြခဲ့သော ချေးငွေများမှာ ဘယ်ကရ၍ ဘယ်လိုကုန်သွားမှန်းလဲ မသိရပေ။ ကုန်ငွေ(သုံးငွေ)ကို မသိရသော်လည်း ရငွေ(ချေးငွေ) များ ဘယ်သူ့ထံမှ ဘယ်လောက်ကို ဘယ်လိုရရှိခဲ့သလဲဆိုတာတော့ (အစိုးရက မကြေညာ၍ အသေးစိတ်မသိရသည့်တိုင်) အောက်ပါအတိုင်း အကြမ်းဖျင်းပေါ်လာပေသည်။ စာရင်းတွင် အကြောင်းပြထားခဲ့သော ခေါင်းစဉ်များအတိုင်း တကယ်သုံး မသုံး ကတော့စဉ်းစားစရာပင်။

ဤစာရင်းမှာ ၁၉၅၀ မှ ၁၉၈၈ ခုနှစ်အထိ စာရင်း(အကြမ်း)မျှသာရှိ၍ မည်မျှ မှန်ကန်မှုရှိသလဲဆိုတာ ကာယကံရှင်များပင် သိပေလိမ့်မည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အာဏာသိမ်းသော ၁၉၈၈ မှစကာ သမ္မတကြီး ဦးသိန်းစိန်တက်လာသော ၂၀၁၀ ခုနှစ်အထိ ကြားကာလ(၂၂နှစ်) နိုင်ငံတကာ ထောက်ပံ့ငွေစာရင်းကတော့ မည်ရွေ့မည်မျှဟု ဘယ်သောအခါမှ ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ပျောက်နေခဲ့ကာ ၂၀၁၂ သို့ရောက်မှ ဗြုန်းခနဲ အကြွေးများကို ကြားရခြင်းဖြစ်သည်။ တိုင်းသူပြည်သားများမှာ မုန့်ဝေရာတွင်မပါ တုတ်(ဒုတ်)ဝေတော့မှ ပါရသည် ဆိုသလိုဖြစ်နေပေသည်။ လွှတ်တော်တွင် ဘဏ္ဍာရေးနှင့်အခွန် ဒု/ဝန်ကြီး တင်ပြသလိုဆိုပါက မြန်မာနိုင်ငံ၏ အ ကြွေးထုထည်မှာ ကြီးမားလှပေသည်။ နှစ် ၅၀ နီးပါး တိုင်းပြည်ကိုအုပ်စိုးခဲ့စဉ်က သစ်တောများ၊ ကျောက်မျက်ရတနာများ၊ သဘာဝဓာတ်ငွေ့များကို ရောင်းချစဉ်ကရခဲ့သော ဝင်ငွေနှင့်သုံးငွေကို တိုင်းသူပြည်သားတို့ စိုးစဉ်းမျှမသိခဲ့ကြ။ ယခုအခါ သစ်တောများလည်း ကုန်သလောက်ရှိ၊ သဘာဝတွင်းထွက်များလည်း အားလုံးလက်လွှဲ ရောင်းချပြီးကာမှ အကြွေးတွေ ဤရွေ့ဤမျှရှိသည်ဟု စာရင်းတင်လာခြင်းမှာ ဒေးဗစ်ကော်ပါဖီး မျက်လှည့်ထက်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းပေသည်။ ၂၀၁၂ က လွှတ်တော်တွင် အစီရင်ခံတင်ပြခဲ့သော်လည်း ယခုမှ ဤဆောင်းပါးကို ရေးရခြင်းမှာ မကြာမီက ပေါ်ပေါက်ခဲ့သော မြန်မာနိုင်ငံသားအချို့သည် ဒေါ်လာ ၁၁ ဘီလျံကို နိုင်ငံခြားဘဏ်များတွင် ပုဂ္ဂလိက စာရင်း(၅)ခုဖြင့် လျှို့ဝှက်စွာ အပ်နှံထားခြင်းရှိသည်ဟူသော ကောလာဟလ ပေါ်ပေါက်လာမှုကြောင့် နောက်ဆက်တွဲစဉ်းစားကြည့်ရင်း အတွေးပေါ်လာရခြင်း ဖြစ်သည်။ ဒေါ်လာ ၁၁ ဘီလျံ ပုဂ္ဂလိက အမည်နှင့်အပ်ထား၊ မထားကတော့ မရေရာမသေချာမှုများဖြင့် မည်သူကမှ လက်ဆုပ်လက်ကိုင်မဖော်နိုင်ပါ (ဖော်ဖို့တာဝန်မှာ အစိုးရတာဝန်ဖြစ်သည်)။ လက်ဆုပ်လက်ကိုင်ပြနိုင်သည်ကတော့ တိုင်းပြည်သည် အကြွေးနွံထဲမှာ မပိသင့်ပဲ ပိခဲ့ရခြင်းဖြစ်သည်။

လွှတ်တော်တွင် အစီရင်ခံခဲ့သလို မြန်မာနိုင်ငံသည် ကမ္ဘာသို့ပေးဆပ်ရန် ဒေါ် လာသန်းပေါင်း တစ်သောင်းငါးထောင်ခန့် အကြွေးတင်ရှိနေခဲ့သည်ဟုဆိုလျှင် တစ်ဦးချင်းအချိုးချကြည့်ပါက (မြန်မာနိုင်ငံ၏ လူဦးရေကို ပျမ်းမျှ သန်းခြောက်ဆယ်နှင့် တွက်လျှင်) လူတစ်ယောက်ကို ၂၅၁ ဒေါ်လာခန့် အကြွေးပေးစရာရှိနေသည့် သဘောဖြစ်သည်။ အကြွေးတင် ဘုရင်ဆပ်လိမ့်မယ်ဟု စာဆိုရှိသော်လည်း ဘုရင် ကြီးကြောင့် တိုင်းပြည်က အကြွေးနွံထဲမှာ နစ်နေသောအခါ ဘယ်သူကလာ၍ ဆပ် ကြမည်နည်း။ စားရသူက . . . လူဆယ် ဂဏန်း၊ ရာဂဏန်းမျှသာ။ ဆပ်ရမည့်သူက သန်း (၆၀) ဖြစ်နေလေပြီ။ နိုင်ငံတော် သီချင်းတွင်ပါဝင်သော "ဒို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ" ဟူသော စကားမှာ မှန်ပေသည်။ အဘိုးအဘွားနှင့်တူသော အတိတ်ကပုဂ္ဂိုလ်ကြီးများ အမွေပေးခဲ့သည်မှာ ပညာရေးလည်းမဟုတ်၊ ကျန်းမာ ရေးလည်းမဟုတ်၊ ရင်ခွင်ပိုက်နို့စို့ကလေးမှစကာ လေးဘက်ပြေးတတ်စ၊ မတ်တတ် ရပ်ခါစကလေးများ အပါအဝင် အဘိုးအဘွားအရွယ်အထိ၊ တိုင်းသူပြည်သားများသည် ဘုမသိဘမသိ တစ်ယောက်လျှင် အမေရိကန်ဒေါ်လာ ၂၅၀ နှင့် ညီမျှသော ၂ သိန်း ၄ သောင်းကျပ်ခန့် မွေးရာပါအကြွေးတင်ရှိနေကြပြီ မဟုတ်ပါလော (ဒါတောင် ပြည်တွင်း သုံးငွေဖြင့် တင်ရှိနေသော အကြွေးသန်းပေါင်း ကိုးသန်း ကိုးသိန်းကျော် မပါသေးချေ)။

ကျွန်တော့်မှာ ဇနီးမယားနှင့် သားနှစ်ယောက်ရှိသဖြင့် မိသားစုဝင်လေးဦးဖြစ်သောကြောင့် နိုင်ငံတကာသို့ပေးရန် မွေးရာပါအကြွေးမှာ (၂၄၀ဝ၀ဝ X ၄) နှင့်တွက်လျှင် မိသားစုအကြွေး ကိုးသိန်းခြောက်သောင်း ဖြစ်နေ ပေသည်။ နိုင်ငံသားတိုင်းသည် ထိုငွေကို ကျေအောင်မဆပ်နိုင်မီ ကမ္ဘာပျက်ခဲ့ပါက ကြွေးမကျေသောကြောင့် သံသရာပါကာ အားလုံးအဝီစိသို့သာ သွားရတော့မည့် ကိန်း ဆိုက်နေချေပြီတစ်မုံ့။

သရဝဏ် (ပြည်)
စောင့်ကြည့်ဂျာနယ် အတွဲ (၈) အမှတ် (၂၀)

ကိုးကား -
- ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရကို ဘယ်သူတွေ ငွေချေးခဲ့သလဲ (စိုင်းစိုးဝင်းလတ်)
- ဒီမိုကရက်တစ်မြန်မာ့အသံ မေ ၁၀၊ ၂၀၁၂ (http://burmese.dvb.no/archives/25160)
- The New Light Of Myanmar သတင်းစာ ၂၅-၁၀-၂၀၁၂
- နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့
http://imf.org/
Posted: 21 Oct 2013 08:28 AM PDT
Luxembourg မြို့ရောက် ဒေါ်အောင်ဆန်းစုကြည်
(ABC Radio Australia မှ 20 Oct 2013 ရက်စွဲပါ "Myanmar's opposition Leader calls for constitutional Change"သတင်းကို ဘာသာပြန်ဆိုသည်)

လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုပါက ၂၀၁၅ ရွေးကောက်ပွဲများတွင် ဒီမိုကရေစီရှိလိမ့်မည်မပာုတ်ပာု မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါသည်။ အငြင်းပွားစရာဖြစ်နေသော လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုသည်ပာု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မြန်မာဒီမိုကရေစီခေါင်းဆောင်သည် ဥရောပသို့အလည်အပတ်ရောက်ရှိနေပြီး စနေနေ့က ဘရပ်ဆဲလ်တွင် ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ဂျိုဆေးမန်နူရယ်ဘာရာဆိုနှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ၌အထွေထွေရွေးကောက်ပွဲများ ကျင်းပရန်စီစဉ်လျက်ရှိပြီး ထွက်ပေါ်လာမည့် လွှတ်တော် အသစ် နှင့်အတူ သမ္မတကိုရွေးချယ်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ တွင် သမ္မတရာထူးအတွက် ယှဉ်ပြိုင်လိုကြောင်း ထုတ်ဖော်ပြောဆို ထားသကဲ့သို့ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း သမ္မတဖြစ်လိုသည်ပာု ထုတ်ဖော်ပြောကြားထားသည်။ လက်ရှိသမ္မတ ဦးသိန်းစိန်အနေဖြင့်မူ ဒုတိယသက်တမ်းအတွက် ယှဉ်ပြိုင်လိုခြင်းရှိ၊ မရှိ မသဲကွဲသေးပါ။ သို့ရာတွင် ယခင်တပ်မတော်အစိုးရ လက်ထက်က ရေးဆွဲခဲ့သော လက်ရှိအခြေခံဥပဒေတွင် ပြည်ပနိုင်ငံသားအဖြစ် ခံယူ ထားသော မိသားစုဝင်ရှိသူမှန်သမျှ သမ္မတလောင်းအရည်အချင်း မပြည့်မှီပာူသောအချက် ထည့်သွင်းထားကာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် ရည်ရွယ်ပိတ်ဆို့ထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးနှင့် ကွယ်လွန်သူ ခင်ပွန်းသည်တို့မှာ ဗြိတိန်နိုင်ငံသားများဖြစ်သည်။
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com






Posted: 22 Oct 2013 04:20 PM PDT
ရန်ကုန်မြို့တွင်းရှိ ပြေးဆွဲနေကြသည့် ခရီးသည်တင် မော်တော်ယာဉ်လိုင်းများပေါ်တွင် ရေးသား ထားသော "သင့်အား သင့်မိဘ၊ ဇနီး၊ သားသမီးများက သင်ပြန်လာချိန်ကို စောင့်မျှော်နေကြသည်ကို သတိပြုပါ" ဟူသော စာသားလေးအား မိဘပြည်သူတို့ သတိထားမိမည် ထင်ပါသည်။ ထို့အတူပင် ၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့ ညနေ (၅) နာရီအချိန်တွင် "ရန်ကုန်နည်းပညာတက္ကသိုလ်ရှေ့၌ ခရီးသည်တင် ဟိုင်းလတ်စ်နှင့် အမှတ် (၃၃၃) ယာဉ်တစ်စီးတိုက်မိ" အဆိုပါယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဟိုင်းလတ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည်တစ်ဦး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် မောင်မျိုး သန့်ကို (၁၉) နှစ် ဆပ်သွားတောကျေးရွာ၊ မှော်ဘီမြို့နေသူမှာ ခြေထောက်ကျိုးသွားခဲ့၍ ရန်ကုန်ဆေးရုံ ကြီးတွင် ကုသမှုခံယူခဲ့ရသည်ဟူသော သတင်းဖတ်မိပြီးနောက် အထက်ပါ စာသားအတိုင်း တစ်ယောက် ကတော့ဖြင့် အိမ်ပြန်ချိန်နှောင်းခဲ့ပြီး အခြားတစ်ယောက်တော့ အိမ်ပြန်ချိန်နောက်ကျခဲ့ပြီ ဟုသာ တွေးမိခဲ့ တော့သည်။ ထိုထက်ပို၍ ဆက်မတွေးဝံ့တော့။ ယင်းယာဉ်တိုက်မှုကြောင့် ခြေကျိုးသွားခဲ့သော မောင်မျိုး သန့်ကိုနှင့် မြန်မာပြည်သူ/သားအပေါင်းတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ထမ်းရွက်ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)တို့ ဆက်စပ်ပတ်သက်၍ တွေးတောစရာများ ဖြစ်ပေါ်လာခဲ့သည်။

    ၂ဝ.၈.၂ဝ၁၃ ရက်နေ့တွင် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ မောင်မျိုးသန့်ကို၏ ဇနီးမဆွေဆွေ အောင်မှ ခင်ပွန်း၏ ခြေထောက်ဒူးခေါင်းအထက်မှ ဖြတ်တောက်ရခြင်း၊ ဝမ်းဗိုက်တွင် အရေးပေါ်ခွဲစိပ်မှု ပြုလုပ်ရခြင်းနှင့် ကျန်းမာရေးမကောင်းသော ဖခင်ကြီးနှင့် (၇) လသားအရွယ် လူမမယ် သားငယ်လေးအား ပြုစုစောင့်ရှောက်နေရခြင်းကြောင့် ခင်ပွန်းဖြစ်သူအား ဆက်လက်ဆေးကုသရန် ငွေကြေးအခက်အခဲ ဖြစ်နေသဖြင့် လိုအပ်သောအကူအညီများပေးနိုင်ရန် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ တင်ပြအကူအညီ တောင်းခံလာခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မိဘပြည်သူအလှူရှင်များ လှူဒါန်း ထားသော အလှူငွေများထဲမှ ငွေကျပ် (၃) သိန်းအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့သည်။ ဆေးရုံတွင် (၂) လကျော်ခန့် ဆေးကုသမှုခံယူပြီး ပြန်လည်ကောင်းမွန်လာချိန် ၂၁.၁ဝ.၂ဝ၁၃ ရက်နေ့တွင် ဆေးရုံမှဆင်း၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရောက်ရှိလာခဲ့ပြန်သည်။ မောင်မျိုးသန့်ကိုနှင့် ဇနီး မဆွေဆွေအောင်နှင့် လူမမယ် လသားငယ်လေးတို့အား ဥက္ကဌ ဦးကျော်သူ၊ အမှုဆောင်များနှင့် အသင်း သူ/သားများမှ နွေးထွေးစွာကြိုဆိုရင်း အားပေးစကားပြောကြားခဲ့သည်။ ဦးကျော်သူမှ အားပေးစကားပြော ကြားရာတွင် "ကျွန်တော့်အနေနဲ့ လောကမှာ ရှက်မိကြောက်မိတဲ့ အကြောင်းအရာ များစွာရှိပါတယ်။ ကျွန်တော်ကအောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်ခဲ့ပေမယ့် ပညာရေးမှာ ဘွဲ့မရခဲ့ပါဘူး။ မသန်စွမ်း ပုဂ္ဂိုလ်တွေ တွေ့ကြုံမြင်တွေ့ရတဲ့အခါ ကျွန်တော်အရမ်းရှက်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အတွေးအခေါ် အယူအဆ အတတ်ပညာပိုင်းမှာ ကျွန်တော့်ထက် အဆများစွာ သာလွန်နေကြတာကို တွေ့ရတဲ့အတွက် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ရှက်မိတယ်" ဟု မောင်မျိုးသန့်ကို အား ပြောကြားခဲ့သည်။ တိုက်ဆိုင်စွာပင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြည်မြို့မှ ရွှေပေါက်ပင်ဆရာတော်ကြီးရောက်ရှိခိုက် ဆရာတော်ကြီးသည်လည်း အားပေးသြဝါဒ မိန့်ကြား၍ မေတ္တာပို့သပေးခဲ့သည်။

    ထို့နောက် ဦးကျော်သူမှ မောင်မျိုးသန့်ကို လမ်းမလျှောက်နိုင်မှီ အသုံးပြုနိုင်ရန် ဝှီးချဲ၊ ချိုင်းထောက်၊ အိမ်သာခွက်ပါထိုင်ခုံ တို့အား လှူဒါန်းပေးခဲ့ပြီး မောင်မျိုးသန့်ကိုမှ ကျေးဇူးတင်စကား ပြောကြားခဲ့ရာ "အခု လိုကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို အကူအညီပေးခဲ့တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့ အလှူရှင် အပေါင်းတို့ကို အတိုင်းမသိ ကျေးဇူးတင်ပါတယ်။ ဦးကျော်သူနှင့် အသင်းသားတွေ အားလုံးတို့လည်း အန္တရာယ်ကင်း ဘေးရှင်းပြီး ပရဟိတအလုပ်တွေ တိုးတက်လုပ်ကိုင် ဆောင်ရွက်နိုင်ပါစေ" ဟု ဆုမွန် ကောင်းတောင်းခဲ့ပါသည်။ ဘဝကို ဘယ်လိုရှေ့ဆက်လျှောက်ဖို့ စိတ်ကူးရှိသလဲဟု မေးမြန်းကြည့်ခဲ့ရာ "ကျွန်တော့်အနေနဲ့ ခြေထောက်တစ်ဖက် မရှိတော့ပေမယ့် မိဘတွေရယ်၊ ဇနီးရယ်၊ ရင်သွေးလေးရယ် အတွက် ဘဝကိုအကောင်းဆုံး ကြိုးစားရပ်တည်သွားမှာပါ။ ကျွန်တော်အရင်တုန်းက ဈေးရောင်းဖူးတယ်၊ ဖိနပ်ချုပ်တဲ့အလုပ်လည်း လုပ်ခဲ့ဖူးတယ်၊ အမျိုးသမီးက မှော်ဘီဈေးမှာ စက်ချုပ်တယ်။ ကျွန်တော် အခုလို ဖြစ်တော့ ပြုစုနေတာနဲ့ သူလည်း စက်မချုပ်နိုင်တော့ဘူး။ အခုလောလောဆယ်မှာတော့ စီးပွားရေးက ရပ်တည်ဖို့ အခက်အခဲရှိတယ်။ ငွေကြေးအဆင်ပြေခဲ့ရင်တော့ ကျွန်တော် ကွမ်းယာဆိုင်လေးဖွင့်ချင်တယ်။ ဖိနပ်ချုပ်တဲ့အလုပ်လည်း လုပ်ချင်တယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ ငွေရေးကြေးရေး အခက်အခဲရှိနေတယ်" ဟု ပြောကြားသွားခဲ့သည်။ လက်တလောအခြေအနေတွင် မောင်မျိုးသန့်ကို၏ ဘဝ ပြန်လည်ထူထောင်နိုင်ရန် အတွက် အသေးစားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ငွေကြေးများလိုအပ်နေသည်ကို သိရှိရသည်။ ထို့နောက် မောင်မျိုးသန့်ကိုနှင့် ဇနီး မဆွေဆွေအောင်တို့မှ ဥက္ကဌ ဦးကျော်သူအား ဂါရဝပြု ဦးချသွားခဲ့ပါသည်။ မောင်မျိုးသန့်ကို ကျန်းမာရေးကောင်းမွန်လာပါက ခြေအတုတပ်ဆင်နိုင်ရန်အတွက်လည်း နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ကူညီတပ်ဆင် လှူဒါန်းပေးမည်ဖြစ်သည်။ ထို့နောက် မောင်မျိုးသန့်ကိုအား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ လူနာတင်ယာဉ်ဖြင့် နေရပ်နေအိမ် ဆပ်သွားတောကျေးရွာ၊ မှော်ဘီမြို့သို့ ပို့ဆောင်ပေးခဲ့သည်။

    ယခုကဲ့သို့ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် အိမ်အပြန် နောက်ကျခဲ့ရသော မောင်မျိုးသန့်ကို အတွက် လိုအပ်သောငွေကြေးများကို အများပြည်သူကိုယ်စား လှူဒါန်းပေးနိုင်ခဲ့သည်။ ထို့ကြောင့် အလှူ ရှင်များအနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)နည်းတူ ကျေနပ်ပီတိ ဂုဏ်ယူမိလိမ့်မည်ဟု ထင်မိသည်။ ဤမွန်မြတ်လှစွာသော ကုသိုလ်ကောင်းမှုတို့အား သာဓုခေါ်ရင်း အိမ်ပြန်ချိန်ကို စောင့်မျှော်နေကြသော မိဘ၊ ဇနီး၊ သားသမီး၊ ဆွေမျိုးတို့နှင့် စုံစည်းနိုင်ကြဖို့ ဝိုင်းဝန်းကာကွယ်ပေးရင်း အမျိုးဘာသာ သာသနာ အကျိုးအား ဆထက်တဘိုးတိုး၍ ဆောင်ရွက်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။

ကမ္ဘာသူ/သားများအားလုံး ဘေးအန္တရာယ်ကင်းရှင်း၍ လိုရာခရီးအား ချောမွေ့စွာရောက်ရှိနိုင်ကြပါစေ။














Posted: 22 Oct 2013 09:12 AM PDT
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးပညာပေးဟောပြောပွဲနှင့်လူထု ဆန္ဒကောက်ခံပွဲများကို နယ်မြေ အလိုက်ကျင်းပလျက်ရှိရာအောက် တိုဘာ ၂၁ ရက်က ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမတွင် အဖွဲ့ ချုပ်နာယက ဦးတင်ဦးကိုယ်တိုင် ကြီးမှူး၍ အနောက်ပိုင်းခရိုင်ပညာ ပေးဟောပြောပွဲတစ်ရပ်ကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ပါတီ ၀င်အင်အား ၇၀၀ခန့်တက်ရောက် ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပညာပေးကော်မတီဝင် ဥပဒေ ပညာရှင် ဦးကိုနီက၂၀၀၈ ဖွဲ့စည်း ပုံ၏ အားနည်းချက်များ၊ ဒီမိုကရေ စီ စံနှုန်းနှင့် မကိုက်ညီမှုများကို ရှင်း လင်းဟောပြောရာ တက်ရောက် လာသူများက လက်ထောင်စနစ် ဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ၉၆ ရာခိုင်နှုန်းသဘောထားပေးခဲ့ကြ သည်။

ဦးကိုနီက ""စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးကို ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဆုံးဖြတ်မယ်။ ဥပဒေပြုမှုအာဏာမှာလည်းလေး ပုံတစ်ပုံပေးထားတယ်။ အုပ်ချုပ် ရေးအာဏာမှာလည်း သမ္မတ ထက်အများကြီးပိုယူထားတယ်။ နိုင်ငံတော်မှာ လူတစ်စုကသောင်း ကျန်းသောနည်းဖြင့် နိုင်ငံတော် အာဏာကိုရယူဖို့ကြိုးစားလာလျှင် သမ္မတက ကာလုံနဲ့တိုင်ပင်ပြီး အရေးပေါ်အခြေအနေကြေညာ ကာနိုင်ငံတော်အာဏာကိုကာချုပ် ထံပေးအပ်ရန်ရေးဆွဲထားတယ်။ ဘယ်လိုလူတစ်စုက သောင်းကျန်း မှာကို ပြောတာလဲ။ နှစ်ပေါင်းများ စွာလက်နက်ကိုင်ပြီး ကြိုးစားခဲ့တဲ့ တိုင်းရင်းသား ၁၇ ဖွဲ့ရှိတယ်။နိုင်ငံ တော်အာဏာကို မရခဲ့ဘူး။ အင် အားငါးသိန်းရှိတဲ့တပ်မတော်ကြီး ရှိနေတာပဲ။ဒီတပ်မတော်ကိုကျော် ပြီးဘယ်သူက အာဏာကိုရယူမှာ တုန်း။ အဲဒီလိုဖြစ်လာရင် ပုဒ်မ ၄၁၇ မှာ နိုင်ငံတော်အုပ်ချုပ်မှု အာဏာ၊ ဥပဒေပြုမှုအာဏာ၊ တရားစီရင်ရေးအာဏာတွေကို သမ္မတကြီးက ကာချုပ်ကို လွှဲအပ် ကြောင်းကြေညာပေးရမယ်လို့ ဆို ထားတယ်။နိုင်ငံတော်အာဏာကို စစ်ဖက်က သိမ်းစရာမလိုအောင် ရေးထားတဲ့ဥပဒေပဲ။ နိုင်ငံတော် အာဏာကိုသမ္မတကရောတကယ် ပိုင်လို့လား။ ကျွန်တော်တို့ပြည်သူ တွေသာ ပိုင်ရှင်အစစ်ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့မကြိုက် တဲ့ဖွဲ့စည်းပုံကို ကျွန်တော်တို့ပြင် ခွင့်ရှိရမယ်"" ဟု ပြောကြားလိုက် သည်။

၎င်း၏ပြောကြားချက်အရ ယခုကဲ့သို့ ဖွဲ့စည်းပုံဥပဒေမျိုး မည် သည့်နိုင်ငံတွင်မှမရှိကြောင်း၊အရေး ပေါ်အခြေအနေဖြစ်လာလျှင် သမ္မတကနိုင်အောင်ထိန်းပြီးမဖြေ ရှင်းနိုင်လျှင် ရာထူးမှ နှုတ်ထွက် ပေးကာ ဖြေရှင်းနိုင်မည့်နောက် သမ္မတတက်ရမည်သာဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံကမ်ပိန်းများ၏ လူထု ဆန္ဒသဘောထားအဖြေမှာ ပြင် ဆင်ရေးသာဖြစ်ကြောင်းသတင်း ရရှိသည်။

The hot news weekly
Posted: 22 Oct 2013 08:26 AM PDT
(22 Oct 2013 ရက်စွဲပါ Travel Daily News မှ Myanmar will invest six million dollars to boost security ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဒီဇင်ဘာလ၌ အရှေ့တောင်အာရှ အားကစားပွဲကို ကျင်းပတော့မည်ဖြစ်ပါသည်။ အချို့ အစိုးရ ဆန့်ကျင်သူများက ဗုံးများခွဲခြင်းဖြင့် အစိုးရအားဖိအားပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအဝှမ်း ဗုံးခုနစ်လုံးခန့် ကွဲခြင်း သို့မဟုတ် ရှာဖွေတွေ့ရှိခြင်းများရှိခဲ့ရာ အများစုမှာ ရန်ကုန်တွင် ဖြစ်ပါသည်။ အောက်တိုဘာလ (၉) ရက်နေ့မှစ၍ ဖြစ်ပွားသော ပေါက်ကွဲမှုများတွင် နှစ်ဦးသေဆုံး၍ လေးဦးဒဏ်ရာရရှိခဲ့ပါသည်။ ရန်ကုန်မြို့ရှိ တရေးဒါးဟိုတယ်တွင် ဗုံးပေါက်ကွဲမှု၌ အမေရိကန်ခရီးသည်တစ်ဦး ဒဏ်ရာရရှိခဲ့ပါသည်။

အစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားဧည့်သည်များအတွက် လုံခြုံမှုပေးနိုင်ရန် လျင်မြန်စွာ အရေး ယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားဒုတိယခရီးသွားဆုံး တောင်ငူ၊ စစ်ကိုင်း တို့ကဲ့သို့သော ဒေသများတွင် ရဲအင်အားတိုး၍ လည်းကောင်း၊ ဝန်ထမ်းများက စောင့်ကြည့်ခြင်းဖြင့်လည်းကောင်း လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်ရန် ကျေညာခဲ့ပါသည်။ ၎င်းသည် ဟိုတယ်ဝန်ထမ်းများအားဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို စုံစမ်း ထောက်လှမ်းပုံများအား ဆွေးနွေးပွဲများနှင့် လေ့ကျင့်သင်ကြားပေးမှုများ စီစဉ်မည်ဖြစ်ပါသည်။

ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်၍ လူရှစ်ဦးအား ဖမ်းဆီးထားကြောင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခြောက်လှန့် ရန် အစီအစဉ်တစ်ခုဖြစ်ကြောင်း ရဲချုပ်ဇော်ဝင်း၏ အဆိုအရ သိရှိရပါသည်။ ရဲချုပ်က KNU မှ မသင်္ကာသူများစာရင်းကို ပြောကြားခဲ့သော်လည်း KNU က ပါဝင်ပတ်သက်မှုမရှိကြောင်း တရားဝင်ငြင်းဆိုခဲ့ပါသည်။ ၎င်းတို့မှာ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို ဆန့်ကျင်သူများဖြစ်နိုင်ပါသည်။

မြန်မာနိုင်ငံမှ အာဏာပိုင်များသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁-၂၂ ထိပြုလုပ်မည့် အရှေ့တောင်အာရှ အားကစားပွဲမတိုင်မီ လုံခြုံရေးပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ဖိအားများတိုးလာနေပါသည်။
Posted: 22 Oct 2013 08:18 AM PDT

You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com








Posted: 23 Oct 2013 09:26 AM PDT


အခြေခံဥပဒေပြင်သင့်သလား၊ အသစ်ရေးဆွဲသင့်သလား။
ဒီပြဿနာ အခုတလောမှာ ရှေ့ တန်းရောက်လာသည်။ တစ်ချိန်တည်းတွင်
အသစ် မရေးဆွဲသင့်ကြောင်း၊ အသစ်ရေးဆွဲလျှင် အန္တရာယ်သိပ်ကြီးကြောင်း
နည်းအမျိုးမျိုးဖြင့် နှပ်ကြောင်းပေး ခြောက်လှန့် လာသည်ကိုလည်း တွေ့ ရသည်။

အခြေခံဥပဒေ အသစ်မရေးဆွဲရေး ပြောဆိုဟန့် တားချက်များနှင့်အတူ
စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေးကို အတွေးအခေါ်တစ်ရပ်အဖြစ်
ထူထောင်ဝါဒဖြန့် လာသည်ကိုလည်း တွေ့ ရသည်။

စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေး အတွေးအခေါ်ထူထောင်နိုင်ရန်အတွက်
အတူတွဲဆောင်ရွက်လာသောအလုပ်တစ်ခုမှာ စစ်တပ်နှင့် အားပြိုင်ရင်ဆိုင်ခြင်းမှာ
ရည်ရွယ်ဆောင်ရွက်သည်ဖြစ်စေ၊ မရည်ရွယ်ဘဲ ရင်ဆိုင်တိုးမိသည်ဖြစ်စေ၊
ထိုသို့ တိုးမိသောဖြစ်ရပ်မှန်သမျှ ယခုလည်းအကျိုးမရှိ၊ ယခင်ကလည်း
အကျိုးမရှိခဲ့ ဟူသော အတွေးအခေါ်ဖြစ်သည်။ ယခုအကျိုးမရှိဟူသောအချက်ကို အားကောင်းလာစေရန် ယခင်ကလည်း အကျိုးမရှိဟု ဆက်စပ်ပြောဆိုလာရခြင်း
ဖြစ်သည်။ စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေး အတွေးအခေါ် ခိုင်ခန့် လာစေရန်
ထိုသို့ တိုးချဲ့ ထူထောင်လာခြင်းဖြစ်သည်။ ယခင်က အကျိုးမရှိကြောင်း
ပြောဆိုသောအခါ ၈၈ အရေးတော်ပုံကြီးသည် ပြည်သူတွေ အသက်သွေးချွေး
များစွာ ပေးဆပ်ခဲ့ရသော်လည်း အကျိုးမရှိဟူသော ပြောဆိုချက်မျိုးတွေ
ဆက်စပ်ပါဝင်လာသည်။ စင်စစ် ဒါတွေအားလုံးသည် ပြည်သူကို စစ်ကျွန်စိတ်ဓာတ်
သွတ်သွင်းပေးရန် စနစ်တကျအားထုတ် ကြိုးပမ်းမှုတွေသာဖြစ်သည်။
စစ်ကျွန်ဘ၀မှာ နေထိုင်ခြင်းသည်သာ အကောင်းဆုံးဆိုသောသဘောအထိ
သက်ရောက်လာအောင် တဖြည်းဖြည်းသိမ်းသွင်း ပြောဆိုနေခြင်းဖြစ်သည်။

ခေတ်တိုင်းခေတ်တိုင်းတွင် လူတစ်စုက တခြားလူတစ်စုကို ကာလရှည်ကြာ
ဖိနှိပ်ထားလို့ ရနေခြင်းမှာ စင်စစ် အဖိနှိပ်ခံနေရသူတွေကိုယ်တိုင်က
ဖိနှိပ်သောစနစ်ကို လက်ခံနေသောကြောင့်သာဖြစ်သည်။ တစ်နည်းအားဖြင့်
ဆိုရလျှင် ဖိနှိပ်သောစနစ် တည်မြဲဖို့ ဆိုလျှင် ဖိနှိပ်မှုကို လူထုလက်ခံအောင်
ရှေ့ နေလိုက်သော အတွေးအခေါ်တစ်ရပ်လိုသည်။ ထိုအတွေးအခေါ်ကို
အဖိနှိပ်ခံတွေထဲမှ အရေအတွက် တော်တော်များများကလည်း လက်ခံနေဖို့ 
လိုအပ်လေသည်။ သို့ မှသာ အဖိနှိပ်ခံတွေ ငြိမ်သက်ကြပေလိမ့်မည်။
ထို့ ကြောင့် အုပ်ချုပ်သူ၊ ဖိနှိပ်သူလူတန်းစား အဆက်ဆက်တို့ သည်
သူတို့ ဖိနှိပ်မှုကို လူထုလက်ခံလာအောင် ရှေ့ နေလိုက် ဖေးမပေးသော
အတွေးအခေါ်မျိုးကို ရှာဖွေလေ့ရှိသည်။ ကြိုးစားထူထောင်လေ့ရှိသည်။
အခုလည်း မြန်မာနိုင်ငံတွင် ဖိနှိပ်သူဘက်က ထောက်ခံသော အတွေးအခေါ်
တစ်ရပ်ကို ညီညီညာညာ ထူထောင်လာကြတာ တွေ့ လာရသည်။
ထိုအတွေးအခေါ်၏အခြေခံမှာ စစ်တပ်မကြိုက်တာ ဘာမှမလုပ်သင့်ဘူးဟူသော
အခြေခံဖြစ်သည်။ စစ်အာဏာရှင်ဟောင်းများနှင့် အလိုတော်ရိပညာရှင်ဆိုသူတွေက
ပူးပေါင်းထူထောင်ကြသော ထိုအတွေးအခေါ်ကို အတိုက်အခံထဲကလည်း
တော်တော်လေး လက်ခံလိုက်နာလာသည်ကို တွေ့ ရသည်။

စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေး အတွေးအခေါ်၏ အဓိကမဏ္ဍိုင်မှာ
စစ်ခေါင်းဆောင်ဟောင်းကြီးများဖြစ်ပြီး ထိုအတွေးအခေါ်ကို လက်ခံ
ကျင့်သုံးလာသူ အတိုက်အခံများထဲတွင် အရေးပါဆုံးပုဂ္ဂိုလ်မှာ သြဇာအကြီးဆုံးနှင့်
နိုင်ငံ၏ကံကြမ္မာကို ပေါ်လစီရေးရာအရ တာဝန်ခံထားသူ ခေါင်းဆောင်ဖြစ်နေသည်။
သို့ သော် စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေးကို အတွေးအခေါ်တစ်ရပ်အနေဖြင့်
ကျယ်ကျယ်ပြန့် ပြန့်  ကျယ်ကျယ်လောင်လောင် ဖြန့် ချိအပေးဆုံးပုဂ္ဂိုလ်မှာ
"ဦးကျော်ဝင်း" ဖြစ်သည်။

အခုနောက်ပိုင်း သူ့ စာတွေ ဆောင်းပါးတွေထဲတွင် ထိုအတွေးအခေါ်ကို
အလုပ်တစ်ခုလိုသဘောထားပြီး ၀ါဒဖြန့် ချိရေးဆန်ဆန် တွင်တွင်ကျယ်ကျယ်
လုပ်လာသည်ကို သတိထားမိသည်။ အခုသူက လွှတ်တော်ကော်မရှင်တစ်ခုတွင်
အဖွဲ့ ဝင်ဖြစ်လာပြီးနောက် စစ်ခေါင်းဆောင်တို့ ၏ ကျောထောက်နောက်ခံ
အားပေးမှုကို ရလာသောအခါ ၀ါဒဖြန့် ချိရေးနှင့် ပိုတူလာသည်။
ဦးကျော်ဝင်းက သူ့ ကိုမလိုသူ မိတ်ဆွေဟောင်း လက်ဝဲသမားတွေက
စစ်အာဏာရှင်တွေနဲ့ ပေးစားကြသည်ဟု အရင်က ခါးခါးသီးသီး
နာနာကျည်းကျည်း ပြောဆိုလေ့ရှိသည်။ သို့ သော် နောက်ဆုံးတော့လည်း
စစ်အာဏာရှင်တို့ နှင့် ညားသွားသည်ဟုသာ ဆိုရမလိုဖြစ်နေသည်။
မစွန်းရင်းရှိသူမို့ သာ ကန်စွန်းခင်းငြိခြင်း ဖြစ်တန်ရာပါသည်။

လက်ပံတောင်းခယောင်းလမ်း ပြန်မလည်မိစေဖို့ ဆောင်းပါးတွင် ဦးကျော်ဝင်းက
လက်ပံတောင်းသပိတ်စခန်းများအရေးမှာ ဘယ်ဘက်ကကြည့်ကြည့်
မဖြစ်သင့်ပါချေဟု ရေးခဲ့သည်။ ဗိုလ်အောင်ဒင်ဇာတ်ကားထဲက အပြောမျိုးနှင့်
ပြောရလျှင် "ဒါကတော့ ပုလိပ်အမြင်ကိုး ဦးဘချစ်ရဲ့ " ဟု ဆိုရမည်ထင်သည်။
ဘယ်ဘက်ကကြည့်ကြည့်ဟုဆိုသော်လည်း လယ်သမားဘက်က မကြည့်ခဲ့သည်မှာ
ထင်ရှားလှပါသည်။

တစ်ကျော့ပြန် ရယ်ဒီကယ်လှိုင်း ဆိုသည့် ဆောင်းပါးထဲတွင်မူ
ရယ်ဒီကယ်လှိုင်းများကား အခါအခွင့်သင့်တိုင်း တ၀ုန်းဝုန်း ရိုက်ခတ်ဆဲ။
ဥပမာ လက်ပံတောင်းကိစ္စ၊ မန္တလေး ရှစ်လေးလုံးငွေရတု ဟု ဆိုထားပြန်သည်။
လက်ပံတောင်းအရေးကိုတော့ သူတော်တော်စိုးရိမ်ပုံရသည်။ သူစိုးရိမ်သည်မှာ
လက်ပံတောင်းအရေးကြောင့် စစ်ဗိုလ်ချုပ်ကြီးတွေ ငြိုငြင်မှာကို စိုးရိမ်ခြင်း
ဖြစ်ပုံရသည်။ မန္တလေး ရှစ်လေးလုံးငွေရတုပွဲကိုတော့ ဘာ့ကြောင့် ရယ်ဒီကယ်ထဲ
ထည့်လိုက်သလဲဆိုသည်ကို အသေးစိတ်ရှင်းမထား။ သို့ သော် ဖြစ်ပုံရသည်မှာ
သူတို့ ပြုပြင်ပြောင်းလဲရေး ၀န်ကြီးတွေတက်သည့် ရန်ကုန်ပွဲနှင့် ပုံစံချင်းမတူ
သောကြောင့်ဖြစ်လောက်သည်။

စစ်ဗိုလ်ချုပ်ကြီးတွေငြိုငြင်မည်ကို သူစိုးရိမ်ကြောင်းကို ဧရာဝတီနှင့် အင်တာဗျူးတွင်
သူက အတိအလင်း အထင်အရှား ထုတ်ပြောသည်။ အပြောင်းအလဲကို စတာ
အရင်အစိုးရ၊ တည့်တည့်ပြောရရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သူခွင့်မပြုလျှင်
ဘာမှမတတ်နိုင်ဘူး ဟု သူကထုတ်ပြောထားသည်။ ဒီစကားတစ်ခွန်း
သိပ်အရေးကြီးသည်။ ဘာ့ကြောင့် အရေးကြီးသနည်းဆိုသော် စစ်တပ်မကြိုက်တာ
မလုပ်ရေး အတွေးအခေါ်တစ်ခုလုံး၏ အခြေခံအုတ်မြစ်ကို စတင်တည်ဆောက်သော
ပထမဆုံးအုတ်ချပ်၊ တစ်နည်းအားဖြင့် ဖောင်ဒေးရှင်းအုတ်ခဲ (foundation stone)
ဖြစ်နေသောကြောင့်ပင်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခွင့်မပြုလျှင် ဘာမှမတတ်နိုင်ဘူးဟု သူက
ယူဆသည့်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကြိုက်တာ ဘာမှမလုပ်နဲ့ ဟူသော
ကောက်ချက်သည် နောက်ဆက်တွဲအလိုလို ထွက်ပေါ်လာသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကြိုက်တာကို လုပ်တာမှန်သမျှသည် အပြောင်းအလဲကို
ပျက်စီးအောင်လုပ်ခြင်းဆိုသည့် ကောက်ချက်လည်း အလိုလိုထွက်ပေါ်လာ
တော့သည်။ ဒီတော့ လက်ပံတောင်းကိစ္စသည် အပြောင်းအလဲကို ပျက်စီးစေမည့်
အရာဟု သူမြင်လာသည်မှာ မဆန်းတော့ချေ။ စစ်ခေါင်းဆောင်ဟောင်းတွေကို
မဖိတ်သည့် မန္တလေး ရှစ်လေးလုံးပွဲကို အန္တရာယ်ဟု မြင်လာသည်မှာလည်း
မဆန်းတော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူ့ အမြင်အားလုံးသည်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြိုက်၊ မကြိုက်ဆိုသည့်အချက်အပေါ် အခြေခံတွေးခေါ်
နေသောကြောင့်ဖြစ်သည်။ သူ့ အတွေးအခေါ်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ကြိုက်၊ မကြိုက်ဆိုသည့် အခြေခံဖောင်ဒေးရှင်း အုတ်ခဲအပေါ်တွင်
တည်ဆောက်ထားခြင်း ဟုတ် မဟုတ်၊ ထိုအချက်နှင့် ဆီလျော်ညီညွတ်မှု ရှိ မရှိကို
ဆက်လက်ဆန်းစစ်ကြည့်ပါမည်။

ဧရာဝတီနှင့် အင်တာဗျူးထဲတွင် သူက ယခုလို ဆက်ပြောထားပါသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ သူခွင့်ပြုလို့  ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဖြစ်လာတာ၊
သူခွင့်မပြုရင် ဘာမှမတတ်နိုင်ဘူး။ အဲဒီအောက်မှာ အရင်အစိုးရက လူဟောင်းတွေ
အာဏာဆက်ယူထားတာလည်း အမှန်ဘဲ။ သို့ သော် ဒါကို ရန်လုပ်နေလို့ မရဘူး။
သူ့ ဟာသူ သဘာဝကျကျဖြစ်လာတဲ့ အချင်းအရာဟု ဆိုပါသည်။
ဗိုလ်ချုပ်မှူးကြိးသန်းရွှေ အခြေခံအတွေးအခေါ်နှင့် တွေးခေါ်လိုက်သောအခါ
အရင်အစိုးရလူဟောင်းတွေ အာဏာဆက်ယူထားတာသည်လည်း သဘာဝကျကျ
ဖြစ်လာသည့်အချင်းအရာဟု သူလက်ခံသွားနိုင်ပါတော့သည်။ သည်မျှသာလော၊
မကသေးပါ။ အတိုက်အခံဘက်က အလွန်အကျွံ တောင်းဆိုလာလျှင်
ပြဿနာရှိလာလိမ့်မည်ဟုလည်း ထိုအင်တာဗျူးတွင်ပင် ဆက်ပြောပါသည်။

အခြေခံဥပဒေ လုံးဝဖျက်သိမ်းပြီး အသစ်ရေးရမယ်ဆိုတာမျိုး တောင်းခဲ့ရင်တော့
တပ်က တစ်ခုခုတုန့် ပြန်လိမ့်မယ်၊ မြန်မာ့နိုင်ငံရေးမှာ တပ်ရဲ့ သဘောတူညီမှု
မရှိဘဲနဲ့  ဘာမှလုပ်လို့ မရဘူးဟု ဆက်ပြောသည်။ ဤနေရာတွင် တပ်ဟု
ပြောခြင်းသည် စစ်အာဏာရှင်တွေကိုဘဲ ဆိုလိုခြင်းဖြစ်နိုင်ပါသည်။
စစ်အာဏာရှင်ဆိုရာတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အခေါင်အချုပ်
ဖြစ်သည်။ ဒီတော့ တပ်ရဲ့ သဘောတူညီမှု မရှိဘဲနှင့် ဘာမှလုပ်လို့ မရဘူးဟူသော
ယူဆချက်သည်လည်း စောစောကပြောခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေအုတ်ခဲက
ဆက်လက်ပွားထွက်လာခဲ့သော အတွေးအခေါ်ပင်ဖြစ်သည်။

လှံဖျားပုစဉ်းနား၊ ကျီးကန်းကကြောက်ချေးပါ ဖြစ်နေသော သူ့ အတွေးအခေါ်သည်
အခြေခံဥပဒေနှင့်သာမက ထို့ ထက်ပိုကျယ်ပြန့် သော အကြောင်းအရာများနှင့်လည်း
ပက်သက်သေးသည်။ ဖက်ဒရယ်လည်း ပါပါသေးသည်။ အာဏာသိမ်းနိုင်တဲ့
အလားအလာက အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဆက်စပ်နေတယ်၊ ဖက်ဒရယ်ကိစ္စနဲ့ 
ဆက်စပ်နေတယ်ဟု ထိုအင်တာဗျူးမှာပင် သူကဆက်လက်ပြောသည်။

သို့ ဖြစ်ရာ လက်ပံတောင်းကလူတွေ ဆန္ဒမပြကြနဲ့ ၊ အခြေခံဥပဒေ အသစ်မရေးနဲ့ ၊
ဖက်ဒရယ်မူကိစ္စ အလွန်အကျွံ မတောင်းနဲ့ ဟု ပြောနေသော ဦးကျော်ဝင်း
တစ်ယောက်ကို ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်က မရမက လိုက်ခေါ်ကာ
လွှတ်တော်ကော်မရှင်မှာ ခန့် ထားလိုက်သည်ဟူသောအချက်မှာ ဘာမှအံ့သြစရာ
မရှိပါ။ ဘာ့ကြောင့် ဒုဝန်ကြီးမဖြစ်သေးတာပါလိမ့်ဆိုသောအချက်ကိုသာ
အံ့သြချင်အံ့သြဖို့  ရှိပေလိမ့်မည်။

နောက်တစ်ချက်ကို ထောက်ပြချင်ပါသေးသည်။ ထိုအချက်မှာ မိတ္ထီလာအရေးနှင့်
ပက်သက်သော သုံးသပ်ချက်ဖြစ်သည်။ မိတ္ထီလာမှာ ရဲတွေရပ်ကြည့်နေတယ်
ဆိုတာ အနောက်မီဒီယာတွေက ဖွတာဟု သူကဖြေသွားသည်။ အစိုးရက
ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကို ကျွန်တော်လက်မခံဘူးဟု
ပြတ်ပြတ်သားသား ရပ်တည်ကာကွယ်သွားသည်။ သို့ သော် ဒါမျိုးကိစ္စသည်
သဘောထား (opinion)မဟုတ်၊ အချက်အလက် (fact)ဖြစ်သည်။
အထောက်အထားရှိနေလျှင် လက်မခံချင်ပေမယ့် လက်မခံလို့ မရ။ မိတ္ထီလာတွင်
လူတစ်ယောက်ကို ၀က်လာတောထဲ၌ ဓားနှင့်ခုတ်၊ တုတ်နှင့်ရိုက်နေကြသော
အချိန်တွင် ရဲကရပ်ကြည့်နေသည်မှာ သက်သေအထောက်အထား အခိုင်အလုံနှင့်
ရှိသည်။ မသေမရှင်လူတွေကို မီးရှို့ နေချိန်တွင် ရဲကရပ်ကြည့်နေသည်မှာလည်း
အထောက်အထားရှိသည်။ ဦးကျော်ဝင်းကြည့်ချင်လျှင် ဗီဒီယိုကလစ်နှင့်
အသေအချာပြနိုင်သည်။ ဦးကျော်ဝင်းမတွေ့ ဖူးသည်မှာ မလေ့လာသောကြောင့်
ဖြစ်သည်။ တကယ်တော့ ဒါတွေအားလုံး (Documented)ဖြစ်သည်။
ထိုဗီဒီယို အစစ်အမှန် (Genuine)ဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများက
စစ်ဆေးပြီးကြပြီ။ ထိုတစ်ချက်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ဆိုးနေမှာကို
သူစိုးရိမ်လွန်းအားကြီးပြီး အကာအကွယ်ပေးချင်စိတ် များလွန်းအားကြီးသွားသည်
ဟု ကျွန်တော်ထင်သည်။ ဒီလောက်ကြီးအထိ မျက်စိမှိတ်ပြီး တစ်ဖက်စောင်းနင်းကြီး
ဘက်လိုက်ပြောဖို့ တော့ မကောင်းလှ။ ဦးကျော်ဝင်းသည် သူ့ ဝန်ထမ်းဖြစ်လာ
သောကြောင့် သူ့ ဆန်စားရဲမှသဘောမျိုးပင် ပြောလာပြီလား မဆိုတတ်။

မှန်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းအရေးတွင်
ဗိုလ်ချုပ်ကြီးများငြိုငြင်မည့်အရေးကို ရှောင်ရှားခဲ့သည်။ ဦးကျော်ဝင်းလိုပင်
ဗိုလ်ချုပ်မှူးကြီးအုတ်ခဲပေါ်တွင် တည်ဆောက်ထားသော အမြင်မျိုးဖြင့်
လက်ပံတောင်းတောင်စီမံကိန်းဆက်လုပ်ဖို့  ခုံသမာဓိလူကြီးမင်းလုပ်ပြီး
အဆုံးအဖြတ်ပေးခဲ့သည်။ ဒီတစ်ပွဲတွင်လည်း ဗိုလ်ချုပ်မှူးကြီးငြိုငြင်မည့်အလုပ်မျိုး
မလုပ်ဖို့  ဦးကျော်ဝင်းက လက်ပံတောင်းကို မျက်စပစ်ပြီး ပြောလိုက်ခြင်းဖြစ်သည်။
စင်စစ် ဒေါ်အောင်ဆန်းစုကြည်၏သဘောမှာလည်း ပြင်ရေးဘက်
အလေးသာသည်မှာ NLD ကြေညာချက်ကြည့်ရုံနှင့်ပင် သိသာပြီးဖြစ်ပါသည်။
NLD ကြေညာချက်တွင် ဘယ်ဘက်ကိုမှ ဘက်လိုက်ပြီးမပြောလိုဟု ဆိုသည်။
ပြင်ရေးနှင့် အသစ်ရေးဆွဲရေး၏ ကောင်းကျိုးဆိုးကျိုးများကိုသာ ထောက်ပြပါမည်
ဟု ဆိုသည်။ တကယ်တမ်း ထောက်ပြထားသည်မှာ ပြင်ရေး၏ကောင်းကျိုးနှင့်
အသစ်ရေးဆွဲရေး၏ ဆိုးကျိုးကိုသာဖြစ်သည်။ ပြင်ရေးက ဥပဒေနှင့်အညီဟု ဆိုပြီး
အသစ်ရေးဆွဲရေးက စစ်တပ်နှင့် ထိပ်တိုက်တွေ့ ရနိုင်သည်ဟု ဆိုသည်။
သည်ကြေညာချက်ကိုကြည့်ရုံနှင့်ပင် NLD ဘယ်ဘက်ယိမ်းကြောင်း၊
ဒေါ်စု ဘယ်ဘက်ယိမ်းကြောင်း သိနိုင်သည်။ ဒေါ်စုက သူဘယ်ဘက်ယိမ်းကြောင်း
ဘာကိုလိုလားကြောင်း အချက်ပြပြီး သူ့ အား၊ သူ့ ဝိတ်ကိုယူကာ လူထုအား
သူ့ ကိုထောက်ခံခိုင်းမည်ဟု စိတ်ကူးပုံရသည်။ ဒါကိုပင် ဦးကျော်ဝင်းက
စိတ်မချနိုင်။ လက်မခံနိုင်။ လူထုဆန္ဒကို ကြောက်ရွံ့ နေခြင်းဖြစ်သည်။

ဦးကျော်ဝင်းစိတ်မချနိုင်သလို စစ်တပ်ခေါင်းဆောင်တွေကလည်း စိတ်မချပါ။
ဦးဌေးဦးက အခြေခံဥပဒေအသစ်ဆွဲဖို့  ၂၀၀၈ အခြေခံဥပဒေမှာမပါ။
အခြေခံဥပဒေအသစ်ဆွဲချင်လျှင် စစ်တပ်နှင့်တွေ့ မည်ဟု ခြောက်သည်။
မဆလဟောင်း ဦးဟန်ရွှေကလည်း အသစ်ရေးဆွဲလျှင် အန္တရာယ်ရှိသည်ဟု
ဆိုသည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း
အခြေခံဥပဒေကို ကာကွယ်မည်ဟု ဆိုသည်။ ဦးအောင်သောင်းကလည်း
အခြေခံဥပဒေအသစ်ရေးဆွဲလျှင် အာဏာသိမ်းမှုဖြစ်လိမ့်မည်။ သို့ သော်
သည်တစ်ခါသိမ်းလျှင် လက်လွတ်စပယ်လုပ်မည်မဟုတ်ဟု ဆိုသည်။
ကြံ့ဖွံ့ ခေါင်းဆောင် ဦးအောင်သောင်းသည် ဘယ်လို capacity ဘယ်လို
authority နှင့် ဒီစကားကို ပြောသည်ကိုကား မသိ။ သေချာသည်မှာကား
အားလုံး အတိုင်အဖောက်ညီကြသည်။

ကျွန်တော်တို့ ၏ ဒီမိုကရေစီခေါင်းဆောင်များသည် စစ်အာဏာရှင်စနစ်ကို
ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ် ထူထောင်မည်ဟုဆိုသည်။ သို့ သော်
လူထုကိုတော့ စစ်အာဏာရှင်တွေ ငြိုငြင်မည့်အရာများကို မလုပ်ဖို့ 
တားမြစ်နေပြန်သည်။ ထူးဆန်းလှပေသည်။ တကယ်တော့ ဒီမိုကရေစီ
လမ်းကြောင်းကိုသွားလျှင် စစ်အာဏာရှင်တွေကြိုက်မည်မဟုတ်ဆိုသော
အချက်ကို လူထုကသိသည်။ သိသိနှင့်ပင် စစ်အာဏာရှင်စနစ်အောက်တွင်
မနေချင်သောကြောင့် နှစ်အစိတ်လုံးလုံး အပင်ပန်းအဆင်းရဲခံကာ
စစ်အာဏာရှင်ဆန့် ကျင်ရေး၊ ဒီမိုကရေစီရေးကို ဆောင်ရွက်ခဲ့ကြသည်။
အခု နှစ်ပေါင်းအစိတ်ကြာ ဒုက္ခဆင်းရဲ ခံခဲ့ပြီးတော့မှ စစ်အာဏာရှင်တွေ
ငြိုငြင်မှာကို မလုပ်နှင့်ဟု ဆိုသူကဆိုလာကြသည်။ စစ်အာဏာရှင်တွေ
ပေးသလောက်သာရမည် ဟု အလံရှူး လုပ်သူကလုပ်သည်။

၈၈ အရေးအခင်းကြီးဆင်နွှဲပြီး လူတွေအသက်သွေးပေးဆပ်ခဲ့သော်လည်း
ဘာမျှမရ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပေးလို့ သာ ပြုပြင်ပြောင်းလဲရေးရသည်ဟု
ကျေးဇူးရှင်တွေ့ သူက ရှာတွေ့ ကုန်လေပြီ။ ၂၀၀၇ အရေးအခင်းကြီးတွင်
သံဃာတော်တွေ အသက်ပေးခဲ့ကြရသည်မှာလည်း အလကား၊
အရင်စစ်အစိုးရ စတင်လို့ သာ အပြောင်းအလဲဖြစ်လာတာဟု အတွေးအခေါ်သစ်
ရသူက ရကုန်ကြလေပြီ။ ဒီမိုကရေစီရရေး မရရေးမှာ စစ်တပ်အပေါ်မှာသာ
မူတည်သည်ဟု သီအိုရီသစ် ဖြန့် ချိနေလေပြီ။ ထိုအရာသည် စစ်အာဏာရှင်စနစ်
သက်ဆိုးရှည်ရေးအတွက် နောက်ဆုံးပေါ်ဝါဒဖြန့် ချိနည်းသာဖြစ်သည်။

သေချာသည်ကား ၂၀၀၈ အခြေခံဥပဒေသည် ပြည်သူတို့ ကို ကောင်းကျိုးပေးမည့်
ဥပဒေမဟုတ်။ ထိုအခြေခံဥပဒေသည် အခြေခံကပင် မကောင်းသောကြောင့်
မည်သို့ ပင် ဖာထေးသုံးစွဲသော်လည်း ကောင်းလာဖွယ်မရှိ။ ထိုအချက်ကို
အားလုံးအသိပင်ဖြစ်သည်။ ထိုအချက်အပေါ်တွင် အငြင်းမပွား။
အငြင်းပွားနေကြသည်မှာကား ထိုမကောင်းမှန်းသိသော လှည်းကျိုးကြီးကို
ခဏတဖြုတ်တော့ ထမ်းထားပါကွာ၊ မဟုတ်ရင် တိုင်းပြည်ချောက်ထဲကျလိမ့်မယ်ဟု
ခြိမ်းခြောက်ပြောဆိုနေခြင်းကို ကျွန်တော်တို့ လက်ခံမလား၊ လက်မခံဘူးလား
ဆိုသောအချက်ကသာ အငြင်းပွားနေသောပြဿနာဖြစ်ပါသည်။

စစ်အာဏာရှင်တို့ ၏ ဖိနှိပ်ချုပ်ခြယ်မှုအောက်တွင် နေထိုင်ခြင်းကသာ
အကောင်းဆုံးပါဟု ပြည်သူတွေက လက်မခံမချင်း ၈၈ တော်လှန်ရေး
မရှုံးနိမ့်သေးပါ။ ရှေ့ ဆက်နေဦးမည်သာဖြစ်ပါသည်။ စစ်အာဏာရှင်နှင့် ပြည်သူတွေ
တစ်ဖက်ဖက်က အညံ့မခံမချင်း ဆက်နေပါဦးမည်။ သို့ သော် စစ်အာဏာရှင်တွေ
မကြိုက်တာ မလုပ်တော့ပါဟု ပြည်သူတွေက အညံ့ခံလိုက်ပါမူ အညံ့ခံသည်နှင့်
တပြိုင်နက်မှာ ကျွန်တော်တို့ ၏တော်လှန်ရေး ရှုံးနိမ့်ပြီဖြစ်ပါသည်။
ရယ်ဒီကယ်တွေ၊ လစ်ဘရယ်တွေ အဓိကမဟုတ်။ ဆွေးနွေးသောယဉ်ကျေးမှု
ရှိ မရှိ ဆိုတာတွေလည်း အဓိကမဟုတ်။ တော်လှန်ရေးလုပ်ရမှာလား၊
တည်ဆောက်ရေးလုပ်ရမှာလား၊ နိုင်ငံရေးလုပ်ရမှာလားဆိုတာတွေလည်း
အဓိကမဟုတ်။ ဒါတွေက နည်းလမ်းတွေသာဖြစ်သည်။ နည်းလမ်းတွေသာမက
ထောက်ပံ့ကြေးယူ သင်တန်းဖွင့်စားသော ကာလပေါ်သင်တန်းဆရာတို့ 
စုန်းတောက်စားကြသည့် ဝေါဟာရလျှပ်ပေါ်လော်လီမှုတွေအဖြစ်နှင့်လည်း
တစ်ခါတစ်လေ တွေ့ ရတတ်သည်။ တကယ်အရေးကြီးသည်မှာ
ဒီမိုကရေစီစနစ်လား၊ အာဏာရှင်စနစ်လားဆိုတာသာဖြစ်သည်။
ဒါကို တကယ်ရွေးချယ်ရမည့်သူတွေမှာလည်း ပြည်သူတွေသာဖြစ်ပါသည်။

(လူထုပုံရိပ်ဂျာနယ် အတွဲ ၂ အမှတ် ၄ တွင် ပါရှိသော စိမ်းမြင့် (မန္တလေး)၏
"ဗိုလ်ချုပ်မှူးကြီးဟောင်း အုတ်ခဲနှင့် ပြင် သစ် ပြဿနာ" မှ ထုတ်နုတ်ပါသည်)

အောင်မျိုးထွန်း
Posted: 23 Oct 2013 08:21 AM PDT
(EU Business News မှ 21 Oct 2013 ရက်စွဲပါ " Suu Kyi urges world to pressure Myanmar Leaders on reform" သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ပြီးစီးအောင် အစိုးရအား ဖိအားပေးကြရန် ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ ခေါင်းဆောင်များကို မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တနင်္လာနေ့တွင် တိုက်တွန်းလိုက်ပါ သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုင်းရင်းသားပဋိပက္ခ အဆုံးသတ်ရေးနှင့် တိုင်းပြည်၏ အနာဂတ် ဒီမိုကရေစီ ပြည့်ဝရေးသည် အခြေခံဥပဒေမြန်မြန်ဆန်ဆန် ပြင်ဆင်ပြောင်းလဲခြင်းပေါ်တွင် မူတည်နေသည်ဟု သူမက သတင်းထောက်များအား ပြောကြားသည်။

"ပြုပြင်ပြောင်းလဲမှုဟာ အခြေခံဥပဒေပြင်ဆင်ခြင်းမရှိဘဲနဲ့ တတ်နိုင်သလောက် ခရီးပေါက်ခဲ့ပါပြီ။ ဒီတော့ အခြေခံဥပဒေကို မပြောင်းလဲဘူးဆိုရင် လက်ရှိအုပ်ချုပ်သူတွေဟာ ဆက်လက်ပြုပြင်ပြောင်းလဲဖို့ စိတ်မဝင်စားဘူးလို့ ယူဆရမှာပါ။ ဒါကြောင့် အခြေခံဥပဒေပြောင်းလဲဖို့လိုတဲ့ကိစ္စမှာ ဥရောပသမဂ္ဂ အနေနဲ့ မတွေဝေဘဲ ရပ်တည်ပေးဖို့လိုပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သဘောထား ဟာ မြန်မာအစိုးရအတွက် တော်တော်များများ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရက ရင်းနှီးမြှုပ်နှံမှုတွေ၊ အကူအညီတွေကို လိုချင်နေလို့ပါဘဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောဆိုသည်။

ယခင်တပ်မတော် အစိုးရအကြီးအကဲဦးစီး ရေးဆွဲထားသော လက်ရှိအခြေခံဥပဒေသည် ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာအောင် သိသိသာသာ ပိတ်ဆို့ထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၅ တွင် ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ပြီး ထွက်ပေါ်လာသော လွှတ်တော်သစ်နှင့်အတူ သမ္မတရာထူးအတွက် ရွေးချယ်မည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတတာဝန်ယူလိုကြောင်း ထုတ်ဖော်ပြောကြား ထားသည်။

အခြေခံဥပဒေ ပြန်လည်ရေးဆွဲရေးအတွက် လူထုဆန္ဒကောက်ခံနေသော NLD ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ယခုနှစ်ကုန် ထွက်ပေါ်လာမည့် လွှတ်တော်အစီရင်ခံ စာကို တိုင်းပြည်နှင့်လူထုက စောင့်ဆိုင်းနေသည့်ဟု ပြောကြားသည်။

"ဒါပေမဲ့ အခြေခံဥပဒေ ပြန်ရေးဖို့ လိုအပ်တယ်ဆိုတာကို လူသိရှင်ကြား ကတိပေးတာဝန်ယူဖို့ အစိုးရက ပျက်ကွက် နေတယ်။ ဒီကိစ္စကို လွှတ်တော်မှာ လေ့လာနေတယ်လို့တော့ ပြောနေပါတယ်။ ဒါဟာ တိကျပြည့်စုံဖို့ နဲနဲလိုသေးတယ်။ လုံလောက်မှုမရှိသေးဘူး" ဟုသူမက ဆက်လက် ပြောဆိုသည်။

မြန်မာဒီမိုကရေစီခေါင်းဆောင်သည် လွန်ခဲ့သော ၂၃ နှစ်က သူမရရှိခဲ့သော ဆာခါရော့ဗ် လူ့အခွင့်ရေးဆုကို အင်္ဂါနေ့တွင် လက်ခံရန် စထရာဘော့စ် သို့ မထွက်ခွာမှီ လူဇင်ဘာ့ဂ် တွင် အီးယူနိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခင်တပ်မတော်အစိုးရ အကြီးအကဲဟောင်းများ၏ ရည်မှန်းချက်ဖြစ်သော အာဆီယံဥက္ကဋ္ဌ တာဝန်ယူရေး၊ ဆီးဂိမ်းလက်ခံကျင်းပရေး၊ အနောက်အုပ်စုနှင့် ပြန်လည်ဆက်ဆံရေး၊ တိုင်းရင်းသားအုပ်စုများနှင့် သဘောတူလက်မှတ်ထိုးရေး၊ တပ်မတော်အစိုးရ လူဟောင်းများက ဆက်လက်အုပ်ချုပ်ရေး၊ အစရှိသောအချက်များ ပြည့်ဝလုနီးပါး ဖြစ်နေသောကြောင့် ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် နှေးကွေးသွားမည်ကို စိုးရိမ်ပူပန်မိသည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးကြသည်။
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

ကျေးဇူးပါ အမေ။








Posted: 24 Oct 2013 08:54 AM PDT

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး အကြမ်း ဖက်မှု တွေဟာ ရိုဟင်ဂျာ (ဘင်္ဂလီ) မွတ်ဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်တဲ့ အခြေအနေမျိုးထိ ရောက်လာနေတယ် ဆိုတဲ့ စွပ်စွဲချက်ကို မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ငြင်းဆို လိုက်ပါတယ်။
http://www.bbc.co.uk/burmese/burma/2013/10/131024_dassk_bbc.shtml

"လူမျိုးရေးသုတ်သင်မှု ဒေါ်အောင်ဆန်းစုကြည်ငြင်းဆို"

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေဟာ ရိုဟင်ဂျာ(ဘင်္ဂလီ)မွတ်ဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်တဲ့ အခြေအနေမျိုးထိရောက်လာနေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုလိုက်ပါတယ်။

ဘီဘီစီကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာမှာ ဗုဒ္ဓဘာသာဝင်တွေလည်း အကြမ်းဖက်တိုက်ခိုက်ခံရတာပဲ၊ နှစ်ဖက်စလုံးမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ရှိနေပါတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် တိုက်ခိုက်ခံရတာ မွတ်ဆလင်အများစုဆိုတာကို အသိအမှတ်ပြုလားဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန်ဖြေကြားရမှာတော့ ဗုဒ္ဓဘာသာဝင် အများအပြားလည်း နိုင်ငံကနေ ထွက်ခွာ ပြေးခဲ့ရတာပါပဲလို့ ဆိုပါတယ်။

BBC
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

ဒေါ်စုရဲ့ တိုင်းပြည်အတွက် အကျိုးပြုသောလုပ်ရပ်များ။



Posted: 24 Oct 2013 09:01 AM PDT
Posted: 24 Oct 2013 08:58 AM PDT

မိမိကို တောင်းပန်ရန်မလို စစ်အစိုးရအဖွဲ့ဝင်များ တိုင်းပြည်ကိုသာ ၀န်ချတောင်းပန်ဖို့ကောင်းဟု

ဟံသာဝတီ ဦးဝင်းတင်ပြော

ရန်ကုန်၊အောက်တိုဘာ ၂၂
ယခင် အစိုးရများလက်ထက် ထောက်လှမ်းရေး အကြီးအကဲနှင့် နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်က ၎င်းတာဝန်ထမ်းဆောင်စဉ် အချိန်များက အဓိက အတိုက်အခံတစ်ဦးအဖြစ် သဘောထားခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သော ယခု NLD သဘာပတိ ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ဂါရ၀ပြု ကန့်တော့၍ ဖြစ်ခဲ့သမျှ ကိစ္စရပ်များကို မေ့ဖျောက်ပစ်ရန် ပြောကြားခဲ့သည့် ဖြစ်စဉ် အပေါ် ဆရာကြီး ဟံသာဝတီဦးဝင်းက မိမိကို တောင်းပန်ရန် မလိုကြောင်းနှင့် တိုင်းပြည်ကို ၀န်ချ တောင်းပန်ဖို့သာ ကောင်းကြောင်း ပြောကြားလိုက်သည်။
ယခု အောက်တိုဘာလ (၁၆) ရက်နေ့က ကွယ်လွန်သွားသော သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း၏ နာရေးသို့ အောက်တိုဘာလ (၁၉)ရက်နေ့က ဆရာကြီး ဟံသာဝတီဦးဝင်းတင် သွားရောက်စဉ် ဦးခင်ညွန့်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ယင်းနေ့ ဖြစ်စဉ်အပေါ် မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အပါအ၀င် နီးစပ်ရာ တပည့်များက ဆရာကြီး ဟံသာဝတီဦးဝင်းတင်ထံ ၀ါကျွတ်ကာလ သွားရောက် ဂါရ၀ပြု ကန်တော့စဉ် မေးမြန်းရာ ဆရာကြီးက ပြန်လည် ဖြေကြားမှုပြုရင်း အထက်ပါကဲ့သို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

""ငါ့ဘာသာငါ RFA ရုံးကို ခဏသွားတယ်။ ပြီးတော့ သခင်သိန်းမောင်အိမ် ၀င်တယ်။ ပြီးမှ ဂါးဒီးယန်း ဦးစိန်ဝင်း မိသားစုကို သတင်းသွားမေးတာ။ လူတွေက အထဲက ကြမ်းပြင်ပေါ် ထိုင်နေတယ်။ ငါက ကြမ်းပေါ်ထိုင်ပြီး အထခက်လို့ အပြင် ဆင်ဝင်အောက် ထိုင်နေတာ။ … အရင်ကတည်းကလည်း ဦးစိန်ဝင်းက ဆင်ဝင်အောက်မှာ အလုပ်လုပ်တယ်၊ စကားပြောတယ်။ ငါတို့သွားလည်း အဲဒီအောက် ထိုင်ဖြစ်တာပဲ။ ဦးစိန်ဝင်း ကိုယ်တိုင် ကလည်း အဲ့နေရာကို ကြိုက်တယ်။ ပေါ့ပေါ့ပါးပါးပေါ့ကွာ။အဲဒီနေ့ကလည်း ငါက မအေးအေးဝင်းနဲ့ စကား ပြောတာ။ အထဲကြမ်းပေါ်တော့ လူတွေထိုင်နေတာ တွေ့ပါတယ်။ အထဲက တစ်ယောက်ထွက်လာပြီး ငါ့ကို ဆရာကြီးဆိုလို့ ငါမော့ကြည့်တယ်။ သူကသူ့ဟာ သူမိတ်ဆက်တယ်။ သူ့ကိုငါက မသိဘူး။ ဒီဗိုလ်ခင်ညွန့်ကို အပြင်မှာလည်း မမြင်ဖူးဘူး။ မသိဘူး။ သူ့ကိုအပြင်မှာ သွေးနဲ့ကိုယ် သားနဲ့ကိုယ် မမြင်ဖူးဘူး။ သိလည်း မသိဘူး။ သူပြောတာတော့ စုံနေတာပေါ့ကွာ။ အတော်လေးလည်း အာသွက် လျှာသွက်ကွ။ (NLD ပါတီ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးမြင့်ဌေးက ဦးခင်ညွန့် ကျောက်တန်းအခြေပြု နိုင်ငံရေးလုပ်မယ် ကြားတယ် အဘဟု စကားထောက်ပြောကြားသည်။) လုပ်မှာပေါ့။ သူနဂိုနိုင်ငံရေး ၀ါသနာပါတာကိုး။ လူထု စည်းရုံးရေးတွေ လည်း လုပ်ဖူးတယ်။ လူတွေလက်အုပ်ချီတာ သူကစတယ်လို့ ငါထင်တယ်။ မသေချာဘူး။ တွေ့တော့ သူက ပြောတာက အရင်ဟာတွေလည်း စိတ်ထဲမထားပါနဲ့။ ဆရာကြီးတို့လို လူတွေ တိုင်းပြည်မှာ လိုအပ်တယ်။ ဒီလို အတွေ့အကြုံများတဲ့ သူတွေ တိုင်းပြည်မှာ လိုတယ်။ ဆရာကြီး အသက် ဘယ်လောက်လဲ မေးတော့ (၈၄) ဆိုတော့ ကျွန်တော်က (၇၅) ပါ။ ဆရာကြီးက ကျွန်တော့်ထက် (၉) နှစ်ကြီးတယ် ဆိုပြီး မတ်တတ်ပဲ လက်အုပ် ချီတာပါ။ ထိုင်မကန်တော့ပါဘူး။ သူ့ကို ခွင့်လွှတ်ပါ ဘာညာလည်း မပြောပါဘူး။ ငါလည်း လမ်းကျတော့ အဖော် တစ်ယောက်ကို ပြောတယ်။ ဒီလူတွေ နောင်တမရဘူး။ ငါ့ကို သီးခြား တောင်းပန်ရမယ် မပြောဘူး။ ဒါပေမဲ့ ဒီလူတွေ တိုင်းပြည် ၀န်ချဖို့ ကောင်းတယ်။ သူတို့ လုပ်ခဲ့တာတွေဟာ အလွန်အကျွံတွေချည်းပဲ။ သူတို့တွေဟာ ဟိုပြော ဒီပြောနဲ့ အပြစ်မဲ့သလို နေနေမယ်ဆိုရင် အစဉ်အလာဆိုးဟာ အမြဲတည်တော့မယ်။ သူတို့ ကိုယ်တိုင်လည်း အပြစ်သားတွေအဖြစ် ဆုံးပါးရလိမ့်မယ်""ဟု ပြောသည်။

အာဏာသိမ်း အစိုးရအဖွဲ့ဝင်များ အားလုံးအနေဖြင့် ၎င်းတို့၏ လုပ်ဆောင်ခဲ့မှုများအပေါ် တိုင်းပြည်ကို ၀န်ချ တောင်းပန်သင့်ကြောင်း ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြီးခဲ့သည့် သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ၌ ပြောကြားခဲ့သေးသည်။
ဦးခင်ညွန့်သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အစပြုသူ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပင် ပြောကြားမှု ရှိသည့် ဦးနေ၀င်း၏ တပည့်အရင်းတစ်ဦး ဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီစနစ် ပျက်သုဉ်းပြီးနောက် စစ်တပ်မှ တိုင်းပြည်အာဏာကို သိမ်းယူမှု ပြုလုပ်မှုတွင် အဓိက ခေါင်းဆောင်တစ်ဦး အဖြစ် ပါဝင်ခဲ့သည်။ ထို့ပြင် န၀တ၊ နယက အစိုးရ နှစ်ဆက်စလုံးတွင် ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူခဲ့ပြီး အစိုးရနှင့် အတိုက်အခံဖြစ်သော ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းမှု ပြုလုပ်သည့် နိုင်ငံရေးသမားများကို ဖမ်းဆီး အကျဉ်းချမှုများတွင်လည်း အဓိက ပါဝင်ခဲ့သူ ဖြစ်သည်။
၎င်းသည် နယကအစိုးရ လက်ထက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၎င်းတို့အစိုးရ ခေါင်းဆောင်များ အချင်းချင်း မသင့်မြတ်မှုဟု သုံးသပ်ကြသော ဖြစ်စဉ်ဖြင့် တာဝန်များမှ ရပ်စဲ ခံရကာ ၎င်းအကြီးအကဲ တာဝန်ယူထားသော ထောက်လှမ်းရေးဌာနရှိ လူအများအပြားနှင့်အတူ နှစ်ရှည် အကျဉ်းချ ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။

၎င်းပြန်လည် လွတ်မြောက်လာပြီးနောက် လုပ်ကိုင်ဆောင်ရွက်မှုများကို ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ""ရှင်းရှင်း ပြောရရင် အခု ဗိုလ်ခင်ညွန့် လွတ်လာပြီး ဟိုတုန်းက ဗိုလ်အောင်ကြီး လုပ်သွားတဲ့ နည်းပဲ လက်ဖက်ရည်ဆိုင် ထောင်တဲ့ဟာ လုပ်ပြန်ပြီ။ အဲဒီကနေပြီးတော့ နိုင်ငံရေးမလုပ်ပါဘူး ပြောပြီးတော့ ဗိုလ်အောင်ကြီးလည်း နိုင်ငံရေးထဲ ၀င်လာတာပဲ။ ဗိုလ်ခင်ညွန့်လည်း ဒီလို လက္ခဏာတွေကို အများကြီး ပြတယ်""ဟု သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့်၌ သုံးသပ် ပြောကြားခဲ့သေးသည်။

ယခင် စစ်အာဏာသိမ်း အစိုးရ အဖွဲ့အတွင်း ပါဝင်ခဲ့သူများ အနေဖြင့် ၎င်းတို့ ပြုမူ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ တိုင်းပြည်နှင့် ပြည်သူလူထုကို ၀န်ချ တောင်းပန်ရေးအပေါ် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ""သူတို့တွေဟာ တိုင်းပြည်အတွက် မှားယွင်းတဲ့ အလုပ်တွေကို လုပ်ခဲ့ပြီးပြီ။ တာဝန် မရှိဘူးလို့ ပြောလို့မရဘူး။ ဦးသိန်းစိန်မှာ တာဝန်တွေ အများကြီးရှိတယ်။ ဦးရွှေမန်းမှာ တာဝန်တွေ အများကြီးရှိတယ်။ ဦးခင်ညွန့်မှာ တာဝန်တွေ အများကြီး ရှိတယ်။ ဗိုလ်ခင်ညွန့်က ပြောတယ် အဲဒါတွေ ပြောမနေပါနဲ့တဲ့။ လူတိုင်းဟာ ပြောချင်တဲ့ သူတွေ တစ်ယောက် တစ်မျိုး ပြောရရင်သမိုင်းဟာ အသံတွေအမျိုးမျိုး ထွက်နေမှာပဲ။ ဒါတွေ မလုပ်နဲ့ အခုအချိန်မှာ အားလုံး မေ့ပစ် နိုင်ရမယ်တဲ့။ ဘယ်လိုလုပ် မေ့ပစ်နိုင်မလဲ။ ကျုပ်တို့မှာ ဘာအပြစ်မှ မရှိဘူး။ ကျုပ်တို့ ဘာမှလည်း မလုပ်ဘူး။ ဆိုင်လည်း မဆိုင်ဘူး။ သိလည်း မသိဘူး ဆိုပြီးတော့ အထက်အမိန့်ပဲ တည်ဆဲဥပဒေ ဗိုလ်ခင်ညွန့် ပြောတဲ့ဟာမျိုး ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်တို့ ဘာမှမသိဘူး။ ကျုပ်တို့က တည်ဆဲ ဥပဒေအတိုင်း လုပ်ခဲ့တာဆိုတဲ့ မျောက်သုံးကောင် ၀ါဒအတိုင်း။ မမြင်ဘူး၊ မကြားဘူး၊ မပြောဘူး ဆိုပြီးတော့၊ ပါးစပ်ပိတ်ပြီးတော့၊ နားပိတ် မျက်စိပိတ် ပြီးတော့  ဗိုလ်ခင်ညွန့်လို ပုဂ္ဂိုလ်တွေက ကျင့်သုံး နေတယ်။ ဒါမျိုးတွေ ကျွန်တော်တို့ လက်မခံနိုင်ဘူးဗျ။ လက်မခံနိုင်ဘူး။ သူတို့မှာ တာဝန်ရှိတယ်။ သူတို့က ပြင်ရမယ်။ ပြောင်းရမယ်။ ဒီလူတွေဟာ လူမသေရင်တောင်နေမယ်၊ နိုင်ငံရေးတော့ သေရလိ့မ်မယ် ဟုတ်လား။ အလားတူပဲ ဗိုလ်ခင်ညွန့်နဲ့ ပတ်သက် ပြီးတော့လည်း သူတို့ဘက်က ဘာမှ အပြစ်မရှိဘူး။ တည်ဆဲဥပဒေအရ လုပ်တယ်လို့ ပြောတယ်။ အဲလိုဆိုရင် တည်ဆဲဥပဒေဆိုတာ ဘယ်သူတွေ လုပ်ထားတဲ့ ဥပဒေလဲ။ သူတို့ လုပ်ထားတဲ့ ဥပဒေ။ ကျွန်တော်တို့ မေ့ချင်ပါတယ်။ ကျွန်တော်တို့ အရမ်းတော့ မေ့လို့မရဘူး။ ကျွန်တော်တို့ ခွင့်လွှတ်ချင်ပါတယ် အရမ်းတော့ ခွင့်လွှတ်လို့ မရဘူး။ သူတို့ကလည်း ပြင်ရလိမ့်မယ်"" ဟုလည်း သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့်၌ ပြောကြားခဲ့သည်။

လင်းယုံ
မြန်မာသံတော်ဆင့်
Posted: 24 Oct 2013 08:01 AM PDT
(European Voice မှ 22 Oct 2013 ရက်စွဲပါ Suu Kyi urges EU's support for reform ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွင် ဥရောပသမဂ္ဂ(အီးယူ)အနေဖြင့် ရှင်းလင်း ပြတ်သားသော ထောက်ပံ့မှုပြုလုပ်ပေးရန်လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆို လိုက်သည်။

အောက်တိုဘာလ ၂၂ ရက်နေ့ အီးယူနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရာတွင် အီးယူ အနေဖြင့် စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရအား နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင် လာစေရေးအတွက် ဖိအားပေးရန်လိုအပ်ကြောင်း မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

"ကျွန်မတို့နိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီအစိုးရပေါ်ထွန်းဖို့ တကယ့်ကို အဝေးကြီး(အဝေးကြီး) လိုပါသေးတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးအတွက်

အခြေခံကျသောအရေးကိစ္စတစ်ခုဖြစ်သည်ဟု ထောက်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဥရောပ ဒေသသို့ ဒုတိယအကြိမ်အဖြစ် အလည်အပတ်ရောက်ရှိ နေခြင်းဖြစ်သည်။ သူမသည် ယမန်နှစ်က ယခင်နေထိုင်ခဲ့ဖူး သော ဗြိတိန်နိုင်ငံနှင့် နော်ဝေနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။ အောက်တိုဘာလ ၂၂ ရက်နေ့ လူဇင်ဘတ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အီးယူနိုင်ငံခြားရေးဝန်ကြီးများ ညစာအတူစားကြသည်။ ယင်းခရီးစဉ်သည် လွန်ခဲ့သည့် ၁၈ လကတည်းက အီးယူအဖွဲ့ဝင်နိုင်ငံများက ဖိတ်ကြားထားခဲ့သော ခရီးစဉ်လည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဥရောပကောင်စီ ဥက္ကဌ Herman Van Rompuy နှင့်တွေ့ဆုံပြီး အောက်တိုဘာ ၂၂ ရက်နေ့တွင် Strasbourg မြို့ရှိ ဥရောပပါလီမန်တွင် မိန့်ခွန်းပြောကြားကာ ဥရောပ ပါလီမန်က ပေးအပ်သော ဆုကိုလက်ခံရယူသည်။ အဆိုပါဆုသည် ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်း ၂၀ နီးပါးခန့် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရစဉ် ကာလအတွင်း ရရှိခဲ့ခြင်းဖြစ်သည်။

အီးယူ အင်စတီကျူးရှင်းကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံမှုသည် သူမ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှုကြောင့် ဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်ကို အသိအမှတ်ပြုရေးနှင့် မြန်မာနိုင်ငံတွင် အီးယူ ကုမ္ပဏီကြီးများ ဝင်ရောက်ရင်းနှီးမြှုပ်နှံရေးအတွက် အီးယူကပင် ကမကထပြုလုပ်မည့် အစီအစဉ်မတိုင်မီ ထွက်ပေါ်လာ ခြင်းဖြစ်သည်။

ယင်းအစီအစဉ်ကို လာမည့်နိုဝင်ဘာလတွင် စတင်ရန် စီစဉ်ထားသော်လည်း အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော် အီးယူလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့အနေဖြင့် နိုဝင်ဘာလ အတွင်း ပြုလုပ်မည့် သုံးရက်တာဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ထောက်ပံ့မှုပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန် ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။ အီးယူနိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ Catherine Ashton က အီးယူလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအတွက် ခိုင်မာသော ထောက်ပံ့ ပေးမှုများကို ပြသလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းအဖွဲ့က အီးယူ အင်စတီကျူးရှင်းကြီးများ၊ အေဂျင်စီများ၊ စီးပွားရေး လုပ်ငန်းများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများကို တစ်ပါးတည်း ခေါ်ဆောင်လာမည်ဖြစ်သည်။

အခြေခံဥပဒေ ပြဿနာများ အဆိုပါအဖွဲ့သည် ဇူလိုင်လအတွင်း အီးယူက ချမှတ်ခဲ့သည့် သုံးနှစ်တာ မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်းမဟာဗျူဟာမှာ ကုန်သွယ်ရေး၊ လုံခြုံရေး၊ဖွံ့ဖြိုးရေးနှင့် မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ စနစ်ထဲသို့ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ချမှတ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအပေါ် အီးယူ၏ ကမ်းလင့်ထောက်ကူမှု ပြုသည့် အစီအစဉ်များထဲတွင် အီးယူ စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ မဟာမင်းကြီး Antonio Jajani နှင့် လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ မဟာမင်းကြီး Dacian Ciolos တို့၏ မြန်မာနိုင်ငံခရီးစဉ်များ လည်းပါဝင်သည်။

မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး အရေးကြီးပုံကို အဓိက မှတ်ချက်ပြု ပြောဆိုထားသည်။ လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ တွင် နိုင်ငံတော် အကြီးအကဲအဖြစ် ယှဉ်ပြိုင်နိုင်ခွင့်မရှိပေ။ ယင်းရာထူးကို စစ်တပ်တွင် အမှုထမ်းဖူးသူများသာ ရပိုင်ခွင့် ရှိသည်။ ထို့အတူ စစ်တပ်အနေဖြင့် ပါလီမန်လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တိုက်ရိုက်ခန့်အပ်ထားနိုင်သည်။

အရေးကြီးသည့်ကိစ္စတစ်ခုမှာ မြန်မာဖွဲ့စည်းပုံအခြေခံဥပဒေတွင် စစ်တပ်အပေါ် အရပ်ဘက်က ထိန်းချုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြမှု မရှိခြင်းပင် ဖြစ်သည်။ အီးယူနိုင်ငံခြားရေးဝန်ကြီးများသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကြေညာချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းကြေညာချက်တွင် မြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ခေတ်မီဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှုရှိအောင် ပြင်ဆင်ရေးဆွဲသင့်သည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ဖြင့်ပြောရလျှင် အီးယူ၏ ကြေညာချက်မှာ ပို၍ပင် ခိုင်မာပြတ်သားမှုရှိသင့်ပေသည်။ "ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အီးယူအနေနဲ့ ပြတ်ပြတ်သားသား အလေးပေး လုပ်ဆောင်စေလိုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီမှ ကိုယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ် ၄၅ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြရာ နှစ်နေရာမှလွဲ၍ ကျန်နေရာများအားလုံးကို ရရှိခဲ့ကြသည်။ သို့သော် ယင်းအချိန်ကာလမှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တိုးတက်မှုရှိအောင် အသေအချာ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ NLD သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်ပါမည်ဟူသော ကတိကဝတ်ပြု ပြောဆိုရမည့်ကိစ္စကို ကန့်ကွက်ခဲ့ပြီး အခြေခံဥပဒေတွင်း စစ်တပ်အာဏာ ကြီးထွားမှုကို လျှော့ချနိုင်ရေးအတွက် ပြင်ဆင်ရေးဆွဲရန်နည်းလမ်းရှာခဲ့သည်။

အကူအညီများနှင့် ဖွံ့ဖြိုးရေး မြန်မာအစိုးရသည် သေဒဏ်ကျခံနေရသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး မီဒီယာများအပေါ် ကန့်သတ်ပိတ်ပင်မှုများ ကိုလည်းလျှော့ချခဲ့သည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်အောင်လုပ် ဆောင်ပေးခြင်း အစရှိသည်တို့ကို လုပ်ကိုင်ခဲ့သည်။ မြန်မာသမ္မတဦးသိန်းစိန်ကမူ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည်ဟု ဆိုထားသည်။

အဆိုပါ တိုးတက်ဖွံ့ဖြိုးမှုများကို တုံ့ပြန်သောအားဖြင့် အီးယူ ပိတ်ဆို့အရေးယူမှုများ အားလုံး (စစ်လက်နက် ရောင်းချမှုအပေါ် ပိတ်ပင်ထားမှုမှအပ) ကိုရုပ်သိမ်းပေးလိုက်သည်။ ယခင်က စစ်ဘက်အရာရှိကြီးများနှင့် ထိပ်ပိုင်း နိုင်ငံရေးသမား ၅၀၀ ခန့်မှာ ခရီးသွားလာခွင့်ပိတ်ပင်ခံရခြင်း၊ ပိုင်ဆိုင်မှုများ ပိတ်ပင်ခံရခြင်းတို့ ခံခဲ့ကြရသည်။ သစ်ထုတ်လုပ်ရေး လုပ်ကိုင်သည့် နိုင်ငံပိုင်ကုမ္ပဏီများနှင့် သတ္တုအပါအဝင် အဖိုးတန်တွင်းထွက်ပစ္စည်း တူးဖော် ထုတ်လုပ်သည့် နိုင်ငံပိုင်လုပ်ငန်းများ နှင့်အတူ ရင်းနှီးမြှုပ်နှံမှုများကိုလည်း အီးယူကပိတ်ပင်ခဲ့သည်။

ယခုအခါတွင်မူ အီးယူသည် ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်ထားပြီဖြစ်သည်။ ယင်းရုံးခန်းမှာ ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ စတင်လည်ပတ်လုပ်ကိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လုံခြုံရေးပြဿနာများမှာ ဆက်၍ကြီးမား နေဆဲပင်ဖြစ်သည်။ လူ့အခွင့်အရေးသမားများမှာ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အချို့သော နယ်ပယ်များတွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ ယမန်နှစ်ကဆိုလျှင် ရိုဟင်ဂျာမွတ်စလင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ သို့အတွက်ကြောင့် ဒုက္ခရောက်ခဲ့ကြသော ရိုဟင်ဂျာမွတ်စလင် များနှင့် အခြားသော ဒေသတွင် ပြည်တွင်းစစ်မက် ပဋိပက္ခဒဏ်သင့်ခဲ့သူများကို လူသားချင်းစာနာ ထောက်ထားသော အကူအညီများပေးရန် ထောက်ပံ့ငွေ ယူရိုငွေ ၁၉ ဒသမ ၅ သန်းပေးအပ်ခဲ့သည်။ အီးယူသည် နှစ်ကာလကြာရှည်စွာ မြန်မာနိုင်ငံကို အရေးပါ သည့် အကူအညီများနှင့် အလှူငွေများ ပေးခဲ့သည့်အဖွဲ့ ဖြစ်သည်။

နိုင်ငံရေးအရ အကဲဆတ်မှုနည်းပါးသည့် နယ်ပယ်များဖြစ်ကြသော ပညာရေး၊ကျန်းမာရေးနှင့် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းပညာဖွံ့ဖြိုးရေး အစရှိသည်တို့ကို အဓိကအလေးပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့်အချိန်မှစ၍ အီးယူက ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေများကို နှစ်ဆခန့်တိုးမြှင့် ပေးခဲ့သည်။
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com