Tuesday 29 January 2013

ပြဿနာပေါင်း စုံနဲ့ နေပြည်တော်










--
http://www.burmaburo.blogspot.com

တိုင်းသူပြည်သားအပေါ်တော့အမြဲလိမ်လည်လျှိုဝှက်နေတဲ့ 








--
http://www.burmaburo.blogspot.com

ဒါလားဟဲ့ လဝက အမှုထမ်း










--
http://www.burmaburo.blogspot.com

ဟာဝိုင်ရီရောက်ဒေါ်စု










--
http://www.burmaburo.blogspot.com

ဒေါ်စု ခရီးစဉ်တချို့ 










--
http://www.burmaburo.blogspot.com

လူသတ်သမား လွှတ်တော်ကိုယ်စားလှယ်










--
http://www.burmaburo.blogspot.com

ဆရာမကြီးဒေါ်ခင်ဆွေဦး အမှတ်တရ





End



--
http://www.burmaburo.blogspot.com



Posted: 27 Jan 2013 06:57 AM PST

နိုင်ငံခြား သတင်းထောက်တွေက အစိုးရ နှင့် ပူးပေါင်းပြီး သတင်းမယူကြဘဲ ၊ KIA ဘက်က လူတွေနဲ့ ပေါင်းပြီး သတင်းယူကြတာ များတယ်လို့ မနေ့က ဖေ့ဘွတ်က သူငယ်ချင်းတစ်ယောက် ရေးထားတာလေး ဖတ်လိုက်ရတယ် ။

အဲဒီမှ စဉ်းစားမိတာက နိုင်ငံခြား မီဒီယာတွေက KIA နှင့် စစ်အစိုးရ နှစ်ဘက်မှာ KIA ကို ပိုယုံကြည်လို့ လက်တွဲတာလား ။ ဒါမှ မဟုတ် အစိုးရက သူတို့ဘက်က လိုက်ပါပြီး သတင်းယူဖို့ ခွင့်မပြုလို့လား ။
သတင်းယူခွင့် မပြုဘူး ဆိုကတည်းက ရိုးသားမှု မရှိတာလည်း ဖြစ်နိုင်ပါတယ် ။

ပြည်သူ့ အတွက် SKY NET လို့ ကြွေးကြော်ထားတဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး မီဒီယာကြီး ၊ MRTV4 တို့ဘက်က သတင်းထောက်တွေလည်း အစိုးရဘက်က ပေါင်းပြီးဘဲ ဖြစ်ဖြစ် ၊ KIA ဘက်က ပေါင်းပြီးဘဲ ဖြစ်ဖြစ် သွားရောက် သတင်းယူပြီး ပြည်သူလူထုထံ အမှန်အတိုင်း တင်ပြသင့်တာပေါ့ ။

ပြန်ကြားရေး ၀န်ကြီးရဲ့ အဆိုအရ ဆိုရင် ဒါက တရားမျှတတဲ့ စစ်ပွဲလို့ သူပြောတာဘဲ ........။ အမှန်တကယ်သာ တရားမျှတယ် ၊ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်ဆို နိုင်ငံတကာက မီဒီယာတွေ အားလုံးကို ဖိတ်ခေါ်ပြီးတောင် သတင်းယူခွင့် ပြုသင့်သေးတာ မဟုတ်ဘူးလား ဗျာ ။

KIA လည်း လိမ်မလိမ်တော့ ကျနော် သေချာ မသိဘူးဗျာ ။ အစိုးရကတော့ ဗြောင်ကို လိမ်နေတာ သိသာထင်ရှားလွန်းပါတယ် ။

ပထမက ခံစစ်ပါလို့ ကြော်ငြာတယ် ၊ ပြည်တွင်းက သတင်းထောက်တွေ သွားရောက် သတင်းယူပြီး ဓါတ်ပုံသက်သေတွေနဲ့ အတိအကျ တက်လာပြီး နောက်တော့ လေယဉ်တွေကို စစ်ပွဲ အနေအရ အသုံးချပြီး ဗုံးကြဲတယ်လို့ ၀န်ခံလိုက်တယ် ။ အဲဒါကို ကာဗာလုပ်ချင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်ကျောက်လောက စာအုပ်ဟောင်းတွေ ရှာပြီး နိုင်ငံတကာ လုပ်ထုံးလုပ်နည်း နဲ့ ညီတယ်လို့ ကြော်ငြာပြန်တယ် ။

ကျနော်တို့က ငြိမ်းချမ်းရေး လိုလားပါတယ် ။ ဒါကြောင့် စစ်ပွဲတွေ ရပ်ဖို့ သမ္မတကြီးက အမိန့်ပေးပြီးသွားပြီ လို့ ကြော်ငြာပြီး သိပ်မကြာခင် တနေ့တည်း အမြောက်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ပြီး ကျနော်တို့က ခံစစ်ပါဘဲတဲ့ ........။ သိပ်မကြာပါဘူး .....အခြေအနေ အရ ထိုးစစ်ဆင်နေရပါတယ်လို့ ၀န်ခံပြန်တယ် ။

လိမ်ညာမှုကို ဖုံးကွယ်ဖို့ ဆက်ညာရင်းက ဘဲ ရှေ့က လိမ်တာတွေက ပြန်ပေါ်ဆိုတော့ ခင်ဗျာတို့ လိမ်ညာမှုက အရမ်းကြီးကို သိသာနေပါပြီဗျာ ။

နောက်ဆုံး သူတို့ လိမ်တာ အကုန်ပြန်ဖုံးချင်တော့ လွှတ်တော်က စစ်ပွဲကို ခေါ်ဖို့ ကြိုးစားကြပြန်ပါတယ်...........။

ကျနော်တို့ တိုင်းပြည်ကို ခင်ဗျာတို့ နည်းမျိုးစုံနဲ့ ဖျက်စီးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ ပါပြီဗျာ ။ တိုင်းပြည်လည်း ဗုန်းဗုန်းလဲတော့မယ့် အနေအထားနဲ့ သိပ်မဝေးတော့ပါဘူး ။ ခင်ဗျာတို့မှာလည်း ထားစရာ မရှိအောင် ချမ်းသာနေကြပြီဘဲ .................

ငါတို့ ဘာကြောင့် ဆက်လက် ယုတ်မာချင်ကြသေးတာလည်း ဆိုပြီး ကိုယ့်ဟာကိုယ်ဘဲ ပြန်မေးကြည့်ကြပါတော့ဗျာ .........။
Credit : Burma Thwe
-------------------------------------------------------------------------------
Photo..ကချင်စစ်မြေပြင်ရောက် နိုင်ငံခြားသတင်းထောက်တစ်ဦး။Jinghpaw Kasa
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

Sunday 27 January 2013

အသုဘရှု ဖိတ်ကြွားလွှာ




ရက်လည်ဆွမ်းသွတ် တရားတော်နာ ဖိတ်ကြားလွှာ
……………………………………
ဂျုာမဏီနိုင်ငံ ကိုလုံးမြို့တွင် နေထိုင်သော ဦးသိန်းဟန်
အသက် (၈၂) နှစ်သည်(၂၃-၁-၂၀၁၃ )နေ့တွင် Uniklinik ဆေးရုံကြီးတွင် လူကြီးရောဂါဖြင့်ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သူမိသားစုမှ ရက်လည်ဆွမ်းသွတ် တရားတော်နာယူကာအသုဘရှုအစီအစဉ်ကို အောက်ပါအတိုင်း ပြုလုပ်မည်ဖြစ်ပါ
သဖြင့်ရပ်ဝေးရပ်နီးမှ မိတ်သင်္ဂဟအပေါင်းအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်
နေရာ…….. သံဃာတော် သုံးပါးအား ဆွမ်းဆက်ကပ်မည့်နေရာ
                   Stolbergerstr.6
                   50933 Köln
                   Germany

အသုဘရှုမည့်နေရာ
......
                                      Ahlbach Bestattungen
                                      Venloerstr. 685
                                      50827 Köln

နေ့ရက်……. ၂၉-၁-၂၀၁၃ ရက် (အင်္ဂါနေ့)
အချိန်
………. နံက် (၁၁) နာရီတွင် သံဃာတော်များအားဆွမ်းဆက်ကပ်၍
နေ့(၁) နာရီတိတိတွင် အထက်ပါနေရာတွင် အသုဘရှုပြီး
ရပ်ဝေးရပ်နီးမှ ဧည့်သည်များအား မန္တလေးစားသောက်ဆိုင်တွင်ဧည့်ခံပါမည်။




ကျန်ရစ်သူ မိသားစု






--
http://www.burmaburo.blogspot.com

Saturday 26 January 2013

FILM, "THE STONING OF SORAYA M" -- PART 2

FILM, "THE STONING OF SORAYA M" -- PART 1

ဘာသာရေးအစွန်းရောက်များ၏ ရက်စက်လွန်းသောလုပ်ရပ်

ယခုအစိုးရလက်ထက်ရှိ စစ်ဗိုလ်ဆိုသည်မှာ







--
http://www.burmaburo.blogspot.com

ပြဿနာထဲက ပြဿနာ








--
http://www.burmaburo.blogspot.com

မြန်မာပြည်နဲ့ တရုပ်ပြည်အခြေနေ







--
http://www.burmaburo.blogspot.com

စစ်ပြေးရတဲ့ ဒုက္ခ







--
http://www.burmaburo.blogspot.com

လိုင်ဇာအခြေနေ







--
http://www.burmaburo.blogspot.com

အစိုးရစစ်တပ်များဘာလုပ်နေကြပါသလဲ။

Posted: 26 Jan 2013 06:32 AM PST
ဘူးသီးတောင်နှင့် မောင်းတော တစ်လျှောက်ရှိ ဘင်္ဂါလီများသည်
၎င်းတို့အနေဖြင့် ဗလီတက်ခွင့်မရခြင်း၊ ဆောက်လုပ်ခွင့်မရခြင်းနှင့် ပတ်သက်၍ ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်နေကြောင်း
မောင်းတော ဒေသခံများက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ယမန်နေ့က ဆန္ဒမည်ဆိုသော သတင်းကြောင့် ရခိုင်လူမျိုးများနှင့်
ဘင်္ဂါလီလူမျိုးတို့အကြား သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့မှ လုံခြုံရေး တင်ကျပ်စွာချထားကြောင်း မောင်းတောဒေသခံ ကိုကျော်ကျော်က
ပြောကြားသည်။

"မနေ့က နွားတွေသတ်ပြီး စားကြတယ်။ သူတို့က ဆန္ဒပြမယ်လို့
ကြားနေရတာ တစ်ပါတ်လောက်ရှိပြီ။ အဲဒီမှာတော့ အာဏာပိုင်
တွေက လုံခြုံရေးတင်းကျပ်ထားတယ်" ဟု ၎င်းကြားသိရသော သတင်းအား ပြောကြားသည်။

အဆိုပါ ဆန္ဒပြမည့် အကြောင်းအရာနှင့်ဆက်လျဉ်း၍ စစ်တွေ
မြို့ရှိ ဝံလက် ဖောင်ဒေးရှင်းမှ ဦးသိန်းထွန်းအေးက "ဘင်္ဂါလီ
တွေက သူတို့ဘင်္ဂလီအရေးကို ကမ္ဘာက သိအောင် လှုံဆော်
နေတယ်" ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

"ဒီလိုမျိုး ဘာသာရေးကို အကြောင်းပြပြီး အစွန်းရောက်အဖွဲ့
တွေက ဘာမှ နားမလည်တဲ့သူတွေကို လှုံဆော်ပြီး နိုင်ငံဆူပူ
အောင်လုပ်နေတာ" စစ်တွေပြည်နယ် အမှတ်(၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောကြားသည်။

ကြာသပတေးနေ့က မောင်းတောမြို့၊ တောင်ဘက်ရှိ ပန်းတော်ပြင်
ကျေးရွာ၌ ဘင်္ဂါလီများက ၎င်းတို့၏ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအား
မီးရှို့လိုက်ကြောင်းသိရသည်ဟု မောင်းတော ဒေသခံ ဦးအောင်
ကျော်ညွှန့်က ဆိုသည်။

"သူတို့အချင်းချင်း အုပ်ချုပ်ရေးမှူးကို မကျေနပ်လို့ ရှိုတာလို့
ကြားထားတယ်၊ တချို့ကလည်း မီးဖိုကနေ မီးလောင်တယ်လို့
ပြောတယ်" ဟု ဆိုသည်။

၎င်းကပင် ယမန်နေ့က နယ်စပ်စည်းအတွက် ခြံစည်းရိုးခတ်နေ
သောအင်ဂျင်နီယာတပ်၏ ကျောက်သယ်ကား တစ်စီးအား
ဘင်္ဂါလီများက မီးရှို့လိုက်သည်ဟုလည်း ကြားသိထားကြောင်း ထပ်မံပြောကြားသည်။

စူးရှ
ဓာတ်ပုံ - စူးရှ
The Myanma Age

တခုခုတော့မှားနေပြီ

ted: 25 Jan 2013 08:08 AM PST



ခြေချုပ်မှုဖြင့် မတရားအဖမ်းဆီးခံထားရသော ပဲခူးတိုင်း၊သနပ်ပင်မြို့နယ်၊မှ လယ်သမားကြီးဦးတင်စိုးကို ယနေ့ တရားရုံးထုတ် .... ။ မည်သည့်ပြစ်မှုမျှ ကျူးလွန်ခြင်းမရှိသော လယ်သမားကြီးကို ရာဇ၀တ်သား လူဆိုးကြီးအလား .... ။

၁၉၉၃ခုနှစ်ကပဲခူးတိုင်း၊သနပ်ပင်မြို့နယ်၊လှာပကစ်ကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်းများကိုကျေးရွာနေ တောင်သူလယ်သမား
(၅၂)ဦးက မိမိတို့လုပ်အားဖြင့်ခုတ်ထွင်ရှင်းလင်း၍ လယ်ယာမြေများ ဖော်ထုတ်လုပ်ကိုင်ခဲ့ကြပါသည်။၁၉၉၄ ခုနှစ်ကုန်ပိုင်းတွင် စစ်တပ်ပိုင်မြေဖြစ်သည်ဟုဆိုကာဗိုလ်ကြီးမျိုးစိမ့်က အဓမ္မသိမ်းယူခဲ့ပါသည်။

သို့သော် ထိုလယ်ယာမြေများပေါ်တွင် စစ်တပ်ကသော်လည်းကောင်း၊နိုင်ငံတော်ကသော်လည်းကောင်း မည်သည့်စီမံကိန်း၊
မည်သည့်အဆောက်အဦမျှ ဆောက်လုပ်ခဲ့ခြင်းမရှိသဖြင့် မူလခုတ်ထွင်ရှင်းလင်း၍ လယ်ယာမြေဖော်ထုတ်ခဲ့ကြသော
လယ်သမားကြီးအချို့က ၂၀၁၁ ခုနှစ်တွင် လယ်ယာလုပ်ငန်းပြန်လည်လုပ်ကိုင်ရန် ကြိုးစားခဲ့ကြပါသည်။

ထိုအခါကျမှ ယခင်က လယ်ယာမြေသိမ်းယူခဲ့သောဗိုလ်ကြီးမျိုးစိမ့်၏သမီးဆိုသူ ဒေါ်ခင်စံပယ်စိမ့် ရောက်ရှိလာပြီး ဌာနဆိုင်ရာအာဏာပိုင်ပုဂ္ဂိုလ်များနှင့်ပူးပေါင်း၍ အကောက်ကြံကာလယ်သမားကြီးများကို အမှုဆင်ဖမ်းဆီး၍
အချုပ်ထဲထည့်ခြင်းပင်ဖြစ်ပါသည်။ လယ်သမားကြီးဦးတင်စိုးကို၅/၁(စ)(ဆ) ခြေချုပ်ပုဒ်မဖြင့် ဖမ်းဆီးအရေးယူထားခြင်းဖြစ်ပါသည်။


ခြေချုပ်မှုဖြင့် မတရားအဖမ်းဆီးခံထားရသော သနပ်ပင်မြို့နယ်၊ကျးရွာမှ လယ်သမားကြီးဦးတင်စိုးကို (၂၅၊၁၊၂၀၁၃)နေ့ကတရားရုံးထုတ်စဉ်.သွားရောက်အားပေးဝန်းရံခဲ့ကြသည်... ။
su su nwe
Posted: 25 Jan 2013 07:47 AM PST

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ သွယ်တန်းထားသည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလုပ်ငန်းသည် ပြည်တွင်းစစ်ကို ပိုမိုကြီးထွားစေရန်အတွက် အားပေးသည့်အသွင်ဆောင်နေသည်ဟု ယင်းပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီက သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းပိုက်လိုင်းဖြတ်သန်းသွားရာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် နောင်ဖာကျေးရွာအတွင်း လယ်သမား ၇၀ ခန့်၏ လယ်ယာဧက ၄၅၀ ကျော်မှ လျော်ကြေးမဲ့ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီက ၎င်းပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် လေးခုကို ဖြတ်သန်းသွားရသည့်အတွက် လယ်ယာမြေနှင့် စိုက်ခင်းများပျက်စီးခြင်း၊ အများပိုင်ကျေးရွာသောက်သုံးရေကန်များ၊ လမ်းများ၊ သဘာဝ ရေထွက်များနှင့် ရေထိန်းတောများ၊ ရှားပါး ရေနေ၊ ကုန်းနေသတ္တဝါများ၊ သစ်တောများ စသည့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို များစွာ ထိခိုက်ကြောင်း၊ ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ၊ ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုများနှင့် အမျိုးသမီးများ၏ ဘဝကို ထိခိုက်သက်ရောက်မှုများဖြစ်ပေါ်စေသောကြောင့် သက်ဆိုင်ရာ ကုမ္ပဏီနှင့် တာဝန်ရှိသူတို့အနေဖြင့် အဆိုပါအခြေအနေများကို ဖြေရှင်းပေးရန် ဖော်ပြထားသည်။

ထို့ပြင် ကျောက်ဖြူမြို့နယ် ရွှေဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး စီမံကိန်းအတွက် မြေယာသိမ်းယူခြင်းမခံရသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ပျက်စီးသွားသည့် လယ်ယာမြေ၊ စားကျက်မြေများအတွက် တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲနှုန်းဖြင့် နှစ်နှစ်စာလျော်ကြေး သတ်မှတ်ထားကာ လယ်သမား ၉၀ ရှိသည့်အနက် ၅၈ ဦးသာ လျော်ကြေးရ၍ နစ်နာကြေးမရသည့် လယ်သမားများရှိနေကြောင်း သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဖွဲ့ထားသည့် မြေယာနှင့် သီးနှံလျော်ကြေးပေးရေးအဖွဲ့ကမူ ငွေကြေးအခြေအနေပေါ်မူတည်ပြီး အတိုင်းအတာနှင့်လုပ်ရခြင်းဖြစ်ကြောင်း၊ အားလုံးကို ပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

ယင်းပိုက်လိုင်းသွယ်တန်းမှုလုပ်ငန်းမှာ ၂၀၁၃ ခုနှစ် မေလတွင် ပြီးစီးတော့မည်ဖြစ်ကြောင်း၊ လာမည့်ဇွန်လအစောပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးမှု စတင်ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းမှ ပြောကြားသည်။

ကျောက်ဖြူမြို့မှ ကူမင်းမြို့သို့ သွယ်တန်းထားသည့် ၇၇၁ ကီလိုမီတာရှည်သော ရေနံပိုက်လိုင်း ပြီးစီးသွားပါက တစ်နှစ်လျှင် ရေနံတန်ချိန် ၂၂ သန်းပို့လွှတ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကာ ကျောက်ဖြူမြို့မှပင် ကူမင်း၊ ကိုင်ကျို့နှင့် ကျန်စီမြို့များအထိ သွယ်တန်းထားသော ၂၈၀၆ ကီလိုမီတာအရှည်ရှိသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ တစ်နှစ်လျှင် ဓာတ်ငွေ့ ၁၂ ဘီလီယံ ကုဗမီတာခန့် ပို့လွှတ်နိုင်မည်ဖြစ်သည်။

Yangon chronicle
Posted: 25 Jan 2013 07:35 AM PST

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် တရားပွဲဓမ္မသဘင်များ ကျင်းပပြုလုပ်နေသည် မှာ နှစ်ပေါင်း အတော်ကြာမြင့် ခဲ့ပြီ ဖြစ်ပါသည်။ သာသနာတော် ထွန်းကားပြန့်ပွားရေး အတွက် မြတ်ဗုဒ္မ၏ တရားတော်များကို ပြန်လည်ဟောကြားသော ဓမ္မကတိကဆရာတော်များသည်လည်း မြန်မာတစ်နိုင်ငံလုံး အနှံ့၊ နေ့စဉ်ရက်ဆက်ဆိုသလို လှည့်လည်ဟောကြား တရားပြသနေကြပါသည်။ တရားပွဲရက်များရအောင် ကြိုတင်လျောက်ထား စီစဉ်ရပါသည်။

ကျွန်တော်တို့ ဟင်္သာတသူ၊ ဟင်္သာတသားများအတွက်လည်း နှစ်စဉ် တရားဓမ္မများ နာယူခွင့်ရရန် ကျောင်းတိုက်အသီးသီးမှ ဆရာတော်များ၊ ဓမ္မသဘင်ကျင်းပရေးအဖွဲ့များ၊ ပရဟိတလူငယ်အဖွဲ့များ၊ ရပ်ကွက်အလိုက် လူငယ်အဖွဲ့များ မှ တရားပွဲများကို အလျင်းသင့်သလို ဆင်ယင်ကျင်းပနေကြပါသည်။

ယခု ၂၀၁၃ ခုနှစ်တွင် တရားဟော ပါမစ်လျောက်ထားရာတွင် ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း မှ အောက်ပါ စည်းကမ်းချက်များကို လိုက်နာစေလျက် ဟု အစရှိသော အချက် (၁၃) ချက်ပါ စည်းကမ်းကို ထုတ်ပေးပါသည်။

စည်ကမ်းချက်များမှာ……

(၁) နိုင်ငံတော်အား အကြည်ညိုပျက်စေမည့် အပြုအမူ၊ အပြောအဆိုများ မပါစေရ။
(၂) နိုင်ငံရေး လုံးဝ ကင်းရှင်းရမည်။
(၃) မြန်မာ့ယဉ်ကျေးမှုနှင့် အညီ ဖြစ်ရမည်။
(၄) ည (…..) နာရီ အထိသာ ခွင့်ပြုသည်။
(၅) အရက်/လောင်းကစားဝိုင်းများ လုံးဝ(လုံးဝ) ခွင့်မပြု။
(၆) မီးဘေး နှင့် ကျန်းမာရေးကို ဂရုပြုရမည်။
(၇) ပွဲခင်းလုံခြုံရေး၊ နယ်မြေလုံခြုံရေးအား စီမံချက်နှင့်အညီ ကြီးကြပ်တာဝန်ယူရမည်။
(၈) ခိုက်ရန်ဖြစ်ပွားခြင်း မဖြစ်စေရ။
(၉) ပွဲပြီးပါက သန့်ရှင်းရေးကို ချက်ခြင်းလုပ်ရမည်။
(၁၀) လမ်းမကြီးအား ပိတ်ဆို့ကျင်းပခြင်း မပြုလုပ်ရ။
(၁၁) မလိုလားအပ်သော ပြဿနာများ မဖြစ်စေရေး တာဝန်ယူရမည်။
(၁၂) ထူးခြားဖြစ်စဉ် ဖြစ်ပေါ်ပေါက်ပါက ပွဲကို ချက်ခြင်းပိတ်ရမည်။
(၁၃) သတ်မှတ်စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ပါက ပွဲမိန့်တောင်းခံသူကို ဥပဒေအရ အရေးယူသွားမည်။

အထက်ပါ စည်းကမ်းချက်များသည် သာသနာတော်ကို ညှိုးနွမ်းအောင် ထိခိုက်စော်ကားသည့် စည်းကမ်းချက်များ ဖြစ်ပါသည်။ ဗုဓ္မဘာသာ မြန်မာနိုင်ငံတွင် ဗုဓ္မဘာသာဝင်များ ပြုလုပ်သည့် တရားပွဲများအတွက် ထုတ်ထားသည့် စည်းကမ်းချက်သည် တခြားဘာသာဝင်များ ဖတ်မိလျှင် အတော်ပင် အထင်အမြင်သေးစရာ ဖြစ်ပါသည်။

နံပါတ်(၁) စည်းကမ်းချက်ဖြစ်သော-နိုင်ငံတော်အား အကြည်ညိုပျက်စေမည့် အပြုအမူ ပြောအဆိုများ မပါစေရ ဆိုသည်မှ- နိုင်ငံတော် ဆိုသည်မှာ မည်သူကို ရည်ရွယ်ပါသနည်း။
တရားဟောဓမ္မကထိကများသည် နိုင်ငံတော်ရှိ နိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်ဓာတ်ကောင်းများ၊ သီလကောင်းများ ရှိစေရန် အပင်ပန်းခံ၍ တရားဓမ္မများကို လှည့်လည်ဟောကြား ဆိုဆုံးမနေခြင်း ဖြစ်ပါသည်။ နိုင်ငံတော်ကို ကောင်းစေချင်စိတ်ရှိလို့ သာသနာတော်ထွန်းကားဖို့ ကြိုးစားနေကြတာပါ။
အုပ်ချုပ်ရေးမှူးပြောတဲ့ နိုင်ငံတော်ဆိုတာ……ဟို သီချင်းထဲကလို "ဒို့အဖေကြီးကို ကာကွယ်မလေ….ဒို့အဘကြီးကို ကာကွယ်မလေ…." အဲဒီ နိုင်ငံတော်ကို ပြောတာပါလား ခင်ဗျာ……..(၁)အချက်ကို လက်မခံနိုင်ပါဘူး ခင်ဗျာ။

နံပါတ်(၂) အချက် "နိုင်ငံရေး လုံးဝ ကင်းရှင်း ရမည်"….အဲဒီ အချက်ကလည်း ဆရာတော်များဟာ နိုင်ငံကောင်းစားရေးအတွက် လိုက်လံဟောပြော ပြသနေတာပါ… နိုင်ငံတော်မှာ မတရား အနိုင်ကျင့်မှုများ၊ ဘယ်သူသေသေ ငတေမာရင် ပြီးရော လုပ်သူများ၊ တရားဥပဒေ အထက်မှာ ရှိနေသူများ၊ အဲဒီ အောက်တန်းစားစိတ်ရှိသူများကို စိတ်ဓာတ်တွေ ကောင်းမွန်အောင် ပြန်လည်ပြု ပြင်ဖို့ဟောကြား ပြသနေတာပါဒါလည်း နိုင်ငံရေး မဟုတ်ပါဘူး၊ နိုင်ငံသူ နိုင်ငံသားများကောင်းဖို့ နိုင်ငံ့အရေးပါ။ နိုင်ငံရေးကင်းရှင်းရမည် ဆိုတာ ဟိုခေတ်က စကားလုံးပါ။ ခုခေတ်မှာ ဆက်သုံးနေမယ်ဆိုရင် သမ္မတကြီးပြောတဲ့ ခေတ်နောက်ပြန်ဆွဲသူတွေကို ထားခဲ့ရမယ် ဆိုတဲ့ စကားကို အုပ်ချုပ်ရေးမှူးကြီး သတိရပါ။
နံပါတ်(၃) အချက်က အချိန်(…..)နာရီ အထိသာ ခွင့်ပြုသည် ဆိုတဲ့ စည်ကမ်းချက်ကလည်း အလွန်မှ မသင့်လျော်တဲ့ စည်းကမ်းချက်ပါ။ မြတ်စွာဘုရား ဟောခဲ့တာတွေကို စာပေကျမ်းဂန်တွေမှာ ရေးထားတာက ညဦးယံ၊ သန်းခေါင်ယံ၊ မိုးသောက်ယံ ….အချိန်တိုင်းမှာ ဟောကြားခဲ့တာပါ။ ကောင်းတဲ့အရာ၊ ကောင်းတဲ့စကားတွေ ပြောတာကို အချိန်သတ်မှတ်မယ်ဆိုရင် အုပ်ချုပ်ရေးမှူးတို့ ပြေပြေလည်လည်နဲ့ ခွင့်ပြုထားတဲ့ (KTV)တွေကို အချိန်သတ်မှတ်ထားတာ ပိုကောင်းပါလိမ့်မယ်။ ညဥ့်နက်သန်းခေါင် ၂ နာရီ၊ ၃ နာရီ အထိ ပတ်ဝန်းကျင်အိမ်တွေကို ဒုက္ခပေးတဲ့ ဆူဆူညံညံ အသံတွေကိုပေါ့.. သဘောပေါက်ပြီလား အုပ်ချုပ်ရေးမှူးကြီး….

နံပါတ်(၄) စည်းကမ်းချက်-
အရက်/လောင်းကစားဝိုင်းများ လုံးဝ(လုံးဝ) ခွင့်မပြု။
အဲဒီ စည်းကမ်းချက်ကတော့ မိုက်ချက်ကကမ်းကုန်လို့ ပြောရမလားပဲဗျာ….. ဘယ်လို အတွေးအခေါ် ဘယ်လိုဥာဏ်နဲ့များ အဲဒီစည်းကမ်းချက်ကို ရေးရတာလဲဗျာ၊ ဒီလို အောက်တန်းကျတဲ့ စည်းကမ်းချက်မျိုးကို ထုတ်တာ ကျွန်တော်တို့ သာသနာတော်ကို စော်ကားလိုက်သလိုပါပဲ။ ကျွန်တော်တို့ မြို့ကို စော်ကားလိုက်တာပါပဲ။ ကျွန်တော်တို့မြို့က တရားဓမ္မသဘင် ကျင်းပနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ အဖွဲ့အစည်းတွေ၊ ဗုဒ္မဘာသာဝင်တွေကို စော်ကားလိုက်တာပါပဲ။
အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းဟာ ဘယ်ဘာသာကို ကိုးကွယ်ဘာသလဲ၊ ကျွန်တော်တို့ သိချင်ပါတယ်။ အုပ်ချုပ်ရေးမှူးကြီးထုတ်တဲ့ စည်ကမ်းချက်တွေကို လုံးဝ ကန့်ကွက်ပါတယ်။

Hinthata HumanRights Facebook
Posted: 25 Jan 2013 07:31 AM PST

ကျနော့်အနေနဲ့ နိုင်ငံတော်သမ္မတကြီးမှ အမှန်တရားများကို သိရှိနိုင်စေဘို့ ဒီစာကို ရေးလိုက်ရပါတယ်- ကျနော်ဟာ စက်မှုဝန်ကြီးဌာနအောက်က စက်ရုံမှူးဟောင်းတစ်ယောက်ဖြစ်ပါတယ်။ စက်ရုံမှူးဟောင်း တစ်ယောက်အနေနဲ့ - ကျနော်သိတာလေးတွေ ပြောပြချင်လို့ - ဒီစာလေးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

ဦးစိုးသိန်းဟာ - သူတို့အပတ်စဉ်မှာ ထူးချွန်ဆုရခဲ့တဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိကြီး တစ်ဦးဖြစ်ပေမယ့် - သူအနေနဲ့ သမာသမတ်ရှိရှိနဲ့ဆုရခဲ့တာမဟုတ်ပါဘူး၊ သူ့ထက်အမှတ်ကောင်းတဲ့ သူတစ်ယောက်ကို ကလိန်ကကျစ်ကျပြီး ဆုရယူခဲ့တယ်ဆိုတာ - တချို့ကသိချင်မှသိမှာပါ၊ ကျနော်တို့ ကတော့ တစ်ကျောင်းတည်းအတူတူတက်လာခဲ့ဖူးတော့ သူကလိန်ကကျစ်လုပ်ခဲ့တာကို ကျောင်းမှာ ကတည်းက သိခဲ့ပါတယ်၊

ဦးစိုးသိန်းဟာ တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်၊ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ တစ်လျှောက်မှာလည်း - ဟိုအရင်ကျောင်းတုန်းကလိုပဲ လူကြီးတွေကို လေလုံးလှလှလေးတွေနဲ့- ယုံအောင်ဖြီးတတ်တာကြောင့် - ရုံးကြီးနဲ့လူကြီးတွေအနားမှာပဲ ဘ၀တစ်လျှောက်လုံးနေခဲ့ရပါတယ်၊ ဒါ့ကြောင့် ပင်လယ်ပြင်စစ်ဆင်ရေးနဲ့ စစ်သဘောင်္အတွေ့အကြုံဘာတစ်ခုမှမရှိခဲ့ဘဲ လူကြီးအကြိုက် လိုက်ပြော၊ ဖော်လံဖားပြီးလေနဲ့သာ အလုပ်လုပ်ခဲ့တဲ့အတွက် - ဒီအဆင့်အထိရောက်ခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။

သူလေလုံးထွားတာကိုလူသိများပြီး မကြိုက်တော့တဲ့အချိန်မှာတော့ ရှင်းရှင်းပြောရရင် သူ့ကို သုံးစားမရတော့လို့ ဖယ်ခွာချင်တဲ့အချိန်ကျတော့ ချက်ခြင်းကြီးဖယ်ဘို့ မသင့်တော်သေးတာနဲ့ ၀န်ကြီး အဖြစ်စက်မှု(၂)၀န်ကြီးဌာနကိုပြောင်းပေးခဲ့ပါတယ်- အဲဒီနေရာလေးရတဲ့အချိန်မှာလဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုအယုံသွင်းပြီး နားကျအောင်ပြောတတ်၊ ဆိုတတ်၊ သူရဲ့စက်ရုံတွေဘယ်လောက်ကောင်း ကြောင်း၊ ဘယ်လိုကုန်ထုတ်လုပ်မှုတွေတိုးတက်နေကြောင်း လေလည်ပြခဲ့တဲ့အတွက် တည်မြဲနေခဲ့ ပါတယ်- သူရဲ့ စက်ရုံတွေကကောင်းလား၊ မကောင်းလားဆိုတာ - တာယာစက်ရုံတွေကိုကြည့်ပေါ့ဗျာ- အခုတော့ စက်ရုံတွေကပြီးနေပြီး ဘာအလုပ်မှမလုပ်နိုင် - ဘာပစ္စည်းမှမထုတ်လုပ်နိုင်တာ အားလုံးတွေ့ကြမှာပါ- ဦးစိုးသိန်းဟာ အဓိကအားဖြင့်လေနဲ့ပဲလုပ်စားပြီး လူကြီးအမြင်ကောင်းအောင် ပြတတ်သူ တစ်ဦးဆိုတာ- ထိုင်းနယ်စပ်- မြ၀တီမြို့ကတစ်ဆင့် စက်ယန္တရားကြီးတွေသွင်းပြီးတော့ For Show လုပ်ပြခဲ့တဲ့ သာဂရစက်ရုံကြီးက သက်သေထူနေပါတယ် --

ဒါကြောင့်လည်းကျနော်တို့စက်မှုဝန်ကြီးဌာနကလုပ်ငန်းတွေမှာတစ်ကယ်တမ်းအလုပ်မဖြစ်ဘဲနဲ့ ငွေတွေသာမြောက်မြားစွာကုန်ကျခဲ့ပြီး ကုန်ထုတ်လုပ်မှုမတိုးတက်ဘဲ ဘာလုပ်ငန်းမှအဆင်မပြေခဲ့တာ ဌာနက လူတွေအသိပဲဖြစ်ပါတယ်- ဒါတွေဟာ သူ့ရဲ့ လေထဲမှာတိုက်ဆောက်ခဲ့တဲ့လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်- ဒါပေမယ့်လည်း ၀န်ကြီးဌာနကသာမတိုးတက်ဘဲဖြစ်ခဲ့ရပေမယ့် ဦးစိုးသိန်းကတော့ တိုက်ကြီးတာကြီးတွေနဲ့ - သူများလိုက်မမှီအောင် ပြည့်လျှံသွားခဲ့ပါတယ်-

သူကတော့ - ရှေးဘ၀ကုသိုလ်ကောင်းလို့ထင်ပါရဲ့ ကံအလွန်ကောင်းသူတစ်ဦးဖြစ်ပါတယ်၊ အစိုးရသစ်တက်လာချိန်မှာ ၀န်ကြီးဌာနအသစ်ပြန်ဖွဲ့၊ ပြန်ပေါင်းတာတွေလုပ်တော့လည်း သူ့အတွက် ဖန်တီးပေးလာတာက စက်မှု(၁)နဲ့(၂)ကိုတစ်ခုထဲပြန်ပေါင်းပြီး စက်မှုဝန်ကြီးဌာနမှာ သူကိုဝန်ကြီးပြန်ပေးခဲ့ တယ်လေ-- ဒီတော့ သူအနေနဲ့ ကျနော်တို့ဝန်ကြီးဌာနကြီးကို သူ့ခြေသူ့လက်ဖြစ်အောင်လုပ်တော့ တာပါဘဲ - ဘယ်လောက်ထိအောင် သူ့ခြေသူ့လက်ဖြစ်ခဲ့သလဲဆိုရင် ဌာနအောက်က BPIတို့၊ လှိုင်မြို့နယ် ထဲမှာရှိတဲ့ စက်ရုံတို့တွေကို လက်သိပ်ထိုးရောင်းစားခဲ့တဲ့အထိပဲ- Transparency ရှိရမယ်ဆိုပြီးတော့ ပြောခဲ့တာလဲသူပါဘဲဗျာ။ ဒီလိုလက်သိပ်ထိုးရောင်းစားခဲ့တယ်ဆိုတာကို ဖုံးကွယ်ထားဖို့ကြိုးစားခဲ့ပေမယ့်-- ကျနော်တို့ ၀န်ကြီးဌာနက ၀န်ထမ်းအားလုံးကတော့ ကကြီး ကနေ အ အထိ အကုန်သိကြပါတယ်-ကိုယ့်ဆရာတို့ မသိသေးလို့ သိချင်တယ်ဆိုရင်တော့ လှိုင်မြို့နယ်ထဲကစက်ရုံတွေနဲ့ BPI စက်ရုံတွေကိုသာ သွားကြည့်လိုက်ပါ အကုန်လုံးသိသွားပါလိမ့်မယ်- စက်မှုဝန်ကြီးဌာနတာဝန်လွှဲပြောင်းတော့လဲ သူလုပ်ထား ကိုင်ထားတာတွေများလွန်းလို့ နောက်ဝန်ကြီးကဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲခြေမကိုင်မိလက်မကိုင်မိ ဖြစ်တဲ့အထိဖြစ်သွားခဲ့ပါတယ် - အင်မတန်မှလည်း တော်ပါပေတယ်ဗျာ --

ဦးစိုးသိန်းဟာ အပြောကောင်းပြီး သမ္မတကြီးကို နားပေါက်အောင် ပြောနိုင်တဲ့အတွက် ကျနော်တို့ စက်မှုဝန်ကြီးဌာနက ၀န်ထမ်းတွေကိုဘာပြောသလဲဆိုတော့ " တပ်ထဲမှာတုန်းက ငါက သမ္မတကြီးနဲ့ ဂေါက်အတူရိုက်ရတာ၊ တစ်တွဲထဲရိုက်ရတာ၊ မင်းတို့ပြုတ်သွားချင်လား၊ ငါပြောလိုက်ရင် မင်းတို့ချက်ချင်း ပြုတ်သွားမယ်"--- ဒီလိုမျိုးစကားတွေကို သမ္မတကြီးရဲ့နာမည်ကိုယူသုံး ခြိမ်းခြောက်ခဲ့ တာမျိုးတွေပြောပြီး ၀န်ထမ်းတွေကိုအကြောက်တရားနဲ့ အုပ်ချုပ်ခဲ့ပါတယ် - သူကတော့လူလည်ကြီး တစ်ဦးပါပဲ၊ ဘယ်လောက်ထိလည်သလဲဆိုတော့ သူ့မိန်းမက တရုတ်သွေးပါသူမို့ နာမည်မှာ တရုတ်အမည် ဒေါ်အေးကျင်ကနေ"ကျင်"ကိုဖြုတ်ပြီးဒေါ်အေးအေးလို့ပြောင်းခဲ့ပါတယ်-- နောက်ပြီး သူ့ပါးစပ်ကပြောတော့ သူကဆင်းရဲပါတယ် - မချမ်းသာဘူး-- ပိုက်ဆံမရှိဘူးသာပြောပြောနေတာ၊ သူ့သားတွေ၊ သမီးတွေ အားလုံးက နိုင်ငံခြားမှာချည်းပဲ-- သူတို့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုလဲ Singapore တို့၊ သူ့သားသမီးတွေ ရှိတဲ့နေရာတို့တွေမှာ မြှုပ်နှံထားတယ်ဆိုတာ-- ကျန်တဲ့သူတွေမသိနိုင်ပေမယ့် ကျနော်တို့လိုဝန်ကြီးဌာနက လူတွေကတော့ အကုန်လုံးပဲသိကြပါတယ်ဗျာ-

ဒါတွေကို ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ သမ္မတကြီးက မသိများမသိလေရော့ သလားဗျာ-- အခုလဲသူက သမ္မတရုံးဝန်ကြီးဖြစ်တဲ့အချိန်မှာ အရင်လိုဂေါက်သီးအတူရိုက်တဲ့ အဆင့်တင် မဟုတ်ဘူး--၀န်ကြီးဌာန ၁၁ ခုကိုတောင် သူကိုင်ထားကြောင်း၊ သူကွပ်ကဲအုပ်ချုပ်နေရကြောင်း ပြောလာ နေပြန်ပါပြီ-- ဒါကြောင့်နောက်ဆိုရင် ကျန်နေတဲ့ဝန်ကြီးဌာနတွေကို သိမ်းပိုက်ချင်ပြီလားဆိုတာ စဉ်းစား ရပါတော့မယ် - သူအနေနဲ့ အလုပ်လုပ်လွန်းအားကြီးလို့ နောင်ဆိုရင် သမ္မတကြီးတောင် အလုပ်မရှိ တော့ဘဲနေမှာစိုးလို့ သမ္မတကြီးသိအောင် ကျနော်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်-



စက်ရုံမှူးဟောင်းတစ်ဦး




You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

Rohingya Al-Qaeda training, captured arsonists, etc




FYI;
Date: Thu, 17 Jan 2013 12:09:38 -0800
Subject: Photos: Rohingya Al-Qaeda training, captured arsonists, etc

This is what the Rakhine Buddhist people are facing. Bengali Muslims (Rohingya) are training and planning to eliminate the Buddhist
(and Hindus, Christians, and others) and establish a Muslim-only Islamic State, independent from Burma. They are armed and supplied by Bangladesh,
Saudi Arabia and others. Bengali / Rohingya have been captured in Afghanistan training and fighting with the Taliban, and in Libya receiving training in
heavy weapons and explosives techniques.
Many have been arrested in Arakan with gas bombs and canisters of fuel intended for burning the homes, shops and Buddhist temples and monasteries of
the Rakhine Buddhist people.
In Maungdaw, June 8, 2012, men poured out of the mosques, after Friday prayers, armed with long heavy sticks and sharpened metal rods,
and attacked and killed many Buddhist - including monks, women and children - by beating them to death or preventing them from escaping burning
buildings.
Some people who don't know what the real truth and history of this area is, were misled, and think the real victims are the Bengali / Rohingya.
They might say this is racist. They are correct. It is racist. The Bengali/Rohingya Muslims are fanatically racist - against all who are not Muslim.
The indigenous Rakhine Buddhist can live harmoniously and peacefully with all others - except those who have been invading and stealing their land,
their animals, burning down their villages and Buddhist temple, raping their women, and then accusing the Buddhists of being the aggressors.
That is shameful, and must be corrected.





























--
http://www.burmaburo.blogspot.com

ဇေကမ္ဘာကုမ္ပဏီ ရဲ့ လုပ်ရပ်များ








--
http://www.burmaburo.blogspot.com

ကလေးစစ်သားများကိစ္စ








--
http://www.burmaburo.blogspot.com

ကြည့် လည်းလုပ်ပါအုံးဦးလှရွှေ ရေ









--
http://www.burmaburo.blogspot.com

ဖတ်သင့်တယ်ထင်လို့ ထပ်ဆင်မျှဝေလိုက်ပါတယ်။










--
http://www.burmaburo.blogspot.com