Monday 31 March 2014

ဇော်အောင် (မုံရွာ) - ဓာတ်ပုံများဖြင့် ကချင်ပြည်နယ်သို့


ဓာတ်ပုံများဖြင့် ကချင်ပြည်နယ်သို့
ဇော်အောင် (မုံရွာ)
မတ်လ ၂၆၊ ၂၀၁၄


ပထမဆုံးပုံကိုတော့ ပါကွက်ကြားနဲ့ မြန်မာမိန်းကလေးပုံနဲ စတင်ပါမယ်။ သဘာဝအတိုင်း ရှိတဲ့ ဓါတ်ပုံများဟာ အလွန်စကားပြောပါတယ်။ ပြီးတော့ အမျိုးသမီးများရဲ့ ဓါတ်ပုံများဟာ ကြည့်ရှုသူများအပေါ် ပိုမိုဆွဲဆောင်တဲ့အတွက် မဂ္ဂဇင်းမျက်နှာဖုံးဆို မိန်းကလေးလှလှနဲ ထုတ်ရင် ပိုရောင်းကောင်းကြောင်း၊ ထုတ်လုပ်သူတဦး ဦးဦးရွှေက ပြောပြတာနားထောင်ခဲ့ဖူးပါတယ်။ ဦးဦးရွှေတို့ကတော့ အနြေ္ဓရှိအမျိုးသမီးလှလှ၊ ပုံများကို မျက်နှာဖုံးအဖြစ် သုံးပါတယ်။ အမျိုးသမီးအ၀တ်အစားကို Sexy (အသားပေါ်) နည်းနည်းလုပ်လိုက်တဲ့အခါ မဂ္ဂဇင်းအရောင်းရ ပိုကောင်းလာတယ်ဆိုပဲ။ ဒါကြောင့် မိန်းကလေး ငယ်ငယ် Sexy ပုံနဲ့ ထုတ်တဲ့ မဂ္ဂဇင်းများ အရောင်းရသွက်ခြင်းကို ဝေဖန်ရရင်၊ စာဖတ်သူ ၇၅ရာနှုန်းဟာ အမျိုးသားများလို့ ပြောနိုင်ပါတယ်။

နောက်တချက်က နှလုံးရည်နဲ့လက်ရုံးရည် ပြိုင်ရင်၊ လူငယ်တွေက လက်ရုံးရည်သမားတွေပဲ အနိုင်ရပြီး၊ တိုင်းပြည်ခေါင်းဆောင်၊ စစ်ဗိုလ်ချုပ်များဟာ အမျိုးသားများချည်းပဲ လို့ ပြောကြပါမယ်။ လက်တွေ့မှာတော့ နှလုံးရည်သမားတွေပဲ ဦးဆောင်နေပါတယ်။ နှလုံးရည်ကို တနည်းအားဖြင့် ဘာသာပြန်ရင် နှလုံးသာလို့ ပြောချင်ပါတယ်။ လက်ရုံးရည်ကိုတော့ ဦးနှောက်လို့ ပြောလို့ရပါတယ်။ နှလုံးရည်နဲ့လက်ရုံးရည် ဆိုတာ  နှလုံးသားနဲ့ဦးနှောက် လို့ ပြောရင်မမှားသလို၊ အမျိုးသမီးနဲ့အမျိုးသားလို့ ယေဘူယအားဖြင့် ဆိုကြပါစို့။

 
အခက်အခဲများ ကြုံတွေ့လာတဲ့အချိန်မှာ အမျိုးသားများကို ထောင်သွင်းအကျဉ်းချခဲ့လို့၊ အမျိုးသားများက သူပုန်များအဖြစ် တော်လှန်ပုန်ကန်တဲ့အခါ အမျိုးသမီ အာဂအမျိုးသမီးများလည်း လိုက်ပါသွားလေ့ရှိပါတယ်။ ခရစ်ယာန်ရုပ်ရှင်တကား Passion of Christ ဇတ်ကားကို ဗုဒ္ဓဘာသာမိတ်ဆွေတစ်ဦးက ကျွန်တော်တို့ ဇနီးမောင်နှံကို ခေါ်ပြပါတယ်။ ဗုဒ္ဓဘာသာဆိုတော့ ခရစ်ယာန် လက်ဝါးကပ်တိုင် Cross အဓိပ္ပါယ် (ချစ်ခြင်းမေတ္တာ) ကို နားမလည်ပေမဲ့၊ တခုတော့ မေးခွန်းထုတ်ပါတယ်။ “မင်းတို့ ယေရှု ကားတိုင်မှာအသတ်ခံရတဲ့အချိန် အမျိုးသားနောက်လိုက်တွေက ခပ်လှမ်းလှမ်းမှာနေပြီး၊ အမျိုးသမီးတွေကပဲ အနီးကပ် လိုက်နေကြတယ်။ ကိုယ့်သားကို ကားတိုင်မှာရှိနေတာကို သူ့အမေဖြစ်သူ မေရီ (Saint Mary) တို့က အနားမှာရှိနေကြတယ်နော်..” လို့ပြောတယ်။
 

အမျိုးသမီးများဟာ နှလုံးသားပိုင်ရှင်များဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာမှာ မြန်မာတွေပဲ အထွဋ်အမြက်ထားတဲ့ သနပ်ခါးပါးကွက်ကျားနဲ့၊ ပုသိမ်ထီး၊ လဘက်ကိုစား၊ လဘက်ရည်သောက်တဲ့ မြန်မာပြည်က အမျိုးသမီးဓါတ်ပုံအချို့အကြောင်း ရေးလိုက်ပါတယ်။ 

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မြန်မာ့စပါးကျည်ဖြစ်ပါတယ်။ မြစ်ချောင်းအင်းအိုင် ပေါများလို့ သားငါးကြွယ်ဝတဲ့အတွက် မြန်မာအမြောက်အများ ရေကြည်မျက်နုရာ ဧရာဝတီမြစ်ဝှမ်းကို ပြောင်းရွှေ့ခဲ့တဲ့အတွက် မြန်မာပြည်၊ လူဦးရေ အထူထပ်ဆုံး၊ အများဆုံး ဒေသကြီးဖြစ်ပါတယ်။ အဲဒီလို သာယာဝပြောတဲ့ ဒေသကြီးမှာ သူတို့ထွက်ကုန်များကို နိုင်ငံခြားသင်္ဘောကြီးတွေနဲ့ သားငါး၊ စပါး၊ လယ်ယာထုတ်ကုန်များဟာ ဈေးချိုချိုနဲ့ ၀ိသမလောဘသမားများက ၀ယ်ယူသွားပါတယ်။ ထုတ်လုပ်သူ လယ်သမား၊ ငါးဖမ်းသမားများဟာ လက်ရှိ၊ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးဖြစ်နေပါတယ်။ ကျွန်တော် ကချင်ပြည်ကို ရောက်သွားတဲ့အခါ ကချင်ဒုက္ခသယ်ကလေးများ အစားအသောက်၊ နို့မှုန့် စားရဟန်ရှိတော့ ဒါလောက်မဆိုးပါဘူး။ ဧရာဝတီ (အထူးသဖြင် မြို့တော် ပုသိမ်) က ကလေးများကိုကြည့်တဲ့အခါ ရင်နာစရာ ပိန်ချိနေတာတွေရတယ်။ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး အဆိုးဝါးဆုံး စစ်အစိုးရလက်ထက် ၁၉၉၃ လောက်တုန်းက ဧရာဝတီတိုင်းက ကလေးသူငယ်များ အကျီမပါပဲ၊ လုံးတီး၊ ပိန်ချုံးပြီး အာဖရိကက ဘာမှစားစရာစိုက်ပျိုးလို့မရတဲ့ အငတ်ဘေးဒဏ် အီသီယိုပီးယား ကလေးငယ်များလို ဖြစ်နေတာ တွေ့ခဲ့ဖူးပါတယ်။ အခုတော့ အခြေအနေ ကောင်းလာပါပြီ။

အခုပုံကတော့ မြန်မာပြည်ရေကြီးချိန် သင်္ဘော၊လှေ၊ ရထား ခရီးသွားများကို ၀မ်းရေးအတွက် ငှက်ပြောသီးလေး တဖီးရောင်းရဖို့ ကြိုးစားနေတဲ့ အမျိုးသမီးများပုံ ဖြစ်ပါတယ်။ Chan Aye ဖေ့စ်ဘုတ်က ကူးယူထားပြီး ကွန်မင့်တွေကိုတွေ့နိုင်ပါတယ်။ ဒီကလေးမလေးတွေ ..ဗီယက်နမ်က၊ လမ်းဘေးဈေးသည်ထက် ခက်ခဲနေပါလား... မြန်မာပြည်တစ်နှစ်တစ်ခေါက် ပိုက်ဆံချွေတာစုဆောင်းပြီး၊ သွားလည်ကြပါ။ မြန်မာပြည်ရောက်ရင်လည်း ဟိုတည်မှာမတည်းပဲ မိတ်ဆွေများအိမ်မှာ တည်းခိုပြီး ရထားနဲ့ခရီးတခေါက်လောက်သွားကြည့်ကြပါခင်ဗျား..၊ စိုင်းခမ်းလိတ် ရေးစပ်ထားတဲ့သီချင်းစာသားကိုလည်း တွေ့ရပါတယ်...မလွယ်တာတွေ့ရင်၊ ပိုခက်တဲ့တခြားဘဝတွေကို၊ ငဲ့ကြည့်ပါဦး။ ..ကျွန်တော်တို့ ကြည့်နေရင်လည်း ရပါတယ်။ ဒီစာကို ဖတ်ရသူဟာ မြန်မာလူမျိုးများရဲ့ ၁ရာနှုန်းသော အင်တာနက်အသုံးပြုသူများဖြစ်ပါတယ်။ စာအုပ်၊ မဂ္ဂဇင်းဖတ်သူကတော့ ပိုများပါတယ်။ ဘာပဲဖြစ်ဖြစ် သင်နဲ့ကျွန်ုပ်ဟာ ဒီဓါတ်ပုံကိုကြည့်ပြီး ဘာဆက်လုပ်နိုင်ပါသလဲ။ မာသာထရီစာကတော့ ပြောပါတယ်။ သူတို့ကို သင်မကြွေးနိုင်ဘူ၊ ကိစ္စမရှိပါဘူ၊ တယောက်တော့ ကြွေးပါ ...တဲ့။  If you can not feed them, just feed one.

နောက် မာသာထရီစာရဲ့ စကားတခုကတော့ ဘာမှမတတ်နိုင်ရင် သတိရဆုတောင်းပေးပါ... တဲ့။
“Everything starts from prayer. Without asking God for love, we cannot possess love and still less are we able to give it to others. Just as people today are speaking so much about the poor but they do not know the poor, we too cannot talk so much about prayer and yet not know how to pray.” 
Mother Teresa

သြဂုတ်လ၊ ၂၀၁၂ မြန်မာနိုင်ငံ အောာက်ပိုင်းမြို့များရေကြီးစဉ် ဒီဓါတ်ပုံထွက်ပေါ်လာပါတယ်။ ကလေးများဟာ ၀၀ဖြိုးဖြိုးလေး ဖြစ်နေတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံ အဟာရဓါတ် ပြန်လည်တိုးတက်လာပြီလို့ မှတ်ယူရပါတယ်။ သို့သော် ဒါလောက် ယင်ကောင်များစွာကြားမှာ ကလေးများအိပ်နေကြခြင်းအတွက် စဉ်းစားစရာများစွာ ရှိပါတယ်။

ပြသနာတခုကို အဖြေရှာတဲ့အခါ ပထမဆုံး လူတိုင်းဖြေရှင်းတဲ့နည်းက အပြစ်တင်ခြင်းနဲ့ စတင်လေ့ရှိပါတယ်။

ထူးခြားတဲ့လူများကတော့ ပြသနာကို အရင်ချကြည့်လိုက်ပါတယ်။ Problem Description လို့ခေါ်ပါတယ်။  What, Where, When, Who, Why, How ..စတဲ့ ဒဘလျူတွေနဲ့ ကိုယ်အဖွဲ့သားတွေ၊ မိတ်ဆွေတွေ အနာလိုက်စ် လိုပ်ကြပါတယ်။ ပြီးမှ အဲဒီပြသနာကို ယာယီဖြေရှင်းနည်း  Containment Action ကို ရှာရပါတယ်။  နောက်ဆုံးကြမှ နောက်နောင်ဒါပြီးပြသနာမဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ ထာဝရဖြေရှင်းနည်းကို Preventive Action စဉ်းစားရပါတယ်။ အဲဒီ အက်ရှင်များမှာ Containment Action & Preventive Action ဘယ်သူက၊ ဘယ်အချိန်အတွင်းမှာ၊ ဘယ်လိုလုပ်ပေးရမယ် ..ဆိုတဲ့ အချက်ကို လုပ်ပေးရမဲ့လူက ဟုတ်ကဲ့ လုပ်ပေးပါမယ်..လို့ပြောရပါတယ်။ လုပ်မလုပ်ကို စောင့်ကြည့်တဲ့အဖွဲ့အစည်းလည်း ရှိရပါတယ်။ ဒါကတော့ စနစ်တကျ ဖြေရှင်းတဲ့နည်းလမ်းပါ။

အခုပြသနာကိုကြည့်ရင် ဓါတ်ပုံ ဖိုတိုရှော့ပ် တော့မဟုတ်ဘူး သေချာအောင် လုပ်ရပါတယ်။ လူတွေက ဟေးလားဝါးလား လုပ်တတ်တာကိုး၊  နေရာ၊ အချိန်များကို ဓါတ်ပုံရိုက်တဲ့လူက ဖေါ်ထုတ်ပေးရပါတယ်။ အခုကိစ္စမှာ What ဆိုတာပဲသိတယ်။ ယင်ကောင်တွေကြားမှာ ၀၀ချစ်စရာ ၁နှစ်အောက်ကလေးငယ်၎ဦး အိပ်နေချိန် နိုးနေတဲ့ကလေးတစ်ဦးက ယင်ကောင်များစွာ မျက်နှာပေါ်တွယ်ကပ်နေတဲ့ကြားက နို့မပါတဲ့နို့ဗူးစုတ်နေတဲ့ ပုံပါ။ ကျန်တဲ့ကလေးငယ်၃ယောက်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေကြပါတယ်။
 
ဓါတ်ပုံရိုက်တဲ့လူက ရိုက်ပြီးတော့ ဘာလုပ်ပေးခဲ့သလဲ ဆိုတာလည်း မသိရပါဘူး။ အချက်အလက်မစုံလင်တဲ့ ဓါတ်ပုံဖြစ်နေတဲ့အတွက် ထင်တာတွေ (ဖြစ်နိုင်ခြေ) ရေးရပါတော့မယ်။

ရေဘေးဒုက္ခမှာ မိဘများ စားဝတ်နေရေး (သို့မဟုတ်) တခြားလူတွေရဲ့အရေးကိစ္စများ အရေးပေါ်ဆောင်ရွက်နေချိန်မှာ ကလေးထိန်းအဖွဲ့ဆီ သူတို့ကလေးများကို အပ်နှံထားရတယ်။ ကလေးထိန်းအဖွဲ့ကလည်း ယင်ကောင်များစွာရှိတဲ့ နေရာမှာ စာကျွင်းကျန်ရှိရင် ယင်ကောင်လာတာ ဆင်းရဲနိုင်ငံများရဲ့ ၀ိသေသအချက်ပါ။ ဒီကလေးတွေကို ထိန်းတဲ့လူများက အနီးကပ် ယပ်တောင်တောက်လျှောက် မခပ်ပေးနိုင်ဘူး။ သူ့ဆီ လာကပ်တဲ့ ယင်ကောင်များကို မောင်နှင်ထုတ်နေရသေးတယ်။ ပြီးတော့ ခြင်ထောင်ထဲ ထည့်ထားရအောင်၊ ယင်လုံ အခန်းတခုလုပ်ရအောင်လည်း မဖြစ်နိုင်တော့၊ ကလေးတွေကို ပစ်ထားလိုက်ရတယ်။ မသေရင်ပြီးရောပေါ့။ တကယ်လဲ သေလောက်တဲ့ကိစ္စ မဟုတ်ပါဘူး။ နောက်ပိုင်း ၀မ်းလျှောရောဂါရပြီး တပါတ်အတွင်း သေသွားနိုင်တယ်။

မိဘများရဲ့ နံပါတ် (၁) အလုပ်ဟာ သားသမီးရတနာများကို ကာကွယ် - ကလေးထိန်းနိုင်တဲ့ ငွေကြေး၊ မိတ်ဆွေ၊ အခြေအနေကောင်း သူများကတော့ သူတို့ကလေးကို ဘယ်နည်းနဲ့မှ ဒီလိုပစ်ထားမှာမဟုတ်ဘူး။ အခု ကလေးများမိဘများ စားဝတ်နေရေး (သို့မ ဟုတ်) တခြား လူတွေရဲ့အရေးကိစ္စများ အရေးပေါ်လုပ်နေရချိန်မှာ (ဥပမာ ..မိဘများ ဘုရားရှိခိုးနေချိန်၊ တရားနာနေချိန်) ကလေးထိန်းအဖွဲ့နဲ့ထားခဲ့တယ်။ မိဘများ သွားရှာလေပြီလား..လို့တောင် မေးစရာပဲ။

Containment Action & Preventive Action တွေလုပ်ဖို့ အချက်အလက်မပြည့်စုံတော့ မှတ်ချက် Conclusion နဲ့ အကြံပေးချက် Comment လောက်ပဲလုပ်နိုင်မှာပါ။ ဖေ့ဟုတ် Ba La ဆီကတဆင့် သူငယ်ချင်း Thein Thein Aung က ဖေါ်ပြလို့ ကြည့်လိုက်တော့ 26 Likes,  17 comments တွေ့ရတယ်။ ကွန်မင့်အားလုံးနီးပါးကတော့ ပြသနာကို အပြစ်တင်ကြတာချည်းပါ။ ကျွန်တော့ကွန်မင့်ကတော့  ဒါမျိုးတွေ့ရင် တာဝန်ရှိလူတစ်ယောက်အနေနဲ့ ကလေးထိန်းအဖွဲ့ကို အသစ်ပြောင်းပြီး၊ ယင်လုံတဲ့နေရာတခုအမြန်ဆုံး ဖန်တီးပစ်မှာပါ။ တွေ့တဲ့လူက ဆယ်ကျော်သက်အရွယ် ဘာမှမလုပ်ပေးနိုင်တာဝန်သိ ကလေးငယ်ဆိုရင်တော့ အဲဒီယင်ကောင်တွေ အကုန်လိုက်ဖမ်းဖို့ သူငယ်ချင်းတွေ သွားခေါ်မှာ သေချာပါတယ်။ သူ့အဖေကို ဆွဲခေါ်လာနီုင်ရင်လဲ အဖေ ကြည့်လုပ်ပေးပါဦးဗျာ လို့ ပြောမှာပါ။

ဒီလိုလူက တစ်ရာမှာ တစ်ယောက်ပဲရှိပါတယ်။ ဒီလိုလူမျိုး တိုင်းပြည်ခေါင်းဆောင်ဖြစ်ပြီး၊ အတိုက်အခံခေါင်းဆောင်လည်း ဒီလိုလူမျိုးဖြစ်ပြီး သူတို့လိုလူမျိုးများများ ၇၅ရာနှုန်းလောက် ခေါင်းဆောင်၊ ၀န်ကြီး၊ လွှတ်တော်အမတ်ဖြစ်တဲ့အချိန် အမေရိကန်နိုင်ငံ၊ ဂျပန်၊ ကိုးရီးယားတို့လို သာယာဝပြောတဲ့ မြန်မာနိုင်ငံကြီး ဖြစ်လာမှာပါ။
  

● ဓါတ်ပုံထဲမှ မြန်မာများအကြောင်း (ကျွန်တော်ဘာလုပ်နိုင်သလဲ)
နောက်ထပ်တစ်ပုံကတော့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသယ်မီးနေပြီးစ၊ကလေးငယ်ချီပိုးထားတဲ့ မိခင်ငယ်တစ်ဦး၊ ထမင်းချည်းထည့် ထားတဲ့ ပန်ကန်နဲ့ စားသောက်နေတဲ့ပုံပါ။ Tu Lum Marip shared Khon Ja’s photo. လို့ ဖေ့စ်ဘုတ်မှာ တွေ့ပါတယ်။ မီးနေသည်တယောက် ဘာစားနေသလဲ.. ကြည့်စမ်းပါ။။ စစ်ခွေးများ.. ရှင်တို့ရဲ့ သားသမီး၊ မြေးမြစ်တွေ ဒီလိုအဖြစ်မျိုး .. ပြန်ကြုံရပါစေ... ကျိန်ဆဲလိုက်တယ်။။ မုန်းတယ်.။ .ဆိုတဲ့ ကွန်မင့်ကိုတွေ့သလို United ourself is the best. Please, organize home cell for prayer worship for people in Kachin State. Start with pray and continue to pray.. Action will follow up ..လို့ရေးထားတာလည်း တွေ့ရပါတယ်။ အဓိကတရားခံကတော့ ပြည်တွင်းစစ်ပါ။ ကချင်လူမျိုးတစ်ယောက်ကတော့ သရုပ်ပြပုံနဲ့ တရုပ်စီးပွားရေး (ငွေနံပါတ်တစ်) ဦးစားပေးမှုကို မြန်မာအစိုးရက နိုင်ငံရေးကစားမှု၊ ကချင်သူပုန် KIA ရဲ့ ပျေက်ကျားစစ်ဆင်ရေးနဲ့ မရှိမာန၊ ကချင်မျိုးချစ်စိတ်ဓါတ်တို့ ဖြစ်ပျက်နေပုံမှာ စစ်ဘေးဒုက္ခသည်များပဲ မချိမဆန့် ခံစားနေရတာကို ဖေါ်ပြထားပါတယ်။ အင်အားကြီးသူ မြန်မာစစ်တပ်၊ အစိုးရက မလျှော့ပေးရင် ဒီပြည်တွင်းစစ်က ပျောက်ကျားစစ်အဖြစ် နိုင်ငံတကာ လက်ညိုးထိုးစရာဖြစ်နေမှာပါ။ မြန်မာနဲ့တရုပ်အားစမ်းတဲ့၊ ပေါလတစ်ထဲမှာ ကချင်များ စကိတ်ဂုတ် ကြားညှပ်ဖြစ်သွားရတာကတော့ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ ကျွန်တော် မတတ်နိုင်ပါ။ မြန်မာနဲ့ကချင်ခေါင်းဆောင်များအတွက် တဥိးချင်း၊ မိသားစုတွင်းဆုတောင်းပေးခြင်း၊ လူအများနဲ့အတူ ဆုတောင်းပေးခြင်းပဲ လောလောဆယ်တတ်နိုင်ပါတယ်။
 

ဒုတိယ ကလေးအမေဓါတ်ပုံအတွက် အကောင်းဆုံးအကူအညီပေးခြင်း၊ ယာယီဖြေရှင်းဖို့ ကျွန်တော်လုပ်နိုင်တာက ခွင့်ယူပြီး တပါတ် လောက် အဲဒီဒုက္ခသယ်စခန်းကို သွားကြည့်ပေးဖို့ပဲဖြစ်ပါတယ်။

ဓါတ်ပုံအနာလိုက်စ်လုပ်ခြင်းကို ဒါလောက်နဲ့ပဲ အဆုံးသတ်ပါတယ်။

Sunday 30 March 2014

စစ်အစိုးရ အကြောက်ဆုံးလူ

ှု့






ရိုဟင်ဂျာဟု သန်းခေါင် စာရင်းတွင် ရေးသွင်းမှု ခွင့်မပြုဟု သမ္မတ

ပြောကြား။   




သန်းခေါင်စာရင်း၌ လူမျိုးနေရာ ဖြည့်သွင်းမှုတွင် ရိုဟင်ဂျာဟု လုံးဝ ဖြည့်သွင်းခွင့် မပြုဘဲ ဘင်္ဂါလီဟုသာ ထည့်သွင်းရမည်ဟု သမ္မတက ပြောထားကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က "၀န်ကြီး ဦးခင်ရီက ခေါ်ပြီးတော့ ခင်ဗျားတို့ စိတ်ချတော့၊ သမ္မတကြီးကလည်း ခွင့်ပြု ပေးလိုက်ပြီ။ သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ အတိုင်းအတာ တခုအထိ ရခိုင်တွေဆန္ဒနဲ့ ထပ်တူ ကျပါတယ်လို့ ကျနော် ပြောချင်တယ်။ အဲဒါကြောင့် သန်းခေါင်စာရင်း ကောက်တာကို သပိတ်မှောက်တာတွေ မလိုတော့ဘူး" ဟု ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ယနေ့တွင် ကျင်းပသည့် ဖိုရမ်တွင် မီဒီယာများကို ပြောသည်။

ဦးဇော်အေးမောင်က ဆက်လက်၍ "သပိတ်မှောက်ရင် ရခိုင်တွေပဲ ကျန်ခဲ့မယ်။ ၂၀၁၀ ရွေးကောက်ပွဲက ၁၉၈၃ ခုနှစ်က ကောက်ထားတဲ့ စာရင်းကို အခြေခံပြီး လုပ်တယ်။ ၂၀၁၄ မှာ စာရင်းအသစ် ကောက်တယ်။ စာရင်း အသစ်ရရင် စာရင်းအဟောင်း မသုံးတော့ဘူး။ ရခိုင်တွေက ၂၀၁၄ စာရင်း ကောက်ရာမှာ မပါဘဲနဲ့ ကျန်ခဲ့ရင် မြန်မာနိုင်ငံမှာ ရခိုင် ရှိတယ်ဆိုတာ ဘာနဲ့ သက်သေပြမလဲ။ အဲဒါကြောင့် သန်းခေါင်စာရင်းကို ရဲရဲဝံ့ဝံ့ အကောက်ခံပါ။ ရဲရဲဝံ့ဝံ့ ရခိုင်သားအဖြစ် ထည့်လိုက်ပါ" ဟု ၀န်ကြီး ဦးခင်ရီက ပြောခဲ့ကြောင်း ဦးဇော်အေးမောင်က တဆင့် ပြန်လည် ပြောဆိုသည်။

အလားတူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီးနှင့် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ဒီနေ့ ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ စစ်တွေ သွားဖို့ ရှိတယ်။ သူကတော့ အသေးစိတ် သွားရှင်းပြမှာပေါ့။ အဓိကတော့ အိမ်တအိမ်ကို သွားပြီး သန်းခေါင်စာရင်း ကောက်ယူရာမှာ အဲဒီအိမ်က ရိုဟင်ဂျာလို့ ဖြည့်မယ် ဆိုရင် ကျနော်တို့က လက်ခံမှာ မဟုတ်ဘူး။ ဘင်္ဂါလီလို့ ဖြည့်မယ်။ တခြား သတ်မှတ်ထားတဲ့ ကုတ်နံပါတ် ဖြည့်ရင် ရမယ်။ ရိုဟင်ဂျာလို့ ပြောရင် စာရင်း ရေးသွင်းမှာ မဟုတ်ပါဘူး"ဟု အတည်ပြု ပြောဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံး၌ ယနေ့တွင် ကျင်းပသည့် သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲ ခေတ္တနားစဉ် ဧရာဝတီ သတင်းဌာနက မေးမြန်းမှုကို ဒုဝန်ကြီး ဦးရဲထွဋ်က အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်း အတွင်း သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး လူမျိုး နေရာတွင် ရိုဟင်ဂျာ မဖြည့်သွင်းရေး အတွက် ရခိုင်လူမျိုးများက မြို့နယ်အများစုတွင် ဆန္ဒပြ တောင်းဆို နေကြသော်လည်း ယခုတော့ ရခိုင်သားတို့ ဆန္ဒပြည့်ဝရအောင် သမ္မတကြီးမှ
ဆောင်ရွက်ပေးပြီး ပြည်သူဆန္ဒကို အလေးထား ကြောင်းဖော်ပြခဲ့တာပဲ ဖြစ်သည်။


အငြင်းပွားဖွယ်ရာများနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု ယနေ့စတင်မည်၊ ရိုဟင်ဂျာဟု ပြောဆိုပါက စာရင်းရေးသွင်းမည် မဟုတ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ပြောကြား။

Published on: March 29, 2014

မြန်မာနိုင်ငံ လူဦးရေစာရင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား သိရှိရန် ရည်ရွယ်၍ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအား မတ် ၃၀ ရက် (ယနေ့) နံနက် ၇ နာရီမှ  စတင်ကာ ဧပြီ ၁၀ ရက်အထိ တစ်တိုင်းပြည်လုံးတွင် ကောက်ယူသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင်  မေးခွန်း ၄၁ မျိုး မေးမြန်းသွားမည်ဖြစ်ပြီး လူတိုင်းဖြေဆိုရမည့် မေးခွန်း ၂၀ နှင့်အတူ အိမ်ထောင်ကျဖူးသူ အမျိုးသမီးတိုင်း ဖြေဆိုရမည့်မေးခွန်းများ၊ အိမ်အကြောင်းအရာ နှင့် သက်ဆိုင်သည့်မေးခွန်းများ၊ အိမ်ထောင်စုသားများထဲမှ နိုင်ငံခြားသို့ ရောက်ရှိနေသူများရှိပါက ဖြေဆိုရမည့်မေးခွန်းများနှင့် လွန်ခဲ့သော ၁၂ လအတွင်း အိမ်ထောင်စုသားများထဲမှ သေဆုံးခြင်းအကြောင်းအရာဆိုင်ရာ မေးခွန်းများ ပါဝင်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဟု ကောက်ယူသွားမည့် သတင်းများအပေါ် ရခိုင်လူမျိုးများက ကန့်ကွက်နေမှုနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်ရန်ရှိပါသလဲဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအား The Dailt Eleven က မေးမြန်းခဲ့ရာ ၀န်ကြီးက "ဒါက တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ဘယ်လိုနည်းနှင့်မှ မထိခိုက်အောင် နိုင်ငံတော်အကျိုးကိုကြည့်ပြီး ဆောင်ရွက်သွားပါမယ်"ဟု ဖြေကြားခဲ့သည်။

"ဒီနေ့ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ စစ်တွေကို သွားဖို့ရှိပါတယ်။ ဟိုမှာလည်း အခြေအနေကိုထပ်ပြီး ရှင်းပြမယ်။ အကြမ်းဖျင်းကတော့ လူတွေက မှားနေတာပေါ့နော်။ အသေးစိတ်ကတော့ ၀န်ကြီးဦးခင်ရီတို့ ဟိုမှာသွားရှင်းပြမယ်။ အဓိက ကတော့ အိမ်တစ်အိမ်မေးတဲ့အခါမှာ သူက ရိုဟင်ဂျာလို့ ဖြည့်ချင်တယ်ဆိုရင် ကျွန်တော်တို့ဆက်ပြီးတော့ လက်ခံမှာမဟုတ်ဘူး။ သူ့ကို ဘင်္ဂါလီလို့ ဖြည့်ရင်ရမယ်။ တခြားသတ်မှတ်ထားတဲ့ ကုတ်နံပါတ်တွေ ဖြည့်ရင်ရမယ်။ ဒီလို ရိုဟင်ဂျာလို့ပြောရင်တော့ ကျွန်တော်တို့ စာရင်းရေးသွင်းမှာ မဟုတ်ဘူး။ ဒါကကျွန်တော် အကြမ်းဖျင်းပြောတာပါ။ ဦးခင်ရီလည်း ဟိုမှာအသေးစိတ် ရှင်းပြပါမယ်"ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မီဒီယာများကို မတ် ၂၉ ရက်က ပြောကြားသည်။

ထို့ပြင် သန်းခေါင်စာရင်းတွင် မေးမြန်းမည့် မေးခွန်းများနှင့်ပတ်သက်၍ ပြည်သူများက စိုးရိမ်မှုရှိသည့်အပေါ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က "ကျွန်တော်တို့ ဒီသန်းခေါင်စာရင်းက လူဦးရေစာရင်းအပြင် နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို သိချင်တဲ့အတွက် ကောက်ယူခြင်းဖြစ်ပါတယ်။ ဒီလိုကောက်ယူတဲ့နေရာမှာ ပြည်သူတွေကို မစိုးရိမ်စေချင်တာက ဒီစာရင်းတွေကို သန်းခေါင်စာရင်း ဥပဒေပုဒ်မ ၁၄ နဲ့ ၁၅ မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း လူတစ်ဦးချင်းစီ၊ မိသားစုတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မပေါက်ကြားအောင် ကာကွယ်ထားမှာဖြစ်သလို ပိုင်ဆိုင်မှုရေးရာနဲ့ ပတ်သက်ပြီးမေးတဲ့ မေးခွန်းတွေကလည်း အခွန်ဆောင်ဖို့လုပ်တာတို့၊ ကျန်တဲ့ ရုံးပိုင်းဆိုင်ရာကိစ္စတွေမှာလည်း အရေးယူခြင်းလုပ်မှာ မဟုတ်သလို နိုင်ငံခြားကိုသွားတဲ့ ကိစ္စတွေမှာလည်းအပေါ်လမ်းကပဲ သွားသွား၊ အောက်လမ်းကပဲ သွားသွားအရေးယူခြင်းလုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုကိစ္စတွေအတွက် မစိုးရိမ်ဖို့ကို ပြောချင်ပါတယ်"ဟု ပြောကြားသည်။ထို့ပြင် ယခုကောက်ယူမည့် သန်းခေါင်စာရင်းမှ ရရှိသော လူမှုစီးပွားရေး အချက်အလက်များကို နိုင်ငံတော်အစိုးရ၊ မြို့ပြအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်း ကဏ္ဍများ၏ စီမံကိန်းရေးဆွဲခြင်း၊ မူဝါဒများ အကောင်အထည်ဖော်ခြင်း၊ လိုအပ်သော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း တို့ကို တိတိကျကျ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇန်န၀ါရီ ၁၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

သို့သော် လက်ရှိအချိန်အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံမှုအပေါ် ကန့်ကွက်မှုများလည်းရှိနေကာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် မေးမြန်းမည့်မေးခွန်းများအပေါ် အမှန်တကယ်လိုအပ်သည် မလိုအပ်သည်အား ပြန်လည်ဆန်းစစ်ရန်၊ တိုင်းရင်းသား ၁၃၅ မျိုးအား ကုတ်နံပါတ်များဖြင့် ဖော်ပြရာတွင် လွဲမှားနေမှုများအတွက် စိစစ်ပေးရန် စသည်တို့ကို ထောက်ပြဝေဖန်မှုများ ရှိနေဆဲဖြစ်သည်။

လူမျိုးမေးခွန်းနှင့် ပတ်သက်ပြီး မည်သူမဆို မိမိလူမျိုး၏ အမည်ကို ကိုယ်တိုင်ထုတ်ဖော် ပြောခွင့်ပြုထားကြောင်း၊ လူမျိုးကြီး ရှစ်မျိုးနှင့် လူမျိုးစု ၁၃၅ စုကို ဂဏန်းသင်္ကေတများ ပေးထားပြီး အဆိုပါ ၁၃၅ မျိုးထဲတွင် မပါဝင်ပါက "အခြား" ဆိုသည့် ဂဏန်းသင်္ကေတကို ရွေးပြီး ဖြေဆိုသူမှ ပြောကြားသည့် လူမျိုးအမည်ကို ကွက်လပ်တွင် ရေးသွင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း သိကောင်းစရာများတွင် ဖော်ပြထားချက်အရ သိရသည်။

ထို့အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းနှင့် ပတ်သက်၍ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီးပါက သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံကာ ကောက်ယူရရှိမှုအပေါ် မူတည်ပြီး လက်ရှိအခြေအနေတွင် လျော့နည်း၊ ကွယ်ပျောက်၊ တိုးပွားလာသည့် လူမျိုးစုများ ရှိ/မရှိ၊ အမည်သတ်မှတ်ချက် သတ်ပုံသတ်ညွှန်းမှအစ မှန်ကန်၊ ကိုက်ညီမှု ရှိ/မရှိ စသည်တို့ကို ပြန်လည်စိစစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်အနေဖြင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှု မတိုင်ခင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုကို ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ်ပေါင်း ၂၀ တွင် ပြုလုပ်နိုင်ခဲ့ပြီး စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုအရ ကျေးလက်နှင့် မြို့ပြအကြား ပြောင်းရွှေ့နေထိုင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များ ကျား၊ မ၊ အသက်အရွယ် အလိုက်၊ ပညာအရည်အချင်းအလိုက်၊ အလုပ်အကိုင်ရှိသူ၊ အလုပ်လက်မဲ့ဖြစ်နေသူ၊ မြို့မှာနေထိုင်သူ တောမှာနေထိုင်သူ စသည့်စာရင်းများ ရရှိခဲ့ကြောင်း အဆိုပါကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၇၃ ခုနှစ်တွင်  သန်းခေါင်စာရင်းကောက်ခံခဲ့သည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းက ၁၉၇၂ ခုနှစ် ဧပြီ ၂၈ ရက်တွင် သန်းခေါင်စာရင်းဥပဒေကို ပြဋ္ဌာန်းကာ ၁၉၇၃ ခုနှစ် ဧပြီ ၁ ရက်မှ ဧပြီ ၅ ရက်အထိ သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ ၁၉၇၃ ခုနှစ် ဇန်န၀ါရီ ၁၈ ရက်တွင် ရန်ကုန်တိုင်း ဗဟိုသန်းခေါင်စာရင်းဦးစီးဌာနက မေးခွန်း ၂၅ ခုပါ သန်းခေါင်စာရင်းပုံစံသစ်များကို အပိုင်းလေးပိုင်း ခွဲခြား၍ ထုတ်ပြန်ပေးခဲ့သည်။ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းမှာ အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်းအမျိုးအစားဖြစ်ပြီး လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်  အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့ခြင်းဖြစ်သည်။

၁၉၈၃ ခုနှစ်တွင် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့သော်လည်း ၁၉၇၃ ခုနှစ် ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူနိုင်ခဲ့ခြင်း မရှိပေ။ ၁၉၈၃ ခုနှစ်တွင် ရှေ့ပြေးလူဦးရေစာရင်းအဖြစ် မြန်မာတစ်နိုင်ငံလုံး၌ လူ ဦးရေ ၃၅ ဒသမ ၃ သန်းကျော်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် နောက်ဆုံးကောက်ယူခဲ့သည့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှ ရရှိခဲ့သော စာရင်းများအရ လွန်ခဲ့သော ၁၀ နှစ်ကထက် လူဦးရေ ခုနစ် သန်းနီးပါးအထိ တိုးပွားလာခဲ့ပြီးနောက်ပိုင်းကာလများတွင် အခြေအနေအမျိုးမျိုးကြောင့် သန်းခေါင်စာရင်းကောက်ယူမှုအစီအစဉ်များ ရပ်တန့်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှစ၍ တိုင်းနှင့်ပြည်နယ်များတွင် ငါးနှစ်တစ်ကြိမ် စစ်တမ်းများကောက်ခဲ့ကာ မွေးနှုန်း-သေနှုန်းအခြေခံ၊ လူဦးရေ၊ ပညာ အရည်အချင်းဖြင့် တွက်ချက်မှုများအရ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၆၁ ဒသမ ၅၇ သန်းထိ ရောက်ရှိနေပြီဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ထားသည်။




--
http://www.burmaburo.blogspot.com

Friday 28 March 2014

Speech of Dr. Jacques Leider (Myanmar's So called Rohingya Question)

မြန်မာနိုင်ငံတွင် တရုတ်များ အထူးအခွင့်အရေး ရနေမှုမှာ အစိုးရ၏ တာဝန်မဲ့မှုကြောင့်ဟု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

26 March 2014 11:39(+0630) (2 ရက် ခန့်က)


ဧရာဝတီမြစ်ဆုံကိစ္စအ ပါအ၀င် ပြည်တွင်း၌ တရုတ် ကုမ္ပဏီများ အထူးအခွင့်အရေး ရရှိနေခြင်းသည် အစိုးရ၏ တာဝန်မဲ့မှုများကြောင့်ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်သည်။

အစိုးရသည် ပြည်သူလူထု ၏ အခွင့်အရေးကို ကာကွယ်ပေး မှုမရှိခဲ့ဘဲ ဧရာဝတီမြစ်ဆုံကိစ္စ အပါအ၀င် တရုတ်ကုမ္ပဏီများ အား အထူးအခွင့်အရေးများ ပေး ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံတစ်ခုခု၏ လက် အောက်သို့ ကိုလိုနီသဖွယ် ကျ မသွားစေရေးအတွက် လက်ရှိအ ချိန်တွင် နိုင်ငံ၏ အကျိုးကို ပီပီပြင် ပြင် တာဝန်သိသိနှင့် ထမ်းဆောင်မည့်

အစိုးရတစ်ရပ် လိုအပ်နေ ကြောင်း မတ်လ ၂၃ ရက်က ပြင်ဦးလွင်မြို့၌ အထက်မြန်မာပြည်မှ စာရေးဆရာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။

ဧရာဝတီမြစ်ဆုံကိစ္စနှင့် ပတ် သက်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သို့သဘောရှိသည် ကို သိရှိလိုကြောင်း စာရေးဆရာများက မေးမြန်းခဲ့ပြီး မန္တလေးမြို့သည် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုခန့်ကတည်းက ကျဆုံးခဲ့ပြီးဖြစ် ကြောင်း မန္တလေးမြို့ခံ စာရေးဆရာများက ပြောကြားသည်။

ယင်းမေးခွန်းများမှာ ဖြေဆို ရန်ခက်ခဲသည့် မေးခွန်းများဖြစ် သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားပြီး ‘‘ဒါပေမဲ့ ကျွန်မ ဒီကိစ္စကို ရိုးရိုးသားသားနဲ့ ပြတ် ပြတ်သားသား ဖြေပါရစေ။ ဒီ နိုင်ငံဟာ တရုတ်နိုင်ငံအောက်ပဲ ဖြစ်ဖြစ်၊ တခြားနိုင်ငံအောက်ပဲ ဖြစ်ဖြစ် ကိုလိုနီသဖွယ် မကျသွား ချင်ဘူးဆိုရင် ဒီနိုင်ငံအတွက် အ လိုအပ်ဆုံးက ဘာလဲဆိုတော့ နိုင်ငံရဲ့ အကျိုးကို ပီပီပြင်ပြင် တာဝန်သိသိနဲ့ ထမ်းဆောင်မယ့် အစိုးရအဖွဲ့ပဲ ဖြစ်ပါတယ်’’ ဟု ဆို သည်။

စီးပွားရေးကိစ္စများ အပါအ ၀င် အခြားကိစ္စရပ်များတွင် တ ရုတ်ကုမ္ပဏီများကအထူးအခွင့်အ ရေးများ မတော်မတရား ရယူနေ ကြပြီး ဖြေရှင်းပေးရန် ပြည်သူလူ ထုက လာရောက်ပြောဆိုမှုများ ရှိနေသည်ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

‘‘ကျွန်မကမေးတယ်။ ဘယ် သူက ဒီအခွင့်အရေးတွေ ပေး ထားတာလဲ။ ဒီမေးခွန်းကို မေးရ မယ်။ ကျွန်မတို့ သတ္တိရှိရှိနဲ့ မေးရ မယ်။ ဒီနိုင်ငံရဲ့ အခွင့်အရေးတွေ၊ ဒီနိုင်ငံက နိုင်ငံသူ၊ နိုင်ငံသားတွေ ရဲ့ အခွင့်အရေးတွေကို ကာကွယ် ဖို့ တာဝန်ဟာ ဘယ်သူ့မှာအရှိ ဆုံးလဲ။ ဒါ အစိုးရမှာ အရှိဆုံးပဲ။ ဘာဖြစ်လို့ အစိုးရက မကာကွယ် ခဲ့သလဲ။ ကိုယ့်အစိုးရကမှ ကိုယ့် ကို မကာကွယ်ရင် တခြားအစိုးရ တွေက ဘာကိစ္စကိုယ့်ကို ကြည့် နေရမှာလဲ’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် သူ့အနေဖြင့် တ ရုတ်နိုင်ငံဟု တပ်၍ မပြောကြား လိုကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် တစ်ကမ္ဘာ လုံးနှင့် အဆင်ပြေအောင် နေရ မည်ဖြစ်ကြောင်း၊ အထူးသဖြင့် အိမ်နီးချင်းများနှင့် အဆင်ပြေပြေ နေရန်လိုအပ်မည်ဖြစ်ပြီး နှစ်ဖက် လုံးမှ တာဝန်ယူမှု၊ တာဝန်သိမှုရှိရန်လိုကြောင်း ဒေါ်အောင် ဆန်းစုကြည်က သတိပေး ပြော ကြားသည်။

သို့သော် ပြည်သူလူထုအနေ ဖြင့်လည်း နိုင်ငံကာကွယ်ရေး ကိုယ်တိုင်တာဝန်ရှိပြီး ၎င်းတာဝန် ကို ခံယူနိုင်ရန် လိုအပ်ကြောင်း၊ ကိုယ်တိုင်တာဝန်မယူဘဲ လူများ ကို လက်ညှိုးထိုးသည့် အလေ့အ ကျင့်ဖြစ်ပေါ်လာမည်ကိုမူ စိုးရိမ်မိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

Author: မောင်တာ

7Day News Journal

Daw Aung San Suu Kyi and the House Speaker hold Press Conference

The Making Of 'Gutter Oil' in China ( တရုပ်စိတ်ဓါတ် သိစေရန်)

"ပြည်ထောင်စုကြက်ဖမ်းရေးနှင့် အရက်သမားများဖွံဖြိုးရေးပါတီ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၏ ပါတီဝင်များသည်..

(၁)တည့်တည့်ပစ်နေဝင်း...ကဲ့သို့
အရက်သောက်လျင်ပါးစပ်ထဲသို့
တည့်တည့်လောင်းထည့်တတ်ရပါမည်။
ကြက်ကိုတည့်တည့် တိုက်တတ်ရပါမည်။

(၂) ပြည်ဖျက်သန်းရွှေ...ကဲ့သို့
အရက်သောက်ကြက်တိုက်ပြီး
ပြည်သူကိုဖျက်ဆီးတတ်ရပါမည်။

(၃)ဘူးတလုံးဆောင်ခင်ညွန့်…ကဲ့သို့
မည်သူမေးမေးမသိဘူးမတတ်ဘူး
နိုင်နိုင်အေးမလုပ်ဘူး
အရက်သမားကြက်သမား
နိုင်နိုင်အေးသာလုပ်ပါမည်ဟုပြောတတ်ရမည်။

(၄)လူ့ပြည်မှာ ကျော်ဘ ဂွတီးဂွကျ …ကဲ့သို့
အရက်သောက်ကြက်တိုက်သည့်အလုပ်မှလွဲပြီး
မည်သည့် အလုပ်ကိုမဆို ဂွတီးဂွကျ လုပ်ရပါမည်။

(၅)နွားနို့သိန်းစိန်.. ကဲ့သို့
နွားနို့မသောက်ပဲ အရက်သာသောက်ရပါမည်။

(၆)အပြောရွှေမန်း.. ကဲ့သို့
အရက်သောက်စရာပိုက်ဆံမရှိလျှင်
တစ်ခြားသူများကျလောက်အောင်
စကားပြောပိုင်နိုင်ရပါမည်။

(၇)အလစ်သုတ်ခင်အောင်မြင့် (ဗိုလ်ချုပ်လက်ရေးမူ).. ကဲ့သို့
တစ်ခြားသူများ၏ ကြက်များကိုလစ်လျင်လစ်သလို
အလစ်သုတ် တတ်ရပါမည်။

(၈) ဝေလေလေ မင်းအောင်လှိုင်... ကဲ့သို့
ရပ်ထဲရွာထဲတွင် စကားတစ်လုံးမှမပြောပဲ
အရက်သောက် ကြက်တိုက်
ဝေလေလေလုပ်တတ်ရပါမည်။

(၉)ဒီပဲယင်းအောင်သောင်း… ကဲ့သို့
ကြံဖွတ်ပါတီခေါင်းဆောင်များကို
ဘာညာဘာညာလုပ်တတ်ရမည်။

(၁၀)မိကျောင်းမျက်ရည်ကျော်ဆန်း.. ကဲ့သို့
ကျင့်ကြံက်ျိုးကုတ် အလုပ်လုပ်ရပါမည်။

(၁၁) လမ်းတခြမ်းခင်းအောင်သိန်းလင်း… ကဲ့သို့
ပါတီမဲဆွဲသည့် အခါလမ်းတစ်ခြမ်းမှမခင်းပေးပဲ
ကိုယ့်အားကိုယ်ကိုးလမ်းခင်းပြီးမှ
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးတတ်ရမည်။

(၁၂)လျှပ်စစ်ပိုလျှံဇော်မင်း.. ကဲ့သို့
မပိုလျှံပဲ တယုတ်ပြည်ကုလားပြည်
အမေရိကန် ဥရောပတစ်ခွင်ပြဲပြဲစင်အောင်
ဝယ်မည့်သူများအားရောင်းနိုင်အောင်
အဆက်အသွယ် ရှာဖွေထားရမည်။

(၁၃) ဖယောင်းတိုင်ကိုကိုလှိုင်… ကဲ့သို့
မိမိတို့ပါတီဝင်များအားလုံး၏
အိမ်များအားလုံးတွင်
လျှပ်စစ်မီးဖွေးနေအောင်ထွန်းပြီး
ပါတီဝင်မဟုတ်သူ ပြည်သူများအား
ဖယောင်းတိုင်ထွန်းပြီးနေခိုင်းရမည်။

(၁၄)အိပ်စိုက် တရုတ်ကြောက်အောင်မင်း… ကဲ့သို့
မည့်သည့်အလုပ်ကိုလုပ်လုပ်အိပ်စိုက်ရသည်ပြောပြီး
မည့်သည့်တယုတ် ကုလား အမေရိကန် မှ
မကြောက်ပဲ ခပ်တည်တည်နှင့်
အရက်သောက်ကြက်တိုက်
ပျော်ရွှင်စွာနေနိုင်ရမည်။

(၁၅)အာလူးစိုးသိန်း… ကဲ့သို့
အာလူးမစိုက်ပဲ ဘိန်းကို
တစ်ပိုင်တစ်နိုင်စိုက်ပ်ျိုးရမည်။

(၁၆) ပြီတီတီခင်ရီ… ကဲ့သို့
ပြီတီတီနဲ့ အရက်သောက်ကြက်တိုက်
ပျော်ရွှင်စွာနေနိုင်ရမည်။

(၁၇) တနပ်စားမြင့်လှိုင်… ကဲ့သို့
ထမင်းတနပ်မလျှော့စားပဲ
အရက်သောက်ကြက်တိုက်
ပျော်ရွှင်စွာနေနိုင်ရမည်။

(၁၈)ရူးနေလို့ ဌေးဦး… ကဲ့သို့
ရူးမနေပဲ ပုံမှန်လူတစ်ယောက်ကဲ့သို့
အရက်သောက်ကြက်တိုက်
ပျော်ရွှင်စွာနေနိုင်ရမည်။

(၁၉)ဘူးလက်လှဆွေ… ကဲ့သို့
ဟိုလူ့ဖြဲဒီလူ့ဖြဲမလုပ်ပဲ
အရက်သောက်ကြက်တိုက်
ပျော်ရွှင်စွာနေနိုင်ရမည်။

(၂၀)ဆန်ရှင်သိန်းဌေး… ကဲ့သို့
ကြောင်တောင်တောင်စကားများမပြောပဲ
အရက်သောက်ကြက်တိုက်
ပျော်ရွှင်စွာနေနိုင်ရမည်။

(၂၁)အရှုံးခံမြင့်ဆွေ… ကဲ့သို့
လုံးဝ(လုံးဝ)အရှုံမခံပဲ
အရက်သောက်ကြက်တိုက်
ပျော်ရွှင်စွာနေနိုင်ရမည်။

(၂၂)မြေမပိုင်ဝင်းမြင့်… ကဲ့သို့
မြေမပိုင်ချင်ယောင်ဆောင်ပြီး
ရသမျှလယ်ယာမြေများအားလုံးသိမ်းယူပြီး
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို
အားသွန်ခွန်စိုက်လုပ်ကိုင်ရမည်။

(၂၃)နယ်လှည့်ပါးရိုက်အုန်းမြင့်… ကဲ့သို့
မရိုင်းပြပဲ
အရက်သောက်ကြက်တိုက်
ပျော်ရွှင်စွာနေနိုင်ရမည်။

(၂၄)သင်ခန်းစာယူ ရဲထွဋ်… ကဲ့သို့
ဂေါက်တောက်တောက်စကားများမပြောပဲ
အရက်သောက်ကြက်တိုက်
ပျော်ရွှင်စွာနေနိုင်ရမည်။

(၂၅)ဗိုက်လှန်အေးမြင့်… ကဲ့သို့
မိုက်ရိုင်းထွားကြိုင်းမပြပဲ
အရက်သောက်ကြက်တိုက်
ပျော်ရွှင်စွာနေနိုင်ရမည်။

………………………..

ပုံ/

ပါတီအထွေထွေ အတွင်းရေးမှုး။ ။နတ်မင်းလေး



--
http://www.burmaburo.blogspot.com







ပုံ/

ပါတီအထွေထွေ အတွင်းရေးမှုး။ ။နတ်မင်းလေး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
— with သူကြီး သမီး ဇီးသီး and 48 others.

Photo:



--
http://www.burmaburo.blogspot.com

အမေရိကန်သူ အမျိုးသမီး သာသနာအလံကို မဖွယ်မရာ ပြုလုပ်မူ ကွန်ကရက်တောင်းဆိုမူနှင့် တိုက်ဆိုင်နေ


အမေရိကန်သူ အမျိုးသမီး သာသနာအလံကို မဖွယ်မရာ ပြုလုပ်မူ ကွန်ကရက်တောင်းဆိုမူနှင့် တိုက်ဆိုင်နေ

27 March 2014 16:45(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)

Facebook "Like"-Dummy

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မာတေဇာ ( Malteser) အန်ဂျီအိုမှ အမေရိကန်နိုင်ငံသူ တစ်ဦးမှ ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထားရာ သာသနာ အလံအား မဖွယ်မရာ ပြုလုပ်မူသည် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်ရှိ နိုင်ငံခြားရေးကော်မီတီအစည်းအဝေးတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူများ အပေါ် ဖိနှိပ်ချုပ်ချယ်မူများရှိနေသည်ဟု ဆိုကာ ရပ်တန့်ရန် တောင်းဆိုမူ ဖြစ်ပွားသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

မတ်လ ၂၅ ရက်နေ့က ပြုလုပ်သော အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်ရှိ နိုင်ငံခြားရေး ကော်မီတီ အစည်းအဝေးတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီ ရိုဟင်ဂျာများ ခွဲခြားဆက်ဆံ ခံနေရသည့်အတွက် ဖိနှိပ်မူများ အမြန်ဆုံး ရပ်တန့်ပေးရန် မြန်မာ အစိုးရအား တောင်းဆိုခဲ့သည်။

၎င်းအဆိုအား အမေရိကန် ပြည်ထောင်စု ကယ်လီးဖိုးနီးယားပြည်နယ် လွှတ်တော် အမတ်နှင့် လွှတ်တော် နိုင်ငံခြားရေး ကော်မီတီ ဥက္ကဌ Ed Royce မှ တင်သွင်းခဲ့ပြီး ဘင်္ဂလီ ရိုဟင်ဂျာဆိုသူများကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားအဆင့် ပေးရန် မြန်မာအစိုးရအပေါ် တောင်းဆိုခဲ့ကြသည်။

မြန်မာအစိုးရဘက်မှ ၎င်းတောင်းဆိုမူအား ပယ်ချခဲ့သည်။

အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်ရှိ နိုင်ငံခြားရေး ကော်မီတီ အစည်းအဝေးတွင် ထိုသို့ တောင်းဆိုခဲ့ပြီး နောက်တစ်နေ့ မတ်လ ၂၆ ရက်နေ့တွင် စစ်တွေမြို့တွင် ရုံးစိုက်ပြီး လူမူရေး အကူအညီများဆောင်ရွက်နေသော မာတေဇာ အန်ဂျီအိုတွင် တာဝန် ထမ်းဆောင်နေသူ အမေရိကန်နိုင်ငံသူ တစ်ဦးက သာသနာအလံအား မဖွယ်မရာ ပြုလုပ်မူ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သာသနာအလံအား မည်မျှ အလေးအမြတ်ထားကြောင်းကို သူမအနေဖြင့် သိရှိပုံ မရဘဲ မနေကြောင်း၊  ယခုလို အထိအခိုက် မခံနိုင်သော အခြေအနေမျိုးတွင် ၎င်းအမျိုးသမီးက သာသနာအလံအား မဖွယ်မရာ ပြုလုပ်မူမှာ အထူး စဉ်းစားစရာ ဖြစ်နေကြောင်း သုံးသပ်သူများက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ဖြစ်စဉ်တိုင်းလိုလိုအား အသေအချာ လေ့လာဆန်းစစ်ကြည့်ပါက နောက်ကွယ်မှ  စနစ်တကျ အစီအမံများဖြင့် အကွက်ကျကျ ဖန်တီးမူများ ရှိနေသည်ကို တွေ့ရှိရမည် ဖြစ်သဖြင့် သက်ဆိုင်ရာ အာဏာပိုင်များ နှင့် ရခိုင်နိုင်ငံရေး ပါတီများ အနေဖြင့် ဖြစ်ပေါ်လာသော အခြေအနေ အရပ်ရပ်ကို အထူး သတိထား စောင့်ကြည့်ရန် လိုအပ်လှကြောင်း အများကသုံးသပ် ပြောဆိုနေကြသည်။

(နိရဉ္စရာ- ၂၇ မတ်လ ၂၀၁၄)

မတ်လ ၂၆ ရက်နေ့ ညဉ့်က စစ်တွေတွင် အခင်းစဖြစ်စဉ် အန်ဂျီအို ၀န်ထမ်းနှစ်ဦးကို တွေ့ရစဉ်။ (ဓါတ်ပုံ- Facebook)

စစ်တွေရှိ NGOs များမှ နိုင်ငံခြားသားများကို လုံခြုံရာသို့ ခေါ်ထုတ်သွားပြီ

27 March 2014 16:39(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)

Facebook "Like"-Dummy

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အန်ဂျီအိုရုံးများကို ခဲများဖြင့် ဆက်လက် ပစ်ပေါက်မူများ ဖြစ်ပွားနေသဖြင့် အန်ဂျီအို ၀န်ထမ်း နိုင်ငံခြားသားများကို သက်ဆိုင်ရာမှ လုံခြုံရာသို့ ခေါ်ထုတ်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

" ခေါ်ထုတ်သွားတာက အယောက် ၂၀ ကနေ ၃၀ ထိ ရှိနိုင်ပါတယ်။ ကျနော်တို့ သိရသလောက် ရဲက သူတို့ကို စစ်တွေဟိုတည်ကို ခေါ်ထုတ်သွားတယ်လို့ သိရပါတယ်။ ဒီကနေ့ အကုန်လုံး ရန်ကုန်ကို လေယာဉ်နဲ့ ပို့မယ်လို့ ကြားရပါတယ်" ဟု အာဏာပိုင်များနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

ယမန်နေ့ နေ့လယ်ပိုင်းက မာတေဇာ အန်ဂျီအိုမှ အမေရိကန်နိုင်ငံသူ ၀န်ထမ်း တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ သာသနာ အလံအား ထဘီသဖွယ် ၀တ်ကာ မဖွယ်မရာ ပြုလုပ်ရာမှ ပြဿနာ ဖြစ်ပွားခဲ့ပြီး အန်ဂျီအိုရုံး အများအပြားကို ဒေသခံများက ၀ိုင်းဝန်းပြီး ခဲများဖြင့် စတင်တိုက်ခဲ့သည်။

တိုက်ခိုက်ခံခဲ့ရသော နေရာမှာ ၆ ခုရှိပြီး ကျောင်းတက်လမ်းရပ်ကွက်ထဲရှိ ဦးဥတ္တမလမ်းတွင် (၂)နေရာနှင့်  အောင်ထွန်းဦးလမ်းတွင် (၄)နေရာ ဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် အခြေအနေမှာ ထိန်းသိမ်းရန် ခက်ခဲလာပြီး လူအချို့မှ မာတေဇာ အန်ဂျီအို တည်ရှိရာ ရုံးများအားဝင်ရောက် ဖျက်ဆီးသဖြင့် ရဲတပ်ဖွဲ့ဝင်များက ညဥ့် ၁၂ နာရီခန့်တွင် သေနတ်များကို မိုးပေါ်ထောင်ပစ်ကာ လူစု ခွဲခဲ့ရသည်ဟု သိရသည်။

ယနေ့ နံနက်က နိုင်ငံခြားသူ လုပ်ရပ် အပေါ် မကျေမနပ် ဖြစ်နေကြသော လူအုပ်ကြီးသည် တဖန် လမ်းမများပေါ် ပြန်ထွက်လာပြီး အန်ဂျီအို တည်ရှိရာ နေအိမ်များကို ခဲများဖြင့် ၀ိုင်းဝန်း ပစ်ခတ်နေကြသည်ဟု အမည်မဖေါ်လိုသူ တစ်ဦးက ပြောသည်။

" ရုံးတွေမှာ ရှိနေတဲ့ အန်ဂျီအိုတွေက နိုင်ငံခြာသားတွေကို အကုန်လုံးကို ခေါ်ထုတ်သွားပါပြီ။ အဲဒီလို ခေါ်ထုတ်တဲ့ အထဲမှာ မပါဘဲ ကျန်နေခဲ့တဲ့ အဖြူ တစ်ယောက် ရုံးပေါ်ကနေ ကင်မရာ ရိုက်တဲ့ အတွက် ကျောင်းတက်လမ်းရပ်ကွက်၊ ဦးဥတ္တမလမ်းရှိ ဒုရဲအုပ် အငြိမ်းစားခင်မောင်ဝင်းအိမ်ကို ခဲတွေနဲ့ ၀ိုင်းချနေကြပါတယ်။ အိမ်ခြံတံခါးကိုတော့ ပိတ်ထားတယ်။ လူက ၂၀၀ ကျော် ၃၀၀ နီးပါး ရှိပါလိမ့်မယ်။ အိမ်ဝင်းထဲကို မ၀င်ဘဲ အပြင်ကဘဲ ခဲတွေနဲ့ ပစ်နေကြပါတယ်" ဟု ဆိုသည်။

ယခု ပြသနာ ဖြစ်ပွားရာ နေရာတွင် ရဲအစောင့်အရှောက်တွေ မရှိကြောင်း၊ အခြား အန်ဂျီအို ရုံးများ ဖွင့်လှစ်ထားရာ အိမ်များ၏ ပတ်ဝန်းကျင် အနီးတ၀ိုက်တွင် ရဲများက လုံခြုံရေး ယူထားကြောင်း၊ အခြေအနေမှာ အထူးရှုပ်ထွေးနေကြောင်း အခင်းဖြစ်ပွားရာ နေရာသို့ ကိုယ်တိုင်သွားကြည့်ခဲ့သူ နိုင်ငံရေးသမား တစ်ဦးက ပြောကြားသည်။

(နိရဉ္စရာ- ၂၇ မတ်လ ၂၀၁၄)

ဖြိုဖျက်ခံထားရသော အန်ဂျီအိုရုံး တစ်ခု ( ဓါတ်ပုံ- Rakhine citizen Journalists)

စစ်တွေက NGO ရုံးရှေ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်

27 March 2014 06:36(+0630) (လွန်ခဲ့သော 17 နာရီ ခန့်က)

Facebook "Like"-Dummy
စစ်တွေမြို့မှာ မာတေဇာ အန်ဂျီအိုရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာ အလံကို နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးက မဖွယ်မရာ ပြုလုပ်တယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ရာနဲ့ချီ ရှိတဲ့ ဒေသခံတွေက ရုံးကို မနေ့ညနေက သွားဝိုင်းရာကနေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့ သေနတ် အချက်ပေါင်း အများအပြား ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။

ထိခိုက်ဒဏ်ရတဲ့ သတင်းကိုတော့ မရရှိသေးပါဘူး။

အခင်း ဖြစ်ပွားပုံ ကတော့ မာတေဇာလို့ ခေါ်တဲ့ နိုင်ငံတကာ အန်ဂျီအို တစ်ခုက အမေရိကန်သူ တစ်ဦးဟာ သူတို့ရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာအလံကို မဖွယ်မရာ ပြုလုပ်တယ်ဆိုပြီး သတင်းထွက်လာရာကနေ ရာနဲ့ချီရှိတဲ့ ဒေသခံတွေဟာ မာတေဇာ ရုံးကို သွားဝိုင်းပြီး အဲဒီအမျိုးသမီးကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ညဉ့် ၁၁ နာရီကျော်ခန့်မှာ အခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။

သေနတ်ပစ်ခတ်ပြီးတဲ့ နောက်ပိုင်းမှာ လူစုကွဲသွားခဲ့ပြီး အခြေအနေဟာ ငြိမ်သက်သွားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရွှေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခြေအနေတွေ မတည်မငြိမ် ဖြစ်နေချိန်မှာ ခုလို ရုန်းရင်းဆန်ခတ်မူ ဖြစ်ပွားပြီး သေနတ်ပစ်ခတ်ရတဲ့ အခြေအနေထိ ဖြစ်ခဲ့ရတဲ့ အတွက် အများပြည်သူတွေကတော့ အထူး ထိတ်လန့် စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

INGO Maltezarမှ တာဝန်ခံ နိုင်ငံခြားသူ အမျိုးသမီးတစ်ဦး သာသနာ့အလံကို မဖွယ်မရာ လုပ်မှုဖြင့် စစ်တွေမြို့ ဘောက်သီးစုကျောင်း တက်လမ်း ဂေါက်ရှီလမ်းနှင့် ဥတ္တမလမ်း တို့တွင် Maltezer ရုံးများတွင် လူစုလူဝေး ဖြစ်ပေါ်လျက်ရှိကြောင်း ကြားသိရပါသည်။ (Than Tun Than ) 
မာတီဇာ NGO မှ နိုင်ငံခြားသူဝန်ထမ်းတစ်ဦးက သန်းခေါင်စာရင်းကို သပိတ်မှောက်သည့် အနေဖြင့် တင်ထားသော သာသနအလံကို ဖြုတ်ယူကာ ခါးတွင် ပတ်၍ ၀တ်သွားသည်ကို တွေ့လိုက်ရသဖြင့် ဒေါသထွက် နေသောလူအုပ်သည် မာတီဇာရုံးရှေ့တွင် စုဝေးရောက်ရှိနေကြပြီး ယင်းနိုင်ငံခြားသူကို အရေးယူပေးရန်တောင်းဆိုလျှက်ရှိသည်။ ဓါတ်ပုံ-  Coral Arakan News
Facebook "Like"-Dummy

စစ်တွေ အိုင်အန်ဂျီအိုရုံးများကို မြို့ခံရာချီ ခဲဖြင့်ဝိုင်းပေါက်

27 March 2014 15:52(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)

Facebook "Like"-Dummy

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို) ရုံးတွေကို ရာနဲ့ချီတဲ့ မြို့ခံတွေက မတ် ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ခဲတွေနဲ့ ၀ိုင်းဝန်း ပစ်ပေါက်နေတယ်လို့ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ပြောပါတယ်။

"အန်ဂျီအိုတွေ ငှားထားတဲ့ အိမ်တွေပေါ့နော်။ သူတို့ ကတော့ အကြိမ်ကြိမ်ခေါ်ပြီး ဒါတွေကိုမငှား ပါနဲ့လို့ မေတ္တာရပ်ခံ ထားတယ်တဲ့။ အခုငှားထားတဲ့အိမ်တွေ ၃ နေရာလောက်ကို လမ်းတွေ ပိတ်ချတယ်။ လူအင်အား ၁၀၀ လောက်ရှိမယ့် အဖွဲတွေက ၃ နေရာလောက်ခွဲပြီး ခဲနဲ့ ထုကြတာ။ ကျနော်တို့လည်း မကပ်နိုင်ပါဘူး၊ အဝေးကပဲ လမ်းပိတ်ထားတာ မြင်ရတာ။"

ရဲတပ်ဖွဲ့ဝင် အင်အားနည်းတာကြောင့် ခဲနဲ့ ပေါက်နေတာကို မဟန့်တားနိုင်ဘဲ နောက်ထပ် လူတွေ ၀င်မလာနိုင်အောင် လမ်းပိတ်ဆို့ထားတာ တွေ့ခဲ့ရတယ်လို့လဲ ပြောပါတယ်။

မတ် ၂၆ ရက် ညပိုင်းမှာလည်း စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ထဲမှာ အိုင်အန်ဂျီအိုတခုက နိုင်ငံခြားသူတဦးဟာ သာသနာ့အလံကို ဘောင်းဘီကြားထဲ ညှပ်တာ တွေ့မြင်ပြီး အဲဒီ အိုင်အန်ဂျီအိုရုံးကို ရာနဲ့ချီတဲ့လူအုပ်က ခဲတွေနဲ့ ၀ိုင်းပေါက်ခဲ့ကြလို့ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစု ခွဲခဲ့ရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်က အိမ်တွေမှာ အခုရက်ပိုင်းအတွင်း သာသနာ့အလံတွေ လွှင့်တင်ထားပြီး သန်းခေါင်စာရင်း ကောက်တဲ့အခါ ရိုဟင်ဂျာလူမျိုး နာမည် ထည့်သွင်းခွင့်ပေးမှာကို ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

ရခိုင်ပြည်နယ်ထဲ အိုင်အန်ဂျီအိုအဖွဲ့တွေ ထွက်ခွာသွားဖို့ ရခိုင်တိုင်းရင်းသားတွေက အဆက်မပြတ် ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပြီး မကြာသေးခင်ကတော့ ရခိုင်ပြည်နယ်ကနေ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ထွက်ခွာခဲ့ပါတယ်။

 By ရွှေအောင် (ဒီဗွီဘီ)

မနေ့ညက ပဋိပက္ခ ဖြစ်ပွားစဉ်






--
http://www.burmaburo.blogspot.com

Tuesday 25 March 2014

#Burma: U Tin Oo on Rohingya #BAYDA Institute #Rangoon

Virus





ကျွန်တော်တို့ နိုင်ငံမှာ မွတ်ဆလင် စိုးမိုးမှုကိုကြောက်တယ် ဆိုတာထက် ဥရောပမှာ မွတ်ဆလင်ကို ကြောက်လှန့်စိတ်တွေ ပေါ်ပေါ်ထင်ထင် တိုးပွားလာနေပါတယ် ။ ဥရောပနိုင်ငံတွေရဲ့ နိုင်ငံခေါင်းဆောင်တွေ ကိုယ်တိုင်က ဗဟုဝါဒ Multiculturalism ဆိုတာ ပျက်သုန်းသွားပါပြီ...See More





--
http://www.burmaburo.blogspot.com

ဒီမိုဝေယံ






ဒီမိုဝေယံ


Posted: 21 Mar 2014 06:11 AM PDT
ရိုးသားစွာ ထမင်းဆိုင်ရောင်းနေတဲ့ ဗိုလ်ချုပ်လွန်းမောင်(ငြိမ်း)
Khing Maung Win (AP)ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြပါသည်..။

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ အငြိမ်းစားပေးခံရတဲ့ နိုင်ငံတော်စာရင်းစစ်ချုပ်
အငြိမ်းစားဗိုလ်ချုပ်လွန်းမောင် ကိုဘီလင်းမြို့အစွန်မှာ ဖွင့်ထားတဲ့ အောင်ပြည့်စုံစားသောက်ဆိုင် မှာ တွေ့ ခဲ့ရပါတယ်။ ကျနော်တို့ ရောက်သွားတဲ့ ည၇နာရီပေါ့။ ဆိုင်မှာလူရှင်းနေပါတယ်။

ဆိုင် အတွင်းမှာတော့စားပွဲတွေကို တ ယောက်ထဲရှင်းနေပြီး ရေ နွေးအိုးတွေလိုက်သိမ်းနေပါတယ်။ ကျနော်တို့ ဆိုင် ထဲကိုဝင် လာတာနဲ့ ခရီးဦးကြိုပြုပါတယ်ထိုင်ကြပါကွယ်..။ ဘာများသုံးဆောင်ကြမလဲ အေးအေးဆေးဆေးနာကြနော်လို့ တယောက်ထဲ စားပွဲထိုးပေးနေပါတယ်။ စာစောင်တွေထဲမှာ မကြာ မကြာပါနေတော့ သူ့အကြောင်း ဖတ်ဖူးထားပါတယ်။ ကျနော့ဆရာမနဲ့ သူ့ ယောကျာင်္းက စပြီးသွားနှုတ်ဆက်ပါတယ်။

အန်ကယ်နေ ကောင်းပါလားဆိုပြီး မိတ်ဆက်လိုက်တော့ ဗိုလ်ချုပ်ကလဲ မြင် ဘူးနေပါတယ်ဆိုပြီး နှုတ်ဆက်ကြ၊ စကားစမြီပြောကြရင်း ဒီထမင်းဆိုင်လေးကို လွန်ခဲ့တဲ့၁၄နှစ်လေလာက် ကတည်းက သူ့ ဇနီးကဖွင့်ထားတာဖြစ်ကြောင်း သူ့ ရဲ့ လည်ပင်း ကင် ဆာဖြစ်လို့ သွားကုသရင်း နောင်ရေးအတွက်ဘာမှမပြင် ဆင် ရသေးကြောင်း ဒါကြောင့် သူ့ ဇနီးက ဝါးတဲလေးနဲ့ စဖွင့်တာပါလို့ ပြောပြခဲ့ပါတယ်။


အခုသူ့ ကို အနားပေးလိုက်တဲ့အချိန်မှာ သူ့ ဇနီးကို ကူညီလိုက်ကိုင်ပေးရင်းဘဝကိုရိုးသားစွာ အေးချမ်းစွာဖြတ်သန်းနေပါတယ်လို့ ပြောပြရင်း တချက်တချက်မှာတော့ စိတ်က အ ဝေးကိုပြန့် သွားတတ်ပြီး လူတချို့ကို နာကျည်းနေပါတယ်.။
စပြီးဆိုင် ထိုင် ခါစမှာ အသားမကျမှု တချို့ ရှိခဲ့ပေမဲ့ အခုတော့အသားကျ သွားပါပြီ ဝိပသနာတရား အားထုတ်ရင်း လည်ပင်းကင်ဆာလဲ ပျောက်သွားပါပြီလို့ ရယ် ရယ်မောမောပြောပြရင်း လုပ်လက်စ အလုပ်တွေကို ဆက်လုပ်နေပါတယ်။


ကျနော်တို့ လည်း ရှေ့ခရီးဆက်စရာ ရှိနေလို့ နှုတ်ဆက် ရင်း ရိုးသားစွာ စားပွဲထိုးပေးနေတဲ့ နိုင် ငံတော် စာရင်းစစ်ချုပ်ဟောင်း ဗိုလ်ချုပ်လွန်းမောင် အား လေးစားသမှုဖြင့်

(ဗိုလ်ချုပ်လွန်းမောင်လို လူမျိုးကိုလေးစားပါတယ်)


Khing Maung Win (AP)ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြပါသည်..။


ရိုးသားတဲ့သူတွေ ဘေးရောက်တဲ့ ခေတ်..

ဗိုလ်ချုပ်လွန်းမောင်အကြောင်း ဒီသတင်းဆောင်းပါးလေးကို ဖတ်မိရင်းက တလောက မီဒီယာရုပ်သံ အမေးအဖြေတခုမှာ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ဆိုတာတောင် နားမလည် တန်ဖိုးထားကောင်း ရမှန်းမသိ ငါတကောကောခဲ့တဲ့ နေဝင်းမီးငြိမ်းခေတ်က ဖိန့်ဖိန့်တုန်အောင် တန်ခိုးအာဏာထွားခဲ့သူ ကော်ဖီဆိုင်ဖွင့်၊ သစ်ခွ ရောင်းနေပါတယ်ဆိုတဲ့ ယခုတိုင် မာနမြေမကျသေးတဲ့ ဟိုပုဂ္ဂိုလ်နဲ့တော့ ဆီနဲ့ရေလိုပါပဲ။

ဒီမိုဝေယံ
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

ပွဲလှန့်ပြီး ဖျာဝင်ခင်းချင်တဲ့ ကုလားကျင့်ကုလားကြံပေါ်လာပြီ







 http://www.dhakatribune.com/op-ed/2014/mar/20/referendum-rakhine-state

စစ်တွေနှင့် မောင်တောကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်ရန် ရေးသားမှု မြန်မာအစိုးရ ပြင်းပြင်းထန်ထန် ကန့်ကွက်

Saturday, March 22, 2014

ရန်ကုန်၊ မတ် ၂၁

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများကို လူထုဆန္ဒ ခံယူ၍ ခွဲထုတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲ ထည့်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် Dahaka Tribune သတင်းဌာန၏ ရေးသား ဖော်ပြချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှုလုပ်ရန် လိုပြီလား" အမည်အရ အဆိုပါ ဆောင်းပါးသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်စေခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စေခြင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး မတည်ငြိမ်မှု ဖြစ်အောင် သွေးထိုး လှုံ့ဆော်ရာ ရောက်စေခြင်းတို့ကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ခေါ်ယူ၍ အဆိုပါ ရေးသားချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောဆိုမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ မြန်မာ သံအမတ်ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို ယင်းကိစ္စနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု ပြောဆိုမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများတွင် နေထိုင်ကြသည့် ဘင်္ဂါလီ (မူရင်းအသုံး- ရိုဟင်ဂျာ) များသည် နှိပ်စက်ခံရမှု၊ ခွဲခြား ဆက်ဆံခံရမှု၊ နိုင်ငံသားဖြစ်ခွင့်၊ မဲပေးခွင့် ငြင်းပယ်ခံရမှု၊ ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိမှု စသည့် ပြဿနာများမှာ ဖြေရှင်းရန် မလွယ်ကူကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ လူထုဆန္ဒ ခံယူကာ စစ်တွေ၊ မောင်တော ဒေသများကို ရခိုင်ပြည်နယ်က ခွဲထုတ်၍ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ် စစ်တကောင်း ဒေသနှင့် ပူးပေါင်းရန် ဖြစ်ကြောင်း Dahaka Tribune သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ ဆောင်းပါးတွင် လက်ရှိ ဖြစ်ပွားနေသည့် ကရိုင်းမီးယား ဒေသကို လူထုဆန္ဒ ခံယူကာ ရုရှား နယ်နိမိတ်ထဲ ထည့်သွင်းသည့် ကိစ္စ အပါအဝင် နိုင်ငံနယ်နိမိတ် ခွဲထုတ်မှု အချို့ကို ဥပမာများ ပေးကာ စစ်တွေ၊ မောင်တော ဒေသများကို ရခိုင်ပြည်က ခွဲထုတ်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းရေးသား ဖော်ပြထားသည်။

"ဘင်္ဂလားဒေ့ရှ် အနေနဲ့လည်း နိုင်ငံတကာ နယ်စပ်တွေမှာ ရှိတဲ့ အတိဒုက္ခ ရောက်နေတဲ့ သွေးသား တော်စပ်တဲ့ သူတွေအတွက်ကို ထူးထူးခြားခြား ထပ်ပြီး စဉ်းစားနေဖို့ မလိုပါဘူး။ သူတို့က ကရိုင်းမီးယားလိုပဲ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြားက လွတ်လပ်တဲ့ နိုင်ငံ ဖြစ်သင့်ပြီ။ ဒီအခွင့်အရေး ဆိုတာမျိုးကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက အတင်းအကျပ် လုပ်ယူထားတာ မဟုတ်ဘူး။ နဂိုရှိပြီးသား သဘောမျိုးပါပဲ" ဟု ယင်းဆောင်းပါးတွင် ပါရှိသည်။

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို အခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်၍ မရကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ဝင်ရောက် စွက်ဖက်ရာ ရောက်သည့် အဆိုပါ ရေးသား ဖော်ပြမှုကို ကန့်ကွက် ရှုတ်ချကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

"ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှု လုပ်ရန် လိုပြီလား" အမည်ရ အဆိုပါ ဆောင်းပါးကို Zeeshan Khan ဆိုသူက ရေးသားခဲ့ပြီး ယင်းရေးသားချက်ကို မတ်လ ၂၀ ရက်နေ့က Dahaka Tribune တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ယင်းသို့သော ရေးသားမှုမျိုးမှာ စာနယ်ဇင်း ကျင့်ဝတ်နှင့် မညီကြောင်း၊ လူမျိုးစု နှစ်စုအကြား ပဋိပက္ခ ဖြစ်စေသည့် ရေးသားမှုမျိုး ဖြစ်ကြောင်း ပြည်တွင်း သတင်းစာဆရာ အချို့က ထောက်ပြကြသည်။

The VOice

ရိုဟင်ဂျာအမည် ထည့်သွင်းရေး ဗြိတိန်သံအမတ် တိုက်တွန်းချက်ကို ငြင်းဆို

Saturday, March 22, 2014


မကြာခင်ပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ့် အစီအစဉ်မှာ ရခိုင်ပြည်နယ်အတွင်း ကောက်ခံနိုင်ရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick ဟာ မကြာသေးခင်က ဖျက်သိမ်းလိုက် ပြီဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့နဲ့ မနေ့က စစ်တွေမြို့မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မကြာခင်ကောက်ခံမယ့် သန်ခေါင်စာရင်း ကောက်ခံရေး စီမံချက်မှာ လူမျိုးအမည်နဲ့ ပတ်သက်ပြီး လွတ်လွတ် လပ်လပ် ထည့်ခွင့်ပြုထားတဲ့ကိစ္စဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ အချက်ဖြစ်ကြောင်း သံအမတ်ကြီးဘက် က ထောက်ပြပြောဆိုမှုတွေရှိခဲ့ပေမဲ့ RNDP ပါတီဟောင်း ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေက ဒီအချက်ကို ငြင်းဆိုခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး တာဝန်ရှိသူတွေက RFA ကို ပြောဆိုပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အနေနဲ့ကတော့ မကြာခင်ကောက်ခံမယ့် သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဆိုတဲ့အမည်ကို ထည့်သွင်းရေးသားခွင့်မပြုဖို့ ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့က သဘောထားကြေငြာချက် ထုတ်ပြန်ပြောဆိုထားသလို ရခိုင်အရေးကိစ္စဟာ နိုင်ငံတကာစံနှုန်းနဲ့အညီ တစ်သမတ်တည်း တိုင်းတာပြောဆိုလို့မရကြောင်း သံအမတ်ကြီးတွေကို ပြန်လည်ပြောဆို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick ဟာ ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာမှာ လုံခြုံရေးထားရှိမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။


RFA
သန်းခေါင်စာရင်း တွင် ရိုဟင်ဂျာထည့်သွင်းမည်ကို ကမန်ပါတီကန့်ကွက်

ကြာသပတေးနေ့၊ မတ်လ 20 ရက် 2014 ခုနှစ် နိရဉ္စရာ သတင်း - နိရဉ္စရာ သတင်းဌာန
မတ်လ ၃၀ ရက်နေ့မှ စတင်ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတွင် မပါဝင်သော ဘင်္ဂလီလူမျိုးများအား ရိုဟင်ဂျာလူမျိုးအဖြစ် အမည်ထည့်သွင်းရန် တောင်းဆိုမှုကို ကမန်အမျိုးသားတိုးတက်ရေးပါတီက မတ်လ ၁၈ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်သည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာ နာမည်အား ထည့်သွင်းခြင်းသည် ဥပဒေအရ မကိုက်ညီသဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ကမန်ပါတီ၏ ပြောခွင့်ရသူ ပြန်ကြားရေးမှူး ဦးသိန်းဖေက နိရဉ္စရာသို့ ပြောသည်။
ဦးသိန်းဖေက" ရခိုင်ပြည်နယ် သမိုင်းကြောင်းအရရော၊ နိုင်ငံတော် သမ္မတပြောကြားချက်အရရော တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးတွင် မပါဝင်တဲ့ ဘင်္ဂလီလူမျိုးများတွေကို ရိုဟင်ဂျာ လူမျိုးဆိုပြီး ထည့်သွင်းရင် ဒါဟာ ဥပဒေနဲ့ မကိုက်ညီဘူး။ ဒီအတွက် ကန့်ကွက်ရတာပါ" ဟု ဆိုသည်။
၂၀၁၄ ခုနှစ် မတ်လ ၁၈ နေ့စွဲဖြင့် ထုတ်ပြန်သော ကမန်အမျိုးသား တိုးတက်ရေး ပါတီ (ဗဟို) ၏ ကျေညာချက် တွင် ရခိုင်ပြည်နယ် သမိုင်းကြောင်းအရလည်း၎င်း၊ နိုင်ငံတော် သမ္မတပြောကြားချက် အရလည်းကောင်း တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးတွင် မပါဝင်သည့် ဘင်္ဂလီလူမျိုးများ၏ ရိုဟင်ဂျာ လူမျိုးဟု သန်းခေါင်စာရင်း တွင် ထည့်သွင်းရန် တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း ဖေါ်ပြသည်။
သူက" ကျနော်တို့ကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်တာဖြစ်ပါတယ်။ ဘယ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် လုပ်သင့်တာကို လုပ်ရမှာဖြစ်ပါတယ်" ဟု ပြောသည်။
ယင်းပြင် ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် အေးချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးရန်နှင့်ရခိုင် ပဋိပက္ခအတွင်း  စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် သံတွဲမြို့နယ်များရှိ ဒေသခံ ကမန်တိုင်းရင်းသားများ၏ နေအိမ် တိုက်တာ အဆောက်အအုံနှင့် ဘာသာရေး အဆောက်အအုံများ တည်ဆောက်ပေးရေးကို အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း ကြေညာချက်တွင် ဖေါ်ပြထားသည်။
ယခု သန်းခေါင်စာရင်းကောက်ယူမူသည် နှစ်ပေါင်း (၃၀) အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး  မတ်လ ၃၀ ရက်နေ့နံနက်ပိုင်းစတင်ကာ ဧပြီလ (၁၀) ရက်နေ့ထိ ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။





--
http://www.burmaburo.blogspot.com

ထိုင်းက ဖမ်းမိထားတဲ့ တရုတ်မွတ်စလင်တွေ ဘယ်သူတွေလဲ

Monday, March 24, 2014

တူရကီနိုင်ငံကို သွားပြီး အကြမ်းဖက် အစီအစဉ်တွေ သင်ကြားပေးဖို့ တရားမ၀င် ၀င်လာကြတဲ့ မွတ်စလင် ရွှေ့ပြောင်း နေထိုင်သူတွေဟာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို ကြားခံ အဖြစ် အသုံး ပြုခဲ့ တာကို မကြာခင်ကတွေ့ရှိခဲ့တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ကပြောကြားလိုက်ပါတယ်။


 တရုတ် မွတ်စလင်တွေ ထိုင်းကို ဖြတ်လာတဲ့ လမ်းကြောင်းပြမြေပုံ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
မွတ်စလင် ၂၉၆ ဦးနဲ့ ၁၂၂ ဦးအဖွဲ့ဟာ ထိုင်းနိုင်ငံထဲကို ၀င်နည်းမျိုးစုံနဲ့ ၀င်ရောက်လာတယ်လို့ ရဲတပ်ဖွဲ့က သံသယရှိ တဲ့ အကြောင်း ဒီကနေ့ ဘန်ကောက်ပို့စ်သတင်းတခုမှာ ဖော်ပြထားပါတယ်။

အဲဒီအထဲက ပထမဆုံး အုပ်စုတခုကို မနှစ်က ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Suan Phlu လ၀က စခန်း မှာ ထိန်းသိမ်းထားပါတယ်။

တဆက်တည်းဆိုသလို Songkhla အရပ်မှာ ဒုတိယအုပ်စုကို ဖမ်းဆီးခဲ့ပါတယ်။ ဒုတိယအသုပ်အုပ်စုအဖြစ် မတ်လ ၁၂ ရက်နေ့က ရာဘာစိုက်ခင်းလုပ်ကွက် တခုထဲကနေ မွတ်စလင် ၂၁၉ ဦးနဲ့ မတ် လ ၂၀ ရက်နေ့ က Sadao ခရိုင် ဒေသ၊ ကျောင်းတခုမှာ ၇၇ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။

အခု ဖမ်းဆီးမိထားတဲ့ တရား မ၀င် ၀င်ရောက်လာသူတွေဟာ ဘယ်နိုင်ငံသားတွေဆိုတာ သဲသဲကွဲကွဲ မသိရသေးပေ မယ့် အဲဒီ ၁၁၂ ဦးအုပ်စုထဲ လူ ၃၀ က တော့ တရုတ်နိုင်ငံက ခွဲထွက်ရေး ကြိုးစားနေကြတဲ့ ဇီကျန်ပြည်နယ် အနောက် ခြမ်းက ဝှေကာလူမျိုးတွေဖြစ်တယ်လို့ အတည်ပြုချက်ရထားတယ်လို့ ဆိုပါ တယ်။

ရာဘာစိုက်ခင်းထဲဖမ်းမိခဲ့တဲ့ မွတ်စလင်အုပ်စုတခုကတော့ သူတို့ဟာ တူရကီနိုင်ငံက ၀င်ရောက်လာ သူတွေ လို့ ပြော ကြတယ်လို့ သိရပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးနောက်မှာတော့ အဲဒီ ၂၁၉ ဦး အုပ်စုနဲ့ ၁၁၂ ဦးအုပ်စုတို့ဟာ အတူတဖွဲ့ တည်းဖြစ် တယ် လို့ ထိုင်းလ၀က အကြီးအကဲတဦးဖြစ်တဲ့ Panu Kerdlarppol က ဘန်ကောက်ပို့စ်ကို ပြော ပါ တယ်။

ဒါပေမယ့် မကြာသေးခင်က ဘန်ကောက်ပို့စ်နဲ့ အင်တာဗျူးတခုမှာတော့ လ၀က ဒု ဗိုလ်ချုပ် Panu က နိုင်ငံတကာ ဆက်ဆံရေးကို ထိခိုက်မှာ စိုးလို့ ဖမ်းဆီးရမိသူတွေရဲ့ နိုင်ငံသား ဆိုင်ရာ ကိစ္စကို အသေးစိပ် ပြောဆိုဖို့ ငြင်းဆို ထား တယ်လို့ ဆိုပါတယ်။

အခု ထိုင်းနိုင်ငံက ဖမ်းဆီးထားတဲ့ အဲဒီ မွတ်စလင်တွေကို တူရကီအစိုးရကတော့ တူရကီနိုင်ငံကို အုပ်စု လိုက် ခေါ်ယူ ရေး အကူအညီပေးလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ပြောစဉ်မှာပဲ တရုတ်အစိုးရကတော့ အဲဒီမွတ်စလင်တွေဟာ တရုတ် လူမျိုးတွေဖြစ်ပြီး တရုတ်ပြည်ကို ပြန်ခေါ်မှာဖြစ်တယ်လို့ ပြောထားပါတယ်။

ထိုင်း လ၀က ဗျူရိုနဲ့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ချက်တွေအရ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရ သူတွေဟာ တရုတ် နိုင်ငံက လာကြတဲ့ မွတ်စလင်တွေ ဖြစ်ပုံရတယ်လို့ သတင်းက ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တရုတ်နိုင်ငံက ဝှေကာမွတ်စလင်တွေနဲ့ပတ်သက်ပြီး အထူး ဂရု စိုက်လာခဲ့တာ ကတော့ ထိုင်းနိုင်ငံ လ ၀ က အကြီးအကဲ မစ္စတာ Panu နဲ့ တရုတ်နိုင်ငံ ကူမင်းရဲတပ်ဖွဲ့ အာဏာပိုင်တွေ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တွေ့ပြီး အဲဒီ ဝှေကာ မွတ်စလင် အရေး ဆွေးနွေးပြီးကတည်းကလို့ ဆိုပါတယ်။

တချို့ တရုတ် ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေရဲ့ အဆိုအရ တရုတ် မွတ်စလင် ရွှေ့ပြောင်းသူတွေဟာ တူရကီနိုင်ငံကို သွားလိုခဲ့ကြပြီး တူရကီနိုင်ငံမှာ စစ်လက်ပစ္စည်းတွေ ဘယ်လိုအသုံးပြုရတယ်ဆိုတဲ့ သင်တန်းတွေ တက်ပြီးရင် တရုတ် နိုင်ငံထဲ ပြန်ဝင်ကာ တရုတ်ကနေ ခွဲထွက်ရေး လှုပ်ရှားမှုတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ အထောက်အပံ့ တွေရဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒီ တရုတ်မွတ်စလင်တွေဟာ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံကို လာရင် ၁၄ ရက်ကြာတယ်လို့ သိရပါ တယ်။

အဆိုပါ တရုတ်မွတ်စလင်တွေဟာ တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းမှာ တွေ့ဆုံပြီးတဲ့အခါ အုပ်စု ၄ စု ခွဲပြီး မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီး ယားနိုင်ငံတွေကို ဖြတ်ကာ ထိုင်းပင်လယ်ကွေ့နဲ့ နီးတဲ့ ထိုင်းနိုင်ငံ Songkhla ခရိုင်ကို ရောက်လာခဲ့ကြတာဖြစ်တယ်လို့ ထိုင်း လ၀က သတင်းရင်းမြစ်တခုကို ကိုးကားပြီးဘန်ကောက်ပို့စ်က ဆိုပါတယ်။

အခုဖမ်းဆီးခံရသူတွေဟာ သူတို့ကိုယ် သူတို့ တူရကီတွေလို့ ပြောဆိုနေကြပေမယ့် ကနဦးစုံစမ်းစစ်ဆေး မှုတွေအရ သူတို့ဟာ တရုတ်ပြည်က မွတ်စလင်ရွှေ့ပြောင်းလာသူတွေဖြစ်နိုင်တယ်လို့ ဆိုခဲ့တာပါ။

ဒါပေမယ့်လို့ သူတို့ဟာ တရုတ်စကားပြောတာ၊ သူတို့ရဲ့ အသုံးအဆောက်တွေ၊ ကားလက်မှတ်တွေစတဲ့ အခြား ပုဂ္ဂလိက သုံးပစ္စည်းတွေကို ထိုင်း လ၀က အာဏာပိုင်တွေက စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ သိရပါ တယ်။

ထိုင်း လ၀က အရာရှိတဦးကတော့ ထိုင်း လူဝင်မှုကြီးကြပ်ရေးက တာဝန်ရှိသူတွေဟာ မမိုက်မဲကြောင်း သူတို့ ဘာတွေဆိုတာ သိတဲ့အကြောင်းပြောထားတာလည်း ဘန်ကောက်ပို့စ်က ဆိုပါတယ်။

အဲဒီဖမ်းဆီးထားသူတွေကို တူရကီတာဝန်ရှိသူတွေနဲ့ ထိုင်း လ၀က က တူရကီ စကားပြန်အကူအညီ နဲ့ တွေ့ပေးခဲ့ပေ မယ့် သူတို့ဟာ တူရကီစကားကို ကောင်းကောင်း နားမလည်ခဲ့တာကြောင့် အပြန် အလှန် ကောင်းကောင်း မပြောဆို နိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

"သူတို့ ( ဖမ်းဆီးခံထားရသူ မွတ်စလင် ရွှေ့ပြောင်းလာသူတွေ) ဟာ တူရကီဘာသာစကားကို နားမ လည်ကြဘူးလို့ စကားပြန်က ယုံကြည်ထားပါတယ်"လို့ ထိုင်း လ၀က အရာရှိတဦးက ပြောထားပါတယ်။

အခု အုပ်စုကတော့ တူရကီ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ မလေးရှားနိုင်ငံမြို့တော်ကို သွားဖို့ အစီအစဉ် ရှိခဲ့တာဖြစ် တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံလိုက်ရတာကြောင့် သူတို့ရဲ့ တူရကီသွားမယ့် အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာ ရပ်သွားရတာဖြစ်ပါတယ်။

ထိုင်း လ၀က အကြီးအကဲ မစ္စတာ Panu က ပြောတာမှာတော့ အခုကိစ္စမှာ တူရကီနဲ့ တရုတ်နိုင်ငံတို့ ပါဝင်နေတာ ကြောင့် အထူးသတိထား ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။

လင်းသန့် ~
Irrawaddy






--
http://www.burmaburo.blogspot.com

နိုင်ငံသားများသာ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုသည့် ဥပဒေကြမ်း အောင်မြင်စွာအတည်ပြုလိုက်ခြင်း၊


နိုင်ငံသားများသာ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုသည့် ဥပဒေကြမ်း အောင်မြင်စွာအတည်ပြုလိုက်ခြင်း၊

မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသော နိုင်ငံသားများကိုသာ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် ပြုမည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းကို ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်က အတည်ပြု လိုက်သည်။

ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဥပဒေအမှတ် ၂/၂၀၁၀ ဖြင့် ပြဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် White Card ဟု ခေါ်သော ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူများကိုပါ နိုင်ငံရေး ပါတီ ထူထောင်ခွင့် ပေးထားခဲ့သောကြောင့် ယင်းနေရာတွင် နိုင်ငံသားများသာဟု အစားထိုးခွင့်ကို ယနေ့ လွှတ်တော်၌ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

မတ်လ ၁၂ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများအား ပါတီ တည်ထောင်ခွင့် ပေးထားသည့် အချက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း၊ ယင်းဥပဒေပါ အချက်ကို ပြင်ဆင်ရန် တင်ပြခဲ့ပြီး၊ လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်သင့်၊ မပြင်ဆင်သင့် ပါဝင် ဆွေးနွေးခဲ့ ကြသည်။

အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီက လတ်တလောတွင် နိုင်ငံသား မဟုတ်သည့် ဧည့်နိုင်ငံသား၊ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများကို နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန် ကြားနာခဲ့ပြီးနောက် ယနေ့တွင် အမျိုးသား လွှတ်တော်က အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
White Card နေရာတွင် နိုင်ငံသားဟု အစားထိုးလိုက်ပြီး နိုင်ငံသားများသာ ပါတီ ထူထောင်ခွင့်ပြုရန် ပြင်ဆင်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ဥပဒေကို ပြင်ဆင် အတည်ပြုရန် အဆို တင်သွင်းခဲ့သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။

"နိုင်ငံရေး ပါတီ တည်ထောင်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံသား ဖြစ်မှ ရတော့မယ်။ နိုင်ငံသား စိစစ်ရေး ကတ်ပြားကို တင်ပြနိုင်ဖို့ လိုတယ်။ ယာယီ သက်သေခံ လက်မှတ် ဆိုတာကို ဖျက်လိုက်ပြီ"ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
White Card ဆိုသည်မှာ နိုင်ငံသား လက်မှတ်ရရန် စောင့်ဆိုင်း နေသူများသာ ကိုင်ဆောင်ခွင့် ရှိသော်လည်း ရခိုင်ပြည်နယ်တွင် White Card ကိုင်ဆောင်သူ များစွာ ရှိနေပြီး ယင်းတို့မှာ ပါတီတည်ထောင်ခွင့်၊ မဲပေးခွင့်များ ရရှိလျက် ရှိကြောင်း လွှတ်တော် အသိုင်းအ၀ိုင်းမှ သိရသည်။

White Card ကိုင်ဆောင်သူများမှာ နိုင်ငံခြားသားများ မဟုတ်ဘဲ နိုင်ငံသား ဖြစ်ခွင့် ရရှိရန် စောင့်ဆိုင်း နေသူများ ဖြစ်ကြောင်း၊ White Card ကိုင်ဆောင်သောကြောင့် တိုင်းပြည်ရေးရာ နိုင်ငံရေးများတွင်ပါဝင်ရန် ကန့်သတ်လိုက်ခြင်းမှာ နိုင်ငံသားများ၏ အကျိုးစီးပွားကို အစိုးရက မျက်ကွယ် ပြုလိုက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ   လျှောက်ထားသူ ဦးသာအေးက ဧရာဝတီသို့ ပြောသည်။ (မြန်မာတိုင်းရင်းသားမဟုတ်သူ)

"နိုင်ငံသား မှတ်ပုံတင် ကိစ္စမှာ ဥပဒေ ပြဋ္ဌာန်းမယ် ဆိုရင်လည်း နိုင်ငံသားတွေရဲ့ အခွင့်အရေး မနစ်နာဖို့ လိုပါတယ်။ ကျနော်တို့ အခွင့်အရေးကို ဖြုတ်ပစ်လိုက်တာမျိုး မလုပ်စေချင်ဘူး"ဟု ဦးသာအေးက ပြောသည်။
ယင်းအပြင် နိုင်ငံရေး ပါတီဝင်များ အဖြစ် စည်းရုံးခွင့်ကို နိုင်ငံသား ဖြစ်ခြင်းဟု ပြောင်းလဲလိုက်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားရှိသူ ၊ နိုင်ငံသား ဖြစ်ခွင့်ရသူ စသည့် အချက် နှစ်ချက်နှင့် အစားထိုးလိုက်သည့်အတွက် ဧည့်နိုင်ငံသားများ ၊ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများ နိုင်ငံရေး ပါတီဝင် အဖြစ် တည်ထောင် ပါဝင်ခွင့် ရတော့မည် မဟုတ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီ ထူထောင်ထားသူ တချို့မှာ ယာယီ သက်သေခံ လက်မှတ်ဖြင့် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင် ထားနိုင်သည့် အတွက် ယင်းပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အချိန်ကာလ တခု သတ်မှတ်ပေးပြီး တာဝန်ယူ ဖြေရှင်းပေးရန် လွှတ်တော်က တိုက်တွန်းထားကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

"အရင်က နိုင်ငံရေးပါတီ ထောင်ခွင့် ရှိတဲ့ သူတွေထဲမှာ White Card တွေကိုပါ ထည့်ထားတာကိုး။ သူတို့လည်း နိုင်ငံသား ဖြစ်ခွင့်ရအောင် လုပ်ဖို့လိုတယ်။ နိုင်ငံသား မဟုတ်သေးတဲ့ နိုင်ငံရေး ပါတီဝင်တွေ ရှိတဲ့ ပါတီတွေ အတွက်တော့ အချိန်ကာလ တခု သတ်မှတ်ပေး လိုက်တယ်။ မဟုတ်ရင် ဒီဥပဒေကြမ်းကို ဒီနေ့ အတည်ပြုရင် နောက်နေ့ ပါတီက ထွက်ဆိုပြီး ဖြစ်နေမှာပေါ့။ တချို့ ပါတီတွေမှာက သောင်တင်ရေမကျ ဖြစ်နေတဲ့ သူတွေ ရှိနေတယ်"ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။

White Card ကိုင်ဆောင်သူများ မဲပေးပိုင်ခွင့် ရှိနေသည့် အပေါ်တွင်လည်း ရွှေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ရန် တင်ပြထားကြောင်း၊ နိုင်ငံသား မဟုတ်သူများ မဲပေးပိုင်ခွင့် ရှိမရှိကို လွှတ်တော်က ဆုံးဖြတ်လိမ့်မည် ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ပြော သည်။
"နိုင်ငံသား မဟုတ်တဲ့သူ ယာယီ သက်သေခံ လက်မှတ် ကိုင်ထားတဲ့သူကို မဲပေးခွင့် ပြုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တို့တာဝန် အရေး ၃ ပါးတို့ ၊ အချုပ်အခြာ အာဏာတို့ကို ဘယ်သွားထားတော့ မလဲ။ လွတ်လပ်ရေး ယူခဲ့တာတောင် မှားတယ်လို့ ပြောကြလိမ့်မယ် " ဟု ဒေါက်တာအေးမောင်က ဆိုသည်။
နိုင်ငံရေး ပါတီတခုသည် တိုင်းပြည်တွင် အလွန် အရေးကြီးသောကြောင့် ပါတီ တည်ထောင် လိုသူများသည် နိုင်ငံသား ဖြစ်ရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူဦးရေ ၈ သိန်းခွဲ အပြင် ကချင်ပြည်နယ်၊ ကိုးကန့် နယ်စပ် နှင့် "၀´´ နယ်စပ်တို့တွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများ ရှိကြောင်း ၊ ထိုပြဿနာကို အစိုးရ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖြေရှင်းရန် လိုအပ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ပြော ဆိုသည်။

"တည်ဆဲ နိုင်ငံရေးပါတီ ဥပဒေအရ အရင် မှတ်ပုံတင်ထားခဲ့တဲ့ နိုင်ငံရေး ပါတီတွေကို ကာလတခု သတ်မှတ်ပေးဖို့ ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင်ကို တာဝန်ပေးတယ်။ အခုလက်ရှိ နိုင်ငံသား၊ ဧည့်နိုင်ငံသား နဲ့ ယာယီသက်သေခံ လက်မှတ်နဲ့ ပါတီထောင် ထားတဲ့သူတွေ ရှိကောင်း ရှိနိုင်တယ်လေ။ သုံးခေါက်ချိုးလို့ ခေါ်တဲ့ အမျိုးသား မှတ်ပုံတင်ကတ်ကလည်း အကျုံး မ၀င်တော့တာ မို့လို့ နိုင်ငံရေး စိစစ်ရေး ကတ်ပြားရအောင် လျှောက်ကြပေါ့။ ပေးသင့်ပေးထိုက်တယ်၊ ဥပဒေနဲ့ ညီညွှတ်တယ်ဆိုရင် လ၀က ၀န်ကြီးဌာနက ပေးရမှာပေါ။ ပေးသင့် မပေးသင့် သူတို့ ချိန်ဆမှာပါ ။ မညီညွှတ်ဘဲ ပေးရင် ပေးတဲ့သူပါ အရေးယူမှာ။ ၈၂ နိုင်ငံသား ဥပဒေအရ အရေးယူရမှာ။ လိမ်လည် လျှောက်ထားတဲ့သူကိုလည်း အရေးယူရမယ်"ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

Facebook "Like"-Dummy

ပါတီမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ဖို့ အမျိုးသားလွှတ်တော် အတည်ပြု




နိုင်ငံရေး ပါတီတည်ထောင် သူတွေဟာ နိုင်ငံ သားဖြစ်ရမယ် ဆိုတဲ့အချက်ပါဝင်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဒီကနေ့ အတည်ပြု လိုက်ပါတယ်။

နိုင်ငံရေးပါတီ တည်ထောင်သူတွေဟာ နိုင်ငံသားဖြစ် ရမယ်ဆိုတဲ့ အချက်ပါဝင်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက် ပါတယ်။

"ထူထောင်လိုသူဟာ နိုင်ငံသားမှတ်ပုံတင်ဖြင့် အဓိက ယာယီနိုင်ငံသားတို့၊ ယာယီမှတ်ပုံတင်တို့ ဒါလက်မခံနိုင်ဘူး၊ ဒါနိုင်ငံသားအစစ်ကနေပြီးတော့ ပါတီကိုထူထောင်ဖို့ ကိုယ့်နိုင်ငံရဲ့အာဏာဟာ ကိုယ့်နိုင်ငံသားထဲမှာ ရှိဖို့အတွက် ဒီအချိန်မှာ တိုင်းပြည်အာဏာကို ချုပ်ကိုင်မှာက နိုင်ငံရေးပါတီပဲ ဒါကိုအရေးတကြီး ဖြစ်နေတာပဲ"

အဲ့ဒီ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ရခိုင်ပြည်နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြီးခဲ့တဲ့မတ်လ ၁၂ ရက်နေ့က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

အသစ်ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းထဲမှာ ယခင်ကတည်ထောင်ထားတဲ့ နိုင်ငံရေးပါတီတွေဟာ အသစ်ဖြစ်လာမယ့် ဥပဒေနဲ့ကိုက်ညီအောင် ပါတီတွေကို ပြင်လည်ပြင်ဆင်ဖို့ ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူဆောက်ရွက်ပေးဖို့ အချက်လည်းပါဝင်တယ်လို့ သိရပါတယ်။

Facebook "Like"-Dummy

ကြားဖြတ် ရွေးကောက်ပွဲ ထပ်မံကျင်းပမည်ဖြစ်ပြီး NLD ပြိုင်မည်

 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်, ကြားဖြတ် ရွေးကောက်ပွဲ, ပြည်သူ့ လွှတ်တော်, ဦးတင်အေး, လစ်လပ် မဲဆန္ဒနယ် ၃၀
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး(ဓာတ်ပုံ – ဧရာဝတီ)

နိုင်ငံတ၀န်းရှိ လစ်လပ်နေသည့် မဲဆန္ဒနယ် ၃၀ ၌ ကြားဖြတ် ရွေးကောက်ပွဲ ထပ်မံ ကျင်းပပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြောင်း သိရသည်။

ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ လှည်းကူးမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်နေသည့် မဲဆန္ဒနယ်များ၌ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ပေးရန် ရှိမရှိ မေးမြန်းရာ ကျင်းပပေးမည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦး တင်အေး က ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ မည်သည့်အချိန်တွင် ကျင်းပ မည် ဆိုသည်ကို တိကျစွာ ဖြေဆိုမှု မရှိခဲ့ပေ။

ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် အတွင်း ပထမဆုံး အကြိမ် ကျင်းပခဲ့သေးသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က"ဘယ်အချိန် ကျင်းပမယ်ဆိုတာတော့ အတိအကျ ပြောမသွားပါဘူး၊ ကျင်း ပမယ့် အချိန်ကို ၃ လ ကြိုတင် ကြေညာပေးမယ်၊ ရာသီဥတု သာယာတဲ့ အချိန်အခါကို ရွေးပြီး လုပ်ပေးမယ်လို့ပဲ ဖြေဆိုသွားပါတယ်"ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတ၀န်း လစ်လပ် မဲဆန္ဒနယ်များ၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် ရှိမရှိ ပြီးခဲ့သည့်နှစ် အတွင်း ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌လည်း ဦးဖေသန်းက မေးမြန်းခဲ့သေးသည်။
ကြားဖြတ်ရွေးကောက်ပွဲအား ဘယ်နှစ်ကြိမ် လုပ်ရမည်၊ ကိုယ်စားလှယ် အရေအတွက် မည်မျှရှိပါက ကျင်းပပေးရမည် စသည်တို့ ပါရှိသော ဥပဒေ သီးသန့် မရှိသေးဟုသာ ဖြေဆိုခဲ့ကြောင်း၊ ယခုအခါ ထိုဥပဒေ ရှိနေပြီဖြစ်၍ ကျင်းပနိုင်တော့ မည် ဖြစ်ကြောင်း ဦးဖေသန်း က ရှင်းပြသည်။

မြန်မာနိုင်ငံ တ၀န်းတွင် လက်ရှိ လစ်လပ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ အမျိုးသား လွှတ်တော် ၆ နေရာနှင့်ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော် ၁၁ နေရာရှိ၍ စုစုပေါင်းနေရာ ၃၀ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် က ဧရာဝတီ ကို ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရခြင်းသည် လစ်လပ် မဲဆန္ဒနယ်များရှိ ပြည်သူများအတွက် ၎င်းတို့၏ လိုအပ်ချက်များကို တင်ပြ တောင်းဆိုပေးမည့် ကိုယ်စားလှယ် မရှိကြောင်း၊ ထို့ကြောင့် မဲဆန္ဒရှင်များ၏ ဆုံးရှုံးနေသည့် အခွင့်အရေးများ ရရှိရန် လိုအပ်နေသည့်အတွက် ရွေးကောက်ပွဲ ကျင်းပပေးရေး လွှတ်တော်၌ တောင်းဆိုမှုများ ရှိ၍ ကျင်းပေးရန် စီစဉ်ခြင်း ဖြစ် ကြောင်း ၎င်း က ဆက်ပြောသည်။

ထို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ရခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပါဝင်ရမည့် ကိုယ်စားလှယ် အရေအတွက် မပြည့်၍ ဖြစ်ကြောင်းလည်း လွှတ်တော် အသိုင်းအ၀ိုင်းက ပြောသည်။
ယခု လစ်လပ်နေသည့် မဲဆန္ဒနယ်များသည် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေး တိုင်း စသည့် ဒေသများ ဖြစ်ကြောင်း သိရသည်။

လစ်လပ်နေသည့် မဲဆန္ဒနယ် ၄၅ နေရာ၌ ပထမ အကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ တွင်ကျင်း ပခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၄၃ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၁ နေရာနှင့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ က ၁ နေရာ အနိုင်ရခဲ့ကြသည်။

ပြည်လုံးကျွတ် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ က အနိုင်ရရှိပြီး အစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။

Facebook "Like"-Dummy


Monday 24 March 2014

ဆူးလေစေတီတော်ကို ဖူးတွေ့ရတိုင်း






ဆူးလေစေတီတော်ကို ဖူးတွေ့ရတိုင်း...



 ။
==============
ဦးချန်ထွန်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေစလွယ်ရ သူဌေးကြီး ဦးရဲကျော်သူ၊ ဒေါ်သံဒါဖြူတို့မိဘနှစ်ပါးမှ မွေးဖွားသန့်စင်ပြီး၊ အဖေ့ခြေရာနင်းခဲ့၍ ထိုခေတ် ထိုအချိန်က မြန်မာနိုင်ငံသာမက ဥရောပနိုင်ငံများ တလွားအထိပင် သူ၏အရှိန်အ၀ါ လွှမ်းမိုးခဲ့သော နာမည်ကြီး ဥပဒေပါရဂူတစ်ဦး ဖြစ်ပါသည်။

ဦးချန်ထွန်းသည် ဥပဒေဘွဲ့ နောက်ဆုံးနှစ်ဖြစ်သော (၁၈၈၁) ခုနှစ်တွင် ရောမဥပဒေဘာသာရပ်၊ ဥပဒေအတတ်ပညာ ဘာသာရပ်၊ အင်္ဂလိပ်လူမျိုးတို့၏ ရှေးဟောင်းထုံးတမ်းစဉ်လာဘာသာရပ်များ အားလုံးမှာ အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်ခဲ့၍ ၀ိတိုရိယ ဘုရင်မကြီးကိုယ်တိုင် ၀ိတိုရိယရွှေတံဆိပ်ဆုကို ချီးမြင့်ခဲ့သည်။ ဘာသာရပ်တိုင်းတွင် ထူးချွန်ဆု(ဂုဏ်ထူး)ရရှိခဲ့၍ ဘာသာရပ်တစ်ခုလျှင် ထိုခေတ်က ပေါင်စတာလင် (၁၀၀)စီ ချီးမြင့်ခြင်း ခံရသူဖြစ်သည်။ဦးချွန်ထွန်း ရရှိခဲ့သော ဂုဏ်ထူးဆောင် အမှတ်မျိုးကို ဒုတိယ ကမ္ဘာစစ်ဖြစ်ခဲ့သောအချိန်ထိ နောက်ထပ် ထိုဆုမျိုးရရှိသူ လုံးဝ(လုံးဝ) မရှိခဲ့ဟုသိရသည်။ ရန်ကုန်သို့ပြန်လာပြီး ၀ိတိုရိယဘုရင်မဆုကို လည်ပင်းတွင်ဆွဲ၍သွားလျှင် ဦးချန်ထွန်းနှင့် မျက်နှာချင်းဆိုင်ဆုံမိသောလူတိုင်းသူ့ကို အလေးပြုကြရသည်။ စက်ဘီးစီးလာသူ ဖြစ်နေလျှင် စက်ဘီးမှဆင်းပြီး ရပ်၍ အလေးပြုကြရသည်။


ဝိတိုရိယ ဘုရင်မကြီးက သူတို့အုပ်စိုးသော ကိုလိုနီနိုင်ငံများထဲမှ ဤမျှလောက် ပညာတော်သော ကလေးမျိုး ရှိသည်ကို တအံတသြ ဖြစ်မိသည်ဟု သိရသည်။ တွေ့ချင်လွန်း၍ အခေါ်ခံရသော မောင်ချန်ထွန်းကို ဘုရင်မကြီးက လက်ဆွဲနုတ်ဆက်ပြီး လက်ဖက်ရည် ဧည့်ခံပွဲနှင့် ဧည့်
ခံခဲ့သည်။ ၀ိတိုရိယ ဘုရင်မကြီးဆုကို သူကိုယ်တိုင်ချီးမြှင့်ပြီးဘုရင်မကြီး၏ သားတော်နှင့် တော်
ဝင်နန်းသုံး မြင်းရထားကို အတူစီးခွင့်ရသော ဆုလည်းပါဝင်သည့်အပြင် နန်းတော်ထဲ အချိန်မရွေး
ဝင်ထွက်သွားလာနိုင်ခွင့် အခွင့်အရေးကိုပင် ဘုရင်မက ပေးအပ်ခဲ့သည်ဟု သိရပါသည်။ဦးချန်ထွန်းသည် အင်္ဂလန်တွင်နေစဉ် The Nature and Value of Jurisprudence စာအုပ်ကို Messrs Sweet And Maswell စာအုပ်တိုက်မှ ထုတ်ဝေခဲ့သေးသည်။ ယင်းစာအုပ်သည်အလွန်လူကြိုက်များခဲ့၍ တတိယအကြိမ်ထိပင် ထုတ်ဝေခဲ့ရသည်ဟု သိရပါသည်။ ဦးချန်ထွန်းရန်ကုန်ပြန်ရောက်သောအခါ Leading Cases in Burmese Law စာအုပ်နှင့် BurmeseBuddhist Law စာအုပ်(၂) အုပ်ကို ရေးသားခဲ့သည်။ ယင်းစာအုပ် (၂)အုပ်သည် ယနေ့ထက်တိုင်မြန်မာတရားရေးဌာနတွင် လက်သုံး (Manual) အဖြစ် အသုံပြုနေဆဲဟု သိရပါသည်။ဗြိတိသျှအစိုးရသည် စီမံကိန်းချ၍ ရန်ကုန်မြို့ကို ခေတ်မီမြို့တော်ပြုလုပ်ခဲ့ရာ အကွက်ရိုက်ပြီး အိမ်ရာတိုက်တာများ ဆောက်လုပ်ခဲ့ပါသည်။ ထိုစဉ်က ယခုသိမ်ကြီးဈေးနေရာတွင်ဆူးလေစေတီလောက်ကြီးသော "ကျိုက်မြတ်သံချို" စေတီတစ်ဆူ ရှိခဲ့သည်ကို လမ်းနှင့်မလွတ်၍ဖြိုဖျက်ပစ်ခဲ့ပါသည်။ ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးကျောင်း အားလုံးနီးပါးကို အကွက်များချရာတွင်မလွတ်ဆိုပြီး ယခုလမ်းမတော်မြို့နယ် ကျုံးကြီးလမ်း သရက်တောဥယျာဉ်အတွင်း စုပေါင်း၍ရွှေ့ပြောင်းခဲ့သည်။ (ယနေ့တိုင် သရက်တော ကျောင်းဝင်းအတွင်း ထိုစဉ်ကအမည်အတိုင်း ဘုန်း
ကြီးကျောင်း မြောက်များစွာ ရှိနေပါသေးသည်။)

ဒုတိယအကြိမ် လမ်းများတိုးချဲ့ရာတွင် လမ်းမလွတ်ဟုဆိုပြီး ဆူးလေစေတီကို ယခုနေရာမှ အခြားနေရာသို့ ရွှေ့ပြောင်းရန် အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးခဲ့ကြပါသည်။ ထိုစဉ်က ဗြိတိသျှအရာရှိများ တင်ပြချက်တွင် နောက်အနှစ် (၅၀-၁၀၀) အတွင်း ရန်ကုန်မြိုကသည် ကမ္ဘာ့အ
ဆင့်မီ မြို့တော်ကြီးတစ်မြို့ ဖြစ်လာမည်ဖြစ်ရာ ပတ်ချာလည်ဝိုင်းရံလျက်ရှိသော မိုးထိမြင့်မားသည့် တိုက်တာ အဆောက်အအုံများ၏ အောက် ရောက်နေမည် ဖြစ်ပါ၍ မသင့်လျော်ဟု အကြောင်းပြခဲ့ပါသည်။ မြန်မာလူမျိုးများစိတ်ကြိုက် သင့်လျော်သော နေရာတစ်ခုသို့ ရွေး၍ ပုံတူဆောက်လုပ်ပေးမည်ဟု အကြောင်းပြခဲ့ပါသည်။ ယင်းကိစ္စကို အင်္ဂလိပ်အရာရှိများ အပါအ၀င် မြန်
မာအရာရှိများက ကန့်ကွက်သူမရှိ သဘောတူခဲ့ပါသည်။

ဦးချန်ထွန်းတစ်ယောက်သာ အကြီးအကျယ် ဒေါသူပုန်ထပြီး ကန့်ကွက်ပါတော့သည်။
အင်္ဂလိပ်ခေတ်တွင် အထက်မှချမှတ်သော အမိန့်တစ်ခုကို လုပ်သင့်သည်ဖြစ်စေ၊ မလုပ်သင့်သည်
ဖြစ်စေ မပြောရဲသောခေတ် ဖြစ်ပါသည်။ အလုပ်ပြုတ်မှာ ကြောက်သည်က တစ်ကြောင်းကြောင့်
မည်သူမျှ ဦးချန်ထွန်းဖက်မှ မားမားမတ်မတ်ရပ်၍ ပြောမည့်သူ မရှိခဲ့ပါ။ ဦးချန်ထွန်းစကား လုံးဝ
အရာမရောက်ခဲ့ပါ။ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း
ဖျက်ခြင်း ပြုလုပ်ရိုးထုံးစံမရှိဟု တင်ပြခဲ့ပါသည်။

အလားတူ အင်္ဂလန်ကို ခေတ်မီမြို့ဆောက်လုပ်စဉ်ကလည်း Square Building အ၀ိုင်းကို
ရှေးဟောင်းအဆောက်အအုံ တစ်ခုအနေဖြင့် "ဘာကြောင့်ချန်ထားခဲ့သလဲ" လို့ အရေးဆိုခဲ့ပါသေး
သည်။ ဦးချန်ထွန်း ကန့်ကွက်ချက်များသည် လုံးဝ အရာမရောက်ခဲ့၍ စနေထောင့်မှစ၍ ဆူးလေ
စေတီကို ဖျက်ပါတော့သည်။ ဦးချန်ထွန်းက အာဂသတ္တိရှင်တစ်ဦး ဖြစ်သည်။ လုပ်ရဲသောသတ္တိရှိ
သည်။ အလုပ်ပြုတ်ချင် ပြုတ်ပါစေ။ သူ လုံးဝနောက်မဆုတ်ခဲ့ပါ။ သူ့ကို ရွှေတံဆိပ်ဆု ပေးထား
သော ၀ိတိုရိယဘုရင်မကို ချက်ချင်း သတိရလာသည်။ မကြာပါ။ ကြေးနန်းရိုက်ပြီး၊ စာတစ်စောင်
လည်း ဘုရင်မထံ အကျိုးအကြောင်း ရေးသားပေးပို့လိုက်ပါသည်။
ဦချန်ထွန်း၏ကျေးဇူး၊ ၀ိတိုရိယဘုရင်မကြီး၏ အမိန့်ကြောင့် ယနေ့မြန်မာလူမျိုးတို့ ဆူးလေ
စေတီကို ရန်ကုန်မြို့လယ်တွင် တွေ့နေရခြင်း ဖြစ်ပါသည်။ ဦးချန်ထွန်း၏ ကျေးဇူးကား
အလွန်ကြီးမားပါသည်။ ဆပ်၍ကုန်နိုင်မည် မဟုတ်ပါ။ ဆူးလေစေတီကို ဖူးတွေ့ရတိုင်း ဦးချန်ထွန်း
ကို သတိရသင့်ပါသည်။


{အေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများမှ ကောက်နုတ်ရေးသားပါသည်။}
ဦးသိန်းဝေ။


Wednesday 19 March 2014

ဒီမိုဝေယံ




ဒီမိုဝေယံ


Posted: 13 Mar 2014 11:35 AM PDT


ပရဟိတ ကာ/ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ

(နိုင်ငံတော်အစိုးရထုတ် သတင်းစာများတွင် ကြော်ငြာထည့်ခွင့်မရရှိခဲ့သည့် Popular News Journal ၂ဝ၁၄ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ထုတ် ဦးကျော်သူ၏ ဆောင်းပါး)
ကျွန်တော်သည် ပရဟိတလုပ်ငန်းဖြင့် အများပြည်သူတို့အား အတ္တဖြုတ်၍ အနစ်နာခံ ပေးဆပ်ခဲ့ရာ ယခုဆိုလျှင် (၁၃) နှစ်ကျော်ခဲ့ပြီဖြစ်သည်။

(၁၃) နှစ်ပြည့်သော အချိန်ကာလဖြစ်သည့် ၂ဝ၁၄ ခုနှစ် ဇန်နဝါ ရီလ (၁) ရက်နေ့တွင် ကျွန်တော်၏ စိတ်အလျင်တို့သည် သာသနာပြုလိုသောစိတ်၊ သာသနာ ပြန့်ပွားလို သောစိတ်နှင့်အတူ ပရဟိတလောကသားများအတွက် ကမ္ဘာတည်သရွေ့ မှတ်ကျောက်တင်နိုင်ရန် ပရဟိ တစေတီတော် တည်ထားကိုးကွယ်ရန် ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ယခု ၂ဝ၁၄ ခုနှစ် မတ်လတွင် မိမိစိတ် တွင် ဖြစ်ပေါ်လာသော ကောင်းမှုကုသိုလ်တော်ကြီးအား ဆရာတော်ကြီးများနှင့် ဆွေးနွေးတိုင်ပင် အကြံ ဉာဏ်များ တောင်းခံခဲ့ပြီးသည့်နောက် ပြည်မြို့တစ်ဖက်ကမ်းရှိ မြတ်စွာဘုရား သက်ရှိထင်ရှား ရှိစဉ်ကာလ တွင် မြတ်စွာဘုရား ကြွရောက်သာသနာပြုခဲ့သည့် တောင်ကိုးလုံးတွင် ပါဝင်သော ဖိုးဦးတောင်အနီးရှိ ကြခတ်တောင်တော်ပေါ်တွင် "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီ" နှင့်မြတ်စွာဘုရားဆင်းတုတော် ကြီးအား တည်ထားကိုးကွယ်ရန်အတွက် ရည်စူး၍ နတ်မောက်မြို့နယ်အတွင်းရှိ သမိုင်းဝင် နှစ်ပေါင်းတစ် ထောင်ကျော် ရှိပြီဖြစ်သော ပင်းမဟာဗောဓိ ရွှေညောင်တော်နှင့် သပြေညီနောင်တို့ရှိရာ နတ်မောက်မြို့ နယ် ပင်းဂွေးချိုကျေးရွာအုပ်စု၊ ပင်းမြို့ဟောင်းကျေးရွာ၊ ပုဗ္ဗရုံကျောင်းတွင် လာရောက်၍ အဓိဋ္ဌာန်ဝင်ခဲ့ တော့သည်။

ထိုသို့ အေးချမ်းတိတ်ဆိတ် ငြိမ်သက်သောအရပ်ဒေသတွင် အဓိဋ္ဌာန်ဝင်စဉ် ကျွန်တော့်ထံသို့ အထက်ပါခေါင်းစဉ်ဖြင့် အိတ်ဖွင့်ပေးစာတစ်စောင် ရောက်ရှိလာခဲ့တော့သည်။ ထိုစာ၏ အကြောင်းအရာ အချက်အလက်များသည် လောကီကိစ္စရပ်များ ဖြစ်နေသည့်အတွက် ကျွန်တော့အနေဖြင့် လောကုတ္တရာ နယ်ပယ်အတွင်းမှ မည်သို့မျှမစဉ်းစား မဆုံးဖြတ်လိုပေ။ ထို့ကြောင့် လောကီကိစ္စ ပရိဟိတကိစ္စများနှင့် ပတ်သက်နေ၍ အနယ်နယ်အရပ်ရပ်ရှိ ပြည်သူလူထုများ၊ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များ အား သိရှိစေရန် စာပေတိုက်များသို့ ပြန်လည်၍ ပေးပို့သူရေးသားထားသော မူရင်းအတိုင်း တစ်ဆင့်ပေးပို့ လိုက်ခြင်းပင် ဖြစ်တော့သည်။

ရက်စွဲ - ၄ - ၃ -၂၀၁၄
"ပရဟိတကာ/ ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ"

"အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ရင် လူမှုရေးလော က,ကနေ နုတ်ထွက်တော့မည်ဟု နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ" ပြောဆိုပြီး (၂၈-၂-၂၀၁၄) သောကြာနေ့ထုတ် မော်ဒန်ဂျာနယ်မျက်နှာဖုံးမှာ စာလုံးအကြီးကြီးနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူရဲ့ ဓာတ်ပုံအကြီးကြီးကို တွေ့လိုက်ရတော့ ကျွန်ုပ်တို့ တော်တော်လေး တုန် လှုပ် ချောက်ချားသွားမိတယ်။

ဦးကျော်သူကို ကျွန်ုပ်တို့အနေဖြင့် လူမှုရေးအရ ခင်မင်ရင်းနှီးမှု ရှိပါသော် လည်း ယခုကိစ္စကို ကျွန်ုပ်တို့၏နှုတ်မှ ပြောကြားခြင်းထက် "နှုတ်တစ်ရာစာတစ်လုံး" ဆိုသလို လေးလေး စားစား စာရေးသားပေးပို့ဖို့ စိတ်ကူးဖြစ်မိတာပါ။ စာတစ်တန် ပေတစ်တန်နဲ့ ကြီးကြီးကျယ်ကျယ် ရေးသား ပေးပို့တယ်လို့ မယူဆဖို့ ဦးစွာမေတ္တာရပ်ပါရစေ။ ပြီးခဲ့တဲ့ရက် အနည်းငယ်ကတောင် ဦးကျော်သူနဲ့ ကျွန်ုပ် ပုသိမ်မြို့ စာပေဟောပြောပွဲမှာ အတူတကွ သွားတုန်းကတောင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ကြား ချက်နဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဝန်ကြီး (၅) ဦးနဲ့ တွေ့ဆုံတော့ ကျွန်ုပ်အတူပါခဲ့သေး တယ်။ အဲဒီမှာ ဦးကျော်သူကိုတောင် ဝန်ကြီးတွေက လူမှုရေးနဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးဖို့နဲ့ "လူမှုရေး အဖွဲ့တွေကို ကျွန်တော်တို့စကား အခွန်းတစ်ရာပြောတာနဲ့ ဦးကျော်သူစကားတစ်ခွန်းပြောတာ ပိုထိရောက် ကြောင်း" ကို ဝန်ကြီးအဖွဲ့တွေက တကယ့်ကို လေးလေးစားစားနဲ့ ခင်မင်ရင်းနှီးစွာ တွေ့ဆုံခဲ့တာ အမှတ်ရမိ သေးတယ်။

အဲဒီမှာ ဝန်ကြီးတစ်ဦးက အသင်းအဖွဲ့တွေမှာ လိုင်စင်မဲ့ကားကိစ္စတွေ တရားဝင်ဖြစ်ဖို့ အ ကြောင်း ဦးကျော်သူနဲ့ ဆွေးနွေးခဲ့တာ ကျွန်ုပ်မှတ်မိနေပါတယ်။ အဲဒီနောက် ကျွန်ုပ်တို့ မိမိတို့ ကိုယ့်အရပ် ဒေသကို ပြန်ပြီးရောက်ရုံ ရှိသေးတယ်။ မော်ဒန်ဂျာနယ်က ဦးကျော်သူအင်တာဗျူး ဖတ်လိုက်မိတော့ မတုန်လှုပ်ဘဲ ရှိနိုင်ပါ့မလားဗျာ။ အဲဒါနဲ့ ဦးကျော်သူထံ ဖုန်းဆက်ပြီးမေးကြည့်မယ်။ လုပ်ပြန်တော့ မကွေး တိုင်း၊ နတ်မောက်မြို့ကို သွားရောက်ပြီး အဓိဋ္ဌာန် စခန်းဝင်တယ်ဆိုတာ သိရပါတယ်။ အဲဒါကြောင့် အခုလို စာရေးပြီး အိတ်ဖွင့်ပေးစာ ပေးပို့ရတာကို သာသနာပြုအလုပ် သွားရောက်လုပ်ကိုင်နေတဲ့ ဦးကျော်သူ အနေနဲ့ အနှောင့်အယှက်ပေးတယ်လို့ သဘောမထားဘဲ သတိတရ ဖတ်မိပါစေလို့ ဆုတောင်းရင်း ဒီစာကို ရေးပါရစေ။

ဦးကျော်သူခင်ဗျာ ကျွန်ုပ်တို့ မြန်မာတစ်နိုင်ငံလုံးမှာရှိကြတဲ့ လူမှုရေးအသင်းများ အားလုံးနီးပါးဟာ သူတို့ရဲ့ ပရဟိတ ခေါင်းဆောင်ကြီးအဖြစ်၊ ပရဟိတ ဖခင်ကြီးအဖြစ်၊ လူမှုရေးပရဟိတ သူရဲကောင်းကြီး အဖြစ်၊ လူမှုရေးအသင်းအဖွဲ့များ၏ စံပြပုဂ္ဂိုလ်ကြီးအဖြစ်၊ လူမှုရေးအသင်းအဖွဲ့များရှေ့မှာ မားမားမတ်မတ် နှင့် ရပ်တည်ကာကွယ် စောင့်ရှောက်ပေးနေတဲ့ ပရဟိတ ကာ/ချုပ်ကြီးအဖြစ် သတ်မှတ်ထားကြတယ် ဆို တာ ဦးကျော်သူတစ်ယောက် သိစေချင်ပါတယ်။ ဦးကျော်သူအနေနဲ့ ဒီအသင်းအဖွဲ့ ဥပဒေကြမ်းကို လွှတ် တော်က အတည်ပြုလိုက်လို့ ပရဟိတလောက,ကနေ အပြီးနုတ်ထွက် သွားတော့မယ်ဆိုရင် ကျွန်ုပ်တို့ လူမှုရေးလောကကြီးရဲ့ခေါင်းဆောင် သူရဲကောင်းတစ်ယောက် ကျဆုံးသွားသလို ခံစားကြရမှာပါ။ ဒီနေရာ မှာ ကျွန်တော်ဥပဒေကြမ်းနှင့် ပတ်သက်လို့ လေ့လာမိသလောက် (မိချောင်းမင်း ရေခင်းပြတယ်လို့ မထင် ပါနဲ့) နားလည်သလို တင်ပြပါရစေခင်ဗျာ။

ဒီအသင်းအဖွဲ့ဆိုင်ရာဥပဒေကြမ်းကို ကျွန်တော် စတင်လေ့လာမိ သည်မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက (၂၇-၇-၂ဝ၁၃) ရက်စွဲနဲ့ ကြေးမုံသတင်းစာမှာ စတင်ဖော်ပြတဲ့အချိန်မှာ သေသေချာချာ လေ့လာကြည့်မိပါတယ်။ အဲဒီဥပဒေထဲမှာ အဓိက ပြဿနာသည် ယခုတည်ဆဲဥပဒေဖြစ်သော ၆/၈၈ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေထက်မနိမ့်သော ပြစ်မှု/ပြစ်ဒဏ် အခန်း တွေကအစ ပါလာတာ တွေ့ရှိရပါတယ်။ ဦးကျော်သူ အင်တာဗျူးတွေမှာ ပြောနေသလို ကိုယ့်ထမင်း ကိုယ် စားပြီး ကြီးတော်နွားကျောင်းနေရတဲ့ ကျွန်တော်တို့ ပရဟိတသမားတွေဟာ ဥပမာ - ခန္ဓာကိုယ်ထဲက သွေးလည်းဖောက်ပြီး လှူခွင့်ရဖို့ အစိုးရကို မှတ်ပုံတင်ကြေးတင်ဆောင်ပြီးမှ လုပ်ရမယ်ဆိုတာ ဖြစ်သင့် သလား။ နောက်ပြီး မြတ်စွာဘုရားရဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုနေတဲ့ လူမှုရေးသမားတွေကို ဥပဒေတွေနဲ့ ကိုင်ချုပ်နေတာဟာ မြတ်စွာဘုရားကို ဥပဒေနဲ့ထိန်းချုပ်နေသလို မဖြစ်ဖူးလားဆိုပြီး ဦးကျော် သူပြောခဲ့တာကို ကျွန်တော်တို့ လူမှုရေးအသင်းတွေအားလုံး တစ်ညီတစ်ညွှတ်တည်း ထောက်ခံခဲ့ကြပါ တယ်။

နောက်ပြီး ဦးကျော်သူအမြဲတမ်း ပြောပြောနေတဲ့ NGO အဓိပ္ပါယ်ဟာ အစိုးရမဟုတ်သော အဖွဲ့ အစည်းဆိုပြီး ဘာလို့ အစိုးရက ဥပဒေထုတ်ပြီး ထိန်းချုပ်ချင်နေတာလဲဆိုတာကိုလည်း ကျွန်တော်တို့ တော်တော်လေး စဉ်းစားမိပါတယ်။ ထားလိုက်ပါတော့လေ။ အဲဒီ ၂၇.၇.၂ဝ၁၃ ရက်နေ့ထုတ် ကြေးမုံမှာ ပါတဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းကို လူမှုရေးအသင်းအဖွဲ့တွေက လက်မခံနိုင်ကြောင်း အသံတွေ ထွက်လာတော့ ၁၉.၈.၂ဝ၁၃ မှာ ဒုတိယအကြိမ်မူကြမ်းအဖြစ် ပြန်လည်ထွက်ရှိ လာပြန်ပါတယ်။ အဲဒီ ထဲမှာ ပြစ်မှု/ပြစ်ဒဏ်တွေ ပါလာတာ မတွေ့တော့ပြန်ဘူး။

အဲဒီနေရာမှာ ဦးကျော်သူပဲ စဉ်းစားကြည့်ပါဗျာ။ ဒီဥပဒေကြမ်းကို ဘယ်သူတွေရေးဆွဲနေတာလဲ၊ ဘယ်သူတွေက အကြံဉာဏ်တွေ ပေးနေတာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတာပေါ့။ ဒါနဲ့ ဒီဥပဒေကြမ်း ရေးဆွဲနေတဲ့ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို လေ့လာ ကြည့်မိပါတယ်။ ဘာတွေ့ရသလဲဆိုတော့ ဒီအသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ဦးဆောင်ရေးဆွဲနေတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အကြိတ်အနယ် ဆွေး နွေးပြီးမှ ရေးဆွဲနေပါတယ်လို့ ဂျာနယ်တစ်စောင် အင်တာဗျူးတွေကနေ တွေ့မြင်နေရပါတယ်။ ဟုတ်ပါပြီ အဲဒီအရပ်ဘက်အဖွဲ့အစည်းတွေဆိုတာ ဘယ်အရပ် ဘယ်အဖွဲ့အစည်းတွေလဲ ဘယ်တိုင်း ဘယ်မြို့နယ်က အသင်းအဖွဲ့တွေကို ဘယ်လောက်ကိုယ်စားပြုနိုင်တဲ့ မေးခွန်းထုတ်စရာ ဖြစ်မလာဘူးလား။

ကောင်းပြီ ဒီလို အကြိတ်အနယ်ဆွေးနွေးဖို့ နေပြည်တော်သင်္ဂဟဟိုတယ်ကြီးမှာ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့သူ တစ် ယောက်ရဲ့ ရင်ဖွင့်သံကို ဦးကျော်သူကြီးပဲ နားထောင်ပြီး စဉ်းစားကြည့်ပါဦးဗျာ။ သူက ဘာပြောသလဲဆို တော့ သူဟာမန္တလေးမြို့နယ်ထဲက အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ပေါ့။ သူတို့ နေပြည် တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီအသင်းအဖွဲ့ ဥပဒေကြမ်းကိစ္စဆွေးနွေးဖို့ ဖိတ်ကြားခြင်း ခံရ တယ်တဲ့။

(၃) ရက်ကြာတယ်လို့ ပြောပါတယ်။ နေ့တွက်တစ်ရက်ကို ကျပ် (၁ဝဝဝဝိ/-) ပေးတဲ့အပြင် ခရီး စရိတ် အသွား/အပြန်နဲ့ တည်းခိုစရိတ် (နှစ်ယောက်ခန်းကို ၈ဝဝဝဝိ/- လောက်တန်တဲ့ ဟိုတယ်နဲ့) အစား အသောက် အလျှံအပယ် ကျွေးမွေးဧည့်ခံကြောင်း၊ တယ်လီဖုန်းကဒ်တွေပေးပြီး စည်ရုံးပြောဆိုသွားတော့ ကျွန်တော်လည်း ယောင်တောင်တောင်နဲ့ ပါသွားတာပေါ့။

ပထမတော့ ဦးကျော်သူဦးဆောင်တဲ့ အဖွဲ့ဆိုပြီး ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ ထူးခြားမှုရှိမှာပဲလို့ထင်ပြီး လိုက်သွားတာ ဟိုရောက်တော့မှ နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမဟုတ်ဘဲ သူနဲ့နာမည်တူတဲ့ အဲဒီပုဂ္ဂိုလ်ကလည်း ဆံပင်အရှည် နှုတ် ခမ်းမွေးနဲ့ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ NGO အဖွဲ့တစ်ခုက ဦးကျော်သူ ဖြစ်နေတော့ နည်းနည်း ကြောင်သွားတယ်။ ကျွန်တော်တို့လို ဦးကျော်သူမှားပြီး ယောင်တောင်တောင် ပါသွားတဲ့သူတွေ အများကြီး ဆိုတာ ဟိုရောက်မှသိတော့ ကျွန်တော်နည်းနည်း ဖြေသာလိုက်ပါတယ်။ ဒါတင် ဘယ်ကမလဲ နာမည်တူ ကိစ္စ ဂျာနယ်တွေမှာ ဖတ်မိသေးတယ်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံကို မန္တလေး မြို့မှာ ရှိနေတုန်း ဖုန်းဝင်လာတယ်။ "ဦးကျော်သူ ဘယ်ရောက်နေလဲ ကျွန်တော်တို့ တောင်ကြီးကပါ" တဲ့ အဲဒီမှာ ဦးကျော်သူက ကျွန်တော်အခု မန္တလေးမှာလို့ပြောတော့ ဒီနေ့ တောင်ကြီးကိုလာပြီး အသင်းအဖွဲ့ တွေနဲ့ တွေ့ဖို့ရှိတယ်လို့ဆိုပြီးမေးတော့ ဘယ်ကလာရှိရမှာလဲ ကျွန်တော်က အခုရန်ကုန် ပြန်တော့မှာဆို တော့ အဲဒီတောင်ကြီးက လူက ဒီနေ့ဦးကျော်သူတောင်ကြီးက လူမှုရေးအဖွဲ့တွေကို တွေ့မယ်ဆိုတော့ ဒီက အသင်းအဖွဲ့တွေက ဝမ်းသာအားရနဲ့ ဦးကျော်သူကို ကြိုဆိုနေတာ သွားပါပြီဗျာ။ ဘယ်က နာမည်တူက ပေါ်လာပါလိမ့်ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ဖုန်းချသွားတယ်။

အဲဒီမှာဦးကျော်သူကတောင် ပြန်ပြောလိုက် သေးတာ ကျွန်တော်မှတ်မိသေးတယ်။ ခင်ဗျားတို့ ကျော်သူ စစ်/မစစ် သိချင်ရင် "သင်္ချိုင်းကုန်းတစ်ခုကို ခေါ်ပြီး မသာထမ်းသွားခိုင်းလို့ရရင် ကျော်သူစစ်တယ်" လို့ တောင်ပြောတော့ ကျွန်တော်ကိုယ်တိုင် ဖတ် ကြည့်ပြီး သက်ပျင်းအခါခါ ချမိပါသေးတယ်။ ဦးကျော်သူရေ ပုသိမ်ဘက်တုန်းကလည်း ပြောသံကြားလိုက် သေးတယ်။ ပုသိမ်ကို ဦးကျော်သူလာပြီး အသင်းအဖွဲ့တွေနဲ့ တွေ့ဖို့လာမယ်ဆိုတော့ ပုသိမ်မြို့က အာဏာ ပိုင်ကတောင် မင်းသားကျော်သူထင်ပြီး ခွင့်ပြုမိန့်တောင်း လက်မှတ်ထိုးပေးပြီးမှ နာမည်တူတဲ့ ဦးကျော်သူ ဖြစ်နေကြောင်း၊ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးကတောင် ဖုန်းဆက်ပြီး ပြောတယ်ဆိုတော့ ဒီနာမည်တူကိစ္စ အား ကာယကံရှင်တွေ နာမည်တူနေတာ ဘာမှမထူးဆန်းပေမယ့် လူတူမရှား၊ နာမည်တူမရှားဆိုတာ လက်ခံပေမယ့် အခုကိစ္စက ဒီနာမည်တစ်ခုနောက်မှာ ရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့ကတော့ တော်တော်လေး ယောင်တောင်တောင် ဝါးတားတားနဲ့ ဖြစ်သွားကြတာတော့ မကောင်းဘူးပေါ့။

ဦးကျော်သူ (မင်းသားဦးကျော်သူ) ကြီးရေ အဲဒီတော့ မင်းသားဦးကျော်သူနဲ့ အမည်တူ NGO က ကိုကျော်သူကိုလည်း တွေ့ရင်ပြောပေးပါ။ နောက်နောင် နယ်အသင်းအဖွဲ့တွေကို တွေ့တော့မယ်ဆိုရင် ကျွန်တော်ကတော့ ဘယ် အဖွဲ့က၊ ဘယ်သူပါ၊ ဘာအတွက် လာရောက်ဖို့ရှိကြောင်း ရှင်းလင်းစွာ အရင်ပြောဆိုပြီးမှ သွားရောက် တွေ့ဆုံရင် ပိုကောင်းပါလိမ့်မယ်လို့ အကြံပြုပေးချင်ပါတယ်။ တချို့အသင်းအဖွဲ့တွေက ကျော်သူကို နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူပဲ ထင်ထင်နေကြတော့ မိမိအတွက်လည်း မကောင်းကြောင်း အကြံပြုပေးပါခင်ဗျာ။ လူတစ်ယောက်ကို ၃ဝဝဝဝဝိ/- သုံးသိန်း ဝန်းကျင်လောက် အကုန်အကျခံပြီးသုံးပြီး ဒီဥပဒေမူကြမ်း ကိစ္စတိုင်ပင်ဖို့ကို ဘယ်သူက အဲဒီစရိတ် စိုက်ထုတ်သလဲ။

INGO လို့ခေါ်တဲ့ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းကနေ မှတ်ပုံတင်လိုချင်အားကြီးပြီး စိုက်ထုတ်ပေးနေသလား၊ အစိုးရ ဘက်ကပဲ လူမှုရေးအသင်းတွေကို ထိန်းချုပ်ချင်အားကြီးပြီး အကုန်အကျခံသလား စသည်ဖြင့် သို့လော သို့လောတွေ ကျွန်တော်တို့ လူမှုရေးအမည်တွေ ကြားဂယက်ရိုက်သွားတာပေါ့။ ဦးကျော်သူကြီးပဲ စဉ်းစား ကြည့်လေ ကျွန်တော်တို့ လူမှုရေးအဖွဲ့အစည်းဆိုတာ အများပြည်သူ ချွေးနည်းစာထဲကနေ အများပြည်သူ အတွက် သဒ္ဓါတရားထက်သန်စွာနဲ့ လှူဒါန်းပေးတဲ့ ဒီအလှူငွေတွေကို ဒီလိုမလိုအပ်ပဲ အကုန်အကျ အများ ကြီးခံပြီး လုပ်သင့်ပါသလားဗျာ။ သုံးတဲ့သူတွေရော စားတဲ့သူတွေပါ သံရည်ပူတွေ စားမိသလို အပူတွေ တစ်ပွေ့တပိုက်ကြီး ရသွားကြမှာပေါ့။ ဒါနဲ့ သေသေချာချာ အကဲခတ်ကြည့်တော့ အဲဒီအဖွဲ့တွေ အများစုဟာ INGO တွေများနေတာ တွေ့ရပါတယ်။

INGO ဆိုတာ ပြည်ပအထောက်အပံ့နဲ့ ပြည်တွင်းမှာပြန်ပြီး ကူညီ နေကြတာဆိုတော့ သူတို့အနေနဲ့ တရားဝင်မှတ်ပုံတင် ရရှိရေးအတွက် ငွေကြေးပေးဆောင်ဖို့ အခက်အခဲ မရှိသလို (ဒီနေရာမှာ INGO များကို ကျွန်ုပ် မကောင်းပြောနေတာ မဟုတ်ပါ) INGO တွင် လုပ်အားပေး မရှိပါ။ အားလုံး လခစားဝန်ထမ်းများဖြင့် ဆောင်ရွက်နေသော အဖွဲ့အစည်းများ ဖြစ်သည့်အတွက် သူတို့ အိတ်စိုက် ဘယ်သူမှမလုပ်ကြပါဘူး။ NGO ဆိုသော ကျွန်ုပ်တို့ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့တွေ ကျတော့ ပြည်တွင်းရှိ အများပြည်သူများရဲ့ ချွေးနဲစာနဲ့ လှူဒါန်းငွေတွေနဲ့ ရပ်တည်နေရတဲ့ လူမှုရေး ပရဟိတအဖွဲ့တွေ အနေနဲ့ကတော့ ဒီအသင်းအဖွဲ့ ဥပဒေမူကြမ်းဟာ လက်ခံစရာလုံးဝမရှိကြောင်း တွေ့နေ ရပါတယ်။ နိုင်ငံတကာစံနှုန်းနဲ့ လေ့လာပြီးမှ ရေးဆွဲနေတာပါလို့ပြောတဲ့ ပုဂ္ဂိုလ်ကြီးကိုလည်း ဦးကျော်သူ ပြောပေးစမ်းပါဗျာ။ ကိုယ့်ပြည်တွင်းစံနှုန်းနဲ့ ကိုက်ညီအောင်ပဲ အရင်လုပ်ပါ။ နိုင်ငံတကာစံနှုန်းဆိုရင် ထပ်ပြောမယ်။

အခြားနိုင်ငံတွေမှာ ပရဟိတ လူမှုအဖွဲ့အစည်းတွေကို ဒီလိုအခွန်အခကောက်ခံပြီး ဥပဒေနဲ့ ထိန်းချုပ်ဖို့ နေနေသာသာ သူတို့အစိုးရတွေက လူမှုရေးအဖွဲ့အစည်းတွေ လိုအပ်သမျှ ပံ့ပိုးကူညီသလို ၎င်း လူမှုရေးအဖွဲ့အစည်း လှူဒါန်းနေတဲ့ အလှူရှင်တွေရဲ့ စီးပွားရေးဝင်ငွေခွန် (အမြတ်ခွန်) တွေကိုတောင် အဲဒီလိုလှူဒါန်းတဲ့ အလှူငွေပေါ်ကြည့်ပြီး အခွန်လျှော့ချ ပေးတာမျိုးတွေရှိနေတယ်။ ဒီမှာလို ပြည်ပက အလှူငွေတွေကိုတောင် ၁ဝ % အခွန်ဖြတ်တာမျိုးက ဝေးစွ။ အဲဒီလိုနဲ့ ၂-၁၁-၂ဝ၁၃ ကြေးမုံမှာ တတိယ အကြိမ် အသင်းအဖွဲ့မူကြမ်းဆိုပြီး ၂၉-၁-၂ဝ၁၃ ရက်နေ့ထပ်မံပြီး မူကြမ်းထွက်လာပြန်တယ်။

ဒါကိုပဲ ဒီကနေ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုဖို့ လုပ်နေတာဆိုတာ သိရပါတယ်။ မသာ အလောင်းတစ် လောင်းမချဘူးသူ၊ သွေးတစ်လုံးမှ ခန္ဓာကိုယ်က ဖောက်ထုတ်အလှူ လူနာတစ်ယောက်တောင် ကျန်းမာ ရေးစောင့်ရှောက်မပေးရသူ၊ ပရဟိတလူမှုရေး ဘာတစ်ခုမှ အတွေ့အကြုံမရှိသော ပုဂ္ဂိုလ်တွေက တကယ် လူမှုဒုက္ခတွေကို နေ့စဉ်နဲ့အမျှ နဖူးတွေ့ဒူးတွေ့ ကူညီလုပ်ဆောင်ပေးနေသော အနယ်နယ် အရပ်ရပ်က လူမှုရေးသမားတွေလောက် သိပါ့မလား။ လူမှုရေးအဖွဲ့အစည်းတွေမှာ ဘာအခက်အခဲရှိသလဲ၊ နာရေးကိစ္စ တွေမှာ ဘာအခက်အခဲရှိသလဲ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ ဘာတွေလိုအပ်နေသလဲ စသည်ဖြင့် ဘယ်သူတွေက ပိုသိနိုင်မလဲ။

ဦးကျော်သူတို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ချန်လှပ်ရုံတင်မကဘဲ တစ်တိုင်းပြည်လုံးမှာရှိတဲ့ လူမှုရေးဆန္ဒသဘောထားတွေကို လျစ်လျူရှုပြီး ရေးဆွဲမယ်ဆိုရင်တော့ ဒီ အသင်းအဖွဲ့ဥပဒေက ဘယ်လိုမှပြည့်စုံလာမှာ မဟုတ်သလို တစ်ချိန်မှာ ကန့်ကွက်မှုတွေ ကြုံတွေ့လာလိမ့် မယ်ဆိုတာ မလွဲမသွေ ကျွန်တော်ပြောရဲတယ်။ တကယ်တမ်း ပြင်သင့်တာကတော့ ဒီဥပဒေကြမ်းကို ရေးဆွဲတော့မယ်ဆိုရင် အရေးကြီးဆုံးက ဒီဥပဒေသက်ရောက်မည့် အသင်းအဖွဲ့တွေရဲ့ သဘောဆန္ဒတွေ ဟာ အဓိကကျပါတယ်။ ဥပဒေရေးဆွဲမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ နယ်ပေါင်းစုံက အသင်းအဖွဲ့တွေကို တွေ့ဆုံ ဖို့ ခက်ခဲနေမယ်ဆိုရင် ဥပမာ သက်ဆိုင်ရာတိုင်းက တာဝန်ခွဲဝေယူပြီး နောက်ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အဆင့်ဆင့် တာဝန်ခွဲဝေယူပြီး ၎င်းတို့သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာရှိနေတဲ့ လူမှုရေးအသင်းအဖွဲ့တွေ ရဲ့ ဆန္ဒသဘောထားတွေကို တင်ပြပေးဖို့ တောင်းခံမယ်ဗျာ။

ပြီးရင် အသင်းအဖွဲ့တွေက တင်ပြလာတဲ့ သဘောထားတွေကို ဥပဒေကြမ်းရေးဆွဲမယ့် ပုဂ္ဂိုလ်တွေက လေ့လာပြီး ဘုံတူညီတဲ့ သဘောထားလေး တွေ ရွေးချယ်ပြီး သတ်မှတ်ရေးဆွဲမယ်ဗျာ။ ပြီးရင်ပြန်ပြီး အသင်းအဖွဲ့တွေကို ပြန်ပြောမယ်ဗျာ။ လိုအပ်ရင် ပြင်ဆင်ညှိနှိုင်းပြီး သဘောတူညီမှု ရယူပြီး ပြဋ္ဌာန်းမယ် ဆိုရင်တောင် နည်းနည်းခံသာသေးတယ်။

ဧရာဝတီတိုင်း ဝန်ကြီးပြောသလို အသင်းအဖွဲ့တွေက လိုင်စင်မဲ့ကားကိစ္စကို သူတို့ဘက်က တရား ဝင် ဖြစ်ချင်နေကြောင်းပြောတာ ကျွန်တော်ကြားတော့ ကျွန်တော်တို့အသင်းတွေ ကိုယ်တိုင်ကပိုပြီး တရား ဝင် လိုင်စင်ကားကိုပဲ သုံးချင်တာပေါ့ဗျာ။ ဒါပေမယ့် အသင်းတွေရဲ့ ရန်ပုံငွေကြေး မပြည့်စုံလို့သာ အခုလို သင့်တော်တဲ့ လိုင်စင်မဲ့ကားတွေကို သက်ဆိုင်ရာမြို့နယ် က-ည-န တွေမှာ သွားရောက်စာရင်းပေးပြီး အစိုးရဘက်က ဥပမာ-နာရေးကားဆို နိဗ္ဗာန်ယာဉ်နံပါတ်နဲ့ တပ်ဆင်ပြီး ကျန်းမာရေးသုံးကားဆို ကျန်းမာ ရေးနံပါတ်ပေးပြီး တရားဝင်အသိအမှတ်ပြုမယ်ဆို ဘယ်လောက်ကောင်းမလဲ။

ကျွန်တော်တို့အသင်းတွေ က လိုင်စင်မဲ့ကားတွေကို 4/G ၊ 5 /G တွေ ပေးစရာမလိုပါဘူး။ ပြန်လည်ရောင်းချလို့မရ၊ ကိုယ်ပိုင်လည်း စီးခွင့်မရှိအောင် နိဗ္ဗာန်ယာဉ်နံပါတ်၊ ကျန်းမာရေးနံပါတ် စသည်ဖြင့် သတ်မှတ်ပေးမယ်ဆိုရင် မရနိုင်ဘူး လားခင်ဗျာ။ အကယ်၍ အသင်းတွေက ၎င်းကားတွေကို ကိုယ်ကျိုးရှာပြီး အမြတ်ထုတ်တာတွေ့ရင် လိုင်စင် ပြန်လည်ရုတ်သိမ်းပြီး ထိရောက်စွာအရေးယူပါလို့ အကြံပြုပေးပါ ဦးကျော်သူကြီးရေ။

ဦးကျော်သူရေ ဥပဒေဆိုတာထုတ်ပြီးရင်လည်း ပြည်သူလက်မခံရင် ပြန်ပြင်ဆင်ခွင့် ရှိနေတဲ့ခေတ်ဆိုတော့ ဦးကျော်သူ ကြီးအနေနဲ့ ဒီဥပဒေကြောင့်တော့ ပရဟိတလူမှုရေးလောက ကနေ နုတ်ထွက်တာမျိုး လုပ်မဲ့အစား ကျွန်တော်တို့ လူမှုရေးအဖွဲ့အစည်းတွေအားလုံးနဲ့ အတူတကွ ဆက်လက်လက်တွဲဦးဆောင်ပြီး ၎င်းဥပဒေ ကို လက်မခံနိုင်ရင် ပြင်ဆင်ပေးဖို့ လမ်းမပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ် သွားကြတောပေါ့ဗျာ။ တစ်တိုင်းပြည် လုံးမှာရှိကြတဲ့ ပရဟိတအသင်းများအနေနဲ့ မိမိတို့နှင့် တိုက်ရိုက်သက်ဆိုင်သော ၎င်းအသင်းအဖွဲ့ဥပဒေကို လက်ခံနိုင်ခြင်း မရှိခဲ့ရင် ကန့်ကွက်ဆန္ဒဖော်ထုတ်သွားဖို့ ပရဟိတလူမှုရေး သူရဲကောင်းအပေါင်းတို့ဟာ ပရဟိတ ကာ/ချုပ်ကြီး (သို့မဟုတ်) နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူရဲ့ ဦးဆောင်မှု အောက်မှာ အသင့်ရှိနေပါကြောင်းနှင့် ကျွန်ုပ်တို့ဟာ ပရဟိတကိုအသုံးချသော အနုပညာသမားများ ပရ ဟိတကို ခုတုံးလုပ်သော စီးပွားရေးသမားများ၊ ပရဟိတကို နင်းချေတက်လှမ်းဖို့ ကြိုးစားနေသော နိုင်ငံ ရေးသမားများ ၊ ပရဟိတကို ဗန်းပြလုပ်စားနေသော အတ္တသမားများ မဟုတ်သော အများပြည်သူအတွက် ကိုယ်ကျိုးမဖက် ပေးဆပ်နေသော ပရဟိတစစ်စစ် လူမှုရေးသမားများ ဖြစ်ကြပါသည်ဟု သစ္စာဓိဋ္ဌာန် ပြုကြပါကုန်စို့။
ပရဟိတ မျိုးဆက်သစ် ခေါင်းဆောင်များမှ ရေးသားပေးပို့ပါသည်။

ထို့ကြောင့် ယခုပရဟိတ မျိုးဆက်သစ်ခေါင်းဆောင်များ စိုးရိမ်တကြီး ရေးသားပေးပို့လိုက်သော အထက်ပါစာအား ဖတ်ရှုပြီးသူ ပရဟိတ စိတ်ဓာတ်ထက်သန်ကြသော ပရဟိတသမားများ လူသားချင်း စာနာစိတ် မွေးမြူကြသော မြန်မာပြည်သားများအနေဖြင့် မည်သို့ခံစား တွေးတောမိမည်ကိုတော့ ကျွန် တော်မသိ။

ထို့ပြင် ယင်းအရပ်ဘက်လူ့အဖွဲ့အစည်းဥပဒေအား ဗြဟ္မစိုရ်တရားလေးပါးလက်ကိုင်၍ အတည် ပြုသည်ဟုလည်း ကျွန်တော်မသိ။ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသည့်နောက် သမ္မတကြီးမှ လည်း သန်း (၆ဝ) ပြည်သူလူထုတို့ ကိုယ်စားပြုပြီး လက်မှတ်ထိုးမည်လား ဆိုသည်ကိုလည်း ကျွန်တော် မသိ။ ကျွန်တော် အခုအချိန်တွင် အနတ္တနယ်ပယ်အတွင်း ရောက်ရှိနေစဉ်ကာလ အတိုင်းအတာအတွင်း ကျွန်တော်ဘာကိုမှ မသိချင်တော့။

ကျွန်တော် အကောင်အထည်ဖော်တော့မည့် မဟာပဏ္ဍိတပရဟိတ အောင်တော်မူ စေတီတော်ကြီး မြန်မာပြည်တွင်းရှိ ပရဟိတသမားများ၊ ပရဟိတလောကကို ခြေစုံချမည့် သူများအတွက် မရှိမဖြစ် ဦးတိုက်ကိုးကွယ် သစ္စာဆိုနိုင်မည်။ အောင်မြင်တည်ထား ကိုးကွယ်နိုင်ရန်အ တွက်သာ ကျွန်တော်ခေတ္တ ရောက်ရှိနေသော လောကီနယ်ပယ်အတွင်း အဓိဋ္ဌာန်ပြု ကျင့်ကြံပွားများလျှက် ရှိပါတော့သည်။ နောင်တစ်ချိန်ချိန်မှာတော့ လောကီနယ်ပယ်တွင်ကျင်လည်ရင်း ပရဟိတနယ်မြေ အတွင်း ၌ ပြန်လည်ခြေချမိခဲ့ပြီဆိုရင်တော့ ဗြဟ္မစိုရ်ကျည်ဆန်များဖြင့် ပရဟိတစစ်ပွဲများကို မေတ္တာလက်နက်ကြီး များဖြင့် ဆင်နွှဲကြပါစို့ဟု ပရဟိတ လူမှုရေးသမားစစ်စစ်များအား နှိုးဆော်လိုက်ရပါသည်။

ကျော်သူ

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com