Monday 28 April 2014

မဟာတံတိုင်းကြီး အပြို NLD အာဏာ လွန်ဆွဲပွဲ ပြင်းထန်လာနိုင်



(နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ ကွန်မြူနစ်အိုကြီး ဦးဝင်းတင်၏ နောက်ဆုံး ခရီးကို ဂုဏ်ပြု၍ ပြည်သူ့အာဏာက တင်ဆက်လိုက်ခြင်း ဖြစ်သည်) 

Tuesday, April 22, 2014

သံမဏိလူသား၊ သေသည်အထိ ယုံကြည်ချက်ကို ဆုပ်ကိုင်သွားခဲ့သူ စသည်အားဖြင့် အမည်နာမအမျိုးမျိုး ကင်ပွန်းတပ်ခြင်းခံခဲ့ရသော ကွန်မြူနစ်အိုကြီး ဟံသာဝတီဦးဝင်းတင်သည် ဒီမိုကရေစီတိုက်ပွဲကို စိတ်လျှော့ လက်လျှော့၍ ထွက်ခွာသွားခဲ့ပြီ ဖြစ်သော်လည်း မပြီးဆုံးနိုင်သေးသည့် နောက်ဆက်တွဲများစွာ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။

ပထမဆုံး နောက်ဆက်တွဲမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့အကြား သဘောထားကွဲလွဲမှု ဖြစ်ပြီး ယင်းကွဲလွဲမှုတွင် ဦးတင်ဦးနှင့်အတူ ၈၈ ငြိမ်းပွင့်များက တစ်ဘက်၊ ဦးဝင်းတင်၏ နောက်ဆုံးဆန္ဒနှင့် ဒေါ်အောင်ဆန်းစုကြည်က တစ်ဘက် အပြင်းအထန် ကွဲလွဲခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ အားပြိုင်မှုတွင် ၈၈ ငြိမ်းပွင့်၏ ကျောထောက်နောက်ခံဖြင့် ဦးတင်ဦးက အနိုင် ရရှိခဲ့ကြောင်း၊ ဤသည်မှာ ဦးဝင်းတင် မရှိတော့သည့်နောက် သဘောထားတင်မာသူ ခေါင်း ဆောင်ပိုင်းနေရာကို ဦးတင်ဦးက ဆက်လက် ရယူမည့် အလားအလာကို ဖော်ပြနေကြောင်း သိရှိရသည်။ 

ဦးဝင်းတင် ဈာပနအတွက် ဒေါ်အောင်ဆန်းစုကြည်အား နံနက် ၇ နာရီ ခွဲ ခန့်တွင် ဖုန်းဆက်မေးမြန်းခဲ့ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ကွယ်လွန်သူ၏ ဆန္ဒအတိုင်း ချက်ခြင်းသဂြိုဟ်ပေးဖို့ ပါတီဥက္ကဌ တစ်ဦးအနေဖြင့် စေခိုင်းခဲ့ကြောင်း၊ ဦးတင်ဦးမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဖုန်းဆက်၍ ၎င်းတို့၏ သဘောထားကို ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ ဦးဝင်းတင်ရဲ့ ၂၄ နာရီအတွင်း မြေကျပေးဖို့ ဆန္ဒကိုသာ ဦးစားပေး စဉ်းစား သင့်ကြောင်း ထပ်မံ တိုက်တွန်းခဲ့ကြောင်း၊ သို့သော် ဦးတင်ဦး၊ ဦးမင်းကိုနိုင်၊ ဦးမိုးသီးဇွန်၊ နိုင်ငံရေး အကျဉ်းသားများ အဖွဲ့၊ သတင်းစာ ဆရာများအသင်း နှင့် ရုပ်ရှင်အနုပညာသည်အချို့ ပူးပေါင်းကာ ဦးဝင်းတင်ရဲ့ ဈာပနကို ဧပြီလ ၂၃ရက်နေ့ ညနေ ၅နာရီ အချိန်တွင် ရေဝေးတွင် မီးသဂြိုလ်ပြီးအုတ်ဂူ သွင်းရန် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ကာယကံရှင်ရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပေမယ့် မည်သူမျှ နားမထောင်ခဲ့ကြကြောင်း၊ ဦးဝင်းတင် သေဆုံးရခြင်းတွင် ဆေးရုံသို့ သေခါနီးမှ လွဲ၍ အားပေးဖော် မရသော ဒေါ်စုအပေါ် မကျေနပ်စိတ်အခံများ ဖြစ်နေကြသူ အားလုံးက ဒေါ်အောင်ဆန်းစုကြည်၏ စကားကို နားထောင်စရာမလို ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

“ဒေါ်စုက ပါတီဥက္ကဌလေ။ ဦးတင်ဦးက ဗဟိုအကြံပေး၊ ဦးဝင်းတင်ကလည်း ဗဟိုအကြံပေးပဲ။ ဒီတော့ ပါတီဥက္ကဌ စကားကို နားမထောင်ဘူး ဆိုတာက သက်သက်မဲ့ လုပ်တာပဲ။ ၈၈ ပွင့်လင်းတွေကလည်း ဦးတင်ဦးနဲ့ အတူတူ ရပ်တည်တယ်။ ၈၈ က ဘာဆိုင်လို့လဲ။ သူတို့က နှမ်းလာဖြူးတာ။ ဒါက ပါတီတွင်းကိစ္စ၊ ၈၈ နဲ့မဆိုင်ဘူး။ ပြီးတော့ ဦးတင်ဦးကလည်း အကြံပေးဖို့ပဲ တာဝန်ရှိတာ။ ဥက္ကဌရဲ့ ဆုံးဖြတ်ချက်ကို ဖီဆန်တာကိုလည်း ဒေါ်စု အရမ်းပဲ စိတ်ဆိုးနေတယ်။ ကျွန်တော်တို့ကတော့ ဥက္ကဌဘက်ကပဲ ရပ်တည်တယ်” ဟု ကြားဖြတ်ရွေးကောက်ပွဲအပြီး NLD ပါတီသို့ ကူးပြောင်းလာခဲ့သော သာကူး ဟု ခေါ်တွင်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

ဒုတိယနောက်ဆက်တွဲမှာ မိုးသီးဇွန်နှင့်အဖွဲ့က ဦးဝင်းတင်၏ အသုဘအလောင်းကို ရေချိုးသန့်စင်ပေးသည့် မှတ်တမ်းဓါတ်ပုံများ ဖြန့်ဝေပြီး နောက် လူသေ၏ဓါတ်ပုံများကို နိုင်ငံရေးအမြတ်ထုတ်နေခြင်းအပေါ် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

တတိယနောက်ဆက်တွဲမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းကိုနိုင်တို့ ဆေးရုံသို့ သွားရောက် သတင်းမေးပြီးနောက် ဦးဝင်းတင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ရာ ဇီဝိန်ချွေသတင်းမေးမှုအပေါ် ဦးဝင်းတင် ထောက်ခံသူများက သံသယပွားနေခြင်း ဖြစ်သည်။ 

စတုတ္ထနောက်ဆက်တွဲမှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်မေးမြန်းချိန်တွင် ဦးကိုနီအား နေရာပေးမှု ဆင်ခြင်သင့်ကြောင်း၊ NLD ပါတီအနေဖြင့် ဘင်္ဂလီများထံမှ ထောက်ပံ့ငွေများ လက်မခံရန် ဦးဝင်းတင်က ပြောကြားခဲ့သော်လည်း သတင်းများတွင် ဖော်ပြခဲ့ခြင်း မရှိခဲ့သည်ကို ဦးဝင်းတင်၏ အနီးကပ်တစ်ဦးက ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။

ပဉ္စမနောက်ဆက်တွဲမှာ ဦးဝင်းတင်ကွယ်လွန်ပြီးနောက် ဖြစ်ပေါ်လာမည့် NLD ၏ အာဏာချိန်ခွင်လျှာ ဖြစ်သည်။ ယခင်က ၀င်း-၀င်းဂိုဏ်း ဟု အမည်ပေးထားသည့် ခေါင်းမာဂိုဏ်းတွင် ဦးဆောင်သူ ဦးဝင်းတင် ကွယ်လွန်သွားပြီ ဖြစ်ရာ ကျန်ရှိသည့် ဦးဥာဏ်ဝင်းတစ်ဦးတည်းဖြင့် ဦးကိုနီ၊ ဦးဝင်းမြင့်၊ ဒေါက်တာမြတ်ဥာဏစိုးတို့ကို ယှဉ်နိုင်ရန် ခက်ခဲသွားပြီ ဖြစ်ကြောင်း၊ ဥက္ကဌ ဒေါ်စုကိုပင်လျှင် မှန်သည့်အတိုင်း ထောက်ပြ ပြောဆိုရဲသည့် ဦးဝင်းတင် မရှိတော့သဖြင့် NLD ခေါင်းဆောင်ပိုင်းတွင် ဒေါ်စု အမိန့် ပိုမိုကြီးထွားလာမည် ဖြစ်ကြောင်း၊ ဦးဥာဏ်ဝင်းကို ကိစ္စတစ်ခု အကြောင်းပြ၍ CEC မှ ထုတ်ပယ်ပစ်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း၊ မူလက ဒီလှိုင်းဂျာနယ် သိန်းထောင့်ငါးရာ အစဖျောက်မှုဖြင့် ဦးဝင်းတင်ကိုပါ CEC မှ ထုတ်ပယ်ရန် စီစဉ်ခဲ့သော်လည်း ပါတီညီလာခံဖြင့် ဖြုတ်ချမှ ရမည် ဟု တွက်ဆခဲ့ကြောင်း၊ ယခုအခါ ဦးဝင်းတင် မရှိတော့ပြီ ဖြစ်၍ ဦးဥာဏ်ဝင်းကို အလွယ်တကူ ရှင်းပစ်နိုင်တော့မည် ဟု ဦးကိုနီက ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရသည်။ 

သို့သော်လည်း ဦးတင်ဦးသည် ၈၈ ငြိမ်းပွင့်၏ ထောက်ခံမှုဖြင့် ပါတီတွင်း အာဏာတည်ဆောက်ရေးကို ပြန်လည်ဆောင်ရွက်လာနိုင်ကြောင်း၊ ဦးဝင်းတင် ဈာပနအစီအစဉ်တွင်လည်း ပါတီဥက္ကဌ ဒေါ်စုအနေဖြင့် မည်သို့မှ လွန်ဆန်နိုင်ခြင်း မရှိခဲ့သည်မှာ သက်သေဖြစ်ကြောင်း နိုင်ငံရေးဆောင်ပါးများ ရေးသားနေသူ ဆရာဝန် စာရေးဆရာတစ်ဦးက ပြောကြားသည်။ 

“ဦးဝင်းတင်က လေးစားစရာ နိုင်ငံရေးသမားတစ်ဦးပါ။ အခုလို ကွယ်လွန်သွားတဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်။ သို့သော်လည်းပဲ မိမိတို့ လွှတ်တော်အနေနဲ့ ပြောရရင်တော့ သဘောထားတင်းမာသူတွေအနေနဲ့ လွှတ်တော်နိုင်ငံရေးကို အစဉ်အမြဲ ဆန့်ကျင်နေခဲ့ကြတာ ဖြစ်တဲ့အတွက် NLD ပါတီ ပိုမိုကောင်းမွန်လာမယ် လို့ မိမိအနေနဲ့ မျှော်လင့်မိပါတယ်။ ပါတီဥက္ကဌ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ယခင်ကထက် ပိုမို လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်ကိုင် လာနိုင်မယ် လို့ ယုံကြည်ပါတယ်” ဟု လွှတ်တော်အကြီးအကဲ တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှီရသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကလည်း “ကျွန်တော်တို့အနေနဲ့ ဆရာကြီးဦးဝင်းတင်နဲ့ နိုင်ငံရေးအရ အမြင်မတူတာတွေရှိပါ တယ်။ ဒါပေမယ့် မိမိယုံကြည်ချက်အပေါ် ခိုင်မာစွာရပ်တည်ခဲ့မှုများနဲ့ သူ့ရဲ့ စွန့်လွှတ်ခဲ့မှုများ အတွက် ဆရာကြီး ဦးဝင်းတင်ကို ကျွန်တော်တို့အားလုံးလေးစားပါတယ်။ နိုင်ငံနဲ့လူမျိုး ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးအတွက် သူယုံကြည်ရာ နည်းလမ်းနဲ့ အကောင်အထည်ဖော်လိုတဲ့ ဆရာကြီးရဲ့ စေတနာကို ကျွန်တော်တို့ အလေးထားတဲ့အတွက် အမြင်ချင်းမတူသည့်တိုင်အောင် ဆရာကြီးရဲ့ အတွေးအမြင် သဘောထားများကို ကျွန်တော်တို့အလေးထားမှတ်သားကြပါတယ်။ ဆရာကြီး ကွယ်လွန်သွားခြင်း ဟာ မြန်မာ့နိုင်ငံရေးမှာ မိမိယုံကြည်ချက်ကို ပွင့်ပွင့်လင်းလင်း မထောက် မညှာပြောလေ့ရှိတဲ့ အသံတစ်သံ ပျောက်ဆုံးသွားခြင်းပဲဖြစ်တဲ့ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲဖြစ်သလို သတင်းစာလောကအတွက်ဆိုရင်လည်း အတွေ့အကြုံရင့်ကျက်တဲ့၊ အတတ်ပညာ ပြည့်ဝတဲ့ သတင်းစာ ဆရာကြီးတစ်ဦး ဆုံးရှုံးရခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ယုံကြည်ကြောင်း တင်ပြအပ်ပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။ 

“ဦးဝင်းတင်က အမာလိုင်းပဲ။ ဒီနေ့ခေတ်က အမာလိုင်းသမားတွေ ခေတ်မရှိတော့ဘူး။ ဒါ့ကြောင့်လည်း NLD မှာကို နေရာပေးတာ မခံခဲ့ရတာ။ ဒါပေမယ့် မသေခင် နောက်ဆုံး လုပ်သွားတာကို ပြန်ကြည့်လိုက်ရင် ဆရာတော်ဦးဝီရသူကို သွားပြီး ညှိနှိုင်းတာ တွေ့ရတယ်။ ဒီလိုမျိုး အကွက်တွေကို လုပ်နိုင်တဲ့သူ လုပ်တတ်တဲ့သူ NLD မှာ မရှိတော့ဘူး။ ရှေ့နေဦးကိုနီတို့ ဦးဝင်းမြင့်တို့ အုပ်စု ပိုပြီး အားကောင်းလာနိုင်တယ်။ ဒေါ်စုကို ၀န်းရံဖို့ မှာသွားတယ် ဆိုတဲ့ ၈၈ ငြိမ်း ပွင့်အနေနဲ့ NLD ထဲကို ၀င်လာပြီး ခေါင်းဆောင်ပိုင်း နေရာအတော် များများကို ယူမယ် ကြားတယ်။ ဒီလို ၀င်မလာနိုင်အောင် ဦးကိုနီတို့အုပ်စုက ဆော်ကြလိမ့်မယ်။ ဦးဝင်းတင် သေသွားတော့ အာဏာ လွန်ဆွဲပွဲ ပိုပြီး ပြင်းထန်လာမှာ သေချာတယ်” ဟု သည်လေဒီးစ်ဂျာနယ် အယ်ဒီတာတစ်ဦးက ခန့်မှန်းပြောကြားသည်။ 

ဦးဝင်းတင်သည် သတင်းစာသမား ဘဝ၊ နိုင်ငံရေးသမား ဘဝနဲ့ ဖြတ်သန်း လာခဲ့ရတဲ့ ကာလ တလျှောက်လုံးတွင် အာဏာရှင် အစိုးရများ၏ လွဲမှားနေသည့် လုပ်ဆောင်ချက်များကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ အလားတူ NLD ပါတီ ခေါင်းဆောင်များ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများ၏ လွဲချော်မှုများကိုလည်း ထောက်ပြ ဝေဖန်သူ တဦးလည်း ဖြစ်သည်။



မိုးသီးဇွန် တသက်လုံးဖုံးထားတဲ့ အမှူတမှုပေါ်ပြန်ပြီ



From : ..(သန်းဝင်း)


ပြည်သူ၊ရဲဘော်၊မိတ်ဆွေများခင်ဗျား မိုးသီးဇွန်ဆီမှ အီးမေးတစောင်၊ လျှို့ဝှက်စွာ တွဲပြီးပို့ခဲ့ပါတယ်။
အီးမေးထဲမှာ " ကျနော့ရဲ့အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုတွေကို အခုလိုအရေးကြီးကာလမှာ
ဖြေရှင်းစရာမလိုဘူး။ ဋ္ဌေးနိုင်ကိုသူမသတ်ဘူးလို့ရေးထားပါတယ်။"


ဒီကိစ္စနှင့်ပတ်သက်လို့ ဋ္ဌေးနိုင်ကိုမိုးသီးသတ်သလားမသတ်ဘူးလားဆိုတာ ကို အများက ဆုံးဖြတ်ပါ။ ကျနော်သိသလောက်ရှင်းလင်းတင်ပြပါ့မယ်။ ဋ္ဌေးနိုင် ဟာ ၁၉၈၈ ရန်ကုန်တက္ကသိုလ်ကျောင်းသားတယောက်ပါ။ ၁၉၈၈ မှာ ကျနော် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကို တည်ထောင်တဲ့အခါ ဋ္ဌေးနိုင်ဟာ ကျနော့ရဲ့လက်အောက်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ဒေသကောလိပ် (၂) ရဲ့ သမဂ္ဂတာဝန်ခံတယောက်ဖြစ်ပါတယ်။ ကျနော့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး ၁၉၈၈ နယ်စပ်ကိုရောက်တော့ သေဘောဘိုး စခန်းကိုရောက်ပါတယ်။ အဲ့ဒီအချိန်ဟာ ABSDF ပထမသက်တန်း ကျနော်အထွေထွေအတွင်းရေးမှူး ( အေဘီ ဗဟို) မှာ တာဝန်ထမ်းဆောင်နေတဲ့ ကာလဖြစ်ပါတယ်။ ဒီလိုနဲ့ နှစ်လ သုံးလ အကြာမှာ ဋ္ဌေးနိုင်ဟာ ကျနော်နဲ့အတူနေဖို့ အေဘီ ဗဟို ကိုရောက်လာပြီး၊
ကျနော့နားမှာနေခဲ့ပါတယ်။ ABSDF နှစ်ခြမ်းကွဲတော့ ကျနော် ၊ ကိုကိုဦး၊ မိုးသီး ဦးဆောင်တဲ့ဘက်ကိုရပ်ခဲ့ပြီး မိုးသီးဥက္ကဋ္ဌ ဖြစ်ပါတယ်။ ကိုကိုဦး က အထွေထွေအတွင်းရေးမှူး၊ ကျနော် က EC ပါ။ မိုးသီး က ဋ္ဌေးနိုင်ကို ဗဟိုစစ်ရေးတာဝန်ခံပေးအပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကိုကိုဦးနဲ့ကျနော် တောင်ပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့အချိန် ဋ္ဌေးနိုင်ကို မိုးသီး ကဖမ်းလိုက်ပါတယ်။
ဒီအချိန်မှာ နုငိအောင်ဘက်မှာ ကိုနေဝင်းအောင် နှင့် ကိုစိုးလင်း ( မြောက်ပိုင်း ABSDF) ကို သူလျှိုမှုနှင့်ဖမ်းဆီးပြီး မြေကျင်းမှာ ထည့်ထားခဲ့တယ်။ ( တလအကြာမှာ ဋ္ဌေးနိုင်အဖမ်းခံရတယ်ဖြစ်ပါတယ်)။


ကျနော်နှင့် ကိုကိုဦးက မိုးသီးဆီကိုစက်ရိုက်ပြီး၊ ဘာကြောင့် ဋ္ဌေးနိုင် ကို ဖမ်းရတာလဲ လို့လှမ်းမေးပါတယ်။
မိုးသီး က နိုင်အောင်တို့ဘက်မှ ကိုနေဝင်းအောင်နှင့် ကိုစိုးလင်း ကို စစ်ဆေးတဲ့အခါ သူတို့က မိုးသီးဘက်ကဋ္ဌေးနိုင်ဟာ လည်း သူတို့နဲ့အတူတူပါပဲလို့ထွက်ဆိုလို့ ဖမ်းဆီးလိုက်ရတယ် လို့ဖြေရှင်းပါတယ်။


ကျနော်က ပြင်းပြင်းထန်ထန်ကန့်ကွက် ငြင်းချက်ထုတ်ခဲ့ပါတယ်။ ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဟုတ်ဘူး။
ငါနဲ့အတူတူလုပ်ခဲ့တာ။ လွှတ်ပေးပါ။ ငါအာမခံတယ်။ ဋ္ဌေးနိုင်နဲ့ပတ်သက်လို့ငါတာဝန်ယူတယ်လို့
စက်သွယ်ရေးစက်မှတဆင့်ပို့ပေးခဲ့ပါတယ်။


ဒါပေမဲ့ မိုးသီး ဟာ ကျနော့်တောင်းဆိုချက်ကို ဂရုမစိုက်ပဲ ဖမ်းမြဲဖမ်းထားပါတယ်။ ကျနော် ကိုကိုဦး ကို မေးတော့လည်း ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဖြစ်နိုင်ဘူး။


နောက်ပြီး နိုင်အောင့် ဘက်ကပေးတဲ့သတင်းနဲ့ဖမ်းတယ် ဆိုတာ အခြေအမြစ်မရှိဘူး လို့ သူ့စဉ်းစားချက်ကိုပြောပြီး၊ ကိုကိုဦး ဟာ သူ့ရဲ့အထွေထွေအတွင်းရေးမှူးတာဝန်ကို အသုံးပြုပြီး မိုးသီးထံကိုကြေးနန်းရိုက်ပါတယ်။


" မိုးသီး ငါအထွေထွေအတွင်းရေးမှူးတယောက်အနေနဲ့ သဘောထားပေးတယ်။ ချက်ခြင်းလွှတ်ပေးပါ" လို့တောင်းဆိုခဲ့ပါတယ်။


ဒါပေမဲ့ မိုးသီးဂရုမစိုက်ပါဘူး။ ဋ္ဌေးနိုင်ကိုဖမ်းမြဲဖမ်းထားပါတယ်။ အဲ့ဒီတော့ ကျနော်အတော်ဒေါသဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မိုးသီးမင်းဋ္ဌေးနိုင်ကိုချက်ခြင်းလွှတ်ပါ။ မင်း မလွှတ်ရင် ငါမာနယ်ပလော ကို ရောက်၊ ငါ့တပ်နှင့်တိုက်ပြီး ဋ္ဌေးနိုင် ကို ရအောင်ထုတ်ယူမယ် လို့ အကြောင်းကြားခဲ့ပါတယ်။


ဒီလိုနဲ့ ကျနော်မာနယ်ပလော ကို ဆင်းဖို့ကြိုးစားနေတဲ့အချိန်မှာ ကျနော့်ဆီကို ဖုံးတခုဝင်လာပါတယ်။
အဲ့ဒါကတော့ ချင်းမိုင်မြို့ က ဗိုလ်မှူးကြီး ထုံ လို့ခေါ်တဲ့ ထိုင်းထောက်လှမ်းရေးအကြီးအကဲပါ။
သူက "သန်းဝင်း မင်းမဆင်းနဲ့ မင်းဆင်းရင် မယ်ဇရင်း ဘတ်စ်ကားဂိတ်မှာ
ပလိပ်တွေ က မင်း ကိုစောင့်ပြီး အပြီးသတ်လိုက်လိမ့်မယ် လို့ပြောပါတယ်။
အဲ့တော့ ကျနော်က မေးတယ်။
ပလိပ်တွေက ကျနော့် ကို ဘယ်လိုလုပ်သိလဲ ဆိုတော့ သူက မင်းကိုနယ်စပ်ကိုမရောက်အောင် ထိုင်းနယ်မြေထဲမှာ အပြတ်ရှင်းဖို့ ထိုင်းပုလိပ် ကို ဘတ် တသောင်းပေးထားပြီးဖြစ်တယ် လို့ ပြောပါတယ်။
ကျနော်အတော်အံ့သြပြီး အတော်လည်း ဒေါသဖြစ်ရပါတယ်။ ဒီလောက်တောင်ယုတ်မာရသလား လို့။
ဒါနဲ့ ကျနော် မာနယ်ပလော ကို လုံခြုံရေးအရ မဆင်းဖြစ်တော့ပါဘူး။


နောက်တော့ မာနယ်ပလောကျခါနီးမှာ မိုးသီးဘက်ကရော၊ နိုင်အောင့်ဘက်ကပါ ဋ္ဌာနချုပ်ကိုရွေ့ပြောင်းရပါတော့တယ်။


အဲ့ဒီအချိန်မှာနိုင်အောင့်ဘက်မှာ ကိုနေဝင်းအောင်နဲ့ ကိုစိုးလင်းတို့ဟာ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ မိုးသီး ဘက်မှ ဋ္ဌေးနိုင်ကတော့ အသတ်ခံလိုက်ရပါတယ်။
နောက်ပိုင်း ကျနော်ဟာ ဋ္ဌေးနိုင်ကိစ္စနဲ့ပတ်သက်လို့ ကိုယ်တိုင်မြင်တွေ့ရတဲ့ သူတွေ အားလုံး ကို မေးမြန်းပါတယ်။


သူတို့ရှင်းပြတာက ဋ္ဌေးနိုင် ကိုစဖမ်းဖမ်းခြင်း၊ တဲအိမ်တခုမှာ လှောင်ပိတ်ထားတယ်။ ဗဟိုထဲမှာပေါ့။


နောက်နှစ်ပတ်အကြာမှာတော့ ဋ္ဌေးနိုင် ကို ဗဟိုရဲ့တဘက်ကမ်း သောင်ရင်းမြစ်ရဲ့ တဘက်ခြမ်းမှာမြေကျင်းသေးသေးလေးတူးပြီးတယောက်တည်းထားပါတယ်။ ဘာအစောင့်မှမထားပဲ ထမင်းပို့မှ လှေနှင့်သွားပို့ကြပါတယ်။


နောက်ပိုင်းအစောင့်စစ်သား နှစ်ယောက်ကိုမေးတော့ သူတို့က ကိုဋ္ဌေးနိုင် ကို ထားတာသိတ်ရက်စက်တယ်ဗျာ တဲ့။


သူ့အရပ်သူ့ကိုယ်ခန္ဓာနဲ့မဆန့်တဲ့ ခြေထောက်ဆန့်လို့မရတဲ့ မြေကြွင်းထဲမှာထည့်ထားပြီး ခြေထောက်ကလည်း အချိန်တိုင်းကွေးထားရတော့ တလလောက်အကြာမှာ ဋ္ဌေးနိုင်ဟာ မတ်တပ်ရပ်လို့မရတော့ပဲ၊ ချိသွားတယ် တဲ့။ နောက်စစ်သားတယောက်ကမျက်ရည်ဝြဲပီးပြောတာက သူတို့ထမင်းသွားပို့တဲ့အချိန်မှာ တာဝန်ခံတယောက်ပါတယ် တဲ့။ သူတို့ ဋ္ဌေးနိုင် ကိုတွေ့တဲ့အခါ၊ ဋ္ဌေးနိုင် က "မင်းတို့ငါ့ကိုဘယ်တော့သတ်မလဲ၊ မြန်မြန်သတ်လိုက်ပါကွာ။


ငါမင်းတို့နှပ်စက်တဲ့ ဒဏ်ကိုမခံနိုင်တော့လို့ပါလို့ နေ့တိုင်းတောင်းပန်ပြောတယ်လို့ ကျနော့ကိုရှင်းပြပါတယ်။
ဒီလိုနဲ့ ဗဟိုဟာ စစ်ရေးအရရွှေ့ပြောင်းတဲ့အချိန်မှာ မိုးသီးဟာ သူများတွေမရိပ်မိအောင် ဋ္ဌေးနိုင်လိုသရုပ်ဆောင်တဲ့တယောက်ကိုရွေးပြီး မျက်နှာကိုဂုံနီအိပ်အုပ် သဏ္ဍန်လုပ်သရုပ်မှန်အောင်လိမ်ညာပြီး လှေပေါ်ကိုတရားခံခေါ်သွား တယ်ဆိုတဲ့ပုံစံနဲ့ ဖန်တီးပါတယ်။


အဲ့ဒီသရုပ်ဆောင်တဲ့သူက ကိုရဲလင်း လို့ခေါ်ပါတယ်။ သူကိုယ်တိုင် ကျနော့ ကို ပြောပြတာဖြစ်ပါတယ်။


သူတို့ရွေ့ပြောင်းကြတဲ့အချိန်မှာ ဋ္ဌေးနိုင်သေပြီးဖြစ်တယ်။ သူတို့သတ်ပြီးဖြစ်တယ်။ ဒီတော့ ဘယ်သူ့မှာတာဝန်ရှိသလဲ။ ဋ္ဌေးနိုင်ကိုသတ်တာမိုးသီးမှာတာဝန်ရှိတယ်။ မိုးသီး ဟာ အဲ့ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌ ပါ။
ဒါကို သူမသတ်ပါဘူး လို့ ရှောင်ထွက်လို့မရပါဘူး။ ခေါင်းဆောင်လုပ်ချင်ရင်တာဝန်ယူရဲတဲ့သတ္တိရှိရပါတယ်။


ပြည်သူရဲဘော်မိတ်ဆွေအပေါင်းတို့ခင်ဗျား အထက်ပါအဖြစ်အပျက်ကိုဖတ်ကြည့်ကြပါ။
မိုးသီးဟာ ၈၈၈၈ ခေါင်းဆောင်တယောက်မဟုတ်ပါ။ နိုင်ငံရေးခေါင်းဆောင်လည်းမဟုတ်ပါ။
ကျောင်းသားချင်းသွေးစွန်းတဲ့လူသတ်ကောင်သက်သက်သာဖြစ်ပါတယ်။ ကျနော်တို့က စစ်အဏာရူးပြီးပြည်သူကိုသတ်တဲ့ စစ်အာဏာရှင်ဘီလူးတွေကို တိုက်နေတာပါ။ အခု မိုးသီးနှင့် နိုင်အောင်ဟာ အာဏာတခြမ်းပဲ့လေး ကို ရတာတောင် ဒီလိုယုတ်ယုတ်မာမာ ရက်ရက်စက်စက် လူမဆန်စွာသတ်ဖြတ်ကြတဲ့ လူသတ်ကောင် လူယုတ်မာများသာဖြစ်တယ်။ နိုင်ငံရေးခေါင်းဆောင်
ကျောင်းသားခေါင်းဆောင်များလုံးဝမဟုတ်ပါ။


ဒီတော့ ခင်ဗျားတို့ကိုသတိပေးချင်ပါတယ်။
"မိုးသီး" ဒီလိုစွပ်စွဲချက်ဟာ အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှု လို့ မင်းကပြောတယ်။


မိုးသီး မင်းဘဝမှာ ဒီကိစ္စဟာ အရေးကြီးတယ် ဆိုတာသတိပြုပါ။ နိုင်ငံရေးဆိုတာ မင်းလိုလူသတ်ကောင်နဲ့မပတ်သက်ဘူးဆိုတာနားလည်ပါ။
မင်းသတ်ခဲ့တဲ့ လူသတ်မှုအတွက်ဖြေရှင်းဖို့မင်းပြင်ဆင်ပါ။


ဒီနေ့က စပြီး ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်ဆိုတာလုံးဝမသုံးပါနဲ့။


  ( မိုးသီးနဲ့နိုင်အောင်ဟာယုတ်မာရက်စက်တဲ့  မိစ္ဆာကောင်တွေ ၊ လူသတ်တရားခံ၊ လူယုတ်မာများသာဖြစ်ပါကြောင်းရှင်းပြလိုက်ရပါတယ်။ )


လဒ လေကြောင်းလိုင်း (Condor Airline)






On Sunday, April 27, 2014, <             @gmail.com> wrote:

 
မင်္ဂလာကြက်သရေအပေါင်းနှင့်  ပြည့်စုံလှပါတဲ့  Condor - လဒ လေကြောင်းလိုင်း
အဘိဓာန်ထဲရှာဖတ်ကြည့်ပါဗျာ ။  တောင်အမေရိကတိုက်မှာ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး  လဒ (လင်းတငှက်) တဲ့ ။
ကံကောင်းချင်သူတွေ  ဒီ  Condor လဒ လေယာဉ်ပုံလှလှလေးတွေ လက်ဆောင်ပေးရင်  အိမ်ဦးခန်းထားချင်ကြသလား ။ 
မသတီစရာ နာမည်ကြီး ။

လွန်ခဲ့တဲ့ ၃-နစ်ကျော်က  ဥိးသိန်းစိန်  တက်ခါစက  ရွှေတိဂုံဘုရား လဒ နားခဲ့တယ် ။  အခုဆင်းခါနီး  ဘိုင့်ဘိုင့်လုပ်ခါနီး
ရွှေတိဂုံဘုရားကို  လဒလေကြောင်းက  ဓါးနဲ့ ခွဲပြတယ် ။  စားပြတယ် ။  ဦိးသိန်းစိန်ရဲ့  လက်ရွေးစဉ်သံအမတ်က  စားပြတာ 
ဦးသိန်းစိန်မှာ တာဝန်မကင်းဘူး ။  ငြောင်းပေတော့ ။

ကမ္ဘာ့  အဓိက ဘာသာတရား ၅ - ခု ရှိရာမှာ (( ပေါ်ထွန်းလာသောသက္ကရာဇ်အစဉ်အလိုက်ဖေါ်ပြရလျှင် -  (  ဂျူး  ၊ ဟိန္ဒူ  ၊  ဗုဒ္ဓ   ၊
ခရိယန်  ၊ အစ္စလမ်  )) ။  ထိုဘာသာ ၅ ခုမှာ  ကံနှင့်ကံ၏အကျိုးတရာတွေကိုဖေါ်ပြထားသော်လည်း ၊ ဗုဒ္ဓဘာသာ သင်ကြားမှုတွင်သာ
မိမိသည်သာလျှင်  မိမိကံ၏အရှင်သခင် ၊ ဘယ်ဘုရားကမှပင်  မပြုပြင်နိုင် မကယ်တင်နိုင်ဟု    အတိအလင်းဆိုထားတာပါ ။ 
ကျန်ဘာသာအားလုံးတွင် တန်ခိုးတော်ရှင်  ဘုရားသခင်ကို ဦးပြဝတ်တွား ရှိခိုးလျှင် မိမိလုပ်ခဲ့သမျှ အပြစ်တွေကို  ဗွီတိုတန်ခိုးနဲ့ 
ခြေဖျက်ပေးနိုင်တယ်လို့  ဆိုထား၏ ။

ထိုကြောင့် ထိုဘာသာဝင်တွေက တခုခုအမှားလုပ်ပြီး ဘုရားသခင်ထံဝပ်တွားခယလိုက်လျင် ရှစ်ခိုးလိုက်လျှင်  ဗွီတိုအာဏာတန်ခိုးနှင့်
အပြစ်တွေပျောက် နိဗ္ဗာရောက်၏ ။  ဗုဒ္ဓဘာသာတွင်တော့  မိမိ၏ အလုပ် ( ကံ ) ကို ဘုရား ၊ သိကြား ၊ နတ်တွေက မပြုပြင်နိုင် ။

ဗုဒ္ဓဘာသာကို  ကျီးပေါင်းပင်လို တွယ်ကပ်ပြီး  လိမ်ညာတုတ်နေတဲ့ ဘိုးတော်တွေ ၊ နတ်ကတော်တွေကတော့  ယတြာခြေပေးရင်
အပြစ်ကျေအောင်လုပ်ပေးမယ်  ညာတုတ် ။  ပစ္စည်း ၊ ရွှေငွေ  ညာတုတ် ။ အမှုအခင်းကြီးရင်  လူကို စိတ်ဓါတ်ကျအောင်  ဖြဲခြောက်ပြီး
လူကိုပါ  ကြာကူလီရိုက်ကြတော့၏ ။  ကြာကူလီရိုက်ပြီး  ဗွီဒီယိုရိုက်ကာ အကျပ်ကိုင်တဲ့ ဘိုးတော်တွေအထိ  မိုက်မဲသူတွေက
အပြစ်ခြေပအောင်လုပ်ပေးမယ်ဆိုတာ  ဦးဏှောက်မရှိသူတွေသာ  ယုံကြတာပါ ။

ဗုဒ္ဓဘာသာ၏  သွန်သင်မှုတွင်  မိမိ၏ကံကို  မိမိသာလျင်  ခြေဖျက်နိုင်သော နည်းလမ်းတစ်ခုသာရှိ၏ ။  သောတာပန် အနာဂမ်  ဖြစ်လျှင် 
အမိအဖသတ်သော ကံမျိုးကလွဲလျှင်  ကျန်ကံဆိုးများကို  ကျော်ဖြတ်နိုင်၏ ။

အဲဒီတော့  ဒီ ဂျာမန်တွေကို  ကံတရား သွားဆွေးနွေးလို့ ကတော့ ကျွဲပါးစောင်းတီးပါဘဲ ။  ဝက်ကိုပုလဲ ကြဲသလိုပါဘဲ ။ ဝက်ဆိုတာ
ပုလဲတန်ဖိုးမသိ  ဆန်ကွဲကြဲမှ  လုယက်စားသောက်ကြတာ ။

တခြားမကြည့်ပါနှင့် ။  အသေးအမွှားပါ ။  အမေရိကန် လွန်းပျံယာဉ်အာကာသစီမံကိန်း ။  လွန်းပျံယာဉ်  ၅-စီး ရှိတယ် ။  ၁-စီးက
Challenger ။  ၁-စီးက  Columbia  ။  ၂ စီးပျက်ကျတယ် ။  ၁၉၈၆ မှာ ချဲလင့်ဂျာ ။  စိန်ခေါ်သူ ပါ ။  လောကကြီးကို  အားအားယားယား
စိန်ခေါ်တယ် ။  လောကကြီးမှာ  အနောက်တိုင်းပညာရှင်တွေ မသိတဲ့  ကံတရားတွေ တန်ခိုးအာဏိသင်တွေ ။ ပျက်ကျဖို့  စိန်ခေါ်မိလျှက်သား
ဖြစ်သွားတယ် ။

ကိုလံဘီယာ  စိန်ခေါ်တာမဟုတ် ။  Christopher Columbus ဟာအမေရိကတိုက်ကို စတင်တွေ့ ရှိသူကို ဂုဏ်ပြုတာပါ ။  ဒီဂုဏ်ပြုမှုကို 
အမေရိကတိုက်က ဌာနေတိုင်းရင်းသားတွေက  အသံပင်မကြားချင်ကြပါ ။  ဌာနေတိုင်းရင်းသားတွေထဲမှာ  ယခင်ရော  ယခုပါ  သူတော်စင်တွေ
ရှိကြပါတယ် ။  ဒီသူတော်စင်ကြီးတွေ  စိတ်ထိခိုက်အောင်  မိုးပေါ်က  ကိုလံဘတ်နဲ့  ပတ်ပြတော့ ( စော်ကားမှုပါဘဲ )  ၂၀၀၃ - ဖေဖေါ်ဝါရီမှာ
ပျက်ကျရတာပါဘဲ ။  မဟုတ်ဘူးငြင်းချင်ရပါတယ် ။

မမြင်ရတဲ့ ကံတရားဆိုတော့  မှန်တယ်လို့ သက်သေမပြနိုင်ပေမဲ့  ပညာရှင်ဆိုတာ  ဆင်ခြင်မှုပါ ။
အခု  လဒ ဒီလေကြောင်းလိုင်းလေယာဉ်မှူးတွေ ရန်ကုန်ဆင်းအလာတိုင်း ရွှေတိဂုံကိုဖူးမြင်တွေ့ လေတိုင်း  ငါကတော့ ရွှေတိဂုံကိတ်ကိုဝါးတုံးက 
ဘယ်အပိုင်းကို  စားခဲ့တာဖြင့်  မြင်ယောင်နေကြမည်ဆိုလျှင်  မတွေးဝံ့စရာပါ ။  ဒီလူတွေ  မတွေးဘူးလို့   ဘယ်သူအာမခံနိုင်မလဲ ။

ကျုပ်ဟောမယ်ဗျာ ။  ဒီလေကြောင်းလိုင်း  ဒေဝါလီ  ခံရကိန်းရှိရင်ရှိ ၊  မရှိရင်  သူကခေါ်သွားမဲ့ မြန်မာတွေ  မနည်းဖူးနော် ။ 
ဒေဝါလီခံရတာကမှ တော်သေး ။  မလေးရှားလေကြောင်းလိုင်းလို  ခေါ်သွား ၊ လေယာဉ်တဝကြီး ဆီကုန်သည်အထိ စီးချင်ကြသူတွေ 
စီးကြဗျာ ၊  မတွေးဝံ့ပေါင် ။

ကျုပ်ကတော့  ကြောက်ကြောက် ။  အရေးကြီးနေလျှင်တောင်  မစီးရေးချ  မစီး ။
ကြည့်ကြသေးတာပေါ့  ၊  ဘယ်ပုဂ္ဂိုလ်တွေ  စီးကြမလဲလို့  ။







--
http://www.burmaburo.blogspot.com

Sunday 27 April 2014

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းကြိုးပမ်းခဲ့တဲ့ အမျိုးစောင့်ဥပဒေပြဌာန်းရေး



===================
မျိုးစောင့်ဥပဒေကိုကန့်ကွက်တဲ့သူတွေ၊တောင်ပြောမြောက်ပြောနေတဲ့သူတွေ၊ ဆရာတော်သံဃာတော်တွေကိုဆရာတော်သံဃာတော်တွေကိုကလော်နေတဲ့ မျက်ကန်းတွေ သေချာဖတ်၊ သေချာဆင်ခြင် သုံးသပ်စေချင်ပါတယ်၊၊

မျိုးစောင့်ဥပဒေဆိုတာ ခုမှ ပေါ်ပင်လုပ်နေတဲ့ကိစ္စမဟုတ်ဘူး၊ လွန်ခဲ့တဲ့နှစ်ပေါင်း၇၀ကျော်ကတည်းက
မြန်မာပြည်အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအပါအဝင်ဝန်ကြီးချုပ်ဟောင်းဦးနု၊ တို့ဗမာအစည်းအရုံးက သခင်တင်မောင် လွပ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အထင်ကရပါဝင်ခဲ့တဲ့ ကိုဘဟိန်း၊ ကိုဘဆွေ၊ ကိုထိန်ဝင်း၊ ကိုထွန်းအေး၊ ကိုထွန်းရွှေ၊ ကိုထွန်းအုံတို့က “ မောင်သိန်းဖေရေ ကုလား+ဗမာတိုက်ပွဲကို ငါတို့ ထောက်ခံ၍ သူနဲ့ အတူတူထုတ်ဝေရာ၌ တာဝန်ယူကြောင်း "လို့ ရဲရဲဝံ့ဝံ့ တာဝန်ယူထောက်ခံခဲ့ကြတဲ့ “ ကုလား ဗမာတိုက်ပွဲစာတမ်းမှာ အထင်အရှားတွေ့နိုင်မှာ ဖြစ်ပါတယ်၊၊ ကုလား ဗမာတိုက်ပွဲစာတမ်းမှာ ဆရာမောင်သိန်းဖေက ဗုဒ္ဓဘာသာဝင်တို့ လက်ထပ်ရေးနှင့် ပတ်သတ်လို့ ရေးခဲ့တာကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်၊၊
ကုလားများကား ဗမာများကို နှောက်ယှက်ရုံသာ ယူကြသည်၊၊ တရားဝင်မယားမဖြစ်နိုင်အောင် ကုလားတို့ဥပဒေအရ စီမံထားကြလေသည်၊၊ ဗုဒ္ဓဘာသာမသည် တရားဝင်ဖြစ်လိုလျှင် မဟာမေဒင်ဘာသာသို့ ဝင်ကြရသည်လည်းရှိသေးသည်၊၊ ထိုကြောင့်ဗမာဗုဒ္ဓဘာသာတို့က ဗုဒ္ဓဘာသာနှင့် အခြားဘာသာဝင်တို့ လပ်ထပ်ရေးဥပဒေကို လွှတ်တော်တွင် တင်သွင်းခဲ့ကြသည်၊၊ ကုလားများက ကန့်ကွက်ဆူပူကြသဖြင့် ထိုဥပဒေမှာ သောင်မတင် ရေမကျဖြစ်နေခဲ့လေသည်၊၊

ဒီစကားကိုငါတို့အမျိုးသားခေါင်းဆောင်ကြီး၊လွပ်လပ်ရေးဖခင်ကြီးတိုင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ထောက်ခံတာဝန်ယူခဲ့တာဘယ်သူငြင်းမလဲ၊၊မျိုးစောင့်ဥပဒေကို လွန်ခဲ့တဲ့နှစ်ပေါင်း၇၀ကျော်ကတည်းကလိုအပ်လို့သူ့ကျွန်ဘဝမှာတုန်းကတောင် လွှတ်တော်တင်ခဲ့ကြတယ်၊၊ ဒါကို ကုလားတွေ ကန့်ကွက်ဆူပူခဲ့ကြတာ ဘယ်သူငြင်းမလဲ၊၊
ဆရာမောင်သိန်းဖေ ဒီစာတမ်းရေးတဲ့ အချိန်မှာ မြန်မာပြည်ရဲ့ လူဦးရေဟာ ၁၃ သန်းရှိတယ်၊၊ အဲဒီ ၁၃ သန်းမှာ ကုလား ( ဟိန္ဒူ + မွတ်စလင် ) စုစုပေါင်း ၉၆၂၂၀၀ ယောက်ရှိတယ်၊၊ တစ်သန်းဆိုပါတော့၊၊

တိုင်းရင်းရင်းသား ၁၂ သန်း၊ ကုလားတစ်သန်းဆိုတော့ ၁၂း၁ ၊ ဗမာ ၁၂ ယောက်မှာ ကုလားတစ်ယောက်နှုံးရှိနေတဲ့အခြေအနေပါ၊ ဆရာမောင်သိန်းဖေက နောင်နှစ်ငါးဆယ်မှာ ဗမာ ၈ယောက် ကုလား ၁ယောက်နှုံးအထိဖြစ်သွားမယ်လို့ ပြောခဲ့ပါတယ်၊၊ ခုဆိုရင်နှစ်ပေါင် ၇၀ ကျော်တဲ့အခါမှာ ဗမာ  ၅ယောက်ကုလားတစ်ယောက်ဖြစ်နေပါပြီ၊၊ဆရာမောင်သိန်းဖေတွက်ပြထားတာတွေဟာသွေးထွက်အောင်မှန်လှပါပေတယ်၊၊ ဘာလို့ကုလားဗမာအချိုးဒီလောက်ကွာလာတာလဲလူမျိုးသားဖောက်မှုနှင့် ခိုးဝင်ကြီးထွားမှု ဘယ်လောက်ကြီးထွားနေသလဲဆိုတာ သိသာလှပါတယ်၊၊

အဲဒီတော့ ၁၂း၁ တုန်းကတောင် အမျိုးစောင့်ဥပဒေပြဌာန်းဘို့ လွှတ်တော်တင်ခဲ့ကြသေးတာ၊၊ ခုလို ၅း၁ ဖြစ်လာတဲ့အချိန်မှာ အမျိုးစောင့်ဥပဒေ ပြဌာန်းဘို့ အရေးတကြီးလိုအပ်နေပေပြီဆိုတာ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ဖြစ်စဉ်တွေဟာ သက်သေပြနေပါပြီ၊၊ ဒါပေမယ့် မိမိကိုယ်ကျိုး မိမိပါတီအကျိုး မိမိအဖွဲ့အစည်းအကျိုးကို ရှေ့တန်းတင်ပြီး အမျိုးဘာသာ သာသနာအကျိုးကို မျက်ကွယ်ပြုလို့ လူ့အခွင့်အရေးဆိုတာက တစ်မျိုး၊ ဒီမိုကရေစီနှင့် ဆန့်ကျင်တာက တစ်ဖုံ၊ အမျိုးစုံအကြောင်းပြ မျိုးစောင့်ဥပဒေကို ကန့်ကွက်နေကြတာတွေကိုတော့သေသေချာချာ ပြင်ဆင်သုံးသပ်သင့်ပါပြီ၊၊

လူမျိုးခံရလို့ လူမျိုးပျောက်ရင် ဘာသာလည်း ပျောက် သာသနာလည်းပျောက်တော့မယ်၊၊ ( ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေပြန်ကြည့်ပါ၊၊ အစ္စလာမ်လူမျိုးဝါးမျိုမှုအောက်မှာ ဗုဒ္ဓဘာသာပျောက်သွားခဲ့တဲ့နိုင်ငံတွေပါ၊၊မြန်မာပြည်ကြီးအတွက်ဒါကိုသိနေကြတဲ့ အမျိုးဘာသာသာသနာကို ကာကွယ်လိုသူတွေက အမျိုးစောင့်ဥပဒေပြဌာန်းနိုင်ဘို့ ကြိုးစားနေကြတာပါ၊၊ ဒါကို ကန့်ကွက်ကြသူတွေဟာ ဘယ်လိုလူစားတွေပါလဲ၊၊ သေချာပါတယ်၊၊
ငါတို့ အမျိုးစောင့်ဥပဒေကို ကန့်ကွက်တဲ့သူတွေဟာ မွတ်စလင်တွေ ရှေ့ဆုံးဖြစ်လိမ့်မယ်၊၊ ဗုဒ္ဓဘာသာဆိုရင်တော့ အသားထဲက လောက်ထွက်တဲ့ကောင်တွေ ဖြစ်လိမ့်မယ်၊၊ မွတ်စလင်ပေးသမျှ စုတ် - ရက်ထားသော( အနုပညာရှင်များ၊ လူကြီး) သူတွေကတော့ ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး၊၊ သူတို့ကို ဘယ်လို ကင်ပွန်းတပ်သင့်ပါသလဲ၊၊
အမျိုးဘာသာ သာသနာကာကွယ်ကြဖို့အရေးတွင် အမျိုးစောင့်ဥပဒေပြဌာန်းရေးသည်လည်း တစ်ထောင့် တစ်နေရာမှာ အမျိုးဘာသာ သာသနာ၏ အသက်သွေးကြောတစ်ချောက်းပမာ အရေးကြီးလှသည်၏ ထင်မြင်ယူဆမိပါသည်၊၊
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု - ပါ ဘုရား၊၊

( မျိုးစောင့်သူ၏ ဖေ့စ်ဘုတ် လူမှု စာမျက်နှာပေါ်တွင် ၂၀၁၄-ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်စွဲဖြင့် ရေးသားထားသည်များကို ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်၊၊)

သာကီသွေးဂျာနယ် အတွဲ (၁)၊ အမှတ် (၂၀)၊ စာမျက်နှာ ၁၅/၁၆၊၊

ရခိုင်အနောက်တံခါးခေါက်သံလော – ဒေါက်တာမြင့်သိန်း(သုတေသန)

စစ်တကောင်းတောင်တန်းနေ လူမျိုးစုငယ်ဗုဒ္ဓဘာသာဝင် ရွာများကို တစ်ရွာပြီးတစ်ရွာ မီးရှို့ဖျက်ဆီး ၀င်ရောက် သိမ်းပိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင်းသို့ တစ်ဖက်နိုင်ငံမှ တိုင်းရင်းသား မျိုးနွယ်စုများ ပြေးဝင်လာ . . .
22
၂၀ မတ် ၂၀၁၄ ရက်နေ့ထုတ် Dhaka Tribune သတင်းစာတွင် Zeeshan Khan က ““A referendum in Rakhine state?၊ ””(ရခိုင်တွင် လူထုဆန္ဒခံယူပွဲ လုပ်ရန်လိုပြီလား) ဟူသည့် ခေါင်းစဉ်ဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းထားသည့် ဆောင်းပါးတစ်စောင် ရေးသားထားသည်ကို တွေ့ရသည်။ အဓိက အကြောင်းအရာမှာ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောဒေသကို လူထုဆန္ဒခံယူပွဲကျင်းပကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထည့်သွင်းသင့်ကြောင်း၊ စစ်တွေ၊ မောင်တောတွင် နေထိုင်ကြသည့် ဘင်္ဂါလီ (၎င်းတို့ အသုံးအနှုန်း အရ ရိုဟင်ဂျာ) များ၏ ပြဿ   နာကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ လူထုဆန္ဒခံယူပွဲ ကျင်းပကာ ဘင်္ဂလားဒေရှ်နိုင်ငံ၊ စစ်တကောင်းဒေသနှင့် ပူးပေါင်းရန်ဖြစ်ကြောင်း ဖြစ်သည်။ ၎င်းဆောင်းပါးတွင် အခြားနိုင်ငံအချို့၏ သမိုင်းကြောင်းအရ တစ်ချိန်က နယ်မြေခွဲထုတ် ပူးပေါင်းမှုအချို့ကို ဥပမာပြု၍ လည်းကောင်း၊ ယခုလောလောဆယ် ဖြစ်ပွားနေသည့် ခရိုင်းမီးယားဒေသကို လူထုဆန္ဒခံယူကာ ရုရှားနိုင်ငံ အတွင်း သိမ်းသွင်းသည့် နမူနာကို စံထား၍ လည်းကောင်း စစ်တွေ မောင်တောဒေသများကို ရခိုင်ပြည်နယ်မှ ခွဲထုတ်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းထားခြင်း ဖြစ်သည်။ … ၎င်းဆောင်းပါးတွင် ရခိုင်ပြည်နယ်၏ ၄၂ ရာခိုင်နှုန်းသော လူဦးရေ၊ စစ်တွေ၊ မောင်းတော၏ ၉၅ ရာခိုင်နှုန်းသော လူဦးရေတို့မှာ ဘင်္ဂါလီ မျိုးကွဲဘာသာ စကားပြောကြသူများဖြစ်ပြီး မြန်မာအစိုးရ၏ အဖိအနှိပ် ခံနေရကြောင်း၊ မြောက်ဦးမင်းနိုင်ငံ ပေါ်ပေါက်ရန် အတွက် ဘင်္ဂါလီပေါင်း မြောက်မြားစွာ၏ အသက်သွေးချွေးတို့ဖြင့် တိုက်ခိုက် ပေးခဲ့ရကြောင်း၊ ထိုဘင်္ဂါလီများ သည် ရိုဟင်ဂျာတို့၏ ဘိုးဘေးများပင်ဖြစ်ကြောင်း၊ ၎င်းတို့နေထိုင်လာခဲ့သည့် နေရာများမှာပင် အခြေချနေ ထိုင် ခဲ့ကြကြောင်း ရေးသားထားသည်။ ထို့အပြင် ဘင်္ဂလားဒေရှ်နိုင်ငံ အနေဖြင့် နယ်ခြားဒေသ တစ်လျှောက် ဒုက္ခရောက်နေကြသည့် မိမိတို့၏ သွေးသား တော်စပ်သူများကို အထွေအထူး စဉ်းစားနေစရာ မလိုဘဲ ခရိုင်းမီးယားကဲ့သို့ နှစ်နိုင်ငံကြား လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ဖန်တီးပေးရန် ဖြစ်ကြောင်း၊ ၎င်း အခွင့်အရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အတင်းအကျပ် လုပ်ယူစရာမလိုဘဲ နဂိုရှိပြီးသား အခြေအနေကို ရယူ လိုက်ခြင်းသာဖြစ်ကြောင်း ရေးသားတိုက်တွန်း ထားသည်ကို တွေ့ရသည်။
၎င်းဆောင်းပါးကို လေ့လာသည့်အခါတွင် ပထမအချက်အနေဖြင့် နိုင်ငံတစ်ခု၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို မလေးစားသည့်သဘော သက်ရောက်သကဲ့သို့ သွေးထိုးမြှောက်ပင့် ပေးမှုများလည်း ပါပေသည်။ ဒုတိယအချက်မှာ ရိုဟင်ဂျာဆိုသည်မှာ ၎င်းတို့၏ သွေးသားတော်စပ်သူ ဘင်္ဂါလီ စကားပြောများ ဖြစ်သည်ကို ၀န်ခံရာလည်း ရောက်ပေသည်။ မြန်မာအစိုးရက မတရားနှိပ်စက်နေပြီး လူ့အခွင့်အရေး လုံးဝမရှိသော ဘင်္ဂါလီများအတွက် နိုင်ငံတကာ ဖိအားဖြင့်သာ မလုံလောက်ဘဲ ခရိုင်းမီးယားနည်းကို အသုံးပြုရန်တိုက်တွန်း ထားချိန်တွင် ၎င်းတို့နိုင်ငံ စစ်တကောင်း တောင်တန်းဒေသရှိ ဗုဒ္ဓဘာသာဝင် လူမျိုးစုငယ်များအပေါ် မည်ကဲ့သို့ နှိပ်စက်ညှဉ်းပန်းနေသည်ကို ထိမ်ချန်ထားလိုပုံရသည်။ ၎င်းတို့၏ အပြစ်များကို ဖုံးကွယ်နိုင်ရန် အတွက် ၎င်းတို့နှင့် နယ်နိမိတ် ဆက်စပ်နေသည့် မြန်မာနိုင်ငံတွင် လူမျိုးစုများ နှိပ်စက်ခံနေရသည်ဟု လက်ညှိုးထိုးပြ နေခြင်းပင်ဖြစ်သည်။ စစ်တကောင်း တောင်တန်းနေ လူမျိုးစုငယ် ဗုဒ္ဓဘာသာဝင် ရွာများကို တစ်ရွာပြီး တစ်ရွာ မီးရှို့ဖျက်ဆီး ၀င်ရောက် သိမ်းပိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင်းသို့တစ်ဖက်နိုင်ငံမှတိုင်းရင်းသား မျိုးနွယ်စုများ ပြေးဝင်လာသူများပင်လျှင် ထောင်နှင့်သောင်းနှင့်ချီ၍ ရောက်ရှိနေပေသည်။
သို့သော် မြန်မာအစိုးရ၏ မီဒီယာသို့ ထုတ်ဖော်ပြောကြားမှု အားနည်းချက်ကြောင့် ထိုအခြေအနေကို ပြည်သူတို့ သိခွင့်ရမှု နည်းပါးခဲ့သည်။ ပလက်ဝဘက်သို့ဝင်ရောက်ခိုလှုံလာသော ချက္ကမာများ၊ မောင်တော ဘက်မှ ၀င်ရောက် ခိုလှုံလာသူများမှာ အတော်ပင် များပြားလှပေသည်။ သို့သော် နိုင်ငံတော်က အခြား အိမ်နီးချင်းနိုင်ငံများကဲ့သို့ လုပ်မစားတတ်ခြင်းက ခက်နေပေသည်။ တကယ်ဆိုလျှင် ၀င်ရောက် လာသော ဒုက္ခသည်များကို စနစ်တကျ နေရာချထားပေးပြီး နိုင်ငံတကာသို့ အဆိုပါ ဖြစ်ရပ်များကို တင်ပြကာ ကမ္ဘာသိအောင် လုပ်ရမည်ဖြစ်သည်။ ကိုယ်ခံနေရသည်ကိုလည်း လူသိအောင်မလုပ်၊ အမှန်တရားကိုလည်း မဖော်ထုတ်ရဲ၊ အရာရာကို တွန့်ဆုတ်တွန့်ဆုတ် လုပ်နေခြင်းကြောင့် ခံပြီးရင်း ခံနေရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ မီဒီယာများကလည်း ထဲထဲဝင်ဝင် ထိုဇာတ်လမ်းများကို မသိသဖြင့် နိုင်ငံတကာသို့ ပေါက်ရောက်သည့် သတင်းများ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ခြင်းကအားနည်းချက်တစ်ခုပင်။ ယခုကဲ့သို့ တစ်ဖက်နိုင်ငံက ဆောင်းပါးဖြင့် ရေးသား နှိုးဆွလာခြင်းသည် သွေးတိုးစမ်းလာသည့် သဘောပင် ဖြစ်သည်။ အဘက်ဘက်က အကျပ်အတည်း ပေါ်လာလျှင် အခွင့်အရေး တစ်ရပ်အဖြစ် အသုံးပြုနိုင်ရန် အားစမ်းလာခြင်းပင် ဖြစ်သည်။
ယမန်နှစ်ဧပြီလက Dhaka Tribune မှာပင် သတင်းတစ်ပုဒ် ပါလာရာ ထိုသတင်းတွင် ဘင်္ဂလားဒေ့ရှ် အစိုးရ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ အမေရိကန်သို့ သွားရောက်ကာ မြန်မာနိုင်ငံမှ ဒုက္ခသည်များ အများအပြား ၀င်ရောက် လာခြင်းကြောင့် အခက်အခဲများ ကြုံနေရကြောင်း၊ ဒုက္ခသည် စခန်းများနှင့် အကြမ်းဖက်အဖွဲ့များ ဆက်နွှယ်လာမှုကို စိုးရိမ်လာကြောင်း၊ မြန်မာအစိုးရကို ဖိအားပေးနိုင်ရေးအတွက် တောင်းဆိုခဲ့သည့် သတင်း တစ်ပုဒ်ကို ဖတ်လိုက်ရသည်။ အများအပြား ၀င်လာသည်ဟူသည့် ဒုက္ခသည်များမှာ တစ်ချိန်က မြန်မာနိုင်ငံ အတွင်းသို့ အများအပြား ၀င်လာကြသည့် ၎င်းတို့လူမျိုးများပင် ဖြစ်သည်။ ယနေ့ထက်တိုင်လည်း ၀င်နေဆဲ ပင်ဖြစ်သည်။ ၀င်လာသည့်သူများကို မည်သည့်နည်းဖြင့်မျှစစ်ဆေးနိုင်သည့်အခွင့်အလမ်းမရှိချေ။ နဂို ရောက်နှင့်ပြီးသားအပေါ် နောက်မှရောက်လာသည့် ဆွေမျိုးများ ဖြစ်နေခြင်းကြောင့် စစ်ဆေးရန်မလွယ် ကူခဲ့ချေ။ စစ်ဆေးရန် မလွယ်ကူရခြင်းအနက် အစိုးရ အဖွဲ့အစည်းများ၏ အဂတိ လိုက်စားမှုကလည်း ပါပေသည်။ ၀န်ထမ်းက အဂတိ လိုက်စားသကဲ့သို့ ပါတီအဖွဲ့ အစည်းများကလည်း ၎င်းတို့ ပါတီများ အနိုင်ရရေးအတွက် ဘင်္ဂါလီကိုပင် ဖက်တွယ်နေကြခြင်းက ရှက်ဖွယ် လုပ်ရပ်များ အတိတ်ကနေ ယနေ့ အထိရှိနေခြင်းပင် ဖြစ်သည်။ ၎င်းဒေသများတွင် နေထိုင်ကြသည့် ဘင်္ဂါလီများ အနေဖြင့် ပါတီများအပေါ် မည်သို့ အသုံးချရမည် ဆိုသည်ကို စီမံချက် ရှိပြီးသား ဖြစ်သည်။
ဤတွင် ပြည်မမှ သွားရောက် တာဝန် ထမ်းဆောင်ကြသည့် ၀န်ထမ်းများ၏ တာဝန်သိစိတ်၊ အမျိုးသား စိတ်ဓာတ်များ လိုအပ်လာသကဲ့သို့ တိုင်းရင်းသားများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်လိုသည့် စိတ်ထားရှိရန်လည်း တိုင်းရင်းသား နယ်ခံများဘက်က လိုအပ်မည်ဖြစ်သည်။ ထို့အတူ အစိုးရအနေဖြင့်လည်း ရှိပြီးသား နိုင်ငံမဲ့များနှင့် မည်သည့်အချိန်က အခြေချ နေထိုင်ခဲ့သည်များအပေါ် တိကျသည့် ဆောင်ရွက်မှုမျိုး လုပ်ဆောင်ကာ ထိုကိစ္စကို အဆုံးသတ်ရန်လည်း လိုအပ်ပေသည်။ တစ်ချိန်တည်းမှာပင် ခိုင်မာသည့် စီမံချက် များဖြင့် ရေရှည် ဆောင်ရွက်ရမည့် နည်းလမ်းများ လိုအပ်မည်ဖြစ်ပေသည်။ တစ်ဖက်က တိုင်းရင်းသားဖြစ်ရေး ဟူသော ရည်ရွယ်ချက်သာမက ရေရှည်စီမံချက်များ ချမှတ် ဆောင်ရွက်သည့် အသွင်များတွေ့နေရ သော်လည်း ကျွန်တော်တို့ဘက်တွင် ထိုကဲ့သို့ ရေရှည် စီမံချက်မျိုး ရှိပုံမပေါ်ချေ။ ပထမအချက်အနေဖြင့် တိကျသည့် စီမံချက် မရှိလျှင် တစ်ဖက်နိုင်ငံမှ စာရင်းအင်းမရှိ ဆက်လက် ၀င်ရောက်လာမည့် သူများအတွက် ဆက်လက် တာဝန်ယူ နေရဦးမည်ဖြစ်သည်။ ထိုလူဦးရေပိုမို အင်အားကောင်းလာသည့်အခါ တိုင်းရင်းသား ဖြစ်ရေး တောင်းဆိုမှု ပိုမိုပြင်းထန်လာဦးမည် ဖြစ်သည်။ ထိုမှတစ်ဆင့် ၎င်းတို့၏ ဆောင်းပါးတွင် ပါရှိသည့် အတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းရေး တောင်းဆိုလာမှုများ ကြုံလာရဦးမည် ဖြစ်သည်။ နယ်မြေ ကျဉ်းကျဉ်း လေးတွင်သန်း ၁၆၀ ကျော်နေသည့် နိုင်ငံအတွက် ကျွန်တော်တို့ဘက်က မည်သို့ ပြင်ဆင်ထားရမည် ဆိုသည်ကိုလည်း အနာဂတ်အတွက် စဉ်းစားထားသင့်ပေသည်။ မည်သည့် နိုင်ငံမဆို မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ ထိပါးခံရခြင်းကို လက်ခံနိုင်ဖွယ် မရှိချေ။
Dhaka Tribune ပါ ဆောင်းပါးဖြင့် လမ်းကြောင်းပေး တောင်းဆိုမှုသည် တကယ်တော့ အဆန်းမဟုတ်ချေ။ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီကပင် ဘူးသီးတောင်၊ မောင်တောဒေသကို ဘင်္ဂလားဒေ့ရှ် (တစ်ချိန်က ပါကစ္စတန်ဟုခေါ်ဆို)နှင့် ပေါင်းရန် တောင်းဆိုခဲ့ဖူးလေသည်။ ထိုအချိန်က မွတ်ဆလင်အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု ခေါင်းဆောင် ဂျင်းနားနှင့် ဗိုလ်ချုပ်အောင်ဆန်း အိန္ဒိယသို့သွားစဉ် တွေ့ဆုံ ဆွေးနွေးခဲ့ရာ ဂျင်းနားက ထိုပူးပေါင်းမှုမျိုး မည်သည့်အခါမျှ မဖြစ်ရပါဟု ကတိပေးခဲ့ခြင်းကြောင့်သာ ဇာတ်လမ်းက ရပ်တန့်ခဲ့ရခြင်းဖြစ်သည်။ သို့သော် Dhaka Tribune သတင်းစာပါ ဆောင်းပါး အရေးအသားက သမိုင်းတွင် ရှိပြီး အဖြစ်အပျက်ကို ပြန်လည် အသက်သွင်းသကဲ့သို့ ဖြစ်လာပေသည်။ ဆောင်းပါးဆိုသည်မှာ အစိုးရ အာဘော် မဟုတ်သော်လည်း ကျွန်တော်တို့အားလုံး သတိပြုရမည်မှာ ၎င်းတို့ ရင်တွင်းကိန်းအောင်း နေသည့်အတွင်း စိတ်ကိုမြင်အောင် ကြည့်နိုင်ရန်ဖြစ်သည်။
တစ်ဖက်က လမ်းကြောင်းပေးလာမှုနှင့် သည်မှာဘက်က ရိုဟင်ဂျာတိုင်းရင်း သားဖြစ်ရေး လှုပ်ရှားမှုတို့ကို ဆက်စပ် တွေးလိုက်လျှင် အနာဂတ်အတွက် စဉ်းစားစရာများ အတော်ပင် များပြားလာဖွယ် ရှိပေသည်။ မကြာခင် သန်းခေါင်စာရင်း ကောက်ခါနီးလေးတွင် လူမျိုးစာရင်းကို ဖြေကြားသူ၏ ပြောသည့်အတိုင်း ထည့်လိုက်မည် ဟူသည့် သတင်းတစ်ရပ် ပေါ်ပေါက်လာမှုကြောင့် ရခိုင်တိုင်းရင်းသားတို့၏ မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုအခြေအနေက နောက်ဆက်တွဲအဖြစ် နိုင်ငံတကာ NGO များနှင့် ပဋိပက္ခ ဆက်စပ် ဖြစ်ပေါ်လာခဲ့သည်။ နောက်ပိုင်းတွင် ရခိုင်တိုင်းရင်းသားတို့ တင်းမာလာမှုကြောင့် အစိုးရက ရိုဟင်ဂျာ အမည် ထည့်သွင်းခြင်းကို ခွင့်မပြုခဲ့သော်လည်း အစောပိုင်း အခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းသည် နားလည်ရန် ခက်ခဲ လှသည်။ နိုင်ငံတော် သမ္မတကြီး၏ နှုတ်ထွက် စကားမှ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိဟု ပြောထားပါလျက် ထိုကဲ့သို့ သတင်းမျိုး သွေးတိုးစမ်းလာမှုသည် စဉ်းစားရန်ပင် ခက်ခဲလာပေသည်။ ပြည်ပ ဖိအားဆိုလျှင်တော့ မိမိနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်စိုးမှု အပေါ်တွင် မည်သူမျှ ဆရာလုပ်စရာ မလိုချေ။ အခြားကိစ္စဆိုလျှင်တော့ မပြောတတ်ပေ။ အစိုးရဟူသည် အစရိုးရုံသာမက အဆုံးအထိ ရိုးသားရန် လိုအပ်မည် ဖြစ်သည်။ သို့မှသာ တိုင်းရင်းသားတို့၏ ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားတို့ ယုံကြည်မှုထက် ဘင်္ဂါလီ ယုံကြည်မှုက အရေးပါနေခြင်းမျိုး မဖြစ်ရန်သာ လိုသည်။ သို့မှမဟုတ် အလွယ်လုပ်ရပ်တစ်ခု ဖန်တီး လိုခြင်းလည်း ဖြစ်နိုင်ပေသည်။ ကျွန်တော်တို့လူမျိုးက ““နောင်ခါလာနောင်ခါဈေး”” ဟူသည့် စကားပုံကို အလွန်ကြိုက်သည့် လူမျိုးဖြစ်သည်။ ဦးနုကိုယ်တိုင်ပင် ““နောင်ခါလာနောင်ခါဈေး”” အဖြစ် ဖဆပလမဲရရေး အတွက် ဘင်္ဂါလီတို့နှင့် အပေးအယူလုပ်ခဲ့ပြီး ဖြစ် သည်။ ဖြစ်သမျှ ပြဿ  နာနောက်မှ ရှင်းမည်ဟု အလွယ် သဘောထားသည့် လုပ်ရပ်များက တိုင်းပြည်ကို မြောင်းထဲရောက်အောင် ပို့နေသလိုပင်။
အခြားအရေးပါသည့် အချက်တစ်ခုမှာ နိုင်ငံတော် အနေဖြင့် တင်းကျပ်သည့် လုံခြုံရေးစနစ်ကို နယ်ခြား ဒေသတွင် ထားရှိသင့်ပြီ ဖြစ်ခြင်းနှင့် တိုင်းပြည်အတွက် စနစ်တကျ သတင်း အချက်အလက်များ စုဆောင်းထောက်လှမ်းပေးနိုင်သည့်အဖွဲ့အစည်းတစ်ခုရှိသင့်ပြီဖြစ်ခြင်းပင်။ မကြာသေးမီက မြန်မာနိုင်ငံတွင် ၀င်ရောက် လှုပ်ရှားရန် ထင်ရှားသည့် Lashkar-e-Taibat ကြမ်းဖက် အဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖမ်းဆီး မိလိုက်သည့် သတင်းဖြစ်သည်။ ထိုအဖွဲ့က အိန္ဒိယတွင် ဖောက်ခွဲသည့် လုပ်ငန်းများ ဆောင်ရွက် ခဲ့ခြင်းဖြင့် ထင်ရှားခဲ့သည့် အဖွဲ့ဖြစ်ပြီး ပါကစ္စတန် အခြေစိုက်ဖြစ်သည်။ တကယ်တော့ ထိုအဖွဲ့အစည်းများထံတွင် သင်တန်း တက်ယူပြီးသည့် သင်တန်းဆင်းများမှာ ဘူးသီးတောင်၊ မောင်တောနယ်တွင် အတော်များနေပြီ ဖြစ်သည်။ အာဖဂန်တွင် သင်တန်းတက်ပြီးပြန်လာသည့်သင်တန်းဆင်းများပင်နယ်ခြားတစ်လျှောက်ခရီးအတော် ပေါက်နေပြီဖြစ်သော်လည်း အစိုးရက ထိုအနာကို ပြည်တည်သည် အထိ မွေးထားနေဆဲဖြစ်သည်။ ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းဆီးမိသူ၏ ကွန်ပျူတာပါ အချက်အလက်များနှင့် ပေါင်းစပ်လိုက်လျှင် ပြည်တွင်းသို့ ၀င်ရောက်လာသည်နှင့် ဘူးသီးတောင်၊မောင်တောနယ်အတွင်းရခိုင်တိုင်းရင်းသားအားလုံးအတွက် ရင်မအေးစရာပင် ဖြစ်သည်။ ပြည်မ အတွက်လည်း အန္တရာယ် တစ်ခုပင် ဖြစ်သည်။ ဆင်းရဲမှု ထူပြောသည့် မြန်မာနယ်ခြားတွင် အမြစ် တွယ်သွားလျှင် ကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်လာနိုင်ပေသည်။ ယခုပင်လျှင် နိုင်ငံတော်မှ ထိရောက်စွာ အကာအကွယ် မပေးနိုင်သဖြင့် ကိုယ့်ပြည် ကိုယ်မြေပိုင် တိုင်းရင်းသားများက ရွာကိုပစ်၍ ပြေးကြရပြီ ဖြစ်သည်။ အိမ်ရှင်က ထွက်ပြေးနေရသည် ဆိုသည်မှာ လူကြား၍ပင် မကောင်းလှချေ။ နယ်ခံတိုင်းရင်းသားများ မနေနိုင်တော့လျှင် အစိုးရအတွက် အုပ်ချုပ်ရ ခက်တော့မည် ဖြစ်သည်။ သွားရမည့် ၀န်ထမ်းများပင် မနေရဲ မထိုင်ရဲ ဖြစ်လာနိုင်ပေသည်။
နယ်ခံ တိုင်းရင်းသား အားလုံးအတွက် လုံခြုံစိတ်ချစွာ နေနိုင်စေရန် ခိုင်မာသော စီမံချက်များ ချမှတ် လုပ်ဆောင် သွားနိုင်မှသာလျှင် နောင်အနာဂတ်အတွက် အစိုးရအုပ်ချုပ်ရေး ယန္တရားက ထိုနေရာကို လွှမ်းမိုး နိုင်မည်ဖြစ်သည်။ သို့မဟုတ်လျှင် ၁၀ နှစ်အတွင်း အုပ်ချုပ်ရေး အခက်အခဲများ ရင်ဆိုင်ရနိုင်ပေသည်။နောက်တစ်ချက်မှာတစ်ဖက်နိုင်ငံ စစ်တကောင်း တောင်တန်းမှ ပြေးဝင်လာသူများကို စနစ်တကျဒုက္ခသည်စခန်းများဘူးသီးတောင်၊ မောင်တော တစ်လျှောက် ပြုလုပ်ပေးပြီး နိုင်ငံတကာသို့လည်း စနစ်တကျ ချပြရန် လိုအပ်မည် ဖြစ်သည်။ ထိုကိစ္စကို မကိုင်တွယ်နိုင်လျှင် ကမန်ထဲသို့ ဘင်္ဂါလီရော လာသည့် အခြေအနေမျိုး နောင်တွင် အခက်အခဲ ထပ်ကြုံရဦးမည် ဖြစ်သည်။
ထို့အတူ ဖြစ်ပေါ်နေသည့် နယ်ခြားဒေသမှ ၀င်ရောက်လာသူများ ပြဿ နာကိုဘာသာရေး ပြဿ   နာ လူမျိုးရေး ပြဿ နာအဖြစ် ဖန်တီးမှုများ မလုပ်မိရန်လည်း အရေးပါပေသည်။ ထိုလုပ်ရပ်သည် နိုင်ငံရေး ကျားကွက်အတွက် ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ်ခြင်းမျိုးဖြစ်ပြီး မိမိနိုင်ငံ၏ မှန်ကန် နေသော လမ်းကြောင်းကို အမှားဖြစ်အောင် ဆောင်ရွက်ခြင်းမျိုးသို့ ရောက်ရှိ သွားပေတော့မည် ဖြစ်သည်။ ဘာသာရေး သည် နိုင်ငံရေး၏ ခုတုံးများမဟုတ်ဘဲ ငြိမ်းချမ်းရေးကို ကိုယ်စားပြုရမည့်သူများ၊ အဖွဲ့အစည်းများသာ ဖြစ်သင့် ပေသည်။ လူအချင်းချင်း သတ်ဖြတ်ကြသည့် ဘ၀မျိုး ရောက်အောင် ဖန်တီးလိုလျှင် ဘာသာရေး မဟုတ်တော့ သကဲ့သို့ ထိုသူတို့သည်လည်း အကြမ်းဖက် ခေါင်းဆောင်များအဖြစ် အခြား ဘာသာဝင်များတွင် ဖြစ်ပေါ် နေသည့်အတိုင်း အခေါ်ခံရမည်ဖြစ်ပေသည်။ အမျိုးသားစိတ်ဓာတ်ကို ပြသနိုင်သည့် နည်းလမ်းများ အများအပြားရှိပြီး နိုင်ငံတော်က စနစ်တကျ ရိုးရိုးသားသား ဆောင်ရွက်ရန်သာ လိုအပ်ပေသည်။ မည်သည့် ဘာသာမဆို ငြိမ်းချမ်းရေး၏ အနှစ်သာရကို သိထားလျှင် အကြမ်းဖက်လမ်းကြောင်းကို ရွေးချယ်ကြမည် မဟုတ်ပေ။ ကိုယ်က အမှားမလုပ်မိရန်သာ လိုပေသည်။ သို့မဟုတ်လျှင် နိုင်ငံတကာတွင် ကိုယ်အရှုံးနှင့် ရင်ဆိုင် ရပေလိမ့်မည်။
ခြုံ၍ သုံးသပ်ရလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dahaka Tribune ပါ ဆောင်းပါးက မြန်မာနိုင်ငံ အစိုးရအတွက် နိုးနိုး ကြားကြား ရှိစေရန်နှင့် ၎င်းတို့၏ ရည်ရွယ်ချက်များကို သိနိုင်စေရန် ထင်ဟပ် ပြလိုက်ခြင်းပင်ဖြစ်သည်။ ထို့အတူ ရိုဟင်ဂျာဆိုသည်မှာ ဘင်္ဂါလီများသာ ဖြစ်ခြင်းကိုလည်း ဆောင်းပါးက ၀န်ခံလိုက်သကဲ့သို့ ဖြစ်သည်ကို တွေ့ရသည်။ မည်သို့ဆိုစေ အရေးကြီးလာသည့် မြန်မာနိုင်ငံ အနောက်တံခါးအတွက်ရေရှည်စီမံချက်များရှိရန်လိုပြီဟူသည့်အချက်ကို အစိုးရသို့မီးမောင်းထိုး ပြလိုက်ခြင်းပင် ဖြစ်သည်။
ဒေါက်တာမြင့်သိန်း(သုတေသန)

ဂျာမနီဆိုင်ရာ မြန်မာသံအမတ်ကြီး (ဗိုလ်ချုပ်မှုးဟောင်း) ဦးစိုးနွယ်အား အရေးယူပေးပါရန် တောင်းဆိုမှုများ ထွက်ပေါ်

Facebook "Like"-Dummy

ပို့စ်တင်ချိန် - 4/26/2014 11:24:00 PM

ဂျာမာန်လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Condor လေကြောင်း လိုင်းနှင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်ဆက်သွယ်ပျံသန်းနိုင်ရန် သဘောတူ စာချုပ်ချုပ်ဆိုပွဲတွင် မြန်မာလူမျိုးများ အားလုံး အထွတ်အမြတ် ထားရာ ရွှေတိဂုံ စေတီတော်ပုံစံ ပြုလုပ်ထားသည့် ကိတ်မုန့်အား အဆိုပါ ကုမ္ပဏီမှ အရာရှိကြီးများနှင့် အတူ မြန်မာနိုင်ငံမှ ခန့်အပ်ထားသည့် သံအမတ်ကြီး ဦးစိုးနွယ် (ဗိုလ်ချုပ်မှုးဟောင်း) က ဓါးဖြင့် လှီးဖြတ်ခဲ့သည် ပုံမှာ အွန်လိုင်းမီဒီယာများတွင် ပျံနှံလျက်ရှိကြောင်း တွေ့ရှိရပါသည်။

အဆိုပါ မူရင်းသတင်းအား ဖော်ပြထားသည့် http://www.anna.aero/2012/11/13/condor-becomes-first-airline-to-fly-to-burma-from-europe/ အား ကြည့်ရှုလေ့လာရာတွင်လည်း အဆိုပါကဲ့သို့ ကိတ်မုန့်အား ရွှေတိဂုံစေတီပုံစံ ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ နှောင်းပိုင်းမှ စတင်ကာ ဘာသာရေး လူမျိုးရေးနှင့် ဆက်နွယ်နေသည့် အကြမ်းဖက်မှုများ ဒေသအနှံအပြားတွင် ဖြစ်ပွားခဲ့ ပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ Tour ကုမ္မဏီတစ်ခုမှ မန်နေဂျာတစ်ဦးမှ ဂျာမနီသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှု အများဆုံး နိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ယခုကိစ္စ ပိုမိုကြီးထွားလာမည်ဆိုပါက ၄င်းတို့၏ ခရီးသွားလုပ်ငန်းကိုပါ ထိခိုက်လာနိုင်ကြောင်း The Ladies ဂျာနယ်သို့ ပြောကြားခဲ့သည်။

အဆိုပါ သတင်းအား တင်ပြထားသည့် ဖေ့ဘုတ်အသုံးပြုသူ တစ်ဦးကမူ ၄င်းမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်သောလည်း ရွှေတိဂုံစေတီတော် ဆိုသည်မှာ မြန်မာနိုင်ငံသားများအားလုံး လူမျိုးမရွေး ဘာသာမရွေး အလေးအနက်ထားသည့် မြန်မာ့သမိုင်းပြတိုက်တစ်ခုကဲ့သို့ ဖြစ်ကြောင်း၊ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်ဖြင့် ရွှေတိဂုံစေတီတော်ပုံ ပြုလုပ်ထားသည့် ကိတ်မုန့်အား ဓါးဖြင့်ပင် မရွယ်သင့်ကြောင်း ၄င်း၏ ဖေ့ဘုတ်အကောင့်ပေါ် တွင် ရေးသားထားသည်။

မကြာသေးမီ လပိုင်းကပင် စစ်တွေမြို့တွင် လုပ်ငန်းများ လုပ်ဆောင်နေသည် MSF မှ ဌာနေကိုယ်စားလှယ် အမေရိကန်နိုင်ငံသူသည် သာသနာ့ အလံကို ၄င်းအဖွဲ့မှ ငှားရမ်းထားသည့် ရုံးခန်းတည်ရှိရာ အိမ်မှ ဖြုတ်သိမ်းခဲ့သဖြင့် ဒေသခံများ မကျေနပ်ဖြစ်ကာ အဓိကရုဏ်း ဖြစ်ပွားရာမှ ကလေးတစ်ဦး သေနတ်မှန်သေဆုံးပြီး ယူအင်အဖွဲ့အစည်းများ၏ ဂိုဒေါင်များ ရုံးခန်းများကို ဒေါသထွက်နေသည့် မြို့ခံလူအုပ်ကြီးမှ ၀င်ရောက်ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း ပစ္စည်းတန်ဖိုး ဒေါ်လာ ၁ သန်းနီးပါး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

The Ladies News Journal

ရွှေတိဂုံ စေတီတော်ပုံစံ ကိတ်မုန့်အား ဓားဖြင့် လှီးဖြတ်သည့် မြန်မာသံအမတ်ကြီးအား အရေးယူပေးရန် တောင်းဆို




Friday, April 25, 2014

ဂျာမန်ပိုင် Condor လေကြောင်း လိုင်းနှင့် မြန်မာနိုင်ငံသို့ တိုက်ရိုက် ဆက်သွယ်ပျံသန်းရန် သဘောတူ စာချုပ်ချုပ်ဆိုပွဲတွင် ရွှေတိဂုံ စေတီတော်နှင့် ထီးတော်နေရာတွင် လက်ဝါးကပ်တိုင်ပုံစံ ပြုလုပ်ထားသည့် ကိတ်မုန့်အား ဓါးဖြင့် လှီးဖြတ်ခဲ့သည် ပုံမှာ အွန်လိုင်းမီဒီယာများတွင် ပျံနှံလျက်ရှိကြောင်း တွေ့ရှိရပါသည်။


အဆိုပါပုံနှင့်ပတ်သက်၍ မန္တလေးမှ ဆရာတော် ဦးပဏ္ဍိတက "ရွှေတိဂုံစေတီ ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အားလုံး အထွတ်အမြတ်ထားတဲ့ စေတီပဲ၊ အဲဒီတော့ ရွှေတိဂုံ စေတီတော်ပုံ ကို ဓါးနဲ့ လှီးနေတဲ့ ပုံကို မြင်လိုက်ရတာ တော်တော်စိတ်ထိခိုက်မိတယ်။ ကိတ်မုန့်လှီးနေတဲ့ သူတွေထဲမှာ ဗုဒ္ဓဘာသာဝင် လို့ ယူဆရတဲ့ ဂျာမဏီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုပါ တွေ့ရတာ ပိုပြီးစိတ်မကောင်းဖြစ်မိတယ်" ဟု ပြည်သူ့အာဏာကို မိန့်ကြားသည်။

ဖေ့ဘုတ်အသုံးပြုသူ ဆရာတော်တစ်ပါးကလည်း "ရွှေတိဂုံပုံတော်လည်း သူတို့လက်ထက်ကျတော့မှ ကိတ်မုန့်အဖြစ် ဓါးနဲ့ အလှီးခံရတယ်လို့။ စေတီပုံရဲ့ထိပ်မှာ တင်ထားတာက လက်ဝါးကပ်တိုင်ကို ကိုယ်စားပြုတယ်ဆိုရင် ဘာသာ(၂)ခု လုံးကို တစ်ပြိုင်နက် စော်ကားလိုက်သလိုပဲ" ဟု မိန့်ကြားသည်။

သံအမတ်ကြီး ဦးစိုးနွယ်ကိုလည်း ရွှေတိဂုံစေတီတော်ပုံကိတ်မုန့်၊ စိန်ဖူးတော်နေရာတွင် လက်ဝါးကပ်တိုင်ထည့်သွင်း ထားခြင်းတို့ကို အပြုံးမျက်နှာဖြင့် ကိတ်မုန့်လှီးခဲ့ခြင်းအား ပြည်သူအများအပြားက ဆန့်ကျင်ရှုတ်ချလျက် ရှိပြီး အစိုးရခေါင်းဆောင်များမှ တစ်စုံတစ်ရာ ထိရောက်စွာ အရေးယူပေးရန် လိုလားလျက် ရှိသည်။

မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ ဂျာမဏီနိုင်ငံခရီးစဉ်တွင် Condor လေကြောင်း ဥက္ကဌက ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခဲ့ပြီး ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။

ဈာပန အစီအစဉ်









 အမည်    (John) မန်လျှန်းခုပ်  (John)Mang Lian Khup
   သေဆုံးရက် 10.04.2014
  သဂြိုလ်မဲ့ရက် 02.05.2014
   အချိန်   မနက် 08:00 - 10:00

 
နေရာ 
                   Hauptfriedhof
                      Eckenheimer Landstraße 194
                      60320 Frankfurt am Main




--
http://www.burmaburo.blogspot.com
လက်မောင်းမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ တက်တူးထိုးထားတဲ့ ဗြိတိန်ခရီးသွား တစ်ယောက်ကို ဖမ်းဆီးပြီး သီရိလင်္ကာကနေ ပြည်နှင်ဒဏ်ပေးခဲ့။

Photo: လက်မောင်းမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ တက်တူးထိုးထားတဲ့ ဗြိတိန်ခရီးသွား တစ်ယောက်ကို ဖမ်းဆီးပြီး သီရိလင်္ကာကနေ ပြည်နှင်ဒဏ်ပေးခဲ့  Wednesday, April 23, 2014    အသက် ၃၇ နှစ်အရွယ် Naomi Michelle Coleman ဆိုသူ ဗြိတိန်အမျိုးသမီးခရီးသွားတစ်ယောက်ကို သီရိလင်္ကာနိုင်ငံ ၊ ကိုလံဘိုမြို့ တော်က Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သီရိလင်္ကာအာဏာပိုင် တွေက တင်္နလာနေ့ က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူမဟာ အိန္ဒိယနိုင်ငံကနေ သီရိလကာင်္နိုင်ငံကို လေယာဉ်နဲ့  ရောက်ရှိလာသူပါ။    ရဲအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူမဟာ ' တခြားလူမျိုးတွေရဲ့ ဘာသာရေးခံယူချက်တွေကို ထိပါးအောင် လုပ်မှု' နဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ Naomi ဟာ သူမရဲ့ လက်မောင်းမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင်ထိုးထားမှုကြောင့် အခုလို ဖမ်းဆီးခံခဲ့ရတာပါ။    သူမ ကိုဖမ်းဆီးပြီးမကြာမီမှာပဲ သီရိလင်္ကာရာဇ၀တ်တရားသူကြီးက ပြည်နှင်ဒဏ်အမိန့် ချမှတ်ခဲ့တယ်လို့  သိရပါတယ်။ လက်ရှိတော့ နိုင်ငံခြားသားထိန်းသိမ်းရေးစင်တာမှာ သူမကို ထိန်းသိမ်းထားတယ်လို့  သိရပါတယ်။    သိရီလင်္ကာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အလေးထားကိုးကွယ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဏာပိုင်တွေဟာ ဗုဒ္ဓဘာသာကို စော်ကားရာရောက်တဲ့ အပြုအမူတွေအပေါ် ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်လေ့ရှိပါတယ်။    လွန်ခဲ့တဲ့နှစ်တုန်းကလည်း Notthingham မြို့ သား Anthony Ratcliffe ကို ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင် ပါရှိမှုကြောင့် နိုင်ငံထဲ ၀င်ခွင့်တားမြစ်ခဲ့ပြီး ပြင်သစ်ခရီးသွားသုံးယောက်ကိုလည်း ဗုဒ္ဓရုပ်ပွားတော်ကို နမ်းရှုံ့ ခဲ့ မှုကြောင့် ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။    Trend Myanmar
အသက် ၃၇ နှစ်အရွယ် Naomi Michelle Coleman ဆိုသူ ဗြိတိန်အမျိုးသမီးခရီးသွားတစ်ယောက်ကို သီရိလင်္ကာနိုင်ငံ ၊ ကိုလံဘိုမြို့ တော်က Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သီရိလင်္ကာအာဏာပိုင် တွေက တင်္နလာနေ့ က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူမဟာ အိန္ဒိယနိုင်ငံကနေ သီရိလကာင်္နိုင်ငံကို လေယာဉ်နဲ့  ရောက်ရှိလာသူပါ။
ရဲအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူမဟာ ' တခြားလူမျိုးတွေရဲ့ ဘာသာရေးခံယူချက်တွေကို ထိပါးအောင် လုပ်မှု' နဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ Naomi ဟာ သူမရဲ့ လက်မောင်းမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင်ထိုးထားမှုကြောင့် အခုလို ဖမ်းဆီးခံခဲ့ရတာပါ။

သူမ ကိုဖမ်းဆီးပြီးမကြာမီမှာပဲ သီရိလင်္ကာရာဇ၀တ်တရားသူကြီးက ပြည်နှင်ဒဏ်အမိန့် ချမှတ်ခဲ့တယ်လို့  သိရပါတယ်။ လက်ရှိတော့ နိုင်ငံခြားသားထိန်းသိမ်းရေးစင်တာမှာ သူမကို ထိန်းသိမ်းထားတယ်လို့  သိရပါတယ်။

သိရီလင်္ကာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အလေးထားကိုးကွယ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဏာပိုင်တွေဟာ ဗုဒ္ဓဘာသာကို စော်ကားရာရောက်တဲ့ အပြုအမူတွေအပေါ် ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်လေ့ရှိပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းကလည်း Notthingham မြို့ သား Anthony Ratcliffe ကို ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင် ပါရှိမှုကြောင့် နိုင်ငံထဲ ၀င်ခွင့်တားမြစ်ခဲ့ပြီး ပြင်သစ်ခရီးသွားသုံးယောက်ကိုလည်း ဗုဒ္ဓရုပ်ပွားတော်ကို နမ်းရှုံ့ ခဲ့ မှုကြောင့် ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။



Thursday 24 April 2014









Posted: 23 Apr 2014 10:13 PM PDT


...ရေဝေးသုဿန်သမိုင်းကို ရိုက်ချိုးခဲ့သော ပြည်သူ့ဈာပနပွဲ...


၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၆း၃ဝ) နာရီအချိန်တွင် သံမဏိစိတ်ဓါတ်နှင့်လူသား ဟု တင်စား ခေါ်ဝေါ်နေကြသော ဟံသာဝတီ ဘဘ ဦးဝင်းတင် ၏ ဈာပနအခမ်းအနား အစီအစဉ်ပြုလုပ်ရန် ရန်ကုန်ဆေးရုံကြီး အဆောင် ၅/၆ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဘဘဦးတင်ဦးမှ ဦး ဆောင်၍ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီးနောက် ဘဘဦးဝင်းတင်၏ ရုပ်ခန္ဓာအား ရေဝေးသုသာန်သို့ သယ်ဆောင်ခဲ့ရာတွင် ကျွန်တော်သည် ရွှေတိဂုံစေတီတော်မြက်ကြီးအား ဦးခိုက်ပြီး ရွှေဂုံတိုင်ရှိ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် စက္ကန့်ပိုင်းမျှ ရပ်နား၍ ရေဝေးသုသာန် အအေးခန်းသို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်ကြီးဖြင့် ပို့ဆောင်ပေးခဲ့သည်။

ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည့် အစီအစဉ်နှင့် ဂူသွင်းမည့်နေရာအား ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့နှင့် ကာယကံရှင် မိသားစုတို့မှ ညှိနှိုင်းဆောင်ရွက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသား/သူများတို့သည် အသင်းရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အသင်းရုံး ချုပ်သို့ရောက်သည်နှင့် တပြိုင်နက်တည်း ဘဘ ဦးဝင်းတင် ၏ ဈာပနတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ တာဝန်ယူဆောင်ရွက်မည့် နိဗ္ဗာန်ယာဉ်၊ Cool Box ၊ အုတ်ဂူမြေနေရာကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ပြီး ဘဘ၏ ရုပ်ခန္ဓာအား ထည့်သွင်းနိုင်ရန် အခေါင်းသေတ္တာများအား မိသားစုဝင် များတို့မှ ရွေးချယ်မှုပြုလုပ်ရာတွင် ဘဘ၏ ခန္ဓာကိုယ် အချိုးအစား၊ အတိုင်းအထွာအရ ကျွန်တော် ကိုယ်တိုင် ဝင်ရောက်စေကာ တိုင်းထွာပြခဲ့ပြီး ရိုးရှင်းမှုသာနှစ်သက်သည့် ဘဘအတွက် သာမန်ကျွန်း အခေါင်းသာ ရွေးချယ်အသုံးပြုခဲ့သည်။

ယနေ့ ၂၃.၄.၂ဝ၁၄ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စီစဉ်ထားသော ဘဘ ဦးဝင်းတင် အား လွမ်းဆွတ်အောင့်မေ့ခြင်း၊ လွမ်းသူ့ပန်းခြင်းများအား ပြည်လမ်းရှိ ယုဒသာန်ခန်းမသို့ ပို့ဆောင်ပေးခြင်း၊ ဂရပ်ဖတီ အာကာကျော် တစ်ညအတွင်းအပြီး ရေးဆွဲထားသော ဘဘဦးဝင်းတင်၏ ပန်းချီကားအား ယုဒသာန်ခန်းမသို့ ပို့ ဆောင်ခြင်း၊ ဘဘ၏ ရုပ်ခန္ဓာအားသယ်ဆောင်မည့် နိဗ္ဗာန်ယာဉ်တွင်လည်း ဘဘ၏ ပန်းချီကားချိတ် ဆွဲခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင် များမှ ဈာပနအခမ်း အနားသို့ တက်ရောက်လာမည့် ကျောင်းသားလူငယ်၊ ပြည်သူလူထုတို့အတွက် အရေးပေါ် ကျန်းမာ ရေးစောင့်ရှောက်မှုပေးရန် လူနာတင်ယာဉ်နှစ်စီးဖြင့် ရေဝေးသုသာန်တွင် တာဝန်ချစေလွှတ်ထားခြင်း၊ ရွှေစင်စကြာင်္ ခရီးသွားမော်တော်ယာဉ်လိုင်းမိသားစုမှ ထုတ်လုပ်ဖြန့်ချီ လှူဒါန်းသော 600 ML ကျော် လွှားသောက်ရေသန့်ဘူး (၃ဝဝဝ) အား ဘဘ ဦးဝင်းတင် ၏ ဈာပနသို့ လိုက်ပါပို့ဆောင်သူများအား ဝေငှပေးနိုင်ရန် ဆောင်ရွက်ခဲ့သည်။ ထို့နောက် နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်မှ ရေဝေးသုသာန်သို့ နိဗ္ဗာန်ယာဉ်ကြီး မောင်းနှင်ခဲ့တော့သည်။

ဈာပနပို့ဆောင်လာကြသော ကြက်ပျံမကျများပြားလှသည့် မိဘပြည်သူလူထုနှင့် မော်တော် ယာဉ်များပိတ်ဆို့နေသည့် လမ်းကြောင်းအတွင်းသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့ရာ ရေဝေးသုသာန် ခန်းမ (၁/က) အရောက်တွင် နိဗ္ဗာန်ယာဉ်ကြီးသည် စက်သေ၍ ထိုးရပ်သွားခဲ့ပြီး ဆက်လက်မောင်း နှင်၍ မရချေ။ စက်ပြင်များခေါ်ယူ၍ ပြင်ဆင်သော်လည်း မော်တော်ယာဉ်ကြီးမှာ မည်သို့မျှ ပြန်လည် စက်နှိုး၍ မရချေ။ ထိုအချိန်သည်ကား နေ့လည် (၃းဝဝ) နာရီအချိန်ဖြစ်နေပေပြီ။ ဘဘ၏ ရုပ်ခန္ဓာအား ဂူသွင်းမည့် အုပ်ဂူသို့ ပို့ဆောင်ရမည့်အချိန်မှာ ညနေ (၅းဝဝ) နာရီဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်တစီးအား ထပ်မံစေလွှတ်၍ ဘဘဦးဝင်းတင်၏ ရုပ် ခန္ဓာအား အချိန်မှီမော်တော်ယာဉ်၍ ဂူသွင်းမည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။

ေaရဝေးသုသာန်၌ ပူပြင်းလှသော ရာသီဥတုကြောင့် မူးမေ့သွားသော အမျိုးသမီးလူနာနှစ်ဦးအား အရေးပေါ်လူနာတင် ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ဈာပနအခမ်းအနားသို့ တက်ရောက်ဂါရဝပြုကြသည့် ကျောင်းသား လူငယ်၊ ပြည်သူလူထု၊ နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့များအား ဓါတ်ဆားဖျော်ရေများ ဖျော်၍ဝေငှပေးခဲ့ သည်။

ထို့အပြင် မြန်မာနိုင်ငံတွင်ပြုလုပ်သော သာရေး/နာရေး အခမ်းအနားများ၊ တွေ့ဆုံပွဲများ၊ လူထု အစည်းအဝေးပွဲများတွင် မြန်မာပြည်သူလူထု အများစု သတိမထားမိသော အကျင့်ပါနေသော စွန့်ပစ် အမှိုက်များကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် မှဦးဆောင်၍ အမှိုက်များအား လိုက်လံကောက် သိမ်းပေးခြင်းတို့လည်း ပြုလုပ်ခဲ့သည်။

ထိုမျှစည်ကားလှသော တစ် ကြိမ်တစ်ခါမှ မတွေ့မကြုံဖူးသော၊ နိုင်ငံ့အကျိုးသယ်ပိုးသော၊ နိုင်ငံအပေါ်သစ္စာရှိရှိ ပြည်သူအကျိုးလို လားသော၊ အမှန်တရားဘက်က ရပ်တည်သော၊ အကြောက်တရားမရှိသော သံမဏိစိတ်ဓါတ်လူသား ဟံသာဝတီ ဘဘ ဦးဝင်းတင်၏ နောက်ဆုံးဈာပန အခမ်းအနားကြီးတွင် နိုင်ငံတော်တာဝန်ရှိသူများ၊ လူကြီးများအား လုံးဝ(လုံးဝ) မတွေ့ရှိရခြင်းမှာ အင်မတန်မှ ထူးခြားနေလေသည်။ ထိုလူကြီးများ အမှန် တရားအား မချစ်မြတ်နိုး၍လား..?၊ အမှန်တရားချစ်မြတ်နိုးသူ၏ မျက်နှာအားမကြည့်ဝံ့၊ မမြင်ဝံ့၊ ရင် မဆိုင်ဝံ့၍လေလား..? တော့မသိပေ။

မော်တော်ယာဉ်တန်းများ၊ လူစုလူဝေးများအား စနစ်တကျ လိုက် ပါပို့ဆောင်နိုင်ကြရန် နှိုးဆော်ခြင်းအား ပြည်သူလူထုနှင့် ကျောင်းသားလူငယ်၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းတို့မှ မိမိတို့၏ ကိုယ်ပိုင် အသိစိတ်ဓါတ်တို့ဖြင့် ဦးဆောင်ပြုလုပ်သော အောင်မြင် စွာပြီးဆုံးခဲ့သော ဈာပနပွဲကြီးဖြစ်သည်။ ထိုဈာပနပွဲကြီးအပြီးတွင် ကျွန်တော် အတွေးတစ်ခုရလိုက် သည်။

သံမဏိစိတ်ဓါတ်သူသားကြီး ဟံသာဝတီ ဘဘဦးဝင်းတင် တစ်ယောက် ကျွန်တော်တို့ ပြည်သူ လူထု၊ ကျောင်းသားလူငယ်၊ နိုင်ငံရေးအဖွဲ့အစည်းများအား စိတ်မချ၍များ ကျွန်တော်တို့၏ နိဗ္ဗာန် ယာဉ်ကြီး ရေဝေးသုသာန်မှ ဂူသွင်းရာနေရာသို့ မောင်းနှင်၍ မရခြင်းများလား၍ပင်ဖြစ်သည်။

ကျွန် တော်သည် ဘဘ ဦးဝင်တင် အား တိုင်တည်ကတိပေးလိုက်မိသည်။ "ဘဘ၏ ခိုင်မာပြတ်သားသော စိတ်ဓါတ်၊ တည်ကြည် သန့်ရှင်းသော ရဲသွေး၊ အမှန်တရားအား အကြောက်တရားမရှိ ရင်ဆိုင်နိုင်သော စိတ်ဓါတ်၊ အများအကျိုးအတွက် စည်းလုံးညီညွတ်စွာ ဦးဆောင်နိုင်သော ခွန်အားတို့သည် ကျွန်တော် တို့နှင့်အတူ ကျောင်းသားလူငယ်၊ ပြည်သူလူထုတို့၏ အသွေးထဲအသားထဲစီးဝင် ရှင်သန်နေသည်ကို ဘဘ၏ ဈာပန အခမ်းအနား၍ သက်သေပြုသွားနိုင်သည်ဟုပင် ဖြစ်တော့သည်။

ရေဝေးသုဿန်သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ ဤမျှလောက်စည်ကားမှုကိုကား မမြင်မတွေ့မိ ချေ။ ထို့ကြောင့် ရေဝေးသုဿန်သမိုင်းအား ရိုက်ချိုးခဲ့သော ပြည်သူများ၏ ကြေကွဲစွာဖြင့် သူရဲကောင်း ၊ ပြည်သူများ၏ စံပြအာဇာနည်ကြီး၏ ပြည်သူ့ဈာပနပွဲဟူ၍ ဂုဏ်ပြုဦးညွှတ်လိုက်ရပါတော့သည်။

ေေ
ကျော်သူ
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

Tuesday 15 April 2014

"Daw Aung San Suu kyi meet with myanmar families in Berlin, Germany 2014"





©2014 YouTube, LLC 901 Cherry Ave, San Bruno, CA 94066

"Aung San Suu Kyi receive Willy Brandt Prize 2014 , Berlin"





moelay1310@gmail.com has shared a video with you on YouTube


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျာမဏီနိုင်ငံဘာလင်မြို့တွင် ၂၀၁၄ ခုနှစ်အတွက် ဂျာမဏီအစိုးရမှ ချီးမြှင့်သော ဝီလီဘရန့် ဆုကို ကိုယ်တိုင်လက်ခံယူခြင်းအခမ်းအနား။
©2014 YouTube, LLC 901 Cherry Ave, San Bruno, CA 94066

"Germany President Speeches at University of Yangon"





moelay1310@gmail.com has shared a video with you on YouTube


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမနီနိုင်ငံသမ္မတ ဂျိုဝါဟင်- ဂေါက်ခ် ဟာ ဒီကနေ့ ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မစ္စတာ ဂျိုဝါဟင်- ဂေါက်ခ်ဟာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲနဲ့ ပတ်သက်လို့ ချီးကျူးပြောဆိုခဲ့သလို၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ခက်ခဲတဲ့ အကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က ကောက်နှုတ် တင်ပြထားပါတယ်။
©2014 YouTube, LLC 901 Cherry Ave, San Bruno, CA 94066

DVB - ဂျာမဏီနိုင်ငံ အဓိပတိနဲ့  ဒေါ်အောင်ဆန်းစုကြည်တွေ့ ဆုံ"






moelay1310@gmail.com has shared a video with you on YouTube


ဂျာမနီနိုင်ငံ အဓိပတိ အန်ဂဲလာ မာကဲ က မြန်မာ့အတိုက်အခံ ခေါင်းဆောင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလင်မြို့မှာ ကြာသာပတေးနေ့ က လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဦးရွှေအောင် သတင်းပေးပို့ ထားပါတယ်။ DVB TV - 11.04.2014
©2014 YouTube, LLC 901 Cherry Ave, San Bruno, CA 94066

"Daw Suu Kicks Off her Germany Trip, Makes Wish for Journalists"





moelay1310@gmail.com has shared a video with you on YouTube


ဂျာ​မ​နီ​နဲ့ြ​ပင်သစ်ကိုေ​ဒါ်​စု​ခရီး​ထွ​က်၊ေ​လ​ဆိပ်မှာ ဘာြေ​ပာ​ခဲ့​လဲ

ဂျာ​မ​နီ​သမ္မ​တ​ရဲ့​​ဖိ​တ်ြ​ကားချက်နဲ့​ ဘာ​လ​င်ြ​မို့ေ​တာ်​ကို သွား​ဖို့​ ဒီ​မို​ကေ​ရ​စီ​ေ​ခါ​င​္းေ​ဆာ​င​္ ေ​ဒ​ၚေ​အာင္ဆ​န​္း​စု​ၾ​ကည္ဟာ ဧ​ၿ​ပီ ၉​ရ​က​္ေ​န​႔​ည​မွာ​ေ​တာ့ ရန္ကု​န​္ေ​လ​ဆိပ္ကေ​န ခရီး​စ​တင္ထြက္ခြာ​ခဲ့​ပါ​တ​ယ်။ အတာ​ကူး​မ​ယ့်​အချိ​န်ြ​မန်မာြ​ပည်သူေ​တွ​အတွ​က်ေ​လ​ဆိပ်မှာ ဘာြေ​ပာ​ခဲ့​လဲ။
©2014 YouTube, LLC 901 Cherry Ave, San Bruno, CA 94066