Thursday 31 July 2014


AGD ဘဏ် ရှယ်ယာလွှဲပြောင်းရေးသည် ငွေဖြူ ဟုတ် မဟုတ်နှင့် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေအရ ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန် အစိုးရနှင့်လွှတ်တော်၌ တာဝန်ရှိလာ
Published on: July 23, 2014
Written by: 
သတင်းအယ်ဒီတာအဖွဲ့
The Messenger ဂျာနယ်တွင် AGD ဘဏ် ရှယ်ယာများအား ၀ယ်ယူထားမှုနှင့်ပတ်သက်၍ ဦးကျော်နေ၀င်း၏ ပြောကြားချက်များကို ဖော်ပြထားစဉ် (ယာ)၊ ကမာရွတ်မြို့နယ်ရှိ AGDဘဏ် (၀ဲ)
သတင်းဆောင်းပါး
  
AGD ဘဏ် ရှယ်ယာလွှဲပြောင်းရေးသည် ငွေဖြူ  ဟုတ် မဟုတ်နှင့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေအရ ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန် အစိုးရနှင့်လွှတ်တော်၌ တာဝန်ရှိလာကြောင်း တိုက်တွန်းပြောဆိုချက်များ ထွက်ပေါ်လျက်ရှိသည်။
  
အဆိုပါ တိုက်တွန်းပြောဆိုချက်များသည် ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်ထုတ် The Messenger သတင်းဂျာနယ် အတွဲ ၅၊ အမှတ် ၈ ၌ ဦးနေ၀င်း၏မြေး ဦးကျော်နေ၀င်းနှင့် တွေ့ဆုံမေးမြန်းခြင်းကို ဖော်ပြခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
  
The Messenger သတင်းဂျာနယ်နှင့် ဦးကျော်နေ၀င်းတို့ တွေ့ဆုံမေးမြန်းချက်၌ ဦးကျော်နေ၀င်းက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏စီးပွားရေးရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံရင်းနှီးမြှုပ်နှံရန် ကြိုးစားနေပြီး ဦးတေဇပိုင်ဆိုင်သော AGD ဘဏ်၏ အစုရှယ်ယာ ရာခိုင်နှုန်း ၆၀ ကို ၀ယ်ယူထားပြီး ၈၅ ရာခိုင်နှုန်းအထိဝယ်ယူရန် ပြင်ဆင်ထားသည်ဟုဆိုသည်။

"ကျွန်တော်အပါအ၀င် ကျွန်တော့် Group က ၆၀ ရာခိုင်နှုန်းအစုယူထားတယ်။ ၆၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းအထိ ကျွန်တော်တို့ယူဖို့ အစီအစဉ်ရှိတယ်" ဟု ဦးကျော်နေ၀င်းက The Messenger သို့ပြောကြားခဲ့သည်။
  
ဇူလိုင် ၂၂ ရက်ထုတ် 7 Day သတင်းစာတွင် "AGD ဘဏ်အစုရှယ်ယာကိစ္စ ဘဏ်တာဝန်ရှိသူများနှင့် ဦးနေ၀င်းမြေးတို့ကြား ပြောဆိုချက်များကွဲလွဲနေ" သတင်းဖော်ပြခဲ့ပြီး AGD ဘဏ်၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကိုသာ ဦးကျော်နေ၀င်းသို့ ရောင်းချထားခြင်းဖြစ်ကြောင်း AGD ဘဏ် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးဝေလင်းဦး၏ပြောကြားချက်ကို ဖော်ပြခဲ့သည်။ ဗဟိုဘဏ်၏သတ်မှတ်ချက်အရ ၁၅ ရာခိုင်နှုန်းသာခွင့်ပြုသဖြင့် ထိုပမာဏကိုသာ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဦးဝေလင်းဦးက ဆက်လက်ပြောကြားသည်။ ထိုသတင်းမှာပင် ဦးကျော်နေ၀င်းက ၆၀ ရာခိုင်နှုန်းဝယ်ထားပြီး ဖြစ်ကြောင်းနှင့် ၈၅ ရာခိုင်နှုန်းအထိ ၀ယ်ယူရန်ရှိသည်ဟု အခိုင်အမာထည့်သွင်းပြောကြားခဲ့သည်။
  
The Daily Eleven သို့ဖြေကြားခဲ့သော AGD ဘဏ်မှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ AGD ဘဏ်တွင် စုစုပေါင်းအစုရှယ်ယာ ၆၁၀၀၀၀ ကျော်ရှိကြောင်း၊ လက်ရှိတွင် ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် အစုရှယ်ယာ ၉၀၀၀၀ ကို ရောင်းချပြီးဖြစ်ကြောင်းသိရသည်။
  
လက်ရှိရောင်းချပြီး အစုရှယ်ယာ ၉၀၀၀၀ ကို Mikko အုပ်စုမှ ဦးယဉ်ထွေး၊ ဒေါ်ခင်ဝင်းမော်၊ ဦးသူရမြင့်တို့က အများဆုံးဝယ်ယူခြင်းဖြစ်ပြီး ဦးကျော်နေ၀င်းက ၁၀ ပုံ တစ်ပုံဖြစ်သော ပမာဏ (၉၀၀၀ ဟု စုံစမ်းသိရှိရ)ကို ၀ယ်ယူခဲ့ခြင်းဟု သိရသည်။
  
ဦးကျော်နေ၀င်း၏ပြောကြားချက်များအရ AGD ဘဏ်၏ အစုရှယ်ယာ ရာခိုင်နှုန်း ၆၀ ကိုဝယ်ယူထားပြီးဖြစ်သည်ဆိုပါက အဆိုပါဝယ်ယူမှု ငွေကြေးပမာဏမှာ ငွေကျပ် ၁၅၀ ဘီလျံဖြစ်သည်ဟု သတင်းထွက်ပေါ်ခဲ့သဖြင့် ထိုငွေကြေးအတွက် ရရှိသော ၀င်ငွေ၊ အခွန်ဆောင်မှုမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။
  
၂၀၀၂ ခုနှစ်မှ ၂၀၁၂ ခုနှစ် ၁၀ နှစ်ကျော်ကာလအတွင်း ဦးကျော်နေ၀င်းမိသားစုအနေဖြင့် ၀င်ငွေရရှိသည့် စီးပွားလုပ်ငန်းလုပ်ကိုင်ခွင့်မရှိခဲ့ဘဲ ၂၀၁၂ ခုနှစ်နောက်ပိုင်း ခရီးသည်သယ်ယူပို့ဆောင်ရေး ဘတ်စ်ကားယာဉ်လိုင်းတစ်ခုကို လုပ်ကိုင်ခဲ့သည့်တိုင် ထိုလုပ်ငန်းမှာ အရှုံးပေါ်ခဲ့သည်။ ထိုသို့အရှုံးပေါ်ခဲ့သည့်အကြောင်းကိုလည်း ဦးကျော်နေ၀င်းက The Messenger ဂျာနယ်တွင် တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။
  
ထို့အတူ အခြားအခြားသောလုပ်ငန်းများ၌ ရှယ်ယာထည့်ဝင်လုပ်ကိုင်ခြင်းများရှိသည်ဟုဆိုသော်လည်း ထိုလုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းအမည်များနှင့် အခွန်ဆောင်မှုပမာဏများကို တိတိကျကျ သိရှိရခြင်းမရှိပေ။

The Messenger ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းမှု၌ "ကျွန်တော်တို့မှာ ပိုက်ဆံရှိတာမဟုတ်ဘူး" ဟု ဦးကျော်နေ၀င်းက ပြောကြားခဲ့သည်။   
  
ဦးကျော်နေ၀င်းနည်းတူ AGD ဘဏ်၏ အစုရှယ်ယာအများစုကို ၀ယ်ယူခဲ့သည်ဆိုသော Mikko အုပ်စု၏ အခွန်ငွေပေးဆောင်မှုမှာလည်း အခွန်ဆောင်မှုအများဆုံး ထိပ်တန်းကုမ္ပဏီများစာရင်း၌ ရှိမနေကြောင်း စုံစမ်းသိရှိရသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ AGD ဘဏ်အဆောက်အအုံအား တွေ့ရစဉ်
  
AGD ဘဏ်၏ ထုတ်ဖော်ပြောဆိုချက်များအရ ဘဏ်၏ရှယ်ယာအများစုကို Mikko အုပ်စုမှ ၀ယ်ယူထားသည်ဟုဆိုသည်။ ဦးကျော်နေ၀င်းကမူ AGD ဘဏ်၏ ရှယ်ယာရာခိုင်နှုန်း ၆၀ ကို ၀ယ်ယူထားပြီး ၈၅ ရာခိုင်နှုန်းအထိ ၀ယ်ယူမည်ဟုဆိုသည်။ ထိုသို့ပြောဆိုရာတွင် ၎င်းတစ်ဦးတည်းဝယ်ယူမည်ဟု ပြောဆိုခြင်းမဟုတ်ဘဲ ၎င်းအပါအ၀င် ၎င်း၏ Group ဟုပြောဆိုထားသဖြင့် ဦးကျော်နေ၀င်းနှင့် Mikko အုပ်စုတို့၏ ဆက်စပ်မှုမှာလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။
  
ထိုကိစ္စများထက် ပို၍မေးခွန်းထုတ်စရာကောင်းသည့်အချက်မှာ ဦးကျော်နေ၀င်းက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍသို့ဝင်ရောက်ရန် ပြင်ဆင်နေပြီး ထိုသို့ဝင်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့မှုကို တရုတ်ကုမ္ပဏီဖြစ်သော CCOEC (China National Corporation For Overseas Economic Cooperation) က ပေးအပ်မည်ဟုဆိုသည်။ CCOEC ကုမ္ပဏီက ဦးကျော်နေ၀င်းတို့အား အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံပေးအပ်မည်ဖြစ်ပြီး ထိုငွေပမာဏအတွက် Date ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလအထိ ပေးထားသည့်အပြင် သက်တမ်းထပ်တိုးနိုင်မည့်အပြင် လိုအပ်မည်ဆိုပါက ငွေပမာဏကိုလည်း ထပ်တိုးနိုင်မည်ဟု ဦးကျော်နေ၀င်းက The Messenger သို့ပြောကြားသည်။ CCOEC ကုမ္ပဏီသည် အာဏာရှင်ဟောင်းဦးနေ၀င်းနှင့်ရင်းနှီးသည့် ကုမ္ပဏီဖြစ်သည်ဟု ဦးကျော်နေ၀င်းကဆိုသည်။
  
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၄၅ ဘီလျံမှ ၄၇ ဘီလျံအကြားရှိထားသည်ဟု ပြောဆိုနေချိန်၌ ထိုငွေပမာဏ၏ ရာခိုင်နှုန်း ၁၀ ကျော်ရှိသော ငွေပမာဏသစ် ထပ်မံဝင်ရောက်မည့်အခြေအနေကို ဆန်းစစ်ရန်မှာ ဗဟိုဘဏ်နှင့် အစိုးရတွင် တာဝန်ရှိနေသည်ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
  
"AGD ဘဏ်က ရှယ်ယာတွေကို သူတို့ဝယ်လိုက်တယ်။ ဘယ်လိုပုံစံနဲ့ဝယ်တယ်ဆိုတာ သိရတာကောင်းတယ်။ ကျန်တာကိုတော့ ဗဟိုဘဏ်ကပဲ တာဝန်ယူရတော့မယ်။ ဗဟိုဘဏ်ကို အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့အတွက် အရင်ကနဲ့တူတဲ့ လုပ်ဆောင်မှုတွေရှိမှာမဟုတ်ဘူးလို့ ယူဆရတယ်။ ဒီကိစ္စမှာ ဗဟိုဘဏ်အပြင် အစိုးရအပေါ်မှာလည်း တာဝန်ရှိတယ်" ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
  
"ကျွန်တော်ထင်တယ်။ အဲ့ဒီ့ကိစ္စတွေလုပ်ရမှာက ဗဟိုဘဏ်ကနေပြီး ဒီကိစ္စကို Investigate လုပ်ပြီးတော့ သူတို့ရဲ့လုပ်ဆောင်ရမယ့် ၀တ္တရားတွေကို အတိအကျ လုပ်ဆောင်သင့်တယ်လို့ ကျွန်တော်တော့မြင်ပါတယ်။ တိုင်းပြည်တစ်ပြည်မှာ အာဏာရှင်ဟောင်းမိသားစုတစ်စုက ၄ ဒသမ ၉ ဘီလျံကို သူ့အဖိုးနဲ့သိလို့ရခဲ့တယ်။ နောက် invest လုပ်မယ်လို့ပြောတယ်ဆိုတာကတော့ ဒါတော့မေးခွန်းထုတ်စရာ အများကြီးရှိသွားပါပြီ။ အဲ့ဒါကို အဓိကလုပ်ရမယ့်သူတွေကတော့ မီဒီယာတွေက တာဝန်ကျေစွာနဲ့ မေးခွန်းထုတ်ပါတယ်။ ဒါပေမဲ့ တကယ့်တကယ်အကောင်အထည်ဖော်ပြီး Investigate လုပ်ရမှာ၊ ဆောင်ရွက်စရာရှိတာတွေကိုလုပ်ရမှာက အစိုးရနဲ့ဗဟိုဘဏ်ပဲ ဖြစ်ပါတယ်" ဟု ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်က ပြောကြားသည်။
  
ဦးကျော်နေ၀င်းက AGD ဘဏ်မှရှယ်ယာများဝယ်ယူခြင်းအတွက် ငွေဖြူပြခြင်းကို မည်သည့်ငွေဖြင့် လုပ်ဆောင်မည်ဆိုခြင်းအား တိတိကျကျပြောဆိုထားခြင်းမရှိသော်လည်း လျှပ်စစ်ထုတ်လုပ်ရန်အတွက် လိုအပ်သောငွေကြေးကို CCOEC မှပေးသော အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံဖြင့် လုပ်ဆောင်မည်ဟုဆိုသည်။
  
ဦးနေ၀င်း၏မိသားစုဝင်များအနက် ဦးနေ၀င်း၏သမက်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့်သားများဖြစ်သည့် ဦးကျော်နေ၀င်း၊ ဦးအေးနေ၀င်း၊ ဦးဇွဲနေ၀င်းတို့မှာ ၂၀၀၂ ခုနှစ်တွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်အတွင်း ၁၀ နှစ်ကျော်နေထိုင်ခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ် နှင့် ၂၀၁၃ ခုနှစ်တို့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူများဖြစ်သည်။ ထိုကာလများအတွင်း ဦးနေ၀င်း၏သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းမှာလည်း နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသူဖြစ်သည်။
  
၎င်းတို့အကျဉ်းကျခံနေရစဉ်အချိန်များနှင့် ပြန်လည်လွတ်မြောက်ချိန်နောက်ပိုင်း လုပ်ကိုင်ခဲ့သည့် လုပ်ငန်းများမှရရှိသောဝင်ငွေသည် ပြောစမှတ်ပြုရသည်အထိ သတင်းထွက်ပေါ်ခဲ့ခြင်းမရှိသော်လည်း ယခုကဲ့သို့ AGD ဘဏ်မှ ရှယ်ယာများကို ၀ယ်ယူလိုက်ခြင်း၊ တရုတ်ကုမ္ပဏီ CCOEC ထံမှ ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံကို "အဘိုးနှင့်ရင်းနှီးမှုရှိသည်၊ ၎င်းတို့ကိုယုံကြည်သည်" ဆိုသောအကြောင်းပြချက်ဖြင့် ရရှိခဲ့ခြင်းဆိုသည်မှာ အများပြည်သူအကြားတွင် အံ့အားသင့်စရာဖြစ်ခဲ့ရသည်။ နိုင်ငံရေးဆောင်းပါးများရေးသားနေသည့် စာရေးဆရာ ထင်လင်းဦး (Wisdom Villa) က ယခုရက်ပိုင်းအတွင်း ဦးကျော်နေ၀င်းတို့၏ လှုပ်ရှားမှုနှင့် ထုတ်ဖော်ပြောဆိုမှုများသည် မြန်မာပြည်သူများအတွက် အကြီးဆုံးပြဿ    နာဖြစ်လာသည်ဟု ဆိုပါသည်။
  
"တိုင်းပြည်အတွက် ထောင်ကျသွားတဲ့သူတွေ အများကြီးပါပဲ။ ထောင်ကျသွားတော့ အပြင်မှာ ငတ်ငတ်ပြတ်ပြတ်နဲ့နေရတယ်။ ကိုယ်ကျိုးရှာပြီး ထောင်ကျသွားတဲ့သူတွေကျတော့ ထောင်ထဲကထွက်လာတဲ့အခါ ဘဏ်ပိုင်ရှင်တွေဖြစ်သွားတယ်။ ဒါတွေက မရိုးသားဘူးဆိုတာထင်ရှားတယ်။ ထောင်ထဲကထွက်လာပြီးမှ ဒီငွေကြေးတွေက သူတို့ဘဏ်စာရင်းထဲကို ရောက်သွားတာလား။ ဒါမှမဟုတ် သူတို့ရဲ့အဘိုး ဦးနေ၀င်း မဆလခေတ်ကလုပ်ခဲ့တဲ့ ကိစ္စတစ်ခုရှိတယ်။ ၁၉၈၇ ခုနှစ် စက်တင်ဘာလမှာလုပ်ခဲ့တာ။ တို့နိုင်ငံထဲက ပြည်တွင်းသုံးငွေတွေကို တရားမ၀င်ငွေကြေးဆိုပြီး ကြေညာတာ။ သူတို့ကဘာအကြောင်းပြလဲဆိုတော့  နိုင်ငံထဲကို ငွေစက္ကူအတုတွေဝင်လာလို့တဲ့။  ဒါပေမဲ့ နိုင်ငံထဲမှာ လှည့်ပတ်စီးဆင်းတဲ့ငွေဆိုတာက ပြည်သူတွေလက်ထဲက ဘီလျံပေါင်းများပဲ။ ဒီငွေတွေကို တရားမ၀င်ဘူးကြေညာလိုက်တဲ့အခါ ငွေတွေအားလုံး အလဟဿ     ဖြစ်သွားတယ်။ ဒီငွေကြေးတွေဘယ်ရောက်သွားလဲဆိုတာ တစ်ချိန်လုံးဖြစ်နေခဲ့တဲ့ သံသယပဲ။ အခုတော့ တစ်စခန်းထလာတယ်လို့ပဲ တွေးရတာပေါ့" ဟု ဦးထင်လင်း ဦး(Wisdom Villa) ကဆိုသည်။
  
အမှန်တကယ်အားဖြင့်လည်း ဦးနေ၀င်းသည် တိုင်းပြည်ဘဏ္ဍာငွေများကို မိမိပိုင်ငွေကြေးသဖွယ်သုံးစွဲခဲ့ပြီး ၎င်းကိုယ်ကျိုးအတွက် အသုံးပြုခဲ့သည့်အချက်များမှာ သမိုင်းစာမျက်နှာတွင် မှတ်တမ်းများအဖြစ် ရှိနေခဲ့ပြီးဖြစ်သည်။
  
"ဦးနေ၀င်းကတော့ အရင်တုန်းကတော့ ဗိုလ်ချုပ်ကြီးနေ၀င်း၊ သူက ဆိုရှယ်လစ်ခေတ်ကတည်းကိုက သူတိုင်းပြည်ဆင်းရဲနေတဲ့ကြားမှာတောင်မှ လေယာဉ်ပျံငှားပြီးတော့ Charter Flight နဲ့ ဥရောပနိုင်ငံတွေသွားတယ်။ ဂျာမနီသွားတယ်။ သြစတြီးယားသွားတယ်။ လန်ဒန်သွားတယ်။ ပြီးတော့အပန်းဖြေတယ်ဆိုတဲ့ သာဓကတွေက အများကြီးရှိခဲ့တယ်လေ။ နောက်သူ့လက်ရုံး Charter Flight တွေမောင်းခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေ၊ ပိုင်းလော့တွေနဲ့တောင်မှ ကျွန်တော်တို့စကားပြောဖူးတာပဲလေ။ အသေအချာကို တခမ်းတနားနဲ့ နိုင်ငံတော်ဘဏ္ဍာဆိုတာကို သုံးပြီးသွားတာပဲလေ" ဟု ဆိုရှယ်လစ်ခေတ် အာဏာရှင်များအကြောင်းကို အစဉ်တစိုက်လေ့လာရေးသားမှုများပြုလုပ်နေသော ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်က ပြောကြားသည်။
  
ဦးနေ၀င်းသည် နိုင်ငံခြားခရီးစဉ်များ သွားရောက်ချိန်တိုင်း မိမိကိုယ်မိမိ လူချမ်းသာတစ်ဦးအသွင်ပြသလေ့ရှိပြီး ဥရောပအပါအ၀င် နိုင်ငံအချို့တွင် ကျောက်မျက်ရတနာအရောင်းဆိုင်များဖွင့်ထားသည်ဆိုသော မှတ်တမ်းများမှာလည်း မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းကို ရေးသားသည့် စာအုပ်များ၌ ထည့်သွင်းဖော်ပြခဲ့သည်။
  
၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းကထွက်ရှိခဲ့ပြီး စာရေးဆရာအောင်စွမ်းရေးသားခဲ့သည့် "အာဏာရှင်ခေတ်ကျော်ကြားခဲ့သော ဆရာတပည့်နှစ်ဦး" စာအုပ်တွင်လည်း ဦးနေ၀င်းသည် ၎င်းလက်ထက်တွင် ကျောက်မျက်ရတနာပြပွဲများကို နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ထိုပြပွဲများသည် ၎င်းပိုင်ဆိုင်သောပစ္စည်းများကို လေလံပစ်သလိုဖြစ်ခဲ့ကြောင်း ကြားသိရသည်ဟု ဖော်ပြခဲ့သည်။
ထို့အတူ လေလံပစ်ရန်ပြုလုပ်ထားသည့်  ကျောက်မျက်ရတနာများအနက် ထက်ဝက်ခန့်ကိုသာရောင်းချရပြီး ကျန်ထက်ဝက်ခန့်ကို ဆွစ်ဇာလန်မှ ဦးနေ၀င်း၏မိတ်ဆွေ ကျောက်ကုန်သည်ထံသို့ ကော်မရှင်ဖြင့်ရောင်းရန် ပို့ရကြောင်းနှင့် ထိုပစ္စည်းများ မည်မျှရောင်းချရ၍ နိုင်ငံအတွက် မည်မျှဝင်ငွေရရှိသည်ဆိုခြင်းကို ထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း စာအုပ်၌ရေးသားခဲ့သည်။      

ဦးနေ၀င်းသည် ၎င်းပိုင်ဆိုင်ထားသော ငွေကြေးမြောက်မြားစွာကို ဆွစ်ဇာလန်နိုင်ငံရှိဘဏ်များတွင် စာရင်းဖွင့်ထားကြောင်း၊ ဂျာမနီကဲ့သို့ နိုင်ငံများတွင် ကျောက်မျက်ရတနာဆိုင်များဖွင့်ထားကြောင်း သတင်းများရှိနေသော်လည်း ထိုသို့မရှိကြောင်း ဦးနေ၀င်း၏မြေး ဦးကျော်နေ၀င်းက The Messenger ၌ ပြောကြားသည်။

AGD ဘဏ်၌ ဘဏ်လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရစဉ်
  
ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်က ဆွစ်ဇာလန်ဘဏ်တွင် ဦးနေ၀င်းက ငွေစာရင်းဖွင့်ထားကြောင်း ပြောဆိုနိုင်သည့် အထောက်အထား ၎င်းတွင်ရှိသည်ဟုဆိုပါသည်။
  
"ဆွဇ်ဘဏ်မှာရှိတဲ့ငွေနဲ့ပတ်သက်ပြီးတော့ amount ပမာဏကို ကျွန်တော်တို့မသိရသော်လည်းဘဲ ကျွန်တော်တို့ မျက်မှန်တင်ဦး အရင်တုန်းက ထောက်လှမ်းရေးဦးစီးချုပ်ဟောင်းပေါ့။ ဦးနေ၀င်းကနေပဲ ပြန်ပြီးထောင်ချခဲ့တဲ့သူပေါ့။ သူ့ရဲ့လက်ရေးနဲ့ ရေးထားတဲ့စာတစ်ခု ကျွန်တော့်မှာရှိပါတယ်။ အဲ့ဒါသူ့ကို တရားစွဲစဉ်တုန်းက တရားရုံးလျှောက်လဲချက်တွေပါတာပေါ့နော်။ အားလုံးပေါင်း စာမျက်နှာပေါင်း ၂၀ ကျော်၊ ၃၀ လောက်ရှိမယ်ထင်တယ်။ အဲဒီအထဲမှာ စာတစ်ကြောင်းပါပါတယ်။ ဘာလဲဆိုတော့ ဦးနေ၀င်းရဲ့ အဲ့ဒီဆွဇ်ဘဏ်မှာ အပ်ထားတဲ့ငွေတွေပြန်ရဖို့ကိုလည်း မျက်မှန်တင်ဦးက ကူညီပြီးတော့ ဆောင်ရွက်ပေးခဲ့ဖူးပါတယ်ဆိုတာတွေ၊ mention လုပ်ထားတာတွေရှိပါတယ်။ ဒါဟာသာဓကတစ်ခုပဲဖြစ်ပါတယ်" ဟု ဦးအောင်ဇော်ကဆိုသည်။
  
ပြည်မြို့တွင် အခြေခံပညာအထက်တန်းအောင်မြင်ပြီး တက္ကသိုလ်တွင် နှစ်နှစ်နေထိုင်ကာ ရဲဘော်ဖြစ်သွားသည့် ဦးနေ၀င်းကဲ့သို့ လူတစ်ဦးသည် နိုင်ငံခြားဘဏ်တစ်ခုတွင် များပြားသောငွေများ စုနိုင်သည်ဆိုခြင်းမှာ မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။
  
"ပြည်သူ့အတွက် လုပ်ခဲ့တာလည်းမဟုတ်ဘူး။ သူလုပ်ခဲ့တာဆိုလို့ ပြည်သူပိုင်ပစ္စည်းတွေကိုယူခဲ့တာ၊ လုပ်ခဲ့တာပဲရှိတယ်။ ကျွန်တော်တို့သိရသလောက်တော့ ဦးနေ၀င်းသည် ဆိုရှယ်လစ်ကာလတစ်ခုလုံးမှာ ဆေးသွားကုတဲ့အခါတိုင်း ၊နိုင်ငံခြားသွားတဲ့အခါတိုင်းမှာ သူဟာအရှေ့တောင်အာရှနိုင်ငံတွေကိုသွားခဲ့တာထက်စာရင် ဥရောပနိုင်ငံအတော်များများကိုသွားပြီးတော့ လနဲ့ချီပြီးနေခဲ့တာပါ။ သြစတြီးယားတို့ ဂျာမနီတို့၊ နောက် အနောက်ဂျာမနီတို့၊ နောက်လန်ဒန်တို့ အဲ့ဒီ့ကိုသွားပြီး အဲဒီမှာရှိတဲ့ သူ့ရဲ့လေ့လာမှုတွေအကုန်လုံးကလည်း အဲဒီဘဏ္ဍာငွေနဲ့ပတ်သက်ပြီး အဲဒီထဲကနေပဲသူသုံးခဲ့တာပါ။ ဆိုတော့ ဒါဆိုရင်တော့ကျွန်တော်တို့ ခန့်မှန်းလို့ရပါတယ်။ သူဟာအာဏာရှင်တစ်ယောက်အနေနဲ့ ဘယ်လောက် corruption ရှိခဲ့တယ်ဆိုတာကို ခန့်မှန်းလို့ရတယ်" ဟု ဦးအောင်ဇော်က ဆက်လက်ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် အခြားသောဥပဒေများတွင် ပြဋ္ဌာန်းချက်များအရလည်း တိုင်းပြည်ဘဏ္ဍာငွေ အလွဲသုံးစားပြုခြင်း၊ ငွေကြေးခ၀ါချမှု၊ ငွေဖြူငွေမည်း ပြုလုပ်မှုများဖြင့် လုပ်ဆောင်သည့် မည်သည့်ကိစ္စရပ်ကို အချိန်ကာလစည်းမျဉ်းသတ်မှတ်ချက်မရှိဘဲ အရေးယူအပြစ်ပေးမှုများ ပြုလုပ်နိုင်ကြောင်း ဥပဒေပညာရှင်များက သတိပေးပြောကြားသည်။ ထို့ကြောင့် AGD ဘဏ်ကိစ္စသည် ပြည်သူများနှင့် နိုင်ငံတကာ စီးပွားရေးအသိုင်းအ၀ိုင်းအား မြန်မာနိုင်ငံ၏ ဘဏ်နှင့်ငွေကြေးစနစ်ခိုင်မာမှုကိုပြသရမည့် စမ်းသပ်မှုတစ်ခုဖြစ်သည်
ခြစားမှုများဖြင့် ဦးနေ၀င်းပိုင်ဆိုင်ခဲ့သည်များကို ၎င်း၏မိသားစုဝင်များက မည်မျှအထိ ရရှိခံစားနေရသည်ဆိုသည်နှင့် လက်ရှိအချိန်တွင် ပေါ်ပေါက်လာသော ဦးနေ၀င်းမိသားစုက အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံရင်းနှီးမြှုပ်နှံမည့်အပေါ် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံနိုင်မှုရှိရမည်ဟု အသံကောင်းဟစ်ကြွေးနေသည့် သမ္မတဦးသိန်းစိန်အစိုးရက မလွဲမသွေဖော်ထုတ်ရမည်ဟု ဦးအောင်ဇော်ကဆိုပါသည်။
  
"နောက်တစ်ခုက သိပ်စိတ်ဝင်စားဖို့ကောင်းတာက ဆူဟာတိုခေတ်တုန်းကလိုပဲ တကယ့် oligarchy တွေပဲ သူတို့တွေပြန်ပြီးတော့ ခေါင်းထောင်လာတာကို ကျွန်တော်တို့တွေ့ရတယ်။ ဆူဟာတိုတုန်းကလည်း ဆူဟာတိုမိသားစုနဲ့ သူ့ရဲ့သားသမီးတွေပဲ အခုအချိန်အထိ ကျိကျိတက်ချမ်းသာတဲ့လူတွေအဖြစ်နဲ့ ကျန်ခဲ့တယ်။ အခုအချိန်အထိလည်းသူတို့ပဲ။ အခုလည်း မြန်မာပြည်မှာဆို နောက်ဆုံးကျတော့ ဆူဟာတိုရဲ့ မိတ်ဆွေဟောင်းဖြစ်ခဲ့ဖူးတဲ့ အာဏာရှင်ဟောင်းဦးနေ၀င်းမိသားစုက အခုလိုခေါင်းပြန်ထောင်လာတယ်ဆိုတာကတော့ ဦးသိန်းစိန်အစိုးရအနေနဲ့ ဦးသိန်းစိန်ရဲ့ transparency ရှိရမယ်။  accountability ဆိုတဲ့ခေတ်ကြီးမှာမှ ခေါင်းပြန်ထောင်လာတာဆိုတော့ ရယ်စရာကြီးဖြစ်နေတာပေါ့" ဟု ဦးအောင်ဇော်က ပြောကြားသည်။        
  
ဦးနေ၀င်းမိသားစု တစ်ကျော့ပြန်ခေါင်းထောင်လာသည့်နည်းတူ ခေတ်အဆက်ဆက် တိုင်းပြည်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့မိသားစုဝင်များ ရင်းနှီးမြှုပ်နှံသုံးစွဲနေသည့် ငွေကြေးများမှာလည်း ငွေဖြူ  ဟုတ်၊ မဟုတ်စစ်ဆေးရန် သမ္မတဦးသိန်းစိန်အစိုးရ၌ တာဝန်ရှိနေသည်။
The Messenger သို့ပြောကြားခဲ့သည့်  ဦးကျော်နေ၀င်း၏ပြောစကားများထဲတွင် ထောင်မှလွတ်မြောက်လာပြီးချိန်၌ ဦးတေဇအပါအ၀င် နာမည်ကျော် ဘဏ်လုပ်ငန်းပိုင်ရှင်များ၊ ပြည်ထောင်စုလွှတ်တော်နာယက
သူရဦးရွှေမန်း၏သား ဦးအောင်သက်မန်းတို့အပြင် ဒုတိယသမ္မတဟောင်း (ယခင်ဗိုလ်ချုပ်ကြီး) သီဟသူရတင်အောင်မြင့်ဦး၏သားတို့နှင့်လည်း ရင်းနှီးမှုရှိသည်ဟုဆိုသည်။
  
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံပြင်ပတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ပမာဏရှိသော ငွေစာရင်းငါးခုရှိနေကြောင်း သတင်းထွက်ပေါ်ခဲ့သည့်တိုင် ထိုကိစ္စရပ်ကို အစိုးရနှင့်လွှတ်တော်က စုံစမ်းဖော်ထုတ် ရှင်းလင်းနိုင်ခဲ့ခြင်းမရှိခဲ့ပေ။
  
ယခုအချိန်တွင် အဆိုပါ ၁၁ ဘီလျံငွေစာရင်း၌ ဦးနေ၀င်း၏ ငွေကြေးများပါဝင်နေသည်ဆိုသော သတင်းများထွက်ပေါ်လာပြီး ထိုကိစ္စရပ်နှင့် အာဏာရှင်ဟောင်းမိသားစုက အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ ရင်းနှီးမြှုပ်နှံမှုအပေါ် အစိုးရ၊ ဗဟိုဘဏ်နှင့် လွှတ်တော်တို့က တာဝန်ခံစိစစ်ရန် လိုအပ်လာသည်။
  
"တွေးမိတဲ့အချက်က သူတို့အချင်းချင်းကြားမှာ ချိတ်ဆက်မှုတွေရှိနေလိမ့်မယ်။ အစိုးရသစ်လက်ထက်မှာ ဓာတ်ငွေ့ရောင်းချရတာ ၁၀ ဘီလျံရှိတယ်လို့သိရတယ်။ ဒါက အခုမှသိရတာ။ အရင်တုန်းကလုပ်ခဲ့တာတွေလည်းရှိမယ်။ တစ်ဒေါ်လာကို ၁၀၀၀ တို့၊ ၁၁၀၀ တို့ဖြစ်နေတဲ့အချိန်မှာ အဲဒီငွေတွေအားလုံးကို ခြောက်ကျပ်နဲ့ ဘဏ်သွင်းခဲ့တာ။ နေရင်းထိုင်ရင်း ဘာမှမလုပ်ဘဲ ၁၀၀၀ မြတ်နေတယ်။ မြန်မာနိုင်ငံက ဟိုတုန်းက Common Wealth မှာရှိတုန်းက Funding အဖြစ်နဲ့ ကမ္ဘာ့ဘဏ်မှာတင်ထားတဲ့ Fund တွေရှိတယ်။ အဲဒီနောက်ပိုင်းမှာ မြန်မာက ကမ္ဘာ့ငွေကြေးဈေးကွက်က နုတ်ထွက်လိုက်တယ်။ နုတ်ထွက်တဲ့အခါ အပေါင်တင်ထားတဲ့ရွှေတွေ ဘယ်ရောက်သွားလဲ။ ပြန်ပြီးဖော်ထုတ်ဖို့ တောင်းဆိုဖို့ တာဝန်ရှိလာပြီ" ဟု ဦးထင်လင်းဦး (Wisdom Villa)  က ပြောကြားသည်။
  
အာဏာရှင်ဟောင်းမိသားစု၏ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ခြေလှမ်းများ၊ စစ်ဗိုလ်ချုပ်ဟောင်းများ၏ ရင်းနှီးမြှုပ်နှံမှုငွေကြေးများနှင့် အခြားအမည်မဖော်ပြနိုင်သော ငွေကြေးစီးဆင်းမှုများသည် ငွေဖြူ၊ငွေမည်း ပြုလုပ်မှု၊ ငွေကြေးခ၀ါချမှုများနှင့်လည်း ပတ်သက်နေနိုင်ကြောင်း သုံးသပ်ချက်များရှိသည်။
  
"ငွေဖြူ၊ငွေမည်းလုပ်တဲ့အခါ ပုံစံအမျိုးမျိုးရှိတယ်။ များသောအားဖြင့် ငွေဖြူ၊ငွေမည်းလုပ်တာကို ဆင်းရဲပြီး ထုတ်ကုန်မဖွံ့ဖြိုးတဲ့နိုင်ငံတွေ၊ နိုင်ငံရေးမတည်ငြိမ်တဲ့နိုင်ငံတွေမှာ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံထဲကိုစီးဝင်နေတဲ့ ငွေပမာဏတွေထဲမှာ တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ ဘယ်လောက်ရှိသလဲဆိုတာကို အစိုးရနဲ့ဗဟိုဘဏ်မှာ ခန့်မှန်းတွက်ချက်ဖို့ တာဝန်ရှိတယ်" ဟု ဒေါက်တာအောင်ကိုကိုကဆိုသည်။
  
မြန်မာနိုင်ငံ၌ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ် မတ် ၁၄ ရက်က ပြည်တော်စုလွှတ်တော်၌ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။
  
ထိုဥပဒေအရ ပေါ်ပေါက်လာသည့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က ငွေကြေးဆိုင်ရာကိစ္စရပ်များကို စုံစမ်းအရေးယူနိုင်မည်ဖြစ်သည်။ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သည် ငွေကြေးခ၀ါချမှု သို့မဟုတ် ငွေကြေးခ၀ါချမှုဥပဒေနှင့်သက်ဆိုင်သည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်သည်ဟု သံသယရှိလျှင် စိစစ်ချက်ရလဒ် သို့မဟုတ် အခြားသောသက်ဆိုင်ရာရရှိသည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံသို့ ဆောလျင်စွာပေးအပ်ခြင်း၊ ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်နှင့်အညီ ပေးအပ်ခြင်းပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် ဥပဒေပါကိစ္စရပ်များကို အကောင်အထည်ဖော်သည့် ပြည်တွင်းမှ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။
  
မြန်မာနိုင်ငံတွင် ငွေကြေးခ၀ါချမှုနှင့် ငွေမည်းကိုင်တွယ်မှုကို အများဆုံးလုပ်ဆောင်သူများမှာ (၁) အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုလုပ်ဆောင်သော အာဏာရှင်ဟောင်းများ၏မိသားစုဝင်များ၊ ယခင်အစိုးရနှင့် ယခုအစိုးရလက်ထက် ထိပ်ပိုင်းနေရာများတွင်ရှိနေသူအချို့နှင့် ၎င်းတို့၏မိသားစုဝင်များ၊ (၂) အခွန်မဆောင်ဘဲ အခွန်ရှောင်မှုပြုလုပ်နေသော ခရိုနီနှင့် ခရိုနီမဟုတ်သောလုပ်ငန်းရှင်များ၊ (၃) မူးယစ်ဆေးဝါးရောင်းချရမှုမှ ၀င်ငွေရရှိနေသူများ ဖြစ်ကြသည်။
  
ထိုသုံးခုကို အစိုးရနှင့်ဗဟိုဘဏ်က ဖော်ထုတ်နိုင်ခြင်းမရှိပါက နိုင်ငံတကာနှင့်ပြည်သူများအကြားတွင် ယုံကြည်မှုရှိလာမည်မဟုတ်ဘဲ လက်ရှိအခြေအနေအရ အာဏာရှင်ဟောင်း ဦးနေ၀င်းမိသားစုဝင်များက AGD ဘဏ်တွင် ရှယ်ယာထည့်ဝင်ခြင်းနှင့် နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အစိုးရက စံနမူနာပြအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် တာဝန်ရှိလာခြင်းဖြစ်သည်။
  
ထို့ပြင် အစိုးရနှင့်လွှတ်တော်က ဖော်ထုတ်ခြင်းမပြုလုပ်ပါက ပြည်သူများအနေဖြင့် ဗဟိုဘဏ်နှင့် ဘဏ်များအပေါ် ယုံကြည်စိတ်ချမှုမရှိဖြစ်လာပြီး ၂၀၀၂ ခုနှစ် ဘဏ်များပြိုလဲခဲ့သည် ဘဏ္ဍာရေးအကျပ်အတည်း နောက်တစ်ကြိမ်ပေါ်ပေါက်လာနိုင်ပါသည်။ ထိုသို့ ဘဏ်များပြိုလဲသည်နှင့် ပြည်သူလူထု၏ ငွေကြေးများပင် ထပ်မံဆုံးရှုံးသွားမည့် အန္တရာယ်ရှိနေပါသည်။
  
အခြားတစ်ဖက်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် အခြားသောဥပဒေများတွင် ပြဋ္ဌာန်းချက်များအရလည်း တိုင်းပြည်ဘဏ္ဍာငွေ အလွဲသုံးစားပြုခြင်း၊ ငွေကြေးခ၀ါချမှု၊ ငွေဖြူငွေမည်း ပြုလုပ်မှုများဖြင့် လုပ်ဆောင်သည့် မည်သည့်ကိစ္စရပ်ကို အချိန်ကာလစည်းမျဉ်းသတ်မှတ်ချက်မရှိဘဲ အရေးယူအပြစ်ပေးမှုများ ပြုလုပ်နိုင်ကြောင်း ဥပဒေပညာရှင်များက သတိပေးပြောကြားသည်။
  
ထို့ကြောင့် AGD ဘဏ်ကိစ္စသည် ပြည်သူများနှင့် နိုင်ငံတကာ စီးပွားရေးအသိုင်းအ၀ိုင်းအား မြန်မာနိုင်ငံ၏ ဘဏ်နှင့်ငွေကြေးစနစ်ခိုင်မာမှုကိုပြသရမည့် စမ်းသပ်မှုတစ်ခုဖြစ်သည်။




--
http://www.burmaburo.blogspot.com

Tuesday 22 July 2014


Posted on: Monday, July 21, 2014 14:24 | Comments Off

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ယန်ဟီးလီအပေါ် အမြင်သဘောထားနှင့် တင်ပြချက်များ

(နိရဉ္စရာ- ၂၁ ဇူလိုင်လ ၂၀၁၄)
Ms Yang He Lee မှ ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
Ms Yang He Lee မှ ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
ရခိုင်လူမျိုးတွေအပြင် မြန်မာနိုင်ငံသားတွေ အများအပြားကပါ နှစ်ခြိုက်သဘောမကျဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကင်တားနား သက်တမ်း ကုန်ဆုံးသွားတဲ့ အတွက် သူ့ရဲ့ နေရာမှာ တောင်ကိုးရီယားနိုင်ငံသူ မစ္စက်ယန်ဟီးလီ ( Ms Yang He Lee) ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။
အရင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကင်တားနားဟာ သူရဲ့ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်ပြီး ဘင်္ဂလီတွေ အပေါ်မှာ တဖက်သတ် ဘက်လိုက် ဆောင်ရွက်မူတွေရှိခဲ့တယ်လို့ ရခိုင်အမျိုးသားတွေက အမြင်ရှိခဲ့ကြတဲ့အတွက် ကင်တားနားအပေါ်မှာ ရခိုင်လူမျိုးတွေက လုံးဝ မနှစ်မြို့ခဲ့သလို အဲသလို မနှစ်မြို့ကြောင်းကိုလည်း ဆန္ဒပြပွဲတွေလုပ်ပြီး သူနဲ့ UN လူကြီးတွေ သိအောင် ဖေါ်ထုတ်ပြသခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကင်တားနားရဲ့ အားနည်း ချို့ယွင်းချက်တွေကြောင့် ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည်နယ်တွင်း ဖြစ်နေတဲ့ ပြဿနာ အပေါ် တစ်စုံတစ်ရာ ကြားဝင် ဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့သလို သူရဲ့အားနည်းချက်အချို့နဲ့ ပြောမှားဆိုမှားရှိခဲ့တာတွေကြောင့် ရခိုင် ပြသနာဟာ မငြိမ်းအေးတဲ့အပြင် မီးလောင်ရာလေပင့် ဆိုသလိုမျိုး ဖြစ်ခဲ့ရတာတွေကိုလည်း ရှိခဲ့ပါတယ်။
အခု အသစ်ခန့်အပ်ခံရတဲ့ တောင်ကိုးရီယားနိုင်ငံသူ မစ္စက်ယန်ဟီးလီ ( Ms Yang He Lee)ကကော ရခိုင်ပြသနာနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ် လုပ်ဆောင်သွားမှာပါလဲ?
ရခိုင်အမျိုးသားပါတီက ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဦးလှစောကို မေးကြည့်တော့ သူ့အမြင်ကို ခုလို ပြောပါတယ်။
"သူ့လမ်းကြောင်း အသစ်နဲ့ ရခိုင်ပြသနာကို ချဉ်းကပ် ဖြေရှင်းဖို့ ကြိုးစားမလား၊ အရင်လုပ်ခဲ့တဲ့ ကင်တားနားရဲ့ လမ်းဟောင်းအတိုင်း လိုက်ပြီး ဖြေရှင်းဖို့ ကြိုးစားမလား။ ဒါကို စောင့်ကြည့်ရပါလိမ့်မယ်။  ကင်တားနားက တော်တော်ဆိုးဆိုးရွား အမှားတွေကို ကျူးလွန်ခဲ့ပါတယ်။ နောက်ဆုံး ကျွန်တော်တို့ ရခိုင်တစ်မျိုးသားလုံးက ကျောက်ဖြူ ညီလာခံ ကျင်းပနေတဲ့ အချိန်မှာ အင်္ဂလန်မှာ အချိန်ကိုက် ကွန်ဖရင့် တစ်ခုကို လုပ်ခဲ့ပါတယ်။ ဒေါက်တာာဇာနည်တို့နဲ့ တွဲပြီးပေါ့။ အဲဒီကွန်ဖရင့်မှာ အဓိက ဘာလဲဆိုတော့ ရခိုင်ပြည်မှာ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ဖို့ ရခိုင်ပြည်နယ်မှာ Genocide ပေါ့။ Genocide လုပ်ဖို့ လက္ခဏာတွေ တွေ့နေရတယ်လို့ ပြောတယ်။ ရခိုင်လူမျိုးတွေဟာ  ဘင်္ဂလီတွေ အပေါ်မှ Genocide လုပ်ဖို့ ကြံစည်နေတယ်။ ဒါက ဆူဒန်လို ဖြစ်မယ်။ သူက နှစ်နဲ့ ချီပြီး တော်တော် ဆိုးဆိုးဝါးဝါး လုပ်ခဲ့တာတွေရှိတယ်။ သူကတော့ ရခိုင်နဲ့ပတ်သက်ပြီး အရှိတရားကိုလည်း အသိအမှတ်မပြု၊ နားလည်မလည်။ လုံးဝ လူ့အခွင့် အရေးကို အကြောင်းပြပြီး ဘင်္ဂလီတွေဘက်က တဖက်သတ် ရပ်တည်ခဲ့တယ်။ အခုတော့ ကိုရီးယား အမျိုးသမီး တစ်ဦးကို သူ့နေရာမှာ အစားထိုးလိုက်တယ်ဆိုတော့ ဒီကိုးရီယားအမျိုးသမီးသည် သူ့လမ်းကြောင်းအသစ်နဲ့ ချဉ်းကပ်မလား၊ သို့တည်းမဟုတ် ကင်တားနားချပေးတဲ့ လမ်းကြောင်းအဟောင်းအတိုင်း လိုက်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်"  လို့ဆိုပါတယ်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အသစ် ဗိုလ်ချုပ် မောင်မောင်အုန်းကတော့ ရိုဟင်ဂျာဆိုသော အသုံးအနုန်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ကြီးထွားလာတဲ့ အတွက် ဒီအသုံးအနုန်းကို UN နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ဆက်လက်သုံးစွဲဖို့ မသင့်တော်ဘူးလို့ မစ္စက်ယန်ဟီးလီနဲ့ စစ်တွေမှာ တွေ့ဆုံစဉ် ပြောဆိုခဲ့တယ်လို့ နေ့စဉ်ထုတ် Democracy Today မှာ ဇူလိုင်လ ၂၀ နေ့က ဖေါ်ပြပါတယ်။
သူက " ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ သမ္မတကြီးကိုယ်တိုင်က ပြောထားပြီးသားပါ။ ဒီနှစ်ပေါင်း သုံးလေးဆယ်အတွင်းမှာ လူမျိုးအသစ်တစ်မျိုး ပေါ်ပေါက်လာတယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ ရခိုင် လူမျိုးတွေမှာ ကိုယ်ပိုင်စာပေနဲ့ ယဉ်ကျေးမူ ရှိပြီးသားဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။ ဒါကြောင့် ဘင်္ဂလီတွေကိုလဲ ရိုဟင်ဂျာလို့ မသုံးစေချင်သလို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ နိုင်ငံတကာကို ရိုဟင်ဂျာဆိုတဲ့ အသုံးအနုန်း မသုံးဖို့ ထပ်မံတိုက်တွန်းပါတယ်။ ပြီးခဲ့တဲ့ သန်ခေါင်းစာရင်းကောက်ခံယူတာမှာ ဘင်္ဂလီတွေက ရိုဟင်ဂျာဆိုမှ စာရင်း ကောက်ခံဖို့ ငြင်းဆိုခဲ့ကြတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ ဥပဒေကို ငြင်းဆန်သလိုပါဘဲ။ ရခိုင်လူမျိုးတွေကို မခံမရပ်နိုင် ဖြစ်စေတဲ့အပြင် ဒီအသုံးအနုန်းကြောင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ပျက်ပြယ်သွားနိုင်ပါတယ်"  လို့ ပြောဆိုခဲ့တယ်လို့ သတင်းစာမှာ ဖေါ်ပြပါတယ်။
စစ်တွေ ရွှေစေတီကတော့ ရခိုင်ပြည်နယ် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မူတွေဟာ ဘင်္ဂလီတွေက စတင်တဲ့ အတွက် ဖြစ်ခဲ့ရတာလို့ မစ္စက်ယန်ဟီးလီကို ပြောဆိုခဲ့တယ်လို့ ဇူလိုင်လ ၂၀ နေ့ ရက်စွဲနေ့ ထုတ်ဝေတဲ့ Daily Eleven မှာ ခုလို ဖေါ်ပြတယ်။
" သူက အချက် ငါးချက်ကိုမေးခဲ့တယ်။ ဆရာတော် ဖြေတာကို ပြောရရင် ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘုန်းတော်ကြီးတွေနဲ့ ရခိုင်တွေဟာ ဗုဒ္ဓဘာသာတွေဖြစ်တယ်။ ဗုဒ္ဓဘာသာတိုင်းမှာ အားလုံးက မေတ္တာတရား ရှိတယ်။ ဒါကြောင့် ဘင်္ဂလီတွေကို အများကြီး အကူအညီပေးခဲ့ဖူးတယ်။ ရခိုင်တွေဟာ မောင်တောမှာရှိတဲ့ ဘင်္ဂါလီတွေကို ဈေးလည်း အကြွေးရောင်းပေးခဲ့တယ်။ အလုပ်အကိုင် အခွင့်အလန်းလည်း ပေးခဲ့တယ်။သူတို့ဟာ နိုင်ငံသား မဟုတ်ပေမယ့် လူသားချင်းစာနာတဲ့ အနေနဲ့ နိုင်ငံသား တစ်ဦးလို အခွင့်အရေးတွေ ပေးခဲ့တယ်။ ဗုဒ္ဓဘာသာဖြစ်လို့ ဒီလို ကူညီခဲ့တာ။ ပြီးတော့ ခွဲခြားဆက်ဆံတာလည်း မရှိခဲ့ဘူး။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ ဖြစ်တာကို ကြည့်ရင်တခြားဘာသာတွေနဲ့ ဖြစ်တာကို မတွေ့ရဘဲ ဘင်္ဂါလီတွေနဲ့သာ ဖြစ်နေတာကိုတွေ့ရတယ်။ ပြီးတော့ ရခိုင်တွေက အကြမ်းဖက် တိုက်ခိုက်တာ မဟုတ်ဘူး။ သူတို့ကစပြီး မောင်တောဘက်မှာ ရခိုင်ကျေးရွာတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။"
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ နိမ့်ကျသွားဖို့ဆိုရင် ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်လို့ ဆရာတော်က မိန့်ကြားခဲ့တယ်လို့ နိရဉ္စရာကို ပြောဆိုပါတယ်။
" ရခိုင်ပြည်နယ်ဟာ ဆင်းရဲနှိမ့်ကျနေတယ်။ ဆင်းရဲတဲ့ ပြည်နယ်မှာ ဒီလို ပဋိပက္ခတွေဖြစ်နေတယ်။ ပဋိပက္ခတွေကြောင့်ဘဲ ပိုပြီးဆင်းရဲလာတယ်။ အလုပ်လက်မဲ့တွေများလာတယ်။ စက်ရုံအလုပ်ရုံတွေမရှိဘူး။ ရခိုင်ကထွက်တဲ့ သဘာဝသယံဇာတတွေကိုလည်း အခြားတိုင်းပြည်နိုင်ငံတွေက သုံးစွဲ နေတယ်။ ဒါကြောင့် ရခိုင်လူထုကို အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေးအတွက် နိုင်ငံတော်အစိုးရ အပါအ၀င် ကမ္ဘာ့ အဖွဲ့အစည်းတွေအနေနဲ့ စက်ရုံအလုပ်ရုံစတဲ့ စီမံကိန်းတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အကောင်အထည်ဖော် ပေးဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တယ် " ဟု ဆရာတော်က မိန့်ကြားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ မစ္စက် ယန်ဟီးလီဟာ ရခိုင်ပြည်နယ်ကို ဇူလိုင်လ ၁၈ ရက်နေ့က ရောက်ရှိပြီး စစ်တွေနဲ့ မောင်တောမြို့တို့ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။
သူမ ခရီးစဉ် အတွင်း နှစ်ဖက် လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ ပြည်သူတွေ၊ ပြည်နယ်အဆင့် အစိုးရ အရာရှိကြီးတွေနဲ့ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဇူလိုင်လလ ၂၀ နေ့မှာတော့ စစ်တွေကနေ ရန်ကုန်ကို ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

(ရရှိလာသော မေးလ်ကို ထပ်မံဖေါ်ပြပါသည်)




--
http://www.burmaburo.blogspot.com

Wednesday 16 July 2014





ဗုဒ္ဓဘာသာ ၀င်များ သတိပြုမိစေချင်သော အချက်များ။

Jul 5, 2014

ကျွန်တော် အခုပြောမှာကတော့ မွတ်ဆလင်တွေအနေနဲ့ အစ္စလာမ်ဘာသာအတွက် ဘယ်လို
စွမ်းစွမ်း တမံကြိုးစားနေကြသလဲ ဆိုတာရယ်။ ကျွန်တော်တို့က ဘယ်လို ပြန်လည်
တုန့်ပြန်သင့်သလဲ ဆိုတာကို စဉ်းစားတဲ့အခါ အထောက်အကူပြုစေမည့် အချက်တွေပါ။
သူတို့လည်းသူတို့ဘာသာအတွက်လုပ်နေ ကြသလို ကျွန်တော်တို့လည်း ကျွန်တော်တို့
ဘာသာအတွက်လုပ်ကြတာပေါ့ဗျာ။

သူတို့ လုပ်တဲ့ နည်းစနစ်တွေကို တွေ့သလောက် ရေးထားတာပါ။
နိုင်ငံတစ်ခုထူထောင်ခြင်း ဆိုတဲ့ စာအုပ်။ကိုဖတ်သင့်တယ်။
ပါလက်စတိုင်းဘာလို့ ပျောက်သွားလဲဆိုတာ။ ဒါတွေ ဖတ်လိုက်ရင်
သူတို့လုပ်ချင်တာ ဘယ်လိုလဲဆိုတာကိုသိလာလိမ့်မယ်။အနှစ်ချုပ်ကတော့ဗျာ။

၁။ နိုင်ငံထဲကို လူတွေ သွင်းတယ်။ ဘယ်သူမှ မနေချင်တဲ့ နေရာမှာနေတယ်။
ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်တွေကိုလုပ်တယ်။ (အခု ဘင်္ဂလီလူမျိုးတွေ
လုပ်နေသလိုပေါ့)

၂။ ရွာငယ်လေးတွေ စုတယ်။ ပြီးရင်ပေါင်းတယ်။ အိမ်တွေမှာလည်း အိမ်ရှင်တွေက
ပြည်မထဲကို ၀င်သွားတယ်။ အဲဒီ အိမ်တွေ မှာ လူအသစ်တွေ ၀င်လာတယ်။ ဒီတော့
လူဦးရေက မသိမသာနဲ့ ခိုးသွင်းတဲ့နည်းပေါ့ဗျာ။

၃။ ဘင်္ဂလီတွေက သူတို့အတွက် နိုင်ငံတစ်ခု လိုချင်တယ်။ အဲဒီတော့ သူတို့
ဘာသာတူဖြစ်တဲ့ ပြည်တွင်း မွတ်ဆလင်၊နိုင်ငံတကာ မွတ်ဆလင်တွေကို
အကူအညီတောင်းတယ်။ စိတ်မကောင်းစရာတစ်ခု ကတော့ မြန်မာလူမျိုးအစ္စလာမ်တွေက
မြန်မာ ပြည်အတွက်မဟုတ်ဘဲနဲ့ အစ္စလာမ်အတွက်ပဲ အလုပ်
လုပ်ကြတာတော့ဆိုးတယ်ဗျာ။ဒါကတော့ သူ့သဘောနဲ့ သူပေါ့။ (ဒီနေရာမှာ
အလုပ်လုပ်ပါတယ်ဆိုပြီး ဦးရာဇတ်တို့ တခြားဖြစ်မြောက်ခဲ့တဲ့သူတွေကို
လက်ညိုးထိုးပြီး သက်သေပြချင်လည်းရပါတယ်၊ တကယ်ခံစားနေ(ခဲ့)ရတဲ့ လူတွေရဲ့
ရင်ဘက်ထဲကိုတော့ အဲဒီသက်သေပြချက်တွေ က ပြောင်းလဲပေးမှာ မဟုတ်ပါဘူး)

၎။ ဘင်္ဂလီတွေက မကောင်းဘူးလို့ပြောရင် နတ်တဂိုး ကို လက်ညိုးထိုးပြီး
ကောင်းတယ်ပေါ့ဗျာ။ ကုလားကိုမကောင်းဘူးပြောရင် ဂန္ဒီကို
ညွန်ပြီးကောင်းတယ်ပြောဦးမယ်။ အဲသလို ကလေးအထာတွေနဲ့ လုပ်ဦးမယ်။
(လူ့အဖွဲ့အစည်းကို အဓိက ပုံဖော်တာ ချွင်းချက်တွေ မဟုတ်ဘူးဗျ)

၅။ ပြည်တွင်းကုလားတွေကလည်း အလာရှင်မြတ်ရဲ့ အလိုတော်ကျ
ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ လိပ်ခေါင်းထွက်အောင်အော်ပေးကြတယ်။
နှာခေါင်းချွန်ချွန် အသားနက်နက် ကုလားရုပ်ကြီးပေါက်နေတဲ့ သူတွေကို
မြန်မာတိုင်းရင်းသားပါဆိုပြီး မျက်စိမှိတ်ပြီးအော်ပေးတဲ့သူက
အော်ပေးသေးတယ်။ ပထမဆုံး သူတို့ဘာသာကို လူတွေ နားလည်ပေးလာနိုင်အောင်
အရင်ကြိုးစားမယ်။ သူတို့ ဘာသာကအေးချမ်း ပါတယ်ပေါ့။ ပြီးရင်
ဘင်္ဂလီနိုင်ငံအတွက် ကြိုးစားပေးကြမယ်။

၆။ ဘင်္ဂလီက ထွက်ပြေးလာတဲ့ကောင်တွေကလည်း ပင်လယ်ပြင်မှာပဲ ဖြစ်ဖြစ် ၊
ကမ်းတင်သွားရင် ပဲဖြစ်ဖြစ် မြန်မာအစိုးရက နှိပ်စက်လို့
ထွက်ပြေးလာတာဆိုပြီး အခွင့်အရေးရအောင်တောင်းဦးမယ်။ မြန်မာပြည်ကို
မရောက်ဖူးတဲ့ ကောင်တွေက အများကြီးပါဦးမယ်။ ဟုတ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က
ထွက်လာတယ်ပြောရင် ဘယ်သူက သနားမှာမှ မဟုတ်တာ။ အခုလိုအော်တော့ အမျိုးတွေ
အကူညီပါ ရသေး။ မဆိုးပါဘူး။

၇။ ပြည်တွင်းမှာလည်း အစ္စလာမ်တွေက မတရားကို နှိပ်စက်ခဲ့၊ အနှိမ်ခံ
တရားခံရတယ်ဆိုပြီး ပုံဖော်ဦးမယ်။ အဲဒါအတွက် တစ်ခုပဲပြောမယ်။ အစ္စလာမ်မစ်
နိုင်ငံမှာ ဘာသာစုံသာသာနာပြုခွင့်ရတဲ့နေ့ကျရင် အဲဒီကိစ္စ လာပြောဗျာ။(
ဆိတ်သရေလောက်ထုတ်ပြပြီး ဆင်ကို ဖုံးချင်တယ်ဆိုလည်းရပါတယ်) တစ်ခုခုဆို
လူ့အခွင့်အရေးဆိုပြီးအော်ဦးမယ်။ ကိုယ်ကြိုက်တဲ့ ဘာသာကို လူတိုင်းက
လွတ်လပ်စွာ ကိုးကွယ်ခွင့် မရတာ၊ အမျိုးသမီးတွေက တခြားအမျိုးသမီးတွေလို
ကိုယ်ကြိုက်တာ ကိုယ်ဝတ်ခွင့်ရတာတွေကရော လူ့အခွင့်အရေးပဲလား။ လည်လှီးသတ်တာ
ကျန်းမာရေးနဲ့ ဘာလို ညီညွတ်တယ်ဆိုပြီးပြောသေးတယ်။ သေချာတာတစ်ခုကတော့
အလောင်းမလှတော့ဘူး။ အဲဒီကောင်းပါတယ်ဆိုတဲ့သူကို ပြောမယ်။ ခင်ဗျားကို
ကျွန်တော်တို့က လည်လှီးပြီး
သတ်ပေးမယ်ဆိုရင်ကောင်းမလား။ကိုယ်ချင်းစာတရားထားကြည့်ဗျာ။

အဲဒါကိုကောင်းတယ်လို့ယူဆရင်ခင်ဗျားတို့ အဲသလိုတွေ သေကြပါလား။ ခင်ဗျားတို့
အချင်းချင်း ရော အဲသလိုသတ်ပေးကြပါလား။ (အလာ သစ္စာဖောက်သူတွေကို
သတ်တာကိုမပြောဘူးနော်) ဟိုတလောကလည်း ဒိုင်ကြောင်တွေ ဖတ်လိုက်ရသေးတယ်။
ဦးနေမျိုးဝေက တင်ပေးလိုက်တဲ့ဟာကို ဘုရားသခင်က သူတို့ဘာသာကိုလေ့လာဖို့
စီမံပေးတော်မူတယ်သလေးဘာလေးနဲ့။ ချီးဆိုတာ နံမှန်းတော့ သိတယ်
ဘယ်လိုနံမှန်းမသိတဲ့သူတွေက အော် ဒီလို နံတာပါလားဆိုပြီး
သိသွားကြတာပဲရှိတယ်။ ချီးဟာချီးပဲ။ မီးခြစ်ကထွက်လာတဲ့မီးကို
ရေခဲပါလို့ပြောလို့ လက်နဲ့ဘယ်သူမှ သွားမကိုင်ဘူး။ ဘာလို့လဲဆိုတော့
ပူမှန်းလူတိုင်းခံစားဖူးနေလို့ပဲ။

၈။ ပြည်တွင်းက မွတ်ဆလင်တွေကလည်း သူတို့ဘာသာဟာ ငြိမ်းချမ်းရေးပါဆိုပြီး
ကြွေးကြော်မယ်။
အင်တာနက်မှာဆိုလည်း ဟိုအထောက်အထားဒီအထောက်အထားတွေ ပြပြီး သူတို့
ဘာသာဝင်တွေဟာ ဒုစရိုက်သမားတွေ မဟုတ်ဘူးဆိုတာကို သက်သေပြမယ်။ ဥပမာ FBI က
ထုတ်တဲ့ ပြန်တမ်းတို့ ဘာတို့ ပေါ့ဗျာ။ ဘွန်စတွန်မှာ ဗုန်းပေါက်တဲ့ ကို
ဘယ်လို ရှင်းမလဲ ဆိုတာ ဖတ်ချင်နေတာ။ တင်ပါ့တင်ပါ့မလားလို့ စိတ်ပူနေတာ။
ဝေါထရိတ်စင်တာကို လေယာဉ်ဝင်တိုက်တာ တောင် အမေရိကန်လက်ချက်ဖြစ်အောင်
ပြောခဲ့ တဲ့သူတွေ ဆိုတော့ ဒီလောက်တော့ အပျော့ပေါ့။ ဘာသာကိုချဲ့ချင်တဲ့
သူနဲ့ နိုင်ငံကို ချဲ့ချင်တဲ့ သူပေါင်းမိသွားတာ မြန်မာ ပြည်အတွက်တော့
ရင်လေးစရာပဲ။

၉။ ဗုဒ္ဓ ဘာသာကို အကြမ်းဖက်ပါတယ်လို့ ဆိုချင်သေးတယ်။ ဘုရားကတော့ ငါ့အတွက်
လူသတ်ပေးပါတို့။ ငါ့ကိုမယုံတဲ့သူတွေကို သတ်ဖို့တော့ ဘယ်တုန်းကမှ
မမိန့်ခဲ့ဘူး။ ဗုဒဘာသာဝင်တစ်ယောက်က သူ့ ဘာသာအတွက် လူသတ်တဲ့
ပုံတစ်ပုံတင်နိုင်ရင် အစ္စလာမ်ဘာသာက လည်လှီးသတ်တဲ့ movie ဖိုင် ၁၀ ခု
တင်နိုင်တယ်ဆိုရင် လက်ခံမလား။ ဘာသာအတွက်ဆိုပြီးလူသတ်တာကို ပြောတာနော်။
သူ့ဟာသူ ရန်ငြိုး နဲ့သတ်တာတော့ လာမပြောနဲ့။ ကျွန်တော်ထင်တယ်။

ဘာသာအတွက်ဆိုပြီးတော့ အကုသိုလ် အဖြစ်ခံပြီး သတ်တဲ့သူတော့ ရှားလိမ့်မယ်။
သူ့ဟာသူ ကြည့်မရလို့ အမြင်ကတ်လောက်အောင်လုပ်ထားလို့
ဒေါသဖြစ်ပြီးသတ်တာပဲရှိမယ်။ ဘုရားက သတ္တ၀ါတွေကို ဘယ်လို
အခြေအနေမှာပဲဖြစ်ဖြစ် သတ်တာ မကောင်းဘူး လို့ပဲ ဆုံးမတယ်။

၁၀။ သံဃာနဲ့ပြည်သူကိုရန်တိုက်ပေးမယ်။ တရုတ်နဲ့ ရန်တိုက်ပေးမယ်။
(ဟိန္ဒူဘာသာဝင် ကုလားတွေ နဲ့ က ကျန်တဲ့ ဘာသာတွေ က အေးဆေးပဲဗျ)။
အိမ်ကြက်ခြင်းအိုးမည်းသုတ်ပြီး ခွပ်ခိုင်းမယ်။ ဒီနည်းနဲ့
အင်အားလျော့ချမယ်။
တိုင်းရင်းသားတွေ ဘက်က နာသလိုလိုနဲ့ တိုင်းရင်းသားထဲမှာ ဘင်္ဂလီတွေကိုပါ
ဆွဲထည့်မယ်။ စစ်တပ်က တိုင်းရင်းသားတွေကို နှိပ်စက်တဲ့ အကြောင်းမှာ
မွတ်ဆလင်တွေ နှိပ်စက်ခံရတာကို ဖြည့်ပြီးပြောမယ်။ သူတို့က
အရမ်းသနားစရာကောင်းနေတယ်ပေါ့။

၁၁။ မွတ်ဆလင်တွေ ခမျာ စောင်တိုလေးကို ခြုံနေရသလိုပေါ့ဗျာ။ ဟိုက ဖုံး၊
ဒီကပေါ်နဲ့။ ဒီမှာ မွတ်ဆလင်တွေ က ငြိမ်းချမ်းပါတယ်ပြောနေတုန်း၊ ထိုင်းမှာ
မြန်မာသံရုံးရှေ့မှာ ဒေါ်စုနဲ့ ဗိုလ်ချုပ်ပုံ ကို မီးရှိုးလိုက်ရော။
ဒါတောင် မဟုတ်ဘူးပြောချင်သေးတယ်။ဆန္ဒပြတဲ့ အဖွဲ့က မီးရှို့တဲ့ ၃ယောက်နဲ့
ရှို့ပါ တယ်ပြောတာတောင် မယုံချင်ကြသေးဘူး။ ဖိုတိုရှော့လိုလို
ပြောချင်သေးတယ်။ အေးပေါ့လေ။ သူတှို့ နိုင်ငံတကာကို လုပ်သလို ထင်နေတာကို။
တိဘက်မှာ ငလျင်ကြောင့်သေတဲ့သူတွေကိုလည်း မြန်မာမှာ
သတ်တာပါဆိုပြီးပြောတဲ့သူကပြော။ ထိုင်းမှာ ဖမ်းမိတဲ့ သူတွေကို
လက်ပြန်ကြိုးတုတ်ပြီးမှောက်ခိုင်းထား တဲ့ပုံကိုလည်း မြန်မာရဲ
ကလုပ်သလိုပြောနဲ့။

ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေနဲ့ အခုဖြစ်နေတာတွေကို
တိုက်ကြည့်ပါ။ အဲဒီ လုပ်ငန်းစဉ် ထဲကတော့ သိပ်မဝေးပါဘူး။ နည်းသစ်တွေ
တွေ့လာရင်လည်း တင်ပေးပါ့မယ်ဗျာ။

စာကြွင်း။ ။ ကျွန်တော် အခုပြောတာ အစ္စလာမ်ကို ခုတုံးလုပ်ပြီး
နိုင်ငံအသစ်ထောင်ပေးဖို့ (မြန်မာပြည်က နယ်မြေကို ဖဲ့ပေးဖို့) အားပါးတရ
လုပ်ဆောင်ပေးနေသူတွေကိုပြောတာပါ

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)

မန္တလေးသတင်း Update

ငြိမ်းချမ်းအေး- နွားနို့ပို့သူများသာ အလိုရှိသည်


နွားနို့ပို့သူများသာ အလိုရှိသည်
ငြိမ်းချမ်းအေး
ဇူလိုင် ၁၂၊ ၂၀၁၄

အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ်ချခံလိုက်ရတဲ့ ယူနတီ သတင်းထောက် နဲ့ သူ့ ကလေး ငယ် ဓာတ်ပုံ ကို တွေ့တော့ ရင်စို့ရတယ်။  ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ တေးရေး/တေးဆို ဗဒင် ရေး “အတူတူနေချင်တယ်” သီချင်းလေးလည်း စိတ်ထဲက ရွတ်ဆိုမိတယ်။  သီချင်းက မိသားစု အိမ်ထောင်ကွဲ ဖြစ်ရပ်မှာ ကလေးငယ်ရဲ့ ကြေကွဲဖွယ် ခံစားမှု ကို ဖွဲ့ထားတာ ဖြစ်ပေမယ့် ဒီလို အလိုမတူဘဲ မိသားစု နဲ့ ဝေးရတဲ့ ဖြစ်စဉ်တွေကိုလည်း ပုံဖော်နိုင်တော့ သီချင်း စာသား တပိုင်းတစ ညည်းမိတယ်။


“…. အိမ်မှာ.. လူစုံ.. ထမင်းစား.. စားပွဲမှာ..
ထိုင်ခုံ.. တနေရာ.. လွတ်လို့.. နေခဲ့ပြီ..
ဒါကိုမြင်ရင်.. သားရဲ့.. စိတ်မှာ..
သံမှိုတွေနဲ့.. ရိုက်ဆွဲထားသလိုမျိုး..

ငြိမ်းချမ်းတဲ့.. မိသားစုတွေကြားမှာ..
အတားအဆီးမဲ့တဲ့.. မျက်ရည်တွေနဲ့..
အဖေ့ကို.. မျှော်မိတယ်..

ရင်မှာ.. ရင်မှာ.. ရင်မှာ.. ပြည့်နေ..
အတောင့်တဆုံးနဲ့.. အရှိသင့်ဆုံးဟာ..
အဖေရယ်.. အမေရယ်.. သားရယ်..
အတူတူ.. နေချင်တယ်…”

အတူတူနေချင်တယ် (Two Versions)၊ သံစဉ်/စာသား - ဗဒင်၊ တေးဆို - သားထွေး (၁၉၉၁) ၊ ဗဒင် (၁၉၉၉)
Music Video URL: http://youtu.be/uHhme9kknPM


ခေတ်ပြောင်းပြီလို့ ဆိုကြတဲ့ ခွေးတူဝက်တူ ဒီမိုကရေစီ ကလိယုဂ်ခေတ်ကြီးမှာ အရင် ထောင်နှုတ်ခမ်း နင်းနေသူ နိုင်ငံရေးသမားများ ထဲက တချို့ ဝစီပိတ် ကျင့်နေကြတယ်၊ တချို့ ပေါင်းစားနေကြတယ်၊ တော်လှန်ရေးသမားများ ပါမစ် လဲစားကြတယ်၊ သတင်းသမားတွေကတော့ ဝမ်းနည်းဖွယ် နှစ်ရှည် ထောင်ဒဏ်ထိနေတယ်။

ဟိုအရင်တုန်းကတော့ ဒီ “အတူတူနေချင်တယ်” သီချင်းလေးကို ၈၈ မျိုးဆက် ကိုဂျင်မီ၊ မနီလာသိန်း တို့ ရဲ့ ကလေးငယ် ဓာတ်ပုံကို တွေ့တိုင်း သတိရတယ်။  အခု သူတို့ အတူတူ နေနိုင်ပြီ ဖြစ်လို့ ဝမ်းသာရတယ်။

ဒါပေမယ့် လူထူ အများစု ဘဝတွေမှာတော့ ရန်သူမျိုး (၅) ပါး စာရင်းဝင် ခေါင်သူကြီး မင်းအစိုးရရဲ့ မတရား ဖိနှိပ် အဓမ္မမှုများကြောင့် ရပ်ပြစ် (၈) ပါး ဖြစ်နေတဲ့ ဗမာပြည်မှာ လူမှု၊ စီးပွား၊ စစ်ပွဲ၊ နိုင်ငံရေး ဒဏ်အမျိုးမျိုး နဲ့ မိသားစုများ အတူတူ မနေနိုင်ကြသေးပါဘူး။  ထောင်ထဲမှာ၊ တောထဲမှာ၊ နိုင်ငံရပ်ခြားမှာ အများအပြား တကွဲတပြား ရှိနေဆဲပါ။  ကလေးငယ်များလည်း “အတူတူနေချင်တယ်” ရေရွတ် ယောင်ယမ်း လက်ကမ်း ငိုကြွေးနေရဆဲပါ။

အခု ယူနတီ သတင်းသမားတွေ ကိစ္စ မှာ စစ်အုပ်စု ဒူးမနာသားများ က နိုင်ငံတော်လုံခြုံရေး ဆိုပြီး ကာကွယ်ပြောဆို ဖာသည် လုပ်ကြတယ်၊ ဝမ်းသာအားရလည်း ရှိနေကြတယ်။  လူ့အန္ဓ ဗာလာနံ တချို့ကလည်း ထောင်နှစ်ရှည်ကျရင် နိုင်ငံရေး အကျဉ်းသမား ဖြစ်မယ်၊ လွှတ်ဖို့ ဝိုင်းအော်ကြမယ်၊ လွတ်တဲ့ အချိန် သူရဲကောင်းလို ကြိုဆိုခံရမယ်၊ နာမည်ကြီးမယ်၊ စာရေးဆရာ ဖြစ်မယ် ဆိုပြီး ပြက်ရယ်ပြုနေကြတယ်။

သူတပါး မိသားစု ဘဝ ကို ကိုယ်ချင်း မစာနာနိုင်ကြတာ အံ့သြတုန်လှုပ်ဖွယ်ပါပဲ။  စစ်အာဏာရှင်စနစ်ရဲ့ ဆယ်စုနှစ်များစွာ မှိုင်းတိုက် ဖျက်စီးခဲ့မှုဟာ ဦးနှောက်၊ အသိဉာဏ်၊ အတွေးအခေါ် ကိုတင်မက နှလုံးသား ကိုပါ ထိခိုက်စေခဲ့ကြောင်း သက်သေ ထပ်ပြုနေသလိုပါပဲ။

တကယ်တော့ ဇနီး မယား၊ လင် ယောက်ျား၊ သား သမီး မိသားစု အတွက်က သူရဲကောင်း မလိုဘူး၊ နာမည်ကြီး မလိုဘူး၊ မိမိ ခင်ပွန်း၊ ဇနီး၊ အဖေ၊ အမေ မိသားစု နဲ့ အတူတူ ရှိနေဖို့ပဲ လိုတယ်။  ဘဝ ကြင်ဖော်ကြင်ဖက် ပါရမီဖြည့်ဖက် ဖြစ်လို့ ဇနီး/ခင်ပွန်း က မိမိ အိမ်ထောင်ဖက် ရဲ့ အလုပ် ဝတ္တရား (သို့မဟုတ်) ယုံကြည်ချက် တာဝန် ပြုမှု ရဲ့ နောက်ဆက်တွဲ ရလဒ် မိသားစု နဲ့ ဝေးရာ ရောက်နေမှု ကို နားလည် ပေးနိုင်ကောင်းပေမယ့် လူမမည်  ကလေးငယ်တွေ အတွက်တော့ “မိသားစု မှာ အဖေရယ်၊ အမေရယ်၊ သားသမီးရယ် အတူတူနေချင်တယ်” ဆိုတဲ့ ဆန္ဒ တောင့်တမှုက သာ အဓိက ဖြစ်တယ်။

ကလေးငယ် အရွယ်ရောက် သိတတ်နားလည်ချိန်မှာ သူ့ အဖေ/အမေ သူရဲကောင်း ကြီး ဖြစ်လို့၊ နိုင်ငံအကျိုး ပြုသူကြီး ဖြစ်လို့ ဝမ်းသာ ဂုဏ်ယူတတ်လာနိုင်ပေမယ့် ငယ်ဘဝ မှာ အလိုချင်ဆုံး အရာကတော့ နွေးထွေးလုံခြုံ ပြည့်စုံတဲ့ မိသားစု ဘဝလေးရယ်သာ ဖြစ်မယ် ဆိုတာ ကိုယ့်ဘဝနဲ့ နှိုင်းယှဉ် စာနာ နားလည်သင့်ကြပါတယ်။

၁၉၇၀ ခုနှစ်များက ကျော်ကြားတဲ့ ပေပါလေ့စ် အင်္ဂလိပ် ဂီတအဖွဲ့ရဲ့ ဗီယက်နမ် စစ် နာမည်ကြီး စစ်ဆန့်ကျင်ရေး သီချင်း “သူရဲကောင်း မဖြစ်ချင်ပါနဲ့ ဘီလီရယ်” မှာ အမေရိကန် ပြည်တွင်းစစ်ကာလ စစ်ထွက်သွားရတော့မယ့် ပြည်ထောင်စု တပ်သား ဘီလီကို သူ့နဲ့ လက် ထပ်တော့မယ့် ဇနီးလောင်း အမျိုးသမီးငယ်က အခုလို မှာရှာတယ်။

“…ဘီလီ သူရဲကောင်း မဖြစ်ချင်ပါနဲ့နော်..  နင့်အသက်နဲ့ရင်း အရူးမလုပ်ပါနဲ့..
ဘီလီရေ.. သူရဲကောင်း မလုပ်ပါနဲ့နော်.. ငါ့ဆီသာ ဆက်ဆက် ပြန်လာပြီး လက်ထပ်ပါ..
ဘီလီ အချစ်ရေ.. နင့်ရဲ့ လှပတဲ့မျက်နှာ /  ဦးခေါင်းကို (စစ်ပွဲမှာ) ငုံ့သာထားနော်..
ဘီလီရေ.. သူရဲကောင်း မဖြစ်ချင်ပါနဲ့.. ငါဆီသာ ပြန်လာဖြစ်အောင် ပြန်ခဲ့ပါ…”

တကယ် ရှေ့တန်း စစ်မျက်နှာ ရောက်တော့ ဘီလီဟာ သူရဲကောင်း ပီသတဲ့ အပြုအမူတခုကို ဆန္ဒအလျောက် စွန့်စားဆောင်ရွက်ရင်း ကျ သွားရှာတယ်။   စစ်တပ်က ဒီသတင်းကို ဘီလီရဲ့ ချစ်သူဆီ စာပို့အသိပေးတော့ “မင်း ဘီလီအတွက် ဂုဏ်ယူသင့်တယ်၊ သူဟာ သူရဲကောင်း တယောက်လို ကျဆုံးသွားခဲ့တယ်” လို့ ရေးထားတယ်။  ဒါပေမယ့် သူရဲကောင်းတယောက်ကို အလိုမရှိဘဲ မိမိချစ်သူ ခင်ပွန်း လောင်းကိုသာ အသက်ရှင်လျက် အလိုရှိသူ မိန်းမငယ်ဟာ စာကို လွှင့်ပစ်လိုက်တယ်။

ထိလို့မရသူများ (၁၉၈၇) ရုပ်ရှင် မှာ ရဲအိုကြီး ရှောင်ကွန်နရီ က နောင် သူ့ရဲ့ အထက်အရာရှိ ဖြစ်လာမယ့် အက်ဖ်ဘီအိုင် အထူး ရဲစုံထောက် ကီဗင်ကော့စနာ ကို ဒုစရိုက်သမားများ ကြီးစိုးရာ အယ်လ်ကပုန်း ရဲ့ ရှိကာဂိုမြို့ လင်းအားကြီး အချိန်မှာ စတွေ့တော့ ဆိုတယ်။

“ဥပဒေဘက်တော်သား ရဲသားများ ပထမဆုံးလိုက်နာရမယ့် စည်းကမ်းကတော့ အလုပ်တာဝန်ပြီးချိန်မှာ အိမ်ကို အသက်ရှင်လျက် ပြန်နိုင်ဖို့ပဲ..။”

အပြင်မှာ ဘာကြီးပဲ ဖြစ်နေနေ၊ ဘယ်လို ကောင်းမှု အများအကျိုးပဲ ဆောက်ရွက်နေနေ၊ ဘယ်လောက် နာမည်ကြီး ကြီးကျယ်ခမ်းနား အောင်မြင်တဲ့ ပုဂ္ဂိုလ်ကြီးပဲ ဖြစ်စေ မိသာစု အတွက် အရေးအကြီးဆုံးကတော့ အသက်ရှင်လျက် အတူတကွ အနားမှာ ရှိနေနိုင်မယ့်၊ မိသားစု တာဝန် ကျေပွန်မယ့် လင်၊ သား သမီး၊ ဇနီး မယား၊ မိဘ သာ ဖြစ်တယ်။

အောင်မြင်မှု နောက် လိုက်လွန်းသူ၊ အလုပ် တာဝန် ကို ဦးစားပေးလွန်းသူလို့ နာမည်ကြီးတဲ့ မန်ချက်စတာယူနိုက်တက် ရဲ့ နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန် လို လူမျိုးတောင် အိမ်မှာတော့ နွားနို့ပို့တဲ့ မိသားစု တာဝန် ယူပေးရတယ်။

၁၉၇၀ ကျော်က လှုပ်ရှားမှု အသားပေး သည်းထိတ်ဖို ဇာတ်ကား ကို ပြန်ရိုက်တဲ့ “ဖီလန် ၁၂၃ ရထား ပြန်ပေးဆွဲမှု (၂၀၀၉)” ရုပ်ရှင်မှာ ရထားလမ်း ကြီးကြပ်ကွပ်ကဲရေး ဝန်ထမ်း ဒန်ဇယ်လ်ဝါရှင်တန်ဟာ မထင်မှတ်ဘဲ ရထားပြန်ပေးမှုကို ကြားကနေ စေ့စပ်ညှိနှိုင်းသူ လုပ်ပေး နေရတယ်၊ နောက်ဆုံး ပြန်ပေးငွေ ကို လူဆိုးတွေဆီ (အသက်ကို စတေးပြီး) ကိုယ်တိုင်သွားပေးဖို့အထိ ဖြစ်လာတော့ သူ့ဇနီးကို ဖုန်းခေါ်တယ်။

သူ့တို့ ကလေး ကျောင်း ရေကူးပွဲ အတွက် သူ လေ့ကျင့်ပေးနေတဲ့ နည်းတခု ကို မမေ့အောင် ကလေး ကို ထပ်ပြောဖို့ ဇနီးသည်ကို မှာတယ်။  ပြန်ပေးမှု ကို ရုပ်သံ သတင်းကနေ စောင့်ကြည့်ရင်း အန္တရာယ် အတိမ်အနက် ကို ကျက်မိနေတဲ့ ဇနီး ဖြစ်သူ ဟာ လင်သား တယောက်၊ ဖခင် တယောက် အတွက် ပို အရေးကြီးတဲ့ မိသားစု တာဝန် အသက်ရှင်နေနိုင်မှု မရှိမဖြစ် အရေးကြီးပုံ ကို သွယ်ဝိုက် သတိပေးလိုတာကြောင့် လိမ္မာ ပါးနပ်စွာနဲ့ ဒေါသသံ ဟန်ပြု ပြောတယ်။

“… ဒီမှာ ရှင့်ဘာသာ ရှင် (ကလေးကို) တွေ့တော့မှ ကိုယ်တိုင် မှာ၊ သင်ပေး၊  ဒီမှာ ကျူပ် ပြောမယ် နားထောင်၊ ရှင် လုပ်ရမယ့် အလုပ် ကို လုပ်၊ ဒါပေမယ့် အိမ်မှာ နွားနို့ ကုန်နေပြီ၊ ရှင် နွားနို့ တစ်ဂါလံ ပုံး အိမ်အပြန်မှာ ကိုယ်တိုင် ဆွဲခဲ့၊ ဒါပဲ လိုချင်တယ်..”

ဆိုပြီး ငိုနေတဲ့ မျက်ရည်တွေကို ထိန်းရင်း ခပ်တည်တည် အမိန့်ပေးဟန်ပြု ဖုန်းထဲ က ပြန်ဆိုတယ်။  ဇာတ်လမ်း အပြီး မှာ ဒန်ဇယ်လ်ဝါရှင်တန် တယောက် ကုပ်ချောင်းချောင်းနဲ့ နွားနို့ဂါလံပုံးဆွဲရင်း အိမ်ပြန်သွားတဲ့ မြင်ကွင်းကို မြင်ရတော့ ရုပ်ရှင်ကြည့်ပရိသတ်ဟာ မိသားစုဘဝ အရေးကြီးမှုကို ခံစားကြရတယ်။

တကယ်တော့ မိသားစု တိုင်း အတွက် အဓိက လိုအပ်တာက အချိန်တန် ညနေ နေဝင်ချိန် ရောက်ရင် မသေမပျောက်၊ ကျန်းကျန်းမာမာ ဇနီး မယား သား သမီး ထံ နွားနို့ပုံး ဆွဲလျက် ပြန်လာမယ့် ဖခင် လင်ယောက်ျားရယ်ပါ။  မိသားစု အိမ်မှုကိစ္စကို ဝင်ကူ၊ သားသမီးနဲ့ တီတီတာတာ ပြောဆို ဆော့ကစားမယ့် ဖခင် တွေရယ်ပါ။

 

လူမှု အသိုင်းအဝန်း က သတ်မှတ်ပုံဖော် ဖန်တီးပေးထားတဲ့ အလုပ် တာဝန် ဝတ္တရား၊ အများ အကျိုး ဆောင်ရွက်မှု၊ စွန့်လွတ် အနစ်နာခံမှု သူရဲကောင်း ဆိုတာတွေဟာ မိသားစု အတွက် တကယ်တော့ မျက်ရည် အခြေတည် ရင်နဲ့ ပေးဆပ်ရင်း ကြံဖန် ဂုဏ်ယူနေရတာမျိုးပါပဲ။  ဒေါ်အောင်ဆန်းစုကြည် ရဲ့ သား အငယ် ကင်မ် အတွက် ငယ်ဘဝ မှာ အလိုချင် အတပ်မက်ဆုံးက အနားမှာ ရှိနေနိုင်မယ့် မိခင် ပဲ ဖြစ်မှာပါ၊ ဒီမိုကရေစီ သူရဲကောင်း နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် မဟုတ်နိုင်ပါဘူး။  ဒေါ်အောင်ဆန်းစုကြည် ရဲ့ ငယ်ဘဝ မှာလည်း အဖြစ်ချင်ဆုံး ဆန္ဒ က အနားမှာ အသက်ရှင်လျက် ရှိကာ သူ့ခေါင်းကို တယုတယ ဖြီးပေးနိုင်မယ့် ဖခင် တယောက်ပဲ ဖြစ်မှာပါ၊ အမျိုးသားခေါင်းဆောင် အာဇာနည် တယောက် ဆိုတာက ဦးစားပေး မဟုတ်နိုင်ပါဘူး။

အခု ယူနတီ သတင်းသမားတွေ ကို စာနာ မပေးနိုင်၊ ပြယ်ရယ်ပြုချင် ကြသူများဟာ ဗမာပြည်မှာ လူဆိုး လူမိုက်များ ရဲ့ မုဒိန်းကျင့်ခံထိထားတဲ့ တရားစီရင်ရေး စနစ်ဆိုး၊ မတရားတဲ့ ဥပဒေ တွေ အကြောင်း၊ ပြည်သူလူထု ရဲ့ သတင်း ရယူ သိခွင့် တွေ အကြောင်း အလှမ်းမမီ လို့ ဖြစ်စေ၊ သဘောမတူ အာဏာရှင် စိတ်ဓာတ်ဝင်နေလို့ ဖြစ်စေ နေနိုင် ပြောနိုင် လှောင်သံ ငေါ့သံ ပြုချင် ပြု နိုင်ကြပေမယ့် ဓာတ်ပုံပါ ကလေးငယ် နဲ့ မိခင် ဇနီးသည် ဟာ ညနေ အိမ်ကို နွားနို့ပုံးထမ်း ပြန်လာမယ့် ဖခင် လင်သား ကို မျှော်နေမယ် ဆိုတာလေးကို တွေးမိ စာနာ စိတ် ထားသင့်ကြပါတယ်။

သူတို့အတွက် “နွားနို့ပို့သူများသာ” အလိုရှိပါတယ်။  ကလေးငယ်ဟာ “အတူတူနေချင်တယ်” သာ ဟစ်အော်နေရတယ်။

ဗမာပြည် အနှံ့က စစ်ပွဲ၊ ရန်ပွဲ၊ အမုန်း၊ ပဋိပက္ခကြားက တကွဲတကွာဖြစ်နေတဲ့ မိသားစုအားလုံးဟာလည်း “နွားနို့ပို့သူများကိုသာ” အလိုရှိနေပါတယ်။  ကလေးငယ်များ ဟာ “အတူတူနေချင်တယ်” သာ ညည်းညူ နေကြမှာပါ။

အလျဉ်မမီနိုင်တဲ့ စားဝတ်နေရေး အတွက် တိုင်းတပါးမှာ ဝမ်းစာ ရှာဖွေ ဝေးကွာနေရတဲ့ မိသားစု များ အတွက်လည်း အတူတူ အနားမှာ ရှိနေနိုင်မယ့် ချစ်ခင်မြတ်နိုးရသူ “နွားနို့ပို့သူများကိုသာ” အလိုရှိပါတယ်။  မိဘ၊ ဇနီး၊ မယား၊ ခင်ပွန်း သားသမီး များ ဟာ “အတူတူနေချင်တယ်” ကိုသာ ရွတ်ဆို တမ်းတ နေကြရတယ်။

ကျနော်တို့ အားလုံးဟာ “နွားနို့ပို့သူများသာ” အလိုရှိသူတွေပါ၊ “အတူတူနေချင်တယ်”ကို ရေရွတ် နေရသူတွေပါ။  ဘဝတူတွေပါ။  စာနာစိတ် ထားသင့် လှပါတယ်။

ငြိမ်းချမ်းအေး
ဇူလိုင် ၁၂၊ ၂၀၁၄

မှတ်ချက် - ဓာတ်ပုံများ သည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသည့် အဖမ်းဆီးခံ သတင်းထောက်နှင့် မိသားစုပုံ ဖြစ်သည်။  မူရင်း ဓာတ်ပုံဆရာနှင့် မျှဝေသူကို မသိပါ။  သက်ဆိုင်သူများကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းပြုပါသည်။  အခကြေးငွေ အလို့ငှာ ယူငင် သုံးစွဲခြင်း မဟုတ်ပါ။

Tuesday 15 July 2014

DVB - ငါးခြောက်အရောင်လှဖို့  တချို့က ယမ်းစိမ်းကို သုံးနေကြ

ကိုရုပ်ဆိုး (AMA) - သောက ပွေတဲ့ - မလေးမြေ


  သောက ပွေတဲ့ - မလေးမြေ
ကိုရုပ်ဆိုး  (AMA)၊ ဇူလိုင် ၁၁၊ ၂၀၁၄ 
(ကွာလာလမ်ပူ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမျိုးပိုင်(အလောင်းနား၌ အင်္ကျိ လက်ရှည်နှင့် ရပ်နေသူ)ကို မသေဆုံးမီ နာရီပိုင်းအလိုက သူ့အရင်သေဆုံးသွားတဲ့ ဦးတိုနီရဲ့ နာရေးကို လာရောက်ကူညီနေတာကို တွေ့ရစဉ် (ဓာတ်ပုံ – Sakhunna Ung) Photo - Irrawaddy )
 မလေးရှားဆိုတာ ဒီလိုပါ

အားလုံးသိတဲ့အတိုင်း မလေးရှားနိုင်ငံဆိုတာ မြန်မာနိုင်သားတို့အတွက် ငွေထွက်ရှာရာ ဒေသတွင်း နိုင်ငံတစ်ခု... မြန်မာနိုင်ငံဖွား လုပ်သားထုတို့ကို အမှီပြုလို့ တစ်ဟုန်ထိုး ကြီးပွားတိုးတက်လာတဲ့ နိုင်ငံဆိုရင်လဲ မမှားဘူး ..။
ကြည့်လေ ..မလေးရှားနိုင်ငံအတွင်း ဘယ်ဒေသကြည့်ကြည့် မြန်မာတွေ ရှိတယ် ဒီမြန်မာနွယ်ဖွား တိုင်းရင်းသား ပေါင်းစုံတို့ရဲ့ လုပ်အားစုံကြောင့် ထုတ်ကုန်တိုးမြှင့် စီးပွားတင့်ခဲ့ပေမဲ့ မြန်မာဆို ဘယ်တော့မှ မညှာတဲ့နိုင်ငံ... သူ့နိုင်ငံသားထိရင် ဆတ်ဆတ်မခံ သလို  မြန်မာနိုင်ငံသားမှ တစ်ပါး အခြား ဘယ်နိုင်ငံသားကို မဆို အရေးပိုပေးလေ့ရှိတဲ့နိုင်ငံ ..
ကိုယ့်အစိုးရ ပဓာန

ကိုယ့်နိုင်ငံ ကိုယ့်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားအောက်မှာ နိုင်ငံသားတို့ရဲ့ စီးပွားရေးက သုညအောက်ရောက်နေတော့ တောနေလူတန်းစားနဲ့ ဆင်းရဲနွမ်းပါး မြို့ပြသားတို့ဟာ မလေးရှားကိုပဲ အမှီသဟဲ ပြုခဲ့ရပြန်တယ် 
သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ရေကြည်ရာ မျက်နုရာ ထွက်ခွာပြီး ငွေ အသပြာရှာပြန်တော့ ဘယ်နိုင်ငံရောက်ရောက် အနှိမ်ခံရတယ် ။ သူတို့ မလုပ်ချင်တာ လုပ်ရတယ် ပြီးတော့ လစာ ရာထူး စသည် ဘာမှကို မျက်နှာမရကြဘူး။  ဒါတွေဟာ အစိုးရရဲ့ နောက်ခံ ပေးမှု  အကာကွယ်ပေးမှု တာဝန်ယူပေးမှု ကင်းမဲ့ခြင်းကြောင့်လို့ သတ္ထုချလို့ ရလောက်ပါတယ်
ပြည်သူတွေ ဘယ်အခြေရောက်ရောက် သူတို့ အာဏာမပျောက်ဖို့နဲ့  သူတို့ရဲ့ မိသားစု သားစဉ်မြေးဆက် ချမ်းသာကြွယ်ဝဖို့သာ အဓိကထားပြီး ပြည်သူတို့ရဲ့ မျက်စိကို မဖွင့်ပေးခဲ့လို့ ပညာရေးအားနဲခြင်း ရလာဒ်တွေ ဟာ မလေးရှားရောက်တော့ ကျောကော့အောင်ကို ခံနေရတာဟာ အစိုးရမှာ ပဓာန တာဝန်ရှိပါလိမ့်မယ်
တန်အောင်မရုန်းတဲ့ မလေးသံရုံး

သံရုံးဆိုတာကလဲ နိုင်ငံသားတွေ အကာကွယ်ပေးဖို့ ဝေးစွ..ဖုံးခေါ်ရင်တောင် မကိုင်..လူကိုယ်တိုင်ဆို ဘယ်မှ မရောက်တာများတယ် ..သူများနိုင်ငံ အစိုးရနဲ့ သံရုံးတွေဟာ သူ့တို့နိုင်ငံသားများ အတွက် အဘက်ဘက်က လိုအပ်ချက်ကိုဖြည့်ကြပေမဲ့  မြန်မာသံရုံးကတော့သူတို့လိုအပ်ချက်ကိုသာ ကောက်ခံတာ တောင်းခံတာလုပ်နေရုံပဲ ထင်မိပါရဲ့..။ 
ပေးလိုက်ရတဲ့ အခွန်..ဆောင်လိုက်ရတဲ့ကြေးတွေက မနဲဘူး တန်အောင် အကာအကွယ်မပေးကြတော့ ပါတ်စပို့ကိုင်ထားပေမဲ့ မကိုင်တာနဲ့ ဘာမှ ပိုပြီး အခွင့်အရေးမရအတူတူ အချို့သူတွေဟာ အို ဆိုတဲ့ ဘဝ ရောက်ရှိသွားကြတော့တယ် ။အခြားအကြောင်းများရှိပေမဲ့  ဒီအတွက်သာ အို ကြရသူ များတယ်လို့ ကောက်ချက်ဆွဲမိတယ်
အို ပယ် ဘဝ မှာ အားကိုးရာ

ဒီလို အိုဘဝ ရောက်ပြီဆိုရင် သံရုံးလဲ အားကိုးလို့ မရတော့ပါဘူး ။ လုပ် ကိုင် စားသောက် နေထိုင်ကြရတဲ့အခါမှာလဲ တကယ့်ကို ကျီးလန့်စာ  စားနေရသလိုပါပဲ .. မြန်မာမှာ ဒီမိုကရေစီရပေသော်မှ မလေးရှားမှ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ဆိုတာ မရနိုင်တာပါ  ..။  ရဲ ကြောက်ရ သူခိုးဂျပိုးကြောက်ရနဲ့ သွားလာနေထိုင် လုပ်ကိုင်စားသောက်ပြီး နောက်ပိုင်းငွေပို့နိုင်ရေး အသက်ပေးကြိုးစားနေရတယ် ဆိုရင်တောင် မှားမယ် မထင်တော့ပါဘူး
အကြောင်းကြောင်းကြောင့် မြန်မာပြည် ပြန်ရတော့မယ် ပြန်ဖို့ရှိတယ်ဆိုရင် အောက်လမ်းကနေသာ ပြန်ဖို့ရှိပါတော့တယ် ဒီအခါမှာ အားကိုးရာဆိုတာ လိုလာပြီပေါ့

အားကိုးရာက ကျော်သီဟ

ဒီလို အိုသမားများစွာအတွက် တဘက်တလမ်းက ကြိုးပမ်းကူညီပေးနေတာကတော့ ကျော်သီဟ...  ဦးဆောင်လုပ်ကိုင်နေသည်က ကိုတိုနီ .. သူ့နည်း အခြား မိဘမေတ္တာ အမည်နဲ့ အကျိုးဆောင်လုပ်ငန်း လုပ်နေတာက ကိုမျိုးပိုင် ...
သူတို့ဟာ အများအပေါ် စေတနာထားတယ် ..မလေးရှားရောက် မြန်မာတွေ အားလုံးအကျိုးကို ကျရာကဏ္ဍကနေ မလစ်ဟင်းအောင် အကျိုးဆောင်ခဲ့ကြတယ် လူမှုရေး မှ အစ အသိညာဏ်မြင့်မားရေး စာပေဟောပြောပွဲတွေ ၊ စည်းလုံးညီညွတ်ရေးအတွက် ဘောလုံးပွဲတွေ ၊ သာရေး နာရေး လူမှုရေး အသင်းတွေ မှာ သူတို့ဟာ အဓိက စပွန်ဆာနေရာက နေခဲ့ကြသလို ထောက်ပံ့ခဲ့သူ ဦးဆောင်ခဲ့သူတွေဆိုရင် ငြင်းနိုင်ဖွယ် မရှိဘူး
ဒါ့အပြင် မလေးရှားရောက်နေသူမှ မြန်မာနိုင်ငံနေ  မိတ်ဆွေသူငယ်ချင်း ဆွေမျိုးရင်းကို ခေါ်လိုသလား သူတို့က အကျိုးဆောင် ခေါ်ယူပေးတယ် ၊ မိဘဆွေမျိုးထံ ပြန်လိုသလား ဘေးကင်းစွာ မြန်မာရောက်အောင် စွမ်းဆောင်ပေးတယ် .. သူတို့ ကူညီမှု အကျိုးဆောင်မှုတွေကြောင့် မြန်မာတွေ ထောင်ပေါင်းများစွာ အကျိုးရှိခဲ့ပြီးဖြစ်တယ်
သာသနာအတွက် အားတစ်လက်

နှစ်စဉ် မလေးရှားနိုင်ငံသို့ မြန်မာပြည်အရပ်ရပ်က သံဃာတွေ ကြွချီလေ့ရှိသလို အချို့ကလဲ မလေးရှားမှာပင် ကျောင်းတည်ထောင် သာသနာပြုနေကြပါတယ် ဘယ်ဆရာတော် ကြွကြွ ဘယ်သံကို မဆို ကြိုဆိုပို့ဆောင်ရေး တည်းခိုနေထိုင်ရေးတွေမှာ သူတို့ဟာ ရှေ့တန်းက ပါခဲ့တယ် ပြီးတော့ လိုရာခရီး အသီးသီးကို စီးတော်ယဉ်များနဲ့ ကူညီအကျိုးဆောင်ပေးနေသူတွေ ဖြစ်တယ်ဆိုတာ မလေးကြွဖူးသည့်သံဃာတိုင်းပင် သိမယ် ထင်မိပါရဲ့လေ
သာသနာပြု အားအင်ထု

သူတို့ဟာ သူတို့မှာ ရှိတဲ့ ဥစ္စာဓန တွေကို ဘာသာ သာသနာအတွက် အားတက်ရွှင်ပျော် လှူဒါန်းပူဇော်နေသူတွေဆိုလဲ မမှားပါဘူး  မလေးရှားတွင် ကျောင်းပေါင်း လေးဆယ်ကျော်မျှ ရှိရာ သူတို့အလှူငွေမရောက် သည့်နေရာ မရှိသလောက်ထင်မိပါတယ် အားလုံးက သိတဲ့ ကိုတိုနီဟာ သူ့ကိုယ်စား သူ့အမေဖြစ်သူ ဒေါ်မြင့်ဝင်း ခေါ် မယ်တော်ကြီးကို ကျောင်းအသီးသီးသို့ သွားစေ လှူစေ ထောက်ပံ့စေပါတယ် ဒီအပြင် သံဃာတွေ သွားရေး လာရေးတွေမှာ မယ်တော်ကြီးကို အမြဲလိုက်ပါ ဝေယျာဝစ္စဆောင်ရွက်စေသလို ကုန်ကျစရိတ်တွေကို လှူဒါန်းစေခဲ့တာပါ
ကိုမျိုးပိုင်ဆိုရင်လဲ အဖွဲ့ပေါင်းစုံ အသင်းပေါင်းစုံမှာ ဝင်ဆန့်ပြီး ဘာသာ သာသနာအတွက် ကျရာဝန်ကို ကျေပြွန်စေခဲ့သူတွေပါ
ပြည်တွင်းကဒဏ် ပြည်ပခံ

ခုတော့ ဒီလူတွေဟာ မလေးရှားမှာ အစွန်းရောက် လူသတ်သမားတို့ရဲ့လ က်ချက်နဲ့ အသက်ထွက်ခဲ့ကြရပါပြီ ပြည်တွင်းမှာ ဘယ်သူ့ ပယောဂနဲ့မှန်းမသိ ဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတွေဟာ ပြည်ပနေ မြန်မာတွေရဲ့စိတ်နှလုံးကို ညိုးချုံးစေတာ အမှန်ပါ ... ရေများ ရေနိုင် မီးများ မီးနိုင်ပေမဲ့  မိမိအာဏာ  တည်မြဲရေးနဲ့ နေရာတည်မြဲရေးအတွက် အကွက်ချ စီမံခဲ့တဲ့ စနက်တွေဟာ ပြည်ပနေသူတွေ အသက် အန္တရာယ်တွေလို ဖြစ်လာနေသလိုပါပဲ  ..
 ဒါတွေကို အစိုးရ တာဝန်ရှိသူတွေက မသိကျိုးကျွန်ပြုနေသလား မသိပါဘူး .. ဘယ်အရာမှ အစွန်းရောက်တာ မကောင်းဘူးဆိုတာ သိကြပေမဲ့ အာဏာအစွန်း လောဘအစွန်းရောက်သူ တစ်ချို့ကြောင့် ပြည်တွင်းထက် ပြည်ပနေသူတို့မှာ အခက်တွေ ပွေနေရတယ်လို့တောင် ဆိုလိုက်ချင်ပါတော့တယ်
 မလေးရှားမှာ သွေးမြေရတဲ့ မြန်မာနိုင်ငံသားတွေ ဘယ်မျှ များပြားသွားပြီဆိုတာ သက်ဆိုင်ရာ အစိုးရမင်းတို့က သတိမှ ပြုမိလေပါစ၊ လွှတ်တော်ကရော သိပါစ ...
သူတို့ပေါင်းသင်း ရောင်းရင်းတွေ

ဒီကိုမျိုးပိုင်နဲ့ ကိုတိုနီ တို့ ဟာ မလေးရှားမှာနေထိုင်ပြီး စီးပွားရေး လုပ်ကိုင်ကြတာဆိုတော့ သူတို့အပေါင်းအသင်းတွေဟာ မလေးရှားနိုင်ငံသားတွေလဲပါမှာမလွဲပါဘူး ဘာသာမတူ အယူကွဲသူတွေ အတူတွဲလုပ်ကြတဲ့အခါ ထားရှိမိတဲ့ အယုံလွယ်မှုတွေက ခုတော့သူတို့ဘဝကိုပင် ပေးဆပ်သွားကြရပြီလေ ။ ငွေအသပြာကြောင့်တင်မဟုတ် ပဲ ဘာသာ သာသနာအတွက် အဖက်ဖက်က ဦးဆောင်သူတွေကို သက်သက်ဖြောင်လိုက်ကြတယ်လို့ ထင်မိပါတယ် ၊နောက်လူတို့ သတိသံဝေရပါစေပေါ့
လူအခွင့်အရေး ညာသံပေးလဲ

မြန်မာပြည်မှာ လူနည်းစုတည်း ဟူသော ဧည့်သည်တွေက ရန်ပြုတာခံပြီး လူနည်းစု ဖန်လိုက်တဲ့ ပြဿနာတွေမှာ အများထုက တုန့်ပြန်တဲ့အခါ  လူအခွင့်ရေးဆိုတာ ကို ညံနေအောင်အော်နေတတ်သူတွေ အများသားပါ ၊သတင်းဂျာနယ်တွေကလဲ ရေးသားဖေါ်ပြမဆုံးပါပဲ...
မလေးရှားနိုင်ငံ ထိုင်းနိုင်ငံတွေမှာ မြန်မာနိုင်ငံသားတွေ အသက်တွေပေးကျရ သွေးမြေခကြရတဲ့အခါမှာတော့ ထိုသူများဟာ မိမိတို့မဆိုင်သလိုနေနေကြတာကိုတော့ အံ့သြမဆုံးပါဘူး..လူ့အခွင့်ရေး အစား တိုင်းတပါးသား ဘာသာခြား တို့အခွင့်အရေးကို တောင်းဆိုနေတာလို့ပဲ ထင်မိပါတော့တယ်
မည်သည့် သတင်းဂျာနယ်ကမှလဲဒါတွေကို ဟိုက်လိုက်လုပ်ဖေါ်ပြတာမရှိပါဘူး မြန်မာပြည်တွင်းရေးမှာ ဝင်စွက်ဖို့ လက်မနှေးခဲ့ကြတဲ့ ပြည်ဖျက် သတင်းဋ္ဌာနအများစုဟာ ယခု မလေးရှားရှိ မြန်မာတို့အရေးမှာတော့သွေးအေးနေသလို ဖေါ်ပြဖို့အရေးလဲ သွေးအေးနေကြတာဟာ လူ့အခွင့်ရေးကို တကယ်မလေးစားရာ မရောက်ဖူးလားပင် ထင်လိုက်မိပါတော့တယ်

သွေးရနံ့ တို့ သင်းပျံ့ နေ...
ခုတော့ မလေးရှားမှာ မြန်မာတို့အတွက်တော့ နေရာတိုင်းမှာ သွေးဆာနေသူတို့ရဲ့ ဒဏ်ကို ခံလိုက်ရသူတို့ရဲ့ သွေးရနံ့တို့ဖြင့် သင်းပျံ့နေသလို ကမ္ဘာတစ်ခို ဘယ်မဆိုလဲ လွင့်ပျံ့လို့ နေပြီထင်ပါတယ် ..ကိုတိုနီ ကိုမျိုးပိုင် တို့ နည်းတူ မထင်မရှား ဖြင့် ဇိဝိန်ကြွေကျ သွေးမြေခသွားရသူတွေလဲ အများသားပါ ..ထိုသူတို့ရဲ့ သွေးတွေဟာ ကမ္ဘာမြေကို ငြိမ်းချမ်းစေမှု ရအောင် အကျိုးဆောင်နိုင်ပါစေလို့သာ ဆုတောင်းလိုက်ချင်ပါတော့တယ်
သောကပွေတဲ့ မလေးမြေ
အချုပ်အားဖြင့် ဆိုသော် မလေးရှားမြေက သွေးမြေကျရတဲ့ အဖြစ်တွေဟာ အစွန်းရောက်သမားတွေ လက်ချက်လို့ ပြောရမှာပါ.. အာဏာအစွန်း ၊ ရာထူးအစွန်း ၊ ဘာသာရေး အစွမ်း ၊ လူမှုရေး အစွန်း ၊ လူမှုရေး အစွန်း  စသည် စသည် ဘယ်အစွန်းမှ မကောင်းဘူးဆိုတာ သာဓက ပြနေသလိုပါပဲ...ဒီလို အစွန်းရောက်သူတွေရဲ့ ဒဏ်ကြောင့် မလေးရှားမြေမှာ သောကဖြာ ရတက်ပွေလို့ အခက်တွေရောက်နေကြရပါပြီ ..ပြည်တွင်းက အစွန်းရောက်တွေနဲ့ သက်ဆိုင်ရာ အစိုးရမင်းတို့ ခေါင်ချင်းဆိုင် ဖြေရှင်းပေးကြပါလို့ တောင်းဆို ဆန္ဒပြုပါတယ်
 ဗုဒ္ဓဘာသာတို့အလို ဝါဆိုလပြည့်ဆိုတာ ရောက်ပါပြီ ..ဒီဝါဆိုလပြည့် နေ့မှာ ဟောကြားခဲ့တဲ့ ဓမ္မစကြာတရားတော်နဲ့အညီ အစွန်းကိုရှောင်ခွာကာ ကျင့်ဖွယ်ရာ အလယ်လတ်လမ်းကို အမြန်တွေ့နိုင်ပါစေ၊ ပြည်တွင်း ပြည်ပ ဘယ်ဒေသမှာ မဆို အစွန်းရောက်သူတို့ရဲ့ ဘေးက ကင်းဝေးနိုင်ကြပါစေ ဟုသာ ဆုတောင်းလိုက်ရင်း စာရေးသူရဲ့ ရင်ထဲက ခံစားဖြစ်ပေါ်လာသည့် သောကပွေတဲ့ မလေးမြေကို နိဂုံးချုပ်လိုက်ပါတော့တယ်  ။

ဆက်စပ်သတင်းများ
http://burma.irrawaddy.org/news/2014/07/10/61652.html

(လွန်ခဲ့သည့်နှစ်ကလည်း မြန်မာအတိုက်အခံခေါင်းဆောင် ရခိုင်အမျိုးသားများ သွားရောက်စဉ်က လုပ်ကြံရန် အကြမ်းဖက်သမားအချို့က ကြိုးပမ်းခဲ့သည်၊ ၎င်းနောက် မြန်မာ့အရေးလှုပ်ရှားတက်ကြွသူ ကိုအောင်ကြီးသည်လည်း အကြမ်းဖက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုနည်းတူ မြန်မာအလုပ်သမားများသည်လည်း ဘာသာရေးအစွန်းရောက်သည့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အသက်ရန်ရှာခြင်းများ ခံနေရဆဲ ဖြစ်သည်။ )


နိုင်ငံသား ဖြစ် မဖြစ် စိစစ်မှုများ ရခိုင်ပြည်နယ်၌ စတင်နေသော်လည်း နိုင်ငံသားမဖြစ်သူများအား မည်ကဲ့သို့ အရေးယူမည် ဆိုသည်ကို အစိုးရအနေဖြင့် မဆုံးဖြတ်ရသေး

Published on: July 1, 2014
Written by: 
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး
နိုင်ငံသားဖြစ်မဖြစ် စိစစ်မှုများ ရခိုင်ပြည်နယ်၌ စတင်ဆောင်ရွက်နေသော်လည်း နိုင်ငံသားမဖြစ်သူများကို မည်ကဲ့သို့ အရေးယူမည် ဆိုသည်ကို အစိုးရအနေဖြင့် မဆုံးဖြတ်ရသေးကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံသားကတ်မရသင့်ဘဲနှင့် ရနေသည့် တိုင်းရင်းသားအမည်ခံ ဘင်္ဂါလီလူမျိုးများစွာ ရှိနေကြောင်း၊ နိုင်ငံသား စိစစ်ခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံသားဖြစ်သင့်သူများကို နိုင်ငံသားများ၏ မူလအခွင့်အရေးများ အပြည့်အ၀ရရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ နိုင်ငံသားမရသင့်သူများကိုလည်း မည်သို့အရေးယူမည်ဆိုသည့် အစီအစဉ်များ ရှိရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံသားမဖြစ်သူများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ဆိုသည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းမရှိဟု ရခိုင်အမျိုးသားပါတီ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောကြားသည်။
"ဥပဒေတစ်ခုကို အကောင်အထည် ဖော်မယ်ဆိုရင် ဒီဥပဒေ၏ အထောက်အထားများသည် ဥပဒေအရပေးထားခြင်း ဟုတ်မဟုတ်ကို ပြန်စိစစ်ရမယ်။ စစ်တဲ့အခါမှာ ဥပဒေပါပြဋ္ဌာန်းချက်အတိုင်း ကျောသား ရင်သားမခွဲခြားဘဲ အရေးယူရမယ်။ ပြီးရင် အဆင့်ဆင့်စိစစ်မယ်။ တကယ်ရသင့်တဲ့သူကို ရအောင်လုပ်ရင် ရပြီးသားလူကို နိုင်ငံသား မူလအခွင့်အရေးကို အပြည့်အ၀ပေးရမယ်။ မရသင့်တဲ့သူကို ဘယ်လိုဆောင်ရွက်မယ်ဆိုတာ တစ်ပြိုင်နက်တည်းသူ့မှာ အစီအစဉ် ရှိရမယ်" ဟု ဒေါက်တာအေးမောင်က ပြော ကြားသည်။
ဘင်္ဂါလီအပါအ၀င် နိုင်ငံသားမဖြစ်သင့်သည့် နိုင်ငံခြားသားများ မြန်မာနိုင်ငံသားဖြစ် ခွင့်ရရှိနေခြင်းသည် နိုင်ငံအတွက်များစွာ နစ်နာကြောင်း၊ နိုင်ငံသားစိစစ်ရာတွင် နိုင်ငံသားမဖြစ်သူများအား မည်ကဲ့သို့ဆောင်ရွက်မည် ဆိုသည်ကို လက်ရှိတွင် ယတိပြတ်ပြောပြရန် စဉ်းစားရမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားစိစစ်ခြင်းကိုလည်း အချိန်ယူဆောင်ရွက် ရမည်ဖြစ်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက အဆိုတင်သွင်းထားခြင်းခံရသူ ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။
"ရခိုင်တိုင်းရင်းသားများရဲ့ဆန္ဒကတော့ နံပါတ်တစ်ကတော့ ၈၂ အက်အရ စိစစ်ပါ။ နံပါတ်နှစ်က အတူမနေလိုပါ။ နံပါတ်သုံးကတော့ စိစစ်တဲ့မဟုတ်တဲ့သူတွေကို တတိယနိုင်ငံ သို့မဟုတ် ခြံစည်းရိုးခတ်ပြီးထားဖို့ဆိုတဲ့ ပုံစံမျိုးတော့ပြောတာပေါ့။ အဲဒီတော့ ဒါတွေက ဥပဒေအရ ဆောင်ရွက်သွားမှာပါ။ အဆင့်တစ်နဲ့နှစ်ကတော့ ကိုယ်တို့လက်တွေ့ကျကျ ဆောင်ရွက်လို့ရပြီ။ နံပါတ်သုံးဖြစ်တဲ့ ဘာလုပ်မယ်မဟုတ်တဲ့ သူတွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့ အနေအထားကတော့ လက်ရှိမှာ ယတိပြတ်ကြီးပြောဖို့က ကိုယ်တို့မှာ အစီအမံက စဉ်းစားရဦးမယ်။ ဒါပေမဲ့ တစ်ခုခုတော့ လုပ်ရမယ်။ အဲဒီတော့သူများတွေလိုပဲ ခြံစည်းရိုးနဲ့ထားမလား။ ဒါမှမဟုတ် တတိယနိုင်ငံကို ပို့မလား။ ဘယ်လိုစီမံမယ်ဆိုတာ ကိုတော့ နိုင်ငံတကာရဲ့ စံနှုန်းတွေနဲ့အညီ သွားရမှာပေါ့" ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။

ဘင်္ဂါလီလူမျိုးများအနေဖြင့် ရိုဟင်ဂျာတိုင်းရင်းသားဟု သတ်မှတ်ထားမှုနှင့် နိုင်ငံရေးရည်မှန်းချက်များကိုရပ်တန့်ပြီး ဆွေးနွေးသင့်ကြောင်း ဒေါက်တာအေးမောင်တိုက်တွန်း

Published on: July 1, 2014
Written by: 
စိုးမင်းထိုက်၊ ဥာဏ်ဝင်းရှိန်
ဇူလိုင် ၁ ရက်ကပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းအဝေး၌ ဒေါက်တာအေးမောင် ဆွေးနွေးစဉ်
ဘင်္ဂါလီလူမျိုးများအနေဖြင့် ရိုဟင်ဂျာတိုင်းရင်းသားဟု သတ်မှတ်ထားမှုနှင့် နိုင်ငံရေးရည်မှန်းချက်များကို ရပ်တန့်ပြီး ဆွေးနွေးသင့်ကြောင်း ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်က ဇူလိုင် ၁ ရက်က ပြောကြားသည်။

"ဘင်္ဂါလီက ဘင်္ဂါလီပါပဲ။ သူတို့က ဗမာပြည်မှာလာနေတယ်။ ဗမာပြည်ရဲ့သစ္စာခံပြီး နေရမှာပေါ့။ တိုင်းရင်းသားဆိုတဲ့ လိမ်ညာထားတဲ့ ရိုဟင်ဂျာဆိုတာကိုဖြတ်၊ နောက်ပြီး သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကိုဖြတ်။ ကျွန်တော်တို့ဆွေးနွေးမယ်။ တည်ငြိမ်တဲ့ပတ်ဝန်းကျင်ဖြစ်အောင် ကျွန်တော်တို့ဖန်တီးမယ်။ ခင်ဗျားတို့ဘ၀အတွက် လက်ဖြန့်တောင်းနေစရာမလိုဘူး။ ကိုယ့်ဝင်ငွေနဲ့ကိုယ်ရပ်တည်နိုင်အောင် ကျွန်တော်တို့ဖန်တီးမယ်။ အဓိက,ကတော့ စီးပွားရေးအဆောက်အအုံတွေ အစိုးရအနေနဲ့ ဖန်တီးပေးရမယ်" ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

အိုင်အင်န်ဂျီအိုအဖွဲ့အစည်းများအပေါ် ရခိုင်လူမျိုးများ၏ အကြမ်းဖက်မှုပုံစံဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်ရသည့်အကြောင်းအရင်းများတွင် ယင်းအဖွဲ့များအနေဖြင့် တစ်ဖက်သတ်သွားနေသည့် ပုံစံဖြစ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ နှစ်ဖက်ကြည့်ရန်လိုအပ်ကြောင်း၊ အဆိုပါအဖွဲ့များအနေဖြင့် ရခိုင်လူမျိုးများ၏ ယုံကြည်မှုကိုရရှိရန် ဆောင်ရွက်သင့်ကြောင်း ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းမှုများရရှိနိုင်ရန်အတွက် ၀န်ကြီးချုပ်ဖြစ်လာသည့် ဗိုလ်ချုပ်မောင်မောင်အုန်း၊ အခြားအဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အစိုးရအဖွဲ့မှ ၁၅ ဘီလျံချထားပေးသည်ဟု ပြောကြားကြောင်း သိရသည်။

"ဒီဆွေးနွေးမှုတွေမှာ ဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ ချဉ်းကပ်မှုတွေဟာ ကောင်းမွန်ပါတယ်။ ၁၉၈၂ နိုင်ငံသားဥပဒေကို ဘယ်လိုအကောင်အထည်ဖော်မယ်။ ဘယ်လိုအရေးယူမယ်ဆိုတာတွေကအစပေါ့။ ကျွန်တော်တို့ဒေသကတော့ လုံခြုံရေးက အဓိကကျပါတယ်။ လူမှုစီးပွားဘ၀ဖွံ့ဖြိုးအောင် ဘယ်လိုဆောင်ရွက်မယ်။ ငြိမ်းချမ်းတဲ့၊ တည်ငြိမ်တဲ့လူမျိုးနွယ်စု ပတ်ဝန်းကျင်ဖြစ်မှ တည်ဆောက်လို့အဆင်ပြေနိုင်မှာလို့ သူကပြောခဲ့ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့တွေ ကန့်ကွက်ခဲ့ပေမယ့် နယ်စပ်အရေးကိစ္စတွေကိုသိနေတဲ့သူ့ကို ကျွန်တော်တို့ လက်တွဲပြီး ဆောင်ရွက်သွားမှာပါ" ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဗိုလ်ချုပ်မောင်မောင်အုန်းသည် တပ်မတော်မှလာသည့်အတွက် တပ်အင်အားရှိကြောင်း၊ ရခိုင်လူထုအင်အားနှင့် အစိုးရအင်အားပေါင်းပြီးဆောင်ရွက်ပါက ရခိုင်ပြည်နယ်အနေဖြင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးလာနိုင်ကြောင်း ဆက်လက်ပြောကြားသည်။

ဒေါက်တာအေးမောင်က "ကျွန်တော်အရင်က ရခိုင်နဲ့ပတ်သက်တဲ့အဆိုတင်ဖူးပါတယ်။ အဲဒီတုန်းက ဦးလှဆွေက ကန့်ကွက်ခဲ့ပါတယ်။ ဟိုတုန်းက ကန့်ကွက်ခဲ့တဲ့သူက အခုမှရုတ်တရက်ပြောင်းပြီး ဒီအဆိုကို ဘာကြောင့်တင်ခဲ့တာလဲ။ စဉ်းစားစရာပါ။ လွှတ်တော်မှာတင်တာကတော့ ပြည်သူလူထုသိအောင်လုပ်တာဖြစ်မယ်။ အစိုးရနဲ့ လွှတ်တော်ပူးပေါင်းမှုကို ထုတ်ဖော်ပြတာလို့ထင်တယ်။ ဒီအဆိုက ချိတ်ဆက်မှုတွေရှိတယ်။ ရွေးကောက်ပွဲနီးလေ ဒီလွှတ်တော်ကြီးမှာ မုန်တိုင်းလေးတွေ ထန်လာနိုင်တယ်။ လူမျိုးစုလွှတ်တော်ဖြစ်နေလို့ပါ။ ဒီဟာက နိုင်ငံရေးကစားကွက်၊ နိုင်ငံရေးဗျူဟာတစ်ခုဖြစ်လာမယ်။ နိုင်ငံရေးကစားကွက် အနုတ်အသိမ်းလေးတွေ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုစစ်စစ်အဖြစ် ပုံဖော်ချင်တယ်" ဟု ဆက်လက်ပြောကြားသည်။

ရခိုင်လူမျိုးများ နေရပ်စွန့်ခွာမှုများလာခြင်းမှာ စီးပွားရေးအလုပ်အကိုင်ရှားပါးခြင်းကြောင့်ဖြစ်ကြောင်း၊ တိုင်းရင်းသားများသည် တိုင်းရင်းသားဒေသများတွင်သာ ပျော်ရွှင်စွာနေထိုင်ချင်ကြကြောင်း၊ ရခိုင်ပြည်နယ်သည် ပင်လယ်ထွက်ပေါက်ရှိကြောင်း၊ အဆိုပါအားသာချက်များကို ပြည်ထောင်စုအစိုးရအနေဖြင့် အသုံးမပြုခဲ့သည်မှာ အံ့သြစရာဖြစ်ကြောင်း၊ စီးပွားရေး လွတ်လပ်ခွင့်ချထားပေးရန်လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

ဇွန် ၂၃ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၂ မှ ဦးလှဆွေက ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ နေပျော်လာရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အခြေအနေတစ်ရပ်ရပ်ကို ဖန်တီးဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်းအဆိုအား တင်သွင်းခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးပိုမိုခိုင်မာအောင် ရခိုင်အမျိုးသားပါတီဆောင်ရွက်မည်

Published on: July 1, 2014
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပေါင်းစည်းထားသည့် ရခိုင်အမျိုးသားပါတီအနေဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ဆက်ဆံရေးပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည်ဟု ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဦးလှစောက ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ၏ ရန်ကုန်ရုံးကို ဇွန် ၂၉ ရက်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ဓမ္မ၀ိဟာရလမ်း၊ အမှတ် ၇၅ တွင်ဖွင့်လှစ်ခဲ့ရာ တိုင်းရင်းသားပါတီများအပါအ၀င် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

"ရခိုင်အမျိုးသားပါတီရုံးကို ဖွင့်ခြင်းဖြင့် တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးကို အခိုင်အမာလုပ်သွားမယ်။ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးဆိုတာက ကျွန်တော်တို့ တိုင်းရင်းသားပေါင်းစုံမျှော်လင့်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာကို လုပ်သွားမယ်" ဟု ဦးဦးလှစောကဆိုသည်။

ရခိုင်အမျိုးသားပါတီ၏ ရန်ကုန်ရုံးဖွင့်လှစ်ရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပါတီလှုပ်ရှားမှုများ ပိုမိုပြုလုပ်ရန်နှင့် ၂၀၁၄ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲများအတွက် ပြင်ဆင်မှုတစ်ခုလည်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစောက ပြောကြားသည်။

ရခိုင်အမျိုးသားပါတီရုံးကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း ဖွင့်လှစ်ထားကြောင်း၊ ပါတီဗဟိုဌာနချုပ်နေရာကို ရန်ကုန် သို့မဟုတ် စစ်တွေ၌ သတ်မှတ်ခြင်းကို လာမည့်စက်တင်ဘာလတွင် ပြုလုပ်မည့် ရခိုင်အမျိုးသားပါတီ၏ ညီလာခံတွင် ဆုံးဖြတ်သွားမည်ဟု ပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီခေါင်းဆောင်များအနေဖြင့် ဇွန် ၂၈ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရခိုင်တိုင်းရင်းသားများနှင့်တွေ့ဆုံ၍ ၎င်းတို့ပါတီ၏မူဝါဒများကို ရှင်းလင်းပြောကြားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရခိုင်အမျိုးသားကို ခန့်အပ်ရန် နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် တောင်းဆို

(နိရဉ္စရာ- ၃၀ ဇွန်လ ၂၀၁၄)
နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် တောင်းဆိုနေကြစဉ်။
နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် တောင်းဆိုနေကြစဉ်။
နုတ်ထွက်သွားသော ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်လှတင်၏ နေရာတွင် ရခိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကိုသာ အစားထိုး ခန့်အပ်ရန် နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် တွင် ရခိုင်အမျိုးသား (၃၀) ခန့်မှ  ဇွန်လ ၂၈ ရက်နေ့က ဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်ကာ တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။
" ရခိုင်ပြည်သူများ ရွေးကောက်တင်မြှာက်ထားတဲ့  ရွေးကောက်ခံ ကိုယ်စားလှယ် မဟုတ်ပဲ စစ်ဗိုလ်ချုပ်တယောက်ကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဟာ ရခိုင်ပြည်ကို ပြည်ထောင်စုအတွင်းက ပြည်နယ်တခုအဖြစ် သဘောမထားလို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒီအတွက် လာဆန္ဒပြတောင်းဆိုတာပါ" ဟု  ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်သည့် ခိုင်ဘခင်က ပြောသည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရန် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်အုန်းအား ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ က အဆိုပြုခဲ့သည်။
ယင်းနောက်ပိုင်းတွင် ယခုတောင်းဆိုမူ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆန္ဒပြပွဲတွင် ပါဝင်သူတဦးဖြစ်သည့် ခိုင်မျိုးထွန်း မှလည်း " သမ္မတ ဦးသိန်းစိန်အနေဖြင့် စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်နေတယ်လို့ ပြောဆိုပြီး  တစ်ဘက်မှာ ဗိုလ်ချုပ်တစ်ဦးကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ အဆိုတင်သွင်းတာဟာ ပြောတာနဲ့ လုပ်တာ တစ်ခြားစီ ဖြစ်နေတယ်ဆိုတာ သိသာ ထင်ရှားနေပါတယ်" ဟု ဆိုသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူ မမေသူခင်ကလည်း  " မြန်မာ တနိုင်ငံလုံးရှိ အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရွေးကောက်ခံ အရပ်သားများကိုသာ ၀န်ကြီးအဖြစ် ခန့်အပ်ထားပြီး ရခိုင်ပြည်နယ် တခုတည်းတွင်သာ စစ်ဗိုလ်ချုပ်ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဟာ မတရားဘူး၊ ဒီလုပ်ရပ်ဟာ ဒီမိုကရေစီ အတုအယောင်သာဖြစ်တယ်" ဟု သူမက ပြောသည်။
ဆန္ဒပြပွဲကို နေ့လည် ၁ နာရီမှ ညနေ ၃ နာရီထိ ပြုလုပ်ခဲ့ကြကြောင်းနှင့် လူ ၃၀ ခန့် တက်ရောက်ခဲ့ကြကြောင်း ခိုင်ဘခိုင်က ပြောဆိုသည်။
ပြည်ပရောက် ရခိုင်အမျိုးသားများက ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ရခိုင်အမျိုးသားကိုသာ ခန့်အပ်ရန် တောင်းဆိုနေသော်လည်း ဇွန်လ (၃၀) ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် အရေးပေါ် လွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းအား ကန့်ကွက်သူ တစ်စုံတစ်ဦးမှ မရှိဘဲ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် အတည်ပြု ခန့်အပ်ခဲ့သည်။



ဂျူနီယာဝင်း – စာရေးဆရာပြဇာတ်တို့၏ ရွှေခေတ်
June 28, 2014
စာရေးဆရာပြဇာတ်တို့၏ ရွှေခေတ်
ဂျူနီယာဝင်း
ဇွန် ၂၈၊ ၂၀၁၄

The Golden Age of Writers' Theatre
Junior Win ၏ Walking Through The Wonderand ကင်ဒဲယ် အီးဘုတ်မှ The Golden Age of Writers' Theatre ကိုကိုယ်တိုင်ဘာသာပြန်ထားပါသည်။

(၁၉၅၀? လောက်က ကပြခဲ့ကြသော ဒိုင်းခင်ခင်ပြဇာတ်အတွက် အစမ်း ရီဟာဇယ် လေ့ကျင့်နေကြစဉ်။ (၀ဲမှယာ) (ဦး) သုခ၊ ဦးခင်မောင်လတ်၊ (ဒေါ်) ခင်မျိုးချစ်နှင့် (ဒေါ်) မလှသန်း။)
"စာရေးဆရာပြဇာတ်" မြန်မာပြည်မှာ မြန်မာပြည်က စာရေးဆရာတွေ တီထွင်လိုက်တာ ဖြစ်ပါသည်။ သူတို့က ရုပ်ရှင်မင်းသား မင်းသမီးတွေတော့ မဟုတ်ကြပါဘူး။ သို့သော် သူတို့က တကယ့်သရုပ်ဆောင်တွေလိုပဲ သရုပ်ဆောင်ကပြ ကြပါသည်။ စာရေးဆရာ များ၏ပြဇာတ် ပေါ်လာတာ မြန်မာပြည်မှာ ဂျပန်တွေခေတ် ကနေစလာလိုက်တာ ၁၉၅—? အထိကဟုပဲ ခန့်မှန်းပါသည်။ ကျွန်မတို့၏ အဘိုးအဘွားများက စာရေးဆရာများဆိုတော့  အဲသည်ပြဇာတ်ထဲ ပါဝင်ကြတာ အသေအချာပေါ့။

● စာရေးဆရာပြဇာတ် ဘယ်လိုစဖြစ်ပေါ်?

အဲသည်အချိန်အခါတုန်းက မြန်မာစာရေးဆရာများ အဖွဲ့ကနေ ရန်ပုံငွေ အတွက် ပြဇာတ်တစ်ပုဒ်ကဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။ အဖွဲ့ဝင် တွေဟာ ဦးပုည၏နံမယ်ကြီး ပြဇာတ်များအပါအ၀င် မြန်မာပြဇာတ်များစွာကို ရွေးချယ် ကပြကြဖို့ စဉ်းစားခဲ့ကြပါသည်။ (ဦးပုညဆိုတာ မြန်မာ့နံမယ်ကျော် စာရေးဆရာ ကဗျာဆရာကြီးဖြစ်သည်။ ကဗျာတွေလည်းများစွာ ရေးသားခဲ့သူ ဖြစ်သည်။ သူကသမိုင်းဝင် နံမယ်ကျော် စာကြီးပေသားများကို ရေးသားခဲ့သူဖြစ်ပါသည်။ သူရေးသားသော ကဗျာစာကြောင်းများမှာ ရှည်လျားပြီးခက်ခဲလှ၏။ ဘယ်လိုရုပ်ရှင်မင်းသားမင်းသမီးတွေ မှပင် သူ့စာကြောင်းကြီးများကို သံနေသံထား မှန်မှန်ဖြင့် အလွတ်မရွတ်နိုင်ကြပါ။ အင်း….. စာရေးဆရာများကလွဲ လို့ပေါ့။ သည်ထဲမှာ ရုပ်ရှင်သရုပ်ဆောင်လဲ ဟုတ်နေသည့် စာရေးဆရာကြီး ဦးသုခ လို နံမယ်ကျော် စာရေးဆရာ အဆိုတော်ကြီး အတွက် ချွင်းချက်ထားရပေတော့မည် ဖြစ်ပါသည်။)

● စာရေးဆရာပြဇာတ်အတွက် ပြဇာတ်များ
စာရေးဆရာပြဇာတ်ထဲတွင် စာရေးဆရာများက မင်းသား မင်းသမီးများ ဖြစ်လာသည်။ သူတို့ကပြခဲ့သည့် ပြဇာတ်များမှာ ဒိုင်းခင်ခင် (သီပေါမင်း၏ ကြင်ယာတော် အကြောင်းရေးထားသည့် ဇာတ်လမ်း) ပြဇာတ်၊ ၀ိဇယ (မင်းသားအမည်)၊ နတ်သျှင်နောင် (မြန်မာစစ် သည်နှင့်ကဗျာဆရာ အကြောင်းဇာတ်လမ်း) ပြဇာတ်၊ မြ၀တီမင်းကြီးဦးစ (မြန်မာစစ်သည်တော် ပညာတတ် ကဗျာဆရာ အကြောင်း) ပြဇာတ်၊ စသည်စသည်ဖြင့်တို့သည် စာရေးဆရာ ပြဇာတ်များဖြစ်လာကြပါသည်။


(ပုံတွင် စာရေးဆရာကြီး (ဦး) သင်္ခက ဘုရင်အဖြစ်၊ (ဒေါ်)ခင်မျိုးချစ်က ဘုရင်မကြီးအဖြစ် သရုပ်ဆောင်နေကြပုံ။)
● ဘယ်သူတွေက ဘယ်လိုဇာတ်ကောင်တွေ သရုပ်ဆောင်ကြသလဲ?
(ဦး)သင်္ခ (စာရေးဆရာ) က အမြဲတမ်း ဘုရင်လုပ်ကာ ကျွန်မအဘွား (ဒေါ်)ခင်မျိုးချစ်က အမြဲတမ်း ဘုရင်မကြီး လုပ်လေ့ရှိကြပါသည်။ ရွှေညာမောင် (စာရေးဆရာ) က အဓိကသရုပ်ဆောင် လုပ်လေ့ ရှိပါသည်။ မေနွဲ့(သူက စာရေးဆရာမ အရင်ဖြစ်တာဖြစ်ပါတယ်။ နောက်မှ စာရေးဆရာပြဇာတ်ကနေ မင်းသမီးတကယ် ဖြစ်သွားတာပါ။) က အဓိကမင်းသမီး လုပ်ပါသည်။ ဗိုလ်ဗကို (စာရေးဆရာ) ကဒိုင်းခင်ခင် ပြဇာတ်တွင် သီပေါမင်းသား လုပ်ပါသည်။ (ဒေါ်) မလှသန်း (စာရေးဆရာ) က ဒိုင်းခင်ခင် လုပ်ပါသည်။ ဦးချင်းစိန် (စာရေးဆရာ) က နတ်ရှင်နောင် လဲလုပ်ကာ မြ၀တီမင်းကြီးဦးစ လဲလုပ်ပါသည်။ (ဦး) သုခ (စာရေးဆရာ) က ၀ိဇယမင်းသား အဖြစ်လည်းကောင်း၊ မောင် ဖေငယ်အဖြစ်လည်းကောင်း သရုပ်ဆောင်ပါသည်။ သူသရုပ်ဆောင်တဲ့ ၀ိဇယ ဇာတ်ကောင်သည် ဦးသုခအား ဒရာမာ ဇာတ်ကောင်အဖြစ် တွန်းပို့ခဲ့ပါတော့သည်။ ဂျပန်ခေတ်တစ်ခေတ်လုံးမှာ (ဦး)သုခသည် သီချင်းပြဇာတ်များစွာ ထုတ်လုပ်ခဲ့ပါသည်။ ဇ၀န (စာရေးဆရာ)သည် ပြဇာတ်တွေမှာ ဟာသသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ပါသည်။ မေနွဲ့သည် စုဖရားလတ် (သီပေါမင်း၏ အလွန်သ၀န်တိုသော ဇနီးသည် လည်းဟုတ် ဘုရင်မကြီးလဲဟုတ်) အဖြစ်လည်းကောင်း၊ (ဒေါ်) ကြည်မာ(စာရေးဆရာမ) သည် စုဖရားလေး (စုဖရားလတ်၏ ညီမတော်) အဖြစ်လည်းကောင်း သရုပ်ဆောင်ကြကာ ကျွန်မအဘိုးနှင့်အဘွားသည် ဒိုင်းခင်ခင်၏ မိဘများအဖြစ် အမြဲသရုပ်ဆောင်ကြပါလေသည်။
 

(ကျွန်မအဘွား (ဒေါ်) ခင်မျိုးချစ်အား စာရေးဆရာပြဇာတ်တစ်ခုတွင် မိဖုရားအဖြစ် တွေ့ရပုံ)
● စာရေးဆရာပြဇာတ်တွေ ဘယ်ရုံမှာပြကြသလဲ?
စာရေးဆရာပြဇာတ်တွေသည် မြန်မာပြည်တွင် အလွန်ပရိသတ်စိတ်ဝင်စားကြသော ပြဇာတ်တွေ ဖြစ်ခဲ့ပါသည်။ ၀ဇီ၇ာ ရုပ်ရှင်ရုံ မှာ ကပြခဲ့ကြသည်။ သူတို့၏ စာဖတ်ပရိသတ်များကလည်း သူတို့အသည်းစွဲ စာရေးဆရာများ ၏သရုပ်ဆောင်မူများကို တွေ့မြင်ရမှာမို့ အလွန်နှစ်သက်ကြကာ ဦးပုည၏ ကြီးကျယ်ခန်းနားသော ဂန္ဓ၀င်မြောက်စာသားများကို နားနှင့် ဆတ်ဆတ်ကြားလိုလှလေသည်။ မြန်မာလူမျိုးတွေဆိုတာ ဂီတာတို့ အကတို့ သီချင်းတို့နှစ်သက်သူများ မဟုတ်ပါလော။
 
(မေမေကြီး (ဒေါ်) ခင်မျိုးချစ်ကို စာရေးဆရာပြဇာတ် ဒိုင်းခင်ခင်ပြဇာတ်တွင်း တကယ်သရုပ်ဆောင်ဖို့ ရိုက်ထားပုံ။)
ဝမ်းနည်းစရာကောင်းတာကတော့ ရှားပါးဓါတ်ပုံများကလွဲပြီး ဘာမှတ်တမ်းမှ မကျန်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုခေတ်လို ဒစ်၈ျစ်တယ် ဟမ်းဖုန်းခေတ် သာဆိုပါရင် ထိုမှတ်တမ်းမှတ်ရာများသည် ယနေ့ခေတ်အတွက်တော့ ဂန္ဓ၀င်မြောက် စာရေးဆရာပြဇာတ် ရွှေခေတ်တစ် ခေတ်ကို လှစ်ဟပြသ လျက်ရှိနေတော့မည်မှာ သေချာပါသည်။

4 Responses to ဂျူနီယာဝင်း – စာရေးဆရာပြဇာတ်တို့၏ ရွှေခေတ်

  1. Htin Aung on June 28, 2014 at 7:19 pm
    သမီးရေ
    စာရေးဆရာတွေကတဲ့ပြဇာတ်ကိုဖတ်ရတော့ငယ်ငယ်ကကြည့်ခဲ့ဘူးတဲ့၊ပန်းဆိုးတန်းကဝင်းဝင်းရုံဆိုတာကိုသတိ ရမိပြန်တယ်။ပြဇာတ်အားလုံးကဒီရုံမှာကတာပါ။ဝဇီရာရုံဆိုတာက excelsior ဆိုတဲ့ရုပ်ရှင်ရုံကိုဆိုရှယ်လစ်ခေတ်ကအမည်ပြောင်းလိုက်တာပါ။စစ်အစိုးရခေတ်မှာပြဇာတ်ကပါသေးတယ်။သမီးရေးတာမှားနေတယ်ထင်လို့ ပါ။ ဝင်းဝင်းရုံမှာနံမည်ကျော်ငယ်ကျွမ်းဆွေပြဇာတ်ကခဲ့တာပေါ့။
  2. Ba Ba Gyi on June 29, 2014 at 5:56 am
    (ပုံတွင် စာရေးဆရာကြီး (ဦး) သင်္ခက ဘုရင်အဖြစ်၊ (ဒေါ်)ခင်မျိုးချစ်က ဘုရင်မကြီးအဖြစ် သရုပ်ဆောင်နေကြပုံ။)
    (ဦး)သင်္ခ (စာရေးဆရာ) က အမြဲတမ်း ဘုရင်လုပ်ကာ ကျွန်မအဘွား (ဒေါ်)ခင်မျိုးချစ်က အမြဲတမ်း ဘုရင်မကြီး လုပ်လေ့ရှိကြပါသည်။
    (ကျွန်မအဘွား (ဒေါ်) ခင်မျိုးချစ်အား စာရေးဆရာပြဇာတ်တစ်ခုတွင် မိဖုရားအဖြစ် တွေ့ရပုံ)
    ဘယ်လိုလုပ်လိုက်တာလဲဒေါ်ဂျူနီယာဝင်းရယ်၊ တနေရာမှာ မိဖုယားရေးလိုက် နောက်တနေရာမှာ ဘုရင်မကြီးရေးလိုက်နဲ့။ မြန်မာ့သမိုင်းတခုလုံးမှာ ပန်ထွာဘုရင်မနဲ့ဘုရင်မကြီးရှင်စောပုဆိုတဲ့ queen regnal ဘုရင်မနှစ်ပါးဘဲရှိခဲ့ပါတယ်။ ကျန်တဲ့ queen တွေက "ဘုရင်ကတော်" မိဖုရားတွေပါ။ ဒါကြောင့်မြန်မာဇာတ်သဘင်တွေမှာ ဘုရင်နဲ့မိဖုယား ဇာတ်တွေသာကလေ့ရှိပြီး ပြဇာတ်တခုမှာ မင်းသားနဲ့မင်းသမီး ဘုရင်အဖြစ် ဘုရင်မကြီးအဖြစ် ယှဉ်တွဲသရုပ်ဆောင်လေ့မရှိကြောင်းပါခင်ဗျား။ ဘုရင့်ဘေးကထိုင်နေသူဟာ "ဘုရင်ကတော်" မိဖုရားခေါင်ကြီး (ဝါ) နန်းမတော်ကြီး၊ တနည်းအားဖြင့်တောင်နန်းစံမိဖုယား သာဖြစ်ပါတယ်။
  3. Dr. Maung Maung Gyi on June 29, 2014 at 6:28 am
    (၁) ကျောက်တုံးကျောက်ခဲကိုလက်နက်၊ လူသုံးပစ္စည်းအဖြစ်သုံးတဲ့ခေတ်ကို ကျောက်ခေတ်လို့ခေါ်ပါတယ်။ အင်္ဂလိပ်လို stone age ပါ။
    (၂) ကြေးကိုလက်နက်၊ လူသုံးပစ္စည်းအဖြစ်သုံးတဲ့ခေတ်ကို ကြေးခေတ်လို့ခေါ်ပါတယ်။ အင်္ဂလိပ်လို bronze age ပါ။
    (၃)သံကိုလက်နက်၊ လူသုံးပစ္စည်းအဖြစ်သုံးတဲ့ခေတ်ကိုသံခေတ်လို့ခေါ်ပါတယ်။ အင်္ဂလိပ်လို iron age ပါ။
    အခုရွှေခေတ်လို့သုံးထားလိုက်တော့ ရွှေကိုလက်နက်၊ လူသုံးပစ္စည်းအဖြစ်သုံးတဲ့ခေတ်ဖြစ်သွားလို့လား။
    Golden age ကိုမြန်မာလို "ခေတ်ကောင်းချိန်"၊ "စမ်းပွင့်ချိန်" စသည်ဖြင့်ဆီလျော်အောင် ဘာသာပြန်လေ့ရှိပါတယ်။ gold (ရွှေ) ပါစေချင်ရင်လည်း "ရွှေထီးဆောင်းခဲ့တဲ့ကာလ" ဆိုတာက
  4. "ရွှေခေတ်"ဆိုတာထက်ပိုပြီးမြန်မာဆန်ပါလိမ့်မယ်။
  5. Maung Aung Khine on June 29, 2014 at 5: 31 pm ဆရာမောင်ခင်မင်( မြန်မာစာပါမောက္ခဦးခင်အေး)က အပြောသုံးစကားနှင့် စာသုံးစကား ကွဲပြားပုံကို "စာစကားနဲ့ အပြောစကားကို သူနေရာနဲ့သူခွဲခြားသုံးလို့လည်းရတယ်။ တစ်မျိုး တည်း တောက်လျှောက်သုံးလို့လည်းရတယ်။ နှစ်မျိုးရောသုံးရင်တော့ ရှေ့နောက်မညီညွတ်ဘူး"ဟု "မြန်မာစာ မြန်မာစကား" ဆောင်းပါးတွင်ရေးထားပါသည်။

    ဆရာမ၏ဆောင်းပါးတွင် အပြောသုံးစကားနှင့် စာသုံးစကား ရောနေသည်ဟုထင်ပါသည်။ ဤသို့ထောက်ပြမိသည့်အတွက် ကျွန်တော်အားခွင့်လွှတ်ပါရန်လည်း ကြိုတင်တောင်းပန်အပ်ပါသည်




--
http://www.burmaburo.blogspot.com

ဘင်္ဂါလီတွေ ဘယ်သူပင့်

ဘင်္ဂါလီတွေ ဘယ်သူပင့်

1 July 2014 15:45(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)


 Daily Eleven သတင်းစာကို လှန်ကြည့်လိုက်တော့ "ဗိုလ်ချုပ်မောင်မောင်အုန်း၏ ကားဟုဆိုကာ ဘင်္ဂါလီကိုးဦးအား တရားမ၀င် သယ်ဆောင်လာမှုတွင် အငြိမ်းစားရဲမှူးကြီး နှစ်ဦး၏ သားနှင့်သမီး ပါဝင်ပတ်သက်နေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ၂၈.၆.၂၀၁၄ နေ့ သတင်းစာပါ။

ဗိုလ်ချုပ်မောင်မောင်အုန်းတောင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် လစာမထုတ်ရသေးခင် နာမည် အလွဲသုံးစား လုပ်မယ့်သူက ပေါ်လာနှင့်ပါပြီ။

ရခိုင်ရိုးမကို ဖြတ်ကျော်ပြီး ပြည်မဘက်ဝင်မယ့် ဂိတ် တစ်ခုမှာ ကားတစ်စီးကို လက်ထောက် လ၀ကမှူး တစ်ယောက်က စစ်ဆေးဖို့ တားလိုက်တာ။ ဒါ ဗိုလ်ချုပ် မောင်မောင်အုန်းရဲ့ကား၊ အစစ်မခံနိုင်ဘူးလို့ ငြင်းတယ် တဲ့ဗျ။ လ၀ကမှူးက တာဝန်အရမို့ အစစ်ခံဖို့ ပြောပြီး စစ် လိုက်တော့ ဘင်္ဂါလီ ၉ ယောက်တောင် မိသွားပါတယ်။ အငြိမ်းစားရဲမှူးကြီး နှစ်ဦးရဲ့ သားနဲ့သမီးတွေက ဘင်္ဂါလီ တစ်ယောက်ကို ၁၀ သိန်းနှုန်းနဲ့ လူကုန်ကူးလာတာပေါ့လေ။

ရဲမှူးကြီးတို့ ရဲမှူးကြီး သားသမီးတို့ စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မိသားစုတွေဟာ သူများတွေထက် ပိုပြီး နိုင်ငံကို သစ္စာစောင့် သိသင့်တယ်။ လုပ်စားစရာရှားလို့ ပြဿ     နာ  ရှာမယ့်သူတွေကိုမှ ပင့်လာရတယ်လို့။

ဗိုလ်ချုပ်ကြီးတွေ အုပ်ချုပ်နေတဲ့ နှစ်ပေါင်း ၅၀ ကျော် အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ကနေ ဘင်္ဂါလီတွေ သန်းနဲ့ချီပြီး မြန်မာနိုင်ငံထဲ ရောက်လာကြတာပါ။ အထူးသဖြင့် စစ် ထောက်လှမ်းရေးတွေ အရှိန်ကောင်းခဲ့တဲ့ စစ်အာဏာရှင် လက်ထက်ကပေါ့။ အစွန်းရောက် အာဏာတွေနဲ့ အာဏာ ပါးကွက်သားတွေကလည်း ချေးပေါသေးပေါ ပေါခဲ့တာ ဆိုတော့ စောစောကီငေူပ နူနလနည သတင်းစာထဲကလိုပေါ့။ "ဗိုလ်ချုပ် ဘယ်သူရဲ့ကား စစ်စရာမလိုဘူး" တို့၊ "ဗိုလ်ချုပ် ဘယ်သူရဲ့ လူတွေ" တို့၊ "ရဲမှူးကြီး ဘယ်သူရဲ့ အမိန့်နဲ့" တို့၊ "နယ်စပ်ဖြတ်ပြီး မြန်မာပြည်ထဲဝင်ရင် ဘင်္ဂါလီတစ်ယောက် ကို ဘယ်နှစ်သိန်းပေး" တို့၊ ဒီလိုနည်းတွေနဲ့ပဲ ဘင်္ဂါလီတွေ များလာပြီး ရခိုင်လူမျိုးတွေကို မျိုနေတာ လက်တွေ့ပဲလေ။ သူတို့က ရခိုင်ပြည်နယ်ကနေ ဘင်္ဂါလီ ပြည်နယ် လုပ်ချင် နေတာ။ နောက်တစ်ဆင့်က "ခရိုင်းမီးယား" ကျွန်းဆွယ်မှာလို မဲနဲ့ခွဲပြီး ဘင်္ဂလားဒေ့ရှ် လက်အောက် သွင်းချင်တဲ့ အကြံ၊ အကြံပက်စက် ဆန်ကောလောက်မှ ဇောက် မနက်။ ဒါတွေဟာ ဘယ်သူတွေ လက်ထက်မှာ ဘယ်သူတွေက တိုင်းပြည်ရောင်းစားပြီး ကိုယ်ကျိုးရှာကြလို့ ဖြစ်လာတဲ့ ပြဿ      နာတွေလဲဆိုတာ လယ်ပြင်မှာ ဆင်သွားတာထက် ထင်ရှားနေပါလျက် ဒီပြဿ      နာကို ကြံဖန် ဘော်လီဘော ပုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဆီ မရောက်ရောက်အောင် ပို့လိုက်ပုံကတော့ အံ့သြလွန်းလို့ သေလောက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင်ပဲ ဘင်္ဂါလီတွေ ၀န်ကြီးချုပ်တွေ ဖြစ်ကုန်မယ့်ပုံ လုပ်ကြံပြောဆိုနေကြတာ ကတော့ အရူးပြော အရူးယုံ ဇာတ်လမ်းပါပဲ။ ဘယ်ကနေ ဘယ်လို ဆက်စပ်ပြီး အိုဗာတွေဖြစ်ပြီး ဇာတ်နာအောင် ဘယ်သူတွေကများ ဇာတ်ညွှန်းတွေ ရေးနေကြတာပါလိမ့်။

ဒေါ်အောင်ဆန်းစုကြည် ပယောဂကြောင့် မြန်မာနိုင်ငံထဲကို ဘင်္ဂါလီတစ်ယောက် မပြောနဲ့ တစ်ခြမ်းတောင် ရောက်မလာခဲ့ဖူးပါဘူး။

တစ်ခုတော့ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ သမ္မတဖြစ်ဖို့အတွက် "ဘင်္ဂါလီတွေကို မျိုးဖြုတ်ဖို့၊ ရိုက်ကြ၊ နှက်ကြ၊ မီးရှို့ကြဖို့" လုံးဝ လုံးဝ စာနာစိတ် ကင်းမဲ့စွာ ပါဝင် ပတ်သက်လိမ့်မယ် မဟုတ်ပါဘူး။

သူဟာ တရားဥပဒေ စိုးမိုးရေး ကော်မတီဥက္ကဋ္ဌအဖြစ် အလွန် လိုက်ဖက်ပါတယ်။ ဥပဒေကနေ သွေဖည်ပြီး ကိုယ်ကျိုးအတွက် ဘက်လိုက်ခြင်း၊ ဘက်ပြောင်းခြင်း၊ ဘာသာရေး မှိုင်းသွင်းခြင်း၊ မှိုင်းတိုက်ခြင်း၊ ခုတုံးလုပ်ခြင်း လုပ်မယ့်သူ မဟုတ်ပါဘူး။ ဒါကို သူ့ရဲ့ ပြိုင်ဘက်တွေကလည်း မသိမဟုတ် သိကြပါတယ်။ စိတ်ထဲမှာတော့ လေးစားကြမှာပါ။ ဒါကိုတောင် အားနည်းချက် သဘောထားပြီး ဒေါ်အောင်ဆန်း စုကြည် မနှစ်မြို့လို့ ရှောင်ကြဉ်မယ့်ဟာတွေ အားလုံး သူတို့ ကတော့ အကုန်လုပ်မယ့် သူတွေပါပဲ။ ပြည်သူတွေရဲ့ အသက်ကို သတ်ရဲတယ်ဆိုတာ သိပ်ကို ဆိုးဝါးတဲ့ စိတ်ဓာတ်မို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စိတ်ကူးထဲတောင် ရှိမှာ မဟုတ်ပေမယ့် သူ့ရဲ့ ပြိုင်ဘက်တွေကတော့ လုပ်ရဲပါတယ်။ လုပ်လည်း လုပ်ခဲ့ပြီးပြီပဲ။ ရာထူး အခွင့် အာဏာအတွက် ကမ်းကုန်အောင် မိုက်မယ့်သူထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါပါဘူး။

အခု သူ ကြိုးစားနေတာဟာ ငြိမ်းချမ်းတဲ့ နည်း၊ ဆွေးနွေးတဲ့ နည်းနဲ့ "ကိုယ်ကျိုးအတွက် မိုက်ရဲသူများ" ကို "တိုင်းပြည်အတွက် လိမ္မာယဉ်ကျေးသူတွေ" ဖြစ်အောင် ကြိုးစားနေတာပါ။ ဆွေးနွေးခြင်း ဆိုတာဟာ အဆင့်မြင့်တဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။ အဆင့်မြင့်တဲ့ ယဉ်ကျေးမှုမှာ အားလုံး ပါဝင်လာဖို့ သူ ကြိုးစားမှာပါပဲ။

ဗိုလ်ချုပ်ကြီးနေ၀င်းကစလို့ တိုင်းပြည် ခေါင်းဆောင် အဖြစ် ကိုယ့်ဘာသာ ခန့်ပြီး အုပ်ချုပ်သွားသူများဟာ တာဝန်မကျေခဲ့တာ အများကြီးပါ။ အဲဒီထဲမှာ အဆိုးဆုံးက နောက်တက်လာမယ့် ခေါင်းဆောင်တွေအတွက် အတုယူ၊ နမူနာယူစရာ ကျင့်ဝတ်သိက္ခာနဲ့ အဆင့်မြင့်တဲ့ စိတ်ဓာတ်တွေ ပြမသွားနိုင်ခဲ့ပါဘူး။ ဦးသိန်းစိန် လက်ထက်မှာ အပေါ်ယံ ကိုပဲ ဦးစားပေးပြီး အတွင်းစိတ်ဓာတ်တွေ ပြောင်းလဲနိုင်ခဲ့တာ မမြင်ရပါဘူး။

အဲဒါဟာ တကယ့် ပြဿနာပါ။ တပ်မတော်သား အများစုရဲ့ အတွေးအမြင်က အပေါ်ယံကို ဦးစားပေးလေ့ ရှိပါတယ်။ သူတို့ရဲ့ အတွင်းစိတ်ဓာတ်တွေ မပြောင်းလဲဘဲ အပေါ်ယံ ပြောင်းပြလိုက်ရုံနဲ့ ပြည်သူလူထုက ယုံကြည် ကိုးစားလာလိမ့်မယ်လို့ ထင်ထားပုံရပါတယ်။ ဒါတွေဟာ သူတို့ရဲ့ မဟာဗျူဟာပိုင်း အားနည်းချက်လို့ ဆိုရမလား၊ ပြည်သူတွေအပေါ်မှာ လျှော့တွက်ထားတာလား တစ်ခု မဟုတ် တစ်ခုပါပဲ။

သမ္မတကြီးရဲ့ mindset

ဘင်္ဂါလီတွေ ၀င်လာတဲ့ ကိစ်္စမှာ တာဝန်ရှိသူတွေက ဘင်္ဂါလီ ပြဿ     နာနဲ့အတူ တခြား မွေးထားတဲ့ ဘာသာရေး ပဋိပက်္ခ တွေကို ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ဖို့ လက်နက် အဖြစ် သုံးနေတာဟာ ခပ်ညံ့ညံ့ နိုင်ငံရေးကွက်လို့ ဆိုရမှာ ပါပဲ။ ဒါတွေကို ယုံကြည်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူတွေ မုန်းကြလိမ့်မယ်လို့ ထင်ထားရင်တော့ မှားမှာပါပဲ။ စစ်ဗိုလ်ချုပ်ကြီးများဟာ ပြည်သူတွေရဲ့ နားမျက်စိကို ပိတ်ထားရာကနေ (မလွှဲမရှောင်သာ) ဖွင့်ပေးလိုက်ရပြီ ဖြစ်တဲ့အတွက် ပြောတိုင်းယုံတတ်တဲ့ ခပ်တုံးတုံး လူတွေ သိပ် မရှိတော့လို့ပါပဲ။

နှမြောစရာကောင်းတာကတော့ သမ္မတကြီးရဲ့ အကြံပေး အဖွဲ့တွေကို ပေးနေရတဲ့ လစာတွေပါပဲ။ တိုင်းပြည်အတွက် အကျိုးရှိပြီး အလုပ်ဖြစ်မယ့် အကြံတစ်ခုတလေတောင် မထွက်လာဘူးဆိုတာ ပြည်သူ သန်း ၆၀ အသိပါပဲ။ ပြည်သူ တွေကလည်း အထင်ကို မကြီးကြပါဘူး။ ပုရောဟိတ်ကြီး များကလည်း တိုင်းပြည်အကျိုးထက် သမ္မတကြီး အာဏာ တည်မြဲရေး၊ အာဏာသက်ဆက်ရေးကိုပဲ ဇောင်းပေးနေကြ တယ် ဆိုတာလည်း သိသာလှပါတယ်။

သမ္မတကြီးရဲ့ mindset ကို ပြောင်းဖို့ ဆိုတာကတော့ သူတို့အတွက် တီကောင် ဆားနဲ့ တို့သလိုပါပဲ။ တစ်ခါ လာလည်း ပြည်သူတွေရဲ့ mindset ပြောင်းဖို့၊ ဗိုလ်ချုပ်ကြီး တွေက အာဏာကို ပါးစပ်ထဲလာခွံ့တဲ့အထိ စိတ်ရှည်ရှည်နဲ့ သည်းခံကြဖို့၊ ဗိုလ်ချုပ်ကြီးတွေရဲ့ စေတနာ နားလည်ပေးဖို့ ကိုပဲ ထပ်တလဲလဲ ပြောနေကြပါတယ်။ အကြံပေးဖို့ရာထက် ဒလန်လုပ်ပေးမယ်၊ ၀ါဒဖြန့်ပေးမယ်၊ အတိုက်အခံတွေရဲ့ မဟာဗျူဟာတွေ နည်းဗျူဟာတွေ မှားယွင်းကြောင်း ဟိုလို ထောက်ပြလိုက် သည်လို ထောက်ပြလိုက်လုပ်ရင်း ပြည်သူ တွေများ သမ္မတဘက် ပါလာမလား။ ဒါတွေပဲ ကြိုးစားနေပါတယ်။ သမ္မတကြီးရဲ့ mindset ဆိုတာက တခြား မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ mindset ကြီးပါ။ ငါ လုပ်ထားတဲ့ ဖွဲ့စည်းပုံဟာ အကောင်းဆုံး၊ အမှန်ဆုံးဆိုတဲ့ mindset ၊ ဒီ ဖွဲ့စည်းပုံ အတိုင်းပဲ ဆက်သွားမယ်ဆိုတဲ့ mindset ပေါ့။

တကယ် သူတို့ လုပ်သင့်တာက သမ်္မတကြီးနဲ့တကွ ဗိုလ်ချုပ်ကြီးများရဲ့ အတွင်းစိတ် ပြောင်းလဲလာအောင် အကြံ ပြုနိုင်ရပါမယ်။ ဒါဆိုရင် သမ္မတနဲ့ ဗိုလ်ချုပ်ကြီးတွေ အတွက်လည်း ကောင်း၊ တိုင်းပြည်အတွက်လည်း ကောင်း လာမှာပါ။ လူတစ်ယောက်ရဲ့ အတွင်းစိတ်၊ အထူးသဖြင့် ခေါင်းဆောင် တစ်ယောက်ရဲ့ အတွင်းစိတ်က ဆန်းကြယ်တယ်။ ဒီအတွင်းစိတ်ကိုတော့ စာမတတ်တဲ့ နိုင်ငံသား တစ်ယောက်ကတောင် ခံစားနားလည်တယ်။ အပေါ်ယံ သကာအုပ်ပြီး ပြောရုံလောက်နဲ့တော့ ခုခေတ်မှာ ပွဲမတိုးနိုင် ပါဘူး။

နောက်ပြီး အရေးကြီးတဲ့ နေရာတွေမှာ ရောက်နေကြတဲ့ စစ်ဗိုလ်ချုပ်ကြီးများရဲ့ အတွင်းစိတ်တွေ မပြောင်းသေးတာ လည်း ပြည်သူတွေက သိနေကြတယ်။

မပြောင်းလဲတဲ့ အတွင်းစိတ်တွေကတော့ "ဒီနေရာကို ရောက်တုန်းရောက်ခိုက်မှာ ငါ့အနာဂတ်အတွက် စုဆောင်းထားရမယ်၊ ငါ့နောင်တော်တွေရဲ့ လမ်းစဉ်အတိုင်း၊ ခရိုနီတွေက တစ်ဆင့် လုပ်ပိုင်ခွင့်တွေကနေ ငွေတွေ သဲ့ယူထားရမယ်။ အရေးကြီးတာက တိုင်တဲ့သူ မရှိဖို့ရယ်၊ သမ္မတကြီး ဆုံးမ ပဲ့ပြင်တဲ့အတိုင်း နေတတ်ဖို့ရယ်၊ အသံမမြည်အောင် စားတတ်ဖို့ရယ် ဒါပဲ အရေးကြီးပါတယ်။ မီဒီယာတွေ ကိုတော့ ခြေလှမ်းအမှားကို စောင့်ပြီး ထောင်ထဲ ထည့်လိုက် ရုံပါပဲ" ဆိုတဲ့ အတွင်းစိတ်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် သမ္မတ အကြံပေးများအား တိုင်းပြည် ကောင်းဖို့လည်း စဉ်းစားကြပါဦး၊ သမ်္မတကြီး အရိပ်ကို ခို၊ သမ္မတကြီး ပုဆိုးစ ဆွဲပြီး၊ ပုတ်သင်ညိုလုပ်လိုက်၊ အတိုက် အခံ ဘက်ကို မထိခလုတ် ထိခလုတ် ဝေဖန် တိုက်ခိုက်လိုက် ချည်း မလုပ်ကြဘဲ သမ္မတကြီးနဲ့ တိုင်းပြည် နှစ်ရပ်စလုံး ကောင်းဖို့အတွက် သမ္မတကြီးရဲ့ mindset ကို ပြင်ဖို့လည်း ရဲရဲဝံ့ဝံ့ ကြိုးစား ကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။

ကောင်းဆက်နိုင်
kaung125@gmail.com

ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၂၀၃ ဆရာကောင်းဆက်နိုင် ဆောင်းပါး




--
http://www.burmaburo.blogspot.com