Showing posts with label တင်ဆက်မှု. Show all posts
Showing posts with label တင်ဆက်မှု. Show all posts

Tuesday, 11 March 2014

ဒီမိုဝေယံ






ဒီမိုဝေယံ


Posted: 09 Mar 2014 10:26 PM PDT
တိုကျို စာပေဟောပြောပွဲမှ ဆရာနေဝင်းမြင့်ရဲ့ (အမေနဲ့ အလင်းဆုံးကြယ်).. ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်)

၂၀၁ ၄ခုနှစ် မတ်လ(၉)ရက်နေ့န့ ဂျပန်နိုင်ငံ အလင်းအိမ် စာပေအင်အားစု၏ တတိယအကြိမ်မြောက် စာပေဟောပြောပွဲအား နာမည်ကျော် စာပေပညာရှင်များ ဖြစ်ကြတဲ့ ဆရာနေဝင်းမြင့်နဲ့ ဆရာမောင်သာချိုတို့မှ လာရောက်ဟောပြောခဲ့ပါတယ်..။

ယနေ့ ဂျပန်နိုင်ငံ အလင်းအိမ် စာပေအင်အားစု၏ တတိယအကြိမ်မြောက် စာပေဟောပြောပွဲမှာ ဆရာနေဝင်းမြင့်မှ (အမေနဲ့ အလင်းဆုံးကြယ်) ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဆရာမောင်သာချိုမှ (ရေကြည်ပြီး မြက်နုစေချင်ဆိုတဲ့) ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်..။

ကျွန်တော်တို့ ပရိသတ်တွေ မျက်ရည်ဝဲခဲ့ရတဲ့ ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်ဆိုတဲ့) ဟောပြောချက်မှာတော့ လက်ရှိ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လူနဲ့ တိရိစ္ဆာန်တောင် မကွဲပြားနိုင်လောက်အောင် ဆင်းရဲတွင်းနက်လွန်းတဲ့ အခြေအနေကို မျက်စိရှေ့မှာ ကွင်းကွင်းကွက်ကွက် ပေါ်လာနိုင်အောင် ကဗျာနဲ့ မိမိကိုယ်တွေ့ အဖြစ်အပျက်တွေကို တွဲဘက်ဟောပြောခဲ့တာပါ..။

ံHuman resourcesကို သေသေချာချာ ပြုစုပျိုးထောင်ဖို့ မကြိုးစားခဲ့ပဲ အသိမိုက်မဲခဲ့တဲ့ အုပ်ချုပ်သူ အစိုးရတရပ်ရဲ့ အမှောင်ခေတ်အောက်မှာ သယံဇာတကျိန်စာ သင့်ခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ တရိစ္ဆာန်သာသာ ဆင်းရဲတွင်းနက်နေရတဲ့ အခြေအနေတွေအတွက် ကျွန်တော်တို တဦးချင်း တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့..

ဒီမိုဝေယံ

ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်)

ဒီလင့်ခ်မှာ နားဆင်ပါ..။
https://soundcloud.com/demowaiyan/sayar-mg-tha-cho-tokyo-2-9-03
အချိန်မရတဲ့ အတွက် ဒုတိယပိုင်းကနေ စတင်လိုက်ပါတယ်။

ဒေါင်းလုပ်လုပ်ချင်ရင်
http://www.mediafire.com/listen/7y4ig91581611u3/Sayar_Mg_Thacho_Tokyo1.WMA

http://www.mediafire.com/listen/5qeqxutuohc5ppd/Sayar_Mg_Tha_Cho_Tokyo2.WMA
 
တိုကျို စာပေဟောပြောပွဲမှ ဆရာနေဝင်းမြင့်ရဲ့ (အမေနဲ့ အလင်းဆုံးကြယ်).. အသံဖိုင် ဒေါင်းလုပ်ရယူရန်...
https://soundcloud.com/demowaiyan/9-03-2014
 ဒေါင်းလုပ်ခ်လင့် 
 http://www.mediafire.com/listen/o592odn6i88tltl/Sayar_Nay_Win_Myint_Tokyo_9.03.2014.mp3
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

Wednesday, 26 June 2013

သိသင့်တယ်ထင်လို့ ကူးယူဖေါ်ပြပါသည်။

/သီတဂူဆရာတော်-ဒေါက်တာအရှင်ဉာဏိဿရနှင့်-တွေ့ဆုံခြင်း


( ကျွန်တော်တင်တဲ့ပို့စ်တွေစာတွေကို Share ပေးကြပါလို့ ကျွန်တော်တောင်းဆိုခဲပါတယ် ။ အခုပို့စ်လေးကို ဗုဒ္ဓဘာသာဝင်စစ်စစ်များအနေဖြင့် share လုပ်ပေးကြပါလို့ ရင်ထဲကနေ နှစ်နှစ်ကာကာကြီးတောင်းဆိုလိုက်ပါရစေ )
ကျေးဇူးတင်ပါတယ်အရှင်ဘုရား . . . အရှင်ဘုရားဟောမှ တပည့်တော်တို့ ဗုဒ္ဓဘာသာဆိုတာ သမိုင်းကြောင်းနဲ့ နှစ် ၂၀၀၀ ကျော်ရေရှည်တည်တံ့လာတဲ့ဘာသာဖြစ်ကြောင်းနဲ့ မြန်မာပြည်မှ ဗုဒ္ဓဘာသာဟာ အိမ်ရှင် နိုင်ငံဖြစ်ကြောင်းကို ရဲရဲပြောဆိုနိုင်ပါပြီ ။ အခုလို Confirm ဖြစ်စေတဲ့အချက်တွေကို ထည့်သွင်းဟောပြောပေးတဲ့အတွက်လည်းကျေးဇူးတင်မိပါတယ်ဘုရား ။
ဆရာတော်ဘုရားနဲ့ The Voice Weekly က သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် ဆက်သွယ် မေးမြန်းထားသည်များမှ တချို့သော အချက်အလက်တွေကို ပြန်လည်တင်ပြပေးလိုက်ပါတယ် ။
- ဘုရား တွေလို့ မြန်မာလိုခေါ်ပြီးတော့ ကိုးကွယ်ထားကြတဲ့ God တို့၊ အလ္လာတို့၊ ယေဟိုဝါတို့၊ ဗြဟ္မာတို့၊ ရှီဝတို့၊ ဗိဿနိုးတို့ ဗုဒ္ဓတွေ ကိုးကွယ်စရာတွေ နာမည်တွေတော့ အများကြီးပဲ။
- ဘုရားတိုင်းရဲ့နှလုံးသား မှာ မေတ္တာရော၊ ကရုဏာရော မေတ္တာဆိုတာကတော့ ရေလိုပဲ။ ဘယ်သူချိုးချိုး အေးသွားတာပဲ။ဗုဒ္ဓဘာသာချိုးလည်း အေးတယ်။ ခရစ်ယာန်ချိုးလည်းအေးတယ်။ လူဆိုးလူမိုက်တွေ ချိုးလည်း အေးတယ်။ သူတော်ကောင်းတွေ ချိုးလို့ သောက်လို့ရှိရင်လည်း အေးတယ်။ အဲ့ဒါကြောင့် အကုန်လုံး ဘုရားသခင်တွေရဲ့ နှလုံးသားဟာမေတ္တာလို အေးချမ်းတယ်လို့ ဒီလိုသဘောကျတယ်။
- ဗုဒ္ဓဘာသာရဟန်းတော် အရှင်မြတ်တွေကိုလည်း အထူး မေတ္တာရပ်တယ်။အဲဒီလို ဆူတဲ့ပူတဲ့ နေရာတွေကို ရောက်သွားကြရင် သံဃာတော်အရှင်မြတ်တွေက ဆူပူတဲ့ဘက်မှာ ဝင်ပြီးတော့ ဆူပူသောသံဃာတော်တွေ မဖြစ်ကြဘဲ ဆူပူမှုကို ထိန်းပြီးတော့ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ Peace Maker တွေအဖြစ်နဲ့ တိုင်းပြည်ကို ဝိုင်းပြီးတော့ စောင့်ရှောက်တော်မူကြပါလို့ သံဃာတော်များကို တောင်းပန်တယ်။
- အစ္စလာမ်ဘာသာဝင် ခေါင်းဆောင်တွေ အားလုံးကိုလည်းပဲ ငြိမ်းချမ်းသောဘုရား သခင်ရဲ့ အရိပ်အာဝါသ အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ Peace Maker တွေအဖြစ်နဲ့ ရပ်တည်ပေးကြပါလို့ အားလုံးကို အထူးမေတ္တာရပ်ပါတယ်။
( လူးမျိုးခြားစိမ့်ဝင်မှုပြဿနာကို ဆရာတော်မှ Highlight လုပ်ပြခြင်း )
- အိမ်နီးနားချင်း တိုင်းပြည်တွေက ကျူးကျော်စိမ့်ဝင်တာတွေဟာ ဒို့မြန်မာနိုင်ငံရဲ့ အနီးနားမှာသာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ဒါဟာရှိစမြဲပဲ။ မက္ကဆီကိုက လူတွေဟာအမေရိကန် ဘက်ကို တစိမ့်စိမ့်ဝင်သွားတာ တွေဟာ နေ့တိုင်း ရှိတယ်။ Europe မှာဆိုလည်း အရှေ့ပိုင်းက
- လူတွေက အနောက်ပိုင်းကို စိမ့်ဝင်တာတွေဟာ ဥရောပမှာ နေရာတိုင်းရှိတယ်။ ဒီလို East ကလူတွေ လည်း ဥရောပကို တစိမ့်စိမ့် ဝင်နေကြတာ တိုင်းပြည်တိုင်းမှာ ရှိတယ်။ အင်္ဂလန်မှာတောင်မှ လူသားတွေရဲ့ အခွင့်အရေးက အတူတူပဲ။ Human Rights ဆိုတာကို သူတို့တွေက သိပ်အသားပြုတဲ့ အတွက်ကြောင့်မို့ အင်္ဂလန်မှာ ရောက်ကြတဲ့ Middle East က လူတွေဟာ ဖြည်းဖြည်းချင်း အင်္ဂလိပ်ဥပဒေအရ နိုင်ငံသားတွေ ဘာတွေဖြစ်ပြီးတော့ လွှတ်တော်ထဲမှာ အမတ်တွေဘာတွေတောင် ဖြစ်ကုန်ကြပြီ။ ဒီစိမ့်ဝင်မှုဟာ တစ်ကမ္ဘာလုံးမှာ ရှိနေဆဲပဲ။
- မြန်မာနိုင်ငံကလူတွေ ထိုင်းမှာစိမ့်ဝင်သွားတာ ၂သန်းလောက် ရှိတယ်။ ဒါပေမဲ့ မြန်မာ၂သန်း လောက်ဟာ ထိုင်းတွေနဲ့ ဘယ်တော့မှ ပဋိပက္ခမဖြစ်ဘူး။ အလုပ်ရှင်တချို့ရဲ့ ဖိနှိပ်မှုကိုခံရတဲ့ မြန်မာ အလုပ်သမားတချို့ ရှိကောင်းရှိမယ်။ ရောက်သွားတဲ့ မြန်မာနှစ်သန်းဟာ ထိုင်းနိုင်ငံမှာ Violation ဆို တဲ့ ဆူပူသောင်းကျန်းမှုကို ဘယ်မှာမှမလုပ်ဘူး။
- မလေးရှားရောက်သွားတဲ့ ဗုဒ္ဓဘာသာမြန်မာတွေ ဒီတိုင်းပဲ။ မလေးရှား မွတ်ဆလင်တွေရဲ့လက်အောက်မှာ အလုပ်ကောင်းကောင်း လုပ်ရှာတယ်။ တချို့ စိတ်ဓာတ်ညံ့တဲ့ အလုပ်ရှင်တွေက နှိပ်စက်ခံရတာ နည်းနည်းပါးပါးရှိတယ်။ ဒါပေမဲ့ တိုင်းပြည်ကို ဆူပူသောင်းကျန်းအောင် မလုပ်ပါဘူး။ မလေးရှားမှာ စိမ့်ဝင်တဲ့ မြန်မာဟာလည်း သိန်းချီရှိတာပဲ။အိန္ဒိယပြည်ထဲမှာလည်း စိမ့်ဝင်တဲ့ မြန်မာတွေ၊ ဘင်္ဂလားဒေ့ရှ်မှာတောင် စိမ့်ဝင်သွားတဲ့ မြန်မာတွေ၊ နိုင်ငံရေးအရ ထွက်ပြေးခိုလှုံသွားတဲ့ သူတွေအများကြီးပဲ။ ရောက်ရာရောက်ရာ အရပ်မှာ မြန်မာတွေဟာ အဲ့ဒီ တိုင်းပြည်ရဲ့ဥပဒေကို လေးစားလိုက်နာပြီးတော့ အဲ့ဒီတိုင်းပြည်မှာ ဆူပူသောင်းကျန်းအောင် ဘယ်သူမှမလုပ်ဘူး။
- အဲ့တော့ ဒို့တိုင်းပြည်ထဲမှာ တော့ တရုတ်တွေလည်း စိမ့်ဝင်လာတယ်။ ဘင်္ဂလား ဒေ့ရှ်ကလူတွေလည်း စိမ့်ဝင်လာတယ်။ အိန္ဒိယက ကုလားတွေလည်း စိမ့်ဝင်လာတယ်။ အဲဒီလိုစိမ့်ဝင်လာတဲ့ ကိစ္စဟာ အင်္ဂလိပ်လက်အောက် ရောက်တဲ့အချိန်က စပြီးတော့ တစိမ့်စိမ့် ဝင်နေတာဟာ ဒီကနေ့အထိ။
- အဲဒီတော့ ဒီကနေ့အထိ တို့တိုင်းပြည် ထဲမှာစိမ့်ဝင်လာတဲ့ လူတွေဟာ တို့နိုင်ငံ တို့လူမျိုးရဲ့ တို့ဓလေ့ထုံးစံနဲ့ တို့နိုင်ငံတော်ရဲ့ စည်းကမ်းဥပဒေကို အားလုံး လေးစားလိုက်နာပြီးတော့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း Common Ground ဆိုတဲ့ ဘုရားသခင်ရဲ့မေတ္တာရိပ် ကရုဏာရိပ်အောက်မှာ အေးအေးချမ်းချမ်း နေကြဖို့ ကောင်းတယ်။
- စိမ့်ဝင်တာကတော့ စီးပွားရေးကြောင့် စိမ့်ဝင်တာဟာ အဓိကပဲ။ နိုင်ငံရေးတို့၊ ဘာသာရေး တို့ကြောင့် စိမ့်ဝင်တာတွေဟာ ကမ္ဘာမှာတော့ ရှားပါတယ်။ စားရေးသောက်ရေး မပြေလည်တဲ့ သူတွေဟာ နည်းနည်းပြေလည်မယ် ထင်တဲ့ နေရာကိုရွှေ့တာ။
- ((((( တို့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာနှစ်၂၀၀၀ရှိပြီ။ ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက်လာတာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီနောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။ အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။ )))))
- ((((( အိမ်ရှင် ဗုဒ္ဓဘာသာတွေက ဧည့်သည် တခြားဘာသာခြား လူမျိုးတွေကို နှစ်နှစ်ကာကာ Warmly Welcome လုပ်လို့၊ တိုင်းပြည်ထဲမှာ Church တွေရော၊ ဗလီတွေရော နေရာတကာမှာ အေးအေးဆေးဆေး ရှိနေကြပြီ။ အဲဒီတော့ အိမ်ရှင်က ဧည့်သည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံရင် ဧည့်သည် တွေကလည်း ဒီအိမ်ရှင်ရဲ့ အိမ်ထဲမှာအေးအေးချမ်းချမ်းနဲ့ အိမ်ရှင်နဲ့ လက်တွဲပြီးတော့ နေဖို့ကောင်းတယ်။ အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာကတော့ ဘယ်လိုမှမလျော်တဲ့ ကိစ္စပဲ။ )))))
- ဒီကနေ့ မွတ်ဆလင်လူမျိုး တွေဟာ မွတ်ဆလင်အမျိုးသား အမျိုးသမီးတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲပြီးတော့ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးကို ယူသွားတဲ့ ခေါင်းဆောင်ကြီး ရာဇတ် တို့လို စိတ်ဓာတ်မျိုးကို မွေးပြီးတော့ အားလုံးလက်တွဲကြဖို့ ကောင်းတယ်။
- အိမ်ရှေ့မှာ လူတွေယိုသွားတဲ့ မစင်ပုံပဲ တွေ့တွေ့၊ ခွေးတွေယိုသွားတဲ့ မစင်ပုံပဲတွေ့တွေ့ “ဟ … မစင်ပုံကြီးဟေ့” ဆိုပြီးတော့ တုတ်နဲ့ထိုးမွှေပြီးတော့ ရပ်ကွက်ကို အော်ပြောနေရမှာ မဟုတ်ဘူး။မစင် တွေ့ရင် ခပ်မြန်မြန်ဖုံးရတယ်။ ခပ်မြန်မြန် ကျုံးရတယ်။ အခု လူတချို့လုပ်နေတာက မစင်ပုံ တုတ်နဲ့ ထိုးမွှေပြီးတော့ အော်ပြောနေတာ တစ်ရပ်ကွက်လုံး နံကုန်တာပေါ့။ အဲ့ဒါမျိုးတွေ ဖြစ်နေတာကို အကြီးအကျယ် ဝမ်းလည်း ဝမ်းနည်းတယ်။ စိတ်လည်း စိတ်ပျက်တယ်။ မစင်ဆိုရင် ဝိုင်းဖုံးကြပါ။ ဝိုင်ကျုံးကြပါ။ တုတ်နဲ့ မွှေပြီးတော့ မအော်ကြပါနဲ့။ အခုလို ပဋိပက္ခတွေက မစင်ပုံထက် ဆိုးတယ်။
နိုင်ငံတော်အစိုးရရဲ့ကိုင်တွယ်ပုံအကြောင်းကို ဆရာတော်ကဒီလိုအကြံပေးခဲ့တယ်
- အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း တွေ အားလုံးကတော့ စိတ်ရှည်သည်းခံဖို့ရယ်၊ အမြော်အမြင် ကြီးမားဖို့ရယ်၊ ကျယ်ပြန့်တဲ့နား၊ မျက်စိတွေ အသိဉာဏ်ကြီးကြီးနဲ့ စီမံချက်တွေကို သွက်သွက်လက်လက်နဲ့ အေးအေးချမ်းချမ်း ဆောင်ရွက် ကြဖို့လိုလိမ့်မယ်။
- စိတ်တွေက မြန်တယ်။ ဆောင်ရွက်ရင်းနဲ့ စိတ်ဆိုးလာကြမယ်။ ကျယ်ပြန့်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေ၊ ကျယ်ပြန့်တဲ့ မူဝါဒတွေ၊ စနစ်တကျ ကြိုတင် ပြင်ဆင်ထားတာတွေ၊ လုပ်ငန်းကို သွက်သွက်လက်လက်နဲ့ မလုပ်ခဲ့ကြတာတွေ၊ မလုပ်နိုင်ကြတာတွေ စုနေကြမယ် ဆိုရင် ဒီပဋိပက္ခတွေက ငြိမ်းချမ်းစရာအကြောင်း မရှိဘူး။ အဲဒါကြောင့် ဆင်လိုလည်းပဲ အားကောင်းရမယ်။ မြင်းလိုလည်းပဲ မြန်ရမယ်၊ နွားလိုလည်းပဲ သည်းခံရမယ်။ ခြင်္သေ့လိုလည်းပဲ သတ္တိရှိရမယ်။ ခေါင်းဆောင်တွေဟာ အဲဒီလေးချက် အရေးကြီး ပါတယ်။ အဲဒီ မူလေးချက်နဲ့ ဆောင်ရွက်ကြပါ ဆိုတာကို တိုက်တွန်းပါတယ်။
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ
မူရင်းလင့် - https://www.facebook.com/notes/the-voice-weekly/သီတဂူဆရာတော်-ဒေါက်တာအရှင်ဉာဏိဿရနှင့်-တွေ့ဆုံခြင်း/622406044452896
သက်တန့်ချို ဝေမျှသည် ။

ဒီမိုဝေယံ






Posted: 24 Jun 2013 09:48 AM PDT
နယုန်လပြည့်နေ့ မှာ သီတဂူဗုဒ္ဒတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားအကျဉ်းချုပ်


ဒီနေ့ နယုန်လပြည့်နေ့ မှာ သီတဂူဗုဒ္ဒတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားအကျဉ်းချုပ်

ဒဂုံမြို့သစ်မြောက်ပိုင် ဘေလီတံတားအဆင်းမှာ တည်ရှိတဲ့ သီတဂူဗုဒ္ဒတက္ကသိုလ်မှာ ဆရာတော်ဘုရားကြီးက မဟာသမယ သုတ် တရားတော်ကို ည၇း၀၀နာရီမှ စတင်ပြီး ၉း၀၀ အထိ ၂နာရီကြာမြင့်အောင် ဟောကြားတော်မူခဲ့ပါတယ်

ဆရာတော်ဘုရားကြီးက ပါဠိ တွေနဲ့ ဟောကြားပြီး အနက် အဓိပ္ပါယ်ပြန်ဆိုဟောကြားတော်
မူခဲ့တာပ

အနှစ်ချုပ်ကို တင်ပြရမယ်ဆိုရင်

အုံးသျှစ်ပင်အောက်မှာ အစာစားနေတဲ့ ယုန်လးတစ်ကောင်က အစာစားနေရင်း သူတွေးနေတာက ကမ္ကာကြီးသာပြိုကျခဲ့ရင် သတ္တဝါတွေ ဒုတ္ခရောက်ကုန်တော့မယ် ဆိုတဲ့ အတွေးတွေးနေတုံး ယုတ်တရက် သူ့ဘေးကို အုံးသျှစ်သီး ကြွေကျလာတာကို သူမသိလိုက်ပဲ အုံးကနဲဆိုတဲ့ အသံကြီးကြားလိုက်တော့ ကမ္ဘာကြီးပျက်ပြီအထင်နှင့် မြေပြိုပြီ မြေပြိုပြီလို့ အော်ပြီးထွက်ပြေးတယ် သူ့နားမှာရှိတဲ့ ယုန်တွေလဲ လန့်ပြီး အော်ပြေးကြတယ် ယုန်တွေ အော်ပြီးပြေးနေတော့ ဆိတ်အုပ် လဲပြေးကြတယ် နွားအုပ်ကမြင်တော့ မေးတယ် ဘာဖြစ်လို့လဲဆိုတော့ ဆိပ်အုပ်ပြန်ဖြေတယ် မြေပြိုနေပြီ အမြန်ပြေးမှ လွတ်မယ်ဆိုတော့ နွားအုပ်လဲ ပြေးကြတာပေါ့ တခါ ဆင်အုပ်လဲ ဒီအတိုင်းပဲ ပြေးကြနဲ့ မြစ်ကမ်းနှဖူးနားရောက်လာကြ
ပီ။
အဲဒီမှာ လှိုင်းတွေ ထလေတော့ ဆက်မပြေးနိုင်တော့ဘူး နောက်ကိုလဲ ပြန်မလှည့်ချင်တော့ဘူး ဘယ်ကိုသွားရမှန်း မသိတဲ့ကာလမှာ တောင်ကုန်းပေါ်မှာရှိနေတဲ့ ဘုရားလောင်း ခြင်္သေမင်းက အသံကျယ်ကြီးနဲ့ ဟိန်းလိုက်ပါလေရော အဲဒီမှာ ပြေလာကျတဲ့ တိရိစ္ဆာန်အုပ်တွေကပိုပြီး ကြောက်လန့် ကုန်ကြတယ်
ခြင်္သေ့မင်းကဆင်းလာပြီး ဘာဖြစ်ကြတာလဲ ဆင်တွေကို မေးတယ် မြေပြိုလို့ ထွက်ပြေးလာတာပါတဲ့ မင်းမြင်လား ဘယ်မှာပြိုတာလဲ ဆိုတော့ နွားတွေ ပြောတာတဲ့ အဲဒီတော့ နွားတွေကို မေးတယ် မိသိဘူး ဆိပ်တွေ ပြောလို့ပါတဲ့ ဆိတ်တွေကို မေးတော့လဲ မမြင်ပါဘူး ယုန်တွေ ပြောတာတဲ့ အဲဒါနဲ့ ဘုရားအလောင်း ခြင်္သေ့မင်းကလည်း ယုန်တွေကို မေးတယ် ဘယ်မှာဖြစ်တာလဲ မင်းတို့မြင်းလားမေးတော့ ယုန်အုပ်အထဲက ယုန်တစ်ကောင်က ပြန်ဖြေတယ် အုံးသျှစ်ပင်အောက်မှာပါတဲ့ ကဲအဲဒါဆိုရင် ငါ့ကို လိုက်ပြပါလို့ ပြောတော့ လိုက်မပြရဲပါဘူး မြေပြိုနေတာကို ကျွန်ုပ်ကိုယ်တိုင် ကြားခဲ့ရတာပါတဲ့ အဲဒါနဲ့ ဘုရားလောင်းက မကြောက်ပါနဲ့ကွာ မင်းငါ့ရဲ့ကျောကုန်းပေါ်ကလို
က် ဖြစ်ရင်ငါပဲဖြစ်မယ်။
 မင်းဘာမှမဖြစ်စေရဘူး ဆိုပြီး လိုက်ပြခိုင်းတယ် နေရာကိုရောက်တော့ မေးတယ် ဘယ်မှာ ပြိုတာလဲမေးတော့ အဲဒီအုံးသျှစ်ပင်အောက်မှာတဲ့ ဘုရားအလောင်း လိုက်ကြည့်တော့ ဘာမှထူးခြားမှုမတွေ့ဘူး အဲဒါနဲ့ ပြန်မေးတယ် အဲဒီအချိန်မှာ မင်းကဘယ်မှာရှိနေသလဲ မေးတော့ ကျွနိုပ် အုံးသျှစ်ပင်အောက်က ထန်းပင်လေးရဲ့ ထန်းလက်အောက်မှာ အစာစားနေရင်း တွေးနေတာက ကမ္ဘာကြီးသာ ပြိုသွားခဲ့ရင် ဒုတ္ခတွေရောက်ကုန်တော့မယ်ဆိုတဲ့ အတွေးကို တွေးနေရင်း ဝုန်းကနဲဆိုတဲ့ အသံကြီးကြားလိုက်တော့ လန့်ပြီး အော်ပြေးခဲ့တာပါတဲ့ ဘုရားလောင်းလဲ ထန်းပင်ငယ်ရဲ့ ထန်းရွက်ဘေးကို ကြည့်လိုက်တော့ အုံးသျှစ်သီးတစ်လုံးကြွေကျနေတာကို သိလိုက်ရတယ်တဲ့

ဆရာတော်ကြီး က ပထဝီတုန်ဒိယ ဇာတ်တော်ကို ဟောကြားပြီး ဒီနေ့ခေတ်လူတွေလဲ ဒီလိုပါပဲ ကိုယ်ကိုတိုင် မ မြင်ရမတွေ့ရပါပဲနှင့် ကောလဟာလတွေကြောင့် သေကျေပျက်စီးရတဲ့ကိန်းတွေဆိ
ုက်နေရတယ် ဆိုတာကို တရားအသားပေးပြီး ဟောကြားခဲ့ပါတယ်

ဆရာတော်ကြီး ဒီနေ့ ဟောကြားခဲ့တာ ဇာတ်တော် ၅ ခုနဲ့ သုသာန် တစ်ခုဟောကြားခဲ့ပါတယ်

အခြားဇာတ်တော်တွေနဲ့ သုသာန်ကိုတော့ အကျယ် မပြောတော့ပါဘူး

ဘီလုံးငှက်နှင့် စွန် တို့ပါဝင်တဲ့ ဇာတ်တော်မှာတော့ အင်အားငယ်တဲ့ ဘီလုံးငှက်အင်အားကြီးတဲ့ စွန်ကို စိတ်ဆိုးအောင် ဆွပေးရင်း စွန်က ဒေါ်သတွေထွက်ကာ အသက်ဆုံးရှုံးခဲ့ရပုံကို ဟောကြားပါတယ် အင်အားငယ်သူကို အထင်မသေးဖို့ အင်အားငယ်ပေမယ့်လဲ ဥာဏ်ပညာကြီးမားရင် အင်အားကြီးသူကို အနိုင်ရပုံကို ဟောကြားပါတယ် စွန်ကဲ့သို့ ငါကအင်အားကြီးသူ ဒီကောင်ကို ဂရုမစိုက်ဘူးဆိုပြီး ဒေါ်သတွေကို ရှေ့မှာထားပြီး မစဉ်းစားမဆင်ခြင်ခဲ့လို့ အသက်ပါသွားပုံနဲ့ TIME မှာရေးထားတာကိုလဲ ဒေါသနဲ့ မတုံ့ပြန်ဖို့ ဟောကြားပါတယ်

နောက်တပုဒ်ကတော့

သစ်ပင်တပင်အောက်မှာ အိပ်နေတဲ့ ဝက်ဝံ အပေါ်ကို သစ်ကိုင်းခြောက်တစ်ခု ပြုတ်ကျခဲ့သည့်အတွက် ဝက်ဝံက ဒေါ်သအလွန်ထွက်ပြီး စိတ်ဆိုးလွန်းလို့ တွေးလိုက်တာက ငါဒီအပင်အောက်မှာ အိပ်နေတာကို ဒီအပင်မှာရှိနေတဲ့ ရုတ္ခစိုးက မနာလိုလို့ ငါ့ကို ဒီလိုလုပ်တယ်ဆိုပြီး အပင်ကိုလှဲတယ်သူ့အားနဲ့မရတေ
ာ့ သစ်ခုတ်သမားတွေခေါ်ပြီး လှဲခိုင်းတယ် သစ်ခုတ်သမားတွေကလဲ လှည်းလုပ်ဖို့ သစ်ခုတ်ဖို့ လာတာ ဆိုတော့ အပင်ကိုလှဲ လိုက်တယ် အဲဒီတော့ ဝက်ဝံလဲအိပ်စရာမရှိတော့ ရုတ္ခစိုးလဲနေစရာ နေရာမရှိတဲ့ အဖြစ် ဆိုက်ရော ဝက်ဝံကလည်းခြုံပုတ်ထဲဝင်အိပ်နေခိုက် ရုတ္ခစိုးက ပြန်ပြီး ကလဲ့စားချေဖို့ ကြံနေရင်း သစ်ခုတ်သမားတွေက သစ်တွေသယ်ဖို့ အလာမှာ မေးလိုက်တယ် ဒီသစ်တွေကို ဘာလုပ်မလဲ မေးတော့ လှည်းလုပ်ဖို့ ခုတ်တာပါပေါ့ အဲဒီတော့ ရုတ္ခစိုးကပြန်ပြောတယ် လှည်းလုပ်မယ်ဆိုရင် သစ်တော့ရသွားပြီ အခင်းတွေ ဘေးကာတွေအတွက် သားရေနဲ့ လုပ်ရင်ကောင်းမယ် လို့ ပြောတော့ သစ်ခုတ်သမားတွေကလည်း ဒါဆိုရင် ဘာသရေနဲ့ လုပ်ရင်ကောင်းမလဲ ဆိုတော့ ဝက်ဝံသရေက အကောင်းဆုံး ဆိုပြီး ဝက်ဝံအိပ်နေတဲ့ ခြုံပုတ်ထဲကို လှမ်းပြလိုက်တော့ သစ်ခုတ်သမားတွေက ဝက်ဝံကို သတ် အရည်ခွံစုတ်ပြီး ပြန်သွားကြတယ်တဲ့

ဆရာတော်ကြီးဆက်လက်ဟောကြားတာ
က အရိပ်နေအခက်ချိုးသည့် လုပ်ရပ်တွေကို မလုပ်ကြပါနှင့် ကိုယ်မှီခိုရတဲ့ နေရာကို မစော်ကားပါနှင့် ဝက်ဝံသည် ဧည့်သည်ဖြစ်သည် သစ်ပင်သည် သူ့နေရာမှာ သူပေါက်ရောက်နေတာ
ဖြစ်သည် အပင်အောက်မှာလဲလာအိပ်သေးတယ်
အပင်ကို ပြန်ပြီး ပြသနာရှာတော့ အပင်လဲသေ ဝက်ဝံလဲသေရသည့် ကိန်းဆိုက်သွားပြီးနောက်ဆုံးမှာ သစ်ခုတ်သမားပဲ အမြတ်ထွက်သွားပုံကို ဥပမာအနေနဲ့ ယူပြီး နေတတ် ထိုင်တတ်ကြဖို့ မိန့်ကြားပါတယ်

နောက်တစ်ပုဒ်က အတ္တဒန္တ
သုတ္တန်ပါ

ကိုယ့်ကို ကိုယ် ပြန်လည်စမ်းစစ်ဖို့ ဖြစ်ပါတယ် ကိုယ်ကျင့်တဲ့တရားက ကိုယ်ထံပြန်လာပါတယ်တဲ့ ကိုယ်ပဲခံစားရမှာပါတဲ့ ကိုယ့်အမှုကြောင့် ကိုယ့်မှာဘေးဖြစ်လာရင် ကိုယ်သာခံစားရမည် သည့်အတွက်ကြောင့် တရားတည်းဟူသော တောင်ဝှေးကို ကိုင်စွဲကြရမည်လို့ ဟောကြားပါတယ်

နောက်တစ်ပုဒ်က
အင်အားနည်းတဲ့ သူတွေကို အထင်မသေးဖို့ နွားထွန်တုံးတွေရဲ့ အောက်မှာ နေထိုင်တတ်တဲ့ ဘီလုံးငှက်နဲ့ အင်အားကြီးတဲ့ ဆင်အကြောင်းဟောကြားပါတယ်

ဘီလုံးငှက်မက ဆင်ကြီးလမ်းရှောက်လာတော့ လက်အုပ်ချီပြီး ဆင်ကြီးထံ အသနားခံတယ် ဆင်ကြီးအနေနဲ့ လမ်းသွားရင် အဲဒီနေရာလေးတွေကို ရှောင်ပြီး သွားပေးပါ အဲဒီမှာ ကျွန်မရဲ့ကလေးတွေရှိနေလို့ပ
ါဆိုတော့ ဆင်ကြီးက ပြန်ပြောတယ် ငါ့လမ်းငါရှောက်တာ ဘာဖြစ်လဲဆိုပြီး သွားတော့ ဘီလုံးငှက်ကလေးတွေ သေကြေကြတယ် အဲဒီအခါမှာ ဘီလုံးငှက်မက ဆင်ကြီးကို ကလဲ့စားချေဖို့ ကျီးကန်းဆီကအကူအညီတောင်းတယ် ကျီးကန်းကလည်း ဘာအကူအညီပေးရမလဲပြောတော့ ဆင်ကြီးရဲ့ မျက်လုံးနှစ်ဖက်ကို သင့်ရဲ့နှုတ်သီးနဲ့ ထိုးဖောက်ပေးပါဆိုတော့ ကျီးကန်းလဲ ဆင်ကြီးရဲ့ မျက်လုံးတွေ ကိုထိုးဖေါက်ပစ်လိုက်တယ်။
 ဆင်ကြီးမျက်လုံးတွေကန်းသွားပြီပေါ့ အဲဒီအခါမှာ ဘီလုံးငှက်က ယင်ကောင်တွေကို အကူအညီထပ်တောင်းတယ် ယင်ကောင်တွေကလဲ ဘာကူညီရမလဲပေါ့ ဆင်ကြီးရဲ့ ကန်းသွားတဲ့ မျက်လုံးနေရာတွေကို အသင်တို့ ဝိုင်းကိုက်ပေးပါဆိုတော့ ဝိုင်းကိုက်ကြပါလေရော ဆင်ကြီး ဝလုံးသုံးပါးဖြစ်နေချိန်မှာ ဖားတွေကို အကူအညီထပ်တောင်းပြန်တယ် ဖားတွေကလဲထုံးစံအတိုင်း ဘာကူညီရမလဲပေါ့ အသင်တို့က တောင်ပေါ်တက်ပြီး အော်ပေးပါ ဆိုတော့ ဖားတွေလဲ တောင်ပေါ်ကို တက်ပြီး အော်ကြတာပေါ့ ဒီအခါမှာ ရေဆာလာတဲ့ မျက်ကန်း ဆင်ကြီးက ဖားအော်သံကြားရတဲ့ နေရာက ရေကန်ရှိတဲ့ နေရာပဲလို့ သတ်မှတ်ပြီး သွားတော့တာပေါ့
တောင်ပေါ်ကို ရောက်သွားတော့ ဘီလုံးငှက်က ဖားတွေကိုထပ်ပြောတယ် အသင်တို့ တောင်အောက်ကို ဆင်းပါ အောက်ရောက်ရင် ထပ်အော်ပေးပါဆိုတော့ ဖားတွေလဲ တောင်အောက်ကိုဆင်း ပြီးတော့ ဆက်အော်တာပေါ့ ဆင်ကြီးလဲ ဖားတွေအော်တဲ့ နေရာ ကို ဆက်သွားတော့ တောင်ပေါ်ကပြုတ်ကျပြီး သေးပါလေရောတဲ့

ဒီဇာတ်တော်ကို ဟောကြားပြီး ဆက်လက်ဟောကြားတာက အကောင်းသေးတယ် အင်အားနည်းတယ်ဆိုပြီး အထင်မသေးပါနဲ့ သူတို့မှာ ကူညီမဲ့သူတွေရှိနေတယ်တဲ့

ကဲဒီလောက်ဆိုရင် ဒီနေ့ည သီတဂူဆရာတော်ဘုရားကြီး ဘာကို ရည်ရွယ်ပြီး ဟောကြားခဲ့သလဲဆိုတာ အားလုံး သိဖို့ ရေးသားပြီး ဓမ္မဒါန ပြုလိုက်ခြင်းဖြစ်ပါတယ်

ဆရာတော်ဘုရားကြီးက ပါဠိနဲ့ ဟောပြီး အနက်အဓိပ္ပါယ် ပြန်ဆိုကာ ဥပမာလေးတွေကို ပညာရှိပီပီ ဟောကြားသွားခြင်းဖြစ်ပါတယ်

ကုလားဆိုတာမပါပါဘူး အစ္စလာမ်ဆိုတာမပါပါဘူး
ဘုရားဟော သုသာန်နဲ့ ဇာတ်တော်တွေကို ဟောကြားသွားခြင်းဖြစ်ပါတယ်

ုငြိမ်းချမ်းရေးနဲ့ အတူတကွပေါင်းသင်းနေထိုင်ရေး
ကို အသားပေးဟောကြားခဲ့ပြီး
စည်းလုံးမှုရှိဖို့ အင်အားနည်းသူကို အထင်မသေးဖို့ ကျေးဇူးတရားသိတတ်ဖို့ ကောလဟာလတွေကို ပုံကြီးမချဲ့ဖို့ လွယ်လွယ်မယုံကြဖို့ ကိုယ်ပြုတဲ့ကံ ကိုယ်ပဲခံရမယ်ဆိုတာ သိဖို့ အဓိက ဟောကြားတော်မူခဲ့ပါတယ်


အတူတကွ ပေါင်းသင်းနေထိုင်ရေနဲ့ပါတ်
သက်ပြီး ဇာတ်တော်တစ်ပုဒ်ကျန်ပါသေးတယ် အလျဉ်းသင့်ရင် ရေးသားပေးပါအုံးမယ်
မြတ်စွာဘုရားအမျိုးအနွယ်တွေ
ရန်ဖြစ်ကြတဲ့ ဇာတ်တော်ပါ အဲဒီမှာတော့ အမျိုးကို ချစ်ဖို့ စည်လုံးဖို့ နဲ့ ပုံကြီးချဲ့ကားတွေကို ဇောင်းပေးပြီး ဟောကြားထားပါတယ်

အားလုံးပဲ မြတ်ဗုဒ္ဓရဲ့ အရိပ်အာဝါသအောက်မှာ ဘေးရန်ကင်းရှင်းကြပါစေ ကိုယ်စိတ်နှလုံး
ရွှင်ပြုံးနိုင်ကြပါစေ လို့ဆုတောင်း ပေးလိုက်ပါတယ်။

သန်းထွန်း (TGKN)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

Saturday, 12 January 2013


                               Thought-provoking Sayings for the  NEW YEAR
A Lot Of Trouble Would Disappear
If Only People Would Learn To Talk To One Another
Instead Of Talking About One Another .....
When People Walk Away From You, Let Them Go.
Your Destiny Is Never Tied To Anyone Who Leaves You.
It Doesn't Mean They Are Bad People.
It Just Means That Their Part In Your Story Is Over.. !
People nowadays are like Bluetooth,
If you stay close they stay connected,
If you go away they find new devices...
Human Life Would Be Perfect If...
Anger Had A STOP Button
Mistakes Had A REWIND Button
Hard Times Had A FORWARD Button
And Good Times A PAUSE Button !!
Always Welcome Your Problems,
Because Problems Gives You Dual Advice,
Firstly, You Can Know How To Solve Them,
Secondly, You Learn How To Avoid Them In Future,
Have Faith In GOD And Yourself…!
Reflection Cannot Be Seen In Boiling Water,
In The Same Way,
Truth Cannot Be Seen In A State Of Anger!
Analyze Before You Finalize.
Success Is Like A Beautiful Lover
It Will Leave Us At Anytime,
But Failure Is Like A Mother
It Will Teach Us Some Important Lessons Of Life!
A Good Heart Can Win Many Relationships,
A Good Nature Can Win Many Good Hearts!
A TOUCH Could HEAL A Wound
An Eye Could SPEAK Volumes
A SMILE Can Confirm I AM THERE !!
The Bird Asked The Bumblebee:
"You Work So Hard To Make The Honey
And Humans Just Take It Away,
Doesn't It Make You Feel Bad?"
"No," Said The Bee, "Because They Will Never
Take From Me The Art Of Making It."
                                               






















--
Sent from Gmail Mobile




--
http://www.burmaburo.blogspot.com

Monday, 3 December 2012

ကောင်းလိုက်တဲ့ စိတ်ကူး

အမျိုးသား သစ္စာဖောက်များနှင့် စည်းကမ်းပျက် သစ္စာဖောက် လောက်ကောင်များ


မြန်မာရာဇ၀င်တွင် တိုင်းတစ်ပါးသားနှင့် ပေါင်းကာ ပုန်ကန်တော်လှန်သည့် တောင်ငူဘုရင် နတ်သျှင်နောင် သည် ရာဇ၀င် ထဲက သစ္စာဖောက် ဖြစ်သည်။ ထိုမှ တစ်ဖန် ဗိုလ်ချုပ်အောင် ဆန်းနှင့် ခေါင်းဆောင်ကြီး များကို လုပ်ကြံ ခဲ့သည် ဦးစောမှာကား သမိုင်းထဲက သစ္စာဖောက်ဖြစ်သည်။ ထိုမှ တစ်ဖန် ယနေ့ခေတ် တွင်တော့ ဘင်္ဂလီအားပေး သစ္စာဖောက်များကို ဤသို့ အပြစ်ပေးကြလေသည်။ 
(  Forward blog  မှကူးယူဖေါ်ပြပါသည်)

Wednesday, 7 November 2012

ရွှေတွံတေးဆရာတော် ထိုင်းရေဘေးကပ်ဆယ်ရေး ၁ နှစ်ပြည့်ဓါတ်ပုံပြပွဲ




 

         ၂၀၁၁ ခုနှစ် ထိုင်းနိုင်ငံ ရေကြီးစဉ်က ဒုက္ခရောက်ကြသော
နိုင်ငံသား တိုင်းရင်းသားရွှေ့ပြောင်းအလုပ်သမားကို
ကယ်ဆယ်ရေးစခန်းဖွင့်ပြီး
ရွှေတွံတေးဆရာတော်က ကူညီစောင့်ရှောက်ပေးခဲ့သည့် ၁ နှစ်ပြည့်
ဓါတ်ပုံပြပွဲကို မဟာချိုင် နှင်းတိကောရုံ တွင် ၄. ၁၁. ၂၀၁၂ နေ့ လည်က
ကျင်းပခဲ့သည်။
          ထိုင်းအစိုးရကပ်ဆယ်ရေးစခန်းနှင့် ရွှေတွံတေး ဆရာတော်
ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ခဲ့ရာ ဆရာတော်စခန်းတွင်
ဒုက္ခသည်တထောင်ကျော်ကို ၂လ ကယ်ဆယ်ပေးခဲ့သည်။
          ရေဘေး ဒုက္ခသည် ၅၀၀ ကိုရွာအရောက်အခမဲ့ပြန်ပို့ ပေးပြီး
၁ဦးလျှင် ဘတ် ၂၀၀ စီနှင့် ကျပ် ၅၀၀၀ စီကူညီခဲ့သည်။
၄၀၀ ခန့် ကိုအလုပ်ရှာပေးခဲ့သည်။ မြန်မာနိုင်ငံသားများသာမက ထိုင်း -
လာအို - ကမ္ဘောဒီယား များကိုပါ ရေနစ်ဒေသအရောက်
 လူ ၅၀၀၀ ခန့် အတွက်ရိက္ခာများပေးပို့ ခဲ့သည်။
           ရွှေတွံတေးဆရာတော်က "အခုလို ကယ်ဆယ်ရေးကို ဘတ် ၃ သန်းလောက်
ကူညီပေးနိုင်ခဲ့တာဟာ မြန်မာဝန်ကြီးအဖွဲ့ 
သံအမတ်ကြီးအဖွဲ့ နဲ့ နိုင်ငံသား တိုင်းရင်းသားများသာမက
ထိုင်းအာဏာပိုင်များ- DIVERSETHICS  - FED - BAT စတဲ့အဖွဲ့ တွေ
ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ကြလို့ ဖြစ်ပါတယ် " လို့ မိန့် ကြားပါသည်။




Thursday, 1 November 2012




ဗြိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင်
ပတ္တမြားငမောက်နဲ့နန်းစဉ်ရတနာတွေပြန်တောင်းပေးနိုင်မလား

ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း
အစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို
ပြန်လိုချင်ပါသတဲ့ ။အခုမှသတင်းထုတ်ပြန်လိုက်တော့ အံများတောင်သြပါရဲ့
။လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကတည်းက ရှာဖွေနေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့
စစ်သားဟောင်းတွေရဲ့မှတ်တမ်းမှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာတွေပေါင်းစပ်ရ
ှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော် ကို ပြန်တူးပြီးအကောင်းတိုင်းပြန်ယူတော့မယ်တဲ့ ။

ကျွန်တော်တို့သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ်တွေဟာ
ဗြိတိသျှသမိုင်းတင်မဟုတ်ပါဘူး ။ကျွန်တော်တို့နိုင်ငံသမိုင်းလည်းဖြစ်ပါတယ်
။ကျွန်တော်တို့ နိုင်ငံမြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက်နေခဲ့တာပါ
။ကျွန်တော်တို့လည်း ပိုင်တယ် ။ဒီလေယာဉ်တွေကို
တူးဖော်ခွင့်ပေးခဲ့မယ်ဆိုရင်
နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ခိုင်မာစေမှာလို့ ဒေးဗစ်ကင်မရွှန်းကပြောတယ်
။ဟုတ်ပြီ ။ဒီလေယာဉ်အစင်း၂၀ ပြန်ပေးမှ ဆက်ဆံရေးကောင်းမွန်မှာလား ။ဒါဆိုရင်
ဘဲစားဘဲခြေ လေး ကစားကြည့်ရအောင် ။ကျွန်တော်တို့ဆီက သမ သွားတဲ့ ပတ္တမြား
ငမောက်ကြီး ဘယ်ရောက်နေတုန်း ။

ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။



၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန်
ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့
လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား
၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့
ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား

ပြီးတော့ သူတို့ပြတိုက်ထဲက စစ်သူကြီး မဟာ ဗန္ဓုလ ရဲ့ သံချပ်ကာ ဝတ်စုံ
ကြီးကို ရောပြန်ပေးနိုင်မလား ။
ဧကရီဘုရင်မကြီးကို ပေးပို့သည့်ပစ္စည်းတွေထဲက သီပေါ၏ အကောင်းဆုံး
သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့်
ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့်
ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း


ဒါတွေဟာ နှစ်ဦးနှစ်ဘက်လုံးမနစ်နာတဲ့ တောင်းဆိုမှူပဲဖြစ်ပါတယ် ။
ဒီသရဖူဟာ သီပေါမင်းဆီက သရဖူ ဖြစ်နိုင်ပါတယ်

ပြီးတော့ ဗြိတိသျှ ပြတိုက်တွေထဲက မြန်မာ့ယဉ်ကျေးမှူ အနုပညာပစ္စည်းတွေ
ပြန်ပေးမလား ။ကျွန်တော်တို့ အစိုးရကရော ပြန်တောင်းပေးမလား ။အခုဗြိတိသျှ
ဘုရင်မကြီးခေါင်းက သရဖူက ဘာနဲ့လုပ်ထားတယ် ထင်လဲ
။ကျွန်တော်တို့နိုင်ငံကနန်းစဉ်ကျောက်တွေနဲ့လုပ်ထားတာပါ ။တန်ဖိုးလား
။ဟုတ်ကဲ့ ဗြိတိသျှနဲ့ပြင်သစ်နှစ်နိုင်ငံကမြေတွေကို
အကုန်ဝယ်လို့ရနိုင်ပါတဲ့ တန်ဖိုးတွေပါ ။ ဒါတွေပြန်ပေးမလား ။
စပစ်ဖိုင်းယားတွေဟာ ဗြိတိသျှရဲ့ အမျိုးသားရေးဂုဏ်တစ်ခုပါ
။တကယ်လေးစားဖွယ်ကောင်းပါတယ် ။ဒီတော့ကာ ဗြိတိသျှတွေဆီရောက်နေတဲ့
ကျွန်တော်တို့ နန်းစဉ်ပတ္တမြားတွေကရော တန်ဖိုးမဲ့ခဲ့ပြီလား
။ဓါးပြတိုက်ယူသွားတဲ့ ကျောက်တွေမို့ အောက်ဈေးနဲ့ပဲ ရနိုင်တာပေါ့လို့
ဖြေသိမ့်တော့မှာလား ။အဲဒီကျောက်တွေကရော ကျွန်တော်တို့နိုင်ငံရဲ့
ဂုဏ်တစ်ခုမဟုတ်တော့ဘူးလား ။ကမ္ဘာ့ကျောက်မျက်ရတနာလောကမှာ
ပတ္တမြားငမောက်ဆိုတာ ဒဏ္ဍာရီအဆန်ဆုံး နာမည်အကြီးဆုံးပါ ။ Burmese Royal Ruby
လို့တသွယ် SuFaYarLatt's Ruby လို့တနည်း နဲ့ ခုချိန်ထိ နာမည်ကြီးဆဲပါ
။တသသပြောလို့မဆုံးတဲ့ ကမ္ဘာ့ကျောက်မျက်လောကရဲ့ စနိုးဝှိုက်ပုံပြင်တစ်ခုပါ
။ ကိုင်း ....အဲဒါနဲ့ တည့်-တည့် ပြန်ချိန်းလိုက်ရအောင်လား
။နိုင်ငံရေးစကားနဲ့ဆိုရရင် Win-Win အခြေအနေပါပဲဗျာ ။

အခု ကမ္ဘာမှာ ဝေဟင်မှာ မောင်းနှင်နိုင်တဲ့ စပစ်ဖိုင်းယားဟာဆိုရင် ၃၆
စီးလို့ဆိုပေမယ့် လက်တွေ့မှာ အစီး ၃၀ သာ တကယ်မောင်းနှင်နိုင်ပါတော့တယ်
။အဲဒီ အစင်း ၃၀ ဟာလည်း တစ်စုတစ်စည်းတည်း မရှိပဲ နေရာအနှံပြန့်ကျဲနေပါတယ်
။ဒီတော့ကာ ကျွန်တော်တို့နိုင်ငံမှာ အစင်း ၂၀ လုံလုံး တစုတစည်းတည်း
အကောင်းပတိ ရှိနေပါတယ် ။ ဒီအစီး ၂၀ ကိုပြတိုက်ထဲထည့် လိုက်ရင်
ကျွန်တော်တို့ နိုင်ငံခြားငွေ ဘယ်လောက်စီးဝင်လာမလဲ ။ ဒါမှမဟုတ် ၁၀ စီးကို
ပြတိုက်ထဲထည့် ၁၀ စီးကို အကောင်းအတိုင်းပြန်ဆင်ပြီး အပျော်တမ်းကလပ်ပုံစံ
သို့မဟုတ် ကမ္ဘာလှည့်ခရီးသွားတွေ လေ့လာသူတွေအတွက်
မောင်းနှင်စီးနင်းနိုင်အောင် လုပ်ထားခဲ့မယ်ဆိုရင် ???? ။


သူတို့ဒီလေယာဉ်တွေကို စရှာဖွေကတည်းက အခုချိန်ထိ ဒေါ်လာ
နှစ်သိန်းတစ်သောင်းကျော် ကုန်ကျပါတယ်လို့ ပြောခဲ့တယ် ။ဟုတ်ပြီ
ကျွန်တော်တို့သာဆိုလျှင် ရှာဖွေပေးခဲ့တဲ့ ဒေးဗစ်ဂျေကန်ဒယ်လ် ကို ဒေါ်လာ
သိန်းနှစ်ဆယ် ဆုချလိုက်ပါ့မယ် ။ဘာကြောင့်လဲ ။
ဗြိတိသျှ သားတွေဟာ ကျွန်တော်တို့လိုမျိုး ဇာတိဂုဏ်ကို
သိပ်တန်ဖိုးထားသူတွေပါ ။ သူတို့နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို
ကျွန်တော်တို့ဆီလာကြည့်လာလေ့လာရမှာပါ ။အဲဒီတစ်ခုတည်းနဲ့တင် ကျွန်တော်တို့
မီးခိုးမထွက်တဲ့ စက်ရုံတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ
နိုင်ငံခြားငွေ ထိုင်ယူနေရုံပါပဲ ။ဘယ်လောက်ကြာအောင် ထိုင်ယူနေမှာလဲ
။ဒီလေယာဉ်တွေ မြန်မာနိုင်ငံမှာရှိနေသမျှ နဲ့ နောင် သားစဉ်မြေးဆက်အထိ
နှစ်ထောင်ပေါင်းများစွာ နိုင်ငံခြားငွေသဲ့ယူလို့ရမဲ့ အရာတွေပါ ။

သူတို့ကလည်း သူတို့နိုင်ငံရဲ့ ဂုဏ်ယူစရာ အမွေအနှစ်ကြီးတွေကို
ပြန်တောင်းတယ် ။ကျွန်တော်တို့ကလည်း
ကျွန်တော်တို့နိုင်ငံရဲ့အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ
ယဉ်ကျေးမှူအမွေအနှစ်တွေ ပြန်တောင်းတယ် ။ကဲ.ဒါ ရာဇဝတ်မှူလည်းမဟုတ်ဘူး ။
မလုပ်ရတဲ့ စည်းမျဉ်းလည်း မဟုတ်ဘူး ။သူတို့လူမျိုးဟာကျတော့ သိတတ်ပြီး
ကျွန်တော်တို့ ဟာတွေကျတော့ ခပ်တည်တည်နဲ့ ပြတိုက်ထဲထည့်ပြီး
သူတို့နိုင်ငံက လုပ်စားပြစား ဂုဏ်ယူနေတာတော့ မဟုတ်သေးဘူးခင်ဗျ ။
http://www.facebook.com/photo.php?fbid=244478665678205&set=a.197320087060730.40023.100003482205504&type=1




Tuesday, 30 October 2012

ကောင်းလို့ သစ်ထူးသွင်မှ ကူးယူဖေါ်ပြပေးလိုက်ပါတယ်။

“ဇာဂနာ့ကျင်ငယ်ရေမှာသာတဲ့လ
မင်းကိုနိုင်ရဲ့သေရေးရှင်ရေးနဲ့
ပင်လယ်ပြင်ကိုကြိုးနဲ့ဆွဲသူတွေ
အဲဒီညမှာလအရမ်းသာတယ်။
သံတိုင်တွေကြားကအိပ်မပျော်နိုင်
သေးတဲ့အကျဉ်းသား၊ဟိုငေးဒီကြောင်
ငုတ်တုတ်ထိုင်လိုက်၊လမ်းထလျှောက်လိုက်၊အပြင်ဘက်က“၀ါကာ..၀ါကာ
အေ့အေ့..”သီချင်းနဲ့ဘုန်းကြီးတရားသံကရောထွေးပြီးထောင်နံရံကိုဖောက်လာတယ်။
သံတိုင်အပြင်ဘက်မှာလရောင်တွေဖိတ်လျှံကျနေတာဝင်းဝင်းလက်လက်။
ထောင်နံရံမျော်စင်လည်းပျိုးပျိုးပြက်ပြက်။
သံတိုင်ထဲကလူ..
လရောင်ကိုသတိပြုမိသွားတယ်။လပြည့်ညလည်းဖြစ်ချင်ဖြစ်မယ်။
သံတိုင်နားကပ်ပြီးစောင်းငဲ့မော့ကြည့်တယ်၊လ၀န်းကိုမမြင်ရ။
သံတိုင်အပြင်ဘက်လက်ဆန့်ပြီးလရောင်ကိုခံကြည့်တယ်၊
လရိပ်ကသူ့လက်ဖျားနဲ့တစက်ကလေးမှမထိဘူး။
နည်းနည်းလေးရှေ့တိုးနိုင်ရင်တော
သူမြင်ချင်တဲ့လပြည့်ဝန်းကိုတွေ့နိုင်မယ်။
သံတိုင်နဲ့ပါးကပ်နိုင်သမျှကပ်၊လက်ကိုဆန့်တန်းပြီးအပြင်ထုတ်ပေမဲ့
လရိပ်ကစိမ်းစိမ်းကားကားပဲ။မထိမတို့နိုင်တဲ့လရောင်ကိုပိုပြီးငတ်မွတ်လာတယ်။
ပိုမြင်ချင်လာတယ်။ဒီညတော့လပြည့်ပြည့်ကိုမြင်မှဖြစ်မယ်၊
ဒီလကို။မမြင်ရမချင်းမအိပ်တော့ဘူးလိုဆုံးဖြတ်လိုက်ပုံရတယ်။
အကြံရတယ်။အခန်းဒေါင့်ကိုသွားပြီးကျင်ငယ်စွန့်တဲ့ဂန်ဖလားကိုဆွဲပြီး
သံတိုင်အပြင်ဘက်ထုတ်လိုက်တယ်။ပြီးတော့အဲဒီခွက်ထဲရှုရှုပန်းထည့်လိုက်တယ်။
ပြီးတော့ဂန်ဖလားကိုလရောင်ကျနေတဲ့နေရာထိတိုးရွှေ့လိုက်တယ်။
လှုတ်ခတ်နေတဲ့အဖြူရောင်အရိပ်တွေကကျင်ငယ်ရေထဲဝါးတားတားပေါ်လာတယ်။
ခွက်ထဲကကျင်ငယ်ရေဘောင်ဘင်ခတ်တာငြိမ်သက်သွားတော့ဝိုင်းဝိုင်းစက်စက်လမင်းကြီးဟာ
ကျင်ခွက်ထဲမှာပြည့်လို့သာလို့။သံတိုင်ကြားကမလွတ်လပ်တဲ့အကျဉ်းသား၊ကျင်ခွက်ထဲကလရိပ်ကို
အငမ်းမရကြည့်လိုက်တယ်။လပြည့်ညကိုအားရပါးရခံစားလိုက်တယ်။
---------
အဲဒီ Short Film လေးကိုဒါရိုက်တာဇာဂနာက“မမြင်ရတဲ့လ”လို့နာမည်ပေးထားတယ်။
“အကျဉ်းခန်းထဲမှာ
လရောင်ကိုမြင်နိုင်တဲ့အခွင့်အရေးမရှိသလို၊သောက်စရာရေတောင်မရှိဘူး၊ဒီဇာတ်လမ်းကို

ထောင်ထဲမှာစိတ်ကူးထားတာကြာပြီ၊အခုအပြင်ရောက်မှတကယ်ရိုက်ဖြစ်တာ
ရေခဲအမှတ်သုညအောက်ရောက်နေပြီး၊အော်စလိုပင်လယ်ကမ်းမြှောင်ကိုမေးတင်
ဆောက်ထားတဲ့နော်ဝေးနိုင်ငံအမျိုးသားအော်ပရာဇာတ်ရုံအပြင်မှာ
မြန်မာအမျိုးသားဝတ်စုံဝတ်ထားတဲ့
ကတုံးပြောင်နဲ့ကိုဇာဂနာမေးခိုက်ခိုက်တုန်ပြီးမီဒီယာတွေကို
အင်တာဗျူးပေးနေတာတွေ့ရတယ်။
အောက်တိုဘာ၂၅နဲ့၂၆ရက်နေ့၂ရက်တာ
ကျင်းပတဲ့“All that is banned is desired”
“ပိတ်ဆို့ခံခဲ့ရတဲ့လိုအင်ဆန္ဒတွေ
” ဆိုတဲ့ ခေါင်းစဉ်နဲ့
အနုပညာနဲ့ လွတ်လပ်စွာ သဘောထား ထုတ်ဖော်တဲ့ နိုင်ငံတကာ
အနုပညာရှင်၅၀ကျော်ထဲမှာမြန်မာနိုင်ငံကလူရွှင်တော်၊ဒါရိုက်တာ၊
နိုင်ငံရေးအကျဉ်းသားဟောင်းကိုဇာဂနာနဲ့မှတ်တမ်းရုပ်ရှင်(Documentary Film)
ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့၂ဦးလည်းပါဝင်တယ်။သူတို့၂ယောက်
ရဲ့တင်ဆက်မှုကို
(Beauti Under Pressure)“ဖိနှိပ်မှုအောက်ကအလှတရား”လို့နာမည်ပေးထားတယ်။
အစောပိုင်းကနိုင်ငံရေးအကျဉ်းသားဟောင်းရွှေသံစဉ်တီးဝိုင်းခေါင်းဆောင်
ကိုဝင်းမော်လာဖို့ရှိပေမဲ့နိုင်ငံကူးလက်မှတ်မရလို့မလာနိုင်ခဲ့ဘူး။
“ကျနော်ပတ်စ်ပို့ရဖို့လအတန်ကြာကတည်းကအကြိမ်ကြိမ်ကျိုးစားခဲ့ပေမဲ့
အထမမြောက်ခဲ့ဘူး၊
သြဂုတ်လကလည်းကျနော်နဲ့ကျနော့အဖွဲ့ကိုထိုင်းဘုရင်မမွေးနေ့ပွဲမှာ
ဖြော်ဖြေဘို့ဖိတ်ကြားခံရတာလည်းသွားခွင့်မရခဲ့ဘူး”လို့သူ့ရဲ့Videoအမှာစကားမှာ
ကိုဝင်းမော်ကရှင်းပြသွားပါတယ်။သူုကဗွီဒီယိုအခွေကတဆင့်ကျောင်းသားတွေညအချိန်မတော်
တိတ်တဆိတ်အဖမ်းခံနေရတဲ့အကြောင်း
ထောင်ထဲမှာရေးဖွဲ့ထားတဲ့Evil Go Away(မိစ္ဆာတွေအဝေးထွက်သွား)
သီချင်းကိုဆိုပြသွားတယ်။
ဒီကနေ့လိုဒီမိုကရေစီလမ်းကြောင်းပေါ်အားလုံးကတွန်းတင်ပြီးသွားနေချိန်ဘာကြောင့်
အတိတ်ကပုံရိပ်တွေကိုနိုင်ငံတကာလှည့်ပြသနေရသလဲဆိုတာကသိလိုတဲ့မေးခွန်းတခုပါ။
“ဒီလိုဇာတ်လမ်းတွေပြဖို့အစောပိုင်းကစိတ်ကူးမရှိဘူး၊ဒါပေမဲ့ခရီးထွက်ဘို့နီးကပ်ချိန်ထိ
ကိုဝင်းမော်ပတ်စ်ပို့မရတော့ဒီကိစ္စခေါင်းထဲဝင်ဆောင့်လာတယ်၊ငါတို့ကလွတ်လပ်မှုရှာနေသလို၊သူတို့က
လည်းလွတ်လပ်ပါပြီ၊ဒီမိုကရေစီအစိုးရပါလို့ပြောတယ်၊ဒါဆိုလူလူချင်းခွဲခြားပြီးနိုင်ငံသားတိုင်း
ရပိုင်ခွင့်ရှိတဲ့ပတ်စ်ပို့တွေထုတ်မပေးကြတာလဲ၊ကိုဝင်းမော်မှမဟုတ်ဖူး၊ကိုဇော်သက်ထွေးနဲ
့နိုင်ငံရေးအကျဉ်းသားဟောင်း၉၀ရာခိုင်နှုံးကနိုင်ငံကူးလက်မှတ်တွေမရသေးဘူး၊
ဒီတော့လူ့အခွင့်ရေးတို့၊ဒီမိုကရေစီတို့တည်ဆောက်နေပါတယ်လို့ပြောနေတာကိုကျနော်တို့ဘယ်လိုယုံကြည်ရမှာလဲ..
ဒါကြောင့်လဲဒီလာခါနီးမှကမန်းကတန်း“မမြင်ရတဲ့လ”ကိုရိုက်ပြီးယူလာခဲ့တာပဲ”
ရင်အပူနဲ့ပြောလိုက်တဲ့ကိုဇာဂနာရေခဲအောက်သုညဒီဂရီရောက်နေတဲ့အအေးဓာတ်ကို
ခဏတော့အံတုနိုင်မှာပဲ။
-------------
အော်စလိုပွဲမှာတရုတ်၊မလေးရှား၊တိဘက်စတဲ့အာရှနိုင်ငံကအနုပညာရှင်တွေနဲ့၊
လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ဂျာနယ်လစ်တွေအပြင်၊ပြင်သစ်၊အာဖရိက၊အမေရိကန်၊
ဆွီဒင်၊ဒိန်းမတ်၊စတဲ့နိုင်ငံတကာကအနုပညာသမားနဲ့နိုင်ငံရေး၊လူ့အခွင့်အရေး၊ဒီမိုကရေစီအရေးလှုပ်ရှားသူဟာ
ကိုယ့်နယ်ပယ်အသီးသီးမှာပိတ်ဆို့ခံနေရတဲ့ယုံကြည်ချက်နဲ့လုပ်တဲ့အနုပညာတွေကိုတင်ပြကြတာပါ။
အဆို၊အက၊အတီးအမှုတ်နဲ့သရုပ်ဖော်အနုပညာပြကွက်တွေအပြင်၊
ပရိသတ်နဲ့ပါအပြန်အလှန်မေးခွန်းထုတ်ဆွေးနွေးမှုတွေလည်းပါတယ်။
ထူးထူးခြားတင်ဆက်မှုတခုကပြင်သစ်နိုင်ငံကအမျိုးသမီးတဦးရဲ့၁၀မိနစ်ကြာတင်ဆင်တဲ့
သရုပ်ပြကွက်လေးပါ။Hijabလို့ခေါ်တဲ့အစ္စလမ်ဘာသာဝင်မျက်နှာဖုံးကာဝတ်ရုံတွေနဲ့အမျိုးသမီးတွေရဲ့
မလွတ်လပ်မှု၊အခွင့်အရေးမဲ့မှု၊နဲ့လူသားဆန်ဆန်မနေနိုင်တဲ့ဘ၀ကိုအသံ၊အလင်း၊တွေရဲ့အထောက်အပံ့နဲ့ပြသွားတာပါ။
ထူးခြားတာကဒီပြကွက်ကိုအသက်အန္တရယ်ကြောင့်ဓာတ်ပုံ၊ဗွီဒီယိုလုံးဝမရိုက်ဖို့တားမြစ်ထားသလို
၊ဒီနေရာမှာပထမဆုံးပြတာဖြစ်သလို၊ဘယ်နေရာမှာမှထပ်မပြသမဲ့နောက်ဆုံးအကြိမ်
သရုပ်ပြကွက်ဖြစ်တယ်လို့လည်းပြောခဲ့တာပါ။၁၀မိနစ်ကြာပြကွက်တခုလုံးမှာမျက်နှာဖုံးစွတ်ထားတဲ့
အမျိုးသမီးတယောက်ရဲ့၊တီးလုံးနဲ့အညီ၊အော်ဟစ်သံ၊ငြီးငြူသံ၊သက်ပျင်းချသံတွေနဲ့
အဖုံးအကွယ်မပါတဲ့မျက်လုံးတွေကတဆင့်ကြောက်လန့်မှု၊အားငယ်စိုးရိမ်မှုတွေကိုသရုပ်ဖော်ပြသသွားတာပါ။
ကဇာတ်ရုံထဲကပရိဿတ်၂၀၀ကျော်ဟာချောင်းဟန့်သံ
တောင်မပြုငြိမ်သက်နေတယ်။လွတ်လပ်မှုမရှိတဲ့အဓိပ္ပါယ်ကိုပီပြင်စေချင်လို့လားမသိ၊
သတင်းသမားတွေကိုတောင်ဓာတ်ပုံ၊Videoမရိုက်ဖို့မေတ္တာရပ်ခံပါတယ်
ဒါရိုက်တာမင်းထင်ကိုကိုကြီးကတော့ကိုမင်းကိုနိုင်အကျဉ်းကျစဉ်
ရေးခဲ့တဲ့“အလျှင်”ဆိုတဲ့ကဗျာစာသားမြန်မာအင်္ဂလိပ်လိုရေးထားတာကို
ကင်မရာအနီးအဝေး၊အနိမ့်အမြင့်၊အတွန်းအရွှေ့၊အလှည့်အပြောင်းရိုက်ချက်တွေနဲ့
နောက်ခံစန္ဒယားတီးကွက်တွေကိုပံ့ပိုးပြီးရိုက်ထားတာလေးက
ထူးခြားပြီးပရိသတ်ရဲ့စိတ်အာရုံကိုဖမ်းစားနိုင်ခဲ့တယ်။
သေခြင်းနဲ့ရှင်ခြင်းဆိုတဲ့အဓိပ္ပါယ်ကိုစကားလုံးကျစ်ကျစ်လစ်လစ်နဲ
ရှေ့နောက်ရွှေ့ရေးစပ်ထားတဲ့ကိုမင်းကိုနိုင်ရဲ့အတွေးနဲ့ဒဿနတွေ
ဘယ်လောက်လေးနက်၊ကျယ်ပြန့်နေတယ်ဆိုတာကိုအဲဒီကဗျာလေးမှာမြင်ရတယ်
လွတ်လပ်မှု၊မလွတ်လပ်မှုနဲ့မတရားမှု၊ဖိနှိပ်မှု၊ခြိမ်းခြောက်မှု၊မလုံခြုံမှု၊
ဘ၀အာမခံမရှိမှု၊ဖြစ်ချင်သလိုဖြစ်ပြီး၊လူသားတယောက်ရဲ့ဘ၀အဓိပ္ပါယ်မပြည့်ဝတဲ့
အနေအထားတွေကိုသာမက၊လူသေပြီးနာမည်မသေတဲ့ဘ၀တွေ၊လူရှင်ပြီးနာမည်သေနေတဲ့ဘ၀တွေ၊
သင်္ခါရတွေ၊တရားဓမ္မနဲ့ဆင်ခြင်တွေးတောစရာအဓိပ္ပါယ်တွေအများကြီးကိုခံစားရမှာဖြစ်တယ်။
             အလျှင်
သေဆုံးတယ်ဆိုတာမရှိဘူး၊
သေတယ်မဆုံးဘူး၊
မဆုံးအောင်သေတယ်၊
သေပြီးသားလူတွေထပ်သေတယ်၊
သေရမဲ့လူတွေအသက်ဆက်တယ်၊
မသေမရှင်တွေကမရှင်မသေ၊
သေခြင်းနဲ့ရှင်ခြင်းဟာသိတ်မကွဲပြားတော့ဘူး။

ဟိုနားမှာမွေးပြီး၊ဒီနားမှာသေတယ်၊
စောစောကမွေးပြီးခုလေးတင်သေတယ်၊
မွေးကတည်းကသေပြီးသားလည်းဖြစ်မယ်
အသေ၊
အရှင်၊
မသေမရှင်၊
အဲဒီကြားမှာအပျောက်ရှိတယ်။

အသေလည်းပျောက်တယ်၊
အရှင်လည်းပျောက်တယ်၊
မသေမရှင်တွေလည်းပျောက်တယ်။

အရှင်ဖြစ်ဖြစ်၊
အသေဖြစ်ဖြစ်ဖြစ်၊
မသေမရှင်ဖြစ်ဖြစ်၊
အပျောက်ဖြစ်ဖြစ်၊
ဖက်နဲ့ထုတ်ထားရတဲ့အသက်ဟာဘယ်တော့မှအသေမဖြောင့်ဘူး။

အသက်ငင်နေတဲ့
စားစရာ၊
သောက်စရာ၊
ဝတ်စရာ၊
နေစရာ၊
သေငယ်ဇောနဲ့မြောနေတဲ့
သေစရာနဲ့ရှင်စရာ။

မသေမချင်းတော့ရှင်လိမ့်မယ်
ရှင်ပေမဲ့လည်းဆုံးနေပါပြီ။
(မင်းကိုနိုင်)
တကယ်တော့မှတ်တမ်းရုပ်ရှင်Documentary Filmတွေဟာလူ့အဖွဲ့အစည်းကအခြေအနေတွေကိုတင်ပြရာမှာ
အချိန်တိုတိုနဲ့အားကောင်းတဲ့အချက်အလက်တွေ၊ခံစားမှုတွေ၊အသိပညာနဲ့ရသတွဲပြီးရနိုင်တာတော့မှန်ပါတယ်
ကျနော်တို့နိုင်ငံလိုအရာရာနောက်ကျပြီးအများလက်ခံအောင်ဆွဲတင်ပေးရမဲ့အချိန်မှာအခုလိုရသနဲ့အဖြစ်အပျက်မှန်တွေ၊
သတင်းအချက်အလက်နဲ့ဒဿနကိုအချိန်တိုတိုတောင်းတောင်းနဲ့ရင်ဘတ်ထဲရော၊
ဦးခေါင်းထဲရောချက်ချင်းရောက်အောင်ပို့ပေးတဲ့နေရာမှာအခုလိုမှတ်တမ်းဇာတ်လမ်းတိုတွေက
အတော်လေးတန်ခိုးကြီးတယ်လို့မြင်မိတယ်။
၁၉၉၄လောက်က ကျနော်အိန္ဒိယမှာDocumentary Filmအကြောင်းလေ့လာသင်ကြားခဲ့ချိန်က
သင်တန်းဆရာကမှတ်တမ်းဇာတ်လမ်းတိုတချို့ပြသပြီးဝေဖန်သုံးသပ်ခိုင်းတယ်။
အိုင်ဒီယာ၊အတွေးစိတ်ကူးဆိုင်ရာနဲ့ပတ်သက်တဲ့ရိုက်ကူးချက်တွေလေ့လာရတဲ့
အခါဒီနေ့ထိစွဲနေတဲ့တမီးလ်လူမျိုးဒါရိုက်တာတယောက်ရိုက်ကူးတဲ့ဇာတ်လမ်းတိုလေးတခုရှိတယ်။
ဇာတ်ကားနာမည်က“Rope”(လွန်ကြိုး)တဲ့ပြကွက်အစကို.. အပြာရောင်ပင်လယ်
ကမ်းစပ်ကကျောက်ဆောင်ပေါ်မှာထိုင်နေတဲ့လူတယောက်နဲ့ပြတယ်။
ကောင်းကင်ကပြာပြာ၊ရေပြင်ကပြာပြာ၊နေကသာပြီးလှိုင်းလုံးတွေကစီးချက်မှန်မှန်နဲ့ကမ်းစပ်ကိုလာရိုက်နေတယ်။
ဟိုး..အဝေးသဲသောင်ပြင်မှာလူတယောက်လဲနေတာကို
ကင်မရာကLong Shotအဝေးရိုက်ချက်နဲ့ပြတယ်။ကျောက်ဆောင်ပေါ်ထိုင်နေသူက၊
လဲနေသူကိုမျက်တောင်မခတ်
လှမ်းကြည့်နေတယ်။အနီးကပ်ကင်မရာရိုက်ချက်မှာ
အသက်ပြင်းပြင်းရှုထုတ်လိုက်တိုင်းနှာဝနဲ့ထိနေတဲ့သောင်ပြင်က
သဲတွေဖွာကနဲ၊ဖွာကနဲထွက်နေလို့လဲနေသူဟာအသေကောင်မဟုတ်မှန်းသိရတယ်။သူ့ခဗျာ
အတော်လေးမောပမ်းနေဟန်ရှိတယ်။
ခနနေတော့လဲနေရာကရုန်းထလာတယ်။သူ့လက်ကိုဆန့်တန်းလိုက်ပြန်ကွေးလိုက်
နောက်ခြေတလှမ်းစီဆုတ်လိုက်နဲ့ပင်လယ်ကိုမျက်နှာမူပြီးလွန်ကြိုးတချောင်းကို
တယောက်ထဲဆွဲနေတဲ့ဟန်ပဲ(ကြိုးတော့မပါဘူး၊ဟန်သက်သက်)သိတ်မကြာဘူးရှေ့ကိုငိုက်ဒရွတ်တိုက်ပါပြီးသောင်ပြင်မှာ
အစောကအတိုင်းမှောက်ရက်လဲသွားပြန်တယ်။ဒီတော့ကျောက်ဆောင်မှာထိုင်ကြည့်နေသူမနေနိုင်ဘူးထလာတယ်။
လဲနေသူကိုထူလိုက်တယ်။နှစ်ယောက်သားခြေလှမ်းညီညီ၊လက်ညီညီနဲ့(နောက်ခံဗုံသံလေးနဲ့)စီးချက်မှန်မှန်
လွန်ကြိုးကိုဆွဲပြန်တယ်။သူတို့ဆွဲနေတာကပင်လယ်ပြင်ကြီး။
ဒါပေမဲ့ပင်လယ်ရေကတုတ်တုတ်မလှုတ်၊လှိုင်းကြက်ခွတ်လေးတောင်မထ၊
ဖျာတချပ်ခင်းထားသလိုငြိမ်သက်နေတယ်။၂လှမ်း၃လှမ်းဘဲဆွဲရသေးတယ်
၂ယောက်သားရှေ့ငိုက်ပြီးဟတ်ထိုးလဲကျတယ်။လူးလဲထပြီးနောက်ထပ်တခါပြန်ဆွဲတယ်။
သူတို့ဆွဲနေတာက၊ိုဟိုး..အဝေးကျောက်ဆောင်နားမှာတံငါသည်လင်မယား၂ယောက်
လှမ်းကြည့်နေတယ်။ချက်ချင်းမကူဘူး။၂ခါလောက်လဲပြီးတော့သူတို့လည်းမနေသာလွန်ကြိုးကိုကူဆွဲပေးတယ်။
မရဘူး။ပင်လယ်ရေကကြွမလာဘူး။ခနခနလဲကျတယ်။
နောက်ထပ်သောင်ပြင်ကိုရောက်လာတဲ့တံငါသည်တွေထမ်းထားတဲ့လှေတွေအမြန်ချပြီးကြိုးကိုဆွဲကူတယ်။
(ကင်မရာရိုက်ချက်လည်းမြန်လာသလို၊နောက်ခံဗုံသံမြိုင်မြိုင်ဆိုင်ဆိုင်နဲ့စီးချက်
ဝါးချက်ညီပြီးသိတ်သွက်လာတယ်)ပင်လယ်လှိုင်းလုံးတွေကလည်းတလုံးပြီးတလုံးကြွလာတယ်။
ဒါပေမဲ့လွန်ဆွဲသူတွေအရေးနိမ့်တုံး၊ဒါနဲ့ပဲ..နောက်ထပ်၅ယောက်၊၁၀ယောက်ထပ်တိုးတိုးလာပြီး
သောင်ပြင်မှာမိန်းမတွေရော၊ယောင်္ကျားတွေရော၊
လူငယ်လူလတ်အဖိုးအဖွားခလေးတွေပါမကျန်အားလုံးဝိုင်းကူဆွဲလိုက်တာ
(ကင်မရာရိုက်ချက်ကလည်းZoom Outအဝေးမြင်ကွင်းကိုဆွဲပြလိုက်တဲ့အခါ)
ဟိုး..သောင်ပြင်မှာလူတွေခြေလှမ်းညီညီ၊လက်ဟန်ညီညီ၊ဗုံတီးကွက်နဲ့အညီ၊ညာသံဟစ်ပြီး
ဟန်ချက်ညီညီကြိုးကိုအဆွဲ၊
ပင်လယ်ပြင်ကလှိုင်းလုံးကြီးတွေကလည်းဆွဲလိုက်တိုင်းတလုံးပြီးတလုံး၊တလုံးပြီးတလုံး..
အဆက်မပြတ်ကြွကြွတက်လာလိုက်တာနောက်ဆုံးတော့ပင်လယ်ကြီးဟာလူတွေဆွဲခေါ်ရာ
တလှိမ့်လှိမ့်နဲ့လှိုင်းလုံးတွေကြွပြီးပါလာပါတော့တယ်။လှိုင်းတွေတလုံးပြီးတလုံးကြွတက်လာတာနဲ့
အဆုံးသပ်ထားတယ်။
သိတ်ကောင်းတဲ့ရိုက်ချက်၊သိတ်ကောင်းတဲ့နောက်ခံတီးလုံးနဲ့သံစုံ၊ပြီးတော့..
သိတ်လှပညီညာတဲ့အခြေလှမ်းအတက်အကြွ၊လက်ဟန်အပင့်အမြှောက်အချ၊
အလဲအပြို..သိတ်ညီတယ်၊သိတ်လှတယ်။
ညီညွတ်ရေးမှာအားတွေပါတယ်။စည်းချက်တွေရှိတယ်၊အောင်ပွဲတွေရှိတယ်။
အများညီတယ်ဆိုပင်လယ်ပြင်လှိုင်းကြွလာအောင်ကြိုးနဲ့ဆွဲလို့ရတယ်ဆိုတဲ့သဘောကိုပြသွားတာသိတ်လှတဲ့ဇာတ်လမ်းတိုလေး။
စုစုပေါင်းမှ၎မိနစ်တောင်မပြည့်ဘူး။
မြန်မာပြည်မှာလည်းဒီလိုအားကောင်းတဲ့ဖန်တီးချက်တွေနဲ့
လုပ်ကိုင်နိုင်စွမ်းရှိတဲ့အနုပညာရှင်တွေအများကြီးရှိတယ်လို့ကိုဇာဂနာပြောလို့သိရတယ်။
၂၀၀၃ခုနှစ်ကရုပ်ရှင်ဒါရိုက်တာ၊စာရေးဆရာဆရာကြီးဦးဝင်းဖေရဲ့အင်တာဗျူးတခုမှာ
မြန်မာ့ရုပ်ရှင်အပြောင်းအလဲဖြစ်ဘို့ဆိုရင် Dramatize Documentary
(ပြဇာတ်ဆန်ဆန်၊၀တ္တုဆန်ဆန်မှတ်တမ်းဇာတ်လမ်း)တွေလုပ်ဖို့
လိုတယ်လို့ပြောတာကြားပြီးကိုဇာဂနာနဲ့သူငယ်ချင်းတွေ
မှတ်တမ်းဆန်ဆန်ငြီးငွေ့စရာတင်ပြချက်ကနေ
ဇာတ်လမ်းဆန်တဲ့မှတ်တမ်းတွေပြန်ရိုက်တယ်။
အဲဒီကာလစာပေစီစစ်ရေးတင်လိုက်တိုင်းအပယ်ခံရတယ်။
၂၀၀၆ခုနှစ်မှာကိုဇော်သက်ထွေး၊တာရာမင်းဝေရယ်နဲ့တွဲပြီးရိုက်ကြတယ်။
၎ခွေလောက်ရှိတယ်။တင်တိုင်းအပယ်ခံရတယ်လို့ကိုဇာဂနာကပြောပြတယ်။
“နောက်ဆုံး၂၀၁၀အောက်တိုဘာမှာကျနော်ထောင်ကလွတ်ပြီးနောက်မှစလုပ်နိုင်တယ်၊
အဲဒီမှာလွတ်လပ်သောအနုပညာပွဲတော်နဲ့တွန်းတင်ပြီးDocumentaryနဲ့အတူ
ဇာတ်လမ်းတိုတွေ၊မှတ်တမ်းဇာတ်လမ်းတွေစလုပ်လာတာပဲ”
ဒါဆို Dramatize Documentaryတွေအသက်ရှုပေါက်ရလာတဲ့သက်တမ်းဟာနုနုလေးပဲရှိပါသေးတယ်။
စိတ်ဝင်တစားနဲ့လုပ်လာသူတွေတဖြေးဖြေးများလာပြီလို့သိရတယ်။
ဟိုတုံးကတော့တယောက်စနှစ်ယောက်စအတွေး၊အကြံအားထုတ်မှုနဲ့လုပ်ခဲ့ပေမဲ့
အားကမရှိတော့သောင်ပြင်မှာမှောက်ရက်လဲခဲ့ရတယ်။ဒီကနေ့တော့အနုပညာရှင်ညီနောင်တွေ
အားလုံးပင်လယ်ပြင်ကိုကြိုးတုပ်ဆွဲနေကြပြီ။
စည်းချက်ညီညီဝိုင်းဝန်းဆွဲနေကြပြီဆိုတော့တချိန်မှာလိုအင်ဆန္ဒလှိုင်းလုံးဆင့်ဆင့်
တမြင့်မြင့်နဲ့ကိုယ့်ဘက်ပါလာကြမယ်လို့မျော်လင့်ရပါတယ်။

Sunday, 15 July 2012









မေမေ မသွားပါနဲ့..


သူ့အသက်ငါးနှစ်….
"မေမေ.. မေမေ့စကားကို သားနားထောင်ပါမယ်။ မေမေ မသွားပါနဲ့.."

မူကြိုကျောင်းရဲ့ ကျောင်းပေါက်ဝမှာ မေမေ့ခြေထောက်ကိုဖက်ပြီး သူငိုယိုတောင်းပန်တယ်။ မေမေကထိုင်ချပြီး သူ့ပါးနှစ်ဘက်ကို လက်နှစ်ဘက်နဲ့ ကိုင်လိုက်တယ်။


"ယောက်ျားလေးဆိုတာ မျက်ရည်မကျရဘူး သား… အထဲမှာ သားနဲ့အတူ ဆော့ကစားမယ့် ကိုကိုမမတွေ အများကြီးရှိတယ်။ ပြီးတော့ ဆရာမကလည်း သားကို သီချင်းတွေ အများကြီးသင်ပေးဦးမှာ။ သား သေချာလိုက်ဆိုပြီး မေမေ့ကိုပြန်ဆိုပြနော်။ မေမေရုံးဆင်းတာနဲ့ သားကို လာကြိုမယ်"
မေမေ့ပြောစကားကို သူမျက်ရည်သုတ်ပြီး ခေါင်းညိတ်ပြတယ်။


သူ့အသက်ဆယ်နှစ် ….
"မေမေ……"

ကျောင်းပေါက်ဝမှာ မေမေကိုတွေ့တာနဲ့ သူပြေးဖက်တယ်။ မေမေ့ရင်ခွင်ထဲ ဝမ်းသာအားရ သူခေါင်းလေးတိုးဝှေ့တယ်။


"ဖြေနိုင်လား သား?"


အမှတ်ပြည့်ရတဲ့ အဖြေစာရွက်ကို မေမေဆီ သူထိုးပေးတယ်။


"မေမေ့သားက တော်လိုက်တာ… လာ.. မေမေတို့ တစ်ခုခုသွားစားရအောင် သားကို ဂုဏ်ပြုရမယ်"



သူ့အသက် ဆယ့်ငါးနှစ်….

"သား မသွားချင်ဘူး.. သား ကျူရှင်မတက်ချင်ဘူး…ကျူရှင်တက်လည်း အပိုပဲ"

မေမေက စိတ်ဆိုးမာန်ဆိုးနဲ့ အဖြေလွှာစာရွက်ကို ထိုးပြပြီး "သား အမှတ်စာရင်းကို သားကြည့်ပါဦး။ ဘာဖြစ်လို့ မေမေ့စကားကို သားနားမထောင်ရတာလဲ? ဒီလိုပုံစံနဲ့ဆက်သွားရင် တက္ကသိုလ်တက်ရမှာမဟုတ်ဘူး။ သားကို ပညာတတ်စေချင်လို့ မေမေ ပိုက်ဆံအကုန်ခံပြီး ကျောင်းထားတာ၊ တစ်နေကုန် ဂိမ်းကစားဖို့ မဟုတ်ဘူး သား…"
သူ တံခါးဆောင့်ပိတ်ပြီး အပြင်ကိုထွက်သွားလိုက်တယ်။ သူ့နောက်ကျောမှာ မေမေ့အသံကပ်ပါလာတယ်။

"သား……. ပြန်လာခဲ့……!!"



သူ့အသက် ၂ဝနှစ်…..

"သား အိမ်မပြန်တော့ဘူး မေမေ.. ဒီည သားသူငယ်ချင်းတွေနဲ့ ပါတီလုပ်မယ်။ အော်.. မေမေကို ပြောရဦးမယ်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ သားဖြည့်လိုက်ပြီနော်.. " ရီဝေဝေအသံနဲ့ မေမေဆီ သူ့ဖုန်းဆက်တယ်။

"အိမ်ပြန်လာပြီး ဖြည့်ပါလား သား… မေမေ့ကို တိုင်ပင်ပြီးမှ ဖြည့်ပါလား! မေမေ့ကိုလည်း ဘာမှမတိုင်ပင်ပဲနဲ့ သား ဘာလို့ မေမေ့စကား နားမထောင်ရတာလဲ? သား …ဘာလိုင်းဦးစားပေးလျှောက်ထားသလဲ?"


"ဟာ… မေမေကလည်း စိတ်ရှုပ်လိုက်တာ.. သားကိစ္စ သားသိပါတယ်.. မေမေ ဝင်မပါပါနဲ့.."


မေမေဘက်က ဘာမှမပြောခင် သူဖုန်းအရင်ချပစ်လိုက်တယ်။ ပြီးတော့ ခွက်ကိုကိုင်မြောက်ပြီး အပေါင်းအသင်းဘက်လှည့်လိုက်တယ်။


"သူငယ်ချင်းတို့ရေ.. လာကွာ.. ချီးယားစ်…"



သူ့အသက် ၃ဝနှစ်…..

"အရက်သောက်ဖို့ စိတ်ရှိသေးတာလား?"

သူ့လက်ထဲက ဖန်ခွက်ကို မေမေလုယူပြီး ပြောလိုက်တယ်။


"ဒီမိန်းကလေး မဆိုးပါဘူး.. မေမေ ဘယ်တော့မှ မြေးချီရမလဲ သားရယ်.."


"သူ့ကို သားမကြိုက်ဘူးမေမေ… ဟို ကောင်မလေးနဲ့ စပ်ပေး ဒီကောင်မလေးနဲ့ စပ်ပေး မလုပ်နဲ့တော့မေမေ။ သားကို နေရာလပ်လေးတစ်ခုပေးပါ…"


"မေမေ့စကားကို တစ်ခေါက်လောက် နားထောင်ပေးပါလား သား? မေမေ ပြောမယ်…."


"ဟာ……. သား နားမထောင်ဘူး… ငယ်ငယ်လေးကတည်းက အခုချိန်ထိ မေမေ့စကားကို သားနားထောင်နေခဲ့တာ.. မေမေ ပြောတာတွေ ဘယ်လောက်မှန်လို့လဲ? ဘယ်လောက်မှန်လဲ?"



သူ့အသက် ၄ဝ…..
"ပိုက်ဆံက ဘယ်လောက်မှ မများပါဘူး။ လိုအပ်တာဝယ်ဖို့ မေမေအတွက် သားပိုက်ဆံထည့်ပေးလိုက်တယ်။ ပိုက်ဆံလိုတဲ့အခါ ဖုန်းထပ်ဆက်လိုက်ပေါ့…"

"မေမေ ဘာမှမလိုဘူးသား… နှစ်ကုန်တဲ့အခါ မြေးတွေခေါ်ပြီး အိမ်ပြန်ခဲ့ပါဦး.. သားတို့ကို မေမေလွမ်းလို့ပါ.. ပြီးတော့ သားကို မေမေပြောပြစရာတစ်ခုရှိတယ်…"


"နှစ်ကုန်ရင် ကုမ္ပဏီကလုပ်ငန်းတိုးချဲ့မယ်တဲ့။ သား တော်တော်နဲ့ ပြန်လာဖြစ်မှာ မဟုတ်ဘူး မေမေ… နောက်ကြုံမှ ပြောကြတာပေါ့…"
ဖုန်းကို သူအရင်ချပစ်လိုက်တယ်။


သူ့အသက် ၄၁နှစ်…..
စီးကရက်တစ်လိတ်ကို ဖွာရင်း စာတိုက်ကပို့လာခဲ့တဲ့ စာတစ်စောင်ကို သူကြည့်နေမိတယ်။ စာအိတ်ပေါ်မှာ ပေးပို့သူလိပ်စာ မပါဘူး။ စာအိတ်ကို ဖောက်ကြည့်တော့ စာအိတ်ထဲမှာ.... သားအဖြစ် မွေးစားစာချုပ်တစ်စောင်၊ သေဆုံးကြောင်း ဆေးလက်မှတ်တစ်စောင်…. ဆေးလိတ်မီးခိုးငွေ့ကြားမှာ သူ့အမြင်တွေ မှုန်ဝါးသွားခဲ့တယ်။

အုတ်ဂူတစ်ခုရှေ့မှာ သူဒူးထောက်နေမိတာ ဘယ်လောက်ကြာခဲ့မှန်း မသိတော့ဘူး။ သူ့နှလုံးသားတွေ ကွဲအက်မွကြေလို့… ဆို့နင့်တဲ့အသံနဲ့ မေမေကြားနိုင်ဖို့ နောက်ဆုံးစကားတစ်ခွန်း သူပြောလိုက်တယ်။ တမလွန်က မေမေ သူ့အသံကို ကြားနိုင်ပါစေ…

"မေမေ… မေမေ့စကားကို သားနားထောင်ပါတော့မယ်.. မေမေ ထွက်မသွားပါနဲ့…"




မူရင်း-- http://www.5719.cn/html/gandong/201110/ma_wotinghualiao_nibiezou__5203.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။




Sunday, 8 July 2012

Joke for weekend


















                                                                                                         
The mayor of London was very  worried about a plague of pigeons in the City  Centre.                    
                                                                                                         
He could not remove the pigeons from the  city. All of London was full of pigeon poop, the people of London   could not walk on the pavements,   or drive on the  roads.                                       
                                                                                                         
It was costing a fortune to keep the  streets and pavements clean. One day a man came to the Town  Hall and offered the Mayor a proposition.  I can rid your beautiful city of  its plague of pigeons without any cost to the city. But, you  must  promise not to ask me any questions.                                                      
                                                       Or,                                               
 You can pay me one  million pounds to ask one  question.                                   
                                                                                                         
 The mayor considered the offer briefly and  accepted the free proposition.                                                                                     
                                                                                       
The next day the man  climbed to the top of the Nelson ' s Column, opened his coat,  and released a blue pigeon. The blue pigeon circled in the air and  flew up into the bright blue London sky.  
                                                                                                         
All the pigeons in London saw the blue  pigeon and gathered up in the air behind. The London pigeons followed the blue pigeon as she flew eastwards out of the city.                 
                                                                                                                                                                                    
 The next day the blue  pigeon returned completely alone to the man on top  of Nelson ' s  Column.       
                                                                                                          
                                                                                                          
The Mayor was very impressed.  He felt the  man and the blue pigeon had performed a wonderful miraculous  service to rid London of the plague.

Even though the man with the pigeon had charged nothing, the mayor  presented him with a check for 1million pounds and told the man  that, indeed, he did have a question to ask and even though they  had  agreed to no fee and the man had rid the city of pigeons, he  decided to pay the 1 million just to get to ask ONE question.
                                                                                   
The man accepted the money and told the  mayor to ask his ONE question. 

 The mayor asked:            

                                                                           
  " DO U HAVE A BLUE MUSLIM "     ????????????????????









Saturday, 23 June 2012

London Cabbie : so should be the right reaction




so should be the right reaction


On Sat, Jun 23, 2012 at 1:22 AM, Koung Nyunt <koung.nyunt@gmail.com> wrote:

---------- Forwarded message ----------


Probably not politically correct, but what the heck! 
Too funny not to send on. 
 
A devout Muslim entered a black cab in London.
He curtly asked the cabbie to turn off the radio
because as decreed by his religious teaching,
he must not listen to music because in the time
of the prophet there was no music, especially

Western music which is the music of the infidel.
The cab driver politely switched off the radio,
stopped the cab and opened the door.
The Arab asked him, "What are you doing?"
The cabbie answered ....., 


"In the time of the prophet there were no taxis,
so fuck off and wait for a camel!!"



Thursday, 31 May 2012









မြန်မာပြည်သူပြည်သားညီအကိုမောင်နှစ်မအပေါင်းတို့

ကျန်းမာချမ်းသာ၍မင်္ဂလာအပေါင်းခညောင်းပါစေကြောင်းဦးစွာပထမဆုမွန်ကောင်းတောင်းလိုက်ပါသည်။ကျွန်ုပ်တို့အမိမြန်မာပြည်
သည်စစ်အုပ်ချုပ်ရေးအောက်နှစ်ငါးဆယ်ကျော်ကြာပြားပြားမှောက်ခဲ့ရပါသည်။တိုင်းပြည်မငြိမ်သက်ပြည်တွင်းစစ်မီးတောက်လောင်
ခဲ့ပါသည်။တိုင်းပြည်၏ညီညွတ်မှူပျက်ပြားသည့်အချိန်တွင်အခွင့်အရေးသမားအချောင်သမားများအမြတ်ထုတ်ခဲ့ကြသည်။
ထို့အပြင်မြန်မာပြည်လဝကများ၏အကျင့်ပျက်ချစားမှူများကလဲကိုယ်ကျိုးစီးပွါးအတွက်အမြတ်ထုတ်ခဲ့ကျသည်။
ဤကဲ့သို့သောအခြေအနေကြောင့်အထူးသဖြင့်မြန်မာပြည်၏အနောက်ဖက်ရခိုင်ပြည်နယ်မြောက်ဖက်ဘင်္ဂလားဒေရှ့်နှင့်နယ်ချင်း
ဆက်လျက်ရှိသောဒေသတွင်တဖက်နိုင်ငံမှဘင်္ဂါလီလူမျိုးများသည်မြန်မာပြည်ထဲသို့တရားမဝင်ဝင်ရောက်ကျူးကျော်နေထိုင်
လာနေသည်။ဒါပြင်ရခိုင်ပြည်မြောက်ပိုင်းစွန်းဒေသကိုပင်၎င်းတို့ပိုင်ဒေသဟုတရားမဝင်လိမ်လည်ပြောဆိုကာကမ္ဘာအားလှည့်စား
ရန်ဘင်္ဂါလီမှအမည်ပြောင်းကာလူမျိုးတုတစ်မျိုးကိုဖန်တီးကာမြန်မာ့သမိုင်းအားလိမ်လည်ပြောဆိုပီးအမြတ်ထုတ်အခွင့်အရေးယူ
လျက်ရှိပါသည်။မြန်မာပြည်တိုင်းရင်းသားမဟုတ်ပဲအမြတ်ထုတ်နေခြင်း၊သမိုင်းလိမ်လည်ပြောဆိုနေခြင်းကိုဆန့်ကျင်ကန့်ကွက်
ရမည်မှာကျွန်ုပ်တိုမြန်မာတိုင်းရင်းသားအားလုံးတာဝန်ဖြစ်ပါသည်။ကျွန်ုပ်တို့၏ဆန္ဒကိုကမ္ဘာသိစေရန်ယူကေရောက်မြန်မာနိုင်ငံ
သားအစစ်အမှန်များကဗြိတိန်နိုင်ငံဝန်ကြီးချုပ်နေထိုင်ရာအမှတ် (၁၀)ဒေါင်းနင်းလမ်း၌ဇွန်လ(၁) ရက်နေ့၂၀၁၂ ခုနှစ်နေ့လည်(၁၃:၀၀ - ၁၄:၀၀)အထိပြုလုပ်မည်ဖြစ်သောကြောင့်မြန်မာပြည်သူပြည်သားများအားလုံးတက်ရောက်ကျပါရန်ခင်မင်ရင်းနှီးစွာဖိတ်ကြား
အပ်ပါသည်။
နေရာ:အမှတ် (၁၀)ဒေါင်းနင်းလမ်း၊လန်ဒန်
နေ့ရက်:ဇွန်လ(၁) ရက်နေ့၂၀၁၂ ခုနှစ်
အချိန်:နေ့လည်(၁၃:၁၀ - ၁၄:၀၀)

ယူကေရောက်မြန်မာနိုင်ငံတိုင်းရင်းသားများ

ဆက်သွယ်ရန်


ဦးခင်မောင်ကြည်: ၀၂၀၈၅၈၀၁၇၂၈
ကိုကောင်းမြတ်သူ: ၀၇၇၆၀၆၄၄၁၄၂
ကိုလူမောင်:၀၇၇၁၄၇၇၉၄၃၄
မဆန္ဒီသင်းမာဦး :၀၇၈၃၄၅၉၃၆၁၇
မဥမ္မာဦး : ၀၇၇၂၇၂၃၆၄၁၉
မမေသက်နွယ်: ၀၇၉၄၉၅၆၃၅၃၃
ကိုခိုင်မင်းဇံ: ၀၇၉၄၆၁၄၈၇၆၁
ကိုခိုင်လင်း:၀၇၈၄၈၈၂၂၅၉၃



Dear All,

You are cordially invited to our demonstration to let the world know about the true history of Burma. As we may all aware that Bengali illegal immigrants are exploiting Burma Crisis and trying to overwrite Burma's true history with their make up stories. It is our duty to protect our true history and in order to show our objection to their illegal actions, all Ethnic Burmese Nationalities in the UK will hold the protest in front of the 10 Downing Street in order to let the world knows the true history of Burma. Please show your support for the true history of Burma.

All Ethnic Burmese Nationalities in UK

Time: 13:00- 14:00
Date:  01 June 2012
Place: No 10 Downing Street
           London 
           SW1A 2AA

To Contact :

Mr Kaung Myat Thu - +44 7760644142
Mr Khin Maung kyi - +44 2085801728
Mr Luu Maung - +44 7714779434
Ms Sandy Thin Mar Oo - +44 7834593617
Ms Ohn Mar Oo - +44 7727236419
Ms May Thet Nwe - +44 7949563533
Mr Khine Min Zan - +44 7946148761

Mr Lin Htein - +44 7838589714 
Mr Khine Lin - +44 7848822593