Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts
Sunday, 24 May 2015
သံလွင်ဆီ၏ ဆေးဘက်ဝင် အာနိသင်များ . . . . .
သံလွင်ဆီ၏ ဆေးဘက်ဝင်အာနိသင်များ
olive3.jpgolive.jpg
ကမ္ဘာတ၀န်းမှာ သံလွင်ဆီကို မိခင်သဘာဝကြီးကပေးတဲ့ အစွမ်းထက်တဲ့ ဆေးလက်နက်အဖြစ် လူသိများခဲ့တာ ကြာပါပြီ။ ရောဂါအမျိုးမျိုးနဲ့ တိုက်ခိုက်ရာမှာ ဖြစ်စေ၊ အသက်အရွယ်အိုမင်းခြင်းကို ကာကွယ်ရာမှာ ဖြစ်စေ သံလွင်ဆီရဲ့ အာနိသင်ဟာ သူမတူအောင် ထူးခြားလှပါတယ်။ သံလွင်ဆီရဲ့ ဆေးဖက်ဝင်အာနိသင်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အာဟာရဓါတ်ကြွယ်ဝတဲ့အတွက် အားအင်ချို့တဲ့သည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ နာလံထစလူနာများကို အားဖြည့်ဆေးအဖြစ် တိုက်ကျွေးနိုင်ပါတယ်။
သံလွင်ဆီကို မှန်မှန်လိမ်းပေးရင် အသားအရေ နူးညံ့ပျော့ပျောင်းစေပါတယ်။ ခရုသင်းရောဂါ ဖြစ်ပွားတဲ့နေရာကို သန့်ရှင်း လတ်ဆတ်သောဂျုံမှုန့်နှင့် ရောစပ်လိမ်းကျံပေးပါက အံ့သြလောက်အောင် ပျောက်ကင်း သက်သာစေပါတယ်။
အအေးမိခြင်း၊ ကိုယ်လက်လေးလံညောင်းညာကိုက်ခဲခြင်းနှင့် ရင်ကြပ်၊ ပန်းနာရောဂါများအတွက် အာနိသင်ထက်မြက်တဲ့ ရင်လူးဆေးတစ်လက်လည်းဖြစ်ပါတယ်။
သွားနာ၊ သွားကိုက်၊ သွားပိုးစား၊ သွားဖုံးနာ စတဲ့ သွားနဲ့ခံတွင်းရောဂါများအတွက် ထိရောက်တဲ့ ထည့်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
ကင်းမလက်မည်း၊ ကင်းမြီးကောက်၊ ကင်းခြေများ စတဲ့ ကင်းအမျိုးမျိုးကိုက်ခဲ့လျှင် သံလွင်ဆီကို ကင်းဆိပ်ဖြေဆေးအဖြစ် သုံးနိုင်ပါတယ်။
ဝမ်းမီးကိုတောက်စေတဲ့အတွက် သူချည်းသက်သက်ဆိုလျှင် အကောင်းဆုံးအစာကြေဆေးနှင့် နှုတ်မြိန်ဆေးတစ်လက်လည်း ဖြစ်ပါတယ်။
ဝမ်းမီးအပူအပုပ်အချွဲများကို ဖယ်ရှားခြင်း၊ ၀မ်းမှန်စေခြင်း စတဲ့အာနိသင်များကြောင့် အစာအိမ်ရောဂါ၊ အူသိမ်အူရောင်ရောဂါ များကို ကုသပျောက်ကင်းနိုင်ပါတယ်။
အမျိုးသားသုံးအားဆေးအဖြစ်လည်းကောင်း၊ တိုင်းရင်းလိမ်းဆေးများဖြစ်တဲ့ ဒဏ်ကျေလိမ်းဆေး၊ အကြောဖြေလိမ်းဆေးများ ဖော်စပ်ရာမှာလည်းကောင်း အစွမ်းထက်သော ဆေးအမည်အဖြစ် အသုံးပြုနိုင်ပါတယ်။
သင့်ဆံကေသာအား လိမ်းပေးခြင်းဖြင့် ဦးခေါင်းအား အေးမြစေပြီး ဆံပင်ကို နက်မှောင်သန်စွမ်းစေ၍ ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်အရောင်ပြောင်းခြင်းတို့မှ အထူးကာကွယ်ပေးပြီး ဗောက်၊ ဒက်များ တွယ်ကပ်ခြင်းမှ ကင်းဝေးစေပါတယ်။
အိမ်ထောင်ရှင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စဉ်ကာလ ၀မ်းဗိုက်အားလိမ်းပေးပါက ဗိုက်ကြောမပြတ်အောင် ကာကွယ် ပေးသည့်အပြင် မွေးကင်းစ ကလေးသူငယ်များမှာ ဖြစ်တတ်သော အရေပြားယားယံခြင်းများကို အထူးပျောက်ကင်းစေပါတယ်။
                                                  ဒေါက်တာအောင်နိုင်
                                                  ဒေါက်တာဖြူဖြူဝင်း
သံလွင်ဆီလေးဝယ်လာတုန်း သံလွင်ဆီအကြောင်း ရေးထားတဲ့စာရွက်လေးလည်းရှိတာနဲ့ ပုံလေးရိုက်ပြီးတင်လိုက်တာပါ။ နေ၀န်းနီနီ
--
You received this message because you are subscribed to the Google Groups "Share from HYDE" group.
To post to this group, send email to hydegroup@googlegroups.com.
To unsubscribe from this group, send email to hydegroup+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/hydegroup?hl=en.
--
ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော် ဘယ်လဲ ဘာလဲ
Maurk U – အေဒီ ၁၄ ရာစုခေတ်က ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော် ဘယ်လဲ ဘာလဲ
May 12, 2012
မိုးမခစာဖတ်သူတဦး (ကမာရွတ်) (မူရင်းဆောင်းပါး – ခိုင်လင်း(မေဃ၀တီ)ကို ဖတ်ရှုပြီး ပြန်လည်ကောက်နုတ်ကိုးကား ရေးသားသည်)
မေ ၁၂၊ ၂၀၁၂
 (ကိုးသောင်းဘုရား၊ မြောက်ဦး၊ ဓာတ်ပုံ – အင်တာနက်)
(ထုပ်ခံသိမ်၊ မြောက်ဦး၊ ဓာတ်ပုံ – အင်တာနက်)
၂၀၁၂ မေလ ၃ ရက်နေ့ က Global Heritage Fund ( ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့ ) က အာရှတိုက်ထဲမှာ ရှေးဟောင်းယဉ်ကျေးမှု ဆယ်ခုဟာ ပျက်စီးပျောက်ကွယ်ရမယ့် ဘေးနဲ့  ရင်ဆိုင်နေရတဲ့အကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ် ။ အဲဒီဆယ်ခုထဲမှာ မြန်မာနိုင်ငံထဲက ရခိုင်အမျိုးသားတွေရဲ့ ရှေ့ ဟောင်းမြို့ တော် မြောက်ဦးမြို့ တော်လည်းပါဝင်ခဲ့ပါတယ် ။ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ အဲဒီကြေငြာချက်ကို သတင်းအဖြစ်ရေးသားခဲ့ပါတယ်။
နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့ ရဲ့ ထုတ်ပြန်ကြေငြာချက်ကို သတင်းအဖြစ် မေလ(၄)ရက်ထုတ်မှာ ပါလာပါတယ် ဆိုသော်လည်း ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ကို မဖော်ပြဘဲ ထိန်ချန်ခဲ့တာတွေ့ ရတယ် ။ နိုင်ငံတော်ပိုင် မီဒီယာတခုဖြစ်တဲ့ ကြေးမုံသတင်းစာက ကိုယ့်နိုင်ငံရဲ့ ရှေးဟောင်းမြို့ တော်တခုကို ဘာကြောင့်ထိန်ချန်ခဲ့ရသလဲလို့ မေးရပါလိမ့်မယ် ။
အဲဒီသတင်းရေးသားချက်ကို မပြောခင် ဒီနေရာမှာ ပြောချင်တာက အဲဒီ ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့က ပြောသလို တကယ်ဘဲ ခေတ်သစ်မြန်မာနိုင်ငံတော်ထဲက ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ဟာ ပျက်စီး ပျောက်ကွယ်ရမယ့် ဘေးနဲ့  ရင်ဆိုင်တွေ့ ကြုံနေပြီလား ။အဲဒီ အန္တရာယ်တွေက ဘာတွေလဲ စသဖြင့် သုတေသနလုပ်ရပါလိမ့်မယ်။
အဲဒီ သုတေသနစစ်တမ်းတွေရဲ့ အဖြေတွေအတိုင်း ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ဟာ လက်ရှိ အစိုးရသစ်ရဲ့တာဝန်ဖြစ်တယ် ။ တဖက်မှာလည်း နိုင်ငံတော်ပိုင် မီဒီယာဘဲဖြစ်ဖြစ် တသီးပုဂ္ဂလမီဒီယာဘဲဖြစ်ဖြစ် ဒီကိစ္စကို အရှိကို အရှိအတိုင်း သတင်းကို သတင်းအတိုင်း ဖော်ပြသင့်တယ် ။ ထို့ အတူ ထိမ်းသိမ်းကာကွယ်သင့်တဲ့အကြောင်းတွေကို ဆော်သြသင့်တယ် ။
ကိုယ့်ပြည်ထောင်စု နိုင်ငံတော်ထဲက ရှေးဟောင်းအမွေအနှစ်တခုဖြစ်တဲ့ ပြည်ထော်စုတိုင်းရင်းသားတစုရဲ့ ရှေးဟောင်းမြို့ တော်ကို ဖျောက်ဖျက်ဖို့ ကြိုးစားမှုတခုလား။  ဒီလိုမျိုး ဖျောက်ဖျက် ဖုံးကွယ်မယ်ဆိုရင်
ဒီကြိုးစားမှုဟာ "ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး" တနည်းအားဖြင့် "ငြိမ်းချမ်းတည်ငြိမ်တဲ့ စစ်မှန်တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး" ကို အဟန့်အတားဖြစ်စေတယ်ဆိုတာကိုတော့ ရဲရဲကြီး ပြောရဲပါတယ် ။
ရခိုင်မဟုတ်တဲ့ ရှမ်း ၊ ကချင် ၊ ကရင် ၊ မွန် ၊ ချင်းစတဲ့ အခြားအမျိုးသားတွေအတွက် နဂိုရှိပြီးသား မယုံကြည်မှုတွေကို ပိုလို သံသယဖြစ်အောင်တွန်းပေးသလိုဖြစ်စေပါလိမ့်မယ် ။  ကာယကံရှင် ကိုယ်တိုင်ဖြစ်တဲ့ ရခိုင်အမျိုးသားတွေ အတွက်ကတော့ ကျားနာကို ဆွပေးလိုက်သလိုမျိုး တနည်းအားဖြင့် လှုပ်နိုးလိုက်သလိုမျိုးဖြစ်စေတာ အမှန်ပါဘဲ ။
ဗမာအမျိုးသားတွေရဲ့ ရှေးဟောင်းမြို့ တော်ဖြစ်တဲ့ ပုဂံနဲ့ နှိုင်းစာရင် ရခိုင်အမျိုးသားတွေရဲ့ ရှေးဟောင်းမြို့ တော်ဖြစ်တဲ့ မြောက်ဦးမြို့တော်ဟာ ခေတ်သစ်မြန်မာနိုင်ငံတော် အုပ်စိုးသူအဆက်ဆက်ရဲ့ ကျဉ်ဖယ်ခြင်း(ဂရုမစိုက်ခြင်း) ခံခဲ့ရပါတယ် ။
ပုဂံကို စာတတန် ပေတဖွဲ့  ဂုဏ်ပြုထောပနာပြုနေကြပြီး ပုဂံကို မပျက်စီးရအောင် အစွမ်းကုန် ထောင့်စုံအောင် မွမ်းမံခြယ်သ ထိမ်းသိမ်း စောင့်ရှောက်နေကြချိန်မှာ ရခိုင်ပြည်က ရှေးဟောင်းမြို့ တော်မြောက်ဦးကိုတော့ ဘယ်လို ဖျက်ဆီးပစ်ရမလဲလို့  မဟာဗျူဟာတွေ ၊ နည်းဗျူးဟာတွေ ရေးဆွဲနေသလားလို့ မေးခွန်းထုတ်ရပါလိမ့်မယ်။
နောက်တချက် မန္တလေးနန်းတော်နဲ့ မြောက်ဦးနန်းတော်ကို နှိုင်းယှဉ်ကြည့်ပါ ။ မန္တလေးနန်းတော်ဟာ သမိုင်းအမွေအနှစ်အဖြစ် ကျန်ခဲ့ပေမယ့် မြောက်ဦးနန်းတော်ကတော့ မရှိတော့ဘူး ။ နောက်ဆုံး နန်းတော်ရဲ့ အုတ်မြစ်တွေကိုပါ တူးဖြိုပစ်မယ့် မဟာဗျူဟာရဲ့ လုပ်ဆောင်ချက်တွေဟာ ကျားနာကို လှုပ်နိုးသလိုဖြစ်ပါလိမ့်မယ် ။
ဘာပဲပြောပြော အဲဒီအဖွဲ့ ရဲ့ အစီရင်ခံစာထဲက ပျက်စီးပျောက်ကွယ်ရမယ့်ဘေးတွေကတော့
(၁)စီးပွားရေးလုပ်ငန်းများ ကျယ်ပြန့် လာခြင်း
(၂)လုံလောက်သော ပြုပြင်ထိမ်းသိမ်းမှု မရှိခြင်း
(၃)လုယက်ခြင်း
(၄)စစ်မက်ဖြစ်ပွားခြင်း
(၅)ခရီးသွားလုပ်ငန်းတွေကြောင့်လို နားလည်ပါတယ် ။
အာရှတိုက်ထဲက ရှေးဟောင်းအမွေအနှစ်ဆယ်ခုစလုံးကို ယေဘုယျအားဖြင့် ဖျက်ဆီးနိုင်မယ့်ဘေးအန္တရာယ်တွေလို့ သဘောပေါက်ပါတယ် ။
ဒါပေမယ့် မြောက်ဦးမြို့ တော်အနေနဲ့ ကတော့
စီးပွားရေးလုပ်ငန်းများ တိုးတက်လာမှု၊
လုံလောက်သော ပြုပြင်ထိမ်းသိမ်းမှုနဲ့
ခရီးသွားလုပ်ငန်းစတဲ့ သုံးခုနဲ့သာ ပတ်သက်ပါလိမ့်မယ်။
 အထူးသဖြင့်ကတော့ ပြုပြင်ထိမ်းသိမ်းမှုကို မစို့ မပို့ပြုလုပ်ပေးပြီး ခရီးသွားလုပ်ငန်းဆိုတဲ့ ကိစ္စကိုတော့ လက်ရှိကာလမှာ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်အောက်က တရားဝင်ဖျက်ဆီးပစ်မယ့်စီမံကိန်းလို့ မြင်ပါတယ် ။ ဒီအမြင်အပေါ်မှာ ကမ္ဘာ့အမွေအနှစ်ရန်ပုံငွေအဖွဲ့  ထောက်ပြတာဖြစ်ပါလိမ့်မယ် ။
စစ်အစိုးရလက်ထက်ကရော လက်ရှိ ဦးသိန်းစိန်အစိုးရသစ်လက်ထက်မှာပါ ဒေသဖွံ့ ဖြိုးရေးအတွက် ကားလမ်း ရထားလမ်းများဟာ ရခိုင့်ယဉ်ကျေးမှုများ တိမ်ကော ပျက်စီးသွားမယ့် နေရာများကိုသာ ရွေးချယ်ခဲ့ကြတာတွေ့ ရတယ် ။
ကမ္ဘာအမွေအနှစ်များရန်ပုံငွေအဖွဲ့ ရဲ့  အာရှတိုက်ထဲက စိုးရိမ်စရာဆယ်ခုထဲမှာ ပါဝင်တဲ့ ခေတ်သစ်မြန်မာနိုင်ငံတော်ထဲက ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ဟာ ပျက်စီးဆုံးရှုံးရမယ့် ဘေးအန္တရာယ်တွေနဲ့  ကြုံတွေ့ နေရခြင်းဟာ သဘာဝဘေးအန္တရာယ်မျိုးမဟုတ်ဘဲ စီမံကိန်းရှိရှိလုပ် ဆောင်နေခြင်းဖြစ်တဲ့အတွက် အဲဒီလုပ်ရပ်တွေကို ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းတွေအနေနဲ့ ဝိုင်းဝန်းဆန့် ကျင်သင့်တယ်လို့ပြောချင်တယ် ။
 မြောက်ဦးမြို့တော်ရဲ့ စိုးရိမ်စရာအခြေအနေတွေအထဲမှာ ယဉ်ကျေးမှုလက်ရာတွေဖြစ်တဲ့ ကျောက်ဆစ်လက်ရာတွေအပါအ၀င် မြောက်ဦးမြို့တော်ထက် ရှေးကျတဲ့ ဓည၀တီမြို့တော် ဟောင်းနဲ့ ဝေသာလီမြို့တော်ဟောင်းတွေဟာလည်း အသက်ငင်လျက်ရှိပါတယ် ။
 ပြည်ထောင်စုသားအသီးသီးစီရဲ့ ယဉ်ကျေးမှုတွေကို စနစ်တကျ ဖျက်ဆီးခံနေရတာကြောင့်  ရခိုင်အမျိုးသားတွေအပါအ၀င် ပြည်ထောင်စုတိုင်းရင်းသားတွေ အားလုံးကလည်း အမျိုးသားရေးအမြင်အနေနဲ့   ရှေးဟောင်းယဉ်ကျေးမှုတွေကို ဘယ်လို ထိမ်းသိမ်း ကာကွယ်ကြမလဲဆိုတာကတော့ စိန်ခေါ်မှုတရပ်ဖြစ်နေမှာကတော့ သေချာပါလိမ့်မယ် ။  ။
4 Responses to Maurk U – အေဒီ ၁၄ ရာစုခေတ်က ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော် ဘယ်လဲ ဘာလဲ
ဒီမိုဝေယံ
Posted: 20 May 2015 06:50 AM PDT
ဆရာဒေါက်တာလှိုင်မြင့်ရဲ့ အင်မတန်ကောင်းမွန်တဲ့ သုံးသပ်ချက်
ဘဂါင်္လီ လှေစီးဒုက္ခသည်တွေ အရေး ဖြေရှင်းမှုမှာ အစိုးရ၏ အားနည်းချက်များ။
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
စစ်ဗိုလ်တွေဟာ ကိုယ်ကျိုးရှာချင်လို့ အာဏာသိမ်းတယ်လို့ ပြောရင် ငြင်းချင်ကြမယ်။ မခံနိုင်ကြဘူး။ ဘယ်ဗိုလ်ချုပ်မှ ကိုယ်ကျိုးမရှာထားဖူးတိုပြီး ငြင်းရဲသလဲ။ စိန်ခေါ်တာကို လက်ခံရဲသူရှိလား။
ပိုဆိုးတာက အဲဒီကိုယ်ကျိုးရှာတဲ့ နေရာမှာ ကိုယ်စီးနေတဲ့ လေယာဉ်ရဲ့  ငွေနည်းနည်းလေးသာ ရပေမည့် ဝက်အူသေးသေးလေးကို ဖြုတ်ရောင်စားတဲ့သူတွေ။ အဲဒီဝက်အူ သေးသေးလေးက ဈေးသာ မရပေမည့် ပန်ကာကို ထိန်းထားတဲ့ ဝက်အူလေး ဖြစ်နေရင်တောင် ဖြုတ်ရောင်းတဲ့ လူစားတွေ။
ဗိုလ်မျိုးညွှန့်  ပါးစပ်ကတော့ တဖွဖွ။ ဒေါ်စုက အင်္ဂလိပ်နဲ့ အိမ်ထောင်ပြုထားလို့  မြေမြိုလို့ လူမျိုးမပျောက်ဘူး.. လူမျိုးမြိုမှ လူမျိုးပျောက်မယ် တဖွဖွ။ ပြီးသူတို့ ကိုယ်တိုင် ဒီဘင်္ဂါလီတွေကိုလာဘ် ငွေယူလက်ခံခဲ့လို့  တနစ်တခြားပိုပိုများလာတယ်။
ကျောက်နီမော် မုဒိန်းလူသတ်မှုမှာ အခုဒေါ်စုကို နိုင်ငံရေး အကျပ်အတည်းထဲ တွန်းပို့ချင်တော့ ဒေါ်စုက မြန်မာဖက်ကပါရင် ဘင်္ဂါလီဂျီဟတ်ကို ဖွင့်ပေးပြီး လာရှင်းခိုင်းမယ်။ ရိုဟင်ဂျာဖက်က ပါရင် နိုင်ငံရေးအရ ကိုယ်လည်ပင်း ကိုယ်ကြိုးတပ်မိလျက်သား.. DILEMMA ။ စစ်တုရင် စကားနဲ့ ဆို အပိုင်ခွချက်ဘဲ။ ဒေါ်စုက တစက်မှ-မဟတော့ ပြဿနာက အမှိုက်မီးကနေ ပြဿဒ်မီးစွဲတော့တာ။ ကိုယ့်ရှုးကိုယ်ပတ်။ ခုတော့ မရှင်းတတ်ကြ။ အရေးထဲ မာနက ကြီးကြီး ငါတို့လာက် မသိမတတ်။
ဒေါ်စုကိုပြောတော့ အင်္ဂလိပ်လက်တံတဲ့။ အခုသူတို့ က အမေရိကန် ပွဲစားကို ပုံအပ်ရတယ်လို့။ လုပ်လိုက်ရင် တလွှဲချည်းဘဲ။ သမ္မတလစာက တလ သိန်း ၅၀ (ဒေါ်လာ ၅၀၀၀)။ သမ္မတဘေးက ဝန်ကြိးတွေ( ၆ ဦး) ရဲ့ လစာက တဦး၃၀ x ၆ = သိန်း၁၈၀။ ဒုဝံတွေ ၊ မပါသေး။။ အကြံပေးတွေငှားထားတာ ဟုတ်မဟုတ်တော့မသိ တဦးကို တလ ဒေါ်လာ ၈၀၀၀ ကနေ ၁၀၀၀၀-။ သိန်း၁၀၀ ဝန်းကျင်။ သမ္မတထက်တောင် ဈေးကြီးနေသေး။
ထမ်းပိုးထက် လက်ခကြီး။
ကနေ့  ဘင်္ဂါလီလှေစီး ဒုက္ခသည် ပြဿနာပေါ်လာတယ်။ တဖက်က ဟိုလိုပြောလာလျင် ဒီလိုလှဲ့ ပြော။ မိုးကြိုးပစ်တာ ထန်းလက်နဲ့ ကာသလိုဖြစ်နေတယ်။ ထိထိရောက်ရောက် မတုန့် ပြန်နိုင်ဘူး။ သမိုင်းလဲ မကျွမ်း၊ သိပ္ဗံလဲ မသိ ခက်ပါဘိ။ ယောတိ ယောရာ ယောင်ချာချာ။
ကျနော်လူတတ်ကြီး မဟုတ်ပေမည့် ဗိုလ်သိန်းစိန်ရဲ့  လူတွေထက်တော့ ကိုယ်ကိုသာတယ်လို့ ယုံတယ်။ သေချာတာကတော့ ဗိုလ်ချုပ်ရဲ့ မိန့် ခွန်းကို အငှားယူသုံးပြီး ..တိုင်းပြည်ကိုဘယ်လောက်ချစ်သလဲ အချိန်မရွေးပြိုင်ရဲတယ် ။ လူထုက ဆုံးဖြတ်မယ်ဆို သူတို့ ထဲက သီဟသူရဘွဲ့ ရတဲလူလဲလာခဲ့  ပြိုင်ရဲတယ်။
ကျနော်စဉ်းစားတာလေးတွေ ချပြချင်ပါတယ် ။ လူအများပြောင်းရွှေ့ မှုကို နစ်ဖက်စဉ်းစားရပါတယ်။ PUSH  PULL Factors..လူကို တွန်းထုတ်မှု နင့် ဆွဲငင်မှု အကြောင်းတရား ၂ မျိုးနဲ့ ချိန်ထိုးပါမယ်။ ကနေ့  အာဖရိက လှေစီးတွေကိုလဲ သူတို့ ဒီလိုဘဲ ချင့်ချိန်ကြပါတယ်။
(၁) ဘင်္ဂလားဒေရှ့် ဟာ ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံးနိုင်ငံ။ တရားဝင် သန်းကောင်စာရင်း (နစ်၂၀ကျော်ခဲ့) စာရင်းက လူဦးရေ သန်း၁၅၂ -သန်း။ ခန့် မှန်းသူတွေက ၁၆၅ သန်း။ တိုင်းပြည်မှာ လူနေမရတဲ့ တောင်တန်းနဲ့  ကျယ်ပြန်တဲ့ ဒီရေနွံတောဧရိယာသာထုတ်လိုက်လျင် လူနေထိုင်နိုင်တဲ့ ဧရိယာက သေးသေးလေးမှာ လူ သန်း၁၆၀ ပြွတ်သိပ်ကျပ်ညပ်နေတာက အဓိက PUSH ကအဓိကတွန်းအား။
(၂) အလုပ်အကိုင်းရှားပါးမှု။ နိုင်ငံရေးမတည်ငြိမ်မှု နင့် အဓိက နိုင်ငံရေးခေါင်းဆောင်အမျိုးသမိးနစ်ဦး၏ တဦးအပေါ်တဦး မုန်းတီးမှုကြိးမားခြင်း ၊ ညစ်ပတ်တိုက်ခိုက်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံသော စီးပွားရေးလုပ်ငန်းကြိးများကိုပါတိုက်ခိုက်လာသည့်အထိ လွန်ကဲလာမှုက ရင်းနီးမည့်အလုပ်များကိုကန်ထုတ်နေမှုကလည်း အဓိက တွန်းမောင်းကန်အားဖြစ်နေပြန်သည်။
(၃) လူဦးရေများပြားလှသော်လည်း သားဆက်ခြားစီမံချက်ကိုပင်လက်မခံသော ဘာသာရေးယုံကြည်မှု( မကြာသောကာလကမှ ခွင့်ပြုခဲ့သည်) နှင့် ပညာမတတ်မှုကြောင့် ငယ်ငယ်ရွယ်ရွယ်နင့်အိမ်ထောင်ပြုမှုတို့ က ဗူးလေးရာ ဖရုံဆင့်။
ဆွဲအား PULL ကလည်းအားကောင်းနေပါတယ်။
(၁) UNHCR / Malaysia ၏မမျန်ကန်သောလုပ်ဆောင်နေမှု
မလေးရှားက UNHCR ကုလသမ္မဂဒုက္ခသည်မဟာမင်းကြိးရုံးက မလေးရှားရောက်လာတဲ့ ဘင်္ဂါလီအကုန်နီးပါးကို ၉၅ % အထက်ကို ဒုက္ခသည်အဖြစ်လက်မှတ်ကို လွယ်လွယ်ကူကူထုတ်ပေးတာက အဓိက ဆွဲငင်အားပါ ။ အဲဒီအထဲမှာ ပြည်တွင်းက ဗမာစကားဘဲတတ်ပြီး ဘင်္ဂါလီစကားမတတ်သော မြန်မာပြည်အလယ်ပိုင်း..အောက်ပိုင်း အရပ်ရပ်က မွတ်စလင်တွေပါ ရီုဟင်ဂျာကုန်ကြပါတယ်။
၂၀၀၅ ဖေဖေါ်ဝါရီလမှာ ကျနော်မလေးရှားရောက်ပြီး လကုန်ခါနီး ဒုက္ခသည်လျောက်တယ်။ ၂ - ကြိမ်တိတိ လျောက်တာ လက်မခံပါ ။ ကျနော့်မှာ အကျဉ်းဦးစီးက ထောင်ထွက်လက်မှတ်၊ နိုင်ငံတကာကြက်ခြေနီ ICRC ကထုတ်ပေးတဲ့ ထောင်ထွက်လက်မှတ် (နံပါတ်တွေပါတယ်) နှင့် ICRC ကထုတ်ပေးတဲ့ နိုင်ငံရေးနင့်ထောင်ကျထားသူဆိုတဲ့ ထောက်ခံချက်ကဒ်ပြား (နံပတ်ပါသည် ) ကိုတင်ပြလဲ ..ငါတို့  လူသစ်လက်မခံသေးဘူးငြင်းပြီ; လိမ်လွှတ်တယ်။ နေ့ တိုင်းတရက်ကို လူသစ် ( မှတ်ပုံတင်အသစ် ) ၁၅ ကနေ ၂၅ ယောက်လူသစ်လက်ခံနေတာ ဘာသာပြန်လုပ်နေသူတွေဆီကနေ သိနေရပါတယ်။
ကျနော်တို့ ဆက်ဆံရတာက မလေးရှားကုလားမတွေဘဲ။ တတိယအကြိမ်ထပ်သွားတယ်။ ပိတ်ထားတယ်လိမ်ပြောတော့ ကျနော်က ဘာသာပြန်တွေဆီက နေ့စဉ်လူသစ် လက်ခံနေတယ်ထောက်တော့ ..တိုင်းရင်းသားတွေအလှဲ့  ၊ ဗမာတွေ မခေါ်သေးဘူးလိမ်ပြန်တယ်။
အဲဒီမှာ လုံခြုံရေးဝန်ထမ်း နီပေါက ကျနော့်ကို ဘာပြဿနာလဲမေးတယ် ။ ကျနော်က ကဒ်ပြားတွေထုတ်ပြ၊ ကုလားမလိမ်တာပြောပြတော့ သူ့ အထက်တာဝန်ခံလုံခြုံရေးကိုခေါ်ပေးတယ် ။
အဲဒီ နီပေါက ကျနော်တို့ ဒုက္ခသည်ရုံးရဲ့  ခင်ဗျားလိုနိုင်ငံရေးအမှု ထိပ်ဆုံးဥိးစားပေး ဟုပြောပါတယ် ၊ အခုမဟုတ်တဲ့ လူလိမ်တွေကိုတော့ ဦးစားပေးနေတယ်။ တကယ်ပေးရမဲ့သူကျတော့ လိမ်ထုတ်နေတယ်ပြောပြီး ကျနော်ရဲ့ လက်မှတ်မိတ္တူတွေကို ပင်မရုံးကြိးဖက် ယူသွားတယ်။ မိနစ် ၂၀-လောက်နေတော့ သူပြန်လာတယ်။ ပြင်သစ်တယောက်လိုက်လာပြီး ကျနော့်ကိုတွေ့ တယ်။ ခနနေတော့ ဟိုကုလားမက အပြင်လူတွေကြားထဲမှာ ရာဇဝင်တွေကို လာမေးတယ်။ လူတွေကြားမှာ မေးခွင့်လုံးဝမရှိ။ နီပေါက လာကြည့်မှ ကျနော့်ကိုအထဲကိုခေါ်ပါတယ်။
နောက် ၁-ပတ်နေ လာခဲ့ရန်ရက်ချိန်းပေးတယ်။ မတ်လဆန်းပိုင်း ။ အဲဒီမှာ ပြင်သစ်တယောက်နဲ့  ဖြေရတယ် ။ ပထမအဆင့် P- 1 ကဒ်ပြားထုတ်ပေးတယ် ။ နိုဝင်ဘာလ ၂၄ ရက်နေ့ ပြန်ချိန်းတယ် ။ တခါဖြေပြီးရင် တဆင့် တိုးပေးတယ် ။ အဆင့် ၆ ခုရှိတယ် ။ ၆ - ခုပြီးမှ RSD တတိယနိုင်ငံကို ခိုလှုံခွင့်အဆင့် သတ်မှတ်လက်မှတ် ( ကဒ်လေး ) ထုတ်ပေးပါတယ် ။ ထိုအဆင့်ရောက်ရန် ၂-နစ်မှ ၄ နစ်အထိကြာတတ်ပါတယ်။ (မှတ်ချက်- ထို ပထမအဆင့် ချိန်းလိုက်သော နိုဝင်ဘာလ ၂၄ ရက် မတိုင်မှီ နိုဝင်ဘာလ ၂၂ ရက်နေ့ မှာ ထွက်ခွာခွင့်ရခဲ့ပါသည်) ။
ထိုလက်မှတ်ရပြီးလျင်ပင် တတိယနိုင်ငံကိုထွက်ခွာခွင့်ရဖို့ က နောက်ထပ် ၂ နစ်ကနေ ၅ - နစ်လောက်ထပ်ကြာတတ်ပါတယ် ။ စုစုပေါင်း ၃-နစ်ကနေ ၅ နစ်အထက်ကြာတတ်ပါတယ် ။
ကုလသမ္မဂ ဗဟို၏စီမံချက်မှာ ကျနော်တို့ လိုနိုင်ငံရေးထောင်ထွက်တွေက ဦးစားပေးပါ ။ မပေးပါ။ လက်ကိုမခံပါ ။ ရိုဟင်၈ျာအမည်သာတပ်ပါ ၊ လိမ်ပြောပါ ၊ ထိုသူတွေဆို P-1 အဆင့်ကိုကျော် ၂ ခါလောက်မေးပြီးရင် တန်းပြီး RSD ထုတ်ပေးတော့တာ။
(၃) မလေးရှားအစိုးရ၏ မရိုးသားသော ဆွဲဆောင်မှု။
မလေးရှားအစိုးရကလဲ ယခင်က ထိုရိုဟင်ဂျာအမည်ခံသူများကို အမြဲတန်း နေထိုင်ခွင့်ရသူများ၏ အခွင့်အရေးနီးပါး ဦးစားပေးခဲ့ပါတယ်။ ရိုဟင်ဂျာပြဿနာကို ပိုမိုကြိးထွားလာစေရန်ရွယ်တာပါ။ ရိုဟင်ဂျာလက်မှတ်ကိုင်ထားသူတွေကို တရားဝင်အလုပ်လုပ်ခွင့် ၊ ကလေးကျောင်းထားခွင့်၊ ဆေးရုံမှာ ဆေးကုသခွင့်တွေ ပေးထားပါတယ် ။ ကျန်ဒုက္ခသည်တွေ အလုပ်လုပ်ခွင့်မရှိပါ။ ခိုးလုပ်နေရပါသည်။
(၄) ကုလဒုက္ခသည်မင်းကြိးရုံး၏ အထူးဆွဲဆောင်မှု Storng PULL factor
ဒုက္ခသည်မင်းကြိးရုံးက ရိုဟင်ဂျာဆိုသူတွေကို တလလျင် ရင်းဂစ် ၁၅၀ ထောက်ပံ့မှုပေးပါတယ်။ တခြားဘယ်ဒုက္ခသည်မှ ထိအခွင့်အရေးမရပါ။ ၂၀၀၆ မေလက စတင်ပြီး ထိုထောက်ပံ့ငွေတွေကိုရပ်ဆိုင်းလိုက်ပါတယ် ။ ဇွန်လ ထဲမှာ ရိုဟင်ဂျာတွေက ထိုသို့ ရပ်ဆိုင်းမှုကို ကန့် ကွက်ဆန္ဒပြကြပါတယ်။
ယူအန် အရာရှိတွေက ဒါအခွင့် အရေးမဟုတ် ၊ ဦးစားပေးမှု ၊ အထူး အကူအညီသာဖြစ်ကြောင်း ရှင်းပြပါတယ်။ This is not your RIGHT, it is just the PRIVILEGE .လို့ ရှင်းပြပါတယ် ။ မရပါ။ ဇွန်လ ၁၂ ရက်နေ့ မှာ ရိုဟင်ဂျာဆိုူသူတွေ ယူအင်ရုံးကို ခဲတွေနဲ့ လာပေါက်လို့  ရဲလုံခြုံရေး ခေါ်ယူရသည်အထိ ဖြစ်သွားပါတယ်။
ရိုဟင်ဂျာအရေး တောင်းဆိုနေသူတွေ ၊ သူတို့ က ဦးစားပေးသောကူညီမှုကို ရပ်တာတောင် ခဲနဲ့ လာထုတဲ့သူတွေပါ။ မလေးရှားအစိုးရကလည်း မူလကပေးထားသောအထူးအခွင့်အရေးတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။
( ၅ ) ရိုဟင်ဂျာ ကိန်းဂဏန်းဖေါင်းပွမှု။
နောက်ပိုင်းက မြန်မာပြည်ကအလုပ်အကိုင်နဲ့ (ပတ်စ်ပို့ နင့်) ရောက်လာသူမွတ်စလင်များရော၊ အောက်လမ်းကလာသူမွတ်စလင်များကလည်း ရီုဟင်ဂျာဆိုပြီး ဒုက္ခသည် လိမ်လျှောက်ကြပါတယ်။
ဘုရာဖူးရင်း လိပ်ဥတူးရင်း။ အများစုက လိမ်လျောက်ကြတာဘဲ။ အရင်းမရှိ လှေထိုးလိုက်သလို ..ရိုဟင်ဂျာနေကြတာပါဘဲ။ နောက်ပိုင်း တတိယနိုင်ငံတွေက ရိုဟင်ဂျာဆိုသူတွေ လက်ခံမိပြီး လက်လန်ကုန်ကြပါတယ်။ ရိုဟင်ဂျာဆိုတာနင့် ကိုလက်မခံတော့ပါဘူး။ အဲဒီမှာ ရိုဟင်ဂျာဒုက္ခသည် လက်မှတ်ကိုင်ထားသူတွေ ရွာလည်တော့တာပါဘဲ ။ ဘယ်နို်င်ငံကမှ လက်မခံချင်ကြတော့ဘူး။
ပတ်စပို့ နင့် အလုပ်လာလုပ်သူ ဘင်္ဂလာဒေရှ့် နိုင်ငံသားတွေထဲကလည်း ရိုဟင်ဂျာလိမ်လျောက်သူတွေ တပုံကြိး။ နာမည်လိမ်တွေနှင့် ကျနော်ကိုယ်တိုင်ဆုံဖူးတာ အများကြိး။ အခုရိုဟင်ဂျာလက်မှတ် ကိုင်ဖူးသူ မြန်မာပြည်က ဗမာစကားတတ် ၊ ဘင်္ဂါလီစကားမတတ်ဘဲ ရိုဟင်ဂျာလိမ်လျောက်ခဲ့တဲ့ ပြည်မနေတဲ့ မွတ်စလင်တွေ မြန်မာပြည်ပြန်ကုန်ကြတာ မနည်းတော့ဘူး။ မလေးရှားမှာ ဒုက္ခသည်လက်မှတ်ကိုင် ရီုဟင်ဂျာ တသိန်းလောက်ရှိနေပါပြီ။ ဘယ်နို်င်ငံကမှ လက်မခံချင်သူတွေပါ။
အဲဒီမှာ ရိုဟင်ဂျာဒုက္ခသည် အဝင်ဘဲရှိပြီး အထွက်မရှိတော့..ယနေ့  သိန်းဂဏန်း အထိရောက်လာတော့တာပါ ။ ဒါတောင်မှတ်ပုံတင် (ကဒ် ) သက်တမ်းသွားမတိုးတာ့လို့  စာရင်းပျက်သွားသူတွေ တပုံကြီး။
( ၅ ) ဥပဒေစိုးမိုးမှုကင်းမဲရာကနေ လူကုန်ကူးသူများ၏ဈေးကွက်ကို မွေးထားမှု။
မလေးရှားမှာ လတ်ပေးလျင် အကုန်နီးပါးလုပ်ပေးပါတယ် ။ လူယောက် ဗွီဇာလွန်ကာနေထိုင်လျင်လည်း ထိုလူက မလေးရှားကနေ မထွက်ဘဲ ၊ သူ့ ပတ်ပို့ မှာ အထွက်တုံး၊ အဝင်တုံး အကုန်ထုပေးပါတယ် ။ လူဝင်မှတ်တမ်းမှာပါ အဝင်အထွက်ပြပေးတဲ့အထိ လုပ်ပေးတဲ့နိုင်ငံပါ ။ ဒါလောက်ဆို သဘောပေါက်တော့ ။
အဲဒါကြောင့် လူမှောင်ခိုဂိုဏ်းတွေကိစ္စ လူအခွင့်အရေးအဖွဲ့ တွေက တင်ပြနေတာ ၂၀၀၄ ခုနစ်ကထည်းက့ပါ ။ အခု ထိုင်းမှာမိတော့မှ..။ အင်ဒိုနီးရှားမှာ ပေါ်ကုန်တော့မှ လူကြားကောင်းအောင်လုပ်နေတာပါ ။
အဓိက အကြောင်းရင်းက မလေးရှား ၊ ထိုင်းတို့ ကဒုစရိုက်ဂိုဏ်းတွေရပ်တည်ခွင့်ပေးထားတော့ လူမှောင်ခိုဂိုဏ်းတွေက လူကောင်းတွေကိုပါ အတင်းအကျပ်လူကုန်ကကူးနေတော့ ဘ၈င်္ါလီတွေကို ခေါ်တော့တာပါ ။
ဒါလဲ အင်မတန်အားကောင်းတဲ့ PULL factor ပါ။
မြန်မာအစိုးရ၏ တန်ပြန်လုပ်ဆောင်ရမည့် အရွေ့ ကွက်။
(၆) ရိုဟင်ဂျာလို့ လိမ်ညာနေတာကို ပါးစပ်ပိတ်ပစ်ရန် စီမံချက်။
အခု မြန်မာအစိုးရက ရိုဟင်ဂျာဆိုသူတွေကို ကုလသမ္မဂစားရိတ်နင့် DNA စစ်ပေးရန်တောင်းဆိုရပါမည် ။ ဒါဟာ့  အလွန်ထိရောက်ပြီး အရေးကြိးတယ်ဆိုတာကို စစ်ရေးအမြင်ရှိတဲ့ သမတကြိးနင့် နိုင်ငံရေးအကြံပေးများ သိပါလေရဲ့ လားမသိဘူး ။
အစကတည်းက သမိုင်းမရှိတော့ ရိုဟင်ဂျာဆိုတာ အာရပ်သဘောင်္ပျက်လို့  အာရပ်လူမျိုးက ဆင်းသက်လာသူတွေဆိုထားတော့...သဘောင်္က ရခိုင်ကမ်းကိုလာတင်တယ်။ ရခိုင်ဘုရင်က နေထိုင်ခွင့်ပေးတယ်။ လာတင်တာက အထီးတွေချည်းဘဲ။ အိမ်ထောင်ကျတယ်ဆိုလျင် ဒေသခံရခိုင်မိန်းမနဲ့ ဘဲ ကျရမှာ။ တစတစ ရခိုင်သွေးက ပိုပိုများလာရမှာပါ။ တစတစ အာရပ်သွေးရော့နည်းသွားရာကနေ ပပျောက်သွားရမှာပါ ။
ကနေ့  တခြားမကြည့်ပါနင့် ။ အာရပ်သဘောင်္ပျက်က လာတင်တာက ဆယ်ဂဏန်းပေါ့။ အချိန်ကလည်း လွန်ခဲ့တဲ့ နစ်တထောင်ဝန်းကျင် ။ သူတို့ နောက် အုံနဲ့ကျင်းနဲ့  ရောက်လာတဲ့ အင်္ဂလိပ်နယ်ချဲ့ ။ မြန်မာအမျိုးသမီးတွေနဲ့  အိမ်ထောင်ကျတာ အများကြိး။ အထက်စီးကနေ နေတယ်။ သူတို့ယဉ်ကျေးမှုကို မြန်မာပြည်မှာ ကောင်းစွာသွတ်သွင်းနိုင်ခဲ့တယ်။
ဘိုကျောင်းတွေ ၊ ဘိုစကားတွေ ထားရစ်နိုင်ခဲ့တယ်။ တိုင်းရင်းသားစာပေမှာ အင်္ဂလိပ်အက္ခရာတီထွင်မွေးစားနိုင်ခဲ့တယ်။ လူတွေက ဘိုတွေကို အားကျခဲ့ရတယ်။ နှစ်တရာကျော်အုပ်ချုပ်သွားတယ်။ ကပြားတွေ အများကြိးထွန်းကားခဲ့တယ်။
ကျနော်အဖေလည်း ကပြား၊ အင်္ဂလိပ်သွေး ၅၀% တဝက်ပါသူပါ။ အဖေကိုမွေးတာ ဒီနှစ်မှာ အနစ် (၁၀၀)တိတိပြည့်တယ်။ အဖေ့မျိုးဆက် ယခုအဖေကနေစတွက်လျင် ၄ -ဆက်မြောက် ရောက်ပြီ။ မြစ်တွေရပြီ။ အဖေကတော့ ဘိုရုပ်။ ကျနော်တို့ ကျတာ့ ဗမာမစစ်တာလောက်ဘဲ ပေါ်တော့တယ်။ ကျနော့်သား သမီးတွေ ဗမာမစစ်တာပေါ်သေးတယ်။ ကျနော့်မြေးတွေကျတော့ ဘိုရုပ် တစက်မှမရှိတော့။ အပြီးဗမာဘဲ။
ညီမောင် ဂျိုးရဲ့ မြေးတွေကျတော့ ဘိုသွေးပါတယ်တောင် မပြောရဲတော့ဘူး။ တူမတွေကမွေးတာတွေ ဘိုသွေးပါပါတယ်ပြောလျင် ဘယ်သူမှ လက်မခံနိုင်တော့တဲ့ ရုပ်ဖြစ်သွားပြီ။ ဘိုသွေးပြောလျင် ကောင်းကောင်းအဟားခံရပါမည်။
ဒါတောင် သင်္ချာနည်းအရ ထိုအဖေ၏မြစ်ဖြစ်သူတွေမှာ အင်္ဂလိပ်သွေးက ၆ % ( 6.0% ) ပါနေသေးသည်။
အဲဒီတော့ အနှစ် ၁၀၀ အရောက်မှာ ကျနော်တို့ က ဘိုမျိုးဆက်ပါ မပြောရဲတော့တာ..ကို အနှစ် ၁၀၀၀ လူတွေက အာရပ်မျိုးဆက်တွေပါ အော်နေတာ ပြောနေတာ..ချင့်ချိန်ကြည့်ကြပါ ။ သူတို့ သွေးထဲ အာရပ်သွေးပါလှ. ..( 0.0001 % )ဘဲကျန်တော့မည် ။ သူတို့ က အသက် ၉ နစ်ဆို လင်ယူကြရပြီဆိုတော့ အနစ် ၁၀၀ မှာ မျိုးဆက် ၈ ၊ ၁၀-ဆက် ဆက်လောက်ရောက်နေတာနော် ။ မျိုးဆက် ၈-ဆက်နင့်တွက်လျင်ပင် အနစ်၁၀၀ မှာတင် အာရပ်သွေးက ..( 0.75 % )။ 1-% ပင်မရှိတော့ပါ ။
အခု အဲဒီရိုဟင်ဂျာလို့ ကြွေးကျော်နေသူတွေကိုသာ DNA စစ်ဖို့ ခေါ်လိုက်ပါ။ အာရပ်သွေးမပေါလျင်၊ ရခိုင်သွေးမပါလျင် ဘင်္ဂလားပြန်ပို့ မည်ကိုလက်ခံပါမည်ဟု သဘောတူပါ သည်ဟုသာ လက်မှတ်ထိုးခိုင်းပါ။ သွေးစစ်မယ်ခေါ်လိုက်လျင်..ဘယ်အကောင်မှ ထွက်လာရဲမည် မဟုတ်တာကို ရဲရဲင်္ကြီး ကျနော်အာမခံပါတယ်။ သွေးစစ်လဲ ပြန်မပို့ လျှင်တော့ ..မတွေ့ လဲ ဘာအရှုံးရှိတာမှတ်လို့  ငါးမရျရချိုးပြန်မည့်သူတွေ ထွက်လာပါဦးမည်။
အာရပ်သွေးနင့် ရခိုင်သွေး များများမပါလျင် ဘင်္ဂလာဒေရှ့် ပြန်ပို့ မည်ကို သဘောတူကြောင်းသာလက်မှတ်ထိုးခိုင်းလိုက်ပါ။ လာရဲသူမရှိစေရပါဘူး။
ရခိုင်ရှိ နိုင်ငံသားအဆက်များနင့် DNA တိုက်ဆိုင်စစ်ဆေးနိုင်ပါသည် ။ ကျနော်တို့ က အထက်စီးရမည့် အချက်ကို သမတအကြံပေးများ မမြင်ကြတာလား။ ပညာရှင်များနင့် တိုင်ပင်ကြစေလိုပါသည်။
DNA စစ်ရေးစကားဟလိုက်လျင် ထိုကုလသမ္မဂ မစ္စတာဘန် ပါးစပ်ပိတ်သွားပါမည်ဖြစ်ကြောင်း။ သူက ပညာရှင်ဘဲ ၊ ဒီစကားဟလိုက်လျင် သူတို့ ကစားကွက်ကုန်သွားပြီဆိုတာ တန်းသိတာပေါ့။
(၂) ဒုတိယအချက်အနေနင့် ထိုရိုဟင်ဂျာတွေကို နိုင်ငံရေး
ဒုက္ခသည် အသိအမှတ်ပြုနေတာကို ရပ်တန့် ထားပေးရန် တောင်းဆိုရပါမည်။
ဒုက္ခသည်အဖြစ်အသိအမှတ်ပြုလျင် ထိုအသိအမှတ်ပြုသူများ အဆုံးအထိ တာဝန်ယူရန်တောင်းဆိုရပါမည်။ ပါးစပ်ဖျားလှုပ်ရုံလေး သက်သက်ကိုရပ်တန့် ရန်တောင်းဆိုရပါမည်။
( ၃) ရိုဟင်ဂျာဆိုသူတွေ၏ အဖိုးအဖွားများ၏ မျိုးဆက်ကို DNA ဖြင့်ခြေရာကောက်ရန် စစ်ဆေးနိုင်ပါသည်။ မျိုးဆက်ကို ထောက်ပြရန် မတောင်းဆိုနေသမျှ ဒီကုလိမ်တွေက ဆက်လိမ်နေဦးမည်သာ။
ဒုက္ခသည်မင်းကြိးရုံးက ရိုဟင်ဂျာများ၏ မြန်မာနိုင်ငံမှ ဇစ်မြစ်ကို စီစစ်ရန်တောင်းဆိုရပါမည်။ အများစုဟာ ဗြောင်လိမ် ၊ တွေ့ ကရာ..တခြားသူသင်ပေးတာတွေ အကုန် ထွက်ဆိုထားတာပါ ။ ယူအင်ရုံးမှာကို သူကိုယ်တိုင်ပထမ ထွက်ဆိုချက်ကို မေ့နေသူ မှားပြောနေသူတွေထုနဲ့ဒေးပါ။
ယူအန်ရုံးက စီစစ်လျှင် ပထမ လူတွေ့ တွေမှာသူတို့ ဘာတွေလိမ်ထားမိတယ်တောင် မမှတ်မိသူတွေ တဝက်ကျော်ရှိနေပါမယ် ဒါကိုရဲရဲကြိးဆုပ်ကိုင်ထားလို့ ရပါတယ်။
ကျနော်မြင်သလောက်ပါ၊ဆက်လက်စဉ်းစားပြီး ဆက်လက်တင်ပြနိုင်ရန် ကြိုးစားပါဦးမည်။
ရိုဟင်ဂျာလို့ လိမ်နေသူတွေကို လိမ်နေမှန်းသိသိကြိးနင့် ရပ်တည်ပေးမှုဟာ လူကြိးလူကောင်းများ မလုပ်သင့်ကြောင်း အစိုးရမှ ခပ်မာမာသတိပေးရန်။ ရိုဟင်ဂျာအလိမ်ပေါ် လာလျင် လူကြိးလူကောင်းပီပီ တာဝန်ရှိရှိ မှားကြောင်း ဝန်ခံပေးရန် တောင်းဆိုပြီး ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကိုပါ စိန်ခေါ်လိုက်ပါရန်။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States
--
Saturday, 3 January 2015
၂၀၁၄ ထူးထူးခြားခြား စက်ရုပ်များ
ပို့စကဒ်ရောင်းရင်း ဟောလိဝုဒ်မင်းသမီးနဲ့ သူငယ်ချင်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်...
  မြန်မာနှလုံးသားနှင့် လီနင်ဂရက်မြို့သူ
2 January 2015 18:43(+0630) (၁ ရက် ခန့်က)
သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။ ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖောက်လှဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ စိတ်မြဲသို၍ ကြည်ညိုလွှတ်ပြန်၊ သခင်မွန်ကို၊ ချစ်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။
မှန်းနန်းမဟာရာဇ၀င်တော်ကြီးတွင် ထည့်သို မှတ်တမ်းပြုရသည်အထိ ဂန္ထ၀င်မြောက်ခဲ့သည့် နန္တသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာ ဖြစ်သည်။ ဤလင်္ကာအား ကြိုက်နှစ်သက်သော မြန်မာများ အနမတဂ္ဂရှိသော်လည်း လီနင်ဂရက်မြို့သူ မာရီယာ တယောက် အသည်းပေါက်မတတ် ရင်ဝှက်လှိုက်ဖို စိတ်လိုလက်ရ ကြိုက်ရသည့် အကြောင်းက အထူးစိတ်ဝင်စားစရာ ကောင်းလှသည်။
ထိုလင်္ကာအား မြန်မာများကဲ့သို့ပင် နှစ်သက်သူ မာရီယာကို ရုရှားနိုင်ငံ အနောက်မြောက်ဘက်ရှိ လီနင်ဂရက်မြို့ဟု ၁၉၂၄ မှ ၁၉၉၁ ခုနှစ်အထိ ခေါ်တွင်ခဲ့ပြီးနောက် ရှေးယခင် အမည်နာမ ဖြစ်သော စိန့်ပီတာစဘတ်သို့ ပြန်ပြောင်းမှည့်ခေါ်ခဲ့သည့် မြို့ကြီးတွင် မွေးဖွားသည်။ ဘုရင်ခေတ် ရုရှားပြည်၏ မြို့တော်လည်း ဖြစ်ခဲ့ဖူးကာ နွေရာသီ၌ အလွန်နေချင်စဖွယ်ကောင်းလှသည်ဟု သူမက ဆိုသည်။
မာရီယာသည် ငယ်စဉ်အခါကတည်းက စာဖတ်ဝါသနာပါပြီး အထူးသဖြင့် အာရှနိုင်ငံများအကြောင်း ဖွဲ့သီအပ်သော စာပေများကို ပိုမိုနှစ်ခြိုက်သည်။ ဂီတကျောင်းတက်၍ စန္ဒယားတီးလည်း သင်ခဲ့ဖူးသည်။
တက္ကသိုလ်နှင့် မေဂျာကို ရွေးချယ်စဉ်အခါက တရုတ်ဘာသာစကားကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံနှင့် မြန်မာစကားအကြောင်း သိပင် မသိခဲ့ရှာပေ။ ကံကောင်းသည်မှာ ထိုစဉ်က တရုတ်/မြန်မာ ဘာသာစကားနှစ်ခုတွဲထားသည့် မေဂျာတခုကို တွေ့ရှိခဲ့သည်။ ၅ နှစ်မှ ၁ ကြိမ်သာခေါ်သော မေဂျာလည်း ဖြစ်သည်။ မြန်မာစကားကို စသင်ပြီး နောက်ပိုင်းတွင် အလွန်စိတ်ဝင်စားသွားပြီး မြန်မာလို ပြော၊ ဖတ်၊ ရေးနေရလျှင် စိတ်ထဲတွင် တခုခု ဖြစ်နေသည်ဟု မာရီယာက တက္ကသိုလ်ကျောင်းသူဘ၀ အစ ရောင်နီဦးနေ့ရက်များ အကြောင်း ပြန်ပြောပြသည်။
“အရမ်းရင်းနှီးတဲ့ သူငယ်ချင်းကို တွေ့လိုက်ရသလို၊ အရမ်းလိုအပ်တဲ့ ပစ္စည်းကို ရလိုက်သလို၊ ခရီးထွက်ပြီးတော့ ကိုယ့်အိမ်ကိုယ် ပြန်ရောက်သလို ခံစားမိတယ်။ ကျွန်မကို ပျော်ရွှင်စေတဲ့အသံက မြန်မာသံပဲ” ဟု သူမက ဆိုသည်။
တရုတ်စကားကို လေ့လာခဲ့ရသည်မှာ အကြောင်းအရင်း ရှိသည်။ တရုတ်စာကောင်းကောင်းတတ်ပါက အလုပ်ကောင်းရသည်။ လစာလည်း ကောင်းမည်။ မြန်မာစကားနှင့် ပတ်သက်သော အလုပ်ကို ရှာရသည်က မလွယ်ကူ၊ သူမနေထိုင်ရာ မြို့တွင် မြန်မာစကားနှင့် ပတ်သက်သော မည်သည့်အလုပ်ကိုမှ ရှာမရသည့် အဆုံး မော်စကိုမြို့သို့ ပြောင်းရွှေ့ကာ ရှာရပြန်သည်။ ရလာသော အလုပ်မှာ မြန်မာငွေကြေးနှင့် တွက်ဆကြည့်ပါက လစာကောင်းသည်ဟု ဆိုနိုင်သော်ငြား ရုရှားတွင်တော့ သန့်ရှင်းရေးသမား အဆင့်သာ ရှိသည်။ သို့သော် မာရီယာအတွက် မြန်မာမှာ အဓိက၊ ပိုက်ဆံထက်လည်း အရေးကြီး၊ နိစ္စဓူဝ မြန်မာစကား ပြောနေရ၊ ကြားနေရလျှင် ကျေနပ်နေသည်။
သံရုံးတွင် မြန်မာလို ပြောကြသည်။ မြန်မာဟင်းများ ချက်ကျွေးသည်။ ပွဲရှိသည့်အခါတိုင်း မြန်မာရိုးရာဝတ်စုံနှင့် တက်ရောက်ရသည်။ မြန်မာဝတ်စုံများက သူမအတွက် သိပ်ကိုခန့်ထည်လှပနေ၍ အမြတ်တနိုးဝတ်ဆင်လေ့ရှိသည်။
“ကျွန်မ အတွက်တော့ မြန်မာက နံပါတ်တစ်ပဲ” ဟု သူမက ပြောသည်။
မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာနှင့် အများကြီး ဆက်နွှယ်နေပြီး မြန်မာတို့သည် ရှေးရိုးအစဉ်အလာ အယူအဆများကို ထိန်းသိမ်းကာ ယနေ့ထက်တိုင် လက်ခံသုံးစွဲနေခြင်းမှာ သူမတို့နှင့် မတူညီ၍ အလွန်စိတ်ဝင်စားမိကြောင်း၊ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်သည့် အတွက်လည်း မြန်မာတို့အား ချီးကျူးကြောင်း ပြောဆိုသည်။
မာရီယာက မြန်မာပြည်ကို ၂၀၀၉ ဒီဇင်ဘာမှ ၂၀၁၀ ဖေဖော်ဝါရီအထိ ၃ လကြာ အလည်အပတ် ရောက်ရှိဖူးခဲ့သည်။ ထိုစဉ်က တတိယနှစ် ကျောင်းသူဖြစ်ပြီး ရန်ကုန်တက္ကသိုလ်၌ မြန်မာစာသင်တန်းတက်ရန် လာခဲ့ခြင်း ဖြစ်သော်လည်း ၁ နှစ်သင်တန်းသာ ရှိခဲ့၍ မတက်ဖြစ်လိုက်။ ကမ္ဘာလှည့်ခရီးသွားတယောက်ကဲ့သို့သာ နေခဲ့ပြီး ပုဂံ၊ ပုပ္ပါး၊ ပဲခူး၊ ငပလီတို့ကို သွားရောက်လည်ပတ် အပန်းဖြေခဲ့သည်။
မွေးချင်းသုံးယောက်အနက် အလတ်ဖြစ်သော သူမ၏ နာမည် အပြည့်အစုံမှာ မာရီယာ သီဟာမီရာဗာ ဖြစ်သည်။ မိဘများက ရွာတွင်နေထိုင်ကြပြီး အဖွားတယောက်လည်း ရှိသေးသည်ဟု သူမက ဆိုသည်။ မော်စကိုမြို့ရှိ မြန်မာသံရုံး၌ ဘာသာပြန် အဖြစ် လုပ်ကိုင်လျက်ရှိကာ အခါအားလျော်စွာ ရုရှားများကို မြန်မာစာ သင်ကြားပေးပြီး ရုရှားစာ သင်ကြားလိုသည့် မြန်မာများအတွက်လည်း တတ်အားသရွေ့ ကူညီပေးလျက်ရှိသည်။ “မြန်မာသံရုံးကိုရောက်တော့ ကိုယ့်ကိုကိုယ် မယုံနိုင်အောင် ပျော်ခဲ့တယ်။ မြန်မာသံရုံးဆိုတာ မြန်မာနိုင်ငံသေးသေးလေးလိုပဲ။ ကျွန်မကိုယ်ထဲမှာ Magnet ရှိသလို ဖြစ်နေတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ်၊ မြန်မာဘက်ကို ရောက်အောင် ဆွဲငင်နေတယ်။” ဟု သူမ၏ ပျော်ရွှင်မှုများကို မျှဝေသည်။
လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာထက် မြန်မာလူငယ်များအကြား ရင်းနှီးနေသော မာရီယာ၏ အကောင့်မှာ ၀သုန် မိုး ဖြစ်သည်။
“ဆရာက ပထမနှစ်ကတည်းက မြန်မာနာမည် ရွေးပေးတယ်။ ကျွန်မက ဒီနာမည် မကြိုက်ဘူး၊ ကြိုက်တာက မိုးဆိုတဲ့ နာမည်ပဲ။ ဒါပေမဲ့ ဗုဒ္ဓဟူးသမီးဖြစ်လို့ နာမည်က ‘မ’ နဲ့ မစရဘူး၊ မြန်မာထုံးစံအရ နာမည် လိုချင်လို့ စဉ်းစားရတာ သိပ်ဒုက္ခရောက်တယ်။ နောက်ဆုံး ဗေဒင် ထွက်တတ်တဲ့သူငယ်ချင်းတစ်ယောက်က တွက်ပေးပြီး ဝသုန်မိုးဆိုတဲ့နာမည်ကို ရွေးပေးပါတယ်။” ဟု သူမက ထိုအမည် ပေးဖြစ်ခဲ့ပုံကို ရှင်းပြသည်။
သူမပြောပြသည့် ရုရှားနိုင်ငံ၏အကြောင်းများမှာလည်း စိတ်ဝင် စားစရာကောင်းနေပြန်သည်။ ယူကရိန်းတွင် ဖြစ်ပွားပေါ်ပေါက်နေသည့် မတည်ငြိမ်မှုများအတွက် လွန်စွာဝမ်းနည်းသော အငွေ့အသက်များကို သူမထံတွင် မြင်တွေ့ရသည်။
နောက်ထပ် သူမပြောပြသည့် စိတ်ဝင်စားဖွယ်ကောင်းသော ရုရှား ပြည်အကြောင်းလေးတခုလည်း ရှိသေးသည်။ ယင်းမှာ ခရစ္စမတ်နေ့နှင့် သက်ဆိုင်နေသည်။ ရုရှားနိုင်ငံ၏ခရစ္စမတ်နေ့သည် ဇန်န၀ါရီ ၇ ရက်နေ့ ဖြစ်သည်။ ထို့ကြောင့် အခြားနိုင်ငံများနှင့် ကွဲလွဲနေသည်။ ခရစ္စမတ်နေ့ ဟူသည်မှာ ခရစ်တော်၏မွေးနေ့ဖြစ်ရာ ရုရှားတို့၏ ရက်စွဲမှာ အဘယ် ကြောင့် ကွာခြားနေရသနည်း။ ထိုအဖြေကို မာရီယာက သေချာရှင်းပြ ပေးသည်။ယေရှုခရစ်တော်၏ဒေသနာတော်ကို အဓိပ္ပါယ်ကောက်ယူရာမှာ လူများက ဆန့်ကျင်ကြ၍ အဓိက အသင်းတော် ၃ ရပ် ခွဲထွက်ခဲ့သည်။ ထိုအသင်းတော်များမှာ Catholic, Protestant နှင့် Orthodox တို့ ဖြစ်ကြသည်။ ၁၀ ရာစုက ရုရှားပြည်တွင် ဇာဘုရင် Vladimir က Orthodox ဘာသာကို ရွေးပြီး ရုရှားပြည်သူအားလုံး ကိုးကွယ်ကြစေရန် အမိန့်ထုတ်ပေးခဲ့သည်။ ၁၉၁၈ခုနှစ်ထိ ဇာဘုရင်က ဘာသာရေးခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။ သို့သော် ၁၉၁၇ခုနှစ် တော်လှန်ရေးကြောင့် ဘုရင်စနစ်ပျက်သုဉ်းသွားခဲ့သည်။ ရုရှားခေါင်းဆောင်အသစ်များက ဘုရားသခင် မရှိဟုဆိုပြီး ကိုးကွယ်ခွင့်မပြုတော့ပေ။ ဘုရားကျောင်းများအား ဖျက်ဆီးခဲ့သည်။ ဘုန်းကြီးများကို ကွပ်မျက်ခဲ့သည်။
ထိုအချိန်က သုံးသည့် ဂျူလီယာန် ပြက္ခဒိန်မှာ အဆင်မပြေတော့၍ ဂရေဂိုရီယန် ပြက္ခဒိန် စပြီးအသုံးပြုခဲ့သည်။ ဂျူလီယာန် ပြက္ခဒိန်က ၁၂၈ ခုနှစ် ကြာပြီးလျှင် ၁ရက် အပိုတိုးသည်။ ယခု ဂျူလီယာန် ပြက္ခဒိန်က ၁၃ရက် နောက်ကျနေသည်။ တခြားနိုင်ငံများ၌လည်း ဂရေဂိုရီယန် ပြက္ခဒိန်သာ သုံးနေကြသည်။ သို့သော် ရုရှား ခရစ်ယာန်အသင်းတော်က ဂျူလီယာန် ပြက္ခဒိန်မှာ ပို၍ ကောင်းမွန်သည်ဟု ဆုံးဖြတ်သောကြောင့် ဘာသာရေးဆိုင်ရာ ပွဲများကို အရင်အတိုင်းသာ သတ်မှတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ရုရှားတွင် ခရစ္စမတ်နေ့မှာ အခြားနိုင်ငံများထက် ၁၃ ရက်နောက်ကျနေရခြင်း ဖြစ်သည်။
ရုရှားနိုင်ငံ၏ ပထမဆုံး မြန်မာစာဌာနကို ၁၉၅၇ ခုနှစ် တွင်ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က ရုရှား-မြန်မာဆက်ဆံရေးမှာ အထူးတိုး တက်ကောင်း မွန်နေခဲ့သည်။ နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များအကြား ဆက်သွယ်မှုများ အမြဲမပြတ်ဆိုသလိုရှိနေသည်။ သို့ဖြစ်၍ မြန်မာ-ရုရှားစကားပြန်များ လိုအပ်လာကာ ထိုနှစ်တွင် စိန့်ပီတာစဘတ် တက္ကသိုလ် (ယခင်-လီနင်ဂရက်တက္ကသိုလ်)၌ မြန်မာစာဌာနဖွင့်လှစ်ပြီး မြန်မာစကားကို စတင်သင်ကြားပေးခဲ့သည်။
ပထမဆုံး ကျောင်းသူကျောင်းသားများမှာ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုစဉ်က ရုရှားနိုင်ငံ၌ မြန်မာ စာအုပ်များ၊ အဘိဓာန်များ လုံးဝမရှိသေး၍ ဖြစ်သည်။ ၁၉ ရာစုက အင်္ဂလန်တွင် ထုတ်ဝေခဲ့သည့် Burmese Dictionary ဟူသော စာအုပ် တအုပ်သာ စာကြည့်တိုက်တွင် ခဏငှားပြီး ဖတ်ရှုနိုင်ခဲ့ကြကာ နောက် ပိုင်းကျမှ အခြားနိုင်ငံများကထုတ်သော စာအုပ်များအား တဖြည်းဖြည်း မှာဝယ်ခဲ့ကြောင်း သိရသည်။ ထိုခေတ်ကျောင်းသားများသည် ရုရှားနိုင်ငံ တွင် မြန်မာစာ သင်ကြားလေ့လာပြီးသကာလ မြန်မာနိုင်ငံသို့လည်း လာ ရောက်၍ ဆက်လက်ဆည်းပူးခဲ့ကြသည်။
၁၉၅၇ ခုနှစ်က စပြီး ၅ နှစ် တကြိမ် မြန်မာစကားသင်ယူလိုသည့် ကျောင်းသား ၆ ယောက်၊ ၇ ယောက်ကိုခေါ်ပြီး စာသင်ပေးသည်။ မြန်မာစကားကို ပထမဆုံးလေ့လာသူများမှာ ပညာရှင်များ၊ ဆရာ ဆရာမ မျာဖြစ်ပြီး မြန်မာစာနှင့်ပတ်သက်သော စာအုပ်၊ ဆောင်းပါးပေါင်း များစွာ ကို ရေးသားခဲ့ကြသည်။ မြန်မာ-ရုရှားနှင့် ရုရှား-မြန်မာအဘိဓာန် များကို လည်း ပြုစုထုတ်ဝေခဲ့သည်။ ယခုလက်ရှိ ထိုတက္ကသိုလ်ကြီး၌ မြန်မာစာ သင်ယူနေသည့် Bachelor ကျောင်းသား ၅ ဦးနှင့် မဟာဝိဇ္ဇာတန်း တက်ရောက်နေသူ တဦးသာရှိသည်။
“တခါတလေ သိပ်အံ့သြဖို့ကောင်းတယ်။ ကျွန်မ ဖေ့စ်ဘွတ်မှာ မြန်မာဝတ်စုံ ၀ယ်ချင်တယ်ဆိုတဲ့အကြောင်း Post တခုရေးဖြစ်တော့ အပြင်မှာ တခါမှမတွေ့ဖူးတဲ့သူတွေက လက်ဆောင်တွေဝယ်ပြီး ရုရှား အထိ ပို့ပေးကြတယ်။ အရမ်းဝမ်းသာပါတယ်” ဟု မာရီယာက ပြောသည်။
သူမအတွက် မြန်မာစာလေ့လာရာ၌ အခက်ခဲဆုံးစိန်ခေါ်မှုက အသံထွက်ဖြစ်သည်။ ရုရှားစကားနှင့် လုံးဝမတူဘဲ အချို့အသံများဆိုလျှင် ရုရှားစကားတွင်မရှိ၊ သဒ်္ဒါပိုင်းတွင်လည်း ရှုပ်ထွေးလှပြီး လေ့လာသူနည်း သေးသောကြောင့် စာအုပ်ကောင်းကောင်းလည်းမရှိသေးဘဲ သေချာရှင်းပြ နိုင်မည့်စာအုပ်များ အလွန်လိုနေ အပ်နေကြောင်း သိရသည်။
ပုဂံခေတ်မှသည် မျက်မှောက်ကာလအထိ စီးဆင်းလာသည့် မြန်မာ့ စာပေသမိုင်းကြောင်း၊ ရှင်မဟာသိလ၀ံသ၊ ရွှေတောင်သီဟသူ၊ ဦးကြင်ဥ၊ ဦးပုည၊ ပီမိုးနင်း၊ သိပံ္ပမောင်ဝ၊ ဇော်ဂျီနှင့် သခင်ကိုယ်တော် မှိုင်းတို့အကြောင်း၊ လောကနီတိကျမ်းနှင့်မြန်မာကဗျာများ၊ ရာဇကုမာရ် ကျောက်စာ စသည်တို့ကို သင်ကြားပေးခဲ့သည့်ဆရာကြီး Prof. Yanson (မြန်မာနာ မည်-ဦးဉာဏ်)ကိုလည်း ကျေးဇူးအထူးတင်ရှိသည်ဟု မာရီယာကဆိုသည်။
“မြန်မာစကားကိုကြိုက်တာ အကြောင်းပြချက်မရှိဘူး။ ဘာကြောင့် ကြိုက်လဲဆိုတာ ကျွန်မကိုယ်တိုင်လည်း မသိဘူး။ သိတာတခုပဲရှိတယ်။ မြန်မာလို မပြောဘဲနဲ့ကို မနေနိုင်တော့တာ” ဟု သူမက ဖွင့်ဟခဲ့သည်။
ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
(သစ်ထူးလွင်မှကူးယူဖေါ်ပြသည်)
Saturday, 6 September 2014
ကလေးသတို့သမီးများနှင့် သူမတို့၏ ကယ်တင်ရှင်
Sep 3, 2014
"အိမ်ထောင်ကျတော့ ကျွန်မဖြင့် ကြောက်လိုက်တာရှင် ကျွန်မမိသားစုနဲ့ ညီအစ်ကို မောင်နှမတွေဆီကနေ ခွဲမသွားချင်ဘူး" ဟု အသက်ဆယ်နှစ်အရွယ် နူဂျွတ်အလီက ပြောပြသည်။
ထိုအရွယ်ဆိုလျှင် အခြားနိုင်ငံများတွင် အရုပ်မလေးများဖြင့် ကစားဆဲ ဖြစ်သော်လည်း နူဂျွတ်ကတော့ သူမအသက်ထက် သုံးဆကြီးသူနှင့် အိမ်ထောင်ပြုရလေသည်။
ယီမင်လိုမျိုး ရှေးရိုးစွဲ မွတ်ဆလင်များစွာ ရှိနေသည့် နိုင်ငံတွင် အထက်ဖော်ပြပါ ဆယ်နှစ်သမီးလေးလိုမျိုး ဖြစ်ရပ်မျိုးက ဆန်းလှသည့် ကိစ္စတော့ မဟုတ်ပေ။
ယီမင် အမျိုးသမီးရှေ့နေ ရှာဒါနက်စ်ဆာက ဒီလိုကလေးသူငယ် မိန်းကလေးများကို အရွယ်မတိုင်ခင် အိမ်ထောင်ချသည့် ကိစ္စအား ကာလရှည် ဆန့်ကျင်နေခဲ့သူ ဖြစ်သည်။ ၂၀၀၈ နှစ်လည်လောက်တွင် တစ်ခုခု လုပ်ပေးဖို့ အခွင့်အရေး ရခဲ့သည်။ တရားရုံးမှာ နေ့စဉ်အလုပ်များ လုပ်နေရင်း ကလေးမလေး တစ်ယောက်က တွေ့ခွင့်တောင်းနေသည်ဟု လာပြောသည်။ နူဂျွတ်ဆိုသည့် ထိုစဉ်က ၁၀ နှစ်သမီးလေး ဖြစ်နေသည်။ ထိုကောင်မလေးက သူမစိတ်ဆင်းရဲ နေရကြောင်း ခင်ပွန်းနှင့် ကွာရှင်းလိုကြောင်း ပြောပါသည်။
အသက် ၁၀ နှစ်အရွယ် မိန်းကလေးမှာ နေ့စဉ် အသက် ၃၀ အရွယ် ယောက်ျားကြီး၏ ရိုက်နှက်ခြင်း၊ မုဒိမ်းကျင့်ခြင်း ခံနေရသည့် ဇာတ်လမ်းကို နက်စ်ဆာကြားရတော့ တုန်လှုပ်သွားခဲ့သည်။ ကလေးသေးသေးလေးက ကွာရှင်းခွင့် လာတောင်းသည့်ကိစ္စက အရင်က မဖြစ်ဖူး၊ မကြားဖူးပေ။ သို့သော် ရှေ့နေမ နက်စ်ဆာသည် တုံ့ဆိုင်းခြင်း ကင်းစွာဖြင့် အမှု တည်ဆောက်ပါတော့သည်။
"သူမနဲ့ စကားပြောနေတဲ့ အချိန်မှာ သူ့ကို ကျွန်မသမီးလေးလို့ မြင်လာမိတယ်။ ဖက်ထားလိုက်တယ်။ ပြီးတော့ ပြောလိုက်တယ်။ မကြောက်နဲ့ သမီးလေး။ မင်းကို အန်တီကူညီမယ်။ ကွာရှင်းခွင့် ရစေရမယ်" ဟုလည်း အခိုင်အမာ ပြောလိုက်ပါသည်။
ထိုအချိန်မှစပြီး ကလေးသူငယ် သတို့သမီးလေးများကို ကယ်တင်သည့် လုပ်ရပ်ကို တစိုက်မတ်မတ် စေတနာ့ ဝန်ထမ်း စလုပ်ပါတော့သည်။ ယီမင်တွင် မိန်းကလေးများ တရားဝင် လက်ထပ်နိုင်သည့် အသက်ကို မြှင့်တင်ဖို့ ဥပဒေ ပြဋ္ဌာန်းနိုင်ရေးကိုလည်း ကြိုးစားရသည်။
တက်ကြွလှုပ်ရှားသူ တစ်ဖြစ်လဲ ဥပဒေပညာရှင် နက်စ်ဆာသည် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးကို အမြဲတစေ ရှေ့တန်းတင် ကြိုးစား လှုပ်ရှားပေးတော့သည်။ နက်စ်ဆာကို ယီမင်တောင်ပိုင်းတွင် မွေးဖွားခဲ့ကာ မိသားစုက ကြွယ်ပိုးကြွယ်ဝရှိသည်။ (ထိုစဉ်က) ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပရက်ဂ်မြို့မှ ဥပဒေဘွဲ့ကို ၁၉၉၀ တွင် ရရှိခဲ့သည်။ သူမ အဖေကလည်း သတင်းစာဆရာ တစ်ဦးဖြစ်ကာ သမဂ္ဂဖွဲ့စည်း စည်းရုံးသူ တစ်ဦးလည်း ဖြစ်သည်။ မဖြစ်သင့်သော လူမှုရေး မမျှတမှုများကို ငုံ့မခံ တွန်းလှန်တတ်သော ဉာဉ်က ဖခင်ထံမှ အမွေရထားသည်ဟု ပြောရမည်ပင်။
ယီမင်တွင် ပထမဆုံး အမျိုးသမီး ရှေ့နေများထဲမှ တစ်ဦးအဖြစ် အလုပ် လုပ်ကိုင်နေရင်း မဟုတ်မဟတ် နှိပ်စက်ခံနေရသော အမျိုးသမီးပေါင်း မြောက်မြားစွာကို ကာကွယ် ခုခံပေးခဲ့သည်။ "ရှေ့နေတစ်ယောက် အနေနဲ့ လူတွေကို ကူညီနိုင်တယ်လို့ ကျွန်မကတော့ ယုံကြည်တယ်" ဟု နက်စ်ဆာက ဆိုပါသည်။
မိန်းကလေးများကို ငယ်ငယ်လေးဖြင့် အိမ်ထောင် ချပေးသည့်ကိစ္စကို ယီမင်လိုမျိုး ရာစုနှစ်ပေါင်းများစွာ ထုံးတမ်းဓလေ့ ဖြစ်နေသော နိုင်ငံမျိုးတွင် ရပ်တန့်သွားအောင် လှုပ်ရှားရသည်မှာ စိန်ခေါ်မှုက ဒုနဲ့ဒေး ဖြစ်ပါသည်။ စောစောစီးစီး သမီးငယ်လေးတွေကို အိမ်ထောင် ချပေးကြသည်မှာလည်း သူတို့အကြောင်း ရှိသည်။ ပထမတစ်ခုက ဆင်းရဲသောကြောင့် ဖြစ်သည်။ ကြွယ်ပိုးကြွယ်ဝ ရှိသူလက်ထဲ အပ်လိုက်လျှင် သူတို့သမီးလေးများ ကောင်းကောင်းနေ ကောင်းကောင်းစား ရတော့မည်ဟု မျှော်လင့်သောကြောင့် လက်ထပ်ပေးကြသည်။ အပျိုကြီး ဖြစ်နေခြင်းသည် မကောင်းဟု ယူဆကြသူ များကလည်း အပျိုတောင် မဖြစ်သေးခင် မြန်မြန် ပေးစားလိုက်ကြသည်။ နောက်ထပ် စိုးရိမ်မှုတစ်ခုမှာ လက်မထပ်သေးခင် ချစ်သူတွေ့သွားမှာကို ဖြစ်သည်။
ဆန်နာတက္ကသိုလ် အမျိုးသမီးနှင့် ဖွံ့ဖြိုးရေးရာဌာနက တွေ့ရှိချက်အရ ၅၀ ရာခိုင်နူန်းကျော်သော ယီမင် အမျိုးသမီးများမှာ အသက် ၁၈ နှစ် မပြည့်သေးခင် လက်ထပ်ကြရပြီး အများစုမှာ ရှစ်နှစ်နှင့် ၁၀ နှစ်ကြား သတို့သမီးများ ဖြစ်ကြသည်။ ၁၉၉၂ ယီမင်ဥပဒေအရ မိန်းကလေးတစ်ဦး အိမ်ထောင်ပြုမည် ဆိုပါက အသက် ၁၅ နှစ် ရှိရမည်ဖြစ်ကာ မိဘများ သဘောတူပါလျှင် ထို့ထက်ငယ်လည်း ပြုနိုင်သည်။ အလွန်ငယ်သေးသော အိမ်ထောင်ရှင် မိန်းကလေးများကို အဆင်သင့် မဖြစ်သေးသည့် အရွယ်အထိ လိင်ပိုင်းဆိုင်ရာ မထိပါးရ ဥပဒေ ရှိပါသော်ငြား မည်သို့မည်ပုံ ဥပဒေ အသက်ဝင်အောင် စောင့်ကြည့် ကြပေမည်နည်း။
နူဂျွတ်၏ အမှုတွင်လည်း အသက် ၂၀ မပြည့်အချင်း ချစ်တင်းမနှောပါဟု ကတိခံကာ လက်ထပ်ယူဆောင် ထားလိုက်ပြီးနောက် ယခုကဲ့သို့ နှိပ်စက်ရိုက်နှက်ခြင်း၊ မုဒိမ်းကျင့်ခြင်းများ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ယခုမှ ကတိမတည်ပါဘူးဟု အမျိုးသားဘက်ကို မိဘဖြစ်သူများက ဒေါသထွက်နေသည်။
ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစသေနူန်းတွင် ယီမင်က ထိပ်တန်းရောက်နေခြင်းမှာ မိန်းကလေးများ သိပ်ငယ်သေးသည့် အချိန်တွင် အိမ်ထောင် ချပေးခြင်းကလည်း တစ်ကြောင်း ပါဝင်နေသည်ဟု အထူးလေ့လာထားသူများက ပြောကြားကြသည်။
နက်စ်ဆာ၏ ကြိုးစားပမ်းစား ကျားကုတ်ကျားခဲ အမှုလိုက်သောကြောင့် ယင်းအမှု နိုင်သွားပါသည်။ နူဂျွတ်ကလေးလည်း ကလေးတစ်ယောက် အဖြစ်ကို ထိုစဉ်က ပြန်လည် ရရှိသွားခဲ့သည်။ နောက်ထပ် အမြတ်ရသည်မှာ ယင်းအမှုကို မီဒီယာများက အာရုံစိုက်လာနိုင်အောင် ရှေ့နေမနက်စ်ဆာက လုပ်နိုင်ခဲ့သည်။ တစ်ကမ္ဘာလုံးက သတင်းစာတိုင်းတွင် ခေါင်းကြီးသတင်း ဖြစ်ကုန်သည်။
"သမီးက ကြီးလာရင် သတင်းစာဆရာမ လုပ်မှာ။ ယောက်ျား ပြန်မယူတော့ဘူး" ဟု နူဂျွတ်က ပြောပြသည်။ သူမသည် ၁၀ နှစ်ဆိုသည့် အသက်နှင့် မတန်လောက်အောင် အတွေ့အကြုံတွေ လောကဓံ၏ ရိုက်ပုတ်မှုတွေကို ခံခဲ့ရပြီး ဖြစ်ချေပြီ။ "သမီးအမှုကြောင့် လူတွေ စိတ်ဝင်စားလာပြီး မိန်းကလေးတွေ ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုပြီး သမီးလိုအဖြစ်တွေ မဖြစ်ရအောင် လုပ်ခဲ့တာပါ" ဟု သူက ပြောပြသည်။
(သန့်ဇင်စိုး)
ISIS စစ်သွေးကြွတစ်ဦးမှ ၎င်းတို့သိမ်းပိုက်ခံ နယ်မြေတစ်ခုမှ မူဆလင်မဟုတ်သူ ၇ နှစ် အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မလက်ထပ်
Sep 3, 2014
SOCIALIZE IT →
Facebook "Like"-Dummy
အစ္စလာမ်၌ (မူဆလင်မဟုတ်သူ) ကာဖိရ်ဟူသည် လူ့တန်ဖိုး တစ်စိုးတစ်စိမျှ မရှိချေ။ အစ္စလာမ်၌ ကာဖိရ်တစ်ယောက်သည် မူဆလင်တစ်ယောက်၏ အသုံးချခံသာ ဖြစ်သည်။ လိင်ဖြည့်ဆည်းပေးသူသာ ဖြစ်သည်။ ကျွန်တစ်ယောက်သာ ဖြစ်သည်။ အသုံးမလိုလျှင် သတ်ပစ်လိုက်ရန်သာ သဘောထားသည်။ ကာဖိရ်များကို သတ်နိုင်လျှင် သတ်နိုင်သလောက် ဂျန္နသ်၌ ကြီးစွာသော ဆုလာဘ်များ ရရှိကြသည်ဟု မူဆလင်တို့က ယုံကြည်ကြသည်။
ဖော်ပြပါပုံသည် twitter ၌ twitter အသုံးပြုသူ မူဆလင် (@Fadel_alHadidi) ဆိုသူက တင်ထားခြင်းဖြစ်သည်။ ၎င်းက သူသည် ISIS စစ်သွေးကြွတစ်ဦးဖြစ်ပြီး မိုဆူးလ် သို့မဟုတ် ဆီးရီးယားမြို့တစ်ခုခုမှ (ဓာတ်ပုံ၌ နေရပ်ကို မဖော်ပြ) အသက် ၇ နှစ်အရွယ် မူဆလင်မဟုတ်သူ မိန်းကလေးတစ်ဦးအား လက်ထပ်ထားသူဟု ကြွေးကြော်ထားသည်။ မိန်းကလေးမှ ISIS အကြမ်းဖက်အလံကို ခြုံလျက်ရပ်နေပြီး မူဆလင်စစ်သွေးကြွက သူမ၏ ပခုံးများကို ဖက်ထားသည်။ ၎င်းအဓမ္မလက်ထပ်မှုမြင်ကွင်း၌ ရှာရီယာဥပဒေနှင့် ညီညွတ်စေရန်၊ အစ္စလမ္မစ် ထုံးတမ်းဖြစ်စေရန် (ဟာလာလ် ဖြစ်ရန်) ကြောက်ရွံ့တုန်လှုပ်စွာ ငိုရှိုက်လျက်ရှိနေသော မိန်းကလေးအား ကုရ်အာန်စာသားအချို့ကို ရွတ်ခိုင်းထားသည်။
ခင်ဗျား ဒီမိန်းကလေးနေရာက နေကြည့်လိုက်စမ်းပါ! သူမကို မည်သူကာကွယ်နိုင်သလဲ? သူမကို ကာကွယ်ပေးနိုင်သူ မည်သူတစ်ဦးတစ်ယောက်မှ မရှိပါချေ။ ကာကွယ်ဖို့ဆိုသည်မှာ တောက်တီးတောက်တဲ့ စကားသာ ဖြစ်ချေ၏။ ကာတာနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ဆိုလျှင် ထိုသားရဲတိရိစ္ဆာန်ကောင်ကို အစာကျွေးနေ (ISIS အား ထောက်ပံ့နေ) သည်မှာ နှစ်များပင် ကြာလှပြီ။ တူရကီ နှင့် ကူဝိတ်နိုင်ငံများသည်လည်း ခါလီဖိတ်အား ထောက်ပံ့ရေး အသင်းဝင်များပင်။ အနောက်နိုင်ငံတစ်လွှား ဗလီများ၌မူ လှူဒါန်းငွေများ လက်ခံပြီး ထိုမကောင်းဆိုးဝါးသတ္တဝါ (ISIS) ကြီးထွားနယ်ချဲ့နိုင်ရန် ထောက်ပံ့ပေးနေကြသည်။
ISIS ၏ မဟာမိတ်တော်ကြီးများဖြစ်ကြသော အိုဘားမား၊ ဗြိတိန်နှင့် အီးယူနိုင်ငံများသည် အကြမ်းဖက်မှု ပြန့်ပွားရေးအလို့ငှာ ငွေကြေးရန်ပုံငွေများ ထည့်ဝင်နေကြပြီး သူမကဲ့သို့သော ငယ်ရွယ်လွန်းလှသေးသော မိန်းကလေးငယ်များကို လိင်နှင့်ပတ်သက်လျှင် အသက်အကန့်အသတ်မရှိသော၊ ကလေးငယ်များကို လိင်ဆက်ဆံခွင့်ရှိသော အစ္စလာမ်ကမ္ဘာ၏ လိင်ကျွန်များအဖြစ်သို့ တွန်းပို့နေကြကုန်၏။ သင်ထည့်ဝင်လိုက်သော အခွန်ငွေကား မိစ္ဆာအကျိုးအတွက် ဖြစ်နေချေပြီ။
ကမ္ဘာကြီး၌ အကြမ်းဖက်ဝါဒရပ်တန့်စေရန်အတွက် အနောက်ကမ္ဘာမှ မူဆလင်နိုင်ငံများသို့/နှင့် ကုန်သွယ်ခြင်း၊ လက်နက်များ ရောင်းချခြင်း၊ ခရီးသွားခြင်း၊ ဗီဇာခွင့်ပြုချက်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့ကို တားမြစ်ပိတ်ပင်ရမည်။ မိမိနိုင်ငံတွင်းရှိသော မူဆလင်မှန်သမျှ ၎င်းတို့၏ မူရင်းနိုင်ငံသို့ ပြန်ပို့ရမည်။
မျိုးမင်းသန့်
Source-http://themuslimissue.wordpress.com/2014/08/03/isis-militant-announces-his-marriage-to-terrified-7-year-old-in-occupied-city-syria/
ဘင်္ဂါလီများ ပြန်လက်ခံမည့်ကိစ္စ ဘင်္ဂါလားဒေ့ရှ်အစိုးရ ပြောကြားချက်အပေါ် မြန်မာအစိုးရကန့်ကွက်
Sep 3, 2014
SOCIALIZE IT →
Facebook "Like"-Dummy
Byအေးသူစံ
မြန်မာနိုင်ငံက ဘင်္ဂါလီဒုက္ခသည်များ စိစစ်လက်ခံမည့် သတင်းနှင့်ပတ်သက်၍ ဘင်္ဂလား ဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်၏ ပြောကြားချက်မှာ မရိုးမသား လုပ်ဆောင်မှုများ ရှိနေပြီး နိုင်ငံ တကာဆက်ဆံရေးတွင် မလို လားအပ်သည့် နိုင်ငံရေးအမြတ် ထုတ်မှုများမှာ ချစ်ကြည်ရင်းနှီးမှု ကို ပျက်ပြားစေနိုင်ကြောင်း နိုင်ငံ တော်သမ္မတရုံးအကြီးတန်း အရာ ရှိတစ်ဦးက ပြောကြားသည်။
ထို့အပြင် အတွင်းဝန်၏လုပ် ရပ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သတိထောက်လွှာပေး အပ်သင့်၊မသင့်ကိုလည်း သမ္မတ ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ က စတင်စဉ်းစားနေကြောင်း ၎င်း က ပြောကြားသည်။
သြဂုတ် ၃၁ ရက်က ဘင်္ဂ လားဒေ့ရှ်နိုင်ငံတွင် ကျင်းပခဲ့ သည့် မြန်မာ−ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံ ဒုဝန်ကြီးအတွင်းဝန်များ ဆွေးနွေးပွဲ၌ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် သုံးသောင်းကျော် လက်ခံရန် ပြောကြားခဲ့ခြင်း ဖြစ် သည်။ မြန်မာဘက်က ၂၀၀၅ ခု နှစ်ကတည်းက သဘောတူစိစစ်ပြီးသား ၂၄၁၅ ဦးကိုသာ နှစ်လအ တွင်း နှစ်ဖက်စိစစ်ရေးအဖွဲ့များ ဖွဲ့၍ လက်ခံမည်ဟု အကြောင်း ပြန်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် ဘက်ကမူ နှစ်လအတွင်း အား လုံးလက်ခံမည်ဟု သတင်းထုတ် ပြန်ခဲ့ကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောကြားသည်။
''နိုင်ငံချင်းပူးပေါင်းဆောင် ရွက်တဲ့ ကိစ္စတွေမှာ ဒီလိုမျိုး ဟို တစ်မျိုး ဒီတစ်မျိုး မပြောသင့်ပါ ဘူး။ နိုင်ငံတွေပါဝင်တဲ့ ကြေညာချက်တွေမှာ စကားလုံးတစ်လုံး နှစ်လုံးကအစ အထူးသတိထားရပါ တယ်။ နှစ်နိုင်ငံ သဘောတူညီ ထားခြင်း မရှိတဲ့ အချက်တွေကို မီဒီယာတွေကို ထုတ်ဖော်ပြော ကြားတိုင်း မြန်မာနိုင်ငံက သဘော တူ လက်ခံမှာလည်း မဟုတ်ပါ ဘူး''ဟု ၎င်းက ပြောသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်အ တွင်းဝန်က ဒုက္ခသည်များကို ရိုဟင်ဂျာဟု သုံးနှုန်းကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက ဖော် ပြခဲ့ပြီး ယင်းစကားလုံးမှာ နှစ် နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေ သော သံတမန်ရေး ပျက်ပြားစေ သည့် ပြောကြားချက်ဟု ၎င်းက ပြောသည်။
''ဆွေးနွေးပွဲ မတိုင်ခင်က တည်းက ရိုဟင်ဂျာလို့သုံးရင်တော့ ပူး ပေါင်းဆောင်ရွက်ဖို့ အဆင်မပြေဘူးလို့ ကြိုပြောထားခဲ့တာ ပါ။ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ တွေ့တော့လည်း ရိုဟင်ဂျာ ဆို တဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီး မြန်မာတိုင်းရင်းသား စာရင်းမှာ ရော၊ သမိုင်းကြောင်းအရရော ရိုဟင်ဂျာလူမျိုး မရှိဘူးလို့ ပြော ကြားခဲ့တာပါ'' ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုဝန်ကြီးဦးသန့်ကျော်ကပြောကြားသည်။
၁၉၉၀ နောက်ပိုင်းတွင် ခိုး ၀င်ဘင်္ဂါလီများကို မြန်မာနိုင်ငံ သားဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီး ရုံးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဖိအားပေးခဲ့ပြီး မြန်မာဘက်တွင် လည်း တိကျသည့် စာရင်းဇယား မရှိဘဲ မတတ်သာ၍ လက်ခံလိုက် ရသည့်အဖြစ်မျိုး အဖြစ်မခံနိုင် ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဒေါက်တာအေး မောင်က ပြောသည်။
--
http://www.burmaburo.blogspot.com
Saturday, 9 August 2014
ရဟန်းသံဃာကို ဝေဖန်ကောင်းပါသလား ...
Written by  မိုးသု-မန္တလေး
သြစတြေးယျ နိုင်ငံရောက် ဆရာဝန်တစ်ဦးက "ဘုန်းကြီးတွေ ဝေဖန်ရင် ငရဲကြီးတယ်။ အပြစ်ဖြစ်တယ်ဆိုတာ ဟုတ်သလား။ လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို လုံးဝ ဝေဖန်ပိုင်ခွင့် မရှိဘူးလား" ဆိုပြီး မေးမြန်းပါတယ်။
မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပြီး အဖြေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် ဆွေးနွေးဖြေကြားပေးမှ ကောင်းမယ်လို့ ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုရမှာကို ဗုဒ္ဓဘာသာဝင် အများစုဟာ ကြောက်ရွံ့ထိတ်လန့် တတ်ကြသလို ဝေဖန်သူရှိရင်တောင် မိစ္ဆာဒိဋ္ဌိ တစ်ဦးသဖွယ် ရှုမြင်တတ်ကြလို့ပါ။ ဗုဒ္ဓဘာသာဝင်မှန်ရင် ကလေးဘဝထဲက ငရဲကြီးလိမ့်မယ်ဆိုတဲ့ စကားနဲ့ ကြီးပြင်းလာခဲ့ရတာမို့ ဗုဒ္ဓဘာသာဝင်မှန်ရင် အားလုံးနီးပါးက ငရဲကြီးမှာ ကြောက်ကြတာ ဆန်းတော့လည်း မဆန်းပါဘူး။
မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော် ရှိပေမယ့် ရှင်ရဟန်းတွေပဲ ဖြစ်ဖြစ်၊ ဘာသာဝင်တွေပဲ ဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေး လုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသလို အဝေဖန် ခံလိုက်ရပြီ ဆိုရင်လည်း ငါ့ကို ကောင်းစေချင်လို့ အပြုသဘော ဝေဖန်တာလား ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လို့ အပျက်သဘော ကဲ့ရဲ့အတင်းဆို ရှုတ်ချပြီး ပြောတာလားဆိုတာကို မဝေခွဲတော့ဘဲ "မင်းကတော့ ဘယ်လောက် ကောင်းနေလို့လဲ" ဆိုတဲ့ စကားလုံး ကြမ်းကြမ်းတွေနဲ့ ပြန်လည် တုံ့ပြန်တတ်ကြပါတယ်။ မညှာမတာ ဝေဖန်ရရင် ဒါဟာ ပညာမဲ့ခြင်းရဲ့ အစဖြစ်ပြီး လူမိုက်တွေရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
ပုဗ္ဗာရုံ ကျောင်းအစ်မကြီး ဝိသာခါဟာ ထေရဝါဒ ဗုဒ္ဓသာသနာတော်မှာ နေလိုလလို ထင်ရှားကျော်ကြားပါတယ်။ ဝိသာခါ ကျောင်းအစ်မကြီးဟာ ခုနစ်နှစ်သမီးအရွယ်မှာ သောတာပန် ဖြစ်ခဲ့ပြီး ဝိသာခါ ကျောင်းအစ်မကြီးဟာ ရဟန်းတော်တွေကို အစ်ကိုလို မောင်လိုသားလို လေးစားကြည်ညို ချစ်ခင် မြတ်နိုးတတ်သူ တစ်ဦးဖြစ်ကာ ရဟန်းတော်တွေ သာသနာ့ဝန်ကို အားသွန် ကြိုးပမ်း ထမ်းရွက်နိုင်အောင် အဘက်ဘက်က လိုလေသေးမရှိ ထောက်ပံ့လှူဒါန်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဝိသာခါ ကျောင်းအစ်မကြီးဟာ လှူဒါန်းစရာ ရှိရင်လည်း လိုလေသေးမရှိ လှူဒါန်းတတ်ပြီး ရဟန်းတော်တွေကို ဆုံးမစရာရှိရင် ဆုံးမတတ်သလို ဝေဖန်စရာ ရှိရင်လည်း ဘွင်းဘွင်းကြီး အားမနာတမ်း ဝေဖန်တတ်သူ ဖြစ်ပါတယ်။
ဝိသာခါဟာ သားသမီးမြေးမြစ် ပေါများပြီး အသက်လည်း ရှည်တာကြောင့် 'အလွန်မင်္ဂလာ ရှိသောသူ' လို့ မြို့သူမြို့သားများက အသိအမှတ်ပြုပြီး ဘာသာခြားတို့ကအစ လက်ထပ်မင်္ဂလာ စသောကိစ္စတို့၌ ပင့်ဖိတ်ပြီး ဦးစွာ ကျွေးမွေးဧည့်ခံကာ 'ဤသတို့သားနဲ့ သတိုးသမီးသည် အရှင်မကဲ့သို့ အသက်ရှည်စွာ အနာကင်း၍ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ'လို့ ဆုတောင်းကြပါတယ်။ တစ်နေ့မှာတော့ ဖိတ်ကြားထားတဲ့ မင်္ဂလာဆောင်အိမ် အရောက်မှာ ဥဒါယီဆိုတဲ့ ရဟန်းတစ်ပါးဟာ သတို့သမီးနဲ့အတူ အခန်းတစ်ခန်းထဲမှာ နှစ်ယောက်ထဲ စကားပြောနေတာကို မြင်လိုက်ရပါတယ်။ မြင်လျှင်မြင်ချင်းပဲ အခန်းထဲဝင်သွားကာ "အရှင်ဘုရား မာတုဂါမနဲ့ နှစ်ယောက်ထဲ မဖွယ်ရာ ပြုနိုင်တဲ့နေရာမှာ စကားပြောနေတာဟာ မသင့်တော်ပါဘူး။ အရှင်ဘုရားက ရိုးရိုးသားသား ပြောဆိုနေတာ ဆိုရင်တောင် လူအများက အရှင်ဘုရားတို့ ရိုးရိုးသားသား ပြောဆိုနေတယ်ဆိုတာ ယုံကြည်ကြမှာ မဟုတ်ပါဘူး" လို့ ပြောဆိုဆုံးမပါတယ်။ 
ဥဒါယီရဟန်းဟာ ပြောစကားနား မထောင်တာကြောင့် ဝိသာခါဟာ လမ်းထွက်ပြီး "ဥဒါယီကိုယ်တော်ဟာ မိန်းကလေးနဲ့အတူ ဆိတ်ကွယ်ရာ အရပ်မှာ နှစ်ယောက်ထဲ ထိုင်စကားပြောနေပါတယ်" ဆိုပြီး လမ်းပေါ်သွားနေတဲ့ ရဟန်းမှန်သမျှကို လျှောက်ထားပါတယ်။ ရဟန်းတွေကလည်း ဘုရားကို ပြန်လျှောက်ကြပါတယ်။ ဒီအခါမှာ ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူပါတယ်။ ဝိသာခါဟာ ပြောဆိုဆုံးမ ဝေဖန်စရာရှိရင် ရဟန်းတွေကိုလည်း အကြွေးမထားဘဲ ပြောဆိုဆုံးမ ဝေဖန်တတ်ပါတယ်။
ဘုရားရှင်လက်တော်က မစ္ဆိကာသဏ္ဍမြို့မှာ စိတ္တသူကြွယ်ဆိုတာ ရှိခဲ့ပါတယ်။ သူက ပဉ္စဝဂ္ဂီအပါတွင် ပါဝင်သော မဟာနာမ်ထေရ်ထံမှာ တရားနာပြီး သောတာပန် တည်ခဲ့သူပါ။ မဟာနာမ်မထေရ်က သူလှူတဲ့ကျောင်းမှာ သီတင်းမသုံးတာမို့ သုဓမ္မအမည်ရှိတဲ့ ရဟန်းတစ်ပါးကို တင်လှူ ကိုးကွယ်ပါတယ်။ တစ်နေ့တော့ အဲဒီမြို့လေးကို အရှင်သာရိပုတ္တရာမထေရ်နဲ့ အရှင်မဟာမောဂ္ဂလာန် မထေရ်တို့ဟာ နောက်ပါရဟန်း တစ်ထောင်နဲ့အတူ ရောက်ရှိခဲ့ပါတယ်။ စိတ္တသူကြွယ်ဟာ အရှင်သာရိပုတ္တရာ မထေရ်ထံမှာ တရားနာကြားပြီး အနာဂါမ် ဖြစ်သွားပါတယ်။ တစ်ရက်မှာ သူကြွယ်က အဂ္ဂသာဝက နှစ်ပါးကို အိမ်ဆွမ်းစားကြွဖို့ ပင့်ဖိတ်ပါတယ်။ ပြီးမှ ကျောင်းထိုင် ဖြစ်တဲ့ သုဓမ္မရဟန်းကို ပင့်ဖိတ်ပါတယ်။ သုဓမ္မရဟန်းဟာ သူ့ကို အရင်မပင့် ဖိတ်လို့ စိတ်ဆိုးကာ ငြင်းလွှတ်လိုက်ပါတယ်။
သုဓမ္မရဟန်းဟာ နောက်နေ့ ဆွမ်းစားချိန်ကျတော့ စိတ္တသူကြွယ် အိမ်ကို သွားပါတယ်။ အိမ်ရောက်လာတဲ့ သုဓမ္မရဟန်းကို စိတ္တသူကြွယ်က ကောင်းမွန် ချိုသာစွာနဲ့ "အရှင်ဘုရား ဒီနေရာမှာ သီတင်းသုံးပါ" လို့ လျှောက်ထားတဲ့အခါမှာ"ငါ ဆွမ်းစားလာတာ မဟုတ်ဘူး။ လှူဖွယ်ဝတ္ထုတွေကို လာကြည့်တာ" လို့ပြောပြီး ဟိုဟိုသည်သည် တစ်ခဏမျှကြည့်ကာ "ဒကာ သင့်လှူဖွယ် ဝတ္ထုတို့သည် များပြားပေစွ။ သို့သော်ကား နှမ်းကြွပ်မုန့်ကား မပါချေ" ဆိုပြီး စိတ္တသူကြွယ် စိတ်ဆင်းရဲအောင် ပြောပါတယ်။ စိတ္တသူကြွယ်တို့ မျိုးရိုးက နှမ်းကြွပ် မုန့်သည်တွေပါ။ "အရှင်သုဓမ္မ အရှင်ကား တစ်ခဏမျှပင်နား၍ ရှုသော်လည်း အကုန်အစင် မြင်တတ်သော ကျီးကန်းနဲ့ တူပါပေတယ်" လို့ စိတ္တသူကြွယ်က ပြန်ပြောလိုက်တဲ့အခါမှာ စိတ်ဆိုးပြီး "ဒီသူကြွယ်ရဲ့ ကျောင်းမှာ ငါမနေဘူး" လို့တွေးပြီး ရာဇဂြိုဟ်က ဘုရားရှင် ဆီသွားပါတယ်။
မိမိဆီကို လာရောက်တဲ့ သုဓမ္မရဟန်းကို ဘုရားရှင်က နှုတ်ခွန်းဆက် စကားပြောကြားပြီး ဘာကြောင့် ရာဇဂြိုဟ်ကို ပြောင်းရွှေ့ခဲ့တာလဲ ဆိုတာကို မေးမြန်းတော်မူပါတယ်။ သုဓမ္မရဟန်းကလည်း ဖြစ်ကြောင်း ကုန်စင် လျှောက်ထားပါတယ်။ ဒီအခါမှာ ဘုရားရှင်က "စိတ္တသူကြွယ်ရဲ့ အပြစ်မဟုတ်၊ သင်ရဲ့ အပြစ်သာ ဖြစ်တယ်။ စိတ္တသူကြွယ်ကို သွားတောင်းပန်ချေ" ဆိုပြီး မိန့်တော်မူခဲ့ပါတယ်။ သုဓမ္မရဟန်း လာတောင်းပန်တာကို စိတ္တသူကြွယ်က သုဓမ္မရဟန်း မာနကျစေလိုတာကြောင့် ခွင့်မလွှတ်ပါဘူး။ ဒီအခါမှာ သုဓမ္မ ရဟန်းက ဘုရားရှင်ဆီပြန်ပြီး လျှောက်ထားရပါတယ်။ ဘုရားရှင်ကလည်း ပြန်သွားပြီး တောင်းပန်ခိုင်းပါတယ်။ ဒီလိုနဲ့ သုံးကြိမ်သုံးခါ သွားလိုက် ပြန်လိုက်လုပ်ပြီးမှ ခွင့်လွှတ်ပေးပါတယ်။ သုဓမ္မရဟန်းလည်း သိပ်မကြာခင်မှာ ရဟန္တာ ဖြစ်သွားခဲ့ပါတယ်။
တစ်ခါမှာလည်းပဲ သောတာပန် အရိယာများဖြစ်တဲ့ ဃောသက သူဌေးကြီးတို့ ဦးဆောင်သော ကောသမ္ဗီမြို့က ဒကာဒကာမတွေဟာ အကျင့်သီလ အင်မတန် စင်ကြယ်ကြတဲ့ ရဟန်းတော်များ အတ္တမာနကို အခြေခံပြီးဖြစ်တဲ့ စိတ်ဝမ်းကွဲပြားမှုကို ပြန်လည် ညီညွတ်စေဖို့အတွက် ဝါတွင်းသုံးလပတ်လုံး ဆွမ်းလောင်းလှူခြင်း မရှိဘဲ ရဟန်းတော်တွေကို အကျပ်ကိုင်ကာ ညီညွတ်စွာ နေထိုင်ကြအောင် ပြုလုပ်ခဲ့ဖူးပါတယ်။
အထက်ပါ ဝတ္ထုတွေကို ထောက်ဆပြီးတော့ သာသနာတော်ကြီး စင်ကြယ်စေဖို့အတွက် အပြုသဘောဆောင်တဲ့ စိတ်ကောင်းစိတ်မြတ်များနဲ့ ဆိုရင် ရဟန်းသံဃာတွေကို ဝေဖန်ရုံမျှမက လိုအပ်ရင် အကျပ်ကိုင်ပြီးတောင် ဆုံးမနိုင်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်။ ရဟန်းသံဃာတွေကို ကောင်းစေလို၍ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုး ပြုလုပ်တာဟာ အပြစ်မရှိသလို ငရဲလည်း မကြီးပါဘူး။ ဒကာဒကာမတွေ အနေနဲ့ ဤကဲ့သို့ ဝေဖန်မှုမျိုးကို ပြုလည်း ပြုလုပ်သင့်ကြပါတယ်။ ဒါမှသာလျှင် သာသနာတော်ကြီးဟာ စင်စင်ကြယ်ကြယ်နဲ့ အဓွန့်ရှည် တည်တံ့နိုင်မှာ ဖြစ်ပါတယ်။
ဒုတိယ ရွှေကျင်သာသနာပိုင် ဘာသာဋီကာကျမ်းပြု အကျော် အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးက 'ဤဝိသာခါဝတ္ထုကို မှတ်ချက်ထား၍ ယခုကာလ၌လည်း သာသနာ သန့်ရှင်းစေလိုသော သဘောဖြင့် မတော်မတဲ့ ပြုကျင့်သူများကို ယဉ်ကျေးစွာ ပြောဆိုတားမြစ်နိုင်၊ ကဲ့ရဲ့ရှုတ်ချနိုင်၏။ ထိုသို့ ကဲ့ရဲ့ရှုတ်ချမှုကြောင့် တစ်စုံတစ်ခုမျှ အပြစ်မရှိချေ' လို့ ဘုရားဥပဒေတော်ကြီး ကျမ်းမှာ ရေးသားတော် မူခဲ့ပါတယ်။ ဒါကြောင့် ရဟန်းသံဃာတွေကို ကောင်းစေ လိုတာကြောင့် အပြုသဘောဆောင်တဲ့ ဝေဖန်မှု ပြုလုပ်ခြင်းကြောင့် အပြစ် မဖြစ်သလို ငရဲလည်းမကြီးဆိုတာ သိမှတ် နားလည်ထားကြရပါမယ်။ ယုတ်မာသော စိတ်နေ သဘောထားနဲ့ အပြစ်မရှိ အပြစ်ရှာပြီး ဆဲဆိုရှုတ်ချ ဝေဖန်တာမျိုးကတော့ အပြစ်ရှိပါတယ်။ ငရဲကြီးပါတယ်။
ရဟန်းသံဃာ သာမဏေများ၏အရိပ်နင်းသူများ အပြစ်ရှိ-မရှိ
(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)
(မေး) ( အရိပ်ကို နင်းခြင်းနှင့် ရှောင်ကွင်းခြင်း)
အရှင်ဘုရား၊ ရဟန်းသံဃာ သာမဏေများတို့ ကဲ့ရဲ့စကား မဆိုပေ။
ရဟန်းသံဃာ သာမဏေများတို့ လမ်းတွင်တွေ့က ဦးခိုက်လေ။
အရိပ်ကိုပင် ဖြတ်ကာမနင်းနဲ့ ရှောင်ကာကွင်းလို့ သွားတော့လေ။
အဲဒါမှ ဗုဒ္ဓဘာသာ ပီသပါတယ်လေ။
ဆိုတဲ့ ကဗျာကို ငယ်ငယ်တုန်းက ရခဲ့ပါတယ်ဘုရား။ ရခဲ့တဲ့အတိုင်းလဲ လိုက်နာပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ရဟန်းသံဃာတော်များရဲ့ အရိပ်ကို ဖြတ်နင်းသွားကြပါတယ်။ ထိုသူတို့အား အပြစ်ရှိ-မရှိ အရိပ်တော်ကို နင်းကောင်း-မနင်းကောင်း ဖြေဆိုတော်မူပါဘုရား။
(ဧရာဝတီတိုင်းသား)
(ဖြေ) အရိပ်နှင့်ပတ်သက်၍ ရုက္ခစ္ဆာယာပန္တပသောတံ နိပ္ပတ္တံ န ကပ္ပတိ-၀ိနယသင်္ဂဟပါဌ် ပါဠိအရ ယင်းသည် ဆာယာကို ၀ိဂြိုဟ်ပြုရန်မှာ ဆာဒတီတိ ဆာယာ၊ သဒ္ဒါကျမ်းအလို ၀ိဂြိုဟ်ဝစနတ် ဖုံးလွှမ်းတတ်သော သဒ္ဒတ္ထမြန်မာ ဝေါဟာရကြောင့် ဆာယာ-ဟု တွင်ချေသည်။ ဤသို့ဆိုသော် အရိပ်က အစဉ်သဖြင့် အထက်ကနေ၍ ဖုံးလွှမ်းသည်ဟု ဆိုရမည်။ ဤအကြောင်းကို သုတနုဇာတ်တော်နှင့် စဉ်းစားသင့်၏။ ငါးရာ့ငါးဆယ် သတ္တနိပါတ် သုတနုဇာတ်၌ ဘုရားလောင်း သုတနုလုလင်သည် မင်းကြီးပေးလိုက်သော သန်လျက်၊ ထီး၊ ခြေနင်းတို့ကို ယူ၍ ပညောင်ပင်စောင့် ဘီလူးထံရောက်လျှင် ဘီလူးက ငါ၏ပိုင်မြေကို သင်နင်း၏။ ဒါကြောင့် သင်သည် ငါ၏အစာမှန်သည်ဟု ဆိုသောအခါ သင့်မြေကို ငါမနင်း၊ ငါ့မြေကိုသာ ငါ နင်းသည်။ သင့်ပညောင်ပင်ရိပ်ကို ငါ မခို၊ ငါ့ထီးရိပ်ကိုသာ ငါ ခိုသည်ဟုဆို၏။ ထိုအခါ သုတနုလုလင်ကို ဆင်ခြေမပြိုင် မတတ်နိုင်သောကြောင့် ဘီလူးက အရှုံးပေးရ၍ ၀န်ချရကြောင်း ဆိုပေသည်။
အကယ်၍ လူ့အောက်က အရိပ်ရှိခဲ့အံ့၊ မြေကိုပင် မနင်းသော်လည်း အရိပ်အတွင်းမှာ လူနေချေလျှင် လုလင်မှာ ဆင်ခြေမရ၍ ဘီလူးက ရှုံး၍ လုလင်က နိုင်သည်ကို ထောက်သော် အရိပ်က အထက်ကနေကြောင်း အရိပ်ကို နင်း၍ မရကြောင်း သိသာသည်။ ထို့ကြောင့် အရိပ်ကို ကွင်းရှောင်၍ သွားခြင်းသည် အထူးရိုသေရာရောက်၍ အရိပ်ကို မလွှဲသာ၍ နင်းမိလျှင် အရိပ်ကို နင်းခြင်း မဟုတ်၊ အရိပ်ခိုခြင်းသာဟု နှလုံးသွင်းလျက် ငြိမ်သက်စွာ ရပ်တံ့ပြီး လက်အုပ်ချီလျက် နေရန်သင့်ပေသည်။
ပြိတ္တာများ တရားထူး ရနိုင် မရနိုင် နှင့် အသုရကာယ် ဟူသည်
(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)
(မေး) (ပြိတ္တာများ တရားထူး ရနိုင် မရနိုင်)
တန်ခိုးကြီးသော အဆင့်မြင့် ပြိတ္တာများ တရားအားထုတ်၊ ဥပုသ်စောင့်၊ တရားနာကြသည်ဟု ကြားဖူးပါသည်။ မဂ်ဖိုလ်ရော ရနိုင်ပါသလား။ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။
(အရှင်သုမန-ပြည်မြို့)
(ဖြေ)
ပြိတ္တာမျိုးတို့တွင် ၀ိနိပါတိက အသုရာ နှင့် ဝေမာနိကပြိတ္တာ ဟူ၍ခေါ်သော စတုမဟာရာဇ် နတ်မျိုးဝင် ပြိတ္တာများသည် အချို့မှာ အပါယ်ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေနေကြသည်။ အချို့မှာ ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေကြသည်။ အချို့မှာ မဂ်ဖိုလ်ရနိုင်ခွင့်ရှိသော ဉာဏ်နှင့်ယှဉ်သော တိဟိတ်ပဋိသန္ဓေစိတ်မျိုးဖြင့် ပဋိသန္ဓေနေကြပါသည်။
အပါယ်ပဋိသန္ဓေစိတ်နှင့် ဉာဏ်နှင့်မယှဉ်သော ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေသော ၀ိနိပါတိက အသုရာနှင့် ဝေမာနိက ပြိတ္တာတို့မှာ မဂ်ဖိုလ်တရားထူးများ မရရှိနိုင်ပါ။ ဉာဏ်နှင့်ယှဉ်သော တိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေသော ၀ိနိပါတိက အသုရာနှင့် ဝေမာနိကပြိတ္တာ တို့မှာမူ တရားနာကြားခွင့်၊ တရားနှလုံးသွင်းခွင့်များ ရခဲ့လျှင် မဂ်ဖိုလ်တရားထူးများ ရရှိနိုင်ပါသည်။
ဥပမာအားဖြင့်-ဓမ္မပဒ၌ လာသော ဝေမာနိကမျိုးဝင် ကာလယက္ခိနီ ဘီလူးမသည် ကလေးမွေးတိုင်း မွေးတိုင်း စားနေသည်။ ထို့နောက် ဘုရားရှင်၏တရား နာရ၍ သောတာပန် တည်လေ၏။ ယက္ခသံယုတ်၌လာသော အာဠာဝက ဘီလူး၊ ပိယင်္ကရမာတာ၊ ပုနပ္ဗသု ဘီလူးများသည်လည်း တရားနာရ၍ မဂ်ဖိုလ်တရားထူးများ ရကြပါသည်။
********************************************************************************
(မေး) (အသုရကာယ် ဟူသည်)
အရှင်ဘုရား၊ ပြိတ္တာကို လူအတော်များများ သိနားလည်ကြသော်လည်း အသုရကာယ်ကို သိနားလည်ခြင်း မရှိပါ။ အသုရကာယ်သည် ပြိတ္တာထက် ပို၍ အဆင့်မြင့်-မမြင့်၊ ဒုက္ခ ပိုသက်သာ-မသက်သာ ၊ အမျှဝေလျှင် ရနိုင်-မရနိုင် နှင့် ၄င်းအကြောင်း သိသင့် သိထိုက်သည်များကို မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။
(ဦးမောင်ဦး-မီးရထား ဆေးပေးခန်း၊ တောင်ငူ)
(ဖြေ)
အမေးရှင်-မေးထားသလို ပြိတ္တာအကြောင်း သိသူတွေ များကြပါသည်။ (ပေတ၀တ္ထုများ ဖတ်ကြည့်ကြပါရန်) အသုရာ၏ အဓိပ္ပါယ်မှာ နတ်များကဲ့သို့ အစိုးရမှု၊ တောက်ပမှု၊ မြူးတူးပျော်ပါးမှုတို့ မရှိသောသတ္တ၀ါဟု စာပေက ဆိုပါသည်။ ဤအဓိပ္ပါယ်မှာ အသုရာအားလုံးကို မခြုံငုံမိဘဲ ဖြစ်နေပါသည်။
ကျမ်းဂန်တို့၌ အသုရာကာယ်သည် နတ်မျိုး၌ ၀င်သော အသုရာ၊ ပြိတ္တာမျိုး၌၀င်သော အသုရာ၊ ငရဲ၌ အကျုံးဝင်သော အသုရာ စသည်ဖြင့် အမျိုးမျိုး ပါဝင်နိုင်သောကြောင့် အသုရကာယ်နှင့် ပတ်သက်၍ နားမလည်ဘဲ ဖြစ်နေကြပါသည်။
(အသုရာ ၅-မျိုး ရှိသည်)
၁။ ဝေပစိတ္တိ အသုရာ (နတ်အသုရာ)
မြင်းမိုရ်တောင်အောက်၌နေသော နတ်အသုရာ၊ တာဝတိံသာနတ်တို့လောက် မရဲရင့် မတောက်ပသော (ဓဇဂ္ဂသုတ်၊ အသုရာ သံယုတ်တို့၌လာသော) သိကြားမင်းနှင့် စစ်ခင်းသည့် ဝေပစိတ္တိ၊ ပဟာရာဒ အစရှိသော အသုရာ နတ်မင်းကြီးတို့ ဖြစ်သည်။
၎င်းအသုရာ နတ်မင်းကြီးတို့သည် တာဝတိံသာ နတ်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ဝေပစိတ္တိ နတ်အသုရာဟု ခေါ်ကြ၏။ တာဝတိံသာနတ်တို့၌ အကျုံးဝင်သော နတ်အသုရာ ဖြစ်သည်။
၂။ ၀ိနိပါတိက အသုရာ (နတ်သေး၊ နတ်မွှား အသုရာ)
သဂါထာဝဂ္ဂ၊ ယက္ခသံယုတ်၌လာသော ဘုမ္မစိုးနတ်ကြီးများကို မှိခိုကပ်ရပ်နေရပြီး တန်ခိုးဣဒ္ဓိပါဒ် နုံ့နဲ့လှသော နတ်ကလေးများကို အထက်နတ်တို့အောက် ယုတ်ညံ့သေးသိမ်ကုန်သောကြောင့် ၀ိနိပါတိကအသုရာဟု ခေါ်ကြ၏။ စတုမာဟာရာဇ်နတ်မျိုး၌ အကြုံးဝင်သောနတ်အသုရာတို့ ဖြစ်၏။
၃။ ဝေမာနိက အသုရာ
ရံခါ နတ်ကဲ့သို့ စည်းစိမ်ခံစားရပြီး ရံခါ ပြိတ္တာကဲ့သို့ ငရဲကဲ့သို့ ဒုက္ခခံစားရသော အသုရာများ ဖြစ်သည်။ ဤဝေမာနိက အသုရာမျိုးမှာ အလွန်တရာ ကျယ်ပြန့်ပါသည်။ ငရဲပြည်က ယမမင်းကြီးများ၊ ပြိတ္တာမျိုးတို့တွင် တန်ခိုးကြီးသော ပြိတ္တာဘုရင်၊ ပြိတ္တာမင်းကြီးများ၊ ငရဲမင်းကြီးများ၊ ငရဲထိန်းများ၊ မိတ္တ၀ိန္ဒကဇာတ်၌ လာသော ပင်လယ်ပြင်၌ ဗိမာန်အမျိုးမျိုးနှင့် ချမ်းသာတလှည့်၊ ဆင်းရဲတလှည့် စံနေရ၊ ခံနေရသော နတ်ပြိတ္တာတို့သည် ဗိမာန်အမျိုးမျိုးနှင့် နေကြသောကြောင့် ဝေမာနိက ပြိတ္တာ အသုရာဟု ခေါ်ကြ၏။ ဝေမာနိက အသုရာတို့သည် စတုမဟာရာဇ်နတ်မျိုး၌ အကြုံးဝင်၏။ (အချို့မှာ တိဟိတ်၊ အချို့မှာ ဒွိဟိတ်၊ အချို့မှာ အဟိတ် ပုဂ္ဂိုလ်ဟု အမျိုးမျိုး ရှိနိုင်၏။)
၎။ လောကန္တရိတ် အသုရာ (ငရဲ အသုရာ)
စကြ၀ဠာ ၃-ခု အဆုံးသတ်နေရာသည် စက်ဝိုင်း ၃-ခုဆုံရာ အကြားအရပ်ကဲ့သို့ ရှိ၏။ အပူရှိန် အလင်းရှောင် မရှိတော့၍ အမှောင်ဆုံး အအေးဆုံး နေရာဖြစ်သည်။ ထိုနေရာကို (လောက+အန္တရ=စကြာဝဠာလောက ၃-ခုတို့၏ အကြားအရပ်) လောကန္တရိတ်ငရဲဟုခေါ်သည်။ ၄င်းနေရာ၌ ဖြစ်ကြကုန်သော သတ္တ၀ါတို့သည် လင်းနို့များကဲ့သို့ စကြာဝဠာနံရံတခုမှ တခုသို့ ပျံသန်း တွယ်ကပ်၍ နေကြကုန်၏။ အစာစားစရာမရှိ၊ တကောင်နှင့် တကောင် အစာအမှတ်ဖြင့် ကိုက်ကြကုန်၏။ ထိုအခါ အလွန်အေးစက်လှသော ရေထဲသို့ ပြုတ်ကျပြီး ဆားခဲရည်ထဲကျသကဲ့သို့ အေးလွန်းသဖြင့် ထိုသတ္တ၀ါများ စိစိညက်ညက် ကြေမွ၍ သေကြရကုန်၏။ ကံမကုန်သမျှ ထပ်ကာထပ်ကာဖြစ်၍ ခံကြရကုန်၏။ ငရဲ၌ အကြုံးဝင်သော အသုရာမျိုးဖြစ်သည်ဟု ဗုဒ္ဓ၀င် အဋ္ဌကထာ၌ လာရှိသည်။
၅။ ပြိတ္တာ အသုရာ
ခန္ဓ၀ိဘင်း အဋ္ဌကထာ၌ ပြိတ္တာအသုရာအဖြစ် ကာလကဉ္စိက အသုရာမျိုးကို ဖော်ပြပါသည်။ ၄င်းပြိတ္တာတို့သည် အလွန်မွတ်သိပ်ဆာလောင်ကြသည်။ တချို့အသုရာတို့သည် ဘုရား နှစ်ဆူ သုံးဆူ ပွင့်သော်လည်း တကြိမ်မျှ မစားမသောက်ကြရကြောင်း သိရသည်။
ကာလကဉ္စိက အသုရာတယောက်သည် ညဥ့်အခါ ရေငတ်သဖြင့် ဂင်္ဂါမြစ်တွင်းသို့ ဆင်းရာ မြစ်ရေများ ခန်းခြောက်ပြီး မီးခိုးများသာ ထလာသောဟူ၏။ တညလုံး ပြေးလွှား၍ ရေရှာသော်လည်း မရရှိဘဲ နံနက်မိုးလင်းသောအခါ ဆွမ်းခံကြွလာသော ရဟန်းသုံးကျိပ်တို့မြင်၍ အကျိုးအကြောင်း မေးမြန်းသိရှိရသော အခါ သဲသောင်ပြင်မှာ ပက်လက်နေစေပြီး ရဟန်းသုံးကျိပ်တို့ သပိတ်ကိုယ်စီဖြင့် ရေခပ်၍ ပါးစပ်ထဲ လောင်းထည့်သော်လည်း လည်ချောင်းတွင်းသို့ ရေ တစက်မျှ မ၀င်ဟု သိရသည်။
အပါယ် ၄-ဘုံ၌ ပါဝင်သော အသုရကာယ်ဟူသည်မှာ ယခု နံပါတ် ၅-အမျိုးအစား ပြိတ္တာအသုရာများနှင့် နံပါတ် ၃-အမျိုးအစား ဝေမာနိက အဟိတ်အသုရာများကို ယူသင့်ပါသည်။ ဒုက္ခပိုကြီး-မကြီးကိုတော့ ဦးမောင်ဦး စဉ်စားနိုင်လောက်ပြီဟု ယူဆပါသည်။ အမျှဝေလို့ သိနိုင်၊ ကြားနိုင်မည်ဆိုလျှင် သာဓုခေါ်၍ ဒုက္ခမှ ကျွတ်လွတ်နိုင်ပါသည်။
(ပရမတ္တသံခိပ် ဋီကာနှင့် သင်္ဂြိုဟ်ဘာသာဋီကာ တို့ကို မှီးပါသည်)။
"ဒေါသဖြစ်လွယ်သည့်အခါ ၆ ပါး"
***********
၁။ ခရီးသွားရာမှ ပြန်လာသော အခိုက်
၂။ ထမင်းစားခါစ အခိုက်
၃။ အိပ်ယာထစ အခိုက်
၎။ ဆာလောင် မွတ်သိပ်နေသော အခိုက်
၅။ ဝေဒနာခံနေရသော အခိုက်
၆။ စိတ်တွင် အငြိုးဖြစ်နေသော အခိုက် (၀ါ) စိတ်တိုနေခိုက်
(သုခမှတ်စု မှ)
Credit To : အနှိုင်းမဲ့စာတိုပေစများ
--
http://www.burmaburo.blogspot.com
Tuesday, 15 July 2014
ဂျူနီယာဝင်း – စာရေးဆရာပြဇာတ်တို့၏ ရွှေခေတ်
June 28, 2014
စာရေးဆရာပြဇာတ်တို့၏ ရွှေခေတ်
ဂျူနီယာဝင်း
ဇွန် ၂၈၊ ၂၀၁၄
The Golden Age of Writers' Theatre
Junior Win ၏ Walking Through The Wonderand ကင်ဒဲယ် အီးဘုတ်မှ The Golden Age of Writers' Theatre ကိုကိုယ်တိုင်ဘာသာပြန်ထားပါသည်။
(၁၉၅၀? လောက်က ကပြခဲ့ကြသော ဒိုင်းခင်ခင်ပြဇာတ်အတွက် အစမ်း ရီဟာဇယ် လေ့ကျင့်နေကြစဉ်။ (၀ဲမှယာ) (ဦး) သုခ၊ ဦးခင်မောင်လတ်၊ (ဒေါ်) ခင်မျိုးချစ်နှင့် (ဒေါ်) မလှသန်း။)
"စာရေးဆရာပြဇာတ်" မြန်မာပြည်မှာ မြန်မာပြည်က စာရေးဆရာတွေ တီထွင်လိုက်တာ ဖြစ်ပါသည်။ သူတို့က ရုပ်ရှင်မင်းသား မင်းသမီးတွေတော့ မဟုတ်ကြပါဘူး။ သို့သော် သူတို့က တကယ့်သရုပ်ဆောင်တွေလိုပဲ သရုပ်ဆောင်ကပြ ကြပါသည်။ စာရေးဆရာ များ၏ပြဇာတ် ပေါ်လာတာ မြန်မာပြည်မှာ ဂျပန်တွေခေတ် ကနေစလာလိုက်တာ ၁၉၅—? အထိကဟုပဲ ခန့်မှန်းပါသည်။ ကျွန်မတို့၏ အဘိုးအဘွားများက စာရေးဆရာများဆိုတော့  အဲသည်ပြဇာတ်ထဲ ပါဝင်ကြတာ အသေအချာပေါ့။
● စာရေးဆရာပြဇာတ် ဘယ်လိုစဖြစ်ပေါ်?
အဲသည်အချိန်အခါတုန်းက မြန်မာစာရေးဆရာများ အဖွဲ့ကနေ ရန်ပုံငွေ အတွက် ပြဇာတ်တစ်ပုဒ်ကဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။ အဖွဲ့ဝင် တွေဟာ ဦးပုည၏နံမယ်ကြီး ပြဇာတ်များအပါအ၀င် မြန်မာပြဇာတ်များစွာကို ရွေးချယ် ကပြကြဖို့ စဉ်းစားခဲ့ကြပါသည်။ (ဦးပုညဆိုတာ မြန်မာ့နံမယ်ကျော် စာရေးဆရာ ကဗျာဆရာကြီးဖြစ်သည်။ ကဗျာတွေလည်းများစွာ ရေးသားခဲ့သူ ဖြစ်သည်။ သူကသမိုင်းဝင် နံမယ်ကျော် စာကြီးပေသားများကို ရေးသားခဲ့သူဖြစ်ပါသည်။ သူရေးသားသော ကဗျာစာကြောင်းများမှာ ရှည်လျားပြီးခက်ခဲလှ၏။ ဘယ်လိုရုပ်ရှင်မင်းသားမင်းသမီးတွေ မှပင် သူ့စာကြောင်းကြီးများကို သံနေသံထား မှန်မှန်ဖြင့် အလွတ်မရွတ်နိုင်ကြပါ။ အင်း….. စာရေးဆရာများကလွဲ လို့ပေါ့။ သည်ထဲမှာ ရုပ်ရှင်သရုပ်ဆောင်လဲ ဟုတ်နေသည့် စာရေးဆရာကြီး ဦးသုခ လို နံမယ်ကျော် စာရေးဆရာ အဆိုတော်ကြီး အတွက် ချွင်းချက်ထားရပေတော့မည် ဖြစ်ပါသည်။)
● စာရေးဆရာပြဇာတ်အတွက် ပြဇာတ်များ
စာရေးဆရာပြဇာတ်ထဲတွင် စာရေးဆရာများက မင်းသား မင်းသမီးများ ဖြစ်လာသည်။ သူတို့ကပြခဲ့သည့် ပြဇာတ်များမှာ ဒိုင်းခင်ခင် (သီပေါမင်း၏ ကြင်ယာတော် အကြောင်းရေးထားသည့် ဇာတ်လမ်း) ပြဇာတ်၊ ၀ိဇယ (မင်းသားအမည်)၊ နတ်သျှင်နောင် (မြန်မာစစ် သည်နှင့်ကဗျာဆရာ အကြောင်းဇာတ်လမ်း) ပြဇာတ်၊ မြ၀တီမင်းကြီးဦးစ (မြန်မာစစ်သည်တော် ပညာတတ် ကဗျာဆရာ အကြောင်း) ပြဇာတ်၊ စသည်စသည်ဖြင့်တို့သည် စာရေးဆရာ ပြဇာတ်များဖြစ်လာကြပါသည်။
(ပုံတွင် စာရေးဆရာကြီး (ဦး) သင်္ခက ဘုရင်အဖြစ်၊ (ဒေါ်)ခင်မျိုးချစ်က ဘုရင်မကြီးအဖြစ် သရုပ်ဆောင်နေကြပုံ။)
● ဘယ်သူတွေက ဘယ်လိုဇာတ်ကောင်တွေ သရုပ်ဆောင်ကြသလဲ?
(ဦး)သင်္ခ (စာရေးဆရာ) က အမြဲတမ်း ဘုရင်လုပ်ကာ ကျွန်မအဘွား (ဒေါ်)ခင်မျိုးချစ်က အမြဲတမ်း ဘုရင်မကြီး လုပ်လေ့ရှိကြပါသည်။ ရွှေညာမောင် (စာရေးဆရာ) က အဓိကသရုပ်ဆောင် လုပ်လေ့ ရှိပါသည်။ မေနွဲ့(သူက စာရေးဆရာမ အရင်ဖြစ်တာဖြစ်ပါတယ်။ နောက်မှ စာရေးဆရာပြဇာတ်ကနေ မင်းသမီးတကယ် ဖြစ်သွားတာပါ။) က အဓိကမင်းသမီး လုပ်ပါသည်။ ဗိုလ်ဗကို (စာရေးဆရာ) ကဒိုင်းခင်ခင် ပြဇာတ်တွင် သီပေါမင်းသား လုပ်ပါသည်။ (ဒေါ်) မလှသန်း (စာရေးဆရာ) က ဒိုင်းခင်ခင် လုပ်ပါသည်။ ဦးချင်းစိန် (စာရေးဆရာ) က နတ်ရှင်နောင် လဲလုပ်ကာ မြ၀တီမင်းကြီးဦးစ လဲလုပ်ပါသည်။ (ဦး) သုခ (စာရေးဆရာ) က ၀ိဇယမင်းသား အဖြစ်လည်းကောင်း၊ မောင် ဖေငယ်အဖြစ်လည်းကောင်း သရုပ်ဆောင်ပါသည်။ သူသရုပ်ဆောင်တဲ့ ၀ိဇယ ဇာတ်ကောင်သည် ဦးသုခအား ဒရာမာ ဇာတ်ကောင်အဖြစ် တွန်းပို့ခဲ့ပါတော့သည်။ ဂျပန်ခေတ်တစ်ခေတ်လုံးမှာ (ဦး)သုခသည် သီချင်းပြဇာတ်များစွာ ထုတ်လုပ်ခဲ့ပါသည်။ ဇ၀န (စာရေးဆရာ)သည် ပြဇာတ်တွေမှာ ဟာသသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ပါသည်။ မေနွဲ့သည် စုဖရားလတ် (သီပေါမင်း၏ အလွန်သ၀န်တိုသော ဇနီးသည် လည်းဟုတ် ဘုရင်မကြီးလဲဟုတ်) အဖြစ်လည်းကောင်း၊ (ဒေါ်) ကြည်မာ(စာရေးဆရာမ) သည် စုဖရားလေး (စုဖရားလတ်၏ ညီမတော်) အဖြစ်လည်းကောင်း သရုပ်ဆောင်ကြကာ ကျွန်မအဘိုးနှင့်အဘွားသည် ဒိုင်းခင်ခင်၏ မိဘများအဖြစ် အမြဲသရုပ်ဆောင်ကြပါလေသည်။
(ကျွန်မအဘွား (ဒေါ်) ခင်မျိုးချစ်အား စာရေးဆရာပြဇာတ်တစ်ခုတွင် မိဖုရားအဖြစ် တွေ့ရပုံ)
● စာရေးဆရာပြဇာတ်တွေ ဘယ်ရုံမှာပြကြသလဲ?
စာရေးဆရာပြဇာတ်တွေသည် မြန်မာပြည်တွင် အလွန်ပရိသတ်စိတ်ဝင်စားကြသော ပြဇာတ်တွေ ဖြစ်ခဲ့ပါသည်။ ၀ဇီ၇ာ ရုပ်ရှင်ရုံ မှာ ကပြခဲ့ကြသည်။ သူတို့၏ စာဖတ်ပရိသတ်များကလည်း သူတို့အသည်းစွဲ စာရေးဆရာများ ၏သရုပ်ဆောင်မူများကို တွေ့မြင်ရမှာမို့ အလွန်နှစ်သက်ကြကာ ဦးပုည၏ ကြီးကျယ်ခန်းနားသော ဂန္ဓ၀င်မြောက်စာသားများကို နားနှင့် ဆတ်ဆတ်ကြားလိုလှလေသည်။ မြန်မာလူမျိုးတွေဆိုတာ ဂီတာတို့ အကတို့ သီချင်းတို့နှစ်သက်သူများ မဟုတ်ပါလော။
(မေမေကြီး (ဒေါ်) ခင်မျိုးချစ်ကို စာရေးဆရာပြဇာတ် ဒိုင်းခင်ခင်ပြဇာတ်တွင်း တကယ်သရုပ်ဆောင်ဖို့ ရိုက်ထားပုံ။)
ဝမ်းနည်းစရာကောင်းတာကတော့ ရှားပါးဓါတ်ပုံများကလွဲပြီး ဘာမှတ်တမ်းမှ မကျန်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုခေတ်လို ဒစ်၈ျစ်တယ် ဟမ်းဖုန်းခေတ် သာဆိုပါရင် ထိုမှတ်တမ်းမှတ်ရာများသည် ယနေ့ခေတ်အတွက်တော့ ဂန္ဓ၀င်မြောက် စာရေးဆရာပြဇာတ် ရွှေခေတ်တစ် ခေတ်ကို လှစ်ဟပြသ လျက်ရှိနေတော့မည်မှာ သေချာပါသည်။
4 Responses to ဂျူနီယာဝင်း – စာရေးဆရာပြဇာတ်တို့၏ ရွှေခေတ်
  1. Htin Aung on June 28, 2014 at 7:19 pm
    သမီးရေ
    စာရေးဆရာတွေကတဲ့ပြဇာတ်ကိုဖတ်ရတော့ငယ်ငယ်ကကြည့်ခဲ့ဘူးတဲ့၊ပန်းဆိုးတန်းကဝင်းဝင်းရုံဆိုတာကိုသတိ ရမိပြန်တယ်။ပြဇာတ်အားလုံးကဒီရုံမှာကတာပါ။ဝဇီရာရုံဆိုတာက excelsior ဆိုတဲ့ရုပ်ရှင်ရုံကိုဆိုရှယ်လစ်ခေတ်ကအမည်ပြောင်းလိုက်တာပါ။စစ်အစိုးရခေတ်မှာပြဇာတ်ကပါသေးတယ်။သမီးရေးတာမှားနေတယ်ထင်လို့ ပါ။ ဝင်းဝင်းရုံမှာနံမည်ကျော်ငယ်ကျွမ်းဆွေပြဇာတ်ကခဲ့တာပေါ့။
  2. Ba Ba Gyi on June 29, 2014 at 5:56 am
    (ပုံတွင် စာရေးဆရာကြီး (ဦး) သင်္ခက ဘုရင်အဖြစ်၊ (ဒေါ်)ခင်မျိုးချစ်က ဘုရင်မကြီးအဖြစ် သရုပ်ဆောင်နေကြပုံ။)
    (ဦး)သင်္ခ (စာရေးဆရာ) က အမြဲတမ်း ဘုရင်လုပ်ကာ ကျွန်မအဘွား (ဒေါ်)ခင်မျိုးချစ်က အမြဲတမ်း ဘုရင်မကြီး လုပ်လေ့ရှိကြပါသည်။
    (ကျွန်မအဘွား (ဒေါ်) ခင်မျိုးချစ်အား စာရေးဆရာပြဇာတ်တစ်ခုတွင် မိဖုရားအဖြစ် တွေ့ရပုံ)
    ဘယ်လိုလုပ်လိုက်တာလဲဒေါ်ဂျူနီယာဝင်းရယ်၊ တနေရာမှာ မိဖုယားရေးလိုက် နောက်တနေရာမှာ ဘုရင်မကြီးရေးလိုက်နဲ့။ မြန်မာ့သမိုင်းတခုလုံးမှာ ပန်ထွာဘုရင်မနဲ့ဘုရင်မကြီးရှင်စောပုဆိုတဲ့ queen regnal ဘုရင်မနှစ်ပါးဘဲရှိခဲ့ပါတယ်။ ကျန်တဲ့ queen တွေက "ဘုရင်ကတော်" မိဖုရားတွေပါ။ ဒါကြောင့်မြန်မာဇာတ်သဘင်တွေမှာ ဘုရင်နဲ့မိဖုယား ဇာတ်တွေသာကလေ့ရှိပြီး ပြဇာတ်တခုမှာ မင်းသားနဲ့မင်းသမီး ဘုရင်အဖြစ် ဘုရင်မကြီးအဖြစ် ယှဉ်တွဲသရုပ်ဆောင်လေ့မရှိကြောင်းပါခင်ဗျား။ ဘုရင့်ဘေးကထိုင်နေသူဟာ "ဘုရင်ကတော်" မိဖုရားခေါင်ကြီး (ဝါ) နန်းမတော်ကြီး၊ တနည်းအားဖြင့်တောင်နန်းစံမိဖုယား သာဖြစ်ပါတယ်။
  3. Dr. Maung Maung Gyi on June 29, 2014 at 6:28 am
    (၁) ကျောက်တုံးကျောက်ခဲကိုလက်နက်၊ လူသုံးပစ္စည်းအဖြစ်သုံးတဲ့ခေတ်ကို ကျောက်ခေတ်လို့ခေါ်ပါတယ်။ အင်္ဂလိပ်လို stone age ပါ။
    (၂) ကြေးကိုလက်နက်၊ လူသုံးပစ္စည်းအဖြစ်သုံးတဲ့ခေတ်ကို ကြေးခေတ်လို့ခေါ်ပါတယ်။ အင်္ဂလိပ်လို bronze age ပါ။
    (၃)သံကိုလက်နက်၊ လူသုံးပစ္စည်းအဖြစ်သုံးတဲ့ခေတ်ကိုသံခေတ်လို့ခေါ်ပါတယ်။ အင်္ဂလိပ်လို iron age ပါ။
    အခုရွှေခေတ်လို့သုံးထားလိုက်တော့ ရွှေကိုလက်နက်၊ လူသုံးပစ္စည်းအဖြစ်သုံးတဲ့ခေတ်ဖြစ်သွားလို့လား။
    Golden age ကိုမြန်မာလို "ခေတ်ကောင်းချိန်"၊ "စမ်းပွင့်ချိန်" စသည်ဖြင့်ဆီလျော်အောင် ဘာသာပြန်လေ့ရှိပါတယ်။ gold (ရွှေ) ပါစေချင်ရင်လည်း "ရွှေထီးဆောင်းခဲ့တဲ့ကာလ" ဆိုတာက
  4. "ရွှေခေတ်"ဆိုတာထက်ပိုပြီးမြန်မာဆန်ပါလိမ့်မယ်။
  5. Maung Aung Khine on June 29, 2014 at 5: 31 pm ဆရာမောင်ခင်မင်( မြန်မာစာပါမောက္ခဦးခင်အေး)က အပြောသုံးစကားနှင့် စာသုံးစကား ကွဲပြားပုံကို "စာစကားနဲ့ အပြောစကားကို သူနေရာနဲ့သူခွဲခြားသုံးလို့လည်းရတယ်။ တစ်မျိုး တည်း တောက်လျှောက်သုံးလို့လည်းရတယ်။ နှစ်မျိုးရောသုံးရင်တော့ ရှေ့နောက်မညီညွတ်ဘူး"ဟု "မြန်မာစာ မြန်မာစကား" ဆောင်းပါးတွင်ရေးထားပါသည်။
    ဆရာမ၏ဆောင်းပါးတွင် အပြောသုံးစကားနှင့် စာသုံးစကား ရောနေသည်ဟုထင်ပါသည်။ ဤသို့ထောက်ပြမိသည့်အတွက် ကျွန်တော်အားခွင့်လွှတ်ပါရန်လည်း ကြိုတင်တောင်းပန်အပ်ပါသည်
--
http://www.burmaburo.blogspot.com
Sunday, 1 June 2014
ယနေ့ခေတ်ဆုံးမစာများ
ယနေ့ခေတ်တွင်လည်း ဆုံးမစာများကို အသုံးပြုနေဆဲပင်ဖြစ်သည်။
 ဥပမာ-"ဟွာဝေးတရုတ်ဖုန်း အစုတ်ဆုံး နောင်တရမယ် တစ်သက်လုံး"၊
"MPT သုံးလျှင် သတိယှဉ် စိတ်ရှည်ဇွဲလှ လိုင်းမရ" ဟူသောဆုံးမစာများကို ခေတ်နှင့်အညီ ထွက်ပေါ်လာသည်။ ထို့ကြောင့် မြန်မာမှု မြန်မာ့ဓလေ့
ဆုံးမစာများကို ခေတ်အလိုက် ရှင်သန်နေစေရန် ရည်ရွယ်၍ အသိအလိမ္မာတိုးပွားစေရန် လက်လှမ်းမီသမျှစုစည်းဖော်ပြရသော်-
၁။ အိမ်ထောင်မှု ဘုရားတည် တက်တူးရယ် အမတ်မင်းလို ခက်တယ်ကွယ်
၂။ အမြန်လမ်းသုံး သတိထုံး ၁၀၀ ကျော်ရင် ဂျွမ်းပစ်ဦး
၃။ ကားကြပ်ရှောင်ကာ လမ်းကြောင်းသာ မြေပုံသိမှ ရောက်နိုင်တာ
၎။ ရှေ့ပြောနောက်ကြည့်သတိရှိ ဖွဘုတ်ပေါ်မှာ လူတွေသိ
၅။ အုပ်ချုပ်ရေးမှူးမကိုးကွယ် ဖုန်းတွေပေးမှ နာလိမ့်မယ်
၆။ လမ်းကြေးတောင်းလျှင် သတိယှဉ် ပါးရိုက်ခံမှ အမှန်မြင်
၇။ နာမည်ကြီးချင် ပါးရိုက်သင်
၈။ ဖွတ်ကိုလည်းမချော့နှင့် မွတ်ကိုလည်း မပေါ့နှင့်
၉။ အရက်ကောင်းသောက်ချင် တောကိုဝင်
၁၀။ MPT ရဲ့ ကျေးဇူးမဟာ မာဆတ်ရောက်မှ သိနိုင်တာ
၁၁။ လိုင်းကားလိုသတ္တိဖြင့် ဘဝခရီးကိုရှေ့ဆက်ပါ
၁၂။ ကျူပင်ခုတ်ကျူငုတ်မကျန် တောကိုခုတ်အမြစ်မချန်
၁၃။ ထောင်ကျမှလူရာဝင် စာမတတ်မှအကောင်ထင်
ဟူသတတ်။
--
http://www.burmaburo.blogspot.com
Tuesday, 20 May 2014
မင်းဂွတ်သီးအကြောင်း သိကောင်းစရာ (၂)
မြတ်ဆွေ (ဆန်ဖရန်စစ္စကို)
မေ ၁၄၊ ၂၀၁၄
သံပုရာရည် ယေဘုယျအားဖြင့် ကင်ဆာဆဲလ်ကြိုက်တဲ့ အချဉ်ဓာတ်လို့ထင်ရပေမယ့် သူ့ ကိုသောက်ပြီး ၀မ်းထဲရောက်သွားရင် အဖန် (Alkaline) ဓာတ်အဖြစ် ပြောင်းသွားတဲ့အတွက် သောက်သုံးသင့်ပါတယ်။
သတိရတိုင်းအသက်ပြင်းပြင်း ရှုခြင်းအားဖြင့် ဆဲလ်များ အောက်စီဂျင် ပိုမိုရရှိ၍ သန်မာကောင်းမွန်တဲ့ဆဲလ်က ကင်ဆာကိုမဖြစ်စေ မကြီး ထွားစေပါဘူးတဲ့။ သွေးက အောက်စီဂျင်ကို ပိုမိုသယ်ဆောင်ပေးနိုင်အောင် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလည်းလုပ်ပေးသင့်ပါတယ်။
ကျနော့်ညီမငယ်က ကျနော်ပြောနဲ့ မပြီး website ကိုယ်တိုင်ရှာဖွေဖတ်ရှုပြီး သာမန်လူတိုင်း နေ့စဉ်စား အစားအစာအတွက်ဖြည့်စွက် စားသင့်တဲ့အစာတစ်ခု (Food supplement) အနေနဲ့  စားသင့်တယ်လို့ယူဆပြီး သူတို့လင်မယားနှစ်ယောက်စလုံး နေ့စဉ် ဇွန်းသေး တစ်ဇွန်း စာ စားနေသတဲ့။
သူတွေ့ရှိရတဲ့ထူးခြားချက်ကတော့သူ ကြာရှည်ခံစားလာခဲ့ရတဲ့ nasosinus အမြဲနှာ ပိတ်တတ်လို့ညစဉ် မအိပ်ခင် nasal spray မထည့်ရင် နှာခေါင်းပိတ်အသက်ရှုခက်လို့ အိပ်မရဖြစ်တဲ့ဟာ အခု မင်းဂွတ်စားရကနေ nasal spray ထည့်ရန် လုံးဝမလိုတော့ပါဘူးတဲ့။
ကျနော့်နည်းတူ မင်း၈ွတ်သီးစားပြီး ၄ လမှာဆေးစစ်တော့ ခါးရိုးမှာ မတွေ့တော့ဘဲ အခြားနေရာမှာလဲ သေးငယ်သွားသတဲ့။ အခု (၅) လအကြာမှာ 70% လောက်ကောင်းလာပြီလို့သိရပါတယ်။
တစ်ချို့က chemo treatment အတွက်စားတဲ့ဆေးနဲ့ မတည့်မှာစိုးသတဲ့။
သုတေသီတွေ့ရှိချက် မင်းဂွတ်သီးကောင်းကျိုးထဲမှာ Pansystemic synergistic effect ရှိတယ်လို့ပါပါတယ်။ တခြားဆေးတို့ရဲ့အာနိ သင်ကို ပိုမိုကောင်းစေအောင် အပြန်အလှန် အကျိုးပြုစေတဲ့အဓိပ္ပာယ် ရပါတယ်။
အခုလတ်တလော ကျနော့်ညီဝမ်းကွဲ တစ်ယောက်ကလည်း ရန်ကုန်မှာ အသည်းကင်ဆာဖြစ်လို့စင်ကာပူမှာ သွားခွဲထုတ်လုပ်ပြီးအခု (၆) နျစ်အကြာမှာ ညာဘက်ဂျိုင်းကြားနဲ့ အဆုတ် အရိုးကို ပြန့် ပြီး အဆင့် (၄) ဆိုတော့ ဆရာဝန်က လက်လျော့တဲ့အပိုင်းရောက်နေပြီ။ ဂျိုင်းကြားမှာ 7cm လောက်ကင်ဆာအကျိတ်ကြီးဖြစ်နေပြီး တင်းမာနေပြီး ပူနေသတဲ့။ ညအိပ်ရင်လဲ ကိုက်ကိုက်နေသတဲ့။ ကျွန်တော်ပြော တဲ့အတိုင်း မင်းဂွတ်သီးလုပ်စားတာ ရက်ပိုင်းပဲရှိသေးတယ်၊ တင်းမာတဲ့နေရာကလည်း ပျော့သွားပြီး ပူလည်းမပူတော့ဘူး၊ ကိုက်လဲ မကိုက်တော့ဘူးတဲ့။
နောက်တစ်ဦးကတော့ မအူပင်မှာနေတဲ့ ကျွန်တော့်ငယ်သူငယ်ချင်း ဆီးကျိတ်ကြီးပြီး PSA 15.7 ရှိသတဲ့။ အသားစယူတော့ ကင်ဆာဆဲလ် မတွေ့ တော့ဘူး။ ကျွန်တော်ပြောတဲ့အတိုင်း မင်းဂွတ်သီးစားလိုက်တော့ တစ်လကျော်မှာ သွေးပြန်စစ်တာ PSA 9 အထိကျသွားသတဲ့။ သူ့ မှာထူးခြားစွားအကျိုးခံစားရတာကတော့ သူ့ မှာ လေးဖက်နာ (Gouty Arthritis ) ရောဂါ ရှိပြီး ဒူးနာလို့လှေခါးတက်ရင် ဘယ်ညာတစ်ထစ်ခြင်း လှမ်းမတက် နိုင်တာ ခု မင်းဂွတ်သီးစားပြီး ဒူးနာ သက်သာလာပြီး လှေခါးလည်း ဘယ်ညာတစ်ထစ်ခြင်းတက်လာနိုင်သတဲ့။
ကျနော့်ဆောင်းပါးကို email ကနေ ပျံ့ နှံ့ နေပြီဖြစ်လို့ဖတ်ရှုပြီး မှီဝဲသုံးဆောင်နေသူများမှ ကျေးဇူးတင်ကြောင်း ဆက်သွယ်လာသူ အ တော်များပြီ။
အမေရိကန် နယူယောက်မြို့ က ဦးဆွေနန်း ဒေါ်ရီတို့လင်မယားနှစ်ဦး နေ့စဉ်မှီဝဲနေသတဲ့။ ယောက်ျားမှာ atrial fibrillation abnormal rhythm  နှလုံးရောဂါခံစားနေရတာ (၅)နှစ်ရှိပြီတဲ့။ နှလုံးလျှပ်စီးကြောင်းမမှန်လို့နှလုံးခုန်နှုန်း (cardiography)ဆွဲတိုင်း ပုံမှန်မရှိပါဘူးတဲ့။ ဆရာဝန်က နှလုံးမှ ဘတ်ထရီထည့်ရမယ်လို့ပြောနေတာ သူတို့က ခွဲစိတ်ရမှာကို ကြောက်နေလို့အချိန်ဆွဲရင်း ဝေဒနာခံစားနေရတာ ကြာပြီတဲ့။
ခု မင်းဂွတ်သီး မှီဝဲပြီး သုံးပတ်အကြာမှာ ပုံမှန်ဆေးစစ်ချိန်နဲ့ ကိုက်နေ၍ နယူးယောက်က ဒေါက်တာနိုင်သူလင်း ဆေးခန်းမှာ နှလုံးခုန်နှုန်း (cardiography) ဆွဲတော့ ပုံမှန်ဖြစ်နေသတဲ့။ ဆရာဝန်က မသင်္ကကာတာနဲ့ ထပ်တစ်ကြိမ်ပြန်တိုင်းတော့လဲ ပုံမှန်ဖြစ်နေသတဲ့။ မိန်းမ လုပ်သူက သတိဝင်လာပြီး (ဟေ့ ဒါငါတို့မင်းဂွတ်သီးစားတဲ့အကျိုးပဲလို့ပြောတော့ ဆရာဝန်တောင် စိတ်ဝင်စားလာလို့ သူ့ ကို အဲဒီဆောင်းပါး email ပို့ပေးပါဦး ပြောသတဲ့။
သူတို့လဲ အားရ၀မ်းသာနဲ့ အိမ်ပြန်ရောက်ရောက်ချင်း ကျနော့်ကို ဖုန်းဆက်ပြီး ကျေးဇူးတင်ကြောင်းပြောလာတယ်။ ကျနော့်ဆောင်းပါးကို ကျနော့်ညီမရင်းလို ခင်မင်တဲ့ နယူးယောက်က nuclear medicine ဋ္ဌာနမှူး ဒေါက်တာ သင်းသင်းကြည် ဆီက ရပြီးထဲက သူတို့လုပ်စားလာကြတာတဲ့။
နောက်နှစ်လ ထပ်ဆေးစစ်လို့ဒီတိုင်းပုံမှန်ဖြစ်မည်ဆိုလျှင် ကျနော့်ဆောင်းပါးထဲ ထည့်ရေးနိုင်ပြီလို့ပြောလာတယ်။ ကျွန်တော်က နောက်နှစ်လ မစောင့်နိုင်တော့ဘူး။ ဘေးထွက်ဆိုးကျိုးမရှိတဲ့အတွက် လူနာတစ်ယောက် နှစ်လကြိုပြီး သက်သာရာရရင်လဲ မနည်းဘူး။ နှစ်လအတွင်းမှာလဲ နှလုံးရောဂါသမားများစွာ အသက်ပါသွားနိုင်ပါတယ်။ ကိုယ်လိမ်ညာဇာတ်ဆင်ရေးတာလည်းမဟုတ် တကယ့်ဆေး ခန်းမှတ်တမ်းလည်း ရှိနေတဲ့ဟာဆိုပြီး ခုထည့်ရေးရခြင်းဖြစ်ပါတယ်။ ဦးဆွေနန်းက လမ်းလျှောက်ရင်လဲ သိသိသာသာ အရင်လောက် နွမ်းနယ်နုံးချိ မောပန်းခြင်း မရှိဘူးတဲ့။ သူ့ ကိုယ်တွေ့ ခံစားချက်ကို အားရ၀မ်းသာ ကျေးဇူးတင်စကား ပြောလာပါတယ်။
ဒေါ်ရီက အရင်ထဲကတစ်ခါ မင်းဂွတ်သီးအကြောင်း မြန်မာပြည်က ဆောင်းပါးတစ်စောင် သူဖတ်ဖူးလို့ပြုတ်သောက်ဖူးပါသတဲ့။ သောက်ရတာ အ၀င်လည်းဆိုး အာနိသင်လဲ မတွေ့ တော့လို့မသောက်ဖြစ်တော့တာတဲ့။ ခုကျနော့်နည်းကျတော့ နည်းနည်းပဲကော်ပြီး ဆေးမျိုးသလိုမျိုတော့ စားရတာလွယ်လည်းလွယ် အကျိုးသက်ရောက်မှုကလည်း သိပ်သိသာသတဲ့။
ဟုတ်ပါတယ်။ သုတေသီတွေရဲ့ သတိပေးချက်မှာ အပူပေးအခြောက်ခံခြင်း နေလှမ်းအခြောက်ခံခြင်း လေမှုတ်အခြောက်ခံ စတဲ့အ ခြောက်ခံနည်းများကြောင့် သူ့ ပင်ကိုယ်အာနိသင် ၁၀%ကနေ ၉၀%ထိ ကျဆင်းသွားနိုင်ပါသတဲ့။ ၁၀%ကျရင်တော့ တော်သေးတာပေါ့ ၉၀%ကျသွားရင်တော့ အချည်းနှီးပဲ။
သူတို့မိတ်ဆွေတစ်ဦးကလည်း သူတို့ညွှန်းလို့ပန်းနာရင်ကျပ် သိသာစွာသက်သာကြောင်း ပြောပြပါတယ်။
ဟုတ်ပါတယ် ကျွန်တော်ကိုယ်တိုင်လည်း ပန်းနာရင်ကြပ် သက်သာတာ မရေးမိသေးဘူး။
ကျွန်တော်ဒီမှာ မြန်မာဂဇက်ကို ဒီဆောင်းပါးထည့်ဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော်ဆရာဝန်လဲ မဟုတ်ဘူးပြောခံရပြီး မထည့်ပေးပါဘူး။ မန္တလေးဂဇက်ကတော့ လုံးဝ မတုံ့ ပြန်ပါဘူး။
စောင့်ကြည့်စာစောင်နဲ့ မိုးမခစာစောင်ကို ပို့ ပေးတဲ့ဆရာတော် အရှင်ရာဇိန္ဒ(ရဝေနွယ်)ကိုတော့ ကျွန်တော်သာမက စာဖတ်ပရိတ်သတ်များ ကပါ ကျေးဇူးတင်မှာပါ။ လူသားအကျိုးပြုစာစောင်ဖြစ်ပါစေ။
ကျနော့်ဘ၀မှာ ဒီဆောင်းပါးကြောင်း လူသားတွေကို အကျိုးပြုနိုင်တဲ့ ပီတိထက်ပိုတဲ့ ပီတိမရှိနိုင်တော့ပါဘူး။
ကျနော့်ဆောင်းပါးကိုဖတ်တဲ့ ဆရာဝန် ကျနော့်အစ်ကိုရင်းနှစ်ယောက် ဆရာဝန်မရီးနဲ့ ဆရာဝန်ယောက်ဖ သူတို့သူငယ်ချင်း ဆရာဝန်တွေက ဖတ်ပြီး very informative လို့မှတ်ချက်ချယုံသာမက တချို့ ဆရာဝန်များက ကိုယ်တိုင်လုပ်စားမယ်လို့တောင် ပြောပါတယ်။
UK မှာနေတဲ့ ကျနော့်အစ်ကိုကြီး မျက်စိခွဲစိပ်ဆရာဝန်ကြီး ဒေါက်တာမြတ်လွင်ကလည်း နေ့စဉ်စားသုံးပါသတဲ့။
ဒီဖြစ်ရပ်တွေရဲ့ ကာယကံရှင်တချို့ရဲ့ နာမည်ရင်းအတိအကျဖော်ပြချင်ပေမယ့် ကာယကံရှင်တွေရဲ့ ခွင့်ပြုချက်မရဘဲ မဖော်ပြလိုတာတကြောင်း ခွင့်ပြုချက်တောင်းရင်လဲ ကျနော့်မျက်နှာနဲ့ မပေးချင်ဘဲ ပေးရရင်လဲ မကောင်းသဖြင့် သမ္မ၀ါစာဖြစ်အောင် နေရပါတယ်။
မင်းဂွတ်သီးကောင်းကျိုးအာနိသင် (၃၄) မျိုးလောက်ရှိပါတယ်။ နောက်ထပ်ရေးသားဖော်ပြပါမယ်။
မင်းဟာက အာနိသင် (၃၄) မျိုးတောင်ဆိုတော့ မလွန်လွန်းဘူးလားလို့မေးစရာရှိပါတယ်။
ဆီးချို သွေးကြောအဆီပိတ် သွေးတိုး နှလုံးရောဂါစသော ရောဂါအတော်များများက တစ်ခုနဲ့ တစ်ခု ဆက်နွယ်ဆက်စပ်နေပါတယ်။ ယခုထက်ထိ သူ့ ရဲ့ ဘေးထွက်းဆိုးကျိုးကို သုတေသီများ မတွေ့ ရှိရသေးပါ။
ဒီဖြစ်ရပ်အားလုံးက ဖြစ်ရပ်မှန်တွေမို့ ကိုယ်နဲ့ နီးစပ်ရာလူသားမှန်သမျှ အထိုက်အလျောက် အကျိုးပြုနိုင်မယ်ထင်လို့ဒီဆောင်းပါးကို ရေးရခြင်းဖြစ်ပါတယ်။
Website တွေမှာ လူတကာဖတ်နိုင်ကြပေမယ့် ကျွန်တော်လုပ်စားသလို သူ့ အာနိသင်မပျက်အောင် ထိုးထွင်းကြံဆလုပ်ဆောင်နိုင်အောင် ဥာဏ်ဖြစ်စေတဲ့ကျေးဇူးကတော့ နေ့စဉ်
တရားရှုမှတ်တဲ့အလေ့အကျင့်ကြောင့်ပဲလို့ခံယူပါတယ်။
ဒီလိုလုပ်ဖြစ်စေတဲ့ မူလလက်ဦးဆရာ ဦးဘခင်ရပ်သာနဲ့ ဆရာ ဦးတင်ရီ ဆရာဦးဘဘိုးရိပ်သာကို ပို့ ပေးခဲ့တဲ့ အစ်ကိုကြီး ဦးစိုးပိုင်(ယခင် ဆေးကုန်သွယ်) ၊ အမေရိကန်ရောက်ပြီး လက်ဦးဆရာ ဆရာတော်ကြီး ဦးသီလနန္ဒာနှင့်တကွ အမေရိကန်ကြွလာပြီး ကျွန်တော်သိကျွမ်းခွင့်ရ၍ နည်းများမဆို တရားဓမ္မပညာ ဆည်းပူးခွင့်ရတဲ့အတွက် ဆရာတော်များအားလုံးကိုလည်း ဒီဆောင်းပါးနဲ့ ဂါရ၀ပြုပါတယ်။
စာဖတ်ပရိတ်သတ်ကြီးကိုလည်း ၀ိပဿနာတရား မှန်မှန်ရှုပွားနိုင်ကြပါစေ၊ မလုပ်ဖြစ်သေးသူများလည်း လုပ်ဖြစ်အောင် ကြိုးစားကြပါလို့ ဒီနေရာကနေ တိုက်တွန်းနှိုးဆော်ပါရစေ…။
Categories: ,