Wednesday, 12 June 2013
Thursday, 23 May 2013
PDP'S CONCERNING ON THE SECTARIAN CRISIS
|
--
http://www.burmaburo.blogspot.com
Monday, 8 April 2013
Echo (ပဲ့ တင်သံ)
ပဲ့တင်သံ
- ၉၆၉ အပေါ် ဆရာတော်များ၏သုံးသပ်ချက်
--Voice
၅, ၄ , ၂၀၁၃
- မိတ္ထီလာအပါအဝင် လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများမှာ ၉၆၉ နှင့် ပတ်သက်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဆရာတော် အရှင်ကုသလသာမိ၊ ပဲခူးမြို့ အောင်ဇေယျာ စာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးသာသနသိရီတို့နှင့် တွေ့ဆုံကာ ၉၆၉ ပေါ်ပေါက်လာပုံနှင့် ၉၆၉ အပေါ် ဆရာတော်ကြီးများ၏ အမြင်ကို တွေ့ဆုံမေးမြန်း ထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
-----------------------------------------------
ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံခြင်း
Voice ။ ။ အခုဖြစ်နေတဲ့ ပဋိပက္ခ တွေ မှာ ၉၆၉ နဲ့ ပတ်သက်မှုရှိတယ်လို့ တချို့သော သူတွေက သံသယဖြစ်နေကြတယ်။ အဲဒီအပေါ်မှာ ဆရာတော်အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။
- ဆရာတော် ။ ။ ၉၆၉ က ဘုရားဂုဏ်တော် ကိုးပါး၊ ဓမ္မဂုဏ်တော်ခြောက်ပါး၊ သံဃာ ဂုဏ်တော်ကိုးပါး ရတနာသုံးပါးကို ရည်ရွယ် ပြီးတော့ သင်္ကေတေပြုထားတာ။ အဓိကရုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး။ မိတ္ထီလာ မြို့ကို ၉၆၉ လှည့်လည်ဟောပြောတဲ့အဖွဲ့ တစ်ဖွဲ့မှ ရောက်မလာဘူး။ ၉၆၉ လည်း တစ်ရွက်မှ မရောက်ဘူး။ ၉၆၉ အဖွဲ့ ရောက်တဲ့ နေရာတိုင်းမှာ ဘာအဓိကရုဏ်းမှ မဖြစ်ဘူး။ မန္တလေးဆိုရင် မောင်တော အဓိကရုဏ်း ကတည်းကိုက သွေးကြွနေတဲ့ သူတွေ၊ နိုင်ငံရေးသမားတွေ ပါတယ်။ ဦးပဉ္စင်းဆီကို လာကြတယ်။ ဒါပေမဲ့ ဦးပဉ္စင်း ထိန်းနိုင်ခဲ့တယ်။ မိတ္ထီလာမှာဖြစ်တယ်၊ မန္တလေးမှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ပေါက်ဖွားရာနေရာ မော်လမြိုင်မှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ကူးစက်သွားတဲ့ သံတွဲဘာမှမဖြစ်ဘူး။ အခြားမြို့နယ်တွေမှာပါ ဘာမှမဖြစ်ဘူး။ ပဲခူးမှာ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေဆိုရင်လည်း ၉၆၉ နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ မရောက်ဘူး။ လုံးဝအချိတ်အဆက် မရှိဘူး။ အဆက်အသွယ် လုံးဝမရှိဘူး။ ၉၆၉ ဥပဒေ ကိုသာ လိုက်နာမယ်ဆိုရင် ဘာအဓိကရုဏ်း မှ မဖြစ်ဘူး။ ဦးပဉ္စင်း ရဲရဲ အာမခံရဲတယ်။ ၉၆၉ ကို တရားခံအဖြစ် လုပ်နေတာဟာ လူကို မဖော်ထုတ်နိုင်လို့ အပြစ် မရှိတဲ့သူကို ထုထောင်းပြီး တရားခံပါလို့ အတင်းဝန်ခံ ခိုင်းသလိုမျိုး ဖြစ်နေတယ်။ အခုလည်း မိတ္ထီလာပဋိပက္ခမှာ တကယ်အပြစ်ရှိတဲ့ သူကို မဖော်ထုတ်နိုင်တဲ့အခါ အပြစ်မရှိတဲ့ ၉၆၉ ကို ထုထောင်း ရိုက်နှက်နေတယ်လို့ ခံစားမိပါတယ်။ "၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်"
Voice ။ ။ တချို့ကလည်း ၉၆၉ က ၇၈၆ ကို တုံ့ပြန်တဲ့အနေနဲ့ လုပ်တယ်လို့ လည်း သတင်းတွေထွက်နေတယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုမြင်ပါလဲဘုရား။
- ဆရာတော်။ ။ ၇၈၆ ကို တုပြီးပေါ်လာတဲ့ ဂဏန်းသုံးလုံးပါ။ ကိန်းဂဏန်းအားဖြင့် တော့ ၇၈၆ က သာတယ်။ ဒါပေမဲ့ ဦးပဉ္စင်းတို့ အခုလုပ်နေတဲ့ မူဝါဒတွေ၊ ဟောပြောနေတာ တွေက ဦးပဉ္စင်းတို့မှာ ကိုယ်ပိုင် အိုင်ဒီယာ ဘာမှမရှိဘူး။ မွတ်ဆလင်တွေ လုပ်တဲ့အတိုင်းပဲ လိုက်လုပ်နေရတာ။ ပြောရမယ်ဆိုရင် ခံစစ်နဲ့ လုပ်နေရတာ၊ တိုက်စစ်တစ်ခုမှ လုပ်တာမရှိသေးဘူး။ သူတို့က သူတို့ဆိုင်အချင်းချင်း ဈေးဝယ် ရမယ်လို့ ကန့်သတ်လို့ ဦးပဉ္စင်းတို့ကလည်း ကိုယ့်လူမျိုးဆိုင်ကပဲ ဝယ်ရမယ်လို့ ကန့်သတ်တာ။ သူတို့က ၇၈၆ လုပ်လို့ ဦးပဉ္စင်းတို့က ၉၆၉ လုပ်တာ။ ဒါပေမဲ့ အကုန်လုံး မတုပနိုင်သေးဘူး။ ဥပမာ - မွတ်ဆလင်ကို ညားရင် သူတို့ဘာသာကို ဝင်ရတယ်။ ဦးပဉ္စင်းတို့ကျတော့ အဲဒီလို မကျင့်သုံးရဲဘူး။ အဲဒါကြောင့် ဦးပဉ္စင်းတို့ လုပ်နေတာက ၇၈၆ နည်းဗျူဟာတွေပါ။
ဆရာတော် ဦးဝီရသူ
Voice ။ ။ ၉၆၉ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဆက်လုပ်ဖို့ရှိပါသလား။ သို့မဟုတ် ရုပ်သိမ်းဖို့ ရှိပါသလား။
- ဆရာတော် ။ ။ ရတနာသုံးပါးရဲ့ သင်္ကေတ ကို ဦးပဉ္စင်းတို့လူမျိုး တည်ရှိနေသရွေ့ သုံးစွဲသွားမှာပါ။ အသက်ထက်ဆုံး ဦးထိပ်ထားပြီးတော့ သုံးစွဲသွားမှာပါ။ ၉၆၉ လှုပ်ရှားမှုကတော့ ဦးပဉ္စင်းတို့က အမြဲတမ်း ဆက်လုပ်နေရမှာပဲ။ ၇၈၆ ကို တိတိကျကျ ထုတ်ပြန်ပြီးတော့ ၇၈၆ က ၂၁ ရာစုမှာ မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့လုပ်တာ မဟုတ်ဘူးလို့ တရားဝင် ကြေညာပေးရင် ၉၆၉ လှုပ်ရှားမှုကိုလည်း ရပ်တန့်မယ်။ ၉၆၉ ကြောင့် ဖြစ်တာမဟုတ်ဘဲနဲ့ ၉၆၉ ကို ရုပ်သိမ်းပေးရမယ်ဆိုတာ လုံးဝသဘာဝ မကျဘူး။
Voice ။ ။ ၉၆၉ ကြောင့် ပဋိပက္ခ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ဆရာတော်တို့အနေနဲ့ ဘယ်လိုလုပ်ဖို့ရှိပါသလဲ။
- ဆရာတော် ။ ။ ၉၆၉ ကြောင့် ဖြစ်တယ် ဆိုရင်တော့ ဦးပဉ္စင်းကိုယ်တိုင် အရေးယူ သွားမယ်။ ၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်။ မိတ္ထီလာမှာ အဓိကရုဏ်း စဖြစ်တယ်။ ဒါပေမဲ့ ၉၆၉ တစ်ရွက်မှ မရောက်ဘူး။ ဦးပဉ္စင်းတို့ ဖြန့်ခဲ့တာက Save Our Country, Save Our Future ဒါပဲ ဖြန့်ခဲ့ တယ်။ မိတ္ထီလာမှာ ဖြစ်ခဲ့တာနဲ့ ဘာဆိုင်လဲ။ ၉၆၉ ကို တရားခံလို့ ဖော်ထုတ်နိုင်ရင် ၉၆၉ ကို ဒီနေ့ ရပ်တန့်ပေးပါ့မယ်။
Voice ။ ။ ၉၆၉ ရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုမျိုး ပေါ်ပေါက်လာတာလဲဆိုတာ ရှင်းပြပေးပါဘုရား။
- ဆရာတော် ။ ။ ၉၆၉ စတင်တီထွင်တဲ့ သူကတော့ နဖလ ဦးကျော်လွင်ပါ။ သာသနာထွန်းကား ပြန့်ပွားရေးမှာ ညွှန်ချုပ်အဆင့်အထိ လုပ်ခဲ့ပါတယ်။ ဘာသာရေး စာရေးဆရာပါ။ ရှေ့နေလည်း ရှေ့နေပါ။ သူဘယ်တုန်းက တီထွင်တယ် ဆိုတာ မသိပေမယ့် သူရေးထားတဲ့ စာအုပ် မှာတော့ စပြီးဖော်ပြတာက ၁၉၉၈ ခုနှစ်ပါ။ အဲဒါကို သဘောကျလို့ ဦးပဉ္စင်း အသုံး ပြုခဲ့တာကတော့ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ ခုနှစ်လောက်မှာ ၉၆၉ သင်္ကေတလေးတွေကို ဦးပဉ္စင်းကစပြီး တီထွင်တာ။ အဲဒီတုန်းက စတစ်ကာ ခေတ်မစားသေးတဲ့အတွက် သိပ်ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပါဘူး။ အခု စတင်သုံးစွဲတာကတော့ သီတင်းကျွတ် လောက်က ဖြစ်တယ်။ မော်လမြိုင် ဂဏဝါစက သံဃာ့ကွန်ရက်က လိုဂိုနဲ့ စတစ်ကာကို တီထွင်လို့ ကျယ်ပြန့်သွားတာ။ ဒါပေမဲ့ ဦးပဉ္စင်းက တစ်ရွက်မှ မဖြန့်ရသေးဘူး။ ရည်ရွယ်ချက်က ကိုယ့်လူမျိုး ကိုယ့်ဘာသာ အချင်းချင်း စီးပွားရေး၊ လူမှုရေး အားပေးဖို့ပါ။
-----------------------------------------------
ကျောင်းထိုင်ဆရာတော် ဦးသာသနသိရီ နှင့် တွေ့ဆုံခြင်း
ကျောင်းထိုင်ဆရာတော် ဦးသာသနသိရီ
Voice ။ ။ ၉၆၉ ဆိုတဲ့ ဝေါဟာရတွေ အတော်လေး ခေတ်စားလာတာ တွေ့ရပါတယ်ဘုရား။ ၉၆၉ နဲ့ ပတ်သက်ပြီး အရှင်ဘုရားရဲ့ အမြင်ကို သိပါရစေ။
- ဆရာတော် ။ ။ ၉၆၉ ဆိုတာ ခုမှ စသုံးတာတော့ မဟုတ်ဘူး။ နှစ်ဖက်လှ ဦးကျော်လွင် ဆိုတာ ၉၆၉ ကို ဗုဒ္ဓဘာသာရဲ့ သင်္ကေတ အနေနဲ့ သတ်မှတ်ဖို့ ပြောခဲ့ဖူးတယ်။ ဗုဒ္ဓ ဘာသာက ဘုရား၊ တရား၊ သံဃာကို ဦးထိပ် ထားတာကိုး။ ဦးထိပ်ထားတယ် ဆိုတဲ့နေရာ မှာ ဂုဏ်တော်ကို ဦးထိပ်ထားစေချင်လို့ ၉၆၉ လို့ ပြောခဲ့တာ။ ဦးကျော်လွင်က လမ်းညွှန်တဲ့သဘော၊ အကြံပြုတဲ့သဘော အနေနဲ့ပဲ ရေးခဲ့တာ။ ၉၆၉ ဆိုတာကို ခုတုံး လုပ်တာမဟုတ်ဘဲ ဦးထိပ်ရွက်တဲ့သဘော ဆိုရင် လက်ခံပါတယ်။ ခုတုံးလုပ်တယ်၊ အုပ်စုဖွဲ့တဲ့ သဘောဆိုရင် မကောင်းပါဘူး။ အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ဖို့ပြောခဲ့တာတော့ မဟုတ်ပါဘူး။
Voice ။ ။ တရားတစ်ပုဒ် ဟောတယ် ဆိုတာ ဟောတဲ့ပုဂ္ဂိုလ်အပေါ်မှာ ဘယ်လောက် တာဝန်ကြီးပါသလဲဘုရား။
- ဆရာတော် ။ ။ ဦးပဉ္စင်းတို့ဘုရားက တရားတွေဟောခဲ့တယ် ဆိုတာ ကောင်းစေချင်လို့ ကောင်းတာတွေကိုပဲ ဦးတည်ဟောခဲ့တာ။ ကောင်းတာတွေပဲ လမ်းညွှန်ခဲ့တာ။ ကောင်းတာတွေကို ဖော်ထုတ်ပြီး လိုက်နာ ကြမယ်ဆိုရင် နားထောင်တဲ့ပုဂ္ဂိုလ်အတွက် ကျေနပ်စရာတွေဖြစ်စေတယ်။ စိုးရိမ်စရာ ပူပန်စရာတွေ ငြိမ်းစေရမယ်။ အဆင်ပြေမှု တွေနဲ့ ကြုံတွေ့စေရမယ်။ ဘုရားကို စံထား ပြီးတော့ ကောင်းတာတွေပြောမယ်။ ကောင်းတာတွေ ဟောမယ်ဆိုရင် ကောင်းတာပေါ့။ ဟောတဲ့ တရားတစ်ပုဒ်ဟာ နာကြားလိုက်ရလို့ ပီတိ ဖြစ်တယ်၊ စိတ်ကြည်နူးတယ်၊ နှစ်သက်စရာ၊ ကျေနပ်စရာတွေ ဖြစ်သွားတယ်ဆိုရင် ကောင်းတာပေါ့။ တရားဟောတာ ဟုတ် မဟုတ် ဆိုတာကို ဒါနဲ့ပဲ စစ်တမ်းထုတ်ရမယ်။ စကားပြောတာကတော့ ဘယ်လိုပြောပြော ဖြစ်ပေမယ့် တရားဟောတာကတော့ ဘုရားရဲ့နည်းအတိုင်းပဲ ကျင့်ကြံဟောပြ နိုင်ရမယ်။ တရားဆိုတာ စိတ်ကြည်နူး စေရမယ်၊ ကောင်းတဲ့ဘက်ကို လမ်းညွှန် နိုင်ရမယ်။ စိုးရိမ်ပူပန်စရာတွေ ကင်းရမယ်။ ထိတ်လန့်ကြောက်ရွံ့မှုတွေ မဖြစ်ပေါ် စေရဘူး။ ဗုဒ္ဓဝင်ပါဠိတော်မှာလည်း ဘုရားက ဒီအတိုင်းဟောခဲ့ပါတယ်။
-----------------------------------------------
အရှင်ကုသလသာမိနှင့် တွေ့ဆုံခြင်း
Voice ။ ။ အခုအချိန်မှာ လူတွေကြားထဲ ၉၆၉ ဘာလဲဘယ်လဲဆိုပြီး သို့လော သို့လော ဖြစ်နေကြတဲ့အတွက် ၉၆၉ အကြောင်း အများနားလည်အောင် မိန့်ပါဘုရား။
- ဆရာတော် ။ ။ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် ကို ကိုယ်စားပြုပါတယ်။ တခြားဘာသာ တွေမှာ အမှတ်တံဆိပ်တွေရှိသလို ကိုယ့်ဘာသာမှာလည်း ရှိသင့်တယ်ဆိုပြီး လုပ်ကြတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာတိုင်းဟာ ၉၆၉ ကို တန်ဖိုးထားရမယ်။ ၉၆၉ ဆိုတာ ဂိုဏ်းလည်းမဟုတ်ဘူး။ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ ဗုဒ္ဓဘာသာတွေ အားလုံးလည်း နားလည်သင့်တာက ၉၆၉ သည် ဂိုဏ်းဂဏမဟုတ်၊ အဖွဲ့အစည်း မဟုတ်၊ အဲ့ဒီလိုသိထားရမယ်။ တချို့က အဖွဲ့အစည်းတစ်ခုလို့ ထင်နေတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာအားလုံးသည် ၉၆၉ တွေပဲ ဆိုတဲ့ သဘောလေးကို သိစေချင်တယ်။
Voice ။ ။ ၉၆၉ လှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲဘုရား။
- ဆရာတော် ။ ။ အဓိကရည်ရွယ်ချက် ကတော့ ဗုဒ္ဓဘာသာဝင်တွေဟာ နောက်ပိုင်းမှာ စည်းလုံးမှုအားနည်းလာတယ်။ အဲ့ဒါကြောင့် အချင်းချင်းစည်းလုံးမှုရှိအောင် လူမှုရေး၊ စီးပွားရေးမှာ ကူညီရိုင်းပင်းနိုင်အောင် ၉၆၉ ဆိုတဲ့တံဆိပ်ကို ဆိုင်တိုင်းနေရာတိုင်းမှာ ကပ်ကြဖို့ပြောတာ။ ၉၆၉ ဆိုတာ မြင်လိုက်တာနဲ့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ် ကို ချက်ချင်းအောက်မေ့ပြီး ကုသိုလ်စိတ် တွေဖြစ်အောင်ပါ။
Voice ။ ။ ၉၆၉ ကို ဘယ် အချိန်မှာ ဘယ်သူတွေကစခဲ့တယ်ဆိုတာ သိလိုပါတယ်။
- ဆရာတော် ။ ။ ၉၆၉ ဘယ်အချိန်မှာ ဘယ်သူတွေက စခဲ့တာ အတိအကျပြောဖို့ တော့ ခက်တယ်။ သိသလောက်ဆိုရင်တော့ ၉၆၉ ကို ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေကို ရည်ညွှန်းပြီး ဗုဒ္ဓဘာသာ အမှတ်တံဆိပ် လုပ်သင့်တယ်လို့ ပြောကြတာတွေရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပေမယ့် ၉၆၉ ကို ကားတွေ၊ အိမ်တွေမှာ ရေးကြတာ တွေ့ရတယ်။ ဒီဘက်ခေတ်မှာ အခြေအနေအရ ဗုဒ္ဓဘာသာတွေဟာ ပိုမို စည်းလုံးဖို့ လိုအပ်တယ်လို့ ယူဆပြီး ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေက ၉၆၉ ကို တွင်တွင်ကျယ်ကျယ် ဟောပြောလာကြတယ်။ ဒါကြောင့် ၉၆၉ အမှတ်တံဆိပ်ဟာ လူသိများ လာတယ်လို့ ဆိုရမယ်။
အရှင်ကုသလသာမိ
Voice ။ ။ လတ်တလောပဋိပက္ခ တွေမှာ ၉၆၉ အဖွဲ့တွေရဲ့ ပယောဂကြောင့် လို့ ပြည်ပမီဒီယာတွေနဲ့ လူတွေအကြား ပျံ့နှံ့နေတဲ့အပေါ် အရှင်ဘုရား ဘာများ မိန့်ချင်ပါလဲဘုရား။
- ဆရာတော် ။ ။ လတ်တလောဖြစ်ပျက် ခဲ့တာတွေမှာ ၉၆၉ ကြောင့်ဖြစ်သယောင် မီဒီယာအသုံးချ ဖန်တီးတာတွေဟာ တကယ်တော့ အဖြစ်အပျက်မှန်သမျှ ၉၆၉ နဲ့ လုံးဝ မဆိုင်ပါဘူး။ ပြည်ပမီဒီယာတွေကို အသုံးချပြီးတော့ အကြမ်းဖက်ပါတယ်ဆိုပြီး မိတ္ထီလာ အဖြစ်အပျက်နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်တဲ့ အကြမ်းဖက်မှုတွေကို နောက်ခံထား တိုက်ခိုက်နေကြတာပါ။ ၉၆၉ လှုပ်ရှားမှုပေါ်လာတဲ့ အတွက်ကြောင့် တခြားအဖွဲ့အစည်းတွေက သူတို့စီးပွားရေး အဆင်မပြေဘူးဆိုပြီးတော့ ပြောကြတယ်။ အဲ့ဒါကြောင့် ၉၆၉ ဟာ သူတို့ရဲ့ ရန်သူလို့ သတ်မှတ်ကြတယ်။ အဲ့တော့ ၉၆၉ နာမည်ပျက်အောင်၊ လူတွေ အကြည်ညိုမဲ့အောင် ပုံစံအမျိုးမျိုးနဲ့ လုပ်နေကြတာ။
Voice ။ ။ ၉၆၉ အပေါ် သံဃာ့အကြီးအကဲတွေရဲ့ သဘောထားက ဘယ်လိုရှိပါလဲဘုရား။
- ဆရာတော် ။ ။ အကြီးအကဲဆရာတော် တွေရဲ့ သဘောထားကို တိုက်ရိုက် မလျှောက်ဖူးတဲ့ အတွက် သေချာမသိပါဘူး။ ဒါပေမဲ့ ပြောရဲပါတယ်။ ဗုဒ္ဓဘာသာဝင် တိုင်းဟာ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါး ဂုဏ်တော်တွေကို ကိုယ်စားပြုတဲ့ ဒီ ၉၆၉ ကိုသေသေချာချာသိရင် မလို လား ကန့်ကွက်တာတွေရှိမှာ မဟုတ်ပါဘူး။
Voice ။ ။ နိဂုံးချုပ်ဘာများ မိန့်ချင် ပါသလဲဘုရား။
- ဆရာတော် ။ ။ ၉၆၉ ဟာ လတ်တလော ဖြစ်ပျက်တဲ့ ပဋိပက္ခတွေနဲ့ လုံးဝပတ်သက် ဆက်နွှယ်ခြင်းမရှိဘဲ ၉၆၉ ဟာ အဖွဲ့အစည်း ပုံစံတွေ၊ ဂိုဏ်းဂဏပုံစံတွေ၊ အကြမ်းဖက်မှု ပုံစံတွေဖြစ်နေတာ အားလုံးမှန်သမျှဟာ တစ်ဖက်အဖွဲ့အစည်းက မီဒီယာနဲ့ပေါင်းပြီး လုပ်ကြံတဲ့အတွက်ကြောင့် သာလျှင် ဒီလိုနာမည် ထွက်နေရတာဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။
--
http://www.burmaburo.blogspot.com
Friday, 15 March 2013
Sunday, 3 March 2013
Tuesday, 19 February 2013
Saturday, 2 February 2013
Saturday, 19 January 2013
သီတဂူစတား: အောင်သင်းပြောသော ရိုဟင်ဂျာ
Saturday, 12 January 2013
ဝံသာနု အယ်ဒီတာ မြတ်သိန်းထွန်းနှင့် စကားပြောခြင်း
Arakan Reviewး မကြာခင်လပိုင်းအတွင်းပြုလုပ်မဲ့ ရခိုင်ဘက်က သမိုင်းပညာရှင် ဒေါက်တာအေးချမ်းနဲ့ ဘင်္ဂလီလူမျိုးဦးဌေးလွင်ဦး တို့ ရဲ့စကားစစ်ထိုးပွဲကို အကို့အနေနဲ့ဘယ်လိုသုံးသပ်ပါသလဲခင်ဗျား။ တကယ်လိုအပ်တယ်လို့မြင်ပါသလား။
ဝံသာနု: ဘင်္ဂလီတွေအနေနဲ့ သူတို့ရဲ့ သမိုင်းတုတွေကို ပရိုမိုးရှင်းလုပ်ဖို့ ရခိုင်သမိုင်းပညာရှင်တွေကို ခုတုံးလုပ်ဖို့ ကြိုးစားတာလို့ပဲ မြင်မိပါတယ်။ လိုအပ်သလားဆိုတော သူတို့ဖက်က အသည်းအသန် လိုအပ်နေပါတယ်။ ကျွန်တော်တို့ ဖက်ကတော့ မလိုအပ်ပါဘူး။ ကျွန်တော့်အမြင်ပြောရရင် သမိုင်းဆိုတာမျိုးက အထောက်အထား အကိုးအကားနဲ့ တွဲလျှက်တင်ပြရတာပါ။ စကားနဲ့ပြောရုံနဲ့ မလုံ လောက်ပါဘူး။ ခက်တာက သူတို့စိန်ခေါ်တာကို မထွက်ပဲနေပြန်ရင်လည်း ကိုယ့်ဖက်က မမှန်လို့၊ လိပ်ပြာမလုံလို့ မထွက်ပဲနေတယ်။ သတ္တိမရှိဘူးဆိုပြီး ရခိုင်သမိုင်းပညာရှင်တွေကို ရှုံ့ချအောင်ပွဲခံကြလိမ့်မယ်။ ထွက်ပြန်တော့လည်း အထောက်အထားမရှိ၊ စိတ်ထင်ရာလျှောက်ပြောမယ့် ပညာရှင် နာမည်ခံ ပုဂ္ဂိုလ်မျိုးကို ဘယ်လိုမှတန်းမတူပဲ လက်သင့်ခံ စကားစစ်ထိုးရအုန်းမယ်။ ဘင်္ဂလီတွေဟာ ဒီလိုမျိုး သူတို့ဖက်က အရှုံးမရှိတဲ့ရလာဒ်တွေကို မျှော်ကိုးပြီး ဒီစိန်ခေါ်မှုကို ပြုလုပ်ခဲ့တာလို့ပဲ ကျွန်တော်အနေနဲ့ သုံးသပ်မိပါတယ်။ ပုဂ္ဂိုလ်ရေးအနေနဲ့ပြောရရင် ဦးဌေးလွင်ဦးဟာ ဒီသမိုင်းကြောင်း စကားစစ်ထိုးပွဲမှာ အထင်ရှားဆုံး ရခိုင်သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းလို ပုဂ္ဂိုလ်မျိုးနဲ့ ယှဉ်ပြိုင်ခွင့်ရလို့ ဘင်္ဂလီအသိုင်းအ၀ိုင်းမှာ သူရဲကောင်း တစ်ယောက်အဖြစ် နာမည်ကြီးသွားမှာ သေချာသလောက်ရှိပါတယ်။ အဲဒါကြောင့် ဘင်္ဂလီတွေဟာ ရခိုင်သမိုင်းပညာရှင်တွေကို ခုတုံးလုပ်ဖို့သက်သက် စိမ်ခေါ်တာလို့ ကျွန်တော် သုံးသပ်ခဲ့တာဖြစ်ပါတယ်။
Arakan Reviewး အဲဒီစကားစစ်ထိုးပွဲ ပြုလုပ်တဲ့အခါမှာ ဘင်္ဂလီတွေဘက်က သူတို့ဟာရိုဟင်ဂျာ လူမျိုးတွေပါ ရခိုင်ပြည်မှာနေလာခဲ့တာ ကြာပါပြီ။ ရခိုင်ဒေသဟာသူတို့ ရိုဟင်ဂျာတွေရဲ့ဘိုးစဉ်ဘောင်ဆက် နေလာခဲ့တဲ့ နေရာဖြစ်တယ် ဆိုပြီးတော့ ပြောနေကြတယ်။ အဲဒါကို သူတို့ဘက်က ဆွေးနွေးလာခဲ့ရင် လွယ်လွယ်ကူကူနဲ့ ချေပနိုင်မလား။
ဝံသာနု: သမိုင်းတစ်ခုကို ပြုစုတဲ့နေရာမှာ ရာဇ၀င်တွေထဲကနေ အမှန်တကယ်ဖြစ်နိုင်ခြေရှိတဲ့ အချက်အလက်တွေကိုပဲ ယုတ္တိကျကျစီစစ်ပြီး ရွေးထုတ်ပြုစုရပါတယ်။ ရခိုင်အပါအ၀င် အရှေ့တောင်အာရှ ဒေသ တော်တော်များများဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှု မ၀င်ရောက်ခင် ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရပါတယ်။ ဘာသာစာပေတွေဟာလည်း ဟိန္ဒူယဉ်ကျေးမှုစာပေတွေကနေ ဆင်းသက်လာခဲ့တာပါ။ အဲဒီအချက်ကိုကြည့်ပြီး ဟိန္ဒူဘာသာဝင်တွေ ထီးနန်းစိုးစံခဲ့လို့ အဲလူမျိုးတွေဟာ အိန္ဒိယတိုက်ငယ်ကနေ ၀င်ရောက်လာတဲ့ ကုလားတွေလို့ သုံးသပ်လို့မရပါဘူး။ နောက်တချက်က သူတို့အမြဲပြောပြောနေတဲ့ အာရပ်သင်္ဘောပျက်ပုံပြင် ဆိုတာကလည်း တကယ်တမ်း လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာပါပဲ။ အာရပ်တွေကုန်ကူးလို့ အင်ဒိုနီးရှားမှာ အစ္စလာမ်ဘာသာ ပြန့်နှံ့ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ နှိုင်းယှဉ်ပြီး ရခိုင်မှာလည်း ဒေသခံတွေနဲ့ အာရပ်တွေသွေးနှောပြီး အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာတွေ ဖြစ်ပေါ်လာတယ်ဆိုတဲ့ တင်ပြချက်မျိုးက ယုတ္တိမရှိလှပါဘူး။
လူမျိုးစုတစ်ခုဟာ ဒေသတစ်ခုရဲ့ ဌာနေတိုင်းရင်းသားဖြစ်ကြောင်း သက်သေပြနိုင်ဖို့ ယဉ်ကျေးမှုအဆောက်အအုံတွေ စာပေလက်ရာတွေ
သမိုင်းကြောင်းအထောက်အထားတွေ ရှိရပါမယ်။ သူတို့မှာ ရခိုင်တွေထက်စောပြီး နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားက ဘာမှ မယ်မယ်ရရပြစရာမရှိပါဘူး။ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေဟာ မျိုးနွယ်အလိုက် ရုပ်အမျိုးမျိုး မဆိုစလောက် ကွဲပြားကြပေမယ့် ဘင်္ဂလီရုပ်ထွက်တဲ့လူတော့ မရှိသလောက်ရှားပါတယ်။ သူတို့ပြောပြောနေတဲ့ အာရပ်တွေနဲ့ ရခိုင်ဒေသခံအမျိုးသမီးတွေ သွေးနှောပြီး ရိုဟင်ဂျာမျိုးနွယ်စု ဘင်္ဂလီရုပ်တွေ ထွက်လာတယ်ဆိုတဲ့ကိစ္စဟာ ဒီလူမျိုးတွေသာ ကျွန်တော်တို့ ရခိုင်တွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ခေတ်အဆက်ဆက် ရန်မပြုခဲ့ဘူးဆိုရင် အင်မတန်ရယ်ရတဲ့ ဟာသပြက်လုံးတစ်ခု ဖြစ်နေမှာပါ။ အခု ကျွန်တော်အကြမ်းဖျဉ်း ပြောသွားတဲ့ အချက်အလက်တွေကို ကြည့်ရင် ချေပဖို့ လွယ်ကူသလား၊ မလွယ်ကူဘူးလားဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ပါလိမ့်မယ်။
Arakan Reviewး ရခိုင်ပြည်ထဲကိုတရားမ၀င် ၀င်ရောက်နေထိုင်ကြတဲ့ ဘင်္ဂလီလူမျိုးတွေဟာ သူတို့အခုပြောနေကြတာကို ကြည့်ခြင်း အားဖြင့် ဒါဟာ သမိုင်းအထောက်အထားမရှိတဲ့ လုပ်ကြံမှုတစ်ခုဖြစ်တယ်။ အဲဒီလုပ်ကြံချက်တွေကို ဘာ့အတွက်အခုလို ကြိုးစားပမ်းစား လုပ်နေတယ်လို့မြင်ပါသလဲ။
ဝံသာနု: အဲဒါနဲ့ ပတ်သက်ပြီးပြောရရင် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေအဆမတန် ဖောင်းပွနေတဲ့အခြေအနေရယ်၊ နှစ်စဉ် ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကို ခံစားနေရတဲ့အတွက် သူတို့ရဲ့ဇစ်မြစ်ဖြစ်တဲ့ ဒီနိုင်ငံကို ပြန်လည်အခြေချဖို့ လုံးဝ မဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ခုမြန်မာနိုင်ငံဧရိယာထက်ပိုသေးငယ်တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေဟာ မြန်မာထက်နှစ်ဆ သုံးဆပိုများပါတယ်။ နောက်တချက်က အဲဒီအခြေအနေကြောင့်တင်မကပဲ၊ ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးအခြေအနေကလည်း သူတို့ကို လက်သင့်ခံဖို့ အခက်အခဲတွေ ရှိနေပါတယ်။ နောက်တချက်က များသောအားဖြင့် မူဆလင်တွေဟာ ဘယ်နေရာကိုပဲရောက်ရောက် လူ့အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာတည်ဆောက်မိပြီဆိုတာနဲ့ နိုင်ငံရေးကို ဘာသာရေးနဲ့ ထိုးဖောက်ဖို့ကြိုးစားတတ်ကြပါတယ်။ ခုလည်း အဲဒီသဘောပါပဲ။ လွတ်လပ်ရေးကြိုးပမ်းမှုမတိုင်ခင် ဖြစ်ပွားခဲ့တဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားခြင်းတွေကနေ စတင်ခဲ့တဲ့ အဓိကရုဏ်းတွေ နောက်ပိုင်း မူဂျာဟစ်သူပုန်ထမှုကိုကြည့်ရင် သိနိုင်ပါတယ်။ ဘာသာရေးအစွန်းရောက်တဲ့ ဒီဘင်္ဂလီတွေဟာသူတို့ရဲ့ ဘာသာရေး ခေါင်းဆောင်တွေက ဟောပြောသမျှကို မျက်စိမှိတ်ယုံကြည် တတ်ကြပါတယ်။ အဲဒီစာတတ်တဲ့ လက်တစ်ဆုပ်စာ ဘာသာရေး၊ လူမျိုးစု ခေါင်းဆောင်တွေကနေ မှိုင်းတိုက်ပြီး တီထွင်ခဲ့တဲ့ ရိုဟင်ဂျာသမိုင်းတုကို ခုချိန် မျိုးဆက်နှစ်ဆက်လောက် ဖြတ်သန်းပြီးတဲ့အချိန်မှာ ဘင်္ဂလီအများစုက အမှန်တရားအဖြစ် ယုံကြည်နေကြပါပြီ။ နောက်ပြန်လှည့်လို့ မရတော့တဲ့ အခြေအနေမျိုးမှာ ဘင်္ဂလီတွေအနေနဲ့ ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ မူဆလင်ကြီးစိုးတဲ့ ခြေကုပ်စရာနယ်မြေတစ်ခု အပိုင်ရဖို့ ရိုဟင်ဂျာဆိုတဲ့ နာမည်တစ်ခုကို တီထွင်ဖန်တီးပြီး တကယ့်ကိုဗျူဟာကျကျ ဆယ်စုနှစ်နဲ့ချီ လက်ဆင့်ကမ်း အကောင်အထည်ဖော်ခဲ့ကြတာပါ။ နောက်တစ်ချက်က နိုင်ငံတကာကို နိုင်ငံမဲ့ဒုက္ခသည်တွေအဖြစ် လှေစီးခိုးဝင်ဖို့ အများဂရုဏာသက်စရာ ခေါင်းစဉ်လှလှတစ်ခုအဖြစ် အသုံးချခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
Arakan Reviewး ဂျပန်မှာပြုလုပ်မဲ့ ရခိုင်နဲ့ဘင်္ဂလီ စကားစစ်ထိုးပွဲ ပြုလုပ်ဖို့အတွက် ရခိုင်ဘက်က ဒေါက်တာအေးချမ်း လက်မခံခင်မှာ ကိုမြတ်သိန်းထွန်းက ဆွေးနွေးလိုကြာင်း ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။ အဲဒီစကားစစ်ထိုးပွဲမှာ အကို့ကို ပါဝင်ခွင့်ပေးခဲ့ရင် ပြောဖို့ အစီအစဉ် ရှိပါသလား။ ပြောဖို့လိုမယ်လို့ထင်ပါသလား။
ဝံသာနု: ကျွန်တော်ကတော့ စကားနဲ့ဆွေးနွေးဖို့ စိတ်မ၀င်စားပါဘူး။ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ စာရေးသားဆွေးနွေးဖို့ပဲ ဆန္ဒရှိ ပါတယ်။ အဲအတိုင်းပဲ ဦးဌေးလွင်ဦးကို စိမ်ခေါ်ထားပါတယ်။ ခုလောလောဆယ် မူဆလင်သမိုင်းပညာရှင် ဦးရဲရင့်သစ္စာနဲ့ ကျွန်တော် ဘင်္ဂလီ-ရခိုင်သမိုင်းအကြောင်း ဆွေးနွေးနေတုန်းပါပဲ။ အဲလိုမျိုး အပြန်အလှန်စာရေးသားပြီး ဆွေးနွေးမယ်ဆိုရင် ကျွန်တော့်ဖက်က အချိန်မရွေး အဆင်သင့်ရှိပါတယ်။ ခုဒေါက်တာအေးချမ်းက ဂျပန်နိုင်ငံမှာပြုလုပ်ဖို့ လက်ခံလိုက်တဲ့အချိန်မှာ မလေးရှားက မူဆလင်အဖွဲ့အစည်းတစ်ခုက ဒီပွဲကို အကူအညီပေးဖို့ အသည်းအသန် ကမ်းလှမ်းလာပါတယ်။ အဲဒီအချက်ကိုကြည့်ရင် မြန်မာမူဆလင်နာမည်ခံ ဘင်္ဂလီမျိုးနွယ်စုအချို့ဟာ ဒီရိုဟင်ဂျာဆိုတဲ့နာမည်နဲ့ ဘင်္ဂလီတွေကို တိုင်းရင်းသား၊ နိုင်ငံသားဖြစ်ခွင့်ရဖို့ ဘယ်လောက်ထိ နိုင်ငံရေးရည်မှန်းချက် ကြီးကြီးမားမားရှိနေတယ်ဆိုတာကို သိနိုင်ပါတယ်။ အဲဒီအဖွဲ့က ဒေါက်တာအေးချမ်းကို အဲဒီပွဲမဖြစ်မြောက်ခဲ့ရင် သူတို့ကုန်ကျထားတဲ့ စရိတ်တွေကိုပြန်ပေးလျော်ဖို့ အာမခံလက်မှတ်ထိုးပေးရမယ်လို့ တောင်းဆိုထားတာ တွေ့ရပါတယ်။ အဲဒီလိုမျိုး အသည်းအသန်ဖြစ်နေတာကို ကြည့်ရင် သူတို့အတွက် ဒီပွဲဖြစ်မြောက်ရေးဟာ ဘယ်လောက်ထိ အရေးကြီးနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ ဒေါက်တာအေးချမ်းအနေနဲ့ သူတို့ဖြစ်စေချင်သလို လိုက်လုပ်ပေးဖို့ မအားပါဘူး။ အဲဒါကြောင့် ပွဲဖြစ်မြောက်ရေးအတွက် ဒေါက်တာအေးချမ်းရဲ့ ကိုယ်စားလှယ်အဖြစ် ကျွန်တော်တို့ ၀ံသာနုအဖွဲ့ကပဲ အစစအရာရာ တာဝန်ယူဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ ဦးဌေးလွင်ဦး ဂျပန်ကိုရောက်လာတဲ့အချိန်မှာ ဒေါက်တာအေးချမ်းက သူ့ကို တက္ကသိုလ်ဧည့်ရိပ်သာမှာ တည်းခိုနိုင်အောင် စီစဉ်ပေးမယ်လို့ ပြောသွားပါတယ်။ တခြားတက်ရောက်လာမယ့် ဘင်္ဂလီအဖွဲ့တွေအတွက်တော့ ကျွန်တော်တို့မှာ တာဝန်မရှိပါဘူး။ ကျွန်တော်တို့ဖက်က တက်ရောက်လာမယ့် ဧည့်သည်တော်တွေ အတွက်ပဲ ကျွန်တော်တို့ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဦးဌေးလွင်ဦးတို့အဖွဲ့အနေနဲ့ ပွဲနဲ့ပတ်သက်ပြီး တိုင်ပင်ညှိနှိုင်းချင်ရင် ၀ံသာနုကိုပဲ ဆက်သွယ်ဖို့ ဒီနေရာကနေ အသိပေးချင်ပါတယ်။
Arakan Reviewး အခုအကိုက ဦးရဲလွင်ဦးကို အဲလိုစိန်ခေါ်လိုက်တဲ့အခါမှာ သူ့ဘက်က ဘာတွေများတုန့်ပြန်မှု မျိုးကိုပြုလုပ် ပါသလဲခင်ဗျား။
ဝံသာနု: ဦးဌေးလွင်ဦးဖက်ကတော့ လူထုပရိသတ်မီဒီယာရှေ့မှာ မျက်နှာချင်းဆိုင် စကားစစ်ထိုးချင်တယ်လို့ တုန့်ပြန်လာပါတယ်။ အပေါ်မှာပြောခဲ့သလိုပါပဲ။ သမိုင်းဆိုတာ စကားပြောကောင်းတိုင်း လျှောက်ပြောလို့ရတဲ့ ပုံပြင်မျိုးမဟုတ်ပါဘူး။ ကိုယ်ပြောတဲ့အကြောင်း အရာတစ်ခုချင်းအတွက် အထောက်အထား ခိုင်ခိုင်လုံလုံချပြနိုင်ဖို့လိုပါတယ်။ အဲဒါကြောင့် အထောက်အထား၊ အကိုးအကားတွေ ယှဉ်တွဲဖော်ပြနိုင်တဲ့ စာရေးသားယှဉ်ပြိုင်တာမျိုးကိုပဲ ကျွန်တော်ပိုပြီး လိုလားပါတယ်။ လောလောဆယ်တော့ သူဒေါက်တာအေးချမ်းနဲ့ စကားစစ် ထိုးပြီးမှ ကျွန်တော်ကို အလှည့်ပေးမယ်လို့ ပြောသွားပါတယ်။ အကယ်၍ အပြင်မှာသာ ဦးဌေးလွင်ဦးနဲ့ မျက်နှာချင်းဆိုင် Debate လုပ်ရမယ်ဆိုရင် သူတင်ပြမယ့် စိတ်ကူးယဉ်ကွန့်မြူးထားတဲ့ ပုံပြင်ဆန်ဆန် သမိုင်းဆိုတာတွေကို နားထောင်ရင်း ကျွန်တော် ထိုင်ရယ်နေရလို့ ပွဲကတော်ရုံနဲ့ပြီးမှာမဟုတ်ပါဘူး။
Arakan Reviewး ဟုတ်ကဲ့ ဘင်္ဂလီတွေကအခုလို လုပ်နေတာဟာ ရခိုင်တစ်ခုတည်းမဟုတ်ပါဘူး တကမ္ဘာလုံးကို လိမ်နေတာပါပဲ။ အဲဒါကို သိသိကြီးနဲ့ ဘင်္ဂလ်ီတွေပြောသမျှကို ယုံနေကြတာကို ဘယ်လိုမြင်ပါသလဲခင်ဗျား။ နိုင်ငံတကာ အပေါ်မှာ။
ဝံသာနု: ဘင်္ဂလီတွေပြောသမျှယုံတာ လူတိုင်းတော့မဟုတ်ပါဘူး။ အာဏာရှင်အစိုးရတွေရဲ့ ဖိနှိပ်မှုအောက်မှာ သူတို့တွေက မြန်မာလူမျိုး တွေထဲက လူမျိုးစုတစ်ခုအဖြစ် ရောနှောဂရုဏာသက် ခံခဲ့ရတဲ့သဘောပါပဲ။ အရင်စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု တွေနဲ့အတူစစ်အစိုးရ အပေါ် ဖိအားပေးဖို့ အနောက်အုပ်စုက နည်းမျိုးစုံနဲ့ကြိုးပမ်းတဲ့အချိန်မှာ ဒီဘင်္ဂလီတွေဟာ ခေါင်းစဉ်တပ်စရာ အကြောင်းအရာတစ်ခု ဖြစ်လာပြီး နာမည်ကြီးလာခဲ့တာပါ။ လူ့အခွင့်အရေးလှုပ်ရှားသူတွေကြားထဲမှာ အဖိနှိပ်ခံလူမျိုးစုအဖြစ် နည်းလမ်းမျိုးစုံသုံး ပုံဖော်ခဲ့ကြလို့
တချို့ လုပ်စားလူ့အခွင့်အရေးသမားတွေအတွက် မျောက်ပြဆန်တောင်းဖို့ အခွင့်အရေးတစ်ခုဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ ရခိုင်လူမျိုး တွေ အနေနဲ့ သူတို့လောက် မီဒီယာလောကမှာ မထိုးဖောက်နိုင်ခဲ့တာကြောင့်လို့လည်း ပြောလို့ရပါတယ်။
Arakan Reviewး ဟုတ်ကဲ့ပါ နောက်ဆုံးအနေနဲ့ မြန်မာအစိုးရအပေါ်မှာဖြေရှင်းနေတဲ့ပုံစံတွေကိုဘယ်လိုမြင်ပါသလဲ။ နိုင်ငံသား ဖြစ်ခွင့်ပေးမယ်ဆိုပြီးတော့ ရခိုင်ပြည်ထဲမှာဘဲ ပြန်လည်နေရာချထားဖို့ လုပ်နေတဲ့လုပ်ရပ်အပေါ်မှာပေါ့လေ။
ဝံသာနု: ဒီလူမျိုးစုတွေ ရခိုင်ပြည်နယ်မှာ ရှိနေခြင်းဟာ ကင်ဆာရောဂါဖြစ်ပွားနေသလိုပါပဲ။ အချိန်ကြာလာလေ၊ ပိုဆိုးလာလေ ဖြစ်လာ မှာပါ။ မဖြစ်သင့်ပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာ ရခိုင်ပြည်သူတွေ ခံစားခဲ့ရတဲ့ လူမျိုးရေးပဋိပက္ခတွေကို အစိုးရအနေနဲ့ကိုယ်ချင်းစာ သင့်ပါတယ်။ ဒီလူမျိုးတွေရဲ့ စရိုက်ကြောင့် မြန်မာနိုင်ငံ ဘယ်နေရာမှာပဲ စုစည်းနေရာချထားပါစေ ဒေသခံတွေနဲ့ ပြဿနာတက်မှာ သေချာပါတယ်။ တလောကမှ ဖြစ်သွားတဲ့ အာသံဒေသအရေးအခင်းကို ကြည့်ရင် သိနိုင်ပါတယ်။
Arakan Reviewး ကျေးဇူးတင်ပါတယ် ကိုမြတ်သိန်းထွန်း။
--
http://www.burmaburo.blogspot.com
Friday, 7 December 2012
အင်တာဗျူး (၂)
မေး။ ။ လက်ရှိတက္ကသိုလ်ပညာရေးကိုရောဘယ်လိုပြင်ဆင်ဖို့ ရည်ရွယ်ထားပါသလဲ ခင်ဗျာ။
ဖြေ။ ။ ဒါကတော့ အမေတစ်ယောက်တည်း ပြင်ဆင်မှာလည်း မဟုတ်ဘူး၊ ဒါအားလုံးကျွမ်း ကျင်တဲ့ သူတွေ ၊ တကယ် စိတ်ပါဝင်စားတဲ့ သူတွေ နဲ့ဆွေးနွေးပြီး လုပ်ရမယ့် ကိစ္စပါ၊ အဓိကကတော့ တက္ကသိုလ် ပညာရေး ဆိုတာက ကျယ်ပြန့်ရမယ်၊ နက်နဲရမယ်၊ တက္ကသိုလ် ပညာရေးဆိုတာ ဒီ လူငယ်တွေကို ဘဝစိန်ခေါ်ချက် တွေကို ရင်ဆိုင်နိုင်အောင်လို့ သင်ပေး တာပဲ ဖြစ်ရမယ်၊ ဒီလိုဘွဲ့ တံဆိပ်လေး ရရုံနဲ့
မရဘူး၊ ဒါကြောင့်မို့ အမေ့တို့ အနေနဲ့ ဒီတက္ကသိုလ်ဘဝ ရှင်သန်ရေးပေါ့နော်၊ campus Life ပေါ့၊ အဲဒါ သိပ်အရေးကြီးတယ်၊ ဘာလို့လဲဆိုတော့ အဲဒီလိုနေရာမှာ ဒီလိုဘဝ စိန်ခေါ်မှုတွေ ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ တတ်လာမယ် ၊နောက်ပြီးတော့ Social Skill လူမှုရေး ကျွမ်းကျင်မှု တွေလည်း ရလာတာပေါ့၊ Lecture တွေ ကိုလည်း အခန်းထဲမှ မဟုတ်ဘူး၊ ကျောင်းခန်းထဲမှ ရတာ မဟုတ် ဘူး၊ ကျောင်းပြင် ကလည်းရတာ၊ အဲဒီအတွက် ဦးတည် ပြီးတော့ တက္ကသိုလ် ပညာရေးကို ပြန်ပြီးထူထောင်ရမှာ ပါ၊
မေး။ ။လက်ရှိ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်လူငယ် တွေကြားထဲမှာ အားရကျေနပ်မှု ရှိပါသလား၊ မြင်ရတာရော၊ ကြားရတာရောတွေ့ရ တာရောပေါ့။
ဖြေ။ ။ အားရကျေနပ်မှုရှိပါတယ်၊ အမေတို့ ဒီကြားဖြတ် ရွေးကောက်ပွဲ အတွက် စည်းရုံးတဲ့အခါ လူငယ်တွေ တက်ကြွစွာ ပါဝင်လာကြတယ်၊ လူငယ်တွေမှာ အန္တရာယ်တော့ ရှိတာပေါ့နော်၊ လူငယ်ဆိုတော့ စိတ် က နုသေးတာပေါ့၊ စိတ်ကနုတဲ့ အခါကျတော့ တစ်ခါတစ်ခါ ဆွဲဆောင်ရာကို ပါသွားတတ်ကြတယ်။ အဲဒါကတော့ လူငယ် တွေ မပြောပါနဲ့ လူကြီးတွေ တောင် စိတ်ကခိုင်မာတာ မဟုတ်ဘူး။ အဲဒီတော့ လူငယ်တွေမှာ အပြစ်ကြီး တယ်လို့တော့ အမေမမြင်ဘူး၊ ဒါပေမဲ့ ဒါကို ထိန်းကွပ်ဖို့တော့ အရေးကြီးတာပေါ့၊
မေး။ ။အရှေ့တောင်အာရှ နိုင်ငံတွေမှာ မြန်မာနိုင်ငံက ယောက်ျား မိန်းမ ခွဲခြားဆက်ဆံမှု နည်းတယ်လို့ပြောကြတယ်၊ အဲဒါမှာ အမေ့ အနေနဲ့ ဘယ်လို သုံးသပ် ထားတာ ရှိပါသလဲ၊ အဲဒါလေး ပြောပေးပါ။
ဖြေ။ ။ နည်းတယ် ဆိုပေမယ့်လည်း ရှိတော့ရှိ သေးတာပဲ ၊ယောက်ျား မိန်းမ ခွဲခြားမှုဟာ ရှိသေးတာပဲ၊ အမြဲပဲပြောတယ်၊ ဟို…သားကို သခင်၊ လင်ကိုဘုရား.. ဆိုတာဒါ ဘယ်လို အဆို လဲ (ပြုံးလျက်) လုံးဝ လက်မ ခံနိုင်ဘူး။ ဒါလက်ခံ နိုင်တဲ့ဟာ မဟုတ်၊ အဲဒါဆိုရင် ခွဲခြားမှု ရှိတယ်ဆို တာတွေပဲ၊ နောက်ပြီးတော့ ကျန်းမာရေး အရ လေ့လာ လိုက်တဲ့အခါဆိုရင် .။ ချို့တဲ့တဲ့ မိသားစုတွေထဲမှာ အာဟာရဓာတ် မပြည့်ဆုံးက အဲဒီ အမျိုး သမီးတွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်၊ သူ့ရဲ့သားသမီးတွေ၊ သူ့ရဲ့ ခင်ပွန်း သည် အတွက် အမြဲပဲ ဦးစားပေးတယ်၊ သူက အကျန်လေးတွေကို စားတယ်၊ အသားနှစ်တုံး သုံးတုံးရှိတယ် ဆိုလို့ ရှိရင်လည်း သူက မစားဘူး။ ကျန်တဲ့ မိသားစုတွေ ကျွေးတယ်။ စသဖြင့် နောက်ပြီးတော့ မိသားစု တော်တော် များများမှာလည်း သားယောက်ျားလေး တွေကို မျက်နှာသာပေးတာ ခုထက်ထိ ရှိနေပါတယ်။ နောက်ဆေး တက္ကသိုလ်ကိစ္စ အမေ ခဏ ခဏ ပြောတာလေ ။ အမှတ် ..၊ မိန်းကလေးတွေဆို အမှတ်ပိုများဖို့ လိုတယ် ဆိုတာ၊ ဒါလည်း မိန်းမ ယောက်ျားခွဲခြားဆက်ဆံမှုပဲ။
မေး။ ။ နိုင်ငံအတွက် တာဝန်ကျေတဲ့ နိုင်ငံ့ ခေါင်းဆောင် တစ်ယောက်ဟာ သူ့ရဲ့မိသားစု အပေါ်မှာ တာဝန်ကျေဖို့ရာနှုန်းအားဖြင့် ဘယ်လောက် ရှိမယ် လို့ အမေ ယူဆပါသလဲ။
ဖြေ။ ။ ဒါကတော့ ကိုယ်က ဆုံးဖြတ်ရမှာပေါ့။ တိုင်းပြည်တာဝန်ကို ယူမှာလား၊ ကိုယ့်မိသားစု တာဝန်ကိုယူမှာလား၊ ကံကောင်းတဲ့ နိုင်ငံတွေ မှာက ဒီဟာကိုရွေးစရာ မလိုဘူး။ ကိုယ်ကလည်း ကိုယ့် နိုင်ငံရဲ့ တာဝန်ကို ယူရင်းနဲ့ မိသားစုတာဝန်ကို ယူသွားလို့ရတယ်၊ ဒါပေမဲ့ အင်မတန်မှ ခက်ခဲတဲ့ အခြေအနေမှာဆိုရင် ဒီနှစ်ခုတည်းက တစ်ခုကို ရွေးရတာပဲ ၊ ရွေးတဲ့ အခါ ပြတ်ပြတ်သားသား ရွေးပေါ့။ ကိုယ်က အိမ်ထောင်ဦးစီး အနေနဲ့ပဲနေ မှာလား၊ နိုင်ငံရေး သမားတစ်ယောက် အနေနဲ့ နေမှာလား၊ နိုင်ငံရေး သမား တစ်ယောက် အနေနဲ့ နေမယ်ဆိုရင် နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ ရပ်တည်မယ် ဆိုလို့ ရှိရင်တော့ နိုင်ငံကိုပဲ ရွေးရမှာပဲ။
မေး။ ။ မြန်မာ အမျိုးသမီးတွေက မညံ့ကြပေမယ့် ထိပ်တန်း နေရာတွေ ရောက်တဲ့ နေရာမှာ နည်းနည်း မရှိသလောက် နည်းတယ်လို့ ယူဆရတဲ့ အတွက် ဘယ်လိုပြုပြင် ထိန်းသိမ်းမှုတွေနဲ့ ကြိုး စားအားထုတ်မှုတွေ လိုအပ်မယ်လို့ ထင်ပါသလဲ ခင်ဗျ။
ဖြေ။ ။ အဲဒါကလေ လူမှုရေးတွေနဲ့ ဆိုင်တာ ပေါ့နော်၊ လူမှုရေးစံနှုန်း ထားတွေနဲ့ ဆိုင်တာပေါ့၊ နောက်ပြီး ဥပဒေတွေနဲ့ ဆိုင်တယ်လို့ အမေ ထင်တယ်။ ဘာလို့လဲဆိုတော့ အခု တချို့နိုင်ငံတွေ တော်တော်များများမှာ အမျိုးသမီးတွေ လွှတ်တော် အတွင်း ပါဝင်ရေးအတွက် လုပ်ထားတာ ကာလ အတိုင်းအတာ တစ်ခုအထိ လိုတယ်။ တစ်ခါ တလေ အမျိုးသမီး တစ်ယောက် အနေနဲ့ တိုးတယ်ဆိုလို့ ရှိရင် တိုးတယ်လို့ မြင်တယ်၊ အမျိုးသား တစ်ယောက် အနေနဲ့ကျလို့ရှိရင်တော့ လုပ်ရဲကိုင်ရဲ တယ်လို့ မြင် ကြ တယ်၊ တာဝန်ယူရဲတယ်။ အမျိုးသမီးကျတော့ တွန်းတယ်၊ တိုးတယ်၊ နေရာယူတယ်။ ဒါပေမဲ့ နေရာယူတဲ့နေရာမှာ အမျိုးသား တွေ ကတော့ ဇော်ပဲ။ (ရယ်လျက်)
မေး။ ။ အမေ့အနေနဲ့ တစ်ယောက်တည်း နေခဲ့ရစဉ် အတွင်းမှာ သားတွေ အပေါ် လွမ်းဆွတ်မှု အတိုင်းအတာ ဘယ်လောက်ရှိခဲ့ပါသလဲ။
ဖြေ။ ။အမေက ကိုယ့်ကိုယ်ကိုယ် မလွမ်းအောင် နေတတ်တယ် ၊ ဒါ ငယ်ငယ်တည်းကပါ။ လွမ်းတယ် ဆိုတဲ့ အလုပ်မလုပ်ဘူးလို့ ဆုံးဖြတ် ထားတယ်။
မေး။ ။ စိတ်ခွန်အားနဲ့ ဥာဏ်စွမ်းအားမှာ ဘယ်အရာက အမေ့အတွက် အလိုအပ်ဆုံးလို့ ယူဆပါ သလဲ ခင်ဗျ။
ဖြေ။ ။ စိတ်ခွန်အားကတော့ အခြေခံဖြစ်ရမှာပဲ၊ ပညာက အလွဲသုံးစား လုပ်လို့ရတယ်။ မမှန်ကန်တဲ့ စိတ်ရှိတဲ့ ပညာရှိ ဆိုရင် အင်မတန် အန္တရာယ် များတယ်။ အဲဒီတော့ စိတ်ဓာတ်က အဓိကလို့ ထင်ပါတယ်။
မေး။ ။ THE LADY ဇာတ်ကားဟာ အမေ့ရဲ့ ဘဝပုံရိပ် ကို ဖော်ပြပေးနိုင် မယ်လို့ ထင်ပါသလား၊ အစစ်အမှန် အငွေ့အသက်လေးပါသလား ခင်ဗျ။
ဖြေ။ ။ မသိဘူး၊ လုံးဝလည်းမကြည့်ဘူး၊ ကြည့် ဖို့လည်း ရည်ရွယ်ချက် မရှိဘူး၊
မေး။ ။ ဗိုလ်ချုပ်ရဲ့ ဇာတ်ကားကို ရိုက်တဲ့အခါ အမေ ဘယ်လို အခန်းကဏ္ဍ ကနေပြီး ပါဝင်မယ်လို့ ယူဆထားပါသလဲ၊ ဇာတ်ကား ဖန်တီးမှုပီပြင်ပါ့ မလားဆိုတဲ့ စိုးရိမ်စိတ်ရော ရှိပါသလားခင်ဗျ။
ဖြေ။ ။အဲဒါကတော့ ပီပြင်ပါ့မလား ဆိုတဲ့ အတွေးလေးက အတိုင်းအတာ တစ်ခုထိ ရှိတာပေါ့၊ ဒါပေမဲ့လည်းတော်တဲ့ အနုပညာရှင်တွေကို အားကိုးနေ တယ်ဆိုတော့ ဒါကိုဖြစ်မြောက်မယ်လို့ထင်တယ်။ တခြားနိုင်ငံတကာ ကလည်း ကူညီချင်တဲ့ စိတ်တွေရှိတဲ့ အခါကျတော့ဒါ အောင်မြင်မယ် လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အမေ့ အနေနဲ့ အနုပညာရှင်တွေ အလုပ်ကို ဝင်ပြီးတော့ နှောင့်ယှက်တာမျိုး မလုပ်ပါဘူး၊ ဝင်ပြီတော့ ချုပ်ချယ်တာမျိုး မလုပ်ပါဘူး၊ ဒါပေမဲ့လည်း တချို့နေရာတွေမှာ အမေ့ကိုလည်း အကြံ ဥာဏ် တောင်းတာတွေတော့ ရှိမှာပေါ့၊ အဲဒီအခါကျလို့ ရှိရင်တော့လည်း အမေမြင်တာတွေ ပြောပြမှာပေါ့။
မေး။ ။ ဒီအသက်အရွယ်မှာ အမြဲတမ်း လန်းဆန်းပြီး သွက်သွက် လက်လက် နေထိုင်နိုင်အောင် ဘယ်လိုများကျင့်ကြံနေထိုင်ပါသလဲ ခင်ဗျ။
ဖြေ။ ။ စည်းကမ်းနဲ့နေတယ် (ရယ်လျက်)။ နောက်ဆုံး ဒါပါပဲ။ စည်းကမ်း ရှိရှိ နေလို့ရှိရင် ကျန်းမာရေးကောင်းပါတယ်။
မေး။ ။ အခု အမေရေးတဲ့စာတွေကို စာဖတ် ပရိသတ်က သဘောကျ တာတွေ များတယ် ဆိုတော့ စာအုပ်တွေ ဘာတွေရော ထွက်ဖို့ရှိပါသလား ခင်ဗျ၊
ဖြေ။ ။ စာအုပ်..၊ ခု သတ်သတ် လုံချင်း စာအုပ်ထုတ် ဖို့တော့ အချိန်လည်း မရှိဘူး၊ အဲဒီတော့ အစီအစဉ် လည်း မရှိသေးပါဘူး၊
မေး။ ။ အမြဲပဲကျင့်သုံးနေထိုင်တဲ့ ဘဝနေနည်း လေးတစ်ခု၊ အဲဒီနည်းလေး တစ်ခုကို စာဖတ် ပရိသတ်အတွက် မျှဝေပေးနိုင်မလားခင်ဗျ။
ဖြေ။ ။ ဘဝနေနည်း…၊ ဘဝနေနည်း ဆိုတော့ ပြောရတော့ ခက်တယ်၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်နော်။ အမေကတော့ အဖြစ်ကို အဖြစ်အတိုင်း ရင်ဆိုင်မယ်လို့ပဲ စိတ်ထဲမှာ ထားတယ်၊ အဖြစ်ကို အဖြစ်အတိုင်း မရင်ဆိုင် ဘဲနဲ့ ရှောင်လို့ရှိရင် ဘဝမှာ တိုးတက်မှုမရှိနိုင်ဘူး၊ ရှင်သန်ဖို့လည်း မရှိနိုင် ဘူး၊ အဲဒီတော့ ဘာမဆိုရင်ဆိုင် ရဲရမယ်၊ အဲလို ရင်ဆိုင်တဲ့ အခါကျလို့ရှိရင် ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချ၊ ဒီဆုံးဖြတ်ချက်အတွက် ကိုယ်တိုင် တာဝန်ယူ ရမယ်၊ ဟိုလူ့ကို လွှဲချ ဒီလူ့ကိုလွှဲချ ဒီလို မလုပ်ရဘူး။ တာဝန်ယူတဲ့ တာဝန်ယူစိတ်ရှိရ မယ်။
မေး။ ။ နိုင်ငံတော်သမ္မတကြီးက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြော သွားတာပါ၊ သူ့ အနေနဲ့ သမ္မတ ဒုတိယသက်တမ်းကို ပြည်သူ့ဆန္ဒ ရှိရင် သူက အရွေးချယ် ခံမယ်လို့ ပြောထားတာ ကြောင့် အမေ့ရဲ့အမြင် သဘောထားလေး တစ်ချက်လောက်တော့ သိပါရစေ။
ဖြေ။ ။ အဲဒါ နောက်သက်တမ်းမှာ အရွေးချယ်ခံ ချင်တဲ့ ဘယ်သူမဆို အားလုံးကနေပြီးတော့ မျှမျှတတ အခြေခံပေါ် ကနေပြီးတော့ အရွေးချယ် ခံနိုင် အောင်လို့ ကြိုး စားပေးသင့်တယ်။ အခုပြိုင်ရမှာပဲ၊ အခုဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေက တရားမှ မတရားတာ၊ တရားမမျှတတဲ့ ဥပဒေ အရတော့ ခေါင်းဆောင်လုပ်ချင်တဲ့ စိတ်မရှိသင့်ဘူးလို့ ဒီလို ပဲ မြင်ပါတယ်။
အောင်ထက် (NYK) Yati Magazine
အင်တာဗျူး (၁)
Browse › Home › အင်တာဗျူး » ဒေါ်အောင်ဆန်းစုကြည် နှင့် အင်တာဗျူး - (၁)
တည်နေရာ အရပ်ရပ်တွင် လူများစွာ ဖြတ်သန်းခဲ့ နေကြသည်။ သို့သော် အသွင်သ
ဏ္ဌာန် ကွဲပြားမှုကိုယ်စီ ရှိကြမည်ထင်၏။ ဘဝသည် လိုချင်သော သရုပ်ဖော် ပုံတူရေးဆွဲ ရနိုင်ဖို့ရာ ခက်ခဲမည် ဖြစ်ရကား လှုပ်ရှား ရုန်းကန် နေကြရသော လူ့လောက၏ ပုံသေမဟုတ်သော ကားချပ်များကို အသွင်ကူးပြောင်းရေး ကာလများတွင် အသက်ဆက် ရှင်သန်နေနိုင်ရေး အတွက် မည်သည့်ခေတ် မည်သည့်ကာလ၊ မည်သည့် အချိန်မဆို ရှင်သန် အားထုတ် နေကြရသည် မဟုတ်ပါလား။ လန်းဆန်းသည် (သို့မဟုတ်) ပင်ပန်းသည်။ ချမ်းသာသည် (သို့မဟုတ်) ဆင်းရဲသည် အစစ သော လူတစ်ဦး တစ်ယောက်၏ လှုပ်ရှားရုန်းကန် နေရသော ဘဝအချိုး အကွေ့ များစွာ..။ နောက်ပြန်လှည့် ကြည့်ပါက ကျန်နေခဲ့ သော သက္ကရာဇ် များကို လက်ချိုးရေတွက်ရုံဖြင့် မပြီးသာ…။ ကမ္ဘာ ၊မြို့ ၊ ရွာ၊ကျေးလက် သက်ရှိ လူတို့၏ အချို့ အချို့သော အားထုတ်ရုန်းကန်နေ မှုတို့သည် သမိုင်း တစ်စ ၊အနာဂတ်တစ်ခု၊ မှတ်သားလောက် စရာအချို့အဖြစ် ကျန်နေရစ်မည်မှာ အချိန် ကာလတစ်ခုအထိ သေချာမည်ထင်၏။
မလျှောက် ရသေးသော လမ်းကို ရွေးချယ်လျှောက်လှမ်းနိုင်စွမ်း ကိုယ်စီရှိကြသော်လည်း လျှောက်ခဲ့ ပြီးသော ဘဝလမ်းဟောင်းများ အတွက် မွမ်းမံ ပြင်ဆင်ဖို့ရာ မဖြစ်နိုင်သည် မှာ ထို့ထက်ပင်သေ ချာ၏။ ပင်ကိုစွမ်းရည် ပင်ကိုစိတ်ဓာတ်ဖြင့် အား ထုတ်ကြိုးပမ်းရေး အတွက် လှုပ်ရှား ရုန်းကန်နေ ခြင်းတို့တွင် စိတ်ဓာတ်၊ ဥာဏ်၊ ခွန်အား တစ်ခုခုသော ရသတို့ကို ရရှိစေဖို့ ရာ ရည်ရွယ်၍ ယခုလထုတ် ရတီမဂ္ဂဇင်း၏ Beyond The Women ကဏ္ဍ အတွက် မြန်မာ့ ဒီမိုကရေစီ လူထုခေါင်း ဆောင် ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် (တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ)နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ရပ်နားချိန် (အောက်တိုဘာလ ၂၃ရက်နေ့) တွင်တွေ့ ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်။
မေး။ ။ပထမဦးဆုံးအနေနဲ့ မျိုးချစ်စိတ်ဆိုတာ ဘယ်အချိန်က စပြီး ခံစား မိတာလဲဆိုတာ သိပါရစေ ခင်ဗျာ။
ဖြေ။ ။ အဲဒီမျိုးချစ်စိတ် ၊ မျိုးချစ်စိတ်ဆိုတဲ့ အကြောင်းကို သိပ်မပြော ချင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့တချို့က မျိုးချစ်စိတ်၊ မျိုးချစ်စိတ်ဆိုပြီး ကိုယ်လုပ်ချင်တာ လုပ်တာ မျိုးကို မျိုးချစ်စိတ်နဲ့ အကြောင်းပြပြီး မျိုးချစ် စိတ်နဲ့ လုပ်တယ်လို့ ပြောတယ်၊လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ ပတ်ဝန်းကျင်က ကိုယ့်အမျိုးအဆွေ ကိုယ့်မောင်နှမသား ချင်းတွေကို ချစ်သလို ကိုယ့်ရဲ့ လူမျိုးချစ်တဲ့ စိတ် ကတော့ အမြုတေအားဖြင့်တော့ ရှိနေမယ်လို့ ထင်ပါတယ်။
မေး။ ။ အမေ့ရဲ့ မပြောင်းလဲခဲ့တဲ့ မြန်မာဝတ်စုံ နဲ့ပတ်သတ်ပြီး တစ်ခုလောက် မေးပါရစေ၊ အမေ က မြန်မာပြည်က အမျိုးသမီးထုကို လမ်းပြပေးခဲ့တဲ့ ပုံစံမျိုးလား။
ဖြေ။ ။မဟုတ်ပါဘူး၊ အမေ့ဘာသာ အမေ ကြိုက်လို့ ဝတ်တာပါ၊
မေး။ ။ အမေ့အနေနဲ့ ပြည်ပ ခရီးစဉ်တွေ မှာဝတ်ခဲ့တာကို ကမ္ဘာ မှာ မြန်မာ ဝတ်စုံနဲ့ ပတ်သတ်ပြီး သတိထား လာကြတယ်လို့ ပြောလာကြ တယ်၊ အဲဒါနဲ့ ပတ်သတ်ပြီး ဖန်တီးပေးထားတဲ့သူ၊ ဒီဇိုင်နာပေါ့ ၊ခုလည်း လွှတ်တော် မှာ ဝတ်ဆင်နေတဲ့ အဝတ်အစားတွေနဲ့ ပတ်သက်ပြီးတော့ပါ။ ပြောလို့ ရရင်ပြောပေးပါဗျ၊
ဖြေ။ ။ ခုဝတ်ထားတာက ကရင်လုံချည်ပေါ့၊ (ရယ်လျက်)၊ အင်း….ဒီဇိုင်နာ ရယ် လို့ မရှိပါ ဘူး၊ ဒီလိုပဲ ..၊ တချို့တွေကျတော့ သူများတွေ ချုပ်ပြီးပေး လည်း အမေဝတ်တာပဲ၊ သူများပေးတာ ဝတ်တာ များတာပေါ့နော်၊ နောက် ထပ် ကိုယ့်ဟာ ကိုယ်လည်း ဒီလိုပဲ ချုပ်ဝတ်တာပဲ၊ ဒီဇိုင်နာရယ်လို့ တော့ မဟုတ်ပါဘူး။
မေး။ ။ ဘဝမှာ အတွေ့အကြုံ အပြောင်းအလဲ တွေ ကြားမှာ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ကျော်ဖြတ်ခဲ့တာလဲ၊ အဓိက စိတ်ဓာတ်လေး တစ်ခု သိပါ ရစေ။
ဖြေ။ ။ အဲ့ဒါပြောရခက်တယ်၊ စိတ်ဓာတ်ဆိုတာ တစ်မျိုးတည်းမှ မဟုတ် တာဘဲ၊ ကိုယ်တွေ့ကြုံရတဲ့ ဖြစ်ရပ်တွေပေါ်မှာ မူတည်ပြီးတော့ စိတ်ဓာတ် က ပြောင်းလဲတာပေါ့၊ ပျော့ပျောင်းသင့်တဲ့ နေရာမှာ ပျော့ပျောင်းတယ်။ တင်းမာသင့်တဲ့နေရာမှာ တင်းမာတယ်၊ အဲဒီတော့ အမေအမြဲပဲပြောတယ် တင်းမာတာမဟုတ်ဘူး၊ခိုင်မာတာပေါ့၊ ပျော့ ပျောင်းတာနဲ့ ပျော့ညံ့တာ မတူဘူး၊ ခိုင်မာတာနဲ့ တင်းမာတာနဲ့ မတူဘူး၊လိုအပ်ရင် လိုအပ်သလိုပေါ့၊ အမြဲပဲ ဒါပျော့ပျောင်းနေ လို့လည်း မရဘူး၊ ပြောရမယ် ဆိုရင် တိုက်ဖို့ လိုရင်လည်း တိုက်ရမှာပဲ၊ ခံဖို့လိုရင် လည်းခံရမှာပဲ၊ချော့ဖို့လိုရင်လည်း ချော့ ရမှာပဲ၊ လျှော့ဖို့လိုရင်လည်း လျှော့ရမှာပဲ(ရယ်လျက်)။ ဒါက ကိုယ့်ရဲ့ မူအရလုပ်သင့် တာတွေ လုပ်နိုင်ဖို့ စိတ်ဓာတ်ကို ပြောင်းသွားရမှာပါ။
မေး။ ။မိသားစုနဲ့ ခွဲခွာခဲ့ရတဲ့ အချိန်မှာ ကြံ့ကြံ့ ခိုင်နေထိုင်နိုင်ခဲ့တဲ့ သတ္တိကိုလည်း တစ်ချက် လောက်သိပါရစေ။
ဖြေ။ ။ အဲဒါကတော့ တာဝန်သိစိတ်လို့ပဲ ပြောရ မှာပဲ၊ အမေတို့ ငယ်ငယ် တည်းက မေမေ (ဒေါ်ခင်ကြည်) က အင်မတန်မှ တာဝန်သိတယ်၊ မေ့မေ့ရဲ့ တာဝန်သိစိတ်က အင်မတန်မှလည်း ကြီးတယ်၊ ကလေးတွေကိုလည်း တာဝန်သိစိတ်ရှိဖို့ သင်ထားတယ်။ အဲတော့ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအရ ခံစားချက်တွေထက် ကိုယ့်တာဝန်လို့လက်ခံတဲ့ ကိစ္စကို ရှေ့တန်းတင် ရမယ်ဆိုတဲ့ ဟာကိုတော့ ဒါငယ်ငယ်က ပြုစုပျိုးထောင်ထားခဲ့တာပါ။
မေး။ ။ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း အဓိပ္ပာယ်ကို ကျတော့ ဘယ်လို အဓိပ္ပာယ် ဖွင့်ချင်ပါသလဲ ခင်ဗျ။
ဖြေ။ ။မှန်ကန်ခြင်း ဆိုတာကတော့နော်၊ တစ်ယောက်နဲ့ တစ်ယောက် ဘယ်ဟာက မှန်ကန်သလဲ ဆိုတာ တစ်ခါတလေ အငြင်းပွားကြတာပေါ့၊ ဒါပေမဲ့လည်း ကိုယ့်ရဲ့ ဖေဖေပြောခဲ့တဲ့ အသုံး အနှုန်းဆိုရင်တော့ ကိုယ့်လိပ်ပြာခုံ ရုံးရှေ့မှာ ကိုယ်မားမားမတ်မတ် ရပ်တည်နိုင်မှ။ မှန်ကန်လား မမှန်ကန်လား ဆိုတာ အဲ့ဒါနဲ့ ဆုံးဖြတ်ရမှာပေါ့၊ ရဲရင့်တယ် ဆိုတာက ကိုယ် မှန်ကန်တဲ့ ကိစ္စအတွက် ထိမယ်ထင်ရင်လည်း၊ နာမယ် ထင်ရင်လည်း ထိမှာ နာမှာကို ရင်ဆိုင်မယ်ဆိုတဲ့ သတ္တိကို ထုတ်တာဟာ ..ဒါ ရဲရင့် တာပေါ့၊
မေး။ ။ အခု ပြုပြင်ပြောင်းလဲရေး ကာလမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအရေး တွေပေါ့။ အဲဒါမှာ ဘယ်အရာက မြန်မာနိုင်ငံ အတွက် ပထမဆုံး အဓိက လိုအပ်မယ်လို့ ထင်မိ ပါသလဲ ။
ဖြေ။ ။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှာ ပညာရေး ကတော့ အဓိက အရေးကြီးတယ်။ ပညာ ရေးကို အခြေခံမှ မှန်ကန်တဲ့ စီးပွားရေး မူတွေ လည်း ချနိုင်မယ်၊ မှန်ကန်တဲ့ စီးပွားရေးလမ်းကိုလည်း လျှောက်နိုင် မယ်။ နောက် ..လူမှုရေးက လည်း ပညာရေးက အများကြီး အကျုံးဝင် တာပေါ့လေ၊ ပညာရေးက မှန်ကန်လို့ရှိရင် မှန်ကန်တဲ့ လူမှုရေး ဆက်ဆံ မှုတွေကလည်း မှန်ကန် လာမှာပေါ့၊ အမေတို့ ငယ်ငယ်တုန်းကဆိုလို့ရှိရင် စိတ် ဓာတ်ကောင်းမွန်ဖို့ ..။ ဒါမျိုးတွေက အများကြီး သင်တာတွေ ရှိတယ်၊ သား တို့ခေတ်မှာ ဒါ တွေက ကျောင်းတွေမှာ သိပ်မသင်ဘူးပေါ့။ အဲတော့ ပညာရေးက စိတ်ဓာတ်မှန်ကန်ဖို့နဲ့ ဆက်စပ်တယ် ဆိုတော့ လူမှုရေးနဲ့လည်း ဆက်စပ်သွားတာပေါ့။
အောင်ထက် (NYK) Yati Magazine
Friday, 21 September 2012
မေး။ ။ဟုတ်ကဲ့ပါအကို၊ ကျမ ရိုဟင်ဂျာလို့ပြောနေတဲ့ ဘင်္ဂါလီ ကိစ္စနဲ့ပတ်သက်ပြီးတော့ မရှင်းတာလေးတွေ သိချင်တာလေးတွေ ရှိလို့ မေးပါရစေ၊ အချိန်တော်တော်ယူလိုက်မိတာလည်း ကျမ သိပါတယ်။ မေးလက်စနဲ့ ရှင်းအောင်လို့ ဆက်မေးပါရစေ။
ဖြေ။ ဟုတ်ကဲ့။
မေး။ ။ပြည်ပမှာ ရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ ရိုဟင်ဂျာလို့ပြောနေတဲ့ သူတွေ၊ ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ သူတွေဆီကနေ အလှူငွေတွေလက်ခံကြတယ်၊ အဲဒီအဖွဲ့တွေကပဲ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ကိုရောက်တော့လည်း ရိုဟင်ဂျာတွေဆီက ရတဲ့ ငွေတွေနဲ့ အခမ်းအနားလုပ်ပေးခဲ့တယ်ဆိုပြီး ပြောကြတာတွေကို တဆင့်စကားနဲ့ ကြားရပါတယ်။ စတာလင်ပေါင် ၇ ထောင်လား၊ ရ သောင်းလားဆိုတာတော့ ကျမ သေချာမသိပါဘူ၊ ဒါပေမဲ့ အဲဒီကိစ္စတွေက facebook တွေမှာလည်း ရေးသားကြတာတွေတွ့ရပါတယ်။ အဲဒီကိစ္စတွေ ဟုတ်မဟုတ်နဲ့၊ NlD _LA အနေနဲ့ ရော တကယ်ပဲ ရိုဟင်ဂျာတွေ ဆီကနေ အလှူငွေလက်ခံပြီး ပါတီကိစ္စတွေ ဆောင်ရွက်နေခြင်း ရှိမရှိဆိုတာလည်း သိချင်ပါတယ်။အကို့အနေနဲ့ သုံးသပ်ပေးပါဦး။
ဖြေ။ ။ကျနော်တို့မှာ ၂ ပိုင်းရှိပါတယ်။ ဖြေ။ ။ကျနော်တို့မှာ ၂ ပိုင်းရှိပါတယ်။ ဋ္ဌာန ခွဲတွေလည်း ရှိပါတယ်။ ကျနော်တို့ ကနေဒါ ဌာနခွဲဆိုရင် ဖျက်တောင်ပစ်ရတယ်။ ကျနော်တို့က NLD –LA မှာ တာဝန်ခံရှိပါတယ်။ ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေး မရောရပါဘူး။ ကနေဒါ ဋ္ဌာနခွဲမှာ တာဝန်ခံတဲ့ ကိုအောင်ဒင်ဆိုတဲ့ သူက မူဆလင်နဲ့ရိုဟင်ဂျာ ကိစ္စတွေကို လုပ်တော့ကျနော်တို့ပဲ ဆုံးဖြတ်ပြီးတော့ ဒီဋ္ဌာနကို ဖျက်ပစ်လိုက်တယ်။ ခင်ဗျားဟာ ခင်ဗျား ရိုဟင်ဂျာ ကိစ္စလုပ်လို့ရတယ်၊ဒါကိုယ်ပိုင် လွတ်လပ်ခွင့် ဒါပေမဲ့ NLD-LA _့ကနေဒါဋ္ဌာနခွဲရဲ့ ဥက္ကဌအနေနဲ့တော့ လုပ်လို့မရဘူးပေါ့။ တကယ်တော့ ရိုဟင်ဂျာ ကိစ္စက အမျိုးသားရေး ကိစ္စပါ။ အမျိုးသားရေးကိစ္စဖြစ်တဲ့အခါမှာ သူများတွေ ထင်ယောင်ထင်မှားဖြစ်စေတဲ့ အလုပ်မျိုး မလုပ်ရပါဘူး။ နောက်တခုက အင်္ဂလန်မှာ နိုင်ငံရေး လှုပ်ရှားတဲ့ အခါကျတော့ အရင်တုန်းကတော့ တစုတည်းလို့ ထင်ရတယ်ပေါ့နော်။ NLD- LA ရှိမယ်၊ တက်ကြွတဲ့ လှုပ်ရှားသူ ရှိမယ်၊ DPNF ရှိမယ်၊ ကျောင်းသားဟောင်း ABSDF အဲဒီက ဌာနေ ကိုယ်စားလှယ်တွေ ရှိမယ်။ ရိုဟင်ဂျာကလည်း အဲဒီထဲမှာ တဖွဲ့ပါနေတယ်။ဆိုတော့ အင်္ဂလန်ကို ရောက်တဲ့အခါကျတော့ ဘာမြင်လဲဆိုတော့ရိုဟင်ဂျာ ကိစ္စပေါ့နော်၊ ကျနော်တို့မှာ ဘားမားကမ်ပိန်းယူကေ ပေါ့။သူတို့က လူ့အခွင့်အရေးဘက်ကနေ ကြည့်တယ်ပေါ့။ ဒီကိစ္စကို။ NLD _LA က အဲဒီကမ်ပိန်းထဲမှာ မပါဘူး။မပါတဲ့အတွက် ခြိမ်းခြောက်ခံရတယ်၊ မလေးရှားမှာဆိုရင် NLD-LA ရုံးကို မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်။ လန်ဒန်မှာ လုပ်နေကြတာတော့ဖြစ်နိုင်တယ်၊ NLD-LA ဆိုပြီးတော့တော့ မဖြစ်နိုင်ပါဘူး။
နောက် လန်ဒန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ငွေ လှူသွားတာတို့ဘာတို့ကတော့ ဘယ်သူ မဆို လှူမှာပဲလေ။ ဒါကြီးကို ရိုဟင်ဂျာကနေ ပိုက်ဆံကောက်တယ်ဆိုတာတော့ မဟုတ်ပါဘူး၊ပြီးတော့တချို့လူတွေက ရိုဟင်ဂျာတွေ မဟုတ်ပါဘူး။ မူဆလင်တွေပါ။ ဒီလို သတင်းတွေထွက်လာတာက ကျနော်ထင်ပါတယ် အန်အယ်ဒီ အယ်လ်အေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ဖျက်ချင်လို့လို့ မြင်ပါတယ်။ နောက်ကိုဇာဂနာတို့က ရိုဟင်ဂျာတွေအပေါ် ပင်းတယ်ဆိုတာလည်း မဟုတ်ဘူး။ BCUKက ပင်းတယ်ဆိုတာတော့ ကျနော် လက်ခံပါတယ်။ ရခိုင်ပြဿနာမှာ ရခိုင်မှာ ရိုဟင်ဂျာ ၃ ထောင်သေပါတယ်ဆိုတဲ့ စာရင်းထွက်လာတယ်။ ကျနော် ပြောတယ်လေ ၃ ထောင် သေတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ကျနော်တောင်မှ ကိုသန်းလွင်ထွန်းကို သွားပြီးတော့ ပြောပါသေးတယ် မေးကြည့်ပါဦး BCUK ကနေပြီးတော့အစိုးရကို ပြောတာရော။ တကယ်တော့ သူတို့ တိုင်းပြည်ပြောင်းသွားတာကို မသိလိုက်ဘူး။ ကိုအောင်ဒင်တို့ပေါ့၊ ကျနော်တို့မှာ အမျိုးသားရေးဆိုတာ ရှိတယ်။ သူတို့ချည်းကပ်တာက လူ့အခွင့်ရေးပေါ့နော်။ ပြီးတော့ မဟုတ်တာတွေကို ဟုတ်တာလုပ်တော့ မဟုတ်တန်းတရားတွေကို အတင်းလုပ်တော့ တိုင်းပြည်ကို လာလာထိတယ်။ တချိန်တည်းမှာပဲ အဲလို အဖွဲ့အစည်းတွေက အလိုလိုနေရင်း သေသွားတယ်။ အစိုးရကိုတော့ မကြိုက်ကြတာ မှန်တယ်။ အဲဒါမျိုးတွေလည်း ရှိတော့၊တကယ်တော့ ရိုဟင်ဂျာကတော့ ကျနော်တို့ တိုင်းပြည်မှာ ရတဲ့အခွင့်အရေးကို ယူဖို့ လုပ်တာပေါ့လေ။ အဲဒီမှာ ခုန ကမ်ပိန်းတွေနဲ့ လှုပ်ရှားသူတွေကို အသုံးချတာလို့ ကျနော်မြင်တယ်။အဲဒီထဲမှာတော့ NLD-LA က လုံးဝ မပါဘူး။
မေး။ အကိုကလည်း သမိုင်းဆရာဖြစ်ခဲ့တော့လေ ရိုဟင်ဂျာဆိုတာကတော့ ကျမတို့ရဲ့ သမိုင်းတွေမှာ မပါခဲ့ဘူးဆိုတာလည်း သိမှာပါ။ ဒါပေမဲ့ဘာဖြစ်လို့ BBC မှာက ဒါကို တိုင်းရင်းသားအနေနဲ့ ဖော်ပြခဲ့တာလဲ။ ပြီးတော့ သူတို့က ပြည်တွင်းမှာ နေထိုင်တယ်၊ သူတို့ကိုယ်တိုင်ကလည်း ရိုဟင်ဂျာလို့ ပြောတယ်၊ ပြီးတော့ နိုင်ငံသားအခွင့်ရေးမရဘူးလို့ ပြောတယ်၊ ဒါပေမဲ့ ယောမင်းကြီးလမ်းမှာ နေထိုင်ပြီး ကုမဏီထောင်ပြီးစီးပွားရေးလုပ်ငန်းတွေ လုပ်နေတယ်၊ မိသားစုဝင်တွေမှာလည်း ဆရာဝန်တွေ ဘာတွေရှိတယ်၊ဘင်္ဂါလီလွှတ်တော်အမတ်တွေထဲမှာတောင် ရိုဟင်ဂျာလို့ ပြောနေတဲ့ သူတွေ ရှိနေတယ်။ အဲဒါကို နိုင်ငံသားအခွင့်အရေးမရကြောင်း ပြောတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ အကို့ရဲ့ အမြင်လေးသိချင်ပါတယ်။
ဖြေ။ ။ သူတို့က ကျနော်တို့ တိုင်းရင်းသား မှမဟုတ်တာ။ နိုင်ငံသား ဖြစ်ပိုင်ခွင့်ရှိပါတယ်။ ကျနော် တခု စိတ်မကောင်းတာက လူတွေဟာ ဘာဖြစ်လို့ ဒါကို တောင်းဆိုလာရတာလဲ။ သူတို့ ကျနော်တို့ တိုင်းပြည်ထဲ ၀င်လာတယ်၊ ကိုလိုနီခေတ်ကတည်းက လယ်မြေတွေ လုပ်ကိုင်ဖို့အတွက် ခေါ်လာခဲ့ကြတယ်။ ကျနော်တို့ တိုင်းပြည်က ရှမ်း၊ကချင်၊ကရင်၊ မွန်၊ မြန်မာ အဲလို ရှိတဲ့ အခါမှာ လူ့အခွင့်ရေးက တပိုင်းပါ။ နိုင်ငံသား ၊ တိုင်းရင်းသား ဖြစ်တည်မှုက တပိုင်းပါ။ ကျနော်တို့ဘက်က ပြဿနာက လေနဲ့ဝမ်းနဲ့ မကွဲတာ။ လူ့အခွင့်ရေး လူု့အခွင့်ရေး ဆိုပြီး နအဖ ကို လက်ညှိုးထိုးလို့ရရင် တော်ပြီ ဆိုတဲ့ လူတွေအပေါ်မှာ စနစ်တကျ အမြတ်ထုတ်ခံလိုက်ရတယ်လို့ပဲ ကျနော် ပြောချင်တယ်။
ဒါပ ပြည်ပမှာပေါ့နော်။ ပြည်တွင်းထဲမှာ ကျနော့်အဖေက အရင်တုန်းက ကယ်ဆယ်ရေးဋ္ဌာနက ညွှန်ကြားရေးမှူးချုပ်ပါ။ ဒီလူတွေ ရွှေဟင်္သာစီမံချက်နဲ့ ပြည်တွင်းထဲကို ပြန်ဝင်တော့ ကျနော့်အဖေ ဒုက္ခရောက်တယ်။ ဘာကြောင့်လဲဆိုတော့ ထွက်တုန်းက လူဦးရေက ရ သောင်း၊ ပြန်ဝင်လာတော့ ၂ သိန်း ၄ သောင်းဖြစ်နေတယ်။ အဲတော့ UNHCR- ကုလသမဂ္ဂမဟာမင်းကြီးရုံးမှာ တင်တုန်းက ၇ သောင်း၊ပြန်ဝင်လာတော့ ၂ သိန်း ၄ သောင်းဖြစ်နေတယ်။ဘာပြောလဲဆိုတော့ ကျနော် မူဆလင် ကျနော် မိန်းမ နောက် ၃ ယောက်ထပ်ယူထားတယ်။ ဆိုတော့ ဒီလိုမျိုးနဲ့ တိုင်းပြည်ကို မတရား ခိုးဝင်လာတယ်။ တရားဝင် မတရား ခိုးဝင်လာကြတယ်လို့ ကျနော် မြင်တယ်။ ဒီကိစ္စနဲ့ပဲ ကျနော့်ကို အယ်လ်ဂျာဇီးယားက ၃ ခါရှိပြီ အင်တာဗျူးလုပ်တာ။ ရိုဟင်၈ျာတွေရဲ့ အဓိက လုပ်ခဲ့တဲ့ သူတို့ဘာတို့ပေါ့ဗျာ။ ကျနော်က ဘာပြောလဲဆိုတော့ သူတို့က တခြားတိုင်းပြည်ကနေပြီးတော့ ခိုးဝင်ရင်းနေထိုင်တဲ့ သူတွေပါလို့ ကျနော် ပြောတယ်။ ကျနော့်ကို မကြိုက်ကြဘူး သူတို့က။
နှစ်ခုပေါ့ လူ့အခွင့်ရေး ရှု့ထောင့်ကနေပြီးတော့ ဒါကို မပြောလိုဘူး။ ဒါပေမဲ့ အမျိုးသားရေးဘက်က ပြောရင်တော့ ပြဿနာရှိတယ်။ ကျနော်လည်း သူတို့ကို ပြန်မေးတယ်။ ထိုင်းနိုင်ငံမှာ မြန်မာ ၄ သန်းရှိတယ်။ ခေတ်အဆက်ဆက်မှာ နေလာတဲ့ သူတွေရှိတယ်။ ချင်းမိုင်မှာ ကြိုက်တဲ့ မီးဖိုချောင်ဝင်သွား ရှမ်းရှိတယ်။ သူတို့ဟာ ဒီနေ့ထိ လျှို့လျှို့ဝှက်ဝှက်ပဲ နေနေရတယ်။ ကျနော်တို့ မြန်မာတွေက ထိုင်းနိုင်ငံသား လျှောက်လို့မရဘူးလေ။ ခိုးဝင်တဲ့ သူက ခိုးဝင်တဲ့အတိုင်းပဲ ဖြစ်မယ်။ တရားမ၀င်ဘူး။ တိုင်းပြည်တပြည်ရဲ့ အချုပ်အချာ အာဏာကိုတော့ အဲလောက်ထိ မစော်ကားသင့်ဘူးလို့ ကျနော်ထင်တယ်။
အဲလိုပြောလို့လည်း ကျနော့်ကို ခြိမ်းခြောက်တာတွေ ရှိတယ်။ သတ်မယ်လို့ ပြောတာတွေ လူလွှတ်သတ်ခိုင်းမယ်လို့ ပြောတာတွေလည်း ရှိတယ်။
ကျနော် ရခိုင်တွေဘက်ကနေ လိုက်ပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါအမျိုးသားရေးဖြစ်နေတယ်။အမျိုးသားလုံခြုံရေးဖြစ်နေတယ် နောက်တခုက မရှိတဲ့ လူမျိုးတခုကို ပြောတယ်။ ဥပမာ မြန်မာ-မူဆလင် ရှိတယ်။ ဒါမြန်မာ-မူဆလင်တွေက ရိုဟင်ဂျာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံသား၊မြန်မာ၊ မူဆလင်ဘာသာကိုးကွယ်သူပဲ။ အဲဒါ မြန်မာ မူလဆင်တွေကို ဒီ culture တွေကို သွင်းနေတာက ကျနော်တို့တိုင်းပြည်မှာ အင်မတန်မှ ကြောက်စရာကောင်းတယ်။ ကျနော်တို့တိုင်းပြည်မှာ ဒါက စနစ်တကျ လုပ်သွားတယ် စနစ်တကျလုပ်တယ်လို့မြင်တယ်။ ကျနော်တို့တိုင်းပြည်မှာ မျိုးချစ်စိတ် ပြန်ရှိဖိုလိုတယ်၊ ဒါပေမဲ့ ကုလားတွေကို ရိုက်တာမျိုး၊ ကုလားတွေကိုသတ်တာမျိုး မဖြစ်သင့်ဘူး။ ကျနော်တို့မြန်မာပြည်မှာ လူတိုင်းနေထိုင်ခွင့်ရှိပါတယ်။ ခုနပြောတဲ့ ရိုဟင်၈ျာ ၉၉ % နေလို့ ဒီပြည်နယ်ကို ရိုဟင်ဂျာ ပြည်နယ်ပေးရမယ် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးရမယ်ဆိုတာကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ မဖြစ်သင့်ဘူး။ တကယ့်တကယ်ကို ရိုဟင်ဂျာဆိုတာတောင်မှ မခေါ်ရတဲ့ စကားပေါ့နော်၊ ကျနော်တို့ငယ်ငယ်တုန်းက သိတာ ခေါ်တောပဲ သိတာ။ ရိုဟင်ဂျာဆိုတာ နိုင်ငံရေးစကားပါ။
ဒါကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်၊ ဒီခေါ်တောတွေရဲ့ ပိုက်ဆံကို အသုံးချပြီးတော့ လုပ်ခဲ့တဲ့ သူတွေ ရှိတယ် အဖွဲ့အစည်းတွေ ရှိတယ်။ ရိုဟင်၈ျာဆိုတာ တခါမှကို မကြားဖူးဘူး။ သူတို့ကို ခေါ်တာက ခေါ်တောကုလားတွေပဲ၊ ဒါ သူတို့ကို နှိမ်တာမဟုတ်ပါဘူး။ ဘင်္ဂါလီဆိုတာ ယဉ်ယဉ်ကျေးကျေးခေါ်တာပဲ။ ဘင်္ဂါလီဆိုတာက ဟိုဘက် ကမ်းကနေ ကူးလာတဲ့သူတွေ၊ သူတို့ ဒီထဲမှာ နေထိုင်တာ ကြာချင်လည်း ကြာမယ်။ဒါပေမဲ့ ဒီဘက်က ရခိုင်နဲ့လည်း ရုပ်မတူဘူး၊ ဘာမှလည်း မတူဘူး။
အဲဒီလို မေးမြန်းပြီးတဲ့နောက်မှာတော့ ကိုညိုအုန်းမြင့်ကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်စကားနဲ့ စကားအနည်းငယ်ပြောဖြစ်ကြပြီး တွေ့ဆုံမေးမြန်းခြင်းပြီးဆုံးခဲ့ပါတယ်။
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ) http://maythingyanhein.blogspot.ca/2012/09/blog-post_20.html
Thursday, 30 August 2012
INTERVIEW with Rakhine History Expert on the recent communal conflict in Rakhine State
Dr. Jacques P. Leider (Photo: Zayar Hlaing)
















