Saturday, 3 December 2011

လူငယ်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲ

လူငယ်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲ

by Phone Myint Khaing on Saturday, December 3, 2011 at 1:49am

ဗုဒ္ဓဟူးနေ့က ကျွန်တော် အောင်ဆန်းပင်လုံ စာဖတ်ခန်းမှာ လုပ်တဲ့ လူငယ်နဲ့ နိုင်ငံရေး စကားဝိုင်းကို ရောက်ဖြစ်တယ်။ ကျွန်တော် တစ်ယောက် ပြောချင်လွန်းလို့ နားထောင်ချင်လွန်းလို့ ရှိတဲ့ ညပိုင်း သင်တန်းလစ်ပြီး သင်္ကန်းကျွန်း အောင်ဆန်းပင်လုံ စာကြည့်တိုက်ကို အစောကြီးပြေးရတယ်။ ကျွန်တော် ရောက်တော့ ၄နာရီစွန်းစွန်းပဲ ရှိသေးတယ်။ လူတွေ ဘယ်သူမှ မရောက်ကြသေးဘူး။ ငါးနာရီလောက်ရောက်တော့ လူတွေ တဖြည်းဖြည်းစုံလာတယ်။ ဒီနေ့ပွဲကို တက်ရောက်သူ ခန့်မှန်းခြေ အယောက် ၂၀ လောက်ရှိပါတယ်။


ဆွေးနွေးပွဲစတော့ တစ်ယောက်ချင်းစီ မိတ်ဆက်ကြရင်း ဘာလို့နိုင်ငံရေးကို စိတ်ဝင်စားကြတာလဲ လို့ပြောပြဖို့ ကျွန်တော်က တော့ပစ် တင်တော့ အားလုံးက ကျွန်တော်ပဲ စပြောပေးဖို့ ပြောတာနဲ့ ကျွန်တော်က စဖွင့်လိုက်ပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းလာရတဲ့ သက်တမ်း တစ်လျှောက်ဟာ နဝတခေတ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှင်သန်လာခဲ့တဲ့ ခေတ်ကြီးဟာ ခေတ်ကျပ်ကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ကြီးပြင်း လာရာ တစ်လျှောက်မှာ နားစွန်နားဖျား အဖြစ် ဒီနိုင်ငံရေးဆိုတာ ကြောက်စရာလန့်စရာ၊ အစိုးရ ဆန့်ကျင်တဲ့ စကားလုံးကြီး ဖြစ်နေခဲ့တာကို ကြားခဲ့ရတယ်။ လူဆိုတာ မလုပ်နဲ့လို့ ပြောတဲ့ ကိစ္စမျိုးကိုမှ ပိုစိတ်ဝင်စား တတ်တဲ့ အမျိုးမှတ်လား။ အဲ့ဒိတော့ ကျွန်တော် တဖြည်းဖြည်း ကြီးပြင်းလာပြီးတဲ့ နောက်မှာတော့ နိုင်ငံရေးဆိုတာကို ပိုလေ့လာ မိလာလေလေ စိတ်ဝင်စားဖို့ ကောင်းလာလေလေပါပဲ။ ဒါဆို ဘာလို့များ နိုင်ငံရေးပြောတဲ့ နိုင်ငံရေး အကြောင်း လုပ်တဲ့ လူတွေကို ဘာလို့များ ထောင်ချထားရတာလဲ၊ ဖိနှိပ်ထားရတာလဲ။ ထိုစဉ်က အသိချင်ဆုံး မေးခွန်းတွေပါ။ ဒီလိုနဲ့ ကျွန်တော် ရင်ထဲကို နိုင်ငံရေးပိုးဟာ ဘယ်ချိန်က ဝင်မှန်းမသိ ဝင်ရောက်လာခဲ့တယ်။ နိုင်ငံရေးပိုးဆိုတာ ဥပမာ တင်စားရရင် ဒီကောင်က မူးယစ်ဆေးဝါးလိုပဲ တစ်ခါသုံးမိပြီးရင် ဘယ်လောက် ဖြတ်ဖြတ် ပြန်စွဲမိသလိုပါပဲ။

ဘာလို့နိုင်ငံရေးစိတ်ဝင်စား

နိုင်ငံရေးကို စိတ်ဝင်စားတာနဲ့ ပတ်သက်ပြီးတော့ လူငယ်တွေ တစ်ယောက်တစ်မျိုးစီ သူတို့ အမြင်တွေကို တင်ပြသွားကြတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အများအားဖြင့်တော့ ဒီနိုင်ငံရေးဆိုတာ ကို ဘာလို့များ ယခင်အစိုးရတွေတုန်းက သေမလောက် ကြောက်ပြီး နှိပ်ကွပ် ခဲ့တာလဲပေါ့။ အဲ့ဒိမှာ ကိုယ့်ရှေ့က ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေဟာ သူတို့ကို ဘယ်လောက်ပဲ နှိပ်ကွပ်ခဲ့ နှိပ်ကွပ်ခဲ့ ဘယ်တော့မှ သူတို့ ယုံကြည်ချက် မပြောင်းလဲ သွားဘူး ဆိုတာ သွားတွေ့ရတယ်။ နိုင်ငံရေးစာပေ ဆိုတာကလဲ ကျွန်တော်တို့ အသက်ရွယ် လူငယ်တွေမှာ ရှာဖွေလို့ ဖတ်လို့ရတာဆိုလို့ ဦးသိန်းဖေမြင့် တို့လို စာအုပ်မျိုးတွေနဲ့ပဲ ကြီးပြင်း လာရတယ်လို့ အကို တစ်ယောက်က ပြောပါတယ်။ နောက်ညီငယ် တစ်ယောက်ကလဲ နိုင်ငံရေးကို စိတ်ဝင်စားလာတာက သူစာရေးဆရာ ဖြစ်ချင်တာက စတယ်လို့ ပြောပါတယ်။ သူစာတွေကို ရေးတယ်၊ စာအုပ်တိုက်တွေကို လိုက်ပို့တယ်။ နောက် ဆင်ဆာဆိုတဲ့ စာပေစီစစ်ရေးတွေ ရှိတာကို သဘောမကျဘူး။ လူတိုင်းဟာ ဘာလို့များ မိမိထင်မြင်ချက်ကို လွတ်လပ်စွာ မထုတ်ဖော် နိုင်ရတာလဲ လို့ အတွေးဝင်လာပါသတဲ့။

ယနေ့နိုင်ငံရေး အပေါ်အမြင်
ဒီနေ့နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့လဲ တော်တော် လေး ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ အထူးသဖြင့် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးမှု ရလဒ်အရ NLD မှတ်ပုံတင်တဲ့ ကိစ္စကို သဘောထား မတူသူတွေ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ မတူညီတဲ့ အမြင်တွေကို တစ်နေရာတည်းမှာ အေးဆေး ဆွေးနွေးနိုင်တာကိုက အဲ့ဒိနေ့က လုပ်ခဲ့တဲ့ လူငယ် နဲ့ ဒီမိုကရေစီအလေ့ အကျင့်ဟာ မစိမ်းတော့ဘူး ဆိုတာ သက်သေပြနေပါတယ်။
ဒီနေရာမှာ အမြင်မတူတဲ့ အုပ်စု သုံးစု ကွဲပါတယ်။


နံပါတ်တစ် အုပ်စုဟာ NLD မှတ်ပုံတင်တာ ရွေးကောက်ပွဲ ဝင်တာ လက်ခံတယ်။ အန်တီစု ရွေးကောက်ပွဲဝင်တာ လက်ခံတယ်ဆိုတဲ့ အုပ်စု။
သူတို့အမြင်ကတော့ လက်ရှိ အန်တီစုနဲ့ NLD ဟာ ခေတ်အခြေအနေနဲ့ အညီ ကစားကွက်ပြောင်း ကစားတာလို့ ယူဆတယ်။ အန်တီဟာ အမျှော်မြင်ကြီးတဲ့ ခေါင်းဆောင် ဖြစ်လို့ ဖြစ်လာမယ့် Impact ကို တွက်ဆပြီး ဖြစ်တယ်လို့ ယုံကြည်တယ်။

နံပါတ်နှစ် အုပ်စုဟာ NLD မှတ်ပုံတင်တာ ရွေးကောက်ပွဲ ဝင်တာ လက်ခံတယ်။ ဒါပေမယ့် အန်တီစု ရွေးကောက်ပွဲ ဝင်တာ လက်မခံဘူး
သူတို့ အမြင်ကတော့ အန်တီစုကို လွှတ်တော်ထဲ မဝင်စေချင်ဘူး။ ဆိုလိုတာ အခုအချိန်မှာ ဦးသိန်းစိန် အစိုးရနဲ့ ခေါင်းဆောင်ချင်း ဖြစ်တယ်လို့ သဘောထားပြီး တွေ့ဆုံ ဆွေးနွေးတာမျိုး ဖြစ်နေတယ်။ အကယ်၍ အန်တီစု အနေနဲ့ ရွေးကောက်ပွဲ ဝင်လိုက်လို့ နိုင်ခဲ့လျှင် လွှတ်တော်ထဲ ရောက်လိမ့်မယ်။ နောက်တစ်ချက် ဦးသိန်းစိန် လက်အောက်၊ ဦးသူရရွှေမန်းတို့ လက်အောက် ရောက်သွား လိမ့်မယ်။ အဲ့ဒိအခါ တန်းတူထားပြီး ဆွေးနွေးပါတော့မလား။ နိုင်ငံတကာကကော အခုလို အန်တီစုကို လာတွေ့သလို အစိုးရ အဖွဲ့ထဲရောက်သွားရင် လာတွေ့ကြပါအုံးမလား။ နောက်တစ်ခုက လွှတ်တော်ထဲ ဝင်သွားပြီ ဖြစ်လို့ အန်တီ့အနေနဲ့ ပါတီကို ပြန်လည်တည်ထောင် ရေး လုပ်ငန်းစဉ်တွေမှာ အားနည်းသွားမလား။ အချိတ်အဆက် လွတ်သွားမလား စသည်ဖြင့် တွေးတော နေသူများလဲ ရှိကြပါတယ်။


နံပါတ်သုံး အုပ်စုကတော့ မှတ်ပုံတင်တာကို လက်မခံဘူး။ ရွေးကောက်ပွဲ ဝင်တာကို လက်မခံဘူး။
တတိယ အုပ်စုရဲ့ အမြင်ကတော့ အကျဉ်းကျနေတဲ့ သူတွေ အကုန် ပြန်ထွက်လာမှသာ ဆုံးဖြတ်သင့်ကြောင်း ပြောပါတယ်။
ဒါပေမယ့် အားလုံး ဘုံတူညီတဲ့ အမြင်ကတော့ ၂၀၀၈ ဥပဒေကို လက်မခံဘူး ဆိုတဲ့ အချက်ပါပဲ။ အဲ့ဒိမှာ အဓိက အချက်တွေကတော့ ကျွန်တော်တို့ လူငယ်တွေ မြင်တာက ၂၅ရာခိုင်နှုန်းကိစ္စကို ဘဝင် မကျဘူးပေါ့။ အသေးစိတ်ကိုတော့ အန်ကယ်လ် ဦးအောင်ကြည်ညွှန့် (Director of BAYDA INSTITUTE) က ရှင်းပြပါတယ်။ (ကျွန်တော် အဲ့ဒိနေ့ စကားဝိုင်းကို သွားတာ တကယ်တော့ ဘာမှပြင်ဆင်မသွားခဲ့ပါဘူး။ ကင်မရာတွေ ဘာတွေ ယူမသွားမိခဲ့ဘူး၊ ကျွန်တော် ဆွေးနွေးနေချိန်မှာ စိတ်ဝင်စား ဈာန်မျောသွားတာနဲ့ လက်ပ်တော့ လဲဖွင့်ပြီး အသံသွင်းမထားမိဘူး။ ဒါကြောင့် မှတ်မိတာလေးတွေပဲ ကျွန်တော့်စကားပြေနဲ့ ကျွန်တော် ပြန်ရေးပါ့မယ်)


အဲ့ဒိ အန်ကယ်လ်က ပြောပြတာတော့ နိုင်ငံတိုင်းရဲ့ အခြေခံဥပဒေဟာ လူ့အခွင့်အရေး ကြေငြာစာတမ်း ထဲက အချက်အလက်တွေကို မှီငြမ်းပြီး ထည့်သွင်းရတယ် လို့ ပြောပါတယ်။ ဥပမာ ကျွန်တော်တို့ ၂၀၀၈ အခြေခံဥပဒေရဲ့ အခန်း(၈)မှာ နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုတဲ့ အခန်းကဏ္ဍပါသလိုမျိုးပေါ့။ ဆိုတော့ သူတို့ဟာ တစ်ချို့အချက်တွေကတော့ သူတို့ လိုချင်တဲ့ အချက်တွေ ထည့်သွားသလို၊ တစ်ဘက်ကလဲ အခြေခံဥပဒေဟာ ဒီမိုကရေစီ အငွေ့အသက် ပါတယ်ဆိုတာ ဖြစ်အောင်လို့ ထည့်သွင်းပေးရတယ်ပေါ့။ ယခုလက်ရှိ အခြေခံဥပဒေသည် နိုင်ငံတော် သမ္မတကို ပြည်သူတွေက တိုက်ရိုက်ရွေးချယ်လို့ မရဘူး။ နောက်ပြီး နိုင်ငံတော် သမ္မတထက် အာဏာပိုရှိသလို ဖြစ်နေတာဟာ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက ဖြစ်နေတယ်ဆိုတာ ထင်ရှားတယ်။ ဥပမာ လွတ်ငြိမ်း ချမ်းသာခွင့် ဆိုတဲ့ နေရာမှာ သမ္မတသည် pardon right ပဲရှိပြီး တကယ်တမ်း လွတ်ငြိမ်းချမ်းသာခွင့်ကိုတော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကသာ ဆုံးဖြတ်ချက် ချနိုင်တာကို တွေ့ရတယ်။ အခုအချိန်မှာတော့ လွှတ်တော် ဥက္ကဌ၊ နိုင်ငံတော် သမ္မတတွေဟာ ဒီမိုကရေစီ လမ်းကြောင်းကို ဆက်လျှောက်ချင်တယ် ပဲထားအုံး။ ဒါပေမယ့် နောင်တစ်ချိန် သမ္မတသစ် တက်လာတယ် ဆိုပါတော့ ဒီကာလုံက စစ်ဦးစီးချုပ်သည် အာဏာရှင်အဖြစ် တန်ခိုးကြီးထွား လာရင် ဒါဟာ နောက်ကြောင်းပြန်လှည့်နိုင်တဲ့ အန္တရာယ် ရှိတဲ့ အချက် ဖြစ်ပါတယ်။

နောက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးဟာ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိရမယ် ဆိုတဲ့ အချက်ဟာလဲ လက်မခံသင့်တဲ့ အချက် ဖြစ်ကြောင်း ရှင်းပြပါတယ်။ ဦးနေဝင်း လက်ထက်ကတည်းက သီးခြား ရပ်တည်သင့်တဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကြက်ခြေနီ၊ မီးသတ် စတာတွေကို လက်နက်ကိုင် အရံအင်အား အဖွဲ့အစည်းတွေ အဖြစ် အစိုးရထဲမှာ ထည့်သွင်းထားတာဟာ မှားယွင်း တယ်လို့ ဆိုပါတယ်။
နောက်ပြီး ပြည်သူ့ရဲ တပ်ဖွဲ့ဟာလည်း ကာကွယ်ရေး ဝန်ကြီး လက်အောက်မှာ မရှိသင့်ပဲ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှာသာ သီးသန့်ရှိသင့်တယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီလက်နက်ကိုင် နှစ်ဖွဲ့ဟာ သဘောသဘာဝချင်း မတူညီဘူး။ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ တပ်မတော်ဟာ တိုင်းပြည်၏ ရန်သူတွေကို မျက်နှာမူတာ ဖြစ်ပြီး၊ ပြည်သူ့ရဲက တရားဥပဒေစိုးမိုးရေး အတွက် ပြည်သူကို မျက်နှာမူတာ ဖြစ်ပါတယ်။ နောက်တစ်ချက် အရေးကြီးဆုံးက ပြည်သူ့ရဲသည် ပြည်ထဲရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ရှိခြင်းအားဖြင့် အကယ်၍များ တပ်မတော်က စစ်အာဏာသိမ်းဖို့ ကြံရွယ်ရင်တောင် ပြည်သူ့ရဲသည် ပြည်ထောင်စု အစိုးရဘက်မှ မားမားမတ်မတ် ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ထို့ကြောင့် လက်နက်ကိုင် အဖွဲ့တွေကို တပ်မတော်အောက်မှာ ကွပ်ကဲခြင်းဟာ မသင့်လျော်ဘူး။

အမေရိကန်လို နိုင်ငံမှာဆို တပ်မတော်ဟာ ကိုယ်တိုင် စစ်လက်နက် ထုတ်တာမျိုး မလုပ်နိုင်ဘူး။ လိုအပ်တဲ့ စစ်လက်နက်ကို ပုဂ္ဂလိက ကုမ္ပဏီတွေကသာ လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ထို့ပြင် အခြေခံဥပဒေ၏ အပ်နှင်းချက် အရ နိုင်ငံတော် သမ္မတသည် တပ်မတော်၏ အကြီးအကဲ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတ ကိုယ်တိုင်ကလဲ စစ်တိုက်တော့မယ်ဆိုရင် တစ်ဦးတည်း ဆုံးဖြတ်၍ မရ လွှတ်တော်မှာ တင်ပြရပါသေးတယ်။ လွှတ်တော် ၂ရပ်ပေါင်း အတည်ပြုမှသာ ဆက်လုပ်နိုင်တယ်။ ဒါဟာ အပြန်လှန် ထိန်းကျောင်းခြင်း check and balance ဖြစ်ပါတယ်။
လွှတ်တော်ဆိုတဲ့ နေရာမှာ လွှတ်တော် အမတ်တွေဟာ အရေးပါ အရာရောက်လှပါတယ်။ အမေရိကန် နိုင်ငံ၏ နိုင်ငံတော် ဆိုင်ရာ ဆုံးဖြတ်ချက်တွေသည် အစိုးရတစ်ရပ်တည်းကြောင့် ဆုံးဖြတ်ရတာ မဟုတ်ဘဲ တကယ်တမ်းကတော့ civil society တွေရဲ့ တွန်းအား ပေးမှုတွေ ကြောင့်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတွေ အားကောင်းလာတဲ့အခါ အစိုးရတစ်ရပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိန်းကျောင်းနိုင်လာ ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေချင်ရင်၊ ဒီမိုကရေစီ အလေ့အထ ရှင်သန်ကြီးထွား လာစေချင်ရင် အရပ်ဘက် လူ့အဖွဲ့စည်းတွေ အားကောင်းလာအောင် အားပေးသင့်ပါတယ် လို့ ရှင်းပြပါတယ်။

အစက ကျွန်တော်တို့ လူငယ်တွေ ပြောချင်တာလေး တစ်ချို့ ပြောမလို့ပေမယ့် အဲ့ဒိအန်ကယ်က ရှေးဟောင်း နောက်ဖြစ်တွေ ကျွန်တော်တို့ ဗဟုသုတရမယ့် ဟာတွေ ပြောတော့ ကျွန်တော်တို့က နားထောင်သူနဲ့ မေးခွန်းထုတ်သူတွေ ပြန်ဖြစ်သွားကြတယ်။

NLD မှတ်ပုံတင်တာ၊ အန်တီစု ရွေးကောက်ပွဲ ဝင်တာကို မကြိုက်တဲ့ လူငယ်တစ်ယောက်က ဘာလို့များ ဝင်ရတာလဲ လို့ မေးတဲ့အခါ အဲ့ဒိအန်ကယ်က လက်ရှိအနေအထားအရ ဘယ် option ကို ရွေးမလဲ၊ တစ်ခြား ရွေးချယ်စရာ option ရှိလား။ ဥပမာ လမ်းပေါ်ထွက် ဆန္ဒပြတာမျိုးလား၊ ဒီလိုဆိုရင် ရှေ့မှာ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီးပြီ။ နောက်ဆုံး ဘယ်သူတွေ နစ်နာသလဲ ထိခိုက်မှုရှိသလဲ။ ပြည်သူတွေပဲ ရှိခဲ့ပါတယ်။ နောက်တစ်ခု အစောပိုင်း လုပ်ခဲ့သလို လူမှုရေးအဖွဲ့အစည်း အဖြစ်သွားမလား။ ဒါလဲ မဟုတ်သေးဘူး။ NLD ဟာ နိုင်ငံရေး ပါတီဖြစ်တယ်။ နိုင်ငံရေး ပါတီအလုပ်ကိုပဲ လုပ်ရမယ်။ မှတ်ပုံတင်တယ် ဆိုတာ ယခု တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်အရ တင်လိုက်တယ်။ ၉၀ ရလဒ်ကို ကျောခိုင်းလိုက်တာလား ဆိုတော့ ၉၀ရလဒ်ကို ကျောမခိုင်းဘူး ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒ mandate ဖြစ်တယ်။ အခုလဲ မစွန့်ပယ်ဘူး ပြည်သူ့ထောက်ခံမှုရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းဟာ ပြည်သူ့ထောက်ခံမှုနဲ့ ပြည်သူ့အကျိုးကို လုပ်ရမှာပဲ။ အခုမှတ်ပုံတင်တာလဲ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ နိုင်ငံရေး အလုပ်ဆက်လုပ်ဖို့ လုပ်တာ။ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်အရ ဒီလမ်းကြောင်းကို ရွေးတယ်။

ပါတီအဖွဲ့အစည်းတစ်ရပ်အနေနဲ့ထားတော့။ နိုင်ငံရေးသမားတွေဆိုတာ ဘယ်သူကိုမှ မှတ်ပုံတင်စရာ မလိုပါဘူး။ မှတ်ပုံတင်ဖို့လဲ မလိုဘူး။ နိုင်ငံရေးသမားတွေဟာ ပြည်သူလူထု ကိုယ်စား အမြဲတမ်း ပြည်သူ့အကျိုးပြု လုပ်ကြရမှာပဲ။ ဒီဟာရဲ့ တစ်ခြား impact တွေရှိတာ မှန်တယ်။ ဒါကိုလဲ ဒေါ်အောင်ဆန်းစုကြည် နဲ့ လူကြီးတွေကလဲ ဒါကို စဉ်းစားမိပါတယ်။ အဲ့ဒိအတွက် အများကြီး စဉ်းစားပြီးမှ ဒါကို ဆုံးဖြတ်လိုက်တယ်။ အဲ့ဒိ impact ကို သူသိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အသုံးချခံအဖြစ် အသုံးချခဲ့ရင် သူအသုံးချ ခံပါမယ်လို့ ပြောခဲ့တယ်။ ဒါဟာ ခေါင်းဆောင် တစ်ယောက်ရဲ့ မြင့်မြတ်တဲ့ စိတ်ထားပဲ။ ဥပမာ ဒီရွေးကောက်ပွဲကို တစ်ခြားလူတွေ အများကြီး ဝင်ခိုင်းလိုက်ပြီး သူမဝင်ဘူး ဆိုရင် မရဘူးလား။ ရပါတယ်။ ဒါမယ့် အဲ့ဒိအထဲရောက်ပြီးမှ ဘာဖြစ်သွားမလဲ ဘယ်သူမှ မသိဘူး။ ဒါဟာ ထောင်ချောက်တစ်ခု ထားပါတော့ ခေါင်းဆောင်က ဒါကို သူမသွားဘဲ တစ်ခြားသူကို သွားခိုင်းမလား။ ဒါဆို ခေါင်းဆောင်က ကိုယ်လွတ်ရုန်းရာ ကျမှာပေါ့။ အဲ့ဒိတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီရွေးကောက်ပွဲကို ဝင်မယ်။ ဖြစ်လာတဲ့ အကျိုးဆက် သူတာဝန်ခံတယ်။ ဒါကြီးဟာ ထောင်ချောက်ဖြစ်တယ် ထားအုံး။ သူကိုယ်တိုင် အမိခံပြီးမှ ပြန်လည် ဖောက်ထွက်တဲ့ လမ်းကြောင်းကို သူလုပ်လိမ့်မယ်။ ဒါက ဥပမာ ပြောပြတာပါ။

အထဲက လူတွေ ထွက်လာမှ ဒီဟာတွေကို မလုပ်သင့်ဘူးလား လို့ အမ တစ်ယောက်က ထမေးတော့ ကျွန်တော်က
‘ကျွန်တော် ဦးနှောက်လေးနဲ့ ကျွန်တော် ခန့်မှန်း ကြည့်မယ်ပေါ့နော်။ အစိုးရရွှေ့ကွက်တစ်ချို့ လို့ ပြောရမလားတော့ မသိဘူး။ ကျွန်တော် ထင်တာ မှားကောင်း မှားနိုင်မယ်ပေါ့။ ဘယ်လိုလဲဆိုတော့ အစိုးရအနေနဲ့ ဒီ၂၀၀၈ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ လုပ်တဲ့အခါ နာဂစ်မုန်တိုင်းပြီးစ လူတွေ အကုန် အာရုံများနေတဲ့ အချိန်မှာ ကောက်ခါငင်ကာ အတည်ပြုလိုက်ကြတယ်။ ဒါတစ်ကွက်၊ နောက် ရွေးကောက်ပွဲ ဝင်ဖို့ ပါတီတွေ မှတ်ပုံတင်ရတော့မယ် ဆိုတော့ NLD မှာက ခေါင်းဆောင်တွေ အထဲရောက်နေတယ်။ အဲ့ဒိအတွက် NLD ဟာ မဝင်ဘူး။ နောက် အကျဉ်းကျနေတဲ့သူတွေ ပါလို့ မရဘူးဆိုတဲ့ အချက်ကြောင့်လဲ ပါတယ်ပေါ့။ အဲ့ဒိမှာ ရွေးကောက်ပွဲ ဝင်ချင်တဲ့သူတွေ NLD ကနေ ပဲ့ထွက်သွားတယ်။ အဲ့ဒိမှာ ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေထဲမှာ တကယ် အရည်ချင်းရှိတဲ့ သူတွေ ပါလာတယ်။ တကယ်တမ်း ရွေးကောက်ပွဲ ဝင်ဖို့ ပါတော့မယ်ဆိုတော့ သူက တကယ့် နိုင်ငံရေး သမားကြီးတွေ ကို ကန့်သတ်လိုက်တယ်။ ဦးခင်မောင်ဆွေတို့၊ ကိုဖြိုးမင်းသိန်းတို့ကို အသနားခံစာလို လျှောက်လွှာ တင်ရမယ်တွေ ဘာတွေ လျှောက်လုပ်တယ်။ ဒါဟာ သူတို့ ရွေးကောက်ပွဲအတွက် အနှောက်ယှက်တွေကို တားပြီး အကွက်ရွှေ့တယ်။ ဒါက ဒုတိယ အကွက်ပေါ့။ နောက် ရွေးကောက်ပွဲလုပ်ပြီးပြီ။ ဦးတင်ဦးတို့၊ အန်တီစု တို့ကို ပြန်လွှတ်လိုက်တယ်။ ခုလဲ NLD မှတ်ပုံတင်ဖို့ ဆုံးဖြတ်တယ်။ အဲ့ဒိမှာ ၈၈ မျိုးဆက်တွေဟာ ကန့်ကွက်နိုင်တဲ့ အင်အားစု လို့ ယူဆပုံရတယ်။ ဒါကျွန်တော့် အမြင်သက်သက်ပါ။ အဲ့ဒိတော့ ဒီအဖွဲ့တွေကို လွှတ်မယ် ဆိုရင်တောင် ကျွန်တော် ထင်တယ်။ ကြားဖြတ်ရွေးကောက်ပွဲ ပြီးလောက်မှ ပြန်လွှတ်မလားလို့ ကျွန်တော် ထင်တယ်’

အဲ့ဒိမှာ အကိုတစ်ယောက်က ခေတ်အဆက်ဆက် ကျောင်းသားတွေဟာ အမြဲတမ်း တာဝန်ကျေခဲ့တယ်လို့ သူ့အမြင်ကို ဖြည့်စွက် ပြောပါတယ်။

ပြီးတော့ NLD အနေနဲ့ ဘာလို့များ ၉၃ ညီလာခံက ထွက်သွားတာလဲ လို့ မေးတော့ ထွက်သွားတာ မဟုတ်ဘူး ထုတ်လိုက်တာ လို့ ပြောပါတယ်။ အမျိုးသား ညီလာခံလုပ်တာဟာ အရင်က အခြေခံဥပဒေ ရေးဆွဲဖို့ မဟုတ်သေးဘူး။ အဲ့ဒိမှာ ထူးဆန်းတာက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အဖွဲ့ချုပ်ကိုယ်တိုင် လူဦးရေ ခွဲတမ်းနဲ့ပဲ ရတယ်။ တစ်ခြား ပါတီတွေလဲ အတူတူပဲ။ အဲ့ဒိမှာ တောင်သူလယ်သမား အစုအဖွဲ့တို့ ဘာတို့ သူတို့လူတွေလဲ ပါတယ်။ အဲ့ဒိတုန်းကတည်းက အဖွဲ့ချုပ်ဟာ အနိုင်ရပါတီ ပေမယ့် အားလုံး ညီညွတ်ရေး သဘောထားပြီး ဒီခွဲတမ်း အတိုင်းပဲ ညီလာခံတက်ခဲ့တယ်။ အဲ့ဒိမှာ ယာယီသဘာပတိ ဆိုတဲ့သူတွေ ရှိတယ်။ တစ်ခြား ပါတီတွေ၊ အစုအဖွဲ့တွေကနေ တင်ပြလာတဲ့ဟာတွေလဲ ရှိတယ်။ ဒါကို ယာယီ သဘာပတိတွေက ဆုံးဖြတ်တယ်။ အဲ့ဒိမှာ အဖွဲ့ချုပ်က ဒီယာယီသဘာပတိတွေ အနေနဲ့ ဒီလို ဆုံးဖြတ်ပိုင်ခွင့် မရှိသင့်ပါဘူး လို့ စာတမ်းတင်ပြတယ်။ အဲ့ဒိစာတမ်းကို နောက်တစ်ရက်မှာ လုံးဝလစ်လျူရှုတယ်။ ဘာတုံ့ပြန်မှုမှ မပေးဘူး။ သဘာပတိတွေက တစ်ခြား စာတမ်းတွေကိုတော့ ဆက်လက်ဆွေးနွေးကြတယ်။ အဲ့ဒိမှာ အဖွဲ့ချုပ်ကို ဒါဟာ အသိအမှတ်မပြုတာ ဖြစ်တယ်။ လစ်လျူရှုတာ ဖြစ်တယ် ဆိုပြီး အဖွဲ့ချုပ်က လူတွေ ပြန်လည် ဆွေးနွေးတယ်။ အဲ့ဒိမှာ အဖွဲ့ချုပ်တင်ထားတဲ့ စာတမ်းကို အသိမှတ်မပြု၊ ပြန်လည် မတုံ့ပြန် သရွေ့ ညီလာခံကို တက်မှာ မဟုတ်ဘူးလို့ အသိပေးတယ်။ ညီလာခံမှာ စည်းကမ်း တစ်ခု ရှိတယ်။ မည်သည့်အဖွဲ့မဆို အကြောင်းမဲ့ ပျက်ကွက်မှု ၃ရက်ထက်ပိုရင် ညီလာခံကနေ ထုတ်ပယ်မယ် ဆိုတဲ့ စည်းကမ်းရှိတယ်။ သိပ်ထူးဆန်းပါတယ်။ ဒီနေ့ အသိပေးတယ်။ နောက်နေ့ ချက်ချင်းကြီး ညီလာခံကနေ ထုတ်ပယ်ပစ်လိုက်တယ်လို့ ရှင်းပြပါတယ်။

ထို့နောက် campaign လုပ်ခြင်းနဲ့ lobbied လုပ်ခြင်းကို မျှတအောင် လုပ်သင့်ကြောင်း တစ်ခါတစ်လေ အခြေအနေပေါ်မူတည်ပြီး တစ်ဘက်ဘက်ကို အားစိုက် လုပ်သင့်တဲ့အခါလည်း ရှိတဲ့ အကြောင်း ကျွန်တော်တို့ကို ရှင်းပြသွားပြီး လူငယ်တွေ ဒီလို နိုင်ငံရေး စိတ်ဝင်စားတာ အားရတဲ့ အကြောင်း ပြောသွားပါတယ်။ ည၇နာရီလောက်မှာတော့ ကျွန်တော်တို့ စကားဝိုင်းလေးကို အဆုံးသတ်လိုက်ကြပါတယ်။ အမှန်တော့ အဲ့ဒိနေ့က ပြောသွားတာတွေ အများကြီးပါ။ ကျွန်တော် မှတ်မိသလောက် ပြန်ရေးထားတာပါ။ ဆွေးနွေးကြတဲ့ အခါ မတူတာတွေလဲ အများကြီးပါ ဒါပေမယ့် မတူတာတွေကို တစ်နေရာထဲမှာ ထိုင်ပြီး ဆွေးနွေး နိုင်ခဲ့ကြတာကိုက ကျွန်တော်တို့ လူငယ်တွေ ဒီမိုကရေစီ အလေ့အထနဲ့ မစိမ်းဘူး ဆိုတာ ပြနေတာပါပဲ။ နောင်များမှာလဲ အောင်ဆန်းပင်လုံ စာဖတ်ခန်းလေးမှာ လူငယ် ဖွံ့ဖြိုးရေး သင်တန်းလေးတွေ အလျဉ်းသင့်သလို ဖွင့်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒိအတွက် ပါဝင်ကူညီလိုသူများ၊ သင်တန်း တက်ရောက်လိုသူ၊ ဆွေးနွေးပွဲများ ရှိပါက ဝင်ရောက် ဆွေးနွေး လိုသူ မည်သူမဆို လာရောက် နိုင်ပါတယ်လို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။

ဘုန်းမြင့်ခိုင်

Friday, 2 December 2011

ဒေါ်စုအတွက် အိုဘားမား၏ပေးစာ

ဒေါ်စုအတွက် အိုဘားမား၏ပေးစာ ကလင်တန် ယူဆောင်လာ – Obama’s letter to Daw Suu

မိုးမခအထောက်တော် အမှတ် ဝဝ၂
ဒီဇင်ဘာ ၂၊ ၂ဝ၁၁


ဓာတ်ပုံများ – အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန

ရန်ကုန်မြို့တော်ရောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က သမ္မတ အိုဘားမား၏ စာတစောင်ကို ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်သို့ ပေးအပ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် လကုန်ပိုင်းက အိုဘားမား အာရှဒေသသို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်း ဆက်သွယ်မှုအကြောင်းဖြင့် ပေးစာကို အစချီ ရေးထားသည်။

“ဒေါ်အောင်ဆန်းစုကြည်
မကြာသေးမီက စကားပြောဆိုခွင့်ရသည့်အတွက် အလွန် ဂုဏ်ယူ ၀မ်းမြောက်မိပါသည်။ ထိုစဉ်က ပြောဆိုခဲ့သည့်အတိုင်း ဒီမိုကရေစီအရေးအတွက် သင်၏ သတ္တိရှိရှိ အလျှော့မပေးသော လှုပ်ရှားဆောင်ရွက်မှုကို ကာလအတန်ကြာကပင် ကျွန်ုပ် လေးစားခဲ့ပါသည်။ ထိုစဉ်က စကား ပြောဆိုရခြင်းကို ပြီးခဲ့သည့် အာရှခရီးစဉ်အတွင်း အရေးကြီးထူးခြားသည့် ဖြစ်ရပ်ဟု သတ်မှတ်ထားပါသည်။
မြန်မာအစိုးရ၏ ဒီမိုကရေစီနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အထောက်အကူပြု ခြေလှမ်း အများအပြားအတွက် ၀မ်းမြောက်မိပါသည်။
နိုင်ငံရေး ပွင့်လင်းမှု၊ လူ့အခွင့်အရေး လေးစားမှုများ ဖြစ်ပေါ်လာရေး ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံက မည်သို့ ကူညီနိုင်မည် ဆိုသည်ကို နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်၏ ခရီးစဉ်အတွင်း ရှာဖွေ တွေ့ရှိနိုင်မည် ဖြစ်သည်။ ဒီမိုကရေစီအရေး ကြိုးပမ်းနေသော မြန်မာပြည်သားများအား ကျွန်ုပ်တို့က အလေးအနက်ကူညီနေသည်ကိုလည်း ခရီးစဉ်က ပြသနေပါသည်။
ဝန်ကြီး၏ခရီးစဉ်အား ကြိုဆိုသည့်အတွက် ကျေးဇူးတင်ပါသည်။ ထပ်မံ စကားပြောဆိုခွင့် ရရေးကို မျှော်လင့်နေပါသည်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု တန်ဘိုးများကို မျှဝေခံစားနေသည့် ကမ္ဘာတ၀န်းမှ ကျွန်ုပ်တို့အားလုံး ရရှိနေသည့် သင်၏ လှုံ့ဆော်အားပေးမှုအတွက် ကျေးဇူးတင်ပါသည်။
ကျွန်ုပ်တို့က သင်နှင့်အတူ ယခုရော နောင်ရော ရပ်တည်သွားပါမည်။
လေးစားစွာဖြင့်
ဘားရက်အိုဘားမား”

ယမန်နေ့က ညစာသုံးဆောင်နေကြသော ဒေါ်အောင်ဆန်းစုကြည် နှင့် ဟီလာရီ ကလင်တန်


Aung San Suu Kyi and Hillary Clinton talks to media after meeting

Proverbs poking fun on Kala.pdf (burma.germany11.8888myanmar@blogger.com)

Click to open:
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs




ဟင်္သာတမြို့ ဂုဏ်ဆောင် အမှိုက်ပုံ၊ ပျံကျဈေးသည်များနှင့် အကျင့်ပျက် စည်ပင်ဝန်ထမ်းများအကြောင်း (တိုင်ကြားစာ)

Posted: 30 Nov 2011 10:35 AM PST

ကျွန်တော်တို့ ငယ်ငယ်က ကွယ်လွန်သူ ဟင်္သာတသား နာမည်ကြီး အဆိုတော်မင်းအောင်ရဲ့ သီချင်းလေးတပုဒ် မှတ်မိသေးပါတယ်..။ " ကျွန်တော်တို့ မြို့ရွာ ကြုံရင်လိုက်ခဲ့ပါ.. စိတ်လည်းချမ်းသာ သာယာလွန်းလို့ပါ.. မြတ်ဘုရား၊ ကျောင်းကန် စုံအောင်လိုက်ပြမှာတဲ့" အခုတော့ ဟင်္သာတမှာ အမှိုက်ပုံနဲ့ ပျံကျဈေးတွေနဲ့ ဆိုတော့ ကိုမင်းအောင်သီချင်းထဲကလို ဟသာင်္တမြို့ကို အနယ်နယ် အရပ်ရပ်က  ဧည်သည်များအလည် လာချင်အောင် တိုင်ကြားစာများကို အမြန်ဖြေရှင်း ပေးပါလို့ ဟသာင်္တမြို့သားများ ကိုယ်စား သက်ဆိုင်ရာ တာဝန်ရှိသူများအား တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်..။

ပျံကျကျူးကျော် ဈေးသည်များ ဖယ်ရှားပေးရန် တိုင်ကြားစာ
ဆက်သွယ်ရန် စည်ပင်ဖုန်း 098580250 ဗိုလ်ကြီးခင်မောင်မြင့် 04421130 ၀င်းအောင်သူ ဈေးအရာရှိ တဆင့်ခေါ်ဆိုရန်
တနှစ်ကို တဆယ့်သုံးလခ ပေးနေရတဲ့ ဈေးသည်များ.. တိုင်ကြားစာ
 ဟင်္သာတမြို့ ဂုဏ်ဆောင် အမှိုက်ပုံ၊ ပျံကျဈေးသည်များနှင့် အကျင့်ပျက် စည်ပင်ဝန်ထမ်းများအကြောင်း

ဟင်္သာတမြို့လယ်ခေါင် ဖြစ်သောမြို့တော်ခန်းမနှင့် အ.လ.က (၁)နေရှင်နယ် အမျိုးသားကျောင်းကြားရှိ လုပ်ငန်းရှင်များနှင့်  စည်ပင်သာယာဝန်ထမ်းများမှ စွန့်ပြစ်ထားသော အမှိုက်ပုံကြီးများကို စည်ပင်မှ မရှင်လင်း သောကြောင့် ကျောင်းသူကျောင်းသားများနှင့် မြို့ခံပြည်သူများမှာ နေတိုင်းရှူရှိက်နေရပါတယ်။ စည်ပင်မှ ဗိုလ်ကြီးခင်မောင်မြင့် နေတိုင်း ဂေါက်ရိုက်သွားလျှင် ဖြတ်သွားရသော နေရာဖြစ်သော်လည်း မသိကျေးကျွန်ပြုနေပါသည်။ vip လမ်းကြောင်းရှိလျှင် အမှိုက်ပေါ်မှ သဲဖြင့်အုပ်၊ တိုင်ကြားစာပို့လျှင်လည်း ကားလေးနဲ့ အသယ်ပြဓါတ်ပုံရိုက် ပုသိမ်သတင်းပို့ အရှင်းပြ မြို့တော်ခန်းမနောက်တွင်မူ ကြည့်ရက်စရာမရှိ အမှိုက်ပုံကြီး ဖြစ်နေပါသည်။ 

21.11.2011 မနက် 5း15 မီးနစ်မှာ ထိုအမှိုက်ပုံကြီးအား မသမာသူများက 3 နေရာခွဲ မီးရှို့သွားရာ မီးသတ်ကို ၄ခါတိတိ ဖုန်းဆက် အကြောင်းကြားပါသော်လည်း မနက်6း10 မီးနစ်မှ မီးသတ်ကားရောက်လာပြီး မီးသတ်ခဲ့ပါသည်။ 27.11.2011 မနက်6း00 နာရိတိတိမှာ မြို့တော်ခန်းမ အနောက် အမှိုက်ပုံ မီးလောင်ရာ လူတစ်ယောက်လောက် မြင့်လာသောကြောင့် ပါတ်ဝန်းကျင်မှ အော်ဟစ်သော အခါမှ ဈေးစောင့်များ ရေနဲ့ ပြေးပက်ရပါတယ်။ ထိုအမှိုက်ပုံမှ အမှိုက်များမှာ ကပဒေသာဈေးနှင့် ဌေးဝင်းဈေး ဘေးကပ်လျှက် ဆည်မြောင်းပိုင် တာတမံပေါ်တွင် စည်ပင်မှ တရားမ၀င် ခွင့်ပြုထားသော ကျူးကျော်ဈေးသည်များက  စွန့်ပစ်သော အမှိုက်များဖြစ်ပါသည်။ ဈေးကောက်လိုင်စင် စည်းများသည် ဈေး၁၃ ဈေးအရာရှိ ဦးဝင်းအောင်သူကို မိမိတို့အား ဖမ်းမယ်ဆိုရင် ကြိုပြောပါဟု လာဒ်ငွေထိုး ၀ါးဓနိတို့ဖြင့် အခိုင်အမာဆောက်လုပ်ခွင့် ပြုထားပါတယ်။ ဈေးကောက်ကို တစ်နေ့ တစ်ကြိမ်သာ ကောက်ခိုင်းသော်လည်း ဈေးအရာရှိကို ပေးရသည့် လာဒ်ငွေကာမိအောင် တစ်နေ့ကို 3 ကြိမ်ကောက်ပါသည်။ ထိုကျူးကျော် ဈေးသည်များကြောင့် ပုံမှန်ဆိုင်ပိုင်ရှင်များပါ တစ်နေ့ကို ၂၀နဲ့ တစ်ပါတ်ကို ကိုယ့်ဆိုင်ကိုယ် ထွက်တာတောင် ပိုက်ဆံပေးရ။ စည်ပင်ခွန်၊ အမြတ်ခွန်၊ အလှူခံတစ်မျိုးပြီး တစ်မျိုးကောက်ခြင်း၊ ဆိုင်ခန်းမှတ်ပုံတင်တောင် တစ်နှစ်၁၂ လအစား ၁၃လစာ အမျိုးမျိုးကောက်ခံနေသည့် ကြားမှတစ်နေ့ကို ငွေ ၇၀ ကျပ်သာပေးပြီး ထွက်သော ကျူးကျော် ဈေးသည်များကို ရှင်လင်းခြင်းမရှိသည့် အတွက်မီးဘေးအန္တရာယ်နှင့် ဈေးသူဈေးသားများမှ အများကြီးနစ်နာ ဆုံးရှူံးရပါသော်လည်း ထိုကျူးကျော် ဈေးသည်များကို ကိုင်တွယ်ရသော ၀န်ထမ်းများအဖို့တော့ များစွာ အဆင်ပြေနေပါသည်။ စည်ပင်သာယာမှ ရရှိသောဝင်ငွေသည် မြို့ခံလူထု၏ နစ်နာမှုနဲ့ နှိုင်းယှဉ်၍မရပါ။

ဈေးသူဈေးသားများ

ဟင်္သာတ ပျံကျဈေးအကြောင်း တိုင်ကြားစာ(အသံဖိုင်) by demowaiyan

စားမြဲ၊ ဝါးမြဲ၊ ဘာမှမပြောင်းလဲ သေးတဲ့ ကရင်ပြည်နယ်မှ ကြံ့ဖွံ့ပြည်နယ်ဝန်ကြီးချုပ်နဲ့ အာဏာပိုင်များ .(တိုင်ကြားစာ)

Posted: 30 Nov 2011 09:38 AM PST

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မင်းနှင့် ဇနီး
ဘာမှမပြောင်းလဲ သေးတဲ့ ကရင်ပြည်နယ်
ပြည်တွင်းပြည်ပသတင်းမီဒီယာတွေမှာ ရေးသားအသံလွှင့်နေတာတွေကော အာဆီယံအကြီးအကဲများ၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အကြားမှာ ပြောနေကြတာတွေကော နိုင်ငံတော်အစိုးရ ဦးသိန်းစိန် အစိုးရဟာ အပြောင်းအလဲ စနေပြီ ပြောင်းလဲနေပြီလို့ သိရပါတယ်။ နိုင်ငံတကာအနေနဲ့လည်း ရှေ့ကိုဆက်သွားပြီး နောက်ပြန်မလှည့်စေရန်လည်း ၀ိုင်းဝန်းထိန်းကြောင်းနေကြပါတယ်။ မည်သို့ပင် ပြည်ထောင်စုအစိုးရ ပြောင်းလည်း နေစေသော်ငြားလည်း ကရင်ပြည်နယ် အတွင်းမှာတော့ ယနေ့အချိန်အထိ န၀တ၊ နအဖ လက်ထက်ကအတိုင်း ဘာမှ မပြောင်းလဲသေးပါဘူး။ ပြောင်းလဲဖို့လည်း ပြည်နယ်အစိုးရမှ စိတ်ကူးမရှိကြပါဘူး။ ပြည်နယ်ဝန်ကြီးချုပ် ဆိုသူကလည်း၊ အခြားပြည်နယ်တိုင်းကဲ့သို့ မဟုတ်ပဲ ယခင် ပယကဥက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်းကနေ ဦးဇော်မင်း ဆိုပြီး ဘောင်းဘီချက်ချင်းချွတ်ပြီး တိုက်ပုံနဲ့ပုဆိုး ကောက်ဝတ်လိုက်တာ ဖြစ်ပါတယ်။

ယနေ့အချိန်အထိ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ လူမှုရေး အားလုံး၏ လုပ်ဆောင်ချက်အားလုံးလိုလိုမှာ နဂို အာဏာရှင် စစ်အုပ်ချုပ်ရေးအတိုင်းပါပဲ။ အောက်ခြေ ပညာတတ်၊ ပညာရှင် ၀န်ထမ်းတွေအပေါ် မောက်မာနေဆဲပါပဲ။ ကရင်ဝန်ကြီးချုပ်ဟာ စီးပွားရေးသမားတွေနဲ့ပေါင်းပြီး ဘားအံ၊ ကော့ကရိတ်နှင့် မြ၀တီ ကားလမ်းတစ်လျှောက် သစ်တောမြေတွေကို စိုက်ပျိုးမြေပြောင်း၊ စိုက်ပျိုးမြေကနေ လန(၃၉)မြေယာ လုပ်ပိုင်ခွင့် ပြောင်းပြီး မြေကွက်တွေကို လပ်ယူပြီး ဖော်ထုတ်နေပါတယ်။ နေစရာအိမ်မရှိတဲ့ ဆင်းရဲနွမ်းပါတဲ့ ပြည်သူတွေကို အတည်တကျနေထိုင်ရန် စီစဉ်လုပ်ကိုင် ပေးခြင်းမရှိပါဘူး။ သူတို့ အစိုးရအဖွဲ့တွေ ရောင်းစားဖို့ မြေတွေပဲ ဖော်ထုတ်နေကြပါတယ်။ ပြည်နယ်အစိုးရမှာရှိတဲ့ ၀န်ကြီးတွေကလည်း ပညာအရည်အချင်းနဲ့ အသိပညာခေါင်းပါးတာကြောင့် ပြည်နယ်တိုးတက်ရေး၊ ပြည်သူလူထု စားဝတ်နေရေးချောင်လည်ပြီး အာမခံချက်ပေးနိုင်သော စီးပွားရေးလမ်းကြောင်းပေါ်သို့ တွန်းတင် ပေးနိုင်ခြင်းလည်း မရှိကြဘူး။

ဘာလုပ်ရမှန်းလည်း အကြံဥာဏ်မရှိသလို လုပ်ကိုင်နိုင်တဲ့ စွမ်းရည်လည်းမရှိကြပါဘူး။ ၀န်ကြီးဆိုပြီး ပညာတတ်၊ ပညာရှင်ဝန်ထမ်းကြီးတွေအပေါ် ဖြစ်ညှစ်၊ ညစ်ပြီး သူတို့ကို ဂါရ၀ပြုလာရန် လုပ်နေတဲ့ ၀န်ကြီးတွေလည်း ရှိနေကြပါတယ်။ ကြံရာမရတဲ့အချို့ ၀န်ကြီးတွေကလည်း သူတို့ရွေးကောက်ပွဲမှာ မဲနိုင်ပြီး တက်လာတဲ့ နယ်မြေတွေမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေအပေါ် အုပ်ချုပ်ရေးမှူး တာဝန်ဆက်လက် တာဝန်ထမ်းဖို့အတွက် သူတို့လုပ်ပေးရင်ဖြစ်တယ် ဘာမဆိုဖြစ်တယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေထံ ဆပ်ကြေးကောက်သလို လိုက်လံတောင်းစား နေကြပါတယ်။ စည်ပင်ဝန်ကြီးဆိုတဲ့ ၀န်ကြီးကလည်း အောက်ခြေ၀န်ထမ်းတွေ အပေါ် ဖြစ်ညှစ်နေလို့ လမ်းတွေ မခင်းနိုင်ပါဘူး။ ၀န်ကြီးညှစ်လို့ ကတ္တရာတွေလည်း လျှော့ဝယ်နေရတယ်လို့လည်း ၀န်ထမ်းအသိုင်းအ၀ိုင်းထံမှ အသံထွက်နေပါတယ်။ 
မဲဆောက်မှ မြန်မာပြည်သို့ တင်ပို့မည့် Without မော်တော်ယာဉ်များ
ပါတီက တပည့်တပန်းတွေနဲ့ ပူးပေါင်းပြီး Without မော်တော်ယာဉ်များ ပို့ဆောင် လုပ်စားနေကြပါတယ်။ ၀န်ကြီးတွေဟာ ရွေးကောက်ပွဲ အနိုင်မရခင်က မိမိတို့လက်ထက်မှာ ကောင်းအောင် ဘာတွေ လုပ်ပစ်မယ်ဆိုပြီး ကြိမ်းဝါးခဲ့ပေမဲ့လည်း တကယ်တော့ အတတ်ပညာ၊ အသိပညာ နည်းပါးတာကြောင့် တကယ်ဝန်ကြီး ဖြစ်လည်းသွားရော ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်။ နောက်ပိုင်းမှာတော့ (၅)နှစ်အတွင်း မိသားစုအတွက် တွက်ချေကိုက်မည့် အလုပ်တွေကို ဦးစားပေးလုပ်လာကြတယ်။

ပြည်နယ်အတွင်းမှာ မှီခိုနေတဲ့ ပြည်သူအများစုအနေနဲ့ ၀န်ကြီးတွေ၊ ဘာတွေ၊ နိုင်ငံရေးတွေကို စိတ်မ၀င်စားကြပါဘူး။ မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားဖွင့်ဖို့ပဲ စိတ်ဝင်စားကြပါတယ်။ ချစ်ကြည်ရေး တံတားအပေါ် မှီခိုလုပ်ကိုင် ကူးသန်းသွားလား လုပ်ကိုင်စားသောက် နေကြရတာကြောင့် ဖြစ်ပါတယ်။ ချစ်ကြည်ရေးတံတား ပိတ်ထားလိုက်တဲ့အတွက် စားဝတ်နေရေး ကြပ်တည်းကြသလို ပြည်နယ် တိုးတက်ရေးအတွက် ရရှိမဲ့ ကုန်စည်ဖြတ်သန်းခ၊ အကောက်အခွန်အခများလည်း နေ့စဉ်နဲ့အမျှ ဆုံးရှုံးနေရပါတယ်။ ချစ်ကြည်ရေးတံတား ပိတ်ထားတဲ့အတွက် လက်တစုပ်သာရှိတဲ့ မှောင်ခို စီးပွားရေးသမား များကတော့ နှစ်သက်ကြသလို မှောင်ခို စီးပွါးရေးလုပ်ငန်းကို အားပေးနေတဲ့ အာဏာပိုင်တွေ အတွက်ကတော့ အရမ်းကြိုက်နှစ်သက် ကြပါတယ်။ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ဖို့ ၀င်ငွေများ ကျဆင်းသလို ပြည်နယ်ကို အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေရဲ့ ကောက်ခံနေတဲ့ ၀င်ငွေဟာ နေ့စဉ် တိုးတက်နေပါတယ်။ သူတို့အနေနဲ့ ချစ်ကြည်ရေးတံတား မဖွင့်နိုင်ဖို့အတွက် ဆုတောင်းနေကြမှာပါ။

ပြည်နယ်အတွင်း ပြည်သူလူထုတွေထံမှ အခွန်အတုတ်များကို နှစ်စဉ်ကောက်ခံနေပေမဲ့ ပြည်နယ် အတွင်းနေထိုင်တဲ့ ပြည်သူလူထုအတွက် လမ်းတံတား၊ ကျန်းမာရေးက အစ ဘာမှပြန်လုပ် ပေးနိုင်ခြင်းမရှိပါဘူး။ လမ်းတွေဆိုလည်း အလွန်ပျက်စီး နေပါတယ်။ အာဏာပိုင်ရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ ဘားအံ-မြ၀တီလမ်းကြောမှာ ကောက်ခံနေတဲ့ အေကေကုမ္ပဏီဆိုရင် နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ် အစီး(၈၀၀)ခန့်ကို (၂)နှစ်ကြာနေပြီ ကောက်ခံနေသော်လည်း လမ်းကောင်းအောင် ပြုပြင်ခြင်းမရှိပါဘူး။ စည်းမျဉ်းစည်းကမ်းအရ လမ်းပြုပြင်ပြီး(၃)နှစ်ကြာမှ လမ်းကြေး ကောက်ခံရမည်ဟု ကြော်ညာဆိုင်းဘုတ်များ ကပ်ထားသော်ငြားလည်း ဘာအတွက် ကောက်ခံသလည်းလို့ လွှတ်တော်မှာ မေးမြန်းတဲ့အခါ တံတားကြေး ကောက်ခံတယ်လို့ ပြည်ထောင်စုဝန်ကြီးက ဖြေသွားပါတယ်။ တကယ်တော့ သူတို့ကောက်ခံနေတဲ့ တံတားဟာ ထိုင်းနိုင်ငံက ချစ်ကြည်ရေး တည်ဆောက်ခဲ့တဲ့ တံတားဖြစ်ပါတယ်။ အေကေကုမ္ပဏီဟာ လမ်းတံတား တည်ဆောက်ပြုပြင်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းနိုင်ငံမှ တရားမ၀င် မော်တော်ယာဉ်များ၊ စက်ယန္တယားများကို တင်သွင်းပြီး မြန်မာနိုင်ငံ အတွင်းပိုင်းရှိတဲ့ တည်ဆောက်ရေး လုပ်နေတဲ့ ကုမ္ပဏီကို ရောင်းစားနေပါတယ်။ ဒါကို အာဏာပိုင်တွေ အားလုံးသိပါတယ်။ တာဝန်ရှိတဲ့ ဌာနအဖွဲ့အစည်းတွေကိုလည်း ခရီးသွားပြည်သူတွေထံမှ ကောက်ခံတဲ့ငွေနေတဲ့ လမ်းမခင်းပဲ ပံ့ပိုးနေတာကြောင့် ဥပဒေအရ အမှန်တရားဆိုတာ ကွယ်ပျောက်နေတာကို ပြည်သူတွေသိကြပါတယ်။

ဒါကြောင့် ကရင်ပြည်နယ် တိုးတက်စေဖို့ ပြည်နယ် အစိုးအရအတွင်းမှာ အဂတိတရား ကင်းဝေးပြီး ကိုယ်ကျင့်တရားကောင်းမွန်တဲ့ အဆင့်မြင့် ပညာတတ်ဝန်ကြီးများ ဖြစ်ပေါ်လာဖို့လိုပါတယ်။ ယနေ့ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံဝင်ဖြစ်ပါတယ်။ ၂၀၁၄-ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံဥက္ကဌ တာဝန်ယူရမည် ဖြစ်တဲ့အတွက် အဆင့်မြင့် ပညာတတ်ဝန်ကြီးများ မရှိတဲ့ ကရင်ပြည်နယ်က ပြည်သူတွေအတွက် လွန်စွာ စိတ်မကောင်း ဖြစ်မိပါတယ်။

စစ်အစိုးရ လက်ထက်အတိုင်း မြင်တွေ့နေရတာကြောင့် ဘာမှ မပြောင်းလည်းဘူး ဆိုတာကို ကရင်ပြည်နယ် ပြည်သူတွေနဲ့ တိုင်းပြည်ကို တိုးတက်အောင် လုပ်ဆောင်ပေးချင်တဲ့ တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့သူတွေကို သိရှိအောင် တင်ပြရခြင်းဖြစ်ပါတယ်။

ကရင်ပြည်နယ်သား ဖိုးခွား။

ယနေ့နေပြည်တော်သို့ ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton (ဓာတ်ပုံများ)

Posted: 30 Nov 2011 07:17 AM PST

ယနေ့ နေပြည်တော်သို့ ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး
Hillary Clinton (ဓာတ်ပုံ AP,Reuters)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610





Council of Foreign Relations နိုင်ငံခြားရေး မူဝါဒအဖွဲ့ ပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမေးမြန်းချက်များ(ရုပ်/သံ)

Posted: 01 Dec 2011 09:13 AM PST


Speaker: Aung San Suu Kyi, General Secretary, National League for Democracy
Presider: Paula J. Dobriansky, Senior Vice President and Global Head of Government and Regulatory Affairs, Thomson Reuters; Former Undersecretary, Democracy and Global Affairs, U.S. Department of State

November 30, 2011
General Meeting: Videoconference: A Conversation with Aung San Suu Kyi
Corporate Meeting: Videoconference with Aung San Suu Kyi

In a meeting conducted via videoconference, Aung San Suu Kyi discusses recent changes in Myanmar, her decision to rejoin the political system, and Myanmar-U.S. relations.
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် ဒီစီမှာ ပြုလုပ်တဲ့ Council of Foreign Relations နိုင်ငံခြားရေး မူဝါဒ ပညာရှင်များ စည်းဝေးပွဲ အတွင်း ဗီဒီယိုက တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်က မိမိအနေနဲ့ တွေ့ဆုံ ဆွေးနွေးမှုကို ယုံကြည် လက်ခံသူ ဖြစ်တဲ့ အတွက် အမေရိကန် အစိုးရနဲ့ မြန်မာ အစိုးရတို့ အခုလို ဆွေးနွေးကြတာကို ၀မ်းမြောက် ၀မ်းသာ လက်ခံကြောင်း မနေ့က ပြောသွားပါတယ်။


ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့အမျိုးသားဒီမိုကရေစီ ရုံးချုပ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပ(ရုပ်/သံ)

Posted: 01 Dec 2011 08:32 AM PST




ကျော်ဇင်မန်း(မြစ်မခ)
ဒီဇင်ဘာ ၁၊ ရန်ကုန်မြို့။

PLHIV ( HIV နှင့်အတူနေထိုင်သူများ)ကို နားလည်မှုစွမ်းအားတွေကိုဖြည့်၍ သီးခြားမမြင်ပဲ အားလုံးနှင့်အတူတူပဲဟု၍သာ မြင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်သော World AIDS Day အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဓိကကတော့ ကိုယ်ခံစွမ်းအားကျခြင်းလို့ ဆိုတယ်။ ငါ့မှာဒီရောဂါရှိလို့ဆိုပြီးတော့ အားနည်းတဲ့စိတ်တွေမရှိပါနဲ့။ ဒါဟာ အပြစ်ကြီးလဲမဟုတ်ဘူး။ ကိုယ့်မှာဒီရောဂါရှိပါတယ်ဆိုပြီးတော့ သူများတွေကို အားငယ်နေစရာလဲ မလိုဘူး။ နားလည်တဲ့ လူတွေအားလုံးဟာ ဒီရောဂါရဲ့အခြေအနေကို သဘောပေါက်တယ်။ ဘယ်လိုမြင်ရမလဲဆိုတာကို သိတယ်။ နားမလည်တဲ့ သူတွေက သူတို့ကိုယ်တိုင် စွမ်းအားနည်းနေတဲ့သူတွေပဲ။ အဲတော့ ကျမတို့အားလုံးဟာ နားလည်မှုစွမ်းအားတွေကိုဖြည့်ပြီး အားလုံးဟာအတူတူပဲဆိုပြီးတော့ လက်တွဲပြီးဆောင်ရွက်သွားရမယ်။ အမှန်ပြောရရင် အမေ့အနေနဲ့ ဘာမှထူးထူးခြားခြား မမြင်ပါဘူး။ အားလုံးဟာ အတူတူပဲလို့ပဲမြင်တယ် ̋ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

လူတိုင်းသည် အသက်အရွယ်တစ်ခုသို့ရောက်လာပါက ရောဂါတစ်ခုမဟုတ်တစ်ခုရှိတတ်ကြောင်း လူသားဆိုသည်မှာ ပြီးပြည့်စုံခြင်း မရှိကြောင်း အဓိကအရေးကြီးသည်မှာ စိတ်ဓာတ်ပင်ဖြစ်ကြောင်း စိတ်ဓာတ်မှန်ကန်ပါက အရာအားလုံးကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် အားပေးစကားပြောကြားခဲ့သည်။
̏
လူတိုင်းလူတိုင်းဟာ အသက်အရွယ်ရောက်လာလို့ရှိရင်ရောဂါလေးတွေဟာ ရှိတတ်တာပဲ။ အမေတို့လဲရှိတာပဲ လူတိုင်း လူတိုင်းမှာ ဟိုဟာလေးချို့ယွင်းတာ ဒီဟာလေးချို့ယွင်းတာ ပေါ့နော်။ အဲတော့ ရောဂါဝေဒနာဆိုတာ ချို့ယွင်းချက် တစ်ခုပဲ။ လူသားများဆိုတာ ပြီးပြည့်စုံတယ်လို့မရှိပါဘူး။ အပြစ်အနာကင်းရှင်းတယ်လို့မရှိပါဘူး။ အရေးကြီးတာက စိတ်ဓာတ်ပဲ စိတ်ဓာတ်ကမှန်ကန်လို့ရှိရင် တခြားဟာတွေအားလုံးကို ကျော်ဖြတ်နိုင်တယ်။ အဲတော့ စိတ်ဓာတ်မှာ ဝေဒနာရှင်တွေရဲ့စိတ်ဓာတ်နဲ့ ဝေဒနာရှင်တွေအပေါ်မှာ ဂရုဏာသက်တဲ့သူတွေ နားလည်မှုရှိတဲ့သူတွေရဲ့ စိတ်ဓာတ် ဒီနှစ်ခုနဲ့ ပေါင်းပြီးတော့ ဆက်သွားမယ်ဆိုလို့ရှိရင် ဘာမှအားငယ်စရာမရှိဘူး ̋ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဓိကအားဖြင့် PLHIV ကလေးငယ်များကို ဝိုင်းဝန်း၍ ပံ့ပိုးစေချင်ကြောင်း ထိုကလေးငယ်များတွင် မျှော်လင့်ချက်များ ရှိကြောင်း ထိုမျှော်လင့်ချက်များအားလုံးကို ဖြည့်စည်းနိုင်ရန် ၎င်းနှင့်အတူ ဝိုင်းဝန်းရုန်းကန်ရမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

̏ အရင်နှစ်တွေကဆိုရင် ကျမတို့တွေဟာ အနှေက်အယှက်တွေ အမျိုးမျိုးကိုခံခဲ့ရတယ်။ လူနာတွေကို နှင်ထုတ်တာတွေ ဘာတွေပေါ့။ အဲဒီ့မှာဘာတွေ့ရလဲဆိုရင် ကျမတို့အခက်အခဲတွေ့လာတိုင်း အမြဲတမ်းဝိုင်းဝန်းဖြေရှင်းပေးနေတဲ့ ကျမတို့ မြန်မာနိုင်ငံတွေထဲမှာ ရှိနေတဲ့ ပြည်သူပြည်သားတွေက အမြဲတမ်းဝိုင်းဝန်းဖြေရှင်းပေးနေတာကို တွေ့ရတယ် ̋ ဟု PLHIV (HIV နှင့် အတူနေထိုင်သူများ) ဂေဟာကို ဦးဆောင်ဖွင့်လှစ်ခဲ့သူ မဖြူဖြူသင်းကပြောသည်။

၂၀၁၁ ခုနှစ်တွင် လူငယ်များအနေနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ပတ်သတ်မှုအခြေအနေသည် ၂၀၁၀ အရှေ့ပိုင်းနှစ် များထက်စာလျှင် ထူးထူးခြားခြား တိုးတက်လာသည်ဟု မြင်ကြောင်း မဖြူဖြူသင်းကပြောသည်။

̏ ဒီနေ့ World AIDS Day အခမ်းးအနားကို လာရောက်ရတဲ့အတွက် ဝမ်းသာပါတယ်။ အခုလိုမျိုးပွဲလေးတွေလုပ်ပေးတော့ တစ်ခြားဝေဒနာရှင်တွေနဲ့ တွေ့ရတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် မိသားစုဝင်တွေလိုဖြစ်ရတယ်လေ။ အဲဒါကြောင့် ဒီလိုပွဲမျိုးလေးတွေ များများ လုပ်ပေးပါလို့ ပြောချင်ပါတယ် ̋ ဟု World AIDS Day အခမ်းအနားသို့ တက်ရောက် လာ သောPLHIV (HIV နှင့် အတူနေထိုင်သူ) တစ်ဦးကပြောသည်။

ယနေ့အခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင်နှင့်အဆိုတော်ချစ်သုဝေ၊ အဆိုတော် စံလင်း၊ လင်းလင်း၊ ကိုရဲလွင်၊ ထက်ထက် စတဲ့အနုပညာရှင်များအပါအ၀င် အနုပညာရှင် ရဦးခန့်တက်ရောက်လာခဲ့ပြီး အခမ်းအနားတွင် သီဆိုဖျော်ဖြေသွားကြောင်း သိရှိရသည်။
Video..Burma VJ Media Network


အမေရိကန်သမ္မတအိုဘားမား(Barack Obama) မှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သောစာ

Posted: 01 Dec 2011 07:58 AM PST

Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Myanmar's leading democracy campaigner Aung San Suu Kyi Thursday. Here is the letter in full as released by the State Department:

Aung San Suu Kyi

Rangoon, Burma

Daw Aung San Suu Kyi:

It was a pleasure and an honor to speak with you recently. As I said during our conversation, I have long admired your brave and unwavering struggle for democracy, and I consider our conversation a highlight of my recent visit to Asia.
I am pleased that the Burmese government has taken several encouraging steps in the direction of democracy and reform. Secretary of State Clinton's visit will explore how the United States can support efforts to foster political opening and respect for universal human rights, as well as demonstrate the seriousness of our commitment to helping the people of Burma achieve their democratic aspirations.

I thank you for your welcome of the Secretary's visit, and look forward to speaking to you again. Thank you for the inspiration you provide all of us around the world who share the values of democracy, human rights, and justice. We stand by you now and always.

Sincerely,

Barack Obama


အမေရိကန်သံအမတ်ရုံးတွင်ဧည့်ခံကျင်းပပြုလုပ်သော ညစာစားပွဲတွင် Hillary Clintonနှင့်တွေ့ဆုံသောဒေါ်အောင်ဆန်းစုကြည်

Posted: 01 Dec 2011 07:32 AM PST





Photo..Getty images.AFP


ဦးသိန်းစိန်အဖွဲ့နှင့်နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Cliton

Posted: 01 Dec 2011 07:25 AM PST



(Ah Bayah)

Photo..Reuters.AP


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Thursday, 1 December 2011

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် ဒီစီမြို့တော်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သည့် Council of Foreign Relations နိုင်ငံခြားရေး မူဝါဒအဖွဲ့ ပညာရှင်များနှင့် ဗီဒီယိုက တဆင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့ပြီး မေးမြန်းချက်များကို ပြန်လည် ဖြေ

မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအပေါ် ပုံအောယုံကြည်စွန့်စားရန် ဒေါ်အောင်ဆန်းစုကြည် အဆင်သင့်ရှိ

မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအပေါ် ပုံအောယုံကြည်စွန့်စားရန် ဒေါ်အောင်ဆန်းစုကြည် အဆင်သင့်ရှိ

02 December 2011
မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအပေါ် ပုံအောယုံကြည်စွန့်စားရန် ဒေါ်အောင်ဆန်းစုကြည် အဆင်သင့်ရှိ
(Reuters သတင်းမှ 30 Nov 2011 ရက်စွဲပါ “Myanmar’s Suu Kyi ready to gamble on Political reform” သတင်းဆောင်းပါးကို yangonchronicle မှဘာသာပြန်ဆိုသည်)
မြန်မာဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် လက်ရှိအစိုးရ၏ ဥခွံပေါက်စ ပြုပြင်ပြောင်းလဲမှုများကို အမှန် တကယ်ပာု ပုံအောယုံကြည်ရန် အဆင်သင့်ဖြစ်နေပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အခွင့်အလမ်းကို ဖမ်းဆုပ်လျက်ရှိကြောင်း ဗုဒ္ဓပာူးနေ့တွင် ပြောကြား လိုက်သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့နေအိမ်မှ ပြုလုပ်သော ရှားရှားပါးပါး လူထုရုပ်မြင်ဗီဒီယိုဆွေးနွေးပွဲ video conference တွင် ပြုံးရွှင်ကြည်လင်နေသော ဒေါ်အောင်ဆန်စုကြည်က “သူမအား ၁၅ နှစ်ခန့် ဖမ်းဆီးထိန်းသိမ်းခဲ့သော နိုင်ငံမှ တာဝန်ရှိသူအချို့သည် အပြောင်းအလဲလုပ်ရန် လိုအပ်ကြောင်း နားလည် သိရှိ သွားကြပြီပာု သူမအနေဖြင့် ယူဆကြောင်း” ပြောကြားခဲ့သည်။ မြန်မာအစိုးရ၏ လတ်တလော ပြုပြင်ပြောင်းလဲမှုများကို သူမက “ဒီအရာတွေ တကယ် မှန်ကန်လေးနက်တယ်လို့ ကျွန်မတို့ မျှော်လင့်ထားတာပါ” “ဒီအပေါ်မှာ ယုံကြည်ပြီး စွန့်စားဖို့ ကျွန်မတို့ ပြင်ဆင်ရလိမ့်မယ်လို့ ထင်ပါတယ်။ အရာ ခပ်သိမ်း အာမခံ နိုင်တဲ့အရာဆိုတာ မရှိပါဘူး” ပာု သုံးသပ်ပြောကြား သည်။

နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန် နေပြည်တော်သို့ ခြေချသည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဝန်ကြီး ကလင်တန်အနေဖြင့် အရှေ့တောင်အာရှမှ မိုက်မဲစွာ တံခါးပိတ်ထားခဲ့ သော မြန်မာနိုင်ငံမှ ခေါင်းဆောင်သစ်များက ပိုမို ပြုပြင်ပြောင်းလဲရေးကို မောင်းခတ် ကြေညာအောင် တွန်းအားပေးလိမ့်မည်ပာု မျှော်လင့်ရသည်။

ဒေါ်အောင်ဆန်းစုကြည်က လာမည့် လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲများတွင် သူမဝင်ရောက် ယှဉ်ပြိုင်မည်ပာု အတည်ပြုပြောကြားသည်။ သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် မနှစ်က လွှတ်တော် ရွေးကောက်ပွဲ များကို သပိတ်မှောက်ခဲ့သော်လည်း ယခုအခါ လွှတ်တော်ထဲသို့ ဝင်ရန်၊ နိုင်ငံတစ်ဝှမ်း ရုံးခွဲများဖွင့်ရန် သတင်းစာစောင် စတင်ထုတ်ဝေရန် မျှော်လင့်ထားသည်ပာု သူမကဆိုသည်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်း ထွက်ပေါ်လာတဲ့ အခွင့်အလမ်းတွေအပေါ်မှာ ကျွန်မတို့ အကောင်းဆုံး လုပ်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ် ပာု သူမက ဆက်လက်ပြောကြား၍ သူမ၏နိုင်ငံတွင် ဒီမိုကရေစီပေါ်ထွန်းလာတော့မည်ပာု သတိထားအကောင်းမြင်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။ “မြန်မာပြည်သူအများစုက ဒီမိုကရေစီစနစ်ကို အေးချမ်းစွာ အလိုက်သင့် ကူးပြောင်းဖို့ ဆန္ဒရှိကြတယ်လို့ ကျွန်မ စိတ်ချ ယုံကြည်ထားပါတယ်” ပာု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဝါရှင်တန်ရှိ အမေရိကန် နိုင်ငံခြားရေးရာကောင်စီတွင် တက်ရောက်နားထောင်ကြသော ပရိသတ်နှင့် အချိန် ကြာကြာ မေးကြ၊ ဖြေကြရာတွင် ဒေါ်အောင်ဆန်းစုကြည်က သွက်လက်ချောမွေ့သော အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆို ခဲ့သည်။ ထိုသို့ သူမက မှတ်ချက်ပေးပြောဆိုရာတွင် သူမ၏ မျက်နှာကို ရုပ်မြင်ပိတ်ကားပေါ်တွင် ပြသထားပြီး အင်တာနက် Singnal တခါတရံ အားနည်းသွားခြင်းကြောင့် သူမ၏ စကားလုံးများ ပြတ်တောက်မှုရှိခဲ့သည်။

“ကျေးဇူးအများကြီးတင်ပါတယ်။ နောက်တစ်ကြိမ်ဆိုရင် ညသန်းခေါင်အချိန်မှာ ဆွေးနွေးကြတာပေါ့” ပာု မြန်မာ နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု အကြား အချိန်ကွာပာမှုကို သူမက ရယ်စရာပြောဆိုကာ နှုတ်ဆက်ပါသည်။
အပြောင်းအလဲလုပ်ဖို့လိုသည်ကို အချို့တာဝန်ရှိသူများ သိရှိကြ
မနှစ်က ရွေးကောက်ပွဲများအပြီး လွှတ်တော်ခေါ်ယူ၍ အရပ်ဖက်အစိုးရသစ် အာဏာလွှဲပြောင်းယူချိန်တွင် မြန်မာနိုင်ငံ၌ ရာစုနှစ်ဝက် စစ်ဖက်က တိုက်ရိုက် အုပ်ချုပ်မှု အဆုံးသတ်သွားခဲ့သည်။

မနှစ်က နာမည်ပျက်ရွေးကောက်ပွဲများအပြီးတွင် တပ်မတော်အစိုးရ၏ အာရုံပြောင်းလှည့်စားမှုရ လာဒ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း လွတ်မြောက်ခဲ့သော်လည်း ထို့နောက် လအနည်းငယ်အတွင်း အာဏာလွှဲပြောင်းယူ လိုက်သော အစိုးရသစ်က မီဒီယာများကို ကြီးကြီးမားမား လွတ်လပ်ခွင့် ပေးထားသည့်အပြင် နိုင်ငံရေးအကျဉ်းသား အချို့ကိုလည်း မကြာမီက လွှတ်ပေးလိုက်ပြီဖြစ်သည်။

“အစိုးရအဖွဲ့ထဲက တစ်ချို့ကတော့ မြန်မာနိုင်ငံ ဒီလမ်းအတိုင်း သွားလို့မရတော့ဘူးဆိုတာကို သိနေကြပါပြီ။ သူတို့က ပြုပြင်ပြောင်းလဲရေး လုပ်ကြလိမ့်မယ်လို့ ကျွန်မယူဆပါတယ်” ပာု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

မြန်မာနိုင်ငံ၌ တရားဥပဒေ မှန်ကန်မျှတ စနစ်ကျစွာ စိုးမိုးမှု Rule of Law ဖြစ်ပေါ်လာရေးသည် နိုင်ငံရေး အကျဉ်းသားများအားလုံး ချက်ခြင်း လွှတ်ပေးခြင်းထက် ပို၍ပင်အရေးကြီးပြီး အကယ်၍ စစ်မှန်သော ဥပဒေစိုးမိုးမှုမရှိပါက ယနေ့လွတ်လာသော နိုင်ငံရေးအကျဉ်းသားများ မနက်ဖြန်တွင် ပြန်လည် ဖမ်းဆီးခံရနိုင်သည်ပာု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုသည်။ သူမက ဆက်လက်၍ “မြန်မာနိုင်ငံတွင် စီးပွားရေး ပြုပြင်ပြောင်းလဲနေ သကဲ့သို့ တိုင်းရင်းသားပဋိပက္ခ ပြီးဆုံးရေး သည်လည်း အလားတူ အရေးကြီးကြောင်း” ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် အမေရိကန်-မြန်မာ ထိတွေ့ဆက်ဆံမှုကို သဘောကျကြောင်း၊ ကလင်တန်၏ ခရီးစဉ်ကြောင့် ဆက်ဆံ ရေး ပိုကောင်းလာအောင် လမ်းပွင့်သွားမည်ပာု မျှော်လင့်ကြောင်း၊ သို့သော် မြန်မာ နိုင်ငံမှ ဖြစ်ရပ်များကို နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေမည် ပာု ရှင်းလင်းစွာ အသိပေးရန် လိုအပ်ကြောင်း မှတ်ချက်ပေး ပြောဆိုသည်။ “တကယ်လို့ နိုင်ငံရေးလုပ်တဲ့သူတွေ ကို နောက်တစ်ကြိမ် ထပ်ပြီး ဖမ်းဆီးပြီဆိုရင် တော့ တစ်ကမ္ဘာလုံးက ပြတ်ပြတ်သားသား ကျယ်ကျယ်လောင်လောင် ဝိုင်းဝန်းအောင်ပာစ် သတိပေးဖို့လိုလိမ့်မယ်လို့ ကျွန်မထင်ပါတယ်” ပာု သူမက ထုတ်ဖော် ပြောဆိုသည်။ စီးပွားရေး ဦးဆောင်ပုဂ္ဂိုလ်များ အနေဖြင့်လည်း သူတို့၏ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးသော တရားဝင် ရာသီဥတု ဝန်းကျင် ကိုသာ မျှော်လင့်ကြကြောင်း ရှင်းလင်းစွာအသိပေးကြပါ ပာု သူမကတိုက်တွန်းသည်။

ကွယ်လွန်သူ မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ့တပ်မတော်၏ ၄၉ နှစ်ကြာ သက်ဦးဆံပိုင် အုပ်ချုပ်ရေးကာလအတွင်း ခိုင်မာ တည်ကြည်စွာ ဆန့်ကျင်ခဲ့သူ ဖြစ်သော်လည်း ဗိုလ်ချုပ်ပောာင်းများ နေရာအပြည့် ယူထားသော ယခု အရပ်ဖက် အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးရန် လိုလားကြောင်းကို ပြသခဲ့သည်။ တိုင်းပြည်အတွက် ဘာအကောင်းဆုံးလဲ ဆိုသည်ကို လုပ်ပေးချင်သူများ လက်ရှိမြန်မာ့တပ်မတော်နှင့် လက်ရှိ အစိုးရထဲတွင် ရှိနေပြီပာု သူမက ယုံကြည်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ဒီ ပြုပြင်ပြောင်းလဲရေးကို သူတို့(တာဝန်ရှိသူ အာဏာပိုင်များ) အားလုံးက ထောက်ခံဖို့ မဖြစ်နိုင်သလို အစိုးရ နဲ့ ပူးပေါင်း ဆောင်ရွက်တာကိုလည်း ဒီမိုကရေစီ လှုပ်ရှားမှု ရေစီးထဲက လူတိုင်းက သဘောကျဖို့၊ မဖြစ်နိုင်ပါဘူး။ ဒီလို သဘောကွဲလွဲမှုမျိုးက ရှိပြီးသား ဖြစ်ရမှာပါ။ အဲ့ဒါပာာ နိုင်ငံရေးပါပဲ” ပာု သူမ က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် တာဝန်ယူနိုင်မှုပာူသော အရာကို ယုံကြည်ထားသော်လည်း အနာ ကျက်အောင် အထောက်အကူပြုမည့် အမျိုးအစားကိုသာ ရွေးချယ်လိုသည်ပာု ပြောကြားသည်။ ဘာကြောင့်များ ဒါလောက် တည်ငြိမ်လန်းဆန်းနေသလဲပာု မေးမြန်းသောအခါ သူမက “ကျွန်မတို့ အတိတ်ကို မဖြစ်မနေ ရင်ဆိုင်ရမှာပါ။ မေ့ပျောက်ပစ်လို့ မရနိုင်ပါဘူး။ ဒါပေမယ့်လည်း အတိတ်ရဲ့ ခါးသီးမှုတွေကိုတော့ သတိရနေဖို့မလိုအပ်ပါဘူး” ပာု ဖြေကြား သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမနှင့် အမေရိကန်ပြည်ထောင်စု၏ ရင်းနှီးသော ဆက်ဆံရေးကို မြန်မာအစိုးရက လုံးဝကြည်လင်သွားပြီဖြစ်ပြီး မြန်မာ နိုင်ငံကို သူမ ဒုက္ခပေးလိုခြင်းမရှိခဲ့ကြောင်း နားလည်သဘောပေါက် သွားပြီပာု ထင်မြင်ယူဆထားသည်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးခြင်းအပါအဝင် အမေရိကန် ကွန်ဂရက်လွှတ်တော်က သတ်မှတ်ထားသော အခြေအနေများ ဖြစ်ပေါ်လာ ချိန်တွင် မြန်မာနိုင်ငံအပေါ် အရေးယူထားသော Sanctions များကို ဝါရှင်တန်က ရုတ်သိမ်းပေးသင့်သည်ပာု သူမက အကြံပြုပြောကြားသည်။

မြန်မာ့ ဒီမိုကရေစီ တန်ဘိုးများကို အိမ်နီးခြင်း အိန္ဒိယနိုင်ငံက ပိုမိုမြှင့်တင်ပေးခြင်းကို သူမအနေဖြင့် မြင်တွေ့ လိုပြီး၊ တရုတ်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံ ရေးကိုလည်း ထိန်းသိမ်းနိုင်ဖို့ သူမအနေဖြင့် မျှော်လင့်သည်ပာု ဒေါ်အောင်ဆန်းစုကြည်က အိမ်နီးခြင်း နှစ်နိုင်ငံအကြောင်း ထည့်သွင်းပြောဆို သည်။ သူမကဆက်လက်၍ မြန်မာနိုင်ငံမြောက်ဖျားတွင် တရုတ်နိုင်ငံက ငွေကြေးစိုက်ထုတ် တည်ဆောက်နေသော ဒေါ်လာ ၃.၆ ဘီလျံတန် တမံစီမံကိန်းကို ရပ်ဆိုင်း ထားရန် သမ္မတဦးသိန်းစိန်က မကြာသေးမှီက ဆုံးဖြတ်ခဲ့ခြင်း၏ အရေးကြီးဆုံးအရာမှာ ဤနိုင်ငံတွင် မိခင်မြစ်တစ်စင်း အဖြစ်တင်စားကြသော ဧရာဝတီ မြစ်၏ အောက်ပိုင်းဒေသများကို ဆိုးကျိုး သက်ရောက်နိုင်ခြင်းကို မကျေနပ်ကြသော မြန်မာပြည်သူတို့၏ သဘောထားကို သမ္မတကြီးက လေးစားစွာ နားထောင်ခြင်းပင်ဖြစ်သည်ပာု သုံးသပ်ပြောကြားသွားခဲ့သည်။