Friday, 3 February 2012


ရွှေညဝါဆရာတော် အသနားခံစာအား ပယ်ချခဲ့သည့် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလသည်.. ၂၀၀၈ခုနှစ်မဟန(၄၇)ပါးစုံညီ အစည်းအဝေးမှ သတိပေးခြင်း ခံထားရသည့် ဆရာတော်တပါး ဖြစ်ကြောင်းနှင့် သာကေတ ဇိနမာရ်အောင် ဘုရားဝတ္တကမြေကိစ္စ (တိုင်ကြားစာ)
Posted: 01 Feb 2012 10:21 AM PST
တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလ ဆရာတော်ကြီးသို့ အိတ်ဖွင့်ပေးစာ
ဆရာတော်ဘုရား..

တိုင်းသံဃနာယက အဖွဲ့အတွင်းမှာ သာသနာတော် အကျိုးများကို သဒ္ဒါတရား ထက်ထက် သန်သန်ဆောင်ရွက်နေ
၍ အထူးလေးစားပါတယ် ဘုရား။ အရှင်ဘုရား လက်မှတ်နှင့်
ရွှေည၀ါဆရာတော်ဘုရား ကိစ္စကိုအဆုံးအဖြတ် ပေးလိုက်တာကိုလည်း ဘုရားတပည့်တော် တွေ့မြင်လိုက်ရပါတယ်
ဘုရား။ ဘုရားတပည့်တော်မှ ဆရာတော်ဘုရား ဆုံးဖြတ်ပေးခဲ့ဖူးသော ကိစ္စတစ်ခုကိုလဲ သတိတရ. တပည့်ဒကာ၊
ဒကာမများ သာဓုခေါ်နိုင်စေရန် တင်ပြပေးချင်ပါတယ်ဘုရား..။

ဆရာတော်ဘုရားရဲ့ တပည့် ဦးဝါယာမသာရ  (သာသနာ့ဓဇဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစကပဏ္ဍိတ၊
ဝိနယ ပိဋကဥဘ တောဝိဘင်္ဂဓရ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းမှုး၊ ကမ္ဘာအေးကုန်းမြေ)
ယခုသာကေတမြို့နယ်၊ မူလကျောက်ချောင်း ကျောင်းဆရာတော်နှင့် သာကေတမြို့နယ် ဇိနမာရ်အောင်
စေတီတော်ကိစ္စတွင် ဆရာတော် အဆုံးအဖြတ် ပေးခဲ့တာလေးပါဘုရား။ ဘုရားတပည့်တော်မှာ
ထိုကိစ္စကို အစအဆုံးသိခဲ့သော်လည်း၊ သာသနာကိစ္စ ဖြစ်သည့်အပြင် ဆရာတော်များြ
ဖစ်သည့်အတွက် သည်းခံရေငုံနှုတ်ပိတ် နေခဲ့ပါတယ်ဘုရား။

သာသနာရေးကိစ္စများကို ဆောင်ရွက်တော်မူနေသော ရွှေည၀ါဆရာတော်ကြီး ကိစ္စတွင် ဆရာတော်ဘုရား၏ လက်မှတ်ကို
မြင်ရ၍၊ ဘုရားတပည့်တော် ယခုအခါ ဖွင့်ဟလိုက်ရပါသည် ဘုရား။ ဆရာတော် ဦးဝါယာမသာရမှာ
၂၀၀၇ခုနှစ်တွင်မှ မူလကျောက်ချောင်းကျောင်းကို ရောက်ရှိလာခဲ့ပြီး ကျောင်းဂရန် လုံဝမရှိသည်ကို
သာကေတ ဇိနမာရ်အောင် ဂေါပကထံမှ ဘုရားမြေကို တောင်းယူခဲ့ပါတယ်ဘုရား။ ဂေါပကမှဘုရားမြေကို
မပေးနိုင်ကြောင်း ဆိုသောအခါ ဂေါပကအဖွဲ့ကို တိုင်စာပို့ပြီး ဖြုတ်ပစ်ရန် ကြိုးစားခဲ့ပါတယ် ဘုရား။
သာကေတ ဇိနမာရ်အောင် ဘုရားမှာ ၁၉၉၃ခုနှစ်ကတည်းက အခွန်လွတ် သာသနာ့ဂရန် မြေပတ္တာစာချုပ်ကို
ရရှိထားပြီး ဘုရားဝတ္တက မြေအဖြစ် စာရွက်စာတမ်း ခိုင်ခိုင်မာမာ ရှိခဲ့ပါတယ်ဘုရား။
အရှင်ဘုရားထံသို့လည်း စာရွက်စာတမ်း ပြည့်ပြည့်စုံစုံကို တင်ပြပါလိမ့်မယ်ဘုရား။

ထိုမြေကိစ္စမှာ ဘုရားနယ်နိမိတ် ဆိုသည်မှာ သေချာကြောင်း တိုင်းအိုးအိမ်ဦးစီးဋ္ဌာနမှ အတည်ပြုပြီး မြေတိုင်းအဖွဲ့မှ
ဘုရားတွင် ငုတ်လာရိုက် ပေးခဲ့ပါတယ် ဘုရား။ ဘုရားတပည့်တော်မှာ သာကေတ ဇိနမာရ်အောင် ဘုရားနားတွင်
နေထိုင်သော ဒကာဖြစ်သည့်အပြင်၊ ဇိနမာရ်အောင်ဘုရားတွင် အစဉ်အမြဲ လှုဒါန်းနေသော ဒကာတစ်ဦးဖြစ်ပါတယ်
ဘုရား။ ထိုငုတ်လာရိုက်ပေးစဉ် ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရမှ မြေငုတ်ရိုက်ခြင်းကို
လက်မခံပဲ (မြေငုတ်ရိုက်ရာတွင် သာကေတမြို့နယ် မြေတိုင်းဋ္ဌာနမှ
လက်ထောက်ညွှန်ကြားရေးမှုး ဦးဝင်းဇော် ခေါင်းဆောင်သော မြေတိုင်းအဖွဲ့၊
ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့များ၊ မြို့နယ်အေးချမ်း သာသနာရေးမှုး၊ သာသနာရေးမှုးများ
ပါဝင်ကြပါတယ်) ကန့်ကွက်ခဲ့တာကိုလဲ မြင်ပါတယ်ဘုရား။ ဘုရားတပည့်တော် ကိုယ်တိုင်လဲကြားခဲ့၊
မြင်ခဲ့ရပါတယ်။ ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရနှင့် အတူထိုစဉ်က မြို့နယ်
အေးချမ်းသာယာရေး ဥက္ကဋ္ဌဦးကံစောလှိုင်၊ မြို့မယ်သာသနာရေးမှုး ဦးထွန်းခင်၊ သာကေတမြို့နယ်
သံဃနာယကဥက္ကဋ္ဌနှင့် တိုင်းသာသနာရေးမှုး ဦးကြင်ခိုင်တို့လည်း ထိုမြေပြဿနာ ဖြစ်စဉ်မှာ နောင်သံသရာအတွက်
အကုသိုလ် ထုပ်လေးများကို ထုပ်ယူထားကြောင်း ကြားရပါတယ်ဘုရား။

ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရနှင့် ဂေါပကများ မြေအငြင်းပွားနေကြပုံများကို
အခွေမှတ်တမ်းများအဖြစ် ဘုရားယောဂီတစ်ဦး ကောင်းမှုကြောင့် ကြည့်ရှုရ၍ ဘုရားတပည့်တော်မှာ
အလွန်အမင်း အံ့သြမိပါတယ်ဘုရား။ ဆရာတော်ဘုရားရဲ့ တပည့်ဆရာတော် ဦးဝါယာမသာရမှာ
(သာသနာ့ ဓဇဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ၀ိနယပိဋကဥဘတောဝိဘင်္ဂဓရ)
ဘွဲ့များ ပိုင်ရှင်ဖြစ်သောကြောင့် မြေကိစ္စ အငြင်းပွားခြင်းမှာ မည်မျှအပြစ် ကြီးလေးသည်ကို သိမည်ထင်ပါသည်ဘုရား။

ဆရာတော်ဘုရား (ရွှေညဝါဆရာတော်အား အမိန်လက်မှတ် ထိုးပေးတဲ့ တိုင်းသံဃနာယက
အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလ)နှင့် တပည့်ကြီး ဦးဝါယာမသာရ
ဆရာတော်ဘုရားတို့ဟာ ဘုရားသားတော်များ ဖြစ်ကြပြီး၊ မြေကိစ္စကို ဘယ်လိုများ
ဆုံးဖြတ်ခဲ့ကြလဲ ဆိုတာကတော့ ဂေါပကအဖွဲ့ဝင်များပဲ သေသေချာချာ သိနိုင်မှာပါဘုရား။ ဂေါကပအဖွဲ့ဝင်များလဲ
သက်ရှိထင်ရှား ရှိကြတာမို့ ဆရာတော်ဘုရားများ အပေါ် တပည့်တော်များ စွပ်စွဲခြင်း
မဟုတ်ကြောင်း အထောက်အထားများ ပြနိုင်ကြမှာပါဘုရား။ ဘုရားတပည့်တော်ဟာ
သာကေတမြို့နယ်(၇) အနောက်ရပ်ကွက်တွင် မွေးဖွားကြီးပြင်းခဲ့တာမို့၊ ဇိနမာရ်အောင်ဘုရားကြီး
ဖြစ်တည်ပုံကအစ ယခုကိစ္စများအထိသိခဲ့၊ မြင်ခဲ့၊ ကြားခဲ့ရသူပါဘုရား။ 

ယခုအခါဘုရားကြီးမြေမှ လမ်းဖောက်ယူပြီး၊ မူလကျောက်ချောင်း ကျောင်းမြေ
လုပ်လိုက်သည်ကို တပည့်တော်များမှ နေ့တိုင်း မြင်တွေ့နေရပြီး၊ သာသနာတော်နှင့် ဆရာတော်ကြီးများကို
နေ့တိုင်း သာဓုခေါ်ဆို နေရပါတယ်ဘုရား။ ဆရာတော်ဘုရားမှ အဖွဲ့နှင့် ဆုံးဖြတ်ခြင်းမရှိပဲ၊ အတွင်းရေးမှုးအနေနှင့်
အာဏာနှင့် လုပ်ဆောင်တတ်၍ (၃၁.၁၀.၂၀၀၈)ရက်နေ့မှ ကျင်းပသော(၄၇)စုံညီ အစည်းအဝေး
ဆုံးဖြတ်ချက်အရ (၁၅/၂၀၀၈)ဖြင့် သတိပေးခံထားရသော စာလေးပါ ကံမကောင်း အကြောင်းမလှစွာ
တပည့်တော် လက်ထဲရောက်ရှိ လာပါ၍ တင်ပြပေးလိုက်ပါတယ် ဘုရား။

မဟနဆရာတော်ကြီးများကို တပည့်တော် အံ့သြကြီးစွာ လျှောက်ထားလိုသည်မှာ ၂၀၀၈ခုနှစ်ကတည်းက 
(၄၇)ပါးစုံညီမှ သတိပေးခြင်း ခံထားရသော ဆရာတော်အား ယခု၂၀၁၂ ခုနှစ်အထိ တိုင်းသံဃနာယက 
အကျိုးတော်ဆောင် ဆရာတော်အဖြစ် ဆက်လက်ထား ရှိနေခြင်းကို ဘုရားတပည့်တော်မှ 
အထူးလေးစားစွာ သာဓုခေါ်မိပါကြောင်းနှင့် ဆရာတော် ကြီးများကိုယ်တိုင် ယခုဘုရားမြေကို 
(သာသနာ့ဓဇဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ၀ိနယပိဋက ဥဘတောဝိဘင်္ဂဓရ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု 
သင်တန်းမှုး၊ ကမ္ဘာအေးကုန်းမြေ)မှ ဆရာတော်တစ်ပါးမှ အလွဲသုံးစား လုပ်နေခြင်းကို မှန်မှန်ကန်ကန် 
ဆုံးဖြတ်ပေးတော်မူ ကြပါရန်နှင့် သာသနာတော်ကို ချစ်မြတ်နိုးသောဘုရား သားတော်များမှ လည်း မြတ်စွာဘုရား
သာသနာကြီး မညှိုးနွမ်းစေရန် ဆက်လက်စုံစမ်း ပေးကြပါရန် ဘုရားတပည့်တော်မှ လျှောက်ထားလိုက်ရပါတယ်
ဘုရား။ ယခုရေးသော စာပါအထောက် အထားများကို အခွေမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်း၊
စာရွက်စာတမ်း မှတ်တမ်းများ ပြည့်ပြည့်စုံစုံဖြင့် ဆရာတော်ကြီးများမှ တင်ပြပေးစေ လိုပါကလည်း၊ 
ဘုရားတပည့်တော်မှ ဆရာတော်ဘုရားများ ရန်ကိုကြောက်ရှာ၍ ထွက်သွားရသော (ဂေါပကမှ မလွှဲပေးပါက
တည်ဆဲဥပဒေအရ အရေးယူမည်ဟု စာအပို့ခံရသော) ဂေါပကများကိုရှာဖွေ၍၊ နိုင်ငံတော်သံဃ 
မဟာနယကများ၏ ဆုံးဖြတ်မှုများကို ကမ္ဘာသိအောင် တင်ပြပေးရပါမယ် ဘုရား။

သာသနာမှန်ရင်  ဆန်တက်မယ်။ သာသနာမမှန်ရင် စုန်မျောမယ်။ 
မြတ်စွာဘုရားသာသနာကို ဘုရားသားတော် သံဃာများ စောင့်ရှောက် ပေးနိုင်ကြပါစေ။

စာများကို တင်ပေးသော ဒီမိုဝေယံအား အထူးကျေးဇူးတင် ရှိပါသည်။

လေးစားစွာဖြင့်
ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦး

ညောင်မြစ်တူးတော့ ပုတ်သင်ဥ ပေါ်တယ်ဆိုမလား သာကေတ ဇိနမာရ်အောင် ဘုရားဝတ္တကမြေကိစ္စ တိုင်ကြားစာ.
. ပေးပို့လာတဲ့ စာပါအကြောင်းအရာအရ ရွှေညဝါဆရာတော် အသနားခံစာအား ပယ်ချခဲ့ပြီး လက်မှတ်ရေးထိုး
ထုတ်ပြန်ခဲ့သည့် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလသည်..
၂၀၀၈ခုနှစ်မဟန(၄၇)ပါးစုံညီ အစည်းအဝေးမှ သတိပေးခြင်း ခံထားရသည့် ဆ
ရာတော်တပါးဖြစ်ကြောင်း  ၂၂.၁၀.၂၀၀၈ခုနှစ် နိုင်ငံတော် သံဃမဟာနယက အစည်းအဝေး ဆုံးဖြတ်ချက်ပါ
အစီရင်ခံစာကို ဖတ်ရှုနိုင်ပါတယ်..။

ဆဋ္ဌမအကြိမ် ဗဟိုဝန်ဆောင် တတိယအစည်းအဝေးသို့ မဟာနာယကအဖွဲ့၏ အစီရင်ခံစာ...
(၂၂.၁၀.၂၀၀၈)
အပိုဒ်(၄၁) ဆုံးဖြတ်ချက် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်၏ ဆုံးဖြတ်ချက်အား
တိုင်ကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍

(က) တိုင်းသံဃနာယက အဖွဲ့သို့တင်ပြလာသော ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနဲ့အညီ
အစည်းအဝေးဆုံးဖြတ်ချက် အရသာ ဆောင်ရွက်ရန်နှင့် အဖွဲ့အစည်းဂုဏ်သိက္ခာ မိမိ၏ဂုဏ်သိက္ခာကို
ထိခိုက်စေမည့် လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ ပုဂ္ဂိုလ်ရေးသဘောဖြင့် ဆောင်ရွက်ခြင်းများကို အထူးရှောင်ကြဉ်ရန်

(ခ) မိမိ၏ တာဝန်မဟုတ်သော အလှူရှင် ဒါယိကာ၊ ဒါယိကာမတို့၏ လုပ်ငန်းဖြစ်သော ဆွမ်းလောင်းခြင်း၊ ကထိန်ခင်းခြင်း စသည်တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်တို့၌ ပါဝင်ခြင်း၊ စွက်ဖက်ဟန့်တားခြင်း စသည်တို့ကို

မပြုလုပ်ရေး တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တကုဏ္ဍအား သတိပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ 

ပေးပို့လာတဲ့ တိုင်ကြားစာထဲက စာပါအကြောင်းအရာပါ...။
Posted: 01 Feb 2012 06:09 AM PST
ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာစဉ်..
ညောင်ဦးမှ ကြိုဆိုနှုတ်ဆက်နေသူ ပြည်သူလူထု..
ကားပေါ်မှ လက်အုပ်ချီလျှက်... မြင်ကွင်း
ပခုက္ကူမှာ ဖြတ်သန်းသွားချိန်မှာ တိုးကြကြိတ်ကြနဲ့ ဝမ်းပန်းတသာ ကြိုဆိုနေတဲ့ ပြည်သူလူထု...

သွားတဲ့ခရီးက ဗြိတိန်နိုင်ငံရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတဲ့ မြိုင်မြို့နယ်က ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက်ပါ..။
လူထုမသိအောင် သွားတယ်.. လူထုက သိနေတယ်...  ။ ရောက်ရာနေရာမှာ ကြိုဆိုသူအပြည့်နဲ့ မရရအောင် ကြိုဆိုကြတယ်
...။ အမေစုကလည်း အားကိုးတဲ့ မေတ္တာထားတဲ့ လူထုကို လေးလေးစားစား ပြန်လည် နှုတ်ဆက်တယ်လေ...။
မြိုင်မြို့နယ်က ကျေးရွာတွေမှာ ဗြိတိန်အစိုးရရဲ့ အကူအညီနဲ့ ဆောင်ရွက်နေတဲ့ အခြေခံအပ်ချုပ်သင်တန်းကို ဝင်ရောက်လေ့လာစဉ်...။

ဓာတ်ပုံများ Ap,Getty Images, Reuters
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610







ဘာသာပြန် မြန်မာသတင်းများ (မောင်သစ်စိမ်း-mmcp)
Posted: 01 Feb 2012 08:54 AM PST
သမ္မတဦးသိန်းစိန် စင်္ကာပူနိုင်ငံတွင် ကျန်းမာရေး အစစ်ဆေးခံ

source: Channel News Asia
မြန်မာသမ္မတ ဦးသိန်းစိန်သည် စင်္ကာပူနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေခိုက် ကျန်းမာရေး အစစ်ဆေးခံရန်အတွက်
စင်္ကာပူနိုင်ငံရှိ Mount Elizabeth ဆေးရုံသို့ အင်္ဂါနေ့က ရောက်ရှိနေကြောင်း သိရသည်။ နံနက် ၇နာရီခွဲခန့်က ဆေးရုံပြင်ပတွင်
အစောင့်များထူထပ်စွာ ချထားကြောင်းသိရပြီး နှလုံးခုန်နှုန်းပုံမှန်ဖြစ်ရန် တပ်ဆင်ထားသော Pacemaker ကို
အထူးကုဆရာဝန်များနှင့် ပြသစစ်ဆေးနေကြောင်း သိရသည်။ သမ္မတဦးသိန်းစိန်သည် နှလုံးရောဂါကြောင့် ၂ဝဝ၄ ခုနှစ်က
Pacemaker တပ်ဆင်ထားခဲ့ရပြီး ကျန်းမာရေးစစ်ဆေးမှုများတွင် ကျောက်ကပ်နှင့် ဝမ်းဗိုက်ကို ultrasound
ရိုက်ခြင်းတို့လည်း ပါဝင်ကြောင်းသိရသည်။

မြန်မာက မြောက်ကိုရီးယားအဏုမြူကိစ္စနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆို

source: channelnewsasia
မြန်မာသမ္မတဦးသိန်းစိန်က မြောက်ကိုရီးယားနိုင်ငံမှ အဏုမြူလက်နက်များ ဝယ်ယူရန်မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပြီး
ထိုသို့သောစွပ်စွဲမှုများမှာ ''အခြေအမြစ်မရှိ''ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်ဟု သိရသည်။ ''ကျွန်တော်တို့ မြောက်
ကိုရီးယားကနေ လက်နက်တွေ ဝယ်ယူဖို့မရှိပါဘူး။ ဒီစွပ်စွဲချက်တွေက အခြေအမြစ်ခိုင်မာမှုမရှိပဲ အနောက်နိုင်ငံအချို့ရဲ့
သံသယတွေအပေါ်မှာ အခြေခံထားတာပါ''ဟု The Straits Times သတင်းစာနှင့် မေးမြန်းခန်းတွင်း ဦးသိန်းစိန်က
ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏ ၂ဝ၁ဝ အစီရင်ခံစာတွင် မြောက်ကိုရီးယားကို မြန်မာ၊ ဆီးရီးယားနှင့် အီရန်နိုင်ငံတို့သို့
အဏုမြူနှင့် အခြားလက်နက်များ တင်သွင်းခဲ့သည်ဟု စွပ်စွဲထားကြောင်း သိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
Hillary Clinton က ဦးသိန်းစိန်မှာ UN က ပိတ်ပင်ထားသော မြောက်ကိုရီးယားမှ လက်နက်တင်သွင်းမှု ဆုံးဖြတ်ချက်ကို
လိုက်နာမည့်အကြောင်း ''အလေးအနက် ကတိပေးထားသည်''ဟု ဆိုသည်။

မြန်မာက ထိုင်းနှင့်ဗီယက်နမ်ကို ယှဉ်ပြိုင်လျက် ဆန်တင်ပို့မှု နှစ်ဆမြင့်တက်
source: Bloomberg
မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုများ ဖေါ်ဆောင်နေသည်နှင့်အမျှ ယခုနှစ်အတွက် နိုင်ငံ၏ဆန်တင်ပို့မှုမှာ
နှစ်ဆကျော်မြင့်တက်ပြီး တန်ချိန် ၁.၅ သန်းခန့် ဖြစ်ဖွယ်ရာရှိကြောင်း ကုန်စည်ခန့်မှန်းသူများက ဆိုကြသည်ဟု သိရသည်။
အစိုးရက လယ်သမားများထံမှဆန်ကို ဈေးကွက်ပေါက်ဈေးထက် ပိုပေးပြီးဝယ်ယူလျက်ရှိရာ ထုတ်လုပ်နိုင်မှုတိုးတက်လာပြီး
လာမည့်နှစ်တွင် တန်ချိန် ၂ သန်းနှင့် ၂ဝ၁၅ တွင် တန်ချိန် ၃ သန်းတင်ပို့နိုင်ရန် လျာထားကြောင်း ဆန်ကုန်သည်ကြီးများ
အသင်းက ဆိုသည်။ အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌါန ကိန်းဂဏန်းများအရ အဆိုအပါအတိုင်း ဖြစ်လာခဲ့လျှင်
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ၆ ခုမြောက် ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သိရသည်။
''ကမ္ဘာ့ဆန်ဈေးကွက်ကို မြန်မာဝင်လာတဲ့အတွက် ထိုင်းဆန်ဈေးကွက်ကို ပိုပြီးဆိုးရွားစေပါတယ်''ဟုThai Rice Exporters
Association ၏ဂုဏ်ထူးဆောင်နာယကVichai Sriprasert ကဆိုသည်။ ''ရေရှည်မှာ မြန်မာပြည်က မြေသြဇာကောင်းပြီး
ရေလည်းလွယ်တဲ့အတွက် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့တဲ့နိုင်ငံ ဖြစ်လာမှာပါ''ဟု သူကဆိုသည်။

ဟော်တယ်တည်းခိုမှု ဈေးနှုန်းများ ထက်ဝက်ခန့် မြင့်တက်ဖွယ်ရှိ

source: Travel Weekly
မြန်မာပြည်၏ ခရီးသွားဦးရေ အဆမတန်များပြားနေမှုကြောင့် မတ်လ ၃၁ ရက်နေ့မှစတင်လျက် တည်းခိုခနှုန်းထားများကို
၃၅% မှ ၅ဝ% အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွက် ခရီးသွားဦးရေ ၃ဝဝ% မြင့်တက်လာခဲ့ပြီး
ခရီးသည် တစ်သန်းခန့် ဝင်ရောက်လိမ့်မည်ဟု ခန့်မှန်းရသည်။ ''ကျွန်တော်တို့ကို ဟော်တယ်ခ၊ ခရီးသွားစားရိတ်၊
လေယာဉ်လက်မှတ်၊ အစားအသောက်နဲ့ လမ်းညွှန်စားရိတ်တွေ အားလုံး ဈေးတက်တော့မယ်လို့ မြန်မာဘက်က
သတိပေးထားပါတယ်''ဟုTravel Indochina ၏ စီမံခန့်ခွဲမှုဒါရိုက်တာ Paul Hole ကဆိုသည်။ သို့သော် ထိုသို
့ဈေးတက်ထားသည့်တိုင် ခရီးစားရိတ်နှင့် စားသောက်စားရိတ်များ ဈေးပေါသဖြင့်မြန်မာပြည်အတွက် စားရိတ်မှာ
''အလွန်သင့်တင့်'' နေသေးကြောင်းဆိုသည်။

မောင်သစ်စိမ်း-MMCP

ယင်းလတ် ရှင်နာဝပ်တက်ရောက်
Posted: 01 Feb 2012 08:45 AM PST





Posted: 01 Feb 2012 08:25 AM PST
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပစ္စည်းအချို့အား အကျဉ်းထောင်အတွင်းယူဆောင်ရန် ကြိုးပမ်းမှုကြောင့်
ပြည်ထဲရေးဝန်ကြီးဌာန၏ တရားစွဲဆိုခြင်းခံထားရသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား အမှုမှ
တရားသေလွှတ်ရန် အင်းစိန်မြို့နယ်တရားရုံးမှ ယနေ့ အမိန့်ချမှတ်လိုက်သည်။
'' တရားသူကြီးက ဗိုလ်ချုပ်ပုံကို တရားမ၀င်ပစ္စည်းအဖြစ်အကျဉ်းထောင်ထဲမှာ ပြဋ္ဌာန်းမထားဘူးဆိုပြီး ပြည်ထဲရေးရဲ့
စွဲချက်တွေအားလုံးကို ပယ်ဖျက်ပစ်ခဲ့တယ်။ ကျွန်တော့်ကို အမှုကနေတရားသေလွှတ်ခဲ့တယ်။'' ဟု ဦးနေမျိုးဇင်က YPI
သို့ပြောသည်။
၎င်းအား ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်၊ စတေကာနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တွေ့ဆုံသည့်ပုံပါ ဂျာနယ်တစ်စောင်တို့အား အကျဉ်းထောင်တွင်းယူဆောင်ရန် ကြိုးပမ်းမှုအတွက်
အကျဉ်းကျရာမှ ပြန်လည်လွတ်မြောက်လာသည့်နေ့တွင် ပင် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ အကျဉ်းထောင် အက်ဥပဒေပုဒ်မ
၄၂ (အကျဉ်းထောင်အတွင်းသို့ တရားမ၀င်ပစ္စည်း သွင်းယူမှု) အရ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အမှုရင်ဆိုင်နေချိန်တွင် ၎င်းအားထောက်ခံသူများက ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်များကို ၀တ်ဆင်၍ တရားရုံးအထိ
လိုက်ပါခဲ့ကြကြောင်း ၎င်းကပြောသည်။
ဦးနေမျိုးဇင်သည် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ဦးဖြစ်သည်။
၎င်းအား ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်းက အီလက်ထရွန်းနစ်ပုဒ်မဖြင့် ထောင်ဒဏ်၁၀ နှစ်ချမှတ်ခြင်းခံခဲ့ရပြီး ဇန်န၀ါရီလ
၁၃ ရက်နေ့ကမှ ပြန်လည် လွတ်မြောက်လာကာ လွတ်မြောက်လာသည့်နေတွင်ပင် ယခုအမှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ ။
(ဓါတ်ပုံ-www.pwvb.blogspot.com)
yangon press international

Posted: 01 Feb 2012 08:15 AM PST



Posted: 01 Feb 2012 07:56 AM PST
လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးအခြေအနေနဲ့  သတင်းတွေဟာတလနဲ့ တလမတူလောက် အောင်
ဖြစ်ပေါ်ပြောင်းလဲမှုတွေ မြန်ဆန်လာလို့ လေ့လာဆန်းစစ်နေတဲ့သူတွေ ကောက်ချက်ချရာမှာ ခက်ခဲပြီး မျက်စိလည်လောက်
စရာပါဘဲ။ ဒါပေမယ့် ကောင်းတဲ့ဘက်ကိုထိုက်သင့်သလောက်ဦးတည်ပြောင်းလဲ
လာနေတယ်လို့ တော့ သံသယနဲ့ ခံစားချက်ဆန္ဒစွဲ သိပ်မများကြတဲ့သူတွေအဖို့ လက်ခံကြရမယ့် အနေအထားပါ။

မြန်မာအစိုးရဟာ အမေရိကန်နဲ့ ဥရောပတို့ ရဲ့  ပိတ်ဆို့ အရေးယူမှုတွေ ပယ်ဖျက်ပြီးရင်းနှီးတဲ့ ဆက်ဆံရေး တိုးတက်ကောင်း
မွန်လာအောင် လုပ်ဆောင်လာပြီးတရုတ်အစိုးရရဲ့ ဘက်ပေါင်းစုံသြဇာခံဖြစ်ရမယ့်ဘ၀က ရှောင်ထွက်နိုင်အောင်တော့ကြိုးစား
လာတာတွေ့ ရပါတယ်။ ဒါကလည်း တရုတ်အစိုးရရဲ့  မြန်မာနိုင်ငံအပေါ်
စီးပွားရေး စစ်ရေး နိုင်ငံရေးအရ အပေါ်စီးမှ တဘက်စောင်းနင်း အတွင်းကြိတ်ဆက်ဆံတာ ခံလာရလို့ ပါဘဲ။

မြန်မာစစ်အစိုးရသက်တမ်းနှစ် (၂၀)ကျော်ကြာ အုပ်ချုပ်သွားနိုင်အောင် စီးပွားရေးအထောက်အပံ့တွေပေးပြီး နိုင်ငံတကာက
မြန်မာနိုင်ငံအပေါ် ၀င်မစွက်ဖက်နိုင်အောင် ကုလသမဂ္ဂမှာဗီတိုအာဏာနဲ့အကာအကွယ်ပေးခဲ့ တဲ့ တရုတ်အစိုးရဟာသူ့ ရဲ
့မျိုးနွယ်စုဝင်ဖြစ်တဲ့ ကိုးကန့် တပ်တွေကို မြန်မာတပ်က ၀င်တိုက်ပြီး နယ်မြေ
ပြန်ယူလာတဲ့အခါမှာ သူ့ ရဲ့ သြဇာခံတပ်ဖြစ်တဲ့ ၀ တပ်ဖွဲ့ ကို ထပ်မတိုက်နိုင်အောင်တရုတ် ဒုသမ္မတ ကိုယ်တိုင် မြန်မာနိုင်ငံကို
ချက်ချင်းရောက်လာပြီး သူတို့ ရဲ့ နယ်စပ်မှာ စစ်ပွဲတွေ ထပ်မတိုက်ခိုက်ဖို့  နအဖ ခေါင်းဆောင်တွေကို သတိပေးတားမြစ်ခဲ့ပါတယ်။ ဒါ့အပြင် နအဖ အစိုးရက လက်ခံဖို့ အချိန်ဆွဲနေတဲ့ မြစ်ဆုံလျှပ်စစ်စီမံကိန်းနဲ့  ရခိုင်ပြည်နယ် ကျောက်ဖြူကနေ ယူနန်ပြည်နယ်အထိ
မြန်မာနိုင်ငံကို ကန့် လန့် ဖြတ်သွယ်တန်းမယ့် ဓာတ်ငွေ့ ပိုက်လိုင်းကိစ္စမှာရေနံပိုက်လိုင်းနှင့်တကွ အသွားအပြန် ရထားလမ်းတွေ
ကိုပါ အစိုးရအဖွဲ့ အပြောင်းအလဲမလုပ်ခင် အမိအရသဘောတူညီချက်တွေ လက်မှတ်ရေးထိုးချုပ်ဆိုပြီး နှစ် (၂၀)ကျော်
မြန်မာစစ်အစိုးရအပေါ် ကာကွယ်ပေးခဲ့ရတဲ့ ဗီတိုကြေး
တွေကို စီးပွားရေး စစ်ရေး နိုင်ငံရေးအရ ပိုပိုသာသာရယူသွားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် နောက်တက်လာတဲ့အစိုးရသစ်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံလျှပ်စစ်စီမံကိန်းကို ပြည်သူတွေရဲ့ ဆန္ဒအရ ရပ်တန့် ပါတယ်လို့  ကြေညာခဲ့ရာမှာတော့အားလုံးအငိုက်မိအံ့အားသင့်သွားကြရပါတယ်။

ပြည်တွင်းနိုင်ငံရေးသမားတွေတက်ကြွလှုပ်ရှားသူတွေနဲ့  အမေရိကန်ဥရောပတို့  ချက်ချင်းဝမ်းသာအားရ
ထောက်ခံကြပြီး တရုတ်အစိုးရရဲ့ အာဘော် သတင်းမီဒီယာတွေကတော့ မြန်မာအစိုးရနဲ့မြန်မာနိုင်ငံအပေါ်မှာ
ပြင်းပြင်းထန်ထန်ခြိမ်းခြောက်ဝေဖန်လာကြပါတယ်။ တရုတ်ရဲ့ အဓိကသွေးကြောသဖွယ်လိုချင်တပ်မက်နေတဲ့
ပင်လယ်ထွက်ပေါက်ဖြစ်တဲ့ ကျောက်ဖြူနဲ့ ယူနန် ဓာတ်ငွေ့ ရေနံပိုက်လိုင်းနဲ့ ရထားလမ်းကျန်နေသေးလို့  ဒီလောက်နဲ့ 
ရပ်သွားပြိး လျော်ကြေးနဲ့ ဆွေးနွေးလို့ ရနိုင်တာပါ။
ဒီအခွင့်အရေးပေါ်မှာ သူတို့ က စိးပွားရေးနဲ့ စစ်ရေးမဟာဗျူဟာအရ လိုသလိုအသုံးပြုနိုင်သေးတာပါ။

ဦးသိန်းစိန်ရဲ့ မြစ်ဆုံရပ်တန့် တဲ့ကြေညာချက်ဟာ မြန်မာအစိုးရအပေါ် ကုလသမဂ္ဂအမေရိကန်နဲ့ဥရောပနိုင်ငံ များ က
ခေါင်းဆောင်များရဲ့ အမြင်ပြောင်းလဲမှုနဲ့ ထောက်ခံမှုတွေကို မြန်မြန်ဆန်ဆန်ရရှိခဲ့ပါတယ်။ နောက်ထပ် နိုင်ငံတကာကနိုင်ငံရေး
အကျဉ်းသားတွေလွှတ်ပေးဖို့ နဲ့ ပြည်တွင်းငြိမ်းချမ်းရေး
လုပ်ဆောင်ဖို့ 
ဆက်လက်တောင်းဆိုခဲ့ရာမှာ ၁၃၊ ၁၊ ၂၀၁၂ ရက်က ၈၈ ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် ထင်ရှားတဲ့နိုင်ငံရေး
အကျဉ်းသားတော်တော်များများကို လွှတ်ပေးခဲ့ပြီး (၆၃)နှစ်ကြာ ဆန့် ကျင်တိုက်ပွဲဝင်နေတဲ့ ကရင်အမျိုးသားလက်နက်ကိုင်
အဖွဲ့ နဲ့ ပါပဏာမငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါ့အပြင် နည်းပရိယာယ်ကြွယ်ဝတဲ့ စစ်ထောက်လှန်းရေးမှူးဟောင်းဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် နဲ့ တကွ ထောက်လှမ်းရေး
အရာရှိဟောင်းများကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။ NLD ကိုလည်း ပါတီမှတ်ပုံတင်
ခွင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မဲဆွယ်စည်းရုံးရေးတွေလုပ်နေနိုင်ပါပြီ။

ကမ္ဘာ့စီးပွားရေးသမားကြီးများ နဲ့  နိုင်ငံတကာက အစိုးရပိုင်းခေါင်းဆောင်များကလည်း မြန်မာနိုင်ငံကို ဥဒဟိုဝင်ထွက်ပြီး
မြန်မာ့ဒီမိုကရေစီဇာတ်စုံသဘင်ကြီးမှာ ၀င်ရောက်ကပြကြဖို့  အားကြိုးမာန်တက်လှုပ်ရှားနေ
ကြပါပြီ။ ဒီအခြေအနေဟာ အားလုံးကို ရောသမမွှေထားတဲ့နိုင်ငံရေးဖြစ်စဉ်တစ်ခုပါဘဲ။ အုပ်စုအသီးသီးကလည်း ကိုယ်သန်ရာ
လိုရာရည်မှန်းချက်တွေအမျိုးမျိုးနဲ့  လှုပ်ရှားလာနေကြပါတယ်။

ပြန်လွတ်လာတဲ့၈၈ ကျောင်းသားခေါင်းဆောင်များကလည်း နိုင်ငံရေးပါတီသီးသန့် မထောင်ကြဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ
့ပါတီကို ၀န်းရံပြီးဒီမိုကရေစီတိုက်စစ်မှူးများအဖြစ် ဆောင်ရွက်နေကြပါတယ်။
အမှန်တော့ ဒီအချိန်မှာ သူတို့ ဟာ ဒီမိုကရေစီဗျူဟာမှူးတွေအနေလောက်ဘဲကိုယ်ပိုင်အုပ်ချုပ်စီမံခန့် ခွဲနိုင်မှုအတွက်
ရည်ရွယ်ချက်ရှိရှိ ဦးစားပေးလုပ်ဆောင်သင့်ကြပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ အားထားလွန်းနေရတဲ့NLDဟာလည်း တစ်ဦးတည်း အရာရာကိုဦးဆောင်နေ
ရတဲ့Democracy Solo Concert Show လို ဖြစ်နေတော့ သူမလုပ်နိုင်တော့ရင်
ချည့်နဲ့ ရပ်တန့် သွားနိုင်ပါတယ်။ သူ့ အသက်အရွယ်အရလည်း လှုပ်ရှားနိုင်ဖို့ အကန့်အသတ်ဖြစ်လာနေ ပါပြီ။ မူ နဲ့ သွားတဲ့
ဒီမိုကရေစီလမ်းကြောင်းကလူ ဦးစားပေး ဒီမိုကရေစီလမ်းကြောင်းထက် ရေရျည်မှာတည့်တံ့ခိုင်မြဲပါတယ်။

သမ္မတဦးသိန်းစိန် နောက်ထပ်အဓိကဖြေရှင်းရမယ့်ကိစ္စများကတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနဲ့ ငြိမ်းချမ်းရေးရယူဖို
့နဲ့ မြန်မာ့စစ်တပ်ကို ညက်ညက်ညောညောစီမံကိုင်တွယ်နိုင်ဖို့ ပါဘဲ။ ဟိုတလောက
ကချင်ဒေသမှာသမ္မတရဲ့ ထိုးစစ်ရပ်တန့် ခိုင်းတဲ့အမိန့် ကို "တိုက်ခိုင်းတုန်းကတော့ သူတို့ ဘဲ၊ကို့ လို့ ကန့် လန့် ကျတော့
ရပ်ခိုင်းပြန်ပြီ၊ ငါတို့ကအသက်တွေရင်းပြီး လုပ်နေရတာ"ဆိုပြီးရှေ့တန်းရောက် စစ်တပ် အရာရှိ တွေ ဘက်က သိပ်မကြေ
လည်ကြဘူးလို့  ကြားသိရပါတယ်။ ဒါ့အပြင် ဒီမိုကရေစီပြောင်းလဲမှုကို လိုလားပေမယ့်မြန်မြန်ဆန်ဆန်ပြောင်းရင် တဘက်နိုင်
ငံရေးအင်အားစုကို အခွင့်အရေးပိုရစေပြီး
သူတို့ အပေါ်တန်ပြန်မှာကိုလည်း စိုးရိမ်ကြတယ်လို့  သိရပါတယ်။ ဒါကလည်းငယ်စဉ်ကတည်းက ခုအချိန်ထိ နေလာဖူးတဲ့
Auto Cracy အမိန့် ပေးအုပ်ချုပ်မှုစနစ်နဲ့ရင်းနှီးကြီးပြင်းလာကြ ရတော့ဒီမိုကရေစီလုပ်ထုံးတွေ မှာ အလေ့အကျင့်သိပ်မ
ရှိသေးပါဘူး။ ဒါပေမယ့် တရုတ်အစိုးရကိုအားကိုးလို့ လည်း တပည့်အဆင့်
ထားပြီး ဆက်ဆံခံရမယ်ဆိုတာ သိနေကြပါပြီ။

တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့လည်းရှမ်းတကျပ်ဗမာတကျပ်ကရင်တကျပ်ဆိုတဲ့တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်
ပြဌာန်းခွင့်ဆိုတာတွေကိုအဓိကထားပြောဆိုနေတာကြားသိရပါတယ်။ လက်နက်ကိုင်တော်လှန်မှုကြောင့်အစိုးရက တိုင်းရင်းသားဒေသတွေကို ဖွံ့ ဖြိုးရေးလုပ်ရာမှာ ကန့် သတ်ပြီး
ချန်လှပ်ထားခဲ့ကြတယ်။

ဆင်းရဲနိမ့်ကျမှုတွေကြောင့် အသိပညာမဖွံ့ဖြိုးကြဘဲ လက်နက်ကိုင်ဆောင်ထားနိုင်သူ တွေသာ အဲဒီဒေသတွေမှာ လူရာပိုဝင်ကြလို့ လက်နက်ကိုင်အဆိုးသံသရာလည်နေကြတာပါ။ တန်းတူအခွင့်အရေးဆိုတာကလည်း အလှည့်ကျသမ္မတပေးရေး၊ စစ်တပ်မှာ ဗမာကြီးစိုးမှုလျော့ချရေး၊
ဒေသထွက်သယံဇာတများအပေါ် ထိုက်သင့်သလိုခွဲဝေခံစားခွင့်ရှိရေးစတဲ့အချက်တွေပါဝင်ပါတယ်။ ၀ ဒေသလက်နက်ကိုင်တွေကတော့ သူတို့ ဒေသမှာ လက်နက်ကိုင်ထားတာ သူတို့ ဖြစ်ပေမယ့် စီးပွားရေးလာလုပ်ပြီးကြီးစိုးထားတာက ဆရာတရုတ်တွေဖြစ်နေတော့ သူတို့ အနည်းအကျဉ်းဘဲရလို့ 
မြန်မာအစိုးရဘက်ကို အာရုံပြန်လည်လာတယ်လို့ သိရပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကတော့ဧပြီ(၁)ရက်ကြားဖြတ်ရွေးကောက်ပွဲအဖြေမှာဒေါ်အောင်ဆန်းစုကြည် ပါတီ ရဲ့ ရလဒ်အဖြေကိုကြည့်ပြီး သူတို့ ရဲ့ ပိတ်ဆို့ အရေးယူမှုစံတွေကို ပြောင်းလဲသတ်မှတ်ကြလိမ့်မယ်လို့ ယူဆမိပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေဟာ ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူများ၊ နိုင်ငံတကာရဲ့ ဖိအားပေးမှုများကြောင့် လမ်းကြောင်းမှန်ပေါ်ကူးပြောင်းရောက်ရှိလာတဲ့ မှန်ပေမယ့် အဓိကကျကျ အတွင်းအနှစ်သာရအခြေခံအချက်ကတော့ ၂၀၀၇ ကိုယ်ကျိုးမဖက် ရွှေဝါရောင်လှုပ်ရှားမှုနဲ့ 
တရုတ်အစိုးရရဲ့မြန်မာစစ်အစိုးရအပေါ်လောဘတကြီးအစွန်းရောက်တဲ့ဖိအားပေးတောင်းဆိုလာမှုများကြောင့်ဖြစ်တယ်လို့  ယူဆထင်မြင်မိကြောင်းပါခင်ဗျာ။

S ခင်ဇိုင်

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Thursday, 2 February 2012







ကျုပ်တို့တိုင်းပြည်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

ထားဝယ်စက်မှုဇုံ ကိစ္စကတော့ ဆက်လုပ်မှာ သေချာသလောက် ဖြစ်နေပြီ။ ထားဝယ်စက်မှုဇုံမှာ တည်ဆောက်မယ့် စက်ရုံ တွေထဲမှာ ကျောက်မီးသွေးကို အသုံးပြုပြီး လျှပ်စစ်စွမ်းအင်ထုတ်မယ့် စက်ရုံကြီးလည်း ပါတယ်။ အခုတော့ မြန်မာ အစိုးရ ဖက်က အပြောအရ အဲသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ် စက်ရုံဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူသားတွေကို ရေရှည်မှာ ထိခိုက်စေတာကြောင့် တည်ဆောက်ခွင့် မပေးတော့ဖူးလို့ ဆိုတယ်။ ဒါဆိုရင်တော့ ကြိုဆိုရမှာပေါ့။ ဒါပေမယ့် ပြဿနာတွေက အများကြီးကျန်နေသေးတယ်။

ထိုင်းနိုင်ငံမှာ စက်မှုဇုံတွေ အတော်များများ ရှိတယ်။ အခု တည်ဆောက်မယ်ဆိုတဲ့ ထားဝယ်စက်မှုဇုံဟာ ထိုင်းနိုင်ငံထဲက အကြီးဆုံးဆိုတဲ့ စက်မှုဇုံထက် ၁၆ ဆ ကြီးမှာ ဖြစ်တယ်။ ထိုင်းတွေက စက်မှုဇုံတွေကို သူ့နိုင်ငံထဲမှာ မထားချင်တော့ဘူး။ ရေရှည်မှာ ဆိုးကျိုးတွေ အမြောက်အများ သယ်ဆောင်လာတယ် ဆိုတာကို သူတို့ဖက်က လက်တွေ့သိသွားလို့ ဖြစ်တယ်။ အဲသည်တော့ ဘုမသိဘမသိ ဘာမှ ကောင်းကောင်း နားမလည်သေးတဲ့ မြန်မာဖက်ကို ရွှေ့ဖို့ပြင်ဆင်လာတာ ဖြစ်တယ်။ မြန်မာအစိုးရကလည်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို အာသာငမ်းငမ်း ဖြစ်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်။ စက်မှုဇုံ မှာ တည်ဆောက်မယ့် စက်ရုံတွေဟာ အမျိုးအစားများပြားလှတယ်။ အခုအထိ မြင်သလောက် ပြောရရင် သံမဏိစက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ ဓာတုဗေဒ ပစ္စည်းမျိုးစုံ ထုတ်မယ့်စက်ရုံတွေ၊ ရေနံကနေ တဆင့် ဆက်ထုတ်လုပ်မယ့် ရေနံဓာတု ဆက်စပ်ပစ္စည်းတွေ ဖြစ်တယ်။

အထက်က ပြောခဲ့တဲ့ စက်ရုံတွေလည်ပတ်ဖို့ လျှပ်စစ်ဓာတ်အားက ဘယ်ကရမှာလဲ။ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားသားတွေက ဈေးပေါတဲ့ ကျောက်မီးသွေးအခြေပြု လျှပ်စစ်ဓာတ်အားထုတ် စက်ရုံကိုပဲ မျက်စေ့ထဲ ပြေးမြင်ကြတယ်။ နောက် ဓာတု ပစ္စည်းတွေ ထုတ်မယ့်စက်ရုံ တွေကလည်း ရေချိုကို အလွန်အမင်း အသုံးပြုရတဲ့ စက်ရုံတွေဖြစ်တယ်။ ပြန်စွန့်လိုက်တဲ့ ဓာတုဆိပ်ဆင့် ရေတွေကို ပင်လယ်ထဲ သွန်ထုတ်မှာ ဖြစ်တယ်။ တခါ စက်ရုံကထွက်လာတဲ့ မီးခိုးငွေ့ကလည်း ထင်းမီးလို ရိုးရိုးမီးခိုးငွေ့ မဟုတ်ဖူး။ ဓာတုဆိပ်သင့်နေတဲ့ အခိုးအငွေ့တွေပါ။ နောက်တချက်ကတော့ အဲသည့် စက်ရုံတွေကို ရင်းနှီး မြှုပ်နှံသူတွေက နှစ်ပေါင်း ၆ဝ လုပ်ကိုင်ပြီးမှ မြန်မာဖက်ကို လွှဲပေးမှာ ဖြစ်ပါတယ်။ ကျနော်တို့ဖက်က ဘာအမြတ်ရမှာလဲ။ သေသေချာချာ ဆန်းစစ်ဖို့လိုပါတယ်။ ကျနော်တို့ရဲ့ ထားဝယ်ဒေသခံတွေအတွက် ဘာကောင်းကျိုးတွေ သယ်ဆောင်လာ မှာလဲ။ ကောင်းကျိုးတွေ သယ်ဆောင်လာမယ်လို့ ဘယ်သူက ဘယ်သူ့ကို အာမခံမှာလဲ။

ပွင့်ပွင့်လင်းလင်း ပြောရရင် နောက်တချက်ကတော့ ထားဝယ်ဒေသက ဒေသခံလူအများစုဟာ အဆင့်မြင့် ခေတ်ပညာတွေ ကို မတတ်ကြဘူး။ အဲသည့် စက်ရုံတွေ လာဆောက်တော့ ဘယ်လို အလုပ်မျိုးတွေ သူတို့ရမှာလဲ။ ခြုံရှင်း၊ မြေသယ်၊ အုတ်သယ် အလုပ်မျိုးတွေနဲ့ပဲ အဆုံးသတ်ရလိမ့်မယ်လို့ ပြောနိုင်တယ်။ အခုလောလောဆယ် ဖြစ်နေတာ တခုကိုပဲ ပြောပြချင်တယ်။ အီတဲလ်ထိုင်း ကုမ္ပဏီက ထားဝယ်စက်မှုဇုံ ဆောက်ဖို့အတွက် လမ်းတံတား အစရှိတဲ့ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေကို ဆောက်လုပ်မှာ ဖြစ်တယ်။ တောတွေ တောင်တွေရှင်းဖို့ ဘူဒိုဇာတွေ အများကြီးလိုလာ တယ်။ ဘူဒိုဇာ မောင်းသမား တွေလည်း အများအပြား လိုနေတယ်။ သူတို့ဖက်ကနေ မြန်မာဖက်ကို ကမ်းလှမ်းတယ်။ မြန်မာဘူဒိုဇာ မောင်းသမား သုံးထောင်လောက် အလုပ်ခန့်ချင်တယ်လို့ ဆိုတယ်။ ဒါပေမယ့် မြန်မာဖက်မှာ တနိုင်ငံလုံး လိုက်စုရင်တောင် ဘူဒိုဇာ မောင်းသမား ငါးရာလောက်ပဲ စုနိုင်တယ်လို့ သိရတယ်။ တခြားပညာတွေ မဆိုနဲ့ဦး ဘူဒိုဇာ မောင်းတဲ့ အတတ်ပညာမှာတောင် ကိုယ့်မှာ လူအလုံအလောက် မရှိဘူးဆိုတာ ပြနေတယ်။ အဲသည့်တော့ နောက်ဆုံးမှာ တော့ အီတဲလ်ထိုင်း ကုမ္ပဏီဖက်က ထိုင်းလူမျိုး ဘူဒိုဇာမောင်းသူတွေ ငှားဖို့ ဖြစ်လာရတယ်။ ဒါကိုကြည့်လိုက်ရင်ပဲ စလုံး ရေးစ ဆိုကထဲက ကိုယ့်မှာ ဘာအမြတ်မှ သိပ်မရတာကို တွေ့ရတယ်။

မြန်မာပြည်ဟာ အဆင့်မြင့်ပညာရေးမှာသာ မကဘဲ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေမှာလည်း သူများနောက်မှာ ကျန်နေရစ်တာ မြင်ရတယ်။ တက္ကသိုလ်ကောလိပ် ဆိုတာ အကုန်လုံး အစိုးရပိုင်တွေ ဖြစ်နေတယ်။ အစိုးရလုပ်ချင်တဲ့ ပေါ်လစီ အောက်မှာပဲ ပိနေတယ်။ သူများနဲ့ယှဉ်ဘောင်တန်းဖို့ အဆင်သင့် မဖြစ်သေးဘူး။ ကုန်ကုန် ပြောရရင် လူတွေကို နားမျက်စေ့ ဖွင့်ပေးနေတဲ့ မီဒီယာမှာတောင် မီဒီယာအတွက် သင်တန်းကျောင်း ကောင်းကောင်း မရှိသေးဘူး။ တချိန်တုန်း က ကိုယ့် နောက်မှာ နေခဲ့ရတဲ့ ကမ္ဘောဒီးယားမှာတောင် အခုဆိုရင် မီဒီယာသင်တန်းကျောင်း ရှိနေပြီ။ မြန်မာဂျာနယ်လစ် တချို့ သွားပြီး တက်နေကြရတာ အားလုံးအသိ။ ဟောင်ကောင် အခြေစိုက် Allan & Associates ဆိုတဲ့ သုတေသန အဖွဲ့က ဂယ်ဗင်ဂရင်းဝုဒ် ဆိုတဲ့ သုတေသီတဦးက ဒီလိုပြောတယ်။ အခုလက်ရှိ မြန်မာနိုင်ငံ လူဦးရေအများစု ဟာ ပညာကောင်းကောင်း မတတ်တဲ့ အဆင့်မှာ ရောက်နေကြတယ်။ ကုန်ကုန်ပြောရရင် ပညာပျက်ကိုသာ သိသူတွေ ဖြစ်နေတယ် လို့ ဝေဖန်ထောက်ပြ ထားတယ်။

ဒီနေရာမှာ ဆိုလိုချင်တာက ကိုယ့်မှာ အဲသလို အခြေအနေကို ရင်ဆိုင်နေရတယ်ဆိုတာ ဝန်ခံဖို့လိုတယ်။ ဒါကို ပြောင်းလဲ ပစ်ဖို့ စိတ်စေတနာ ရှိဖို့လည်း လိုတယ်။ လမ်းဆုံးအထိ ပြောရမယ်ဆိုရင် ပညာရေးကို လွတ်လပ်ခွင့် ပေးလိုက်ပါတော့လို့ ဆိုချင် တယ်။ အစိုးရက နေရာတကာမှာ လိုက်ချုပ်နေတာကို ရပ်ဖို့သင့်ပါပြီ။ အဲသလို မဟုတ်ဘဲ ဒီအတိုင်းဆက်သွားရင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို လက်ခံနေရင်လည်း ကိုယ့်အတွက် သိပ်ကျန်ဖို့ မမြင်ဘူး။ ဟင်းအရသာကို မသိတဲ့ မသိနိုင်တဲ့ ဟင်းအိုး မွှေရတဲ့ ယောင်းမလို ဖြစ်နေမှာပဲ။

နောက်ဒီကြားထဲမှာ မြန်မာနိုင်ငံဟာ ငွေကြေးမတည်ငြိမ်ဘူး။ စတော့အိပ်စ်ချိန်းလည်း မရှိသေးဘူး။ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူ တွေ လိုက်နာရမယ့် နိုင်ငံတကာ အဆင့်အတန်းနဲ့ ညီတဲ့ စည်းမျဉ်းတွေ ဥပဒေတွေလည်း ခိုင်ခိုင်မာမာ မရှိဘူး။ အဲတာတွေ ကြောင့် တည်ရှိနေတဲ့ လာဘ်ပေးလာဘ်ယူ ပြဿနာဟာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ဆက်ရှိမယ်။ အဲသလိုရှိတဲ့ အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုတာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ အာဏာပိုင်တွေ (လူနည်းစု) အတွက်သာ အကျိုးရှိပြီး အလုပ်ဖြစ်မယ်။ နိုင်ငံသားတွေ ခံစားစံစား ရဖို့ ဝေးနေဦးမှာ ဖြစ်တယ်။ နောက်တချက်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံခြား ဘဏ်တွေ ဝင်လာရင်၊ စတော့အိပ်စ်ချိန်း တည်ထောင်နိုင်ရင် ငွေကြေးတည်ငြိမ်လာမယ်လို့ တချို့က မျှော်မှန်း ထားတယ်။ တစိတ်တပိုင်းပဲ မှန်တယ်။

ဘာဖြစ်လို့တုန်းဆိုတော့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ဗဟိုဘဏ် Independent Central Bank ဆိုတာ မရှိသေးလို့ပဲ။ ဘဏ်ပေါင်းစုံတွေ၊ ရောင်းဝယ်မှုတွေ၊ ငွေကြေးစီးဆင်းမှုတွေကို ကွပ်ကဲကြီးကြပ်ဖို့ (ကွန်မင်ဒါ) ခေါင်းဆောင်ဘဏ် လိုတယ်လို့ ဆိုလိုတာ ဖြစ်တယ်။ လွတ်လပ်တဲ့ ဗဟိုဘဏ် ဆိုတာက ငွေကြေးကိစ္စတွေမှာ အစိုးရခေါင်းဆောင်တွေက ဘယ်လိုလုပ် ညာလိုလုပ်ဆိုပြီး ဝင်ဝင်ပြီး ဆုံးဖြတ်လို့ မရဘူး။ ငွေကြေး စီးဆင်းမှု ဖြစ်စဉ်အတိုင်း ငွေကြေးဆိုင်ရာ အတတ်ပညာရှင် အသိပညာရှင်တွေက ထိန်းကျောင်းပြီး ဆုံးဖြတ် လုပ်ကိုင်ရမှာလို့ ပြောတာ။ အစိုးရတာဝန်က အလွန်အကျူး ဖြစ်မယ့် ကိစ္စတွေ မဖြစ်ရအောင် စောင့်ကြည့် ကြပ်မတ်တာ လောက်ပဲ ရှိတယ်။ အခုဆိုရင် အင်္ဂလန်က Standard Chartered ထိုင်းနိုင်ငံက ဘန်ကောက်ဘဏ်၊ ဆီယံကွန်မာရှယ်ဘဏ်နဲ့ ကရုန်ထိုင်းဘဏ် တွေဟာ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံဖို့ အားသန်နေ ကြတယ်။ တလောက ဂျပန်နိုင်ငံက ဘဏ်တခုလဲ ဘဏ်ခွဲထောင်ဖို့ ခွင့်ပြုချက် ရသွားပြီ။ ပြန်ကောက်ရရင် ကိုယ့်မှာ ဘာ အတတ်ပညာမှ ကောင်းကောင်း မရှိဘဲ အဲတာ တွေကို အကျိုးရှိအောင် ဘယ်လိုကွပ်ကဲမလဲ။

အစိုးရအနေနဲ့ လုပ်ရမှာက ပညာရေးနဲ့ ပတ်သက်လို့ ငွေကြေးကို အလုံးအရင်းနဲ့ သုံးသင့်နေပြီ။ တဆက်ထဲမှာလည်း ပညာ ရေးနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံလိုတဲ့ တိုင်းရင်းသားနဲ့ နိုင်ငံခြားကုမ္ပဏီတွေကို အတိုင်းအတာ တခုအထိ လွတ်လွတ် လပ်လပ် လုပ်ကိုင်ခွင့်ပေးသင့်တယ်၊ ဦးစားပေးသင့်တယ်။ စီးပွားရေးဇုံ၊ စက်မှုဇုံတွေဟာ ထားဝယ်ဒေသမှာတင် မကဘဲ နောင်မှာ နေရာအတော် များများမှာ ပေါ်လာတော့မှာကြောင့် ကိုယ့်ဖက်မှာ ပညာကောင်းကောင်း တတ်တဲ့ သူတွေ လိုသထက် လိုလာတော့မယ်။ အထူးသဖြင့် ထိုင်းမြန်မာနဲ့ တရုပ်မြန်မာ နယ်စပ်တလျှောက်မှာ ပေါ်လာလိမ့်မယ်။ နောက်ဆုံး တချက် ပြောလို တာကတော့ စီးပွားရေး ဆိုတာ တားလို့ မရပါဘူး။ အမြတ်ရရင် လုပ်ကြမှာဘဲ။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ သဘာဝ အရင်း အမြစ်တွေကိုတော့ ဉာဏ်ရှိရှိ ဆင်ခြင်တိုင်းထွာပြီး သုံးဖို့လိုတယ်လို့ အစိုးရကို ပြောလိုတယ်။

ထိုင်းလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီးပွားရေးပညာရှင် တဦးဖြစ်တဲ့ "စာဝီဘွန်မ" က သတိပေးထားတာ တခုရှိတယ်။ နိုင်ငံ တကာနဲ့ ထိုင်းစီးပွားရေးသမား တွေရဲ့ လောဘကို သူကမြင်နေတဲ့အတွက် ပြောတာဖြစ်ပါတယ်။ အဲတာက ဘာတုန်းဆိုတော့ "ကျနော်တို့ ကမ္ဘာပေါ်မှာ မြေတွေဟာ တရက်ထက်တရက် ပိုပိုပြီး သဲကန္တာရအသွင် ပြောင်းလာ နေတယ်။ ရေချို ခမ်းခြောက်မှု ဟာလည်း ဆိုးသထက် ဆိုးလာနေတယ်။ အလားတူပဲ တခြားသော သဘာဝ အရင်း အမြစ်တွေလည်း ရှားပါးသထက် ရှားပါး လာတယ်။" သူပြောတာ မှန်ပါတယ်။ ဒါပေမယ့် စီးပွားရေးအကျိုးအမြတ်ကိုပဲ အားသန်နေတဲ့ သူတွေကတော့ အဲသည့် ကိစ္စ တွေကို စိုးရိမ်စရာအဖြစ် ထုတ်ဖော်မပြောကြဘူး။

ဇော်မင်း
၁ ရက်၊ ဖေဖဝါရီလ၊ ၂ဝ၁၂ ခုနှစ်


(ရရှိသောမေးလ်ကိုထပ်ဆင့်ကူးယူဖေါ်ပြပါသည်)

Wednesday, 1 February 2012

လွတ်မြောက်လာခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများ မိတ်ဆုံစားပွဲ “We Are Flying To Be Free” အခမ်းအနား (ရုပ်သံ)



Posted: 31 Jan 2012 08:52 AM PST


Posted: 31 Jan 2012 08:33 AM PST

Photo..Getty images.Reuters
ယနေ့ကျရောက်သည့် (၆၃)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ပေးပို့သည့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးတာမလာဘော၏ မိန့်ခွန်း၌ "ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း ၆၃နှစ်တိုင် ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း ကရင်တမျိုးသားလုံး မျှော်လင့်ချက်ပန်း တိုင်သို့ မရောက်ရှိသေးတဲ့အတွက် ကရင်တမျိုးသားလုံး လိုလားတဲ့ လွတ်လပ်ငြိမ်းချမ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကရင်ပြည် ရရှိရေးကို ဆက်လက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။"ဟု ပြောကြားခဲ့သည်။

ထို့အပြင် KNU ၏ လမ်းညွှန်မှုအောက်မှ ကရင်လူထုနှင့် ကရင်တပ်မတော်သားများအနေဖြင့် မတရားမှုမှန်သမျှကို ကျော်လွှား နိုင်ရန် ခိုင်မာသောသတ္တိ၊ မှန်ကန်သော အမျိုးသားစိတ်ဓာတ်ဖြင့် ဥက္ကဌကြီး၏ မူ ၄ချက်နှင့် ရပ်တည်ပြီး ဘ၀တူ အဖိနှိပ်ခံ တိုင်းရင်းသားများ၊ ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲကာ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရေး ဘက်ပေါင်းစုံ ဆက်လက် တိုက်ပွဲဝင်သွားရန် တိုက်တွန်းခဲ့သည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးအတွက် ဖွဲ့စည်းခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကရင်အ မျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDOတို့ကို ၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့တွင် ထိုစဉ် အုပ်ချုပ်သူ ဦးနုအစိုးရက မတရား အသင်းအဖြစ် ကြေညာခဲ့ပြီးနောက် ဇန်န၀ါရီလ ၃၁ရက်နေ့တွင် ရန်ကုန်ရှိ KNDO ဌာနချုပ်ကို ဦးနု ဦးဆောင်သည့် ၀ိုင်းဝန်း တိုက်ခိုက်ခဲ့သဖြင့် တပြည်လုံးရှိ ကရင်လူမျိုးများက ပြန်လည် ခုခံတိုက်ခိုက်ရာမှ ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင် ဖြစ်ပေါ်ခဲ့သည်။
Ref:(ကေအိုင်စီ)

Posted: 31 Jan 2012 07:59 AM PST


Photo.Getty images. Reuters
မကွေးတိုင်း မြိုင်မြို့နယ်ထဲက ပဲပင်တိုက်နဲ့ ကျစ်ကြီး ကျေးရွာ ၂ခုမှာ ဗြိတိသျှအစိုးရ လက်အောက်မှာ ရှိတဲ့ DFID အဖွဲ့က ကူညီလုပ်ဆောင်ပေးနေတဲ့ ကျေးရွာ ဖွံဖြိုးရေးဆိုင်ရာလုပ်ငန်းတွေကို ဒီကနေ့ ဇန်န၀ါရီ ၃၁ အင်္ဂါနေ့မှာ ဒေါ်အောင်ဆန်းစုကြည်သွားရောက်လေ့လာခဲ့တာပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဗြိတိသျှ သံအမတ်ကြီးလည်း လိုက်ပါသွားသလို နေ့ချင်းပြန် သွားခဲ့ကြတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရုံးက တာဝန်ခံ တဦး ဖြစ်တဲ့ ဦးခွန်သာက ပြောပါတယ်၊

ဦးခွန်သာမြင့်။ "ဒီကနေ့ကတော့ ဗြိတိသျှအစိုးရရဲ့ Department For International Development ဆိုတဲ့ ဌာနက မြန်မာပြည်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းလေးတွေပေါ့။ အဲဒီထဲမှာ မြိုင်မြို့နယ် ထဲမှာ ရှိတဲ့ ရွာနှစ်ရွာက စခန်းလေးတွေနဲ့ လုပ်ငန်းစဉ်လေးတွေကို သွားကြည့်ပါတယ်။ လိုအပ်တာလေးတွေကို ဆွေးနွေးကြတာပေါ့။ မနက်က ရန်ကုန်ကထွက်လာပြီး ပုဂံ ညောင်ဦး ရောက်ပါတယ်။ ပြီးတော့ ပခုက္ကူ၊ ပခုက္ကူကနေမှ ရွာတွေ သွားပါတယ်။ ခု အပြန်ခရီးပါ။ နေ့ချင်းပြန်ခရီးပါ။"

ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကို နိုင်ငံတကာက ပေးလာကြမယ့် ဖွံဖြိုးရေးဆိုင်ရာ အကုအညီတွေမှာ ထိရောက်တဲ့ ပူးပေါင်းမှုနဲ့အကူအညီတွေဖြစ်အောင် ကြိုတင်လေ့လာတာဖြစ်တယ်လို့ ပြောပါတယ်၊

အခု မြိုင်မြို့နယ်ထဲက အဲဒီကျေးရွာ ၂ခုမှာ ဗြိတိသျှအစိုးရရဲ့ DFID အဖွဲ့က ရေရရှိရေး စီမံကိန်းတွေ အပါအ၀င် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တွေဖြစ်တဲ့ အပ်ချုပ်လုပ်ငန်း၊ ယက္ကန်းလုပ်ငန်း မုန့်မျိုးစုံ လုပ်ငန်း နဲ့ ဆိုင်ကယ်ပြင်လုပ်ငန်းလိုမျိုးတွေမှာလည်း နည်းပညာပိုင်းဆိုင်ရာတွေနဲ့ အကူအညီ ပေးနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီစံမံကိန်းတွေဟာ ဘယ်လောက်ထိကျေးရွာလူထုဖွံဖြိုးမှုကို အထောက်အကူဖြစ်စေတယ်၊ ဘယ်လိုအခက်အခဲတွေတော့ ရှိနေသေးတယ်ဆိုတာတွေကို သိဖို့အတွက် ကျေးရွာလူထုနဲ့လည်း တွေ့ဆုံ မေးမြန်း တာတွေ လုပ်ခဲ့ပါတယ်။

ဦးခွန်သာမြင့်။ " အပြည်ပြည်ဆိုင်ရာအစိုးရတွေက မြန်မာပြည်ကို အကူအညီပေးတဲ့အခါကျတော့ ခုဒါတွေကတော့ သိပ်မကြီးသေးဘူးပေါ့။ ဒါပေမဲ့ အများကြီးဝင်လာတဲ့အခါကျတော့ ဘာတွေ လုပ်ပေးသင့်တယ်၊ ဘယ်လိုပုံစံတွေဖြစ်သင့်တယ်ဆိုတာကို အကြံပေးလို့ ရအောင် တောင်းဆိုလို့ ရအောင် ပူးပေါင်းလို့ ရအောင်ပေါ့။ အဲဒီတော့ ဒါလေး သွားလေ့လာတာပေါ့။ တွေ့ကြတဲ့အခါကျတော့ ထိရောက်မှုရှိအောင်ရယ်၊ မှန်ကန်မှုရှိအောင်ရယ်၊ အဲဒါက အရေးကြီးပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆိုပြီးတော့ လုပ်ကြတဲ့အခါမှာ မှန်ကန်ဖို့လည်း လိုသေးတာကို။ ရတဲ့ ပိုက်ဆံတွေ အလဟဿဖြစ်မသွားဖို့လည်း လိုပါတယ်။ တကယ်တမ်းလက်တွေ့လုပ်နေတာတွေကို သွားဆင်းကြည့်တော့လည်း လိုအပ်တဲ့အရာတွေနဲ့ ဖြည့်ဆည်းပေးရမှာတွေ တွေ့တာပေါ့။ နောက်ပိုင်းအတွက် အထောက်အကူဖြစ်တာပေါ့။"

အခု ဦးခွန်သာမြင့်ကို ဆက်သွယ်မေးမြန်းချိန်မှာ ပခုက္ကူမြို့ထဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားတန်း ဖြတ်နေတဲ့အချိန်ဖြစ်နေတာမို့ မြို့ခံလူထုတွေ ဒေါ်အောင်ဆန်းစုကြည်ကို အော်ဟစ်ကြိုဆို နှုတ်ဆက် နေကြတဲ့ အသံတွေကိုလည်း ကြားနေရပါတယ်၊

ဦးခွန်သာမြင့် ။ " မြိုင်မြို့နယ်က စခန်းလေးတွေမှာပါပဲ၊ လာကြိုကြတဲ့ လူတွေကို စကားပြောပါတယ်။ ပြန်ကာနီးကျတော့လည်း အကျိုးအကြောင်းပေါ့။ ရှေ့လျှောက်ပြီး ဘာလုပ်မလဲ၊ လိုအပ်တာတွေကို ဖြည့်ဆည်းဖို့ရယ် ပြည်သူတွေကိုယ်တိုင်ကလည်း တက်တက်ကြွကြွ ပါဝင်ဖို့ရယ်၊ ကိုယ့်အားကိုယ်ကိုးကြ ဖို့ရယ်၊ အများကြီးပြောပါတယ်။ လာတာကတော့ စည်းရုံးရေးခရီးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အစ်မ သွားတော့လည်း တမြို့လုံးထွက်ကြတာပါပဲ။ မနက်ကဆိုရင် ပခုက္ကူမြို့ထဲကို တနာရီကျော် ဖြတ်ယူရ ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ မကွေးတိုင်း ခရီးစဉ်အတွင်းမှာ လိုက်ပါသွားတဲ့ ဦးခွန်သာမြင့် ကို ဆက်သွယ်မေးမြန်းထားတာပါ၊ ဒီခရီးးစဉ်တလျှောက် ဒေသခံအာဏာပိုင်တွေဘက်လည်း လုံခြုံရေးတွေမှာ ၀ိုင်းဝန်းကူညီခဲ့တယ်လို့ မြို့ခံတဦးကလည်း အခုလို ပြောပြပါတယ်။

" ကူညီပါတယ်ခင်ဗျ၊ ရဲအရာရှိတွေ၊ နယ်ထိန်းတွေ လုံခြုံရေးမှူးတွေ၊ အရာရှိတွေ လိုက်ပါပြီးတော့ ကူညီကြပါတယ်။ ၂နာရီခွဲလောက်က ထွက်လာတာ၊ ခု ပခုက္ကူတံတားကြီးကို ရောက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကားတန်းနောက်မှာ ကျွန်တော်တို့ ပါလာပါတယ်။"

ပခုက္ကူမြိုခံပါရှင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစူကြည်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက် တနင်္ဂနွေနေ့ကလည်း ထားဝယ်မြို့ကို ပါတီစည်းရူံးရေးခရီးစဉ်အဖြစ် သွားခဲ့သလို လာမယ့် ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ မန္တလေးတိုင်း၊ တခါ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပုသိမ်မြို့ကိုလည်း သွားမှာ ဖြစ်သလို ကချင်နဲ့ရှမ်းပြည်နယ်ဘက်တွေကိုလည်း စည်းရုံးရေးခရီးတွေထွက်ဖိှု့ရှိတယ်လို့လည်း NLD ပါင်္တိက ပြောပါတယ်၊၊ (VOA)

Posted: 31 Jan 2012 07:28 AM PST
အနာဂတ်ခေါင်းဆောင်များအတွက် ရက်ပေါင်း (၄၀)

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အများပြည်သူအတွက် လာရောက်ကုသိုလ်ဖြစ် လုပ်အားဒါန များပေးကြသော အသင်းသူ/သားများနှင့် ဝန်ထမ်းများထဲမှ မိမိတို့ စားဝတ်နေရေး၊ မိသားစုအရေးများကို ရုန်းကန်လှုပ်ရှားကြရသည့် အချိန်များထဲမှ မိမိတို့၏ ပညာရေးအား ဂုဏ်ထူးဘွဲ့ထူးများရရှိအောင် ကြိုးစား ကြသော အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာသလို စားဝတ်နေရေးအတွက် တစ်ဖက် တစ်လမ်းမှ မိဘကိုကူညီလုပ်ကိုင်ရင်း ကျောင်းတက်ကာပညာရေးအတွက် ရုန်းကန်နေရသော မျိုးဆက်သစ်များသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ဝင်ရောက်ဖြေဆိုရန်အတွက် ရက်ပေါင်း (၄၀) ခန့်သာ လိုတော့သည်။

မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ မုဒိတာလမ်းရှိ "အမေ့မေတ္တာအိမ်" ပညာဒါနကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူ (၃၅) ဦးတို့မှာလည်း မိဘကိုကူညီရင်း ကျောင်းတက်ကာ စာကျက်နေရသောကြောင့် ပင်ပန်းနွမ်းနယ်နေကြကြောင်း "အမေ့မေတ္တာအိမ်" ပညာဒါနကျောင်းမှ ဆရာ/ မများတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကြောင်းကြားခဲ့သည်။ ထို့ကြောင့် စာမေးပွဲဖြေဆိုရန် ရက်ပေါင်း (၄၀) သာကျန်တော့သည့် ကျောင်းသား/သူများ၏ ပင်ပန်းနွမ်းနယ်မှုများကို ပပျောက်စေကာ ဦးနှောက်ရွှင်လန်း၊ ဉာဏ်ပညာထက်မြတ်အောင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့် မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် တွဲဖက်အတွင်းရေးမှူး ဦးစန်းအေး၊ တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်ခင်သီတာ အောင်တို့မှ ၃၀.၁.၂၀၁၂ ရက်နေ့တွင် Ovaltine 400gm (၃၅)လုံး၊ Milo 285gm (၃၅) ဘူး၊ Enervon-C 30 tabs (၃၅)ဘူး၊ Mixagrip 4 tabs Card (၁၄၀) ကဒ်တို့ကို သွားရောက်လှူဒါန်းမှု ပြုခဲ့ကာ ကျောင်းသား/သူများအား အားပေးစကားများ ပြောကြားခဲ့ပြီး တိုင်းပြည်အတွက် အားကိုးအားထားပြုရမည့် ထူးချွန်ထက်မြက်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများ "အမေ့မေတ္တာအိမ်" ပညာဒါနကျောင်းမှ ပေါ်ထွက်လာမည်ဟု ယုံကြည်မိပါတော့သည်။

ကိုကျော်သူ

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610