Saturday, 4 February 2012



မဂ္ဂင်ကျောင်း ပြန်လည် ချိပ်ပိတ်ခံရတော့မည့် အခြေအနေနှင့် ပတ်သတ်၍ မဂ္ဂင်ဆရာတော် ဦးဣန္ဒက၏ မိန့်ကြားချက်(ရုပ်/သံ)
Posted: 03 Feb 2012 10:30 PM PST




Burma vj medianetwork

Posted: 03 Feb 2012 10:08 PM PST

ကျွန်တော်ဟာလျှပ်စစ်(၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှုးတစ်ဦးပါ။ ကျွန်တော်ပြောချင်တဲ့ အကြောင်အရာက
ကျွန်တော်တို့ဌာန၊ ကျွန်တော်တို့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိ ပြည်သူကို နားလည့်ပါးလှည့် လုပ် စီးပွါးရေးသမားတွေနဲ့
တရုပ်တွေနဲ့ လက်ဝါးချင်းရိုက်တဲ့ ကိစ္စတွေပါ။

(၁၅-၁၂၁၁)နေ့မှာလျှပ်စစ်(၁)၊အေးရှားဝါးနဲ့စီပီအိုင်(တရုပ်)တို့ချီဖွေစီမံကိန်းကိုဒီဇင်ဘာမှာ စတင် အကောင်အထည်ဖော်
ဘို့စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြတယ်။

(၁၅-၁၂-၁၁)ညနေ(၇)နာရီမှာဝန်ကြီး ဦးဇော်မင်း အမိန့်နဲ့ ညွှန်ချုပ်ဦးကြီးစိုးက သူလက်မှတ်ထိုးခဲ့ရ တယ်လို့ပြောပါတယ်။
(၁၆-၁၂-၁၁)နေ့မှာ ဒုသမ္မတ(၁)နဲ့ ဒီစီမံကိန်းကိစ္စကို တစ်နေ့လုံးအကြေအလည် ဆွေးနွေးကြတယ်။ ဒါတွေ အားလုံးကို ကျွန်တော်တို့ရဲ့ပြည်သူတွေကို လုံးဝချမပြပါဘူး ၊ ၊သတင်းစာမှာလည်း မဖေါ်ပြပါဘူး၊ ကျွန်တော်တို့ အတတ်ပညာရှင်တွေ
ကိုတောင် အသိပေးဆွေးနွေးခြင်း မပြုခဲ့ပါဘူး ငါသိတယ် ငါတတ်တယ်၊ ငါကော်မရှင်ယူပြီးသား ငါလုပ်ချင်ရာလုပ်မယ်
ပြည်သူ သဘောတူစရာ မလိုဘူးဆိုတဲ့ သဘောပါ။ တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ် မဟုတ်ပါဘူး ။

မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်း ထဲက(၁) ခုပါ ဒီစီမံကိန်းကသမ္မတကိုယ်တိုင် ရပ်ဆိုင်းကြောင်းကြေညှာ ထားတာပါ။
မြစ်ဆုံရဲ့ အထက်ဘက်မိုင် (၆၀) အကွာမေခမြစ်ပေါ်မှာရှိပြီး မဂ္ဂါဝပ် (၃၄၀၀) ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေကတော့
အရင်စာချုပ်ထဲက အတိုင်းပါ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်းထဲက တစ်ခုဖြစ်တဲ့မြစ်ဆုံ စီမံကိန်းမှာ စိုက်ထုတ်ခဲ့တဲ့ငွေပမာဏကို
ကျန် (၆) ထဲခွဲထည့်လို့ငွေစာရင်း အရပြောင်းသွားတာဘဲ ကွာပါတယ်။ ပြည်သူသိသွားလည်းမြစ်ဆုံကို လုပ်တာမဟုတ်ဘူး
ချီဖွေကိုလုပ်တာပါဆိုပြီး မလှိမ့်တပတ်နဲ့ လိမ်ညာမုသားတွေပြောအုံးမှာပါ။

ပြည်သူတွေမသိရင်တောင်မှ တာဝန်သိဝန် ထမ်းတွေရှိသေးတယ် ပြည်သူကိုလည်း အသိပေးအုံးမယ်ဆိုတာ သိစေချင်တယ်။
သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်း စီမံကိန်းကြီးတစ်ခုလုံးပါ ၊မြစ်ဆုံလေး တစ်ခုတင်မဟုတ်ပါဘူး၊ ချီဖွေကိုလုပ်ရင်လည်း
လူမှုရေးရော၊ သဘာဝပတ်ဝန်းကျင်ရောထိခိုက် ပျက်စီးမှာဘဲ၊ အဲဒီနယ်က လူမျိုးတွေရော သယံဇာတတွေရော အကုန်
တရုပ်ကသိမ်းမှာဘဲ ထွက်လာမယ့် လျှပ်စစ်ကလည်း တရုပ်နိုင်ငံအတွက်ဘဲ အေးရှားဝါး ဦးထွန်းမြင့်နိုင်၊ ဦးဇော်မင်းနဲ့ ဒုသမ္မတ
၁တို့ မိသားစုကော်မရှင်ရကောင်းစားရေးအတွက် ကချင်လူမျိုးနဲ့ တိုင်းပြည် သယံဇာတတွေ ရင်းလိုက်ရတာဘဲ အဖတ်တင်မယ်။

သမ္မတကြီးကိုပြောပေးပါ ဒီကိစ္စပွင့် လင်းစွာပြည်သူကို ချပြပေးစေလိုပါတယ်။ ကျွန်တော်တို့ အတတ်ပညာရှင်တွေ
ကိုကြေညက်စွာဆွေးနွေးခွင့်ပြုပါ။ ကိုယ်ကျိုးစီးပွါးသာကြည့်တဲ့ သက်ဆိုင်ရာအုပ်ချုပ်သူ အဆင့်ဆင့်ကို သန့်ရှင်းကောင်းမွန်တဲ့ အုပ်ချုပ်မှုမျိုးဆောင်ရွက် တတ်အောင်လေ့ကျင့် ပျိုးထောင် ပညာပေးစေလိုကြောင်းမေတ္တာရပ်ခံအပ်ပါတယ်။

Posted: 03 Feb 2012 09:49 PM PST
အာဏာပြောင်းပေးဖို့အကောင်းဆုံးချိန်

တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့
ဗိုလ်ချုပ်တတွေ နားဆင်ပါလေ
တွေဝေမနေနဲ့ အဖြေကပေါ်
မြင်တော်မူပါစ တတိုင်းပြည်လုံး
အုံးအုံးကျက်ကျက် ပွက်ပွက်ဆူညံ
အော်သံအတည်ပြု အမေစုပါ။

အာဏာဖက်မထား ရက်မခြားဘဲ
အများပြည်သူလက်တွင်း
ချက်ချင်းပြန်အပ်ပါ
လုလာတဲ့အာဏာ ပြန်အပ်ရမှာ
ဓမ္မတာပါ ခုခါပြန်အပ်
အနေတတ်ရင် အသတ်ခံရမဲ့ဘေး
လွတ်နိုင်သေးသည်။

ကဒါဖီလို အာဏာသာကိုးစားမိုက်ချက်ကယ်ပွားနေရင်
ဆုံးပါးရမှာက အာဏာသာမဟုတ်
ထုတ်ပေးရမဲ့အသည်း
ခွဲပေးရမဲ့ရင် အမြင်မကောင်း
လူအပေါင်းရဲ့ ထုထောင်းနင်းချေ
အသေဆိုးနဲ့ သေရပေလိမ့်မယ်။

ဤလိုသေခြင်းမျိုး အသေဆိုးနဲ့
ပိုးဆိုးပက်စက် မသေရက်ပါရင်
အဖြေထွက်အောင် ဆုံးဖြတ်ချက်ချ
လက်ကအာဏာ အကြည်တသာထုတ်ပေး
အုပ်ချုပ်ရေးကို အဟုတ်မနှေး
လက်လွှဲပေးလိုက်ပါတော့လို့။

တက္ကသိုလ်ဘုန်းကြွယ်(ဖေဖေါ်ဝါရီ ၃ ၁၂)

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

"ရဲဘော်မသေ သေသော်ငရဲမလား"
ဤစကားသည် လွန်ကျော်ကြားသော
ဗိုလ်ချုပ်အောင်ဆန်းစကား။

စကားအဓိပ္ပါယ် နားလည်ပါစ
ငနုံငအတို့ရ။

တပ်မတော်ဆိုတာ လာသမျှရန်
တွန်းလှန်ဖယ်ရှား ပြည်သူပြည်သားအတွက်
အသက်ကိုပေး အလုပ်အကျွေးပြု
လက်မနှေးကူညီ ပျိုတိုင်းကြိုက်တဲ့နှင်းဆီ
အလီလီကြိုးစား တိုးပွားမှုမှန်သမျှ
ပြည်သူအတွက်ပဲဗျ။

"ပြည်သူသာအမိ ပြည်သူသာအဖ"
ဂါရ၀ပြု စာနာမှုထား
ပြည်သူ့အားနဲ့တိုင်ပြည်ကိုထူထောင်
ညီအောင်ပြုတဲ့ ပြည်ထောင်စုပါဗျာ။

ခုတော့ ဖေါက်ဖေါက်ပြန်ပြန်
မှောက်မှောက်လန်လန်
ဗြောင်းပြန်စောက်ထိုး အရုပ်တွေဆိုး
ပုပ်သိုးအောင်လုပ် ယုတ်သမျှကမ်းကုန်
လူဘုံကိုငရဲဘုံအသွင် ဖန်ဆင်းချင်
အမြင်ဆိုးဝါးတဲ့ မိစ္ဆာများပါလား။

ဒီလိုရဲဘော် သေသော် ငရဲအမှန်လား
စဉ်းစားစဉ်းစား အတွေးမမှားနဲ့တော့
ကိုင်ထားတဲ့သင်တို့ရဲ့သေနတ်ပြောင်း
လမ်းကြောင်းအမြန်ပြောင်းလော့။

ရန်သူမိတ်ဆွေ ခွဲခြားတတ်ပါစေ။

တက္ကသိုလ်ဘုန်းကြွယ်(ဖေါ်ဖော်ဝါရီ ၃ ၁၂)

Posted: 03 Feb 2012 08:39 PM PST
(Financial Time မှ 1 February 2012 ရက်စွဲပါ Gwon Robinson (Bangkok) နှင့် Kathrin Hille (Beijing)
တို့ ရေးသားသော Myanmar refugees flee across Chinese border ကို Yangon Chronicle ဘာသာပြန်ဆိုသည် )

မြန်မာတပ်မတော်နှင့် ကချင် KIA တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဒုက္ခသည် ထောင်ပေါင်းများစွာသည် တရုတ်သို့ နယ်စပ်မှ ဖြတ်ကျော်ထွက်ပြေးကြသည်ဟု ယူနန်ပြည်နယ်မှ အကူအညီပေးရေးလုပ်သားများအဆိုအရသိရှိရသည်။ ထိုသို့ ဒုက္ခသည်များတိုးလာခြင်းသည် ဦးသိန်းစိန်၏ အရပ်သား
အစိုးရသည် နိုင်ငံတကာ၏ အထီးကျန်ပြုမှုမှ ရုန်းထွက်ရန် ကြိုးစားနေခြင်းအပေါ် များစွာထိခိုက်ကြောင်းသံတမန်များက
ရှုမြင်သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့သည် တိုင်းရင်းသားပဋိပက္ခများရပ်ဆိုင်းရေးကို မြန်မာနိုင်ငံအပေါ် အရေးယူမှုများ
ရုတ်သိမ်းရေးအတွက် လိုအပ်သော အခြေအနေများတွင် ထည့်သွင်းသတ်မှတ်ထားပါသည်။ အဆိုပါ ပဋိပက္ခများသည်
ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး၊ ထောင်ပေါင်းများစွာသော လူများအိုးမဲ့အိမ်မဲ့ ဖြစ်ရခြင်း၊ စစ်တပ်မှ အဓမ္မပြုကျင့်ခြင်း၊ အဓမ္မစေခိုင်းခြင်း နှင့် နှိပ်စက်မှုများစသော ကျူးလွန်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှုများလည်း ရှိခဲ့သည်။

ယခုအခါ အစိုးရသည် ကနဦးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို ကရင်သူပုန်များနှင့်လည်းကောင်း၊ ရှမ်းချင်းနှင်
့အခြားအုပ်စုများနှင့် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ သို့သော် ကချင် KIA နှင့် ဆွေးနွေးမှုများမှာတိုက်ပွဲ
များဖြစ်ပွားနေခြင်းကြောင့် ကြန့်ကြာနေခဲ့သည်။ ဦးသိန်းစိန်က ဒီဇင်ဘာအစောပိုင်းတွင် စစ်တပ်အားပစ်ခတ်မှုများရပ်ဆိုင်းရန် ညွန်ကြားထားခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်နေဆဲ ဖြစ်သည်။ မြန်မာစစ်တပ်က ကချင်များက တိုက်ခိုက်
လာခြင်းကြောင့် ခုခံခြင်းသာဖြစ်သည်ဟု ပြောနေပြီး KIA ကလည်း ၎င်းတို့၏ အခြေချတပ်များကို အစိုးရတပ်များက
လာရောက်တိုက်ခိုက်သည်ဟု အပြန်အလှန် စွပ်စွဲလျက်ရှိသည်။

တရုတ်-မြန်မာနယ်စပ်တွင် ဒုက္ခသည်များအတွက် အလုပ်လုပ်ပေးနေသော ကချင်ကိုယ်စားလှယ်တစ်ဦးက ပြောကြားရာတွင်
အင်္ဂါနေ့က တိုက်ပွဲများရပ်ဆိုင်းသွားသော်လည်း နှစ်ဖက်တပ်များ ရုတ်သိမ်းသွားခြင်း မရှိသေးသည့် အတွက် ဒုက္ခသည်များ
မပြန်နိုင်သေးသည့် အဓိပ္ပါယ်ဖြစ်ကြောင်း ပြောခဲ့သည်။ တရုတ်အကူအညီပေးရေးလုပ်သားများကပြောကြားရာတွင် ဒုက္ခ
သည်ဦးရေမှာ များစွာတိုးတက်လာခဲ့သည်ဟု ဆိုသည်။ "ဇန်နဝါရီလ(1) ရက်ကစပြီး တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်မှာ ဒုက္ခသည် လေးသောင်းလောက် လှည့်သွားနေပြီး၊ အဲဒီအထဲက 25000 လောက်ဟာ တရုတ်ယူနန်ထဲရောက်လာပြီး နေစရာ
ရှာနေကြပါတယ်" ဟု ဒုက္ခသည်များအား အကူအညီပေးနေသော တရုတ်နိုင်ငံအတွင်း တရားမဝင် ဖွင့်လှစ်ထားသော
ဘုရားကျောင်းဖြစ်သည့် Central Western Missionary Prayer Fellowship က ပြောသည်။ မြန်မာနယ်စပ်
Yingjiang နယ်တွင် အကူအညီပေးနေသော Tao Meisi က ပြောကြားရာတွင် ထိုဒေသတွင် ဒုက္ခသည် လေးသောင်းခန့်ရှိရာ၊
Yingjiang နယ်တွင်ပင် နှစ်သောင်းခန့် ရှိသည်ဟုဆိုသည်။ "အများစုက အမျိုးသမီးများ၊ ကလေးများနဲ့ သက်ကြီးရွယ်
အိုတွေဖြစ်ပြီး၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေး နို့တိုက်နေတဲ့ အမေတွေပါ ပါတယ်" ဟု Ms. Tao က ပြောသည်။ "အများစုက ယာယီတဲတွေနဲ့ နေရတယ်။ အချို့ကလည်းနယ်စပ်ရွာတွေကကျောင်းတွေထဲတွေမှာရှာနေရတယ်" ဟု သူမက ပြောသည်။

ယခင်အကြိမ်များနှင့် မတူသောအချက်မှာတရုတ်အစိုးရသည် ဒုက္ခသည်များ ၎င်း၏ နိုင်ငံတွင်းသို့ စီးဝင်လာမှုကို ကန့်သတ်ရန်
ကြိုးစားနေပုံရပြီး၊ သတင်းအမှောင်ချမှုကို ပြုလုပ်ထားသည်။ လက်တွေ့အကူအညီပေးနေသော လုပ်သားများက ပြောရာတွင်
တရုတ်အစိုးရသည် ယခုလ၌ နယ်စပ်ကို မကြာခဏပိတ်ရန် ကြိုးစားခဲ့သည်ဟုဆိုသည်။ ထို့အပြင် 2009 ခုနှစ်က ဒုက္ခသည်
များကို အကူအညီပေးရန် တောင်းဆိုခဲ့သော်လည်း၊ ယခုအကြိမ်တွင် လူသားချင်း စာနာသော အကူအညီများပေးရန် တောင်း
ဆိုခြင်းမပြုခဲ့ပေ။ ဒုက္ခသည်များခိုလှုံနေသော တရုတ်ရွာများအား မြန်မာတပ်များကပစ်ခတ်သည် ဟူသောသတင်းများနှင့်
ပတ်သက်၍မေးမြန်းရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသတင်း မကြားကြောင်း ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် အခြားတိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေးစကားပြောရာတွင် တိုးတက်မှုများ ရှိသော်လည်း ကချင်နှင့်
အခြေအနေမှာ သိသာစွာ ခြားနားနေသည်။ ကချင်နှင့် ပဋိပက္ခသည် ဦးသိန်းစိန်အတွက် တစ်ခုတည်းသော အကြီးဆုံးစိန်ခေါ်မှု ဖြစ်လာနိုင်ကြောင်းသံတမန်များက ပြောသည်။ အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်း
ကပင် ကချင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ သုံးနှစ်ခန့်ကြာနိုင်ကြောင်း ပြောသည်။

KIA သည် မြန်မာနိုင်ငံတွင် အင်အားအကောင်းဆုံးလက်နက်ကိုင်ပုန်ကန်မှု ဖြစ်လာသည်ဟုနောက်ဆုံးထုတ် Jane's
Terrorism and Security Monitor မဂ္ဂဇင်းတွင် ဖော်ပြထားသည်။ "၎င်းတွင် နယ်မြေတည်ငြိမ်မှု၊ စစ်အင်အားနှင့် နိုင်ငံရေး အတွေ့အကြုံတို့ကြောင့် အစိုးရသစ်အားစစ်ရေးအရရော၊ စီးပွားရေးအရပါ အရေးပါသော ခြိမ်းခြောက်မှုများ ပြုလုပ်လာနိုင်ပြီး အလေးထားလာစေနိုင်ပါသည်" ဟု ဖော်ပြထားသည်။

Posted: 03 Feb 2012 06:56 PM PST
UN ကိုယ်စားလှယ် ကင်တားနားနှင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီ ၃ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ (Photo- Reuters)
ဥပဒေဘက်တော်သားတစ်ဦး

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက် ၁-၄-၂၀၁၂ ခုမှာကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ

NLD အောင် နိုင်ရေး၊ မိမိကိုယ်တိုင် ကော့မှူးမဲဆန္ဒနယ်မှာ အောင်ပွဲခံ၊ အနိုင်ရရှိရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် မအိပ်မနေကြိုးပမ်းနေ သည့် ဒေါ်အောင်ဆန်းစုကြည်သို့ မြန်မာနိုင်ငံရေးခရီးမှာ ရင်ဆိုင်ရဖွယ်ရှိသည့် ပြဿနာများကို ကျွန်တော်လေ့လာမိသလောက် သန့်စင် သောစေတနာဖြင့် တင်ပြလိုပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလို လှုပ်ရှားဆောင်ရွက်လာနိုင်သည့် အခြေခံ အကြောင်းရင်းဟာ နေပြည်တော်မှာ

သမ္မတကြီး ဦး သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာက စတင်ဖြစ်ပေါ်လာခဲ့သည် ဆိုလျှင် ငြင်းစရာမရှိဟု ထင်ပါ သည်။ 
အဲဒီဆွေးနွေးပွဲမှာ သမ္မတကြီးကလည်း ဖြစ်ကြောင်းကုန်စင်၊ ဘ၀င်ကျလောက်အောင် ကြံ့/ဖွံ့အစိုးရနှင့် နိုင်ငံတော်မှာ
မွဲပြာကျနေပုံတွေကို အိတ်သွန်ဖာမှောက်ပြောပြခဲ့ပြီး ဒေါ်စု ကလည်း NLD ရှေ့ ဆက်လက် ရပ်တည်နိုင်ရေးနှင့်
ပြည်တွင်းပြည်ပကို ဘယ်လိုဘယ်ပုံ စည်းရုံးဆက်သွယ်ပေးနိုင်ပုံတွေကို တစ်စမကျန် ပြောခဲ့ဟန်ရှိပါသည်။

၃။ အဲဒီလို တွေ့ဆုံကြပြီးအပြန်မှာ NLD အမှုဆောင်စည်းဝေးပွဲခေါ်ပြီး "ကျွန်မအနေနဲ့ ဦးသိန်းစိန်ကို ယုံကြည်တယ်။

NLD ပါတီကို မှတ်ပုံ ပြန်တင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်။ ကျွန်မကို ထောက်ခံကြပါ။ တာဝန်ယူပါတယ်" ဆိုပြီး
အခုလို ပါတီမှတ်ပုံတင်၊ ကြားဖြတ်ရွေး/ပွဲဝင်ဖို့ ဆောင်ရွက်ခဲ့သည်ဟု ယူဆပါသည်။ ဒီလို ဆောင်ရွက်နိုင်အောင် ဦးသိန်းစိန်က ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေထဲက ပုဒ်မအချို့ကို ပြင်ပေးခဲ့ပါသည်။ ထောင်ကျခံနေရသူ ရွေး/ပွဲဝင်ခွင့်၊ ၂၀၀၈ 
အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည် ဆိုသည့် စကား အစား လေးစား "လိုက်နာပါမည်"ဟု ပြင်ဆင်ချက်၊
အနည်းဆုံး မဲဆန္ဒနယ်သုံးနယ် ၀င်ရောက် ယှဉ်ပြိုင်ရမည်ဟူသော ဥပဒေသုံးခုတို့ကို ပြင်ပေးသည်ဟုဆိုကာ ဒေါ်စုတို့ 
NLD ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်နိုင်ရန် ကြေညာချက် ထုတ်ခဲ့သည်ဟု မှတ်သားမိပါသည်။ ရွေး ကောက်ပွဲဥပဒေနှင့်
အခြေခံဥပဒေပါ အရေးကြီးသော ပုဒ်မတို့ကို ပြင်ပေးထားကြောင်း မတွေ့ရပါ။

၎။ အထက်ပါ လိုက်လျောချက်များမှာလည်း ထောင်ကျခံနေရသူ ရွေးး/ပွဲဝင်ခွင့် ဆိုသည်မှာ ယခုအချိန်၌ ဒေါ်စုသည်

ထောင်ကျနေသူ မဟုတ်တော့ပါ။ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည် ဆိုသည့် စကားရပ်အစား လေးစားလိုက်နာပါမည်ဟု ပြင်ဆင်ပေးခြင်း ကလည်း "အရာကြီးနှင့် ကုလားကြီး" ပါပဲ။ ကျွန်တော် အဓိကထားတင်ပြဆွေးနွေးချင်သည်မှာ အောက်ပါအချက်အလက်၊ ဥပဒေများနှင့် သုံးသပ်ချက်များ ဖြစ်ပါသည်။

၅။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိခြင်း ခေါင်းစဉ်အောက်တွင် ၂၀၀၈ ခုနှစ်၊

အခြေခံဥပဒေ ပုဒ်မ ၁၂၁၊ ပုဒ်မခွဲ (စ) ၌ "နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ၊ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို
ခံစားနိုင်ခွင့်ရှိသူ"ဟု ပါရှိပါသည်။

ထိုပုဒ်မ ၁၂၁၊ ပုဒ်ခခွဲ (စ) ပါ ပြဋ္ဌာန်းချက်အတိုင်းပင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ တွင် "အောက်ပါပုဂ်္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေရ"ဟူသော ခေါင်းစဉ်အောက်တွင်

လည်း ပြဋ္ဌာန်းထားပါသည်။

၆။ အထက်ပါ ပုဒ်မများမှာ ပြဋ္ဌာန်းချက်အရ နိုင်ငံခြားသားထံမှ အခွင့်အရေးများ၊ ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊ ခံစားပိုင်ခွင့် ရှိသူသည် ခံစားသည်ဖြစ်စေ၊ မခံစားသည်ဖြစ်စေ ခံစားခွင့်ရှိပါက ရွေးကောက်ပွဲဝင်ခွင့် မရရှိနိုင်ဟု အဓိပ္ပာယ်ကောက်ယူနိုင်ပါသည်။

၇။ အထက်ပါ ရွေးကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေပါပုဒ်မကို လုံးဝပြင်ဆင်မထားဘဲ ပြဋ္ဌာန်းထားဆဲရှိပါသည်။ မယုံမရှိပါနှင့်။ ယင်းဥပဒေ များကို လေ့လာကြပါဦးဟု တိုက်တွန်းပါရစေ။

၈။ ထိုသို့ ပြဋ္ဌာန်းထားသည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ပကတိအခြေအနေနှင့် မည်သို့ သက်ဆိုင်နေသည်ကို တင်ပြလိုပါသည်။

(က) ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေကို အောက်ပါအတိုင်း ပါလီမန်တွင် ပြဋ္ဌာန်းခဲ့ပါ သည်။ ထိုအမွေဆက်ခံမှု အက်ဥပဒေပုဒ်မ ၂၂ တွင် ဗုဒ္ဓဘာသာဝင် မဟုတ်သည့်ယောက်ျားက၊ ဗုဒ္ဓဘာသာဝင် မိန်းမကို ထိမ်းမြားရန် ကတိပြု လျှင် ထိုယောက်ျားသည် ထိုမိန်းမကို ဤအက်ဥပဒေအရ ထိမ်းမြားရန် ကတိပြုသည်ဟု မှတ်ယူရပါမည်။

(ခ) ပုဒ်မ ၂၃ တွင် ... ဟိန္ဒူဘာသာ၊ ဆိ(ခ)ဘာသာ၊ ဂျိန္နဘာသာတစ်ရပ်ရပ်ကို ကိုးကွယ်သော ပစ္စည်း မခွဲရသေးသည့် အိမ်ထောင်စုဝင်တစ်ဦး တစ်ယောက်သည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဤအက်ဥပဒေအရ ထိမ်းမြားလျှင်၊ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခြင်းခံရလျှင် ထိုသူသည် ထိုအိမ်ထောင်မိသားစုမှ ခွဲခွာပြီဟု မှတ်ယူရမည်။ ထို့ပြင် ပစ္စည်းခွဲဝေခြင်းမပြုမီ ထိုသူသေဆုံးလျှင် ထိုသူပိုင်သည့်ဆိုင်ရာ ဆိုင် ခွင့်သည် ထိုသူ၏ မယားနှင့် သားသမီးများသို့ သက်ရောက်ရမည်။

(ဂ) ပုဒ်မ ၂၄ (၁) ဤအက်ဥပဒေပုဒ်မအရ ထိမ်းမြားသူတို့၏ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခံရသူတို့၏ ပစ္စည်းပိုင်ခွင့်နှင့် စပ် လျဉ်းသောကိစ်္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်း ဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာဓမ္မ သတ်အတိုင်း ဆုံးဖြတ်ရမည်။

၉။ အထက်ပါ ပြဋ္ဌာန်းချက်များကိုသုံးသပ်လျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲဝင်ရန် ဖြစ်နိုင်အံ့မထင်ပါ။ ၀င်ခွင့်ရလို့ ရွေးကောက်ပွဲနိုင်၍ လွှတ်တော်ထဲရောက်လျှင်လည်း ပြိုင်ဘက်အမတ်လောင်းက ကန့်ကွက်လျှင် လွှတ်တော်ကိုယ်စားလှယ်ဘ၀မှ ပြုတ်၍ "ဖွတ်မရ ဓားမဆုံးသည့်ဘ၀"ရောက်သွားနိုင်ပါသည်။

၁၀။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသား မိုက်ကယ်အဲရစ်၏ ဇနီးဖြစ်ပါသည်။ မိုက်ကယ်အဲရစ်သည် နိုင်ငံခြားအစိုးရ၏ လက် အောက်ခံဖြစ်ပြီး တိုင်းတစ်ပါးသားလည်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သည်ဟုလည်း သိရပါသည်။ အမွေမခွဲမီ သေဆုံးခဲ့သဖြင့် သူခံစား ခွင့် ရှိသောအမွေပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြည် ခံစားခွင့် ရှိပါသည်။ ခံစားမှုမပြုဟု ပြောနိုင်သော်လည်း ဥပဒေအရ ခံစားခွင့်ရှိကြောင်း ထင်ရှားပါသည်။ ထိုသို့ဆိုလျှင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀ နှင့် အခြေခံဥပဒေ ၁၂၁-ပုဒ်မခွဲ (စ) တို့တွင် ပြဋ္ဌာန်းထားချက်များနှင့် အရေး ယူလျှင် ခံရနိုင်ဘွယ် ရှိပါသည်။

၁၁။ ရွေးကောက်ပွဲ ဥပဒေကို ပြင်လိုက ပြင်နိုင်သော်လည်း အခြေခံဥပဒေ ၁၂၁ (စ) ကို ပြင်ရန်မှာ အလွန် ခဲယဉ်းပါသည်။ ပြည်သူ့လွှတ် တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၇၅% ကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရပါမည်။ လက်ရှိ ပြည်သူ့လွှတ်တော်တွင် ကြံ့/ဖွံ့အမတ် ၆၀% နှင့် တပ်မတော်ကိုယ်စားလှယ် ၂၅% ရှိသည်ဟု မှတ်သားမိပါသည်။ အခြားအမတ်များသည် ၂၀% ပင် မရှိပါ။ ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်း စုကြည်သည် အမတ် မဖြစ်နိုင်ပါ။ အမတ်ဖြစ်ဖို့ အင်္ဂါရပ်တွင် ပါဝင်သော ပုဒ်မ ၁၂၀၊ ၁၂၁ တို့နှင့် မညီလျှင် မည်သူ့ကိုမျှ ၀န်ကြီး မခန့်နိုင်ပါ။ ဒုသမတဖြစ်ဖို့ ဆိုလျှင်လည်း အခြေခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ) အရ သားသမီးများ နိုင်ငံခြားသားဖြစ်နေလျှင် ဒုသမ္မတ မဖြစ်နိုင်ပါ။

၁၂။ ကျွန်တော့်တင်ပြချက်များသည် ဥပဒေပါအတိုင်းဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြိုတင် စဉ်းစားနိုင်ရန်သာဖြစ်ပါသည်။ ဦး သိန်းစိန်အစိုးရက လိုက်လျောလျှင် ရနိုင်မည်ဆိုပါက ၀မ်းမြောက်ဘွယ်၊ ဂုဏ်ယူဘွယ် ဖြစ်ပါသည်။ လိုက်လျောနိုင်အံ့ မထင်ပါ။ ၁၉၉၀ ခု ရွေးကောက်ပွဲတုန်းက ဗဟန်းမြို့နယ်အတွက် ကိုယ်စားလှယ်လောင်းကို ဒေါ်အောင်ဆန်းစုကြည်အား တင်သွင်းရာတွင် တစညကိုယ်စား လှယ် အမတ်လောင်း ဦးလဗန်ဂရောင်က ကန့်ကွက်၍ ဒေါ်စုရွေးကောက်ပွဲ မ၀င်ခဲ့ရသည်ကို ပြန်လည် သတိရ၍ လိုအပ်သည်တို့ကို ကာ ကွယ်နိုင်ရန် ရိုးသားစွာ တင်ပြအပ်ပါသည်။ NLD ဥပဒေပညာရှင်များနှင့်လည်း တိုင်ပင်သင့်သည်ဟု အကြံပြုလိုပါသည်။

မိုးမခ - http://moemaka.blogspot.com/2012/02/articles.html


ရုတ်တရက် ကြေညာ
Posted: 03 Feb 2012 10:04 AM PST

လာမည့် ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့သို့သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တိုက်ဆိုင်၍
ပုသိမ်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အားလုံး စာမေးပွဲဖြေဆိုရန် ယမန်နေ့က ရုတ်တရက်ကြေညာခဲ့ကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများက ပြောသည်။

ထိုသို့စာမေးပွဲကို ရုတ်တရက်ကြေညာလိုက်ခြင်းသည် ပုသိမ်မြို့သို့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် လာရောက်မည့် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆို လိုက်ပါခြင်း မပြုနိုင်အောင် ရည်ရွယ်
လုပ်ဆောင်ခြင်းဖြစ်မည်ဟု တက္ကသိုလ်ကျောင်းသားနှင့် ဆရာများအချို့က မှတ်ချက်ချပြောဆိုကြသည်။

ဥပဒေ ဒုတိယနှစ်ကျောင်းသူတဦးက "ဒေါ်စုလာမှာမို့လို့ သူတို့ကျောင်းမှာ မဖြစ်မနေရှိနေအောင်လုပ်တာ၊ ၆ ရက်နေ့ဆိုရင်လည်း
မနက် ၈နာရီခွဲကတည်းက ပြည်နယ်ဝန်ကြီးချုပ်လည်း တက္ကသိုလ်ထဲလာမယ်၊ ဘာသာရပ်တခုကို လူ ၅၀ တက်ရမယ်၊ မပါတဲ့သူလည်း ကျောင်းဝင်းထဲမှာရှိရမယ်လို့ ပြောထားတယ်" ဟုပြောသည်။

"အဲဒီနေ့ စာမေးပွဲရှိတယ်လို့ မကြားမိဘူး၊ ၂ ရက်နေ့ နေ့ခင်းပိုင်းလောက်မှ ဆရာမက စာမေးပွဲရှိတာကိုလာပြောတာ၊
ကျောင်းသားကျောင်းသူတွေက စာမေးပွဲတွက် ဘာမှ မပြင်ထားတော့ ဖြေနိုင်မှာမဟုတ်ကြောင်းပြောတယ်၊ ဒါပေမယ့်
မဖြေနိုင်လည်း စာမေးပွဲခန်းထဲ ထိုင်နေရုံနဲ့ အမှတ်ရမယ်ပြောတယ် " ဟု အင်္ဂလိပ်စာ တတိယနှစ် ကျောင်းသူတဦးကလည်း
YPI သို့ပြောသည်။

စာမေးပွဲကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ဘာသာရပ်အားလုံး တရက်ထည်းနှင့် အပြီးဖြေဆိုရန် အချိန်စာရင်းထုတ်ပြန်ထားကြောင်းလည်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။

"ဒီစာမေးပွဲကိုဝင်မဖြေရင် ကျောင်းခေါ်ချိန်မပြည့်ဘူးလို့ သတ်မှတ်ပြီး ပထမနှစ်ဝက်စာစာမေးပွဲရော ဒုတိယနှစ်ဝက် စာမေးပွဲပါဖြေဆိုခွင့်မရှိဘူးလို့ ကျောင်းမှာ သတိပေးထားတယ်" ဟု ဒုတိယနှစ် ဥပဒေ ကျောင်းသားတစ်ဦးက ပြောသည်။

ဖေဖေါ်ဝါရီလအတွင်း ယခုကဲ့သို့ စာမေးပွဲကျင်းပသည်မှာ ပုသိမ်တက္ကသိုလ်တွင် ယခင်တခါမှ မကြုံဖူးသေးကြောင်းကိုလည်း
တက္ကသိုလ်ဆရာ၊ ဆရာမများကဆိုသည်။ ၆ ရက်နေ့တွင် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးညွန့်ဖေ တို့က "ကျောင်းပညာရေး တိုးတက်စေရန် "ဟူသည့် ခေါင်းစဉ်ဖြင့်ဟောပြောမည်ဟုလည်း ကျောင်းသားကျောင်းသူများအား အသိပေးထားသည်။

ပုသိမ်တက္ကသိုလ်က ယခုကဲ့သို့ ရုတ်တရက်ကြေညာသော်လည်း ပုသိမ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့တွင်မူ အလားတူညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်း မရှိဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပုသိမ်ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန်ဆုံးဖြတ်ပြီးနောက်
တတိယမြောက် နယ်ခရီးစဉ်ဖြစ်သည်။ ပထမခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ ဇန်န၀ါရီ ၂၉ ရက်နေ့တွင်သွားရောက်ခဲ့ကာ၊
၃၁ ရက်နေ့တွင် မြိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာသို့ ရေရရှိရေး အစီအစဉ်ကြည့်ရှုရန် သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဖေဖေါ်ဝါရီ ၇ ရက်နေ့ ပုသိမ်မြို့သို့လာရောက်စဉ်တွင် ကျောက်တိုင်အားကစားကွင်း၌ နံနက် ၉ နာရီ
စတင်ဟောပြောရန် စီစဉ်ထားသည်ဟု ပုသိမ်မြို့ အန်အယ်လ်ဒီ အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရသည်။ ။
Yangon Press International .

Posted: 03 Feb 2012 08:31 AM PST


၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာသိပ်မရှိလို့ ပြောခဲ့တဲ့ ဦးဌေးဦးနဲ့ Rfaဆက်သွယ်မေးမြန်းချက်

" ဒီမိုကရေစီ စနစ်" ဆိုတာ ဘာများအောင့်မေ့တယ်မသိဘူးဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အချိန်အကြာကြီး ပြင်ဆင်ရေးဆွဲထားတာမို့၊ ပြင်ဆင်စရာအကြောင်းမရှိသေးဘူး လို့ ပြောတဲ့သူ က ပြောလေရဲ့။
ပြောတဲ့သူက ပါတီကြီးရဲ့ တာဝန်ကြီးကြီးကို ယူထားတဲ့ အစိုး...ရအဖွဲ့က ၀န်ကြီး တပါးဆိုတော့ အံ့သြမိတယ်။

ဒီမိုကရေစီ ဗဟုသုတ ဒီလောက်ခေါင်းပါးတာ ဒီလို ဒီမိုကရေစီ စနစ်ကို ဘယ်လိုများမောင်နှင်၊ တည်ဆောက်သွားမလဲလို့။
ဒီမိုကရေစီ ဆိုတာ ပြည်သူလူထု သဘောဆန္ဒနဲ့ အုပ်ချုပ်ခြင်းဗျ။ အစိုးရမှာ အာဏာမရှိဘူး၊ ပြည်သူက ဆင်းဆိုဆင်း
တက်ဆိုတက်၊ ပြည်သူ့မှာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိလေရဲ့။

ပြောရရေးရလွန်းလို့ လက်များတောင်ရှက်မိပါတယ်။ တရား ဆိုတာ နာပါများရင် လင်းနို့ငါးရာ အဟိတ်တိရစ္ဆာန်တောင်
ကျွတ်တယ်။ ခင်ဗျားတို့ ငှက်ပျောတုံးလို တုံးလုံးပက်လက်။ ယိုသူမရှက်မြင်သူရှက်ရတယ်။ "ဒီတိုင်းပြည်နဲ့ ဒီတရားဥပဒေတွေ
ဆိုတာ ဒီတိုင်းသူပြည်သားတွေရဲ့ မွေးရာပါကိုယ်ပိုင်ပစ္စည်းတွေ။" ဒီတရားဥပဒေကို ဒီတိုင်းသူပြည်သားတွေက မလိုလား
မနှစ်ချိုက် မကြိုက်နှစ်သက်တော့ရင် အချိန်မရွေးပြုပြင်ပြောင်းလဲပြင်ဆင်၊ အသစ်ရေးဆွဲပိုင်ခွင့်ရှိတယ်။ ခင်ဗျားတို့ အစိုးရအပါအ၀င် ပြည်သူ့ကိုယ်စားလှယ်ဆိုတာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတာ။ ခင်ဗျားတို့ဖါသာ မဲခိုးလာလို့ပဲ
ဖြစ်လာ၊ ဖြစ်လာ၊ ဒီဆန္ဒမဲတွေကြောင့် ရွေးကောက်တင်မြှောက်ခံထားရတာ ပါလို့ လူရှေသူရှေ့ ကမ္ဘာရှေ့အာဆီယံ
ရှေ့လူလုံးထွက်ပြချင်ရင် မဲဆန္ဒရှင်ပြည်သူတွေကို လေးစားဖို့၊ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒအတိုင်း အလေးထားဖို့လိုပါတယ်။

ရှင်းရှင်းပြောမယ် ခင်ဗျားတို့ လွှတ်တော်ထဲမှာ အမတ်၇၅% ထက်မက၊ ၁၀၀% ပဲ ရှိနေနေ၊ ကျနော်တို့ ပြည်သူကို
ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တဦးဦးက(ခု ရှိပြီးသားကပဲဖြစ်ဖြစ်) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးပါလို
့တောင်းဆိုခဲ့ရင်၊ ခင်ဗျားတို့က ကန့်ကွက်မဲပေးကြတယ်ဆိုရင်၊ ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ အဲဒီမဲဆန္ဒနယ်က
ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေပါကြောင်း၊ ပြည်သူတွေရဲ့ သဘောဆန္ဒနဲ့ တသဘောထဲ မဟုတ်ပါကြောင်း ထားဝယ်
လောင်းလုံပုဂံမန္တလေး အန်တီစု ခရီးစဉ်မှာ လမ်းလုံပြည့်ထွက်လာတဲ့ လူထုကြီးလို ထွက်ပြပြီးတော့ အဲဒီကိုယ်စားလှယ်
ကို ဖြုတ်ချပစ်နိုင်တယ်ဗျ။

အဲဒါ ဒီမိုကရေစီ လို့ခေါ်တယ်။ ဒါမျိုးကို မလိုချင်ရင် ခင်ဗျားတို့ အာဏာရှင်အစိုးရ အနေနဲ့ နောက်ပြန်သွားနိုင် တယ်။
ပြည်သူဘက်ကတော့ ဒီအတိုင်းပဲ၊ အရင်ကလည်း မထောက်ခံဘူး၊ ခုလည်းမထောက်ခံဘူး။ ခင်ဗျားတို့ဖါသာ ဘယ်လိုပဲ
တက်လာ တက်လာ ဒီလိုပဲ """ ဘယ်တုန်းကမှ မထောက်ခံခဲ့ဘူး""" ။

ခေါင်းဆောင်တွေ ညှိနှိုင်းပြီး ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ ရွေ့လျားပြောင်းလဲ ဖို့ ကျနော် တို့ မျှော်လင့် လိုလားပါတယ်။
အဲဒီလိုမှ မဟုတ်ရင်တော့ ကိုဇာဂနာ့လေ ကလေးနဲ့ ပြောရရင်. . . ဒီမိုကရေစီ အစ်စ် ဒီမိုကရေစီ အာဏာရှင် အစ်စ် အာဏာရှင် ပါဗျ။ ရှေ့တိုးမလား နောက်ဆုတ်မလား ဦးဌေးဦးရေ. . . . .။ ။

ချိုတူးဇော်

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610




Posted: 03 Feb 2012 04:10 AM PST
မနေ့က ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်သော HIV/AIDS ရန်ပုံငွေပွဲ ဂီတဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့တဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ...
၂.၂.၂၀၁၂က ပြုလုပ်တဲ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်တဲ့ HIV/AIDS ရံပုံငွေ ဂီတဖျော်ဖြေပွဲသို့ ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တက်ရောက် အားပေးခဲ့ကြပါတယ်...။ အဆိုပါ ဂီတဖျော်ဖြေပွဲသို့ နာမည်ကြီးတီးဝိုင်းများနှင့် နာမည်ကြီးအဆိုတော်များမှ လာရောက်ဖြေဖျော် သီဆိုခဲ့ကြပါတယ်..။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ အမှာစကားပြောကြားခဲ့ပြီး ကိုမင်းကိုနိုင် အကျဉ်းထောင်အတွင်း ရေးစပ်သီကုံးထားသော တေးသီချင်းများအား အဆိုပါတေးဂီတပွဲ၌ လာရောက်ဝယ်ယူကြသဖြင့် ရရှိသော ရောင်းရငွေများအား အဆိုပါ ရံပုံငွေပွဲ ဖျော်ဖြေပွဲအတွက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်...။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးမှလည်း အကျဉ်းထောင်အတွင်း ခံစားရေးဖွဲ့ သီကုံးခဲ့တဲ့ တေးသီချင်း(၂)ပုဒ် ရောင်းရငွေထဲမှ ၁သိန်းကျပ်တိတိအား HIV/AIDS ရန်ပုံငွေအတွက် လှူဒါန်းခဲ့ပါတယ်..။

အဆိုပါ HIV/AIDS ရံပုံငွေဂီတဖျော်ဖြေပွဲအား တိုက်ရိုက် ထုတ်လွှင့်ပြသနေတဲ့ SKY NET ရုပ်သံလိုင်းမှ ကိုမင်းကိုနိုင် အမှာစကားပြောကြားရန် စင်ပေါ်သို့ တက်ရောက်ချိန်၌ ရုတ်တရက် ဆင်ဆာဖြတ်တောက်ခဲ့ကြောင်း သိရပါသည်..။
သတင်း၊ ဓာတ်ပုံ... ဒီမိုဝေယံ၊ ခါမိခဆဲ...
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610







ဗက္ကလက် ဟာဗယ်လ်- ရေးသူ-ဒေါ်အောင်ဆန်းစုကြည်
Posted: 02 Feb 2012 08:54 AM PST

မြန်မာပြည်မှပေးစာ( ဂျပန်နိုင်ငံ၏ မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်၏"ဗက္ကလဗ် ဟာဗယ်လ်" ဆောင်းပါး ဘာသာပြန်)

ဗက္ကလက် ဟာဗယ်လ်

၂၀၁၂ ခုနှစ်အတွက် ပထမဆုံးမြန်မာပြည်မှပေးစာအဖြစ် ကွယ်လွန်သူ မစ္စတာ ဗက္ကလဗ် ဟာဗယ်လ် ရဲ့အကြောင်းပဲဖြစ်သင့်တယ်လို့ ကျွန်မဆုံးဖြတ်လိုက်တဲ့အခါ ဒီဆောင်းပါးကို ဘယ်လိုခေါင်းစဉ်တပ် သင့်သလဲလို့ ကျွန်မအံ့သြတွေးတော်မိခဲ့ရပါတယ်။ ကျွန်မအတွေးတွေဟာ ရုတ်ခြည်းဆိုသလို သူ့ရဲ့ ထိုးမြဲလက်မှတ်တစိတ်တပိုင်းအဖြစ် ရေးဆွဲလေ့ရှိတဲ့ အနီရောင်အသည်းပုံကလေးဆီ ရောက်သွားခဲ့ပါ တယ်။ ကျွန်မဟာ သူ့ကို"အသည်းသမ္မတ" ဒါမှမဟုတ် "အသည်းခေါင်းဆောင်" ဒါမှမဟုတ် "အသည်း နဲ့လှုပ်ရှားသူ" ဒါမှမဟုတ် "အသည်းနဲ့ပညာရှင်" လို့ရေးသင့်ပါသလား။ နောက်ဆုံးတော့ ကျွန်မစဉ်စား တဲ့ အမည်ဆန်းတွေထက် ပိုမိုတဲ့ စွမ်းရည်နဲ့အဓိပ္ပါယ်ရှိမှာမို့ "ဗက္ကလပဗ် ဟာဗယ်လ်" သီးသန့်ကိုပဲ အမည်ပေးဘို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်မ ပထမဆုံး နေအိမ်အကျယ်ချုပ်အချခံရတဲ့ ၁၉၈၉ ခုနှစ်အတွင်းမှာပဲ "ဗက္ကလဗ် ဟာဗယ်လ်" အမည်နဲ့ ရင်းနှီးလာခဲ့ပါတယ်။ ကတ္တီပါတော်လှန်ရေး၊ ပြည်သူ့စင်မြင့်၊ ရွေးကောက်ပွဲအောင်ပွဲ တွေဟာ ချက်ကိုစလိုဗေးကီးယားရဲ့ တော်လှန်ရေးသမားဝန်ကြီးချုပ်ကို ဒီမိုကရက်တစ်ပြည်ထောင်စုအသစ်ရဲ့ ပထမဦးဆုံးသမ္မတအဖြစ် ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါတွေအားလုံးကို ကျွန်မရဲ့အိတ်ဆောင်ရေဒီယိုက လေးကနေ ကြားသိလေ့လာ နိုင်ခဲ့ပါတယ်။ အဲဒိအဝေးတနေရာက နိုင်ငံရေးအသွင်ပြောင်းလဲမှုရဲ့ ဝမ်း သာပျော်ရွှင်မှုကိုလဲ မျှဝေ ခံစားခဲ့ရပါတယ်။ ဒါပေမင့် အဲဒိအချိန်မှာ "ဗက္ကလပဗ် ဟာဗယ်လ်" ဟာ ပုဂ္ဂိုလ်ရေးမိတ်ဆွေဖြစ်လာလိမ့်မှာကိုတော့ မထင်ခဲ့မိပါ။

ကျွန်မ တခါမှမတွေ့ခဲ့ဘူးတဲ့ ပုဂ္ဂိုလ်ရေးမိတ်ဆွေအဖြစ် စာရေးခဲ့ဘူးခြင်းမရှိခဲ့တဲ့ အမျိုးသားတဦး အကြောင်းပြောရတာကတော့ အနည်းငယ် ဆန်းပြားနေသလိုပါပဲ။ သူ့ရဲ့ဉာဏ်ကြီးဖြတ်လတ်ပြီး နွေးထွေးတဲ့ပင်ကိုယ်စရိုက်နဲ့ ကမ္ဘာတလွှားမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး လှုပ်ရှားမှုကိုပံ့ပိုးပေးတဲ့ သူ့ရဲ့ဥဿုံသန္နိဋ္ဌာန်ချမှတ်မှုတွေဟာ သူရဲ့ရင်းနှီးခင်မင်မှုကို စစ်မှန်သွက်လက်စေခဲ့ပါတယ်။ ကျွန်မ တို့ကို တဦးနဲ့တဦး နားလည်မှုဖြင့် တရင်းတနှီး နီးနီးစပ်စပ်နှောင်ဖွဲ့ဆက်သွယ်ပေးခဲ့တယ်လို့ ကျွန်မကို လည်းခံစားမိစေပါတယ်။ သူက ကျွန်မကို ၁၉၉၁ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်တင် သွင်းပေးခဲ့ပါတယ်။ ကျွန်မတို့ရဲ့လှုပ်ရှားမှုကို နိုင်ငံတကာရဲ့အာရုံစိုက်လာဘို့ဆုံမှတ်အဖြစ် အထောက် အပံ့ဖြစ်မယ်လို့ သူကယုံ ကြည်တာကြောင့် အခုလို အမည်တင်သွင်းပေးခဲ့တာဖြစ်ပါတယ်။ အဲဒိနှစ်အ တွက် သူကိုယ်တိုင်ပင်အမည်တင်သွင်းခံထိုက်ပြီး အရွေးခံရမှာလို့ ကျွန်မယုံကြည်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုကို သူကိုယ်တိုင်အသေအချာတန်ဘိုးထားခဲ့ပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့အ ခွင့်အရေးကိစ္စအတွက် သူကိုယ်သူတန်ဘိုးမဖြတ်ခဲ့တဲ့အရာကို သူ မပေးလိုသောကြောင့်ဖြစ်ပါတယ်။ ဒါပေမင့် ဒီစိတ်ဓါတ်ဟာ အားနွဲ့သူအပေါ်ယဉ်ကျေးကြင်နာစွာဆက်ဆံမှုအဖြစ် - "သူတို့ရဲ့လိုအပ်မှု ဟာ ကျွန်တော်ရဲ့လိုအပ်မှုထက်ကြီးမားပါတယ်" ဆိုတာပါ။

၁၉၉၂ ခုနှစ်မှာ ကျွန်မမိသားစု ကျွန်မထံအလည်လာခွင့်ရစဉ် ကျွန်မရဲ့ခင်ပွန်းသည်က "အာဏာမဲ့တို့ ရဲ့ အာဏာ"ဆိုတဲ့စာအုပ်ယူလာခဲ့ပေးပါတယ်။ အခုအခါမှာ လက်မနဲ့ကောင်းစွာလှန်လှောထားကာ ဟောင်းနွမ်းနေတဲ့အဝတ်အဖုံးစာအုပ်ရဲ့ စာမျက်နှာများကို ကျွန်မ ခပ်မြန်မြန်လေးလှန်ကြည့်မိပါတယ်။ ကျွန်မမျဉ်းသားထားတဲ့ အပိုဒ်အချို့ကို ပြန်ဖတ်ကြည့်မိပါတယ်။ "… အာဏာမဲ့များရဲ့ အလားအလာ စွမ်းရည်များကို စစ်ကြောခြင်း -- အာဏာမဲ့ပြည်သူများဆောင်ရွက်နိုင်တဲ့ အခြေအနေများတွင်ရှိ အာဏာရဲ့သဘာဝရဲ့စစ်ကြောလေ့လာခြင်းမှသာအစပြုနိုင်သည်…" "… လွတ်လပ်ခြင်းဟာခွဲခြမ်း လို့မရနိုင် …" "… ဖန်တီးမှုရဲ့သူတို့ရဲ့နည်းလမ်းတွေ သို့မဟုတ် ဘဝအတွက် သူတို့ရဲ့ရည်မှန်းချက် တွေ ဘယ်လောက်အလှမ်းကွာနေပါစေ၊ အခြားသူများရဲ့ လွတ်လပ်မှုအတွက် မရပ်တည်နိုင်တာဟာ မိမိရဲ့ကိုယ်ပိုင်လွတ်လပ်ခြင်းကို အရှုံးပေးလိုက်တာလို့ အဓိပ္ပါယ်သက်ရောက်ပါတယ် …" "သာလွန် ကောင်းမွန်တဲ့စံနစ်တခုဟာ သာလွန်ကောင်းမွန်တဲ့ဘဝတခုကို အလိုအလျောက်ဖန်တီးမပေးပါ။ အမှန် တကယ်က ပြောင်းပြန်ဖြစ်ရပ်ကအမှန်ပါ - သာလွန်ကောင်းမွန်တဲ့ဘဝကိုဖန်တီးခြင်းကသာ သာလွန် ကောင်းမွန်တဲ့ စံနစ်တခုကို ဖြစ်ပေါ်တိုးတက်စေမှာပါ …" ထူးခြားတဲ့စိတ်ဓါတ်ရဲ့ ရှင်းလင်းတင်ပြချက် ဖြင့် စံနစ်တကျပုံစံဖော်ထုတ်ပေးလိုက်တဲ့အခါမှသာ အခြေခံလူသားလိုအင်ဆန္ဒတွေနဲ့ ဆက်နွယ်ရော ယှက်နေခြင်းကို လွယ်ကူစွာမြင်နိုင်စေတဲ့ အကြံဉာဏ်များဖြစ်ပါတယ်။

အဆင့်မြင့်ပညာတတ်တယောက်ဟာ သဘောထားကြီးတဲ့နှလုံးသားကိုအစားထိုးလို့မရပါ။ ကျွန်မ မစ္စ တာ ဗက္ကလဗ် ဟာဗယ်လ်ကို လေးစားတန်ဘိုးအထားဆုံးက ဒီ "သဘောထားကြီးတဲ့နှလုံးသား" ကြောင့်ဖြစ်ပါတယ်။ သူဟာရှားရှားပါးပါး တော်လှန်ရေးသမားတဦးဖြစ်ပါတယ်။ သူ့နိုင်ငံရဲ့အကြီးအကဲ ဖြစ်လာတာတောင်မှ ကမ္ဘာ့ဝေးလံတဲ့အရပ်များရှိ တော်လှန်ရေးမိတ်ဆွေများကို မမေ့ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့နှလုံးသားဟာ သဘောထားကြီး မြင့်မြတ်ရုံတင်မက စာနာမှုရှိစွာပေါ့ပါးနေပြီး၊ အရိုးအစင်းဆုံးဖြင့် အရပ်ရပ်ရှိ သာမန်ပြည်သူများနဲ့ သွေးစည်းညီညွတ်နေပါတယ်။ သူ့ရဲ့စာအုပ် " ရဲတိုက်အသွားအပြန်" (To the Castle and Back) မှာ " ကျွန်ုပ်ထွက်ပြေးခဲ့တယ်။ အမေရိကကို ကျွန်ုပ်ထွက်ပြေးခဲ့တယ်။" ဆိုတဲ့ စကားလုံးများနဲ့ စတင်ခဲ့ပါတယ်။ မိသားစုအားလုံးနဲ့အတူ ၂ လတာ ကျွန်ုပ်ထွက်ပြေးခဲ့ပါတယ်။ မိသားစုဆိုတာက "ဒါဆာ" ရယ်၊ ကျွန်ုပ်တို့ရဲ့ ဘောက်ဆာ ခွေး ၂ကောင်ဖြစ်တဲ့ "ရှူးဂါး"ခွေးမနဲ့ သူရဲ့ သမီး "မဒ်လဲန်ခါ" ပါပဲ။ ထွက်ပြေးခြင်းနဲ့နေရာ(မိသားစုရဲ့အလယ်မှာ သူ့ခွေးများကို ထည့်သွင်းသတ် မှတ်လိုက်ခြင်း)ကို ဝမ်းမြောက်ပျော်ရွှင်တဲ့ကြေညာချက်ဟာ မိုင်ပေါင်းဝေးစွာက နှစ်ပေါင်းစွာက ကျွန်မ ကို သူ့အိမ်ရဲ့ နွေးထွေးတဲ့အသိုင်းအဝိုင်းထဲ ဆွဲခေါ်လိုက်ပါတယ်။ သာမန်စီမံထိန်းသိမ်းမှုရဲ့ အဝေးမှာ ရှိနေတဲ့လူတယောက်ဟာ အများထိတွေ့မှုကို ဘယ်လိုများ ထိန်းသိမ်းထားပါလိမ့်။

လွန်ခဲ့တဲ့ တနှစ်က မစ္စတာ ဗက္ကလဗ် ဟာဗယ်လ်က ကျွန်မကို တခါ ဖုံးဆက်ခဲ့ပါတယ်။ သူဟာ ကျန်း မာရေးမကောင်းတဲ့အခြေအနေမှာ ရောက်နေခဲ့ပါတယ်။ သူ့အသံဟာပျော့တော့နေခဲ့ပါတယ်။ ဒါပေ မင့် ကျွန်မ နေအိမ်အကျယ်ချုပ်ကလွတ်မြောက်လာမှုကို ဝမ်းသာကြောင်း ပြောပေးခဲ့ပါတယ်။ နောက် ကျွန်မတို့ရဲ့ ဒီမိုကရေစီပန်းတိုင်က အလှမ်းဝေးနေတာကိုလဲ စိုးရိမ်ပူပန်ကြောင်းပြောကြားခဲ့ပါတယ်။ သူရဲ့နာမကျန်းဖြစ်နေတဲ့နောက်ဆုံးအချိန်အထိ သူဟာ ကွန်မတို့ကို မမေ့ခဲ့ပါဘူး။ ကျွန်မအတွက် သူ ရေးခဲ့တဲ့ နောက်ဆုံးစာကို သူကွယ်လွန်ပြီးရက်အနည်းငယ်အကြာမှာ သူရဲ့မိတ်ဆွေဟောင်းတဦးဖြစ် တဲ့ မစ္စတာ ဆဆခါဝ ယိုဟိအဲ က ကွန်မလက်ထဲကိုထည့်ပေးခဲ့ပါတယ်။

"ခင်မင်ရပါတဲ့ မိတ်ဆွေ" လို့ စာကို အစချီထားပါတယ်။ "ကျွန်တော်စည်းရုံးကျင်းပခဲ့တဲ့ အပြည်ပြည် ဆိုင်ရာ ဆွေးနွေးပွဲများနဲ့ အခြားအခမ်းအနားများစွာကိုတက်ရောက်ဘို့ ဘိတ်ကြားတဲ့စာတွေကို ခင် ဗျားထံ နှစ်ပေါင်းအတော် ကြာကြာ ကျွန်တော်ပေးပို့ခဲ့ပါတယ်။ မိတ်ဆွေတက်ရောက်နိုင်မဲ့အခွင့်အ လမ်းတွေမရှိဘူးဆိုတာ ကျွန်တော်အသေအချာသတိထားခဲ့မိပေမင့် နည်းလမ်းအပြင်ကနေ ကျွန် တော်ဆက်လုပ်ခဲ့တာပါ။ ကျွန်တော့်စာတွေကို သိမ်းဆည်းတဲ့ အာဏာပိုင်တွေကို ကျွန်တော်တို့တတွေ ခင်ဗျားကို အစဉ်သတိရနေတယ်ဆိုတာနဲ့ အမြဲတမ်းထောက်ခံနေတာကို သတိပေးနေခဲ့တာပါ။"

အဖိနှိပ်ခံများအရေးကို ရပ်တည်ကာကွယ်ပေးနေတဲ့ သူ့ရဲ့စိတ်ဓါတ်က တည်ရှိနေဆဲဖြစ်ပါတယ်။ ကျွန် မတို့ရဲ့ လှုပ်ရှားမှုအပေါ် သူ့ရဲ့စိတ်ဝင်စားမှုကတော့ ဆက်လက်ရှင်သန်ကြီးမားလျက်ရှိနေပါတယ်။

"ခင်မင်ရတဲ့မိတ်ဆွေရေ၊ ခင်ဗျားတို့နိုင်ငံမှာ လတ်တလောတိုးတက်မှုတွေကို အလွန့်အလွန်သတိထား ရမဲ့ အကောင်းမြင်မှုတွေနဲ့ ကျွန်တော်က လေ့လာစောင့်ကြည့်နေလျက်ပါ။"

သူ့ရဲ့စာကို လက်တွေ့ကျတဲ့အညင်သာဆုံးနဲ့ အဆုံးသတ်ခဲ့ပါတယ်။ "… ကျွန်ုပ်တို့ကူညီနိုင်မဲ့ တခုခု -- ပုံစံအားဖြင့် -- ကျွန်ုပ်တို့ရဲ့အသွင်ကူးပြောင်းရေးအတွေ့အကြုံကိုမျှယူဘို့ သင်ဆန္ဒရှိခဲ့ရင် - ကျွန်ုပ်တို့ က ဝမ်းမြောက်စွာလုပ်ဆောင်ပေးပါ့မယ်။"

ကျွန်မတို့ရှေ့က သူလျှောက်သွားတဲ့လမ်းတလျောက် ကျွန်မတို့ဆက်လှမ်းနေစဉ် ကျွန်မရဲ့မိတ်ဆွေမရှိ တော့တာကို ကျွန်မခံစားရပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်

(မိုင်အိနိချိ ဂျပန်) ဇန္နဝါရီ ၃၀၊ ၂၀၁၂

(၂၀၁၂ ခု ဇန္နဝါရီ ၃၀၊ နေ့ထုတ် ဂျပန်နိုင်ငံ၏ မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်၏ "ဗက္ကလဗ် ဟာဗယ်လ်" ဆောင်းပါးကို ဘာသာပြန်ဆိုပါသည် )

မောင်မောင်လှကြိုင်

၂၀၁၂-၀၂-၀၂

Posted: 02 Feb 2012 08:23 AM PST
မြန်မာက ပြည်ပနိုင်ငံတို့ကိုပေးဆပ်ရန် အကြွေး ဒေါ်လာ ၁၁ ဘီလျံကျော် တင်ရှိနေ



source: AP
မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာက ပြည်ပနိုင်ငံများသို့ ပေးဆပ်ရန်အကြွေး ဒေါ်လာ ၁၁ ဘီလျံကျော် တင်ရှိနေခဲ့ပြီး ဂျပန်နှင့် အီတလီနိုင်ငံတို့သို့ ပေးဆပ်ရန်ရှိသည်တို့ကို ဆွေးနွေးနေကြကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်ဟု သိရသည်။ ဝန်ကြီးက မြန်မာပြည်သည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဖေါ်ဆောင်လျက်ရှိရာ ဂျပန်နှင့်အီတလီအပါအဝင် နိုင်ငံပေါင်းစုအဖွဲ့အစည်းများနှင့် လှူဒါန်းထောက်ပံ့နေသည့် နိုင်ငံများ အစရှိသည်တို့နှင့် ဆွေးနွေးမှုများ စတင်ပြုလုပ်နေကြောင်း လွှတ်တော်တွင် ပြောကြားခဲ့သည်။ ဝန်ကြီးက နိုင်ငံရပ်ခြားတွင် တင်ရှိနေသော အကြွေးစာရင်းကို အင်္ဂါနေ့က လွှတ်တော်တွင်ပြောကြားခဲ့ကြောင်း ဥပဒေပြုအမတ် ဦးသိန်းညွန့်က ဗဏ သတင်းဌါနကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်ဟု သိရသည်။

ဝန်ကြီးက ၈.၄ ဘီလျံမှာ ဦးနေဝင်းအုပ်ချုပ်ခဲ့သည့် ၁၉၆၂-၁၉၈၈ ဆိုရှယ်လစ်ခေတ်က တင်ရှိခဲ့ကြောင်း၊ ၂.၆၁ ဘီလျံမှာ ၁၉၈၈ နောက်ပိုင်း စစ်တပ်အုပ်ချုပ်ခဲ့စဉ်က တင်ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် စုစုပေါင်းအကြွေး ၁၁.ဝ၂၃ ဘီလျံရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ၎င်း၏အဆိုအရ ၁၉၈၈ မတိုင်မီအကြွေးမှာ အပြန်အလှန်ချေးငွေများနှင့် နိုင်ငံပေါင်းစုအဖွဲ့အစည်းတို့ထံမှ ချေးငွေများဖြစ်ပြီး ၈၈ အရေးအခင်းတွင် နိုင်ငံတကာက ချေးငွေမပေးတော့ပဲ မြန်မာပြည်ကလည်း ထိုစဉ်က ရရှိခဲ့သည့် နိုင်ငံ့ဝင်ငွေကို ဖွံ့ဖြိုးရေးစီမံကိန်းတို့တွင် အသုံးချခဲ့သဖြင့် ပြန်မဆပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ၁၉၈၈ မတိုင်မီနှစ်များက တင်ရှိနေသော အကြွေးအများစုမှာ ဂျပန်နိုင်ငံမှဖြစ်ပြီး ၆.၃၉ ဘီလျံရှိကြောင်း၊ ၁၉၈၈ နောက်ပိုင်း အများဆုံးအကြွေးရှင်မှာ တရုတ်နိုင်ငံဖြစ်ပြီး ပေးဆပ်ရန် အကြွေး ၂.၁၃ ဘီလျံရှိကြောင်း သိရသည်။

ဂုံးကျော်တံတားနှင့် မြေအောက်ရထားလမ်းများကို နိုင်ငံခြားကုမ္ပဏီများက ဆောက်လုပ်မည်

source: Xinhua
build, operate and transfer စံနစ်အရ မြန်မာပြည်က ဂုံးကျော်တံတားများနှင့် မြေအောက်ရထားလမ်း စီမံကိန်းများကို နိုင်ငံခြားကုမ္ပဏီတို့အား ဆောက်လုပ်စေမည်ဟု အာဏာပိုင်တို့ကဆိုကြောင်း Popular News တွင်ဖေါ်ပြပါရှိသည်ဟု သိရသည်။ အဆိုပါစီမံကိန်းများကို နိုင်ငံခြားကုမ္ပဏီတို့က အပြည့်အဝတာဝန်ယူလိမ့်မည်ဟု မျှော်လင့်ကြောင်း မီးရထားဝန်ကြီဌါကဆိုသည်ဟု သိရသည်။ သတင်းအရ တရုတ်၊ ရုရှား၊ ဂျပန်နှင့် တောင်ကိုရီးယား လေးနိုင်ငံတို့မှ ရန်ကုန်ရှိ ဂုံးကျော်တံတားများ၊ ရန်ကုန်-နေပြည်တော် မြေအောက်ရထားလမ်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး ကျည်ဆံရထား စီမံကိန်းများကို ဆောက်လုပ်ကြမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး အာဏာပိုင်တို့၏ အစီအစဉ်အရ လှည်းတန်း၊ ရွှေဂုံတိုင်၊ တာမွေနှင့် ဘုရင့်နောင် မီးပွိုင့်များတွင် ဂုံးကျော်တံတားများ စတင်ဆောက်လုပ်မည်ဟု သိရသည်။ ထို့အပြင် ရန်ကုန်မြို့တော်ကိုလည်း ခေတ်မီဖွံ့ဖြိုးသော မြို့တော်ဖြစ်လာစေရန် အစီအစဉ်များ ရေးဆွဲနေကြပြီး လွန်ခဲ့သည့်နှစ် စက်တင်္ဘာလက ဝန်ကြီးဌါနပေါင်းစုံ အစည်းအဝေးကျင်းပပြီး Vision 2040 အမည်ရှိ နှစ်သုံးဆယ်စီမံကိန်းရေးဆွဲခဲ့ကြကြောင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် ရေပေးဝေရေးကဏ္ဍတို့ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။ အဆိုပါစီမံကိန်းများအတွက် လိုအပ်သည့်ငွေကြေးကို ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများနှင့် ဘဏ်များ (သို့) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့မှ ရှာဖွေမည်ဖြစ်ကြောင်း သိရသည်။

မောင်သစ်စိမ်း (MMCP)


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Friday, 3 February 2012

ဒေါ်စု မန္တလေးခရီးစဉ် ရွှေ့ဆိုင်း

(သစ်ထူးလွင်မှကူးယူဖေါ်ပြပါတယ်)





------------------------------------------------
       ပတ္တမြားရွှေဂူ
ပြစ်မရှိ ပြစ်ရှာ
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ
ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာတိုက်နဲ။
ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။

( မန်လည်ဆရာတော် ) ---------------------------
----------------------
ကောင်းတဲ့အသိုင်းအ၀ိုင်းမှာနေချင်ရင်
ကောင်းတဲ့အသိုင်းအ၀ိုင်း ဖြစ် လာအောင်ကိုယ့်ဘက်ကတတ်နိုင် သလောက်ကြိုးစားရမယ်။
အားလုံးကောင်းဘို့ အားလုံးမှာတာဝန်ရှိပါတယ်။
(ဆရာတော် ဦးဇောတိက)
-------------------------------------------------

'သားမြေးတို့တွက် ကြိုးစားစို့ '
•ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

•ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

•အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

•သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

•ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှတော် ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊
( မင်းသုဝဏ် )

---သင်သိတာရဲ့ ဟိုဘက်ကို မရောက်ချင်ပါနဲ့...သင်ထက်သိတဲ့သူတွေရယ်မောခြင်း ခံရလိမ့်မယ်။
လွမ်းနေသူ  (Google of Group)










----------  ယနေ့(၂-၂-၂၀၁၂)ညနေ-၅နာရီမှစတင်ကာ မျှော်စင်ကျွန်း HIV ရံပုံငွေ stage show ကျင်းပရာတေးဂီတအဖွဲ့ ၁၅ဖွဲ့နှင့်တေးသံရှင် ၁၀၀ကျော်ဖျော်ဖြေပေးကြသည်။ အထူးခြားဆုံးမှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေးတို့အဖွဲ့ ရောက်လာပြီး ကိုမြအေး၏ အကျဉ်းထောင်အတွင်း ရေးစပ်ခဲ့သော သီချင်းရောင်း၇ငွေ တစ်သိန်းကို ဒေါက်တာတင်မျိုးဝင်း ထံလှုဒါန်းခြင်း၊ ကိုမင်းကိုနိုင်သူထောင်ကျစဉ် ရေးစပ်ခဲ့သော ကျွန်တော့် မေရီ သီချင်းကို ဂီတမှူး ကိုဝင်းမော်(ကိုမင်းကိုနိုင်တို့နှင့်အတူ အကျဉ်းထောင်မှလွတ်မြောက်လာသော ဂီတပညာရှင်) ၏ရွှေသံစဉ် အဖွဲ့နှင့် ဘော်ဘီကသီဆိုမည်ဖြစ်ကြောင်းပြောကြားရာ ပရိသတ်များမှ အလှူငွေများကို ထက်ထက်သန်သန်ပေးလှူကြသည်။ အလှူငွေ သုံးသိန်းကျော်ရရှိပြီး ကိုမင်းကိုနီုင်မှ ထိုငွေများကို ဒေါက်တာတင်မျိုးဝင်းမှတဆင့် HIVရန်ပုံငွေအဖြစ် လှူဒါန်းခဲ့ပြီး ဂီတမှူး ကိုဝင်းမော်၏ ရွှေသံစဉ် အဖွဲ့ကိုပရိသတ်နှင့် မိတ်ဆက်စကားပြောကြားပေးလိုက်ရာ ပရိသတ်မှ တခဲနက် အားပေးကြိုဆိုခဲ့ပါသည်။  ကိုဝင်းမော် အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် ရွှေသံစဉ် အဖွဲ့ အမည်ဖြင့် ပထမဆုံး ဖျော်ဖြေသောပွဲလည်းဖြစ်ပါသည်။ ရွှေသံစဉ် အဖွဲ့နှင့်အတူ ဆောင်ဦးလှိုင် ၊ရဲခေါင်ထွဋ်၊ (လွတ်မြောက်လာသောအကျဉ်းသား) မြတ်စံ (နိုင်ငံရေးအကျဉ်းသားဟောင်း)ဘော်ဘီ၊ ခိုင်မြဲသာ၊သံသာဝင်း၊နွဲ့ယဉ်ဝင်း၊ တို့ကဖျော်ဖြေကြပြီး  Lazy club အဖွဲ့မှ ဂစ်တာသမား နိုင်ဇော်က ကူညီအားဖြည့် တီးခတ်ပေးခဲ့သည်။ ကိုနိုင်ဇော်သည် ၁၉၉၀ ပြည့်နှစ်လွန်ကာလများက ရွှေသံစဉ် နှင့်အတူ တီးခတ်ပေးသော ရွှေသံစဉ်၏ အဖွဲ့သားဟောင်းတစ်ဦးလည်းဖြစ်သည်။ လွတ်မြောက်လာသော ကိုဝင်းမော်ကိုဂုဏ်ပြုသောအားဖြင့် လာရောက် ကူညီ ပေးခြင်း ဖြစ်သည်ဟု ဆိုပါသည်။  ။












မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ပေးဖို့ အကြွေး အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၀၂၃ သန်း ရှိနေတယ်လို့ လွှတ်တော်မှာ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက တင်ပြသွားလို့ မြန်မာပြည်သူတွေ မျက်လုံးပြူးနေကြပါတယ်။ ဒီကြာထဲ ရောင်းစားထား ဘုံးထားတာတွေ ဘယ်ရောက်ကုန်ပြီလဲဆိုပြီး မေးသံတွေလည်း ညံလာပါတယ်။

ဥပမာအားဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့ကို ဒေါ်လာနဲ့ ရောင်းစားတာမှာ ဝန်ကြီးဌာနတွေက အစိုးရကို ပြန်သွင်းတော့ ၁ ဒေါ်လာ ၆ ကျပ်နှုန်းပဲ ပြပြီး ကျန်တာ ဝေစားမျှစား လုပ်ကြတဲ့ သာဓကတွေလည်း ရှိထားပါတယ်။

ဘယ်လို ရှင်းကြမလဲ ... ငွေရောင်ပိတ်ကားပေါ်မှာ ဆက်ကြည့်ကြပါရန် ...

၁၉၈၈ခုနှစ်မတိုင်မီ ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန်ကျန်ရှိသည့် ပြည်ပချေးငွေများ
နိုင်ငံနှင့်အဖွဲ့အစည်းများ အမေရိကန်ဒေါ်လာသန်းပေါင်း
အေဒီဘီချေးငွေ ၃၅၆.၉၃၅
အိုင်ဒီအေချေးငွေ ၈၀၀.၅၉၀
ဒိန်းမတ်နိုင်ငံမှချေးငွေ ၅၃.၀၃၉
ဂျာမနီနိုင်ငံမှချေးငွေ ၅၈၄.၇၂၈
ဂျပန်နိုင်ငံမှချေးငွေ ၆၃၈၈.၃၂၀
ကနေဒါနိုင်ငံမှချေးငွေ ၈.၀၅၆
ဖင်လန်နိုင်ငံမှချေးငွေ ၄.၈၁၂
ပြင်သစ်နိုင်ငံမှချေးငွေ ၈၄.၀၀၆
အီတလီနိုင်ငံမှချေးငွေ ၆.၀၉၀
နယ်သာလန်နိုင်ငံမှချေးငွေ ၉.၇၅၆
နော်ဝေနိုင်ငံမှချေးငွေ ၃၇.၁၂၆
သြစတြီးယားနိုင်ငံမှချေးငွေ ၃၇.၀၂၇
အင်္ဂလန်နိုင်ငံမှချေးငွေ ၃၆.၅၅၂
ပေါင်း ၈၄၀၈.၃၄၈

၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန်ကျန်ရှိသည့် ပြည်ပချေးငွေများ
နိုင်ငံနှင့်အဖွဲ့အစည်းများ အမေရိကန်ဒေါ်လာသန်းပေါင်း
အိုပက်ချေးငွေ ၂၂.၆၄၈
အိန္ဒိယနိုင်ငံမှချေးငွေ ၁၁၀.၃၈၉
ကိုရီးယားသမ္မတနိုင်ငံမှချေးငွေ ၅၀.၂၇၇
ဂျပန်နိုင်ငံမှချေးငွေ ၆၈.၅၃၆
ထိုင်းနိုင်ငံမှချေးငွေ ၆၃.၄၂၀
မလေးရှားနိုင်ငံမှချေးငွေ ၁၅၀.၀၀၀
ဆာဗီးယားနိုင်ငံမှချေးငွေ ၁၇ .၉၃၆
တရုတ်နိုင်ငံမှချေးငွေ ၂၁၃၁ .၇၄၄
စုစုပေါင်း ၂၆၁၄ .၉၅၀


Credit: Eleven Media Group ရဲ့ ဝက်ဘ်ဆိုဒ်ကနေ ယူပါတယ်။