Tuesday, 1 May 2012
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာမေလ(၂)ရက်နေ့မှာ လွှတ်တော်တက်ရောက်တော့မယ့်အကြောင်းအန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက အတည်ပြုပြောကြား(အသံဖိုင်)
Posted: 29 Apr 2012 11:11 PM PDT
ပြည်သူ့အများစုရဲ့ ဆန္ဒအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မေလ(၂)ရက်နေ့မှာ လွှတ်တော်တက်ရောက်တော့မယ့်
အကြောင်း အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က အတည်ပြုပြောကြားလိုက်ပါတယ်။ ဒီနေ့ ဧပြီ၃၀ အဖွဲ့ချုပ်
ကပြုလုပ်တဲ့ ဗဟိုဦးစီးအဖွဲ့ က ဆုံးဖြတ်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလဲ ဒါကို ဒီမနက်ပြုလုပ်တဲ့ သတင်းစာ
ရှင်းလင်းပွဲ ထုတ်ဖော်ပြောကြားသွားပါတယ်။
(dvb)
တရားဝင်လုပ်ကိုင်ခွင့်ရဖို့ခေါ်လာ
Posted: 29 Apr 2012 10:47 PM PDT
 ပြီးခဲ့တဲ့အပတ်က သမ္မတဦးသိန်းစိန်ဂျပန်နိုင်ငံသို့ရောက်ရှိစဉ် (Photo..Aung myo tun)
အရင်န.အ.ဖအဖွဲ့ ဝင်ဦးသိန်းစိန်နဲ့ ဒီမိုကရေစီသမ္မတအမည်ခံဦးသိန်းစိန်ဟာတူတူဘဲဆိုတာသက်သေပြတဲ့ အနေနဲ့
အရင်ခေါင်းဆောင်ဟောင်းကြီးတွေရဲ့စီးပွားရေးတာဝန်ခံတေဇ..။အောင်ကိုဝင်း..။နေအောင်တို့လိုနိင်ငံသားတွေပါပိုင်ဆိုင်ခွင်
နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှု (Sanction) ကိုဖယ်ရှားပေးဖို့ လက်ရှိအစိုးရဦးသိန်းစိန်မှ တောင်းဆိုနေ တာဟာ နိုင်ငံ
သူနိုင်ငံသားတွေအကျိုးစီးပွားအတွက်မဟုတ်ဘဲ ဒီနိုင်ငံတော်သူခိုးတွေအတွက် တရားဝင် လုပ်ကိုင်ခွင့် ရဖို့ခေါ်သွားတာဖြစ်နေ
သလိုပါဘဲ..
" ခေတ်ပျက်သူဌေးများကိုးကွယ်ရာတန်ခိုးရှင် "
ခေတ်ပျက်သူဌေးတွေ သူတို့ ကြည့်တဲ့မျက်နှာတစ်ခုတော့ရှိတယ်၊'တန်ခိုးရှင်' ရဲ့မျက်နှာဖြစ်တယ်။ဘယ်သူ့ လက်ထဲမှာ
 တန်ခိုးရှိတဲ့'ကြိမ်စင်္ကြာ' ကိုင်ထားသလဲ။အဲဒီ တန်ခိုးရှင်ကိုတော့ သိပ်ရိုကျိုးတာ၊လူတကာ
 အပေါ်ခက်ထန်သလောက် တန်ခိုးရှင်ရှေ့မှာပြားပြားဝပ်ပဲ၊အမြဲခြေထောက်ဖက်ထားတာ၊ လူတွေဘယ်လောက် ဒုက္ခ
 ရောက်ရောက်ဂရုမစိုက်ဘူး၊တန်ခိုးရှင်မျက်နှာတစ်ချက်ညိုးမှာပဲ အရိပ်တကြည့်ကြည့်ဂရု စိုက်နေတာ။ ဒီဆုတ်ကပ်ခေတ်
ကြီးမှာအဲဒီလိုလူမျိုးတွေအတော်များတာ။ ။ ။ "လူထုစိန်ဝင်း "
Posted: 29 Apr 2012 10:10 PM PDT
ပြည်သူ့များ၏ ဆန္ဒအရ လွှတ်တော်တက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ပြောကြားနေစဉ်(EMG)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်...သည်။
"အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ" ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မေလ ၂ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ဖွယ် ရှိကြောင်း မြန်မာ့ နိုင်ငံရေး စောင့်ကြည့် လေ့လာနေသူများက ခန့်မှန်းပြောဆိုသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီင်္ဝင် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ တွင် ပြဋ္ဌာန်းထားသော လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာဆို စာပိုဒ်ပါ စာသားကို ပြင်ဆင်မှသာ လွှတ်တော် တက်မည်ဟု ထုတ်ပြန်ထားသည်။
The Voice Weekly
Posted: 29 Apr 2012 09:19 PM PDT
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး ဂေါပက အဖွဲ့ပိုင် အိုးစည်တန်းရှိ ဆိုင်ခန်းတစ်ခန်းကို ဦးအောင်တင့်စန်း က ၀ယ်ယူပိုင်ဆိုင်ထားပါသည်။ ဆိုင်ခန်း၏ နောက်ဖေးဝင်ထွက်ပေါက် လုံခြုံစိတ်ချမှုရှိရန် အတွက် ဂေါပကရုံးမှ ခွင့်ပြုချက်ရရှိပြီးမှ ပြုပြင်ရာ ဂေါပကအဖွဲ့မှ ဦးစန်းလွင်ဦး၊ ဦးခင်မောင်မြင့်နှင့် အဖွဲ့က ဆိုင်ရှင်ခွင့်ပြုချက်မတောင်းပဲ ဆိုင်ခန်းအတွင်း ၀င်ရောက်ဟန့်တားခဲ့ရာမှ နှစ်ဖက်အငြင်းပွားခဲ့ပါသည်။ ဘုရားကြီးဂေါပကအဖွဲ့က ဦးအေင်တင့်စန်း အပေါ် လုံးဝမရှိသော ဘုရားအုတ်တံတိုင်း ဖျက်ဆီးမှုနှင့် အမှုဖွင့် အရေးယူခဲ့တဲ့အတွက် ဦးအောင်တင့်စန်းမှာ ချမ်းမြသာစည်မြို့နယ် တရားရုံးကနေ အဆင့်ဆင့် တရားရုံးများသို့ အချိန်ကြာမြင့်စွာ ဖြေရှင်းခဲ့ရပါသည်။
ဦးအောင်တင့်စန်းက မိမိဆိုင်ခန်းအတွင်း ခွင့်ပြုချက်မတောင်းပဲ ၀င်ရောက်ခြိမ်းခြောက် ဟန့်တားခဲ့ကြသော ဘုရားကြီး ဂေါပကအဖွဲ့မှ ၀န်ထမ်းများအပေါ် ပြန်လှန် အမှုဖွင့်တိုင်ကြားခဲ့ပေမယ့် အရေးယူဆောင်ရွက် ခြင်းမရှိပဲ အမှုကို ပလပ် ခဲ့ပါသည်။ ဦးအောင်တင့်စန်းအပေါ် စွဲဆိုထားသည့်အမှုက ချမ်းမြသာစည် တရားရုံး မှ စစ်ဆေးမှုမှာ ဘက်လိုက်မှုများပေါ်ပေါက်ခဲ့လို့ ရုံးပြောင်းခွင့် လျှောက်ထားပြီး ပြည်ကြီး တံခွန်မြို့နယ် တရားရုံးမှာ ဆက်လက် စစ်ဆေး အမိန့်ချမှတ်ရာမှာ အမှုကို မှားယွင်းမှုအဖြစ်သတ်မှတ်ပြီး ဦးအောင်တင်စန်းကို အမှုမှ အပြီးအပြတ် လွှတ်ပေးခဲ့ပါသည်။ ဦးအောင်တင့်စန်းအနေနှင့် အချိန်တစ်နှစ်မျှ ရင်ဆိုင်ဖြေရှင်းရခြင်း အမှန်မရှိသော အုတ်တံတိုင်း ဖျက်ဆီးသည်ဟု မမှန်စွပ်စွဲ ခဲ့ခြင်းတို့အပေါ် မကျေနပ်သဖြင့် ၄င်းအား အပြီးပြတ်လွှတ်ပေးပြီးချိန်မှာ တိုင်ကြားသူများအပေါ် ဂုဏ်သိက္ခာထိခိုင် နစ်နာ အောင် ဆိုင်ရွက်ခဲ့ခြင်းနှင့် မမှန်စွပ်စွဲတိုင်ကြားခဲ့ခြင်းများအတွက် အရေးယူပေးရန် အမှုဖွင့် တိုင်ကြားခဲ့ ပါသည်။
ချမ်းမြသာစည်မြို့နယ်တရားရုံး တွဲဖက်တရားသူကြီး ဒေါ်ဥမ္မာအေးက လက်ခံကြားနာပြီး အမှုကို စုံစမ်းစစ်ဆေးစေရန် အမှတ်(၁၀) ရဲစခန်းသို့ တာဝန်ပေးအပ်ခဲ့ပါသည်။ အမှတ်(၁၀) ရဲစခန်းမှ စခန်းမှူးနှင့် အမှုစစ်ရဲအရာရှိ ဒုရဲအုပ် ခင်ကိုကို တို့က အမှုကို စုံစမ်းစစ်ဆေးပြီး ဦးအောင်တင့်စန်းက ရဲတိုင်ကြားချက် များ မှန်ကန်ကြောင်း တရားရုံးသို့ အစီရင်ခံတင်ပြခဲ့ပါသည်။ သို့သော် ချမ်းမြသာစည် တရားရုံး မှ အမှုအား လက်ခံခြင်းမပြုပဲ ပလပ် ခဲ့ပါသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် အဖွဲ့အစည်းများနှင့် အငြင်းပွားမှုပေါ်ပေါက် လာလျှင် တဖက်သတ် ဖိနှိပ်အနိုင်ကျင့်ခံရမှုသာ များပြီး တရားရေးအနေနှင့် အမှန်တရားဘက်မှာ မရှိပဲ အဖွဲ့အစည်းဖက်မှ ကူညီပံ့ပိုးခြင်းဟာ တရားစီရင်ရေး ယန္တရားကို အလွဲသုံးစားပြုရာရောက်ပါသည်။
နိုင်ငံသားတစ်ဦးမှာ တာဝန်ကိုယ်စီရှိသလို အခွင့်အရေးလည်းရှိပါသည်။ မိမိအခွင့်အရေးကို ထုတ်ဖော်တင်ပြခွင့်မရဘဲ အဖွဲ့အစည်းနှင့် တရားရေး ပူးပေါင်းချေဖျက်မှုများ အမှန်တရားပေါ်ပေါက်လာစေ ရေး အတွက် ဒီစာကို တင်လိုက်ဖြစ်ပါတယ်။
ဦးအောင်တင့်စန်း (အနန္တဂုဏ်ရောင် သင်္ကန်း ပရိက္ခရာတိုက်)
၀၉-၅၁၅၃၇၅၈
Posted: 29 Apr 2012 08:46 PM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံရေး စနစ်ကို လေးနက်စွာ သက်ဝင်ယုံကြည်သော နိုင်ငံရေး အဖွဲ့အစည်းဖြစ်ပေသည်။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးနှင့် အတူ ပေါက်ဖွားရှင်သန်လာခဲ့သည့် နိုင်ငံရေး အဖွဲ့အစည်းလည်း ဖြစ်ပေသည်။ ဒီမိုကရေစီကျင့်ထုံး -ကျင့်စဉ်များ ၊ ဒီမိုကရေစီ လုပ်ငန်းစဉ်များကို အစွဲအမြဲ၊ အခိုင်အမာ ခံယူကျင့်သုံးခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် စစ်အာဏာရှင် အစိုးရအဆက်ဆက်တို့ဧ။် အဆင်အခြင်မဲ့၊ အမြော်အမြင်မဲ့၊ အထောက်အညာမဲ့ ဖိနှိပ်ကွပ်ညှပ်မှုများကို ဘ၀ပျက်ခမန်း ကြုံတွေ့ခံစားခဲ့ရပေသည်။
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် တစ်ခဲနက်ပြည်သူ့ ထောက်ခံမှု ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပေသည်။ ဒီချုပ်သည် အောင်ပွဲခံယူ အောင်လံမလွှင့်ထူ နိုင်ယုံမက နိုင်ငံရေး ဇာတ်ခေါင်းကွဲအံ့မူးမူး အခြေသို့ပင် ဆိုက်ခဲ့ရပေသည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲကာလတွင်လည်း အဖွဲ့ချုပ်ဝင် ဒီမိုကရေစီအင်အားစုများနှင့် ပြည်သူလူထုကြီးဧ။် ပယ်လှန်ဆန့်ကျင်မှုဖြင့် အဖွဲ့ချုပ်သည် ပါတီမှတ်ပုံတင်ခြင်းကို ငြင်းပယ်ခဲ့ပေသည်။ ရွေးကောက်ပွဲများကိုလည်း သပိတ်မှောက်ခဲ့ပေသည်။ အကျိုးဆက်အားဖြင့် ဒီချုပ်သည် ၂၀၁၀ ပြည့်နှစ် ၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံရေး ပါတီအဖြစ်မှ ဖျက်သိမ်းခြင်း ခံခဲ့ရပေသည်။
ယင်းသို့သော အခြေအနေဆိုးများအကြားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒီမိုကရေစီရေး ဦးတည်ချက်နှင့် ဒီမိုကရေစီကျင့်စဉ်တို့ကို စွန့်လွှတ်ခဲ့ခြင်း မရှိပေ။ လှေခွက်မကျန်တောင် အလံမလှဲဆိုသော စိတ်ဓါတ်အားမာန်ဖြင့် ဒီမိုကရေစီမြတ်နိုးသော ပြည်သူတို့ကို စည်းရုံးလက်တွဲ ချီတက်မြဲ ချီတက်ခဲ့ပေသည်။
၂၀၁၁ခုနှစ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အာဏာရလာပေသည်။ သမ္မ္မတ ဦးသိန်းစိန် အစိုးရတက်လာ ချိန်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံဆွေးနွေးခဲ့ပေသည်။ တွေ့ဆုံပွဲ ရလာဒ်အဖြစ် သမ္မ္မတ ဦးသိန်းစိန်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရေး အတွက် ထိထိရောက်ရောက် ကူညီစောင့်ရှောက် ခဲ့ပေသည်။
နိုင်ငံတော် သမ္မ္မတ ဦးသိန်းစိန် ဧ။် ညှိနှိုင်းစီစဉ်ချက်အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စကားရပ်များ အစားထိုးပြင်ဆင်ပြောင်းလဲပေးခဲ့သည်။ ''ပြည်ထောင်စု သမ္မ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည် '' ဆိုသော စကားရပ်အစား 'ပြည်ထောင်စု သမ္မ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် '' ဟူသော စကားရပ်ကို အစားထိုး ပြင်ဆင်ခဲ့ခြင်း ဖြစ်ပေသည်။
ယင်းပြင်ဆင်ပြောင်းလဲမှုသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခြင်းတည်းဟူသော ဒီမိုကရေစီ အကူးအပြောင်း တံခါးတချပ်ကို ပွင့်စေခဲ့ပေသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲကြီး ကာလကဲ့သို့ပင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် လည်း ပြည်သူ့ထောက်ခံမှုကို တောင်ပြိုကမ်းပြို တစ်ခဲနက် ရရှိခဲ့ပေသည်။ ကြားဖြတ်ရွေးကောက်ပွဲ အောင်စည်၊ အောင်မောင်းသံများ၊ မိုးကြီးထစ်ချုန်းနေသကဲ့သို့ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ ပဲ့တင်သံများလည်း မြည်ဟိန်းနေလျက် ရှိပေသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လွှတ်တော်နိုင်ငံရေး တာဝန်များ ထမ်းရွက်ရန်အတွက် ရွေးကောက်ပွဲ ၀င်ခဲ့ခြင်း ဖြစ်ပေသည်။ ယခုအချိန်တွင် ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်တွင်းသို့ ၀င်ရောက်နိုင်ရေး နှောင့်နှေးထစ်ငေါ့နေပေသည်။ လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုရမည့် စကားရပ်များသည် နိုင်ငံတော်သမ္မ္မတ ဦးသိန်းစိန်ဧ။် ကူညီဖေးမမှုဖြင့် ဖြစ်တည်လာခဲ့သော 'အခြေခံဥပဒေကို လေးစားလိုက်နာ ပါမည် '' ဆိုသော စကားရပ်သည် ရွေးကောက်ပွဲနှင့်လွှတ်တော်အကြား၌ ပျောက်ပျက်ကြွေလွှင့်ခဲ့ပေသည်။ အခြေခံဥပဒေတွင် မူလရှိပြီးသား '' အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည် '' ဆိုသော စကားရပ်သည် လောက်လမ်း သဖွယ် ၀ိဥာဉ်တွယ်လာခဲ့ပြန်ပေသည်။
ယင်းစကားရပ်တို့ကို ယိုးမယ်ဖွဲ့လျက် သမ္မ္မတ ဦးသိန်းစိန်ဧ။်လမ်းညွှန်ချက်ဖြင့် အစားထိုးပြင်ဆင်ပြိး ဖြစ်ခြင်းကို မျက်ကွယ်ပြုကာ ကျားကျားမီးယပ် လုပ်နေကြမည် ဆိုလျှင် ပြောင်းလဲစ ပြုလာနေသော မြန်မာ့နိုင်ငံရေးတွင် အခြေခံဥပဒေ ဆိုင်ရာ အကျပ်အတည်း အသစ်တစ်ရပ်ကို ဖန်တီးဖေါ်ထုတ်ရာ ရောက်နေနိုင်ပေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားရန် ဆန္ဒသဘောထားရှိကြောင်း ကြိမ်ဖန်များစွာ မြန်မာသိ၊ ကမ္ဘာ သိ ထုတ်ဖေါ်ကြေငြာပြီး ဖြစ်ပေသည်။
သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ အနေဖြင့်လည်း ဆင်ခြင်တုံတရား လက်ကိုင်ထားကာ အမြော်အမြင်ရှိရှိ ၊ စေတနာပြည့်ပြည့် ၀ိုင်းဝန်းဖြေရှင်းပေးကြရန် ပန်ကြားလိုပေသည်။
(ဧပြီ 30 ရက်စွဲဖြင့် ထုတ်ဝေသော ဒီလှိုင်းဂျာနယ်မှ အယ်ဒီတာအာဘော် ကို ထပ်ဆင့်ဖေါ်ပြခြင်းသာ ဖြစ်ပါသည်။)
ကိုနေမျိုးဇင်
Posted: 29 Apr 2012 08:36 PM PDT
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်၏ ဒုတိယတရားသူကြီးဖြစ်သူ ဦးလှတိုး၏ လာဘ်စား၍ အမှုစစ်ဆေးသည့်ပုံစံသည် လောင်းကစားမှုကို အားပေးသလိုဖြစ်နေပြီး တရားရုံးမှ လောင်းကစားကြွေးဆင့်ခေါ်စာထုတ် တောင်းပေးနေသလိုဖြစ်နေကြောင်း အငြိမ်းစားခရိုင် တရား သူကြီးဟောင်းတစ်ဦးက ပြောကြားသည်။
လွန်ခဲ့သည့် တနှစ်ခန့်က လှိုင်မြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်သည့် ဘောလုံးလောင်းကစားဒိုင် ကိုယ်စားလှယ်တစ်ဦးနှင့် ထိုးသားများ လျှော် ကြေးငွေများ ပမာဏ သိန်း ၁၀ဂဏန်းနီးပါး အလျှော်အစားဖြစ်ခဲ့ကြောင်း ထိုးသားများအနေဖြင့် လောင်းကြေးအကြွေးများ ပြန်ဆပ်ရန်အတွက် အတိုးမဲ့ ချေးငွေအနေဖြင့် စားချုပ်လိမ်လည်ချုပ်ဆိုခဲ့သည့်အမှုကို တရားသူကြီးဦလှတိုးမှ အမှုမှန်ပေါ်အောင် မစစ်ဘဲ ဒိုင်ကိုယ်စားလှယ်ထံမှ လာဘ်ယူကာ ဘော လုံးလောင်းကြွေးကို ထောင်ကျနိုင်သောအမှုဟု ခြိမ်းခြောက်ပြောဆိုနေခြင်းသည် လောင်းကစားမှုကို တိုက်ဖျက်ရာမရောက်ပဲ လောင်းကစာကြွေးကို တရားရုံးက တောင်းပေးနေသည့်ပုံစံဖြစ်ကြောင်း အငြိမ်းစား ခရိုင်တရားသူကြီးက လှောင်ပြောင်ပြောဆိုသည်။
"ခေတ်ကမကောင်းတော့ဘူး။ အမှီးအမောက်မတည့်တာတွေများတယ်။ အခု ရယ်စရာမောစရာ ပြောနေပေမဲ့ ရယ်ရတာတစ်ဝက် ရင်မောရတာ တစ်ဝက် ဖြစ်နေတယ်"ဟု အငြိမ်းစားတရားသူကြီး နိုင်ငံ့အနာဂါတ်နှင့်ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုသည်။
ယခုအမှုတွင် တရားသူကြီးတစ်ဦး လာဘ်စားသည့် ခေတ်အနေဖြင့်ကြည့်လျှင် မထူးဆန်းသော်လည်း တိုင်းပြည်ဖွံ့ဖြိုးရေး တိုင်းပြည်တည် ဆောက်ရေးရှုဒေါင့်မှ ကြည့်လျှင် မြန်မာပြည်သူများ ဆင်းရဲတွင်းနက်နေခြင်းမှာ ဌာနဆိုင်ရာဝန်ထမ်း အကျင့်ပျက် လာဘ်စားမှုကြောင့် တရာဥပဒေ စိုးမိုး မှုမရှိပဲ နှစ်လုံး၊ သုံးလုံး၊ တစ်လုံး(ဘောလုံး) လောင်းကစာများ ထူပြောလာပြီး စာရိတ္တရေချိန်များ နိမ့်ပါးသဖြင့် အနာဂါတ်မျိုးဆက်သစ်လူများအတွက် အဆိုးကြော့သံသရာ လည်စေကြောင်း တိုင်းပြည် ဆင်းရဲတွင်းနက်သည့် အကြောင်းတရားကို ဖွံ့ဖြိုးရေးပညာရှင်တစ်ဦးက ထောက်ပြသည်။
MP(transparencymyanmar)
Posted: 29 Apr 2012 09:58 AM PDT
(၂၉.၄.၂၀၁၂)
(၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန်
တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့်
နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင်
မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။ အထက်တန်း အိပ်ခန်းတွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇)၁၂၆၅၄BREZ 10919 စားသောက်တွဲတိမ်းမှောက်ခဲ့ပါ သည်။
အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါလာသောမျိုးမင်းထိုက် (၂၈)နှစ် ညာဘက်ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B ခန်းတွင် လိုက်ပါလာသောရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။ ရထားသံလမ်း ကွန်ကရစ်တုံး(၉၅)တုံး ပျက်စီးပြီးတံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်း ရထားထိန်း ဦးစစ်လှိုင် မှပြောကြား ခဲ့ပြီး မီးရထားဌာနမှတာဝန်ရှိသူများ မှ နံနက် (၈)နာရီအချိန်မှ စပြီး ရထားလမ်း ကို ပြန်လည်ပြုပြင်နေ ကြောင်း သိရှိရပါသည်။
ုKatha town Facebookမှ
Posted: 29 Apr 2012 09:53 AM PDT
သို့
နိုင်ငံတော်သမ္မတ
နေပြည်တော်
အကြောင်းအရာ။ ။ ကော့သောင်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံအား လူနေရပ်ကွက်များနှင့် ဝေးရာသို့ ပြောင်းရွှေ့ပေးပါရန် သနားခံတင်ပြခြင်း။
အထက်ပါအကြောင်းအရာနှင့် ပက်သက်၍
(၁)။ ကျွန်တော်၊ ကျွန်မတို့သည် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဂန္ဓ၀င်လမ်းနှင့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ အနီးတစ်ဝိုက်တွင်နေထိုင်သူများဖြစ်ကြပါသည်။
(၂)။ ယခုတည်ဆောက်ထားသော ကျောက်မီးသွေးဓါတ်အားပေးစက်ရုံသည် ရွှေဝက်ဝံရေခဲစက်ရုံဝင်း အတွင်းတည်ရှိပြီး ဂန္ဓ၀င်လမ်းရှိ အိမ်များနှင့် (၁၀) ပေခန့်သာကျယ်သော ရေမြောင်းတစ်ခုသာခြားပါသည်။
(၃)။ လက်ရှိကော့သောင်းမြို့၏ မီတာခဈေးနှုန်းမှာ တစ်ယူနစ် (၄၃၀) ကျပ် (ရပ်ကွက်မီး -ထိုင်းဘတ်ငွေ ၂၂ ဘတ်) ဖြစ်နေချိန်တွင် ၄င်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံမှ လျှပ်စစ်ဓါတ်အားကို (၂၀၀) ကျပ်ဖြင့် သုံးစွဲခွင့်ရမည်ဖြစ်သဖြင့် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြပါသည်။
(၄)။ လျှပ်စစ်မီတာခ တစ်ဝက်ကျော်အထိ သက်သာမည်ဖြစ်သော်လည်း စက်ရုံကို လူနေရပ်ကွက် အတွင်း တည်ဆောက်ထားသောကြောင့် ဘေးထွက်ဆိုးကျိုးများဖြစ်သော ပြာမှုန့်နှင့် မီးခိုးများ ရှုရှိုက်ရခြင်း၊ အညှော်နံ့နံခြင်း၊ အသံဆူညံခြင်းနှင့် ပါတ်ဝန်းကျင်ညစ်ညမ်းလာပါက နောက်ဆက်တွဲနာတာရှည်ရောဂါများ ခံစားရနိုင်ခြင်းကြောင့် ရပ်ကွက်နေပြည်သူလူထုများမှာ အလွန်ပင် စိုးရိမ်ထိတ်လန့်နေကြရပါသည်။
(၅)။ ထိုစက်ရုံမှာ မူလက ထိုင်းနိုင်ငံတွင် တည်ဆောက်ထားပြီးမှ ထိုင်းပြည်သူများ ၀ိုင်းဝန်း ကန့်ကွက်ကြ သောကြောင့် မလည်ပါတ်ဖြစ်သောစက်ရုံအား သန်းဖြိုးသူကုမ္ပဏီမှ ၀ယ်ယူလာခြင်းဖြစ်ကာ ကော့သောင်း တွင် လာတည်ဆောက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
(၆) ကော့သောင်းနယ်တစ်ဝိုက်တွင် ရွာသွန်းသော မိုးရေအများစုသည် ၄င်းကျောက်မီးသွေးဓါတ်အားပေး စက်ရုံအနီးရှိ ယင်းဝါရေလှောင်တမံသို့ စီးဝင်သည်ဖြစ်ရာ ၄င်းရေကို အဓိကထားသောက်သုံးနေရသော ပြည်သူများအတွက် အလွန်ပင်အန္တရာယ်များလှပါသည်။
(၇)။ သို့ဖြစ်ပါ၍ ပြည်သူများ ဓါတ်အားခသက်သာပြီး အန္တရာယ်နည်းသော လျှပ်စစ်ဓါတ်အားကို အသုံးပြု နိုင်ရန်အတွက် ၄င်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံအား မြို့နှင့် (၁၀) မိုင်ခန့်အကွာအဝေးသို့ ပြောင်းရွှေ့တည်ဆောက်မောင်းနှင်ပေးပါရန် ရိုသေလေးစားစွာ အသနားခံတင်ပြအပ်ပါသည်။
ကျောက်မီးသွေးဓါတ်အားပေးစက်ရုံအနီးနေထိုင်သူများ
မိတ္တူကို
(၁)။ ပြည်ထောင်စုဝန်ကြီး၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(၂)။ ပြည်ထောင်စုဝန်ကြီး၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(၃)။ ပြည်ထောင်စုဝန်ကြီး၊ သစ်တောနှင့်သဘာဝပါတ်ဝန်းကျင်ထိမ်းသိန်းဝန်ကြီး
(၄)။ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး
(၅)။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တနင်္သာရီတိုင်းဒေသကြီး
(၆)။ ၀န်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး
(၇)။ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုး၊ ကော့သောင်းခရိုင်၊ တနင်္သာရီတိုင်းဒေသ
(၈)။ မြန်မာနိုင်ငံလူအခွင့်အရေးကော်မရှင်
(၉)။ သတင်းမီဒီယာများ
(၁၀)။ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ
သမ္မတဆီကို ပေးပို့တဲ့စာ ပို့လိုက်တယ်။
ဆက်သွယ်ရမဲ့လိပ်စာတွေက
ကိုအောင်ကြည်သိန်း - ၀၉၄၁၀၀၅၇၅၆
ကိုလွမ်းကို - ၀၉ - ၄၉၈၉၃၀၅၃
Posted: 29 Apr 2012 09:24 AM PDT
ယခုလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲနေ့က လောင်းလုံမြို့ မဲရုံတရုံမြင်ကွင်း
ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ဝေဒီကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်း ကျေးရွာ အုပ်ချူပ်ရေးမှူးက အန်အယ်လ်ဒီပါဝင်များနှင့် ရွေးကောက်ပွဲတွင် ပါတီကို မဲထည့်ခဲ့သူများအား ခွဲခြားဖိနှိပ်မှူများ ပြုလုပ်လာခဲ့ကြောင်း ခွဲခြားဆက်ဆံခံရသူနှင့် ကျေးရွာသားများက ပြောကြားသည်။
အန်အယ်လ်ဒီပါတီဝင်များဖြစ်သည့် မုဆိုးမလေးဦး၏ နေအိမ်ခြံစည်းရိုးများအား အစိုးရလမ်းပေါ် ကျူးကျော်နေသည့် အတွက် ဧပြီလ ၂၂ ရက်စွဲဖြင့် တစ်ပတ်အတွင်း ဖျက်ပေးရန် စာထုတ်ခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့တွင် ခြံစည်းရိုးနှစ်ခုအား အဖျက်ခံရပြီးဖြစ်ကြောင်း အင်အယ်လ်ဒီပါတီ၏ စည်းရုံးရေးမှူး တစ်ဦးဖြစ်သူ ဦးစိုးမောင်လေး က ဆိုသည်။
ကျေးရွာလမ်းချဲ့ရန်အတွက် တစ်ရွာလုံးအနေအထားဖြင့်ချဲ့ရမည်ဆိုလျှင် လုပ်ပေးနိုင်ကြောင်း ၊ လမ်း အတွက် လှူလျှင် ကုသိုလ်ရသည်ဟုပင် ခံယူကြောင်း ခြံစည်းရိုးအဖျက်ခံရသူများနှင့် ကျေးရွာသူ ရွာသား အချို့ကပြောသည်။
" ကျွန်တော်ကိုလည်း ဘိလိယက်ခုံပိတ်ဖို့၊ လမ်းဘေးက ကွမ်းဆိုင်လေးကို ပိတ်ပေးရမယ်လာပြောတယ် " ဟု အုပ်ချူပ်ရေးမှူး၏ ဖခင်က ဆိုသည်။ ဝေဒီကျေးရွာအတွင်းတွင် ဘိလိယက်ခုံပိုင်ရှင်သုံးဦးရှိသည်။
ကြားဖြတ်ရွှေးကောက်ပွဲပြီးကတည်းက အသေးအဖွဲကိစ္စလေးများမှသည် ယခုကဲ့သို့ ခြံစည်းရိုးဖျက်ပေး ရသည့် ကိစ္စများအထိ ခွဲခြားဆက်ဆံမှူများရှိကြောင်း အုပ်ချူပ်ရေးမှူး၏ ဖခင်ကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး လောင်းလုံးမြို့နယ် အန်အယ်လ်ဒီ ရုံးသို့ ဆက်သွယ်ရာ " ကျွန်တော်တို့အနေနဲ့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ အကြံပေးရုံပဲ အကြံပေးနိုင်တာပါ " လောင်းလုံမြို့နယ်မှာ အင်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးရွှေတင်က ဆိုသည်။
ယခုကဲ့သို့ ပါတီဝင်များအရေးကို လုပ်ဆောင်ပေးနိုင်ခြင်းမရှိလျှင် ၂၀၁၅ ရွှေးကောက်ပွဲတွင် စည်းရုံးရေး အတွက် အခက်အခဲဖြစ်နိုင်သည်ဟု ဝေဒီကျေးရွာမှ အင်အယ်လ်ဒီပါတီ စည်းရုံးရေးမှူး ကိုစောမောင်လေး က ပြောကြားသည်။
လောင်းလုံမြို့နယ်၏ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်စိုးမှာ ရန်ကုန်သို့ ရောက်ရှိနေသဖြင့် ဝေဒီကျေးရွာတွင် ဖြစ်နေသည့်ကိစ္စကို မသိသေးပဲ လွတ်တော် မတက်ဖြစ်သေး၍ ပြန်ရောက်လာလျှင် အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ ။
Yangon press international
Posted: 29 Apr 2012 08:51 AM PDT
၂၀၁၂ ဧပြီ ၂၉ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter from Burma: Flowers in her hair ဆောင်းပါးဘာသာပြန်
၂၀၁၂ခုနှစ် ဧပြီ ၁၆ ရက်ဟာ ကျွန်မမိခင် ဒေါ်ခင်ကြည် ရဲ့ တရားဝင်မွေးနေ့ဖြစ်ပါတယ်။ တရားဝင်လို့ ကျွန်မ ဘာကြောင့်ပြောရပါသလဲဆိုရင် သူ့ရဲ့အမျိုးသားမှတ်ပုံ တင်ကဒ်၊ နိုင်ငံကူးကဒ်နဲ့ အခြား ထင်ရှားတဲ့ စာရွက်စာ တမ်းများမှာ အဲဒီမွေးနေ့အတိုင်းပဲ မှတ်တမ်းတင်ရေး ထားလို့ပါပဲ။ တကယ်တန်းမှာတော့ တရားဝင်ရေးမှတ် ထားတဲ့ မွေးနေ့ထက် တနှစ်နောက်ကျပြီး မေမေဟာ မွေးဖွားခဲ့တာပါ။ စန္ဒြမာသ မြန်မာသုံးပြက္ခဒိန်ပါမွေးနေ့ မွေးရက်ကို ဂရိဂေါ်ရီယံ ကမ္ဘာသုံးပြက္ခဒိန်နဲ့ ညှိနှိုင်း ပြောင်းလဲရာမှာ မှားယွင်းခဲ့လို့ဖြစ်ပါတယ်။ ဒီမွေးနေ့ ရက်ကိုပဲ မေမေ့ရဲ့"ရာပြည့်"မွေးနေ့အဖြစ်ပဲ ကျွန်မသတ်မှတ်ပါတယ်။ ဒီအခွင့်အရေးကို အရယူပြီး ဘဝတလျှောက်လုံး အကျိုးပြုလုပ်ငန်းများမှာ နှစ်မြှုပ်ထားခဲ့ပြီး ထူးခြားတဲ့ ဂုဏ်သိက္ခာ မြင့်မြတ် ကြံ့ခိုင်မှုရှိ အမျိုးသမီးကြီးအနေနဲ့ ကျွန်မချီးကျူးဂုဏ်ပြု ကန်တော့လိုပါတယ်။
ကျွန်မမိခင်ကို ဧရာဝတီမြစ်ဝကျွန်းပေါ်က မြို့ကလေးတမြို့မှာမွေးဖွားခဲ့ပါတယ်။ မောင်နှမသား ချင်း ၁၀ ယောက်ထဲက အဋ္ဌမမြောက်သမီးဖြစ်ပါတယ်။ ကျွန်မအဘိုးအဘွားများက သူ့ကို နောက် ဆုံးကလေးပဲ လို့ထင်မှတ်ခဲ့လို့ မိသားစုအတွင်းမှာ "အငယ်မ" လို့ခေါ်ခဲ့ကြပါတယ်။ ကျွန်မမိခင်က သူ့ရဲ့ကလေးဘဝကို နွေးထွေးမှုများ၊ အစားကောင်းများနဲ့ မိသားစုဝင်များကို ပျော်ရွှင်ရယ်မောမှု များဖြင့်ပြည့်ဝစေတဲ့ အခြားအဆင်ပြေမှုများ ပြည့်လျှံနေတဲ့အိမ်ကြီးတဆောင်က ပျော်ရွှင်စရာအ ချိန်များအဖြစ် အမြဲတန်းပြောပြခဲ့ပါတယ်။ ကျွန်မအဘိုးက မချမ်းသာပါဘူး။ စည်ပင်သာယာဌာန မှာ အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမင့် လူနေမှုစရိတ်က နည်းပါးပြီး ကျွန်မအဘွားက ကျွမ်းကျင်တဲ့ အိမ်မန်နေဂျာဖြစ်လေတော့ သူ့ကလေးတွေမှာ မရှိတာမဖြစ်စေရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ကျွန်မရဲ့အဘိုးအဘွားတွေဟာ မြို့မှာအလေးစားခံရသူများဖြစ်ကြပါတယ်။ ကျွန်မအဘိုးက အရွယ်ရောက်လာ ချိန်မှာ ခရစ်ယာန်ဘာသာဝင်အဖြစ်ကူးပြောင်းသွားခဲ့ပါတယ်။ သူ့ဇနီးကတော့ ဗုဒ္ဓဘာသာကို အလွန်ကိုင်းရှိုင်း သူအဖြစ်ဆက်လက်ကိုးကွယ်နေတဲ့အတွက် သူတို့ကို တခုခု ထူး ခြားးတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ အစမတော့ ကျွန်မရဲ့အဘွားက သူ့ခင်ပွန်း ယုံကြည်မှု ပြောင်းလဲသွားခြင်းအပေါ် စိတ်ထိခိုက်ခံစားခဲ့ပါတယ်။ ကျွန်မရဲ့အဘိုး ခရစ်ယာန်သာသနာတွင်း အသွတ်သွင်းခံရာကို အဘွားက ဝမ်းနည်းပူဆွေးတဲ့အနေနဲ့ သူ့ရဲ့ ရှည်လျားတဲ့ဆံပင်ကို ဖားလျား ချလျက် ရင်အစုံကို လက်ဖြင့်ထုနှက်ရင်း အသုဘ ပို့ဆောင်သူတဦးအသွင်နဲ့ လိုက်ပါခဲ့ပါတယ်။ ကျွန်မအဘိုးဟာ ခေါင်းအေးအေးနဲ့ဟန်မပျက်နေနိုင်မှုကို ဘယ်နည်းနဲ့မှမထိခိုက်စေခဲ့ဘူးလို့ ကျွန်မ ကြားသိခဲ့ရပါတယ်။ အလွန်လေးစားထိုက်တဲ့သူ့ဇနီးရဲ့ မချုပ်ထိန်းနိုင်တဲ့အမူအရာကို လုံးဝ မသိသလိုပဲနေခဲ့ပါတယ်တဲ့။ ခရစ်ယာန်သာသနာအတွင်း သွတ်သွင်းခံရန် ဘုရားရှိခိုးကျောင်းအ တွင်း ဓမ္မတရားသံများကြား ဝင်ရောက်သွားခဲ့ပါတယ်တဲ့။ အဘိုးမှာ မှန်ကန်တဲ့ကိုယ်ပိုင်ယုံကြည်မှု များရှိနေသလို အဘွားမှာလဲ မှန်ကန်တဲ့ယုံကြည်မှုရှိနေတယ်ဆိုတာကို အဘွားရဲ့ သာမန် စိတ် ကောင်းရှိမှုနဲ့ ဖော်ရွေတဲ့စိတ်အနေအထားက မကြာခင် သိမြင်လက်ခံလာလိမ့်မယ်လို့ အဘိုးက နားလည်ခဲ့တာလဲ ဖြစ်ကောင်းပါတယ်။
ကျွန်မမိခင်ရဲ့မိသားစုဟာ ဘာသာရေးပဋိပက္ခမှ သိသိသာသာကင်းရှင်းခဲ့ကြပါတယ်။ ကလေးအ များစုက မိခင်ရဲ့ဗုဒ္ဓဘာသာကို ကိုးကွယ်ကြလျက် သား ၂ ယောက်ကတော့ ခရစ်ယာန်ဘာသာ ဝင်များဖြစ်ကြပါတယ်။ သမီး ၄ ယောက်ကတော့ ရန်ကုန်မြို့ကြည်မြင်တိုင်အရပ်ရှိ အမေရိကန် နှစ်ခြင်းခရစ်ယာန်သာသနာမစ်ရှင်က ဖွင့်လှစ်ထားတဲ့ အမျိုးသမီးများကျောင်းမှာ ပညာသင်ကြား ခဲ့ကြပါတယ်။ ဒါပေမင့် အဲဒိကျောင်းဟာ ကျောင်းသူများကို အထူးသဖြင့် မြန်မာမှုမြန်မာဟန်နဲ့ ကျက်သရေဂုဏ်သိမ်ရှိမှု၊ စည်းကမ်းရှိမှုကို ဖွံ့ဖြိုးတိုးတက်စေလျက်ပါ။ ကြည့်မြင်တိုင်အရပ်မှာ ပညာသင်ခဲ့ရတဲ့နှစ်များနဲ့ နောက်ပိုင်းမှာ စကော့အမျိုးသမီးတဦး ဖွင့်လှစ်ခဲ့တဲ့ မော်လမြိုင်ဆရာ အတတ်သင်ကောလိပ်ရဲ့ ရှားပါးတဲ့ပုံသွင်းမှုတို့ကြောင့် ကျွန်မမိခင်ကို စည်းကမ်းရှိသူ၊ အရည်အ ချင်းရှိစွာ ကိုယ့်အားကိုယ်ကိုးသူ၊ မိမိဘဝကိုထိန်းသိမ်းရန် အရည်အသွေးရှိကြောင်းအပြည့်အဝ ယုံကြည်မှုရှိသူအဖြစ် ရပ်တည်စေခဲ့ပါတယ်။ အဲဒိ ဉာဉ်လက္ခဏာတွေ ရင့်ကျက်ပြည့်ဝနေကြာင်းကို သူနာပြုအလုပ်ကိုလက်ခံဘို့ သူ့အိမ်နားရှိ အမျိုးသားကျောင်းမှ စာသင်နေ တဲ့အလုပ်ကထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြင့် ကျွန်မမိခင်က သက်သေထူခဲ့ပါတယ်။
ကျွန်မမိခင်ရဲ့ဇာတိမြို့မြောင်းမြမှာ ခရစ်ယာန်ဘာသာဝင်အများစုဟာ ကရင်လူမျိုးများဖြစ်ကြပါ တယ်။ ခရစ်ယာန်ဘာသာဝင်အဖြစ်မကူးပြောင်းခင်ကတည်းက ကျွန်မအဘိုးမှာ ကရင်မိတ်ဆွေ များစွာရှိခဲ့ပါတယ်။ (သူတို့ကတဆင့် သမ္မာကျမ်းစာရဲ့အဆုံးအမများကို စိတ်ဝင်စားခဲ့ပါတယ်။) ခရစ်ယာန် နှစ်ခြင်းသာသနာကိုဝင်ရောက်ပြီးနောက် ကရင်လူမျိုးများဟာ မိသားစုအသိုင်းအဝန်း ဖြစ်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီမှာ မသင့်တော်မလျော်ကန်တဲ့ သိက္ခာမဲ့စေတဲ့အလုပ်လို့ သတ်မှတ်ခံရတဲ့ သူနာပြုလုပ်ငန်းမှာ မြန်မာအမျိုးသမီးအချို့ ဝင်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။ သူနာပြု အများစုမှာ ဥရောပ-အာရှသွေးနှောများ ဒါမှမဟုတ် ကရင်လူမျိုးများဖြစ်ကြပါတယ်။
သူတို့ရဲ့ကရင်သူငယ်ချင်းများရဲ့အားပေးမှုနဲ့ အထူးသဖြင့် လူမှုဝန်းထမ်းလုပ်ငန်းကို အထူးတိုး တက်အောင်လုပ်ရမယ်ဆိုတဲ့ ခရစ်ယာန်အမြင်များအရ သူတို့ဘခင်ရဲ့တိုက်တွန်းအားပေးခြင်း ကြောင့် ကျွန်မမိခင်ရဲ့အစ်မ ၂ ယောက်ဟာ သူနာပြုသင်တန်းကိုစတင်တက်ရောက်ခဲ့ကြပါတယ်။ လက်ထပ်ထိမ်းမြားခြင်းနဲ့အခြားအကြောင်းအရာများက သူတို့ကိုသင်တန်းပြီးဆုံးမှုမှ ဟန့်တားခဲ့ပါ တယ်။ ကျွန်မရဲ့မိခင်က ကျောင်းဆရာမအလုပ်ကိုစွန့်လွှတ်ပြီး သူနာပြုအဖြစ်လုပ်ကိုင်မယ်လို့ ကြေညာလိုက်တော့ သူမရဲ့မိခင်ကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။ ကျောင်းဆရာ၊ ဆရာမ များဟာ အလွန်အလေးစားခံခဲ့ ရပါတယ်၊ အိမ်မကွာအိုးမကွာ အလုပ်လုပ်တဲ့ သမီးတယောက်ရှိ နေတာကောင်းတယ်၊ သမီးကြီး ၂ ယောက်ရဲ့အတွေ့အကြုံအရ ပင်ပန်းခက်ခဲတဲ့ အဆင့်အတန်း နိမ့်တဲ့အလုပ်ကို ကျွန်မရဲ့မိခင်လုပ်နိုင်စွမ်းရှိမှာကို ကျွန်မရဲ့အဘွားက အယုံအကြည်မရှိခဲ့ပါ။ ဒါပေ မင့် မေမေဟာ သန္နိဋ္ဌာန်ခိုင်မာသူဖြစ်ပါတယ်။ သူမဟာ ရန်ကုန်ကိုသွားခဲ့ပြီး အစမ်းခန့်သူနာပြုအ ဖြစ် ရန်ကုန်ဆေးရုံကြီးဝန်ထမ်းအနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူနာပြုဖြစ်ဘို့စိတ်ပိုင်းဖြတ်မှုဟာ မေမေ့ရဲ့ဘဝလမ်းကြောင်းကိုအဆုံးအဖြတ်ပေးခဲ့ပါတယ်။ သူနာ ပြုလုပ်ငန်းဟာ သူမရဲ့ အမှန်တကယ်အသက်မွေးဝမ်းကျောင်းဖြစ်ပါတယ်။ သူနာပြု၊ ဝမ်းဆွဲအ တတ်ပညာနဲ့ ခွဲစိတ်ခန်းသူနာပြုအောင်လက်မှတ်များကို မေမေဟာ မှန်မှန် အောင်မြင်ရယူခဲ့ပါ တယ်။ ဒိထက်ပိုလို့လဲ သူ့မိဘများအပေါ် ခိုင်မာစွဲမြဲစွာကျေးဇူးတင်မှုနဲ့ ချစ်ခြင်းမေတ္တာများ ပိုမိုထား ရှိခဲ့ပါတယ်။ သူမရဲ့ထိတွေ့မှုဟာ ယုံကြည်စေမှုနဲ့ သိမ်မွေ့မှုများပါရှိလျက် အရိုးဆုံးဆောင်ရွက်မှု အဖြစ်လဲ ဖော်ပြနေခဲ့ပါတယ်။ ကျွန်မရဲ့ ကိုယ်ပူချိန်နဲ့သွေးခုန်နှုန်းကိုယူလိုက်တဲ့ မေမေရဲ့လုပ် ဆောင်မှုအတွက် တူညီနှိုင်းဆမှုကို ကျွန်မ ဒီနေ့အထိကို မတွေ့မြင်မိပါဘူး။ စွဲလမ်းတပ်မက်စွာ ဂရု တစိုက်ကြင်နာမှုများကိုမေမေလုပ်ဆောင်နေတာတွေကို ကျွန်မစောင့်ကြည့်ခဲ့ပါတယ်။ သူမဟာ ဆေးပညာရှင်၊ သူမဟာကျွမ်းကျင်တတ်မြောက်သူ၊ သူမကိုယ်တိုင်ကိုက မေတ္တာဂရုဏာရှင်ဖြစ် နေတာကြောင့် ကွန်မအနားကို မေမေရောက်လာရင်ပဲ ကျွန်မအဖျားတဝက်က ပျောက်သွားသလို ပါပဲ။
အချစ်နဲ့စိတ်ကူးယဉ်မြူမှုံတွေကြားကအတိတ်ကို ကလေးတယောက်ရဲ့မှတ်မိခြင်း စိတ်တက်ကြွမှု လို့ဆိုနိုင်ပါတယ်။ ဒါပေမင့် မေမေ့ရဲ့ရာသက်ပန်မိတ်ဆွေများဖြစ်ခဲ့တဲ့ သူမရဲ့လူနာဟောင်းကြီးများ ကတော့သူမရဲ့ထူးခြားတဲ့ သူနာပြုအရည်အချင်းများကို လွန်ကဲတဲ့စကားလုံးများနဲ့ ချီးကျူးထော ပနာပြုခဲ့ကြပါတယ်။
သူမရဲ့ ဂရုပြုစောင့်ရှောက်မှုအောက်မှာရောက်လာခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ နုပျိုတဲ့ စစ်ဦးချုပ်က သူမကို သူ့ရဲ့ဘဝလက်တွဲဖော်အဖြစ်လိုလားခဲ့တာဟာ မထူးဆန်းပါဘူး။ ၁၉၄၂ ခုနှစ် မှာ ချစ်ရေးဆိုလို့ အငြင်းမခံလိုက်ရသူကတော့ ကျွန်မဘခင် "ဗိုလ်ချုပ်အောင်ဆန်း" ပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
၂၀၁၂ ဧပြီ ၂၉ ၊ မိုင်အိနိချိသတင်းစာ၊ ဂျပန်
[၂၀၁၂ ဧပြီ ၂၉ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter from Burma: Flowers in her hair ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။]
မောင်မောင်လှကြိုင်
၂၀၁၂ ဧပြီ ၂၉
Posted: 29 Apr 2012 07:37 AM PDT
Maids Stories(1)
မြန်မာနိုင်ငံမှ အိမ်ဖော်ခေါ်ယူရေးအတွက် မလေးရှားမှ ကြိုးပမ်းနေမှုများကြောင့်၊ မလေးရှား တွင်အိမ်ဖော်များ မည်သို့ညှဉ်းပန်းနှိပ်စက်ခံရပြီး၊ မတရားမ...ှုများနှင့် ကြုံတွေ့နေရသည့်အခြေ အနေများအားတတ်နိုင်သမျှ ရှာဖွေရေးသားခဲ့သမျှကို PDF ဖြင့် တင်ပေးလိုက်ပါသည်။ သူငယ်ချင်းများအားလုံးတတ်အားသမျှ ရှယ်ပေးကြပါရန် နှင့် ပြည်တွင်းထိ သိစေရန်တစ်တပ်တစ်အား ဆောင်ရွက် ကြပါရန်...
လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မလေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာ ဇာတ်ခင်းနေသော သိန်းစိန်နှင့် အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သမိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက် မဖြစ်စေရန် ကာကွယ်ကြပါစို့.. ဟု လေးစားစွာ တိုက်တွန်းရင်း……
ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။
ဆက်လက်ဖော်ပြပါမည်။
Friend Ever (နွားကျောင်းသား)
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
ရိုဟင်ဂျာ နှင့် လက်နက်ကိုင်
ဒီဓာတ်ပုံထဲမှာပါတဲ့ကောင်တွေနဲ့ သူတို့ရဲ့သခင်တွေဟာ လူဦးရေအဆမတန်တိုးပွားနေတဲ့ ဘင်္ဂလားဒေ့ရှ်မှာ မနေနိုင်တော့တဲ့ ဘင်္ဂလီကုလားတွေကို ရွေ့ပြောင်းအခြေချတဲ့နေရာမှာ ဘယ်လမ်းကြောင်းမျိုးမှာမဆို အသုံးချလို့ရတဲ့ ခြေလျင်စစ်သည်တွေအဖြစ် အသုံးပြုပြီးတော့ မြန်မာပြည်ကို ထိုင်းနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်ကို ဆက်သွယ်မယ့် ပေါင်းကူးတံတားအဖြစ် အသုံးပြုချင်နေကြပါတယ်။တကယ်လို့ ဗမာတွေကို သိမ်းသွင်းနိုင်ရင် (အကယ်၍ ရခိုင်ကို သိမ်းသွင်းနိုင်ရင် ဗမာပြည်ကိုလည်း သိမ်းသွင်းနိုင်တယ်။ ထူးထူးခြားခြား KNU ထဲကတချို့ဆိုရင် ဒီဘင်္ဂလီကုလားစစ်သွေးကြွတွေရဲ့ မဟာမိတ်တစ်ခုအဖြစ် သိမ်းသွင်းခံရတာမျိုး ရှိခဲ့တယ်။ သူတို့ရဲ့ဗျူဟာထဲမှာ သံသယရှိစရာကောင်းတဲ့အချက်က လူတစ်ဒါဇင်လောက်စုမိတာနဲ့ ၀တ်ပြုဖို့နေရာတစ်ခုကို ရအောင်လုပ်တာမျိုးတွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းကို ဦးတည်ဝင်ရောက်ဖို့ လမ်းကြောင်းဖန်တီးနေတာ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ချောက်၊ရေနံချောင်း မကွေးလိုမြို့တွေဆီကိုပေါ့လေ။ လောလောဆယ်အနေအထားမှာ သူတို့ရဲ့ဗျူဟာက ရခိုင်ပြည်နယ်ကို demography (သန်းခေါင်စာရင်း) ၀င်ပြီး လူဦးရေတိုးပွားနှုန်းနဲ့ ထိန်းချုပ်ဖို့ ဖြစ်တယ်။ ရခိုင်ပြီးရင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဆီကို ဦးတည်ထားပါတယ်။ တကယ်လို့ ဒီကုလားတွေသာ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံကို ချိတ်ဆက်နိုင်ပြီဆိုရင် နဂိုကတည်းက ဒေသခံစစ်သွေးကြွတွေ လက်ထဲမှာ မငြိမ်မသက်ဖြစ်နေတဲ့ ထိုင်းတောင်ပိုင်းဟာ အင်ဒိုနီးရှားကနေ တူရကီ ဒါမှမဟုတ် ဘော်လကန်ဒေသက အုပ်စုတွေနဲ့ ဆက်သွယ်ဖို့ လူ့အဖွဲ့အစည်းအနေနဲ့ပဲ ဖြစ်ဖြစ်၊ ပထ၀ီအနေအထားအရပဲဖြစ်ဖြစ် ဘယ်လိုမှဖြတ်တောက်လို့ မရနိုင်တဲ့ အနေအထားကို ရောက်ရှိသွားပါလိမ့်မယ်။ အနီးစပ်ဆုံးပြရမယ်ဆိုရင် ကိုဆိုဗိုဒေသဟာ ဆာ့ဗ်တွေလက်ကနေ အယ်ဘေးနီးယန်း အခြေချနေထိုင်သူတွေလက်ထဲ ရောက်သွားတာကိုပဲ ကြည့်ပါ။ ကျွန်တော်တို့လည်း ဒီပြဿနာမျိုးကို ကြုံတွေ့လာနိုင်ပါတယ်။တကယ်လို့ မြန်မာတွေအနေနဲ့ အပြင်က၀င်လာတဲ့ မူဂျာဟစ်တချို့ကိုမောင်းထုတ်ဖို့ ဆာ့ဗ်တွေထောင်လိုက်တဲ့ ပြည်သူစစ်တပ်ဖွဲ့တွေနဲ့ အမေရိကန်သမ္မတ ဘီလ်ကလင်တန်က စေလွှတ်လို့ အဲတုန်းက ဆော်ဒီနဲ့ပြေလည်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောဘရိုက်ရဲ့ အစီအစဉ်နဲ့ ၀င်လာတဲ့ ဗုံးခွဲသမားတွေ တွေ့ခဲ့တဲ့ ပုံစံမျိုး ပြည်တွင်းမှာ အဓိကရုဏ်း ဆူဆူပူပူဖြစ်အောင် မလုပ်မိဖို့လိုပါလိမ့်မယ်။ အဲဒီတုန်းက မစ္စအောဘရိုက်ဆိုတာ ခုလက်ရှိဘင်္ဂလီကုလားတွေရဲ့ သခင်မ ဘီဘီစီက အင်နာဂျုံးလ်လိုမျိုး အယ်ဘေးနီးယန်းတွေရဲ့ မင်းသမီးတစ်ပါးပေါ့လေ။ အကယ်၍ ကျွန်တော်တို့သာ ဒီ လက်ထဲက ပြဿနာရဲ့ အရေးကြီးတဲ့အချက် ဒါမှမဟုတ် အရေးယူပိုင်ခွင့်ကို ဆုပ်ကိုင်ဖို့ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အားလုံး အနိုင်ကျင့်ခံရတဲ့ ဒုက္ခသည်အဖြစ် မိတ်ကပ်လိမ်းငိုပြနေတဲ့ အယ်ဘေးနီးယန်းသူခိုးတွေလက်မှာ မိမိတို့ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်လာခဲ့တဲ့ မြေတွေကို ဆုံးရှုံးခဲ့ရတဲ့အပြင် ဗီလိန်အဖြစ်၊ အနိုင်ကျင့်သူတွေအဖြစ် နာမည်ပျက်ခဲ့ရတဲ့ ဆာ့ဗ်တွေရဲ့ ဘ၀လိုမျိုး ဖြစ်သွားပါလိမ့်မယ်။ တကယ့်အဖြစ်မှန်မှာတော့ အဲဒီအယ်ဘေးနီယန်းတွေ ဆာ့ဗ်တွေအပေါ်မှာ ဆိုးဆိုးဝါးဝါးလုပ်ခဲ့တာ အများကြီးရှိခဲ့ပေမယ့် ဘယ်သူမှ သူတို့လုပ်တာကို အဖြစ်မှန်ဖော်ထုတ်ဖို့ အလေးမထားခဲ့ပါဘူး။ ဒါတွေကြောင့် ကျွန်တော်တို့အနေနဲ့ တရားမျှတမှုမရှိတဲ့ ကမ္ဘာမှာနေထိုင်နေရပါတယ်လို့ စောဒကတက်လို့မရပါဘူး။ဒါပေမယ့် ကျွန်တော်တို့ဟာငွေနဲ့ပေါက်ပြီး ထိန်းချုပ်ထားတဲ့ သတင်းလောက၊ အဲဒီသတင်းလောကသားတွေကနေ ထိန်းချုပ်ခံနေရတဲ့ စိတ်ဓာတ်တွေ ဒါမှမဟုတ် တနည်းအားဖြင့် စောက်ရူးစိတ်ဓာတ်တွေရှိနေတဲ့ ကမ္ဘာမှာ နေထိုင်နေရပါတယ်။ ဓာတ်ပုံထဲကောင်တွေကိုကြည့်ရတာ တကယ်ခွေးတွေဖြစ်လိမ့်မယ်။ ဒီလိုကောင်စားမျိုးတွေကို ကျည်ဆန်နဲ့ ပစ်သတ်ဖို့တောင် မတန်ဘူး။ ဒါပေမယ့် ကျွန်တော်တို့မမေ့သင့်တာတစ်ခုက ဒီကောင်တွေရဲ့ စစ်ရေးစွမ်းရည်နဲ့၊ တိုက်ရည်ခိုက်ရည်ဘယ်လောက်အတိုင်းအတာ ရှိတယ်ဆိုတာပါပဲ။ကိုဆိုဗို (ဘော်လကန်အရေးအခင်း)မှာ Serbian Chetniks အမျိုးသားရေးဝါဒီမဟုတ်တဲ့ ကြေးစားစစ်သားတွေဟာ စစ်ကို ကောင်းကောင်းမတိုက်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ နေတိုးစစ်သားတွေကို ကောင်းကောင်း ကန်ထုတ်နိုင်ခဲ့ပေမယ့် ဆာ့ဗ်တွေဟာ ငွေကြေးစစ်ပွဲ (သို့) ၀ါဒဖြန့်စစ်ပွဲမှာ ကျရှုံးခဲ့ရပါတယ်။ အယ်ဘေးနီးယန်းတွေရဲ့နောက်ကွယ်မှာ ဆော်ဒီအာရေးဗီးယားက ထောက်ပံ့မှုတွေပြုလုပ်နေပြီး ဘော်လကန်ဒေသတွင်းမှာ အီရန်ရဲ့သြဇာကြီးမားလာမှုကို တုန့်ပြန်နိုင်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီကြေးစားစစ်သားတွေကြားမှာ တချို့တွေကျူးလွန်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှု၊ မုဒိန်းမှု၊ လူသတ်မှုတွေကို ဆာ့ဗ်တွေ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ မြန်မာတွေအနေနဲ့ ဆာ့ဗ်တွေဆီကအတွေ့အကြုံကို သင်ခန်းစာယူပြီး ဒီကိစ္စကို လူမျိုးရေး ဒါမှမဟုတ် ဘာသာရေးကိစ္စအဖြစ် ခေါင်းစဉ်တပ်တာမျိုး လုံးဝမလုပ်ပဲ လူဝင်မှုကြီးကြပ်ရေး ပြဿနာအဖြစ် စနစ်တကျကိုင်တွယ်နိုင်ဖို့လိုအပ်နေပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးလည်း သူ့ထဲမှာဖြစ်ပေါ်နေတဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုတွေကို မျက်ခြေမပြတ်လေ့လာပြီး ဒီလူဝင်မှုကြီးကြပ်ရေးကို အလေးထားကိုင်တွယ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အကယ်၍ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ဦးနှောက်မရှိပဲ ဗရမ်းဗတာလုပ်မယ်ဆိုရင် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ဘေးပတ်ပတ်လည်က မျိုးမစစ်တွေကို ၀ိုင်းဆဲခွင့်၊ကဲ့ရဲ့ပြစ်တင်ခွင့် ပြုလိုက်သလိုဖြစ်သွားမယ်ဆိုတာ သတိပြုမိစေလိုပါတယ်။ အဲဒီအနေအထားကိုရောက်သွားရင်တော့ ကျွန်တော်တို့အားလုံးလည်း ဘင်္ဂလီချီးတွင်းထဲ ဇောက်ထိုးမြှုပ်ခံရမယ်ဆိုတာ မမေ့ကြပါနဲ့။(Translate from comment of-U Aung Aung Ko
The right to respect but not protect
Tulsathit Taptim
tulsathit@nationgroup.com April 25, 2012 1:00 am
The right to respect but not protect
Since the oath-taking controversy in Myanmar is about being able to say what one wants to say, this article doesn't want to buck the trend.
Here's my take on what the people who matter may want to say to one another if there was no hindrance of diplomatic etiquette and political correctness.
Imagine a Skype conference between a senior Washington official, a National League for Democracy spokesman and a top European Union representative.
White House official: What on earth is going on over there?
NLD spokesman: We are not taking the parliamentary oath. It's as simple as that.
White House official: I know. But tell me why you can't "protect" the Constitution while you can "respect" it. What's the difference? Correct me if I'm wrong, but if you respect something, don't you naturally want to protect it?
NLD spokesman: Respect can also mean to acknowledge the existence of. We essentially want to say we accept that the Constitution is there and we can't do anything about it, but we are not willing to die in defence of the charter.
White House official: It's great to be idealistic. But if to be symbolic about the charter is so important, why did you participate in the election, which was held under the auspices of this Constitution to begin with?
NLD spokesman: Go to Thailand and ask why the Pheu Thai Party wants to write a new Constitution. They've won power under a Constitution they hate. Don't you see a bigger irony there?
EU representative: Don't bring Thailand into this. Your boycott of parliament opening almost puts egg on our faces. We were easing sanctions against your country, for God's sake.
NLD spokesman: With all due respect, sir, it seems to me that the whole sanctions lifting, high-profile visits and singing of Myanmar's praises have more to do with the junta. You bought what the junta told you would happen. It has little to do with us.
EU representative: As if you didn't buy what the junta told you as well. You competed in the election.
NLD spokesman: Do you want me to recount how many Thein Sein cheerleaders from your part of the world have jammed our hotels? You gave us the signals.
EU representative: You did, too. Your leader Aung San Suu Kyi said that easing of sanctions would help reformers in your country. Are you now saying you don't need our money?
NLD spokesman: It depends on where your money ends up.
White House official: Knock it off, you two. Myanmar can't fail. That's our bottom-line. Do you understand? If dictatorship prevails, we'll all lose.
EU representative: We'll just re-impose sanctions.
White House official: And make us all look like a bunch of fools? Let's get serious. We're in too deep now. The whole world is divided into those who believe us on the bright future of Myanmar and those who are ready to laugh if the junta is taking us for a ride.
NLD spokesman: Show us you are serious then. Tell the junta to change the parliamentary oath. Tell them change it or five more years of sanctions.
White House official: That would give many investors heart attacks. Come on. Just say the oath and forget about it. Nobody takes any oath seriously anymore. Besides, you can change it later when you get majority control of Parliament. When the time comes, you can get Thai advice on how to do it.
NLD spokesman: The Thais aren't even sure they can do it without bloodshed.
White House official: That's the whole point, don't you see? Thailand is Exhibit A of what happens when people can't compromise. Don't repeat your neighbour's mistakes.
NLD spokesman: You have to be stubborn to get democracy. If we obey the parliamentary rules and say the oath, we lose already. A pledge of allegiance is a big deal. At least it is in your country.
EU representative: Whatever pledge you take, the military can come in and say you're done. If that happens, it won't matter whether you protect or respect the Constitution.
White House official: True. Just ask Thailand.
NLD spokesman: They have problems because they don't really care about their Constitution. They don't think of their charter in terms of common values; they just change their highest law back and forth to serve themselves and neutralise enemies.
White House official: Are you telling us it's different in Myanmar? What if you manage to write your own Constitution in the future and a minority bloc in Parliament doesn't accept it?
NLD spokesman: We'll just tell them to respect it. Case closed.
White House official: Or we are back where we started. Haven't you read The Wall Street Journal today? Its editorial says you can't afford the politics of symbolic grand gestures. They even suggest that with sanctions easing and you flip-flopping, the junta might be laughing all the way to the bank and go back to persecuting the opposition again.
NLD spokesman: You guys bet on the junta, not us. Now your stakes are our responsibility, eh? Tell me, how did it go from fight-the-junta-and-we-are-behind-you to try-to-get-along-with-the-junta?
EU Representative: You ran in the election; that's how.
NLD spokesman: We didn't do that so we could swear we will die protecting the Constitution. We did it so we can condemn it.
White House official: You mean respect it?
NLD spokesman: Whatever.
Posted: 29 Apr 2012 01:22 AM PDT
ယနေ့ မြန်မာနိုင်ငံသို့ (၃)ရက်ကြာ အလည်အပတ် ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာအား Ban Ki-moonနဲ့ဇနီး Yoo Soon-taekတို့အား ကြိုဆိုနှုတ်ဆက် သူများနဲ့ အတူတွေ့ရစဉ်..
ဓာတ်ပုံ AP
Posted: 29 Apr 2012 01:05 AM PDT
 "ငါ့နိုင်ငံတော်ငါ့နိုင်ငံသားငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏" 
လေးလုံးဆောင်ပြီး တိုင်းပြည်မျက်နှာကို မကြည့်တဲ့ အမျိုးချစ် တပ်မတော်သား အဟောင်းတွေ မလိုအပ်တော့
ပါဘူး။ စားလို့လည်း လျှံ နေကြပါပြီ တိုင်းပြည်အတွက်၊ မိမိ ကိုယ်ကျိုးအတွက် တိုင်းပြည် သယံဇာတတွေ
 ရောင်းစားခဲ့လို့ ကုန်နေပါပြီ။ နားကြပါတော့လို့ အကြံပြုချင်ပါတယ်။
ဌာနဆိုင်ရာတွေမှာလည်း တပ်မတော်သား အဟောင်းတွေက ဦးစီးအရာရှိ / လက်ထောက်မန်နေဂျာ ကနေ ညွှန်ကြားရေးမှူး
ချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူး အထိ နေရာယူထားကြပါတယ်။ တပ်က အငြိမ်းစားယူလာတော့ သူတို့ရတဲ့ လစာက
 တပ်ပင်စင် လစာ + လက်ရှိရာထူးလစာ (ဦးစီးအရာရှိ /မာန်နေဂျာ ၊ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေး
မှူး ) ကိုရယူထားတော့ သူတို့အားလုံးက လစာ နှစ်မျိုးခံစားနေကြတာပါ၊၊ဥပမာ - တပ်ကအငြိမ်စားယူလာတဲ့
 ဦးစီးအရာရှိ တစ်ယောက်က လစာ၁၀၀၀၀၀ိ/+ ပင်စင်လစာ ၈၀၀၀၀ိ/ = ၁၈၀၀၀၀ိ/ ရပါတယ်။
 အရပ်သားဦးစီးအရာရှိ တစ်ယောက်က လစာ၁၀၀၀၀၀ိ/ ပဲရပါတယ်။ အလားတူ အခြားရာထူးကြီး 
ယူထားသူတွေလည်း လစာနှစ်ဆ ယူကြတာပါဘဲ။ ယခင်ပင်စင် ဥပဒေမှာပင်စင်စား တယောက်တစ်ယောက် ဟာ 
အစိုးရရာထူး တစ်ခုခုကို ပြန်လည်ရယူရင် ပင်စင်လစာကို ပြန်လည်အပ်နှံရပါတယ်။ ယခုကတော့ လူကိုမုန်းရင်မူကို 
သုံးပြီး လူကိုချစ်ရင် မူကိုပြစ်နေကြတာပါ။ ဒါကတော့ အရပ်သားဝန်ထမ်းအားလုံး ခံစားနေကြရတာပါ။
လစာ နှစ်ဆ ရရှိနေကြတဲ့ သူတွေက သူတိုအချင်းချင်း ညီလေးရေ အကိုကြီးရေနဲ့ ဌာနဆိုင်ရာရဲ့ ဂွင်
ရှိတဲ့နေရာတွေ ကိုပို့ပေးကြတယ်။ ညီလေးက အကိုကြီးတွေအတွက် ဂွင်ဖန်ပေးရပါတယ်။ အကိုကြီးတွေအတွက်
 ဖန်ပေးရသလို ညီလေးကလည်း ကိုယ့်အတွက် အိတ်ထဲ ထည့်တာပေါ့။ အရပ်သားတွေထဲက သူတို့အတွက်
 အောက်ဆိုက် ဂွင်ဝိုင်းဖန်ပေးနိုင်သူတွေကို ပညာအရည်အချင်း မရှိလည်း ရာထူးတိုးပေးတယ်။ Diploma: Master :
MBA တွေ ဘယ်လောက်ကြီးပဲ ရနေ၊ တတ်နေလည်း သူတို့နဲ့ မပြေလည်ရင် ၊ Sorry ပါဘဲ။ နေပြည်တော်မှာက
 အရာရှိ စစ်ဗိုလ်လူထွက်တွေရဲ့မိန်းမတွေက ရန်ကုန်မှာ ကျန်ခဲ့တော့ သူအိမ်မှာ ၀န်ထမ်းတွေက ထမင်းဟင်းသွား
ချက်ပေးရတယ်။ တပ်ထဲ စစ်သားလုပ်သူရဲ့မိသားစုက တပ်ရင်းမှူးအိမ်မှာ ကျွန်လုပ်ရသလိုပေါ့။ ပညာတတ်တွေ
ကတော့ ဘယ်သွားကြမှာလဲဗျာ။ ဒီမှာတင် ဖားနိုင် ကျွန်ခံ နိုင်တဲ့ လူတွေ နေရာရတော့တာပါဘဲ။
မကျေနပ်ပေမဲ့လည်း ပြောပိုင်ခွင့် မရှိသလို နယ်ပြောင်းခံရမှာ ကြောက်ပြီး ငြိမ်နေကြရပါတယ်။ ဒီမကျေနပ်ချက်တွေ
 ပွင်အံ ကုန်တာကတော ၁-၄-၂၀၁၂ ရက်နေ့ နေပြည်တော် ရွေးကောက်ပွဲမှာ NLD ကို အပြတ်မဲပေးလိုက်ကြတာပါဘဲ။
ဒီအတွက် ရလဒ်ကတော့ ယခုနှစ် ၁၀၁၂-၁၀၁၃ Budget မှာ ၀န်ကြီးဌာနတွေ ကိုယ်ဝင်ငွေ ကိုယ်ရှာရမှာမို့
ဝန်ထမ်းများ ရာထူးတိုးပေးရေး ကို မစဉ်းစားနိုင်သေးသလို စက်သုံးဆီ သုံးစွဲမှုချွေတာရန် အတွက် ရန်ကုန်မှာ
 ဌာန အချို့ဝန်ထမ်းကြိုပို့ ယာဉ်တွေ မေလဆန်းမှာ စပြီးမကြိုတော့ဘူးလို့ အရာရှိကြီများက
ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်းပါ။
နေပြည်တော်မှာတော့ တစ်ပတ်နှစ်ရက် ပို့ပေးတဲ့ဈေးကြိုပို့ မလုပ်ပေးတော့ဘူးတဲ့။ အရာရှိကြီးတွေ နေပြည်တော်-ရန်ကုန်
စနေ တနင်္ဂနွေ အိမ်ပြန်ဘို့ ထည့်ပေးရတဲ့ဆီ ကိုတော့မလျှော့ပါဘူး။ တင်ပြချင်တာတွေ ကတော့ အများကြီးပါဘဲ။ တိုင်းပြည်
အတွက် စဉ်းစားပေးမဲ့ နိုင်ငံကို ချစ်တဲ့ စစ်သားကောင်းတွေ မှန်တယ်ဆိုရင် သစ္စာ စူးမှာ 
မကြောက်ကြဘူးလား။ နားကြပါတော့လို့ ပြောချင်ပါတယ်။
နေပြည်တော်မှ ၀န်ထမ်းတဦး
Posted: 29 Apr 2012 12:29 AM PDT
၂၀၁၀ခုနှစ်က နိုဝင်ဘာလက မြစ်ဆုံ၊ ချီဖွေ ဒေသများသို့ ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရေး ဆောင်ရွက်မည့် မြန်မာနှင့် နိုင်ငံခြားသားစာရင်း အစီရင်ခံစာတခု... ဤသို့ လူစုံတက်စုံ ပါဝင်ဆောင်ရွက်ခဲ့ကြသည်..။
Posted: 28 Apr 2012 11:19 PM PDT
ပြည်ထောင်စု ဝန်ကြီး၅ဦး အနားပေးဆိုပြီး ယခုတလော သတင်းစာမျက်နှာ အချို့မှာ
ဒီမိုဝေယံအမည်နဲ့ ထပ်မံဖြန့်ချီ ဖော်ပြနေပါတယ်..။ ၂၀၁၁ခုနှစ် နိုဝင်ဘာလက ဒီမိုဝေယံ ဘလော့ဂ်မှာ
 မှားယွင်းဖော်ပြခဲ့ပြီး ဖျက်သိမ်းထားခဲ့တဲ့ အဆိုပါသတင်းအား ယခုလတ်တလော ဒီမိုဝေယံမှ
 ရေးသားဖော်ပြသယောင် ထင်ယောင်ထင်မှား အမြင်မှားဖြစ်အောင် တစုံတဦးမှ
 ဖြန့်ချီသော သတင်းအား ရေးသားဖော်ပြနေပါတယ်..။
အဆိုပါ၂၀၁၁ခုနှစ် နိုဝင်ဘာလက ဖျက်သိမ်းထားခဲ့သော အဆိုပါသတင်းအား ဖော်ပြနေသည့်
သက်ဆိုင်ရာ အင်တာနက်ဘလော့ဂ်နှင့် သတင်းဋ္ဌာနသို့ စာရေး အကြောင်းကြား ထားပြီးဖြစ်ပါကြောင်း
 အသိပေးအပ်ပါသည်။ ဖျက်သိမ်းခြင်း မရှိပဲ ဆက်လက်ဖော်ပြနေပါက ဒီမိုဝေယံနှင့် မသက်ဆိုင်ပါကြောင်း အသိပေးအပ်ပါသည်...။ စိုးရိမ်ပူပန်မှုဖြင့် ဖုန်း၊  အီးမေးလ်များဖြင့် ဆက်သွယ် မေးမြန်းလာသူများ အားလည်း ကျေးဇူး အထူးတင်ရှိပါကြောင်း။
မည်သို့ပင် ယုံကြည်မှုကင်းမဲ့အောင် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်နေပါစေ
အမှန်တရားဘက်မှ ဆက်လက်ရပ်တည် ရေးသားတင်ပြသွားမှာ ဖြစ်ပါကြောင်း...
ဒီမိုဝေယံ
Posted: 28 Apr 2012 10:46 AM PDT
ရွှေညဝါဆရာတော်ကြီးအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ ဂါရဝပြုစဉ်..
ရွှေညဝါဆရာတော်ကြီးအား ဂါရဝပြုနေတဲ့ အမေစု..
ရဟန်းဘောင် ဝင်ရောက်ခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုကိုကြီးစမ်းချောင်း(ဝဲစွန်)၊ ကိုဇော်ဇော်မင်း(ညာစွန်)
ရဟန်းဘောင် ဝင်ရောက်ခဲ့တဲ့ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများနဲ့ အဖွဲ့
မှော်ဘီ ရွှေညဝါတောရကျောင်းမှာ ဆွမ်းကပ်လှူစဉ်...
မှော်ဘီ ရွှေညဝါတောရကျောင်းမှ ဧည့်ခံပွဲ..
ဧပြီလ(၂၄)ရက်နေ့က ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှာ ရွှေညဝါဆရာတော်ကြီးအား သိက္ခာထပ်ပွဲနှင့်
  ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများမှ ရွှေညဝါ ဆရာတော်ကြီးထံမှာ
 ရဟန်းခံ၊ ရှင်ပြုပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်..။
 အဆိုပါ အခမ်းအနားသို့ ပြည်သူလူထုခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊
 နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နယ်ပယ်အသီးသီးမှ နိုင်ငံရေး လှုပ်ရှားသူများနဲ့ ဖိတ်ကြားထားတဲ့
နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်..။
ဓာတ်ပုံ... ဒီမိုဝေယံ
Posted: 28 Apr 2012 09:46 AM PDT
အမရပူရမှ အသက် ၁၂၀ကျော်ပြီ ဖြစ်တဲ့ အဖွား ဒေါ်မြကြည်အား ဂရင်းနစ် မှတ်တမ်းဝင်နိုင်ဖို့ တတ်နိုင်သူတွေ လုပ်ဆောင် ပေးကြပါ...
ကမ္ဘာကျော် ဂရင်းနစ် မှတ်တမ်းမှာ ပါဝင်စေလိုပြီး
 ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တဦးမှ အောက်ပါအတိုင်း ရေးသား ပေးပို့လာပါတယ်..။
အမရပူရမှ အသက် ၁၂၀ကျော်ပြီ ဖြစ်တဲ့ အဖွား ဒေါ်မြကြည်ဟာ
 ဂရင်းနစ် မှတ်တမ်းဝင်ဖို့ ကျော်လွှန်နေပြီလို့ ပြောလို့ရပါတယ်။ နိုင်ငံပိုင်သတင်းစာမှာ ဆောင်းပါးပါတော့
ပါလာပါတယ်၊ ဆက်သွယ် ဆောင်ရွက်ဖို့ကျတော့ နိုင်ငံတော်က ဘာမှ ဆက်မလုပ်ဘူးဆိုတဲ့ သဘောပေါ့
မဖြစ်သင့်ဘူးဗျ၊ သူများနိုင်ငံတွေမှာ ပရဟိတလုပ်ငန်းတွေ၊ ကိုယ့်မြို့ရွာနဲ့ ပါတ်သက်တာတွေ ပြည်သူတွေသိဖို့၊
 နိုင်ငံတကာကသိဖို့၊ ဂုဏ်ယူချင်လွန်းလို့ စိတ်ပါကိုယ်ပါ လိုက်လုပ်ကြတယ်၊ ကိုယ့်နိုင်ငံမှာကတော့ သိတဲ့အတိုင်းပေါ့တဲ့။
အထက်ပါ ရေးသားပေးပို့ လာသူက ဂင်းနစ် မှတ်တမ်း ဝင်ဖို့ အင်္ဂလန်က Guinness World
 Records Ltd.ကို မေးလ် ပေးပို့ပါတယ်တဲ့။ ဟိုက အချက်အလက်တွေ ပြန်တောင်းတဲ့ အတွက် တဦးတည်း
 လုပ်ဆောင်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။ ပြည်တွင်း မီဒီယာတွေနဲ့ တတ်ကျွမ်း နားလည်သူတွေ Guinness
World Records Ltd.အထောက်အထားတွေ ပေးပို့ပြီး ကူညီလုပ်ဆောင်ပေးဖို့ တိုက်တွန်းနှိုးဆော် အပ်ပါတယ်..။
တောင်းဆို လာတဲ့ အချက်အလက်တွေ ကတော့
We will require proof of age documents which include:
· Birth Certificate or census report outlining and verifying date of birth
· Photo ID
· Passport copy (if applicable)
· Any other supporting documents which can help us verify age
many thanks,
အထောက်အထားတွေ ပြန်လည် ပေးပို့ရမယ့် အီးမေးလ်နဲ့ လိပ်စာကတော့
Vin.Sharma@guinnessworldrecords.com
Vin Sharma
Talent Manager
Guinness World Records Ltd.
184-192 Drummond Street, London, NW1 3HP
T: +44 (0)20 7891 4570
အမရပူရမှ အသက် ၁၂၀ကျော်ပြီ ဖြစ်တဲ့ အဖွား ဒေါ်မြကြည်ရဲ့ ပြည်တွင်းပြည်ပ သတင်းများ လင့်ခ်..
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwtkakeYJSDbDEWoMVmavHDGOcYyojms6DHGwLJUdowMxeqhYHo0c8FYfRafSSCIIUTKgV4pSlkxHQNx2Ax1IABeoTSm73hW19oAQ9omIuHf0IJNrBCjam7d_eeTciTfi0ZIOPLRdV7zw/s1600/024.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOv_-hSU9rduYClF3G5O0mVoQmzaNwFG1MCYegn9eusrfcTsucebJFah303xbrm7K_UAwQy77OVTvsw8ckiSMBwUaZkmxJ0b4ljFw_BwSS2oqACmlFFctjJTmXWakWC7M1ui3_SX4U2qg/s1600/022.jpg
http://in.news.yahoo.com/myanmar-daw-mya-kyi-world.html
http://www.mmtimes.com/feature/healthy/health06.htm
http://www.dvb.no/news/world%E2%80%99s-oldest-person-found-in-burma/11300
http://www.seniorsworldchronicle.com/2010/08/myanmar-daw-mya-kyi-118-may-be-worlds.html
ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါ...
Posted: 28 Apr 2012 08:36 AM PDT
ဂျပန်နိုင်ငံသို့ ကြွရောက်သီတင်း သုံးနေတော်မူသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ နဝမမြောက်ဗန်းမော်ဆရာတော် "ဒေါက်တာအရှင်ကုမာရာဘိဝံသ" ဗန်းမော်ဆရာတော် ဘုရားကြီးမှ မနက်ဖြန် ၂၉ရက်နေ့ တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား တရားရေအေး တိုက်ကျွေးမှာ ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါတယ်..။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610