Saturday, 2 June 2012

    ဒီကနေ့ကျင်းပခဲ့တဲ့ World Economic Forum မှာ ပြောကြားခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက် (ရုပ်သံ/ဓာတ်ပုံ)

    Posted: 01 Jun 2012 12:13 AM PDT

    Myanmar opposition leader Aung San Suu Kyi, right, speaks next to Bangladesh Federation of Woman Entrepreneurs' President Rokia Rahman during the World Economic Forum on East Asia

    pro-democracy leader Aung San Suu Kyi (L) and the World Economic Forum's founder and executive chairman Klaus Schwab

    Photo..Reuters

    ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် ခရီးစဉ်မှာ ပျော်ရွှင်စွာ ကြိုဆိုမှုများ

    Posted: 31 May 2012 04:38 PM PDT

    Photo..AP
    (30 May 2012 ရက်စွဲပါ BBC News မှ Jonah Fisher ရေးသားသော Repturous welcome for Aung San Suu Kyi's historic trip ကိုဘာသာပြန်သည်)

    မြန်မာနိုင်ငံမှ ရွေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာသည် အမိုးပေါ်တွင်လည်းကောင်း၊ ပြတင်းပေါက်များတွင် ခေါင်းပြူ၍လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို မြင်ခွင့်ရရန် စောင့်ဆိုင်းလျက် ရှိသည်။

    အများစုသည် မြို့တော် ဘန်ကောက်မှ တောင်ဖက် မိုင် ၂၀ (၃၀ ကီလို)ဝေးသော မဟာချိုင်၏ လမ်းမပေါ်တွင် စုဝေးနေကြခြင်းဖြစ်ပြီး ငါး၊ အစားအသောက်ပြုပြင်သော စက်ရုံများတွင် လုပ်ကိုင်နေရာမှ တစ်ရက် ခွင့်ယူလာကြခြင်း ဖြစ်သည်။

    "ကျွန်တော်တို့ ဒီကို ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ လာတာပါ" ဟု အနီးအနားတွင် အလုပ်လုပ်ကိုင်သူ တင့်လွင်ဦးက ပြောသည်။

    "သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကြောင့်လာတာပါ။ သူ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်"ဟု ဆိုသည်။ မဟာချိုင်မှ မြန်မာရွေ့ပြောင်း လုပ်သားထုကြီးသည် ပျော်ရွှင်နေကြသည်။

    ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းသည်နှင့် တူနေသေးတော့သည်။ ဒီမိုကရေစီ တေးသံများ ပျံ့လွင့်နေသည်။

    အချို့သည် "မြန်မာပြည် လွတ်လပ်ခွင့်ပေးပါ"၊ "အိမ်ပြန်ချင်ပြီ" စသည့် ပိုစတာများ၊ အလံများ၊ဝှေ့ယမ်းလျက်ရှိပြီး အချို့က ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်များ ဝတ်ဆင်ထားသည်။

    "ဘာမှ အားမငယ်ပါနဲ့။ သမိုင်းက အမြဲတမ်း ပြောင်းနေတာပါ။ ဒီနေ့ ကျွန်မ အားလုံးကို ကတိ တစ်ခုတော့ ပေးနိုင်ပါတယ်။ အားလုံးအတွက် ကျွန်မ အကောင်းဆုံး ကြိုးစားမယ် ဆိုတာပါပဲ" ဟု သူက လူအုပ်ကြီးသို့ ပြောသည်။

    ဓမ္မာရုံကဲ့သို့ အဆောက်အဦးထဲတွင် များပြားလှသော လူထဲမှ အချို့ကို ရွေးချယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ်အနည်းငယ်တွေ့ခွင့် ရကြသည်။

    မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံတွင် လုပ်ခအနည်းဆုံးနှင့် ခေါင်းပုံဖြတ် အခံရဆုံး ဖြစ်သည်။ ယင်းတို့က တင်ပြလိုသည်များကို ပြောဆိုကြရာ ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ရပိုင်ခွင့်များကို လေ့လာရန်နှင့် ရအောင်လုပ်ကြရန် ပြောဆိုခဲ့သည်။

    "သူတို့အားလုံး တညီတည်း ပြောကြတာ တစ်ခုက မြန်မာနိုင်ငံကို ပြန်ချင်တယ်ဆိုတာပါပဲ" ဟု သူက သတင်းစာဆရာများသို့ ပြောသည်။

    "ဒါ ကျွန်မတို့ တာဝန်ပါပဲ။ သူတို့ ပြန်လာချင်တဲ့အချိန် ပြန်လာလို့ရအောင် ဖန်တီးပေးရမယ့် တာဝန် ကျွန်မတို့မှာရှိပါတယ်"ဟု သူကဆိုသည်။

    မြန်မာဒုက္ခသည် ၁၃၀၀၀၀ ခန့်သည် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိသည်။

    ယင်းတို့သည် ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေး၊ စက်ရုံများ၊ ငါးဖမ်းလုပ်ငန်းများတွင် တရားဝင်ရော တရားမဝင်ပါ အလုပ်လုပ်ကိုင်လျက် ရှိသည်။

    အပြင်ရှိ လူအုပ်ကြီးမှာ အမှန်တရားနှင့် အကောင်းမြင်မှုများ ရောလျက် စိတ်လှုပ်ရှားနေကြသည်။ နိုင်ငံရေးနှင့် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများသည် အလုပ်အကိုင် ရရှိရေးကို ဖြစ်လာစေရန် မလွဲမသွေ အချိန်ယူရဦးမည် ဖြစ်သည်။

    "ကျွန်တော်တို့ တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် ဖြစ်လာရင် ဒီမှာ အလုပ် လာလုပ်စရာ မလိုတော့ဘူး"ဟု ဈေးထဲတွင် ငါး သန့်ရှင်းရေး အလုပ်လုပ်သူ ရန်နိုင်က ပြောသည်။

    ရန်နိုင် ဖြစ်လိုသော အရာမှာ အစောဆုံး လာမည့် သုံးနှစ်အတွင်း ဖြစ်လာနိုင်စရာ မရှိပေ။

    ထိုသို့ ဖြစ်လာနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ပါတီသည် အခြေခံဥပဒေပြောင်းလဲမှုများ ရှိလာရန် တွန်းအားပေးရမည် ဖြစ်သည်။ လက်ရှိအားဖြင့် လွှတ်တော်တွင် ၂၅% ကို စစ်တပ်အတွက် နေရာပေးထားရသည်။

    ယခုအချိန်တွင်မူ စီးပွားရေး၏ အဓိပ္ပာယ်ကို ရိုးရိုးလေး စဉ်းစားပါက အရှေ့တောင်အာရှ၏ စီးပွားရေး ဌာနကြီးဖြစ်သော ထိုင်းနိုင်ငံသည် အလုပ်ရှာရန် ဆွဲဆောင်နေသော ဒေသတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

    ခိုင်ထူးကျော်သည် ငါးသေတ္တာ စက်ရုံတွင် အလုပ်လုပ်ရာ တစ်ရက်လျှင် ဘတ် ၃၀၀ (၈ဒေါ်လာ/ ၅ ပေါင်) ရရှိသည်။ ယင်းမှာ ထိုင်းနိုင်ငံ စံဖြင့် ကြည့်လျှင်ပင် လုပ်ခနည်းလှသည်။ သို့သော် ယင်း၏ တိုင်းပြည်ထက် စာလျှင် ဝင်ငွေကောင်းနေသေးသည်။

    "ဗမာပြည် ပြန်သွားပြီးတိုင်း၊ ဒီကို ပြန်လာချင်တယ်။ ဒီမှာ ဝင်ငွေ ပိုကောင်းနေလို့ပါပဲ"ဟု ယင်းက ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်အတွက် ယခုသမိုင်းဝင်ခရီးစဉ်၏ အဓိက ဖြစ်စဉ်မှာ သောကြာနေ့တွင် စီးပွားရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားမှု ဖြစ်သည်။

    သူသည် မဟာချိုင်သို့ ဦးစွာ လာရောက်၍ မြန်မာရွေ့ပြောင်း လုပ်သားများကို မိန့်ခွန်း ပြောကြားခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အလေးထားမှုများ ဘယ်မှာရှိနေသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်း ဖြစ်သည်။

    yangonchronicle 2011

    ဒေါ်အောင်ဆန်းစုကြည် မေလ ၃၁ ရက်နေ့ မဟာချိုင်ကို ဒုတိယ အကြိမ် ရောက်ရှိလာပြီး နိုင်ငံသားစိစစ်ရေးရုံးမှာ ထိုင်း၊မြန်မာတာဝန် ရှိသူတွေနဲ့ တွေ့ဆုံ

    Posted: 31 May 2012 04:22 PM PDT

    "ကျွန်မတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တကယ်တော့ ကျွန်မတို့ပြည်သူပြည်သားတွေ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာတည်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာ ဘယ်အရပ်မှာမဆို သိက္ခာရှိရှိ မနေနိုင်လို့ ရှိရင်တော့ ကျွန်မတို့ နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ ပြောနိုင်မှာ မဟုတ်ပါဘူး။ "

    "တကယ်တော့ သံရုံးမှာရှိတဲ့ အရာရှိတွေသာ ကျွန်မတို့ရဲ့သံတမန်မဟုတ်ဘူး။ ကျွန်မတို့ နိုင်ငံသားအားလုံးဟာ ကျွန်မတို့ရဲ့ သံတမန်တွေ ဖြစ်တယ်။ ဒီတော့ ကိုယ့်နိုင်ငံ ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့ အတွက် ကိုယ်ကလည်း သိက္ခာရှိရှိ နေရမယ်။"

    မေလ ၃၁ ရက်နေ့ မဟာချိုင်ကို ဒုတိယအကြိမ် လာရောက်ပြီး နိုင်ငံသား
    စိစစ်ရေးရုံးမှာ ထိုင်း၊ မြန်မာ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက် အလုပ်သမားတွေကို ခနတာ စကား ပြောခဲ့တဲ့အထဲကကောက်နှုတ်ချက် (RFA)

    မဟာချိုင်၌ ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပြည့်အစုံ (မေလ ၃၁ရက်)

    Posted: 31 May 2012 08:12 AM PDT

    Photo..(Bangkok Post)
    ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းအချိန်က မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ရောက်ရှိခဲ့ပြီး ပြောကြားခဲ့သော မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    ဒီရုံးကိုလာတဲ့ အကြောင်းကို နည်းနည်းလေး ရှင်းပြပါရစေ။ အဓိက ကတော့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ယာယီပတ်စ်ပို့ ရဖို့အတွက် ဘယ်လို သွားရတယ်၊ ဘယ်လိုလုပ်ရတယ်။ ဘယ်လောက်ကြာ တယ်၊ ဘယ်လောက်ကျသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲဆိုတာ ဒါကိုလာပြီးတော့ လေ့လာဖို့ ဖြစ်ပါတယ်။

    ခုနက (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်နဲ့လည်း တွေ့ခဲ့ပါတယ်။ တွေ့ ရတဲ့ အကြောင်းအရင်းကလည်း ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ကောင်းအောင်လို့ ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာ ဆွေးနွေး တာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံး ကျွန်မတို့ ရွေ့ပြောင်း အလုပ်သမားတွေအတွက် ပြေလည်ရေးပေါ့။ ဥပမာအားဖြင့်ဆိုရင် သားသမီး တွေကို အမျိုးသားပိုင်ထိုင်းကျောင်းတွေမှာ စာသင်နိုင်ရေး စသဖြင့်ပေါ့နော်။ ဒီဟာ ပြေလည်နိုင်မယ့်ကိစ္စတွေကို လုပ်ပေးပါမယ်လို့ ကျွန်မကို ပြောပါ တယ်။

    ကျွန်မအနေနဲ့ အခုချိန်မှာ စိတ်ပူတာက ဘာလဲဆိုတော့ မှတ်ပုံမတင် ထားရတဲ့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ ကိစ္စပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးသား အလုပ်သမားတွေကတော့ ဒီမှာလာပြီးတော့ ပတ်စ်ပို့လုပ် လို့ရတယ်။ ဒါပေမဲ့လည်း ဒီပတ်စ်ပို့လုပ်တဲ့အခါမှာ ဒီကြားကနေပြီးတော့ ကြားပွဲစားတွေ၊ ကြားလူတွေကြောင့်မလို့ မကုန်သင့်တာတွေ မကုန်အောင်လို့ ဒါတွေကိုလည်း ကျွန်မတို့ ဂရုပြုထားပါလို့ ပြောပါရစေ။ နောက်ပြီးတော့ မှတ်ပုံမတင်ရသေးတဲ့ ကျွန်မတို့ရဲ့ အလုပ်သမားတွေ မှတ်ပုံတင်ရေး ကိစ္စ အဲတာတွေကိုလည်း ဆက်လက်ပြီးတော့ ကျွန်မတို့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ပုံမတင်ရသေး သရွေ့ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ အလုပ်သမားတွေရဲ့ ဘဝဟာ အင်မတန်မှ ခက်ခဲတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရေး ကိစ္စတွေ ကို ဘယ်လိုအမြန်ဆုံး လုပ်နိုင်မလဲ၊ ဘယ်လိုအပြေလည်ဆုံး လုပ်နိုင်မလဲဆို တာ ကျွန်မတို့ သက်ဆိုင်ရာတာဝန်ခံတွေနဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးပါ့ မယ်။ ဒါပေမဲ့ အဓိက ကျွန်မပြောချင်တာကတော့ ကျွန်မတို့ရဲ့ တာဝန်ဟာ ဘာလဲဆိုတာ ကျွန်မတို့ သိပါတယ်။

    ကျွန်မတို့ရဲ့ တာဝန်ဟာ ကျွန်မတို့ရဲ့ အလုပ်သမားတွေဟာ ကိုယ့်နိုင်ငံကို ပြန်လာချင်တဲ့ အခါကျလို့ရှိရင် လုံလုံ ခြုံခြုံ စိတ်ချချနဲ့ ပြန်လာနိုင်အောင်လို့ လုပ်ပေးရမယ်ဆိုတာ ကျွန်မတို့ နား လည်ပါတယ်။ လုံလုံခြုံခြုံဆိုတာဟာ ပြန်လာတဲ့အခါကျလို့ရှိရင် မိမိတို့ရဲ့ အသက်မွေး ဝမ်းကျောင်းအတွက် အလုပ်ရရှိနိုင်ရမယ်ဆိုတာကို ဆိုလိုတာပါ။ ကျွန်မက လွယ်လွယ်ကတိတွေ မပေးချင်ပါဘူး။ ကျွန်မတို့က လုပ်ပေးမယ်လို့ လွယ် လွယ်နဲ့ မပြောပါဘူး။ ကျွန်မပြောချင်တာက ဒီကိစ္စကို မျက်ခြေမပြတ် အမြဲ ရှိခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ဒီကိစ္စကို အောင်မြင်အောင်လုပ်ပေးသွား မှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တစ်ကယ်တော့ ကျွန်မတို့ ပြည်သူတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာ တည် ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာဘယ်အရပ်မှာမဆို သိက္ခာ ရှိရှိ မနေနိုင်သရွေ့ ကျွန်မတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ မပြော နိုင်ပါဘူး။

    ကျွန်မတို့ ကြိုးစားရမယ်။ ကြိုးစားရမယ်ဆိုတာ တစ်ချိန်လုံး ကြိုးစား နေမှ အမြန်ဆုံးဖြစ်မြောက်အောင် ကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အ ခြားနိုင်ငံတွေမှာ ရောက်နေတဲ့ ပြန်လာပြီးတော့ အလုပ်ရနိုင်အောင် လုပ်ဖို့ ဆိုတာဟာ မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်နိုင်သေးပါဘူး။ မဖြစ်နိုင်သေးတဲ့ အချိန်ကာလမှာ ဒီနိုင်ငံမှာ ရှိနေသေးသရွေ့ကတော့ အတတ်နိုင်ဆုံး အဆင် ပြေအောင်လို့ ကြိုးစားပါ့မယ်လို့ ကျွန်မပြောပါရစေ။ မနေ့ကလည်း မဟာချိုင်ကို လာပြီးတော့ ပြောသွားတယ်နော်။ ကျွန်မ တို့ဟာ ဘာပဲပြောပြော ဧည့်သည်တွေပဲ။ ဧည့်သည်တွေဆိုတော့ ကိုယ်ဟာ ဧည့်သည်ရဲ့ ကျင့်ဝတ်နဲ့ ညီအောင်လို့ နေကြရမယ်။ အဲတာတော့ ကျွန်မက ပြန်ပြီးတော့ သတိပေးပါရစေ။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။ တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေ မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံသားအားလုံးဟာ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေ ဖြစ်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။ ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့် အရေးတွေကို တတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်။အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ။

    ကျွန်မအနေနဲ့ (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်ကို ပြောတဲ့အခါမှာ ကျွန် မတို့နိုင်ငံသားတွေ ဒီမှာ အလုပ်လုပ် နေ တဲ့ ရွေ့ပြောင်းအလုပ်သမားတွေဟာ မိမိတို့ရဲ့ ရပိုင်ခွင့်တွေဟာ ဘာလဲဆိုတာ သိအောင်လို့ ကျယ်ကျယ်ပြန့်ပြန့် သိအောင်လို့ လုပ်ပေးပါလို့ ကျွန်မမေတ္တာရပ်ခံခဲ့ပါတယ်။ ဒါမှ ကိုယ့်ရဲ့လုပ် ပိုင်ခွင့်တွေ ကိုယ်သိမှ ဥပဒေအရ ကိုယ့်ကိုကိုယ်ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတာကို နားလည်လာမှာပါ။ နောက်တစ်ခုကတော့ ကျွန်မ သတိပေးချင်တာကတော့ ကျွန်မတို့ မြန် မာနိုင်ငံကရောက်လာတဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ တခြား မြန်မာနိုင် ငံသူ၊ နိုင်ငံသားတွေဟာ အချင်းချင်းညီညီညွတ်ညွတ်နေဖို့ ကြိုးစားကြပါ။ အချင်းချင်းညီညွတ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ တစ်ဦးအပေါ် တစ်ဦး စာနာပါ။ နားလည်မှုပေးပါ။ ကိုယ်ရဲ့ နိုင်ငံနဲ့ပတ်သက်လို့ ကိုယ်ဂုဏ်ယူနိုင် တဲ့ အခြေအနေဖြစ်အောင် ကျွန်မတို့က ကြိုးစားသလို နိုင်ငံကလည်း ကျွန် မတို့ ပြည်သူတွေအတွက် ဂုဏ်ယူနိုင်အောင်လို့ ကျွန်မတို့ ပြည်သူပြည်သား တွေကလည်း ကြိုးစားပေးပါလို့ ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ အခုကျွန်မ ထိုင်းနိုင်ငံကို လာတာကတော့ အစည်းအဝေးတက်ဖို့ လာ တာပေါ့နော်။ အစည်းအဝေးတက်ဖို့လာတာဆိုပေမဲ့ အမှန်ပြောရမယ်ဆိုလို့ ရှိရင် ကျွန်မတို့အတွက် ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေကတော့ ကျွန်မ တို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ကျွန်မတို့ရဲ့ ဒုက္ခသည်တွေရဲ့ ဘဝ အခြေအနေတွေကို ကျွန်မအနေနဲ့ သုံးသပ်ပြီးတော့ ဘယ်လိုနည်းနဲ့ သက် သာအောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို လေ့လာဖို့ ကျွန်မလာတာဖြစ် ပါတယ်။

    နှစ်ရက်သုံးရက်အတွင်းမှာတင် အခြေအနေတွေနဲ့ ပတ်သက်လို့ ကျွန် မသိလာတာတွေ ရှိပါတယ်။ ဒီနိုင်ငံက ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမား တွေနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ ဝန်ကြီးဌာနတွေ ကျွန်မတို့ဆက်ပြီးတော့ လုပ် ပါမယ်။ ကျွန်မတို့နိုင်ငံဘက်ကလည်း တတ်နိုင်သမျှ ကျွန်မတို့ရဲ့ ရွေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေရဲ့ ဘဝကို လုံခြုံမှုပေးနိုင်အောင်လို့ ကျွန် မတို့ဆက်ပြီးတော့ ကြိုးစားပါ့မယ်လို့ ပြောပါရစေ။

    ကြိုးစားပါ့မယ်လို့ ပြော လို့ တစ်ချို့တွေက အားရချင်မှ အားရမှာ။ အခုချက်ချင်းလက်ငင်း လုပ်ပေး စေချင်တဲ့သူတွေ ရှိမှာပဲ။ ဒါပေမဲ့လည်း ကျွန်မက ကတိတွေပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး။ အဲတာကြောင့်မို့လို့ အိမ် ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့မှ ပြောင်းရွေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မ တို့ ပြည်သူတွေ နေထိုက်တဲ့အိမ်ဖြစ်အောင်လို့ အမြန်ဆုံးကြိုးစားပါ့မယ်လို့ ပြောပါရစေ။ အားလုံးကျန်းမာချမ်းသာကြပါစေ။
    Eleven media group

    ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချူပ် Prime Minister Yingluck Shinawatra တို့  Royal Thai Navy Convention hall ၌ ယနေ့ တွေ့ ဆုံစဉ်

    Posted: 31 May 2012 08:03 AM PDT

    Photo..Reuters

    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610

    ငါးမန်းစွယ်လို လူများနှင့်ဘဝအတိုက်စားခံနေရသူများ

    ခါတိုင်းလိုပင် ထွေလီကာလီစကားဝိုင်းလေးကို သောက်နေကျလက်ဖက်ရည်ဆိုင်သို့သွားကာ လူစုံသည်နှင့် တပြိုင်နက် အစပြုလိုက်ကြ သည်။ လူငယ်လေးတွေချည်းစုပြီး ဝိုင်းဖွဲ့ကာ ရယ်စရာလေးများ ပြောရင်း တဝါးဝါးတဟားဟားဖြစ်နေကြရာမှ တစ်ယောက်သောသူ၏ စကားကြောင့် ရုတ်တရက် အားလုံး တိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်။

                     "ကျွန်တော်ငယ်ငယ်က ရွာမှာနေတုန်းကပေါ့ဗျာ၊ နွေရာသီဆို ခြံထဲမှာရှိတဲ့ သစ်ပင်ကြီးတွေရဲ့ ကိုင်းခြောက်ကြီးတွေကို မိုးတွင်း ကာလနဲ့ ဆောင်းအလွန်ထိ နှစ်ဥတုစာလောက် ထင်းအဖြစ် သုံးနိုင်အောင် လိုက်ခုတ်လေ့ရှိတယ်။ ခြံက အကျယ်ကြီးဆိုတော့ ပင်စေ့လိုက်ပြီး ခုတ်လိုက်တယ်ဆိုရင်ပဲ ဖူလုံသွားတယ်။ အဲလို ခုတ်လိုက်လို့ မြေကြီးပေါ်ကျလာတဲ့ အကိုင်းတွေကို ပေါက်ဆိန်နဲ့ခွဲလို့ရအောင် သင့်တော်ရုံ အနေလေးတွေလောက်မှန်းပြီး တစ်ပိုင်းစီဖြတ်ရတယ်။ ပြောချင်တာက အဲဒီအခါမှာ မဖြစ်မနေ သုံးရတဲ့အရာ တစ်ခုရှိတယ်။ အဲဒါ "လွှ"၊ ငါးမန်းစွယ်လို့ခေါ်တဲ့"လွှ"ပဲဖြစ်တယ်"

                                                  ဟု ဆိုကာ လက်ဖက်ရည်ကို တစ်ငုံခန့် သောက်လိုက်ပြီး သူ့စကားကိုခဏရပ်ထားပါတယ်။ ပြီးမှ ဘာကိုပြောချင်တာလဲဆိုသော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသူများကို တစ်ချက်ဝေ့ကြည့်ကာ သူကပဲ ဆက်ပြောပါတော့တယ်။

                       "ငါးမန်းစွယ်"လွှ"မှာ ချွန်မြတဲ့အသွားနှစ်ဖက်ရှိတယ်။ လူနှစ်ဦးဟာ ကိုယ်ဖြတ်ချင်တဲ့သစ်ကိုင်းကို အလယ်မှာထားပြီး ငါးမန်းစွယ်လွှကို သူ့အပေါ်တင်ကာ ဟိုဘက်ဒီဘက်အသွားအပြန်ဆွဲရတယ်။ ငါးမန်းစွယ် လွှဟာ သစ်ကိုင်းခြောက်ကြီးကို အသွားစားလိုက်၊ အပြန်စားလိုက်နဲ့ ခပ်သွက်သွက်လေး ဆယ့်ငါးမိနစ်လောက် ဆွဲပေးလိုက်တာနဲ့ ခါးလယ်က ပြတ်ကျသွားတယ်။ မြန်မာနိုင်ငံသားဖြစ်တဲ့ အလုပ်သမားတွေဟာ ငါးမန်းစွယ် လွှကြီးအောက်ကို ရောက်နေတဲ့သစ်ကိုင်းခြောက်ကြီးအလား ဆိုရမလိုဖြစ်နေတယ်"။

                      "ကိုယ့်နိုင်ငံအတွင်းမှာ မိသားစုနဲ့အိုးမကွာ အိမ်မကွာ ရိုးရိုးသားသားနဲ့ ပင်ပင်ပန်းပန်း အလုပ်ကြိုးစား နေရပေမယ့် ရလာတဲ့ လုပ်အားခက မလုံလောက်ဘူးဖြစ်နေတယ်။ အထူးသဖြင့် စက်ရုံတွေမှာ အလုပ်လုပ်ရတဲ့ သူတွေဆို ပိုပြီးထင်ထင်ရှားရှားမြင်နိုင်တယ်။ အခုဆို လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ အလုပ်သမားတွေ မခံစားနိုင်လွန်းလို့ တညီတညွတ်တည်း အလုပ်မဆင်းတော့ဘဲ မိမိတို့ရသင့်ရထိုက် တာထက်မပိုတဲ့ တောင်းဆိုမှုတွေနဲ့ အညီ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကုန်ကြပြီ။ ရန်ကုန်မှာရှိတဲ့ နေမင်းအောင်၊ စံပယ်ပွင့်၊ ပုလဲ၊ တော်ဝင်၊ YG၊ ဒဏ္ဍာရီ စက်ရုံတွေက အလုပ်သမားတွေဦးဆောင်ပြီး ထောင်နဲ့ချီတဲ့ ညီညွတ်မှုနဲ့ ရဲရဲဝံ့ဝံ့ကြီးကို တောင်းဆိုနေကြတယ်။ အဲဒါကို လွှတ်တော်ပြုပြင်ပြောင်းလဲရေးဆိုလား ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးရာကော်မတီ ဥက္ကဋ္ဌလားဆိုသူက အော်လံလေးကိုင်ပြီး စက်ရုံပိုင်ရှင်တွေရဲ့ သဘောကိုအသံကုန်ဟစ်လို့ လာရောက်ညှိနှိုင်း ပေးတယ်။ ဒါပေမယ့် အလုပ်သမားထုကြီးက သူ့အသံအဆုံးမှာ "မရပါဘူး"ဆိုတဲ့ အသံကြီးက ဟိန်းနေအောင် ထွက်ပေါ်လာတယ်။ အဲလိုအသံတွေဟာ ရိုးသားနွမ်းပါးပြီး ဘဝကိုမလိုအပ်ပဲ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ ခံစားမှုတွေထဲက ထွက်လာတဲ့အသံဖြစ်တာကြောင့် အမြှောက်ကြီးဖောက်လိုက်သလိုပဲ ဟီးထသွားတယ်။ သူတို့ တောင်းဆိုထားတဲ့ ရှားပါးစရိတ် ငွေသုံးသောင်းကို တစ်သောင်းခွဲလောက်လေးပေးပြီး ပျားရည်နဲ့လာပြီး ဝမ်းချတာကြောင့် "မရပါဘူး" ဆိုပြီး ပြန်အော်ကြတာဖြစ်တယ်။ သူတို့အသံတွေကို စာနာထောက်ထားပြီး ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ စောင့်ကြည့်ရဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုလဲစက်ရုံပိုင်ရှင်တွေက အလုပ်သမားတွေအားလုံးကို သူတို့သတ်မှတ်ပေးထားတဲ့(၃)ရက်အတွင်း အလုပ်မဆင်းဘူး ဆိုတာနဲ့ တပြိုင်နက် တစ်ခါတည်းထွက်ပြီးသားဖြစ်ပြီလို့ ရာဇသံလိုလို ခြိမ်းခြောက်ဖိအားပေးထားကြတယ်။ အလုပ်တွေ က သိပ်ကိုရှားပါးတဲ့ ကိုယ့်နိုင်ငံမှာ ရတဲ့နေရာလေးကနေ အသက်ရှုပေါက်လေး ချောင်မလားဆိုပြီး ဝင်လုပ်ကြရ တာဖြစ်တဲ့ အတွက် မလိုက်လျောပဲ အလုပ်ရှင် ဘက်က သဘောထားသေးသိမ်ပြီး လောဘဇော တိုက်၊ ကိုယ်ချင်းမစာ မျက်နှာပြောင် တိုက်လိုက်မယ်ဆိုရင်လည်း အားလုံး "ဖွတ်မရ၊ ဓါးမဆုံး" အလုပ်လက်မဲ့ ဖြစ်သွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်ရခဲတဲ့ လူ့ဘဝမှာ ချမ်းသာဖို့ကြိုးစားနိုင်ဖို့နေနေသာ ဘဝမှာ သင့်တင့်ရုံ စားသောက်နေထိုင်ဖို့ကိုတောင် ကိုယ့်နိုင်ငံက အလုပ်သမားတွေ အခုလိုတိုက်ပွဲဝင်နေရတယ်"။

                         "ကိုယ့်နိုင်ငံမဟုတ်တဲ့ သူများတိုင်းပြည်မှာ ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ ကိုယ်ပိုင်စီးပွားရေးလည်း လုပ်လို့ရအောင် တစ်ချို့ ရည်ရွယ်ပြီး မိသားစုနဲ့ခွဲ၊ မျက်နှာမွဲဘဝနဲ့ ရရာအလုပ်ကို ခေါင်းမခါဘဲလုပ်ကြရတယ်။ တချို့ကလည်း စားဖို့တောင်မလွယ်ကူတော့လွန်းလို့ ဖြစ်ချင်ရာဖြစ်ပါစေဆိုပြီး အရဲစွန့်လို့ သူခိုးချွတ်နင်း တိတ်တဆိတ်သွားပြီး မျက်ရည်တွေကြား အားခဲကာ တိုင်းတစ်ပါးမှာ သွားရောက် လုပ်ကိုင်ကြရတယ်။ တကယ်တော့ ကျွန်တ်ာတို့နိုင်ငံသားတွေ သူများနိုင်ငံမှာ ခေတ်သစ်ကျွန်ပြုခံနေရတယ်။ ဘာလို့ အဲသလိုပြောရ သလဲဆိုတော့ မကြာသေးမီကပဲ လူပွဲစားတွေရဲ့ အရောင်းစားခံရထားတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၁ဝဝ ကျော်တိတိကို ထိုင်းနဲ့ မြန်မာအဖွဲ့အစည်းတချို့ကပေါင်းပြီး ကယ်တင်လိုက်ရတယ်။ ဘန်ကောက်မြို့ မဟာချိုင်ဒေသမှာရှိတဲ့ ပုစွန်စက်ရုံမှာ အဲဒီ ၁ဝဝ ကျော်ရှိတဲ့ သူတို့ကို ပိတ်လှောင်ထားတယ်။ တစ်နေ့ကို ပျမ်းမျှ ဘတ်၂၅၅လောက် ပေးရမယ့်အစား သူတို့နိုင်ငံမှာရှိတဲ့ သူတောင်းစားလှူသလောက် ပိုက်ဆံတောင်မရှိတဲ့ ဘတ်ငွေ တစ်ဆယ်ခန့်ကိုပဲပေးတယ်။ အဲလိုပေးတာတောင် ပုံမှန်ရချင်မှရတယ်။ နေမကောင်းလို့ အလုပ်မဆင်းနိုင်ရင် ရိုက်နှက်ခံရတယ်။ အစားအသောက်ကြတော့ မသေရုံ လောက်လေးကျွေးတယ်။ ကျွေးတယ်ဆိုလို့ အာဟာရ ရှိရှိ လူအဆင့်လောက် သတ်မှတ်ပြီးကျွေးတာမဟုတ်ဘူး။ ခွေးတောင် ဝက်တောင်မစားတဲ့ ပုပ်သိုးနံစော် ညစ်ပတ်နေတဲ့ အမှိုက်ပုံးထဲထည့်မဲ့ဟာကိုကျွေးတာဖြစ် တယ်။ အဲဒီအစားအစာတွေကို ငတ်မရှက်ဆိုသလို မသေရုံအားခဲ မျက်ရည်ဝဲပြီး စားရလေတော့ ကျန်းမာရေးပါ ထိခိုက်ရတယ်။ ကိုယ့်နိုင်ငံ ကနေ မျှော်လင့်တကြီးနဲ့ ထွက်လာခဲ့ကြတဲ့ အားကောင်းမောင်းသန် အရွယ်ကောင်း တွေဟာ အခုလို အဖြစ်ဆိုးတွေကို ရင်ထဲ နှလုံးသားထဲ ထိ စွဲနေအောင် ပယ်ပယ်နယ်နယ်ကြီး တွေ့ကြုံခံစားနေရရှာတယ်။ တချို့ဆို အဲဒီလိုဖြစ်သွားရတဲ့ဘဝကနေ လွတ်ချင်လည်းလွတ်၊ မလွတ်လို့သေ လည်း ကောင်းသေးတာပဲဆိုပြီး ပိတ်လှောင်ခံရတဲ့ တိုက်အမြင့်ကြီးတွေပေါ်ကနေ ကိုယ့်အင်္ကျီလေးတွေကို ကြိုးအဖြစ် တစ်ခုနဲ့တစ်ခုချည်ပြီး ဟီးလေးခိုဆင်းကာ စွန့်စားထွက်ပြေးကြရတယ်။ အခုလိုပြောနိုင်တာက ပါတ်ဝန်းကျင်ကနေ ကိုယ်တွေ့ကြုံလာတဲ့ သူတွေဆီကနေကြုံရသလောက်၊ ကြားရသလောက်လေးကို တစ်ဆင့် ပြန်ပြောပြတာဖြစ်တယ်။ အခုထက်ပိုဆိုးတဲ့ အိမ်ထဲမှာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ မွန်အမျိုးသမီး ငယ်လေးတွေ၊ ဗမာအမျိုးသမီးငယ်လေးတွေ၊ ကရင်အမျိုးသမီးငယ်လေးတွေဟာ အဝတ်မပေးပဲ စိတ်ကြွဆေးတွေတိုက် သူတို့အကြိုက် အရုပ်လိုလူပေါင်းများစွာ တစ်ယောက်တက်ဆင်း ရက်ရက်စက်စက် ကာမလုယက်ကြတာကို မျက်ရည်စက်လက်နဲ့ ဘဝတွေပါပျက်ပြီး ခံစားနေရရှာတယ်။ တချို့ကျတော့ ငါးဖမ်းလှေတွေပေါ်ရောင်းစားခံရတယ်။ သူတို့စိတ် ကြိုက်ပျော်လို့အားရသွားတဲ့အခါ အစားအသောက်ဆက်ပြီး မကျွေးချင်တော့ရင် သေနတ်လေးနဲ့ အသာပစ်သတ်ပြီး ပင်လယ်ထဲ ကန်ချ လိုက်တော့တယ်။ မြန်မာနိုင်ငံသား ကလေးသူငယ်တွေ၊ လူငယ်လေးတွေ၊ လူကြီးတွေကို လိုအပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေထုတ်ပြီး အစားထိုးကုသမှုအတွက်ရောင်းစားကြတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ လူနဲ့ရောတူသေးရဲ့လား၊ တိရစ္ဆာန်သာသာလောက်လေးတောင် ရှိသေးရဲ့လားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးရင်း အလေးအနက်တွေးမိတယ်။ အခုလိုဖြစ်ရတာတွေကို အလွယ်စဉ်းစားရင် လူပွဲစားတွေရဲ့ လူကုန်ကူးမှုကြောင့်လို့ လွှဲချစရာအချက်ကောင်းကြီးတစ်ချက်ဖြစ်နေမယ်။ ဒါပေမယ့် ဘာ့ကြောင့် လူပွဲစားတွေ စည်းရုံးဆွဲဆောင်လို့ရတာလဲ၊ ဘာ့ကြောင့် သူတို့ကရော လူမဆန်တဲ့ လူပွဲစားအဖြစ် လုပ်စားနေကြ ရတာလဲဆိုတာကို စဉ်းစားသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံသား အလုပ်သမားတွေဟာ ကိုယ့်နိုင်ငံမှာ မိသားစုနဲ့ရင်အုပ်မကွာ လုပ်ကိုင် စားသောက်ဖို့အတွက် ကျတော့လည်း ခက်ခဲစွာ တိုက်ပွဲဝင် နေရကြောင်း လှိုင်သာယာအလုပ်သမားထုကြီးက ထင်ထင်ရှားရှားသက်သေပြနေတယ်။ သူများနိုင်ငံမှာ အသက်ရှူပေါက်လေးချောင်မလားလို့ အရဲစွန့်ပြန်တော့လည်း ကျွန်လို၊ တိရစ္ဆာန်လို လူသားအချင်းချင်း မစာမနာ နှိပ်စက်ခံနေကြရတယ်။ ဘဝတွေ တန်ဖိုးမဲ့သွားရတယ်။ ပျက်စီးသွားရတယ်။ ကြွေလွင့်သွားရတယ် ဆိုတာကို မဟာချိုင်ပုစွန်စက်ရုံက ရွှေ့ပြောင်းအလုပ်သမားတစ်ရာကျော်ကြီးက အမြင်တွေ မဝေဝါး သွားနိုင် အောင် ငြင်းဆန်ခွင့်မရှိအောင် သက်သေပြနေတယ်။ အဲဒီတော့ ကျွန်တော်ပြောခဲ့ပါရောဗျာ။ မြန်မာနိုင်ငံသား အလုပ်သမားတွေရဲ့ဘဝဟာ အသွားရောအပြန်ရောစားတဲ့ ငါးမန်းစွယ်လွှသွားအောက်မှာ ရောက်နေတဲ့ သစ်ကိုင်းခြောက်တွေလိုပဲ ဘယ်ဘက်ကမှ မသက်သာဘဲ ဘဝတွေအတိုက်စားခံနေရတယ်။"

    ဟု ပြောကာ သူ့မျက်ဝန်းတွင် မျက်ရည်ဥများ တွဲခိုနေပါတော့သည်။

                  သူ၏စကားအဆုံးတွင် ကျွန်တော်သက်ပြင်းရှည်ကြီးတစ်ခု ပင်ပန်းစွာ မှုတ်ထုတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ယခုလို ငါးမန်းစွယ်လွှသွားအောက်ရောက်ရတယ်ဆိုရင် "ငါးမန်းစွယ်လွှ"လို အသွားရော အပြန်ရောစားတဲ့လူသားချင်း မစာနာပဲ တာဝန်မဲ့စွာ ကိုယ့်ကိုယ်ကျိုးတစ်ခုတည်းကြည့်သော သူတွေ "ငါးမန်းစွယ်လိုလူ"တွေ အများကြီးရှိနေတာကြောင့်ပဲဟု တွေးမိကာ ရင်ထဲမွန်းကြပ်စွာခံစားမိ သွားသောကြောင့်ပါတည်း။

    မောင်ပြည်သိမ်း

    ခေတ်လူများ၏မှတ်စုဂျာနယ်အမှတ်(၇)၊ ထွေလီကာလီစကားဝိုင်းကဏ္ဍမှ

    အဲလိုအသံတွေဟာ ရိုးသားနွမ်းပါးပြီး ဘဝကိုမလိုအပ်ပဲ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ ခံစားမှုတွေထဲက ထွက်လာတဲ့အသံဖြစ်တာကြောင့် အမြှောက်ကြီးဖောက်လိုက်သလိုပဲ ဟီးထသွားတယ်။

    Inline images 1
    Wall Photos
    ‎(31.5.2012)ရက်နေ့ ည(၇း၂၀)အချိန်ခန့် ၊ ကချင်ပြည်နယ်၊ ဖါးကန့်မြို့နယ်၊
    ဆိုင်းတောင် (ဆိပ်မူ)တွင်အခြေစိုက်သော မြန်မာ အစိုးရစစ်တပ် အမှတ် (၁၆
    ခြေမြန်တပ်ရင်း မှ ဆိုင်းတောင်မြို့ထဲ သို့လက်နက်ကြီးဖြင့် ပစ်ခတ်ရာ နှစ်ခြင်း
    ခရစ်ယာန်ဘုရားကျောင်းထဲသို့လက်နက်ကြီးကျည်ဆံ အချို့ကျရောက်ပြီး 
    ဘုရားကျောင်းစောင့်အားဤကဲ့သို့ ထိခိုက်ဒဏ်ရာရရှိကြောင်းသိရှိရပါသည်။

    --

    Posted: 01 Jun 2012 09:27 PM PDT

    မဲဆောက်လေယာဉ်ကွင်း၌ အန်တီစုကို စောင့်ကြိုနေကြ

    Photo..AP ,Yamonnar,Kyaw Soe Win
    ဒေါ်စုတို့ရောက်မဲ့ မဲဆောက်လေဆိပ်မှာ မြန်မာလူမျိုးထောင်နဲ့ချီပြီး မနက်အစောကြီးထဲက လာကြိုနေကြပါတယ်.
    . ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ ဆုတောင်းသံတွေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သီချင်းတွေက မနက်၈ နာရီလောက်ကထဲ
    က စတင်နေပါပြီ... မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ ဒေါ်စုစီးလာတဲ့ Nok Air လေယာဉ်လဲဆိုက်ရော ပြည်သူတွေရဲ့ ကြိုဆိုတဲ့
     လက်ခုတ်သံတွေကို တခဲနက်ကြားလိုက်ရပါတယ်.. ခနကြာတော့ ဒေါ်စုစီးလာတဲ့ကားတန်း ထွက်လာပါ တယ်.. လေဆိပ
    ...်ဝင်းအပြင်မှာစောင့်နေတဲ့သူတွေက အမိုးဖွင့်ကားနဲ့ထွက်လာမယ်ထင်ပေမဲ့ ဒေါ်စုနဲ့ ဒေါက်တာငယ်ငယ်က မှန်လုံကားကို
     စီးလာပါတယ်...မောင်းလာတဲ့ကားက မြန်လွန်းတဲ့အတွက် ဒေါ်စုကို သေသေချာချာတောင်မတွေ့ရပါဘူး.. လက်ကလေးကိုသာ
     ကားထဲကထုတ်ပြီး နူတ်ဆက်ပါတယ်.. အခုတော့ ဘဲကလော် စခန်းကို ထွက်ခွာသွားပါပြီ..

    စက္ကန့်ပိုင်းလောက်သာ ဒေါ်စုကို မြင်ရပေမဲ့.. ကျက်သရေရှိလိုက်တာ.. တွေ့ရတာသေပျော်ပါပြီ. အမေစုလက်ကလေးကို
    ထိခွင့်ရလိုက်တယ်ဆိုတဲ့အသံတွေကို ကြားရတဲ့အအခါ ကြည်နူးမိပါတယ်.. မျက်ရည်တွေဝိုင်းနေတဲ့သူတွေလဲ အများကြီးပေါ့..

    ဒေါ်စန္ဒာမင်းကတော့ ဒေါ်စုနောက်က ကားမှာ တစီးသပ်သပ်ဖြစ်ပါတယ်.. နူတ်ဆက်လိုက်ပေမဲ့ ကြားမယ်တော့ မထင်ဘူး.

    အခုထိမြန်မာအလုပ်သမားတွေ ဒေါက်တာစင်သီယာရဲ့ မယ်တော်ဆေးခန်းမှာ စောင့်နေဆဲပါ.. ဒေါ်စုအပြန်မှာဝင်လာနိုင်တယ်
    ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ကြပါတယ်.. ဘာဘဲဖြစ်ဖြစ် မဲဆောက်မြို့ရဲ့ မင်္ဂလာရှိတဲ့ နေ့ကလေးတနေ့ပါ...
    Aung myo min- Human Rights Education Institute of Burma (HREIB)

    Posted: 01 Jun 2012 08:25 AM PDT

     ''အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက် ပွဲမြေပြင်နေရာလို သဘော
    ထားခံရမှာကိုကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်''
    ထိုင်းအဲယာဝေး လေယာဉ်မှုးက အရမ်းသဘောကောင်းပါတယ် ကျမကို လေယာဉ်ခေါင်းခန်းမှာ ထိုင်ဖို့ဖိတ်ခဲ့ပါတယ်......
    .ကျမ ပထမ တော့ စက်ခလုပ်တွေကြည့်ပြီးအံသြနေတာ...ဒါပေမဲ့ ဘန်ကောက်မြို့ရဲ့ အလင်းတွေက ကျမကို ညို့ယူဖမ်းစားသွားပါ
     တော့တယ်.....
    ....... .အခုဘာတွေခြာနားနေပြီဆိုတာသိလိုက်ရပါတယ်..ကျမအတွေးထဲမှာ ဖြတ်ခနဲပေါ်လာတာက ကျမတို့ တိုင်းပြည်မှာ
     စွမ်းအင် နဲ့ပတ်သက်ပြီး
     ပေါ်လစိကောင်းကောင်းလိုနေတယ်ဆိုတာပါဘဲ...............

    ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။
    တကယ်တော့ သံရုံးမှာရှိနေတဲ့
    ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေမဟုတ်ဘူး။ကျွန်မတို့နိုင်ငံသားအားလုံးဟာကျွန်မတို့နိုင်ငံရဲ့သံတမန်တွေ ဖြစ်တယ်။
    အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။

    ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့သိက္ခာကိုထိန်းသိမ်းသောအားဖြင့်ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို
    တတ်နိုင်သမျှ ကျွန်မတို့
    ကာကွယ်ပေးရမယ်။အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ

    မြန်မာနိုင်ငံမှာ အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးနိုင်မယ့် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ လိုလားတယ်။ မြန်မာနိုင်ငံက
     လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်းမြင့်မားနေပြီး၊ အဆင့်မြင့်ပညာရေးထက် အခြေခံ ပညာနဲ့ သက်မွေးဝမ်းကျောင်း
    ပညာရပ်တွေ လိုအပ်နေပါတယ်-ဒီ့အတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ်တခုတည်းကိုမကြည့်ပဲ
     မြန်မာလူငယ်တွေ အလုပ်အကိုင်ရရှိစေမဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုဘဲ လိုလား တယ်

    မြန်မာနိုင်ငံမှာ မညီမျှမှုတွေ၊ အဂတိလိုက် စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စား
    မှုတွေကို ပိုဖြစ်စေမယ့် ရင်းနှီး မြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူး

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ထင်ရှားတဲ့ဂုဏ်သတင်းကြောင့် မေလ(၃၀)ရက် ဘန်ကောက်ကမ္ဘာ့စီးပွားရေး ဖိုရမ်ဖွင့်ပွဲအခမ်းအနား
    တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့အလည်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ကြယ်တစ်ပွင့်လို တောက်ပနေကြောင်း
    ဘန်ကောက်ကပေးပို့တဲ့ The Canadian Press သတင်း မှာ ရေးသားထားပါတယ်။

    အစည်းအဝေးတက်ရောက်လာတဲ့ သံတမာန်တွေနဲ့ စီးပွားရေးသမားတွေဟာ သူတိုရဲ့လက်ကိုင်ဖုန်းတွေနဲ့
     ဒေါ်အောင်ဆန်းစုကြည်ကို ဓါတ်ပုံရိုက်ယူနိုင်ဖို့အတွက် ၀ရုန်းသုန်းကားတိုးဝှေ့ နေခဲ့ကြပါတယ်။

    အခမ်းအနားတက်ရောက်လာတဲ့ အာဆီယံအတွင်းရေးမှုးချုပ် ဆူရင်း-ပစ်ဆူဝမ်က အစည်းအဝေးခန်းမတစ်ခုလုံး
     လူတွေပြည့်နေတာပါဘဲ-ကျနော်တို့လို မိန့်ခွန်းပြောမဲ့လူတွေကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်သရေရှိတဲ့ အမျိုးသမီးကြောင့်လား
    -ဆိုတာတော့ ကျနော်လည်း မသိပါဘူး-လို့ ဒေါ်အောင် ဆန်းစုကြည်ကို ရည်ညွှန်းပြောဆိုသွားပါတယ်။ .

    တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ်.ဓါတ်ပုံတွဲရိုက်ချင်တယ်ဆိုတာတွေဟာ မြန်မာပြည်ကခပ်တိမ်တိမ်လူတွေတွေးသလိုအဖေကြောင့်ကျော်ကြားတဲ့သူ.အပြင်မှာမမြင်ဘူးတဲ့လူမိုလို့အထူးအဆန်းတွေ့
    ချင်တာဆိုတာတွေကမှားယွင်းကြောင်းအခုနိုင်ငံတကာအသိုင်းအဝိုင်းကသံတမန်တွေပညာရှင်တွေကသက်သေပြလိုက်ပါပြီ...

    သူတို့ဟာဒီလိုစိတ်ရှိတဲ့လူတွေမဟုတ်တဲ့အတွက်ဟီလာရီကလင်တန်ကိုလဲဒီလိုမဆက်ဆံခဲ့သလို..ဟောလီဝုဒ် မင်းသား မင်းသမီးအကျော်အမော်တွေကိုလဲဒီလိုသဲသဲလှုပ်နေမဲ့လူတန်စားမဟုတ်ပါဘူး..
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးမားတဲ့ ဂုဏ်သိက္ခာတွေကို လေးစားဂုဏ်ယူတဲ့အတွက်တစ်သက်မှာ တစ်ခါတွေ့ကြုံခိုက်
     အမိအရ မှတ်တမ်းတင်နေချင်ကြတာပါ..

    မြန်မာအစိုးရအနေဖြင့်လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင်တရားဥပဒေစိုးမိုးခိုင်မာမှုအတွက် ချက်ချင်း
    လုပ်ဆောင်ရန်နှင့် တိုင်းပြည် တွင်း အကျိုးဖြစ်ထွန်းစေမည့်ရင်းနှီးမြုပ်နှံမှုများကို အားပေးဖော်ဆောင်သွားရန်လိုအပ်ကြောင်း မြန်မာနိုင်ငံသည်တရားဥပဒေစိုးမှုအပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံ သူများအတွက်လုံခြုံစိတ်ချရသောအာမခံချက်လိုအပ်ကြောင်း..

    ။" မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမြုပ်သူတွေ အနေနဲ့ အင်မတန်မှကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေတွေ ရှိနေခဲ့ရင်တောင်
    မှ ဒီဥပဒေကို သန့်ရှင်းလွတ်လပ်စွာ အသုံးပြုခွင့် ရတယ် မရဘူးဆိုတာကို သတိထားစေချင်ပါတယ် "

    မြန်မာ နိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပြီး ယင်းဥပဒေကို အဓိကကျောရိုးဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာ တွင် သန့ှ်ရှင်းလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ၊ကမ္ဘာပေါ်တွင် မည်မျှ ကောင်းသောဥပဒေပင်ဖြစ်ပါစေ
    လက်တွေ့အသုံးချမှုမရှိလျှင် အသုံးဝင်သည့် ဥပဒေတစ်ရပ် ဖြစ်လာမည် မဟုတ်ကြောင်း ...

    မြန်မာနိုင်ငံ တွင်းအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေသည့် ရင်းနှီးမြုပ်နှံမှုများ ဖန်တီးပေးရန်
    မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စီးပွားရေး ကွာဟမှုသည် များစွာကြီးမားကြောင်း" စီးပွားရေးကွာဟမှု ကျဉ်းမြောင်းသွားအောင်
     ကျွန်မတို့လုပ်ရမယ်။ ထိုင်းနိုင်ငံထဲကို များပြား တဲ့ရွေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ် ဆိုတာကျွန်မတို့နိုင်ငံမှာ
     အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိပဲဖြစ်တယ်"

    ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတွင် ၄င်းအနေဖြင့် အထပ်ထပ်အခါခါပြောကြားခဲ့သည့် ကိစ္စရပ်သည် အကျင့်ပျက်ခြစားမှုနှင့် မျှတမှုမရှိသည်များအား အမြစ်ပြတ်ချေမှုန်းရန် လိုအပ်သည့် အကြောင်းဖြစ်သည်။

    http://www.facebook.com/photo.php?fbid=237630356346980&set=a.166792386764111.31251.100003000533611&type=1

    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610

    Burmese Democracy Icon Visits Migrant Community

    Daw Aung San Suu Kyi- Mahachai- Day2

    Suu Kyi Greeted Warmly By Myanmar Migrants

    တကယ်လို့ အသက်ရှင်ခဲ့ရင် ဒီသစ်ပင်ကိုလာကြည့်ပါ

    စစ်အကျဉ်းသားထားရာစခန်းဆီ အပို့မခံရခင်က Roddickဟာ အင်္ဂလန်စစ်တပ်က ယာဉ်မောင်းတစ်ဦးဖြစ်တယ်။ နာဇီတွေက သူ့ကိုဖမ်းမိချိန် ယာဉ်မောင်းသမားလိုလို့ သူ့ကိုထရပ်ကားမောင်းဖို့ စေခိုင်းခဲ့တယ်။ အစာငတ်ပြီး သေသွားတဲ့အကျဉ်းကျစစ်သား၊ အသတ်ခံရတဲ့ အင်္ဂလန်စစ်သားတွေကို Roddickက နေ့တိုင်း ထရပ်ကားနဲ့တင်ပြီး မြှုပ်နှံဖို့ သယ်ပို့ပေးရတယ်။ တကယ်တော့ စစ်အကျဉ်းသားတွေထဲမှာ ကားမောင်းတတ်သူတွေ မနည်းပါဘူး။ ဒါပေမဲ့ ဘယ်သူကမှ နာဇီရဲ့လက်ကိုင်တုတ်မဖြစ်ချင်ခဲ့ကြဘူး။

    Roddickတစ်ယောက်ပဲ ဒီအလုပ်ကို ကျေကျေနပ်နပ်လုပ်ကိုင်ခဲ့တဲ့အပြင် တခြားအကျဉ်းသားတွေကိုလည်း ကန်ကျောက်လိုက်၊ ဆဲဆိုလိုက်နဲ့ သူအပေါ်စီးဆက်ဆံခဲ့တယ်။ ပိုဒေါသထွက်စရာကောင်းတာက Roddick ဟာ အသက်မသေသေးတဲ့ အကျဉ်းသားတွေကိုလည်း မြှုပ်နှံဖို့ ကားပေါ်ပစ်တင်တာကိုပါပဲ။ ဒါကြောင့် အကျဉ်းကျစစ်သားတွေက သူ့ကို မုန်းကြတယ်။ သူ့ကို "နိုင်ငံရောင်းစားတဲ့သူခိုး"၊ "နောက်လိုက်ခွေး"လို့ ဆဲဆိုကြတယ်။

    စစ်အကျဉ်းသားတွေ သူ့ကိုမုန်းပေမယ့် နာဇီတွေက သူ့ကိုတစ်နေ့တခြား အယုံအကြည်ရှိလာခဲ့တယ်။ စစတုန်းက အလောင်းတွေ သယ်ပို့ရမှာ Roddickနဲ့အတူ နာဇီစစ်သားတွေ လိုက်ပါတတ်သေးတယ်။ နောက်ပိုင်း သူ့ကိုယုံကြည်လာတော့ သူ့တစ်ယောက်တည်းပဲ အလောင်းတွေကို သယ်ပို့တော့တယ်။ အကျဉ်းကျစစ်သားတွေက သူ့ကိုအငြိုးထားပြီး မုန်းကြတာကြောင့် လစ်ရင်လစ်သလို သူ့ကို အသက်အန္တရာယ်ထိခိုက်စေတဲ့အထိ အကြိမ်ကြိမ် ဝိုင်းရိုက်ခဲ့ဖူးတယ်။

    တစ်ခါက အကျဉ်းကျစစ်သားတွေရဲ့ ရိုက်နှက်ထိုးကြိတ်တာကို Roddickခံရပြီး လက်တစ်ဘက်ဆုံးရှုံးသွားခဲ့တယ်။ လက်တစ်ဘက်မရှိတော့လို့ ကားမောင်းမရတော့တဲ့သူ့ကို နာဇီတွေက ရက်ရက်စက်စက် စွန့်ပစ်လိုက်တယ်။ နာဇီအစွန့်ပစ်ခံရတဲ့ Roddickဟာ အကျဉ်းသားစစ်သားတွေရဲ့ မုန်းတီးရိုက်နှက်မှုကို မကြာခဏခံခဲ့ရပြီး နောက်ဆုံးမှာ တစ်ယောက်တည်း အထီးကျန်ကျန် ကွယ်လွန်သွားခဲ့တယ်။

    ဆယ်စုနှစ်ကျော်ကြာပြီးတဲ့နောက် တစ်ရက်မှာ အင်္ဂလန်သတင်းစာထဲကနေ "ကျွန်တော့်ကိုကယ်ခဲ့သူက ကျွန်တော်အမုန်းဆုံးသူဖြစ်တယ်"ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ပါခဲ့တယ်။ ဆောင်းပါးထဲမှာ စာရေးဆရာက "ကျွန်တော်အကျဉ်းကျခဲ့တုန်းက အကျဉ်းစခန်းမှာ Roddickဆိုတဲ့ သစ္စာဖောက်တစ်ယောက်ရှိခဲ့တယ်။ သူဟာ နာဇီစစ်တပ်အတွက် အလုပ်တွေလုပ်ပေးခဲ့တယ်။ အဲဒီနေ့က ကျွန်တော်မသေသေးဘူး။ ဒါပေမဲ့ Roddickက အလောင်းတွေမြှုပ်ဖို့ ကျွန်တော့်ကိုပါ အတင်းအဓမ္မကားပေါ် ပစ်တင်ခဲ့တယ်။ အဲဒီနေ့က ကားဟာ လမ်းတစ်ဝက်အရောက်မှာ ရပ်သွားခဲ့တယ်။ Roddickက သေလုမျော မျောနေတဲ့ကျွန်တော့်ကို သစ်ပင်ကြီးတစ်ပင်အောက် ပွေ့ခေါ်သွားပြီး ပေါင်မုန့်တချို့နဲ့ ရေတစ်ပုလင်းပေးခဲ့တယ်။ အဲဒီနောက် ကျွန်တော့်ကို "တကယ်လို့ ခင်ဗျားအသက်ရှင်ခဲ့ရင် ဒီသစ်ပင်ကိုလာကြည့်ပါ"လို့ မှာပြီး ထွက်သွားခဲ့တယ်" လို့ ရေးသားထားတယ်။

    သတင်းစာထုတ်ဝေပြီး တစ်လအတွင်းမှာ အင်္ဂလန်က အငြိမ်းစားစစ်သား(၁၂)ဦးရဲ့ဖုန်းကို သတင်းစာတိုက်က လက်ခံရရှိခဲ့တယ်။ ထူးဆန်းတာက ဒီအငြိမ်းစားစစ်သားတွေဟာ အကျဉ်းစခန်းတစ်ခုထဲမှာပဲ အကျဉ်းကျခံခဲ့ရသူတွေဖြစ်တယ်။ သူတို့ကိုလည်း Roddickက သစ်ပင်ကြီးတစ်ပင်အောက်မှာ ထားခဲ့တယ်လို့ဆိုတယ်။ Roddickကလည်း သူတို့ကို "တကယ်လို့ ခင်ဗျားအသက်ရှင်ခဲ့ရင် ဒီသစ်ပင်ကိုလာကြည့်ပါ"လို့ မှာခဲ့တယ်လို့ ဆိုပါတယ်။

    အာရုံခံစားမှုကောင်းတဲ့ သတင်းစာအယ်ဒီတာက သူတို့ပြောတဲ့သစ်ပင်မှာ ထူးခြားမှုတစ်ခုခုရှိနိုင်မယ်ဆိုပြီး အငြိမ်းစားစစ်သား (၁၃)ဦးနဲ့အတူ အဲဒီသစ်ပင်ကို သွားရှာခဲ့ကြတယ်။ ဆယ်စုနှစ်ကျော်ကြာခဲ့ပြီဆိုပေမယ့် တောတောင်ဝန်းကျင်တွေက အရင်အတိုင်းပဲ။ အဲဒီသစ်ပင်ကြီးလည်း ရှိနေပါသေးတယ်။ စစ်သားတစ်ဦးက သစ်ပင်ကိုပွေ့ဖက်ပြီး တွေးတောစဉ်းစားနေရာက သစ်ပင်နားက သစ်ခေါင်းတစ်ခုကို ရုတ်တရက် သတိထားမိလိုက်တယ်။ သစ်ခေါင်းထဲဝင်ကြည့်ကြတော့ သစ်ခေါင်းထဲမှာ သံချေးအထပ်ထပ်တက်နေတဲ့ သံသေတ္တာတစ်လုံးကိုတွေ့တယ်။ သံသေတ္တာကို သစ်ခေါင်းထဲကနေ ခဲရာခဲဆစ်ဆွဲထုတ်ပြီး ဖွင့်ကြည့်တော့ သေတ္တာထဲမှာ ဝါကျင်ကျင် မှတ်စုစာအုပ်တစ်အုပ်နဲ့ ဓာတ်ပုံတစ်ချို့ကိုတွေ့လိုက်တယ်။

    သတင်းထောက်တွေက မှတ်စုစာအုပ်ကို တစ်ရွက်ချင်းလှန်ကြည့်ကြတယ်။

    "ဒီကနေ့ စစ်သားတစ်ဦးကို ငါကယ်ထုတ်လိုက်ပြန်ပြီ။ တကယ်လို့ သူအသက်ရှင်ခဲ့မယ်ဆိုရင် ဒါဟာ ၂၈ဦးမြောက် စစ်သားပဲ..."

    "ဒီကနေ့ စစ်သားအယောက်(၂ဝ)သေသွားရပြန်ပြီ..."

    "မနေ့ညက စစ်သားတွေ ငါ့ကိုထိုးနှက်ကြတယ်။ ငါတောင့်ခံပြီးအသက်ရှင်မယ်။ အဖြစ်မှန်ကို ပြောလို့မဖြစ်ဘူး။ စစ်သားတွေအများကြီး ငါကယ်ရဦးမယ်...."

    ဒီအချိန်ကျမှ Roddickရဲ့အဖြစ်မှန်ကို လူတွေသိသွားတော့တယ်။ သူကယ်ခဲ့လို့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အငြိမ်းစားစစ်သားတွေရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေရွဲလို့... လက်စသတ်တော့ အကျဉ်းစခန်းမှာ လူအမုန်းခံရဆုံးသူက သူရဲကောင်းတစ်ဦးဖြစ်နေခဲ့ပါပေါ့လား!

    Roddickရဲ့မှတ်တမ်းအရ သူကယ်ခဲ့တဲ့ အကျဉ်းကျစစ်သားပေါင်း (၃၆)ဦးရှိပါတယ်။ အခု အသက်ရှင်နေသူက (၁၃)ဦးရှိခဲ့တယ်။ သူ့ရဲ့မှတ်စုနဲ့ သူခိုးရိုက်ခဲ့တဲ့ နာဇီစစ်သားတွေရဲ့အကျဉ်းသားအပေါ်ရက်စက်ပုံတွေက နာဇီစစ်တပ်ကို စွဲချက်တင်ဖို့အကောင်းဆုံး သံမဏီသက်သေတစ်ခုဖြစ်ခဲ့တယ်။ သတင်းစာမှာ Roddickရဲ့အဖြစ်မှန်ကို တင်ပြခဲ့ပါတယ်။ Roddickဟာ သူရဲကောင်းတစ်ဦးဖြစ်လာခဲ့တဲ့အပြင် လူအများက သူ့ကို သစ်ပင်ကြီးအောက်အရောက်သွားပြီး ဂါဝရပြုခဲ့ကြတယ်။

    လူတိုင်းလူတိုင်း လှပပြည့်စုံတဲ့ဘဝရှိဖို့ မျှော်လင့်တောင့်တကြတယ်။ တကယ်လို့ လူတစ်ယောက်ဟာ လူအများရဲ့စက်ဆုပ်ရွံ့ရှာ၊ အထင်သေးတာကို ခံနေရသည့်တိုင် သူ့ယုံကြည်မှုကိုလက်ကိုင်ထားပြီး သူ့ရဲ့သမိုင်းပေးတာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်ခဲ့ရင် သူ့တစ်သက်က အနှိုင်းမရှိ ထွန်းလင်းတောက်ပမှာ အမှန်ပါပဲ။ အသက်ရှင်နေတုန်း အလင်းမဲ့ခဲ့ရပေမယ့် အသက်သေဆုံးပြီးတဲ့နောက်မှာတော့ နာမည်က မမေ့မပျောက်ကျန်ရစ်ခဲ့မှာ ဧကန်ဖြစ်ပါတယ်။

    မူရင်းရေးသားသူ -- Cheng Gang

    နိုင်းနိုင်းစနေ ဘာသာပြန်သည်။

    --
    Be Happy,

              Moe Moe.

    --
    You received this message because you are subscribed to the Google Groups "Share from HYDE" group.
    To post to this group, send email to hydegroup@googlegroups.com.
    To unsubscribe from this group, send email to hydegroup+unsubscribe@googlegroups.com.
    For more options, visit this group at http://groups.google.com/group/hydegroup?hl=my.

    Friday, 1 June 2012

    DASSK Press Conference @ WEF Bangkok - DVB 16.01.2012

    Posted: 01 Jun 2012 12:13 AM PDT

    Myanmar opposition leader Aung San Suu Kyi, right, speaks next to Bangladesh Federation of Woman Entrepreneurs' President Rokia Rahman during the World Economic Forum on East Asia

    pro-democracy leader Aung San Suu Kyi (L) and the World Economic Forum's founder and executive chairman Klaus Schwab

    Photo..Reuters

    Posted: 31 May 2012 04:38 PM PDT

    Photo..AP
    (30 May 2012 ရက်စွဲပါ BBC News မှ Jonah Fisher ရေးသားသော Repturous welcome for Aung San Suu Kyi's historic trip ကိုဘာသာပြန်သည်)

    မြန်မာနိုင်ငံမှ ရွေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာသည် အမိုးပေါ်တွင်လည်းကောင်း၊ ပြတင်းပေါက်များတွင် ခေါင်းပြူ၍လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို မြင်ခွင့်ရရန် စောင့်ဆိုင်းလျက် ရှိသည်။

    အများစုသည် မြို့တော် ဘန်ကောက်မှ တောင်ဖက် မိုင် ၂၀ (၃၀ ကီလို)ဝေးသော မဟာချိုင်၏ လမ်းမပေါ်တွင် စုဝေးနေကြခြင်းဖြစ်ပြီး ငါး၊ အစားအသောက်ပြုပြင်သော စက်ရုံများတွင် လုပ်ကိုင်နေရာမှ တစ်ရက် ခွင့်ယူလာကြခြင်း ဖြစ်သည်။

    "ကျွန်တော်တို့ ဒီကို ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ လာတာပါ" ဟု အနီးအနားတွင် အလုပ်လုပ်ကိုင်သူ တင့်လွင်ဦးက ပြောသည်။

    "သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကြောင့်လာတာပါ။ သူ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်"ဟု ဆိုသည်။ မဟာချိုင်မှ မြန်မာရွေ့ပြောင်း လုပ်သားထုကြီးသည် ပျော်ရွှင်နေကြသည်။

    ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းသည်နှင့် တူနေသေးတော့သည်။ ဒီမိုကရေစီ တေးသံများ ပျံ့လွင့်နေသည်။

    အချို့သည် "မြန်မာပြည် လွတ်လပ်ခွင့်ပေးပါ"၊ "အိမ်ပြန်ချင်ပြီ" စသည့် ပိုစတာများ၊ အလံများ၊ဝှေ့ယမ်းလျက်ရှိပြီး အချို့က ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်များ ဝတ်ဆင်ထားသည်။

    "ဘာမှ အားမငယ်ပါနဲ့။ သမိုင်းက အမြဲတမ်း ပြောင်းနေတာပါ။ ဒီနေ့ ကျွန်မ အားလုံးကို ကတိ တစ်ခုတော့ ပေးနိုင်ပါတယ်။ အားလုံးအတွက် ကျွန်မ အကောင်းဆုံး ကြိုးစားမယ် ဆိုတာပါပဲ" ဟု သူက လူအုပ်ကြီးသို့ ပြောသည်။

    ဓမ္မာရုံကဲ့သို့ အဆောက်အဦးထဲတွင် များပြားလှသော လူထဲမှ အချို့ကို ရွေးချယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ်အနည်းငယ်တွေ့ခွင့် ရကြသည်။

    မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံတွင် လုပ်ခအနည်းဆုံးနှင့် ခေါင်းပုံဖြတ် အခံရဆုံး ဖြစ်သည်။ ယင်းတို့က တင်ပြလိုသည်များကို ပြောဆိုကြရာ ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ရပိုင်ခွင့်များကို လေ့လာရန်နှင့် ရအောင်လုပ်ကြရန် ပြောဆိုခဲ့သည်။

    "သူတို့အားလုံး တညီတည်း ပြောကြတာ တစ်ခုက မြန်မာနိုင်ငံကို ပြန်ချင်တယ်ဆိုတာပါပဲ" ဟု သူက သတင်းစာဆရာများသို့ ပြောသည်။

    "ဒါ ကျွန်မတို့ တာဝန်ပါပဲ။ သူတို့ ပြန်လာချင်တဲ့အချိန် ပြန်လာလို့ရအောင် ဖန်တီးပေးရမယ့် တာဝန် ကျွန်မတို့မှာရှိပါတယ်"ဟု သူကဆိုသည်။

    မြန်မာဒုက္ခသည် ၁၃၀၀၀၀ ခန့်သည် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိသည်။

    ယင်းတို့သည် ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေး၊ စက်ရုံများ၊ ငါးဖမ်းလုပ်ငန်းများတွင် တရားဝင်ရော တရားမဝင်ပါ အလုပ်လုပ်ကိုင်လျက် ရှိသည်။

    အပြင်ရှိ လူအုပ်ကြီးမှာ အမှန်တရားနှင့် အကောင်းမြင်မှုများ ရောလျက် စိတ်လှုပ်ရှားနေကြသည်။ နိုင်ငံရေးနှင့် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများသည် အလုပ်အကိုင် ရရှိရေးကို ဖြစ်လာစေရန် မလွဲမသွေ အချိန်ယူရဦးမည် ဖြစ်သည်။

    "ကျွန်တော်တို့ တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် ဖြစ်လာရင် ဒီမှာ အလုပ် လာလုပ်စရာ မလိုတော့ဘူး"ဟု ဈေးထဲတွင် ငါး သန့်ရှင်းရေး အလုပ်လုပ်သူ ရန်နိုင်က ပြောသည်။

    ရန်နိုင် ဖြစ်လိုသော အရာမှာ အစောဆုံး လာမည့် သုံးနှစ်အတွင်း ဖြစ်လာနိုင်စရာ မရှိပေ။

    ထိုသို့ ဖြစ်လာနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ပါတီသည် အခြေခံဥပဒေပြောင်းလဲမှုများ ရှိလာရန် တွန်းအားပေးရမည် ဖြစ်သည်။ လက်ရှိအားဖြင့် လွှတ်တော်တွင် ၂၅% ကို စစ်တပ်အတွက် နေရာပေးထားရသည်။

    ယခုအချိန်တွင်မူ စီးပွားရေး၏ အဓိပ္ပာယ်ကို ရိုးရိုးလေး စဉ်းစားပါက အရှေ့တောင်အာရှ၏ စီးပွားရေး ဌာနကြီးဖြစ်သော ထိုင်းနိုင်ငံသည် အလုပ်ရှာရန် ဆွဲဆောင်နေသော ဒေသတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

    ခိုင်ထူးကျော်သည် ငါးသေတ္တာ စက်ရုံတွင် အလုပ်လုပ်ရာ တစ်ရက်လျှင် ဘတ် ၃၀၀ (၈ဒေါ်လာ/ ၅ ပေါင်) ရရှိသည်။ ယင်းမှာ ထိုင်းနိုင်ငံ စံဖြင့် ကြည့်လျှင်ပင် လုပ်ခနည်းလှသည်။ သို့သော် ယင်း၏ တိုင်းပြည်ထက် စာလျှင် ဝင်ငွေကောင်းနေသေးသည်။

    "ဗမာပြည် ပြန်သွားပြီးတိုင်း၊ ဒီကို ပြန်လာချင်တယ်။ ဒီမှာ ဝင်ငွေ ပိုကောင်းနေလို့ပါပဲ"ဟု ယင်းက ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်အတွက် ယခုသမိုင်းဝင်ခရီးစဉ်၏ အဓိက ဖြစ်စဉ်မှာ သောကြာနေ့တွင် စီးပွားရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားမှု ဖြစ်သည်။

    သူသည် မဟာချိုင်သို့ ဦးစွာ လာရောက်၍ မြန်မာရွေ့ပြောင်း လုပ်သားများကို မိန့်ခွန်း ပြောကြားခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အလေးထားမှုများ ဘယ်မှာရှိနေသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်း ဖြစ်သည်။

    yangonchronicle 2011

    Posted: 31 May 2012 04:22 PM PDT

    "ကျွန်မတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တကယ်တော့ ကျွန်မတို့ပြည်သူပြည်သားတွေ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာတည်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာ ဘယ်အရပ်မှာမဆို သိက္ခာရှိရှိ မနေနိုင်လို့ ရှိရင်တော့ ကျွန်မတို့ နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ ပြောနိုင်မှာ မဟုတ်ပါဘူး။ "

    "တကယ်တော့ သံရုံးမှာရှိတဲ့ အရာရှိတွေသာ ကျွန်မတို့ရဲ့သံတမန်မဟုတ်ဘူး။ ကျွန်မတို့ နိုင်ငံသားအားလုံးဟာ ကျွန်မတို့ရဲ့ သံတမန်တွေ ဖြစ်တယ်။ ဒီတော့ ကိုယ့်နိုင်ငံ ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့ အတွက် ကိုယ်ကလည်း သိက္ခာရှိရှိ နေရမယ်။"

    မေလ ၃၁ ရက်နေ့ မဟာချိုင်ကို ဒုတိယအကြိမ် လာရောက်ပြီး နိုင်ငံသား
    စိစစ်ရေးရုံးမှာ ထိုင်း၊ မြန်မာ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက် အလုပ်သမားတွေကို ခနတာ စကား ပြောခဲ့တဲ့အထဲကကောက်နှုတ်ချက် (RFA)

    Posted: 31 May 2012 08:12 AM PDT
    Photo..(Bangkok Post)
    ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းအချိန်က မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ရောက်ရှိခဲ့ပြီး ပြောကြားခဲ့သော မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    ဒီရုံးကိုလာတဲ့ အကြောင်းကို နည်းနည်းလေး ရှင်းပြပါရစေ။ အဓိက ကတော့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ယာယီပတ်စ်ပို့ ရဖို့အတွက် ဘယ်လို သွားရတယ်၊ ဘယ်လိုလုပ်ရတယ်။ ဘယ်လောက်ကြာ တယ်၊ ဘယ်လောက်ကျသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲဆိုတာ ဒါကိုလာပြီးတော့ လေ့လာဖို့ ဖြစ်ပါတယ်။

    ခုနက (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်နဲ့လည်း တွေ့ခဲ့ပါတယ်။ တွေ့ ရတဲ့ အကြောင်းအရင်းကလည်း ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ကောင်းအောင်လို့ ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာ ဆွေးနွေး တာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံး ကျွန်မတို့ ရွေ့ပြောင်း အလုပ်သမားတွေအတွက် ပြေလည်ရေးပေါ့။ ဥပမာအားဖြင့်ဆိုရင် သားသမီး တွေကို အမျိုးသားပိုင်ထိုင်းကျောင်းတွေမှာ စာသင်နိုင်ရေး စသဖြင့်ပေါ့နော်။ ဒီဟာ ပြေလည်နိုင်မယ့်ကိစ္စတွေကို လုပ်ပေးပါမယ်လို့ ကျွန်မကို ပြောပါ တယ်။

    ကျွန်မအနေနဲ့ အခုချိန်မှာ စိတ်ပူတာက ဘာလဲဆိုတော့ မှတ်ပုံမတင် ထားရတဲ့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ ကိစ္စပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးသား အလုပ်သမားတွေကတော့ ဒီမှာလာပြီးတော့ ပတ်စ်ပို့လုပ် လို့ရတယ်။ ဒါပေမဲ့လည်း ဒီပတ်စ်ပို့လုပ်တဲ့အခါမှာ ဒီကြားကနေပြီးတော့ ကြားပွဲစားတွေ၊ ကြားလူတွေကြောင့်မလို့ မကုန်သင့်တာတွေ မကုန်အောင်လို့ ဒါတွေကိုလည်း ကျွန်မတို့ ဂရုပြုထားပါလို့ ပြောပါရစေ။ နောက်ပြီးတော့ မှတ်ပုံမတင်ရသေးတဲ့ ကျွန်မတို့ရဲ့ အလုပ်သမားတွေ မှတ်ပုံတင်ရေး ကိစ္စ အဲတာတွေကိုလည်း ဆက်လက်ပြီးတော့ ကျွန်မတို့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ပုံမတင်ရသေး သရွေ့ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ အလုပ်သမားတွေရဲ့ ဘဝဟာ အင်မတန်မှ ခက်ခဲတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရေး ကိစ္စတွေ ကို ဘယ်လိုအမြန်ဆုံး လုပ်နိုင်မလဲ၊ ဘယ်လိုအပြေလည်ဆုံး လုပ်နိုင်မလဲဆို တာ ကျွန်မတို့ သက်ဆိုင်ရာတာဝန်ခံတွေနဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးပါ့ မယ်။ ဒါပေမဲ့ အဓိက ကျွန်မပြောချင်တာကတော့ ကျွန်မတို့ရဲ့ တာဝန်ဟာ ဘာလဲဆိုတာ ကျွန်မတို့ သိပါတယ်။

    ကျွန်မတို့ရဲ့ တာဝန်ဟာ ကျွန်မတို့ရဲ့ အလုပ်သမားတွေဟာ ကိုယ့်နိုင်ငံကို ပြန်လာချင်တဲ့ အခါကျလို့ရှိရင် လုံလုံ ခြုံခြုံ စိတ်ချချနဲ့ ပြန်လာနိုင်အောင်လို့ လုပ်ပေးရမယ်ဆိုတာ ကျွန်မတို့ နား လည်ပါတယ်။ လုံလုံခြုံခြုံဆိုတာဟာ ပြန်လာတဲ့အခါကျလို့ရှိရင် မိမိတို့ရဲ့ အသက်မွေး ဝမ်းကျောင်းအတွက် အလုပ်ရရှိနိုင်ရမယ်ဆိုတာကို ဆိုလိုတာပါ။ ကျွန်မက လွယ်လွယ်ကတိတွေ မပေးချင်ပါဘူး။ ကျွန်မတို့က လုပ်ပေးမယ်လို့ လွယ် လွယ်နဲ့ မပြောပါဘူး။ ကျွန်မပြောချင်တာက ဒီကိစ္စကို မျက်ခြေမပြတ် အမြဲ ရှိခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ဒီကိစ္စကို အောင်မြင်အောင်လုပ်ပေးသွား မှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တစ်ကယ်တော့ ကျွန်မတို့ ပြည်သူတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာ တည် ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာဘယ်အရပ်မှာမဆို သိက္ခာ ရှိရှိ မနေနိုင်သရွေ့ ကျွန်မတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ မပြော နိုင်ပါဘူး။

    ကျွန်မတို့ ကြိုးစားရမယ်။ ကြိုးစားရမယ်ဆိုတာ တစ်ချိန်လုံး ကြိုးစား နေမှ အမြန်ဆုံးဖြစ်မြောက်အောင် ကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အ ခြားနိုင်ငံတွေမှာ ရောက်နေတဲ့ ပြန်လာပြီးတော့ အလုပ်ရနိုင်အောင် လုပ်ဖို့ ဆိုတာဟာ မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်နိုင်သေးပါဘူး။ မဖြစ်နိုင်သေးတဲ့ အချိန်ကာလမှာ ဒီနိုင်ငံမှာ ရှိနေသေးသရွေ့ကတော့ အတတ်နိုင်ဆုံး အဆင် ပြေအောင်လို့ ကြိုးစားပါ့မယ်လို့ ကျွန်မပြောပါရစေ။ မနေ့ကလည်း မဟာချိုင်ကို လာပြီးတော့ ပြောသွားတယ်နော်။ ကျွန်မ တို့ဟာ ဘာပဲပြောပြော ဧည့်သည်တွေပဲ။ ဧည့်သည်တွေဆိုတော့ ကိုယ်ဟာ ဧည့်သည်ရဲ့ ကျင့်ဝတ်နဲ့ ညီအောင်လို့ နေကြရမယ်။ အဲတာတော့ ကျွန်မက ပြန်ပြီးတော့ သတိပေးပါရစေ။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။ တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေ မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံသားအားလုံးဟာ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေ ဖြစ်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။ ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့် အရေးတွေကို တတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်။အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ။

    ကျွန်မအနေနဲ့ (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်ကို ပြောတဲ့အခါမှာ ကျွန် မတို့နိုင်ငံသားတွေ ဒီမှာ အလုပ်လုပ် နေ တဲ့ ရွေ့ပြောင်းအလုပ်သမားတွေဟာ မိမိတို့ရဲ့ ရပိုင်ခွင့်တွေဟာ ဘာလဲဆိုတာ သိအောင်လို့ ကျယ်ကျယ်ပြန့်ပြန့် သိအောင်လို့ လုပ်ပေးပါလို့ ကျွန်မမေတ္တာရပ်ခံခဲ့ပါတယ်။ ဒါမှ ကိုယ့်ရဲ့လုပ် ပိုင်ခွင့်တွေ ကိုယ်သိမှ ဥပဒေအရ ကိုယ့်ကိုကိုယ်ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတာကို နားလည်လာမှာပါ။ နောက်တစ်ခုကတော့ ကျွန်မ သတိပေးချင်တာကတော့ ကျွန်မတို့ မြန် မာနိုင်ငံကရောက်လာတဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ တခြား မြန်မာနိုင် ငံသူ၊ နိုင်ငံသားတွေဟာ အချင်းချင်းညီညီညွတ်ညွတ်နေဖို့ ကြိုးစားကြပါ။ အချင်းချင်းညီညွတ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ တစ်ဦးအပေါ် တစ်ဦး စာနာပါ။ နားလည်မှုပေးပါ။ ကိုယ်ရဲ့ နိုင်ငံနဲ့ပတ်သက်လို့ ကိုယ်ဂုဏ်ယူနိုင် တဲ့ အခြေအနေဖြစ်အောင် ကျွန်မတို့က ကြိုးစားသလို နိုင်ငံကလည်း ကျွန် မတို့ ပြည်သူတွေအတွက် ဂုဏ်ယူနိုင်အောင်လို့ ကျွန်မတို့ ပြည်သူပြည်သား တွေကလည်း ကြိုးစားပေးပါလို့ ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ အခုကျွန်မ ထိုင်းနိုင်ငံကို လာတာကတော့ အစည်းအဝေးတက်ဖို့ လာ တာပေါ့နော်။ အစည်းအဝေးတက်ဖို့လာတာဆိုပေမဲ့ အမှန်ပြောရမယ်ဆိုလို့ ရှိရင် ကျွန်မတို့အတွက် ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေကတော့ ကျွန်မ တို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ကျွန်မတို့ရဲ့ ဒုက္ခသည်တွေရဲ့ ဘဝ အခြေအနေတွေကို ကျွန်မအနေနဲ့ သုံးသပ်ပြီးတော့ ဘယ်လိုနည်းနဲ့ သက် သာအောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို လေ့လာဖို့ ကျွန်မလာတာဖြစ် ပါတယ်။

    နှစ်ရက်သုံးရက်အတွင်းမှာတင် အခြေအနေတွေနဲ့ ပတ်သက်လို့ ကျွန် မသိလာတာတွေ ရှိပါတယ်။ ဒီနိုင်ငံက ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမား တွေနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ ဝန်ကြီးဌာနတွေ ကျွန်မတို့ဆက်ပြီးတော့ လုပ် ပါမယ်။ ကျွန်မတို့နိုင်ငံဘက်ကလည်း တတ်နိုင်သမျှ ကျွန်မတို့ရဲ့ ရွေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေရဲ့ ဘဝကို လုံခြုံမှုပေးနိုင်အောင်လို့ ကျွန် မတို့ဆက်ပြီးတော့ ကြိုးစားပါ့မယ်လို့ ပြောပါရစေ။

    ကြိုးစားပါ့မယ်လို့ ပြော လို့ တစ်ချို့တွေက အားရချင်မှ အားရမှာ။ အခုချက်ချင်းလက်ငင်း လုပ်ပေး စေချင်တဲ့သူတွေ ရှိမှာပဲ။ ဒါပေမဲ့လည်း ကျွန်မက ကတိတွေပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး။ အဲတာကြောင့်မို့လို့ အိမ် ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့မှ ပြောင်းရွေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မ တို့ ပြည်သူတွေ နေထိုက်တဲ့အိမ်ဖြစ်အောင်လို့ အမြန်ဆုံးကြိုးစားပါ့မယ်လို့ ပြောပါရစေ။ အားလုံးကျန်းမာချမ်းသာကြပါစေ။
    Eleven media group

    Posted: 31 May 2012 08:03 AM PDT

    Photo..Reuters

    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610

    East Asia 2012 - A Conversation with Daw Aung San Suu Kyi