Thursday, 9 August 2012
Posted: 02 Aug 2012 12:14 AM PDT
နိုင်ငံတော်သမ္မတသည် ပြည်ပသတင်းရုပ်သံတစ်ခုနှင့် ပွင့်လင်းစွာ လက်ခံတွေ့ ဆုံပြီး အင်တာဗျူးဖြေကြားခဲ့သည်။
 ထိုအင်တာဗျူးတွင် NLD တွင်သာမက အစိုးရအဖွဲ့နှင့် တပ်မတော် အတွင်းတွင်ပါအပြောင်းအလဲလိုလားမှုမရှိသူများ
ရှိနေကြောင်း၊ထိုသူများအနေဖြင့်အနာဂတ်နိုင်ငံရေးတွင်ကျန်ရစ်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ရာ
 အပြောင်းအလဲ မလိုလားသူဟု နံပါတ် တစ်ပေးခံထားရသည့် ဦးကျော်ဆန်း၏ နောက်ဆုံးနေ့များမှာ နီးကပ်လာသည့်
 သဘောဖြစ်သည်။ ထိုသို့သော အချိန်မျိုးတွင် ၎င်းအနေဖြင့် လက်ဝယ်ရှိနေသည့် လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံး၍ 
အာဏာရှင်ဆန်ဆန် ရမ်းကားလာသည်ကို တွေ့နေရသည်။ ဤသို့သော ရမ်းကားမှုမှာ လိုအပ်သည်ထက်ပို၍ နိုင်ငံရေး 
အားပြိုင် မှုများ ပါဝင်လာလျှင်မူ အရှိန်အဟုန်ပြင်းပြင်းဖြင့် ချီတက်နေသော မြန်မာ့ဒီမိုကရေစီအတွက် ဝမ်းနည်းဖွယ်ဖြစ်
 ရပ်ကြီး ဖြစ်ပေလိမ့်မည်။
မြန်မာ့ဒီမိုကရေစီအပြောင်းအလဲမှာDynamicChange၊DramaticChangeဟု နိုင်ငံတကာတွင် ရေပန်းစားလျက်ရှိနေသည့်
တိုင် စစ်ဘက် အုပ်ချုပ်ရေးမှအရပ်ဘက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းစနိုင်ငံများတွင် ကြုံတွေ့ရလေ့ရှိသည့် ဒီမိုကရေစီ
 စိန်ခေါ်မှုများကို ကြုံတွေ့နေရဆဲ ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲသည်လုံးဝပြောင်းလဲသွားပြီဟု ဆိုနိုင်လောက်
သည့်တိုင် အချို့အချို့သော စိန်ခေါ်မှုများက အပြောင်းအလဲ မရှိပါဟု ထောက်ပြနိုင်စရာ ရှိနေသေး
သည်။ အထူးသဖြင့်ဒီမိုကရေစီ၏အနှစ်သာရဖြစ်သည့်လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်နှင့်လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်
(Freedom of Speech and Freedomof Press) မှာ အကြီးအကျယ် စိန်ခေါ်ခံနေရသည့် အနေအထားတွင် ရှိနေပါသည်။
၂၀၀၉- ၂၀၁၀ ခုနှစ်လောက်ခန့်မှမစ၍ မြန်မာမီဒီယာများ အထူးသဖြင့် သတင်းဂျာနယ်လောကမှ ဖြေလျော့မှု များစွာ ရရှိလာခဲ့ပြီး အစိုးရ သစ်လက်ထက်တွင် အပြုသဘောဝေဖန်ချက်များကို ရေးသားထောက်ပြလာနိုင်သည်အထိ လွတ်လပ်
ပွင့်လင်းလာခဲ့ပါသည်။ သို့ရာတွင် ယခုအချိန်ထိ နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်မရရှိသေးခြင်း၊ အပတ်စဉ်ထုတ် ဂျာနယ်အချို့မှာ
တင်ထုတ်စနစ်မှထုတ်တင်စနစ်သို့ပြောင်းလဲထုတ်ဝေနိုင်ခွင့်ရရှိခဲ့သည့်တိုင်ဂျာနယ်ထုတ်ဝေပြီးနောက်ပိုင်း အကျိုးဆက်များကို
/ဖြေရှင်းနေကြရခြင်း၊စာပေစိစစ်ရေးကိုဇွန်လအတွင်းဖျက်သိမ်းမည်ဟုဆိုသည့်တိုင်လက်ရှိအခြေအနေထိ သတင်းဂျာနယ်များ
 တရားစွဲခံ၊ အရေးယူခံနေကြရခြင်းများကဒီမိုကရေစီ အပြောင်းအလဲဟူသည့် ကားတစ်စီးတွင် ဘီးလေးဘီး ရှိသည့်အနက်
သုံးဘီးသာ လည်ပတ်နေသည့် သဘောမျိုးဖြစ်နေကြောင်း အထင်အရှားပြသနေသလို
ရှိသည်။ အကြောင်းသင့်၍ ဆိုရလျှင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့်မီဒီယာဟူသော ဘီးလေးဘီးအနက်
 အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဆိုသည့် ဘီးနှစ်ဘီးက အရှိန်ရနေသည့်တိုင် တရား စီရင်ရေးဘီးက လေလျော့နေသလို မီဒီယာဆို
သည့်ဘီးကလေမရှိသည့်အပြင်ဂျမ်းတုံးအခုခံထားရသကဲ့သို့ ဖြစ်နေသည်။ အစိုးရသစ်လက်ထက်တွင်ဂျာနယ်အချို့ တရားရုံး
တွင် အမှုရင်ဆိုင်နေရသလို နောက်ဆုံးအခြေအနေများအရ ကာလ
အကန့်အသတ်မရှိ အပိတ်ခံရသည့် ဂျာနယ် လေးစောင်အထိ ရှိလာပြီဖြစ်သည်။ ပြည်တွင်းဂျာနယ်နှစ်စောင်မှာ စာပေစိစစ်ရေး၏
 မူဝါဒအရသာမက အုပ်ချုပ်ရေးအာဏာ၏ တရားစွဲဆိုမှုကိုပါ ခံနေရသေးသည်။ ဤ သည်မှာ အပြုသဘော ဝေဖန်ထောက်ပြမှု
များကို အစိုးရသစ်လက်ထက်တွင် လက်ခံနိုင်စွမ်း၊ သည်းခံနိုင်စွမ်းရှိလာပြီဆိုသည့် သုံးသပ်ချက်ကို သံသယ ဖြစ်ဖွယ်ရှိသည်။
ယခင်ကစာပေကင်ပေတိုင်ရုံးဟုနာမည်ကြီးခဲ့သည့်စာပေစိစစ်ရေးကိုဇွန်လအတွင်းဖျက်သိမ်းမည်ဟုတာဝန်ရှိသူများက
 ပြောကြား ခဲ့သည့်တိုင် လက်ရှိတွင်ဖျက်သိမ်းခြင်းမရှိသေးသလို စာပေစိစစ်ရေးမူဝါဒအချို့ ပြန်လည်တင်းကျပ်လာခြင်းက
 မီဒီယာလွတ်လပ်ခွင့် နောက်ကြောင်း ပြန်သွားမည့် လက္ခဏာပင် ဖြစ်သည်။
အုပ်ချုပ်ရေးအာဏာ၏ အမြင့်ဆုံးတာဝန်ရှိသူဖြစ်သည့် နိုင်ငံတော်သမ္မတကိုယ်တိုင် မီဒီယာ၏အားကို ကောင်းစွာ အသုံးချ
လျှက်ရှိနေသည်ကို တွေ့ရပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ကိုယ်တိုင် မီဒီယာရင်းနှီးကျွမ်းဝင်မှုရှိရန် ကြိုးပမ်းအားထုတ်နေကြ
သဖြင့်အစိုးရသစ်တစ်ဖွဲ့လုံးအနေဖြင့်မီဒီယာကိုမုန်းတီးမှုရှိပုံမရဟုရှုမြင်နိုင်ပါသည်။ နိုင်ငံတော်သမ္မတ၏ တိုင်းပြည်အခြေပြုမိန်
့ခွန်းများ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၏ ပြောကြားချက်များတွင် မီဒီယာ၏ အကျိုးပြုနိုင်စွမ်းကို မကြာခဏ ထည့်သွင်းပြောကြား
ခဲ့ခြင်းနှင့် အစိုးရအဖွဲ့နှင့် လွှတ်တော်ဆိုင်ရာ အားနည်းချက်များကို ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားနေကြခြင်းများကြောင့်
လည်းနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် မီဒီယာအပေါ် အထူးမျှော်လင့်ချက်ထားသည်ဟုဆိုလိုက ဆိုနိုင်ပါသည်။
ထိုကဲ့သို့သော အခြေအနေကောင်းများ ရှိပါသော်လည်း ပြည်ပန်းညိုချိုပါလျှက် ဆားကဖျက်ဆိုသကဲ့သို့ တိုင်းပြည်၏ မီဒီယာကဏ္ဍကိုထိန်းချုပ်ခွင့်ရထားသည့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း၏ ပြုပြင်ပြောင်းလဲရေးမလိုလားမှုကြောင့် မြန်မာ့မီဒီ
ယာဖွံ့ဖြိုးတိုးတက်မှုမှာမြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနှင့်အမီမလိုက်နိုင်ဖြစ်နေသည်ကို တွေ့ရသည်။ ခေါင်းမာ
ဂိုဏ်းသားဟု ကျော်ကြားသည့် ဦးကျော်ဆန်းမှာ ၎င်း၏ ဆရာရင်းဖြစ်သည့် ယခင် အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ အမွေဆက်ဆံခွင့်ခွဲတမ်းကြောင့် အစိုးရသစ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးရာထူးကို ဆက် လက် တာဝန်ယူခွင့်
ရခဲ့သည်။ သို့ရာတွင် ၎င်းမှာ ခေတ်ပြောင်းစနစ်ပြောင်းနှင့် နိုင်ငံရေးအခင်းအကျင်းသစ်ကို နားလည်မှုမရှိဘဲ မီဒီယာလွတ်လပ်ခွင့်
 ရ ရှိသည်နှင့် တပြိုင်နက် ၎င်း၏ အခန်းကဏ္ဍမှေးမှိန်သွားမည့်အရေးကို အကြီး
အကျယ် ပူပန်နေပုံရသည်။ ၎င်းကိုယ်တိုင်နှင့် ၎င်း၏ အသိုင်းအဝိုင်း၊ ၎င်း၏ လက်ဝေခံများ စသူတို့၏ အကျိုးစီးပွားကို အထိပါး
မခံနိုင်သည့်အတွက် ပြုပြင်ပြောင်းလဲရေးကို မည်သို့မျှ လက်သင့်ခံနိုင်စွမ်းမရှိ ဖြစ်ပုံရသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ၎င်းအတွက်မျိုရခက်သည့် ဆေးခါးကြီးသဖွယ်ဖြစ်နေသည့်
အတွက်ကြောင့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုကို ၎င်း၏ လုပ်ပိုင်ခွင့် အာဏာအတွင်းမှနေ
၍နည်းမျိုးစုံဖြင့် ဟန့်တားနေသည်။။ မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲမရှိ အာဏာရှင်အလိုကျ
လုပ်ဆောင်နေသည်ဟူသည့် ပုံရိပ်မျိုး ပေါ်ပေါက်စေရန် တမင်တကာ လုပ်ဆောင်နေခြင်းလည်း
ဖြစ်သည်။ ဒီမို ကရေစီနောက်ကြောင်းပြန်လှည့်သည်နှင့်အမျှ ယခင်က အာဏာဖြင့်ယစ်မူးနိုင်ခဲ့သည့် အခြေအနေမျိုးကို ပြန်
လည်ဆုပ်ကိုင်နိုင်မည့် အိပ်မက်ဖြင့် စိတ်ကူးယဉ်နေသူလည်း ဖြစ်သည်။
နိုင်ငံတော်သမ္မတက ပြုပြင်ပြောင်းလဲရေး လက်ခံနိုင်စွမ်းမရှိသူများအတွက် အနာဂတ်တွင် နေရာမရှိဟု ထုတ်ဖော်ပြောကြား
ထားသဖြင့် ဦးကျော်ဆန်းအတွက် ခက်ခဲသည့် အနေအထားမျိုးဖြစ်လာသည့်အချိန်တွင် ၎င်းတွင် ရှိသည့်အားနှင့် တုံ့ပြန်ခြင်းဖြစ်
သည်။ ကောလဟာလဟု ဆိုသည့် တိုင် သေချာသလောက်နီးပါးရှိနေသည့် သတင်းတစ်ခုမှာ ဝန်ကြီးဌာနများ အပြောင်းအလဲ
လုပ်မည်ဆိုသည့် သတင်းဖြစ်ပြီး ထိုသတင်းအရ ဦးကျော် ဆန်းမှာ ပြန်ကြားရေးဝန်ကြီးရာထူးကို စွန့်လွှတ်ရတော့မည့်အခြေ
အနေ ဖြစ်နေသည်။
ထိုအချိန်တွင် ပြည်တွင်းဂျာနယ်အချို့က အဆိုပါသတင်းကို ရေးသားခဲ့ကြရာ ဦးကျော်ဆန်းအနေဖြင့် မည်သို့မျှ ထိန်းချုပ်နိုင်
စွမ်းမရှိတော့ဘဲ ၎င်း၏ လုပ်ပိုင်ခွင့်အာဏာအရ ဂျာနယ်များကို ပြင်းထန်စွာအရေးယူရန် ညွှန်ကြားခဲ့သည်။ တစ်ရက်အတွင်း
 ပြည်တွင်းဂျာနယ်သုံးစောင်အကန့်အသတ်မရှိ အပိတ်ခံရခြင်းသည် အရှိန်အဟုန်ဖြင့် ထိုးတက်နေသည့် မြန်မာ့ဒီမို ကရေစီ
ကို ခါးပိုင်းက ချိုးဖျက်ချလိုက်သည့် အခြေအနေမျိုး ဖြစ်သည်။
လွန်ခဲ့သည့်ရက်ပိုင်းကပင် နိုင်ငံတော်သမ္မတသည် ပြည်ပသတင်းရုပ်သံတစ်ခုနှင့် ပွင့်လင်းစွာ လက်ခံတွေ့
ဆုံပြီး အင်တာဗျူးဖြေကြားခဲ့သည်။ ထိုအင်တာဗျူးတွင် NLD တွင်သာမက အစိုးရအဖွဲ့နှင့် တပ်မတော်
အတွင်းတွင်ပါအပြောင်းအလဲလိုလားမှုမရှိသူများရှိနေကြောင်း၊ထိုသူများအနေဖြင့်အနာဂတ်နိုင်ငံရေးတွင်ကျန်ရစ်လိမ့်
မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ရာ အပြောင်းအလဲ မလိုလားသူဟု နံပါတ်
တစ်ပေးခံထားရသည့် ဦးကျော်ဆန်း၏ နောက်ဆုံးနေ့များမှာ နီးကပ်လာသည့် သဘောဖြစ်သည်။ ထိုသို့သော
အချိန်မျိုးတွင် ၎င်းအနေဖြင့် လက်ဝယ်ရှိနေသည့် လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံး၍ အာဏာရှင်ဆန်ဆန် ရမ်းကားလာသည်ကို တွေ့နေရသည်။ ဤသို့သော ရမ်းကားမှုမှာ လိုအပ်သည်ထက်ပို၍ နိုင်ငံရေး အားပြိုင်
မှုများ ပါဝင်လာလျှင်မူ အရှိန်အဟုန်ပြင်းပြင်းဖြင့် ချီတက်နေသော မြန်မာ့ဒီမိုကရေစီအတွက် ဝမ်းနည်းဖွယ်ဖြစ်
ရပ်ကြီး ဖြစ်ပေလိမ့်မည်။ ဦးကျော်ဆန်း ကဲ့သို့ ခေါင်းမာဂိုဏ်းသားဖြစ်သည့် ဦးတင်အောင်မြင့်ဦးနှင့်
ဦးအောင်သောင်းတို့ကဲ့သို့ ငရဲခွေးကြီးများ အစွယ်ကျိုးသွားသည့်တိုင် မြန်မာ့ဒီမိုကရေစီကို အသားဖျက်မည့်
ငရဲခွေးတစ်ကောင်ကတော့ လွတ်နေပါသေးသည်။ မြန်မာ့ဒီမိုကရေစီအတွက် အစွယ်ချိုးရမည့် ငရဲခွေးတစ်ကောင်
ကတော့ သေချာစွာ ကျန်ရှိနေပါသည်။
Yangonchronicle
Posted: 02 Aug 2012 12:04 AM PDT
ကျွန်တော်တို့ ယနေ့ အင်တာနက်မှာ အများ သိတဲ့ Hacking ခေါ် (Phasing)ကွန်ပျူတာအားခိုးဝင်ခြင်း ၊ အချက် လက်များ
 နှင့် Software များ၏ Key များကိုစားသွားခြင်း ၊ကွန်ပျူတာ ဟန်းနေခြင်း အစရှိသဖြင့် ပြဿနာများရဲ့ တရားခံကို ဖော်ပြပေး
တာပါ ။
ထိုသို့ နည်းများစွာကို စီးပွားဖြစ်လုပ်ကိုင်နေတဲ့ အဖွဲ့လိုက် Hecker များမှာ အနောက်တိုင်း နိုင်ငံများ တွင်သာမက အများသော
အားဖြင့် အမေရိကန် ၊ တရုတ် ၊ တို့မှာ ပေါက်မြောက်စွာ ရှိခဲ့ပါတယ် ။ထိုသူများ၏ Program များဟာ အမေရိကန် ဘဏ်များစွာ
သာမကအစိုးရ လျှို့ဝှက်မှတ်တမ်းများကိုပါ ၀င်ရောက်မွှေနှောက်နိုင်ခဲ့ကြပါတယ် ။
ထို အထိ အောင်မြင်အောင် Electronic Crime ခေါ် အီလက်ထရောနစ် နည်းပညာ ဖြင့် ပစ်မှု့ကျူးလွန်သူများထဲမှ
အမေရိကန် အစိုးရ မျက်လုံးပြူးလောက်သော အထင်ရှားဆုံးတစ်ယောက်မှာ Mr . Max Bulter ပဲဖြစ်ပါတယ် အီလက်ထရော
နစ် ဖောက်ထွင်းဝိဇ္ဇာ တစ်ယောက်ရဲ့ ၀င်ငွေကို ခန့်မှန်းကြည်မယ်ဆိုပါကသင်တို့ အနည်းငယ် အံသြနိုင်ပါ တယ် နိုင်ငံတစ်ကာ
 မှာရှိတဲ့ လက်ဆော့ချင်နေတဲ့ လူငယ်တွေProgrammer တွေ ကို သူက တစ်ယောက်စီ စုစည်းခဲ့ပြီး နည်းပညာ မျှဝေလို့
 ခိုးယူခဲ့ကြရာမှာ
 1. email & Password များ
2. ကိုယ်ရေးကိုယ်တာ မှတ်တမ်းများ
3. နိုင်ငံတစ်ကာ ဘဏ်ကဒ်များ၏ CCV နှင့် Password များ
4. Software များ၏ လိုင်စင် ကီးများ
5. နိုင်ငံတော် လျှို့ဝှက်ချက်များ
6. အဆိုးဆုံးက သူတို့ အချိန်မရွေး ၀င်နိုင်ထွက်နိုင်တဲ့ Phasing အခြေခံ Application များ
ကို စိတ်တိုင်းကျ မွှေနှောက်နိင်ခဲ့ကြပြီး ၀င်ငွေ သန်းကျော်ရှိခဲ့ကြပါတယ် ..ဒါက ကမ္ဘာကျော် အွန်လိုင်း ပစ်မှု့ကို ဖန်တီးခဲ့တဲ့
 သူတစ်ယောက်ကို သိအောင် ဖော်ပြပေးခြင်းပါ
ယနေ့အများဆုံး ခံစားနေကြတဲ့ Virus များ ..... Spy ware များ ကျွန်တော်တို့ကွန်ပျူတာ ထဲ ဘယ်လိုရောက်နိုင် တယ်
ဆိုတာကို ကျွန်တော် လေ့လာ ခဲ့သမျှ ရေးသား ခဲ့တာဖြစ်ပါတယ် အများဆုံး ကျွန်တော်တို့ ကြုံတွေ့ကြရ တာကတော့
 အောက်ပါ အတိုင်း ဖြစ်ပါတယ် ခင်ဗျာ
1.UNTRUSTED WEBSITE
Phasing တစ်ခုဖြစ်တဲ့ Malware ကိုအင်တာနက်စာမျက်နှာများမှာ Application ဖြင့် ထည့်သွင်းထားသော အွန်လိုင်း
Hacker များ၏ စာမျက်နှာများစွာ ရှိနေပြီးထိုစာမျက်နှာများသို့ ၀င်ရောက်တာနှင့်တစ်ပြိုင်နက် Browser မှာ ဗြောင်ဖြစ်
 သွားပြီး သူတို့ ထားရှိတဲ့ စပိုင် ကျွန်တော်တို့ ကွန်ပျူတာထဲကို လှလှပပ ၀င်ရောက်ပါတယ် ..ထိုသို့ ၀င်ရောက်မှု့ကို
အများစုက ဗိုင်းရပ်ကိုက်တယ်လို့ ခေါ်ကြပါတယ် .....ဖြစ်လာမည့် ကိစ္စတွေက
ကွန်ပျူတာကို Update လုပ်ရန် Credit card နံပတ်တောင်းမယ် ၊
ကွန်ပျူတာရှိ တန်ဖိုးရှိ Software တွေမှာ ရှိတဲ့ လိုင်စင်နံပတ်တွေ နှုတ်ယူသွားမယ် ၊
ကျွန်တော်တို့ ကိုယ်ရေးအချက်လက်များ နဲ့ ဖိုင်များကို ဖျက်စီးမယ်
နောက်ဆုံး ကွန်ပျုတာ စနစ်ကို ဖျက်စီးမယ် စသည်တို့ ဖြစ်ပါတယ်
ဒါက ဆိုးရွားတဲ့ Virus တစ်ခုမဟုတ်ပဲ ကွန်ပျူတာကို Hack တယ်လို့ခေါ်ပါတယ် ..ဒီအတွက် ကွန်ပျူတာ အသုံးပြုသူတွေမှာ
 AVG , Avira , Norton , Kasparsky , စတဲ့ Virus Protect ဆော့ဝဲရ်များသေချာ စွာ ထည့်သွင်းအသုံးပြုထားပါက
 အတော်အတန် စိတ်ချရပါတယ် ......
မြန်မာ လူငယ်အများစု အနေနဲ့ ထို Antivirus ဆော့ဝဲရ်များကို ရက်စွဲ မှန်အောင် မထိန်းသိမ်းပဲခပ်ပေါ့ပေါ့ သုံးတတ်ကြပါတယ်
 .. ဒါက မဖြစ်လျှင်တော့ ကိစ္စ မရှိပေမယ့် ဖြစ်လျှင်တော့ အရပ်ကူပါ ဖြစ်တတ်ကြပါတယ် .....
သတိပြုရန် တိုက်တွန်းလိုတာက ယနေ့ ကိုယ်တိုင် Virus မသတ်နိုင်လျှင့်ဖြင့် ထိုသို့ အဆင်သင့် ရောင်းသော Antivirus
 ဆော့ဝဲရ်များကိုတော့ တစ်နှစ်စာ တစ်ကိုယ်ရေအတွက်မှန်ကန်စွာ သုံးထားသင့်ပါတယ် .....
2.လင့်များ ကလစ်မိခြင်း
ဒီလိုမျိုးတော့ အများစု ကြုံတတ်ကြပါတယ် Link လို့ခေါ်တဲ့ အင်တာနက်စာမျက်နှာ များကို တိုက်ရိုက်ရောက်စေတဲ့
လိပ်စာ မျာကို ကလစ်လို့ Virus တိုက်ခိုက်ခံရတာကိုတော့ အများစု တွေ့ဘူးကြပါတယ် ...
ဒီလိုမဖြစ်အောင် ကာကွယ်ဖို့ကတော့ မိမိ အတွေ့ကြုံနဲ့ လည်ပတ်နေတဲ့ ပတ်ဝန်းကျင်ပေါ်အပြည့်မူတည်လျှက်
ရှိပါတယ်Virus ကွန်ပျူတာထဲရောက်သည်အထိ ကြာရန် အချိန် သည် လိုင်းကောင်းနေပါက စက္ကန့်အနည်းငယ် သာလိုအပ်ပါ
တယ်။
တစ်လောက Gtalk ကနေ အလိုလျှောက် တက်လာတဲ့ လင့်တော်တော်များများကို ကျွန်တော် တို့ကြုံကြရပါတယ် ဒါကပြင်း
ထန်တဲ့ Virus တစ်ခုပါ ကျွန်တော် လွန်ခဲ့တဲ့ 8 လခန့်က ရေးတင်ပေးခဲ့ပါတယ် ဒါမျိုး လင့်များကို အများဆုံးရောက်ရှိလာတာက
သင်ထီပေါက်တယ် ဒီမှာ ကြည့်ပါ ..... စသည်စသည်ဖြင့် အကြောင်းရာများစွာကိုသင့်ထံပို့ကြပါလိမ့်မယ် ... ဒါတွေကို လိုက်က
လစ်နေ လျှင်တော့ သေချာပါတယ် သင် Virus ၀င်ဖို့ လိုက်ရှာနေတာ နှင့် အတူဖြစ်ပါတယ် ။
ကျွန်တော်တို့နေ့စဉ် ၀င်စာများစွာ ကို ဖတ်တဲ့နေရာမှာ မိမိ မသိသော ဘယ်လိုလင့်များကိုမှ မကလစ်ရန်
ကျွန်တော် အမြဲ ပြောလေ့ရှိပါတယ် ... နမူနာပြောရလျှင် ကျွန်တော့်တို့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်လျှက်ရှိတဲ့
Social Network တွေ ရှိပါတယ် ကျွန်တော့် email ထဲမှ တစ်ယောက်က Netlog , Hi5 စသည်ကို ၀င်ပါက
ကျွန်တော်တို့ဆီ လင့်ဒါရိုက်ကြီး ရောက်ပါတယ် ..... ကျွန်တော်တို့က သဘော တူသည်မတူသည်ထား
သူတို့ ဖိတ်နိုင်ရန် သင့် email လိပ်စာ၏ Password ကတော့ ပါသွားပြီလို့ သတ်မှတ်နိုင်ပါတယ် ....
Ning ဆိုဒ်များတွင်တော့ ထိုသို့သော လုပ်ဆောင်ချက်မရှိသလို Facebook တွင်လည်းမရှိပါ ၊ Tagged တွင်လည်းမရှိပါ .
..နာမည်ကြီး များပင်ဖြစ်သော်ငြား အချို့သော Social Network များမှ လာသော လင့်များသည် ကျွန်တော်တို့ကို
သွေးဆောင်လျှက် အချက်လက်များစွာ ရယူကြသည်ကိုတော့ အသေချာပင်ဖြစ်ပါတယ် ......
သို့ကြောင့် မိမိ မကျင်လည် ၊ မရင်းနှီးသော လင့်များကို မကလစ်မိဖို့က အလွန်အရေးကြီးကြောင်း အသိပေးပါတယ် ။
3. ဂိမ်း, Smaily Icon ,Network များမှ Tool Bar များ
ဒါကိုအများစု မသိကြတာ များပါတယ် ကျွန်တော် နမူနာ ဖော်ပြပါ့မယ်
ဒါတွေကို Browser ရဲ့ Tool Bar တွေလို့ခေါ်ပါတယ် .. ဒီ Tool Bar တွေထဲမှာတော့ Search Engine တွေကလွဲပြီး
 ကျန်တာတွေ ရှိနေပါက ချက်ခြင်း ဖျက်ပစ်ရန် ကျွန်တော် တိုက်တွန်းပါတယ် .. ဒီTool Bar တွေရှိနေလျှင် အင်တာနက် လိုင်း
 ကို သူတို့က မျှဝေသုံးစွဲနေပြီး ကွန်ပျူတာကို ဟောင်းလောင်းဖြစ်နေစေပါတယ် .. အဆိုးဆုံးက Game ဘားများနဲ့ Smiley
 Icon များမှ Tool Bar များပင် ဖြစ်ပါတယ် သူတို့က POPP နဲ့ HTTP ကာကွယ်မှု့မရှိပဲ အင်တာနက်ကို ဟောင်းလောင်းပေါက် ဖြစ်နေစေပါတယ် ...
အမှန်မှာ Firefox Version 3+ ၊ Internet Explore ၊ Opera 6+ နှင့် ယခု Google Chrome Browser များမှာ ထိုက်သင့်
သလောက်လုံ ခြုံမှု့ရှိသော်သည်း ထို Tool Bar များကတော့ ဟင်းလင်းဖြစ်နေတာကြောင့် Hacker များ ၀င်ရန်ဂိတ်ပေါက်သာ
 ဖြစ်ပြီး အခမဲ့ Tool Bar များသည် သူတိ့လိုအပ်သော အချက်များကို နှိုက်ထုတ်ရန် အဆင်သင့်လုပ်ထားသည်ကိုသတိထားရန်
လိုအပ်ပါတယ် ............
သို့ကြောင့် မလိုအပ်သော Tool Bar အားလုံးကိုဖြုတ်ထုတ်ပစ်ရန် အရေးကြီးပါတယ် ရှိနေလျှင့်ဖြင့် ထုတ်ပစ်ပါ ။
ဖြုတ်ထုတ်ရန် Start >> Control Panel >>Program & Feature (Window7) သို့မဟုတ် >> Add or Remove
 Program (Window XP ) သို့သွားပြီးGame နှင့် Smiley Icon Tool Bar အားလုံးကို ဖြုတ်ထားရန်လိုပါတယ်
4. Software Key Gen များ
နားလည်သူ လူငယ်အများစု Software များကို လောဘတစ်ကြီင်္း Install လုပ်တတ်ကြပါတယ် ထိုသို့လုပ်တဲ့နေ ရာမှာလည်း
Key Gen နှင့် Crack ဖိုင်များကို ဖွင့်ကြရပါတယ် ... အများဆုံးသော Crack ဖိုင် များသည် Blocked Application များဖြစ်
သည်ကို သိရှိရန် အထူလိုအပ်ပါတယ် ...
အချို့သော ကွန်ပျူတာများ တွင် Antivirus တင်ထားပါက ထိုဖိုင်များ ဖွင့်မရပါ .. ထိုအခါ အများစုသည် Software
လိုချင်ဇောဖြင့် Antivirus ကို Disable လုပ်ပြီး Software Install လုပ်ကြပါတယ် ပြီးမှ Antivirus ပြန် ဖွင့်ကြပါတယ်
 ထိုသို့ဖြစ်လျှင် Antivirus ကို အမြဲ Update လုပ်ထားပါက အဆင်ပြေသော်လည်း Update မဖြစ်တော့သော အခါ
Quarantine ဖိုင်များ ထိန်းချုပ်မှု့ မဲ့ပြီး ကွန်ပျူတာအား စတင် ဒုက္ခပေးပါတယ် ..
သို့ကြောင့် Quarantine ဖိုင်များကို အပြီး ဖျက်ပြီး Recycle Bin ကို ရှင်းထုတ်ထားရန် အကြံပြုပါတယ် အကောင်း ဆုံးက
 မိမိ Virus သတ်နိုင်ခြင်းမရှိပါက Antivirus ကို Outdate ဖြစ်မနေရန် ဂရုစိုက်သင့်ပါတယ် ။
5. Desktop Gedgets များ (Widgets)
ထိုအရာများကို အတော်များများ သတိထားမိခြင်းမရှိပါဘူး ကွန်ပျူတာ Desktop ပေါ်မှာရှိတဲ့ အင်တာနက်ကို တိုက်ရိုက်ချိန်
ဆက်ထားတဲ့ Geိdgets များကို ဆိုလိုခြင်းဖြစ်ပါတယ် ... ဥပမာ နိုင်ငံတစ်ကာ မိုးလေ၀သ အစီအစဉ်များ ဖော်ပြသော အရာ ၊
 နာရီ ၊ ပြက္ခဒိန် ၊ ရေဒီယို ၊ သတင်း စသဖြင့် ကွန်ပျူတာပေါ်တွင် တင်ထားနိုင်သော အွန်လိုင်းချိတ်ဆက်ထားသည့် Application
s များပင်ဖြစ်ပါတယ် ....
ထိုအရာများကို အသုံးပြုပါက သင့် Window Firewall ကို On ထားရန် မမေ့ဖို့ အသ်ပေးပါတယ် ...
သူတို့သည်လည်း အွန်လိုင်းကို တိုက်ရိုက်ချိတ်ဆက်ထားတာ ဖြစ်သောကြောင့် ဂိတ်ပေါက်များ ဖြစ်နေသည်မှာ သင်သိရှိရန်
 လိုအပ်ပါတယ် ။ ......နမူနာ ပုံကို ကြည့်နိုင်ပါတယ် ........
ထိုကြောင့် ကွန်ပျူတာ လုံခြုံစွာ အသုံးပြုလိုသူများ အနေနဲ့ ထိအချက်များကို သိထားရန်လိုအပ်ပါတယ် မြန်မာနိုင်ငံ သည်
လည်းနောင်တစ်ချိန် အင်တာနက် တွင် ဈေးဝယ်နိုင်သောကဒ်များ ပေါ်လာမည်မှာ မလွဲပါထိုသို့သော အချိန်အတွက် ကျွန်တော်
တို့ သတိထားရန် ၊ ရှောင်ကျဉ်ရန် လိုအပ်သော အချက် အနေဖြင့်သာ မက
ယနေ့ အွန်လိုင်းတွင် လုံခြုံစွာ အသုံးပြုနိုင်သော Laptop တစ်လုံး သို့မဟုတ် ကွန်ပျူတာ တစ်လုံးအားထိန်းသိမ်းတတ် ရန်
 လိုအပ်ပါတယ် ....
ကျွန်တော် နောက်ဆုံး အကြံပြုချင်တာက လိုင်စင်မပါသော Software များမှ တော်တော်များများသည် တရုတ် Hacker
များထံမှ ဆင်သက်လာသော အရာများ ဖြစ်ပြီး ထိုအရာများတွင် ပါဝင်သော Key Gen များသည် သူတို့အတွက်
လက်ဆော့နိုင်သော Phasing များဖြစ်ကြောင်း ကိုယ်တွေ သိရှိပြီး အသိပေးရုံမျှမက မည်သည့် အရာမဆိုလိုင်စင်နံပတ်
 ဖြင့်လည်ပတ်နေသော 3rd generation pattern ကာကွယ်မှု့ထားနေသည့် ယနေ့ နည်းပညာလောကတွင်အွန်လိုင်းပေါ်မှ
 အလကားရသော Software များသည် စိတ်ချရမှု့ ရာခိုင်းနှုန်းလွန်စွာနည်းပါကြောင်း အထူးသတိပေးရင်း တစ်နှစ်ပြည့်
အင်တာနက်သုတ ဘလော့ အမှတ် 2 ကို အဆုံးသတ်ပါတယ် ။ (မှတ်ချက် ။ ။ စေတနာဖြင့် မျှဝေပေးသော မြန်မာဆိုဒ်များမှ
 Software များမပါ )
ဗဟုသုတဖြင့်ပြန်လည်မျှဝေခြင်းသာ......
ကိုလင်း- သလ္လာဝတီ
Posted: 01 Aug 2012 11:55 PM PDT
(30 July 2012 ရက်စွဲပါ VOA News မှ နိုင်ငံခြားရေးဝန်ကြီးဌာန၏ Opening for Investment, Burma faces human
rights challanges ကိုဘာသာပြန်ဆိုသည်)
(အမေရိကန်သံအမတ်ကြီး Derek Mitchell ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် တိုင်းပြည်ကိုပို၍ ပွင့်လင်းပြီး၊
တာဝန်ယူမှုပိုမိုဖြစ်စေနိုင်ပာု ပြောကြားမှုများအတွက် ရေးသားသော ဆောင်းပါးဖြစ်သည်)
မြန်မာနိုင်ငံတွင်နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကြောင့်အမေရိကန်နှင့်ဥရောပတို့မှအရေးယူမှုများ ဖြေလျော့သွားခြင်းနှင့်
အတူ နိုင်ငံခြားကုမ္ပဏီများပို၍ မြန်မာနိုင်ငံသို့ဝင်ရောက်လာသည်။
သို့သော် အိုဘားမားအစိုးရက ပြောကြားရာတွင် အမေရိကန်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လုပ်သားအခြေအနေများ တိုး
တက်ရေးကိုသာ ဦးတည်စေရန်မျှော်လင့်ပြီး၊ မြန်မာနိုင်ငံသည် ပို၍တံခါးဖွင့်လာခြင်းကြောင့် လူကုန်ကူးမှု ပိုမိုဆိုးရွားလာမည်ကို
 စိုးရိမ်ကြောင်းဆိုသည်။
အမေရိကန်နှင့်ဥရောအရေးယူမှုများသည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကိုထိခိုက်ပြီး နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု
 ပြုလုပ်ရန် ခက်ခဲစေသည်။ သို့သော် ယခုအခါ အဆိုပါအရေးယူမှုများ ဖြေလျော့ပေးသောအခါ Google၊ ကိုကာကိုလာနှင့်
 General Motors တို့သည် မြန်မာနိုင်ငံသို့ ဦးဆောင်ဝင်ရောက်ရန်တာစူနေသည်။ မြန်မာနိုင်ငံသို့ အကြီးဆုံးအမေရိကန်ကုန်
သွယ်ရေးမစ်ရှင်အဖြစ် သွားရောက်မည့်အဖွဲ့၏ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီက
လင်တန်က ပြောကြားရာတွင် တာဝန်ယူသော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အပေါင်းလက္ခဏာဆောင်သော ပြောင်း
လဲမှုများဆောင်ကြဉ်းပေးမည့် အေးဂျင့်များဖြစ်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကလင်တန်က မြန်မာသမ္မတဦးသိန်းစိန်အား ဝါရှင်တန်သည် လုပ်ဆောင်သောပြုပြင်ပြောင်းလဲမှုတစ်ခုခြင်းအပေါ် တုန့်ပြန်
 သွားမည်ပာု ပြောခဲ့သည်။
ယူနီဆက်၏ မြန်မာနိုင်ငံကိုယ်စားလှယ် Ramesh Shrestha ကပြောကြားရာတွင် ဆင်းရဲမွဲတေမှုနှုန်း ၃၀ ရာခိုင်နှုန်းရှိသော
 မြန်မာနိုင်ငံတွင် အကြီးဆုံးအန္တရာယ်များထဲမှတစ်ခုမှာ ကလေးများအပေါ်မှ ခေါင်းပုံဖြတ်ခြင်းဖြစ်သည်ပာုဆိုသည်။ "တကယ်
လို့ရှိရင် အရာရာကိုရှင်းရှင်းလင်းလင်း တံခါးဖွင့်ဖို့လိုပါတယ်။ ဆိုလိုတာက လက်ရှိအခြေအနေကို ဆိုးရွားစွာထိန်းချုပ်ထားခြင်း
ကို ဖြေလျော့ပေးရပါမယ်။ ဆိုလိုတာက ပြည်သူတွေပာာ ဆန္ဒရှိတာလုပ်ပါစေလို့။ တရားဝင်ဖြစ်ဖြစ်၊ တရားမဝင်ဖြစ်ဖြစ် အရာရာ
ဘာမဆို ဖြစ်နိုင်ပါတယ်"ပာု ၎င်းကပြောသည်။
World Vision မှ ကလေးသူငယ်အကာအကွယ်ပေးရေး အကြီးတန်းမူဝါဒအကြံပေး Jesse Eaves ကပြောကြားရာတွင်
အရေးကြီးသောအချက်မှာ အပေါင်းလက္ခဏာဆောင်သောခြေလှမ်းများ လှမ်းနေခြင်းပင်ဖြစ်ကြောင်းဆိုသည်။ "မြန်မာနိုင်ငံလိုနို
င်ငံမျိုးမှာ သူ့နယ်စပ်မှာ အမှန်တကယ်ဖြစ်ပျက်နေတာတွေ၊ သူ့နိုင်ငံသားတွေမှာ ဘာတွေဖြစ်နေသလဲဆိုတာ ကြည့်နေပြီး၊
သင့်လျော်တဲ့ တုန့်ပြန်မှုတွေ ကြိုးစားလုပ်ဆောင်နေတာ တွေ့နေရပါပြီ"ပာု ၎င်းက ပြောသည်။
Eaves ကပြောကြားရာတွင် World Vision သည် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုနှင့် ကလေးသူငယ်များအပေါ် ခေါင်းပုံဖြတ်ခြင်း
များအကြောင်း အသိပညာမြင့်လာရန် လုပ်ဆောင်လျက်ရှိသည်။ "အံ့သြဖွယ်ကောင်းတာက ပြောင်းလဲမှုကို တွေ့လာရတာပါပဲ။
အကြီးဆုံးပြဿနာအများစုက နားမလည်ကြတာပါပဲ။ သူတို့က ဒါတွေကို သာမန်လုပ်ရိုးလုပ်စဉ်လို့ထင်နေတာ။ ဒါကို ကျွန်တော်
တို့က ရှင်းပြနေရတာ"ပာု ၎င်းကပြောသည်။
Brookings Institution မှ စီးပွားရေးပညာရှင် Lex Rieffel ကပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု
အမြန်နှုန်းသည် လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို စိန်ခေါ်လာနိုင်ဖွယ်ရှိသည်ပာု ဆိုသည်။ "သဘာဝသယံ
ဇာတပေါ်တွင် များစွာရင်းနှီးမြှုပ်နှံသော တိုင်းပြည်များတွင် လူ့စွမ်းအားအရင်းအမြစ်တွင် ရင်းနှီးမြှုပ်နှံမှုနည်းပါးသည့်ပုံစံကို
 ကျွန်တော်တို့ တွေ့နေရပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ လူ့စွမ်းအားအင်းအမြစ်မှာ ရင်းနှီးမြှုပ်နှံခြင်းကသာ
 ရေရှည်အကျိုးစီးပွားဖြစ်မယ် ဆိုတာပါပဲ"ပာု ၎င်းကပြောသည်။
သို့သော်ဗြိတိန်၏ရင်းနှီးမြှုပ်နှံမှုအကြီးအကဲNickBairdကပြောကြားရာတွင် နိုင်ငံခြားကုမ္ပဏီများသည် မြန်မာနိုင်ငံပေါ်တွင်
 သက်ရောက်မှု ကြီးမားအောင်ပြုလုပ်နိုင်သည်ပာု ဆိုသည်။ "စီးပွားရေးလုပ်တာသက်သက်မပာုတ်ပါဘူး။ လွတ်လပ်ပွင့်လင်းပြီး
တာဝန်ယူတဲ့ နည်းလမ်းများနဲ့အတူတကွ လုပ်ကိုင်ခြင်းဖြင့် တကယ်တမ်း တိုင်းပြည်တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေပါ
တယ်"ပာု ၎င်းက ဆိုသည်။
Yangonchronicle
Posted: 01 Aug 2012 04:45 PM PDT
 ကမ္ဘာလောကကြီးတွင် လူရယ်လို့ မွေးဖွားလာသည်နှင့်အမျှ ကမ္ဘာလောကကြီးမှ ပြန်လည်ထွက်ခွာ သွားသူများလည်း
ဒုနဲ့ဒေး
 ရှိကြသည်။ ဤသည်ကား လောက၏နိယာမတရားပင် ဖြစ်တော့သည်။ ယင်းလောက၏ နိယာမတရားအား မေ့ပျောက်နေ
သူများ
လည်း ရှိကြသည်။ ထိုကဲ့သို့ မေ့ပျောက်နေသူများ ထဲတွင် တေးသံရှင် ဖြိုးကြီး တစ်ယောက်မပါဝင်ချေ။ အကြောင်းမှာ ရှင်
သန်ခြင်း၏ အနက်အဓိပ္ပါယ်နှင့် ရှင်သန်နေစဉ်ကာလတွင် မည်ကဲ့သို့ လောကကြီးထဲတွင် နေထိုင်၊ ကျင့်ကြံသွားရမည်ကို
 ဖြိုးကြီး
 တစ်ယောက်သိရှိခဲ့၍ လူသားများအား ဖေးမကူညီမှုလုပ်ငန်းအား အချိန်ပြည့်လုပ်ဆောင်ပေးနေသော နာရေးကူညီမှုအသင်း
(ရန်ကုန်)တွင် ၁.၈.၂ဝ၁၂ ရက်နေ့ နံနက် (၉း၃ဝ) နာရီအချိန်တွင် လာရောက်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏
လုပ်ဆောင်
မှု ပေးဆပ်မှုများအား လေ့လာခဲ့ပြီးနောက် နာရေးကူညီမှု ဈာပနလမ်းကြောင်း (၂) ကြောင်းအား ညနေ (၄း၃ဝ) နာရီအချိန်ထိ
 အသင်းသား/သူများ နှင့် လက်တွဲ၍ ကုသိုလ်ဖြစ် လုပ်အားဒါနပြုခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အလှူရှင်များအား (ကန့်သတ်)အဖြစ် ပြန်လည်၍ လက်ဆောင်ပေးအပ်သော "လူမှုရေးဂီ
တသူရဲကောင်းများ Vol:2" အားဂီတပညာရှင်များဖြစ်သော ဦးရဲလွင်၊ ဆောင်းဦးလှိုင်၊ သားထွေး၊ ကိုနေဝင်း၊ ဘိုဘို (Outsider)၊
အနဂ္ဂ၊ ကောင်းပြည့်၊ မေခလာ၊ နှင်းဧကရီ၊ စိုးသိင်္ခ၊ ဇေယျာသော်၊ J-me၊ လားရှိုးသိန်းအောင် … စသည့် နာမည်ကြီး တေးသံရှင်
များမှ ဂီတသံစဉ်တို့ဖြင့် ကုသိုလ်ဖြစ် ရေးသား၊ သီဆို၊ တီးခတ်မှုများ ပြုလုပ်ပေးလျှက်ရှိရာ အဆိုတော် ဖြိုးကြီးသည်လည်း
အပါအဝင်ဖြစ်ခဲ့သည်။ ထို့ကြောင့် ယနေ့ ဖြိုးကြီးတစ်ယောက် နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လုပ်အားပေးအဖြစ်
 နာရေးကူ ညီမှု ဈာပနလမ်းကြောင်းများအား လာရောက်ကုသိုလ်ယူစဉ် "လူမှုရေးဂီတသူရဲကောင်းများ Vol:2" အတွက်
 ရိုက်ကူးရေးကဏ္ဍကိုပါ ဆောင်ရွက်ခဲ့သည်။ ပထမဦးဆုံး နာရေးလမ်းကြောင်းအဖြစ် မြောက်ဒဂုံ မြို့နယ်၊ ဇေယျသုခလမ်းတွင်
 နေထိုင်သော ဦးသန်းမောင် အသက် (၈၁)နှစ်၏ ဈာပနနှင့် ဒုတိယ နာရေး လမ်းကြောင်းအဖြစ် စမ်းချောင်းမြို့နယ်၊
ဟံသာဝတီကမ္မဋ္ဌာန်းတိုက်၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဇဝန သက်တော် (၉၃)နှစ်၊ သိက္ခာတော် (၇၂)ဝါ ဆရာတော်
ဘုရားကြီး ၏ အန္တိမဈာပန လမ်းကြောင်းတို့အား ကိုယ်တိုင်ကိုယ်ကျ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/ သူများနှင့်
 လက်တွဲကာ ဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းနှင်ပြီး ကွယ်လွန်သူတို့၏ ရုပ်ကလပ်တို့အား သယ်ယူပို့ဆောင်
ကာ
 ရေဝေးသုဿန်တွင် မီးသင်္ဂြိုလ်ခြင်းအခမ်းအနားကို ပြုလုပ်ပေး ခဲ့သည်။
မညီမညာ ကြမ်းတမ်းသော လူ့ဘဝကြီးထဲတွင် ခရီးသွားနေကြသော လူသားများအတွက် ကူညီ ဖေးမမှုများကို ပြု
လုပ်ပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူ အဆိုတော် ဖြိုးကြီးသည် လောကကြီးအား အလှဆင်နိုင်ရန်
အတွက်
 လူမှုရေးခြေလှမ်းသစ်တစ်ရပ် ပေးဆပ်မှုခြေလှမ်း လျှောက်လှမ်းခဲ့ပြီဖြစ်ပါသည်။
အလှဆင်
ရေး/ဆို - ဖြိုးကြီး
လောကရဲ့အခန်းထဲမှာ မွေးဖွားခဲ့ကြ
အားလုံးသော လူ့ဘဝဟာ ခရီးသွားများ
မညီညာ ကြမ်းတမ်းတဲ့ လမ်းဖြစ်ပါစေကွာ
တို့ … ဖြတ်သန်းရမှာ
အဆိုးအကောင်း အကျိုးအပြစ်တွေ ခွဲခြားလို့မရ
တစ်ခါတစ်လေတော့ လောကရဲ့တစ်ချို့ကိစ္စ
အမှန်တရားရဲ့ အဆုံးအဖြစ်ဟာ
ကြိုတင်ပြီး … မသိနိုင်ပြီလား
ဒီကမ္ဘာဖျားနာ မွှန်းကျပ်နေပြီ
အားလုံးဟာ မဆိုင်သလိုဘဲ ငေးကြည့်ကြမလား
တို့တစ်တွေ ဖေးမကူညီ … ဝိုင်းဝန်းကာ စောင့်ရှောက်ကြပါ
စာနာ နားလည်ပေးကာ လောကကို လှခွင့်ပေးပါ
မျှော်လင့်ချက်တို့ အသက်ဆက်ကာ နှစ်သိမ့်အားပေး
နွေးထွေးတဲ့ လူ့အသိုက်အမြုံ အဆုံးမရှိတဲ့နေ့
ရှင်သန်ခြင်းရဲ့ အနက်အဓိပ္ပါယ်မှာ
လူသားတိုင်း … နားလည်ခံစား …
x x x x x
(ကျော်သူ)
Posted: 01 Aug 2012 08:03 AM PDT
ဂျာနယ်များ တစ်တိုက်ပြီးတစ်တိုက် ပိတ်သိမ်းခံရခြင်းသည် မီဒီယာမဏ္ဍိုင်ကို မပျက်ပျက်အောင် အစီစဉ်တကျ
 ရိုက်ချိုးနေသည့် သဘောပင် ဖြစ်နေသည်။ မီဒီယာသမားဟူသည် ရသမျှသတင်းကိုပြည်သူသို့ အသီးအဖျား
 အသိပေးလိုသည့် ဆန္ဒရှိသည် ဖြစ်ရာမိမိရသမျှကို ဂျာနယ်မှတစ်ဆင့် တင်ပြကြပေသည်။ ထိုသို့သောမီဒီယာ၏
 သဘောတရားကို ထည့်မစဉ်းစားသ၍ မီဒီယာ၏ လွတ်လပ်ခွင့်ဟူသည်မှာ..။  အတွေ့အကြုံ နုနယ်လှသေးသည်ဖြစ်ရာ
 အစိုးရအနေဖြင့် မီဒီယာကိုရန်သူသဘောမထားသင့်ပါ။ အဆိုပါ မီဒီယာကဏ္ဍ တိုးတက်အောင်၊ ရှင်သန်အောင်
 ရေလောင်းပေါင်းသင် ထောက်ပံ့ပေးသင့်ပါသည်။ ယခုကား ထိုသို့မဟုတ်ဘဲ အကွက်ထောင်ဖမ်းနေသည့်သဘော
 သက်ရောက် နေသည်။ တစ်နှစ်တာကာလအတွင် မြန်မာဂျာနယ်လောကတွင် ဂျာနယ်ကြီး(၃)ခုသည် အကန့်အသတ်မရှိ
 အပိတ်ခံထားရသည်။ အဆိုပါဂျာနယ်ကြီး သုံးခုကား လျှပ်တပြက်ဂျာနယ်၊Envoy ဂျာနယ်နှင့် The Voice ဂျာနယ်
တို့ပင်တည်း။ 
နိုင်မော်
မြန်မာနိုင်ငံသည် ရွေးကောက်ပွဲသစ် လွှတ်တော်သစ် အစိုးရသစ်ဖြင့် ပြုပြင်ပြောင်းလဲမှုကို စတင်လိုက်သော အရှေ့တောင်အာ
ရှမှ ဒီမိုကရေစီ နိုင်ငံသစ်တစ်ခုဖြင့်သည်။ ယခုကာလသည် အာဏာရှင်စနစ်မှဒီမိုကရေစီ နိုင်ငံသစ်ကို ကူးပြောင်းရဆဲ
အချိန်ဖြစ်ရာ ဒီမိုကရေစီနိုင်ငံတွင် ရှိသင့်ရှိအပ် သော ဒီမိုကရေဒီကို ရှင်သန်ဖွံ့ဖြိုးအောင် ထောက်ပံ့ပေးမည့် မဏ္ဍိုင်တို့သည်
အားနည်းလျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဟူသော အဓိကမဏ္ဍိုင်ကြီးသုံးရပ်ဖြင့် တိုင်းပြည်ကို
 မောင်းနှင်ကြရသည်။ ထို မောင်းနှင်နေသော မဏ္ဍိုင်ကြီးသုံးရပ်နှင့် ပြည်သူကို ကြားမှပွင့်လင်းမှု ရှိအောင် ဆက်သွယ်ပေးသည့်
 နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူသားတို့၏ အသိဥာဏ်ဖွံ့ဖြိုးရေးတွင် အရေးပါသော မဏ္ဍိုင်တစ်ရပ် ရှိသည်။ အဆိုပါ မဏ္ဍိုင်
ကား နိုင်ငံ၏ မီဒီယာဟူသော စတုတ္ထမဏ္ဍိုင်ပင် ဖြစ်သည်။
မီဒီယာလွတ်လပ်ခွင့်ရှိမှု၊ မရှိမှုသည် ထိုတိုင်းပြည်၏ ဒီမိုကရေစီရေချိန်ကိုတိုင်းတာသည့် ပေတံတစ်ခုဟုပင် ဆိုနိုင်သည်။
ထို့ကြောင့်ပင် ဒီမို ကရေစီ၏ အခြေခံသဘောတွင် ပြည်သူ့လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး ဖြစ်သည်ဟု ဆိုထားသည်။
လွတ်လပ်ခွင့်ဆိုရာတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ရွေးကောက်ပိုင်ခွင့် စသည့်အချက်များ
 ပါဝင်နေသည်ဖြစ်ရာ လွတ်လပ်စွာ ရေးသားပိုင်ခွင့် မရှိသေးလျှင် ထိုနိုင်ငံ၏ ဒီမိုကရေစီကို ခရီးရောက်ဦးမည် မဟုတ်ပေ။
ဤဆောင်းပါးတွင် အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ ဆက်လက်၍ တင်ပြသွားပါမည်။ နိုင်ငံတော်တွင် အစိုးရသစ် တက်လာပြီး
 တစ်နှစ်ကျော် ကာလအတွင်း မီဒီယာနှင့်ပတ်သတ်၍ ပြန်လည်လေ့လာကြည့်လျှင် မီဒီယာများသည် ယခင်နှင့်စာလျှင် ပိုမိုရေး
သားလာနိုင်ပြီဟု ဆိုရမည်။ ယခင် ထက်တော့ ပိုမိုရေးသားနိုင်ရုံဖြင့်တော့ မီဒီယာလွတ်လပ်ခွင့်ရပြီဟု ကမ္ဘာ့အလည်တွင် အရှက်
မရှိ အော်လို့တော့ မဖြစ်သေးပါ။ အဘယ့်ကြောင့်ဆိုသော် မီဒီယာများတွင် နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်မှုဖြင့် ရင်ဆိုင်နေ
ရသောကြောင့်ပင်တည်း။ ဘာ့ကြောင့် ကျွန်တော် ထိုသို့ပြောသနည်း။ ကျွန်တော်တို့ နိုင်ငံတွင် စာပေစိစစ်ရေး ရှိနေသေးသည်။
(ထုတ်တင်ဟုပြောပြော တင်ထုတ်ဟုပြောပြော စာပေစိစစ်ရေး တင်နေရတာတော့ သေချာသည်) အစိုးရ ဝန်ကြီးဌာနများက
လည်း ကြောင်ကိုကြွက်ဖမ်းသကဲ့သို့ အပြစ်ကို ချောင်းနေကြသည်ကို တွေ့ရနေသေးသည်။­ ပြောရလျှင် ဂျာနယ်တွေမှာ ငွေထုပ်
ကို ဆောင်ထားရသည့် သဘောပင်။ အပိတ်ခံမည့်အရေး စောင့်နေရသည့်သဘော ဖြစ်နေသည်။ ဘယ်နေ့ တရားရုံး။ အမှန်အ
တိုင်း ဝန်ခံရလျှင် နယ်ပယ် ကဏ္ဍအသီးသီးသည် အတွေ့အကြုံနုနယ် နေသေးသည်။ နိုင်ငံရှိ အစိုးရအနေနဲ့သော်လည်းကောင်း၊
 ဥပဒေပြု လွှတ်တော်သည်သော်လည်းကောင်း အတွေ့အကြုံ နုနယ်သေးသည်။ ထိုနည်းတူ စတုတ္ထမဏ္ဍိုင်ဟူသော မီဒီယာပင်
လျှင် နုနယ်သေးသည်။ ဂျာနယ်တွေထွက်တာ ကြာပြီမှန်သည်။ သို့သော် ၂၀၁၁မတိုင်မီကာလများက ဂျာနယ်များသည် အာဏာ
ရှင်အောက်တွင် သူတို့အလိုကျ ရေးရသည့်သဘော၊ မိမိတို့ မဖော်ပြလိုသည့် အကြောင်း အရာများကို ဖော်ပြရသည့် အခြေအနေ
မျိုး ဖြစ်နေခဲ့သည်။
အတွေ့အကြုံ နုနယ်လှသေးသည်ဖြစ်ရာ အစိုးရအနေဖြင့် မီဒီယာကိုရန်သူသဘောမထားသင့်ပါ။ အဆိုပါ မီဒီယာကဏ္ဍ တိုးတက်
အောင်၊ ရှင်သန်အောင် ရေလောင်းပေါင်းသင် ထောက်ပံ့ပေးသင့်ပါသည်။ ယခုကား ထိုသို့မဟုတ်ဘဲ အကွက်ထောင်ဖမ်းနေ
သည့်သဘော သက်ရောက် နေသည်။ တစ်နှစ်တာကာလအတွင် မြန်မာဂျာနယ်လောကတွင် ဂျာနယ်ကြီး(၃)ခုသည် အကန့်အ
သတ်မရှိ အပိတ်ခံထားရသည်။ အဆိုပါဂျာနယ်ကြီး သုံးခုကား လျှပ်တပြက်ဂျာနယ်၊Envoy ဂျာနယ်နှင့် The Voice ဂျာနယ်
တို့ပင်တည်း။
လျှပ်တစ်ပြက်ဂျာနယ်သည် ဇွန်လအတွင်းကဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အရေးကိစ္စတွင် အစိုးရမီဒီယာ၏အမှားကို မည်သူတာ
ဝန်ယူမလဲ ဟူသောကိစ္စဖြင့် အပိတ်ခံရခြင်းဖြစ်သည်။ အဆိုပါကိစ္စကို ရှုမြင်ရလျှင် အစိုးရပိုင် သတင်းစာက မှာယွင်းမှုများကို
 ထောက်ပြသည့် သဘောဖြင့် ရေးသားမှုပင် ဖြစ်သည်။ မှန်ပါသည်။ အဆိုပါ ရခိုင်ပြည်နယ်က လူသတ်မှုတွင် အစိုးရမီဒီယာများ
က ကုလားလူမျိုး၊ ရခိုင်လူမျိုးဟူ၍ ခွဲခြားဖော်ပြခဲ့သည်။ အဆိုပါလုပ်ရပ်သည် နိုင်ငံပိုင်မီဒီယာအနေဖြင့် မလုပ်သင့်၍ သတင်း
သမားတို့၏ ရှုထောင့်အရတင်ပြခြင်း ဖြစ်ရာထိုသို့ ဂျာနယ်ကို ပိတ်ထားခြင်းသည် မမျှတကြောင်း ရှုမြင်မိသည်။ ရန်ကုန်တိုင်းဒေ
သကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက ဇွန်လ ၁၀ရက်နေ့က မီဒီယာများကို ရခိုင်ကိစ္စနှင့်ပတ်သက်၍ ခေါ်ယူ သတိပေးသည်။ သို့သော်
လျှပ်တပြက်ဂျာနယ်က အစိုးရအနေနှင့် ကိုယ်ရဲ့မီဒီယာကိုလည်း ထိန်းသိမ်းဦးဟု သတိပေးလိုက်သည့်သဘော ဖြစ်သည်ဟု
 ကျွန်တော့်အနေဖြင့်ရှုမြင်မိသည်။မီဒီယာ၏ ထိုသို့သော ဆိုလိုရင်းကို နားမလည် ကြပါက မီဒီယာ၏ လွတ်လပ်ခွင့်ဟူသည်မှာ..။
The Voice ဂျာနယ်ကိစ္စတွင် အစိုးရဝန်ကြီးများ ပြောင်းသည့်ကိစ္စကို မသေချာဘဲထည့်မှု၊ တားမြစ်ထားသည့် သရုပ်ဖော်ကာ
တွန်းကို ဖော်ပြ မှုတို့ ပါဝင်နေသည်။ အစိုးရဝန်ကြီးများ ပြောင်းမည့်ကိစ္စတွင် မီဒီယာအနေဖြင့် သတင်းရ၍သာ ထည့်ဖော်ပြခြင်း
 ဖြစ်နိုင်သည်။ မည်သည့်မီဒီယာကမျှ လိမ်လည်ရေးခြင်းမဖြစ်နိုင်။သို့သော် သတင်းအရင်းအမြစ် မခိုင်လုံ၍ မှားကောင်းမှားနိုင်
သည်။ မီဒီယာသမားဟူသည် ရသမျှသတင်းကိုပြည်သူသို့ အသီးအဖျား အသိပေးလိုသည့် ဆန္ဒရှိသည် ဖြစ်ရာမိမိရသမျှကို
ဂျာနယ်မှတစ်ဆင့် တင်ပြကြပေသည်။ ထိုသို့သောမီဒီယာ၏ သဘောတရားကို ထည့်မစဉ်းစားသ၍ မီဒီယာ၏ လွတ်လပ်ခွင့်ဟူ
သည်မှာ..။
ပြည်သူများသည် မီဒီယာမှတစ်ဆင့်သာ အသိပညာရရပေသည်။ ၂၀၁၀ရွေးကောက်ပွဲ အကြိုကာလက မီဒီယာ၏ ကြိုးပမ်းအား
ထုတ်မှုသည် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ခဲ့သည်။ မြစ်ဆုံဆည်တည်ဆောက်မှု တားမြစ်ရေးကိစ္စတွင် ပညာရှင်များ အရပ်ဖက်
လူ့အဖွဲ့အစည်းများက ပြည်သူသို့ ဆော်သြပေးမှုပါသကဲ့သို့ မီဒီယာ၏ဆော်သြပေးမှုလည်း ပါသည်။ ထို့ကြောင့်ပင် ပြည်သူများ
၏အသံသည် အရာထင်ခဲ့သည်။ တိုင်းပြည်၏ ဖြစ်ပေါ် ပြောင်းလဲမှုများကို မီဒီယာရှိနေ၍သာ ပြည်သူများ အသိအမြင် ပွင့်လင်း
လာရသည် ဖြစ်သည်။
ထိုကဲ့သို့ပြည်သူများကို အကျိုးရှိစေသော မီဒီယာကို မကြာသေးမီက သတ္ထုတွင်းဝန်ကြီးဌာနနှင့် The Voice Weekly တို့
အမှုတွင် တရားလိုပြ အစိုးရအရာရှိတစ်ဦးက ရုံးချိန်းတွင် ပြည်သူတွေ အကျိုးရှိအောင် ရေးတယ်ဆိုပြီး ဘာမှလည်းအကျိုးမရှိဟု
 ဆင်ခြင်တုံတရာမရှိ အမြောအမြင် ကင်းမဲ့စွာ ဖြေကြားခဲ့သည်။ ဤကဲ့သို့သော မီဒီယာကို အဆိုးမြင်သော မီဒီယာ၏အကျိုးများမှု
ကို နားမလည်သော အမှုထမ်းများရှိနေသ၍ မီဒီယာ၏ လွတ်လပ်ခွင့် ဟူသည်မှာ…။
သမ္မတကြီးက C.N.Aရုပ်သံလိုင်းနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်စုကြည်တို့ အဖွဲ့ထဲမှာရော အစိုးရအဖွဲ့မှာရော ရှေးရိုးစွဲအမြင်
 ရှိသည်ဟု ဖြေထားသည်။ မှန်ပါသည်။ ရှေးရိုးစွဲအမြင်ရှိသူများ ရှိနေသော နိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့် ဟူသည်မှာ..။
ဤသို့ဆိုလျှင် ပြန်ကြားရေးဝန်ကြီးဌာနမှာရော စာပေစိစစ်ရေးမှာပါထိုသို့သော အမြင်ဟောင်း အယူအဆဟောင်းများ ရှိနေလျှင်
 မီဒီယာ လွတ်လပ်ခွင့်ဟူသည်မှာ..။
ယနေ့အချိန်တွင် မြန်မာနိုင်ငံအစိုးရအပါအဝင် လွှတ်တော်အမတ်များကပါ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကို အပြီးတိုင်ဖယ်
ရှားလိုသည်။ အမေရိကန်မှ၏ "BURMESE FREEDOM AND DEMOCRACY ACT OF 2003" တွင် မြန်မာ နိုင်ငံကို လူ့အ
ခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ချိုးဖောက်မှုဟူသော တွေ့ရှိချက်များဖြင့် ချမှတ်အရေးယူထားသည်။ မြန်မာနိုင်ငံ မီဒီယာလောက
တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရ မီဒီယာ လွတ်လပ်ခွင့်ဟူသည်။ လွတ်လပ်ခွင့်ဟုပြောလျှင် တွဲပါလာသော မီဒီယာ
လွတ်လပ်ခွင့်မရှိလျှင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်၏ အပြီးတိုင် စီးပွားရေး ပိတ်ဆို့မှု ဖယ် ရှားရေးကြိုးပမ်းမှုသည် မည်
သို့ဖြစ်မည်ကိုစဉ်းစားဖို့လိုပေသည်။
ဂျာနယ်များ တစ်တိုက်ပြီးတစ်တိုက် ပိတ်သိမ်းခံရခြင်းသည် မီဒီယာမဏ္ဍိုင်ကို မပျက်ပျက်အောင် အစီစဉ်တကျ ရိုက်ချိုးနေသည့်
 သဘောပင် ဖြစ်နေသည်။ အထက်တွင် ကျွန်တော်ဖော်ပြခဲ့သည့် အတိုင်းမီဒီယာကဏ္ဍသည် အတွေ့ အကြုံ နုနယ်သေးသဖြင့်
ဂျာနယ်များကို ချုပ်စည်းမှု ပြုထားလျှင် အစိုးရမှပြောနေသော မီဒီယာလွတ်လပ်ခွင့်ကို မည်ကဲ့သို့ နားလည်ရမည်နည်း။ဂျာနယ်
တစ်ခုကို ပိတ်ရန်အမိန့်ထုတ်ခြင်းသည် ပြည်သူတို့၏ နား မျက်စိတို့ကို ထိုးဖောက်ပိတ်ဆို့ လိုက်သည်နှင့် တူပေလိမ့်မည်။ မီဒီယာ
တို့သည် လူသားအရင်းအနှီး၊ ငွေကြေးအရင်းအနှီး၊ ဂုဏ်သိက္ခာ အရင်းအနှီးတို့ဖြင့် သူတို့၏ ဂျာနယ်ကိုတည်ဆောက်ကာ ပြည်သူ
များအား မျက်စိပွင့်နားပွင့်ဖြစ်စေရန် ရသမျှသတင်းကို ပြည်သူသို့ တင်ပြကြ သည် ဖြစ်ရာယခုကဲ့သို့သော ပြင်းထန်သည့် လုပ်ရပ်
များက မီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ပြည်သူတို့အကြား နေ့စဉ်နှင့်အမျှ အမြင်ကျယ်ရေးတို့မှာ အဟန့်အတားများစွာ
 ရှိနေကြောင်းနှင့် မီဒီယာကဏ္ဍ လွတ်လပ်ခွင့်ဟူသည် မြန်မာနိုင်ငံတွင် မပီပြင်သေးဟု ဆိုရပေလိမ့်မည်။
အချို့က၂၀၁၂ဇူလိုင်လတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံပြီးနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်
အကြောင်း မီဒီယာတွင် ရေးကြပြောကြနိုင်လာသည်။ သို့သော် ထိုသို့ရေးနိုင်ရုံဖြင့် မီဒီယာလွတ်လပ်ခွင့်ရှိပြီဟု ဆိုနိုင်ပါမည်လော။
 နိုင်ငံရေးပါတီများ၏ ဆောင်ရွက် ချက်များ ဖော်ပြခွင့်ရရုံဖြင့် မီဒီယာလွတ်လပ်ခွင့်ရှိပြီဟု ဆိုနိုင်မည်လော။ နိုင်ငံရေးရာအိုင်
ဒီရော်လော်ဂျီများတင်ပြခွင့်ပြုရုံဖြင့် မီဒီယာလွတ်လပ်ခွင့်ဟု ဆိုနိုင်မည်လော။
ကျွန်တော့်အမြင်အရပြောရလျှင် မီဒီယာများအနေဖြင့် ဘက်လိုက်မှုမပါဘဲ မိမိတို့ရရှိလာသမျှ သတင်းများ၊ ပြည်သူပရိတ်
သတ်တို့ သိသင့်သော အတွေးအခေါ်များစသော သတင်းထွက်ကုန်များကို တင်ပြနိုင်မှသာ မီဒီယာလွတ်လပ်ခွင့် ရှိသည်ဟု
ဆိုနိုင်မည်ဖြစ်သည်။ တိုင်းပြည်ကလည်း နုနယ် သည်၊ စတုတ္ထမဏ္ဍိုင်လည်း နုနယ်သည်၊ နိုင်ငံရေးအတွေ့အကြုံလည်း နုနယ်
သည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မီဒီယကဏ္ဍနှင့်ပတ်သက်၍ ကိုင် တွယ်ရာတွင် တနည်းအားဖြင့် မီဒီယာ လွတ်လပ်ခွင့်ကို
 ဖော်ဆောင်ရာတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သင့်ကြောင်း တာဝန်ရှိသူများအား သိစေ ရန် တင်ပြလိုက်ရပေသည်။
မီဒီယာလွတ်လပ်ခွင့်ဟူသည်မှာ………………………………………………….။
Yangonchronicle
Posted: 01 Aug 2012 07:54 AM PDT
ရက်စွဲ- ၁.၈.၂၀၁၂
၁။ ပိတ်ပင်ခံထားရသောThe Voice Weekly , Envoy ၊ လျှပ်တပြက်ဂျာနယ်တို့ကိုချက်ချင်းထုတ်ဝေခွင့်ပေးရန်။
၂။ ပြုပြင်ပြောင်းလဲမှုများကိုထိခိုက်စေသည့်နောက်ပြန်ဆွဲသောမည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆိုအရေးယူဖယ်
ရှားပေးရန်။
၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့်မီဒီယာများကိုဖိနှိပ်ကန့်သတ်ထားသောဥပဒေများကိုချက်ချင်းဖျက်သိမ်းပေးရန်။
၎။ သတင်းမီယာများအပေါ် အရေးယူမှုများကိုထပ်မံလုပ်ဆောင်ခြင်းမပြုရန်။
၅။ ကျင့်ဝတ်နှင့်အညီရေးသားဖော်ထုတ်သောမည်သည့်ရေးသားမှုကိုအစိုးရကဥပဒေကြောင်းအရတရားစွဲမှုများကိုချက်ချင်း
ရပ်ဆိုင်းရန်။
၆။ မီဒီယာသမားများသဘောဆန္ဒမပါဝင်ဘဲရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆိုလက်မခံပါ။
၇။ လတ်တလောဖြစ်ပွားနေသောစာပေလွတ်လပ်ခွင့်ဆုံးရှုံးမှုများအတွက် မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံး
ပုဂ္ဂိုလ်ကအမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန်။
အထက်ပါတောင်းဆိုချက်များကိုချက်ချင်းလုပ်ဆောင်ပေးရန် ယနေ့တက်ရောက်လာသောသတင်းမီဒီယာသမား ၉၂ ဦးက
သဘောတူလက်မှတ်ရေးထိုးလိုက်သည်။
ကော်မတီဝင်များစာရင်း
၁။ ကိုဇော်သက်ထွေး
၂။ ကိုကျော်မြင့်
၃။ ကိုသက်ဇင်
၎။ ကိုနိုင်မင်းဝေ
၅။ ကိုကျော်ဇေယျာထွန်း
၆။ ကိုသာလွန်ဇောင်းထက်
၇။ ကိုသူရအောင်
၈။ ကိုဝေဖြိုး
၉။ ကိုဖိုးစိုင်း
၁၀။ ကိုအောင်ပေါ်ထွန်း
၁၂။ ကိုခွန်းသု
၁၃။ ကိုအောင်သူရ
၁၄။ ကိုထက်နိုင်ဇော်
၁၅။ မအေးသီရိဝင်း
၁၆။ ကိုမြတ်ဇံ
၁၇။ မမြနှင်းအေး
၁၈။ မစန်းမွန်အောင်
၁၉။ကိုကျော်ဆန်းမင်း
၂၀။မညိုမီသင်း
၂၁။မနန်းလွင်
၂၂။ဥာဏ်လင်းအောင်
၂၃။ကိုအောင်ထွန်းဦး
ကော်မတီများ
၁။ လုပ်ငန်းဖြစ်မြောက်ရေးကော်မတီ
သာလွန်ဇောင်းထက်၊ ကိုသူရအောင်၊ ကိုဝေဖြိုး၊ ကိုနိုင်မင်းဝေ၊ မနန်းလွင်၊ မညိုမီသင်း၊ ဦးကျော်မြင့်
၂။ ပြန်ကြားရေးကော်မတီ
ကိုသက်ဇင်၊ ကိုဇော်သက်ထွေး၊ ကိုကျော်ဆန်းမင်း
၃။ ဆန္ဒထုတ်ဖော်ရေးနှင့် စည်းရုံးရေးကော်မတီ
(ကျန်သူအားလုံး)
The voice weekly
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
Posted: 31 Jul 2012 09:34 AM PDT
MOSA အဖွဲ့ ၏ တတိယအကြိမ်မြောက်  သင်တန်း ပြည်မြို့ တွင် ဖွင့်လှစ်..
MOSA (Myanmar open eye social Actions ) အဖွဲ့ သည် 2012 ခုနှစ် 7လပိုင်း 13, 14,15 ရက်နေ့များတွင် ဟင်္သာတမြို့ တွင် စတင်သင်တန်းများ ပေးခဲ့ပြီး.. ရန်ကုန်မြို့ နာရေးကူညီမှုအသင်းတွင်လဲ 2012 7 20,21.22 များတွင် ၃ရက်တိုင်အောင် သင်တန်းများ ဒုတိယအကြိမ် အဖြစ်ပြုလုပ် ပေးခဲ့သည်။ 2012 .7.28 ရက်နေတွင် ပြည်မြို့နယ်. ရတနာမာန်အောင် ကျောင်းဝင်းအတွင်း (မိုးမေတ္တာ ပရဟိတလူငယ် သွေးလှုရှင်များ အသင်းမှ) ဖိတ်ကြားသဖြင့် လာရောက် သင်တန်းပေးရသည်ဟု MOSA အဖွဲ့သားများမှ ပြောကြားပါသည်။ သင်တန်းပို့ချသည့် ဘာသာရပ်မှာ(၅)ခုဖြစ်သည်ဟု အဖွဲ့ ဝင်များက ပြောပါသည်။
 (Journalism & Citizen Journalism ) (Human Right & Internet Freedom ) (International Relation & Political Science) (Civil Society) (Information Technology) ဘာသာရပ်များကို သင်ကြားမည် ဖြစ်သည်ဟု MOSA အဖွဲ့ ၏ ဆရာတစ်ဦးဖြစ်သူ ကိုအလင်းဆက်မှ ပြောကြားခဲ့သည်။ ယခုသင်တန်းသို့ ကိုအလင်းအဆက်.(IR) ကိုအောင်နီဦး(IR) ကိုမင်းမင်း(IT) တို့မှ လာရောက် သင်ကြား ပို့ချခြင်းဖြစ်ကြောင်း ကိုအလင်းဆက်မှ ထပ်မံပြောကြားသွားပါသည်။ ယခုသင်တန်းသို့ သင်တန်းသား ၃၀ခန့်တက်ရောက် လေ့လာသင်ယူခဲ့ကြသည်..။
(မှတ်ချက်.......MOSA အဖွဲ့အား ဆက်သွယ်လို ပါက..
Email...... mosa.education.2012@gmail.com
phone ...... 09421116065
phone........ 0943041787
တို့ အားဆက်သွယ်မေးမြန်းနိုင်ပါသည် )
သတင်းဓါတ်ပုံ ...နှင့်သတင်း ( သားစိုးလေး)
Posted: 31 Jul 2012 09:12 AM PDT
"စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်" (အပိုင်း-၃)
ကိုမျိုး(မြန်မာစာ) 
"Reformလုပ်သည် ဆိုရာတွင် Political Reform, Administration Reform, Economic Reform, Social Reform စသည်တို့အနက် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ကို ... မြန်မြန်ထက်ထက်ပြုပြင် သွားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ Mind Setများလည်း ပြုပြင်ပြောင်းလဲရန် လိုအပ် ပါကြောင်း"(မေလ၁၃ရက်နေ့က နိုင်ငံတော် သမ္မတရုံး၌ ကျင်းပသည့် ReformStrategy ရှင်းလင်း ဆွေးနွေးညှိနှိုင်းခြင်းနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြားချက်မှ)၊။
ယင်းသို့ မှတ်မှတ်ရရ ရှိခဲ့ရသော စကားနှင့်အတူ ""လုပ်ငန်း လုပ်ဆောင်ရာတွင် ဝေဖန်ခံနိုင်မှ အမှန်ကို မြင်ရမည်ဖြစ်၍ ဝေဖန်ခံနိုင်ရန်လည်း လိုအပ်"" ဟူသည့် ခေါင်းစီးကြီးဖြင့် နိုင်ငံတော် သမ္မတကြီး၏ "ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေး"လမ်းညွှန်ချက်အရ နိုင်ငံတော်အဆင့် Reform Strategyအများ ပြုပြင်ပြောင်းလဲရန် အဓိကထားညှိနှိုင်း ဆွေးနွေးနေခြင်း ဖြစ်ကြောင်း သတင်းစာမျက်နှာ မျက်နှာဖုံးမှာ ထုတ်နှုတ်ဖော်ပြထားသည်ကိုလည်းသတိပြုမိခဲ့ဖူး၏။
"ကိုယ့်စိတ်နှင့် နှိုင်းရိုင်းနေမိသူ"
မိမိတို့၏ Mind Setများလည်း ပြုပြင်ပြောင်းလဲရန် လိုအပ် ပါကြောင်း (စာဖြင့်မပြောနှင့် နှုတ်ဖြင့်ပင် မမြင်ရစဖူး) စကားမျိုးတွေကို အကြားရ ထူးနေသည့်အတွက် ကျွန်တော်တို့ ပြည်သူတွေ သဘောခွေ့ သွားခဲ့ကြရသည်မှာ မဆန်းလှ။ ထိုနည်းတူ မီဒီယာသမားတွေလည်း နိုင်ငံ့ အကြီးအကဲများ၏ ဤသို့ သော မိန့်ခွန်းမျိုးတွေကို သဘောခွေ့ကြကြောင်း ဂျာနယ်၊ စာစောင်အသီးသီးမှ စာမျက်နှာတွေက သက်သေခံနေပါ၏။ အဆိုပါမိန့်ခွန်း တွေကို တစ်ခဲနက် ကောက်နုတ် သတင်းလုပ် လိုက်ကြ ပုံများက တကယ်ပင် မြိန်ရေယှက်ရည် နိုင်လွန်းလှသည် မဟုတ်ပါလော။
မေ၁၁ရက်နေ့က နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းထဲမှာ ပါရှိသော "မူတွေ မကောင်းရင် လူတွေ မကောင်းနိုင်ပါဘူး။ တိုးတက်လိုတဲ့ အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်မှာ ချန်ထားခဲ့ရပါမယ်" ဟူသည့် စကားဆိုလျှင် စာမျက်နှာတွေ ထက်မှာပေါ်ပြူလာ ဖြစ်လွန်းတာ တစ်ဘက်ကမ်းတောင် လွန်သည်ဆိုနိုင်သည်။ သို့သော်ထိုသို့ စာမျက်နှာတွေထက် မိန့်ခွန်း ကောက်နှုတ်ချက်တွေ ပလူပျံနေခိုက်မှာ
ကျွန်တော်ကတော့ သိပ်မပျော်ပါ။ "တိုးတက်လိုတဲ့ အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်မှာ ချန်ထားခဲ့ရပါမယ်" ဆိုသောစကားတို့" မိမိတို့၏ Mind Setများ လည်း ပြုပြင်ပြောင်းလဲရန် လိုအပ် ပါကြောင်း"ဆိုသောစကားတို့နှင့် "ဝေဖန်ခံနိုင်မှ အမှန်ကို မြင်ရမည်ဖြစ်၍ ဝေဖန်ခံနိုင်ရန်လည်း လိုအပ်"ဆိုသော စကားတို့ အတွက သိပ်တော့ ၀မ်းမြောက်ဝမ်းသာ မဖြစ်ရဲခဲ့၍ဖြစ်ပါ၏။ အကြောင်းကတော့ Facebook စာမျက်နှာထက်မှာပင်..
"သူငယ်ချင်း အချင်းချင်းဝေဖန်၍ မကျေမနပ်ဖြစ်သူ"၊
"မကျေနပ်ဖြစ်၍ သူငယ်ချင်းစာရင်းက ဖြုတ်ချသူ"၊
"သူငယ်ချင်းအဖြစ်က ဖြုတ်ချခံရ၍ မကျေမနပ် ပြန်ဝေဖန်သူ" စသည်ဖြင့်
နိစ္စဓူဝ တွေ့မြင်နေရ၍လည်း ဖြစ်မည်။ ကျွန်တော့်မှာတော့ ကိုယ့်စိတ်နှင့်နှိုင်း၍ ရိုင်းနေသူ ဆိုရလောက်အောင်ကို "မည်သူက ဝေဖန်ခံနိုင်မှာလဲ" "မည်သူက အချန်ခံချင်ပါ့မလဲ"၊ "မည်သူက မိမိတို့Mind Setကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟု ခံယူမှာလဲ" ဟုသာ လူသဘော သဘာဝတွေအား ပုံသေထား ယုံကြည်ထားခဲ့မိသည့် အဖြစ်နှင့်ပေကိုး။
ဆက်လက်ဖော်ပြပါမည်
ကိုမျိုး(မြန်မာစာ)
Posted: 31 Jul 2012 08:56 AM PDT
လူဟုခေါ်သည့် ပုံရိပ်များ
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလှူရှင်များအား မေတ္တာလက်ဆောင် (ကန့်သတ်)အဖြစ် ပြန်လည်ပေးအပ်သည့် "လူမှုရေးဂီတသူရဲကောင်းများ" MTV Vol:2 အခွေအတွက် ၃ဝ.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံမြို့နယ် အဆောက် အဦး အနောက်ဖက်တွင် စီးဆင်းနေသော ငမိုးရိပ်ချောင်းအတွင်း၌ MTV ရိုက်ကူးမှု အစီအစဉ်အား ပြုလုပ် ခဲ့သည်။ ယင်းရိုက်ကူးမှုတွင် တေးသံရှင် လင်းလင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများမှ ခဲရာခဲဆစ် ကြိုးစားပမ်းစား ရိုက်ကူးခဲ့ကြသည်။
တေးသံရှင် လင်းလင်းသည် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လူမှုရေးသင်တန်းအား တက်ရောက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ လင်းလင်း၏ လူမှုရေးစိတ်ဓါတ်၊ လူသားချင်းစာနာသော စိတ်ဓါတ်တို့ကြောင့် ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သင်တန်းတက်ရောက်ခြင်းနှင့် ဂီတ သံစဉ်များဖြင့် "လူဟုခေါ်သည်" ဆိုသည့် လူမှုရေးသီချင်းအား ရေးစပ်သီဆို၍ နာရေးကူညီမှုအသင်း (ရန်ကုန်)အား ကူညီပံ့ပိုးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် မိမိတတ်စွမ်းသော ဂီတပညာရပ်ဖြင့် အများ ပြည်သူတို့အား ပေးဆပ်ခြင်းဖြစ်သည်။
ယင်းရိုက်ကူးမှုအစီအစဉ်အား ဝဋ်ကြွေးတော်ပြေ ဆရာတော်ကြီး၏ စက်လှေတစ်စီး၊ အင်ဂျင်နီယာ ကိုခင်မောင်အေး၏ ပံ့ပိုးကူညီသော စက်လှေကြီးတစ်စီး၊ ရိုက်ကူးရေးအ တွက် လိုအပ်သော ကင်မရာအား KNZ ခင်လတ်အဖွဲ့မှ ကူညီပေးခဲ့ပြီး ရိုက်ကူးရေးအဖွဲ့တွင် ရုပ်ရှင်စက်မှု လုပ်သား ကိုထူးလူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများဖြစ်ကြသော ကင်မရာမင်း ဦးလုံး၊ ဖြိုးကိုကို၊ ကိုစိုင်း၊ ဇာနည်ထက်၊ ဦးပြောင်ကြီး၊ ရုပ်ငြိမ်ဓါတ်ပုံ ဦးရောဘတ်၊ ကင်မရာမင်း ဦးကျော်ဟိန်းနှင့် အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူတို့မှ ကင်မရာမင်းများအဖြစ် ပါဝင်ရိုက်ကူး ပုံဖော် ခဲ့ကြသည်။
လူဟုခေါ်သည်
ရေး/ဆို - လင်းလင်း
 ကမ္ဘာလည်နေတာ ခဏရပ်ပြီး
အချိန်တွေပြန် နောက်ဆုတ်လိုက်
အို …. မင်းမရှက်တတ်ရင်လေ
လူဆိုတာဟာ ကိုယ့်လိပ်ပြာနဲ့ကွယ်
လူဆိုတာဟာ ကိုယ့်သိက္ခာနဲ့ပေါ့ကွယ်
ပြန်ဆန်းစစ်ကြည့်ပါလေ
CHO: ဘာမှငါ သေသေချာချာ မသိ
ဘာမှငါ ရေရေရာရာ မရှိ
မြင်သမျှ အရာရာ အိုး …. No ... အို …. No …
မာန်မာနတွေ စောင်လိုငါ အရေခြုံပြီး ….
အာဃသတွေ အလိုလိုငါ မွှန်ထူပြီး ….
လိုချင် ရမ္မက်တွေရယ် အိုး …. No … အို …. No …
ဒီခန္ဓာ ငရဲမှာကွယ် …
အာဏာတွေကို တပ်မက်သူရှိတယ်
နေရာတွေကို ရူးကြသူများလဲရှိတယ်
မင်းသေသွားလဲ နောက်မှာမပါ
ထင်ပေါ်တာတွေနောက် လိုက်သူရှိတယ်
အပေါ်ယံ မျက်နှာဖုံးနဲ့ လူများလဲရှိတယ်
မင်းသေသွားလဲ နောက်မှမပါ ….
x x x x x x
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
    Posted: 01 Aug 2012 12:15 AM PDT
    ဒီသတင်းကြောင့်မိုလို့ဆိုပြီး ထုတ်ဝေခွင့်ပိတ်
    ကျွန်တော်တို့ စည်းလုံးကြဖို့လိုပြီ။ The Voice Weekly နဲ့ Envoy ဂျာနယ်ကို ရက်အကန့်အသတ်မရှိ ထုတ်ဝေခွင့်ရပ်ဆိုင်းလိုက်ပါပြီ။ အကြောင်းပြချက်မရေရာ၊ မသေချာပဲ ရပ်ဆိုင်းလိုက်တယ်လို့ ကျွန်တော်ယူဆရပါတယ်။
    ဦးတင့်ဆွေပေးခဲ့တဲ့အကြောင်းပြချက်တွေ မလုံလောက်ခဲ့ပါဘူး။ ညွှန်ကြားချက် ၄၄ အရဆိုရင် ကျွန်တော့် ဂျာနယ်ကိုလည်း ရပ်ဆိုင်းချင်တဲ့ ဆနရှိရင် ချက်ခြင်း ရပ်ဆိုင်းလို့ရတဲ့အနေအထားပါ။
    ကျွန်တော်တို့ ဘာလုပ်ကြမလဲ။
    ဒါ The Voice Weekly နဲ့ Envoy ဂျာနယ်နှစ်စောင်တည်းကိစမဟုတ်ပါဘူး။ ကျွန်တော်တို့ မီဒီယာလောကတစ်ခုလုံးနဲ့ ဆိုင်ပါတယ်။
    MJN, MJA, MJU ဆိုတဲ့ အသင်းတွေဘာလို့ရှိနေတာလဲလို့ မနေ့က အစည်းအဝေးတစ်ခုမှာ တစ်စုံတစ်ယောက်ကမေးခွန်းထုတ်ခဲ့ပါတယ်။
    ကျွန်တော်တို့ကိုယ် ကျွန်တော်တို့လည်း မေးခွန်းထုတ်ရပါလိမ့်မယ်။
    ကျွန်တော်တို့ မီဒီယာလုပ်ငန်းလုပ်နေတာ ဘာအတွက်လဲ။
    ထုတ်ဝေသူတွေရဲ့ စီးပွားရေးလုပ်ငန်းသက်သက်လား၊ အကျိုးအမြတ်တွေ တပုံကြီးရဖို့သက်သက်လား။
    သတင်းထောက်တွေ သတင်းရေးနေတာ ထမင်းစားဖို့သက်သက်လား။
    ပုံနှိပ်သူတွေကရော ကျွန်တော်တို့ ဂျာနယ်တွေကို စီးပွားရေးအကျိုးအမြတ်အတွက် တစ်ပတ်ဝင်ငွေ သိန်းနဲ့ချီပြီး ရဖို့သက်သက်လား။
    ဒါပဲဆိုရင်တောင် ကျွန်တော်တို့ တစ်ချက်တော့ စောင်းငဲ့ကြည့်ရပါလိမ့်မယ်။
    မီဒီယာဆိုတာ ပြည်သူတွေအတွက် ရပ်တည်နေတယ်လို့ ဆိုရင် ကျွန်တော်တို့ ပြည်သူတွေကို တစ်ချက်စောင်းငဲ့ကြည့်ရပါမယ်။
    ဂုဏ်သိကာရှိတဲ့ မီဒီယာတစ်ခုအဖြစ်ရပ်တည်ဖို့အတွက် ကျွန်တော်တို့ပြည်သူတွေ အမှောင်ချမခံရဖို့အတွက် ကျွန်တော်တို့ စည်းလုံးရပါလိမ့်မယ်။
    ဒါကို ဂျာနယ်နှစ်စောင်ရဲ့ ပြသနာလို့မမြင်ဘဲ ကျွန်တော်တို့ ရဲရဲရင့်ရင့် စုပေါင်းရပါလိမ့်မယ်။
    အကျိုးအမြတ်တွေကို ခဏမေ့ထားလို့ ကျွန်တော်တို့ခေတ်ရဲ့ အလင်းရောင်ကို စုပေါင်းထွန်းညှိဖို့၊ ကျွန်တော်တို့ရဲ့ ကြမာကို ကျွန်တော်တို့ ဖန်တီးခွင့်ရဖို့ ကျွန်တော်တို့ ကြိုးစားရပါလိမ့်မယ်။
    MJN တစ်ခုတည်းမပြီးသလို၊ MJA တစ်ခုတည်းလည်း မပြီးပါဘူး၊ MJU တစ်ခုတည်းလည်း ကျွန်တော်တို့ ဒီအရွေ့ကို မရွှေ့နိုင်ပါဘူး။
    အားလုံးစုစည်းရလိမ့်မယ်။ ဒီအရွေ့ကို တစ်ကြိမ်တည်းနဲ့ အပြီးရွှေ့နိုင်ဖို့ ကျွန်တော်တို့ စုစည်းရလိမ့်မယ်။
    ရှင်းရှင်းပြောရင် ဒီသုံးသင်းနဲ့တင်မလုံလောက်ဘူး။ ပုံနှိပ်ထုတ်ဝေလုပ်ငန်းရှင်အသင်း ဘာလုပ်မလဲ။ ကျွန်တော်တို့ကို ဘယ်လိုကူညီနိုင်မလဲ။ နိုင်ငံခြားသတင်းထောက်များအသင်းက ကျွန်တော်တို့နောက်မှာ ရပ်တည်ပေးနိုင်မလားလို့ ကျွန်တော်တို့ မေးခွန်းထုတ်ရပါလိမ့်မယ်။
    ကျွန်တော်တို့ရဲ့ စာဖတ်ပရိတ်သတ်၊ ကျွန်တော်တို့ရဲ့ပြည်သူတွေကိုလည်း ကျွန်တော်တို့ အကူအညီ တောင်းပါရစေ။ ကျွန်တော်တို့ အမှောင်ချခံရတာဟာ ခင်ဗျားတို့အတွက်လည်း ဆိုးကျိုးတွေကိုပဲ မွေးဖွားလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။
    ဒီယုံကြည်ချက်နဲ့ပဲ ခင်ဗျားတို့ကို အကူအညီတောင်းပါရစေ။ ကျွန်တော်တို့ရဲ့ မီဒီယာလုပ်ငန်းရှင်တွေ၊ ပုံနှိပ်ထုတ်ဝေသူတွေ၊ ၀ါရင့်သတင်းစာဆရာကြီးတွေ၊ သတင်းထောက်တွေ မီဒီယာလုပ်ငန်းတွေနဲ့ ပတ်သက်ဆက်ဆံနေသူတွေ၊ ကျွန်တော်တို့ရဲ့ ပြည်သူတွေကို ကျွန်တော် အကူအညီတောင်းပါရစေ။ ကျွန်တော်တို့နဲ့ အတူတူ စည်းစည်းလုံးလုံးရပ်တည်ပေးကြပါ။
    မီဒီယာအလင်းရောင် ထည်ဝါဖို့ ကူညီပေးကြပါ။
    ကျွန်တော်တို့နဲ့အတူ စည်းစည်းလုံးလုံးနဲ့ မီဒီယာလွပ်လပ်ခွင့်ရဖို့ ၀ိုင်းဝန်းရပ်တည်ပေးကြပါ။
    လေးစားစွာဖြင့်
    ကျော်ကျော်မင်း (The Express Times)
    Posted: 01 Aug 2012 12:03 AM PDT
    ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် ရွေးချယ် ခံထားရသည့် ကမ္ဘောဇ အသင်းမှ နောက်တန်း ကစားသမား ကျော်ကျော်မျိုးအား အသင်း၏ပြန်ကြားရေးအရာရှိက တွေ့ဆုံမေးမြန်းခဲ့သည်ကို kbzfc.com မှတဆင့် ပြန်လည်ဖော်ပြအပ်ပါသည်။
    မေး- ညီလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့ ဘယ်လိုလျှောက်လွှာတင်ဖြစ်သွားလဲဆိုတာ ပြောပြပေးပါလား။
    ဖြေ- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့ သူတို့ လျှောက်လွှာတွေခေါ်တဲ့အချိန်မှာ ကျွန်တော်ကလည်း ဘောလုံးကစားနေတော့ အမှုမဲ့အမှတ်မဲ့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတ်ရုပ်အတွက် လူတွေအများကြီး လျှောက်ခဲ့တယ်လို့ ဂျာနယ်ထဲမှာ ဖတ်လိုက်မိတယ်။ သာမန်လောက်ပဲ။ ကိုယ်နဲ့ အဝေးကြီးမှာ ဖြစ်နေတဲ့ ကိစ္စတစ်ခုလိုပါပဲ။ သူတို့ ပထအကြိမ်လျှောက်လွှာခေါ်တဲ့အထဲမှာ စိတ်ကြိုက်မတွေ့လို့ ဒုတိယအကြိမ်လျှောက်လွှာခေါ်တဲ့အခါမှာတော့ ကျွန်တော် လျှောက်လွှာတင်ဖြစ်သွားခဲ့တယ်။
    မေး- ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်အနေနဲ့၊ နောက်ပြီးတော့ ကမ္ဘောဇအသင်းနဲ့ နှစ်ရှည်ကန်ထရိုက်စာချုပ် ချုပ်ဆိုထားသူတစ်ယောက်အနေနဲ့ ဘယ်လိုအကြောင်းတရားတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ စိတ်ကူးမိသွားတာလဲ။
    ဖြေ- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးဖွဲ့က ဒုတိယအကြိမ်လျှောက်လွှာခေါ်တဲ့အချိန်မှာ ကျွန်တော့်စိတ်တွေ ထိန်းမရဖြစ်ခဲ့ရတယ်။ တစ်ဖက်မှာ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းမှုဖြစ်တဲ့ ဘောလုံးသမားဘ၀ကလည်း ရှိနေတယ်။ ကျွန်တော်နဲ့ ကမ္ဘောဇအသင်းကြားမှာ ချုပ်ဆိုထားတဲ့စာချုပ်က ၂၀၁၅ ခုနှစ်အထိ သက်တမ်းရှိတဲ့အပြင် လုပ်ခလစာကလည်း မြန်မာဘောလုံးသမားတစ်ယောက်အနေနဲ့ အသင်းဘက်က ထိုက်ထိုက်တန်တန် ချီးမြှင့်ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖြစ်မယ်ဆိုရင် ကာလရှည်အချိန်ယူပြီး ရိုက်ရမယ်လို့ သိထားတယ်။ ကျွန်တော်က ပရော်ဖက်ရှင်နယ်အနုပညာသမားမဟုတ်တော့ အနုပညာကြေးကိုလည်း မသိဘူး။ ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့အတွက် အနုပညာကြေးဆိုတာ မျှော်လင့်ကောင်းတဲ့အရာလို့လည်း မထင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်လေးစားမြတ်နိုးရတဲ့ လွတ်လပ်ရေးဖခင်ကြီးနေရာမှာ သရုပ်ဆောင်ခွင့်ရဖို့အတွက် တခြားအရာတွေကို ခေတ္တမျက်နှာလွှဲဖို့ အကြောင်းတွေတိုက်ဆိုင်လာခဲ့ပါတယ်။
    မေး- ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖို့ ညီလေးကို ဘယ်သူတွေက တိုက်တွန်းခဲ့တာလဲ။
    ဖြေ- ကျွန်တော့် သူငယ်ချင်းတချို့က ကျွန်တော်နဲ့ တွေ့ရင် "ဗိုလ်ချုပ်အောင်ဆန်း"လို့ စနောက်ပြီးခေါ်ကြတယ်။ ကျွန်တော်တို့ရွာက ရပ်ဆွေ၊ ရပ်မျိုးတွေကလည်း အဲဒီလို စနောက်ကြတယ်။ ဒါက ဟိုးအရင် ငယ်ငယ်လေးကတည်းကတော့ပေါ့ဗျာ။ ကျွန်တော့်အနေနဲ့ အမှတ်တမဲ့ပါပဲ။ အဲ… ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့ ဒုတိယအအကြိမ်လျှာက်လွှာတွေခေါ်တဲ့အချိန်မှာတော့ အားကစားဂျာနယ်နဲ့ သတင်းဂျာနယ်တချို့က သတင်းထောက်တွေ၊ အယ်ဒီတာတွေက ကျွန်တော်နဲ့ ဘောလုံးကိစ္စအင်တာဗျူးရင် "ဗိုလ်ချုပ်"ဆိုတဲ့ နာမ်စားကို ချစ်စနိုးနောက်ပြောင်ပြီး သုံးကြတယ်။ နောက်တော့ Envoy ဂျာနယ်က ကျွန်တော့်ကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မရိုက်ဘူးလားလို့ တရားဝင်မေးခဲ့တယ်။ အဲဒီနောက်တော့ မီဒီယာတွေက ကျွန်တော့်ကို ဘောလုံးအကြောင်း လုံးဝမမေးတော့သလောက်ပဲ။ အားလုံးက ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားနဲ့ ပတ်သက်တဲ့ မေးခွန်းတွေပဲ မေးကြတော့တယ်။ ကျွန်တော့်ကို ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ အဓိက တိုက်တွန်းခဲ့ပြီး၊ လျှောက်လွှာတင်တာကအစ တွန်းတွန်းထိုးထိုးလုပ်ပေးခဲ့တာကတော့ Envoy ဂျာနယ်က သတင်းထောက်တစ်ယောက်ပါပဲ။ အဲဒီနောက်တော့ ကျွန်တော် ဆန်ခါတင်(၇)ယောက်စာရင်းပါတယ်။ အခု နောက်ဆုံး(၂)ယောက်အဖြစ် အရွေးခံရတယ်။
    မေး- အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ တက္ကသိုလ်ကျောင်းသားခေါင်းဆောင်၊ အယ်ဒီတာ၊ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုခေါင်းဆောင်၊ မျိုးချစ်တပ်မတော်ကို တည်ထောင်ခဲ့တဲ့ စစ်သား စသဖြင့်ပေါ့လေ ဘ၀ဇာတ်ဝင်ခန်းအမျိုးမျိုးကို ဖြတ်သန်းခဲ့တယ်။ ညီလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ သရုပ်ဆောင်တဲ့အခါမှာ ဘယ်ဇာတ်ရုပ်ကို အကြိုက်ဆုံးဖြစ်မလဲ။
    ဖြေ- ကျွန်တော်ကတော့ မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား နိုင်ငံရေးသမားဘ၀ ဇာတ်ရုပ်ကို စိတ်ဝင်စားပါတယ်။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ဟာ ဘ၀ပေးအခြေအနေအရ တက္ကသိုလ်တက်ရောက်ခွင့်မရခဲ့ပါဘူး။ တကယ်၍များ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ဇာတ်ဝင်ခန်းတွေရိုက်ရမယ်ဆိုရင် တက္ကသိုလ်ရဲ့လေကို မရှူဖူးတဲ့ ကျွန်တော့်အနေနဲ့ ဇာတ်ကောင်စရိုက်ပီပြင်ဖို့ အရမ်းကြိုးစားရလိမ့်မယ်ထင်ပါတယ်။
    မေး- ဗိုလ်ချုပ်ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ နောက်ဆုံးလူစာရင်းထွက်ပေါ်လာတဲ့အချိန်မှာ ကမ္ဘောဇအသင်းအုပ်ချုပ်မှုအဖွဲ့ရဲ့ သဘောထားက ဘယ်လိုရှိလဲ။
    ဖြေ- အသင်းရဲ့ အုပ်ချုပ်မှုအဖွဲ့က ကျွန်တော့်အတွက်ဂုဏ်ယူကြောင်းပြောပါတယ်။ နည်းပြကြီးဆီဗာဂျီကလည်း Congratulation လုပ်ပါတယ်။ စကားကြုံလို့ ပြောရရင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဦးဇော်ဇော်ကလည်း ကျွန်တော့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ လိုအပ်တာရှိရင် ပံ့ပိုးပေမယ့်အကြောင်း ဖုန်းဆက်ပါတယ်။ ကမ္ဘောဇအသင်းအနေနဲ့ ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးနေတဲ့အချိန်မှာ On-duty နဲ့ လစာပေးထားမယ်လို့ ကျွန်တော့်ကို အသိပေးပါတယ်။ ကျွန်တော့်အပေါ်မှာ အခုလို စေတနာမေတ္တာအပြည့်ထားတဲ့ ကမ္ဘောဇအသင်းနဲ့တကွ KBZ Group Co,Ltd တစ်ခုလုံးကို ကျွန်တော့်ရင်ထဲက ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
    ကျော်ကျော်မျိုး၏ ကိုယ်ရေးအကျဉ်း
    မွေးသက္ကရာဇ် - ၁၁.၈.၁၉၈၇
    အရပ်အမြင့် - ၅ ပေ ၈ လက်မ
    ကိုယ်အလေးချိန် - ၁၄၅ ပေါင်
    ကစားသည့်နေရာ - နောက်တန်း
    ဇာတိ - မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ စံပါယ်ရပ်၊ ယဉ်တော်စံရွာ။
    ကစားသမားဘ၀မှတ်တမ်း
    ၂၀၀၅-၂၀၀၉ မြန်မာ့မီးရထားအသင်း
    ၂၀၀၉-၂၀၁၁ မကွေးအက်ဖ်စီ
    ၂၀၁၁- ယခု ကမ္ဘောဇဘောလုံးအသင်း
    နိုင်ငံတကာပွဲမှတ်တမ်း
    ၂၀၁၁ ဟနွိုင်းဖိတ်ခေါ်ဖလား၊ ၂၀၁၁ ဆီးဂိမ်းစ်၊ ၂၀၁၂အိုလံပစ်ခြေစစ်ပွဲ၊ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ
    Posted: 31 Jul 2012 09:17 AM PDT
    ဥတ္တရသီရိမြို့နယ်မှ NLD ကိုယ်စားလှယ် ဦးမင်းသူ၏ ဆွေးနွေးချက်တွင်လည်း တိုင်းရင်းသားကိုယ်စားလှယ်များမှာ
     ရဲရဲဝံ့ဝံ့ တင်ပြရန် မ၀ံ့မရဲဖြစ်နေမှုများရှိကြောင်း ပြောကြားရာ ဥက္ကဌက အဆိုပါပြောကြားချက်အား ကန့်ကွက်ကြောင်း
     သတိပေးတခါက လူငယ်တစ်ယောက်ဟာ ဘ၀ကြီးပွားတိုးတက်ရေးအတွက် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံကို တရားမ၀င်
    သွားပြီး တံငါအလုပ်ကို လုပ်ကိုင်ခဲ့ပါသတဲ့။
    လုပ်စက အရင်းမစိုက်လှေထိုးလိုက်ဆိုတဲ့ ရှေးစကားအတိုင်း တံငါလှေသားပေါ့၊ နောက်တော့ သူ့ရဲ့ကြိုးစားမှု ဥာဏ်ကောင်းမှု အကွက်မြင်မှု စတာတွေကြောင့် မာလိန်မှူးကြီး ဖြစ်လာခဲ့ပါသတဲ့၊ နောက်တော့လည်း လူမျိုးခြား တံငါသူဌေးကြီးရဲ့ ယုံကြည်စိတ်ချရတဲ့ မာလိန်မှူးကြီးဖြစ်၊ ဒီကနေ ခေတ်တွေအပြောင်းမှာ မိခင်နိုင်ငံရင်းကို ပြန်ဝင်လာပြီး လူမျိုးခြားတံငါသည်ကြီးရဲ့ အထောက်အပံ့နဲ့ ခေတ်မှီတံငါလုပ်ငန်းကို ကြီးကြီးကျယ်ကျယ်ဖြစ်အောင် လုပ်ကိုင်ချဲ့ထွင်ရင်း သူကြွယ်ကြီးတစ်ယောက်ဖြစ်လာပါလေရော။
    သူကြွယ်ဖြစ်လာတော့ တစ်မူးရှိလို့တစ်ပဲလှူ ဆိုတဲ့ အလေ့အထရှိတဲ့ မိရိုးဖလာအစဉ်အလာအတိုင်း အလှူအတန်းတွေ ရက်ရက်ရောရော လုပ်တော့တာပေါ့၊ ဒါ့အပြင် သူရဲ့ဇာတိချက်မြုတ်က လူငယ်လူရွယ်လေးတွေကို အလုပ်အကိုင်ပေးတာတွေ ကြီးပွားအောင် နုတ်၏စောင်မခြင်း လက်၏စောင်မခြင်း စတာတွေ လုပ်ပေးလေတော့ သူဟာ ဇာတိနယ်ရဲ့ ကျေးဇူးရှင်ကြီးလို ဖြစ်လာတာပေါ့။
    သူဟာ အတန်းပညာတော့ သိပ်ဖြစ်ဖြစ်မြောက်မြောက် မတတ်ရှာပါဘူး ဒါပေမဲ့ လောကမှာ ဘယ်လိုနေရင် ဘယ်လိုထိုင်ရင် ကြီးပွားချမ်းသာတယ် ဆိုတာကို ဘ၀ကျောင်းတော်မှာ ကောင်းကောင်းကြီး ပါရဂူမြောက် ဆည်းပူးလာခဲ့သူပဲ။ ဒီလိုနဲ့ သီရိဘာညာအစချီတဲ့ သူကြွယ်ဘွဲ့ကြီးကိုလည်း သူရလိုက်ပါတယ်။
    ခေတ်တွေပြောင်းပြီး အမတ်ခေတ်ရောက်တော့ အင်မတန်သြဇာကြီးတဲ့ ပါတီကြီးတစ်ခုရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် သူ့ရဲ့ဇာတိနယ်မှာ ၀င်ရောက်အရွေးခံပါလေရော။ နိုင်ငံရေးကို နားလည်လို့ နိုင်ငံရေးလောကထဲ ၀င်တာမဟုတ်ပါဘူး၊ အမတ်ဖြစ်ရင် အနည်းဆုံးတော့ ဂုဏ်ရှိမယ်လို့ သူတွေးတယ်လေ၊ ဒီလိုပဲ သူ့ရဲ့ပါတီကလည်း သူ့လို သြဇာရှိသူ လူလေးစားသူကို ကိုယ်စားလှယ်အလုပ်ခိုင်းရင် ပါတီဂုဏ်တက်တယ်ပေါ့။
    တိုတိုနဲ့ပြောရရင် သူအမတ်ဖြစ်သွားတယ်။
    သူ့ရဲ့အမတ်ဘ၀ ပထမနှစ်များကတော့ ပန်းခင်းသောလမ်းပါပဲ၊ မြို့တော်ကြီးကိုသွား လွှတ်တော်ကြီးကိုတက်၊ အများလက်ခုပ်တီးရင် တီးလိုက်၊ အိပ်ငိုက်ရင်အိပ်လိုက်၊ လွှတ်တော်ဆင်းရင် အပန်းဖြေလိုက်၊ ဇာတိမြို့ကိုပြန်လာရင် သူ့ကိုတလေးတစား လာနုတ်ဆက်တဲ့ ဒေသခံတွေကို ဂုဏ်ရှိရှိပြန်နုတ်ဆက်လိုက်၊ တချိန်က သူ့ကို အပေါ်စီးက ဆက်ဆံဖူးတဲ့ ဌာနဆိုင်ရာတွေ အခုတော့ သူ့ကို ရိုရိုသေသေ လေးစားပြနေတာကို အရသာခံလိုက် နဲ့ ဘ၀ကြီးက ကျေနပ်စရာကြီးဖြစ်လို့။
    အဲ ... ဒုတိယနှစ်ရောက်တော့ လွှတ်တော်ကြီးက အရင်ကလို အပန်းဖြေစရာ နေရာမဟုတ်တော့၊ တချိန်တုန်းက နိုင်ငံတော်ကို ဆန့်ကျင်ခဲ့သူ သူပုန်သကန်တွေလို့ သတ်မှတ်ကာ ထောင်တွေတန်းတွေအချခံခဲ့ရသူတွေ ခေါင်းပေါင်းကြီးတွေ စွတ်လို့ လွှတ်တော်ထဲ ရောက်လာကြပြီ၊ လွှတ်တော်ကြီးက ငြင်းကြခုံကြ ဆွေးနွေးကြ အလုပ်လုပ်ကြတဲ့ နေရာဌာနကြီးဖြစ်လာခဲ့ပြီ။ ဒီတော့ အရင်နှစ်ကလို သူ့ဘ၀က ခပ်ငြိမ့်ငြိမ့် လွှတ်တက်အမတ်မင်း လုပ်နေလို့မရတော့၊ နိုင်ငံရေးသမားဘ၀ထဲ ရောက်မှန်းမသိ ရောက်နေတာကို နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရပြီ။ တစ်သက်လုံးသိလာခဲ့တာ နိုင်ငံရေးသမားဆိုတာနဲ့ လက်ထိပ်နဲ့ထောင် တွဲလျက် ဒါကြောင့် နိုင်ငံရေးနဲ့ အဝေးဆုံး သူရှောင်ခဲ့သမျှ အခုတော့ ကျောချမှ ဟ ငါနိုင်ငံရေးသမား ပါလားလို့ သတိထားမိတော့တဲ့အဖြစ်။
    ကိုယ်စားလှယ်တိုင်း ကိုယ်စားလှယ်တိုင်း ဟာ နိုင်ငံရေးသမားပီပီ မိမိတို့ရပ်ရွာအကျိုး နိုင်ငံတော်အကျိုး ထောက်ပြဆွေးနွေးပြီး လူစွမ်းပြရတဲ့အချိန်ကိုရောက်လာတော့ သူလည်း ဟယ် ၀က်ဖြစ်မှတော့ ဟိုသင်းကြောက်နေလို့မရ ဆိုတဲ့ထုံးအတိုင်း နိုင်ငံရေးစာတွေ ပေတွေ တတ်နိုင်သလောက် ကြိုးစားဖတ်ရှု့လေ့လာပြီး မိမိဇာတိနယ်မှာ ဘာတွေလိုအပ်နေသလဲ ဘာတွေလုပ်သင့်သလဲ ဆိုတာမျိုးတွေ ကွင်းဆင်းစနည်းနာလို့ လွှတ်တော်ကြီးထဲမှာ တင်ပြဆွေးနွေးရင်း သူဟာလည်း ခေသူမဟုတ်ကြောင်း ကိုယ်ရည်ပြပါသတဲ့။
    သူ့ဇာတိနယ်က စကားကို ရှေးပျူတွေ ပုဂံတွေ ပြောသလို လဆွဲသံထည့်ပြီး ပြောတဲ့ အလေ့အထရှိပါတယ်။
    လွှတ်တော်ကြီးမှာ သူ့ကိုယ်သူ ကီး တွေသွင်း ရဲဆေးတင်ပြီး ပထမဆုံး လူစွမ်းပြအဆိုတင်သွင်းတဲ့အခိုက်မှာပဲ လွှတ်တော်ဥက္ကဌ
    မင်းက သူ့ကို ကိုယ်စားလှယ်တော်ကြီး ခင်ဗျားပြောတဲ့စကားကို အများနားမလည်ပါဘူး ဆိုပြီး ထိုင်ခိုင်းလိုက်ပါသတဲ့။
    သူဟာ သူ့ဒေသလိုအပ်ချက် သူ့ကိုမဲပေးသူတွေရဲ့ လိုလားချက်ကို လွှတ်တော်ကြီးသိအောင် တင်ပြတာပါ၊ ဒီအတွက်
     သူ့မှာအပြစ်မရှိပါဘူး၊ ဒီလိုပဲ သူဟာ သူ့ရဲ့ချက်မြုတ်ဒေသစကားကလွဲ ကျန်တဲ့ဘာသာစကားမပြောတတ်တာလဲ သူ့အပြစ်မ
    ဟုတ်ပါဘူး၊ သူ့အမေကလည်း ငါသား ကြီးလာရင် အမတ်လုပ်မယ်လို့ ရည်ရွယ်ထားပြီး သူ့ကိုမွေးခဲ့တာမဟုတ်တော့ သူ့အပြစ်မ
    ဟုတ်ပါဘူး။ ဒီလိုပဲ လွှတ်တော်ထဲက လူအများစုကလည်း သူ့အရပ်ဒေသစကားနားမလည်တာ အပြစ်မဟုတ်ပါဘူး၊ နားမ
    လည်တော့ သူဘာတင်ပြသလဲဆိုတာ ကျန်တဲ့ကိုယ်စားလှယ်တွေ မသိနိုင်တာမို့ ဆွေးနွေးဖို့ မဖြစ်နိုင်ပါဘူး ဒါကြောင့် အ
    ထိုင်ခိုင်းတဲ့ လွှတ်တော်ဥက္ကဌမှာလည်း အပြစ်မရှိပါဘူး။
    ဒါဆိုအပြစ်က ဘယ်သူလဲ ....
    တိုင်းရင်းသားတွေဟာ သူတို့အရေးဆွေးနွေးဖို့ရာ စကားအသုံးအနှုံးအားနည်းလို့ မ၀ံ့မရဲဖြစ်နေရှာတယ်ဆိုတဲ့ ကိုယ်စားလှယ်တစ်ဦးရဲ့ အဆိုကို လွှတ်တော်တစ်ခုရဲ့ ဥက္ကဌကြီးတစ်ဦးက ပယ်ချပြီး အဲဒီကိုယ်စားလှယ်ရဲ့ အဆိုကိုတောင် ဝေဘန်အပြစ်တင်ခဲ့တာကို သတင်းတွေထဲမှာ ဖတ်လိုက်ရပါတယ်။
    မြန်မာစကား (အထူးသဖြင့် ပြည်မစကား) မကျွမ်းကျင်တဲ့ ကိုယ်စားလှယ်တစ်ဦးအတွက် သူ့အမြင် သူ့အတွေး သူ့ဒေသအရေး
     နိုင်ငံအရေးတွေကို ချပြပြောဆိုဖို့ ဘာသာစကားဟာ အတားအဆီးကြီးတစ်ခု ဖြစ်နေတာအမှန်ပဲ၊ တိုင်းပြည်သွေးစည်းညီညွှတ်ေ
    ရးမှာ အမြင်ချင်းညီအောင်ညှိဖို့အတွက် ရင်ထဲက စကားလုံးတွေ လွယ်လွယ်ကူကူထွက်အောင် တစ်ခုခုတော့ လိုအပ်နေမလား။
     အများစုကပြောမှာပါ မြန်မာလူမျိုးအများစု နေထိုင်တဲ့ နိုင်ငံမှာ အမတ်လုပ်မဲ့ လူတစ်ယောက်အဖို့ မြန်မာစကားတော့ ကျွမ်းကျွမ်း
    ကျင်ကျင် တတ်ထားသင့်တာပေါ့လို့ ဆိုကြမှာပဲ၊ ဒါပေမဲ့လည်း ...အင်း
    mokenlay(MMCP)
    Posted: 31 Jul 2012 08:46 AM PDT
    Photo..burmacampaignjapan.co.cc
    ဇူလိုင်လ ၂၉ရက်နေ့မှစတင်၍ ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ ၇ရက်ကြာ လာရောက်လေ့လာမှုများ ပြုလုပ်သည့်
     မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနားသည် ဇူလိုင်လ ၃၀ ရက်နေ့ မနက်
     ၈နာရီတွင် ရန်ကုန်မြို့ ဗဟိုအကျဉ်း ထောင် (အင်းစိန်)၌ အကျဉ်းကျခံနေရသူများသူ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပြီး
     အင်းစိန်အထွေထွေရောက်ဂါကုဆေးရုံကြီးသို့ သွားရောက်လေ့ လာခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများ၏ သတင်းဖော်ပြ
    ချက်အရ သိရသည်။
    ယင်းသို့ အင်းစိန်ဗဟိုအကျဉ်းထောင်သို့ သွားရောက်လေ့လာရာ၍ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှု
    များနှင့် ပတ်သက် ၍ ၎င်း၏ အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရပြီး ယုံကြည်ချက်ကြောင်း အကျဉ်း
    ကျခံနေရပြီး အသည်းကင်ဆာရောဂါသည် အဖြစ် အင်းစိန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် နိုင်ငံရေးအကျဉ်းသား
    ကိုဖြိုးဝေအောင်အား သွားရောက်တွေ့ဆုံကာ အားပေးနှစ်သိမ့်စကား များ ပြောဆိုသွားခဲ့ကြောင်း သိရသည်။
    "နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်က အောက်ပိုင်းသေနေတာပါ။ ပြီးတော့ သူ့ခြေထောက်ကိုလည်း ခုထင်ခြေရင်းက
     ခုတင်တိုင်နဲ့ ခြေချင်းခတ်ထားပါတယ်။ ကုလအထူးကိုယ်စားလှယ် ကွင်တားနားလာတယ်ဆိုတော့ အဲဒါကိုအရင်လာပြီး ဖြုတ်
    ဖို့လုပ်တယ်။ ဒါပေမယ့် ကိုဖြိုးဝေ အောင်ရဲ့ ဇနီး မဌေးဌေးက မဖြုတ်ဖို့ပြောပြီး ဒီအတိုင်းထားခိုင်းတယ်။ ကွင်တားနားလာတော့
     အဲဒါကိုမြင်သွားပြီး ခြေချင်းက ဘာဖြစ်လို့ တပ်ထားတာလဲ လို့ဆိုပြီး အကျဉ်းဦးစီးဌာနက ညွန်ကြားရေးမှူးချုပ်ကို ခေါ်မေးတယ်။
     အဲဒီတော့ ဒီလိုလုပ်ရတာက လုံခြုံရေးအရ ရဲအဖွဲ့တွေအနေနဲ့ လုပ်တာပါ။ ကွင်တားနားက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှသိပ်စိတ်
    မပူပဲ သူလိုအပ်တာ လုပ်သွားပါ့မယ်လို့ မဌေးဌေးကို နှစ်သိမ့်စကားပြောသွားပါတယ်"ဟု ယင်း ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက
     ဆိုသည်။
    ထို့ပြင် မစ္စတာ ကွင်တားနားသည် ဇူလိုင်လ ၃၀ ရက်နေ့ ညနေ၌ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးတွင် ၈၈မျိုးဆက်ကျောင်းသား
    ကိုမင်းကိုနိုင် ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် မနီလာသိန်းနှင့် မမီးမီးတို့အား
     တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရသည်။
    "သူလာရတာက မြန်မာနိုင်ငံမှာဖြစ်တဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး အဓိကထားလာတာ။ ပြီးတော့ ဒုက္ခသည်တွေကိုလည်း
     ကူညီဖို့နဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ကိုယ်တိုင်သွားရောက်ပြီး လေ့လာဖို့ရှိတယ်ဆိုတာတွေကို ပြောသွားပါတယ်။ ပြီးတော့
     ကျွန်တော်တို့ဆီကနေပြီးတော့ ရခိုင်ကိစ္စနဲ့ပတ် သက်တဲ့ အချက်အလက်တွေကိုလည်း သူနားထောင်သွားပါတယ်။ ပြီးတော့
     သူ့အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်တာတဲ့ ရာခိုင်နှုန်း နည်း သမျှနည်းအောင် ပြုလုပ်သွားဖို့ ရှိတယ်ဆိုတာကို
    လည်း ပြောသွားပါသေးတယ်"ဟု ၈၈မျိုးဆက်ကျောင်းသားအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
    ထို့နောက် မစ္စတာကွင်တားနားသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုလင်းထက်နိုင်နှင့် အထွေထွေ
    အတွင်းရေး မှူး မဖြိုးဖြိုးအောင်တို့အား တွေ့ဆုံခဲ့ကြောင်း သိရှိရပြီး Generation Wave အဖွဲ့မှ ကိုမိုးသွေးနှင့်အဖွဲ့အား တွေ
့ဆုံခဲ့ကြောင်း သိရှိရပြီး ရခိုင်အမျိုးသမီး အစည်းအရုံးမှလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခ အထိကရုဏ်းနှင့်
     ပတ်သက်၍ မစ္စတာကွင်တားနားအနေဖြင့် သေချာလေ့လာစိစစ်၍ တိကျသည့် အစီရင်ခံစာတစ်ရပ် ဖြစ်လာစေရန် လို
    အပ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂသို့ တောင်းဆိုထားသည့် ပေးစာတစ်စောင် ပေးပို့ထား ကြောင်း သတင်းဖော်ပြ
    ချက်များအရ သိရှိရသည်။
    ATM (Yangon chronicle)
    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610