Tuesday, 21 January 2014

Japan dish called Odori don














This dish is called Odori-Don......................I dare you try it !!!!!!
If you do not see movement, click on the picture. 
It has a dead squid on top that "dances" when Soy Sauce is poured on it, activating it's neurons (Odori don - The new dish where a squid comes "back to life" and dances on your plate. Diners in Japan looking for a moving experience over dinner can now order a squid that dances off their plate.A restaurant has created a dish, named Odori don - literally meaning dancing squid rice bowl - by adding soy sauce to a fresh squid.The high salt content in the sauce reacts with ions in cells of the squids' tentacles creating voltage differences, and making the squid move. To prepare the dish, chefs at Ikkatei Tabiji, in Hakodate, Japan, first remove the head of the squid before serving the body, with tentacles intact, over a bowl of sushi rice.Seasoned soy sauce is then poured over it.As the squid is served so fresh, when the sauce is added signals across nerve cell membranes are re-activated temporarily, making it 'come back to life'. The body is then removed and prepared by the chef to be served as a side accompaniment. The meal, which is proving popular with diners, costs around ¥2,000 or £15.30 per person.The dish is such a success that the restaurant have patented the name of the creation.Now other restaurants in the area have begun making their own versions of the Hakodate dish, under different names.

 








--
http://www.burmaburo.blogspot.com
ကာချုပ်မင်းအောင်လှိုင် အတွက် ဒုတိယမြောက် ကလောင်ရေး- ၂
********************************************
"တပ်မတော်ဟာ ဒီလောက်လုပ်ပေးခဲ့တာတောင် အကောင်းပြောမခံရဘူး"
-----------------------------------------------------------------------
လို့ 

သူ့မိန့်ခွန်းမှာ ကာချုပ်မင်းအောင်လှို်င် က ပြောခဲ့လေရဲ့။
-------------------------------------------
ဘာတွေ လုပ်ပေးခဲ့လဲ
"အဲဒီ တပ်မတော် က ဘာတွေများ ကောင်းတာ လုပ်ပေးခဲ့သလဲ "လို့ မေးခွန်းထုတ်ပါရစေ။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်တဲ့ ပထမအကြိမ်စစ်အာဏာသိမ်းမှု မဖြစ်ခင်
က မြန်မာနိုင်ငံဟာ ကိုလိုနီဘ၀ ကျရောက်ခဲ့သည့်တိုင်၊
အရှေ့တောင်အာရှရဲ့ အချမ်းသာဆုံးနိုင်ငံတနိုင်ငံ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး
အားကစား အဘက်ဘက် က အာရှနိုင်ငံတွေရဲ့ ရှေ့မှာ ရှိခဲ့တယ်။
ဒီနေ့ခေတ် ကမ္ဘာ့နယ်ပယ်အတော်များများမှာ ဂျပန်ပြီးရင် ဒုတိယလိုက်လာတဲ့ အာရှ
တနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားဆိုတာ အဲဒီခေတ်ကာလမှာ သူ့ပြည်တွင်းရေး ပြဿနာတွေနဲ့ ဆင်းရဲကြပ်တည်းမွဲတေနေတုန်းပဲ။

မြန်မာပြည်ဟာ နိုင်ငံတကာ ကို ကုန်ချောတွေ ပို့ခဲ့တယ်။
ထိုင်း နိုင်ငံဟာ ကိုလိုနီမဖြစ်ခဲ့သည့်တိုင် မြန်မာပြည်က ကုန်ချောတွေကို ၀ယ်ယူခဲ့ရတယ်။ မြန်မာထက် ဆင်းရဲခဲ့တယ်။
ဦးပွင့်ကောင်း လို တိုင်းရင်းသားလုပ်ငန်းရှင် က မြန်မာ့စားကုန်သည် ကမ္ဘာ့စားကုန်ဖြစ်
ရမည် လို့ကြွေးကြော်၊ နံပါတယ် ဆိုတဲ့ ငပိ၊ ငံပြာရည်ကို သင်္ဘောနဲ့ကို အာရှတလွှား
တင်ပို့ခဲ့ပါသတဲ့။ မတော်တဆ ငံပြာရည်ဖိတ်သွားခဲ့ရင် မွှေးလွန်းလို့တဲ့။
ဦးနေ၀င်း အာဏာသိမ်း၊ ပြည်သူပိုင်သိမ်းပြီးရော အကုန်ပျက်တာပဲ။
ရွှေကျီးနိုင်လွန်၊ ဟံသာအေးနိုင်လွန်၊ ကြက်ဆင်ဖဲထီး စတဲ့ မြန်မာထုတ်ကုန်တွေကို အာရှနိုင်ငံများကို တင်ပို့ခဲ့ရတယ်။
တချို့လုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို ဥရောပနိုင်ငံတွေကပါ တကူးတက မှာယူတဲ့
အထိ ရှိခဲ့တယ်။
ပညာရေး ဆို အာရှရဲ့ အကောင်းဆုံး တက္ကသိုလ်၊
ကျန်းမာရေး ဆို ရန်ကုန်ဆေးရုံကြီးက အာရှစံပြ
အားကစား မှာဆိုလည်း မြန်မာ့ဘောလုံး ဟာ မာဒေးကား၊ အရှေ့တောင်အာရှ၊ အာရှ ချန်ပီယံ။

အဲဒီလို အခြေအနေမျိုးကနေ တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံး အလို ဆိုတဲ့
အကြောင်းပြချက်နဲ့ ခင်ဗျားတို့ "တပ်မတော်" က စစ်အာဏာသိမ်းခဲ့တာ ခုဆို
နှစ် ၅၀ ကျော်သွားခဲ့ပြီ။

လက်ရှိ မြန်မာနိုင်ငံအခြေအနေကို တကူးတက ဘာမှ ပြောစရာအကြောင်းမရှိဘူး။

""ဘယ်လောက်ကောင်းအောင် လုပ်ပေး လုပ်ပေး ဆိုလို့ မေးချင်ပါတယ်။""

""ဘယ်ကဏ္ဍ မှာ ပိုကောင်းလာသလဲ လို့။
ကဏ္ဍ တခုခု မှာ ပိုကောင်းလာတာ ရှိရင် သေချာ ထောက်ပြပါ။
ထောက်ပြနိုင်ခဲ့ရင် ကျနော် ဟုတ်ပါတယ်။ တပ်မတော် အာဏာသိမ်းလိုက်တဲ့အတွက်
အဲဒီကဏ္ဍ မှာ ပိုကောင်းလာပါတယ် လို့ လက်ခံပါ့မယ်။"""

ခင်ဗျားတို့ နှစ် ၅၀ ကျော်ပြီ။

၈၈ မှာ ဦးနေ၀င်းရဲ့ ကြိုးကိုင်မှုနဲ့ အာဏာထပ်သိမ်းခဲ့ကြပြန်တယ်။
အဲဒီ ဒုတိယအကြိမ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုင်းပြည်က ပိုနစ်မွန်းပျက်စီးခဲ့
ရတယ်။
ပြည်သူလူထု ရဲ့ ကိုယ်ကျင့်တရားတွေ၊ အကျင့်စာရိတ္တ၊ စိတ်ဓါတ်တွေ အကုန် ပျက်စီး
ခဲ့တယ်။
ခင်ဗျား တို့ တရားဝင် လာဘ်ပေး၊ လာဘ်ယူ ကို ဖွင့်ပေးခဲ့တယ်။
အဲဒီခေတ် သတင်းစာတွေ ကို ပြန်လှန်ကြည့်ရင် ဌာနဆိုင်ရာတွေမှာ ခင်ဗျားတို့ န၀တဗိုလ်ချုပ်တွေရဲ့ တလွဲသြ၀ါဒချွေခဲ့တာတွေ ပြန်တွေ့လိမ့်မယ်။
ဝန်ထမ်းတွေဟာ မဆလခေတ်မှာ ဘယ်လောက်ပဲ အလွဲသုးံစားလုပ်လုပ်၊ ခိုးကြောင်ခိုးဝှက် လုပ်ကြရတယ်။ မိရင် ပြုတ်တယ်။ ထောင်ချခံရတယ်။ ရပ်ထဲ ရွာထဲမှာ လာဘ်စားတဲ့သူ၊ အလွဲသုံးစားလုပ်တဲ့သူ ဆို မသိမသာ ရှောင်ကြ၊ ကြဉ်ကြတယ်။ ခင်ဗျားတို့က
ဝန်ထမ်းတွေကို လခလည်း မတိုးပေးရဲ၊ နောက်ဆက်တွဲ စီးပွားရေး ပြဿနာတွေကို
မထိန်းတတ်တော့၊ ၀န်ထမ်းတွေ စားမလောက်တာလဲ သိတော့ တရားဝင် အောက်ဆိုဒ်
ရှာခွင့်၊ တရားဝင် အကျင့်ပျက်ခွင့်တွေ ဖွင့်ပေးခဲ့တယ်။
ဒီ့အတွက် ရလာဒ်က မြန်မာပြည်မှာ ငွေမည်းဈေးကွက်ကြီး အကြီးကြီး ပေါ်ထွန်းခဲ့တယ်။ နောက် ငွေကြေးဖေါင်းပွမှု တရှိန်ထိုး တက်ခဲ့တယ်။
အဆိုးဆုံးက ပြည်သူတွေရဲ့ အကျင့်စာရိတ္တ နဲ့ စိတ်ဓါတ် ပြင်မရအောင် ပျက်စီးသွား
ခဲ့ရတယ်။
ဒီဖေ့စ်ဘွတ်ခ်မှာ အစောပိုင်းကတည်းက အကျင့်ပျက်မှု ကို လုံးဝ မပြုလုပ်သင့်ဘူး၊ လို့ ရေးတဲ့အခါမှာ တချို့စာဖတ်သူတွေဟာ အကြောက်အကန် ငြင်းဆန်ခဲ့တယ်။ ဘာလို့လဲ ဆို လူတိုင်းမကင်းတာကိုး။
တိုင်းပြည်မှာ အကျင့်ပျက် ခြစားမှုဟာ စစ်ဗိုလ်ချုပ်တွေမှာမှ ရှိနေတာမဟုတ်ဘူး။
ဟိုး အောက်ခြေ စာရေး က အစ၊ ဆေးရုံစောင့်ဒရ၀မ်က အစ ကို ရှိနေတော့တာ။
အရင်က ပေါ်ပေါ်ထင်ထင် မလုပ်ရဲ၊ လာဘ်မစားရဲ မခိုးရဲခဲ့တဲ့ ပြည်သူ့ဝန်ထမ်းလောက မှာ အောက်ဆိုဒ် ကောင်းလား မေးပြီး အလုပ်ဝင်၊ အဲဒီ အလုပ်ရဖို့ လာဘ်ထိုးတဲ့ လောကကြီး ဖြစ်သွားတော့တယ်။ အဲဒါ ခင်ဗျားတို့ ဒုတိယအကြိမ်စစ်အာဏာသိမ်းပြီး၊ န၀တ
ခေတ်မှာ မှ စ ဖြစ်ခဲ့တာ။

ပြည်သူတွေ ပျက်စီးသွားလိုက်တာ ရ စရာမရှိအောင်ပဲ။ ဈေးကွက်စီးပွားရေး ဆိုပြီး
လူတစုအခွင့်အရေးယူစီးပွားရေးစနစ် ကို လုပ်လိုက်တော့၊ ပေါ်လာသမျှ ၀တ်ချင်၊ စားချင်တဲ့ မိန်းကလေးတွေ ပျက်စီးကုန်ကြတယ်။
ကာရာအိုကေတွေ၊ အနှိပ်ခန်းတွေ၊ ဘီယာဆိုင်တွေ၊ အရက်ဆိုင်တွေဟာ မှိုလိုပေါက်ခဲ့တယ်။
အရင် မဆလခေတ်တုန်းက မီးရောင်မှိန်မှိန်နဲ့ အရက်ဆိုင်ကို ပုဏ္ဏားကွယ်လေးတွေနဲ့
ဖွင့်ခဲ့တယ်။ လူတွေဟာ အရက်ဆိုင်ထဲကို ၀င်တာ လူမသိ၊ သူမသိဝင်တယ်။ လူမသိ သူမသိသောက်တယ်။ အရက်သောက်လာရင် လူကြီးသူမနဲ့တွေ့ရင် အဝေးကနေ စကားပြောတယ်။ အဲဒီလို လူ့အဖွဲ့အစည်းဟာ ပလက်ဖေါင်းတွေမှာ စီ နေတဲ့ ဘီယာ
ဆိုင် အရက်ဆိုင်တွေ မှိုလိုပေါက်၊ ပေါင်ပေါ်ဒူးပေါ် မိန်းမတွေက အဲဒီအရက်ဝိုင်းတွေမှာ
တ၀ါးဝါး တဟားဟားနဲ့ အတူတွဲသောက်တဲ့ ခေတ်ကြီး ကို ရောက်သွားရတယ်။
အဲဒီ ဘီယာတွေ အရက်တွေကို ဘယ်သူတွေက ထုတ်၊ အဲဒီ ဘီယာဆိုင်တွေ ဆိုင်ချင်း
ဆက်နေအောင် ဘယ်သူတွေက ပါမစ်တွေ ချ ပေးခဲ့တယ် ဆိုတာ အထွေအထူးပြောစရာ မလိုပါဘူး။
နှစ် ၂၀ ကျော်ကာလအတွင်းမှာ စာဖတ်အသင်း တသင်း၊ စာကြည့်တိုက်တတိုက် ခွင့်ပြုမိန့်ကျဖို့ အင်မတန် ခဲယဉ်းခဲ့တယ်။ ဘီယာဆိုင်တွေကသာ မှိုလိုပေါက်ခဲ့တယ်။ ခွင့်ပြုမိန့်ရခဲ့တယ်။
ဒါတွေကလည်း ခင်ဗျားတို့ အုပ်ချုပ်ခဲ့တဲ့ နှစ် ၂၀ တွင်းမှာမှ ပေါ်လာတာတွေပဲ။

ခေတ် ချင်းမှ မတူတော့တာ လို့ တချို့က ပြန်ထောက်ကြလေ့ရှိတယ်။
ခေတ် ဆိုတာ လူက လုပ်တာဗျ။
ကျနော်ကတော့ မြန်မာပြည်သူတွေ အကျင့်စာရိတ္တပျက်စီးခြင်းမလှ ပျက်စီးသွားခဲ့ကြရတာကို ခင်ဗျားတို့ အဖျက်ဆီးခံခဲ့ရတဲ့ တောင်တန်းတွေ၊ သစ်တောတွေ၊ မြစ်တွေ၊ သယံဇာတတွေ အားလုံးထက် နှမျောပါတယ်။

တပ်မတော် ဟာ ဒို့တာဝန်အရေး သုံးပါး ကို ဦးထိပ်ထားတယ် လို့ ခင်ဗျားတို့ ကြွေးကြော်တယ်။

ပြည်ထောင်စု မပြိုကွဲရေး. . . ဆိုတဲ့ ခင်ဗျားတို့ရဲ့ ကြွေးကြော်သံ ကို သေချာ စိစစ်ပါ။
အဲဒီ ပြည်ထောင်စု ထဲမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ အလျှိုလျှိုပေါ်လာခဲ့တာလဲ၊ အဲဒီ ၆၂ စစ်အာဏာသိမ်းခံရပြီးမှ ပိုများလာ၊ တိုးလာတာကို တွေ့ရမယ်။
တိုင်းရင်းသားတွေရဲ့ ဒေသအသီးသီးမှာ မလုံလောက်တဲ့ ရိက္ခာနဲ့ တပ်တွေကိုလွှတ်၊
တပ်က အစားရိက္ခာပြတ်တောက်တော့ ရွာထဲဝင်၊ တွေ့သမျှ ဆွဲချ၊ ပစ်ခတ် စားသောက်၊ ပိုက်ဆံလည်း ပေးစရာ အောက်ခြေ အရာရှိ၊ အရာခံ၊ ရဲဘော်တွေမှာမှ မရှိတာ။ အရာရှိငယ်တွေကလည်း ဒါကို မလုပ်ရဘူး လို့ ထိန်းဖို့ ဘယ်လောက်ခက်မလဲ။ လက်ထဲမှာ သေနတ်ကိုင်ထားတဲ့ အဖွဲ့အစည်းကို အုပ်ချုပ်ရတာ။ ငတ်နေတာကိုး။
ဒီလိုပဲ မိန်းမကိစ္စတွေမှာလည်း အရေးမယူ လွှတ်ပေးထားရင်း၊ မုဒိန်းမှုတွေကို တရားဝင်ကျူးလွန်ခွင့်ပြုတဲ့ တပ်မတော် ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ ရည်ရွယ်ချက် ရှိရှိ လုပ်လာသလား ဆိုတာတော့ ခင်ဗျားတို့သာ အသိဆုံးဖြစ်မယ်။
ပေါ်တာဆွဲတာ၊ ကလေးစစ်သားစုဆောင်းတာ ဒါတွေအားလုံးဟာ ဒီလို ပေါ်ပေါက်လာခဲ့ရတဲ့ ပြဿနာတွေချည်းပါ။
မလုံလောက်တဲ့ ဘဏ္ဍာရေးနဲ့ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ မလိုအပ်တဲ့ စစ်ဆင်ရေးတွေကို လုပ်ခဲ့တဲ့ အတွက် ဖြစ်ခဲ့ရတာ။

တပ် ထဲမှာ နိုင်ငံရေးအမြင်နဲ့ စဉ်းစားဖို့ ဆိုတာ အောက်ခြေအလယ်အလတ်အရာရှိ အရာခံတွေမှာ လုံးဝ ကို မရနိုင်တဲ့ အဖွဲ့အစည်းပါ။
အမိန့် မနာခံရင် စစ်ဥပဒေ အရ ပြင်းပြင်းထန်ထန်အရေးယူ ခံရတော့ ဘယ်သူမှ လုပ်သင့်၊ မလုပ်သင့်ဆိုတာ ချင့်ချိန်နိုင်စွမ်း မရှိကြတော့ဘူး။ လောလောဆယ်နီးရာဓါး ကို
ကြောက်သလို ကိုယ့်ဘ၀၊ ကိုယ့်မိသားစုဘ၀ ရည်တည်ရေးအတွက် မလှုပ်မရှားနိုင်ဘဲ
လူတစု က ထင်သလို ခြယ်လှယ်တာ ကို ခံရင်း ဒီစစ်တပ် နစ်မွန်းမှန်းမသိ နစ်မွန်းခဲ့ရတယ်။

အဲဒီလို နာမည်ဆိုးတွေနဲ့(ခင်ဗျားပြောတဲ့ အကောင်းအပြောမခံရတဲ့) စစ်တပ်ကြီး
အဲဒီလို လုပ်ရပ်တွေ လုပ်နေတဲ့အချိန်မှာ အဲဒီအမိန့်တွေကို ညွှန်ကြားနေခဲ့တဲ့ လူတစု
လူတသိုက် က ဘယ်လိုတွေ နေနေသလဲ။
ဘယ်လောက်တောင် ကြွယ်ဝ ချမ်းသာနေကြသလဲ။
သား စီးပွားရေး လုပ်တတ်လို့၊
သမီး စီးပွားရေး လုပ်တတ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဒေါ်လာသန်းပေါင်းမီလျံချီ ချမ်းသာကြွယ်ဝနေကြတယ်။
ဒါကြောင့် ပိုင်ဆိုင်မှုကြေညာဖို့ ဆိုတာ တီကို ဆားတို့သလို ကြောက်ကြသလား မမေးနဲ့။

ဒါကို မြင်တဲ့ အောက်ခြေ တပ်ထဲက အရာရှိ လတ်တွေ၊ ငယ်တွေကလည်း အဘတို့ ခြေရာ ကို ထပ်ကြပ်မကွာ နင်းလာကြတော့တယ်။
တချို့က ကချင်ဘက်က ကျောက်စိမ်းသယ်တယ်။ တချို့က ဘိန်းခင်းတွေကို ဆက်ကြေးကောက်တယ်။ တချို့က ဘိန်းသယ်တယ်။
ခု တချို့ ကြံမိကြံရာ ရွှေဆိုင် ဓါးပြတိုက်တာမျိုးတောင်ဖြစ်လာတယ် မလား။

တပ်က ပင်စင်ယူ ဌာနဆိုင်ရာ ကို ပြောင်းဆိုတဲ့ အုပ်ချုပ်ရေးယန္တရား ဟာ ဦးနေ၀င်း ရဲ့
အင်မတန်မှ ပက်စက်တဲ့ အာဏာတည်မြဲရေးအတွက် ဦးတည်တဲ့ ကွန်ယက်တခုပါပဲ။
အဲဒီအကျိုးဆက်ကတော့ ဌာနဆိုင်ရာအသီးသီးမှာ လာဘ်ပေးလာဘ်ယူ ထွန်းကား၊
နောက် အုပ်ချုပ်မှု ညံ့ဖျင်း နိမ့်ကျ ကုန်ပြီး၊ တိုင်းပြည်တခုလုံး ဒီအခြေထိ ဆိုက်
ခဲ့တော့တာပါပဲ။

ဒါ ဒီလောက်တောင် ကောင်းအောင် လုပ်ပေးနေတဲ့ကြားထဲက ဆိုတဲ့
ကာချုပ်မင်းအောင်လှိုင် ရဲ့ မိန့်ခွန်းကို ခွဲခြမ်းစိတ်ဖြာကြည့်တာပါပဲ။

ဆက်ရေးပါဦးမယ်

ချိုတူးဇော် 
( facebook မှကူးယူဖေါ်ပြပါသည်)

Sunday, 19 January 2014

နိုင်ငံတော် အတွက် အလုပ်လုပ်တယ်တဲ့

နိုင်ငံတော် အတွက် အလုပ်လုပ်တယ်တဲ့

ပြဿနာနည်းချင်ရင် စကားပြောဆင်ခြင်ပါ

                                    


စကားပြောတဲ့အခါမှာ -

(၁) ပြောသင့်တဲ့အချိန်မှာ ပြောမယ်။ မပြောသင့်တဲ့အချိန်မှာ မပြောဘူး။

(၂) မှန်တာကိုပဲ ပြောမယ်။ မမှန်တာကိုမပြောဘူး။

(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့ပြောမယ်။

(၄) ပြောတဲ့အခါမှာ အကျိုးရှိတဲ့စကားကိုသာပြောမယ်။ အကျိုးမရှိတာကို မပြောဘူး။

(၅) ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်။ဒေါသနဲ့မပြောဘူး။

မြတ်စွာဘုရားရဲ့ အဆုံးအမကိုကြည့်ပြီး
ရှေးလူကြီးတွေက ပြောတယ် - စိတ်ဆိုးရင်စကားမပြောနဲ့တဲ့။ဘာဖြစ်လို့လဲဆိုတော့ စကားကောင်း
မထွက်ဘူး။ မိမိကိုယ်တိုင်က စကားပြောတဲ့ စည်းကမ်းလေးတွေ ချမှတ်ထားပြီးတော့
ဒီအတိုင်းသတိထားပြီး လိုက်နာကျင့်သုံးလိုက်မယ်ဆိုရင် မိမိနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့
ပြဿနာ တက်စရာအကြောင်း မရှိတော့ဘူး။

မေတ္တာနှလုံးပျက်သွားတာ ကိုယ့်ရဲ့အပြောကြောင့်ပဲ။
မပြောသင့်တာကို ပြောမိလို့၊ ကြမ်းကြမ်းတမ်းတမ်းပြောမိလို့၊ မဟုတ်တာသွားပြောမိရင်လည်း ပြဿနာ
တတ်တတ်တယ်။ဒါကြောင့်မို့လို့ အပြောအဆိုနဲ့ ပတ်သက်ပြီးတော့
ကိုယ်ကိုယ်တိုင်က စည်းကမ်းရှိဖို့ ဗုဒ္ဓမြတ်စွာကဟောကြားပေးထားတယ်။ ”

- ( ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ )

ပဋိပက္ခတွေကြား အမျိုးသမီးတွေလုံခြုံစေဖို့

Daw Suu Urges Gov't to Take Responsibilities over MyitSone Dam

DASSK's Hlaing Bwe Speech








ရဲနဲ့ ရိုဟင်ဂျာ ပဋိပက္ခ လူသေ မသေ အငြင်းပွား


ရခိုင်ပြည်နယ် မောင်တောမြို့က ကျေးရွာ တစ်ရွာမှာ ပျောက်ဆုံး ခဲ့တဲ့ ရဲတပ်ကြပ်ကို ရှာဖွေ စစ်ဆေးရာမှာ လူသေဆုံးမှု ရှိတယ်ဆိုတဲ့ ပြောဆိုမှု တွေကို အစိုးရ ဘက်က ငြင်းဆိုပါတယ်။

အာဏာပိုင် တွေက လောလောဆယ် ရွာသား(၈၀)ကျော်ကို ဖမ်းဆီး ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့် ရသူက ပြောပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့က ဒူချီရာတန်း အလယ်တန်း ကျေးရွာမှာ ရွာသား ၄ ယောက်ကို ရဲက ရှာဖွေစစ်ဆေးဖို့ ကြိုးစားရာ ကနေ ရဲနဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ကြပ် ပျောက်ဆုံး ခဲ့တာလို့ ရဲဘက်က ပြောပါတယ်။

ရွာသားတွေ ကတော့ ရဲတစ်ယောက် ကျန်ရစ် ပျောက်ဆုံးနေတာ မရှိဘူးလို့ ငြင်းပါတယ်။

ရွာသား ၄ ယောက်ကို ရှာဖွေ ရတဲ့ အကြောင်း ကတော့ ပြီးခဲ့တဲ့ အပတ်က ပျောက်ဆုံး သွားတဲ့ ရိုဟင်ဂျာ ၈ ယောက်ရဲ့ အလောင်းကို တွေ့ရှိပြီး ဓါတ်ပုံရိုက်ယူ ခဲ့တဲ့ အတွက် အဲဒီလူတွေကို ရဲက လိုက်လံ ရှာဖွေ ဖမ်းဆီးဖို့ ကြိုးစားတာလို့ ရွာသားတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၃ ညနေပိုင်း ရောက်တော့ ရဲတပ်ဖွဲ့က အင်အားဖြည့်တင်းပြီး ပြန်ရောက် လာခဲ့ကြပြီး ရွာသားတွေနဲ့ နောက်ထပ် ပဋိပက္ခ ဖြစ်ပွားခဲ့ပြန်တဲ့ အတွက် ရွာသား ၈ ယောက် ထပ်မံ သေဆုံး သွားတယ်လို့ ရိုဟင်ဂျာရွာ သားတယောက်က ပြောပါတယ်။

ရွာသားတွေ ဘက်က ဒီလို စွပ်စွဲချက် တွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရ ကို မေးမြန်းကြည့်ရာမှာ ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က ဦးဝင်းမြိုင်က သေဆုံးသူ တစ်ယောက်မှ မရှိဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ရွာသား ၈၄ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာတော့ ဒူချီရာတန်း ရွာသားတွေ အားလုံး အနီးတဝိုက် ရွာတွေဆီကို ထွက်ပြေး တိမ်းရှောင် နေတယ်လို့ သိရတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အပြည့်အစုံဖတ်ရန် --> http://www.myanmarcnn.com/2014/01/blog-post_7480.html#ixzz2qmK5CFol


2014/1/18 Khin.Maung Saw <khin.maung.saw@googlemail.com>


 


Friday, January 17, 2014


ရိုဟင်ဂျာဆိုသည့် လူမျိုးမရှိကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား အခြားအာဆီယံနိုင်ငံများက ရိုဟင်ဂျာအရေး ဖိအားပေးလာပါက လက်ခံမည်မဟုတ်

မြန်မာနိုင်ငံတွင် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ရခိုင်၊ မွန်စသည့် နှစ်ပေါင်း များစွာကတည်းက စုပေါင်းနေထိုင်ခဲ့ကြ သည့် တိုင်းရင်းသားလူမျိုးများရှိခဲ့သည်။ ယခုအခါ ဘင်္ဂါလီအရေးကိစ္စသည် မြန်မာ ပြည်သူများအဖြစ် နိုင်ငံတော်အစိုးရ အတွက်ပါ အနှောင့်အယှက်သဘွယ်ဖြစ်နေ သည်ကို တွေ့ရသည်။

၂၀၁၄၊ ဇန်နဝါရီ ၁၆ ရက်နေ့က ပုဂံရှေးဟောင်းမြို့တော်တွင် ပြန်ကြားရေး ဌာန ဒုဝန်ကြီး ဦးရဲထွဋ်က-
ဘင်္ဂါလီအရေးကိစ္စသည် မြန်မာ နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သဖြင့် အခြား အာဆီယံနိုင်ငံများက အာဆီယံ အစည်းအဝေးများတွင် ဆွေးနွေးရန် တောင်းဆိုလာလျှင်လည်း လက်ခံဆွေးနွေး သွားမည်မဟုတ်ဟု ပြောကြားလိုက် သည်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ အစိုးရရော ပြည်သူတွေကပါ လက်မခံဘူးဆိုတာ ရှင်းလင်းပြီးသားပါ။ ပြီးတော့ ဒီဘင်္ဂါလီအရေးဟာ ကျွန်တော် တို့ရဲ့ ပြည်တွင်းရေးပဲဆိုတော့ ကျန်တဲ့နိုင်ငံ တွေက တောင်းဆိုလာလျှင်လည်း ကျွန် တော်တို့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်မှာ အာဆီယံအစည်းအဝေးတွေမှာ လက်ခံ ဆွေးနွေးသွားမှာ မဟုတ်ပါဘူး။ အကြံပေး တာဆိုရင်တော့ ကျွန်တော်တို့နိုင်ငံနဲ့ ကိုက် ညီတာကို လက်ခံသွားမှာပါဟု ထပ်မံ ပြောကြားလိုက်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ် အာဆီယံသီးသန့်အစည်း အဝေးကို ဇန်နဝါရီ ၁၆ ရက်က ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်တွင် ကျင်းပသည်။ ဇန်နဝါရီ ၁၅ ရက်နေ့က အာဆီယံ အဆင့်မြင့်အရာရှိများ၏ ညစာစားပွဲကို ကျင်းပခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်တွင် အစည်း အဝေးစတင်ဖွင့်လှစ်ပြီး ဇန်နဝါရီ ၁၇ ရက် နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဋ်၏ မြန်မာပြည်မှာ ရိုဟင်ဂျာမရှိ ဆိုသည့်အဆိုကိုတော့ မြန်မာပြည်သူပြည် သား အများက လက်ခံကြိုဆိုကြကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အခြားအာဆီယံနိုင်ငံများက ရိုဟင်ဂျာအရေး ဖိအားပေးလာပါက လက်ခံမည်မဟုတ်ဟု ဦးရဲထွဋ်ပြော
==== === ==== ===
ရိုဟင်ဂျာကိစ္စအား ၂၀၁၄ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး၌ ဆွေးနွေးသွားရန်မရှိကြောင်း၊ ရိုဟင်ဂျာဟူသော အသုံးအနူန်းကို လက်မခံကြောင်းနှင့် အခြားအာဆီယံနိုင်ငံများက ဖိအားပေးလာပါက လက်ခံမည် မဟုတ်ကြောင်းကို ပုဂံမြို့ ရွှေနန်းဟိုတယ် နန်းမြင့်ဆောင်တွင် ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဖြေကြားခဲ့သည်။

`ရိုဟင်ဂျာဆိုတဲ့ အသုံးအနူန်းကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ရော၊ အစိုးရအနေနဲ့ပါ လက်မခံပါဘူး။ ဒါ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်။ ပြောင်းလဲစရာ မရှိဘူး။ ကျွန်တော်တို့ဆီမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ပြဿနာတွေကိုဖြေရှင်းခြင်းသည် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာဖြစ်တယ်။ မြန်မာအစိုးရနဲ့ ပြည်သူတွေကသာ ဖြေရှင်းသွာမှာဖြစ်တယ်။ သို့သော် တခြားနိုင်ငံတွေမှာ ဒီလို လူ့အသိုင်းအ၀ိုင်းကြားမှာ ဖြစ်ခဲ့တဲ့ ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြတာမျိုးဆိုရင်တော့ ကျွန်တော်တို့ နားထောင်မယ်။ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီရင် ကျင့်သုံးမယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်တွင်းကိစ္စကို ဘယ်သူကမှ ဒီလိုလုပ်ပါ စသဖြင့် ပြောဖို့တော့ အကြောင်းမရှိဘူး။ အစိုးရအဖွဲ့ရယ်၊ ပြည်ထောင်စုလွှတ်တော်ရယ်၊ ပါဝင်ပတ်သက်တဲ့ လူအသိုင်းအ၀ိုင်းတွေရယ်၊ မြန်မာပြည်သူတွေကနေပြီးတော့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကပဲ ဆောင်ရွက်သွားဖို့ရှိတယ်။´

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


2014/1/18 <zaw.w.kyaw@gmail.com>


I am sure you are disappointed to read below fabricated incorrect news, AP, etc. instead of them reporting the true events of attacking the security personal by armed Bengali Muslim groups in Sittwe and Maungdaw. 

Those fabricated news were timed with ASEAN Foreign Ministers meeting in Bagan.

AP news is based on fabricated propaganda made by Chris Lewa & her Arakan Project. Actually, Chris Lewa was invited by Inter Pares to be a key speaker at so called Burma Working Group (BWG) meeting in Ottawa on Jan 13. (Timing??)

BWG is a platform for Inter Pares for their project proposals and request funding once used to be jointly with Canadian Friends of Burma. 

Some Burmese activists & groups in Canada sent concerned letters to Inter Pares to object Chris Lewa's presence and their fabricated propaganda and mis-representation of Arakan. Chris Lewa and Inter Pares are trying to receive funding from Canada in name of humanitarian assistance in Rakhine State for so called Rohingya with fabricated stories.

I hope Myanmar governments and concerned parties will release true news about Muslim tugs attacks on security personnel in Rakhine and strongly object the incorrect AP & Irrawaddy reports based on groundless accusations made by people and organization like Chris Kewa and Arakan Project. The responsible ministry, officials should arrange timely press release / press conference to foreign news agencies and diplomats. Organizations like Journalist Association / Union, Information Ministry should express their concerns to Irrawaddy, AP.

Please forward me if any news release and official objection from Myanmar government and organizations. I will forward them to Canadian officials, NGOs and news agencies here.


Buddhist Mob, Police Raid Rohingya Village, Many Left Dead: Rights Group
By  On Friday, January 17, 2014 @ 12:50 pm
RANGOON— Arakanese Buddhist villagers in the company of government security forces attacked a Rohingya Muslim village in southern Maungdaw Township in strife-torn Arakan State on Tuesday morning, leading to the deaths of possibly dozens of Rohingya women and children, a human rights group reports.
Many other villagers have been arrested, while hundreds have since fled their homes, according to initial reports from the region. Government officials claim that a policeman went missing after he was attacked by villagers and they denied the reports of the Rohingya killings.
The violence occurred in southern Maungdaw Township in the Muslim village of Du Char Yar Tan, according to the Arakan Project, a Thailand-based Rohingya rights group that has a local monitoring network in Maungdaw.
The officers had come to the village on Monday night "to confiscate mobile phones and check family lists," the Arakan Project said. "As police entered houses, angry Rohingya villagers gathered and the mob attacked and beat the police." Many Rohingya men then fled the village out of fear for arrest, it said.
Police returned in the early hours of Tuesday morning with soldiers and many Arakanese Buddhist villagers to search for a policeman who had gone missing during the previous unrest—a claim that the Rohingya villagers deny.
The Arakan Project, which talked to numerous villagers and other sources on the ground, alleged that the Arakanese Buddhist mob and security forces then looted and attacked the women and children who had remained in Du Char Yar Tan village, possibly killing dozens.
"The joint forces and [Arakan] villagers looted many houses in the village. Women and children were brutally killed (as many men had already fled) and some were allegedly raped. The exact number is unknown so far—figures we received vary between 10 and 60," the organization said in a briefing on the incident.
The organization quoted a local resident who had briefly returned to the village later as saying that he saw the dead bodies of two women and a boy who had been killed by stabbing.
"Stabbings with knives (rather than shooting) would clearly indicate that the massacre was committed by [Arakan] villagers rather than police or army, but in the presence of law enforcement agencies who also did nothing to stop it," the group said.
It noted, however, that it had received conflicting reports from the isolated Muslim-majority region in northern Arakan State, which is administered by government security forces.
The organization said dozens of Rohingya villagers—including women and children—were rounded up in the aftermath of the unrest on Tuesday and Wednesday.
The Arakan Project said the violence had been preceded by a recent visit of Buddhist monk U Wirathu of the nationalist 969 movement, who reportedly told the Arakanese that they are the only "sons of the soil" and could drive out the Rohingyas.
Deputy Information Minister Ye Htut on Friday morning denied the reports of Rohingya killings.
"The police are investigating the case of the missing policeman," he told The Irrawaddy, while speaking on the sidelines of the Association of Southeast Nations Foreign Ministers' meeting in Bagan.
"We have had no information about the killings that have been reported in the media. Those reports might be a cover-up, because of the policeman going missing," he said.
Arakan State spokesperson Win Myaing provided few details of the outbreak of bloody violence, but claimed that about 80 Muslim villagers had "attacked" policemen on Monday night and an officer called Aung Kyaw Thein had gone missing. He gave no reasons for the attack by the Rohingyas.
"The local army is on the ground and police forces are still searching for the missing policeman. We did not know yet whether he has died already or not," he said.
A Muslim resident of Maungdaw town named Husson said he met some of the villagers from Du Char Yar Tan, adding that they had told him that six villagers were killed and hundreds had fled. On Thursday morning, some 50 Rohingya villagers were arrested by authorities in relation to the unrest, he added.
Aanis, a Muslim man who lives nearby Du Char Yar Tan village, said, "Many families from that village have run away and tried to escape to other villages, some are hiding in my village."
Aung Myo Min, a Muslim Arakan State lawmaker with the Union Solidarity and Development Party (USDP), said he and state officials visited Du Char Yar Tan village on Tuesday and found it was largely deserted, except for a few dozen elderly villagers and some women.
"I didn't have a chance to talk to them. I don't know exactly what happened on [Monday] night or if anyone was killed," he said, adding that several thousand Rohingyas lived in Du Char Yar Tan.
Aung Myo Min said he saw no dead or injured villagers.
Shwe Maung, a Muslim Lower House lawmaker who represents Buthidaung Township for the USDP, said he heard conflicting reports about the numbers of villagers killed and injured.
"A lot of people are missing. Normally when they are missing family members, Rohingya people think they are dead," he said, adding that hundreds of security forces remained stationed at Du Char Yar Tan village.
"Now the situation is very tense, the security forces are still in the village," Shwe Maung said.
In June and October 2012, two waves of deadly inter-communal violence between Arakanese Buddhists and Rohingya Muslims swept through western Burma's Arakan State, killing almost 200 people, destroying thousands of homes and displacing 142,000 people, mostly Muslims.
Burma's government has been accused of tacitly supporting Buddhist mob violence. It does not recognize the stateless Rohingya Muslim minority as citizens and officials refer to them as "Bengalis" to suggest that they are illegal immigrants from Bangladesh. The Rohingyas claim they have lived in Arakan for generations and are entitled to citizenship.
Additional reporting by Simon Roughneen in Bagan.

Article printed from The Irrawaddy Magazine: http://www.irrawaddy.org 










--
http://www.burmaburo.blogspot.com

Friday, 10 January 2014

မလေးရှားရှိ မြန်မာများ ဒုက္ခ

Friday, January 10, 2014

ကွာလာလမ်ပူတွင် မီးရှို့တိုက်ခိုက်ခံရ မြန်မာတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

သန့်ဇင်၊ ကွာလာလမ်ပူ၊ ဇန်န၀ါရီ-၉

ဇန်န၀ါရီ ၈ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူ ဂျလန်းသွန်နမ်း ရပ်တွင် မြန်မာနိုင်ငံသားနှစ်ဦးနေထိုင်သည့် ကွန်တိန်နာအိမ်အား မီးရှို့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် မြန်မာတစ်ဦး မီးလောင်သေဆုံးခဲ့ရပြီး တစ်ဦးကို မီးသတ်နှင့်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့ကြောင်း မလေးရှားသည်စတားအွန်လိုင်း သတင်းစာ၌ ဖော်ပြပါရှိသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ ၈ ရက် နံနက် ၃ နာရီတွင် ဂျလန်းသွန်နမ်းရပ်ကား ပါကင်ဝင်း၌ အသက် (၂၈)နှစ်အရွယ် မြန်မာအမျိုးသားနှစ်ဦး နေထိုင်သည့် အဆိုပါ ကွန်တိန်နာအိမ်အားမီးရှို့တိုက်ခိုက်ခံရကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့ထံသို့ နံနက် ၃ နာရီခွဲတွင် ဖုန်းဆက်အကြောင်း ကြားခဲ့သည်။

ထို့ကြောင့် ဆန်တူးလ်နှင့် ဟန်တွားမီးသတ်ဌာနများက သွားရောက် မီးငြှိမ်းသတ်ခဲ့ရာတွင် တစ်ဦးကို ကယ်ဆယ်နိုင်ပြီး တစ်ဦးမှာ မီးထဲပါသွားခဲ့သည်။

တာဝန်ရှိသူများ၏ အဆိုအရ အခင်းဖြစ်ရာအနီးအနားတွင် ပလတ်စ တစ်ပုံးနှစ်ပုံးတွေ့ရ၍ မီးရှို့တိုက်ခိုက်သည်ဟု ယုံကြည်သည်ဟု ဆိုခဲ့သည်။

မြို့တော်စီအိုင်ဒီအကြီးအကဲကလည်း မြန်မာနိုင်ငံသားတစ်ဦး မီးလောင် သေဆုံးရခြင်းတွင် ရည်ရွယ်ချက်ဖြင့် မီးရှို့တိုက်ခိုက်သည့် သဲလွန်စများရထား ကြောင်းနှင့် အသက်မသေဘဲ ကျန်ခဲ့သူမှာလည်း မီးလောင်ဒဏ်ရာနှင့် မီးခိုးမွန် ဒဏ်များကြောင့် ကွာလာလမ်ပူဆေးရုံသို့ ပို့ထားကြောင်း၊ အမှုဖွင့်ထားပြီး အမြန်ဆုံး တရားခံဖမ်းမိနိုင်ရန်
ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ဘင်္ဂလာဒေခ်ျ့ ဘုန်းတော်ကြီးကျောင်းများ၏ အန္တရယ်

Friday, January 10, 2014

မြန်မာနယ်စပ်အနီးရှိ ဘင်္ဂလာဒေခ်ျ့မှ ဘုန်းတော်ကြီးကျောင်းများ တိုက်ခိုက်ခံရနိုင်ဖွယ်ရှိ၍ လုံခြုံရေး တိုးမြှင့်
(နိရဉ္စရာ- ၈ ဇန်န၀ါရီ ၂၀၁၄)

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်နယ်စပ်နှင့် ကပ်ရပ်တည်ရှိသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ အတွင်းမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို ဘာသာရေး အစွန်းရောက်များမှ တိုက်ခိုက်နိုင်ဖွယ်ရှိနေသည်ဟု သတင်း ရရှိသည်။

သို့အတွက် ယနေ့ ဇန်န၀ါရီလ ၈ ရက်နေ့ နံနက်ကစပြီး ဘီဂျီဘီခေါ် နယ်ခြားစောင့်တပ်များကို နယ်စပ် တလျှောက်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဖြန့်ကျက် ချထားလိုက်သည်ဟု Coxsbazarnews.com တွင် ဖေါ်ပြသည်။

မြန်မာနယ်စပ်နှင့် ကပ်ရပ်တည်ရှိသော နတ်ကျောက်ဆရီ၊ ရာမူး (ပန်းဝါ)၊ ဘိုင်ဆရီ၊ အိုကီးယား ဒေသရှိ ဘုန်းတော်ကြီးကျောင်းများကို ဘာသာရေး အစွန်းရောက်များမှ တိုက်ခိုက်ရန် အာဏာပိုင်များက သတင်း ရရှိသဖြင့် ထိုသို့ ဘီဂျီဘီ နယ်ခြားစောင့်တပ်များကို ဖြန့်ကျက် ချထားလိုက်ခြင်း ဖြစ်ကြောင်း ယင်းသတင်းတွင် ဖေါ်ပြသည်။

ယခု ဖြန့်ကျက်ချထားလိုက်သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ မြန်မာနယ်စပ် အနီးတွင် တည်ရှိသာ နတ်ကျောက်ဆရီမြို့ အခြေစိုက် အမှတ် (၃၁) ဘီဂျီဘီ တပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်ကြသည်ဟု ဆိုသည်။

အမှတ် (၃၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ချော်ဖီကူရာဟာမန်မှ ဘာသာရေး အစွန်းရောက်သူများမှ လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ ဘာရေးအဆောက်အဦးများကို ပစ်မှတ်ထား တိုက်ခိုက်ရန် မိမိတို့ သတင်းထားရကြောင်း၊ သို့အတွက် ယခုကဲ့သို့ ဗုဒ္ဓဘာသာကျေးရွာများကို စောင့်ရှောက်ရန် တပ်ဖွဲ့ဝင်များကို ချထားရခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။

ယင်းအပြင် နယ်စပ် အနီးရှိ တီတာပါရာမှ အဒူရော်ချီး (၁၆) နှစ်၊ ရာဇိဒါ (၁၈) နှစ်နှင့် နုရ်အာလောင် (၁၄) နှစ်တို့အား နယ်စပ်ရှိ ဘုန်းတော်ကြီးကျောင်းအနီး နေရာ တစ်ခုမှ ယနေ့နံနက် သင်္ကာံမကင်းသဖြင့် နယ်ခြားစောင့်တပ်ဖွဲ့မှ ဖမ်းဆီးလိုက်သည်ဟု ဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် လူနည်းစု လူမျိုးများက လက်ရှိ အစိုးရဦးဆောင်သော အ၀ါမီလိဂ်ပါတီအား  များမကြာမီက ပြုလုပ်လုပ်သော ရွှေးကောက်ပွဲတွင် ထောက်ခံမဲပေးခဲ့ကြသဖြင့် အစိုးရ မလိုလားသူ အင်အားစုများက လူနည်းစုများကို ပစ်မှတ်ထား တိုက်ခိုက်မူများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်ဟု သိရသည်။

နိရဉ္စရာ







မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခိုးဝင်မှုများ မရှိစေရေး မြန်မာဘက်က လုံခြုံရေးတင်းကျပ်ထားသော်လည်း လှေဖြင့်ခိုးဝင်မှုများ ရှိနေ

Published on: January 2, 2014
Written by: 
ဝင်းမောင်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်အတွင်း သွားလာနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ၏ လှေတစ်စင်းအား တွေ့ရစဉ်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခိုးဝင်မှုများ မရှိစေရေး မြန်မာဘက်မှ လုံခြုံရေးတင်းကျပ်ထားသော်လည်း လှေဖြင့်ခိုးဝင်မှုများ ရှိနေကြောင်းနှင့် ခိုးဝင်လှေများ နတ်မြစ်အတွင်း နစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ အဓိက၀င်ပေါက်ဖြစ်သော မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်အတွင်း ခိုးဝင်ဘင်္ဂါလီလှေတစ်စင်း နစ်မြုပ်ရာ နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ပျောက်ဆုံးနေကြောင်း ဇန်န၀ါရီ ၁ ရက်ထုတ် ဘင်္ဂလားဒေ့ရှ် သတင်းစာများတွင် ဖော်ပြခဲ့သည်။

စက်လှေဖြင့် မြန်မာနိုင်ငံအတွင်း ခိုးဝင်လာသူများမှာ တက်ကနက်မြို့နယ် နော်ယာပါရာ ဒုက္ခသည်စခန်းမှဖြစ်ကြောင်း သိရပြီး ဆယ်ယူရရှိသည့် အလောင်းများအား အဆိုပါ ဒုက္ခသည်စခန်းရှိ မိသားစုများထံသို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက လွှဲပြောင်းပေးအပ် လိုက်သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ နော်ယာပါရာ ဒုက္ခသည်စခန်းသည် မြန်မာနိုင်ငံ၊ မောင်တောမြို့နယ်မြောက်ပိုင်း ဦးရှည်ကျချောင်းဝ တစ်ဖက်တွင် တည်ရှိပြီး အလွယ်တကူ ၀င်ရောက်နိုင်သည့်နေရာ ဖြစ်သည့်အပြင် ယင်းဒုက္ခသည်စခန်း၏တောင်ဘက် စာဏီမူရတစ်ဝိုက်တွင် ဓားပြများ ခိုအောင်နေထိုင်လျက်ရှိပြီး အခါသင့်လျှင်သင့်သလို မောင်တောဘက်သို့ခိုးဝင်ကာ ဓားပြတိုက်မှုများ ကျူးလွန်နေကြောင်း သိရသည်။

လွန်ခဲ့သော ဒီဇင်ဘာ ၃၀ ရက်ကလည်း ဘင်္ဂလာဒေ့ရှ်မှ လူ ၁၈ ဦးတင်ဆောင်၍ မြန်မာဘက်သို့ တရားမ၀င် ခိုးကူးသည့် လှေတစ်စင်း နတ်မြစ်အတွင်းနစ်မြုပ်ရာ ကိုးဦးကို အနီးအနားရှိ လှေများက ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန်ကိုးဦးမှာ ပျောက်ဆုံးသွားခဲ့ကြောင်း၊ လှေမှာ မြန်မာရေပိုင်နက်ဘက်သို့ရောက်မှ နစ်သွားခြင်းဖြစ်ကြောင်း တက်ကနက်အခြေစိုက် အမှတ်(၄၂)ဘီဂျီဘီ တပ်ရင်းမှူး၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေးဆူပူမှုများ ပိုမိုကြီးထွားလာနေပြီး မြန်မာနိုင်ငံတွင်လည်း မကြာသောအချိန်တွင် သန်းခေါင်စာရင်း ကောက်ရန်ရှိနေရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီအများစု ပြန်ဝင်လာနိုင်ခြေရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အနောက်ဘက် နယ်စပ်အား လုံခြုံရေးကို ယခင်အတိုင်း တင်းကျပ်စွာ ဆောင်ရွက်ထားပြီး ကင်းစခန်းများ၊ မြို့ဝင်ဂိတ်များတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မောင်တောခရိုင်ရဲမှူးက ပြောကြားသည်။





--
http://www.burmaburo.blogspot.com

Saturday, 4 January 2014

မြန်မာမှ ပြည်ပသို့ တရားမ၀င် သစ်ခိုးထုတ်မှု မြင့်တက်နေပြီး တရုတ်သို့ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း၂၀၀ ခန့် တရားမ၀င်တင်ပို့မှု အများဆုံးဖြစ်

မြန်မာမှ ပြည်ပသို့ တရားမ၀င် သစ်ခိုးထုတ်မှု မြင့်တက်နေပြီး တရုတ်သို့ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း၂၀၀ ခန့် တရားမ၀င်တင်ပို့မှု အများဆုံးဖြစ်

" ဥပဒေ နှင့်ဘဝများကြား လက်တစ်လုံးသာ ခြားသည် "

" ဥပဒေ နှင့်ဘဝများကြား လက်တစ်လုံးသာ ခြားသည် "

မိမွေးတိုင်း၊ ဖမွေးတိုင်းကြီးကို တစ်သံတည်းအတူတူ “ နိုးနိုးနိုး” လုပ်ပစ်လိုက်ကြပြီလော (ဟံသာဝတီဦးဝင်းတင်)

မိမွေးတိုင်း၊ ဖမွေးတိုင်းကြီးကို တစ်သံတည်းအတူတူ “ နိုးနိုးနိုး” လုပ်ပစ်လိုက်ကြပြီလော (ဟံသာဝတီဦးဝင်းတင်)

DASSK speaks at University of Louisville

ဒီနေ့(ဒီဇင်ဘာ ၁)နေ့လည် ၂ နာရီ က ရန်ကုန်မြို့ ဗဟန်းမြို့နယ် M3 အနီးတွင် UNHRC ၏ဘင်္ဂလီအရေးစွက်ဖက်မှုအား တန်ပြန်ကန့်ကွက်ပွဲပြုလုပ်

Burmese TV Update - 01-04-2014

Friday, 3 January 2014

ဖြစ်ရပ်မှန်များ

ကျိုးပျက်သွားသည့် အနောက်တံခါး





--








 လူမျိုး ၊ ဘာသာ ။ သာသနာ အတွက် မိမိအမြင်ကို ပွင့်ပွင့်လင်းလင်းရေးထားသည့်အတွက် လေးစားပါတယ်ခင်ဗျာ ။  ဒေါက်တာမြင့်သိန်း လို မမြင်တတ်သူတွေက ဘာသာရေးမှာ၎င်း ၊ နိုင်ငံရေးမှာ၎င်း   နေရာယူထား ၊  ဆရာကြီးနေရာယူထားကြတာက  တိုင်းပြည်အတွက်ရင်လေးစရာပါ ။ ဒီအတိုင်းခရီးဆက်သွားလျင်  မလေးရှား ၊  အင်ဒိုနီှးရား ၊ တို့ လမ်းစဉ်အတိုင်း  ဗုဒ္ဓဘာသာပျောက်သွားပြီး  ဘာမေးရှား  ဖြစ်ပါတော့မည် ။

နို်င်ငံရေးဦးခေါင်းဆောင်သူဟာ  ခေါင်းဆောင်နေရတိုင်း  ခေါင်းဆောင်အရည်အသွေးပီသသူ မဖြစ်နိုင်ပါ ။  ခေါင်းဆောင်နေခွင့်နင့်  ခေါင်းဆောင်အရည်အသွေးဆိုတာ တစ်ခုစီပါ .။ ဗိုလ်ချုပ်ကို အမျိုးသားခေါင်းဆောင်အဖြစ် မြန်မာတစ်မျိုးသားလုံးက လက်ခံခဲ့ခြင်းသည်  ဗိုလ်ချုပ်၏  နို်င်ငံရေးအမြော်အမြင်ကြီးမားမှုက နင့် ဘဝကိုပေးဆပ်မှုက အဓိက အကြောင်းတရားဖြစ်ခဲ့ပါသည် ။ ဘဝပေးဆ်ပမှုကို ဗိုလ်ချုပ်ကဲ့သို့ ပေးဆပ်ခဲ့သူများလည်းရှိခဲ့ပေမည့် ။  ဗိုလ်ချုပ်၏အမြော်အမြင်ကြီးမားမှုက  လူထု တစ်ရပ်လုံးကိုစုစည်းနိုင်ခဲ့သော ဆွဲဆောင်နိုင်စွမ်းအားဖြစ်ခဲ့ပါသည် ။

နိုင်ငံရေးအမြော်အမြင်နည်းပါးသူတွေက လတ်တစ်လော  နို်င်ငံရေးအမြတ်ရမှုကို ထောက်ရှုပြီး  ရေရှည်အမှားကို လုပ်ခဲ့ကြတာယနေ့ လက်တွေ့ ကြည့်ပါ ။   အနောက်တံခါး ကို မိမိပါတီ ၊ မိမိနို်င်ငံရေး လတ်တစ်လောအကျိုးအမြတ်အတွက်  လုပ်ခဲ့မှုဟာ  ယနေ့  ဦးနုဆိုတာ ရာဇဝင်မှာ လူရွံစရာဖြစ်လာနိုင်ပါသည် ။ ကြံ့ ခိုင်ရေးပါတီ၏ ဧည့်နိုင်ငံသား ( ဘင်္ဂါလီခိုးဝင်သူများကို )ကို ပါတီထောင်ခွင့် ၊ မဲပေးခွင့် ၊ အမတ်ဖြစ်ပိုင်ခွင့်ပေးခဲ့တာတွေဟာ  ရာဇဝင်မှာ  (  သူခိုး  ဓါးရိုးကမ်း  နိုင်ငံရေးသမားများအဖြစ် ) ရာဇဝင်တွင်ခဲ့ပါမည် ။

ဒီလိုပါဘဲ   တောင်အမေရိကတိုက်မှာ ကိုလိုနီစပိန်အုပ်ချုပ်ရေး အောက်မှ  လွတ်လပ်ရေးဖခင် ၊ ကျွန်စံနစ်ပပျောက်ရေး  တောာင်အမေရိကတိုက်၏ တော်လှန်ရေးသူရဲကောင်းကြီး  ဆို်င်မွန်ဘိုလီဗာ (  Simon Bolivar ) ၏ အမျော်အမြင်ကြီးမှု နင့် အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုများ အတွက်သူ့ ကို   တောင်အမေရိကတိုက်၏ အမျိုးသားခေါင်းဆောင်ကြီးအဖြစ် သတ်မှတ်ရာကနေ   ပီရူးနိုင်ငံ ၏အရှေမြောက်ပိုင်းကို ဘိုလီးဗီးယားနိုင်ငံဟု  ဘိုလီဗိးယားကိုဂုဏ်ပြုကာ  အမည်ပေးဂုဏ်ပြုလိုက်ကြပါတယ် ။

ကမ္ဘာပေါ်မျာ  လူတစ်ဦး၏ နာမည်နင့် နိုင်ငံကိုနာမည်ပေးထားတာ အလွန်ရှားပါးပါတယ် ။  ဘိုလီးဗီးယား ၊  ဆော်ဒီအာရေးဗီယား ။

 ဖိလစ်ပိုင်မျိုးချစ်တော်လှန်ရေးသမားကြီး  Jose Protasio Rizal ဂျို့ စ် ပရိုတာစီယို ရီဇားလ်  သည်  စပိန်ကိုလိုနီကို ကိုယ်တိုင်လက်နက်စွဲကိုင်တော်လှန်ခဲ့သူမဟုတ်ခဲ့ပါ ။  သိုသော်သူ၏ ကဗျာယ စာပေ များက ဖိလစ်ပိုင်လူမျိုးတို့ ၏မျိုးခ်ျိတ်ကို နုးဆွပေးမှုအတွက်  ကိုလိုနီစပိန်အစိုးရက  သေဒါဏ်ပေးပြီး  သေနတ်နင့် ကွပ်မျက်ခဲ့ပါတယ် ။  သူ၏ အလွန်တော်  အလွန်ထက်မြက်မှုက ဖိလစ်ပိုင်လူမျိုးတို့ သာမက ဂျာမဏီ ၊ ပြင်သစ် ၊ချက်နိုင်ငံ ၊  အမေရိကန် ၊ အဂ်လန် ၊ကနေဒါ ၊ အာဆီယံ (စင်ကာပူ ) ၊ တောင်အမေရိကတိုက်များ ..ချီလီ ၊ ပီရူး ၊ မက္ကဆီကို  အထိ ဂုဏ်ပြုခံထားရပါသည် ။ ဘာသာစကား နင့် စာပေ ၂၂ -မျိုးကျွမ်းကျင်သူ ၊ စာပေ ၊ အနုပညာ ၊ သိပ္ဗံ ၊ စွယ်စုံကျွမ်းကျင်သူလဲဖြစ်ပါသည် ။

ကျနော်တို့နိုင်ငှု့သမိုင်းမျာ ဗိုလ်ချုပ်အောင်ဆန်း  လို အမြော်အမြင်ကြီးမားသောခေါင်းဆောင်  နောက်တစ်ဦး ပေါ်လာဖို့သည်  မလွယ်ကူပါ ။  သို့ သော် ဗိုလ်ချုပ်ချပြပေးခဲ့သော အမြော်အမြင်ကို အကောင်းအထည်ဖေါ်ပေးနိုင်သူ ပေါ်လျင်ပင် ကျနော်တို့နိုင်ငံကြီးဟာ   အာရှကို ပြန်လည်ဦးဆောင်နိုင်ပါမည် ။

ယနေ့ နိုင်ငံရေးပါတီများအသီးသီးကို  ဦးဆောင်နေသူများကိုမေးလိုပါသည် ။  အမျိုးသားရေး ပြသနာကြီးဖြစ်တဲ့  ခိုးဝင်လာသူများအရေးမှာ ပြတ်ပြတ်သားသားရပ်တည်ချက်မေ့းရဲဘဲ ခြံစည်းရီုးခွထိုင်သူ  အဖြစ် နေမည်လား  ။  ပြတ်ပြတ်သားသား ရပ်တည်ချက် ပေးမည်လား ။  ကြိုက်တဲ့လမ်းရွေးရန်  မိမိတို့ ၏လက်ထဲတွင်ရှိနေပါသည် ။

ပြည်သူအမျာုးုကို  ငါမလှိမ့် တစ်ပတ်ရီုက်မည်အတွေးကို  ယနေ့ ကစပြီးဖျောက်ပါ ။  ပြည်သူတွေကို  ( ငအ ) တွေ ထင်နေ  မြင်နေတာ  ရပ်တန်းကရပ်ကြပါ ။ မရပ်တန်းဘဲ  ခြံစည်းရိုးခွထိုင်မယ်ဆိုတဲ့  အကြံဟာ  ဒီနေ့ ခေတ်ပြည်သူလူထု၏  အသိအမြင်ခံယူချက်တွေကြားမှာ  ကျင့်သုံးလို့ မရတော့ပါကြောင်း ။

ပြည်သူအပေါင်းကလည်း  ဗိုလ်ချုပ်လို  မိမိ၏ရပ်တည်ချက်ကို  တိတိကျကျ ပြတ်ပြတ်သားသား ချမပြရဲသော ခေါင်းဆောင်တွေကို  ဗိုလ်ချုပ်နင့်  မနို်င်းကြပါရန် ပန်ကြားလိုပါတယ် ။  မိမိရပ်တည်ချက်ကိုတောင်  ချမပြရဲသောခေါင်းဆောင်ဟာ  သူ၏အသက်ကို တိုင်းပြည်အတွက် ပေးမယ်လို့   မမျော်လင့်ကြပါရန် ။

လှိုင်မြင့်

ျမှတ်ချက် ။   ။ တိုက်ဆိုင်စွာ    ယနေ့ သည်   ဖိလစ်ပိုင်မျိုးချစ်သူရဲကောင်း  ဂျို့ စ် ရာဇေးလ် ကို ကွပ်မျက်လိုက်သော နစ်ပတ်လည်နေ့  ဖြစ်နေပါသည် ။  ရာဇေးလ်ကို ၁၈၉၆  ဒီဇင်ဘာလ ၃ဝ - ရက်နေ့ တွင် သေနတ်သမားများဖြင့်ပြစ်သတ်ကွပ်မျက်လိုက်ပါသည် ။  အကယ်လို့  သေနတ်သမားများက  ပစ်မိန့် ကို ငြင်းဆန်လျင်  ၄င်းတို့ ကို ပစ်သတ်ရန် အရံ စစ်သားများဖြင့် ဝန်းရံ ထားသည်ကို ကြည့်လျင်  ရာဇေးလ် ၏ ဂုဏ်အရှိန်အဝါကို  နယ်ချဲ့  ကိုလိုနီ  စပိန်တွေ  မည်မျှ ကြောက်နေသည်ကို သုံးသပ်နိုင်ကြပါသည် ။


2013/12/29 RazarMinNaing - <razarminnaing@yahoo.com>

 

 
 


Home » ဆောင်းပါး » တိုင်းရင်းသားရေးရာ » ကျိုးပျက်သွားသည့် အနောက်တံခါး – ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)

ကျိုးပျက်သွားသည့် အနောက်တံခါး – ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)



ဥရောပတွင် မျိုးချစ်စိတ် ပြင်းထန်သည့် နာဇီဝါဒီများ ခေါင်းထောင်လာခြင်းမှာ ထိုကိစ္စကြောင့်ပင်ဖြစ်သည် မျိုးခြားတို့ အရေးသည် တားနိုင်ရန်မလွယ်တော့သဖြင့် ထားနိုင်ရန် စဉ်းစားစရာဖြစ်လာသည် အဂတိတရားကို လက်ကိုင်ထားကာ အနာဂတ်သည် ၎င်းတို့မြင်ရသည့် အရာမဟုတ် . . .

အနောက်တံခါး လုံခြုံရေးဆိုလျှင် ရခိုင်နှင့် ဆက်စပ် နယ်ခြား ဒေသ လူဝင် လူထွက် ပြဿနာကို ဖော်ညွှန်ခြင်းဖြစ်ကြာင်း ရခိုင် တိုင်းရင်း သားတိုင်းက သိ ကြသည်။ ရခိုင် သမိုင်းတွင် ဘင်္ဂေါဒေသ ၁၂နယ်ကို ထိန်းသိမ်း အုပ်ချုပ်ရန် အတွက် ရခိုင် ဘုရင်က ၎င်းင်း၏ စိတ်အချရဆုံးသား တော်၊ ညီတော်များကိုသာ ခန့်ထားလေ့ ရှိသည်။ စစ်သည် အင်အား အတောင့်တင်း ဆုံးဖြင့် အုပ်ချုပ်ရသူဖြစ်သဖြင့် ဘုရင် တစ်ဆူပမာ အင်အားကြီး မား ခြင်းေ ကြာင့် သမိုင်းတွင် အနောက် ဘုရင်ဟု ရေးသားခဲ့ သည်အထိ ထင်ရှား လှသည်။ ရခိုင်တို့ လွှမ်းမိုး အုပ်ချုပ် ခဲ့သည့် ဘင်္ဂေါ ၁၂နယ် သည် ရခိုင်သမိုင်းတွင် အရေးပါ လှသည်။ ထိုဒေသမှ ဖမ်းဆီးခေါ်ေ ဆာင် လာသူများ ကို ၁၆/၁၇ရာစုနှစ် တစ်လျှောက်တွင် ကျယ်လာသည့် ကျွန်ဈေးကွက် တွင် ရောင်းချသည်များ ရှိသကဲ့သို့ ဘုရား ကျွန်များ အဖြစ်လည်းကောင်း၊ လယ်ယာလုပ် ငန်းနှင့် နန်းတွင်းလုပ်ငန်းများ အတွက် လည်းကောင်း အသုံးပြု သည်များ လည်းရှိ ခဲ့သည်။ ဖမ်းဆီးခေါ်ဆောင်လာသူ များကို အရေအတွက်နှင့် တကွနေပြည်တော်သို့ တင်ပြ ရပြီး နန်းတွင်း အစီအမံဖြင့် အစီအ စဉ်တကျ ခွဲဝေအသုံးချခဲ့သည်ဟု သိရှိရ သည်။ ဖမ်းဆီးလာသူများ အနက် မှ ပညာတတ်များ၊ သန်မာသည့် ကျွန်များကိုနန်း တွင်း အသုံးပြုရန်ချန်ထားပြီး ကျန်သည့် ကျွန်များကို ကျွန်ဈေး ကွက် တွင် ရောင်းချရာပေါ်တူဂီ၊ ဒတ်ခ်ျတို့က လာရောက်ဝယ် ယူကြပြီး ၎င်းင်းတို့ သိမ်းပိုက်ထားသည့် ဒေသများရှိ စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးချခဲ့သည်။ အသန်မာဆုံး ကျွန်တစ်ယောက်၏ ပေါက်ဈေးသည် ၃၅ကျပ် ၀န်းကျင်ဖြစ်သည်။ ထို့ကြောင့်လည်း ရခိုင်သည် အရှေ့တောင် အာရှတွင် ၁၇ ရာစုအတွင်း အထင်ရှား ဆုံး ကျွန်ဈေးကွက်အဖြစ် တည်ရှိခဲ့သည်။ တစ်ချိန်က ရခိုင်တို့ပိုင်ဆိုင်ခဲ့ပြီး အနောက်ဘုရင်က သွားရောက် အုပ်ချုပ်ခဲ့သည့် ဒေသမှ ရခိုင် ဒေသတွင်းသို့ ယခုနောက်ပိုင်း ကာလများ တွင် အများအပြား ၀င်ရောက် လာခြင်း ကြောင့် ရခိုင်တို့က အနောက် တံခါးလုံခြုံ ရေးဟူသည့် စကားကိုအလေးထားပြော လာကြခြင်း ဖြစ် သည်။ …

၁၈၂၄ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမ စစ်ဖြစ်ပြီးနောက် မြန်မာတို့ စစ်ရှုံးသွားသည့်အခါ ရခိုင်နှင့် တနင်္သာရီသည် အင်္ဂလိပ်တို့ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည့် နေရာဖြစ်လာခဲ့သည်။ ရခိုင်ကို သိမ်းပိုက် ပြီးနောက် များပြား လှသည့် လယ်ယာမြေ များကိုလုပ်ကိုင်နိုင်မည့် လူဦးရေလုံ လောက်မှုမရှိသည့် ပြဿနာနှင့် ရင်ဆိုင် လာရ သဖြင့် အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီး ဖြစ်သည့် ဘင်္ဂေါနယ်မှ ဘင်္ဂါလီအများအပြား ကို မေယုလွင်ပြင် တစ် လျှောက် လုပ်ကိုင် ခွင့်ပြုစေခြင်းဖြင့် တစ်ဖက်နိုင်ငံမှ လူဦးရေ အများအပြား ယာယီလုပ်သားအဖြစ် စတင် ရောက်ရှိ လာသည်။ ရေမြေအနေ အထားကောင်းသည့် ဒေသဖြစ်ခြင်း ကြောင့်ကြာလာသည့် အခါအခြေချနေ ထိုင်သူများ ပြားလာသည်။ ကိုလိုနီခေတ် တစ်လျှောက်လုံး စစ်တွေမြို့သည် ကမ္ဘာ့ဆန်မြို့ကြီးအဖြစ် ထင်ရှား ခဲ့ရာ ရခိုင် ဒေသအတွင်း ပျံ့နှံ့နေထိုင်လာကြသည့် ဘင်္ဂေါဒေသမှ ၀င်ရောက်လာသူများမှာ များပြား လာခဲ့ပြန် သည်။

လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရ လက်ထက်တွင် နိုင်ငံရေး အတွက်အသုံးချ ခဲ့ခြင်းကြောင့် တစ်ဖက် နိုင်ငံမှ လူမျိုးများ ပို၍ပင် ၀င်ရောက်ခွင့် ရရှိလာခဲ့ ရာ ရခိုင်သမိုင်း ပညာရှင်တစ်ဦးက ""စုပြုံ ရောက်ရှိလာသော ဗိုင်းရပ်စ်များ""ဟူ၍ အင်္ဂလိပ်လို ဆောင်းပါး တစ်စောင် ရေးသား သတိပေး တင်ပြသည်အထိဖြစ် ခဲ့ပေသည်။ သက်ဆိုင်ရာ အစိုးရများ၊ ပါတီများ အတွက် သတိပြုစရာပင်။ ကိုယ့်ပါတီ၊ ကိုယ့်အစိုးရ အောင်မြင်ရေးအတွက် နိုင်ငံရေးအရ အသုံးချရာတွင် လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ်ခြင်းသည် အလွန်နိမ့်ကျသည့် နိုင်ငံရေး ပင်ဖြစ်သည်။ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသား အချင်းချင်းကို နိုင်ငံရေး ကစားသည့် အပြင် နယ် ခြားမှ အတားအဆီး မရှိဝင်ရောက် နေထိုင်သူများကို အခွင့်အရေးပေးကာ နိုင်ငံရေး ကစားကွက်အတွင်း ကိုယ်အသာစီး ရဖို့ ထည့်သွင်းဆောင်ရွက်သည့် လုပ်ရပ်များသည် သမိုင်းတစ်လျှောက် မြင်ရပေါင်းများ နေပေ သည်။ ယနေ့တိုင်လည်း ကြားနေရ ဆဲဖြစ်သည်။ ယနေ့နိုင်ငံတွင် ထင်ရှား သည့် ထိပ်တန်း ပါတီကြီးများ ပင်လျှင် ထိုသို့သော နိုင်ငံရေး ကစားကွက်ကို ကစား ကြရန် ပြင်ဆင် စည်းရုံးနေသည်ကို ကြား နေရသည်။ ရခိုင်အရေး အပေါ် တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ရှိနေကြချိန်တွင် ထိုပါတီကြီးများက ရေငုံနှုတ်ပိတ်၊ ခပ်မဆိတ် နေကြသည်မှာ မည်သည့်အတွက်ကြောင့် ဟု ပြောရန်ပင် မလိုတော့ချေ။

ရခိုင်ဒေသ၏ နယ်မြေ တည်ငြိမ်ရေးတွင် အနောက်တံခါး လုံခြုံရေးသည် အလွန် အရေးကြီးသကဲ့သို့ ရခိုင် တိုင်းရင်း သားတို့၏ ကြံ့ကြံ့ခံထားသည့် အုတ်တံတိုင်းအဖြစ် သမိုင်းတစ်လျှောက် ဆောင်ရွက် နိုင်ခဲ့ခြင်း သည်လည်း အရေးပါခဲ့ပေသည်။ ထိုတံတိုင်းက ပြည်မအတွက် များ စွာအရေးပါသည့် ဆောင်ရွက်မှုလည်းဖြစ် ပေသည်။ ၎င်းတို့ကသာ ထိုကဲ့သို့ တောင့်ခံမထားနိုင်လျှင် ယနေ့မြန်မာနိုင်ငံ၏ အခြေအနေသည် မည်သို့ ဖြစ်လာမည်ကို မသိနိုင်ချေ။ သို့သော် ထိုတံတိုင်းကို မကြာခဏ ဖြိုခွင်းရန် ကြိုးပမ်းသူများမှာ တစ်ဖက်နိုင်ငံမှ  ၀င်ရောက်လာ သူများထက် နိုင်ငံရေး သမားများနှင့် အဂတိလိုက်စား ကြသည့် ၀န်ထမ်းများပင်ဖြစ်သည်။ အရာ ရာတွင် ငွေဖြင့် အဆုံးအဖြတ် ပေးသည့် ခေတ်ကာလများက အဆုံးမသတ်သေး သဖြင့် အဂတိလိုက် စားကြသူ များ ကြောင့် အနောက် တံခါးလုံခြုံမှုသည် ခံနိုင်ရည် မရှိတော့ရာ သမိုင်းတွင်အတိမ်း အစောင်း များ ဖြစ်လာ မည့် အနာဂတ်ကို တစ်နေ့ တွင် ရင်ဆိုင်ရတော့ မည်ဖြစ်သည်။

မကြာခင်က ဖြစ်ပျက်ခဲ့သည့် လူမျိုး ရေးပြဿနာကြောင့် အတူယှဉ်တွဲနေထိုင် ရေးမှာလည်း ပိုမိုခက်ခဲ လာပေ သည်။ တစ်ချိန်က အတူနေကြသော်လည်း ၎င်းတို့အတွင်း အင်အား ချိန်ခွင်ညှာကို ညှိနိုင် သည့် သူတို့နည်း၊ သူတို့ဟန်ဖြင့်ရပ် တည်နေကြခြင်း ဖြစ်သည်။ သို့သော် ယနေ့ခေတ် နိုင်ငံတကာ အဖွဲ့အစည်းများ ၏ မမျှမတ ဆောင်ရွက်မှုများ အပေါ် တိုင်းရင်းသားများက မကျေမနပ်ဖြစ်ပေါ် လာခြင်းကြောင့် အခြေအနေကို ပိုမိုဆိုးဝါး စေခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်း အချို့မှာလည်း အမှန်တကယ် လူသားချင်း စာနာသည့် လုပ်ငန်းထက် ထိုလုပ်ငန်းကို အကြောင်းပြကာ လုပ်ကိုင်စားသောက်အသက်အမွေးနေသူများ၊ လူမျိုးရေး အစွန်း ရောက် သူများက အများအပြားပင်။ ၎င်းင်း တို့အပြုအမူများကြောင့် နှစ်ဖက် မျက်နှာ ချင်းဆိုင်၍ မရအောင် ဖြစ်လာ သည်။ မကြာသေးသော ကာလက ရန်ကုန်မှ အဖွဲ့အစည်းတစ်ခုအား နိုင်ငံတကာ အဖွဲ့ အစည်းတစ်ခုက ရခိုင်ဒေသတွင်း အခြေ အနေကို စစ်တမ်းပြုစု တင်ပြခိုင်းရာ စာရင်းပြုစုသူများကို ပြည်တွင်းအဖွဲ့ အစည်း မှ တာဝန်ရှိသူက နိုင်ငံခြားက လိုချင်သော အနေအထားအတိုင်းရအောင် ဆောင် ရွက်ပေးရန် တစ်ခါတည်း လမ်းညွှန်လိုက် သည်ဟုဆို၏။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ အခြေအနေမှန်ထက် သတင်းမှား များက ကမ္ဘာတွင် ပျံ့နှံ့နေသဖြင့် တိုင်းပြည်ကို ဒုက္ခရောက်အောင် ဖန်တီးနေသူများတွင် ပြည်တွင်းမှ ငွေနောက်လိုက် သည့် အလိုတော်ရိ အဖွဲ့အစည်းများလည်း ပါဝင်နေပေသည်။ ထိုသို့သော အဖွဲ့ အစည်းများ သာမက ၀န်ထမ်း များထဲမှ အဂတိ လိုက်စားသူများ ကြောင့်လည်း တိုင်းရင်းသားတို့အတွင်း နာကြည်းစရာ များဖြစ်လာ သည်ဟု သိရသည်။ တင်းမာ သည့် အခြေအနေများကြောင့် လုံခြုံစိတ် ချရသည့် မြေပြန့်သို့ရောက်အောင်၊ တစ်နည်းအားဖြင့် မြန်မာပြည်မထဲသို့ ရောက်အောင် အနောက်တံခါးမှ ၀င်ရောက်လာသူ အများအပြားက ငွေကြေး အမြောက်အမြားသုံးကာ တရားမ၀င် နည်းလမ်းများဖြင့် ကြံစည်လာကြသည်ကို တွေ့ရသည်။

ပြည်မသို့ဝင်ရန်အတွက် ၀င်ပေါက် များက အများအပြားရှိရာ ထိုဝင်ပေါက် များမှ တသွင်သွင် ၀င်ရောက် လာမှုများကို သတင်းစာများတွင် ဖမ်းဆီးရမိသည့် သတင်းများအရ သိနိုင်ပေသည်။ မြစ်ဝ ကျွန်းပေါ်ဘက်သို့ ၀င်ရောက် သူများသည် လူသူနည်းပါးသည့် ကျွန်းများတွင် စတင် နေထိုင်ကြပြီးမှ မြို့ပေါ်သို့ အဆင့်ဆင့် တက်လာကြသည်။ မြို့ပေါ်တွင် ပထမဦးစွာ ၎င်းတို့နှင့် ဆက်နွှယ်သည့် ဘာသာရေး အဖွဲ့အစည်းများ အကူအညီဖြင့် အခြေချ နိုင်အောင် ကြိုးပမ်းကြသည်။ ထို့အတူ မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော၊ ဘားအံ တို့တွင်လည်း အတော်ပင် ၀င်ရောက်နေ ထိုင်လာကြပေသည်။ ဆက်နွှယ်နေသည့် လူမျိုးများ ရှိပြီးသားဖြစ် သဖြင့် အနေရ အထိုင်ရ ချောင်ပုံ ရသည်။ မကြာခင်က သတင်းစာများတွင် ပုသိမ်-မုံရွာ လမ်း မကြီးမှ ၀င်ရောက်လာသူများကို ဖမ်းဆီး ရမိကြောင်း ပါရှိလာရာမည်မျှ လွတ်ထွက် သွားသည်ကို မသိနိုင်သော်လည်း ထိုလမ်း ကြောင်းမှ ၀င်ရောက်လာသူများ အများ အပြားရှိပုံရသည်။ ထို့အတူ ထိုင်းဘက်သို့ အရောက် သွားပြီး မှ မြ၀တီမှ တစ်ဆင့် ရန်ကုန် ၀င်လာသူများမှာလည်း အများ အပြားဖြစ်ကြောင်းသိရပြန်သည်။ နယ်ခြား ဒေသ တွင် အခြေချနေသည့် တိုင်းရင်းသား အဖွဲ့အစည်း အချို့ကပင် ငွေကြေးဖြင့် မြန်မာပြည်ထဲ ရောက်အောင် ဆောင်ရွက် ပေးသည်ကို ကြားရပေသည်။ ကိုယ့်လူမျိုး တစ်မျိုးအတွက်သာ စဉ်းစားခြင်းထက် ကိုယ့်နိုင်ငံ အရေးဆိုသည်ကို စဉ်းစားဖို့ တော့လိုပေသည်။ တိုင်းပြည်ချစ်စိတ် ဆိုသည်မှာ တစ်ပြည်နယ်တည်း တည်တံ့ ရန်အတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံး တည်တံ့နိုင်ရေးနှင့်လည်း  ဆက်နွှယ်နေ ပေသည်။ အမြင်ကျဉ်းဖို့ မသင့်ပေ။

မကြာခင်က ကလေး၊ မုံရွာဘက်တွင် အများအပြား ဖမ်းဆီးရမိပြန်ရာ ပလက်ဝမှ တစ်ဆင့် အိနိ္ဒယဘက်မှ ပတ်ကာ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင်လည်း အတော် ပင် ၀င်ရောက်နေရာယူပြီး ဖြစ်နေသည် ကိုသိ ရှိနိုင်သည်။ ထို့အတူ ရွှေလီဘက် အထိတက်ကာ တရုတ်နယ်ဘက်တွင် စီးပွားသွားရှာပြီး ကချင်ပြည်နယ် အတွင်း အခြေချရန်ကြိုးပမ်းခြင်း၊ ကျောက်စိမ်း ထွက်ရာ ဖားကန့်တွင် အခြေချခြင်းတို့ကို လည်း တွေ့ရသည်။ ဖားကန့်တွင် နိုင်ငံစုံမှ လူမျိုးပေါင်းစုံသည် မည်သည့် အထောက်အထား စာရွက်မှမရှိဘဲ စိတ် ကြိုက်နေထိုင် စီးပွား ရှာနိုင်သည့် နေရာဟု သိရသည်။ ဤဟိုတယ်မှာ တည်းခိုလျှင် နေထိုင်မှု လုံခြုံရေးအတွက် အပြီးတိုင် တာဝန်ယူပေးသည် ဟူသည့် ဟိုတယ်များ ပင်ရှိသည်ဟု သိရသည်။ ဤနေရာထက် လုံခြုံသောနေရာ မရှိနိုင် တော့ချေ။ အသားထဲက လောက်ကောင်များက အ များသား။ အဂတိလိုက်စားမှုကို မဖြိုနိုင် သရွေ့ မည်သည့် အစိုးရမှ နိုင်ငံကောင်း အောင်မဆောင်ရွက်နိုင်ချေ။ ယနေ့ တရုတ်ပြည်တွင် တက်လာသည့် သမ္မတ၏ အဓိက လုပ်ဆောင် ချက်သည် နိုင်ငံတကာတွင် အပြောများနေသည့် အဂတိ လိုက်စားမှုကို အပြုတ်တိုက်ရေးပင်ဖြစ် သည်။ ထင်ရှားသည့် အရာရှိကြီးများပါ အပြစ်ပေး ခံရသည်ကို တွေ့ရသည်။အောက်ခြေက အဂတိလိုက်စား သူဆို သည်မှာ အဆင့်ဆင့် ပသနေရခြင်း၏အကျိုးဆက်နှင့် ပတ်သက်နေပေရာ တရုတ် နိုင်ငံတွင် ဆောင်ရွက် ချက်က မြန်မာနိုင်ငံအတွက် နမူနာယူစရာပင်။ သို့ သော် မြန်မာနိုင်ငံတွင် ၀မ်းရေးအတွက် ထင်းခုတ်သူက အပြစ်ပေး အရေးယူခံရ သော်လည်း တစ်တောလုံး တစ်တောင်လုံး အပြောင်ရှင်းသည့် လုပ်ငန်းရှင်မှာ ဟန်မ ပျက်နေနိုင်ပြီး ၎င်းတို့အတွက် ဥပဒေက အကျုံးမ၀င်သလိုမျိုးတော့ မဖြစ်သင့်ပေ။

ရခိုင်ဒေသမှ ထွက်ပြေးလာသူများ အတွက် အစိုးရယာဉ်များ၊ အဖွဲ့အစည်း ယူနီဖောင်းများကို အသုံးပြုကာ ၀န်ထမ်း များကိုယ်တိုင်က ခိုးထုတ်ပေးမှုများ ပင်ရှိ ကြောင်း ကြားသိရသည်မှာ နိုင်ငံအတွက် စိတ်မချမ်းသာ စရာဖြစ်သည်။ ရန်ကုန်သို့ အများအပြားပင် ၀င်ရောက်လာရာ ၎င်းတို့ အနေဖြင့် ရန်ကုန်ရောက်လျှင် လွတ် မြောက်နယ်မြေ ရောက်ပြီဟု သတ်မှတ်ကြ သည်ဟုသိရသည်။ ရန်ကုန်သည် ငွေပေးလျှင် အကုန်ပြီးသည့် နေရာဟု သိထားပုံ ရသည်။ ကားများ၊ သင်္ဘောများ၊ ဆိုင်ကယ် ကယ်ရီများ၊ စက်လှေများဖြင့် ၀င်လာမစဲ တသဲသဲ ဖြစ်နေသည့် အပေါ် အစိုးရက စနစ်တကျ စီမံချက်ချကာလုပ် ဆောင်သင့်သော်လည်း စိတ်ဝင်စား ကြပုံမပေါ်။ တာဝန်ရှိသူများအနေဖြင့် အာဏာ နှင့် နေရာအတွက် လွန်ဆွဲပွဲများတွင် အာရုံ များနေပုံရသည်။ ထိုအခြေအနေက တရားမ၀င် ၀င်လာသူတို့အတွက် မျက်ဖြူ ဆိုက်လေ ဆရာကြိုက်လေ ကာလပင်ဖြစ် သည်။ တစ်ချိန်ကဆိုလျှင် လေယာဉ်ဖြင့် ပင်လူနာအသွင်ဖြင့် ခေါ်လာသည် အထိ အဖွဲ့ပေါင်းစုံ ပူးပေါင်းလုပ်ကိုင် စား သောက်ကြသည့် အဂတိလိုက်စားမှုများ ရှိခဲ့သည့်သတင်းများ စစ်တွေတွင် မကြားချင်အဆုံး။ ရခိုင်တို့က မြေပြန့် ကလာသည့် အစိုးရ ၀န်ထမ်းများ မျိုးချစ်စိတ် မရှိဟု ဆိုသည်။ သူတို့က သူတို့ဒေသတွင် လက်တွေ့ မြင်နေရသည့် အဂတိ လိုက်စား မှုများအပေါ် အခြေခံကာ ဝေဖန်ကြခြင်း ဖြစ်သည်။ တိုင်းရင်းသား လူမျိုး အချင်းချင်း စိတ်ရင်း ကောင်းရန်တော့ လိုပေမည်။ လူမျိုးကြီးဝါဒကျင့်သုံးခြင်းရှိသည်ဟု အပြော မခံလိုလျှင် ကိုယ်ကိုယ်တိုင်က အမျိုးသား စိတ်ဓာတ်ရှိစွာဖြင့် တိုင်းရင်းသားအချင်း ချင်းတန်းတူ စိတ်ဓာတ်၊ စာနာ စိတ် ဓာတ် ထားရှိရန် လိုမည်ဖြစ်သည်။

ယခုအခါတွင် ဂယ်ပေါက် အများ အပြားမှ ပြည်မအတွင်းသို့ တရားမ၀င် ၀င်ရောက်လာသော ဗိုင်းရပ်စ်များကို မည် သို့မျှ မထိမ်းနိုင်တော့ချေ။ ရခိုင်တိုင်းရင်း သားများ နှစ်ပေါင်းရာချီကာ ထိန်းသိမ်း ကာဆီးပေးခဲ့သည့် အနောက် တံခါးသည် ကျိုးပေါက်သွားပြီဖြစ်သည်။ ဘယ်သူမပြု မိမိမှုပင်။ သူတို့ထိန်းပေးထားခဲ့သဖြင့် လျှံ ထွက်မလာသည်ကို ကျေးဇူးမတင်၊ အဂတိ လိုက်စားမှု တစ်ပုံတစ်ပင်ဖြင့် လုပ်ချင် တိုင်းလုပ်ခဲ့ခြင်းကြောင့် တံခါး ကျိုးပေါက် ခဲ့ရပြီး တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားပေပြီ။ တာကျိုးသွားသည်နှင့် မခြားတော့ဘဲနေရာ အနှံ့ပျံ့နှံ့ သွားပေပြီ။ သို့တိုင်အောင်လည်း ဂရုမမူဘဲ ရောက်သည့်နေရာ၊ ရောက် သည့်အရပ်တွင် ငွေပေးကာ ဖြေရှင်း ခွင့် ပြုနေဦး မည်ဖြစ်သည်။ ရခိုင်သမိုင်းပညာ ရှင်ပြောကြားခဲ့သည့် ဗိုင်းရပ်စ်များစု ပြုံ လျှံထွက်လာခြင်းပင်။ အဖြေရှာဖို့ မလွယ်ချေ။ အနာဂတ်အတွက် ရင်လေးစရာ။ တစ်နေ့က ရန်ကုန်မြို့်ထဲမှအပြန်တွင် တက္ကစီ ငှားစီး လာရာ မောင်းသူမှာ သင်္ဃန်းကျွန်း တွင် နေထိုင်သည့်အသက် ၆၀ အရွယ် ဘာသာခြားတစ်ဦးဖြစ်သည်။ ကားပေါ် တွင် စကားပြောမိကြရင်းက သူ့ထံမှစကား တစ်ခုကြားရသည်။ သူက ""အခုတလော ဘာဖြစ်နေ သလဲ မသိပါဘူး ဆရာကြီးရာ၊ ကျွန်တော်တို့ သင်္ဃန်းကျွန်းမှာ ဘယ်တုန်း ကမှ မရောင်းရတဲ့ဈေးနဲ့ အိမ်တွေ ရောင်း ထွက်နေတယ်။ ကန်ထရိုက်တိုက် အလုံး ၁၀၀ လောက်ဆောက်နေတာလည်း အကုန် လုံးအခန်းကုန်ပြီ၊ အရင်တုန်းက သိန်း ၁၀၀နဲ့ရောင်းမထွက်တဲ့အိမ်ဟာ အခုသိန်း ၃၀၀လောက်နဲ့ ရောင်းထွက်သွားတယ်။ တိုက် ခန်း တွေလည်း မဆောက်ရသေးခင် က ကုန်နေပြီ၊ ရန်ကုန်မြို့ထဲက လာဝယ် ကြတာ""ဟု ပြောသွား သည်။ သူက အနေကြာလာသဖြင့် သူလိုကိုယ်လို အ တွေးဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ အမည် ခံ၍ ၀ယ်ပေး ထားခြင်း ဖြင့် လျှံထွက်လာ သော ဗိုင်းရပ်စ်များအတွက် အခြေချနိုင် စရာရရှိမည် မဟုတ်ပါလား။ ကျန်တာ တွေက လည်း ရန်ကုန်တွင်ငွေရှိလျှင် အခက်အခဲ မရှိနိုင်။ ယနေ့ကမ္ဘာတွင် လူမျိုး ပေါင်းစုံနေထိုင်သည့် ကမ္ဘာကြီး ဖြစ်အောင် ကြိုးပမ်းနေကြဆဲမှာပင် အနောက်နိုင်ငံ များတွင် ပြင်ပမှဝင်ရောက်လာသူများ အ တွက် ခေါင်းခဲစရာ ဖြစ်နေသဖြင့် အနာ ဂတ်အတွက် စဉ်းစားနေရသည်။ ဥရောပ တွင် မျိုးချစ်စိတ်ပြင်းထန်သည့် နာဇီဝါဒီများ ခေါင်းထောင်လာခြင်းမှာ ထိုကိစ္စကြောင့် ပင်ဖြစ်သည်။    မျိုးခြားတို့ အရေး သည်တားနိုင်ရန် မလွယ် တော့သဖြင့် ထားနိုင်ရန် စဉ်းစားစရာ ဖြစ်လာသည်။ အဂတိတရားကို လက်ကိုင်ထားကာ အ နာဂတ် သည် ၎င်းတို့မြင်ရသည့် အရာမဟုတ်ဟူသည့် အတွေးများ လွှမ်းမိုးထား သူများအပေါ် မထိန်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ့ အရေးသည်လည်း ရင်လေးစရာပင်။ ထို့အတူ မြန်မာ တိုင်းရင်းသား ပြည်သူများ အတွက်လည်း ရင်မအေး စရာပင်။

ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)


__._,_.___





Recent Activity:


__,_._,___









--
http://www.burmaburo.blogspot.com

Indonesian Christians stage Christmas protest at palace







Indonesian Christians stage Christmas protest at palace

AFP
7 hours ago
0 shares
       
Indonesian congregations from two churches attend a mass prayer outside the presidential palace in Jakarta on December 25, 2013
Indonesian congregations from two churches attend a mass prayer outside the presidential palace in Jakarta on December 25, 2013 (AFP Photo/Adek Berry)
Jakarta (AFP) - Hundreds of Indonesian Christians held a Christmas service Wednesday in front of the presidential palace in Jakarta to protest at the closure of their churches due to pressure by Muslim hardliners.
Some 200 people from two churches near the capital sang hymns, recited prayers and lit candles by a busy road alongside three "Christmas trees" constructed out of plywood and bamboo.
The service, involving people of all ages from toddlers to the elderly, began under the scorching sun and continued for hours even after the weather changed abruptly and heavy rain fell.
Christians are coming under increasing pressure from extremists in Indonesia, the world's most populous Muslim-majority country, and President Susilo Bambang Yudhoyono has been criticised for failing to tackle the growing intolerance.
"We want to remind our president once again that he has not yet resolved the issue of religious intolerance in this country," Bona Sigalingging, a spokesman for one of the churches, told AFP.
The churches, in the cities of Bekasi and Bogor, were closed in 2010 by local authorities who had come under pressure from Muslim hardliners.
Authorities said it was because the buildings lacked proper building permits, although rights groups say local governments are simply bowing to extremist pressure and using the permit issue as an excuse.
As well as Christians, hardliners in Sunni-majority Indonesia have targeted Muslim minorities. Ahmadis have seen their places of worship closed and Shiites have been subjected to violent attacks.
Ninety percent of Indonesia's 250 million people identify themselves as Muslim although the constitution guarantees freedom of religion.






--
http://www.burmaburo.blogspot.com