Tuesday, 31 May 2011



Posted: 30 May 2011 10:39 AM PDT



ဥပဓိရုပ်၊ အရည်အချင်း၊ နိုင်ငံတကာရဲ့လေးစားမှုဂုဏ်ပါရရှိတဲ့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် 
ပြည်တွင်းပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?vcovldaaj9ky8tv

ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ ကျွန်တော်တို့ နိုင်ငံ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် .... ရဲ့ ရုပ်သံမြင်ကွင်းတွေပါ...။ ပထမပိုင်းမှာတော့ ၁၉၆၇ခုနှစ်က ဖေဖော်ဝါရီလက ရန်ကုန်မြိုသို့ ခေတ္တအားလပ်ရက်အတွင်း ပြန်လည်ရောက်ရှိလာပြီး မိခင်ကြီး ဒေါ်နန်းသောင်အပါအဝင် မိသားစုဝင်များနဲ့ ပြန်လည်တွေ့ဆုံခဲ့တဲ့ ရုပ်သံပါ...။ ဒုတိယပိုင်းမှာတော့ ၁၉၆၇ခုနှစ် ဇွန်လက အီဂျစ်၊ အစ္စရေး ကိစ္စကိုဝင်ရောက် ဖြေရှင်းပေးခဲ့ရစဉ်က ရုပ်သံပါ...။ ကျွန်တော်တို့ နိုင်ငံမှာ ကမ္ဘာကလေးစားရတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် ဟာ ၁၉၆၁ခုနှစ်မှာ နိုဝင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ်ခန့်အပ်ခံရပြီး ၁၉၇၁ခုနှစ် ဒီဇင်ဘာလအ ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်...။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တခေတ်တခါက ဦးသန့်ကဲ့သို့ ကမ္ဘာသိ ကမ္ဘာကလေးစားရတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိခဲ့သလို... ယနေ့အချိန်မှာတော့ နှစ်စဉ်ကမ္ဘာ့ လူဆိုးစာရင်း အာဏာရှင်စာရင်းမှာ အမြဲ ပထမ၊ ဒုတိယ၊ တတိယ လူဆိုး စာရင်းဝင်တွေလည်း ထိပ်ကနေရှိပါတယ်...။ ယနေ့အချိန်ခါမှာ ကျွန်တော်တို့ လူမျိုးတွေ မျက်နှာငယ်ရ၊ အနှိမ်ခံနေရတာတွေဟာ ဘာကြောင့်ဆိုတာ အားလုံးသိပြီးတဲ့ အတိုင်း အထွေအထူး ပြောနေစရာ မလိုတော့ပါဘူး။ ယနေ့ခေတ် လူငယ်လူရွယ်တွေ သိရှိနိုင်ဖို့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့်ရဲ့ ရှားပါး ဗီဒီယိုဖိုင်ကို ရှာဖွေတင်ပြလိုက်ပါတယ်...။

ဒီမိုဝေယံ
Posted: 30 May 2011 10:37 AM PDT
 ဓာတ်ပုံ AP



ဓာတ်ပုံ.. ဦးမြသိန်း

မေ(၃၀) ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၈)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားအား ယနေ့ တိုကျိုမြို့ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင် နေ့လည် ၃း၀၀ နာရီမှ ၄း၄၅ နာရီအထိ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ပူးပေါင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ http://nldlajb.blogspot.com/မှ
Posted: 30 May 2011 10:37 AM PDT



ကိုသော်ကြီး ရေးဖွဲ့ ခံစားတင်ပြသည်....

ဒီမိုဝေယံမှပေးပို့ သောမေလ်းအားထပ်ဆင့်ဖေါ်ပြပါသည်။

ကန်စွန်းပင် နှင့် တိုင်းရင်းဆေး










ကန်စွန်းပင် နှင့် တိုင်းရင်းဆေး


မြန်မာများ ချက်ပြုတ်စားကြသည့် ကန်စွန်း ပင် ၏ တိုင်းရင်းဆေးဖက်ဝင်
အသုံးဝင်ပုံ များကို ရေးသားတင်ပြရန် ရွေးချယ်ထား ပါတယ်။

ကုန်စိမ်းဆိုင်များတွင် ရောင်းချကြသော ကန်စွန်းကြီးရွက် (တရုတ်
ကန်စွန်း)၊ ကန်စွန်းရိုးနီများသည် မြန်မာတို့ မကြာခဏ
ချက်ပြုတ်စားသုံးလေ့ရှိသော ဟင်းရွက်များ ထဲတွင် ပါဝင်ပါသည်။ ယင်းတို့ကို
ချက်ပြုတ် စားသောက်ခြင်းဖြင့် ငွေကုန်သက်သာစေသည့်အပြင်လူတို့အတွက်
အာဟာရဓာတ် တို့လည်း ဖြစ်စေပါသည်။

မြန်မာစားသုံးမှု

ကန်စွန်းရွက်ကို ငါး၊ ပုစွန်ဖြင့် အချို့ဟင်းတစ်ခွက်
ချက်စားခြင်းပြုတ်တို့စားခြင်း၊ ကြော်လှော်စားခြင်း၊ အသုပ်အဖြစ်
စားသုံးခြင်း၊ ချဉ်ဖတ်နှင့် ပြုတ်၍ သနပ်စုံထည့်စားခြင်း၊ ပဲ၊ ငါး
စသည့်တို့နှင့် ငါးပေါင်းကြော် အဖြစ်လည်း ကြော်လှော်စားသုံးကြသည့်အပြင်
အခြား ဟင်းရွက်များနှင့် ရောနှောချက်စားလေ့ရှိကြပါသည်။

အဆိပ်အတောက်ပြေစေသည့် ကန်စွန်းရွက်

မှိုဟင်းများ ချက်စားသုံးရာတွင် အဆိပ်အတောက်များကို ပြေစေရန်
ကန်စွန်းရွက်ကို ရောနှောချက်ပြုတ်ကြော်စားလေ့ ရှိကြပါသည်။
ကန်စွန်းရွက်သည် ချက်ပြုတ်စားသုံး ရာတွင် ဟင်းလျာအဖြစ် စားသုံးရသကဲ့သို့
ကျန်းမာရေးကဏ္ဍတွင်လည်း ဆေးဝါး ဓာတ်စာအဖြစ် အသုံးဝင်စေပါသည်။

မြန်မာ့ဆေးကျမ်း၏ အဆိုများ

ကန်စွန်းရွက်နှင့် ပတ်သက်၍ မြန်မာ့ဆေးကျမ်းများတွင်
တိုင်းရင်းဆေးဖက်ဝင်ပုံများကို အကျယ်တဝင့် ဖော်ပြထားကြသည့်အနက်
ဥတုသောဇနသင်္ဂဟ ကျမ်းတွင် ရေးသား ဖော်ပြချက်များကို ဆက်လက်တင်ပြထားပါသည်။

ကန်စွန်းရွက်သည် ချို၏။ နို့ရည်၊ သုက်တို့ကို ပွားများစေ၏
ရှုတော်မူဆေးကျမ်းနှင့် ရသ ဓာတုကျမ်းတွင် ကန်စွန်းရွက်သည် ဝမ်းမီးကို
ဖြောင့်စေခြင်း၊ ငန်းမန်းကြေခြင်း၊ သုက်ကို ပွားများစေ၏ ရူးသောအနာ၊
သည်းခြေနှင့် ယှဉ်သောအနာ၊ အဆိပ်အတောက်အမျိုးမျိုး၊ သွေးကင်း၊ လေကင်း၊
အပုပ်ကင်း၊ အဖျားကင်း စသည်တို့ကို ကုသရာတွင် အသုံးဝင် ကြောင်းကို
ဖော်ပြပါသည်။

မျက်စဉ်းဆေးရည်

ကျေးလက်တိုင်းရင်းဆေးဆရာများ အသုံးပြုခဲ့သည့် ကန်စွန်းရွက်ပါဝင်သော
မျက်စဉ်း ဆေးရည်မှာ သန့်စင်ဆေးကြောထားသော ကန်စွန်းရွက်ကြိတ်ညှစ်ရည်ကို
လူနို့ နှင့် ဖျော်ပြီး မျက်စဉ်းဆေးရည်အဖြစ် ခတ်ပေးခြင်းဖြင့်
မျက်ခမ်းစပ်နာ၊ မီးယပ်မျက်စိနာ၊ မျက်စိမှုန်ဝါးဝါးဖြစ်ပေါ်နေသော
ဝေဒနာတို့ကို ကုသပေးနိုင်ပါသည်။

ဆေးမှာဖြေဆေး ကန်စွန်းရည်

မြန်မာ့တိုင်းရင်းဆေးဝါးများအနက် သမားတော်ကိုင် ဆေးဝါးအချို့တို့တွင်
စိန်ဓာတ်ဖြင့် ဖော်စပ်ထားသော ဆေးဝါးများကို လူတို့သုံးဆောင်နေစဉ်
သံပရာရည်ကို သောက်မိပါက စိန်အဆိပ်အတောက်ကို ဖြစ်ပေါ် စေနိုင်ပါသည်။
ထိုသို့ ဖြစ်လျှင် လတ်ဆက် သန့်ရှင်း စင်ကြယ်သော ကန်စွန်းရွက်ကို
ထုထောင်း၍ အရည်နှင့် အဖတ်တို့ကို သောက်ပေးခြင်းဖြင့် အဆိပ်အတောက်များကို
ပြေစေနိုင်ပါသည်။

ဝမ်းဗိုက်ရောဂါကု ဆေးဝါးဓာတ်စာ

တစ်ခါတစ်ရံတွင် လူကြီးများ အစာမှားခြင်းကြောင့်
ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ မစားချင် မသောက်ချင်၊ နေရထိုင်ရအခက်တွေ့ခြင်း၊
မစားချင်မသောက်ချင်၊ နေရထိုင်ရအခက် တွေ့ခြင်းနှင့် ကိုယ်လက်ယားယံပါက
ကန်စွန်းရွက်နှင့် ထန်းလျက်ကို အတူကြိတ်ပါ။ ရလာသော အရည်ကို ဟင်းစားစတီး
ဇွန်းထက်ဝက်ခန့် နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် သောက်သုံးပေးခြင်းဖြင့်
ပကတိအတိုင်း ကျန်းမာလာစေနိုင်ပါသည်။

ရေနွေးနှင့် မီးလောင်နာ

မိသားစုဝင်များတွင် မကြာခဏ ကြုံရတတ်နေသော ကျန်းမာရေး ပြဿနာမှာ ရေနွေး
ပူလောင်ခြင်းနှင့် မီးပူလောင်ခြင်းတို့ပင် ဖြစ်ကြပါသည်။ ခြေ၊ လက်တို့တွင်
မီးလောင် နာထပါက ကန်စွန်းရွက်ကြိတ်ရည်ကို လိမ်းပေးပါ။
ကန်စွန်းရွက်ကြိတ်ညှစ်ရည်နှင့် သကြားကို
ထည့်ဖျော်လျက်လိမ်းပေးခြင်းဖြင့်လည်း အဖုများကို ဖြစ်ပေါ်စေခြင်းမှ
ကင်းဝေးစေပါသည်။

အကြောတက်ခြင်းနှင့် ကန်စွန်းရွက်

မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့်
ဖျားချင်သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ
ခံစားရပါက သိန္ဓောဆားအနည်းငယ်မျှကို ကန်စွန်းရွက်ကြိတ်ညှစ်ရည်စပ်ပေးပါ။

ထိုဆေးရည်ကို လူကြီးဆေးတစ်ခွက်စာအတွက် ဟင်းစာစတီးဇွန်းနှင့် တစ်ခွန်းကို
နံနက် တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညတစ်ကြိမ်
တစ်နေ့သုံးကြိမ်တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခာဏာများအတွက်
ဤဆေးရည်တစ်စက်ကို သန့်ရှင်းသောရေ ဆယ်စက်နှင့် ရောစပ် ၍
မျက်စဉ်းဆေးရည်အဖြစ် ခပ်ပေးနိုင်ပါသည်။

ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက်

လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျပန်းလိန်ရွက်ကို ရေးနွေးနှင့်ဖျောပါ။
ထို့နောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊
ဆား ထည့်၍ သံပရာရည်ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့်
အူလမ်းကြောင်းတွင် ဖြစ်ပေါ် နိုင်သော ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းကိုက်ရောဂါ၊
အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သော မီးယပ်သွေးပုပ် ကျန်သောရောဂါ၊
မီးယပ်သွေးမမှန်သောရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊ သားမြတ်နာ
(နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊
ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြားရောဂါများ၊ အသံဝင် အသံ
ပျက်ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင် ကုသရာ၌ အသုံးဝင်
စေပါသည်။

ကျန်းမားရေး

မကြာခဏ ကန်စွန်းရွက်ကို စားသုံးပေးခြင်းဖြင့် ကျန်းမာမှုကို
မြှင့်တင်ပေးနိုင်ပြီး ခွန်အား ဗလရှိခြင်း၊ ဝမ်းတွင်းရောဂါကို
သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊
ရောဂါတစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီးကာကွယ်စေနိုင်ပါ သည်။
ထိုကဲ့သို့ အသုံးဝင်သော ကန်စွန်းရွက်နှင့် တိုင်းရင်းဆေးခေါင်းစဉ်ဖြင့်
စာဖတ် ပရိသတ်များထံသို့ ရေးသားတင်ပြလိုက်ရပါသည်။







သူငယ်ချင်းအားလုံးက ဘ၀သမားတွေ များတယ်လေ

ကန်စွန်းရွက် စားနေရပေမဲ့ လည်း ကျန်းမာရေးနဲ့

ညီညွတ်တယ်ဆိုပြီး တွေးရင်းစားဝင်အောင်လို့လေ..

အားငယ်နေမှာစိုးလို့...။

ကျနော် တို့ကတော့ ကန်စွန်းရွက်ကိုစားနေရတာ

ကြာပါပြီခင်ဗျ..။ကုန်ဈေးနှုန်းကြီးလေ ကန်စွန်းရွက်ပိုစားလေဗျ

စားလွန်းလို့ အသားအရေ အရောင်တွေတောင် စိမ်း လာပါပြီ...။



 (မြန်မာသတင်းရပ်ဝန်းမှ ဗဟုသုတရစေရန်ကူးယူဖေါ်ပြပါသည်)



ကင်ဆာရောဂါနဲ့ ပတ်သတ်ပြီး သိသင့်ဖတ်သင့်တဲ့ အကြောင်းအရာတွေ မျှဝေပေးလိုက်ပါတယ်...................









ကင်ဆာရောဂါအကြောင်း သိကောင်းစရာ .................

by San Maung on Wednesday, January 19, 2011 at 3:57am
သူငယ်ချင်းများ အတွက် ကင်ဆာရောဂါနဲ့ ပတ်သတ်ပြီး သိသင့်ဖတ်သင့်တဲ့ အကြောင်းအရာတွေ မျှဝေပေးလိုက်ပါတယ်....................


ကင်ဆာရောဂါ ဘာကြောင့်ဖြစ်လဲ။ ဘာတွေကိုကာကွယ်လို့ ရမလဲ


ကင်ဆာဆိုသည်နှင့် ကျွန်တော်တို့ မြန်မာတော်တော်များများ ပြေးမြင်ကြသည်မှာ ကင်ဆာသည် အတိတ်က ကံကြောင့်ဖြစ်သည့် ၀ဋ်နာကံနာဟု ယူဆကြသည်။ ဘာတွေကြောင့်ဖြစ်တယ်ဆိုတာကိုသိပ်မသိကြပါ။ယနေ့  ခေတ်မှာကင်ဆာနဲ့  ပက်သက်တဲ့ဘာသာရပ်တွေ အလျင်အမြန်တိုးတက်နေပါတယ်။ ဒါကြောင့်ကုသမှု ရလဒ် တွေလဲ အလွန်ကောင်းမွန်လာပါပြီ။ သို့ သော် မည်သည့်ရောဂါမဆို ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံး ဖြစ်တဲ့အတွက် ရောဂါဖြစ်ရခြင်းအကြောင်းရင်းကို သိထားဖို့ လိုပါတယ်။ ဒီရောဂါတွေမှာတော့ ဖြစ်ရခြင်း အကြောင်းရင်းဆိုတာထက် ဖြစ်စေနိုင်သော အကြောင်းရင်းများဆိုရင် ပိုမိုမှန်ကန်ပါမယ်။ ဖြစ်စေနိုင်သော အကြောင်းရင်းများလေ၊ ရောဂါဖြစ်နိုင်သောရာခိုင်နှုန်းများလေပါပဲ။ ဒီတော့ အဲဒီအကြောင်းရင်းတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) အစားအစာများ ။ အချို့ အစားအသောက်ထဲမှာပါဝင်တဲ့ပစ္စည်းတွေက ကင်ဆာဖြစ်ပွားမှု ဖြစ်စဉ်ကို အားပေးပါတယ်။ ကိုယ့်မှာ အဲဒီအစားအစာတွေ များများစားတဲ့အလေ့အထရှိရင် ဆင်ခြင်သင့်ပါတယ်။

- မီးကင်ထားသောအစားအစာများ (Nitrosamine)

- အရောင်တင်ထားသောအစားအစာများ

- ဆိုဒါပါသောအစားအစာများ

- အဆီများသောအစားအစာများ

- ကာဗိုဟိုက်ဒရိတ်များသောအစားအစာများ (ဥပမာ - ဆန်၊ အာလူး၊ ပဲ၊ ပေါင်မုန့် )

- မှိုတွယ်သောအစားအစာများ

အထူးသဖြင့် အစာခြေလမ်းကြောင်းနှင့် အစာစွန့် ပစ်လမ်းကြောင်း တွေဖြစ်တဲ့ အစာအိမ်၊ အူလမ်းကြောင်း၊ အသည်း၊ ဆီးလမ်းကြောင်းတွေမှာ ကင်ဆာရောဂါတွေဖြစ်တတ်ပါတယ်။

ကင်ဆာဖြစ်ပွားမှုဖြစ်စဉ်ကို ဟန့် တားနိုင်သော အစားအစာတွေကတော့

- ဗီတာမင်အေ ပါဝင်သော အစားအစာများ (ဥပမာ- အသည်း၊ ထောပတ်၊ ဥ၊ မုန်လာဥနီ၊ အ၀ါရောင်ပါသောသစ်သီးများ)

- ဗီတာမင်စီ ပါဝင်သော အစားအစာများ (ဥပမာ- ဆီးဖြူသီး၊ ချဉ်သောအသီးအနှံများ)

- ဗီတာမင်အီး ပါဝင်သော အစားအစာများ (ဥပမာ- မြေပဲ၊ နှံစားပြောင်း၊ အစေ့များ၊ နေကြာဆီ၊ ပဲပိစပ်) စတာတွေဖြစ်ပါတယ်။ ဒီစားသောက်မှုအလေ့အထတွေဟာကင်ဆာရောဂါဖြစ်ပွားမှု တွေရဲ့ ၃၅% အကျုံးဝင်နေတာတွေရပါတယ်။



(၂) ဆေးလိပ် နှင့် ဆေးရွက်ကြီး(ကွမ်း)။ ဆေးလိပ်ငွေ့ မှာ ကင်ဆာရောဂါဖြစ်ပွားမှု ဖြစ်စဉ်ကို ဖြစ်စေနိုင်တဲ့ 3,4 Benzpyrene, Polonium 210, Nicotine, Cyanhydric acid, Ammonia, Lead, Cadmium, Chromium, Carbon monoxide, Arsenic trioxide စတာတွေပါရှိပါတယ်။အဲဒီဒြပ်ပေါင်းတွေကြောင့်နှုတ် ခမ်း၊ ခံတွင်း၊ လျှာ၊ လည်ချောင်း၊ လေပြွန်၊ အစာပြွန်၊ အဆုတ် စတဲ့ တိုက်ရိုက် ထိတွေ့ နေတဲ့ အစိတ်အပိုင်းတွေ အပြင် ကျောက်ကပ်၊ ဆီးအိမ်၊ သရက်ရွက် စတဲ့ အစိတ်အပိုင်းတွေမှာပါ ကင်ဆာရောဂါဖြစ်ပွားစေပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဟာလဲကင်ဆာဖြစ်ပွားမှု တွေရဲ့ ၃၀%ခန့်  ပက်သက်နေတာတွေ့  ရပါတယ်။

(၃) ဗိုင်းရပ်(စ်)များ။ အောက်ပါဗိုင်းရပ်(စ်)တွေဟာ ကင်ဆာဖြစ်ပွားမှု တွေနဲ့ ၁၀%လောက်ထိ ပက်သက် နေတာတွေ့ ရပါတယ်။

- Infectious mononucleosis လို့ ခေါ်တဲ့ ကိုယ်ပူခြင်း၊ အကျိတ်များရောင်ခြင်း၊ လည်ချောင်းနာခြင်း စသည့် လက္ခဏာများဖြစ်တတ်သည့် ရောဂါကို ဖြစ်စေသောEbstein-Barr Virus

- အသည်းရောင်ရောဂါဖြစ်စေသော အသည်းရောင်ရောဂါဗိုင်းရပ်(စ်) ဘီပိုး၊ စီပိုး (HBV, HCV)

- အဖုအကျိတ်များဖြစ်စေသော Human Papilloma Virus (HPV)

- သွေးကင်ဆာဖြစ်စေသော HTLV

- HIV

ဒါတွေကိုတော့ထပ်မရှင်းတော့ပါဘူး။ ဘီပိုး၊ စီပိုး နဲ့ အိပ်(ခ်ျ)အိုင်ဗီပိုးတွေကတော့ အတော်များများ သိပြီးကြမှာ ဖြစ်ပါတယ်။

(၄) ဟော်မုန်းများ။ ဟော်မုန်းတွေဟာလဲ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားဥကင်ဆာ၊ သရက်ရွက်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့ကင်ဆာရောဂါတွေကို ဖြစ်ပွားစေပါတယ်။ အမျိုးသမီးတွေမှာတော့

- ရာသီဦး စောခြင်း (Early menarche)

- သွေးဆုံးနောက်ကျခြင်း (late menopause)

- သားသမီးမရခြင်း

- ငယ်ရွယ်စဉ် အိမ်ထောင်ကျခြင်း

- ကာလရှည်ကြာစွာ တားဆေးများသုံးခြင်း

- ကိုယ်ဝန်မကြာခဏပျက်ကျခြင်း

- ဟော်မုန်းနှင့်ကုသခြင်း (Hormone Replacement Therapy) စတာတွေဟာ အထက်ပါ ကင်ဆာရောဂါ တွေနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။

(၅) မျိုးရိုးလိုက်ခြင်း။ ကင်ဆာရောဂါဟုယူဆရသော အခြေအနေတွင် ဆရာဝန်များ မေးလေ့ရှိသော မေးခွန်းမှာ ဆွေမျိုးသားချင်းထဲတွင် အလားတူကင်ဆာရောဂါမျိုးဖြစ်ဖူးသလား ဟူ၍ ဖြစ်သည်။ မျိုးရိုးလိုက်ခြင်း သည်လည်း ကင်ဆာရောဂါဖြစ်ပွားမှုဖြစ်စဉ်တွင် ၁၀%ထိပက်သက်မှုရှိသည်။ မျိုးရိုးလိုက်သော ကင်ဆာ ရောဂါများ၏ ထူးခြားချက်မှာ အသက်ငယ်စဉ်မှာပင်စတင်ဖြစ်ပွားခြင်း၊ ပထမအဆင့်ပက်သက်သော ဆွေမျိုး (ဥပမာ-အဖေ၊အမေ၊မောင်နှမ)တွင် ကင်ဆာဖြစ်ဖူးခြင်း၊ ဒုတိယအဆင့်ပက်သက်သောဆွေမျိုး နှစ်ဦးထက် မနည်းတွင် ကင်ဆာရောဂါဖြစ်ဖူးခြင်း၊ အသက်ရှင်မှု မျှော်လင့်ချက်ကောင်းခြင်းတို့  ဖြစ်သည်။

(၆) ဓါတ်ရောင်ခြည်သင့်ခြင်း။ ဓါတ်ရောင်ခြည်သင့်ခြင်းကြောင့် အထူးသဖြင့် သွေးနှင့်ဆိုင်သော ကင်ဆာများ၊ သိုင်းရွိုက်ကင်ဆာ၊ အစာပြွန်ကင်ဆာစတဲ့ေ၇ာဂါတွေကိုဖြစ်စေပါတယ်။ ကမ္ဘာမှာ ထင်ရှားတဲ့ ဥပမာတွေကတော့ ဟီရိုရှီးမား၊ နာဂါစကီအနုမြူဗုံးကျဲမှု၊ ရုရှား ချီနိုဘီး(လ်)စကာရားအနုမြူဓါတ်ပေါင်းဖို မတော်တဆမှုတွေပါ။ ထိုသို့ သော လူအမြောက်အမြားဖြစ်ပွားစေသော အနုမြှူဓါတ်ေ၇ာင်ခြည်မျိုးသာမက ဓါတ်ရောင်သင့်စေသော ကုသမှုများသည်လည်း ကင်ဆာဖြစ်စေနိုင်မှုကို တိုးပွားစေသည်။

(၇) ပတ်ဝန်းကျင်ညစ်ညမ်းမှုများ။ ကားအိတ်ဇော၊ စက်ရုံများမှထွက်သောဓါတ်ငွေ့  များသည် အသက်ရှူ လမ်းကြောင်းတစ်လျှောက် ကင်ဆာရောဂါဖြစ်ပွားစေသည်။ ဓါတုဗေဒစက်ရုံများ၊ အထည်စက်ရုံများ၊ သတ္တုစက်ရုံများမှ စွန့် ပစ်ပစ္စည်းများကို သန့်  စင်ခြင်းမရှိဘဲ (သို့ ) သန့် စင်မှုအဆင့်အတန်းမပြည့်ဘဲ မြစ်၊ ချောင်းများသို့ စွန့် ပစ်ခြင်း သည်လည်း လူအမြောက်အမြားကို ကင်ဆာဖြစ်စေသောအကြောင်းအရာတစ်ခု ဖြစ်သည်။

(၈) ကာလရှည်စွာနေလောင်ခံခြင်း။ အရေပြားကင်ဆာများ၏ အဓိကအကြောင်းရင်းဖြစ်သည်။ အနောက် နိုင်ငံများတွင် အဖြစ်များသောရောဂါ ဖြစ်သည်။ ရင်သားကင်ဆာ၊ သွေးကင်ဆာဖြစ်ပွားမှု တွေနှင့်လည်း ဆက်စပ်သည် ဟုဆိုကြသည်။



(၉) အရက်။ အသည်းကင်ဆာ၊ အစာလမ်းကြောင်းကင်ဆာများ၏ လက်သည်တရားခံတစ်ဦး ဖြစ်သည်။ အယ်(လ်)ကိုဟောပါဝင်မှု၊ သောက်သုံးမှုပမာဏ နှင့် ကာလကြာရှည်မှုတို့ မှာ ထည့်သွင်းစဉ်းစားရမည့် အချက်များဖြစ်သည်။ ကာ(လ်)ဗာဒေါ့(စ်) ဟူသည့် ပန်းသီးဘရမ်ဒီ ကိုသောက်လေ့သောက်ထရှိသော ပြင်သစ်နိုင်ငံမြောင်ပိုင်းတွင် အစာပြွန်ကင်ဆာဖြစ်ပွားမှုမှာ စပျစ်ဝိုင်သောက်လေ့ရှိသော တောင်ပိုင်းထက် အဆမတန်ပိုမိုများပြားသည်ကို တွေ့ ရှိရသည်။

အဆိုပါအချက်များမှာ ယေဘုယျအဖြစ်များသော အချက်များဖြစ်ပြီး ကင်ဆာရောဂါအမျိုးအစားအလိုက် သီးခြားအချက်များလည်း ရှိပါသည်။ မည်သို့ ဆိုစေ မိမိ၏ နေထိုင်စားသောက်မှုစတိုင်(လ်)ကို အကဲဖြတ် နိုင်လောက်ပြီဟု ယူဆပါသည်။ ကင်ဆာရောဂါမဖြစ်ပွားအောင် ရာနှုန်းပြည့် မဟုတ်သော်လည်း အတတ် နိုင်ဆုံး မည်သို့  ကာကွယ်နိုင်သည်ကို သိရှိနိုင်ပြီဟု ယူဆပါသည်။
Ref : healthngomyanmar

သင်၏နေထိုင်မှုပုံစံ၊ သင်၏မျိုးစေ့ဗီဇနှင့် ကင်ဆာ

ဆန်းစစ်မှု အသစ်များသည် ကျွန်တော်တို့အတွက် ကြောက်စရာ အကောင်းဆုံးသော ရောဂါဖြစ်ပေါ်စေသည့် ရှုပ်ထွေးသည့် အပြန်အလှန် ဆက်နွယ် ဖြစ်ပေါ်မှုများ ကို လေ့လာ လျက်ရှိသည်။

အဆီများသည့် အစားအစာများ၊အ၀လွန်ခြင်း၊ လေ့ကျင့်ခန်းမပြုလုပ်ခြင်းတို့သည် နှလုံးရောဂါ၊ ဆီးချိုရောဂါ ဒုတိယအမျိုးအစားတို့ကို ဖြစ်စေနိုင်သည့် အခြေအနေပိုမိုဖြစ်ပေါ်စေကြောင်း ကျွန်တော်တို့ သိရှိခဲ့သည်မှာ ကြာပါပြီ။ ယခုထပ်မံ သိရှိလာကြရသည်မှာ အထက် ဖေါ်ပြပါ အချက်များသည်ပင်လျှင် ကင်ဆာဖြစ်ပေါ်စေရာတွင်လည်း အဓိက အကြောင်းအရာများ ဖြစ်နေကြောင်း ပင် ဖြစ်သည်။ ၄င်းမှာ သတင်းဆိုးကြီးပင်ဖြစ်သည်။ သို့ရာတွင် သတင်းကောင်းမှာ ကျွန်တော်တို့၏ နေထိုင်မှုပုံစံအတွက် ကျွန်တော်တို့ကိုယ်တိုင် လုပ်ပေး နိုင်သည့် အရာများ ရှိနေသေးခြင်းပင် ဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် မ၀အောင် ထိန်းနိုင်လျှင် (ပို၍ပိန်အောင်လုပ်နိုင်လျှင်)၊ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်လျှင်၊ အဆီများသည့် red meat (အမဲသား၊ သိုးသားတို့ကဲ့သို့သော ချက်ပြီးလျှင် အရောင်အညိုရင့်ရှိသော အသားများ) များရှောင်ကြဉ်ပြီး ကြက်၊ဘဲသားများ၊ ငါးနှင့် ပရိုတင်းပါဝင်မှုများသည့် ဟင်းသီးဟင်းရွက်များကိုလည်းကောင်း၊ ဟင်းသီး ဟင်းရွက်များ ပါဝင်သည့် အစားအစာများကို များစွာစားသုံးခြင်းနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်လျှင် ကျွန်တော်တို့ အနေဖြင့် ကင်ဆာ အမျိုးအစားအားလုံး ဖြစ်နိုင်ခြေအား ၇၀%အထိ အကာအကွယ် ပေးနိုင်မည် ဖြစ်သည်။

ကင်ဆာနှင့် စပ်လျဉ်း၍ နေထိုင်စားသောက်မှုပုံစံ အရေးကြီးပုံ၏ အဓိကသက်သေ အထောက်အထားတစ်ခုမှာ အဓိက ကင်ဆာအမျိုးအစားများသည် ကမ္ဘာတစ်ဝှမ်း နေရာအလိုက် ဖြစ်ပွားမှုနှုန်း မတူညီဘဲ တိုးတက်ဖြစ်လာနေခြင်းပင် ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ဖြစ်ပွားမှု အလွန်များနေသည့် ကင်ဆာအမျိုးအစားများဖြစ်သော အူမ ကင်ဆာ၊ ပရော့စတိတ်ကင်ဆာ (သုတ်ရည်လွှတ် ပေးသည့် အကျိတ်ဖြစ်သည်) နှင့် ရင်သားကင်ဆာတို့သည် ကမ္ဘာ့အခြားနေရာများတွင် အမေရိကန်တွင် ဖြစ်ပွားမှု နှုန်း၏ ၁/၁၀ ပုံမှ ၁/၂၀ အတွင်းသာ ရှိသည်ကို တွေ့ရသည်။ အလားတူ အံ့သြဖွယ်ကောင်းသည်မှာ အခြားနိုင်ငံများမှ အမေရိကသို့ ပြောင်းရွှေ့ လာရောက်နေထိုင်ကြသည့်အခါ မျိုးဆက်တစ်ခုအတွင်း၌ပင် ၄င်းတို့ မိသားစုဝင်များ၏ ကင်ဆာ ဖြစ်ပွားမှု နှုန်းများသည် အမေရိကတွင် အစဉ်တစိုက်နေထိုင်ခဲ့ကြသည့် မိသားစုများ၏ နှုန်းသို့ တိုးတက်ဖြစ်ပွားလာခြင်းပင် ဖြစ်သည်။ အခြား နိုင်ငံမှ သူများ သည် အမေရိကားသို့ ပြောင်းရွှေ့ လာရောက် နေထိုင်ခြင်းမပြုဘဲ ၄င်းတို့နိုင်ငံတွင် ဆက်လက် နေထိုင်စေကာမူ အမေရိက နိုင်ငံ၏ လူနေမှုပုံစံကို ပြောင်းလဲနေထိုင်မှု ပြုလာပါကလဲ ၊ ၄င်းတို့ ကင်ဆာဖြစ်ပွားမှုနှုန်း တိုးတက်လာခြင်း ဖြစ်သည်။ ဥပမာ- ဂျပန် လူမျိုးများသည် အနောက်တိုင်း လူနေမှုပုံစံများကို ပြောင်းလဲလာကြသည့် အလျောက်၊ ၄င်းတို့ အူမ၊ ရင်သားနှင့် ပရော့စတိတ် ကင်ဆာ ဖြစ်ပွားမှုနှုန်း သည် တဟုန်ထိုး တိုးတက် လာခဲ့သည်ကို တွေ့ရှိရပါသည်။


ကျွန်တော်တို့၏ နေထိုင်မှုပုံစံများထဲမှာ မည်သည့်အချက်များသည် ကင်ဆာအမျိုးအစား များစွာတို့၏ ဖြစ်ပွားမှုနှုန်းကို တိုးတက် လာစေ ပါသနည်း။ အဓိက တရားခံမှာ အနောက်တိုင်းပုံစံ စားသောက်ခြင်း၊ အ၀လွန်ခြင်းနှင့် လှုပ်ရှားမှုနည်းခြင်းတို့ ဖြစ်ပုံရှိသည်။ ကျွန်တော် တို့ သည် ဆေးရွက်ကြီးနှင့် ကင်ဆာ၏ အရေးပါမှုကို သိရှိခဲ့သည်မှာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပြီ ဖြစ်သော်လည်း အစားအသောက်၊ ကောင်းမွန် သည့် ကိုယ်အလေးချိန်နှင့် ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့သည် ကင်ဆာ ဖြစ်စေခြင်းမှ ကာကွယ် ပေးနိုင်ကြောင်း ကို ယခုမှ စတင် သိရှိလာနေခြင်း ဖြစ်သည်။

စားသောက်ပုံအနေဖြင့် ကင်ဆာဖြစ်နိုင်မှုအပေါ် ကြီးမားစွာ အကျိုး သက်ရောက်မှုရှိနိုင်သည့်အကြောင်း သိသာထင်ရှားသော ဥပမာအား ပြီးခဲ့သည့် နွေရာသီတွင် အမေရိကန်ဆေးဝါးနှင့် ကျန်းမာရေးအဖွဲ့ဂျာနယ် (Journal of American Medical Association) တွင် ဖော်ပြ ထားသည့် အစီရင်ခံစာတွင် တွေ့ရှိရပါသည်။

ဆရာဝန်များမှ အူမကြီးကင်စာရှိသူများအား ခွဲစိတ်မှုပြုလုပ်ပြီး ကင်ဆာအား ဖယ်ရှားပြီးနောက် ၄င်းတို့၏ စားသောက်မှုပုံစံအား လေ့လာခဲ့ကြရာ (၅)နှစ်အတွင်း အနောက်နိုင်ငံ၏ စားသောက်မှုပုံစံ ရှိသူများမှာ ကင်ဆာပြန်ဖြစ်နိုင်သည့်အခြေအနေသည် အစားအသောက်အား ချင့်ချိန်ပြီး အသီးအနှံနှင့် ဟင်းသီးဟင်းရွက် များများစားသုံးပြီး red meat အနည်းငယ်သာ စားသုံးသူများထက် (၃)ဆပိုများ သည်ကို တွေ့ရှိခဲ့ရသည်။ ၄င်း လူနာများအပေါ် အစားအသောက်မှ မည်ကဲ့သို့အကျိုးသက်ရောက်မှု ရှိနေသနည်း။ ခွဲစိတ်မှုအနေဖြင့် အူမကြီးကင်ဆာဆဲလ်အားလုံးကို ဖယ်ရှားနိုင်ခြင်းမရှိသည်မှာ ထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် ခွဲစိတ်မှု မပြုခင်၌ပင် ကင်ဆာဖြစ်နေသည့် ဆဲလ်များးမှာ အဓိက Tumor (တျူမာ) ဆီမှတဆင့် ပြန့်နှံ့သွားပြီဖြစ်သည်။ အနောက်နိုင်ငံ၏ စားသောက်ပုံများမှာ ကျန်ရစ်သည့် ကင်ဆာဆဲလ်များအား တိုးပွားလာရန် တနည်းနည်းဖြင့် လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်။




အ၀လွန်ခြင်းသည်လည်း ဆေးရွက်ကြီးပြီးလျှင် အနောက်နိုင်ငံများတွင် ကင်ဆာဖြစ်စေသည့် ဒုတိယအရေးကြီးသည့် အချက်ဖြစ်သည်။ သင့်တင့်သည့် ကိုယ်အလေ့ချိန်ထားရှိခြင်းသည် ကင်ဆာဖြစ်စေခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း အထောက်အထားတွေ့ရိှထားပြီး ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန် ကင်ဆာအဖွဲ့အစည်း (American Cancer Society)မှ ပြုလုပ်ခဲ့သည့် သုသေသနပြုမှု တစ်ခုတွင် ကျစ်လျစ်ပိန်ပါးသောသူနှင့် နှိုင်းယှဉ်လျှင် ၀လွန်းသောသူများအနေဖြင့် အမျိုးသားများတွင် ကင်ဆာ(၁၀)မျိုးဖြင့် လည်းကောင်း၊ အမျိုးသမီးများတွင် ကင်ဆာ (၁၂)မျိုးဖြင့် လည်းကောင်း သေဆုံးနိုင်မှုအခြေအနေ သိသိသာသာ တိုးတက်လာကြောင်း တွေ့ရှိခဲ့ ရသည်။ အဓိကအားဖြင့် အမျိုးသားများတွင် ကျောက်ကပ်ကင်ဆာာ (၉ဆအထိတိုးလာ) နှင့် အမျိုးသမီးများတွင် မျိုးဥအိမ်ကင်ဆာ (၆ ဆထက် ပို၍) တို့ဖြစ်သည်။

အချို့ကင်ဆာအမျိုးအစားများမှ ကာကွယ်ရာတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လည်း ထိရောက်မှုရှိသည်ကို တွေ့ရှိခဲ့ရသည်။ ဥပမာ အားဖြင့်ဆိုသော် သူနာပြုများ၏ ကျန်းမာရေးလေ့လာမှု အရ (Nurse's Health Study) မှ တစ်နေ့လျှင် တစ်နာရီ အနည်းဆုံး လေ့ကျင့်ခန်း အသင့်အတင့် ပြုလုပ်သူအမျိုးသမီးများအနေဖြင့် လေ့ကျင့်ခန်း လျှော့၍ပြုလုပ်သည့် အမျိုးသမီးများထက် အူမကြီး ကင်ဆာ ဖြစ်ပွားနိုင်မှုနှုန်း ၃၀% ပိုနည်းသည်ကို တွေ့ရှိခဲ့သည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ရင်သား ကင်ဆာဖြစ်ပွားမှုမှလည်း အကာအကွယ် ပေးနိုင်သည်ကို တွေ့ရှိခဲ့ရသည်။

နေထိုင်မှုပုံစံသည် ကင်ဆာဖြစ်ပွားနိုင်သည့်ဆဲလ်နှင့် ကင်ဆာဖြစ်နေသည့်ဆဲလ်များကိုပါ အကျိုးတက်ရောက်မှုရှိစေသော ကြီးထွားမှုကို အားပေးသည့်အချက်ပြမှုများကို ထုတ်လုပ်ပေးခြင်းဖြင့် လူတစ်ဦးတွင် ကင်ဆာဖြစ်ပေါ်စေနိုင်မှုကို ပိုမိုစေသည်။ အဆိုပါ ဆဲလ်များအား ကင်ဆာ ဖြစ်ပေါ်စေနိုင်အောင် ဦးစွာပြုလုပ်ပေးသည့်အရာမှာ ၄င်းတို့၏ မျိုးဗီဇ(genes)များ ပြောင်းလဲ လာခြင်းပင် ဖြစ်သည်။

တျူမာအားလုံးသည် ခွဲထွက်သွားသည့် (renegade) ဆဲလ်မှ စတင်ခြင်းဖြစ်သည်။ အစကနဦးတွင် အဆိုပါဆဲလ်သည် ခန္ဓာကိုယ် အတွင်းရှိ ၃၀,၀၀၀,၀၀၀,၀၀၀,၀၀၀ (သန်းပေါင်း သန်း၃၀) ပတ်ဝန်းကျင်ရှိ ဆဲလ်များထဲမှ တစ်ခုပင်ဖြစ်ပြီး ၄င်း၏ ပတ်ဝန်းကျင်တွင် ရှိသည့် အခြားဆဲလ်များနှင့် ကွာခြားမှု မရှိပါ။ ၄င်းအပြင် အဆိုပါဆဲလ်သည် ၄င်းပါဝင်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းမှ ခွဲထွက် ခိုင်းမှသာ လျှင် ဆဲလ်ကွဲမှုပြုပါသည်။ ထိုကဲ့သို့ ဖြစ်သွားလျှင် အဆိုပါဆဲလ်၏ ပတ်ဝန်းကျင်ရှိ ခန္ဓာကိုယ်အစိတ်အပိုင်းမှ လိုအပ်သည့် ဆဲလ်ပမာဏ ရှိစေကာမူ ခွဲထွက်သွားသည့် ဆဲလ်သည် မထိန်းနိုင် မသိမ်းနိုင် ပွားများလာလေတော့သည်။

ကင်ဆာဆိုသည်မှာ ချွတ်ယွင်းနေသည့် မျိုးဗီဇများနှင့် ဆိုင်သည့်ရောဂါဖြစ်သည်။ ကင်ဆာရောဂါသည်များအနက် ၁၀%မှာ ကင်ဆာ ဖြစ်စေနိုင်သည့် မျိုးဗီဇများကို ဆက်ခံထားသည့် သူများတွင် ဖြစ်ပေါ်ခြင်းဖြစ်သည်။ အချို့တွင် ထိုမျိုးဗီဇများ၏ လွှမ်းမိုးမှုမှာ ကြီးမား လွန်းသည့်အတွက် ကင်ဆာဖြစ်နိုင်ခြေမှာ အလွန်ပင် မြင့်မားသည်။ သို့ရာတွင် လူအများစုမှ အပြစ်အနာအဆာကင်းစွာ ဖွံ့ဖြိုး ကြီးထွားမှုကို ဖြစ်စေသည့် ကောင်းမွန်သည့် မျိုှးဗီဇများနှင့် မွေးဖွားလာကြခြင်း ဖြစ်သည်။ အမှန်မှာ ကျွန်တော်တို့၏ မျိုှးဗီဇများ (genes) များမှာ နှစ်သန်းပေါင်း ၆၀၀ကျော်အချိန်ယူပြီး အကောင်းဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ၄င်းတို့သည် ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရမည် ဖြစ်သည်။

ကျွန်တော်တို့ ဘ၀တစ်သက်တာတစ်လျှောက်တွင် ခန္ဓာကိုယ်တစ်ဝှမ်းမှဆဲလ်များသည် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ရသည်။ ၄င်း ပုံမှန် မဟုတ်သည့် (mutant cell) ဆဲလ်များသည်ပင်လျှင် ကင်ဆာ အများစုကို ဖြစ်စေခြင်းဖြစ်သည်။ ဆဲလ်တိုင်းတွင် ကြီးထွားမှုကို ဖြစ်စေ သည့် "ပရိုတို-အွန်ကိုဂျင်း (proto-oncogenes)" များ ပါဝင်သည့်အပြင် ကြီးထွားမှုကို ရပ်တန့်စေသည့် "တျူမာ တားဆီးသူ (tumor suppressor) ဂျင်းများ ပါဝင်သည်။ ပရိုတို-အွန်ကိုဂျင်းအား အကျိုးတက်ရောက်မှုရှိသည့် mutation များသည် ကြီးထွားမှုကို လှုံ့ဆော် ပေးသည့် မော်လီကျူးက အချက်ပြမှုများကို ဆက်တိုက်ထုတ်လွှင့်ပေးစေသည်၊၊ ထိုအခါ ဆဲလ်အားအဆက်မပြတ်တိုးပွားခြင်း ဖြစ်ပေါ် စေသည်။ ထို့အတူTumor suppressors gene အား အကျိုးတက်ရောက်မှုဖြစ်ပေါ်ပါက ထိုသို့ကြီးထွားမှုကို ရပ်တန့်စေသည့် မော်လီကျူးက အချက်ပြမှုများကို တားဆီး လိုက်သည်။ လူနှင့် သက်ဆိုင်သည့် ကင်ဆာအတော်များများတွင် mutation ပုံစံ အမျိုးမျိုး ဖြစ်ပေါ် လေ့ရှိသည်။

၎င်းတို့အနက် အချို့မှာ oncogenes များအား အလုပ်လုပ်စေပြီး ၊ အချို့မှာ tumor suppressor gene များကို တားဆီး ပေးသည်။ တနည်းအားဖြင့်ဆိုလျှင် ကင်ဆာဆဲလ်များမှာ ညှပ်နေသည့် လီဗာ သို့မဟုတ် ချို့ယွင်းနေသော ဘရိတ်များရှိနေခြင်းပင် ဖြစ်သည်။ ဘ၀သက်တမ်း တစ်လျှောက်တွင် ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များသည် အကြမ်းအားဖြင့် ၁၀၁၆ ကြိမ် ဆဲလ်ကွဲမှု ဖြစ်ပေါ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ကင်ဆာဖြစ်ပေါ်နိုင်သည့် အခြေအနေအားလူ့ဘ၀သက်တမ်းတစ်ခုတွင် အကြိမ်ပေါင်း ၁၀၁၆ ကြိမ် ဖြစ်စေနိုင်သည်။

အခြားအရေးကြီးသည့် gene တစ်ခုဖြစ်သော Telom- erase သည် ကျန်းမာသည့် ဆဲလ်တွင် အလုပ်လုပ်ခြင်းမရှိ (Turn off) ဖြစ်နေသဖြင့် ဆဲလ်တစ်ခုသည် ၄င်း၏ မူလထက် နှစ်ဆတိုးပွားမှု အကြိမ်ပေါင်း (၅၀)ဖြစ်ပြီးလျှင် သေသွားစေသည်။ ကင်ဆာဆဲလ် အများစုတွင် အဆိုပါ gene သည် အလုပ် လုပ်နေသည် (Turn on ) ။ ထို့ကြောင့် ဆဲလ်အား အကန့်အသတ်မရှိ တိုးပွားမှု ဖြစ်ပေါ် စေသည်။ ဆဲလ်အနေဖြင့် ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်သည့်အခါ မိမိကိုယ်ကို သတ်သေမှု ဖြစ်ပေါ်စေသည့် gene အမျိုအစား များလည်း ရှိသေးသည်။ အဆိုပါ gene များ ပုံမှန် အလုပ်လုပ်ခြင်း မရှိသည့်အခါ ကင်ဆာဆဲလ်များ ဆက်လက်တိုးပွားမှု ဖြစ်ပေါ် နေတော့သည်။

ကင်ဆာဖြစ်နေသည့်ဆဲလ်အား အဓိက Tumor ထံမှ ခွဲထွက်ပြီး အနီးရိှ သွေးကြောပြွန်ငယ်များ ၊ သွေးဖြူဥပြွန်များ၏ နံရံများကို ဖြတ်ကျော်ပြီး သွေးလှည့်ပတ်မှုမှတဆင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ ရောက်ရှိသွားအောင် ပြုလုပ်ပေးသည့် gene များလည်း ရှိသေးသည်။ ယမန်နှစ်က ထုတ်ဝေခဲ့သော သုသေတန စာတမ်းတစ်ခုတွင် သားအိမ်ထဲရှိ ဆဲလ်သည် သန္ဓေသားလောင်း အတွင်း တစ်နေရာမှ အခြားတစ်နေရာသို့ ပြောင်းရွှေ့ရန် လိုအပ်သည့် အခါမှသာ အလုပ်လုပ်သည့် (Active gene) များကို ရှာဖွေ၍ စာရင်းပြုစုခဲ့သည်။ Tumor ထံမှ ခွဲထွက်လာသည့် ဆဲလ်များတွင် အဆိုပါ gene များသည် ဆက်လက်၍ Active ဖြစ်နေသည်။ ဤနည်းဖြင့် ကင်ဆာဆဲလ်များအား ၄င်း၏ပတ်ဝန်းကျင်ရှိ တစ်ရှူးများထံမှ ခွဲထွက်စေသည်။

မကြာသေးမီက RNA-10b ဟုခေါ်သည့် မော်လီကျူးတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၄င်းသည် ရင်သားကင်ဆာဆဲလ်အား တစ်ရှူးဆီမှ ခွဲထွက်စေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါ တွေ့ရှိချက်သည် အလွန်အရေးပါသည့် သုသေတန ရလဒ်ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ၄င်းမော်လီကျူုးအား ရင်သားကင်ဆာကုသရာတွင် အသုံးပြုလာနိုင်သောကြောင့်ဖြစ်သည်။

ကင်ဆာ ဖြစ်ပေါ်စေသည့် မျိုှးဗီဇာပြောင်းလဲမှုများကို မည်သည့်အရာက ဖြစ်စေသနည်း။ ကျွန်တော်တို့၏ ပတ်ဝန်းကျင်ရှိ မြူတေဂျင် (Mutagen)ဟုခေါ်သော Mutation ဖြစ်စေသည့် ဓါတုပစ္စည်းများသည် အထက်ပါ မျိုးဗီဇပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။ ပထမဦးဆုံး မှာ ဆေးလိပ်မီးခိုးဖြစ်သည်။ သို့ရာတွင် အများမှ ကင်ဆာဖြစ်စေသည်ဟု ယူဆထားကြသည့် ပတ်ဝန်းကျင်ရှိ ဓါတု ပစ္စည်းများ ဖြစ်ကြသော အစားအစာကြာရှည်ခံဆေးများ ၊ ရေထဲတွင် ပါသည့် အဆိပ်အတောက် ရောဂါပိုးမွှားများ ၊ စက်ရုံ မီးခိုး ခေါင်းတိုင်များ မှ ထွက်လာသည့် အဆိပ်အတောက် များတို့သည် ကင်ဆာကို ထင်သလောက် မဖြစ်စေကြောင်း တွေ့ရှိရပါသည်။ အမှန်အားဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကင်ဆာများ၏ ၁% (သို့မဟုတ်) ၂% လောက်သာလျှင် အဆိုပါပတ်ဝန်းကျင်ရှိ အဆိပ် အတောက်များ ကြောင့် ဖြစ်သည်ကို တွေ့ရှိရသည်။

ကင်ဆာဖြစ်စေသည့် Mutation များမှာ ဆဲလ်များမှ မိမိတို့၏ gene အား မတော်တဆ ဖျက်ဆီးလိုက်သည့်အခါတွင် ဖြစ်ပေါ်သည်က များသည်။ ကျွန်တော်တို့၏ ဆဲလ်တိုင်းသည် ၄င်း၏ ဇီဝဖြစ်စဉ်မှ ဘေးထွက်ပစ္စည်းအဖြစ် Mutation ဖြစ်စေသည့် ဓါတ်ပစ္စည်းများကို အစဉ်အမြဲ ထုတ်လွှတ်နေသည်။ ဆဲလ်များမှ အောက်ဆီဂျင်အား ရေအဖြစ်သို့ ပြောင်းလဲရာတွင် စွမ်းအင်ထွက်လာသည်နှင့်အတူ ပုံစံ ပြောင်းလဲ သွားသည့် အောက်ဆီဂျင်မော်လီကျူးများဖြစ်သော Oxygen Radical များကိုပါ ထုတ်လွှတ်ပေးသည်။ အဆိုပါ မော်လီကျူး များသည် ဆဲလ်များထဲရှိ DNA အပါအ၀င် အခြားသောမော်လီကျူးများကို ၀ါးလုံးသိမ်းတိုက်ခိုက်လေတော့သည်။ ကျွန်တော်တို့၏ ဆဲလ်များ သည် အဆိုပါတိုက်ခိုက်မှုများမှ ဖြစ်ပေါ်လာသည့် ပျက်စီးမှုများကို ပြင်ဆင်နိုင်သည့် အရည်အချင်းရှိသော်လည်း ပြီးပြည့်စုံ သည့် ကာကွယ်မှုမျိုးကို မပေးနိုင်ချေ။ ထို့ကြောင့် ကျွန်တော်တို့ အသက်ကြီးပြင်းလာသည်နှင့်အမျှ Mutation များ ၊ Mutant gene များ တိုးပွားလာ လေတော့သည်။

Mutation များသည် ကင်ဆာဖြစ်ရန် လိုအပ်သည်ဆိုသော်လည်း လုံလုံလောက်လောက် မရှိပါ။ ကင်ဆာဆဲလ်၏ အပြင်မှ တစ်ခုခု မှလည်း အားဖြည့်ပေးရမည်ဖြစ်သည်။ Mutation ပေါင်းများစွာ ဖြစ်နေသော ဆဲလ်သည် ကင်ဆာဖြစ်ရန် တာဆူနေသည် (သို့မဟုတ်) ကင်ဆာဖြစ်စ ပြုနေပြီဆိုသော်လည်း ၄င်းဆဲလ်သည် ပြင်ပမှ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးသည့် အချက်ပြမှုများ (Growth promoting signal)ရရှိမှသာလျှင် လုံးဝပြည့်စုံသည့် Tumor အဆင့်သို့ ရောက်ရှိသွားနိုင် သည်။ အမှန်အားဖြင့် လူသားများနှင့်သက်ဆိုင်သည့် ကင်ဆာဖြစ်ပေါ်မှုအများစုမှာ အထက်ဖော်ပြပါ ကဲ့သို့ Mutation နှင့် မဆိုင်သော မော်လီကျူလာ အချက်ပေးမှုများကြောင့် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။

အနောက်နိုင်ငံ စားသုံးမှုပုံစံများသည် မည်သို့ ကင်ဆာဖြစ်ပေါ်မှုကို အားပေးသနည်း ဆိုသည်ကို မသိရှိရသေးပါ။ ကျွန်တော်တို့ စားသုံး သည့် အစားအစာများတွင် gene များအား Mutate ဖြစ်စေသည့် ဓါတုပစ္စည်းများ ပါဝင်သဖြင့် ကင်ဆာဖြစ်စေနိုင်သည်။ ဥပမာဆိုရလျှင် အဆီများသော red meat များအား အပူပြင်းပြင်းဖြင့် ချက်လိုက်လျှင် ဟက်ထရိုဆိုက်ကလစ် - အမိုင်နီ (Heterocyclic amines) ဟု ခေါ်သည့် ကင်ဆာဖြစ်စေနိုင်သည့် Mutagen များ ထုတ်လုပ်ပေးသည်။ အစားအစာများတွင် ဓါတုပစ္စည်းပေါင်းများစွာ ပါဝင်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည့်အခါ အခြားဓါတုပစ္စည်းများအဖြစ်သို့ ဓါတ်ပြု ပြောင်းလဲ သွားသည်။ ထို့ကြောင့် အနောက်နိုင်ငံ အစားအစာများထဲမှ မည်သည်က ကင်ဆာဖြစ်စေနိုင်သည်ကို အတိအကျ မပြောနိုင်ခြင်းဖြစ်သည်။ သို့ရာတွင် အနောက်နိုင်ငံ အစားအစာများသည် ကင်ဆာဖြစ်စေသည်မှာတော့ သေချာသည်။

အ၀လွန်ခြင်းသည် အဘယ်ကြောင့် ကင်ဆာပိုမိုဖြစ်စေသနည်းဆိုသည်ကို နားမလည် သေးသော်လည်း ကင်ဆာပိုမိုဖြစ်ပေါ်စေသည့် အချက်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်မှာတော့ သေချာသည်။ အ၀လွန်ခြင်းသည် ကြီးထွားမှုကို ဖြစ်စေသည့် အင်ဆူလင် ကဲ့သို့သော ဓါတ်များ (IGF-1) ကို သွေးထဲသို့ ပိုမိုထုတ်လွှတ်ပေးသည်။ သီအိုရီအရဆိုလျှင် ၄င်း IGF-1 သည် ကနဦး ကင်ဆာ ဆဲလ်များကို မသေသွားအောင် ကာကွယ်ပေးသည်။ ထို့ကြောင့် ခန္ဓာကိုယ် ရောင်ကိုင်ခြင်းသည်လည်း အ၀လွန်ခြင်းနှင့် ကင်ဆာကြား ဆက်နွယ်မှုကို ရှင်းပြနိုင်သည်။ ရောင်ကိုင်းခြင်းသည် ရောဂါကူးစက်မှုဖြစ်နေသော တစ်ရှူးအား ဖယ်ရှားပြီး ပြန်လည်ကုသပေးသည့် ခန္ဓာကိုယ်၏ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။ ခန္ဓာကိုယ်၏ ဇီဝကာကွယ်ရေးစနစ်တွင်ရှိသော ဆဲလ်များသည် အဆိုပါ ရောင်ကိုင်း ခြင်း အား ဖြစ်ပေါ်စေသည်။ ၄င်းတို့ အသုံးပြုသည့် လက်နက်များမှာ ဆိုက်တိုကိုင်း (Cytokines) ဟုခေါ်သည့် ဓါတု အချက်ပြခြင်းများ ဖြစ်သည်။ များသော အားဖြင့် ရောင်ကိုင်းခြင်းမှာ ခဏသာ ဖြစ်လေ့ရှိသည်။ ရံဖန်ရံခါ ထိုရောင်ကိုင်းခြင်းများ အမြန် ပျောက်ကင်းခြင်း မရှိသည့်အခါ ၄င်းသည် နာတာရှည်ဖြစ်လာသည်။ ထိုအခါမျိုးတွင် ထိခိုက်ထားသော တစ်ရှူးသည် အမြဲပင် ဖွံ့ဖြိုးကြီးထွားမှုကို အားပေး သည့် ဆိုက်တိုကိုင်းထဲတွင် နစ်မြှပ် နေလေ တော့သည်။ ၄င်းအားဖြင့် ဆဲလ်များသည် စ၍ပွားများလာလေတော့သည်။ အကယ်၍ အဆိုပါ ဆဲလ်များသည် Mutation ဖြစ်ပြီးပြီဆိုပါက ဆိုက်တိုကိုင်းကြောင့် ကင်ဆာစတင်ဖြစ်ပေါ် လာစေတော့သည်။ ဥပမာ- အစာအိမ် အတွင်းရှိ အူများထဲမှ ဘက်တီးရီးယားများကြောင့် ၀မ်းဗိုက်အတွင်းရှိတစ်ရှူးများသည် ကြာရှည်စွာ ရောင်ကိုင်းနေသည့်အခါ ကင်ဆာ ဖြစ်ပေါ်လာ နိုင်သည်။ အလားတူ ဆီးအိမ်၏ နှုတ်ခမ်းသားများသည် ဆီးအိမ်အတွင်း ကျောက်တည်မှုများကြောင့် နှစ်ပေါင်းများစွာ ရောင်ကိုင်း နေသည့်အခါမျိုးတွင် ကင်ဆာဖြစ်နိုင်သည်။

ရောင်ကိုင်းမှုနှင့် အ၀လွန်မှု မည်သို့ ဆက်စပ်မှု ရှိသနည်း။ အဆီဆဲလ်များသည် ရောင်ကိုင်းမှုကိုဖြစ်စေသည့် ဓါတုပစ္စည်းများကို သွေး ထဲသို့ ထုတ်လွှတ်ကာ ကင်ဆာ ဖြစ်ပေါ်မှုကို အားပေးသည်။ အ၀လွန်လေလေ အဆိုပါထုတ်လွှတ်မှု များလေလေ ဖြစ်သည်။ ဖြစ်နိုင် သည်မှာ Cytokines များသည် ကင်ဆာ အားပေးသူအဖြစ် ဆောင်ရွက်ပေးသည်။ သို့ရာတွင် မှန်သည်မှားသည်ကို ဆုံးဖြတ်ရန် ဆက်လက်၍ သုတေသန လုပ်ဆောင်ရ ဦးမည် ဖြစ်သည်။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းသည် ကျွန်တော်တို့၏ သွေးထဲရှိ IGF-1 နှင့် Cytokines ပမာဏကို လျှော့ချပေးနိုင်သည်။ ၄င်းသည်ပင်လျှင် ပုံမှန် လေ့ကျင့်ခန်းဖြင့် ကင်ဆာကို တားဆီးပေးသည် ဆိုသည့် အချက်ကို ရှင်းပြပေးနေခြင်း ဖြစ်သည်။ အမျိုးသမီးများတွင် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့် သွေးထဲရှိ အက်ထရိုဂျင် (Estrogen) ပမာဏကို လျှော့ချပေးပြီး ရင်သား ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

ကျွန်တော်တို့ ကင်ဆာဖြစ်စေသည့် gene များအကြောင်းနှင့် အဆိုပါ gene များအပေါ် ကင်ဆာအားပေးသည့် ဓါတု အချက်ပြမှုများမှ လွှမ်းမိုးသက်ရောက်ပုံများကို ပိုမိုသိရှိနားလည်လာခြင်းဖြင့် ပိုမို ကောင်းမွန်သည့် ရောဂါစစ်ဆေးပုံများ၊ ကုသမှုစနစ်များ တွေ့ရှိ လာကြသည် ဖြစ်သည့်အပြင် ပို၍ အရေးကြီးသည့် တိုးတက်မှုများကိုလည်း နောင်တွင် ရရှိလာစေမည်ဖြစ်သည်။ နေထိုင်မှု ပုံစံများနှင့် ကင်ဆာ အကြောင်း လေ့လာခြင်းဖြင့် ကင်ဆာကိုလျှော့ချနိုင်သည့် အခွင့်အရေးများကိုလည်း ရရှိစေသည်။ နေထိုင်မှုပုံစံကို ပြောင်းလဲ ပစ်ရန် မလွယ်ကူသော်လည်း ဖြစ်နိုင်ပါသည်။ ယခုအခါတွင် အမေရိကန်နိုင်ငံ၌ ဆေးရွက်ကြီးသုံးစွဲသူဦးရေမှာ လွန်ခဲ့သည့် မျိုးဆက် နှစ်ခုထက်စာလျှင် လွန်စွာ လျှော့နည်းသွားပြီ ဖြစ်သည်။ ဆေးရွက်ကြီးသုံးစွဲမှု ပိုမိုလျှော့ချရန်၊ စားသုံးမှုပုံစံပြင်ဆင်ရန်နှင့် ကိုယ် အလေးချိန် လျှော့ချခြင်း၊ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း စသည့် အလေ့အထများ ရရှိစေရန် မျိုးဆက် (၂)ဆက်ခန့် ကြာလိမ့် ဦးမည် ဖြစ်သည်။ သို့ရာတွင် ဖြစ်လာ နိုင်သေးသည်။ ထိုသို့ဖြစ်လာလျှင် ကျွန်တော်တို့၏ မြေး၊မြစ်များသည် ကျွန်တော်တို့ မျိုးဆက်အား လည်ပြန်ကြည့်ပြီး ကျွန်တော်တို့ အကြောက်ရွံ့ဆုံးဖြစ်နေသော ရောဂါဆိုးကြီးမှ လွတ်မြောက်ရန် နေထိုင်မှုပုံစံအား ပြောင်းလဲလိုက်ခြင်း အားဖြင့် ပြုလုပ်နိုင်သည်ကို အဘယ်ကြောင့် ဤမျှ အချိန်ယူခဲ့ရ သနည်း ဆိုသည့် မေးခွန်းကို ခေါင်းကုတ်၍ အဖြေရှာနေပေတော့မည်။
 (ရရှိသောမေလ်းကိုပြန်လည်ဖေါ်ပြပါသည်)













Saturday, 28 May 2011

၉၀ ရလဒ် အသိအမှတ် မပြုခြင်းကို NLD က အမြဲကန့်ကွက်မည်

NLD- Daw Aung San Suu Kyi


၉၀ ရလဒ် အသိအမှတ် မပြုခြင်းကို NLD က အမြဲကန့်ကွက်မည်

မကြာခင်က ပြန်လွတ်လာသည့် နိုင်ငံရေး အကျဉ်းသားများကို နှုတ်ဆက်ဂုဏ်ပြု အခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
မကြာခင်က ပြန်လွတ်လာသည့် နိုင်ငံရေး အကျဉ်းသားများကို နှုတ်ဆက်ဂုဏ်ပြု အခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ မေ ၂၇၊ ၂၀၁၁။

၁၉၉၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် သမိုင်းတွင်ခဲ့ပြီး အရေးပါတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုပေးဖို့ ပြောနေတာဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အာဏာတောင်းနေတာ မဟုတ်ဘဲ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တွေကို မလေးစားခဲ့တာကြောင့် ပြောနေရတာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီနေ့ ဗဟန်း ရွှေဂုံတိုင်မှာရှိတဲ့ NLD ပါတီ ရုံးချုပ်မှာ ပြုလုပ်တဲ့ ၁၉၉၀ မေလ ၂၇ ရက် ရွေးကောက်ပွဲ ၂၁ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ အခုလို ပြောလိုက်တာပါ။ ဒါ့အပြင် ဒီရွေးကောက်ပွဲအပေါ် တခြား နိုင်ငံရေး ပါတီတွေရဲ့ သဘောထားတွေကို မသင်းသီရိက စုစည်း တင်ပြပေးထားပါတယ်။
၁၉၈၈ လူထုဆန္ဒကို ဖော်ထုတ်ခဲ့တဲ့ လှုပ်ရှားမှုကြီးကနေ ပေါက်ဖွားလာတဲ့ ၁၉၉၀ ရွေးကောက်ပွဲဟာ ဒီနေ့ဆိုရင် ၂၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပေမဲ့ နိုင်ငံအတွက် သမိုင်းတွင် ကျန်ရစ်တဲ့ အရေးကြီးတဲ့ ရွေးကောက်ပွဲတခု ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားပြီး အသိအမှတ် မပြုခဲ့တဲ့ လုပ်ရပ်တွေ အပေါ်မှာ NLD ပါတီက အခုချိန်ထိ ထောက်ပြ ပြောဆိုနေတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့၊ စကားပြောတဲ့ ဟာတွေထဲမှာ သမိုင်းမှာ ကျန်ရစ်ခဲ့ပြီဆိုတဲ့ အသုံးအနှုန်းကို တချို့က သုံးပါတယ်။ ကျမတို့ရဲ့ ရွေးကောက်ပွဲကို သမိုင်းနဲ့ နှိုင်းယှဉ်ပြီး ပြောရတယ် ဆိုရင်ကို ဒီရွေးကောက်ပွဲဟာ ဘယ်လောက် အရေးပါခဲ့တယ် ဆိုတာကို အသိအမှတ် ပြုတာပဲ။ သမိုင်းနဲ့ကို ချီပြီးတော့ ဒီရွေးကောက်ပွဲက အရေးကြီးခဲ့တယ် ဆိုတာကို ကျမတို့ မမေ့သင့်ပါဘူး။
“ကျမတို့ အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုတာကို အမြဲကန့်ကွက်တယ်။ NLD ကို အာဏာမပေးလို့ မဟုတ်ဘူး၊ ပြည်သူလူထုကို မလေးစားလို့။ ပြည်သူလူထုကို မျှော်လင့်ချက်တွေ ပေးပြီးတော့ ဒီမျှော်လင့်ချက်တွေကို ချေဖျက်လို့။ မလုပ်ကောင်းတဲ့ ကိစ္စဆိုတာ ဒီတိုင်းပြည်ရဲ့ သမိုင်းအတွက် မကောင်းဘူး။ ကျန်ခဲ့တဲ့သမိုင်း မဟုတ်ဘူး၊ နောင်လာမယ့် သမိုင်းအတွက်လည်း မကောင်းဘူး။”
ဒီကနေ့ ဗဟန်း ရွှေဂုံတိုင်မှာရှိတဲ့ NLD ပါတီ ရုံးချုပ်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ နှစ်ပတ်လည် အခမ်းအနားမှာ စာတမ်းဖတ်ပွဲနဲ့အတူ မကြာသေးခင်က ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နှုတ်ဆက်ဂုဏ်ပြုတဲ့ အခမ်းအနားတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲလုပ်တိုင်း ဒီမိုကရေစီ ရှိပြီလို့ မပြောနိုင်သလို ဒီမိုကရေစီဆိုတာ ပြည်သူလူထုကို ဘယ်လောက်လေးစားတဲ့ အစိုးရ ဖြစ်မလဲဆိုတဲ့ စံနှုန်းတွေနဲ့သာ တိုင်းတာဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
“ရွေးကောက်ပွဲရှိတိုင်း ဒီမိုကရေစီရှိတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ မရှိတဲ့ နိုင်ငံတွေမှာလည်း ရွေးကောက်ပွဲတွေဆိုတာ ရှိပါတယ်။ တကယ် နိုင်ငံတနိုင်ငံအတွက် အရေးကြီးတာဟာ ပြည်သူလူထုကို ဘယ်လောက် အလေးထားသလဲ၊ ပြည်သူလူထုရဲ့ ကောင်းကျိုးအတွက် အစိုးရလုပ်တဲ့ သူတွေက ဘယ်လောက် လုပ်ပေးရသလဲ။ လုပ်ပေးနိုင်သလဲ မဟုတ်ဘူး၊ ဘယ်လောက် လုပ်ပေးရသလဲ။ လုပ်ပေးနိုင်ပေမဲ့ မလုပ်ပေးတဲ့သူတွေ ရှိတယ်။ ဘယ်လို အဆောက်အအုံတွေ ရှိလဲ၊ ဘယ်လို စည်းမျဉ်း စည်းကမ်းတွေရှိလဲ၊ ဘယ်လို အထောက်အပံ့တွေရှိလဲ ဆိုတာ အဲဒါ အရေးအကြီးဆုံးပါပဲ။ ဒီနိုင်ငံဟာ တကယ်ပဲ ဒီမိုကရေစီဘက်ကို ဦးတည်နေပြီလား ဆိုတာ ကျမတို့ ကြည့်ရမှာပေါ့။”
ဒီမိုကရေစီဘက်ကို တကယ်ပဲ ဦးတည်နေပြီ ဆိုရင်တော့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးဆုံးပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်။
“တရားဥပဒေ စိုးမိုးရေး မရှိသ၍တော့ ဘယ်လို ကတိတွေပဲပေးပေး၊ ဘယ်လို စကားလှလှတွေပဲ ပြောပြော အဲဒါကတော့ ဘာမှ အရာရောက်မှာ မဟုတ်ပါဘူး။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်နေတာတော့ ကျမတို့ ခံယူချက်ကြောင့် အကျဉ်းကျနေတဲ့ သူတွေပဲ။ ဒီပုဂ္ဂိုလ်တွေကို တရားဥပဒေနဲ့အညီ အကျဉ်းချခဲ့တာလား၊ တရားဥပဒေနဲ့အညီ စစ်ဆေးခဲ့ကြတာလား၊ တရားဥပဒေနဲ့အညီ ဖမ်းဆီးခဲ့တာလား။ အဲတော့ အဲဒီဟာတွေ မရှိခဲ့ဘူးဆိုရင် ဒီတိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး မရှိဘူးဆိုတာ အင်မတန်မှ ရှင်းပါတယ်။”
ဒါ့အပြင် အကျဉ်းထောင်တွေက လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို သူတို့ရဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့ တာဝန်သိမှုတွေအပေါ် ကျေးဇူးတင်ကြောင်းနဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတခုဖြစ်တဲ့ လုပ်ရဲတာ သတ္တိမဟုတ်ဘဲ ခံရဲတာသာ သတ္တိဖြစ်တယ်ဆိုတဲ့ စကားကို လက်ကိုင်ထားကြရင်း မဆုတ်မရွံ့ ဆက်ပြီး လူထုအတွက် ရပ်တည်ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။
မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် မဖော်ဘဲ မနှစ် ၂၀၁၀ က နောက်ထပ် ရွေးကောက်ပွဲတခု ထပ်ကျင်းပခဲ့ပြီး အခုဆိုရင် အရပ်သား အစိုးရကို အာဏာလွှဲပေးလိုက်ပါပြီ။ ဒီလို ဆယ်စုနှစ် ၂ စုနီးပါးကြာမှ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ၂ ခုကို ယှဉ်ကြည့်မယ်ဆိုရင် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ လူထု စိတ်ဝင်စားမှုက ကွာဟ ခြားနားခဲ့ပေမဲ့ ပြောစရာတခု အနေနဲ့ ကျန်ရစ်ခဲ့တာကလွဲရင် ကျန်တာတွေကတော့ အချိန်လွန်နေပြီလို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့က ဦးသုဝေက သုံးသပ်ပါတယ်။
“၁၉၉၀ ခုနှစ် ရွေးကောက်ပွဲက အများကြီး လွတ်လပ်တာပေါ့။ လုပ်ပိုင်ခွင့်တွေ အများကြီးရှိတယ်၊ လူတွေကလည်း တက်တက်ကြွကြွနဲ့ စိတ်ပါဝင်စားစွာ ရှိနေတဲ့ အချိန်ကာလပေါ့။ ၂၀၁၀ ရွေးကောက်ပွဲကျတော့ လူတွေကလည်း ဟိုတုန်းကလို မတက်ကြွတော့ဘူး။ ရွေးကောက်ပွဲရဲ့ လွတ်လပ်မှု၊ တရားမျှတမှု ဆိုတာလည်းပဲ ဟိုတုန်းကလို မရှိဘူးပေါ့။ အဲဒီလို ရွေးကောက်ပွဲ အခြေအနေကတော့ ကွာခြားမှု ရှိပါတယ်။ ဒါပေမဲ့ အချိန်အခါတော့ လွန်သွားပြီ။ လူတွေကလည်း ဒါကတော့ မျှော်လင့်ချက် မရှိတော့ပါဘူး။ ဖြစ်လည်း ဖြစ်လာနိုင်မယ့်ဟာ မဟုတ်တော့ဘူး။”
ပြီးခဲ့တဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲတရပ် ပြုလုပ်ခဲ့တယ် ဆိုပေမဲ့ ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်နဲ့ ပေါ်ပေါက်လာတဲ့ အစိုးရ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD) က ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဆိုပါတယ်။
“ပြည်သူတရပ်လုံး လိုလားတောင့်တမှု မပြည့်စုံတဲ့ ကိစ္စကို ပြောတာ။ အားလုံးကို အာမခံပေးနိုင်တဲ့ အစိုးရ အဖွဲ့အစည်းမျိုး လိုအပ်တယ်။ အားလုံး လက်သင့်ခံနိုင်တဲ့ တရားဥပဒေ တခုကို ရေးဆွဲပေးနိုင်တဲ့ အစိုးရဖြစ်ဖို့ လိုအပ်တယ်။”
ဒီကနေ့ ကျရောက်တဲ့ ၂၁ နှစ်မြောက် ၁၉၉၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထားတွေ ဖြစ်ပါတယ်။

Thursday, 26 May 2011

ပန်းပန်လျက်သာ မဗေဒါ

 ပန်းပန်လျက်သာ မဗေဒါ
မောင်စွမ်းရည်
မေ ၂၆၊ ၂၀၁၁
နှင်းဆီပန်း
စံပယ်ပန်း
ပိတောက်ပန်း
မေတ္တာပန်းတွေကို
လမ်းသွားရင်းလဲပန် ... အိပ်နေရင်းလဲပန်
ဟောပြောရင်းလဲပန် ... ဖြေကြားရင်းလဲပန်
ထောင်အ၀င်လဲပန် ... ထောင်အထွက်လဲပန်
‘‘၀င်ပြန်လဲအခါခါ
ထွက်လာရ အပွဲပွဲ
ခုဗေဒါ တောင်ဝင်ထွက်
ပန်းပန်လျက်ပဲ’’ တဲ့ ..။
လူထုထဲက လူတွေက
သူတို့နှမ ... သူတို့ညီမကို
သူတို့သမီး ... သူတို့မြေးကို
ဘွဲ့ခြီးနွေးထွေး ... အမည်ပေးကြ
‘‘ဗေဒါမ’’ တဲ့ ...။
ပြည်သူ့မေတ္တာ ... ရွှေကြာပန်းကို
ရေနံ့သာဖြန်းတော့ ... ရွှင်လန်းကြည်လင်
စုကို မြင်မယ်။
စုကိုမြင်ရင် ... ပန်းကိုမြင်လို့
ပန်းလိုခင်မယ်...။
စုကိုမုန်းရင်တော့
ပန်းကိုမုန်းမှာပေါ့ ...။
‘‘ယမ်း’’ကြိုက်သူကလဲ၊ ‘‘ပန်း’’ မကြိုက်တတ်ဘူး ...။
‘‘ယမ်းနံ့’’ ရှုသူဟာ ... ‘‘ပန်းနံ့’’ မကြူနိုင်ဘူး ...။
‘‘ယမ်းနံ့’’ နဲ့မွှေးသူက ... ‘‘ပန်းရနံ့’’ မမွှေးနိုင်ဘူး ...။
ယမ်းပန်းစိုက်သူလဲ ... ပန်းမျိုးမစိုက်နိုင်ဘူး ...
ဒီလိုနဲ့ .... ‘‘ပန်းကြိုက်သူ’’ နဲ့
‘‘ပန်းကြောက်သူ’’ ရယ်လို့
လူနှစ်မျိုးကွဲပါလေရောတဲ့ ....။

Wednesday, 25 May 2011

ပြောင်းလဲမှုကိုစတင်နိုင်ရန် လူတဦးတယောက်နှင့်စတင်နိုင်သည်။ (ဒေါ်အောင်ဆန်းစုကြည်)

One


ပြီးခဲ့တဲ့ စနေနေ့ မှာ ကမ္ဘာကျော် U 2 တေးဂီတ အဖွဲ့ ၏ U2 360 Tour လို့ အမည်ရတဲ့ မြောက်အမေရိက ခရီးစဉ်ဖြေဖျော်ပွဲကို Denver (ဒန်ဘာ)မြို့ Colorado ပြည်နယ် မှာ စတင်ခဲ့ ပါတယ်။

Bono က "One" သချင်း မဖြေဖျော်ခင်လေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  စိတ်ဝင်စားဖွယ် စကားလက်ဆောင်တိုလေးနှင့် အစပြု ဖြေဖျော်ခဲ့ပါတယ်။

စကားလက်ဆောင်တိုလေးက မေလ ၂၈ရက်တွင်ကျရောက်မည့် ၅၀ကြိမ်မြောက် Amnesty International နေ့ ကို ဂုဏ်ပြုခါ အဆုံးလေးမှာတော့ “to bring about change, it starts with just one person” ( ပြောင်းလဲမှုကိုစတင်နိုင်ရန် လူတဦးတယောက်နှင့်စတင်နိုင်သည်။ ) ဟူသော စကားလေးဖြင့် အဆုံသတ်ထားတာကို တွေ့မြင်ရပါလိမ့်မယ်။

မြန်မာ-တရုတ် နိုင်ငံရေး ကစားကွက်များ

မြန်မာ-တရုတ် နိုင်ငံရေး ကစားကွက်များ

သမ္မတ အသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် သမ္မတ ဖြစ်ပြီး ပထမဦးဆုံး နိုင်ငံတော် အလည်အပတ် ခရီးအနေဖြင့် တရုတ် နိုင်ငံသို့ မကြာခင် သွားရောက် လည်ပတ်လိမ့်မည်ဟု သိရှိရ၍ အတိတ် ပစ္စုပ္ပန် ရရှိထားသော သတင်းများအပေါ် အခြေခံ၍ အနာဂတ် ဖြစ်လာနိုင်သော အခြေအနေများကို မိမိ၏ ထောက်လှမ်းရေး အတွေ့အကြုံများအရ ထောက်လှမ်းရေး မှန်းခြေ အစီရင်ခံစာ တစောင် ရေးသားတင်ပြအပ်ပါသည်။

ChineseMyanmarmilitaryleadersholdtalksinNayPyiTaw
မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟို စစ်ကော်မရှင် ဒု ဥက္ကဌ General Xu Caihou ကို ပြီး ခဲ့သည့် မေလ ၁၂ ရက်က နေပြည်တော် လေဆိပ်၌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကြိုဆို နှုတ်ဆက်စဉ် (ဓာတ်ပုံ - Xinhua)
အတိတ်ကာလ မြန်မာအစိုးရ အဆက်ဆက်သည် ကီလိုမီတာ ၂၂၀၀ ခန့်(မိုင်ပေါင်း ၁၃၆၆.၂ မိုင်ခန့်) ကုန်းမြေခြင်း နယ်နိမိတ် ထိစပ်လျက်ရှိသော တရုတ်နိုင်ငံ ကို အထူးသတိပြု ဆက်ဆံခဲ့ရပါသည်။ သမိုင်းကြောင်းအရ ပုဂံခေတ် ပထမ မြန်မာနိုင်ငံ ကို နရသီဟပတေ့မင်း လက်ထက် တရုတ် တို့ ၀င်ရောက်ဖျက်ဆီးခဲ့သဖြင့် တိုင်းပြည်ပျက်ခဲ့ရသည်။

ဝန်ကြီးချုပ် ဦးနု လက်ထက် တရုတ်ဖြူတပ်များ ကျူးကျော်မှုခံခဲ့ရပြီး နယ်စပ်မြို့ သုံးမြို့ကို တရုတ်နိုင်ငံသို့ လွှဲပေးခဲ့ရသည်။ ဦးနေ၀င်း လက်ထက် တရုတ်-မြန်မာ အရေးခင်းဖြစ်ခဲ့ပြီးနောက် နယ်စပ်ဒေသ တလျှောက် ကိုးကန့် ၊ ၀ ၊ အခါ၊ ရှမ်း၊ ကချင် ဒေသ များတွင် ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ)ကို ကျောထောက်နောက်ခံပြူ၍ တရုတ်စစ်တပ်နှင့် ထောက်လှမ်းရေးများ ၀င်ရောက်နေ ရာ ယူခဲ့ကြသည်။ ယနေ့အထိ အဆိုပါပြဿနာ မပြီးဆုံးသေးသည်ကို တွေ့ရပါမည်။

၁၉၈၈ ခုနှစ် အရေးခင်းကာလအတွင်း တရုတ်-မြန်မာ နယ်စပ်ဒေသအခြေအနေမှာ အတော်အတန် တင်းမာခဲ့ဖူးပါသည်။ ထိုစဉ်က တရုတ်နှင့် မဆလ အစိုးရ အခြေအနေမှာ ကောင်းမွန်သည့် ဆက်ဆံရေးမရှိပါ။ တရုတ်တို့အနေဖြင့် တရုတ်စစ်တပ် တပ်မ ၂ ခု ကို နယ်စပ်တလျှောက်ဖြန့်ချထားပြီး မြန်မာနိုင်ငံအတွင်းပိုင်း မန္တလေးမြို့ထိသိမ်းပိုက်နိုင်ရေး အစီအမံများဆွဲထားခဲ့ကြောင်း သိရှိခဲ့ရပါသည်။ တရုတ်တို့သည် အမေရိကန်လေယာဉ်တင်သင်္ဘော မြန်မာပိုင် ရေ နယ်နိမိတ် အတွင်းသို့ ရောက်လာသည်ကို အကြောင်းပြ ၍ အထက်မြန်မာနိုင်ငံသိမ်းပိုက်ရေး အကြံအစည်များ ဆောင်ရွက်ခဲ့ပါသည်။

အမေရိကန် နိုင်ငံ၏ အခြေအနေကိုကြည့်ပြီးနောက် ပထမ အစီစဉ်ကိုဖျက်၍ ဗကပ စစ်တပ်များကို ထောက်ပံ့ပေးပြီး သံလွင်မြစ် အရှေ့ခြမ်း သိမ်းပိုက်ရေး စစ်ဆင်ရေးတခုကို အပြင်းအထန် ဆင်နွှဲခဲ့ပါသည်။ အဆိုပါ မိုင်းယန်းစစ်ဆင်ရေးတွင် ဗကပ တို့ ရှုံးနိမ့်ခဲ့ပြီးနောက် တရုတ်တို့သည် မြန်မာနိုင်ငံအပေါ် နည်းဗျူဟာတခု ပြောင်းလဲကျင့်သုံးလာခဲ့ပါသည်။ ပထမဦးဆုံး နယ်စပ်တိုင်းရင်းသား များအပေါ် ဗကပ ၏ ခေါင်းဆောင်မှုကိုရုပ်သိမ်းပြီး တိုင်းရင်းသားများကို ခွဲထွက်ခွင့်ပြုခဲ့ပါသည်။ တရုတ် ထောက်လှမ်းရေးနှင့် မြန်မာ ထောက်လှမ်းရေး အောက်ခြေအဆင့် အဆက်အသွယ်များပြုလုပ်ပြီး ထိတွေ့ဆက်ဆံလာခဲ့ကြပါသည်။

တရုတ်တို့၏ အကြံပြုချက်အရ လက်နက်ကိုင် ငြိမ်းချမ်းရေးပြုလုပ်ရေး ပေါ်လစီကို ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်က ၁၉၈၉ ခု နှစ်တွင် ကိုးကန့်လူမျိုး အကျိုးဆောင် ဘိန်းဘုရင် လော်စစ်ဟန် မှတဆင့် လာရှိုးမြို့ရှိ အမှတ် ၉ ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးသန်းအေး ကို ဆက်သွယ်လာခဲ့ပါသည်။ ယင်းသို့ကမ်းလှမ်းလာချက်အပေါ် ထိုအချိန် န၀တ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင် နှင့် ဗိုလ်မှူးချုပ်ခင်ညွန့် တို့မှ ဦးနေ၀င်း၏သဘောတူညီချက်ဖြင့် ကိုးကန့်အဖွဲ့၏ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါသည်။ ကိုးကန့်ပြီး နောက် တရုတ်နယ်စပ် တိုင်းရင်းသား လက်နက်ကိုင်အသီးသီး န၀တ နှင့် သဘောတူညီချက်များ ရယူခဲ့ကြပါသည်။ ထိုစဉ်က သဘောတူညီချက်များအပေါ် ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး တို့အနေဖြင့် သဘောမကျလှသော်လည်း မကန့်ကွက်ဝံ့ကြပါ။

ဗိုလ်ချုပ်သန်းရွှေ အာဏာရလာချိန်တွင် တရုတ်ကို ချစ်လို့ပေါင်းနေတာမဟုတ်ဘူး။ မလွှဲသာလို့ပေါင်းနေတာဆိုပြီး ကျွေးကြော်ခဲ့ဖူး သည်။ တရုတ်နယ်စပ်ရှိ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်များကို တခါမျှလက်ဆွဲ မနှုတ်ဆက်ခဲ့ဘူးချေ။ တချိန်ချိန် ပြန်တိုက်ရမည့် သူများ ဟု လေးလပတ် စစ်ဆင်ရေးများ၌ တိုင်းမှူး တပ်မမှူး များကို ညွှန်ကြားလေ့ရှိပါသည်။

၁၉၉၄ ခုနှစ်ခန့်က လာရှိုးမြို့ စစ်ဆေးရေးဂိတ်တွင် အမှတ်မထင် တရုတ်လူမျိုးတယောက်ကို သူလျှိုများသုံးသည့် ဆက်သွယ်ရေး စက်များနှင့်အတူ ဖမ်းမိလိုက်သည်။ စစ်ကြောမေးမြန်းရာ တရုတ်ပြည်မကြီး ကို သူလျှိုလုပ်နေသည့် တရုတ်ဖြူထောက်လှမ်းရေး (ထိုင်ဝမ်ထောက်လှမ်းရေး) ဖြစ်နေသည်။ သူလျှို ပိုက်ကွန်ကို ဖော်ထုတ်ဖမ်းဆီးလိုက်ရာ ဗိုလ်မှူးကြီးအဆင့်ရှိ ခေါင်းဆောင် မြန်မာ အမည် ၀င်းနိုင် ကို ရန်ကုန် ၈ မိုင် ၌ ဖမ်းဆီးရမိခဲ့သည်။ မန္တလေး၊ မေမြို့၊ လားရှိုး၊ ကွပ်ခိုင်၊ မူဆယ် မြို့များတွင်ရှိသည့် သူလျှိုအဖွဲ့ဝင်များ အပါအ၀င် စုစုပေါင်း ၉ ဦးကိုဖမ်းဆီးမိခဲ့သည်။ မြန်မာနိုင်ငံကို သူတို့ သူလျှိုလုပ်ငန်းမလုပ်ဘူး။ တရုတ်နိုင်ငံ ယူနန်ပြည် နယ်ကို ပစ်မှတ်ထားပြီး သတင်းရယူကာ ထိုင်ဝမ်ကိုပို့ပေးရကြောင်း သိခဲ့ရပါသည်။

အခြေအနေအကြောင်းစုံကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံတင်ပြရာတွင်“ဒီ ထိုင်ဝမ်ကောင်တွေ ငါတို့မှ ဒုက္ခပေးတာမှမဟုတ်တာ၊ ပြန် လွှတ်ပေးပြီး သူတို့ရတဲ့ တရုတ်ပြည်မကြီး သတင်းတွေ ငါတို့ကိုလဲပေးခိုင်း”ဟု မှတ်ချက်ပြုခဲ့ပါသည်။ ထိုကာလက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ စစ်ဦးစီး ဗိုလ်မှူးကြီးသည် ယခု သမ္မတကြီး ဦးသိန်းစိန် ဖြစ်ပါသည်။

တရုတ်တို့အနေဖြင့်လည်း တရုတ်သံအမတ်ကြီးကိုစေလွှတ်ပြီး ၁၉၉၀ပြည့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပထမဦးဆုံး အသိအမှတ်ပြုခဲ့သူဖြစ်ပါသည်။ သို့သော် နောက်ပိုင်းတွင် စီးပွားရေးကို ဦးစားပေးပြီး တရုတ်နိုင်ငံ၏ တပတ်ရစ် လေ ယာဉ်၊ တင့်ကား၊ အမြောက်၊ လက်နက်ကြီး လက်နက်ငယ် စုစုပေါင်း အမေရိကန်ဒေါ်လာ၂ ဘီလျံ ဖိုး ဗိုလ်ချုပ်မှူးကြီးစောမောင် ကို ရောင်းပြီး အမြတ်ထုတ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင် အနေဖြင့်လည်း ကုလသမဂ္ဂ အမြဲတမ်း လုံခြုံရေးကောင်စီအဖွဲ့ဝင် တရုတ် နိုင်ငံ ၏ ထောက်ခံမှုရရေး တိုင်းပြည် နိုင်ငံခြားဝင်ငွေမရှိချိန် ထိုစစ်ပစ္စည်းများကို ၀ယ်ခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တွင် တရုတ်က အကြွေးပြန်တောင်းရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဗိုလ်ချုပ်မှူးကြီးစောမောင်ကို အစုတ်တွေဝယ်ရပါ့မလားဆိုပြီး အပြစ်တင်ခဲ့သေးသည်။ ထိုအချိန်က ဓာတ်ငွေ့မထွက်သေး၍ ငွေကိုချက်ချင်းမဆပ်နိုင်သော ကြောင့် တရုတ်၏ ငြိုငြင်မှုကိုခံရသေးသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီ ယူနိုကယ်လ်နှင့် ပြင်သစ်ကုမ္ပဏီ တိုတယ်လ်တို့က တူး၍ သဘာဝ ဓာတ်ငွေ့များထွက်လာသည့် အချိန်မှ နအဖ ကိုပြန်မျက်နှာချိုသွေးလာသည်။ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်တွင် ဓာတ်ငွေ့မှ မြန်မာအစိုးရ နိုင်ငံခြား ၀င်ငွေ ရလာမှန်းသိသောအခါမှာ ရေအား လျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများတွင် စတင်ရင်းနှီးမြုပ်နှံမှုများ လုပ်လာသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကုန်ပစ္စည်းများကို သင်္ဘောနှင့် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ရေးအတွက် ဧရာဝတီမြစ်တွင်းမှဖြတ်သန်းခွင့် ပေး ရန် တောင်းဆိုလာခဲ့သည်။ ဗန်းမော်မြို့၌ သင်္ဘောများကပ်ရန် ရေနက်ဆိပ်ကမ်း ဆောက်ပေးမည်၊ ဗန်းမော် နှင့် တရုတ်နယ်စပ်ကို ကားလမ်းဖောက်ပေးမည်၊ ဧရာဝတီမြစ် ကို မဲခေါင်မြစ် ကဲ့သို့ ရေလမ်းကြောင်းရှင်းပေးမည်၊ ဧရာဝတီမြစ် ကို တရုတ်ကုန်သင်္ဘော များ ဖြတ်သန်းသည့်အခါ တရုတ်နိုင်ငံအလံထူမည်၊ မြန်မာဘက်က မစစ်ဆေးရ စသည့် သဘောတူညီချက်များကို အဆိုပြုခဲ့သည်။ ထိုအချက်များကို ပထမပိုင်း၌ နအဖ ဘက်က သဘောတူကြောင်းပြန်ကြားခဲ့ပါသည်။

၂၀၀၁ ခုနှစ် တရုတ် သမ္မတကြီး ကျန်စီမင်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာသည့်အချိန် ဧရာဝတီမြစ်အတွင်းဖြတ်သန်းခွင့် ကိစ္စ လက်မှတ်ထိုးခါနီးမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ကပ်ပြီး သဘောမတူ၍ တရုတ် သမ္မတကြီး ကျန်စီမင်း တော်တော်ဒေါသဖြစ် သွားခဲ့ဖူးသည်။ ထို့နောက် တရုတ်နှင့် ခပ်တန်းတန်းဖြစ်သည့်အချိန် ဗိုလ်ချုပ်သန်းရွှေသည် နိုင်ငံရေး ကစားကွက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တည်ချက်လုပ်၍ အမေရိကန်သမ္မတ ဘုရှ် ကို အဆင်ပြေရန် Lobby Team (ဆက်သွယ်ညှိနှိုင်းရေးအဖွဲ့) ငှားခဲ့သည်။

၂၀၀၂ ခုနှစ် မေလ ၌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့သည်။ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း အပြီး အမေရိကန်နှင့် ဥရောပ နိုင်ငံများ၏ အပြင်းအထန်ဖိအားပေး၍ တရုတ် ဘက်ကိုပြန်ကပ်ခဲ့ပြန်သည်။ စွမ်းအင်၊ သတ္တု၊ ဆည်မြောင်း အစရှိသည့် လုပ်ငန်းကြီးများစွာကို တရုတ်ကိုပေးလိုက်ရသည်။

ရခိုင်ကမ်းလွန်ကထွက်သည့် သဘာဝဓာတ်ငွေ့ ကို အိန္ဒိယကို မပေးဘဲ တရုတ်ကိုဝယ်ယူခွင့် ပြုလိုက်ရသည်။ ၂၀၀၄ ခု ဗိုလ်ချုပ် ခင်ညွန့် ပြုတ်တော့ နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်များ အရေး တရုတ်ဘက်က ရတက်မအေးဖြစ်နေ၍ ဗိုလ်ချုပ်ရွှေမန်း အပြေးသွားပြီး ပြဿနာမရှိကြောင်း ရှင်းပြခဲ့ရသည်။ နောက်ပိုင်းတွင် တရုတ်အနေဖြင့် နအဖ ကို အပေါ်စီးရခဲ့သည်။

အမေရိကန်နှင့် ဥရောပ နိုင်ငံများ၏ ပစ်ဒဏ်ခတ်မှုများ ပြင်းထန်လာသည့်အတွက်ကြောင့်လည်း နအဖ သည် အောက်စည်းကနေ တရုတ် နိုင်ငံကို မလှန်ရဲအောင် အနိုင်ကျင့်ခံခဲ့ရသည်။ ၂၀၀၇ ခုနှစ် သံဃာအရေးခင်း ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း နောက်ပိုင်း နအဖ သည် ကမ္ဘာ၏ ငပွကြီး ဘွဲ့ကိုခံယူခဲ့၍ တရုတ်လည်း မြန်မာကြောင့် နာမည်ပျက်ခဲ့ရသည်။

၂၀၀၈ ခုနှစ်ကုန်ပိုင်း၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရန်ကျဲချိ ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို လာရောက်တွေ့ဆုံပြီး ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ၏ ကြေညာချက်ကိုလိုက်နာရန် ပြောခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ထိုသို့ ပြောရပါမလားဆိုပြီး ဒေါသဖြစ်၍ အစည်းဝေးခန်းမထဲ၌ ပွဲနည်းနည်းဆူသွားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြန်သွားပြီး သိပ်မကြာခင် တရုတ်နှင့် ရေနံ သဘာဝဓာတ်ငွေ့ သွယ်မည့် ပိုက်လိုင်းကို ကျောက်ဖြူ အစား စစ်တွေ က သွယ်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ပြောင်းခြင်သည် ဆိုသည့်အသံ တရုတ်ကိုပေးလိုက်ရာ ချက်ချင်းဆိုသကဲ့သို့ တရုတ်ထိပ်ပိုင်း ခေါင်းဆောင်များ မြန်မာနိုင်ငံ ရောက် လာပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို မေတ္တာရပ်ခံခဲ့ကြရသည်။ တရုတ်လည်း ထို့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန်၊ တွေ့ဆုံဆွေးနွေးရေး လုပ်ရန် မတိုက်တွန်းတော့ပါ။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ၀န်းကျင်၌ ဗိုလ်ချုပ်ရွှေမန်း ကို ဖွဲ့စည်းပုံနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ထောက်ခံမှုရရန် စေလွှတ်ခဲ့သည်။ တရုတ်က ဗိုလ်ချုပ်ရွှေမန်းကို နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင်များအရေးနှင့် ပတ်သက်၍ အကြမ်းဖက်သည့်နည်းဖြင့် မဖြေရှင်းရန် ပြောလိုက်ကြောင်း သိရသည်။ ထိုအချိန်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ရန်ဖိအားပေးနေချိန်ဖြစ်သည်။ ထိုကိစ္စကို ငြိမ်းချမ်းရေးအဖွဲ့များကငြင်းပယ်ခဲ့၍ ၂၀၀၉ ခု နှစ်လယ် ပိုင်း၌ ဖုန်ကြားရှင် ခေါင်းဆောင်သော ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ ကို နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆိုခဲ့သည့်အတွက် စစ်တပ် က ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်သောကြောင့် ထိုဒေသရှိတရုတ်လူမျိုးများ ဒုက္ခရောက်ကြသကဲ့သို့ မြန်မာဘက်က ဒုက္ခသည် ထောင် ပေါင်းများစွာ တရုတ်ဘက် ထွက်ပြေးခဲ့ကြရသည်။

ကိုးကန့် အရေးခင်းဖြစ်ခဲ့သည့်အပေါ် မေတ္တာရပ်ခံထားသည့်ကြားက နအဖ က တိုက်ခိုက်သည့်အတွက် တရုတ်တို့အနေဖြင့် လွန် စွာ စိတ်ဆိုးခဲ့ပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် ဗိုလ်ချုပ်ရွှေမန်း ကို ချက်ချင်းစေလွှတ်ပြီး တရုတ်ခေါင်းဆောင် များ ထံ သွားရောက်ရှင်းပြခဲ့ရသည်။ သို့သော် တရုတ်ခေါင်းဆောင်များက မကျေနပ်မှုမရှိချေ။ ဗိုလ်ချုပ်ရွှေမန်း ရှင်းပြသည်ကိုလက်မခံ ဘဲ တာဝန်ပိုကြီးသည့်ပုဂ္ဂိုလ် ကို လွှတ်လိုက်ဆို၍ ချက်ချင်းဆိုသကဲ့သို့ ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး နှင့် အဖွဲ့ တရုတ်နိုင်ငံကိုသွားရောက် ခဲ့ရသည်။ ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး ကိုးကန့်ကိစ္စ တရုတ်ခေါင်းဆောင်များကို ရှင်းပြပြီးသည့်အခါ တရုတ်တို့ဘက် က တောင်းဆိုသည့် ကျောက်ဖြူ ရေနံပိုက်လိုင်းစီမံကိန်း ၊ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပါအ၀င် စီမံကိန်း ၆ ခုခန့်ကို ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးက သဘောတူညီချက် စာချွန်လွှာ လက်မှတ်ရေးထိုးပေးခဲ့ရပါသည်။ နောက်ပိုင်း၌ တရုတ် က မြန်မာကို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ နှင့် ပတ်သက်ပြီး နိုင်ငံတကာကို ထောက်ခံရန် ပြန်ပြောပေးခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲ နှင့် အစိုးရအသစ် ဆိုသည့် စစ်ခေါင်းဆောင်ဟောင်းများကို ထောက်ခံကြောင်း ပြသသောအနေဖြင့် မြန်မာနိုင်ငံကို တရုတ် နိုင်ငံရေးခေါင်းဆောင် နှင့် စစ်ရေးခေါင်းဆောင်၂ ဦး မကြာသေးမီကလည်း လာရောက်လည်ပတ်သွားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် လာရောက်လည်ပတ်သွားသည့် တရုတ်နိုင်ငံခေါင်းဆောင်များ ပြန်သွားပြီးနောက် နေပြည်တော်ကထွက်လာ သည့် သတင်းများမှာ နိုင်ငံရေး အပိုင်းအနေနှင့် အစိုးရသစ်ကိုအပြည့်အ၀ထောက်ခံကြောင်းကိုသာ တွင်တွင်ပြောခဲ့ကြောင်း၊ အားလုံးပါဝင်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ကိစ္စ စကားတောင်မဟသွားကြောင်း၊ နယ်စပ်ရှိ ငြိမ်းချမ်းရေးအဖွဲ့များကိစ္စ ပြန်လည်ဆွေးနွေးဖြေရှင်းရန် မေတ္တာရပ်ခံသွားကြောင်း သိရပါသည်။

စစ်ရေးနှင့် ပတ်သက်၍လည်း နယ်စပ်ဒေသရှိ တရုတ် မြန်မာ စစ်တပ် အချင်းချင်း ပုံမှန်တွေ့ဆုံပြီး နားလည်မှု ရင်းနှီးမှု ဖြင့် ပြဿနာဖြေရှင်းရန်၊ စစ်တပ်အချင်းချင်းဆက်ဆံရေး၊ စစ်သင်တန်းများ အပြန်အလှန် တက်ရောက်ရေး၊ စစ်လက်နက်များဝယ်ယူရေး စ သည့်အကြောင်းအရာများအပြင် စီးပွားရေးနှင့်ပတ်သက်၍လည်း ရေနံပိုက်လိုင်း၊ ရေအားလျှပ်စစ်၊ ရေနက်ဆိပ်ကမ်း ကိစ္စများအပါအ၀င် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်ပြီး အသေးစိပ် မေးမြန်းဆွေးနွေးသွားကြောင်း ကြားရသည်။

အတိတ် ၊ ပစ္စုပ္ပန် အခြေအနေများကို လေ့လာပြီးသုံးသပ် ခန့်မှန်းခြေရေးစွဲကြည့်ပါက မြန်မာပြည်သူများအတွက် အင်မတန်မှရင်လေးစရာကောင်းသကဲ့သို့ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် တရုတ်သည် အထူးစိုးရိမ်ဖွယ် အန္တရာယ်ကြီးသည့် နိုင်ငံဟု သုံးသပ်ရပါသည်။

Burmese_President_Thein_Sein_and_Xu_Caihou
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟို စစ်ကော်မရှင် ဒု ဥက္ကဌ General Xu Caihou နှင့် သမ္မတ ဦးသိန်းစိန် မေလ ၁၃ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ် (ဓာတ်ပုံ - Xinhua)
မြန်မာ စစ်အာဏာရှင် ခေါင်းဆောင်များ တရုတ်ကဲ့သို့ နိုင်ငံကြီးကို အမေရိကန် ၊ အိန္ဒိယ နိုင်ငံများ ကြား၌ ကို့ယ်ကိုယ်ကိုယ်လျင် လှပြီဆိုပြီး နိုင်ငံရေးကစားခဲ့ရာက ယခုအချိန်တွင် တရုတ်ကပြုသမျှနုရတော့မည့်ကိန်း ဆိုက်နေရပါပြီ။ မြန်မာ စစ်အာဏာရှင်များ နိုင်ငံရေးကစားမှု နောက်ဆုံးအခြေအနေမှာ ၎င်းတို့၏သိက္ခာ လုံးဝမရှိတော့သည့်အပြင် တရုတ် အပါအ၀င် နိုင်ငံအားလုံးက လက် ရှိ မြန်မာ စစ်အာဏာရှင် ခေါင်းဆောင်များကို အယုံအကြည်မရှိကြဘဲ လူလိမ်လူညာများဟု သမုတ်ခြင်းခံနေရပါပြီ။ တရုတ်သည် လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍများစွာကို ကိုင်ထားနိုင်သည့် အနေထားရောက်နေပါပြီ။

လူမျိုးရေး၊ စာပေ၊ ယဉ်ကျေးမှုများလည်း မြန်မာနိုင်ငံနေရာများစွာ၌ လွှမ်းမိုးနေပြီဖြစ်ပါသည်။ ဤအခြေအနေမျိုးဖြစ်နေခြင်းကို လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အပါအ၀င် စစ်တပ်ခေါင်းဆောင်များက မနှစ်မြို့ကြပါ။ သူတို့အနေဖြင့်လည်း ရှေ့က ဗိုလ်ချုပ်ကြီးများ မည်သို့လုပ်ခဲ့ကြသည်ကို ဂဃနဏ မသိကြပါ။ ထို့ကြောင့် အမှန်အမှားဘာလဲ ဆိုသည်ကိုမသိဘဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ ပြောသမျှ လိုက်လုပ်နေရသည့် အခြေအနေဖြစ်နေသည်။ လက်ရှိ အာဏာရစစ်ခေါင်းဆောင်များ အနေနှင့် ထို လမ်းကြောင်းအတိုင်း ဆက်လျှောက်ကြမည်ဆိုပါက လူအများ ထင်ကြေးပေးနေသကဲ့သို့ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အစိတ် အပိုင်း တခုဖြစ်လာမည်။ တရုတ်တို့၏ ကိုလိုနီကျွန်နိုင်ငံဖြစ်လာမည်။ သို့မဟုတ် မြန်မာပြည်သူလူထု၏ မကျေနပ်မှုများ ကြီးထွားလာပြီး တရုတ်ဆန့်ကျင်မှုများ ဖြစ်ပေါ်ကာ တရုတ် မြန်မာအရေးခင်းများ ဖြစ်လာပါလိမ့်မည်။ ထို့နောက် ပြည်သူလူထုအုံကြွမှုများ ဖြစ်လာပြီး စစ်ခေါင်းဆောင်များနှင့် မိသားစု ဆွေမျိုးသားချင်းများသည် ပြည်သူ၏ ဒဏ်ခတ်မှုနှင့် ကြုံတွေ့ရလိမ့်မည်ဟု သုံးသပ် တင်ပြ အပ်ပါသည်။

ထို့ကြောင့် အမှန်တကယ် မြန်မာနိုင်ငံကြီးစည်ပင်သာယာဝပြောပြီး အေးချမ်းစွာနှင့်ဖြစ်စေချင်သည်ဆိုပါက အားလုံးကိုအသစ်မှပြန် စ လုပ်ရပါလိမ့်မည်။ ပြည်တွင်းပြည်ပလူငယ်များကို ဦးဆောင်မှုနေရာ ပေးရပါလိမ့်မည်။ မကောင်းမှု၊ မတရားမှု လုပ်ခဲ့သူများကို လည်း အရေးယူသင့်သလောက်ယူ ခွင့်လွှတ်သင့်သလောက်ခွင့်လွှတ်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည့် စကားလုံး ကို အပြောမဟုတ် အလုပ်နှင့်သက်သေပြရန် လိုပါမည်။ မြန်မာနိုင်ငံသားများ အချုပ်အနှောင်ဘ၀ကလွတ်မြောက်ရန် လက်ရှိစစ်ခေါင်း ဆောင်များ အပါအ၀င် ပြည်တွင်းပြည်ပ မြန်မာများ အားလုံးတွင် တာဝန်ရှိပါသည်။   ။

ဆောင်းပါးရှင် အောင်လင်းထွဋ်သည် ဗိုလ်မှူးဟောင်းတဦးဖြစ်ပြီး တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။0

Tuesday, 24 May 2011







မြန်မာနိုင်ငံဘယ်ကိုသွားမလဲ

Posted: 24 May 2011 02:42 AM PDT

၁၆- ၅- ၂၀၁၁ ရက်နေ့ ညပိုင်းက မြန်မာ့အသံ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားသတင်းက ထုတ်လွှင့်သွားတဲ့
သမ္မတသစ်ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာချက်ကတော့ သာမန်မြန်မာပြည်သူများနဲ့ မြန်မာ
နိုင်ငံရဲ့ နိုင်ငံရေးအဖွဲ့ အစည်းများ၊ ကုလသမဂ္ဂအပါအ၀င် မြန်မာ့ဒီမိုကရေစီဖြစ်ထွန်းရေးကို လိုလားကြတဲ့
ကမ္ဘာ့ နိုင်ငံများအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရတဲ့သတင်းဘဲဖြစ်ပါတယ်။

အစိုးရသစ်စတင်ဖွဲ့ စည်းတဲ့နေ့ က ပြောကြားခဲ့တဲ့ သမ္မတရဲ့ ပထမဆုံးမိန့် ခွန်းပါ အချက်အလက်များအပေါ်ထားတဲ့ မျှော်လင့်ချက်များကိုလည်း မှေးမှိန်သွားစေသလိုပါဘဲ။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အာဆီယံအဖွဲ့ ဝင်နိုင်ငံများ၊ မြန်မာ့နိုင်ငံရေးပါတီများက ဦးစားပေး တိုက်တွန်း ပြောဆိုနေတဲ့ အဓိကအချက်က ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော် လွှတ်ပေးရေးဆိုတဲ့ ကိစ္စဘဲဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းဟာ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းကို စတင်ဖော်ဆောင်ခြင်း
ပြယုဂ်အဖြစ်လည်းကောင်း၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနဲ့ အဆင်ပြေနိုင်တဲ့လမ်းစကို စတင်နိုင်ခြင်း
အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံအပေါ်အရေးယူထားတဲ့ စီးပွားရေးပိတ်ဆို့ မှုများကို ရုတ်သိမ်းရေးအတွက်
လည်းကောင်း ဆက်စပ်ပက်သက်နေလို့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူများအတွက် အရေးကြီးလှပါတယ်။

မြန်မာနိုင်ငံဟာ LDC လို့ ခေါ်တဲ့ ဖွံ့ ဖြိုးမှုနိမ့်ကျတဲ့ ၄၈နိုင်ငံများထဲမှာ ပါဝင်နေပေမယ့် မြန်မာနိုင်ငံရဲ့ 
လူ့ အခွင့်အရေးအခြေအနေဖိနှိပ်မှုများနဲ့ မြန်မာနိုင်ငံအစိုးရများရဲ့ ဆောင်ရွက်မှုများကို နိုင်ငံတကာအဖွဲ့ အစည်းအသိုင်းအ၀ိုင်းက မနှစ်သက်ကြလို့  LDC နိုင်ငံများရရှိတဲ့ ကူညီထောက်ပံ့မှုများကို န.အ.ဖ. သက်တမ်းတလျှောက် နှစ်၂၀ ခန့် နဲ့ ယနေ့ ထက်ထိ မရရှိသေးပါဘူး။ ဒီတစ်နှစ်စာအတွက် ရရှိမယ့် အကူအညီဟာလက်ရှိမြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ တစ်နှစ်ရောင်းချရငွေပမာဏလောက်ရှိပါတယ်။ အိမ်နီးချင်းလာအိုနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ မှာ တစ်နှစ်အတွက် လူတစ်ဦးစီကို အမေရိကန် ၄၅ ဒေါ်လာမှ ၅၅ ဒေါ်လာကြား နိုင်ငံ့လူဦးရေအားလုံးအတွက် ထောက်ပံ့ကူညီမှုရရှိပါတယ်။

ဒီ ထောက်ပံ့ငွေပမာဏဟာ မြန်မာနိုင်ငံရဲ့ နိမ့်ကျနေတဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အသုံးစရိတ် တွေအတွက် သုံးစွဲနိုင်ရင် ပြည်သူများအတွက် အထိုက်အလျှောက် အဆင်ပြေနိုင်တဲ့ပမာဏဘဲ ဖြစ်ပါတယ်။
ယခုရက်ပိုင်းအတွင်းမှာဆွေးနွေးနေတဲ့ ကျေးလက်ဒေသဖွံ့ ဖြိုးရေးနဲ့ ဆင်းရဲနိမ့်ကျမှုလျော့ပါးရေးလုပ်ငန်းများ
အတွက် အမှန်တကယ်လက်တွေ့ ကျတဲ့ဆောင်ရွက်မှုတွေကို ထိရောက်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂနိုင်ငံများထဲက ဂျာမဏီနဲ့ ပြင်သစ်တို့ အပါအ၀င် နိုင်ငံတချို့ ဟာလည်း မြန်မာနိုင်ငံကို ထိတွေ့ ဆက်သွယ်ကုန်သွယ်မှုမလုပ်နိုင်ရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ လက်ဝါးကြီးအုပ်ကြီးစိုးမှုအောက် ရောက်ရှိမှာကို တွေ့ မြင်နေလို့  ထိတွေ့ ဆက်ဆံကုန်သွယ်လိုပေမယ့် သူတို့ လုံးဝလက်မခံနိုင်တဲ့ အဓိကအချက်ဟာနိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ကို ဖမ်းဆီးထားတဲ့ကိစ္စပါဘဲ။
အရင်က တရုတ်တစ်နိုင်ငံထဲကိုသာ မှီခိုအားထားခဲ့တဲ့ ဗီယက်နမ်နိုင်ငံဟာ အခုတော့ သူတို့ နည်းသူတို့ ဟန်နဲ့ တရုတ်သြဇာခံအဖြစ်မှ ခွာထွက်လာနေပါပြီ။ ဗီယက်နမ်ဟာ သူ့ ရဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးကို ကောင်းမွန်အောင်မြှင့်တင်ပြီး အမေရိကန်အပါအ၀င် ဥရောပသမဂ္ဂ၊ အာဆီယံတို့ နဲ့ ပူးပေါင်းပြီး ရင်းနှီးမြုပ်နှံမှုနဲ့ ကုန်သွယ်စီးပွားရေးကို တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ပြီး တရုတ်တစ်နိုင်ငံထဲရဲ့  သြဇာခံဘ၀ကနေ ရုန်းထွက်နေပါပြီ။
မြန်မာနိုင်ငံမှာတော့ အရင် န.အ.ဖ. ခေါင်းဆောင်များဟာ သူတို့ အစိုးရရပ်တည်နိုင်ရေးအတွက် တရုတ်နိုင်ငံကိုသာ အဓိကအားကိုးလာရာက တဖြည်းဖြည်းနဲ့ အခုအခါမှာဆိုရင် တရုတ်ရဲ့ သြဇာကို မဖယ်ရှား မလွန်ဆန်နိုင်တဲ့အခြေအနေဖြစ်လာနေတာ၊ "၀" ဒေသမှာဆိုရင် သိသိသာသာဖြစ်လာနေပါပြီ။ လက်နက်ကိုင်တပ်စွဲထားတဲ့ "၀"နယ်မြေကို မြန်မာစစ်တပ် မ၀င်ရောက်နိုင်တာ၊ မထိတို့ နိုင်တာက တရုတ်တို့ တားမြစ်ထားတဲ့အတွက်ဘဲ ဖြစ်ပါတယ်။
အခု န.အ.ဖ. အဖွဲ့ ကနေ အရပ်ဝတ်ပြောင်းလာတဲ့ စစ်ဘက်ခေါင်းဆောင်အများစုပါဝင်တဲ့ ကြံ့ဖွံ့ အစိုးရလက်ထက်မှာလည်း ဒီအကြပ်အတည်းဟာ နယ်မြေဒေသကို ဆုံးရှုံးခံနေရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ တရုတ်ဟာမြန်မာစစ်တပ်ကိုလည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ခေါင်းစဉ်တပ်ပြီး ချဉ်းကပ်လာနိုင်မယ့်အရိပ်အယောင်တွေတွေ့ လာနေရပါတယ်။ "၀" ဒေသမှာလည်း သတ္တု သယံဇာတတွေ ကို တရုတ်ကုန်သည်တွေက ဈေးပေါပေါနဲ့ ဝယ်ယူမှုတွေလုပ်လာနေပါပြီ။

ယခုလာမယ့် ရက်အနည်းငယ်အတွင်းမှာလည်း အစိုးရသစ်အဖွဲ့ ရဲ့ သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို
သွားရောက်မှာဖြစ်ပြီး စီးပွားရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေးဆိုတဲ့ခေါင်းစဉ်တွေကို တရားဝင် ဖော်ပြဆွေးနွေးမှာ ဖြစ်ပေမယ့်တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့နယ်မြေတွေမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ ကို တိုက်ခိုက်ဖို့ တရုတ်ရဲ့ ခွင့်ပြုချက်ယူရမယ့်ကိစ္စလည်း ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။

ဒါကြောင့်မို့ မြန်မာနိုင်ငံကို တဖြည်းဖြည်းနဲ့ ချုပ်ကိုင်လာနေတဲ့ တရုတ်တစ်နိုင်တည်းကိုဘဲ အဓိကမှီခိုပြီး သြဇာခံနေရမယ့်လမ်းကြောင်းမှ စွန့် ခွာလို့ နိုင်ငံတကာနဲ့ ရင်းနှီးအဆင်ပြေနိုင်မယ့် လမ်းကြောင်းကိုပြောင်းလဲနိုင်အောင်ပထမခြေလှမ်းဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများကို တစ်ဆင့်စီ အမြန်ဆုံး လုံးဝလွှတ်ပေးပြီး မြန်မာနိုင်ငံအတွက်ရေရှည်အကျိုးစီးပွားဖြစ်ထွန်းနိုင်မယ့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနဲ့ ရင်းရင်းနှီးနှီးဆက်ဆံနိုင်ဖို့ မူဝါဒနဲ့ အခြေအနေကို ဖန်တီးသင့်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လုံခြုံမှုနဲ့ တကွ ဖွံ့ ဖြိုးတိုးတက်အာင် အဓိကဖော်ဆောင်နိုင်မှာကတော့ စစ်အင်အား၊ လက်နက်အင်အားဖြင့်သာမဟုတ်ဘဲ ပြည်တွင်းစည်းလုံးညီညွတ်မှု၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနဲ့ ပြေပြစ်ချောမွေ့ တဲ့ဆက်ဆံမှု၊ ကုန်သွယ်ရင်းနှီးမြုပ်နှံမှုတို့ နဲ့ သာ ဖြစ်နိုင်ပါလိမ့်မယ်ခင်ဗျား...။

S ခင်ဇိုင်




Monday, 23 May 2011

ကိုယ့်အား ကိုယ်ကိုးမှ ရမည်ဟု ဒေါ်စုပြော

ကိုယ့်အား ကိုယ်ကိုးမှ ရမည်ဟု ဒေါ်စုပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအတိုက်အခံများအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) နှင့် အိန္ဒိယနိုင်ငံတို့မှ ထောက်ခံမှုရရန် သိပ်မျှော်လင့်၍ မဖြစ်ကြောင်းနှင့် ဒီမိုကရေစီရရန် ကိုယ့်အား ကိုယ်ကိုးမှဖြစ်မည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂျာမန်ရုပ်သံ သတင်းဌာနတခုကို ပြောကြားလိုက်သည်။

‘‘နောက်ဆုံးတော့ ကိုယ့်အားကိုယ်ကိုးမှ ရမယ်ဆိုတာ ကျမတို့ သိလာကြပါပြီ။ ဒါလည်း မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဂျာမန်ကမ္ဘာတလွှား အစီအစဉ်ဖြစ်သော Deutsche Welle က Hertie School of Governance နှင့် ပူးတွဲထုတ်လွှင့်သည့် Sunday to Asia တွင် ပြောကြားခဲ့သည်။

ဒီမိုကရေစီခေါင်းဆောင်သည် အဆိုပါ စားပွဲဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခဲ့ပြီး၊ မြန်မာ့အနာဂတ်အရေးကို ပြောကြားခဲ့ကြသည်။ ၎င်းအစီအစဉ်ကို ရန်ကုန်မြို့ရှိ `လျှို့ဝှက်နေရာ´တနေရာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကိုလိုနီခေတ်ကတည်းက အဆက်အဆံများခဲ့သော အိန္ဒိယနိုင်ငံ၏ `စိတ်ပျက်ဖွယ် ကောင်းလှသော သဘောထား´ ကြောင့် အထူးတလည် ၀မ်းနည်းရကြောင်း သူက ပြောကြားခဲ့သည်။ ဤအရှေ့တောင်အာရှနိုင်ငံတွင် တရုတ်၏ သြဇာအာဏာ ကြီးထွားလာခြင်းကို သတိထားမိသည့်အတွက် မြန်မာအာဏာပိုင်များနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရန် အိန္ဒိယအစိုးရက ကြိုးစားခဲ့သည်ဟု ဆိုသည်။ သူတို့၏ မြန်မာနိုင်ငံရှိ မဟာဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်ရမည်ဖြစ်ပြီး၊ ဒီမိုကရေစီရေးတိုက်ပွဲမှာ မြန်မာပြည်သူများသာ ပြုလုပ်ရမည်ဖြစ်သည်ဟု နယူးဒေလီရှိ အစိုးရက အလေးထား ပြောကြားခဲ့သည်။

အာဆီယံနှင့်ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည်က သူတို့အနေဖြင့် အာဖရိကနိုင်ငံများက ပြဿနာများကို မည်သို့မည်ပုံ ဖြေရှင်းကြသည်ကို လေ့လာနိုင်ကြကြောင်းနှင့် အာဆီယံ၏ ပြဿနာတရပ်မှာ မစွက်ဖက်ရေးမူဝါဒကို ကိုင်စွဲထားခြင်းဖြစ်ပြီး ယင်းသည် အာဖရိကနိုင်ငံများနှင့် ကွာခြားကြောင်း ပြောကြားသွားသည်။ ၅၃ နိုင်ငံပါ အာဖရိက သမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ဝင်တစား တက်ကြွစွာ ဆောင်ရွက်ကြပြီး အချို့သော အကျပ်အတည်း ဖြစ်ပွားနေသော နိုင်ငံများတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့များ ထားရှိပေးသည်။

နိုင်ငံတကာ ထောက်ခံမှုကင်းမဲ့ခြင်းနှင့် နိုင်ငံတကာ အကူအညီများ ပေးအပ်ရာတွင် ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းအတွက်လည်း သူက ၀မ်းပန်းတနည်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် ဥရောပသမဂ္ဂသည် `အလွန်မညီမညွတ်´ ဖြစ်ကြကြောင်းလည်း သူက ပြောသည်။

မြန်မာပြည်သူများသည် ပြင်းထန်စွာ ဆင်ဆာဖြတ်တောက်နေသည့်အကြားမှ အာရပ်ကမ္ဘာတွင် ဖြစ်ပွားနေသော အရေးအခင်းများကို စိတ်ဝင်တစား လေ့လာစောင့်ကြည့်လျက် ရှိကြကြောင်းပါ သူက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယား၊ တူနီးရှား၊ ယီမင်နိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော `အာရပ်နွေဦး´ ဆန္ဒပြပွဲများက မြန်မာ ပြည်ပမီဒီယာများကို မေးခွန်းများစွာ ထွက်ပေါ်လာစေခဲ့ကာ၊ မြန်မာနိုင်ငံတွင်လည်း စစ်အစိုးရကို ဆန့်ကျင်သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမျိုး တကျော့ပြန် ဖြစ်နိုင်မဖြစ်နိုင် မေးခွန်းများ ထုတ်လာကြကြောင်းနှင့် အကဲခတ်များကမူ ရန်ကုန်အခြေအနေသည် ကိုင်ရိုလမ်းမများပေါ်တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် လွန်စွာကွာခြားကြောင်း ပြောဆိုနေကြသည်။

မြန်မာပြည်လူငယ်ထုကြားတွင် နိုင်ငံရေးစိတ်ဝင်စားမှု တိုးပွားလာသည့်အတွက် အားတက်မိကြောင်းဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ‘‘ဒါ .. ကျမ နေအိမ်အထိန်းသိမ်းခံနေက လွတ်လာပြီးကတည်းက မြင်ခဲ့ရတဲ့ အလွန်ကြီးမားတဲ့ အပြောင်းအလဲတွေထဲက တခုပါပဲ’’ ဟု သူက ပြောသည်။

‘‘လူငယ်တွေဟာ နိုင်ငံရေးကို အရမ်းစိတ်ဝင်စားလာကြတယ်။ သူတို့ဟာ မချင့်မရဲ ဖြစ်လာကြပြီး အပြောင်းအလဲဆိုတာ ကိုယ့်ဘာသာလုပ်မှ ဖြစ်မယ်ဆိုတာ သိလာကြလို့ပဲ’’။

‘‘မြန်မာနိုင်ငံက လူငယ်တွေဟာ လုပ်တတ်အောင်လုပ်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ခဲ့ကြပြီ။ လူငယ်တွေဟာ အလွန့်ကို ပိုပြီး ကိုယ့်အား ကိုယ်ကိုးလာကြတယ်’’

သို့သော် `နေရာအနှံ့ အကြောက်တရား´ စိုးမိုးနေခြင်းကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုတွင် အဟန့်အတား ဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်သော တရားစီရင်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် လိုအပ်လျက်ရှိကြောင်း သူက ပြောသည်။ ဥပဒေစိုးမိုးမှုရှိပါက အပြောင်းအလဲအတွက် ကြိုတင်စည်းကမ်းချက်ဖြစ်သော တိုင်းပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာမည်ဟုပါ သူက ပြောသည်။

Fwd: ဒီမိုဝေယံ




တပ်မတော် အင်းအားရှိမှ တိုင်းပြည် ဟိုဒင်းဖြစ်မည်....

Posted: 22 May 2011 11:03 AM PDT

 မြန်မာပြည်ရဲ့ သိမ်ကြီးဈေး စီရုံရှိ နိုက်ကလပ်တစ်ခုမှ မြင်ကွင်း...
ပြီးခဲ့တဲ့ (၂)ရက်လောက်က ရုရှားခရီးသွား လုပ်ငန်းတွေ လိုက်ကြည့်ရင်းက မထင်မှတ်ပဲ မြန်မာပြည်အကြောင်း ခရီးသွားသတင်း တစ်ခုကို ဝင်ကြည့်ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့စိတ်ဝင်စားဖွယ် ဒေသတွေ၊ သွားရောက်သင့်တဲ့ ဒေသတွေကို ဓာတ်ပုံတွေနဲ့ တကွဖော်ပြထားပြီး အဆုံးကြော်ငြာမှာတော့ ရန်ကုန်ရဲ့ Sex Mission တဲ့ဗျာ...။ မြန်မာပြည်ရဲ့ နိုက်ကလပ်တွေနဲ့ ညဉ့်ငှက်တွေ ရရှိနိုင်တဲ့ သိမ်ကြီးဈေး စီရုံတစ်ဝိုက်ကို သေသေချာချာ Survey လုပ်ထားတာကို ဖော်ပြထားပါတယ်...။ ပြီးတော့ ရေးထားပါသေးတယ် Sex Mission, Myanmar (only for boys) ..တဲ့။ အဆိုပါ ခရီးသွားကြော်ငြာထဲက ရေးထားတာတွေကို နားမနဲ့မနာ ဖဝါးနဲ့နာဗျာ.. နည်းနည်းဖော်ပြရရင်တော့....


မော်ဒယ်လမ်းလျှောက်တဲ့ အမျိုးသမီးတွေကို ပန်းကုံးစွပ်ချင်ရင် စားပွဲထိုးတွေတွေက ချက်ချင်းရောင်းပေးပါတယ်တဲ့ .. မာန်နေဂျာက ပန်းကုံးဝယ်ပြီးရင် ဘယ်သူကို ဆုချသင့်တယ် ဆိုတာ ညွန်ပြပါတယ်တဲ့..။ မော်ဒယ်တွေ လမ်းလျှောက်ပြီးလို့ ဆင်းလာရင်တော့ ဈေးညှိပါတဲ့ ဒေါ်လာ ၂၀ကနေ ၆၀ပါတဲ့ဗျာ... ဆုံးရှုံးနစ်နာမှုတွေ မရှိရပါဘူးတဲ့.. ကဲဆက်ကြည့်ရအောင်ဗျာ..
ရန်ကုန်မြို့ရဲ့ နိုက်ကလပ်တွေ အများဆုံးရှိရာ သိမ်ကြီးဈေးမြင်ကွင်း...
(Palace), «The.. Emperor» (Emperor), «Zero ..Rock ..Zone» နိုက်ကလပ်တွေ ရှိရာ အဆောက်အဦးပါတဲ့
"Palace" - to the left if you walk from the elevator. "Palace" is a dark room with tables. If you arrive early (20.00), there are usually about 30 girls.
ဘာသာပြန်လို့ ကောင်းတဲ့ အရာမဟုတ်တဲ့အတွက် ဘာသာ မပြန်တော့ပါဘူးဗျာ အားလုံးဖတ်သာ ကြည့်ကြပါတော့ ..
On the other side of the street «Zero Rock Zone». Entrance is 3,000 lakh. Pay at the door. Included - free beer. The evening begins with what sounds Burmese karaoke music. At 21.00, or 22.00 starts a fashion show. And just as I said, picking the girls coming to the podium.
Besides the addition to the "models" in the clubs tusit many frilansersh. So what can and can negotiate with them. Note: Many girls have mamasan. Sometimes you have to negotiate with them. They are asking for a night of 50,000 Kyat (around $ 50), but a deal is possible, and to 30000 lakh. In the morning the girl usually disappears in the evening may come back at seven. As a contract.
There are several discos in the Chinatown district. A kind of hangout for local customers. For obvious reasons, such discos can take pictures. Most clubs close for about two nights.
The way to the web There is a lot of tales about what sex with foreigners is prohibited in Myanmar, which, if suddenly will catch you with a carrot, then "take over your ass," etc., but it's just stories. True common variant of "girl on the entire vacation, here, unlike Tay is not realized. As I've said all power in Myanmar and glamorous.
Located in the basement of the Park Royal Plaza Hote1 (or Grand Plaza Parkroyal ). Most of the "prescription" for girls here speak English. Room service: 40000 Kyats - 60000 (1 USD = 1,000 Kyats).
BME 2 နိုက်ကလပ်မှ မြင်ကွင်း..  
This diskach rather than a club in our understanding. Open daily 21 hours. Entrance $ 2. Girls galore, between 18.00-24.00  BME Entertainment (Bo Myint Entertainment).
Located in Yuzana Garden Hotel. Night club is not located in the building of the hotel, and behind him. Address: 44, Alanpya Pagoda Road, Mingalar Taung Nyut Tsp, Yangon.
Located in the Kandawgyi Palace Hotel (Kan Yeik Tha Road). Fashion Show «fashion show» starts at 23.00. Very cool and expensive club.
If you do not want to roam the pubs and clubs, you can also use an escort service. "Service ekskorta" well established in the hotel "Panorama". Accompanying you to the room clerk, almost immediately offers to call a carrot. For helping him to rely on a tip ($ 1-2). Although likely to bellhops get something, and from escort agencies. Price carrot 30,000 in 3 hours and 50 000 per night (this is average, but in terms of our - 30-50 bucks).

ဒါရုရှားခရီးသွား ကုမ္ပဏီတစ်ခုရဲ့ မြန်မာပြည် ခရီးစဉ်ထဲမှာ ကြေငြာထားတာပါ...။ ပြီးခဲ့တဲ့ ၂၀၁၀ ဒီဇင်ဘာလက အာဏာရှင် တပ်ချုပ်ကြီးမှ စစ်တက္ကသိုလ် ဗိုလ်သင်တန်း ဆင်းပွဲမှာ စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ ၂၃နှစ်တာ ကာလအတွင်း ဘယ်ခေတ်အခါနဲ့မှမတူ အစစအရာရာတိုးတက် ဖွံဖြိုးလာတဲ့ အကြောင်း စာရွက်ထဲမှာ ရေးထားတဲ့ အတိုင်း တံတားဘယ်နှစ်စီး၊ စိန်ဘယ်နှစ်လုံး... လမ်းဘယ်နှစ်မိုင်၊ ဒေါ်လာဘယ်နှစ်သန်း အိတ်ကပ်ထဲ ရောက်ကုန်တဲ့ အကြောင်း ရှည်လျားထွေပြားစွာ စာတမ်းဖတ်သွားခဲ့ပါတယ်...။

တကယ်လည်း ကျွန်တော်တို့နိုင်ငံ ဘယ်ခေတ်ကာလနဲ့မှ မတူ တိုးတက်နေတာကတော့ နိုင်ငံခြား ခရီးသွားလုပ်ငန်း တစ်ခုမှာ
Sex Mission, Myanmar ဆိုပြီး ကြော်ငြာပါတဲ့ အထိ တိုင်းပြည်က အတိုင်းမသိ၊ တိုးတက်ဖွံ့ဖြိုးလာနေပါပြီ။ ဒါကျွန်တော် ဖတ်ရှုရတဲ့ ရုရှားခရီးသွားလုပ်ငန်းတစ်ခုရဲ့ တရားဝင် ကြော်ငြာပါ..။ ဗိုလ်ချုပ်တွေ မသိမဟုတ်ပါ သိရက်နဲ့ မျက်စိမှိတ်နေတာပါပဲ.. သူတို့သားသမီးတွေမှ မပါတာကိုး..။ အမျိုးကောင်းသားသမီးတွေ ပျက်စီးနေရတဲ့ အဖြစ် မနေ့က သတင်းတစ်ပုဒ်မှာလည်း ကချင်ပြည်နယ်ဘက်က တိုင်းရင်းသူတွေဟာ ဆင်းရဲချို့တဲ့မှုကြောင့် တရုတ်လူမျိုးတွေရဲ့ ဒုတိယ မယားဖြစ်နေရကြောင်း ထုတ်လွှင့်သွားပါတယ်..။

တကယ့် ပြသနာအရင်းအမြစ်ကတော့ ဆင်းရဲမွဲတေမှု၊ ဝင်ငွေနည်းပါးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြသနာအရင်းအမြစ်တွေပါပဲ..။ ရသမျှ အိတ်ထဲထည့် ရှိသမျှ အဆွေအမျိုးတွေ ရပိုင်ခွင့်တွေရယူ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကိုတော့ ဘယ်သူကြောင့် ဘယ်ဝှာကြောင့် လက်ညှိုးထိုး တာဝန်မခံ တာဝန်မယူရဲတဲ့ အာဏာရှင်တွေပါ.။ ၂၃နှစ်တာ ကာလအတွင်းမှာ တိုးတက်လာတယ် ဆိုတဲ့ ပြယုတ်တွေပါပဲ...။ အာဏာရှင်တွေ လက်ထက် တပ်မတော်အင်အားရှိအောင် လုပ်ဆောင်ရင်းက ဗိုလ်ချုပ်တွေသာ ချမ်းသာပြီး တိုင်းပြည်ကတော့ ဟိုဒင်းဖြစ်နေရပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်....။
ရုရှားခရီးသွား ကြော်ငြာ ဖတ်ချင်ရင်. Click

အညတြသူရဲကောင်းဆု ရရှိခဲ့သူ အညတြ သူရဲကောင်း(၃)ဦး၏ ကိုယ်ရေးအကျဉ်း.....

Posted: 21 May 2011 10:50 PM PDT

မြန်မာနိုင်ငံအတွင်း အနယ်နယ် အရပ်ရပ်က အကျဉ်းထောင်များ အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ကျော်ရှိပါတယ်...။ လူသိထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိသလို တစ်ချို့မှာလည်း နာမည်မထင်မရှားနဲ့ လူထုအတွက် ဘဝတွေပေးဆပ် တိုက်ပွဲဝင်ပြီး အသက်တွေ၊ ခန္ဓာတွေ၊ မိသားစုဘဝတွေ ပေးဆပ် တိုက်ပွဲဝင်ခဲ့တဲ့ အညတြသူရဲကောင်းတွေ အများအပြားရှိပါတယ်...။ ပြည်သူကို နှိပ်စက်ညှင်းပန်းတဲ့ အာဏာရှင်အစိုးရတွေ ရှိနေသရွေ့တော့ ဒီလို ပြည်သူတွေအတွက် ပေးဆပ် တိုက်ပွဲဝင်နေတဲ့ အသြတြ သူရဲကောင်းတွေ အမြဲမပြတ် ပေါ်ထွက်နေမှာပါပဲ..။

ထိုသို့ နာမည်မထင်မရှား လူမသိသူမသိ အညတြသူရဲကောင်းတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ပထမအကြိမ် အညတြသူရဲကောင်းဆုချီးမြှင့်ရေး အခမ်းအနားကို ပြည်တွင်းမှာ အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ ဂျပန်နိုင်ငံမှာ ဖွဲ့စည်းထားတဲ့ အညတြသူရဲကောင်းများ ဆုချီးမြှင့်ရေးကော်မတီမှ ယခုတစ်ဖန် ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်ရေးအခမ်းအနားကို ကျင်းပပြုလုပ်ရန် စီစဉ်လျှက်ရှိပြီး ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများနဲ့ ပြည်ပနိုင်ငံအသီးသီးမှ စိတ်ပါဝင်စားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားအသီးသီးကိုလည်း ဖိတ်မန္တက ပြုထားပါတယ်..။

ပြီးခဲ့တဲ့ ဧပြီလ(၁၇)ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့က ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပထမအကြိမ် အညတြသူရဲကောင်း ဆုပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဆုရရှိသူ မိသားစုဝင်များအား ကိုယ်တိုင်ချီးမြှင့် ပေးအပ်ခဲ့ပါတယ်...။ ထို့အတူ အဆိုပါ လူမသိသူမသိ အညတြသူရဲကောင်း (၃)ဦးရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်း တစ်ချို့ကို ဖော်ပြလိုက်ပါတယ်...။

ပထမအကြိမ် အညတြ သူရဲကောင်းအဖြစ် ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ် ၃ ဦးကတော့
ဦးဣန္ဒက၊ ဘိုးတော်ခေါ် ဦးခင်ဝင်းနဲ့ ကိုသန်းနိုင်တို့ ဖြစ်ပါတယ်။
ဆရာတော် ဦးဣန္ဒက
ဆရာတော် ဦးဣန္ဒက
ဆရာတော် ဦးဣန္ဒကဟာ မဂ္ဂင်ကျောင်းတိုက် နောက်ဆုံးဆရာတော် ဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလက အဖမ်းခံလိုက်ရတာပါ။ အဲဒီနောက် ထောင်ဒဏ် ၂၆ နှစ်နဲ့ လာရှိုးထောင်မှာ ကျခံနေရ ပါတယ်။ (ကိုယ်ရေးအကျဉ်းကို ထပ်မံဖော်ပြပေးပါမယ်...)

ဘိုးတော်ခင်ဝင်း
(ဘ)ဦးအောင်သိန်း
(ဓာတ်ပုံ ရရှိပါက ထပ်မံ ဖြည့်စွက် ဖော်ပြပေးပါမယ်)
လုပ်သားများကောလိပ်မှဘွဲ့ရရှိခဲ့ပါသည်..။ ၁၉၇၄ခုနှစ် မှိုင်းရာပြည့်တွင် ပါဝင်ပြီး ဆလအစိုးရမှ ထောင်ဒဏ် ဆယ်နှစ်ကျော် ချမှတ်ခြင်းခံရပြီး ၁၉၈၁ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးသဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်..။ ထောင်တွင်းမသန့်ရှင်းမှု အစားသောက်များကြောင့် ၀မ်းကိုက်ရောဂါပိုး ပါလာပြီး ယင်းရောဂါကို ကုသရန်ဆေးခန်းပြရင်း သူနာပြုဆရာမ ဒေါ်အုံးမြိုင်နဲ့ အကြောင်းပါ အိမ်ထောင်ကျခဲ့ပါသည်။ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး.. ဆေးရုံသမဂ္ဂ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပါသည်..။ နအဖအာဏာသိမ်းပြီး ပါတီများတည်ထောင်ရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်ခဲ့ပြီး ကမာရွတ်မြို့နယ် စည်းရုံးရေးအဖွဲ့ ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်..။ သွေးသစ်ပါတီကို တည်ထောင်ပြီး ပါတီတည်ထောင်သူ ဥက္ကဌအဖြစ်တာဝန် ထမ်းရွက်ခဲ့သည်..။ ၁၉၈၉ဂျွန်လတွင် ထပ်မံ ဖမ်းဆီးခံရပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ကွန်ယက်ထဲပါဝင်သည်ဆိုသည့် စွပ်ဆွဲချက်ဖြင့် န၀တအစိုးရမှ ထောင်ဒဏ်နှစ်နှစ်ဆယ် ထပ်မံချမှတ်ခံရသည်။ အိမ်ထောင်ဖက် ဖြစ်သူမှာလည်း သူနာပြုဆရာမ အဖြစ်မှ ဖြုတ်ပစ်ခြင်းကို ခံရသည်။ ၂၀၀၀ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာပြီး ကမာရွတ်နေအိမ်မှ ဖယ်ရှားခြင်းခံရပြီးနောက် မြောက်ဒဂုံတွင် အစားထိုးမြေကွက်ပေးသဖြင့် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရသည်။ ပြန်လည် လွတ်မြောက်လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချှုပ် ကမာရွတ်မြို့နယ်စည်းအဖွဲ့ ရန်ကုန်တိုင်း စည်းရုံးရေးအဖွဲ့တို့တွင် ပြန်လည်တာဝန်ယူခဲ့သည်။ ၂၀၀၂ခုနှစ်တွင်ပြည်ပနှင့် အဆက်သွယ် လုပ်သည်ဆိုကာ ပြည်တွင်း မြေအောက်လှုပ်ရှားမှုအတွက် ငွေယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထပ်မံဖမ်းဆီးခံပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရပြန်သည်။ ယခုအခါ အင်းစိန်အကျဉ်းထောင်တွင်း လေဖြတ်ဝေဒနာခံစားနေရပြီး ထောင်တွင်းတွင် မကျန်းမမာဖြင့် နေထိုင်နေရပါသည်။ ဘိုးတော်ခင်ဝင်းသည် အာဏာရှင်အဆက်ဆက်ကို တော်လှန်ရင်း သုံးကြိမ်တိုင်တိုင် နှစ်ရှည်လများ ထောင်တွင်း ဖမ်းဆီးထိန်းသိမ်း ခံနေရသည့် အမည်နာမ မထင်မရှား သည့် အညတရသူရဲကောင်း တစ်ယောက် ဖြစ်ပါသည်။

ကိုသန်းနိုင်

မွေးသက္ကရာဇ် သြဂုတ်၊၁၉၆၆
အဘအမည် ဦးဆိုင်း(ကျောင်းဆရာ/ငြိမ်း)+အမိဒေါ်မမကြီး
မွေးချင်းရှစ်ဦးအနက် (၅)ဦးမြောက် သားဖြစ်သည်။
နေရပ်လိပ်စာ တောင်တွင်းကြီးမြို့၊ အုန်းတော(၂)လမ်း

- ၁၉၈၈မကွေးကောလိပ်၊ရုက္ခဗေဒနောက်ဆုံးနှစ်ကျောင်းသား

- ဒီမိုကရေစီ အရေးတော်ပုံကာလ- ၈၈သြဂုတ်(၁၂)ရက်နေ့၌ တောင်တွင်းကြီးမြို့တွင် စတင်သပိတ်မှောက်စဉ် ဦးဆောင်ပါဝင်ခဲ့ ပါသည်။ အရေးတော်ပုံကာလတွင်၊ ကျောင်းသာသမဂ္ဂ (တောင်တွင်းကြီးမြို့နယ်၊ ဒုဥက္ကဌ အဖြစ်လည်းကောင်း၊ မြို့နယ်သပိတ်စခန်း ကော်မတီစည်းရုံးရေးမှုး အဖြစ်လည်းကောင်း၊ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါသည်။

- ၁၉၈၉ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (တောင်တွင်းကြီးမြို့နယ် စည်းရုံးရေးမှုး)အဖြစ်လည်းကောင်း ဗ.က.သ များအဖွဲ့ချုပ် (တောင်တွင်းကြီးမြို့နယ်တွင် ပါဝင်လှုပ်ရှားခဲ့ပါသည်။ - ၁၉၈၉ မတ်လတွင် မိတ္တီလာထောက်လှမ်းရေးမှ လာရောက်ဖမ်းဆီးကာ မိတ္ထီလာစစ်ကြောရေးစခန်းတွင် (၁၈)ရက်ကြာ ကြမ်းတမ်းစွာ ရိုက်နှက် စစ်ဆေးခြင်းခံရပြီး တိုက်ပိတ်ထားခံခဲ့ရသည်။ ထိုသို့ဖမ်းဆီးခံစဉ် အ၀တ်တထည်၊ ကိုယ်တစ်ခုဖြင့်သာ နေရပြီး ရေချိုး သန့်စင်ခွင့် လုံးဝမပေးပဲ၊ မ၀ရေစာ အစာကြမ်းများ ကျွေးကာ ညှင်းပန်းနှိပ်စက်ခဲ့သောကြောင့် ယခုတိုင်အတွင်း ဒဏ်ရာမျာဖြင့် မကြာခဏ နာကျင်ခံစား နေရပါသည်။ မိတ္ထီလာ စစ်ကြောရေးစခန်းတွင် (၁၈)ရက်ကြာပြီးနောက် တောင်တွင်းကြီး အချုပ်စခန်းသို့ပြန်ပို့ကာ နောက်တစ်နေ့၌ တောင်တွင်းကြီး တရားရုံးမှ ထုချေလျှောက်လဲခွင့်၊ ရှေ့နေငှားခွင့်လုံးဝမပေး၊ မည်သို့သော ပုဒ်မမှန်မသိပါပဲ၊ ထောင်ဒဏ်၇နှစ် ချမှတ်ကာ၊ သရက်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့။

- ၁၉၉၇တွင် မအေးအေးခိုင်နှင့် အိမ်ထောင်ပြုကာ သမီးနှစ်ယောက်ဖြစ်သော မအိသဉ္ဖာနိုင်နှင့် မမြတ်သိဂီင်္ ခိုင်တို့ထွန်းကားခဲ့...။

- ၂၀၀၃ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးများ ပြန်လည်ဖွင့်လှစ်သောအခါ မြို့နယ် NLD လူငယ်တာဝန်ခံ၊ မြေလတ်ဒေသ NLD လူငယ်စည်းရုံးရေးမှုးနှင့် မကွေးတိုင်(၂၅)မြို့နယ် လူငယ်တာဝန်ခံအဖွဲ့တွင် လည်းကောင်း တက်ကြွစွာဖြင့် ဆက်လက်လှုပ်ရှားခဲ့...။

- ၂၀၀၇ စက်တင်ဘာတော်လှန်ရေးတွင် (၈၈)မျိုးဆက်ကျောင်းသားများ အဖွဲ့(ရန်ကုန်)နှင့်အတူ ပါဝင်လှုပ်ရှားရင်း ၂၀၀၇ စက်တင်ဘာ ၂၆ ရက်၌ ရွှေတိဂုံဘုရား အရှေ့မုဒ် တွင်ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။

- ၂၀၀၈ အောက်တိုဘာ ၂၂ တွင်အင်စိန်ထောင်မှ ထောင်ဒဏ် ၁၄နှစ် ချမှတ်ကာ ယခုတိုင် မအူပင်ထောင်တွင် အကျဉ်းခံနေရပါသည်။ ကိုသန်းနိုင်သည် အမည်နာမ မထင်မရှား သည့် အညတရသူရဲကောင်း တစ်ယောက် ဖြစ်ပါသည်။

အညတြသူရဲကောင်းများ ဆုချီးမြှင့်ရေးကော်မတီမှ ယခုတစ်ဖန် ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်ရေး အခမ်းအနားကို တစ်နှစ်(၂)ကြိမ် ကျင်းပပြုလုပ်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်...။ ပြီးခဲ့တဲ့ မေလ ၁၇ရက်နေ့က သမ္မတသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ဘယ်လိုထုတ်ပြန်ခဲ့ပြီး၊ ဘယ်လို လုပ်ဆောင်ခဲ့တယ်ဆိုတာ အများသိပြီးဖြစ်ပါတယ်..။ မြန်မာပြည်သူ၊ ပြည်သားတွေနဲ့ နိုင်ငံတကာအား လက်ရှိအစိုးရရဲ့ စေတနာအစစ်အမှန်နဲ့ သဘောထား ဘယ်လိုဆိုတာကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင် ထင်ရှားအောင် ပြသလိုက်တာပါပဲ..။ မြန်မာပြည်သူတွေ လွတ်မြောက်ရေး အတွက် မိမိတို့အသက်တွေ၊ ဘဝတွေ၊ အနာဂတ်တွေ အဆုံးရှုံးခံ တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းမှ နိုင်ငံရေး အကျဉ်းသားတွေအတွက် ကျွန်တော်တို့ ပြည်ပမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ တတ်နိုင်သလောက် ငွေအား၊လူအား၊ စိတ်ဓာတ်အားနဲ့ အင်တိုက်အားတိုက် အုတ်တစ်ချပ် သဲတစ်ပွင့် ဝင်ရောက်ကူညီပေးကြဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်....။

ဒီမိုဝေယံ..

ကိုမင်းထက်ဇော်အား ကျေးဇူးတင်ပါသည်...

ဆက်သွယ်ရန်ဖုန်းနံပါတ်များ..

81+ 080 3682 2028။ 090 9828 2240။ 080 4137 7138 ။ 080 4204 9292။ 090 9917 3383။ 080 3699 6045။ 090 6658 4835။ 090 1695 3579။

ဆက်သွယ်ရန် အီးမေးလ်လိပ်စာများ...

phoezaw2004@gmail.com
mya1964320@gmail.com
laylaytokyo2005@yahoo.com