Thursday, 28 July 2011

အောင်မြင်မှု တံခါးကို ဖွင့်လှစ် ပေးနိုင် သည့် လျှို့ဝှက်ချက်များ







အောင်မြင်မှု တံခါးကို ဖွင့်လှစ် ပေးနိုင် သည့် လျှို့ဝှက်ချက်များ

အပြိုင်အဆိုင် အလွန် များပြီး ရင်မောစရာ ကောင်းလောက်အောင် ရုပ်ဝတ္ထု တိုးတက် ခေတ်မီ လှတဲ့ ဒီနေ့ခေတ်မှာ လူငယ်တိုင်း အောင်မြင်လိုစိတ်နဲ့ ဇောကပ် နေကြတာ တွေ့ရပါတယ်။ အလွန်လည်း ကြိုးပမ်း၊ လုံ့လထုတ်ကြတာ တွေ့ရပါတယ်။ တချို့ ဆိုရင် အိပ်ချိန်တောင် အလွန် နည်းပါးစွာနဲ့ အတတ်ပညာ၊ အသိပညာ ရရှိ ထူးချွန် နိုင်ကြဖို့ အပြင်း အထန် ကြိုးစား နေကြတာ တွေ့ရပါတယ်။

လူငယ်တွေ ဒီဘ၀မှာ ကိုယ်ကျင်လည်ရာ နယ်ပယ် အသီးသီးမှာ အမှန် တကယ် အောင်မြင်ပြီး ပြိုင်ဘက်နဲ့ ယှဉ်လိုက်ရင် အမြဲတမ်း နှာတစ်ဖျား၊ ခြေတစ်လှမ်း သာချင်ကြ သလား။ ဒီလို လုပ်ကြည့်ကြဖို့ တိုက်တွန်း အားပေး လိုပါတယ်။

၁။ မိမိ ယုံကြည်ရာ ဘာသာ တရားကို လုံးဝ ဖက်တွယ်ပြီး ရိုသေ ကိုင်းညွတ်ဖို့ လိုပါတယ်။ ဒါဟာ အမှီ ကောင်းပါ။ အကောင်းဆုံး ကျောထောက်နောက်ခံနဲ့ အကောင်းဆုံး၊ အခိုင်မာဆုံး အုတ်မြစ်လို့ ခံယူရပါမယ်။

၂။ မိဘကို ဘုရားတစ်ဆူ ဂူတစ်လုံး လို ချွင်းချက် မရှိ လုံးဝ ချစ်ခင် ရိုသေ ပြုစု လုပ်ကျွေး ရပါမယ်။ ရည်မှန်းချက် ရှိရပါမယ်။ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားကို ထားရပါမယ်။

၃။ နှုတ်မြွက်ချိုသာ၊ အမူအရာ ယဉ်ကျေး သိမ်မွေ့ ရပါမယ်။ နှုတ်ကြမ်းရင် တကယ်ကို ဘ၀ ကြမ်းပါတယ်။ နှုတ်ချို တာဟာ (သျှိုတစ်ပါး) တစ်နည်း အားဖြင့် (အဆောင်ကောင်း တစ်ခု) ရှိနေသလိုပဲလို့ မြန်မာစာ ဌာနက ပါမောက္ခ ဆရာမကြီး ဒေါ်သန်းဆွေ(အငြိမ်းစား)က အခါခါ မိန့်ကြား ဖူးပါတယ်။

၎။ စိတ်ရှည် သည်းခံပြီး ခွင့်လွှတ် တတ်တဲ့ စိတ်လေ့ကျင့် မွေးမြူရပါမယ်။ ခွင့်လွှတ်နိုင်ခြင်း ဟာ အလွန် အစွမ်းထက်တဲ့ `အား´ တစ်ခုပါ။ ဘယ်တော့မှ လျှော့မတွက် ပါနဲ့။

၅။ အစွမ်းကုန် ကြိုးစားပါ၊ ကိုယ်ကျင့်တရား လုံးဝ ကောင်းပါစေ။တချို့လူတွေ ဘ၀ တစ်လျှောက်လုံး မရပ်မနား ရုန်းကန် ကြိုးစားနေကြပေမဲ့ လူမွေးတောင် မပြောင်တာ ဒုနဲ့ ဒေးပါ။

အခု ဖော်ပြတဲ့ အခြေခံ အချက် တွေကို လိုက်နာ ကြိုးစား ကြည့်ပါ။ အခွင့် အလမ်းကောင်း တစ်ခုရဖို့ ဖန်တီး ယူလို့ မရပါဘူး။ဒါပေမဲ့ မမြင်ရတဲ့ တန်ခိုးရှင်တွေက မုချ ဖွင့်ပေးတဲ့ အခွင့် အလမ်းကောင်းတွေ ရရှိ လာပါလိမ့်မယ်။ တံခါး လာခေါက်ပါလိမ့်မယ်။

မိမိ ကိုယ်တိုင်ရဲ့ အစွမ်းအစ သက်သက်နဲ့တော့ တစ်စုံတစ်ရာ ပံ့ပိုးမှု အမှန်တကယ် လိုအပ်တဲ့ ဒီလောကကြီးမှာ Invisible Power မလိုပါဘူးလို့ ငြင်းပယ်ရာ ကျတာ ကြောင့် ကြိုးစားရင်း စမ်းသပ်ရင်းနဲ့ အောင်မြင်မှု အပြည့် အ၀ရဖို့ ဝေးနေဦးမှာ ဆိုတာ စေတနာ ကောင်းနဲ့ အကြံပြုပါရစေ။



(ရရှိသောမေးလ်အားထပ်မံဖေါ်ပြပါသည်)

Fwd: ဒေါင်းမာန်ဟုန်



ပြည်သူချစ် နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေး၏(၆၉)နှစ်ပြည့်မွေးနေ့​စကား…။

Posted: 27 Jul 2011 12:33 AM PDT


အဆိုတော်မာမာအေး Facebookမှ


ဝန်ကြီးအဆင့်ထက် ပိုမြင့်သူနှင့် ဒေါ်စု ဆွေးနွေးရန် တိုင်းရင်းသားများ လိုလား

Posted: 26 Jul 2011 09:43 AM PDT

(YPI) -မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာအစိုးရသစ်ထဲမှ ၀န်ကြီးအဆင့်သာ ရှိသည့် ဦးအောင်ကြည် နှင့် တွေ့ဆုံနိုင်မှု အပေါ် ကချင် ၊ ချင် ၊မွန် ၊ ကရင် စသည့် ခေါင်းဆောင်များက အားရစရာ မရှိကြောင်း ပြောဆိုလိုက်သည်။ အထူးသဖြင့် တိုင်းရင်းသား အရေးတွင် လက်ငင်း မျှော်လင့်နိုင်စရာ မရှိဟု ဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည့်တို့၏ ယနေ့ တွေ့ဆုံပွဲ အပြီး ထုတ်ပြန်သည့် ပူးတွဲကြေငြာချက်တွင် "ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်" ဆွေးနွေးခဲ့သည်ဟု ဖေါ်ပြထားသော်လည်း ကချင်တိုင်ရင်သား အတိုင်ပင်ခံအဖွဲ့ ဦးဆင်ဝါးနော်က တိုင်ရင်းသားအရေး နှင့် ပတ်သက်ပြီး ကိုင်တွယ်နိုင်မည်ဟု မမျှော်လင့်နိုင်ကြောင်း ပြောသည်။

"ကျွန်တော်တို့ အနေနဲ့ ဒီတွေ့ဆုံမူအပေါ်မှာဘာမှ မမျှော်လင့်ပါဘူး မျှော်လင့်နေရင် မောရုံပဲပေါ့ " ဟု ဦးဆင်ဝါးနော်က ပြောသည်။

တိုင်းရင်းသား အရေး ဖြေရှင်းပေးနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံတော် ဒုတိယ သမ္မတ အဆင့်နှင့် တွေ့ဆုံသင့်သည်ဟု ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ဘောက်ဂျာကပြောသည်။

"ဦးအောင်ကြည်ဆိုတာ အလုပ်သမားဝန်ကြီးပဲ တကယ်ဒေါ်စုနဲ့တွေ့သင့်တာက ဒုသမ္မတအဆင့် တွေ့သင့်တယ်လို့ ထင်ပါတယ်၊ အခုတွေ့ဆုံမှုကနေ ကျွန်မအနေနဲ့ ဘာမျော်လင့်ချက် မရှိပါဘူး" ဟု သူမကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲဝင် ချင်းတိုင်ရင်သား ပါတီတစ်ခုဖြစ်သည့် ချင်းအမျိုးသားပါတီ ဥက္ကဌဦးဇိုဇမ် ကလည်း ဦးအောင်ကြည်သည် ယခင်စစ်အစိုးရလက်ထက်က ဆက်ဆံရေးဝန်ကြီး ဖြစ်ခဲ့သော်လည်း ယခုအခါ အလုပ်သမားဝန်ကြီး၊ လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး အနေဖြင့် တွေ့ဆုံသည့်အတွက် "တိုင်ရင်သားအနေနဲ့ ဘာမှာမမျော်လင့်ပါဘူး" ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့သည် လွန်ခဲ့သည့် ၄ နှစ်အတွင်း ၉ကြိမ် တိုင်တွေ့ဆုံခဲ့ သော်လည်း ထူးခြားမှု မရှိခဲ့သဖြင့် ယခု နောက်ဆုံး တွေ့ဆုံမှုသည်လည်းတိုင်ရင်းသား နှင့် ပြည်သူများအတွက်ပါ အကျိုးရှိမည် မဟုတ်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းကပြောသည်။

ထို့အတူ ကရင်အမျိုးသား အရေး လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၏ အထွေထွေ အတွင်းရေးမှူးချူပ် နော်စီဖိုးရာစိန်ကလည်း ယခုအစိုးရသည် ယခင် စစ်အစိုးရ၏ အဆက် ဖြစ်သောကြောင့် ယခုတွေ့ဆုံမှုမှ မျှော်လင့်စရာမရှိ ဟုဆိုပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ "ဘာပဲလုပ်လုပ်၊ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲ တွေ့တွေ့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည်၊ ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါ။" ပြောကြားခဲ့ကြောင်း ဆွေးနွေးပွဲ အပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ကြောင်း ပြည်တွင်းထုတ် Weekly Eleven ဂျာနယ် အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

ယခုတစ်ကြိမ် တွေ့ဆုံမှုမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် "အမည်ခံ" အရပ်သားအစိုးရသစ် တက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရဝန်ကြီး အဆင့်ရှိသူတစ်ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

ယခင်အစိုးရဟောင်းလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ကိုးကြိမ်တွေ့ဆုံခဲ့ပြီး ၂၀၁၀ ဇန်န၀ါရီ ၁၅ တွင် နောက်ဆုံးတွေ့ဆုံခဲ့သည်။

သမ္မတဦးသိန်းစိန် အာဏာလွှဲပြောင်းယူပြီး ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင်အမြင်ချင်း မတူသည့် မြန်မာနိုင်ငံသားဖြစ်ကြသည့် ပြည်တွင်ပြည်ပ အဖွဲ့အစည်းများလည်း ရှိနေသေးသည်ကို အသိအမှတ်ပြုထားပြီး ထိုသို့ကွဲပြားသည့် အမြင်ရှိသူအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် တူညီသည့် ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ကြမည်ဟု ထည့်သွင်းပြောကြားခဲ့ဖူးသည်။
Yangon PressInternational


သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ဇယသိလကာရာမကျောင်းတိုက်တွင်ကျင်းပသော နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေး၏(၆၉)နှစ်ပြည့်မွေးနေ့​မင်္ဂလာအလှူတော်…။

Posted: 26 Jul 2011 09:02 AM PDT



Photo.....Ashin Warthawa


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Fwd: အမှတ်တဆိပ်ကော်ဖီ အတုများ





BIRDY အမှတ်တဆိပ်ကော်ဖီ အတုများ
 

မယ်လမင်း၊ ဓါတုပစ္စည်းများ ကမ္ဘာတစ်ဝန်း ပိတ်ပင်သည့်ကြား ယခုမြန်မာ့ဈေးကွက်အတွင်း BIRDY ကော်ဖီတုတွေ ပြန်ပေါ်လာပါတယ်။ ကျနော်တို့ ကြက်ဥတုတွေ ထူးဆန်းစွာ ပေါ်လာသလိုပါဘဲ။ ကော်ဖီလည်း ပေါ်လာပြန်ပါပြီ။ သောက်ယင်း အမှတ်မထင် တွေ့လိုက်ရတာပါ။  အတုတွေသောက်မိမှာ ဆိုးတဲ့အတွက် ပုံနဲ့ တကွ တင်ပေးလိုက်ပါတယ်။ ထူခြားတာက အတုမှာ ကော်ဖီ လိုလို ပြစ်ခဲခဲ အရာတွေ ပါပြီး အမှုန့်တွေကကြမ်းနေပါတယ်။ အရသာကတော့ ကလေးတွေ မြန်မာအကြိုက် ချိုမြမြ ဖြစ်နေပါတယ်။ ခုနှစ်တွေကွဲပြားနေတာတွေ့ရပါတယ်။

အများသောက်သုံးတဲ့ ကော်ဖီတွေမှာ အခုလိုဖြစ်လာတဲ့အတွက် ကျန်းမာရေးတွေ ထိခိုက်လာမှာစိုးရိမ်လာရပါတယ်။



(ရရှိသောမေးလ်ကိုထပ်ဆင့်ဖေါ်ပြပါသည်)



နောက်ဆုံးရ ကချင်ပြည်နယ် သတင်းများနှင့် လက်ရှိ တိုက်ပွဲအခြေအနေများ...

Posted: 26 Jul 2011 08:09 PM PDT

ရှေတန်းရောက် ကေအိုင်အေစစ်သားများ
(ဓါတ်ပုံ:jinghpawkasa )
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်...။ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်များ တစ်နေ့ထက် တနေ့များပြားနေပါတယ်...။

နောက်ဆုံးရရှိတဲ့ ပေးပို့လာတဲ့ သတင်းကတော့...

ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုခရိုင် ခေါင်လံဖူးမြို့ အခြေစိုက် သောင်းကျန်းသူ ဆန့်ကျင်ရေးတပ်ဖွဲ့ (Rebellion Resistance Army, RRF )ခေါ် ရ၀မ်ပြည်သူ့စစ် ၆၀ကိုအခု ကေအိုင်အေနဲ့ တိုက်ပွားဖြစ်တဲ့ ရှေတန်းကို ပို့လိုက်တယ်။ ကချင်အချင်းချင်း စစ်တိုက်ခိုင်းနေပြီ အကိုရယ်။ ဒီအဖွဲရဲ့ လှုပ်ရှားမူ စိတ်ဝင်စားဖို့ ကောင်းတယ် အကို။ ဘယ်နှစ်ယောက် အသက်ရှင်ပြီး ပြန်လာကြမလဲတော့ မသိဘူး။ ကချင်ဒေသခံ တိုင်းရင်းသားအချင်းချင်း ပြန်တိုက်ခိုက်ပြီး ယုတ်မာတော့မယ်အကို...

အထက်ပါစာကတော့ အရပ်ဝတ်အရေခြုံ အာဏာရှင် အစိုးရသစ်လက်ထက် တမြေတည်းနေ  တရေတည်းသောက် တိုင်းရင်းသားအချင်းချင်း ပြန်တိုက်ခိုင်းနေတဲ့  လူမဆန်တဲ့ လုပ်ရပ်တွေပါပဲ...
သတင်း၊ ဓာတ်ပုံများ ပေးပို့ပေးတဲ့ jinghpawkasaနှင့် ဇော်ရှန်အား ကျေးဇူးတင်ပါသည်...။

သူခိုး၊ ဓားပြထက် ဆိုးတဲ့ရန်သူဟာ.. (ပြည်မြန်မာကုန်တိုက် တိုင်ကြားစာ)

Posted: 26 Jul 2011 12:25 PM PDT

 ဓာတ်ပုံ News Eleven ဂျာနယ်...
 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးထံသို့
ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းများမှ လုပ်သားပြည်သူများ၏ တိုင်ကြားစာ...

ရန်ကုန်မြို့ကမာရွတ်၊ လှည်းတန်းက ပြည်မြန်မာ ကုန်တိုက်ကို AA medical products က လေလံဆွဲသွားပြီးတဲ့ နောက်မှာ ကုန်တိုက် အတွင်းမှာ ဖွင့်ခဲ့တဲ့ဆိုင်တွေကို လူသားချင်းစာနာ ထောက်ထားမှု မရှိပဲ နစ်နာကြေးတောင်းခံမှုအပေါ် မသိကျိုးကျွန်ပြုကာ စီးပွား/ကူးသန်းနှင်AA medical products တို့ ပူးပေါင်းပြီး ဆိုင်ခန်းရှင်မျာကို အနိုင်ကျင့် မောင်းထုတ်တဲ့ အကြောင်းလေးစုံစမ်းပြီး အများသိအောင် ပြည်သူတွေ အနှိပ်စက်ခံဘ၀တွေကို ဖော်ထုတ်ပေးပါဦး။ ပြည်ပ media တွေပါသိအောင်ပြောပြပေးပါဦး။ ဆိုပြီး ပေးပို့၊ တိုင်ကြားလာပါတယ်..။

ရန်ကုန် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံက ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းများမှ တိုင်းရင်းသား လုပ်သားပြည်သူများရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးထံသို့ ၄ရက် ၄လ ၂၀၁၁နေ့စွဲနဲ့ တိုင်ကြားခဲ့တဲ့ စာပါ...။ စာပါအကြောင်းအရာများအရ ...

အဆိုပါစာအား (၁၈)ကြိမ်ခန့် သမ္မတဦးသိန်းစိန်နဲ့ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနသို့ တိုင်ကြားခဲ့သော်လည်း လုံးဝပြန်လည် အကြောင်းပြန်ကြားချင်း မရှိဘူးလို့ ဆိုပါတယ်...။ စာပါအကြောင်းအရာများအရ ဆိုင်ခန်းပိုင်ရှင်များမှ ကိုယ်ထူကိုယ်ထ၊ ကိုယ့်စားရိတ်ကိုယ်စိုက် နှစ်စဉ်မွမ်းမံ ပြုပြင်ခဲ့တဲ့ ပြည်မြန်မာကုန်တိုက်အား နောက်ဆုံးမှာတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက AA medical productsကို လေလံတင် ရောင်းချလိုက်တာ ဖြစ်ပါတယ်...။

AA Medical Products Ltd. လိပ်စာကတော့...
* 408/410, 7th Flr, Maha Bandoola Rd., Corner of 35th St., Samsung Plaza, Ward (3)
* Phone: 249592~3, 391644~50
* Fax: 246896,
* Email: aa.medical@mptmail.net.mm


သမ္မတကြီးဦးသိန်းစိန်ရဲ့ ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းနှင့်အညီ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ် ခြယ်လှယ်ခြင်းကို တားဆီးတာလား၊ အားပေးအားမြှောက် ပြုတာလား၊ လက်ဝါးချင်း ရိုက်စားတာလားဆိုတာ... အပြောကောင်းတဲ့ မိန့်ခွန်းရှင် သမ္မတကြီးပဲ သိပါလိမ့်မယ်...။ ဒီမိုကရေစီ အရပ်သား အစိုးရလား၊ ငတက်ပြား အစိုးရလားဆိုတာ ကွဲကွဲပြားပြား သိရအောင် ယခုကိစ္စအား နိုင်ငံတော်သမ္မတကြီးမှ အရေးယူ ဆောင်ရွက်ပေးပါရန်... မတရားအဖိနှိပ်ခံ ပြည်မြန်မာကုန်တိုက်မှ ဆိုင်ခန်းပိုင်ရှင်များနှင့် လုပ်သားပြည်သားများ ကိုယ်စား ထပ်မံတိုက်တွန်းလိုက်ရပါတယ်....။


ဆက်စပ်သတင်းများ
ကိုနစ်နေမန်း ဘလော့(ဂ်)
http://niknayman-niknayman.blogspot.com/2011/07/blog-post_8916.html

http://niknayman-niknayman.blogspot.com/2011/07/blog-post_12.html

News Eleven ဂျာနယ်ပါ..။
ဝေဒနာတွေ ကြားထဲက လှည်းတန်း

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

လိုင်ဇာမြိုရောက် ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်များ ... (ဓာတ်ပုံ)

မြန်မာအစိုးရသစ်၏ ဖိတ်ကြားချက်အရ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ၂၀၁၁ ခု၊ ဇူလိုင်လ(၂၅)ရက် နေ့လည်(၁)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ပြီးနောက် ပြည်တွင်းပြည်ပ သတင်းဌာနများသို့ ပြည်ထောင်စု ၀န်ကြီးဦးအောင်ကြည်မှ (ပြည်သူလူထုများ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဦးနှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မှု၊ အခွင့်အလမ်းများရရှိနိုင်မှု၊ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စ၊ အများပြည်သူ အကျိုးစီးပွါး ဖြစ်ထွန်းစေရေး ကိစ္စနှင့် သင့်တော်သော နေ့ရက်တို့တွင် ထပ်မံ တွေ့ဆုံပါဦးမည်) ဟုပြောကြားခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ (ဘယ်သူတွေနဲ့ ဘယ်လိုကိစ္စပဲပြောပြော ကျမတို့ရဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံနဲ့ တိုင်းပြည်သူ ပြည်သားများ အကျိုးပြုဖို့ အတွက်ကိုပဲ ရည်ရွယ်ပါတယ်)ဟု ပြောကြားခဲ့ပါသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်ခဲ့သော စစ်အစိုးရလက်ထက်တွင် မြန်မာ့ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ရန်အတွက် ဆက်ဆံရေး ဝန်ကြီးအဖြစ် ၂ဝဝ၇ အောက်တိုဘာလတွင် စတင်တာဝန်ပေးအပ်ခြင်း ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် (၉)ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ယခုသမ္မတဦးသိန်းစိန်၏ အစိုးရသစ် တက်ရောက်လာသည့် အချိန်တွင် အစိုးရသစ်နှင့် ပထမဆုံးအကြိမ် စတင်တွေ့ဆုံ ဆွေးနွေးမှုဖြစ်သည်ဟု သိရှိရပါသည်။

သတင်း... ဓာတ်ပုံ၊  ဒီမိုကောင်းကင်...
Posted: 25 Jul 2011 10:35 AM PDT
(ဓါတ်ပုံများ jinghpawkasa)
သတင်း၊ ဓာတ်ပုံများအတွက် jinghpawkasaနှင့် ဇော်ရှန်အား ကျေးဇူးတင်ပါသည်..။


Posted: 25 Jul 2011 10:13 AM PDT
ပြည်တွင်းမှ အသက်ကယ် သွေးလိုအပ် နေသူများအတွက် မွန်မြတ်တဲ့ အခမဲ့ သွေးအလှူတော်အသင်းပါ...။ ဆက်သွယ် တောင်းခံနိုင်ပါတယ်..။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Tuesday, 26 July 2011

ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးအပေါ် ရခိုင်ပါတီအမြင်

ဦးမောင်ဦး အပေါ် ရခိုင်ပါတီအမြင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္စျိမ) ။        ။ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးသည် ကြံ့ခိုင်ရေးပါတီ၏ စည်းရုံးရေး ခရီးစဉ်အဖြစ် မေလ ဒုတိယပတ် အတွင်းက ရခိုင်ပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။ ခရီးစဉ်အတွင်း ဦးမောင်ဦး၏ ပြုမူဆောင်ရွက်မှုများ မောက်မာရိုင်းစိုင်းသည်ဟု နာမည်ဆိုး ထွက်ရှိလာခဲ့သည်။

ဦးမောင်ဦး၏ ရခိုင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်များအတွင်း ပြောဆိုသွားမှုများ အပေါ် သုံးသပ်ချက်၊ တချိန်က ရခိုင်ပြည်နယ် တိုင်းမှူးဖြစ်ခဲ့စဉ်က ဦးမောင်ဦး၏ ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်ခဲ့မှုများ၊ ဦးမောင်ဦး အပေါ် ရခိုင်လူထု၏ အမြင်၊ ဦးမောင်ဦးအပေါ် RNDP ၏ မှတ်ချက်များ စသည်တို့ကို မဇ္ဈိမက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၏ အထွေထွေ အတွင်းရေးမှူး ဦးလှစောကို ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။


ပြည်ထဲရေး ဝန်ကြီးဟောင်း ဦးမောင်ဦး ရခိုင်ကိုရောက်လာတုန်းက သူလုပ်သွားခဲ့တာတွေ၊
 ပြောသွားခဲ့ တာတွေနဲ့ ပတ်သတ်ပြီးတော့ ရခိုင်ပြည်သူတွေက တော်တော် မကျေမနပ်
 ဖြစ်ကြတယ်လို့ သိရပါတယ် ခင်ဗျာ့။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ ဆရာတို့ပါတီ အနေနဲ့ကရော ဘယ်လို အမြင်တွေ ရှိပါသလဲခင်ဗျာ့။

RNDP
RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစော (ဓါတ်ပုံ မဇ္ဈိမ)
“ ရခိုင်ပြည်သူတွေကို စော်ကားမော်ကား လုပ်တာတွေ
ပေါ့ဗျာ။ မှန်ပါတယ်။ နောက်ကျနော်တို့ ပါတီအပေါ်မှာလဲ
အဲဒီလို ခြိမ်းခြောက်တာတွေပေါ့ဗျာ။ တော်တော်ကို ဆိုးဆိုးရွားရွားပါ။ ရွေးကောက်ပွဲ ကာလတုန်းက ရခိုင်ပြည်မှာ ကြံ့ခိုင်ရေးတာဝန်ခံ ဖြစ်ခဲ့တာက ဗိုလ်ချုပ်ဦးသိန်းဖေ ခင်ဗျာ့။ ကျနော့်အထင်ကတော့ အဲဒီ ဦးသိန်းဖေဟာ ပျော့ပျောင်းတယ်၊ သဘောထား
 ပျော့ပျောင်းတဲ့ အတွက် ရခိုင် RNDP က နိုင်သွားတာ ဆိုပြီးတော့။ အဲဒါကြောင့် အဲဒီနေရာမှာ ဦးမောင်ဦးကို အစားထိုးလိုက်တယ်ပေါ့ဗျာ။ သူက နည်းနည်း ခပ်ကြမ်းကြမ်း လူမိုက်ဆိုတော့ သူ့ကို အစားထိုးတာပေါ့”


သူကဘာကြောင့် အဲဒီလိုမျိုး လုပ်ရတာလဲ။ ရခိုင်ပြည်သူလူထုကို တမင်သက်သက် ရည်ရွယ်ပြီး
ပြောတာလား။ သူတို့ရဲ့ကြံ့ခိုင်ရေးပါတီ ရှုံးရတဲ့အတွက် မကျေနပ်လို့ ပြောတာလား။

“ကျနော်တို့ ယူဆတာက ရွေးကောက်ပွဲက ပြီးသွားပြီ။ ကျနော်တို့ ရခိုင်မှာ ပြည်ခိုင်ဖြိုးပါတီက ရှုံးတယ်။ ဒါအမှန်တရားပဲ။ ဒါလူထုမထောက်ခံလို့ အဲဒီလိုရှုံးတာ။ ဒါကို လက်ခံရမှာပေါ့။ အဲဒါကို သူတို့က မကျေနပ်ဘူး
ဆိုတဲ့ သဘောမျိုးနဲ့ အဲဒီခပ်ကြမ်းကြမ်း လူမိုက်တယောက်ကို လွှတ်လိုက်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ချလိုက်တဲ့ သဘောထားလားပေါ့ဗျာ။ ဒီဒေသကို ခပ်ကြမ်းကြမ်းကိုင်မှ ရမယ်ဆိုပြီး လွှတ်လိုက်တဲ့ သဘောထားလားတော့ မသိဘူး။ ပြည်ခိုင်ဖြိုးပါတီရဲ့ သူတို့ရှုံးတဲ့ ဒေသတခုကို အဲဒီလို လူမိုက်တယောက်ကို လွှတ်လိုက်တာဟာ ပြည်ခိုင်ဖြိုးပါတီက တော်တော်ဆိုးရွားတဲ့ အမှားတခုကို ကျူးလွန်တာပဲ။ ဒါမျိုးက ဘယ်လို ဖြစ်မလဲ။ ဘာလို့လဲဆိုတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ ပါတီကဦးဆောင်တဲ့ အစိုးရအဖွဲ့ထဲမှာ ကျနော်တို့ပါတီထဲက လူတွေလဲပါနေတာပဲ။ အဲဒီတော့ ဒီမှာ သမ္မတဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ကလဲ ပါတီစွဲတွေကို ဖျောက်ပါ။ တိုင်းပြည်ကို အတူတူပူးတွဲ တည်ဆောက်ရအောင်လို့ ပြောတဲ့အတွက် ကျနော်တို့လဲ ဒီအထဲမှာ သဘောထားကြီးကြီးထားပြီး မျှော်လင့်လို့ ပါနေတာပဲ။ အဲဒီလိုလာပြီး လူမိုက်တယောက်ကို လွှတ်ပြီးတော့ဗျာ ပါတီကို ခြိမ်းလိုက်၊ လူထုကို ခြိမ်းလိုက် လုပ်တာမျိုးဆိုရင်တော့ ဒါဟာ ပါတီမှာ တာဝန်ရှိတာပေါ့။ အပြန်အလှန် သုံးသပ်ရမှာပေါ့”


ကျနော်တို့ကြားသိရသလို ရခိုင်ပြည်ကို ဦးမောင်ဦးကပဲ ထိန်းနိုင်တယ်ပေါ့၊ သူကကြမ်းတယ်။ အရင်တိုင်းမှူး လုပ်တုန်းကလဲ သူပဲရခိုင်တွေကို နိုင်ခဲ့တယ်၊ သူပဲ ထိန်းနိုင်တယ်ပေါ့။ အဲဒီလို သဘောထားမျိုးတွေကိုကော ဆရာ ဘယ်လိုသုံးသပ်လဲ။

“အဲဒီလို သဘောထားမျိုးနဲ့ လာတာလဲ ဖြစ်နိုင်တာပေါ့။ သူတို့မှာက အယူအဆ အပြောင်းအလဲက သိပ်မတွေ့ရဘူး။ ဒါပေမဲ့ ကျနော်တို့က ဗမာပြည်မှာ အလှည့်အပြောင်းတခု ဖြစ်သွားပြီ။ ပြောချင် တိုင်းပြောလို့၊ ဟောက်ချင်တိုင်း
ဟောက်လို့၊ မောက်မာချင်တိုင်း မောက်မာလို့ကတော့ လူထုက ငုံ့ခံမယ့် အနေအထားတော့ မရှိတော့ဘူး။ အခုကတော့ နည်းနည်းမော့ လာပြီပေါ့ဗျာ။ မော့ကြည့်ရဲလာပြီ၊ မော်ပြောရဲ လာပြီ အနေအထား တခုကို ရောက်လာ
ပြီပေါ့ဗျာ။ အရင်တုန်းက ဆိုရင်တော့ ငုံ့ခံပြီး ဝပ်နေကြမှာပေါ့။ အခုက အဲဒီ မဟုတ်ဘူး။ မီဒီယာ ပွင့်လင်းမှု ရှိလာတယ်။ ကျနော်တို့ သက်ဆိုင်ရာကို တိုင်ထားတယ်။ ဦးရွှေမန်းဆီကို ကျနော်တို့စာ တင်ထားတာ ရှိတယ်။ ဦးသိန်းစိန်ဆီလဲ စာတင်ထားတာ ရှိတယ်။ ဒီလိုမောက်မာရိုင်းစိုင်းတဲ့ သူတွေကို ထားတာက တကယ့် ဒီမိုကရေစီ ကူးပြောင်းခြင်းမှာ မသင့်တော်ဘူးဆိုတဲ့ အကြောင်းပေါ့။ အဲဒီတော့ အရင်တုန်းကလို မောက်မာချင်တိုင်း မောက်မာလို့ ဘယ်ရမလဲ။ သူတို့တွေရဲ့ မိုက်ချက်တွေကိုပြောင်း ပေးရမှာပေါ့။ မပြောင်းရင် ဒီလူတွေဟာ ဒီမိုကရေစီအသွင် ကူးပြောင်းခြင်းထဲမှာ မရှိသင့်တဲ့ ပုဂ္ဂိုလ်တွေပဲ။ အဲဒီလိုလူမျိုးတွေကို ပါတီထဲမှာ လက်ခံထားတာကိုက တော်တော့ကို စဉ်းစားစရာ ကောင်းတယ်”

ဦးမောင်ဦးရဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာ ဆရာတို့ အနေနဲ့ တင်ပြ၊ တိုင်ကြားခဲ့တာတွေကို နည်းနည်း ထပ်ဖြည့်ပြောပေးပါ။

“ကျနော်တို့ ပါတီကတော့ သက်ဆိုင်ရာတွေကို တင်ပြထားပါတယ်။ သူနဲ့ပတ်သတ်ပြီးတော့ ပြန်လည် စိစစ်ပေးဖို့ ကျနော်တို့ကတော့ ဥပဒေကြောင်းအရပဲ လက်ခံတာပေါ့ဗျာ အဲဒီလိုတင်ပြပါတယ်၊ နေပြည်တော်မှာရှိတဲ့ သက်ဆိုင်ရာတွေကို ပေါ့ဗျာ”

ဦးမောင်ဦး ပေါက်တောမြို့မှာ ပြောသွားခဲ့တဲ့ အရာရာကို ဥပဒေအတိုင်း လုပ်လို့ မရဘူးဆိုတဲ့ စကားအပေါ်မှာကော ဆရာတို့ အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

“ဟုတ်တယ်။ သူပြောသွားခဲ့တဲ့ အထဲမှာ ပါတယ်။ ဦးရွှေမန်းကတော့ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဘူး ဆိုပြီးပြောတယ်။ အခု ဦးမောင်ဦးက တမျိုးပြောတယ်။ အဲဒါတွေက ကွဲလွဲနေတာပေါ့။ နောက်တခုက ကျနော်တို့ကို ဒီမှာ တိုင်းရင်းသား ချစ်ကြည်ရေးလို့ ပြောနေတယ်။ အဲဒီမှာကျတော့ ဦးမောင်ဦးက ချင်းတွေက စာမတတ်ဘူး၊ ချင်းတွေက ဝန်ကြီးနေရာနဲ့ မတန်ဘူးဆိုပြီးတော့ ပြောတာတွေလဲ ပါသေးတယ်။ အင်မတန် ရိုင်းစိုင်းတာပဲ။ ဒါပြည်ထောင်စုစိတ်ဓာတ်လို့ ဘယ်လိုခေါ်မလဲ”

ဦးမောင်ဦးလာတယ်၊ ဓားကြိမ်း ကြိမ်းတယ်။ ဒါတွေဟာ ရခိုင်အမတ်သုံးယောက် အမှု ရှုံးသွားတာ နဲ့များ ဆက်စပ်နေမလား။

“အသေအချာ စဉ်းစားရင်တော့ ဆက်စပ်ကောင်း ဆက်စပ်နိုင်တယ်ဗျာ့။ ကျနော်တို့ ရခိုင်အမတ်တွေကလဲ တကယ် လူထုထောက်ခံမှုနဲ့ မဲအပြတ်နဲ့ကို နိုင်တာ။ ဒါပေမဲ့ တကယ့် ဆုံးဖြတ်လိုက်တဲ့ အခါ ရွေးကောက်ပွဲ ကော်မရှင်က
 နေပြီးတော့ ကျနော်တို့ ရခိုင်အမတ်တွေကို အရှုံးပေးလိုက်တယ်။ အဲဒါကတော့ ကျနော်တို့ပါတီအပေါ်မှာ ဖိအားတွေ ဝင်တယ်ပေါ့ဗျာ။ အဲဒါ ဦးမောင်ဦး ပြောတာနဲ့ အမတ်တွေရှုံးတာနဲ့ တထပ်တည်း ဖြစ်ကောင်းလဲ ဖြစ်နိုင်ပါတယ်။ အဲဒီလို ဖြစ်မယ်ဆိုရင်တော့ ဒါဟာ အင်မတန် စိတ်ပျက်ဝမ်းနည်းစရာ ကောင်းတာပဲဗျာ့”

ကြံ့ခိုင်ရေးပါတီထဲမှာ ဦးမောင်ဦးလိုမျိုး သဘောထားရှိတဲ့ သူတွေကော နောက်ထပ် ရှိသေးလား ခင်ဗျာ့။

“အမတ်ထဲမှာတော့ တယောက်ရှိတယ်ဗျာ့။ ဦးမောင်ဦး ခရီးထွက်တဲ့အချိန်က ဦးမောင်ဦးနောက်လိုက်ပြီး ဦးမောင်ဦး
လို ကြိမ်းသွားတာ။ သူက ရခိုင် ပြည်နယ်ထဲက ဝန်ကြီးတပါးပေါ့။ သူက ဂွက အမတ် အခုတော့ ဝန်ကြီး။ သူလဲ ဦးမောင်ဦးလို ကြိမ်းသွားတာတွေ ရှိတယ်။ နယ်တွေမှာ”

ကျောက်ဖြူဘက်မှာ ဦးမောင်ဦး တိုင်းမှူးလုပ်ခဲ့တဲ့ အချိန်တုန်းက ရောင်းစားခဲ့တဲ့ သမဝါယမပိုင်
 မြေကွက်တွေ အရေးနဲ့ ပတ်သတ်ပြီးတော့ ကျေးရွာသားတွေက အထက်ကို တိုင်မယ်လို့ ကြားရပါတယ် ခင်ဗျာ့။ အဲဒါနဲ့ပတ်သတ် ပြီးတော့ကော ဆရာတို့ သိထားတာတွေ ရှိပါသလား ခင်ဗျာ့။


“ဟုတ်ကဲ့သိပါတယ်။ အဲဒါ ကျောက်ဖြူ ဂုံးချိန် ဘက်မှာပါ။ သူတိုင်းမှူးလုပ်တုန်းက ဗိုလ်ကျပြီးယူခဲ့တဲ့ မြေကွက်တွေ
ပေါ့ဗျာ။ အခု တပ်ကလူတွေကို စောင့်ခိုင်းထားတယ်ပေါ့။ ကျေးရွာသားတွေက သူတို့အသိနဲ့သူတို့ စုစည်းပြီး
တော့ ပြန်လည်တောင်းဆိုဖို့ တရားစွဲဆိုဖို့ ကြိုးစားနေတယ်လို့တော့ သိရပါတယ်ခင်ဗျာ့။ အရင်တုန်းကလို တိုင်းမှူးခေတ် မဟုတ်တော့ဘူးဆိုတော့ တစုံတရာ အပြောင်းအလဲ တခုလုပ်ခဲ့ပြီဆိုတော့ လူထုကလဲ
နိုးကြားလာခဲ့ကြပါပြီ။ ငါတိုင်းမှူး၊ လုပ်ချင်သလို လုပ်လို့ ရတယ်ဆိုတဲ့ ခေတ်မဟုတ်တော့ဘူးပေါ့ဗျာ”

နောက်ဆုံးတခုအနေနဲ့ ရခိုင်ပြည်ကို ကြံ့ခိုင်ရေးပါတီရဲ့ စည်းရုံးရေးမှူး တယောက် အနေနဲ့
 ရောက်လာခဲ့တဲ့ ဦးမောင်ဦးဟာ ပြောချင်ရာပြော၊ သူလုပ်ချင်သလို လုပ်သွားနိုင်တာက ဘာကြောင့်လို့ ထင်ပါသလဲဆရာ။ သူ့ရဲ့ ရခိုင်ပြည် စည်းရုံးရေးကကော အောင်မြင်တယ်လို့
 ပြောနိုင်မလား။

“အဲဒါကတော့ ကျနော်တို့အနေနဲ့ မပြောတတ်ဘူးဗျာ။ ကျနော်တို့ ရခိုင်ဘက်က လူတွေကတော့ ပြောပါတယ်။ ဦးမောင်ဦးကို အဲဒီလိုလွှတ်လိုက်တာ ကြံ့ခိုင်ရေးပါတီ အနေနဲ့ စည်းရုံးရေးအရ အများကြီး ဆုံးရှုံးတယ်။ ရခိုင်ပါတီ RNDP က ပိုတောင် မြတ်သေးတယ်လို့ ပြောတဲ့လူတွေ ရှိပါတယ်။ အဲဒါ ကျနော်တို့လဲ မစဉ်းစားမိဘူး။ စည်းရုံးရေးဆိုတာက အမှန်မှာ အင်မတန်ပျော့ပြောင်းတဲ့ သူတဦးကို လွှတ်ရမှာ အခုတော့ ဒီလိုလူမျိုးကိုလွှတ် လိုက်တော့ ကြံ့ခိုင်ရေးပါတီက လူထုကို ဘယ်စည်းရုံးလို့ ရတော့မလဲ။ ကျနော်တို့ ရခိုင်တွေကတော့ ပျော်ပါသေး တယ်။ ဦးမောင်ဦးလို လူတဦး ရောက်လာတာ ရခိုင်ပါတီအတွက် ကောင်းပါတယ်တဲ့။ ဘာမှမလုပ်ဘဲ ထိုင်နေရင်
တောင် ရခိုင်ပါတီက ကိုယ်နဲ့ ပြိုင်ဘက်ကို လူတွေမုန်းသွားမယ်ပေါ့ဗျာ”

Link to Human Rights Myanmar

Posted: 22 Jul 2011 08:30 PM PDT
နိုင်ငံရေးသိပ္ပံသင်တန်းဖွင့်​ပွဲအခမ်းအနားကို ဒီနေ့ဇူလိုင်လ(၂၂)ရက် နံနက်(၈)နာရီခွဲက ဌါနချုပ် ဗဟိုအစည်းအဝေးခမ်းမမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနား သဘာပတိအဖြစ် ဒုတိယဥက္ကဌဦးတင်ဦးကဆောင်ရွ​က်ပြီး၊ အခမ်းအနားမှူးအဖြစ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မအေးအေးငြိမ်း ကဆောင်ရွက်ပါတ​ယ်။

ပြည်နယ်တိုင်းအသီးသီးက သင်တန်းသားတွေ၊ မိတ်ဖက်နိုင်ငံရေး ပါတီများက သင်တန်းသားတွေ၊ ဗေဒါအခမဲ့ပညာဒါနကျောင်းက သင်တန်းသားတွေ၊ အဖွဲ့ချုပ်ဗဟိုလုပ်ငန်းအဖွဲ့​တွေက သင်တန်းသားတွေ စုစုပေါင်း(၇၈)ဦး သင်တန်းကို တက်ရောက်ပါတယ်။

သင်တန်းကို တောင်ကိုးရီးယားနိုင်ငံက နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဖြစ်ကြတဲ့ ဒေါက်တာဘရန်ဒန်ဟိုဝဲလ်နဲ့ ဒါက်တာမက်သီရပ်စ်မားစ်တို့က​ ပို့ချပေးကြပါတယ်။ သင်တန်းကာလက ဇူလိုင်(၂၂)ရက်မှ ဇူလိုင်(၂၈)ရက်နေ့ အထိဖြစ်ပြီး ပို့ချမယ့် ဘာသာရပ်တွေကတော့ လူသားမျိုးနွယ် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းပညာနှင့် နိုင်ငံတကာဆက်ဆံရေး နိဒါန်းတို့ဖြစ်ကြပါတယ်။

National League for Democracy (NLD Facebook Albums) မှ ပြန်လည်မျှဝေသည်။








You are subscribed to email updates from Human Rights Myanmar
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610