Sunday, 29 January 2012
မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၇)
ရေးသူ- (ကို)အောင်မိုးဝင်း
ယခင်အပိုင်း(၆)မှ အဆက် ...
ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃
နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်ကျော်ကို လေးစားချစ်ခင်တဲ့
ရဲဘော်များနဲ့ သူ့မိသားစုတွေက မန္တလေးမှာ နှစ်လည်ဆွမ်းကျွေးခဲ့ပါ
တယ်။ တချို့က ငွေကြေးအကူအညီပေးဖို့ ပိုက်ဆံကောက်ကြပါတယ်။
အကွက်ခြောင်းနေတဲ့ စစ်ထောက်လှမ်းရေးတွေကလည်း
“ဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တကယ်တန်ဘိုးရှိတဲ့ ခေါင်းဆောင်
တယောက် ကျဆုံးသွားတာ ဝမ်းနည်းစရာပဲ၊ ဂျီတီအိုင် ကျောင်းရှေ့မှာ
သူ့ရဲ့ ရုပ်ထုကို ထုပေးရမယ်”
လို့ပြောဆိုပြီး သူတို့ကလည်း ငွေကြေးထည့်ချင်သလိုလို လုပ်ပါတယ်။
ကျောင်းသားတွေက
“စစ်ထောက်လှမ်းရေးတွေဟာ ကျောင်းသားလှုပ်ရှားမှု အားနည်းချက်ကို
အသုံးချပြီး သပ်လျှိုဖြိုခွဲ အပုပ်ချတော့မယ်”
ဆိုတာကို ရုတ်ချည်းနားလည်လိုက်ကြပါတယ်။ သူတို့တတွေပြောခဲ့တာ
ရှင်းရှင်းလေးပါ။
“စစ်ထောက်လှမ်ရေးတွေ ကြောင့် ကျောင်းသားတွေ တောခိုကြတယ်။
မဖြစ်သင့်တာတွေဖြစ်ခဲ့ ကြုံခဲ့ကြတယ်။ ဒါတွေအားလုံးဟာ ရှင်တို့ကြောင့်
ဖြစ်တာဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။
ပြောချင်တာက ကိုယ့်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကိုယ့်ဘာသာ
နာမည်ဖျက်ဖို့ ကြိုးစားချင်တယ် ဆိုရင်၊ ၁၉၉၃ ခုနှစ်ကတည်းက စစ်ထောက်လှမ်းရေးတွေပေးတဲ့အကူအညီကိုယူပြီး လုပ်လို့ရပါတယ်။
ပြည်တွင်းကျောင်းသားလှုပ်ရှားမှု သမိုင်းကို မသိတဲ့ တချို့သော
(လက်ချိုးရေ လို့ရတဲ့) သူတချို့က “ရန်သူ့လူတွေဟာ သမိုင်းကို
ဗြောင်းပြန်လှန်ဖို့ ကြိုးစားနေတယ်” ဆိုတဲ့ သွေးရူးသွေးတန်း စကား
တွေကို လှုံ့ဆော်ကြည့်ပါတယ်။ မြောက်ပိုင်းလူသတ်မှုကြီးကို
နဂိုကတည်းက ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ် ဆိုတာ
သမိုင်းက ဆုံးဖြတ်ပြီးသားပါ။ ဥာဏ်ရှိတဲ့သူတွေက ဒီ အစုလိုက်
အပြုံလိုက် လူသတ်မှုဟာ ဘယ်လောက်အပြစ်ကြီးတယ်
ဆိုတာသိလို့ ငြိမ်သက်နေကြတယ်။ လက်ဝင်မလျှိုကြဘူး။ ဥာဏ်မမှီ
တဲ့သူတွေသာ အဖွဲ့အစည်းကို ချစ်ဟန်ဆောင်ပြပြီး လက်ဝင်
လျှိုတယ်။ ကျောခြင်းကပ်ကြမယ် ဘာညာအော်နေကြတာ။
ကျောခြင်းကပ်ချင်သူများရဲ့ အရည်အချင်းတချက်လောက်
ကြည့်ပါရစေ။ သမိုင်းဆိုးနဲ့အတူ မြေမြှုပ်ပေးလိုက်ပါ့မယ်။
လူသတ်မှုမှာ အဓိကတာဝန်ရှိသူတွေက သူတို့ကိုယ်တိုင် မဖြေရှင်းရဲ
တဲ့အခါ ABSDF ခေါင်းစဉ်ကို အကာအကွယ်ယူပြီး ကွေ့ဝိုက် ပြောဆို
ဖို့ကြိုးစားတယ်။ လူတချို့ကတော့ လူတစုရဲ့ ယုတ်မာမှုကို အကြောင်း
ပြပြီး ABSDF ကို တိုက်ခိုက်ဖို့ကြိုးစား ကြတယ်။ ဒီလုပ်ရပ်နှစ်ခုလုံးကို
ကျနော်တို့က သတိရှိဖို့လိုပါတယ်။
ကာယကံရှင်တွေဟာ သတ္တိရှိရှိ မဖြေရှင်းသရွေ့ အနာဂတ်မှာ
ပိုမို မဲမှောင်တဲ့ လမ်းကြောင်းကိုသာတွေ့ရလိမ်မယ်။ တောင်ပြို
နေတာ၊ လက်ဖဝါးနဲ့ကာဖို့ မကြိုးစားစေချင်ပါ။ တကယ်တော့
ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေဟာ သူတို့အဖွဲ့အစည်း
ရဲ့အလံတော်ကို သိက္ခာရှိရှိလွှင့်တင်ချင်လို့ ပုဂ္ဂိုလ်ရေး စာတွေပို့
ဖြေရှင်းခိုင်းနေတာ နှစ်ကြာနေပါပြီ။ ခေါင်းဆောင်လုပ်ခဲ့သူတွေက
တာဝန်မဲ့လုပ်၊ ခံစားမှုမဲ့လုပ်ခဲ့ကြလို့ အခုလို အဖြစ်ဆိုးကြီးဟာ
အပြင်ကို ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်။ ခုချိန်ကျမှ ဘာလို့ အရှိန်ပြင်းပြင်း
ဖောက်ခွဲကြသလဲဆိုရင် အဓိက အချက် (၃) ချက်ရှိပါလိမ့်မယ်။
(က) ရော်နယ်အောင်နိုင်ရဲ့ မဆင်မခြင် အင်တာဗျူးများ
(ခ) ကိုထွန်းအောင်ကျော်တို့တတွေကျဆုံးခဲ့တာအနှစ်(၂၀) ကြာ
(ဂ) ABSDF( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းတဲ့အခါ လူသတ်သမား
လှဆိုင်း တို့တတွေ ပြန်ပါနေတယ်။ စိတ်ကူးမယဉ်စေချင်ပါဘူး။
အပြစ်မဲ့ကျောင်းသားတွေကို လည်မျိုကိုခုတ်ဖြတ်သတ်ခဲ့သူတွေဟာ
တော်လှန်ရေးသမားတွေ မဖြစ်နိုင်သလို၊ သမိုင်းဆိုတာ အချိန်တန်ရင်
နေရာမှန်ကို ပြန်ရောက်သွားတဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။ ABSDF
(မြောက်ပိုင်း) မှာ တာဝန်ထမ်းခဲ့ပြီး ကြောက်မက်ဘွယ် အဖြစ်ဆိုးကြီး
ကို ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့တဲ့ “ရဲဘော်ကျော်ခိုင်ဝင်း”က ၂၀၀၈ ခု
ဝန်းကျင်မှာ စာနှစ်စောင်ရေးဖွင့်ဟခဲ့တယ်။ ကာယကံရှင်တွေက ဘာမှ
အကြောင်းမပြန်ခဲ့ဘူး။ ဖတ်ကြည့်ကြပါ မိတ်ဆွေတို့ ….
ကိုအောင်နိုင်
ကျနော် ကျော်ခိုင်ဝင်း ပါ။ ကိုအောင်နိုင် မှတ်မိနေလိမ့်မယ်လို့ လုံးဝ
ယုံကြည်ထားပါတယ်။ ကျနော်တို့ တောမခိုခင် မန္တလေး (အနကလ)၊
မိုးညှင်း (အနကလ)နဲ့ အမရပူရ(အနကလ)မှာ အတူတူလှုပ်ရှားခဲ့
တာတွေ၊ ကျနော် တောခိုမဲ့ညက ကိုအောင်နိုင်ရယ်၊ ကိုစိုးလင်းရယ်၊
ကိုမြင့်ကျော်ရယ် မန္တလေးမြောက်ပြင်က ကိုမြင့်ကျော်တို့ ဦးလေးအိမ်မှာ
နောက်ဆုံးအိပ်ခဲ့ကြတာကို ကိုအောင်နိုင် မှတ်မိပါလိမ့်မယ်။ ကိုအောင်နိုင်
ကို ကျနော်အရမ်းစကားပြောချင်ပါတယ်။ မေးလဲမေးစရာရှိပါတယ်။
တတ်နိုင်ရင် ကျနော့်ကို ဆက်သွယ်ပေးပါ။ ကိုအောင်နိုင်ရဲ့ လက်အောက်
မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ဂုဏ်သိက္ခာကို၊ သူတို့ရဲ့
ခံစားမှုတွေကို ညှာတာထောက်ထားစွာဖြင့် ကျနော်တို့နဲ့ ရင်ဆိုင်
ဖြေရှင်းပေးပါခင်ဗျား။
ကိုအောင်နိုင် ပြောသလို၊ သူတို့ဟာ ထောက်လှမ်းရေးတွေပါဆိုရင်
ဘာလို့ ဘိုဘို ( မိုးကျော်သူ) ကို စစ်အစိုးရက ထောင်ဒဏ် အနှစ်
(၂၀) ချထားရတာလဲ။ ကိုရာပြည့် ဘာလို့ထောင်ထဲမှာ အသေဆိုးနဲ့
သေခဲ့ရတာလဲ။ ကိုအောင်နိုင်တို့ ထောက်လှမ်းရေးဗိုလ်အဆင့်
သတ်မှတ်ထားတဲ့ နန်းအောင်ထွေးကြည် အခုထိ မြန်မာနိုင်ငံ
ပြန်လို့မရတာလဲ။ ဖိုးကျော် (မြွေဟောက်)တို့ ဒုက္ခသည်စခန်းကို
ပြန်ရောက်လာရတာလဲ။ ကိုရဲလင်း ဘာလို့ ထောင်ထဲပြန်ရောက်
သွားရတာလဲ။ ကိုထိန်လင်း ဘာလို့ထောင်ထဲထည့်ခံရတာလဲ။
ကျနော်လည်း မြန်မာနိုင်ငံမှာ ရှိတုံးက ခရီးထွက်တိုင်း ဘာလို့
ထောက်လှမ်းရေးကို သတင်းပို့နေရတာလဲ။
ဒါတွေအားလုံးပြောနေရင် ကုန်မှာလဲမဟုတ်ပါ။
ကိုအောင်နိုင် ပါးစပ်က ပြောနေတဲ့ စစ်အစိုးရ၊ အာဏာသိမ်းအစိုးရ၊
လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရ၊နိုင်ငံရေးအကျဉ်းသားတွေကို
နှိပ်ကွပ်တဲ့အစိုးရတောင်မှ ကိုအောင်နိုင်တို့လို လူသားတယောက်
အပေါ် မရက်စက်ခဲ့ပါ။ မညှင်းဆဲခဲ့ပါ။ မနှိပ်စက်ခဲ့ပါ။ လူ့အခွင့်အရေး
မချိုးဖောက်ခဲ့ပါဘူး။ အစုလိုက်အပြုံလိုက်၊ လည်ပင်းကို ဓါးနဲ့ခုတ်ဖြတ်
မစီရင်ခဲ့ပါဘူး။ အမျိုးသမီးတယောက် (မခင်ချိုဦး)က သတ်ခံကာနီး
ငိုယိုတောင်းပန်တာတောင် ကိုယ်တုံးလုံးကို ရဲဘော်တွေအားလုံး
ရှေ့မှာ ချွတ်ပြီး မပစ်သတ်ခဲ့ပါဘူး။ ကိုကျော်ဝေလို ထင်းတုံးပေါ်
ခေါင်းတင်ပြီး ခုတ်ဖြတ်မသတ်ခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်ရဲ့
ဗိုက်ပေါ်ကို ရင်ဘောင်ကြမ်းတင်ပြီး မီးမရှို့ခဲ့ပါဘူး။ ဘိုဘို လိုမျိုး
နှာခေါင်းကို သံချိတ်နဲ့ချိတ်ပြီး နိုင်ငံရေးသမားတွေကို မစစ်ဆေးခဲ့
ပါဘူး။ စစ်ကြောရေးမလုပ်ခဲ့ပါဘူး။ ရေခဲနေတဲ့ လိုင်စ် (ပါဂျောင်)လို
နေရာမျိုးမှာ မြေကြီးထဲကို ကိုယ်တကိုယ်လုံးမြှုပ် တညလုံးခေါင်းလေးပဲ
ဖေါ်ပြီး မစစ်ဆေးခဲ့ပါဘူး။ နှိပ်စက်တာတွေ ပြောရင်ကုန်မှာ မဟုတ်ပါ။
ကျနော် လောဘတကြီး နဲ့ ကိုအောင်နိုင်ကို တောင်းဆိုနေတာ မဟုတ်
ပါ။ အေဘီ ရဲဘော်တွေ အားလုံးရဲ့ ဂုဏ်ကို ငဲ့ညှာသောအားဖြင့်
မှားခဲ့ပါတယ် လို့ ကိုအောင်နိုင် ပါးစပ်ကနေ ဝန်ချတောင်းပန်တာလေး
တခုကိုပဲ အားလုံးက ကြားချင်နေကြတာပါဗျာ။ ဝန်ခံပေးပါ ကိုအောင်နိုင်။
မှားခဲ့တယ်။ အဖွဲ့အစည်းအတွက် မှားခဲ့ပါတယ် လို့ ဝန်ချတောင်းပန်
ပေါ ကိုအောင်နိုင်။ နောက်မှ စာဆက်ရေးပါအုံးမယ် ကိုအောင်နိုင်
ခေတ္တ ကိုရီးယား + ၈၂ ၁၀ ၃၅၁၁ ၁၁၃၉
+၈၂ ၇၀ ၈၁၈၂ ၀၃၆၀
ရဲဘော် ကျော်ခိုင်ဝင်းရဲ့ အစီရင်ခံစာ
ABSDF (NB) တွင်တာဝန်ထမ်းဆောင်စဉ်၊ ကိုသံချောင်း၊ ကိုမျိုးဝင်း၊
ကိုအောင်နိုင်တို့မှ ကျောင်းသားတပ်မတော်ခေါင်းဆောင်
ကိုထွန်းအောင်ကျော်နှင့်တကွ၊ စစ်မှန်သော ကျောင်းသားရဲဘော်များအား
အချင်းချင်းသုတ်သင်ရှင်းလင်းရက်စက်မှုများကာလ၊ ကိုယ်တွေ့မျက်မြင်
လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
အေဘီတွင် ကိုသံချောင်း စစ်ရေးတာဝန်ခံ၊ ကိုမျိုးဝင်းအထွေအထွေ
အတွင်းရေးမှူး၊ အပတ်စဉ် (၅) သင်တန်းကာလတွင် တပ်တွင်းဆန္ဒပြမှု
တရပ်ပေါ်ပေါက်ခဲ့ပါသည်။ တပ်တွင်းခေါင်းဆောင်များဦးဆောင်မှုညံ့ဖျင်း
သည့် အဓိကအကြောင်းအရာဖြစ်ခဲ့ပါသည်။ ထိုအချိန်ကာလတွင်
ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊ ကိုစိုးလင်း၊ ကိုညီဂျော် စသည့်
ကျောင်းသားခေါင်းဆောင်များ ရောက်ရှိလာပြီး ထိုရောက်ရှိလာသော
ကျောင်းသားခေါင်းဆောင်များအား တပ်တွင်းရှိရဲဘော်များက အားပေး
ထောက်ခံကြပါသည်။ ထို့နောက် တပ်တွင်းခေါင်းဆောင်နေရာများ
အတွက် ရွေးကောက်ပွဲလုပ်ပြီး ခေါင်းဆောင်တင်ကြသည့်အခါတွင်
ကိုမျိုးဝင်းသည် လူကြိုက်အနည်းဆုံးသူတယောက်ဖြစ်ခဲ့ပါသည်။ ထိုအချိန်မှ
စပြီး ကိုမျိုးဝင်း၏အတွင်းစိတ်တွင် အမှတ်အငြိုးတေးဖြစ်လာခဲ့ပါသည်။
သူ၏ အာဏာပါဝါလျော့ကျသွားခြင်းဖြစ်ပါသည်။ သို့သော် ကိုမျိုးဝင်းအား
အသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်ဖွဲ့စည်းပုံတွင် တွဲဘက်
အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်ခန့်လိုက်ခြင်းသည် ကျောင်းသား
တပ်မတော်ပြိုကွဲရန် အောက်ပါ ဖြစ်ရပ်မှန် ရက်စက်မှုများ၏ အစပင်
ဖြစ်ပါတော့သတည်း။
ထိုအသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်တွင် ကိုအောင်နိုင်
သည် အဖွဲ့အတွက် အလွန်အရေးပါသော အထွေထွေအတွင်း
ရေးမှူးရာထူးကို လက်ခံရယူထမ်းဆောင်ခဲ့ပါသည်။ အထက်ပါကဲ့သို့
ဖွဲ့စည်းပုံအသစ်ဖြင့် ကျောင်းသားတပ်မတော်သည် အင်အားခိုင်မာ
ကျစ်လစ်စွာ နယ်မြေခံလူထုအားပေးထောက်ခံမှု အားကောင်းစွာ
အရှိန်အဟုန် ကောင်းနေစဉ်တွင် တပ်တွင်းရဲဘော်တယောက်ဖြစ်သော
တပ်သား စိုးမင်းအောင် တပ်မှထွက်ပြေးခဲ့ပါသည်။ ထို တပ်ပြေးစိုးမင်းအောင်
အား တရုပ်ပြည် ရင့်ကျန်းမြို့တွင် ပြန်လည်ဖမ်းစည်းရရှိမိကာ ရိုက်နှက်
နှိပ်စက် စစ်ကြောပြီး အစိုးရထောက်လှမ်းရေးဟု အတင်းအကြပ်
ဝန်ခံခိုင်းခဲ့ပါသည်။ စိုးမင်းအောင်မှ တဆင့် ကျောင်းသားတပ်မတော်တွင်း
ရှိ အခြားသော ကျောင်းသားတပ်မတော်တွင်းရှိ အခြားသော ကျောင်းသား
များ၏အမည်ကို မေးကာ ထိုကျောင်းသားများသည်လည်းပဲ
ထောက်လှမ်းရေးဖြစ်ပါသည်ဟု မဝန်ခံမခြင်း လူမဆန်စွာ လူ့အခွင့်အရေး
ကို အစွမ်းကုန်ချိုးဖောက်ကာ ကိုသံချောင်းနှင့် အပေါင်းပါများက
သေသည်အထိ ညှင်းပမ်းနှိပ်စက်ခဲ့ကြပါသည်။ ထိုမှတဆင့် ကိုမျိုးဝင်းသည်
သူ့အား အပတ်စဉ် (၅) သင်တန်းကာလဆန့်ကျင်ခဲ့သူများအား
နှိပ်ကွပ်ရန် အကွက်မြင်သွားပြီး သူ့အား အတိုက်အခံလုပ်ခဲ့သူများကို
ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး
ပြောပြမကုန်နိုင်လောက်သော ညှင်းပမ်းနှိပ်စက်မှု မျိုးစုံဖြင့် သေသည်
အထိလည်ကောင်း၊ မသေမရှင်ဖြစ်သည်အထိလည်ကောင်း၊ လူလုံးမလှ
တော့သည်အထိ လည်ကောင်း၊ ယုတ်စွအဆုံး မိန်းခလေးများဖြစ်သော
အဖမ်းခံထောက်လှမ်းရေးဟု အစွပ်စွဲခံ မငယ် (နန်းအောင်ထွေးကြည်)၊
မခင်ချိုဦးတို့၏ မိန်းမ အင်္ဂါထဲသို့ပင် ရှာဖွေစစ်ဆေးကာ အမျိုးသမီးတို့၏
အခွင့်အရေးကိုပါ ချိုးဖောက်ပြီး စစ်ကြောရေးကြီးကို စတင်ခဲ့ပါသည်။
ညှင်းပန်းနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများနှင့် ညှင်းပမ်း
နှိပ်စက်ခံခဲ့ရသူများကို ကျွန်တော်သည် အောက်ပါအတိုင်း ကိုယ်တွေ့
မျက်မြင် မိမိအရှေ့တွင် မျက်ဝါးထင်ထင် မြင်ခဲ့ရသည်ကို နှိပ်စက်ခံရခဲ့
သော လူအမည်များဖြင့်တကွ ဖေါ်ပြထားပါသည်။
ကိုထွန်းအောင်ကျော် ( မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့
ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို
မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြား
စေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊
ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊
ကိုချိုကြီး၏လက်ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊
ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ (လက်မ
တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထား
ခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာ လမ်းလျှောက်
နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊
ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။
ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း
ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊
ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။
ကိုချိုကြီး ( မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင်
လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား
ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်
သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။
မောင်မောင်ကြွယ်(ရန်ကုန်) ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသား
ဟုဆိုသူ
အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။
မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို
အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏
(အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့
ရပါသည်။
တူးတူး (မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ
မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ။
ကိုလှမြင့် (တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊
ပြင်းထန်စွာငြင်းဆန်သွားပါသည်။
ရန်အောင် (ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက်
ဖြင့် ထိုးသတ်ခံရ။
အောင်ဖိုး (ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ
တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊
မိုင်းခွဲခါ ခြေဖြတ်ခံရ၊ (ထိုမိုင်းခွဲပွဲတွင်) မငယ်(နန်းအောင်ထွေးကြည်)
အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲ
မခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။
ဋ္ဌေးမြင့်ဝင်း (ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်း
အား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊
“ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလား
ဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊
ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့်
ပစ်သတ်ခံရပါသည်။
မခင်ချိုဦး (ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံး
ရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
ကိုကျော်ဝေ (မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။
အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို
သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်
မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက်ရတယ်လို့
အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင်
လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။
ပြည်စိုးနိုင် (ရန်ကုန်)
ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင်ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီး
ထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။
ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။
ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင်သည်
ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊
စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်
နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။
မငယ်(ခ) နန်းအောင်ထွေးကြည်၊ ရန်ကုန်
သူမ၏ ချောမောသော ရုပ်ရည် ပျက်စီးသည်အထိ မီးဖိုထဲမှ မီးစွဲ
လောင်နေသော ထင်းချောင်းဖြင့် မျက်နှာအား အထိုးခံခဲ့ရသည်။
သေဒဏ်စာရင်းတွင်ပါသော်လည်း ကံကောင်းထောက်မစွာ အသက်
မသေခဲ့ပါ။
နန်းစော (ဗန်းမော်)
သူမ၏ လက်မသည် ကျိုးကျေသွားပြီး ယ္ခုတိုင် ကွေးဆန့် မရတော့
သည့်တိုင်အောင် ဝါးဆစ်ပိတ်ဝါးဖြင့် အရိုက်ခံခဲ့ရသည်။ ကိုအောင်နိုင်တို့
ထောက်လှမ်းရေးဟု စွပ်စွဲထားသော နန်းစောသည် ယ္ခုအခါ စက်တင်ဘာ
အရေးအခင်းမှစပြီး လိုက်လံဖမ်းဆီးခံနေရသဖြင့် ပြည်တွင်းတွင်
မိန်းခလေးတန်မဲ့ ထွက်ပြေးတိမ်းရှောင်နေရသည်။ (ယ္ခုအခါ ထိုင်းနယ်စပ်
သို့ရောက်ရှိနေပါပြီ)
ကိုထိန်လင်း (ဟင်္သာတ)
ညလုံးပေါက် ရိုက်နှက်စစ်ဆေးပြီး အဆိပ်ရည် ပုလင်းထုတ်ပေးရန်
စစ်ဆေးခဲ့၊ မိုးလင်းသောအခါ စစ်ဆေးတာ မခံနိုင်သဖြင့် သူ ပန်းချီ
ဆွဲသောအခါ အသုံးပြုသော ပန်းချီဆေးရည်များကို ထုတ်ပေးခဲ့ရ၊
ထိုဆေးရည်များဖြင့် သူ၏မျက်နှာကို လောင်းချ သုတ်လိမ်းခံခဲ့ရ၊
ကိုယ်ပေါ်သို့လည်း လောင်းချခံခဲ့ရပါသည်။ ပြန်လည်လွတ်မြောက်
လာသော်လည်း စစ်အစိုးရမှ ကိုအောင်နိုင်တို့ထောက်လှမ်းရေးဟု
ယူဆခဲ့သူများကို ပြန်လည်ထောင်ချခဲ့ပါသည်။
ဘိုဘို (မိုးကျော်သူ)
နှာခေါင်းတွင် သံချိတ်ဖြင့် ချိတ်ဆွဲကာ အဖောက်ခံခဲ့ရ၊ ယခုအချိန်ထိ
ကိုနိုင်အောင်တို့ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော သူသည်
မန္တလေး အကျဉ်းထောင်တွင် ထောင်ဒဏ် အနှစ် (၂၀)ချမှတ် ခံထား
ရသည်။ (ယခု ပြန်လည်လွတ်မြောက်လာပြီး ပြည်တွင်းတွင်)
အထက်ပါဖြစ်ရပ်များသည် ကျနော်ကိုယ်တွေ့မျက်မြင် ဖြစ်ခဲ့သော
အဖြစ်အပျက်များဖြစ်ပါသည်။ မည်သည့်လူနှင့်မဆို ကျွန်တော်ကိုယ်တိုင်
ရှင်းရဲပါသည်။ နေ့ရက်များကို အတိအကျမမှတ်မိသော်လည်း
ကျနော်ရေးသောစာကို ကျနော်တာဝန်ယူပါသည်။ ထိုအဖြစ်အပျက်
များအတွင်း ကိုအောင်နိုင်သည် ဥက္ကဋ္ဌ ရာထူးတာဝန်ယူပြီး ဖြစ်ပျက်
ခဲ့သော်လည်း ကိုအောင်နိုင်ကို ကျနော်နားလည် နိုင်ခဲ့ပါသည်။
သူသည်လည်း အသက်ကို ဥာဏ်စောင့်ရမှာပေါ့လို့ ပေါ့တွေးထားခဲ့
ပါသည်။ အထက်ပါအဖြစ်အပျက်များကို မည်သူ့ကိုမှ မပြောတော့ပါ
ဟု ဆုံးဖြတ်ထားခဲ့သည်မှာ ဆယ်စုနှစ်ကျော်လာခဲ့ပါသည်။ ထိုသို့
နေလာရာ တနေ့တွင် ဘီဘီစီ အသံလွှင့်ဋ္ဌာနမှ ရော်နယ်အောင်နိုင်
ဆိုသည့် သတင်းထောက်တယောက် ချင်းမိုင်မှ သတင်းပေးပို့
ဖတ်ကြားလိုက်သည်ကို ကြားလိုက်ရပါသည်။ အသံကို သိသည်။
ရင်းရင်းနှီးနှီးသိသည်ဟု မှတ်ထားလိုက်ပါသည်။ နောက်ပိုင်းတွင်
စုံစမ်းကြည့်သောအခါ အေဘီ (မြောက်ပိုင်း)မှ ကိုအောင်နိုင် ဖြစ်နေ
သည်ကို သိလိုက်ရပါသည်။ ထိုအချိန်အထိ ကျနော့စိတ်ထဲတွင်
ကိုအောင်နိုင်အား နားလည်နိုင်ပါသည်။ စပ်ခွန်ကျော်လို့ပင်ခေါ်ခေါ်၊
သံချောင်းပင်ဖြစ်ဖြစ်၊ မြင့်စိုးပင်ဖြစ်စေ၊ အဖမ်းခံရသောအခါ
ကိုအောင်နိုင်သည် လူတတ်ကြီးလုပ်ပြီး ကျောင်းသားတပ်မတော်
အတွင်း အချင်းချင်းသတ်ဖြတ်ကြတုံးက ဥပဒေ တခုရှိပါတယ်။
ဘာလဲဆိုတော့ အဲ့ဒီတုံးက ထောက်လှမ်းရေးလို့ သံသယရှိသူတွေ
ကို ကွပ်မျက်ရမယ်ဆိုတဲ့ ဥပဒေ ရှိပါတယ်လို့ သတင်းမီဒီယာတခု
တွင် ဖွင့်ဆိုသွားပါသည်။
ထိုအချိန်မှ စပြီး ကိုအောင်နိုင်သည် အထက်ပါ အဖြစ်အပျက်များ
တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါလားဟု သုံးသပ်မိသည်။
နောက်ပိုင်း ကျွန်တော်သည် အေဘီတွင် ယခုအချိန်အထိ တာဝန်
ထမ်းဆောင်နေသော ရဲဘော်များနှင့် ပြန်လည် အဆက်အသွယ်
ရခဲ့သည်။ ကိုအောင်နိုင် အကြောင်းစုံစမ်းသောအခါ၊ သူသည် ABSDF
(မြောက်ပိုင်း)ကို ဖျက်သိမ်းခိုင်းကြောင်း၊ မဖျက်သိမ်းပါက မင်းတို့ဘဲ
လူသတ်ခဲ့တာတွေကို တာဝန်ယူဖြေရှင်းရလိမ့်မယ်ဟု ပြောဆိုခဲ့ကြောင်း
သိရှိရပါသည်။ ထိုသို့ဆိုပြီးလျှင် ပူးတွဲပါ ကိုအောင်နိုင်ရဲ့ လူတွင်ကျယ်
လုပ်ထားသော အင်တာဗျူးကို ဖတ်လိုက်ရသောအခါ အထက်ပါ
လူသတ်နှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ပွဲကြီးတွင် ကိုအောင်နိုင်
တယောက်သည်လည်း အင်တိုက်အားတိုက်ပါဝင်ခဲ့ပါလား ဆိုတာကို
လက်မခံချင်ပဲ လက်ခံလိုက်ရပါတော့သည်။
ထို့အတွက်ကြောင့် ဘီဘီစီ မြန်မာပိုင်းဋ္ဌာနအနေဖြင့် ကိုအောင်နိုင်
ကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတဦးအား အလုပ်ဆက်လက်
ခန့်သင့် မခန့်သင့် ဆိုတာကို စဉ်းစားပေးစေလိုပါတယ်။ အထူးသဖြင့်
အန်တီဒေါ်တင်ထားဆွေ အနေဖြင့် ခေါင်းအေးအေးတည်ငြိမ်စွာ
ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်သည် အထူးမျှော်လင့်မိပါသည်။
ဘီဘီစီဟာ ကျနော်တို့နှင့်အတူ စစ်အစိုးရကို လက်တွဲတိုက်ပွဲဝင်နေသော
အားကိုးရတဲ့ ရဲဘော်တယောက်လို့ ဘဲ ကျနော့ရင်ထဲမှာ အမြဲရှိနေမှာပါ။
ယုံကြည်လေးစားလျှက်
ကျော်ခိုင်ဝင်း
ABSDF (NB) ရဲဘော်ဟောင်း

(ပျူနိုင်ငံဘလောက်ဂ်မှကူးယူဖေါ်ပြပါသည်)
|
Posted: 27 Jan 2012 11:08 AM PST
ရွှေညဝါ ဆရာတော်၊ မေတ္တာရှင် ဆရာတော်တို့အား ဒုက္ခိတ မသန်မစွမ်းသူများမှ ဖူးမြော်ကြည်ညိုနေစဉ်..
ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၅ရက်နေ့က ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှာ ရွှေညဝါဆရာတော် ဦးပညာသီဟနှင့် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်ဦးဇဝနတို့မှ ဦးစီးပြီး မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်မှ ဘဝကံအကြောင်းကြောင်းကြောင့် ဒုက္ခိတဖြစ်နေရတဲ့ မသန်မစွမ်းသူများအား တရားဟောကြားပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်...။ အဆိုပါနေ့က ကျောင်းတိုက်သို့ ရောက်ရှိလာကြတဲ့ ဒုက္ခိတ မသန်မစွမ်းသူများအား အားပေးစကားများ ပြောကြားခဲ့ပြီး တရားရေအေး တိုက်ကြွေးခဲ့ပါတယ်...။ မသန်းမစွမ်းသူတွေလည်း တရားရေအေးနာကြားခွင့် ရှိတဲ့အတွက်ကြောင့် ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုပါတယ်..။
ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးဟာ ပြီးခဲ့တဲ့ အပတ်က နိုင်ငံတော် သံဃမဟာနာယက (၁၀)ပါးသာ သိရှိတဲ့ ၄၇ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၁လအတွင်း ကျောင်းတိုက်မှ ထွက်ခွာရန် ဖိအားပေးခြင်း ခံနေရပါတယ်..။ ထေရဝါဒဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ ထေရ်ကြီးဝါကြီးများအား အပြစ်ရှိကြောင်း တောင်းပန်ပါက.. ခွင့်လွှတ်ကြေအေးရတဲ့ မေတ္တာတရားကို အခြေခံတဲ့ ဗုဒ္ဓဘာသာတရားတော်လာ ဟောကြားချက်များ ရှိပေမယ့် ရွှေညဝါဆရာတော်အား လျစ်လျူရှုခဲ့ပြီး မန္တလေးအဖွဲ့ချုပ်ရုံးမှာ သြဝါဒပေးမှုနဲ့ ကျောင်းတိုက်မှ ထွက်ခွာရန် ဖိအားပေးခြင်း ခံနေရပါတယ်..။ အစိုးရ ကြံ့ဖွံ့ရုံးများမှာ တရားဟောကြားပါက မည်သို့ ဆုံးဖြတ်မည်ကိုလည်း ပြည်သူအများမှ သိရှိလိုကြပါတယ်...။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွှေညဝါဆရာတော်ကြီးအား ပစ္စည်းလေးပါး ဒါယကာအဖြစ် သတ်မှတ် လှူဒါန်းမည်ဟုလည်း သိရှိရပါသည်..။ ထို့အတူ မေတ္တာရှင်(ရွှေပြည်သာ)ဦးဇဝန၊ ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလတို့ အားလည်း မြန်မာပြည်တွင်း တရားဟောကြားခွင့် ပိတ်ပင်ခြင်း ခံနေရပါတယ်...။ |
|
Posted: 27 Jan 2012 09:56 AM PST
မတရားလာဘ်စားလွန်းသော ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း တိုင်ကြားစာ(အပိုင်း-၁)
ကရင်ပြည်နယ်ကို လွန်ခဲ့သော နအဖလက်က (၄)နှစ်ကျော် အုပ်ချုပ်ခဲ့သော နအဖ၏ ရတခ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်း ဟာ ယခုကြံ့ဖွတ်အစိုးရ လက်ထက်တွင် ရွေးကောက်ပွဲပါဝင် ယှဉ်ပြိုင်အနိုင်ရလာသော အမတ်မဟုတ်သလို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်ထားသူလည်း မဟုတ်ပါ။ ဘားအံမြို့ပေါ်မှာ နေထိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်ရဲ့ ဆွေတော်မျိုးတော်ကို ကြည့်ရှုစောင့်ရှောက် ဖားယားနေတဲ့ ကျေးဇူးကြောင့် ဒေါ်ကြိုင်ကြိုင် အနေဖြင့် ဒီကောင်လေး မဆိုးပါဘူး ဆိုလို့ ကရင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်လာ ရတယ်လို့ တပ်မတော် အသိုင်းအ၀ိုင်းမှ သိရပါတယ်။ ဗိုလ်မှူးချုပ်ဇော်မင်းသည် ရတခ ဒုတိုင်းမှူး ဘ၀မှာတည်းက အောက်ခြေတပ်မတော်သားတွေ နိုင်ထက်စီးနင်းပြုလုပ်ခဲ့တယ်။ ရာထူးတက်မယ်ဆိုရင် ဘယ်သူကို ဖားရမယ်၊ ဘယ်သူကို ချောက်ချရမယ်ဆိုတာ တွေနဲ့ သူရာထူးကို အရယူရသူလို့ တပ်မတော်အငြိမ်းစား တစ်ဦးက ပြောဆိုခဲ့ပါတယ်။ အရပ်ဖက်ရောက်တော့လည်း နအဖ(ပယက)ဥက္ကဌ လက်ထက်မှာပင် အောက်ခြေအရပ်သား ၀န်ထမ်းတွေကို ပါးရိုက်၊ စောင့်ကန်၊ မအေနှမ ဆိုပြီးဆဲဆို ခဲ့တယ်။
အစည်းအဝေးခန်းမမှာပင် အစည်းအဝေးလုပ်နေတုန်း သူမကျေနပ်သော ၀န်ထမ်းများကို ထပြီးပါးရိုက်ခြင်း၊ ဆဲဆိုခြင်း၊ ရေနွေးကြမ်းဖန်ခွက်နှင့် ကောက်ပေါက်ခြင်းများ ပြုလုပ်ခဲ့သည်မှာ များပြားလွန်းလို့  ကြားရသည်မှာ နားမဆန့်နိုင်တော့ပါ။ ပြည်နယ်ရုံးမှာ ရှိတဲ့စာရေးဝန်ထမ်းတွေက ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းက ခဏခဏ ရေနွေးဖန်ခွက် ၀ယ်ရတယ်။ ခဏခဏကွဲတယ်နော်။ ၀န်ကြီးချုပ်ရေနွေး ဘယ်လိုသောက်လည်းမသိဘူးလို့  ရီစရာဟာသစကားများကို ကြားရပါတယ်။ ၀န်ကြီးချုပ်လုပ်ပြီး သူများမကောင်းကြောင်း အလွန် ပြောတတ်တဲ့ အကျင့်ရှိပါတယ်။ ကရင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေကတော့ ချီးလို ရွံကြောက်နေရပါတယ်။
ကရင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးမှု အခက်ခဲမှာလည်း သူ့ကြောင့်တိုက်ပွဲများဖြစ်ခဲ့ရသလို သူ့ကြောင့် လည်း ဆွေးနွေးပွဲ ကြံ့ကြာခဲ့ရပါတယ်။ အခုရရှိနေတဲ့ ငြိမ်းချမ်းရေး ဆိုတာကလည်း ၀န်ကြီးချုပ်ဦးဇော်မင်း ကြောင့် မကြာမီပျက်ဆီးသွားနိုင်ပါတယ်။ KNU , KNLA , DKBA နှင့် မွန် အစရှိသည့် အဖွဲ့အစည်းတွေကလည်း သူ့ကိုသဘောမကျကြဘူး။ သူ့ကို သဘောကျတာ နယ်ခြားစောင့်တပ်ဖြစ်သွားတဲ့ ဗိုလ်မှူး စောချစ်သူ (ယခင် ဒီကေဘီအေ ၉၉၉ တပ်မှူး ) တစ်ယောက်သာ ဖြစ်ပါတယ်။ ဗိုလ်စောချစ်သူ ဟာ လက်နက်အားကိုးနဲ့ ကရင်ပြည်နယ်က သဘာဝတွင်းထွက်များ၊ ကျွန်းသစ်များကို တစ်ဖက်ထိုင်းနိုင်ငံကို တင်ပို့ရောင်းချတယ်။ တဖက်နိုင်ငံမှ တရားမ၀င်ကားများ၊ အခွန်လွတ် စက်သုံးဆီများ တင်သွင်း ပို့ဆောင်ခြင်းကို ကရင်ပြည်နယ် ၀န်ကြီးချုပ်က လာဘ်ငွေ တိတ်တဆိတ်ယူပြီး လုပ်ကိုင် ဆောင်ရွက်နေပါတယ်။ ဗိုလ်စောချစ်သူ လာတယ်ဆိုတာနဲ့ အစည်းအဝေး လုပ်နေရင်ကနေတောင် ချက်ချင်းထ ကြိုဆိုနေရပါတယ်။ ဒါအပြင် မြ၀တီမြို့မှာရှိတဲ့ မြေဧက တော်တော်များများကို လန(၃၉) ဈေးကြီးကြီးဖြင့် လက်သိတ်ထိုး လပ်ယူကာ မိမိကိုယ်ကျိုးအတွက် လုပ်ကိုင်နေပါတယ်။ မြန်မာနန်းမြေကွက် အချို့ကိုလည်း ၎င်း၏ညီဖြစ်သူနံမည်နဲ့ အကွက်များလည်း ရယူထားပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့တွင် စက်မှုဇုန်ထူထောင်ရေးတွင် ကမ်းလှမ်းလာလို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံ မြန်မာလူမျိုး(ထိုင်းနိုင်ငံ နေထိုင်သူ)များကို ဦးဇော်မင်းက ခင်ဗျားတို့ ထိုင်းလီးကို ကောင်းကောင်း စုတ်နေတဲ့ ကောင်တွေဆိုပြီး မိုက်ရိုင်းစွာ ပြောဆိုဆက်ဆံပါတယ်။ ယခုလည်း ထိုင်းဘက်မှ လျှပ်စစ်ဓာတ်အား လုပ်ငန်းကို ဘားအံမြို့နှင့် မော်လမြိုင် နေထိုင်သူ ငွေမိုးဟော်တယ်၊ ဟော်တယ်ဇွဲကပင် ပိုင်ရှင် နှင့် ပူးပေါင်းရှယ်ယာ ပြုလုပ်ကာ လျှပ်စစ်ဓာတ်အားလုပ်ငန်းကို အာဏာနှင့် အတင်းရယူ လုပ်ကိုင်ခွင့် ရရှိသွားပါတယ်။ မြ၀တီမှာ နေထိုင်တဲ့ ပြည်သူတွေ လုပ်ကိုင်ခွင့်မရကြပါဘူး။ ကရင်ပြည်နယ် ၀န်ကြီးချုပ်သည် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးခင်ဇော်နှင့် ပင်ကိုယ်စရိုက်ချင်း အတူတူဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်း မဖွံ့ဖြိုးသေးတဲ့ မြို့များနဲ့ ကျေးရွာများကို လုံခြုံရေးအကြောင်းပြကာ သွားလာကြည့်ရှု အထောက်အကူပေးချင်းမရှိပဲ နယ်စပ် မြ၀တီမြို့ကို ၄င်းတို့ အကျိုးရရှိရေးအတွက် မကြာခဏလာလို့ ၀န်ထမ်းများလည်း စိတ်ညစ်နေကြရပါတယ်။ မြ၀တီမြို့ကို ၀န်ကြီးချုပ်က ဓာတ်ကျအလွန်ကျနေပါတယ်။ မြ၀တီမှာ နေထိုင်တဲ့ ပြည်သူလူထုဟာ စီးပွားရေးမကောင်းလို့ လုပ်ကိုင်စားသောက်ရတာ အခက်အခဲရှိတဲ့ ကြားကပင် "သူကြီးဘုရား ရွာသားကောင်းမှု " ဆိုသလို စွယ်တော်ပွား စေတီဘုရားကို နိုင်ငံတော်ဘုရား အမည်တတ်ကာ ပြည်သူလူထုထံမှ မတရားအလှူငွေ ကောက်ခံနေပါတယ်။ ဘုန်းကြီးတွေကိုပင် အတင်းတရားပွဲ လုပ်ခိုင်းကာ တရားဟောခိုင်းပြီး ရလာတဲ့အလှူငွေကို ဘုရားအတွက် ရှာခိုင်းပါတယ်။ သူတို့ကိုယ်တိုင်တော့ အလှူငွေ တစ်ပြားတစ်ချပ် ထည့်ဝင်ခြင်းမရှိပါဘူး။
ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းက မတရားကြိတ်ပုန်း လပ်စားနေတာဖြစ်တဲ့အတွက်ကြောင့် ပြည်နယ် ၀န်ကြီးအချို့ဟာ ဌာနဆိုင်ရာတွေအပေါ် ဖြစ်ညှစ်ပြီး အမှီးရအမှီး၊ ခေါင်းရခေါင်း လုပ်ကိုင်စားသောက်နေသော ပြည်နယ် ၀န်ကြီးများကို မပြောရဲမဆိုရဲပဲ မသိချင်ရောင်ဆောင် နေရသော ဘ၀ကို ရောက်နေရပါတယ်။ ယခုလည်း ကော့ကရိတ်-မြ၀တီ ကားလမ်းအသစ်ဖောက်လုပ်တော့မှာ ဖြစ်တဲ့အတွက် လမ်းဘေးဝဲယာ မြေကွက်များ လန(၃၉)ချပေးဖို့အတွက် အဆီတ၀င်းဝင်းနဲ့ ကတွင်းနေပြီးဖြစ်ပါတယ်။ ဒီလို အဂတိလိုက်စားလွန်းလို့ ကရင်ပြည်နယ်အစိုးရတစ်ဖွဲ့လုံးကို ကြည်ညိုခြင်း မရှိသလို လေးစားခြင်းလည်းမရှိကြပါ။ ဘာမှ ကောင်းအောင် လုပ်မပေးနိုင်တဲ့ အစိုးရလို့  အသိအမှတ် ပြုကြပါတယ်။ ငပေါအစိုးရလို့တောင် ပြောနေကြပါတယ်။
ဒါကြောင့် ကရင်ပြည်နယ်မှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်များနှင့် ပြည်နယ်ဝန်ကြီးများတို့မှ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ မတရားကြိတ်ပုန်းခုတ်လပ်စားနေတာကို လေ့လာ စောင့်ကြည့်ကာ နိုင်ငံတော်သမ္မတကြီးနဲ့တကွ ပြည်ထောင်စု အစိုးရသိရှိအောင် ဖော်ထုတ်တိုင်ကြားနိုင်ရန် တင်ပြတောင်းဆိုပါတယ်။
-------------------------------------------------------------------------------------------------------
(နောက်ဆက်တွဲ ဖော်ပြပါမည်)။ စောဖိုးခွါး
|
| You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ခရီးစဉ် ပြောကြားခဲ့တဲ့ မိန့်ခွန်းကောက်နှုတ်ချက်များ... (သတင်း၊ ဓာတ်ပုံ)
Posted: 29 Jan 2012 03:16 AM PST
မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာ ထိပ်တန်း ခေါင်းဆောင်များနှင့် သူ(မ)၏
အင်းလျားကန်စောင်းရှိ အိမ်ဂေဟာတွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တောင်တန်း တစ်ဝက်၊ ပင်လယ်တစ်ဝက် အကြား၊ ရော်ဘာတောများ အကြား၊ ဆီအုန်းတောများ အကြားတွင် ပြည်သူလူထုနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်အတွင်း ဒေသခံ သိန်းချီ ကြိုဆိုခဲ့သည်။ ချစ်ရမည့်သူ ငတ်နေသော
လူထုအတွက် ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထု စုစည်းမှု ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုကြသည်။ အချို့က မျက်ရည်လည်သည်။ မချိတင်ကဲ ရေရွတ်သည်။ ထားဝယ်၊ လောင်းလုံ၊ မောင်းမကန် လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည်မိန့်ခြွေခဲ့သော ပြောစကား ကောက်နှုတ်ချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။
" ထားဝယ်သူ၊ ထားဝယ်သားတွေက တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ပိုနားလည်နိုင်မှာပါ "
(နံနက် ၈ နာရီခွဲခန့်၊ ထားဝယ်NLD ရုံး)" ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို
နောက်တစ်ခါ မဲမပေးနဲ့။ ကျွန်မတို့ NLD က လည်း ထပ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး "
" NLD ဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်သလား
မခံနိုင်ဘူးလား သိချင်ရင်တော့ မဲထည့်လိုက်ပါ "
" တနင်္သာရီက ပြည်သူတွေရဲ့ သတ္တိပြောင်မြောက်တဲ့ အားပေးထောက်ခံမှုကို ကြည့်ပြီး တခြားနေရာတွေ ကလည်း
ထောက်ခံကြမယ် "
" ကျွန်မတို့ဟာ မှော်ဆရာလည်း မဟုတ်တော့ အုံဖွ အားလုံးဖြစ်စေ ဆိုပြီး မလုပ်နိုင်ပါဘူး။ ကတိပေးနိုင်တာ
တစ်ခုတော့ ရှိပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေကို ဘယ်တော့မှညာမှာ မဟုတ်ဘူး "
" ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ပြည်သူက မထောက်ခံခဲ့ရင် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်
ဆိုတာ ရှိတော့မှာ မဟုတ်ဘူး "
" ကျွန်မတို့ လုပ်နိုင်တာ ရှိရင် လုပ်နိုင်တယ်လို့ ပြောမယ်။ မလုပ်နိုင်တာ ရှိရင် မလုပ်နိုင်ဘူးလို့ ပြောမယ်။
လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စဆိုရင် ဖြစ်အောင်ကို လုပ်ရမှာပဲ "
" ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို မဲထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး။ ထိန်းထားနိုင်ဖို့လည်း လိုတယ် "
အစိုးရတိုင်းကို ပြည်သူတွေက ထိန်းထားနိုင်မှ တကယ့် ဒီမိုကရေစီ ရပြီလို့ ကျွန်မတို့ ပြောနိုင်မှာပါ "
(ညနေ လေးနာရီခန့်၊ ဘေဘီစတိုး၊ ဗိုလ်ချုပ်လမ်း)
" ပထမဦးဆုံး စည်းရုံးရေးခရီး တနင်္သာရီကို ဆင်းတာ မှန်သွားပြီ "
" ပြည်သူ့အသံကို နားထောင်ရမယ်။ နားထောင်ရုံ နဲ့လည်း မပြီးဘူး။ လုပ်ချင်တဲ့ ဆန္ဒ ရှိရမယ်။ ဆန္ဒရှိရုံနဲ့လည်း
မပြီးသေးဘူး ။ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ရှိရမယ် "
" တနင်္သာရီ ဒေသဟာ သဘာဝ အလှတွေနဲ့ အရမ်းကို ပြည့်စုံနေတဲ့ နေရာပါ။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကောင်းပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်ရမယ် "
(နေ့လည် သုံးနာရီခန့်၊ မောင်းမကန် ကမ်းခြေ)
သတင်းရင်းမြစ်..
by The Voice Weekly - ဟန်ထက် ပေးပို့သည်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ခရီးစဉ် မြင်ကွင်းများ...
ထားဝယ်လေဆိပ်မှ အထွက်... ကြိုဆိုသူ ပရိသတ်များ..
ရေဖြူ မြို့မှ ပြည်သူလူထု မြင်ကွင်းများ..
တအိမ်တယောက် မတက်မနေရလည်း မပြောဆိုရပါ..။ နေရာမရမှာစိုးလို့ အစောကြီးကတည်းက
လာစောင့်နေကြတဲ့ အမေစုအား မေတ္တာပေးမယ့် လူထုပရိသတ်များ...
မယ်ဝယ်သားဂူလောင်း အမေစုကို ရှစ်တယ်...
ထားဝယ်သားပြည်သူများအား လေးစားဂုဏ်ယူပါသည်...။ နေခြည်မှာ ရွှေရည်လောင်း အမေစုနဲ့ ထားဝယ်ပြည်သူအပေါင်း...
ဓာတ်ပုံ ... Reuters,Getty Images
|
|
Posted: 28 Jan 2012 07:54 PM PST
ဒီကနေ့ မနက်ပိုင်းက ကျွန်တော်တို့ အမေစု ထားဝယ်မြို့ကို ရောက်ရှိလာပါတယ်..။ ဒီလို သောင်းသောင်းဖြဖြ
Getty Imagesလူထုက ကြိုဆိုကြပါတယ်..
ကြိတ်ကြိတ်တိုးစည်ကားနေသော ထားဝယ်ကားလမ်းတနေရာ
The Voice Weekly
ထားဝယ်ပြည်သူလူထု သိန်းချီ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြသည်။ ထားဝယ်မြို့ခံအချို့က
ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို လက်ပြရင်း မျက်ရည်များ ကျကာ အော်ဟစ် ငိုကြွေးနေကြသည်။ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းတွင် ယာဉ်စီးရေ စုစုပေါင်း ၆၀ ကျော် လိုက်ပါနေပြီး ဆိုင်ကယ် အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလှသည်။ လူတိုင်း၏ လက်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခွပ်ဒေါင်းအလံငယ်များ ကိုင်ဆောင် ဝှေ့ယမ်းနေကြသည်။ |
|
Posted: 28 Jan 2012 07:55 AM PST
၂၀၀၆ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေးလှုပ်ရှားမှုနဲ့ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကြီးအတွင်း
ဦးဆောင်ပါဝင်ခဲ့ပြီး တိမ်းရှောင် လှုပ်ရှားခဲ့တဲ့ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်အား လုပ်ဖော်ကိုင်ဘက် ကိုမင်းကိုနိုင်နဲ့ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်များနဲ့ မျိုးဆက်သစ် ဗကသ ခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ အဖွဲ့ဝင်များမှ ယနေ့ နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်..။
၂၀၀၆ခုနှစ် သြဂုတ်လကတည်းက အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုတွေကြားက ထွက်ပြေး
တိမ်းရှောင်နေခဲ့ရပြီး (၈၈)မျိုးဆက် ကျောင်းသားများ ကိုယ်စား မီဒီယာမှာ မကြာခဏေ ပ်ါထွက်လာလေ့ရှိတဲ့ ကိုထွန်းမြင့်အောင်ဟာ ၆နှစ်ကြာ ခွဲခွါခဲ့ရတဲ့ မိဘနှစ်ပါးနဲ့ ယနေ့ ပြန်လည် တွေ့ဆုံခဲ့ရပါတယ်..။
သတင်း.. ဓာတ်ပုံ၊ ဒီမိုဝေယံ၊ ခမိခဆဲ
|
| You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
|
Posted: 29 Jan 2012 04:43 AM PST
မြန်မာ့ဆက်သွယ်ရေးက မကြာခင်နာရီပိုင်းက အထက်ပါအတိုင်းကြေငြာပါတယ်၊အဲဒီကြေငြာချက်အပေါ် အောက်ပါအတိုင်းတုန့်ပြန်ပါတယ်.. (၁)ယခင်မြန်မာဆက်သွယ်ရေးကဖုန်းတစ်လုံးကို မတန်တဆ ၁၅သိန်းနဲ့ ရောင်းချခဲ့ခြင်းအပေါ် ..ရှုံ့ချပါတယ်၊၁၅သိန်းပေးဝယ်ခဲ့သူများအပေါ် ၀န်ဆောင်မှု ဘာမှမလုပ်ပေးခဲ့သည့်အတွက် အထင်သေး မိပါတယ်၊တာဝန်မဲ့သည်ဟုလည်း ယူဆပါတယ်၊ထို့အပြင်၁၅သိန်းတန်ဖုန်းများ လစဉ်ခေါ်ဆိုခ ကျသင့် သည်ထက် ပိုမိုများနေသည့်အပေါ် စုံစမ်းစစ်ဆေး အယူမှုများပြုလုပ်သင့်ပါတယ်၊ မိမိသုံးစွဲသည့် ဖုန်းခေါ်ဆိုခ ထက် ပိုမိုကျသင့်နေသည့်ဖြစ်စဉ်များ ဂျာနယ်များတွင် တွေ့နိုင်ပါတယ်၊ (၂)မြန်မာ့ဆက်သွယ်ရေးမှ တယ်လီဖုန်းလိုင်းများတိုးချဲ့နေသည် ဆိုသော်လည်း အဝေးလိုင်များ အလွန်ညံ့ဖျင်းလာပါသည်၊ကျွန်တော်၏ တုန့်ပြန်ချက်အား မယုံကြည်လျှင် ကသာမြို့သို့ ယခုပင် ဖုန်းခေါ်ကြည့်လိုက်ပါ..(မည်သူမဆို စမ်းသတ်ခေါ်ဆိုကြည့်နိုင်ပါသည်)၀၇၅ ၂၅၄၆၄.၊.၀၇၅၂၅၂၄၀.၊၀၇၅ ၂၅၇၀၅)ခေါ်ကြည့်ပါ..ဒါဆို လက်ရှိဖြစ်နေသော မြန်မာ့ဆက်သွယ်ရေးအခြေအနေကို သိနိုင်ပါသည်၊ ကသာမြို့မှာ အီးလိုင်းဟုခေါ်သော အဝေးဖုန်းလိုင်း ဘယ်နှလိုင်းပဲ ရှိတယ်ဆို လူကြီးမင်းတို့၏ စစ်ကိုင်းတိုင်းဆက်သွယ်ရေးမန်နေဂျာကိုမေးကြည့်ပါ။ ကသာမြို့အပါအ၀င် မြန်မာနိုင်ငံအထက်ပိုင်းကလူတွေ ဆက်သွယ်ပြောဆိုမှုမည်မျှခက်ခဲနေသည်ကိုသင်တို့မသိယောင်ဆောင်နေကြပါသည်၊. တာဝန်သိကုမ္မဏီများမှ ၅၀၀၀တန်ဟု ပြောဆိုနေခြင်းကို သင်တို့ ကမဖြစ်နိုင် ..တည်ဆဲဥပဒေနှင့် မကိုက်ညီဟု ပြောဆိုနေခြင်း သည် ..မိမိကလည်း ဘာမှမလုပ်ပေးနိုင်.လုပ်ပေးနိုင်ပါသည်ဆိုသော ကုမ္မဏီများအပေါ်တိုက်ခိုက်ပြောဆို ကြေငြာနေခြင်းသည် လူထု၏ စိတ်ကူးယဉ်ကျေနပ်နေခြင်းအပေါ် ရိုက်ချိုးဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ယူဆ တုန့်ပြန်အပ်ပါသည်... |
|
Posted: 29 Jan 2012 03:54 AM PST
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ်နိုင်ငံရေးခရီးစဉ် ထွက်ခွာသောဒေါ်အောင်ဆန်းစုကြည်က လူထုသို့ ရွေးကောက်ပွဲဝင်ရခြင်း၏အကြောင်းအရင်းကို ပြောကြားခဲ့သည်။ " ဒီမိုကရေစီကိုထူထောင်နိုင်တယ်ဆိုတာ ပြည်သူက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့ ၊ ကျွန်မတို့ကရွေးကောက်ပွဲဝင်တယ်ဆိုတာ ကျွန်မတို့ ဘာလုပ်ပေးမယ်လို့မပြောဘူး ။ ပြည်သူတွေကို လုပ်ပိုင်ခွင့်ရအောင်ကြိုးစားပေးမယ်လို့ ပြောချင်ပါတယ်။ ပြည်သူတိုင်းအတွက်တိုးတက်အောင်၊ ပြည်သူတွေကို ကာကွယ်ဖို့ တရားဥပဒေစိုးမိုးနိုင်ဖို့အတွက် ၊ ပြည်သူတွေအကျိုးမရှိတဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့အတွက် ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပြည်သူတွေအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်အောင်လုပ်ဖို့အတွက်ရွေးကောက်ပွဲဝင်တာပါ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က လောင်းလုံး တွင်ကြိုဆိုနေသော ဒေသခံပြည်သူများသို့ပြောကြားခဲ့သည်။ ထားဝယ်မြို့မှ လောင်းလုံး သို့သွားသောလမ်းတစ်လျှောက် နေရာလပ်မရှိရအောင် ကြိုဆိုသူများဖြင့် ကြက်ပျံမကျစည်ကားနေသည် ။ကျေးရွာများမှ ဒေသခံများမှာလည်း ကားစီးလုံးပြတ်များ ငှားရမ်းကာ လိုက်ပါ အားပေးနေကြပြီး ၊ရာနှင့်ချီသော ဆိုင်ကယ်များမှာလည်း ယာဉ်တန်းနောက်မှလိုက်ပါလျှက်ရှိသည်။ Photo..Getty images.7daysnews,ဥက္ကာကိုကို,Reuters ထားဝယ်ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကား ကောက်နှုတ်ချက်များ ""မဲဆွယ်တဲ့နေရာမှာ ကတိလည်းမပေးရဘူး။ ပစ္စည်းလည်းမပေးရဘူးနော်။မဲဆွယ်တယ်ဆိုတာ မဲရဖို့အတွက် ၊ မဲရပြီး ပြည်သူ့မေတ္တာနဲ့ယုံကြည်မှုကိုမရနိုင်ရင် ဘာမှအနှစ်သာရမရှိဘူး။ ဒီမဲပေးထားတဲ့ ကိုယ်စားလှယ်တွေက ပေးတဲ့တာဝန်ကို မကြေဘူးဘူးဆိုရင် နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ ဒီလူတွေကို လှည့်ကြည့်စရာမလိုဘူး။ ... မလုပ်နိုင်တဲ့ကတိတွေကို လွယ်လွယ်မပေးပါနဲ့။ ငါတို့အဖွဲ့ချုပ်ကိုသာ မဲထည့်မယ်ဆိုရင် ဒါတွေလုပ်ပေးမယ်ဆိုတာမျိုးမပြောပါနဲ့.ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ။ ရေရှည်မှာကျဆုံးမှာပါ"" (ထားဝယ်မြို့၊ ဆေးရုံလမ်းအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များနှင့် ပြည်သူလူထုကို ယခု နံနက် ၉ နာရီ ၁၀ မိနစ်၌ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်။ ) မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာ ထိပ်တန်း ခေါင်းဆောင်များနှင့် သူ(မ)၏ အင်းလျားကန်စောင်းရှိ အိမ်ဂေဟာတွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တောင်တန်းတစ်ဝက်၊ ပင်လယ်တစ်ဝက် အကြား၊ ရော်ဘာတောများ အကြား၊ ဆီအုန်းတောများ အကြားတွင် ပြည်သူလူထုနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်အတွင်း ဒေသခံ သိန်းချီ ကြိုဆိုခဲ့သည်။ ချစ်ရမည့်သူ ငတ်နေသော လူထုအတွက် ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထု စုစည်းမှု ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုကြသည်။ အချို့က မျက်ရည်လည်သည်။ မချိတင်ကဲ ရေရွတ်သည်။ ထားဝယ်၊ လောင်းလုံ၊ မောင်းမကန် လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခြွေခဲ့သော ပြောစကား ကောက်နှုတ်ချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။ " ထားဝယ်သူ၊ ထားဝယ်သားတွေက တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ပိုနားလည်နိုင်မှာပါ " (နံနက် ၈ နာရီခွဲခန့်၊ ထားဝယ်NLD ရုံး) " ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို နောက်တစ်ခါ မဲမပေးနဲ့။ ကျွန်မတို့ NLD က လည်း ထပ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး " " NLD ဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်သလား မခံနိုင်ဘူးလား သိချင်ရင်တော့ မဲထည့်လိုက်ပါ " " တနင်္သာရီက ပြည်သူတွေရဲ့ သတ္တိပြောင်မြောက်တဲ့ အားပေးထောက်ခံမှုကို ကြည့်ပြီး တခြားနေရာတွေ ကလည်း ထောက်ခံကြမယ် " " ကျွန်မတို့ဟာ မှော်ဆရာလည်း မဟုတ်တော့ အုံဖွ အားလုံးဖြစ်စေ ဆိုပြီး မလုပ်နိုင်ပါဘူး။ ကတိပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေကို ဘယ်တော့မှညာမှာ မဟုတ်ဘူး " " ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ပြည်သူက မထောက်ခံခဲ့ရင် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး " " ကျွန်မတို့ လုပ်နိုင်တာ ရှိရင် လုပ်နိုင်တယ်လို့ ပြောမယ်။ မလုပ်နိုင်တာ ရှိရင် မလုပ်နိုင်ဘူးလို့ ပြောမယ်။ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စဆိုရင် ဖြစ်အောင်ကို လုပ်ရမှာပဲ " " ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို မဲထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး။ ထိန်းထားနိုင်ဖို့လည်း လိုတယ် " " အစိုးရတိုင်းကို ပြည်သူတွေက ထိန်းထားနိုင်မှ တကယ့် ဒီမိုကရေစီ ရပြီလို့ ကျွန်မတို့ ပြောနိုင်မှာပါ " (ညနေ လေးနာရီခန့်၊ ဘေဘီစတိုး၊ ဗိုလ်ချုပ်လမ်း) " ပထမဦးဆုံး စည်းရုံးရေးခရီး တနင်္သာရီကို ဆင်းတာ မှန်သွားပြီ " " ပြည်သူ့အသံကို နားထောင်ရမယ်။ နားထောင်ရုံ နဲ့လည်း မပြီးဘူး။ လုပ်ချင်တဲ့ ဆန္ဒ ရှိရမယ်။ ဆန္ဒရှိရုံနဲ့လည်း မပြီးသေးဘူး ။ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ရှိရမယ် " " တနင်္သာရီ ဒေသဟာ သဘာဝ အလှတွေနဲ့ အရမ်းကို ပြည့်စုံနေတဲ့ နေရာပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကောင်းပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်ရမယ် " (နေ့လည် သုံးနာရီခန့်၊ မောင်းမကန် ကမ်းခြေ) The voice weekly |
|
Posted: 28 Jan 2012 06:30 PM PST
ပြည်ပအခြေစိုက် မြန်မာမီဒီယာအချို့ ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်ခွင့်ရရန် ကြိုးစားနေသကဲ့သို့ လွတ်လပ်သော ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) လည်း မြန်မာပြည်၌ ရုံးခွဲဖွင့်ရန်အတွက် ပြည်တွင်းသို့လာရောက်ကာ အခြေအနေ လေ့လာသွားမည်ဟု ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ကဆိုသည်။ "ကျွန်တော်တို့ တစ်ယောက်နှစ်ယောက် အရင်ဝင်ကြည့်မယ်၊ စကားပြောကြည့်မယ်။ အဲဒီမှာ ရုံးခွဲဖွင့်လို့ရမလားဆိုတာမျိုးပေါ့၊ အဲဒီကနေမှ တဖြည်းဖြည်းအထဲမှာ ချဲ့သွားမယ်၊ အထဲမှာများများ ချဲ့နိုင်လေ အပြင်မှာ လျှော့လျှော့သွားလေလုပ်မှာပါ " ဟု လတ်တလောတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဦးအေးချမ်းနိုင်ကပြောသည်။ ယခုလက်ရှိ ၎င်းတို့ အနေဖြင့် မြန်မာပြည်သို့လာရောက်နိုင်ဖို့ ဗီဇာလျှောက်ရန် စီစဉ်လျှက်ရှိကြောင်း၊ ပြည်တွင်း၌ ၀င်ရောက်လုပ်ကိုင်ရန်မှာမူ အစိုးရ၏ တုံ့ပြန်မှုပေါ်တွင် မူတည်ကြောင်း ၎င်းကဆိုသည်။ အစိုးရနဲ့ဘယ်လောက်ညှိလို့ရမလဲ။ ဘယ်လောက်ပြောင်းလဲမလဲစတဲ့ အခြေအနေ အများကြီးအပေါ်မှာ မူတည်ပါတယ်၊ စီမံကိန်းအနေနဲ့က ၂၀၁၅ ရွေးကောက်ပွဲကို တော့ ယေဘုယျ မှန်းထားတယ်၊ အခုလာမယ့် ဧပြီ ၁ရက်ကတော့ အဆုံးအဖြတ်ပေါ့ "ဟု၎င်းကဆက်ပြောသည်။ ဒီဗွီဘီအနေဖြင့် ပြည်တွင်းအခြေစိုက် မီဒီယာ အဖြစ် အကူးအပြောင်း ကာလရောက်လျှင်လည်း ပြည်ပထောက်ပံငွေများကို ဆက်လက်ရယူသွားရမည်ဖြစ်ပြီး နောက်ပိုင်းမှသာ Commercial (ကိုယ်ပိုင်ဝင်ငွေဖြင့်ရပ်တည်ခြင်း) အဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ဘဏ္ဍာရေးဆိုင်ရာ မှီခိုမှုနှင့် ပတ်သက်ပြီး ပြောဆိုသွားသည်။ "အဓိက သွားမယ့် ပုံစံက သတင်းကို ဦးစားပေးတဲ့ပုံစံနဲ့ပဲသွားမယ်။ ရည်ရွယ်ချက်ကတော့ လူတွေအတွက် ၀န်ဆောင်မှုပေးဖို့( Public service)ပဲ။ အမှီအခိုကင်းရမယ်(independent) ဖြစ်ရမယ်။ အမြတ်(profit) တစ်ခုတည်းမဟုတ်ဘူး။ လောလောဆယ်မှာတော့ အပြင်က ငွေကြေးအကူအညီမပါလဲ သွားလို့မဖြစ်ဘူး " ဟုဦးအေးချမ်းနိုင်ကဆိုသည်။ ယခုလက်ရှိ အနေအထားတွင် ဒီဗွီဘီသတင်းဋ္ဌာနမှာ နော်ဝေနိုင်ငံ၌ အခြေစိုက်ထားပြီး ထိုင်းနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ကာ ထိုင်းသတင်းထောက်နှင့် ပြည်တွင်း သတင်းထောက်များခန့်အပ်ကာ လုပ်ကိုင်လျှက်ရှိသည်။ ယခုလောလောဆယ်တွင် ဒီဗွီဘီ သတင်းဋ္ဌာန လည်ပတ်မှု ကုန်ကျစရိတ်များကိုအနောက်ဥရောပ နိုင်ငံ အချို့နှင့် နိုင်ငံတကာ ကူညီရေးအဖွဲ့အစည်း အချို့က ထောက်ပံ့သည့် အကူအညီဖြင့် ရပ်တည်လျှက်ရှိသည်။ ပြည်တွင်း၌ အခြေအနေများကို လေ့လာရာတွင်လည်း စာပေစိစစ်ရေး အခြေအနေများ၊ မီဒီယာဥပဒေ အစရှိသည်တို့ကိုအဓိကထား လေ့လာသွားမည်ဖြစ်ပြီး၊ ပြည်တွင်းရှိဂျာနယ်၊ မဂ္ဂဇင်းများ၏ လုပ်ကိုင်ဆောင်ရွက်ပုံတို့ကို လည်း လေ့လာသွားမည် ဟု ဦးအေးချမ်းနိုင်ကပြောသည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းကာလနှင့် ၂၀၀၈ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ပြီး ကာလများတွင် ဒီဗွီဘီမှ ရုပ်သံထုတ်လွှင့်ချက်များကြောင့် နအဖ အစိုးရက လေလှိုင်းထဲမှ လူသတ်သမား၊ မိုးလုံးပြည့် မုသာဝါဒ အစရှိသည့် ကြွေးကြော်သံများကို နိုင်ငံပိုင် သတင်းစာများ၏ နောက်ကျောဖုံးတွင် နှစ်အတန်ကြာ ထည့်သွင်းဖေါ်ပြခဲ့ရာမှ ယမန်နှစ် စက်တင်ဘာလတွင် ထိုသို့ဖေါ်ပြခြင်းကို ရပ်ဆိုင်းခဲ့ကာ ယင်းသတင်းဋ္ဌာန ၀က်ဆိုက်အား ပိတ်ပင်ထားခြင်းမှလည်း ရပ်ဆိုင်းခဲ့သည်။ ဦးသိန်းစိန် အစိုးရသည် ယမန်နှစ်နှောင်းပိုင်းမှ စ၍ ပြည်ပအခြေစိုက် မြန်မာမီဒီယာ ၀က်ဆိုက်များအား ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းခဲ့သလို ယင်းသတင်းဋ္ဌာနများတွင် လုပ်ကိုင်လျှက်ရှိသည့် မြန်မာဝန်ထမ်းများအား အခါအားလျော်စွာ ၀င်ရောက်သတင်းယူခွင့် ပေးခဲ့ရာ ဗွီအိုအေ၊ ဘီဘီစီ သတင်းဋ္ဌာနတို့မှ လွန်ခဲ့သည့် လများအတွင်း လာရောက်ခဲ့ကြသည်။ ယမန်နှစ် ဒီဇင်ဘာလက ၀ါရှင်တန် အခြေစိုက် ဗွီအိုအေ မြန်မာဋ္ဌာန၏ ဋ္ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံသို့ လာရောက်ကာ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ၀န်ကြီးနှင့် တွေ့ဆုံခဲ့ပြီး အလုပ်သဘောဆွေးနွေးခဲ့ကြသည်။ ထိုစဉ်က ဗွီအိုအေ မြန်မာပိုင်း အနေဖြင့် ဋ္ဌာနေသတင်းထောက် ထားရှိရန် ခွင့်ပြုချက် မရရှိခဲ့သော်လည်း ပြည်တွင်း၌ သတင်းရယူလိုသည့် ကိစ္စရပ်များရှိသည့်အခါ ဗီဇာလျှောက်ထားပါက ခွင့်ပြုသွားမည်ဟု ပြန်ကြားရေး ၀န်ကြီးက ပြောဆိုခဲ့သည်။ နယူးဒေလီ အခြေစိုက် မဇ္ဈိမ သတင်းဋ္ဌာန၏ ချင်းမိုင်ရုံးခွဲ တာဝန်ခံ ဦးစိန်ဝင်းလည်း ယခုလဆန်းပိုင်းက တကြိမ်လာရောက်ခဲ့သလို ယခုသီတင်းပတ်တွင် ဒုတိယအကြိမ် လာရောက်ပြီး ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်ရန် အတွက် ကြိုးစားလျှက်ရှိသည်ဟု သိရှိရသည်။ ။ Yangon Press International |
|
Posted: 28 Jan 2012 08:32 AM PST
by..Nay Wai ကျွန်တော်တို့ ဟာ ဦးခင်ရွှေနဲ့ ဇေကမ္ဘာ ကုမ္ပဏီကို တိုက်ခိုက်နေကြတာမဟုတ်ဘူး ။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရကိုလည်း တိုက်ခိုက်နေကြတာမဟုတ်ဘူး ။ အမှန်တကယ် လိမ်ညာလှည့်ဖြား - ရပ်ကွက် ဥက္ကဌအဟောင်း ဦးထွန်းနိုင် နဲ့ ဇေကမ္ဘာ ကုမ္ပဏီကပူးပေါင်းပြီး မြေယာမတရားရယူမှုကြောင့် နစ်နာသူ တောင်သူတွေအတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ် ။ ဇေကမ္ဘာ ကုမ္ပဏီမဟုတ်ဘဲ ပေတရာကုမ္ပဏီဆိုလည်း ကျွန်တော်တို့ နစ်နာမှုအတွက် တိုက်ပွဲဝင်ရမယ် ။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရမဟုတ်ဘဲ - ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်နေရင်လည်း နစ်နာမှုအတွက် တိုက်ပွဲဝင် ရမှာဘဲ စစ်သားလူထွက် အစိုးရမဟုတ်ဘဲ ကျောင်းသား လူထွက် အစိုးရဖြစ်နေရင်လည်း ကျနော်တို့ လယ်သမားတွေ နစ်နာမှုအတွက် တိုက်ပွဲဝင်ရမယ် ။ နစ်နာသူတွေထဲမှာ ကျနော့်အမျိုးတွေမပါသလို - နောင်လာမဲ့ ရွေးကောက်ပွဲတွေအတွက် ကြိုတင်မဲဆွယ်နေတာလည်း မဟုတ်ဘူး ( အဲသလိုအထင်ခံရပြီး လှုပ်ရှားမှုရဲ့ တန်ဖိုး ကျမှာစိုးလို့ ကျနော်သစ္စာဆိုတယ် ။ နောင်အစဉ်အဆက် နေမျိုးဝေ မည်သည့်ရွေးကောက်ပွဲမှ မ၀င်ပါ ။ ဤစာကို အားလုံးမှတ်တမ်းတင်ပေးကြပါ ) ဒီနေ့ ( ၂၈ . ၁. ၂၀၁၂ ) ညနေ ၅း၃၀ ) မှာ ရွှေနံ့သာ အုပ်ချုပ်ရေးမှူးနဲ့တွေ့ဆုံခဲ့ပါတယ် စာနဲ့ ဗီဒီယို အခွေပေးခဲ့ပါတယ် ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေနဲ့ တည်ဆဲ ၁၉၅၃ ခု နှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေကို မသိပါ ။ ၁၉၆၃ ခု နှစ် သီးစားချထားရေးဥပဒေပါ လုပ်ပိုင်ခွင့်ကို မသိပါ ။ သူ လုံးဝဆုံးဖြတ်ခွင့်မရှိကြောင်း ပြောပါတယ် - ဒီနေ့ ည ၇ နာ၇ီခန့်မှာဘဲ ရွာသား ၃၀ လောက်နဲ့ ဇေကမ္ဘာ မန်နေဂျာ ဦးမြင့်ဇော်ကို သွားတွေ့ပါတယ် ။ ကန်သင်းတွေ မြေတူးစက်နဲ့ မထိုးဖို့ ညှိကြည့်ပါတယ် ( နေ့လည် ကတည်းက အခုထိ ဆက်တိုက် ဘူဒိုဇာနဲ့ထိုးနေပါတယ် ) ။ လုံးဝ အဆင်မပြေခဲ့ပါဘူး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ကန်သင်းတွေကို ထိုးနေတယ်လို့ဖြေပါတယ် ။ ကျနော်တို့ ကုမ္ပဏီနဲ့ ဥက္ကဌဟောင်း ကို တရားစွဲဖို့ ဆုံးဖြတ် လိုက်ပါပြီ ။ နေမျိုးဝေ |
|
Posted: 28 Jan 2012 07:57 AM PST
![]() (ကေအိုင်စီ) ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု၏ ဓာတ်ပုံသတင်းထောက် စောလောအဲ့စိုးအား ကရင်သတင်းဌာန (ကေအိုင် စီ)မှ သတင်းထောက် စောခါးစူးညားမှ ဇန်န၀ါရီလ ၉ရက်နေ့တွင် ဆက်သွယ်မေးမြန်းထားချက်ဖြစ်သည်။ စောလော်အဲ့စိုးသည် အဖ ဦးတင်စိုး၊ အမိ နော်မော်လူသာယာတို့၏ သားသုံးဦးအနက် အကြီးဆုံးဖြစ်ပြီး ၁၉၇၁ခုနှစ် မတ်လ ၁၉ရက်နေ့တွင် ကရင်ပြည်နယ်၌ ဖွားမြင်ခဲ့သည်။ ကျောင်းအမည် စောသူရစိုး ခေါ် စောလောအဲ့စိုးသည် မူလတန်းပညာကို ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ဇာသပြင်ကျေးရွာ၊ အလယ်တန်းပညာကို အိန္ဒုကျေးရွာ၊ ထို့နောက် အထက်တန်းအဆင့်ကို ဘားအံမြို့ အထက(၁)ကျောင်းတွင် သင်ကြားခဲ့ပြီး ၁၉၈၇ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၉၈၈ခုနှစ် အရေးအခင်း ဘားအံမြို့၌ ဓါတ်ပုံကို စတင် ရိုက်တတ်ခဲ့ပြီး အရေးအခင်းအပြီး မြန်မာတနိုင်ငံလုံး တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများ အားလုံးကို န၀တအစိုးရမှ ပိတ်ပစ်လိုက်သည့်အချိန်တွင် ဘားအံမြို့ နှစ်ခြင်းခရစ် ယာန်ဘုရားကျောင်းအတွက် မှတ်တမ်းဓါတ်ပုံ၊ သာရေးနာရေး ဓါတ်ပုံများကို စရိုက်ခဲ့သည်။ အထူးသဖြင့် ဘားအံမြို့ ကန်သာ ယာတွင် ဓါတ်ပုံဆရာအဖြစ် ဘ၀ကို စတင်ခဲ့သည်။ ၁၉၉၁ခုနှစ်၊ နိုဝင်ဘာလတွင် ဖခင်ဖြစ်သူ၏ဆန္ဒကို လိုက်လျောသည့်အနေဖြင့် ရန်ကုန်တက္ကသိုလ်၌ ဥပဒေဘာသာရပ်ဖြင့် ၁၉၉၆ခုနှစ်က ဘွဲ့ရရှိခဲ့သည်။ တက္ကသိုလ်ပညာ အောင်မြင်ပြီးနောက်ပိုင်း မိမိဝါသနာပါခဲ့သည့် ဓာတ်ပုံပညာဖြင့် အသက်မွေး ၀မ်းကျောင်းရင်း ဘ၀ကို ခရီးဆက်ခဲ့သည်။ ၂၀၀၃ခုနှစ်တွင် နိုင်ငံခြားသတင်းဌာန(AFP)ဖြစ်သည့် ပြင်သစ်သတင်းဌာနတွင် ဓါတ်ပုံသတင်းထောက်အဖြစ် ၂၀၀၅ခုနှစ်အထိလည်းကောင်း၊ (European Press photo Agency-EPA) သတင်းဌာနတွင် ၂၀၀၅ခုနှစ်မှ ၂၀၀၇ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း ဖြစ်ချိန်အထိ ဓာတ်ပုံ သတင်းထောက်အဖြစ် အလုပ်လုပ်ခဲ့သူ ဖြစ် သည်။ ထိုသံဃာ့အရေးအခင်းတွင်ပင် စစ်အစိုးရ ထောက်လှမ်းရေးအာဏာပိုင်များ၏ လိုက်လံဖမ်းဆီးမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၂၀၀၈ခုနှစ်၊ မတ်လ၁၉ရက်နေ့တွင် နိုင်ငံရေးခိုလှုံခွင့် အစီအစဉ်ဖြင့် အမေရိကန်ပြည် ထောင်စုကို သွားရောက်အခြေချနေထိုင်ခဲ့သူ ဖြစ်သည်။ စောလောအဲ့စိုး ရိုက်ယူခဲ့သည့် သပိတ်ကိုကိုင်မြှောက်နေသော ကိုရင်လေးတစ်ပါး၏ ဓာတ်ပုံမှာ ကမ္ဘာကျော်ဖြစ်ခဲ့သည်။ မေး - ပထမဦးဆုံးအနေနဲ့ ကိုလော်အဲ့စိုး အကြောင်းကို Click in fear မှတ်တမ်းရုပ်ရှင်အဖြစ် ဖန်တီးပြီးတော့ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့တဲ့အထိ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ စိုင်းကျော်ခိုင်ကို ရင်ထဲက ဘာတွေ ပြောချင်ပါသလဲ။ ဖြေ - သူ့ကိုလည်း အထူးကျေးဇူးတင်ပါတယ်ပေါ့နော်။ နောက်တခုရှိတာက ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို သူ့ရဲ့အနုပညာနဲ့ ပြန်ပြီး တော့ ပြည်သူတွေသိအောင် ဖော်ပြပေးတယ်။ အထူးသဖြင့် ဒီရုပ်ရှင်ပြပွဲမှာလည်း ဒီမှတ်တမ်းကို မြန်မာပြည်ကို ပို့ပြီးတော့ ပြိုင် တဲ့အခါမှာ ကျနော့်အကြောင်းဆိုတာထက်ကို တကယ့် ရွှေဝါရောင်တော်လှန်ရေးအကြောင်းကို သူပိုပြီးတော့ သိတယ်။ နောက်ပြီးတော့ သတင်းထောက်တွေရဲ့ အခန်းကဏ္ဍကို လူထုတွေ ပိုပြီးတော့ ထင်ထင်ရှားရှား မြင်လာအောင် တင်ပြတဲ့အ တွက်ကြောင့်မို့လို့ အများကြီး ဂုဏ်ယူမိပါတယ်။ မေး - တကယ်ဆိုရင် ကိုလောအဲ့စိုးက သတင်းဌာနတွေကို အင်တာဗျူးပေးလေ့ မရှိဘူးပေါ့နော်။ ကိုစိုင်းကျော်ခိုင်ကိုကျတော့ ဘယ်လိုဖြစ်လို့ အင်တာဗျူးအမေးခံဖြစ်ခဲ့ရတာလဲ။ ဖြေ - ကျနော်လည်း ဒီ(ထိုင်း-မြန်မာ)နယ်စပ်ကို ရောက်ကတည်းက ဘယ်မီဒီယာနဲ့မှ ကျနော်မတွေ့ဘူး။ ကျနော့်ဟာကျနော် အေးအေးဆေးဆေးပဲ နေတယ်။ ဘယ်သူ့ကိုမှ အင်တာဗျူး မပေးချင်ဘူး။ ပေးချင်တဲ့စိတ်လည်း မရှိဘူးလေ။ ဒါပေမယ့် ပဒိုမန်း ရှာ (၂၀၀၈ခုနှစ်မှာ လုပ်ကြံခံရတဲ့ KNU အတွင်းရေးမှူးချုပ်)ရဲ့ ရက်လည် တစ်လပြည့်တဲ့ အခမ်းအနားမှာ ကိုသာမည(ဒီဗွီဘီ)နဲ့ ကိုစိုင်းကျော်ခိုင်ကို ကျနော်တွေ့တယ်။ တွေ့တဲ့အခါကျတော့ သူတို့က ကျနော့်ကို ကိုလော်အဲ့စိုး ကျနော့်တို့ကို အင်တာဗျူး ပေးပါ။ မလုပ်ချင်ဘူးဗျာ။ ကျနော် အင်တာဗျူးလည်း မဗျူးချင်ပါဘူး။ ဖြစ်လို့လဲဆိုတော့ သတင်းထောက်တယောက်က သူလုပ် သင့်လုပ်ထိုက်တဲ့ အရာတခုကို သူလုပ်တာပဲလေ။ လုပ်သင့်လုပ်ထိုက်တဲ့အရာကို လုပ်ပြီး ကျနော်ထွက်လာတယ်။ ဒီမှာကျ တော့လည်း ကျနော် မပြောချင်ဘူးပေါ့နော်။ ဒါပေမယ့် စိုင်းကျော်ခိုင်ကပဲ ကျနော့်ကို ပြောတယ်။ ခင်ဗျား လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ပြည်သူလူထုတွေ သိအောင် လက်ဆင့်ကမ်းပေးပါလား။ နောက်ပြီးတော့ ခင်ဗျားရဲ့ လုပ်ဆောင်မှုတွေ လူထုတွေ သိစေချင်တယ်။ အဲဒီအချက် ၂ချက်ကိုကျတော့ ကျနော်လည်း မငြင်းတော့ပါဘူး။ လက်ခံလိုက်တယ်။ မေး - ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ အခန်းကဏ္ဍတခုကနေ ကိုယ်တိုင်ပါဝင်ခဲ့တာကို ဒီမှတ်တမ်းရုပ်ရှင်ထဲကနေ ပြန် ကြည့်လိုက်တဲ့အခါ စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ။ ဖြေ - ကျနော့်စိတ်ထဲမှာ မနေ့တနေ့တုန်းကလိုပဲ ဖြစ်နေတဲ့ အနေအထားတွေကို ပြန်ပြီးတော့ ခံစားမိတယ်လေ။ နောက်တစ် ချက်က ဘာလဲဆိုတော့ ရဟန်းတွေရဲ့ တိုင်းပြည်ချစ်စိတ်၊ အမှန်တရားပေါ်မှာ ဘက်မလိုက်ဘဲနဲ့ ရပ်တည်တဲ့စိတ်၊ ပြည်သူလူ ထုတွေရဲ့ ဒုက္ခ၊ သောကအခက်အခဲတွေကို ပြည်သူပြည်သားတွေနဲ့ တသားတည်းခံစားပြီးတော့ ရှေ့တန်းကနေ မားမားမတ် မတ် ရပ်ခဲ့တဲ့ဟာကို သမိုင်းမှာ ကျနော် ဘယ်တော့မှလည်း မေ့ပျောက်လို့ မရဘူး။ ဒါ အင်မတန်မှ ကြီးမားသော သမိုင်းမှတ် တိုင်တခုပဲလေ။ အဲဒါကို သူတို့တွေရဲ့သတ္တိ၊ စွန်လွှတ်အနစ်နာခံမှု အဲဒါကိုကြည့်ပြီးတော့ ကျနော် သူတို့ကို လေးစားတယ်။ တန်ဖိုးထားတယ်။ နောက် တကယ့် သမိုင်းမှတ်တိုင်တခုကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တဲ့အပေါ်မှာလည်း သူတို့ကို ကျနော် အမြဲတမ်း ချီးကျူးပြီးတော့ အမြဲတမ်း လေးစားပါတယ်။ အဲဒါ (Click in fear)ကို ကျနော် ပြန်ကြည့်တိုင်းလေ။ မေး - ကိုယ်ကိုယ်တိုင် ဓါတ်ပုံသတင်းယောက်အနေနဲ့ ပြည်တွင်းမှာ ကျန်ရှိနေသေးတဲ့ သက်စွန်ဆံဖျား ဓာတ်ပုံလိုက်ရိုက်နေရ တဲ့ ဘ၀တူ မိတ်ဆွေဓါတ်ပုံသတင်းထောက်တွေကို ဘာပြောချင်ပါသလဲ။ ဖြေ - နိုင်ငံခြားသတင်းဌာနမှာပဲ အလုပ်လုပ်၊ ပြည်တွင်းက သတင်းဂျာနယ်မှာပဲ အလုပ်လုပ်၊ လုပ်နေကြတဲ့သူ ဓါတ်ပုံသတင်း ထောက်တွေပေါ့နော်။ တခါတလေ ကျနော်တို့ကို အလုပ်က ပေးသော ကျင့်ဝတ်ဆိုတာလည်း ရှိတယ်။ အဲဒီအတိုင်းကိုလည်း အကောင်းဆုံး လေးစားလိုက်နာပါ။ နောက်တစ်ချက်ကလည်း ခေတ်ပျက်နေတဲ့ဟာတွေ အားလုံးမှာ ကျနော်တို့က ပြည်သူ တွေရဲ့၊ သူတို့တွေရဲ့ ရုန်းကန်လှုပ်ရှားမှု၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကျနော်တို့ သတင်းထောက်တွေက အမြဲတမ်း မှတ် တမ်းတင်နေရတာပဲလေ။ ဆိုတော့ ကျနော့်တစ်ယောက်အနေနဲ့ကတော့ ပြည်သူတွေရဲ့ အခက်အခဲ၊ သူတို့တွေရဲ့ ကြုံတွေ့ မှတ်တမ်း။ အဲဒီအခက်အခဲတွေကို သတင်းလိုက်ရတဲ့အခါ ဘယ်တော့မှ အလုပ်သဘောမထားဘူး။ ဩော်… ဒါ ငါ့တိုင်းပြည် ပြည်သူပြည်သားတွေ ခံစားနေရတဲ့ သူတို့အခက်အခဲနဲ့ ဘ၀မှတ်တမ်းတွေဟာ သမိုင်းမှတ်တမ်းတင်နေသော ဓါတ်ပုံဆရာတစ် ယောက်အနေနဲ့လိုပဲ အဲလို ခံယူတဲ့အခါ ပြည်သူလူထုတွေနဲ့ ကျနော် တသားတည်းဖြစ်တယ်။ ကျနော်ကတော့ အဲလိုစိတ်ကို အမြဲတမ်းထားတယ်လေ။ ဒါကြောင့်လည်း အလုပ်သဘောထက်ကို လစာပေးသော အလုပ်ထက် တကယ့်တိုင်းပြည်ရဲ့ သမိုင်း မှတ်တမ်းတင်နေသော လူတယောက်ဖြစ်တယ်လို့ ဓါတ်ပုံသမားတွေကို ကျနော့်အတွေ့အကြုံအားဖြင့် အဲလိုပဲ ဝေမျှချင်ပါ တယ်။ မေး - ကရင်ထဲမှာဆိုရင် ဓါတ်ပုံသတင်းထောက်ဆိုရင် မရှိသလောက်ပဲဗျာ။ ဒီမှတ်တမ်းရုပ်ရှင်ကြည့်ပြီး တိုင်းပြည်တစ်ခုထဲမှာ ဓါတ်ပုံသတင်းထောက်တစ်ဦးရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးလဲလို့ ထင်ပါသလဲ။ ဖြေ - ကျနော် ဓါတ်ပုံဆရာ စဖြစ်ကတည်းက ငါဟာ တိုင်းပြည်ရဲ့ သမိုင်းမှတ်တိုင်တခုခုကို မှတ်တမ်းတင်နိုင်သော လူတစ် ယောက် အရမ်းဖြစ်ချင်တယ်။ ကျနော်အမြဲတမ်း ဓါတ်ပုံစရိုက်ခဲ့တဲ့ ၁၉၈၈ခုနှစ်ကနေပြီးတော့ ၂၀၀၇ခုနှစ်အထိ နှစ်ပေါင်း ၁၉နှစ်နီးပါးပေါ့နော်။ ဒီဓါတ်ပုံတွေကို ကျနော်ရိုက်တဲ့အခါမှာ အခက်အခဲတွေလည်း ကျနော်အများကြီး ကြုံရတယ်။ အထူးသ ဖြင့် ကျနော် ဓါတ်ပုံကို အတိုင်းအတာတခုအထိ ရိုက်တတ်နေပါစေ။ ရွှေဝါရောင်အရေးအခင်းလို တကယ့်သမိုင်းဝင်တဲ့ အဖြစ် အပျက် မပေါ်လာဘူးဆိုရင် ကျနော့်ဓါတ်ပုံတွေလည်း သမိုင်းမှတ်တမ်းတင်နိုင်မှာ မဟုတ်ဘူးလေ။ အဲဒီအတွက်ကြောင့်မို့လို့ ကိုယ့်စိတ်ထဲမှာ အနေအထားတခုထိ အမြဲတမ်း အဆင်သင့်ဖြစ်နိုင်အောင် ကျနော်ကြိုးစားတယ်။ ကျနော့်ဟာကျနော် စာဖတ် တယ်။ ကိုယ့်ကိုယ်ကို အမြဲတမ်းအချိန်မှာ အဆင်သင့်ရှိနေဖို့ အရေးကြီးတယ်။ နောက်ဖြစ်ပျက်လာတဲ့အနေအထား သမိုင်း တစ်ကွေ့တာဝန် ကျနော်တို့ အကောင်းဆုံး ထမ်းဆောင်နိုင်ဖို့အတွက် အမြဲပြင်ဆင်ထားဖို့လိုတယ်။ ကင်မရာကိုင်တဲ့သူ အများ ကြီး ရှိတယ်။ ဒါပေမယ့် ကိုင်တဲ့လူတွေရဲ့ သူတို့ရင်ထဲမှာရှိတဲ့ ခံယူချက်ချင်း မတူကြဘူး။ အဲဒီပေါ်မှာ မူတည်ပြီးတော့ လူတွေ ရဲ့ တန်ဖိုး ကွဲသွားတာပဲ။ ဒါကြောင့် ကိုယ်ကင်မရာ ကိုင်တာချင်းပဲ အတူတူ၊ ကလောင်ကိုင်တာကိုလည်း အတူတူပဲနော်။ ကိုယ့်ရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့နှလုံးသားက ကိုယ့်ရဲ့တန်ဖိုးကို ပြဌာန်းတယ်လို့ အဲလိုပဲ ခံယူတယ်။ မေး - ရွှေဝါရောင်သံဃာ့အရေးအခင်းကြောင့် ပြည်ပကို တိမ်းရှောင်တဲ့နောက်ပိုင်း ကိုယ်တတ်ကျွမ်းထားတဲ့ ဓါတ်ပုံပညာနဲ့ တိုင်းပြည်အကျိုးအတွက် ဘယ်လိုအခန်းကဏ္ဍကနေ ဆက်ပြီး လုပ်ဆောင်ပေးသွားဖို့ ရှိပါသလဲ။ ဖြေ - ဓါတ်ပုံကတော့ မြန်မာပြည်မှာ မဟုတ်ပေမယ့် ဒီ(အမေရိကန်)မှာလည်း ကျနော်ရိုက်ဖြစ်တယ်။ အထူးသဖြင့် ကျနော် ဒီမှာရောက်တဲ့အခါမှာ ကျနော် စာပိုဖတ်ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဖတ်လို့မရတဲ့ စာအုပ်တွေ အတော်များများ ဒီမှာ ရှာဖတ်ဖြစ် တယ်။ မြန်မာပြည်ထဲက စာအုပ်တွေကိုလည်း ကျနော်မှာယူပြီးတော့ ဖတ်တယ်။ နောက်ပြီးတော့ ကျနော်စာတွေကို စရေးတာ ပေါ့။ ကျနော်ဒီမှာ ဗမာပြည်မှာလို ဓါတ်ပုံမရိုက်နိုင်ပေမယ့် ပြည်ပကို ရောက်လာတဲ့၊ ပြည်ပကို ထွက်ပြေးလာရတဲ့ နည်းပေါင်း မျိုးစုံနဲ့ ဒီ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံကနေတဆင့် ရောက်လာကြတဲ့ ဒီဘက်ဘ၀ မှတ်တမ်းတွေကို ကျနော်စပြီး တော့ ဓါတ်ပုံမှတ်တမ်းလည်း လုပ်သလို စာရေးဖို့အတွက် ကျနော်ပြင်ဆင်တယ်။ အတိုင်းအတာတခုထိ ရေးနိုင်သလောက် တော့ ရေးမယ်။ နောက်ပြီးတော့ ဒီမှာ ကျနော်ဆည်းပူးလို့ရသော ပညာကို ကျနော်ဗမာပြည်ကို တချိန်ချိန် ပြန်တဲ့အခါမှာ ကျနော်တတ်ကျွမ်းသောပညာ၊ ဖြတ်သန်းခဲ့သော အတွေ့အကြုံတွေကို နောင်လာမယ့် မျိုးဆက်သစ်တခုမှာ အတတ်နိုင်ဆုံး အကောင်းဖြန့်ဝေသွားမယ်လို့ ကျနော် ခံယူတယ်။ မေး - နောက်ဆုံးအနေနဲ့ ကိုလော်အဲ့စိုးရဲ့အကြောင်းကို မှတ်တမ်းထားတဲ့ ဒီမှတ်တမ်းရုပ်ရှင် ဆုရွေးခံရတာကို သိလိုက်ရတဲ့အ ချိန်မှာ ရင်ထဲက ဘာစကားတွေများ အများသိအောင် ပြောချင်ပါသလဲ။ ဖြေ - နံပါတ်တစ်အချက်က အထူးသဖြင့် ဗမာပြည်တွင်းတွင်းထဲမှာရှိတဲ့ ပြည်သူလူထုတွေ ဒီ(ရွှေဝါရောင် သံဃာ့အရေးအခင်း) အဖြစ်အပျက် တကယ့်သမိုင်းဖြစ်ရပ်မှန် ပုံရိပ်တွေကို သူတို့မြင်ခွင့်ရတဲ့အတွက်ကြောင့် ကျနော် အရမ်းဝမ်းသာတယ်။ ဟိုတုန်း က နိုင်ငံခြားသတင်းထောက်ဆိုတာက ရိုက်တာလေ။ ဒါပေမယ့် ရွှေဝါရောင်အရေးအခင်းမှာ ကျနော်နိုင်တဲ့ အခန်းကဏ္ဍကနေ ကျနော် ပါဝင်ခွင့်ရတယ်။ အထူးသဖြင့် တိုင်းပြည်ကိုချစ်သော ဓါတ်ပုံသတင်းထောက်တွေရဲ့ ကဏ္ဍကို သိခွင့်ရသွားတာကို လည်း ကျနော် အများကြီး ၀မ်းသာဂုဏ်ယူမိပါတယ်။ ဒါပါပဲ။ kicupdatenews.blogspot.com |
|
Posted: 28 Jan 2012 07:19 AM PST
သစ်ပုတ်မျိုးဆက်
ကျောင်းတော်ကြီးရဲ့ ကော်ရီဒါလမ်း ဖုန်တလောင်းလောင်း ထနေဆဲ။ ကျောင်းတော်ကြီးရဲ့ သံတံခါး တွန့်လိမ် ကောက်ကွေး ပိတ်မရဆဲ။ ကျောင်းတော်ကြီးရဲ့ အမိုးသံပြား နေမလုံ ရေမလုံ လွင့်ပျံနေဆဲ။ ကျောင်းတော်ကြီးရဲ့ နာကျည်းမှုဒဏ်ရာများ အော်ဟစ် ပေါက်ကွဲ ဖော်ထုတ်နေဆဲ။ ကျောင်းတော်ကြီးရဲ့ အထင်ကရ သစ်ပုတ်အိုကြီး အရိုးအပြိုင်းပြိုင်းနဲ့ လက်သီးလက်မောင်း ထောင်ပြနေဆဲ။ ကျောင်းတော်ကြီးရဲ့ သစ်ပုတ်ပင်အောက် သစ်ပုတ်မျိုးဆက်သစ်များ မာန်ကြွမာန်ထ ကုန်းရုန်းထနေဆဲပါလား။ ။ (ကျော်သူ) ဟုတ်ပါသည်။ သစ်ပုတ်မျိုးဆက်သစ်များ တစ်နည်းအားဖြင့် လူမှုရေးမျိုးဆက်သစ်များ အားမာန် အပြည့်ဖြင့် တိုးတက်ရှင်သန်လာကြပါပြီ။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမားများ၊ လုပ်အားပေးများတို့သည် မိမိတို့၏ ကိုယ်ပိုင် အချိန်များအား ဖဲ့ယူ၍ အများအကျိုးအတွက် လာရောက်ပေးဆပ် ကူညီနေကြသူများ ဖြစ်ကြသည်။ မိမိတို့ ၏ ကိုယ်ပိုင်အချိန်များတွင် ပညာရေး၊ အိမ်တွင်းရေး၊ စားဝတ်နေရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရင်း ကုသိုလ်ယူကြသူများလည်း ဖြစ်ကြသည်။ * မောင်နေမျိုးနိုင် - မြောက်ဒဂုံမြို့နယ်တွင် နေထိုင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ၂၀၀၆ ခုနှစ် (ယခင်သင်္ဃန်းကျွန်းရုံး)မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မော်တော်ယာဉ်များအား ပြုပြင်ထိန်းသိမ်းခြင်းနှင့် မော်တော်ယာဉ်မောင်းနှင်ပေးခြင်း လုပ်ငန်းတာဝန်များကို ထမ်းဆောင် ခဲ့ကာ မိမိ၏ ပညာရေးအားလည်း မလစ်ဟင်းစေရန် ကြိုးစားခဲ့၍ ၂၆.၁၁.၂၀၁၁ ရက်နေ့တွင် B.A Myanmar ဘွဲ့အား ဆွတ်ခူးရယူနိုင်ခဲ့သည်။ * မောင်ဖြိုးကိုကို - ကျောက်မြောင်းမြို့နယ်တွင် နေထိုင်ပြီး ၂၀၀၈ ခုနှစ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လုပ်အားပေးအဖြစ် ဝင်ရောက်ပေးဆပ်ခဲ့ပြီး ယခုလက်ရှိ ပြန်ကြားရေးတာဝန်ကို ထမ်းဆောင်ခဲ့ကာ ၂၀၀၉ ခုနှစ်တွင် B.Sc (Zoology) ဘွဲ့အား ဆွတ်ခူး ရယူနိုင်ခဲ့သည်။ * မဇင်မေလင်း(ခ)ဇူးဇူး - မြောက်ဥက္ကာလာပမြို့နယ်တွင် နေထိုင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လုပ်အားပေးအဖြစ် ၂၀၁၀ ခုနှစ်မှစ၍ ကုသိုလ်ဖြစ် လုပ်အားဒါနပြုခဲ့ပြီး ၁၆.၁၀.၂၀၁၁ ရက်နေ့တွင် ကွန်ပြူတာစာရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကာ မိမိ၏ ပညာရေး အတွက် ၂၆.၁၁.၂၀၁၁ ရက်နေ့တွင် B.Sc (Botany) ဘွဲ့အား ဆွတ်ခူးရယူနိုင်ခဲ့သည်။ * မဆုမြတ်နိုး - မရမ်းကုန်းမြို့နယ်တွင် နေထိုင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ၂၀၀၈ ခုနှစ် (ယခင်သင်္ဃန်းကျွန်းရုံး)မှစ၍ အသက်အငယ်ဆုံးသော လူမှုရေးသမားအဖြစ် လုပ်အားဒါန ကူညီ ဖေးမမှုတို့ကို လုပ်ကိုင်ခဲ့ပြီး ၂၈.၁.၂၀၁၂ ရက်နေ့တွင် B.C.Sc (ကွန်ပြူ တာသိပ္ပံ) ဘွဲ့ကို ဂုဏ်ထူးတန်းဖြင့် အောင်မြင်ဆွတ်ခူး ရယူနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့သူတို့အား ကျွန်တော်နှင့် ကျွန်တော့်ဇနီး ဒေါ်ရွှေဇီးကွက်တို့၏ မင်္ဂလာသက် အနှစ် (၃၀) မြောက်တွင် ကိုမျိုး(မြန်မာစာ)၏ ဂုဏ်ပြုရေးဖွဲ့ထားသော "ဂုဏ်ယူတယ်" ဟူသော ကဗျာစာပိုဒ်၏ နောက်ဆုံးအပိုဒ်တွင် ထပ်မံဖြည့်စွက်ကာ ဂုဏ်ယူမိပါကြောင်း . . . . (ကျော်သူ) "ဂုဏ်ယူတယ်" * ကိုယ်သာ အသုံးမကျရင်နေမယ် ကိုယ့်နိုင်ငံကသာ တိပိဋက သာသနာ့ အာဇာနည်တွေပေါ်ထွန်းတာ ဂုဏ်ယူတယ်။ * ကိုယ်သာ အသုံးမကျရင်နေမယ် ကိုယ့်နိုင်ငံသားတစ်ဦး ကမ္ဘာ့ကုလသမဂ္ဂ အကြီးအကဲဖြစ်ခဲ့ဖူးတာ ဂုဏ်ယူတယ်။ * ကိုယ်သာ အသုံးမကျရင်နေမယ် ကိုယ့်နိုင်ငံမှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တစ်ဦး ရှိနေတာ ဂုဏ်ယူတယ်။ * ကိုယ်သာ အသုံးမကျရင်နေမယ် ကိုယ့်နိုင်ငံတွင် ဧရာဝတီမြစ်မင်းနဲ့ ရေဝေတောတောင်အပေါ် မြတ်နိုးသူတွေရှိတာ ဂုဏ်ယူတယ်။ * ကိုယ်သာ အသုံးမကျရင်နေမယ် ကိုယ့်နိုင်ငံဟာ ဗြဟ္မစိုရ်တရားထွန်းကားတယ်ဆိုတဲ့ စကားဆက်လက်မှန်ကန်စေဖို့ ဘဝတစ်ခုလုံး ပရဟိတနယ်မှာ "ဝကွက်" အပ်ရဲတဲ့ "ဇနီးမောင်နှံရဲ့ ပုလဲရတု" အတွက်လည်း ဂုဏ်ယူတယ်။ (ကိုမျိုး - မြန်မာစာ) * ကိုယ်သာ အသုံးမကျရင်နေမယ် ကိုယ့်နိုင်ငံအတွက် ဗြဟ္မစိုရ်နှလုံးသားကို လက်ကိုင်ပြုပြီး အများပြည်သူတို့ကို ကူညီဖေးမ စောင့်ရှောက်ရင်း ပညာရေး ဘွဲ့ထူး၊ ဂုဏ်ထူးများရအောင် ဆွတ်ခူးနိုင်တဲ့ F.F.S.S လူမှုရေးမျိုးဆက်များအတွက်လည်း ဂုဏ်ယူတယ်။ (ကျော်သူ) |
| You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
Subscribe to:
Posts (Atom)