Friday, 27 April 2012
Posted: 23 Apr 2012 09:20 PM PDT
တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော်
(ဆောင်းပါးရှင် မောင်မောင်ဝမ်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အများစု အနိုင်ရရှိခဲ့တယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ သို့သော် လွှတ်တော် တက်ခါနီး ဆဲဆဲမှာ ကျမ်းသစ္စာကျိန်ဆိုခြင်း စာသားနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ကိစ္စကဖြစ်လာတယ်..ဒီကိစ္စဟာ သာမန်ကြည့်မယ်ဆို အသေးဖွားလေးလိုလို ကျော်လွှားသွားရင်ပဲ ဖြစ်တော့ မရောင်ရောင် ပြောဆိုနေတဲ့ ခပ်ညံ့ညံ့ လွှတ်တော် ကိုယ်စားလှယ် ဆိုသူများရဲ့ အင်တာဗျူးများကိုလည်း နားထောင်လိုက်ရပါတယ်….။
လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးခင်ရွှေ ကဆို….၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ကျမ်းသစ္စာ ကတိပြုချက် (အင်္ဂလိပ်လို) ဟာနဲ့ တလွဲ ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့. နိုင်ငံတွေက…ကျမ်းသစ္စာ ကျိန်ဆိုချက်တွေကို မဆီမဆိုင် ကိုးကားပြီး ပြောသွားလေရဲ့ ပြောသွားတော့လည်း အင်္ဂလိပ်လို တလွဲတွေချည်းပဲ သူပြောသွားတာက………
အမေရိကန်မှာ ဆိုရင် - I will support to defend of the constitution.
ဂျာမနီမှာ ဆိုရင် - Defend of the visit law.
ဂျပန်မှာ ဆိုရင် - I will protect of the defend of the national chatter.
ဂရိမှာလည်း ဒီတိုင်းပဲ...
အိန္ဒိယမှာ ဆိုရင် - Will to the best of the ability of the protect of the defend.
ဖိလစ်ပိုင်မှာ ဆိုရင် - Defend of the constitution.
စင်္ကာပူမှာ ဆိုရင် - l will preserve, protect of the defend of the Constitution of the Republic of Singapore.
ဒီလိုမျိုးသစ္စာ ဆိုပြီးမှသာလျှင် လွှတ်တော်ထဲ ၀င်လို့ရတယ်။ ဒါကြောင့်မို့လို့ ဘယ်လိုပဲ ဖြစ်ဖြစ် ဟောင်း အဲ့ဘား ပြည်သူတစ်ယောက်နဲ့ နေမယ်ဆိုရင်တော့ ရီစပက် ဆိုတဲ့ စကားလုံးနဲ့ နေလို့ရတယ်။ လွှတ်တော်ထဲ ၀င်မယ်ဆိုရင်တော့ ဒီဖန့်ဆိုတဲ့ စကားလုံးနဲ့မှ ၀င်လို့ရတယ်။ DBV နဲ့ အင်တာဗျူးမှာ ဒေါက်တာခင်ရွှေ ပြောသွားတဲ့ စကား အချို့ပါ။ မေးတာနဲ့ ဖြေတာ တလွှဲစီ ဖြစ်ရတဲ့ အထဲ အဓိပ္ပါယ် မသိပဲ ရွတ်ပြသွားတာ တော်တော်ဆိုးတယ်။
(facebook မှာ တယောက်တင်ထားတဲ့ ဟာပါ)။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ.. ကျမ်းသစ္စာကျိန်ဆိုချက်မှာ အင်္ဂလိပ်လို သူပြောသွားတဲ့ အထဲက (defend) ကာကွယ်ပါမည် ဆိုတာ တလုံးမှ မပါဘူး…မဆီမဆိုင်တွေ ငါ့စကား နွားရပြောသွားတယ်. …ဒါက ၂၀၀၈ ဖွဲ့စည်းပုံထဲက ကျမ်းကျိန်ချက်...
SCHEDULE FOUR
Form of Oaths or Affirmation
(Refer to Section 125)
I ................ do solemnly and sincerely promise that as an elected representative of the Pyithu Hluttaw/ the Amyotha Hluttaw/ the Region or State Hluttaw, I will uphold and abide by the Constitution of the Union. I will be loyal to the Republic of theUnion of Myanmar and citizenry and hold always in esteem non-disintegrationof the Union, non-disintegration of national solidarity and perpetuation of sovereignty. In addition, I will carry out the responsibilities uprightly to the best of my ability.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲမ၀င်ပဲ ဆိုင်းငံ့နေမှုသည်.. ဝေါဟာရ ပြသနာမဟုတ်ပါ။ ယုံချက်ချက် ပြသနာဖြစ်သည်။ ဒီကိစ္စကို ပေါ့ပေါ့သဘော ထားမရပါ..။ အစိုးရဘက်က ပြဌာန်းထားသော ကျမ်းသစ္စာဆိုချက်တွင် အင်္ဂလိပ်လို uphold ဆိုတာကို ရှင်းပြချင်ပါသည်..အဓိပ္ပါယ်က..
(To maintain or affirm against opposition - မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ ထိန်းသိမ်းပါမည်၊ To prevent from falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) .စဉ်းစားကြည့်ပါ.။ NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာက...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်။ ဆိုတာ. အဓိကမူ. ဒီကိစ္စကို လွယ်လွယ်လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်... လူထုကို ပေးထားတဲ့ ကတိဖျက်ရာ မရောက်ဘူးလား. NLD လုပ်ရပ်မှန်တယ်။ ဒီကိစ္စဟာ... လူထုဆန္ဒကို ရွေးကောက်ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ....။
.အရပ်ထဲ ရွာထဲမှာ ပြောသလို ရမ်းတုတ် ရမ်းပြော ရမ်းလုပ်လို့ ရတဲ့ အရာမဟုတ်။ အရေးကြီးပါတယ်။ လွှတ်တော်ထဲမှာ ဖြေရှင်းတယ်ဆိုတာ။ တရားရုံးတရုံးမှာ ထုချေရသလိုဖြစ်ပါတယ်။ အချက်အလက်တွေ အထောက်အထားတွေ ယုတ္တိသဘောတရားတွေ လက်ခံနိုင်မှု့တွေနဲ့ ပေါင်းစပ်ကြိုးစားရတဲ့ အမျိုးပါ… ကိုယ်ထင်တာ မြင်တာတွေနဲ့ ရမ်းပြောလို့မရ။ ဥပမာပြောမယ်ဆိုရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ်။ (မင်းပြောမှလား ငါတို့ သိတယ်လို့ ခွန်းတုန့်မပြန်ပါနဲ့ဦး) ဆက်ရှင်းပါမယ်။ အရင်ပြောနေတဲ့ လူထုခေါင်းဆောင်ဆိုတာ လူထုက သတ်မှတ်ပေးထားတဲ့ ခေါင်းစဉ် အခု လူထုခေါင်းဆောင်ဆိုတာ ဥပဒေအရပါ.. (Legally) လူထုခေါင်းဆောင်ဖြစ်သွားတယ်။
တခါ (defend) ကာကွယ်ပါမည် ဆိုတဲ့စကားလုံး သုံးရအောင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ အင်္ဂါရပ်များနဲ့ညီညွတ်အောင် ဆောင်ရွက်ထားတဲ့ အရာမဟုတ်…ဒီစကားလုံးကို ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ၊ လူ့အခွင့်ရေးဖွံ့ဖြိုးတဲ့ နိုင်ငံများမှာ ပြင်စရာ မလိုလောက်တဲ့ အနေထားမို့ သုံးတာ။ အမေရိကန်ပြည်ထောင်စုမှာ ကိုယ်စားလှယ်တွေကို လူထုကရွေးချယ်တင်မြှောက်အပြီး ကွန်ဂရက်မစခင် ကျမ်းသစ္စာ ကျိန်ဆိုရပါတယ် (နိုင်ငံတော်တော်များများလည်း ဒီအတိုင်းပါပဲ)။
A solemn affirmation or declaration, made with an appeal to God for the truth of what is affirmed. The appeal to God in an oath, implies that the person imprecates his vengeance and renounces his favor if the declaration is false, or if the declaration is a promise, the person invokes the vengeance of God if he should fail to fulfill it. A false oath is called perjury."
ဆိုလိုရင်းအနှစ်ကို ဆီလျှော်အောင်တင်ပြပါမယ်။ ကျမ်းသစ္စာ ကျိန်ဆိုတယ်ဆိုတာ အတည်ပြု ပြဌာန်းထားချက်များသည် အမှန်များဖြစ်ပါသည်။ ဒီအတိုင်း လိုက်နာပါမည် ဆိုတာကို ဘုရားသခင်ဆီ လျှောက်ထား ကတိပြုလိုက်တာ….။ ဒါတွေကို ကတိပြုပြီးရင် လိုက်နာရမည်..သို့မဟုတ်က..(လူသားမဆိုထားဘိ) ဘုရားသခင်ကတောင် ဒဏ်ခတ်မည်။ ကတိသစ္စာပြုပြီး. လိုက်နာရန် ပျက်ကွက်ခြင်းကို မုသားသက်သေခံခြင်း လို့ခေါ်တယ်။
ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့ဆဆ ကျော်လွှားသွားသင့်ပါသလား။ ပြင်စရာ မလိုလောက်အောင် နီးပါးရှိနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် အကြောင်းမဟုတ်လှပေမယ့် ပြင်စရာ အများကြီးနဲ့ ပြည့်နှက်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွယ်လွယ်ကူကူနဲ့ တို့ကတော့ လူထုက တရားဝင် ရွေးချယ် တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ပြီ။ လွှတ်တော်ထဲ ၀င်ကြစို့ ဆိုပြီး လုပ်လို့မရ.. လွှတ်တော် တံခါးဝမှာ ဆီးပိတ်ထားသော ကျမ်းသစ္စာကျိန်ဆိုခြင်း ဆိုတဲ့ အရာကြီး ရှိနေပါတယ်။ ဒီတံခါးနောက်ကနေ လက်ယပ် ခေါ်နေမှု့များကို လူပြိန်းဆန်သည် ဟုပြောချင်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာ့ကြောင့် နဂိုက ဒီကိစ္စကို စမလုပ်တာလဲ လွှတ်တော်တွင်း ကိစ္စကို နဂိုက ကြိုတင်ပြင်ဆင်ပြီးလုပ်ဆောင်ရန် ဘောင်မ၀င်နိုင်ပါ။ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတောင်မှ မဟုတ်ပါ။ မှတ်ပုံတင်ပြီးသည့် တိုင်အောင်လည်း လူထုကရွေးချယ် တင်မြှောက်အပ်နှင်းထားတဲ့ (Mandate) ပါဝါ မရှိသေးပါ။ ယခု အချိန်ကာလသည် ထိုကဲ့သို့သော ကိစ္စများကို ထောက်ပြပြောဆိုရန် ဥပဒေပါ အခွင့်အရေးများနှင့်အညီ ကိုက်ညီနေပြီ ဖြစ်သောကြောင့် ဖွင့်ဟ ညွှန်ပြလိုက်ခြင်းဖြစ်သည်ဟု ယုံကြည်မိပါတယ်။ (၁၉၉၀ ခုနှစ်က အကြောင်းအရာများနဲ့ အငြင်းပွားမယ်ဆိုရင်တော့ အဓိပ္ပါယ်တွေ အများကြီး ထွက်နိုင်ပါတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လိုလိုလားလား တဆစ်ချိုးပြောင်းလည်း ဦးတည်သွားခြင်းကိုတော့ မျက်ခြေမပြတ်မိဘို့ လိုကောင်း လိုပါလိမ့်မည်)။
ယခု အငြင်းပွားဖွယ် ဖြစ်နေသော ကျမ်းသစ္စာ ကျိန်ဆိုခြင်း (Oaths or Affirmation) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲတွင် ပြည်သူအား ပေးထားသော ကတိကို စတင်အကောင်ထည် ဖော်ခြင်းပင်ဖြစ်ပေသည်။ လွှတ်တော်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ၀င်ရောက် ဆောင်ရွက်ရန် အခြေနေမပေးသော်လည်း လွှတ်တော်တွင်း ရှိနေသော ပါတီအသီးသီး၊ တသီးပုဂ္ဂလ အသီးသီးကနေ ဒီကိစ္စကို စတင် တင်ပြဆွေးနွေးဖြင့် စတင်နိုင်မယ်လို့ ထင်ပါတယ်။ လွှတ်တော်ပြင်ပမှာ ရှိနေတဲ့ ပြည်တွင်း၊ ပြည်ပဒီမိုကရေစီ အင်အားစုများမှလည်း ၀ိုင်းဝန်း ဖိအားပေး ကြိုးစားလုပ်ဆောင်ဘို့ လိုပါလိမ့်မည်။
ယခု ကိစ္စသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် (ဈေးသည် စကားနဲ့ပြောရရင်) ဈေးဦးဖောက် ဖြစ်ပါတယ်။ ဈေးဦးဖောက်မှာ အလားအလာ မကောင်းရင် ဈေးရောင်း မကောင်းတတ်ဆိုတဲ့ ဗမာတွေ အယူအဆလိုဖြစ်သွားမှာ စိုးရိမ်မိပါတယ်။ အောင်မြင်ခဲ့မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ပထမဆုံးပြင်ဆင်ချက် (First Amendment) အဖြစ် သမိုင်းတွင် နေပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အခြေခံဥပဒေပြင်ဆင်ချက် (Bill of Right)ဟာ လူသန်းပေါင်း များစွာကို နှစ်ပေါင်းများစွာ စောင့်ရှောက် သွားနိုင်သလို မြန်မာနိုင်ငံရဲ့ (Oaths or Affirmation amendment) ဟာလည်း ဒီမိုကရေစီ ပြတင်းပေါက်ကို စတင်ဖွင့်လှစ်ပြီး အာဏာရှင် တံတိုင်းကြီးကို စတင်ရိုက်ချိုးမဲ့ အစဦးဖြစ်ပါလိမ့်မယ်။
အားလုံးကို လေးစားစွာဖြင့်
(မောင်မောင်ဝမ်း)
လွှတ်တော်ကိုယ်စားလှယ်များနဲ့ မေးမြန်းချက် DVB ရုပ်သံဖိုင်..
Posted: 23 Apr 2012 08:16 PM PDT
မအေးယုအောင် ကျောက်ကြီးမြို့မှ မိခင်ဖြစ်သူ မကြူထံ ၂၃ ရက် ညနေ ၅နာရီခန့်က ပြန်လည်ရောက်ရှိနေကြောင်းသိရသည်။ ဦးအောင်ဖုန်းဝင်းမှ လိုက်လံပို့ဆောင်ခြင်းဖြစ်ပြီး ကလေးသည် ဦးအောင်ဖုန်းဝင်းတို့ဘက်က သွေးထိုးမှု၊ ဘုရားတွင် သစ္စာဆိုခိုင်းထားကာ ခြိမ်းခြောက်ထားမှုတို့ကြောင့် မိခင်ဖြစ်သူကိုပင် အကောင်းမမြင်နိုင်ဖြစ်နေသည်။ မိခင်မှ သတင်းသမားများနှင့် တွေ့ဆုံဖြေကြားခြင်းကို ကလေးမှ မိခင်အား အပစ်တင်ကြောင်း သိရသည်။
ထို့အပြင် မီးပူနှင့်အကပ်ခံရခြင်း ကိစ္စအား ဒီဘ၀တွင်သာမက နောင်ဘ၀အထိပါ ထုတ်ဖော်မပြောပါဟု ဘုရားများတွင် သစ္စာဆိုခိုင်းထားကြောင်းသိရသည်။ မအေးယုအောင်အား ဦးအောင်ဖုန်းဝင်းက လိုက်လံပို့ဆောင်ရာတွင် ကျောက်ကြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် အမျိုးသမီးရေးရာမှ လူများရှေ့တွင် မိဘဖြစ်သူထံ ပြန်လည် အပ်နှံကြောင်းသိရသည်။ ထိုသို့အပ်နှံရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးမှ မအေးယုအောင်အား အပြီးပြန်လည် အပ်နှံခြင်းဖြစ်ကြောင်နှင့် နောင်တွင် ကလေးကို ပြန်ခေါ်မည် မဟုတ်ကြောင်းကို ဦးအောင်ဖုန်းဝင်အား လက်မှတ်ရေးထိုးစေရာ ဦးအောင်ဖုန်းဝင်းက ငြင်းဆိုသဖြင့် လူအများက ၀ိုင်းဝန်းပြောဆိုမှသာ လက်မှတ်ရေးထိုး ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ပဲခူးမှ လမ်းပြကြယ် အဖွဲ့မှ တရားစွဲဆိုမည် ဖြစ်ကြောင်း သိရှိရသည်။
ကိုရဲ
သတင်းအတွက် ညီငယ် ကိုရဲအား ကျေးဇူးတင်ပါတယ်..
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
    Posted: 23 Apr 2012 12:20 AM PDT
    ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကိုယ်စားလှယ်များ ဘက်က တင်ပြထားသော မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ပါဝင်သော စကားရပ်နှင့် ပတ်သက်၍ ပြင်ဆင်ပေးရန် အစီအစဉ်မရှိကြောင်း သတင်းထောက်များသို့ပြောဆိုလိုက်သည်။
    မြန်မာနိုင်ငံ... သမ္မတကြီး ဦးသိန်းစိန်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ တက်ရောက်လာရန်ကို ကြိုဆိုပါကြောင်း သို့ရာတွင် ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော လွတ်တော်အမတ် နေရာရယူ၍ လွှတ်တော်တက်ရေး မတက်ရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပေါ်တွင်သာ မူတည် ပါကြောင်း သတင်းထောက်များသို့ ပြောဆိုခဲ့သည်ဟု AFP သတင်းဌာနက ရေးသားသည်။
    NLD ပါတီက ကိုယ်စားလှယ်များ ပြင်ဆင်စေလို့သည့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရသည့် စာသားများမှာ လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများတွင် သာမက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရကြောင်း၊ အခြေခံ ဥပဒေကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်၌သာ ပြင်ဆင်ခွင့် ရှိပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြု၍ ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဖြစ်ပြီး အချို့သော ပြဋ္ဌာန်းချက်များဆိုလျှင် လူထု ဆန္ဒခံယူပွဲပါ ပြုလုပ်ပေးရမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။
    ထို့သို့ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို နိုင်ငံတော် သမ္မတရုံးနှင့် အခြေခံဥပဒေ ခုံရုံးတို့က လုပ်ပိုင်ခွင့် မရှိဘဲ ပြည်ထောင်စု လွှတ်တော်ကသာ လုပ်ပိုင်ခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးက ပြောကြားသည်။
    The voice weekly
    Posted: 22 Apr 2012 04:53 PM PDT
    မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု တတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် နယူးယောက်မြို့၌ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။
    အဆိုပါဆုအတွက် လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့၏ အမည်စာရင်းများတင်သွင်းခြင်းကို မတ်လ ၃၁ ရက်နေ့အထိ လက်ခံခဲ့ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၃ ဦးအား အဆိုပြုခဲ့ပါသည်။ ဧပြီလ ၁၆ ရက်နေ့တွင် ယင်းတို့အနက် ၂၀ ဦးကို ဂုဏ်ပြုပွဲအခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက ပဏာမ ရွေးချယ်ခဲ့ပါသည်။
    ထိုပဏာမ အမည်စာရင်းမှ ဆန်ခါတင် ၅ ဦးကို အမေရိကန်ပြည်ထောင်စုအတွင်းနှင့် ပြည်ပနိုင်ငံများရှိ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များနေထိုင်ရာ မြို့အသီးသီးက ဧပြီလ ၂၂ ရက် ရက်နေ့တွင် ရွေးချယ်ခဲ့ကြပြီး စုစုပေါင်း ဆန္ဒမဲအများဆုံးရရှိသူ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
    ၁။ ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်
    ၂။ လဖိုင်နော်မိန်း
    ၃။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
    ၄။ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ
    ၅။ ဒေါ်သန်းမြင့်အောင်
    ပြည်သူ့ဂုဏ်ရည်ဆုအတွက် အင်တာနက်မှ ဆန္ဒပြု ရွေးချယ်ခြင်းမပြုမီ ဆန္ဒပြုကြမည့် ပြည်တွင်းပြည်ပရှိ မိသားစုအသိုင်းအဝိုင်းများအနေဖြင့် ဆန်ခါတင်စာရင်းဝင် ၅ ဦး/ဖွဲ့၏ လုပ်ဆောင်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်ရန်အတွက် ဆန္ဒမဲ စတင်ပေးရမည့်နေ့ကို ယခင် စီစဉ်သတ်မှတ်ထားသော 'နောက်ဆုံးဆန်ခါတင် ငါးဦး/ဖွဲ့ကို သတ်မှတ်ကြေညာပြီးချိန်မှ ခုနစ်ရက်အတွင်း' အစား မေလ ၁၂ ရက်သို့ ပြောင်းရွှေ့လိုက်ပါသည်။
    သို့ပါ၍ အထက်ဖော်ပြပါ ဆန်ခါတင် ၅ ဦး/ဖွဲ့၏ အမည်စာရင်းကို အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းစံတော်ချိန် မေလ ၁၁ ရက် (သောကြာနေ့) ည ၁၂ နာရီ မှ မေလ ၂၅ ရက် (သောကြာနေ့) ည ၁၂ နာရီအထိ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံသွားမည်ဖြစ်ပါသည်။
    ဆန္ဒမဲအများဆုံး ရရှိသူကို မေလ ၂၇ ရက်နေ့ ဂုဏ်ပြုပွဲအခမ်းအနား၌ ကြေညာ၍ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။ ။
    တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ
    ဆက်သွယ်ရန်
    ကိုဝေလ (၀၁) ၆၄၆ ၄၆၂ ၉၀၁၇
    ကိုဝင်းသူအောင် (၀၁) ၇၀၂ ၃၀၈ ၀၆၆၇
    ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇
    ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁
    ကိုတင်မောင်အေး (၀၁) ၆၃၁ ၂၅၂ ၈၇၇၆
    Htein lin
    Posted: 22 Apr 2012 08:06 AM PDT
    aljazeera
    Posted: 22 Apr 2012 07:59 AM PDT
    မကြူသည် သမီးဖြစ်သူ မီးပူနှင့်အကပ်ခံရကြောင်း ဖြစ်စဉ်အား ဧပြီ ၄ရက်၌ ကျောက်ကြီးတွင် နေထိုင်သူတစ်ဦး၏ သူငယ်ချင်းက ရန်ကုန်မှ ဖုန်းဆက်ပြောခြင်းကြောင့်သာ တဆင့် ပြန်လည်သိရှိရခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောက်ကြီးရဲစခန်းသို့ သွားရောက်အကူအညီတောင်းခံရာ ရဲစခန်းမှူးက ပဲခူးအမှတ်(၃)ရဲစခန်းသို့ ကူညီစုံစမ်းပေးပါရန် အကူအညီတောင်းခံစာ တစ်စောင်ရေးပေးပါသည်။ အမျိုးသမီးရေးရာ အဖွဲ့သို့အကူအညီတောင်းခံရာတွင် သူတို့ ဘာမျှမတတ်နိုင်ကြောင်းပြောဆိုပါသည်။ ထိုနေ့တွင်ပင် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၏ ကူညီမှုဖြင့် တရားသူကြီးဦးအောင်ဖုန်းဝင်းနှင့် ပထမအကြိမ် စကားပြောခွင့်ရပြီး မနက်ဖြန် ပဲခူးသို့ လာရန် ဦးအောင်ဖုန်းဝင်းက ပြောသည်။ မကြူ ပဲခူးသို့သွားနိုင်ရန် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမျူးက ငွေနှစ်သောင်းထုတ်ပေးပြီး ရပ်ကွက် အုပ်ချုပ်ရေးရုံးမှ စာရေး ကိုသက်ဆွေဆိုသူအား အဖော်အဖြစ် ထဲ့ပေးပြီး ကလေးကိုပြန်ခေါ်လာနိုင်စေရန် အကူအညီပေးရန်မှာကြားလိုက်သည်။
    ဧပြီ ၅ ရက်တွင် ဦးအောင်ဖုန်းဝင်းရုံးထိုင်ရာ ပဲခူးတရားရုံး ဦးအောင်ဖုန်းဝင်း၏ ရုံးခန်းတွင် သွားရောက် စောင့်ဆိုင်းပြီး စာရေးဖြစ်သူ မသဲနုအောင်ထံ အကူအညီတောင်းခံ၍ ဦးအောင်ဖုန်းဝင်းထံ တယ်လီဖုန်း ဆက်သွယ်ပေးရန် ပြောကြားသည်။ ခဏအကြာတွင် မသဲနုအောင်က " မကြူ၊ တို့နှစ်ယောက် မှော်ကန်ကိုသွားမယ်၊ ဆိုက်ကားနဲ့။ ဆရာကအဲ့ဒီမှာတွေ့ချင်တယ်လို့ ချိန်းလိုက်တယ်" ဟု လာရောက် ပြောဆိုရာ မကြူကမဖြစ်နိုင်ကြောင်း၊ မသွားလိုကြောင်းငြင်းဆိုရာ မသဲနုအောင်က " ဘာမှ မဖြစ်စေရပါဘူး၊ ဆရာက နှစ်ယောက်တည်းတွေ့ပြီး စကားပြောစရာရှိတယ်"ဟု ဆရာက ပြောကြောင်း ပြောဆိုပါသည်။ သို့ရာတွင် မကြူက အဖော်လိုက်ပါလာသူ ကိုသက်တင်မပါလျှင် မသွားလိုကြောင်း ငြင်းဆိုခဲ့ပါသည်။ ထို့ကြောင့် ဦးအောင်ဖုန်းဝင်း ချိန်းဆိုရာသို့ မသွားဖြစ်ခဲ့ပါ။
    ထို့နောက် မသဲနုအောင်က ဦးအောင်ဖုန်းဝင်းထံ တယ်လီဖုန်းဆက်ရာ ၇ုံးသို့ မလာပဲ တနေရာရာတွင်စောင့်နေမည်ဖြစ်ကြောင်း၊ မကြူအား သူ၏ကားရှိရာသို့ လိုက်လံပို့ဆောင်ပေးရန် ပြောဆိုကြောင်းသိရသည်။ ထို့နောက် ကိုသက်တင်နှင့် မကြူကိုခေါ်ဆောင်ကာ မသဲနုအောင်က ဦးအောင်ဖုန်းဝင်ကား၇ှိရာသို့ လိုက်လံပို့ဆောင်ပါသည်။
    ဦးအောင်ဖုန်းဝင်းသည် ကားကို ပဲခူတရားရုံး ရှေ့မှ စတင်ထွက်ခွါပြီးလျှင် ပဲခူးရွှေမော်ဓောဘုရားကို ကားဖြင့် (၁၅)ပတ်ခန့် ပတ်ပြီးမောင်းနှင်ပါသည်။ မကြူက "ဆရာရယ် ခေါင်းတွေလည်းအရမ်းမူးနေပါပြီ ၊ ဘာ့ကြောင့် အဲ့လို မောင်နေတာလဲ" ဟုမေးရာ ဦးအောင်ဖုန်းဝင်းက "ဒီအချိန်မှာ သတင်းထောက်တွေကလည်း လိုက်နေပြီ ၊ အရမ်း အရေးကြီးနေပြီ" ဟု ဦးအောင်ဖုန်းဝင်းက ပြန်လည်ဖြေကြားသည်။ ထို့နောက် ပဲခူးဘက်မှ ကျောက်ကြီးဘက်သို့ ပြန်ရာ လမ်းကြောင်းအတိုင်းမောင်းနှင်လာပြီး ထမင်းဆိုင်တစ်ဆိုင်အတွင်း ၀င်နား၍ တခုခုစားသောက်ရန် ပြောဆိုပါသည်။ မကြူက ဘာမျှမစားလိုကြောင်း၊ သမီးကိုသာတွေ့ လိုကြောင်း ပြောဆိုပါသည်။
    ဦးအောင်ဖုန်းဝင်းက မကြူအား " မင်းကိုတစ်ခုပြောရဦးမယ်၊ မင်းရဲ့သမီးမှာ မင်းအိမ်က လာကတဲက ဆီပူလောင်ကွက်ကြီးရှိနေတယ်နော်" ဟု ပြောဆိုပါသည်။ မကြူက "ဆရာ အပိုတွေမပြောပါနဲ့၊ ကျွန်မအိမ်မှာ ဆီနဲ့ ပြားနဲ့မစားနိုင်လို့ ဆရာအိမ်မှာ အပ်ထားရတာပါ။" ဟု ပြောပါသည်။ ဦးအောင်ဖုန်းဝင်းက " မင်းကလေးက မင်းအိမ်က လာကတဲက ဆီပူလောင်ကွက်ကြီး ပါလာတာဘဲ"ဟု ထပ်မံပြောဆိုရာ မကြူက ထိုကဲ့သို့ မပြောရန်၊ ပိုက်ဆံရှိတိုင်း ထင်တိုင်းမကြဲရန် ပြောဆိုသောအခါတွင် ဦးအောင်ဖုန်းဝင်း အနည်းငယ် ငြိမ်သွားပါသည်။
    ထိုအချိန်တွင် ရဲကားတစ်စီး ဆိုက်ရောက်လာပြီး အရပ်ဝတ်၇ဲအချို့ ဆိုင်ထဲဝင်ရောက်လာကာ အခြားစားပွဲဝိုင်းတွင် ၀င်ထိုင်ကြပါသည်။ ထိုဝိုင်းက ရဲသားတစ်ဦးက "အင်တာနက်မှာ တင်လိုက်တဲ့ ကလေးရဲ့ အမေက ဒီသတင်းကို မသိသေးတာပဲ ဖြစ်လိမ့်မယ်။ သူတို့ဒေသမှာလည်း အင်တာနက်မရှိလို့ မသိသေးတာပဲဖြစ်မယ်။ အခုအချိန်မှာသာ ရောက်လာခဲ့ရင် ကလေးရဲ့ အမေဘက်ကနေ ကူညီထောက်ပံ့ပေးမယ်၊ ကလေးအမေကို သိချင်၊တွေ့ချင် လိုက်တာ" ဟု အချင်းချင်း ပြောဆိုပါသည်။ ဦးအောင်ဖုန်းဝင်းသည် ထိတ်လန့်ဟန်ဖြင့် မျက်နှာ အမူအယာပျက်ကာ ထိုရဲများကို ထိုရဲများကိုကြည့်နေသည်။ မကြူကမူ ထိုရဲများကို ထပြောပြီးအကူအညီတောင်းခံရန် စဉ်းစားမိသေးသော်လည်း ကလေးနှင့် မတွေ့ရသေးသည့်အတွက် ပြောသင့် မပြောသင့် စဉ်းစားနေစဉ်ပင် ဦးအောင်ဖုန်းဝင်းက "သွားမယ်၊သွားမယ်" ဟုဆိုကာ ချက်ခြင်း ပြန်ထွက်လာကြသည်။
    ထို့နောက် ကားကို ရန်ကုန်သို့မောင်းနှင်လာပါသည်။ မကြူက ဘာကြောင့်ရန်ကုန်ကိုမောင်းရတာလဲ၊ ကျွန်မသမီး ပြသနာဖြစ်တာပဲခူးမှာ ဖြစ်တာလေ"ဟု ပြောဆိုမေးမြန်းရာ ဦးအောင်ဖုန်းဝင်းက သူ့မိန်းမ ဘုရာဖူးခရီး ထွက်သွားကြောင်း၊ ကလေးသည် ရန်ကုန်တွင်ရှိကြောင်း ပြန်လည်ပြောဆိုပါသည်။
    ရန်ကုန်၊မရမ်းကုန်းမြို့နယ်ရှိ အိမ်တစ်အိမ်သို့ ရောက်သောအခါ မကြူအား အိမ်တွင်ထားခဲ့ပြီး ကိုသက်တင်နှင့် လကိဘရည်ဆိုင်သို့သွားမည်ဖြစ်ကြောင်း ဦးအောင်ဖုန်းဝင်းက ပြောဆိုသည်။ မကြူက မေးရာတွင် ကိစ္စရှိ၍ သွားတာဖြစ်ကြောင်းသာ ပြောဆိုပြီးထွက်သွားပါသည်။ ည ၈နာရီခန့်မှ ပြန်ရောက်လာကြသည်။ မကြူသည် ကလေးကိုလည်း မတွေ့ရသေးသဖြင့် ဒေါသဖြစ်ကာထိုင်ငိုပြီး ကလေးကိုတွေ့လိုကြောင်းပြောရာ "မင်း စိတ်မပူနဲ့၊ ငါ့အမျိုးအိမ်မှာထား ထားတယ်။ အခုလာနေပြီ" ဟု ဦးအောင်ဖုန်းဝင်းက ပြောဆိုပြီးကားဖြင့် ပြန်ထွက်သွားပါသည်။
    ည ၉နာရီခန့် အချိန်တွင်မှ ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူဝင်းသက်၊ မအေးယုအောင် နှင့် အခြားအမျိုးသမီးများပါ ရောက်ရှိလာပါသည်။ ဦးအောင်ဖုန်းဝင်းနှင့် အမျိုးသမီးများက သားအစ်မိနှစ်ဦး စကားပြောဆိုရာအနားတွင် စောင့်၍နေကြပါသည်။ လွတ်လပ်စွာ စကားပြောဆိုရခြင်းမဟုတ်ပါ။ မကြူက သမီးဖြစ်သူအား "မတ် ၂၅ ရက်က တရားသူကြီှးရဲ့ ဇနီးက သမီးကို မီးအိုးနဲ့ ထိုးသတ်ခဲ့တယ်ဆိုတာ ဟုတ်သလား"ဟု မေးရာတွင် ကလေးက "သမီးခံစားရတာ သမီးပဲ သိတယ်၊ သမီးကို အဲ့ဒီအကြောင်းတွေ မမေးပါနဲ့" ဟု ငိုကာပြောဆိုပါသည်။ ထို့နောက် မအေးယုအောင်က ထိုဒဏ်ရာတွေ အိပ်ငိုက်ရာမှ ရရှိခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ မကြူက သမီးဖြစ်သူ ကိုယ်ခန္တာအနှံ့ကြည့်ရှုရာတွင်မူ လည်ပင်းတွင်သာမက ၀မ်းဗိုက်၊ ရင်ဘတ်နှင့် လက်တွင်လည်း ဒဏ်ရာများစွာကို တွေ့ရှိရသည်။ မကြူမှ ကိုသက်တင်အား ခေါ်ပြရာတွင် ကိုသက်တင်က "သြော်…၊အေး..အေး၊ ဟုတ်တယ်နော်" ဟုသာပြောဆိုပါသည်။မိခင်ဖြစ်သူ မကြူမှာ စိတ်မကောင်းကြီးစွာခံစားရသဖြင့် သမီးဖြစ်သူအား တစ်ပါတည်းပြန်လိုက်ခဲ့ရန်ခေါ်ဆိုသောအခါ ဦးအောင်ဖုန်းဝင်းက "မထဲ့ပေးနိုင်ဘူး၊ မထဲ့ပေးနိုင်ဘူး၊ ဒီကလေးကို မင်းတို့နဲ့ထဲ့ပေးလိုက်ရင် ပြသနာတွေတက်မှာ ၊ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးကို ငါ ဆေးကုပေးဦးမယ်၊ မင်းကလေးကို တစ်သက်လုံးတာဝန်ယူတယ်"ဟု ၀င်ရောက်ပြောဆိုသည်။ မကြူက မဖြစ်နိုင်ကြောင်း၊ ဆရာမိန်းမက ကျွန်မကလေးကိုမီးအိုးနဲ့ ထိုးသတ်ရန်ပြုလုပ်ကြောင်း၊ရုံးခန်းတွင် ကလေးကိုအပ်နှံစဉ်က မှဲ့တစ်ပါက်မစွန်းရန်ပြောဆိုအပ်နှံခဲံကြောင်း၊ ဆရာတို့ကလည်း ကတိပေးခဲ့ကြောင်း တို့ကို ပြန်လည်ပြောဆိုသည်။ ဦးအောင်ဖုန်းဝင်းက "မင်းက ဒီအချိန်မှာ ညှာတာမှုနဲ့ စာနာမှုကို ဆ၇ာတို့ကိုပေးနိုင်မှာ မဟုတ်တော့ဘူး၊ ပေးမဲ့မိန်းမလည်း မဟုတ်တော့ဘူး"ဟု ပြောဆိုသည်။ မကြူက "ဆရာမိန်းမက ကျွန်မသမီးကို မီးအိုးနဲ့ထိုးသတ်တာလေ၊ ဆရာမိန်းမ လုပ်တာမဟုတ်လို့ ဘယ်သူလုပ်တာလဲ" ဟု ပြန်လည်ပြေဆိုချိန်တွင် ဒေါ်ဖြူဝင်းသက်က "နင်က ငါ့အိမ်၊ ငါ့ခြံထဲဝင်ပြီး နင့်သမီးကို ငါက မီးအိုးနဲ့ထိုးသတ်တယ်လိုပပြောတယ်၊ နင့်ကိုတရာစွဲပြီး ထောင်ချပစ်မယ်၊ ငါ့ယောင်္ကျားက တရားသူကြီး..နော်" ဟု ခြိမ်းခြောက်ပြောဆိုသည်။ မကြူက "တရားသူကြီးမကလို့ တရားသူကြီး အဖေပဲဖြစ်ဖြစ်၊ ငါမကြောက်ဘူး၊ ငါမှန်တဲ့အတိုင်း ပြောနေတာ။ ငါတို့ မရှိလို့၊ ဆင်းရဲလို့ နင့်အိမ်မှာ အိမ်ဖော်အဖြစ်ထားတာ၊ ငါ့သမီးလုပ်ကိုင်တာ မကောင်းရင်၊ မကြိုက်ရင် ငါ့အိမ်ကိုပြန်ပို့ပါလို့ ပြောထားတာတောင်မှ ငါ့သမီးကို သတ်လို့မသေတာကို ပြန်မပို့ပေးတဲ့အပြင် ငါ့သမီးကိုခြောက်လှန့်ထားသေးတယ်" ဟု ပြန်လည်ပြောဆိုရာ ဒေါ်ဖြူဝင်းသက်က "ကောင်မ နင်နဲ့ငါ တွေ့မှာပါ"ဟု ပြောပါသည်။ ဦးအောင်ဖုန်းဝင်းက "မင်းနေ၊ မင်းနေ။ ဒီကိစ္စကိုငါပဲရှင်းလိုက်မယ်။ အခုလောလောဆယ်တော့ မင်းသမီးကို ထားခဲ့ရမယ်။ အချိန်တွေကြာတယ်။ ဆက်ပြောနေလို့ မဖြစ်တော့ဘူး။ ပြန်ပို့တော့မယ် "ဟု ၀င်ရောက်ပြောဆိုသည်။ မကြူက ကလေး၊ ကိုသက်တင်နှင့်သူမတို့ (၃)ဦးကို တစ်အိမ်ထဲတွင် အတူတူအိပ်ခွင့် ပေးရန်တောင်းဆိုသော်လည်း ဦးအောင်ဖုန်းဝင်းက "အတူတူအိပ်ခွင့် မပေးနိုင်ဘူး၊ ကလေးက အရေးကြီးတယ်"ဟု ပြောဆိုကာ မအေးယုအောင်၊ ဒေါ်ဖြူဝင်းသက်နှင့် အမျိုးသမီးများကို ခေါ်ဆောင်သွားကာ ပြန်ပို့သည်။ မကြူနှင့် ကိုသက်တင်တို့ကိုမူ တည်းခိုခန်းတစ်ခုတွင် အိပ်စေသည်။
    နံနက်ခင်းရောက်၍ ဦးအောင်ဖုန်းဝင်မလာခင် မကြူမှ ကိုသက်တင်အား ကလေးကို မရ အရပြန်ခေါ်ရန်ပြောဆိုသောအခါတွင်မူ ကိုသက်တင်က အဲ့လိုမလုပ်သင့်ကြောင်း၊ ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။ မကြူက သမီးကိုသာ ပြန်ခေါ်ရန်ဆန္ဒရှိသည်။ ထို့နောက် ဦးအောင်ဖုန်းဝင်း ရောက်ရှိလာပြီး မနေ့က ကလေးနှင့်တွေ့ဆုံရာအိမ်သို့ ပြန်လည်ခေါ်ဆောင်လာသည်။ကလေးနှင့် အခြားအမျိုးသမီးများလည်း ရောက်ရှိနေပြီဖြစ်သည်။ ဦးအောင်ဖုန်းဝင်းက "မင်းကို ငွေ ၃ သိန်းပေးလိုက်မယ်ကွာ၊ ဖြစ်မလား" ဟုမေးသည်။ မကြူက " မဖြစ်ဘူး၊ ကျွန်မ ငွေမလိုချင်ဘူး၊ သမီးကိုပဲ ပြန်ခေါ်သွားချင်တယ်" ဟု ပြောသည်။ ဦးအောင်ဖုန်းဝင်းက " အခုကွာ၊ စာရွက်တစ်ရွက်မှာ စာရေးမယ်၊ ကလေးမ ဘုရားဖူးသွားတာ၊ ဘုရားဖူးပြန်တာ၊ လကုန်ရင် ပြန်ပို့မယ်၊ ဒါမှမဟုတ်ရင်လည်း ကားပေါ်တင်ပေးလိုက်မယ် ဆိုတဲ့အကြောင်းကို စာရေးမယ်။ အဲ့ဒါပဲ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ငွေ ၃ သိန်းကိုတော့ယူသွားလိုက်ပါ" ဟု ပြောရာ ကိုသက်တင်က မကြူအား "ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာပေါ့ ညီမရယ်။ ဒီငွေ ၃ သိန်းတော့ ယူသွားလိုက်ပါ၊ အဲ့ငွေ ယူသွားလို့ရှိရင် နင်တို့လည်း စားရသုံးရမယ်၊ အကိုလည်း လူကြီးတွေက မေးရင် အဆင်ပြေတယ်၊ကလေးက ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်လောက်ဘူး၊ အင်တာနက်တင်တဲ့သူတွေက အလကားသက်သက်ပုံကြီးချဲ့တာ၊ သတင်းထောက်တွေက သက်သက်ဝင်ပြီးချယ်လှယ်တာ အဲ့လိုပဲ ပြောပေးမယ်၊ ကလေးက သက်သာနေတာ၊ အကောင်းကြီး။ ဘာမှမဖြစ်ဘူး" ဟု ၀င်ရောက်ပြောဆိုသည်။
    မကြူက ကိုသက်တင်ကို" အကိုကပါ အလိုတူ အလိုပါ လာပြောနေတယ်။ အကိုလိုချင်ရင် အဲ့ငွေ အကိုယူလိုက်၊ အကိုစားပလိုက်၊ ကျွန်မကတော့ မယူနိုင်ဘူး"ဟုပြန်ပြောရာ ကိုသက်တင်က "မင်းတို့ ဆင်းရဲတဲ့အချိန်မှာ ငွေ ၃ သိန်းဆိုတာ မနည်းပါဘူးကွာ၊ မင်းရဲ့ သမီးကို သူတို့ကအချိန်တန်ရင် ပြန်ပို့ပေးမှာပါ၊ ဒီငွေကိုလည်း ယူသွားလိုက်ပါ၊ အကို စာရွက်ပေါ်မှာ စာရေးပေးပါ့မယ်"ဟုဆိုကာ စာချုပ်ရေးရန်ပြင်နေစဉ် အနားရှိ အိမ်ရှင်ဖြစ်သူ အဒေါ်ကြီးတစ်ဦးမှ "စာရွက်ပေါ်မှာရေးလို့ မဖြစ်နိုင်ဘူးနော် ကိုသက်တင်၊ စာချုပ်ခေါင်းပေါ်မှာရေးပေးရမယ်" ဟု ၀င်ရောက်ပြောဆိုသည်။ မကြူက "ကျွန်မတို့က လက်နက်ကြို၊လက်နက်ကြားမှာ ကြီးလာရတာ ၊ဘာစာမှမတတ်ဘူး၊ အဒေါ်ကြီးတို့ စာရေးရင်လည်း ရေးတာပဲရှိမယ်၊ ကျွန်မဘာမှမသိဘူး" ဟု ပြန်လည်ပြောဆိုရာ "မဟုတ်ပါဘူးမကြူရယ်၊ ဒီငွေ ၃ သိန်းဆိုတာက လှူဒါန်းငွေ သက်သက်ပါပဲ နစ်နာကြေး၊ ကရုနာကြေး၊အင်္ဂါချို့ယွင်းမှုတွေအတွက် ပေးတာမဟုတ်ပါဘူး၊ ယူလိုက်ပါ"ဟု ပြောဆိုကာ ကိုသက်တင်အား ငွေများကို အိတ်အတွင်းသို့ ထဲ့ပေးစေပါသည်။ ကိုသက်တင်က ငွေများကိုထဲ့ပြီး မကြူဆီသို့ပေးသောအခါ မကြူက လက္မခံလိုကြောင်း၊ ကိုသက်တင် လိုချင်က ယူနိုင်ကြောင်းသာ ထပ်မံပြောဆိုသည်။ ထို့နောက် မကြူက ဦးအောင်ဖုန်းဝင်းအား " ကျွန်မ ဒီပိုက်ဆံကိုလည်း မယူသွားဘူး၊ အခု သမီးကိုပြန်ခေါ်သွားချင်တာကိုလည်း ဆရာကခွင့်မပြုဘူး၊ လကုန်လို့ ဆရာပြန်မပို့ပေးဘူးဆိုရင်တော့ ကျွန်မက ရဲကိုတိုင်တော့မှာပဲ၊ ဒီငွေကိုတော့ ပြန်ယူထားလိုက်ပါ။ ဆရာတို့ ပြောင်းရွှေ့ရဦးမှာဆိုတော့ ဆရာတို့ငွေလိုနေမှာပါ" ဟု ပြောရာ ဦးအောင်ဖုန်းဝင်းက "ဘာမှပူမနေပါနဲ့ကွာ ဒီငွေနဲ့ ဘာမှမလုပ်ပါဘူး။" ကိုသက်တင်ကလည်း "ယူလိုက်ပါကွာ၊ ဘာပဲဖြစ်ဖြစ်ယူလိုက်ပါ၊ ရွာပြန်ရောက်တော့ အကိုလည်း အဆူခံရသက်သာတာပေါ့။"ဟု ပြောသည်။ဦးအောင်ဖုန်းဝင်းကလည်း "ရွာပြန်ရောက်တော့လည်း ပြောပြလိုက်၊ လူတွေအားလုံးကိုယ့် အရှက်ကို ကာကွယ်လိုက်၊ဘာမှမဖြစ်ဘူး၊ အလကား၊ အင်တာနက်က လွှင့်ချင်တိုင်းလျှောက်လွှင့်တာ၊လူတွေ က ပြောချင်တိုင်းလျှောက်ပြောတာ၊ အဲ့ဒီအင်တာနက် လွှင့်တဲ့သူတွေက ရူးနေတာ၊ သက်သက်မဲ့ ရုံးကို နာမည်ပျက်အောင်လုပ်တာ။ ပဲခူးဥပဒေရုံးကို သက်သက်သိက္ခာကျအောင်လုပ်တာ၊ သတင်းထောက်တွေက လည်း စားချင်တယ်၊ရိတ်ချင်တယ်၊ နှိုက်ချင်တယ်၊ဒါကြောင့်မို့သူတို့ဒီလိုတွေပြောနေတာ ၊ဘာမှစိတ်ထဲ မထားနဲ့၊ ဆရာလည်းစိတ်ထဲမထားဘူး။ ဂရုမစိုက်ဘူး။ တကယ်လို့သူ့ကိုထောင်ကျအောင်လုပ်ခဲ့ရင်တောင်မှ သူ့မှာ အပြင်စီးပွားရေးတွေရှိတယ်၊ သူကို လုပ်ခဲ့တဲ့သူတွေအကုန်လုံးကို ပြန်ပြီးတော့ ဘ၀ပျက်အောင် ပြန်လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်" ဟု ဦးအောင်ဖုန်းဝင်းက ပြောပါသည်။ မကြူက " ဆရာက အဲ့လိုအေးဆေးပဲဆိုရင် အခုဒီမှာ သူ့မအေနဲ့ သူ့ကလေးတွေ့နေပြီပဲ၊ရော့..အင့် နင့်ကလေး၊ ငါလုပ်တာမဟုတ်ဘူး၊ ငါ့မိန်းမ လုပ်တာမဟုတ်ဘူး။ ပြန်ခေါ်သွားလိုက်လို့ပြောရင် ပြီးနေပြီပဲ။ ကျွန်မက မအေပါ။ ကလေးကိုပြန်ရရင်ကျေအေးပါတယ်။ ကလေးကိုပဲပြန်လိုချင်တာပါ၊ ငွေကို လုံးဝမလိုချင်ပါဘူး ဆရာ။"ဟု ပြောရာ "မင်းတို့ သုံးရ၊စားရအောင်ပေးတာပါ။ မင်းတို့က ဒုက္ခရောက်နေတာလေ" ဟု ဦးအောင်ဖုန်းဝင်က ပြန်လည်ပြောဆိုပါသည်။ မကြူက "ဆရာက ငွေစကားပြောနေတော့လည်း ကောင်းပြီလေ၊ ကျွန်မကတော့ ဆရာငွေပေးပေး မပေးပေး၊ ပဲခူးပြန်ရောက်ရင် အမှတ် ၃ ရဲစခန်းဝင်ပြီး အကြောင်းကြားမယ်။ စခန်းမှာအမှုဝင်ဖွင့်မှာပဲ။တရားရုံးဝင်ပြီး ကျွန်မသမီးပြန်ရအောင်လုပ်မှာပဲ။" ဟု ပြောရာ ဦးအောင်ဖုန်းဝင်းက "ဥပဒေရုံးဝင်ရင်တော့ ပြသနာတွေလည်လည်လိမ့်မယ်။မင်းတို့ပဲ ခံရမှာပဲ၊ မင်းတို့ကို ကားဂိတ်ရောက်အောင်လိုက်ပို့ပေးမယ်။ ကဲ.. အေးယုအောင် နင့်အမေကိုကန်တော့၊ နင့်ကိုတော့လုံးဝ ပြန်မထဲ့ပေးနိုင်သေးဘူး။ နင့်ကိုပြန်ထဲ့ပေးလိုက်ရင် ကွိုင်တွေတက်ကုန်လိမ့်မယ်။ ဇယားတွေရှုပ်ကုန်လိမ့်မယ်။ အဲ့ဒီအင်တာနက်မှာ လွှင့်ထားတဲ့ ဇယားတွေကိုလည်း မင်းနဲ့ပူးပေါင်းပြီး ရှင်းစရာရှိသေးတယ်။" ဟု ဦးအောင်ဖုန်းဝင်းကပြောသည်။
    မကြူက "ကောင်းပါတယ်၊ ဆရာရှင်းနိုင်ရင်တော့ရှင်းပေါ့၊ ကလေးကသာ အမှန်တွေ ထုတ်ပြောလာနိုင်ရင်တော့ဆရာ သေဖို့ပဲ စဉ်းစားထားပေါ့" ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။ ကလေးက ကန်တော့စဉ်တွင် မကြူသည် ငွေနှင့် အာဏာပေါင်းကာ အနိုင်ကျင့်ခံရခြင်းကြောင့် ရင်ထဲတွင် နာကျင်စွာခံစားခဲ့ရသည်။ " ငါတို့ကို ငွေရှိလို့ ငွေနဲ့ပေါက်ပြီးအနိုင်ယူတဲ့လူတွေ တနေ့တော့တွေ့ကြသေးတာပေါ့။ ဒီ ၃ သိန်းပေးလိုက်လည်းယူသွားမယ်။ ဒီ ၃ သိန်းနဲ့ပဲ ပဲခူးရောက်ရင် ဥပဒေနဲ့ပြန်ရင်ဆိုင်လို့ရတာပေါ့။"ဟုပြောဆိုရာ ကိုသက်တင်က "မလုပ်ပါနဲ့ညီမရယ်။ ဒါမလုပ်သင့်ပါဘူး။ ဒီပိုက်ဆံကလှူတာပဲ၊ နောက်ပြီး ကလေးလာပြန်ပို့တဲ့အချိန်ကျရင်လည်း နစ်နာကြေးက သပ်သပ်ထပ်ပေးဦးမှာပါ၊တခြားဟာတွေ ထဲ့မတွက်ပါနဲ့ ပြန်ရောက်ရင် အကို အဆူခံရမှာကြောက်လို့ပါ။"ဟု ၀င်ရောက်ပြောဆိုပါသည်။ ထို့နောက် မအေးယုအောင်၏ ဒဏ်ရာများအား ဓာတ်ပုံရိုက်မှတ်တမ်းတင်ခြင်း၊ မကြူအား လက်ဗွေနှိပ်စေခြင်းများပြုလုပ်ပြီး ကိုသက်တင်မှ ထိုစာရွက် မိတ္တူအား ယူဆောင်ကာ ရန်ကုန်မှ ပြန်ခဲ့ရသည်။
    လမ်းတွင်လည်း ကိုသက်တင်မှ မကြူအား အမျိုးမျိုး နားချခဲ့ကာ ပဲခူးမြို့သို့ ပြန်မသွားနိုင်စေရန် အမှုသွားမဖွင့်နိုင်စေရန် ပြုမူခဲ့သည်။ ကျောက်ကြီးမြို့သို့ ရောက်စဉ်တွင်လည်း လမ်းစားရိတ်ကူညီပေးခဲ့သူ မြို့နယ် အုပ်ချုပ်ရေးမှူးကို အကျိုးအကြောင်းပြောပြရန် သွားရောက်တေါ့ဆုံဖို့ကြိုးစားရာတွင်လည်း ကိုသက်တင်မှ အမျိုးမျိုးနှောက်ယှက်တားဆီးကာ အတန်ကြာရက်စွဲခဲ့သည်။ မကြူမှ စာမဖတ်တတ်သဖြင့် အခြားလူများကို ဖတ်ခိုင်းရန် ဓာတ်ပုံမိတ္တူနှင့် စာချုပ်မိတ္တူများကို တောင်းဆိုရာတွင်လည်း "ပေးမယ်၊ ပေးမယ်"ဟုသာပြောဆိုပြီး မကြူသို့ ပေးအပ်ခြင်း မပြုခဲ့ပါ။ အုပ်ချုပ်ရေးမှူးကိုသွားတွေ့ရာတွင်လည်း သူ မပါပဲ မသွားရောက်နိုင်စေရန်မကြူအား ပြောဆိုထားခဲ့ပြီး စာချုပ်ကိုမပေးပဲ အတန်ကြာရက်စွဲခဲ့ပါသည်။ ရန်ကုန်မှပြန်ရောက်ပြီး ၅ ရက်ခန့်ကြာမှသာ အုပ်ချုပ်ရေးမှူအား တွေ့ရကာ၊ အုပ်ချုပ်ရေးမှူက ပြောသည်မှာ "ငါ့ဆီသတင်းလာပို့တာလား၊ ညည်းသမီးဆီ ဖုန်းဆက်ဖိုပလာတာလား" ဟုမေးရာ မကြူက သတင်းပို့ရန်လာခြင်းဖြစ်ကြောင်း ဖုန်းဆက်၍ရနိုင်က ဆက်လိုကြောင်း ပြောရာတွင် အုပ်ချုပ်ရေးမှူးက"ညည်းက ငါ့ဆီ သတင်းလာမပို့တော့… ငွေ ၃ သိန်းရတော့ ပျော်လာပြီ ရွှင်လာပြီ၊ ကလေးကိုလည်း စွန့်လွှတ်ခဲ့ပြီထင်လို့ ငါက ခေါင်းထဲကတောင် ထုတ်ပလိုက်ပြီ" ဟုပြောဆိုကြောင်း၊ ထို့ကြောင့် မကြူက ကိုသက်တင်က သူနဲ့မှမဟုတ်ရင် အဘဆီကို မသွားပါနဲ့လို့ အမျိုးမျိုးပြောထားလို့ မလာဖြစ်ကြောင်းကို ပြောဆိုရှင်းလင်းပြခဲ့ရသည်။
    ထို့နောက် အုပ်ချုပ်ရေးမှူး၏ ကူညီမှုဖြင့် ဦးအောင်ဖုန်းဝင်းထံ ဆက်သွယ်ရာတွင်လည်းဖုန်းမကိုင်သဖြင့် စာရေးမဖြစ်သူ မသဲနုအောင်ထံမှ တဆင့်ခေါ်ဆိုပြီး ဦးအောင်ဖုန်းဝင်းနှင့် စကားပြောလိုကြောင်း ပြောဆိုရာ ဦးအောင်ဖုန်းဝင်းသည် ရုံးခန်းတွင် ရှိနေလျက်နှင့်ပင် မရှိဘူးဟုပြန်လည်ပြောဆိုခိုင်းကြောင်းကို ဖုန်းအတွင်းမှ အသံကြားနေရသဖြင့် အုပ်ချုပ်ရေးမှူးက ကြားဝင်ပြီး "သဲနုအောင်၊ အောင်ဖုန်းဝင်းကို ခေါ်ပေးပါ"ဟု ၀င်ရောက်ပြောဆိုမှသာ ဖုန်းလာကိုင်သည်။ ထို့နောက် ကလေးဘယ်မှာရှိလဲမေးရာ နယ်တွင်ရှိကြောင်းပြောပြီး ကလေးနှင့် မိခင်ဖြစ်သူအား စကားပြောခွင့်ပေးရန်ပြောဆိုမှသာ နာရီဝက်စောင့်ဟု ချိန်းဆိုပြီး တဘက်မှ ဖုန်းခေါ်မှသာ ပြောဆိုခွင့်ရသည်။ ဖုန်းနံပါတ်ကိုမူ လုံးဝမပေးပေ။
    ကလေးနှင့်မိခင်စကားပြောဆိုရာတွင် ကလေးသည် ကျောက်တံတားမြို့နယ်ရှိ ၁၀ထပ်မြင့် အဆောက်အဦး ပေါ်တွင်ရှိနေသည်ဟုသိရပြီး လိပ်စာနှင့် ဖုန်းနံပါတ်ကိုမူ မေးမြန်းရာ မသိ၇ှိကြောင်းသာပြောဆိုသည်။ သို့ရာတွင် ကလေးဖုန်းပြောစဉ် နောက်ကွယ်မှနေ၍ သင်ကြားပေးနေသူ အမျိုးသမီးတစ်ဦးရှိကြောင်းနှင့် မကြူက တစ်စုံတစ်ခုမေးမြန်းစဉ်တွင် နောက်က အမျိုးသမီးက ကြားနေရပြီး မည်ကဲ့သို့ဖြေရန် သင်ကြားပေးနေသည်။ ထို့အပြင် ဒီအိမ်က အဒေါ်ကြီးမှ အ၀တ်အစား၂သောင်းဖိုး ၀ယ်ပေး ထားသည်ကိုလည်း ပြောပြရန် သင်ကြားပေးသည်။(ဖုန်းကို စပီကာဖွင့်ပြီးပြောစေခြင်းဖြစ်နိုင်သည်) သူတို့လိုချင်သည့် အချက်အလက်များ ကလေးမှတဆင့် ပြောပြခိုင်းစေပြီးသောအခါ ဖုန်းချခိုင်းလိုက်သည်။
    အထက်ပါအချက်အလက်များသည် မကြူနှင့် တိုက်ရိုက်အင်တာဗျူးစဉ် ကြားသိ၇သည်များဖြစ်သည်။
    မအေးယုအောင်သည် ၈ တန်းကျောင်းသူဖြစ်ပြီး ပဲခူးတိုင်းဒုတိယတရားသူကြီး ဦးအောင်ဖုန်းဝင်းက ထားရှိရာတွင်ကာ နေ နေရကာ မည်သည့်နေရာတွင် ရှိနေကြောင်းကို အတိအကျ ပြောဆိုနိုင်ခြင်းမရှိသေးပါ။ မိခင်ဖြစ်သူကမူ ကလေးကိုပြန်ခေါ်လိုပြီး ကျောင်းပြန်တက်စေချင်သော ဆန္ဒရှိနေပါသည်။
    (ကိုရဲ)
    Posted: 22 Apr 2012 07:29 AM PDT
    (ဒီငြိမ်းလင်း)Facebookမှ
    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610
    Thursday, 26 April 2012
    Daw Aung San Suu Kyi went Yangon Hospital
    ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကိုသွား
    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးအတွင်းက ဦးနှောက်နှင့် အာရုံကြော ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုးကို ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီ ခွဲက သွားရောက် တွေ့ဆုံပြီး အားပေးစကား ပြောခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် စာဖြူစုကျေးရွာသူ မအိပပဖြိုဟာ ဦးနှောက်နဲ့ အာရုံကြော ဝေဒနာ ခံစား နေရသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင် ပါတီစည်းရုံးရေးသွားရောက်စဉ် တွေ့ဆုံခဲ့ရာက တာဝန်ယူ ခွဲစိတ်ကုသဖို့ စီစဉ်ပေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်က မအိပပဖြိုးအတွက် အစားအသောက်အချို့ ကိုလည်း သွားရောက်တွေ့ဆုံရင်း လှူဒါန်းခဲ့တာပါ။ တဆက်ထဲမှာလည်း မအိပပဖြိုးရဲ့ မိခင်နဲ့လည်းတွေ့ဆုံပြီး အားပေးစကားဆိုခဲ့သလို ခွဲစိတ်ဆရာဝန်တွေ သူနာပြုဆရာမတွေ နဲ့လည်း တွေ့ဆုံပါသေးတယ်။
    Sunday, 22 April 2012
    ‎*****ပုလင်းတစ်လုံးနှင့် ဆေးပြားများ.. စခန်းရောက်လျှင် အရက်ပုလင်းဖြစ်စေရမည်*****
    တောင်ကြီးမြို့ သင်္ကြန်ပွဲတော်အတွင်း အမှတ် ၁ ရဲစခန်းမှ လက်စားမှုကြီး (ပေးစာ) by-သစ်ထူးလွင်
    ၂၀၁၂ ခုနှစ် တောင်ကြီးမြို့ သင်္ကြန်ပွဲတော်အတွင်း အမှတ် ၁ ရဲစခန်းမှ လာဘ်စားမှုကြီး
    တောင်ကြီးမြို့၊ ( ) ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ ( )အနီး၌ 10th April,2012 ည ၁၀နာရီနှင့် ၁၀း၃၀ အချိန်အတွင်း၌ ယဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ယဉ်တိုက်မှုဖြစ်ပွားပုံမှာ ယဉ်အမှတ် --/2324 တပ်ဆင်ထားသော လိုင်စင်မဲ့ယဉ် မတ်တူး {Mark 2} ကားအဖြူရောင်မှာ မြို့ပတ်လမ်း တောင်မှမြောက်သို့ မောင်းနှင်လာပြီး လမ်း ( ) ရှိအိမ်ဝိုင်း နံရံကိုပွတ်တိုက်ပြီး တစ်ဆင့်ပြန်ထွက်လာကာ လမ်းဘေး၌ ရပ်နေသော (ဖုန်းပြောနေသော) ကို( )၊ မိထ္ထီလာ ( ) ယဉ်လိုင်းမောင်းနှင်သူအား ၀င်တိုက်မိခဲ့သည်။ ထိုသို့ဖြစ်ပွားမှု၌ ကားပေါ်တွင် မောင်းနှင်သူမှာ တောင်ကြီးမြို့မှ ဆီစက်ပိုင်ရှင် ဦးဖီးယား၏ မြေးဖြစ်သူနှင့် တောင်ကြီးမြို့မှ "အရှေ့တိုင်း" ကားပစ္စည်းရောင်းဝယ်ရေးမှ သားဖြစ်သူတို့ နှစ်ဦးပါရှိလာကြောင်း သိရသည်။
    ကားတိုက်မှု အခင်းဖြစ်ပွားပြီး မကြာမှီတွင် အမှတ်(၁) ရဲစခန်းမှ စခန်းမှူး အပါအ၀င် ရဲများ ရောက်ရှိလာကာ ပြဿနာအားဖြေရှင်းပေးကြသည်။ အဆိုပါ ဖြေရှင်းမှု၌ ကားအတိုက်ခံရသူကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်မှု မရှိခြင်း။ ကားမောင်းသူဘက်မှ ရောက်ရှိလာသော သူများနှင့် ကားတိုက်ခံရသူဘက်မှရောက်ရှိလာသူတို့ ရိုက်နှက်သည်အထိ ပြဿနာဖြစ်ရခြင်း။ ဆိုင်ရာ ယဉ်ထိမ်းများကို ခေါ်ဆိုမှုမရှိဘဲ ရဲရေးဖြင့်သာ ရှင်းခြင်းများ ဖြစ်ပွားခဲ့သည်။
    အဓိကအားဖြင့် ဖြစ်ပွားသော ယဉ်တိုက်မှုကို မဖြေရှင်းဘဲ ကားပေါ်တွင်ပါလာသော မူးယစ်ဆေးဝါးများ (ကိစ္စ)ကိုသာ ဖြေရှင်းနေကြကြောင်းသိရသည်။ ထိုကားပေါ်တွင် စက္ကူဖြင့်ပါတ်ထုပ်ထားသော ပုလင်းတစ်လုံးနှင့် ဆေးပြားများပါရှိလာသည်။ ထိုပစ္စည်းများကို ယဉ်မောင်းသူများမှနေ၍ ရဲများထံမှ ငွေ ငါးသိန်း (သို့) ဆယ်သိန်းဖြင့် ပြန်လည် ရယူလိုကြောင်းပြောဆိုနေကြသည်။ ရဲများမှလည်း ထိုပစ္စည်း စခန်းရောက်လျှင် အရက်ပုလင်းဖြစ်စေရမည် ဟုပြောဆိုသံကြားရသည်။ အမှုကိစ္စကို ယဉ်မောင်းသူဘက်မှ ငွေကြေးဖြင့် လိုက်လံမည်ဆိုကြောင်းကိုလည်း သိရှိရသည်။
    နောက်နေ့တွင် အဆိုပါ ကိစ္စအား စုံစမ်းကြည့်ချိန်၌ ကားကိုဖမ်းဆီးထားခြင်းမရှိ လူများ(ယဉ်မောင်း)ကို ဖမ်းဆီးအရေးယူထားခြင်းမရှိ။ ထိုကိစ္စကို အမှုဖွင့်ထားခြင်းမရှိကြောင်းသိ
    ရသည်။ ဆေးရုံရောက်လူနာမှာလည်း ထိုတစ်ညလုံး ဆေးဝါးကုသမှုခံယူရခြင်းမရှိပဲ ကြီးစွာသော ဝေဒနာကို ခံစားနေရကြောင်းခြေထောက်ကို ၀ါးဂွမ်းပတ်၍ ဤအတိုင်းသာ ထားထားကြောင်းသိရသည်။ တစ်ဘက်သော လူတို့၏ ဖိအားများကြောင့် ဤအတိုင်းပြစ်ထားခြင်းမျိုး ဖြစ်နိုင်သည်။
    ဤဖြစ်ပွားမှုနှင့် ပတ်သတ်၍ တောင်ကြီးမြို့၌ ငွေများတရားနိုင် ကိစ္စများ ဖြစ်ပေါ်လျက်ရှိကြောင်း တရားဥပဒေ စိုးမိုးရေးကို ရှေ့ရှုလျှက် တင်ပြအပ်ပါသည်။
    အဂတိလိုက်စားမှု
    တရားဥပဒေအား လှည့်စားထိန်ချန်မှုများ ပပျောက်စေလိုသော ရည်ရွယ်ချက်ဖြင့် တင်ပြသည်။
     မာဃလုလင်
    ခွေးသေတစ်ကောင် ကျပ်သုံးထောင် ဆတ်သားခြောက် ပြုလုပ်ရန်ဝယ်ယူ...၊၊
    သတင်း - ပေါ်ပြူလာ
    အများပြည်သူစားသုံးနေသော ဆတ်သားခြောက်များပြု လုပ်ရန် ရည်ရွယ်၍ ခွေးသေတစ်ကောင် ကျပ်သုံးထောင်အထိ ဈေးပေး ဝယ်ယူမှုများရှိလာကြောင်း ဒဂုံ တောင်၊ ၂၂ ရပ်ကွက်နေ ပြည် သူတို့၏ ပြောပြချက်အရ သိရ သည်။
    ယင်းသို့ ဆတ်သားခြောက် တုပြုလုပ်ရောင်းချနေသည့် နေရာမှာ သာကေတ၊ ၁ဝ မြောက်ရပ်ကွက် ယခင် သင်္ချိုင်းမြေနေရာ၊ ယခု အမှိုက်ပုံအနီး မြို့တော်စည်ပင်ပိုင် မြေနေရာတွင် ကျူးကျော်ဝင် ရောက်နေထိုင်နေသော အိမ်တစ်အိမ်မှ ဖြစ်ကြောင်း၊ ထိုသို့ ခွေးသားဖြင့် ပြုလုပ်ထားသည့် ဆတ်သားခြောက်များအား အသားခြောက် ရောင်းသည့်ဒိုင်များသို့ သွားရောက် ရောင်းချလေ့ ရှိကြောင်း သိရသည်။
    "သူတို့အရင်က လုပ်သလား မလုပ်သလားတော့ မသိဘူး။ ကျွန်မတို့ ပြောင်းလာတဲ့ ၁ နှစ် ကျော်အတွင်းမှာတော့ အဲဒီလို ခွေးသားတွေကို ဆတ်သားခြောက် လုပ် ရောင်းတာတွေ တွေ့နေရတာ ပဲ။ အခုလည်း ပြီးခဲ့တဲ့ သင်္ကြန်မတိုင်မီ ရက်ပိုင်းအတွင်းက အဲဒီအိမ်မှာ အသားခြောက်တွေ လှန်းထားတာ အများကြီးပဲ။ အခုတော့ ရောင်းပြီးပြီနဲ့ တူတယ်။ လှန်းတာ မတွေ့တော့ဘူး" ဟု ဒဂုံတောင်၊ ၂၂ ရပ်ကွက်နေ အမျိုးသမီးတစ် ဦးကပြောသည်။
    သကေတ၊ ၁ဝ မြောက်ရပ် ကွက်နှင့် ဒဂုံတောင်၊၂၂ ရပ်ကွက် သည်။ နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိပြီး ယင်းမြို့နယ်များမှ ခွေးလေ ခွေးလွင့်များအား ချောင်းမြောင်း သတ်ခြင်း၊ တစ်ဆင့်ပြန်လည် ဝယ်ယူ၍ အသားခြောက်ပြုလုပ် ရောင်းချခြင်းများပြုလုပ်ကြောင်း သိရသည်။ ယင်းအိမ်သည် ညဘက်တွင် ခွေးများအား လိုက်လံသတ်ဖြတ်၍ ယမ်းစိမ်းမှုန့်များသုံးကာ အခြောက်ပြုလုပ်ရောင်း ချခြင်း ဖြစ်ကြောင်း သိရသည်။
    ထို့အပြင် ဧပြီလ ပထမပတ် အတွင်းက ရန်ကုန်မြို့နေရာအ တော်များများတွင် ခွေးလေခွေးလွင့်များအား လိုက်လံရှင်းလင်းရာ ယင်းရက်အတွင်း၌ အဆိုပါနေအိမ်တွင် အသားခြောက်များလှန်းထားသည် ကို များစွာတွေ့ခဲ့ကြောင်း နီးစပ်သူ များက ဆိုသည်။
    "သင်္ကြန်ရက်မတိုင်ခင်က အဲဒီအိမ်မှာ ခွေးသားတွေ လှန်းတာ အများကြီးတွေ့ရတယ်။ အခြောက်လှန်းပြီး လမ်းမတော်၊ သံဈေးဒိုင်တွေကို ပို့တယ်လို့ သိရတယ်။ သူ တို့က အခုလို နွေရာသီမှာပဲ လုပ် ကြတာ။ နွေရာသီမှာက စည်ပင်က ခွေးလေခွေးလွင့်တွေကို အဆိပ်ပါတဲ့ အသားတုံးတွေကျွေးပြီး သတ်တာ လုပ်လေ့ရှိတာကိုး။ သူတို့ လုပ်နေ တာကို ကြည့်ရတာ တရားဝင်လုပ် ခွင့်ရှိသလားတောင် ထင်ရတယ်" ဟု ယင်းရပ်ကွက်အနီးနေ အိမ်တစ် အိမ်က ပြောပြသည်။
    ပြီးခဲ့သည့် တစ်နှစ်ကျော်က ဒဂုံတောင်၊ ၂၂ ရပ်ကွက်၌ ယင်း သို့ ခွေးသားများအား ဆိတ်သား များပြုလုပ်ကာ ဈေးများသို့ လိုက်လံ ရောင်းချသူတစ်ဦး ရှိခဲ့ပြီး၊ ယင်းသို့ ပြုလုပ်သူအား သက်ဆိုင်ရာက ဖမ်း ဆီးအရေးယူခဲ့ကြောင်း၊ ယခုအခါ ယင်းရပ်ကွက်အနီးတွင် ပြန်လည်ပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
    ယခုကာလအတွင်း ရန်ကုန်ဆေးရုံကြီး၌ ခွေးကိုက်လူနာများ ရောက်ရှိလာမှု များပြားလာသည်ဟုဆိုကာ ရန်ကုန်မြို့၊ မြို့နယ်အချို့ရှိ ခွေးလေခွေးလွင့်များအား အဆိပ် ရည်သုတ်ထားသည့် အမဲသားတုံး များ လိုက်လံချကျွေးမှုများရှိခဲ့သည်။ ယင်းအဆိပ်လူးအသားတုံးများ စားမိသော ခွေးများသည် တစ်ခဏအတွင်း သေဆုံးကြရ သည်။
    --
     မာဃလုလင်
      Posted: 20 Apr 2012 12:06 AM PDT
      naymyowai
      ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်မတက်ရန်သေချာသလောက်ရှိ
      Posted: 19 Apr 2012 11:58 PM PDT
      ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်များ ဧပြီ ၂၃ ရက်တွင်ကျင်းပမည့် စတုတ္ထပုံမှန်လွှတ်တော်အစည်းအဝေးများသို့ မတက်ရန်ရာခိုင်နှုန်းများနေပြီဖြစ်ကြောင်း အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မီဒီယာများသို့ ယခုနာရီပိုင်းအတွင်းပြောကြားလိုက်သည်။
      "ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ပြီးပြတ်အောင် ပြေလည်အောင်ကြိုးစားမယ်။ ဒီနေ့ ၂၀ ရက်ဖြစ်နေတော့ စာအသွားအလာနဲ့တော့မှီနိုင်လောက်တဲ့အနေအထားမတွေ့ဘူး" ဟု ဦးဥဏ်ဝင်းကပြောသည်။
      ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကျမ်းသစ္စာကျိန်ဆိုရာတွင်ပါဝင်သည့် "အခြေခံဥပဒေကို ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်" ဆိုသည့်စကားရပ်အစား"အခြေခံဥပဒေကို လေးစား လိုက်နာပါမည်" ဆိုသည့် စကားရပ်နှင့်ပြင်ဆင်ပေးရန်အဖွဲ့ချုပ်ကတောင်းဆိုထားခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကို နေပြည်တော်ရှိဖွဲ့စည်းပုံဆိုင်ရာအခြေခံဥပဒေခုံရုံးက ပြင်ဆင်ရေးသားပေးရန်မလိုအပ်ကြောင်း အဖွဲ့ချုပ် တာဝန်ရှိသူကိုခေါ်ယူရှင်းပြခဲ့ခြင်းကြောင့်ဖြစ်သည်ဟုဦးဥဏ်ဝင်းကဆိုသည်။
      "ဒီကိစ္စနဲ့ပတ်သက်ပြီး ခုံရုံးကကျါန်တော်တို့ကို ကောင်းမွန်စွာဆက်ဆံတယ်။ စိတ်ရှည်လက်ရှည်ရှင်းပြတယ်။ ဒါကိုလက်ခံပါတယ်။ ဒါပေမယ့် သူတို့ရှင်းပြတာတွေကို သဘောမတူတဲ့အချက်တွေရှိပါတယ်" ကိုယ်တိုင် သွားရောက် ခဲ့သည့် ဦးဥဏ်ဝင်းကပြောသည်။
      ဧပြီ ၁ ရက်ကကျင်းပခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်နေရာ ၄၅ နေရာအနက် ၄၃ နေရအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
      7Day News Journal
      အရှင်ဂမ္ဘီရ လူဝတ်လဲ
      Posted: 19 Apr 2012 09:57 AM PDT
      An-ahsin gambia to ko nyi nyi lwin 19042012 by dvbradio၂၀၀၇ ခုနှစ် ​ရွှေဝါ​ရောင် သံဃာအ​ရေး​အခင်း​မှာ ဦး​ဆောင်ခဲ့​မှုနဲ့ ထောင်ဒဏ် ၆၃ နှစ် ကျခံခဲ့​ရာက မကြာသေး​မီက လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့ ပြန်လည်လွတ်​မြောက်လာတဲ့​ ကိုညီညီလွင် (အရှင်ဂမ္ဘီရ ဟာ ပြီး​ခဲ့​တဲ့​ နှစ်ဆန်း​ ၁ ရက်​နေ့က လူဝတ်လဲလိုက်ပြီလို့​ပြောပါတယ်။
      လွတ်လွတ်လပ်လပ်​နေချင်လို့​ လူဝတ်လဲလိုက်တာဖြစ်ပြီး​ မိတ္ထီလာမြို့ မိတ္ထီလာစက်မှုဇုန်မှာရှိတဲ့​ မိဘ​တွေရဲ့​ ​နေအိမ်မှာပဲ ​နေထိုင်တယ်လို့ကိုညီညီလွင်က ​ပြောပါတယ်။
      လူထွက်လိုက်တာဟာ အပြီး​ထွက်လိုက်တာဖြစ်ပြီး​ အပြင်မှာ ဘာ​တွေလုပ်ကိုင်စား​သောက်မယ်ဆိုတာ​တော့​ တိတိကျကျ မဆုံး​ဖြတ်ရ​သေး​ဘူး​လို့ ဆိုပါတယ်။
      ကိုညီညီလွင် ​ခေါ်အရှင်ဂမ္ဘီရ ဟာ သာသနာ​ဘောင်မှာ ၁၃ ဝါ​နေထိုင်ခဲ့​တယ်လို့​ ​ပြောပါတယ်။
      dvb
      You are subscribed to email updates from dawnmanhon
      To stop receiving these emails, you may unsubscribe now.
      Email delivery powered by Google
      Google Inc., 20 West Kinzie, Chicago IL USA 60610
      9/11 လိမ်လည်မှုကြီး နှင့် နောက်ကွယ်က ဖြစ်ရပ်မှန် များ
      by Aung Thu on Monday, October 17, 2011 at 2:11am ·
      ကမ္ဘာ့ အကြမ်းဖက်အဖွဲ့အစည်းတွေ အပေါ် မျက်စိဒေါက်ထောက် ကြည့် နေကြတဲ့အနောက် နိုင်ငံက လေ့လာစူးစမ်းသူတွေဟာကမ္ဘာ့ ကုန်သွယ် ရေးစင်တာနဲ့ ပင်တဂွန်တို့အပေါ် တိုက်ခိုက်တဲ့ဖြစ် ရပ်ကို လေ့လာဆန်းစစ်ကြည့်ကြပြီး ချက်ချင်းပဲ ဒီ လုပ်ရပ်ဟာ အိုစာမာဘင်လာဒင်နဲ့ အလ်ကိုင်ဒါတို့ လက်ချက်ဖြစ်တယ်ဆိုတာကို ပယ်ချခဲ့ကြပါတယ်။
      ဒါပေမဲ့ ဇီယွန်ဝါဒီတွေချုပ်ကိုင်ထားတဲ့ မီဒီ ယာလောကဟာ ဒီလိုဆန်းစစ်တွေ့ရှိတဲ့အချက်တွေ ကို မျက်ကွယ်ပြုခဲ့တဲ့အပြင် ဖုံးကွယ်ဖာထေးပြီးအလိမ် အညာ လုပ်ဇာတ်တွေ ကိုသာဖန်တီး ၀ါဒဖြန့်ခဲ့ပါတယ်။ အ ရှင်းဆုံးတွေ့ရှိချက်တစ်ခုကတော့ စက် တင်ဘာ ၁၁ တိုက်ခိုက်မှုအတွက် လိုအပ်တဲ့ကျွမ်း ကျင်မှုတွေ၊ နည်းပညာတွေဟာ ဘင်လာဒင်နဲ့ အလ်ကိုင်ဒါမှာ မရှိဘူးဆိုတဲ့အချက်ပါပဲ။
      ဘင်လာဒင်ကိုယ်တိုင်ကလည်း အလ်ဂျဇီး ရားရုပ်သံဌာနက ထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ ဗွီဒီယို တိပ်ခွေမှာ""ဒီတိုက်ခိုက်မှုမှာ ကျုပ်ပါဝင် ပတ်သက် မှုမရှိဘူး။ တိုက်ခိုက်တာကို သိတောင်မသိဘူး။ ဒါဟာ အမေရိကန် ပြည်ထောင်စုက ဖုံးကွယ်ထား တဲ့ လျှို့ဝှက်ကြံစည်မှုပဲ။ ခေတ်သစ်ခရူးဆိတ်ကို ဖန်တီးလိုက်တာပဲ""လို့ငြင်းပယ်ပြောကြားခဲ့ပါတယ်။
      ၉/၁၁ဖြစ်ရပ်မှန် အချက်အလက်တွေကို ပြင် သစ်နဲ့ အမေရိကန်က ပညာရှင်တွေဟာ အစွမ်း ကုန်ကြိုးစားဖော်ထုတ်ခဲ့ကြပါတယ်။ Brigham တက္ကသိုလ်ကရူပဗေဒပညာရှင် Steven E.Jonesနဲ့ ပိသုကာပညာရှင်တို့ ပူးပေါင်းတင်သွင်းတဲ့ ၉/၁၁ သီအိုရီမှာ ""တာဝါနှစ်ခုဟာ လေယာဉ်တိုက်တာ ခံရတာကြောင့် ပြိုကျသွားတာမဟုတ်ပါဘူး။ အ ဆောက်အအုံထဲမှာ အဆောက်အဦးဖြိုချတဲ့ နည်း စနစ်ကို စနစ်တကျထည့်သွင်းထားပြီး ချိန်ကိုက်ဖြို ချဖျက်ဆီးပစ်တာပါ။ WTC ဟာ မီးလောင်ရုံနဲ့ပြို ကျသွားမယ့် တည်ဆောက်ပုံမျိုးမဟုတ်ပါဘူး။ အဲ ဒီမှာ thermite ဒါမှမဟုတ် nanothermite တစ်ခုခုထည့်သွင်းဖြိုချတာသာ ဖြစ်နိုင်ပါတယ်""လို့ ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ဂျုန်းစ်ကို အမေရိကန်အစိုးရရဲ့ဖိအားပေးမှုကြောင့် Brigham တက္ကသိုလ် ကနေပင်စင်ပေးလိုက်တယ် ။ဒါပေမဲ့ဂျုန်းစ် ကတော့ Scholars for 9/11 Truth & Justice အဖွဲ့ကိုဖွဲ့ပြီး ဆက်လက်သုတေသနလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာတွေရှိချက်တွေကို အင်တာနက် ၀ဘ်ဆိုက်မှာကော ဒီဗွီဒီအခွေနဲ့ပါ အထောက်အ ထားတွေနဲ့ ဖော်ထုတ်တင်ပြခဲ့ပါတယ်။
      ဒါဆိုရင် လက်သည်အမှန်၊ တရားခံ အစစ်က ဘယ်သူများပါလိမ့်။ ဒါကို မီဒီယာတွေက ဘာကြောင့် ဖုံးကွယ်ထားရသလဲ။ အမေရိကန်အ စိုးရက ဒါကိုမသိဘူးလား။ စသဖြင့် ထပ်ဆင့်မေး ခွန်းတွေ မေးစရာရှိပါတယ်။
      ဟုတ်ပါတယ်။ လေ့လာချက်တွေအရ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်တရားခံဟာ သမ産ုရှ်အစိုး ရကိုယ်တိုင်ဖြစ်နေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘင်လာဒင်၊ အလ်ကိုင်ဒါနဲ့ အာဖဂန်ကိုတိုက်ခိုက် ဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်တစ်ခု ရှာလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ အစိုးရကတိုက်ခိုက် လုပ်ဆောင်ခဲ့တာ မဟုတ်ရင်တောင်မှ အမေရိ ကန်ကိုပြန်ပြီးချုပ်ကိုင်ထားတဲ့ ဇီယွန်ဝါဒီတွေကနေ အစ္စလာမ်ကမ္ဘာကို နာမည်ဆိုးရစေဖို့နဲ့စစ်သွေးကြွှ နေတဲ့ဘုရှ်ကို မီးလောင်ရာလေပင့်ပေးပြီး မွတ်စ လင်နိုင်ငံတွေကို တိုက်ခိုက်နိုင်ဖို့အခွင့်အရေးဖန် တီးပေးလိုက်တာပဲလို့ လေ့လာသူတွေက တင်ပြ လာကြပါတယ်။
      အမေရိကန်အစိုးရဟာ ကိုယ်တိုင်လုပ်ခဲ့ တာ မဟုတ်ရင်တောင် ဒီလိုလုပ်ခဲ့တဲ့လုပ်ရပ်ကိုကြိုသိပြီး အလိုပါဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေရှိ နေပါတယ်။ ထင်ရှားကျော်ကြားတဲ့လေ့လာဆန်း စစ်သူတစ်ဦးဖြစ်တဲ့ တယ်ရီမေဆန်ရဲ့ "အန္တရယ် ကြီးမားတဲ့လိမ်လည်မှုကြီးနဲ့ ကြောက်မက်ဖွယ်ရာ လှည့်ဖျားမှု""ဆိုတဲ့ စာအုပ်ဟာလည်း ဈေးကွက်ကို ရောက်လာပြီး ၂ နာရီအတွင်းမှာပဲ ပထမအကြိမ် ရိုက်နှိပ်ထုတ်ဝေမှုက ပြိုက်ခနဲ ကုန်သွားခဲ့ပါတယ်။ စာရေးသူရဲ့ သက်သေအထောက်အထားတွေကို ဖတ်ရသူတိုင်းဟာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ကိစ္စကင အမေရိကန်နဲ့မီဒီယာ လောကရဲ့ ၀ါဒဖြန့်မှု တွေဟာ ရာနှုန်းပြည့်လိမ်လည်မှုသာဖြစ်တယ်လို့ တွေ့ရှိလာခဲ့ကြပါတယ်။
      ဒါဟာ အမေရိကန်နိုင်ငံရဲ့အတွင်းတော်လှန် ပုန်ကန်မှုတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ အဆင့်မြင့် စစ်ဖက်အရာရှိတွေအနေနဲ့ နိုင်ငံ့ခေါင်းဆောင်သမ၊တဘုရှ်ကို သူ့ရဲ့ ပေါ်လစီပြောင်းလဲ စေဖို့အကြပ်ကိုင် လိုတဲ့ရည်ရွယ်ချက်တစ်ခုလည်းပါပါတယ်။ ကမ္ဘာ ကြီးကအံ့သြခဲ့ရပါတယ်။ ကမ္ဘာပျက်လောက် အောင်ပွက်လောရိုက်ခဲ့ပေမယ့် အမေရိကန်ထောက် လှမ်းရေး အေဂျင်စီတွေက ဒီတိုက်ခိုက်မှုသတင်း ကို ကြိုတင်သတင်းမရခဲ့ဘူးလို့ဆိုကြတယ်။ ဒီ လိုပြောကြသူတွေဟာ သူတစ်ပါးနိုင်ငံတွေကြုံတွေ့ လာနိုင်တဲ့ အကြမ်းဖက်မှု ဘေးအန၊ာယ်တွေကို တော့ ကြိုတင်သတင်းပေးနိုင်တယ်ဆိုတာ အံ့သြစ ရာပါပဲ။ စာရေးသူက ဘယ်လိုလှစ်ပြခဲ့သလဲဆို တော့ ""ဖြစ်ပျက်ခဲ့သမျှတို့သည် ထောက်လှမ်းရေး အေဂျင်စီတို့ရှေ့မှောက်တွင် ဖြစ်ပျက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့ကိုယ်တိုင်က ယင်း ကိစ္စကို လုပ်ကြံဆောင်ရွက်ခဲ့ကြသောကြောင့်ဖြစ် သည်။
      လုပ်ဆောင်သူများသည် ထိုအဆောက်အ အုံထဲရှိ အလုပ်သမားများကို ကြိုတင်သတင်းပေး ကာ တတ်နိုင်သမျှ အနည်းဆုံးပျက်စီးဆုံးး သေ ကြေမှုဖြစ်စေရန် ဖြစ်သည်။ ထို့ကြောင့်ပင် ယင်း ကိစ္စဖြစ်သောအချိန်၊၀န်ထမ်းဦးရေအလွန် နည်း လေသည်။ အမှန်မှာ ကုန်သွယ်ရေးစင်တာ၊၀န် ထမ်းဦးရေ လေးငါးသောင်းခန့်ရှိလေသည်။""
      စာရေးဆရာက မေးခွန်းတွေအများကြီးထုတ် ခဲ့တယ်။ အဲဒီမေးခွန်းတွေက သူ့ရဲ့စွပ်စွဲချက်ကို အားဖြည့်ပေးထားတယ်။ ဥပမာ- သမ္မတ ဘုရှ်ဟာ တစ်နေ့လုံးစစ်ဌာနချုပ်မှာ ပုန်းအောင်းနေခဲ့တယ်။ မိမိရဲ့ကိုယ်စားလှယ်ကို ကာကွယ်ရေးဌာနကို စေလွှတ်ထားခဲ့တယ်။ စာရေးသူက -
      ""အမှန်သော်ကား လျှို့ဝှက်မှုသော့ချက် အားလုံးသည် အကြမ်းဖက်သမားတို့၏ လက်ထဲ တွင်ရောက်ရှိနေပြီးဖြစ်သည်။ ထိုအချက်ဖြင့် နျူက လီးယားဗုံးကိုပင် ဖောက်ခွဲနိုင်သည်။ စစ်တပ် ကို ကြိုက်သည့်လမ်းညွန်မှုပေးနိုင်သည်။ ထို့ကြောင့် ပင် သမ္မတ ဘုရှ်သည် စစ်ဌာနချုပ်တွင် လမ်းသ လားနေခြင်းဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့်ဖောက် ခွဲမှုကို တားဆီးနိုင်ရန်ဖြစ်သည်။""လို့ မှတ်ချက်ပြု ထားတယ်။ ဒီ့အပြင် ""ထိုနေ့တွင် အိမ်ဖြူတော်၊မီးလောင်ပေါက်ကွဲခဲ့သေးသည်။ သို့သော်ထိုအဖြစ် အပျက်ကို ဖုံးအုပ်ထားခဲ့ကြသည်။"" လို့လည်းဖော် ထုတ်ရေးသားခဲ့တယ်။
      ၂၀၀၂ခုနှစ် မေလ ၁၉ ရက်နေ့ထုတ် (လက်ခနောင်းမှ ထုတ်ဝေသော) "ရာရှ်သရီယား ဆဟာရာ""အူရဒူစာစောင်မှာလည်း ကမ္ဘာ့ သတင်း တွေကို ကိုးကားပြီး ဒီလိုရေးထားပါတယ်။
      ""အမေရိကန် အစိုးရဘက်က သူတို့ သည် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုသတင်းပေး ချက်ကို တိုက်ခိုက်မှုမဖြစ်မီအလျင် ရရှိခဲ့ပြီးဖြစ်သည်။""တဲ့။
      အမေရိကန်တစ်နိုင်ငံလုံး ဆူညံပွက်လောရိုက် ခဲ့တယ်။ ဒီဝန်ခံချက်နောက်ပိုင်းမှာ အမေရိကန် အုပ်ချုပ်သူတွေနဲ့ အတိုက်အခိုက်ခံရသူတွေဟာ နောက်ပိုင်းမှာ ဒီဖြစ်ရပ်ရဲ့တာဝန်ရှိသူတွေဟာအ စိုးရ ကိုယ်တိုင်ဖြစ်တာကို ၀န်ခံခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီလို သတင်းအားလုံးကို ဇီယွန်ဝါဒီပိုင်မီဒီယာ တွေက ဖုံးအုပ်ထားခဲ့တဲ့အတွက်ကမ္ဘာ သားတွေဟာ မသိခဲ့ကြရဘူး။
      အမေရိကန်သမိုင်းမှာလွတ်လပ်တဲ့ပြင်ပပညာ ရှင်တွေနဲ့ စုံစမ်းလေ့လာသူ တွေရဲ့ကြိုးပမ်း အားထုတ် မှုကြောင့် ဒီလိုကိစ၊ပ်ပေါင်းများစွာကိုဖြေရှင်းနိုင်ခဲ့ တယ်။ နိုင်ငံကိုကိုင်လှုပ်လောက်တဲ့ဖြစ်ရပ်တွေ ပေါ် ပေါက်ခဲ့ဖူးတယ်။ ဒီတစ်ခေါက်လည်း အမေရိကန်စုံ စမ်းထောက်လှမ်းသူတွေရဲ့ မဆုတ်မနစ်ကြိုးပမ်း အားထုတ်မှုကြောင့် စက်တင်ဘာ ၁၁ ဖြစ်ရပ်မှန် ဟာဗူးပေါ်သလို ပေါ်ခဲ့တယ်။ ကျော်ကြားတဲ့အမေ ရိကန်စူးစမ်းလေ့လာသူ စာရေးဆရာများဖြစ်ကြတဲ့ မစ္စတာာလောရင့်စ်နဲ့ မစ္စတာဂျိုးအဲလစ် ရဲ့မျက် မှောက်ကြီးကြပ်ကွပ်ကဲမှုနဲ့ စစ်ဆေးရေးအဖွဲ့ တစ် ခုလုံးဟာ စက်တင်ဘာ ၁၁ ရဲ့ ဖြစ်ရပ်絀ထောင့် အားလုံးကို လေ့လာဆန်းစစ်ခဲ့ကြတယ်။ အဲဒီလေ့ လာဆန်းစစ်မှုရဲ့ အနှစ်ချုပ်ကတော့-
      ""လေယာဉ်ပျံကို ပြန်ပေးဆွဲတဲ့ စွပ်စွဲချက် ကို အရဗ်တို့အပေါ်ပြစ်တင်ပုံချခဲ့ခြင်းဟာ လေးနက် ပြီး အန၊ာယ်ကြီးမားလှတဲ့ လုပ်ကြံမှုရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်တယ်။ ရှေးယခင်ကလည်း ပြုလုပ် ခဲ့ဖူးတယ်။ စုံစမ်းလေ့လာတဲ့အဖွဲ့ဟာ ပြန်ပေးဆွဲခံရ တဲ့လေယာဉ်ရဲ့ ခရီးသည် စာရင်းနဲ့တိုက်ခိုက်သူတွေ ရဲ့အမည်စာရင်းအားလုံးကို ရိုက်နှိပ်ထားခဲ့တယ်။
      လေယာဉ်ပျံကို ပြန်ပေးဆွဲတယ်လို့ စွပ်စွဲခံရတဲ့အ ရဗ်လူငယ်တွေရဲ့ အမည်ဟာ အဲဒီစာရင်း ထဲမှာမပါ တာကိုသိရင် ကမ္ဘာ ကြီးကအံ့သြမှာအမှန်ပါပဲ။ အား လုံးပဲ မှတ်မိကြမလား တော့မသိဘူး။ အမေရိကန် နိုင်ငံမှာ မကြာခဏလေယာဉ်ပျံပေးဆွဲခံရတဲ့ ဖြစ် ရပ်တွေရှိခဲ့တယ်။ အမေရိကန်အစိုးရဟာကျွမ်းကျင် သူပညာရှင်တွေနဲ့ အဲဒီအန္တာယ်ကို ဘယ်လိုကာ ကွယ်တားဆီးရ မလဲဆိုတာကိုတိုင်ပင်ဆွေးနွေးခဲ့ကြ တယ်။ ပင်တဂွန်က လေယာဉ်ဆောက်တဲ့ ကုမဏီ ကြီးနှစ်ခုကို ဒီတာဝန်ပေးအပ်ခဲ့တယ်။ သူတို့အနေ နဲ့မြေပြင်ကနေတောင် လေယာဉ်တွေကို ထိန်းချုပ် ကိုင်တွယ်နိုင်တဲ့စနစ်ကို ရှာကြံတီထွင်ဖို့ ဖြစ်တယ်။ ဒါကြောင့် အဲဒီကုမဏီ တွေဟာ အဲဒီစနစ်ကိုတီထွင် ခဲ့ကြတယ်။ နောက်တော့ အဲဒီအချက်ကို လျှို့ဝှက် ထားကြတယ်။ လေယာဉ်မောင်းသူကို တောင်အ သိမပေးခဲ့ဘူး။ လေယာဉ်ပေါ်မှာ တီးတိုးပြောတဲ့ စကားကိုတောင် မြေပြင်ကနေကြားနိုင်တယ်။ ဒီတီ ထွင်မှုဟာ လေယာဉ်ရဲ့မူလအစီအစဉ် တစ်ခုလုံးကို တောင်ဖျက်ဆီးနိုင်တယ်။ ဘယ်နေရာမှာမဆိုလေ ယာဉ်ကို ဆင်းသက်စေနိုင်တယ်။ အဲဒီလိုလုပ်ခဲ့ရင် လေယာဉ်မောင်းသူတောင်ဘာမှမလုပ်နိုင်ဘူး။အဲဒီ အချက်တွေကို လေယာဉ်ကုမ္ပဏီရဲ့တာဝန်ရှိသူတွေ ကိုလည်း အသိမပေးဘဲ လျှို့ဝှက်ထားခဲ့ကြတယ်။ အဲဒီစနစ်ရဲ့အတိုကောက် ကို JPLS လို့ခေါ်တယ်""
      ထောက်လှမ်းရေးလေယာဉ်တွေ မောင်းသူမ ပါဘဲမောင်းနှင်သလိုပေါ့။ ဒီစနစ်နဲ့ လေယာဉ်ကို ထိန်းချုပ်ပြီး စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကိုစီ စဉ်ခဲ့တာပါပဲ။ အမေရိကန်ပညာရှင် မစ္စတာဂျိုး အဲလစ်က ""ဒီစနစ်ရဲ့ ရည်ရွယ်ချက်က လေယာဉ် ပျံတွေ ပြန်ပေးဆွဲခံရခြင်းက ကယ်တင်ကာကွယ်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ ချက်ချင်းပဲအစိုးရစစ်တပ်နဲ့ မာ ဖီးယားဂိုဏ်းတွေဟာ ဒီစနစ်ကို သူတို့ရဲ့ရည်ရွယ် ချက်ဖြည့်ဆည်းဖို့ စဉ်းစားလာခဲ့ကြတယ်။ ကမ္ဘာ ကို စိုးမိုးရေးနဲ့ ကမ္ဘာကြီးရဲ့အစီအစဉ်ကိုမိမိတို့စိတ်ကြိုက် ချယ်လှယ်လိုကြတဲ့အတွက်ကြောင့်ပါပဲ""လို့ကောက် ချက်ချခဲ့ပါတယ်။
      လေယာဉ်တိုင်းမှာ ထိကိုင်လိုက်ရုံနဲ့လေယာဉ် ပျံပေးဆွဲခံရတဲ့သတင်းပေးနိုင်တဲ့ ကိရိယာပါရှိပါ တယ်။ စက်တင်ဘာ၁၁ရက်မှာလေယာဉ်၎စီးစလုံး ဘယ်လေယာဉ်မှ ပြန်ပေးဆွဲခံရတဲ့ သတင်းမပေးခဲ့ ဘူး။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းရင်းက တစ်ခု ပဲရှိတယ်။ အဲဒီလေယာဉ်တွေမှာရှိတဲ့အချက်ပေး ကိရိယာတွေကို အဝေးထိန်းကိရိယာနဲ့အသုံးပြုလို့ မရအောင်လုပ်ခဲ့လို့ပဲ။ အဲဒီအချိန်က လေယာဉ် ပေါ်မှာ အနည်းဆုံးခရီးသည် ၇၀ နဲ့ ၈၀ အထိပါရှိ တယ်။ အဲဒီခရီးသည်တွေဟာ မိမိတို့ရဲ့သေမင်းကို ဒီလိုပဲထိုင်ကြည့်နေခဲ့တယ်ဆိုတာဖြစ်နိုင်ရဲ့လား။ လှုပ်ရှားမှုမရှိ၊ အသံပြုခြင်းမရှိ၊ အော်သံမရှိ၊ တိုး လျှိုးတောင်းပန်သံမရှိ၊ လေယာဉ် တစ်စီးလုံးဘာ မှမဖြစ်သလိုပဲ။
      လေယာဉ် ၄စီးထဲက၂စီးရဲ့ဘလက်ဘောက်စ် ၂ ခုကို ရရှိခဲ့တယ်။ ၂ ခုစလုံးကို စစ်ဆေးကြည့် လိုက်တဲ့အခါမှာ ဘာအသံမှမကြားရဘူး။ ၂ခုစလုံး ပြောင်သလင်းခါနေတယ်။ လေယာဉ်ပေါ်မှာရှိတဲ့ သူတွေအားလုံး ဆွံ့အနေကြလို့လား။ လေဖြတ်နေ ကြလို့လား။ အဲဒီဘလက်ဘောက်စ်ကိုလည်း အ ဝေးထိန်းကိရိယာနဲ့သုံးမရအောင်လုပ်ထားလို့သာ ဖြစ်မယ်။ တစ်ခါ လေယာဉ်ပြန်ပေးဆွဲခဲ့သူအကြမ်း ဖက်သမားတွေဟာ အရဗ်များဖြစ်တယ်လို့ ဒုတိယ မျှော်စင်ပျက်စီးပြီး ၂၄ မိနစ်အကြာမှာ အမေရိကန် အစိုးရတာဝန်ရှိသူတွေက ထုတ်ဖော်ကြေညာခဲ့ တယ်။ အဲဒါကိုလည်း ဆန်းစစ်ကြည့်သင့်တယ်။
      အဲဒီလုပ်ရပ်ရဲ့တာဝန်ရှိသူဟာ ဘင်လာဒင်နဲ့ အလ် ကိုင်ဒဟ်ဖြစ်တယ်တဲ့။ အရဗ်လို့ စွပ်စွဲခြင်းကလည်း ပြန်ပေးဆွဲသူတစ်ဦးရဲ့ ကားထဲမှာ အရဗီဘာသာနဲ့ လေယာဉ်မောင်းလမ်း馮န်စာအုပ်တစ်အုပ်ကိုတွေ့ ရလို့တဲ့။ လေယာဉ်မောင်းစာအုပ်ဖတ်ပြီး ဘိုးရင်း လေယာဉ်ကြီးကို မောင်းနှင်လို့ရနိုင်ပါသလား။
      လေယာဉ်အသေးစားမောင်းသူနဲ့၊ အဲယား ဘတ်စ်လေယာဉ်မောင်းသူ၊ ဘိုးရင်း ၇၂၇ မောင်း သူတို့ကိုယ်တိုင်က စက်တင်ဘာ ၁၁ ရက်နေ့က လေယာဉ်မောင်းသလို လေယာဉ်မောင်းကျွမ်းကျင် သူတွေတောင် မမောင်းနိုင်ဘူးလို့ ဆိုထားကြ တယ်။ အရဗ်လူငယ်တွေဟာ လေယာဉ်မောင်းစာ အုပ်ဖတ်ပြီး ဘယ်နေရာမှာ ဘယ်သူတွေနဲ့ ဘယ် လိုများ ဒီလေယာဉ်ကြီးတွေ မောင်းတာ သင်ခဲ့ကြ ပါသလဲ။ လောရင့်စ်က ""ကျွန်တော်ဟာ လေယာဉ်လေးစီးစလုံးရဲ့ ခရီးသည်စာရင်းသွင်း ထားချက်ကို လေ့လာခဲ့ရာမှာ အာရဗ်နာမည်တစ် ခုမှမတွေ့ခဲ့ရပါဘူး""လို့ ပြောခဲ့ပါတယ်။ သူကပဲဖြစ် ရပ်ပြီးတဲ့ နောက်နှစ်ရက်မှာ ခရီးသည်အားလုံးရဲ့ စာရင်းကို ဖျောက်ဖျက်ခဲ့ကြတယ်လို့ ဆိုထားပြန် တယ်။ လေယာဉ်ကုမ္ပဏီ တွေက ခရီးသည်တွေရဲ့ စာရင်းဟာ လေယာဉ်ပျံနဲ့တကွ လောင်ကျွမ်းသွားခဲ့ တယ်လို့ ဆိုကြတယ်။ ရယ်စရာကောင်းတာက တော့ စာရင်းမှတ်တမ်းဟာ လေယာဉ်လေံစင်းးနဲ့လေ ယာဉ်ကွင်းမှာ ရှိရမယ့်အစား လေယာဉ်ပျံ ပေါ်မှာ ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။
      မစ္စတာမာရှယ်က ၂၄ နာရီတောင် မပြည့်ခင် မျှော်စင်ရဲ့ပြိုကျပျက်စီးသွားတဲ့ အပျက်အစီးတွေ ကို ဖယ်ရှားပစ်ဖို့ ကန်ထ絛ုက်ပေးလိုက်ရတဲ့အ ကြောင်းရင်းဟာ ဘာလဲလို့ မေးခွန်းထုတ်ခဲ့တယ်။ ဒါ့အပြင်အချိန်မဆွဲဘဲ အရည်ဖျော်ပစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကလည်း ပါလိုက်သေးတယ်။ အ ပျက်အစီးတွေကို စုံစမ်းစစ်ဆေးခြင်း ဘာတစ်ခုမှ မလုပ်ခဲ့ကြဘူး။
      ""အမေရိကန်တွေကိုယ်တိုင်က ကိုယ့်နိုင်ငံ ကိုယ်ပျက်စီးအောင်ဘယ်လိုလုပ်မှာလဲ""လို့ တချို့ ကပြောကြတယ်။ အဲဒီသူတွေအနေနဲ့အမေရိကန် စာရေးဆရာ James Bomford ၏ Body of Se-ctrets ဆိုတဲ့စာအုပ်ကို လေ့လာကြည့်သင့်ပါတယ်။ အဲဒီစာအုပ်ထဲမှာ စာရေးသူက""အမေရိကန်နိုင်ငံ မှာ နိုင်ငံရဲ့ပေါ်လစီကို မိမိတို့စိတ်တိုင်းကျပြုလုပ်ဖို့ နဲ့ချယ်လှယ်နိုင်ဖို့ ဘာမဆိုလုပ်နိုင်တဲ့ အင်အားစု တွေရှိတယ်။ အတိတ်မှာဂျွန်အက်ဖ်ကနေဒီရဲ့ခေတ် က စီအိုင်အေဟာ လုပ်ခဲ့ပြီးဖြစ်တယ်။ သူတို့ဟာ ကျူးဘားနိုင်ငံကို တိုက်ခိုက်ဖို့ အကြံအစည်တွေပြု လုပ်ပြီး ပင်တဂွန်ရဲ့သဘောတူညီချက်ကို ယူခဲ့ကြ တယ်။ ဒါပေမယ့် အဲဒီအကြံအစည်တွေကို ကနေ ဒီထံတင်ပြလာတဲ့ အခါကျတော့သူကပယ်ချတယ်။ အဲဒီငြင်းပယ်မှုရဲ့ ရလဒ်ကတော့ ကနေဒီလုပ်ကြံ ခံရခြင်းပဲဖြစ်တယ်။ အဲဒီအကြံအစည်က အမေရိ ကန်အနေနဲ့ကိုယ့်နှာခေါင်းကို ကိုယ်တိုင်လှီးဖြတ်ပြီး ကျူးဘားအပေါ် တိုက်ခိုက်ဖို့ဖြစ်တယ်။
      အကြံအစည်က အမေရိကန်တပ်သားတွေကို ရှပ်ဝတ်စုံတွေဝတ်ပေးပြီး အမေရိကန်လေယာဉ် တွေကို တိုက်ခိုက်စေမယ်။ လေယာဉ်အချို့ကို ပစ်ချဖျက်စီးခံလိုက်မယ်။ စစ်သင်္ဘောအချို့လည်း နစ်မြုပ်ခံလိုက်မယ်။ အဲဒါကိုအကြောင်းပြုပြီး ကျူး ဘားအပေါ်တိုက်ခိုက်ဖို့ပဲ ဖြစ်တယ်။ အဲဒီလိုနဲ့ စစ်စ တင်ဖို့ကြံစည်ခဲ့ကြတယ်""အကြံပေစက်လွန်းပါပေ့။
      အဲဒီလိုပဲ စက်တင်ဘာ ၁၁ လုပ်ဇာတ် ဟာလည်း အစ္စလာမ်နဲ့မွတ်စလင်ကမ္ဘာ ကို နာမည် ဖျက်ဖို့၊ ဘင်လာဒင်နဲ့ အလ်ကိုင်ဒါကိုတည်ချက် လုပ်ပြီး အာဖဂန်ကို ကျူးကျော်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကြံစည်ခဲ့တာဖြစ်ပါတယ်။
      ၀ီရသူ
      မူရင်း - http://muslimtime.wordpress.com/2011/09/23/911-%E1%80%9C%E1%80%AD%E1%80%99%E1%80%B9%E1%80%9C%E1%80%8A%E1%80%B9%E1%80%99%E1%82%88%E1%81%BE%E1%80%80%E1%80%AE%E1%80%B8-%E1%82%8F%E1%80%BD%E1%80%84%E1%80%B7%E1%80%B9-%E1%80%B1%E1%80%94%E1%80%AC/
      [ ဒီ သံသယတွေက သူတို့ နိုင်ငံတွေကပဲ ပြန်လာတာပါ။ ပိုသေချာချင်ရင် အောက်က လင့်ခ်တွေ မှာ ကြည့်နိုင်ပါတယ်။ ကမ္ဘာ့ သတင်းဌာနကြီးတွေတောင် ပါပါတယ်။
      http://whatreallyhappened.com/WRHARTICLES/hoax.html
      http://news.bbc.co.uk/2/hi/americas/1556096.stm
      http://edition.cnn.com/2001/US/09/21/inv.id.theft/
      http://whatreallyhappened.com/WRHARTICLES/preplanned.html
      http://whatreallyhappened.com/WRHARTICLES/hijackers.html
      http://whatreallyhappened.com/WRHARTICLES/hijackers_flt_11.html
      http://www.youtube.com/watch?v=WC9KZ2Yy5g4&feature=player_embedded
      --
       မာဃလုလင်
      --
      You received this message because you are subscribed to the Google Groups "Share from HYDE" group.
      To post to this group, send email to hydegroup@googlegroups.com.
      To unsubscribe from this group, send email to hydegroup+unsubscribe@googlegroups.com.
      For more options, visit this group at http://groups.google.com/group/hydegroup?hl=my.
      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မမှောက်ပါ....
      Posted: 20 Apr 2012 10:17 AM PDT
      ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစည်းအဝေးမှ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်...
       (ဓာတ်ပုံ Getty Images)
      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မမှောက်ပါ..
        တချို့အင်တာနက် စာမျက်နှာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မှောက်တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်...။ အဆိုပါသတင်းအတွက် ဆက်သွယ်မေးမြန်း ကြည့်ရာမှာတော့ ၂၃ရက်နေ့ မှာ ပြန်လည် စတင်မယ့် လွှတ်တော်ကို အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ မသေချာသေးတာပဲ ဖြစ်ပါတယ်..။ သဘောတူညီချက် ရတာနဲ့ လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆို တက်ရောက်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ အဆိုပါကိစ္စအတွက် အဆင်ပြေနိုင်ဘို့ ရှိတယ်လို့လည်း သိရှိရပါတယ်..။ ဒီကြားထဲမှာလည်း သဘောတူညီချက် ရကောင်း ရနိုင်ပါသေးတယ်လို့လည်း ပြောဆိုပါတယ်...။
      အခြေခံဥပဒကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ပါမည်ဆိုတဲ့ နေရာမှာ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့စကားလုံးအတွက် လောလောဆယ် သဘောတူညီချက် မရသေးတဲ့အတွက် လာမယ့် (၂၃)ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်မှာ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ  လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ အတွက် လောလောဆယ်မှာ လွှတ်တော်သို့ တက်ရောက်နိုင်မှာ မဟုတ်သေးပါဘူး။ 
      နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဇွန်လအလယ်မှာ ပြည်ပခရီးစဉ် သွားရောက်မယ်လို့ ကြားသိရပါတယ်..။
      ယနေ့ သတင်းစာရှင်းလင်းပွဲမှ ရှေ့နေကြီးဦးဥာဏ်ဝင်း ပြောဆိုချက်...။
      You are subscribed to email updates from ဒီမိုဝေယံ
      To stop receiving these emails, you may unsubscribe now.
      Email delivery powered by Google
      Google Inc., 20 West Kinzie, Chicago IL USA 60610
      NLD ပါတီ ( အတွင်း အပြင် ) က သတင်းပေးများ အပိုင်း( ၁ )
      အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ မန္တလေးပါတီဝင်အသစ်တွေမှာ - တဖက်လူ သတင်းပေး များ ၀င် လာလို့  စီစစ်နေပါတယ်လို့  မန္တလေး NLD ကအင်တာဗြူးသတင်းတခုမှာ ဖတ်လိုက်ရတယ် ၊ နောက် သတင်း သမားအချင်းချင်း က ပဲ မခံမရပ်နိုင်လို့  Facebook ကနေ အန်တီအိမ်ထဲ ကို သတင်းယူသွားခါနီးမှာ SB တွေဆီကနေ  အသံဖမ်းစက်ယူ သွားပေးတာ..ပြန်အပ်ပေးတာတွေ မြင်တွေ့နေရလို့ စိတ်မချမ်းမသာဖြစ်ရတဲ့အပြင် သတင်းသမားတွေ နံမည်ပျက် မှာစိုးရိမ် မိပါတယ်လို့  ရေးကြတာတွေ ဖတ်လိုက်မိပါတယ် ။
      ခုချိန်မှာတော့ ကျနော် တို့ တွေ ပွင့်ပွင့်လင်းလင်း ဒီကိစ္စတွေ ကို လူသိရှင်ကြားပြောသင့်ပြီလို့ ထင်ပါတယ် ။ အသားထဲမှာလောက်ကောင်တွေရှိနေတာသိရဲ့နဲ့ ကြာကြာမထားသင့်တော့ပါဘူး ။ ကျနော်ပြောချင်ပါတယ် ခုချိန်မှာအသစ်ဝင်လာတဲ့ ပါတီဝင်အသစ်တွေ မှ မဟုတ်ပါဘူး ယခင် ကာလ NLD အဖွဲ့ ဝင်ဟောင်းတွေ ထဲ မှာပင် သတင်းပေးတွေ အများကြီး ရှိနေပါတယ်လို့ပြောချင်ပါတယ် ။ ထိုသူများသည်  ရွှေဂုံတိုင်တ၀ိုက်က လက်ဖက်ရည်ဆိုင်ကလေးများ တွင်တနေကုန် ထိုင်နေတတ်ပြီး ရုံးချုပ်ထဲ မှ ရသမျှ သတင်း များကို စုစည်းပြီးညနေပိုင်းတွင်  ထောက်လှမ်းရေးများကို သတင်းပို့ပေးရပါတယ် ။ သတင်းပေး သတင်းယူ များတွင် အသက်ကြီး သူတွေပါသလို ၊ အသက်ငယ်တွေလဲပါပါသည် ။
      ကျနော်တို့ ဒါတွေကို ဘာကြောင့် သိနေသလဲဆိုရင် ကျနော် တို့ကိုသူတို့မသိကြလို့ပါပဲ။ ဆိုလိုတာက ကျနော်တို့တွေ သည် ကြီးပြင်းလာကတည်း က ထိုအနားအနီးတ၀ိုက်မှာပင် ကြီးပြင်းလာခဲ့ကြသည်။ လွယ်အိတ်စုတ် ၊ တုတ်ကောက် ၊ မျက်မှန်ထူထူ ၊ ပင်နီတိုက်ပုံ ခပ်နွမ်းနွမ်း နဲ့  ရေနာလို့  အရောင်လွင့်နေတဲ့ ကချင်လုံချည် မှိန်ဖျော့ဖျော့ တွေကို ၀တ်ပြီးနေ့စဉ်လိုလို ရုံးတက်နေကြတဲ့ NLD က နိုင်ငံရေးသမားကြီးတွေ ကျနော် တို့  ငယ်ဘ၀ မှာထဲ က မြင်တွေ့  နေကြမြင်ကွင်းတွေပါ ။ မြင်ပါများလာရာကနေ အကြောင်းစုံပါသိလာရပါတယ်။ အရွယ်ရောက်လို့  အလုပ်လုပ်ရတော့  လဲ နိုင်ငံရေးသမားတွေ နဲ့ မကင်းတဲ့အလုပ်ဖြစ်နေတာကတကြောင်း ဆိုတော့ မြင်တွေ့နေရတဲ့ NLD ရုံးနားတ၀ိုက်မှာ NLD အမည်ခံပြီးသတင်းပေးတွေ လုပ်စားနေတာအမြင်မတော်တော့ပါဘူး ။မြို့ ထဲတွေ မှာ သွားရင်းလာရင်း တွေ့ ရင် ဒါဘယ်သူဆိုတာ သိနေပါတယ် ။ တခါကဆို ကျနော်တို့ထိုင်နေတဲ့ ဘေးက လက်ဖက်ဝိုင်းမှာ ထိုင်ရင်း သတင်းပေးတယောက် နဲ့ သတင်းယူသူတယောက်တို့ ပြောဆိုနေကြတာကိုတောင်ကြားခဲ့ရပါတယ် ။ သာမန်လူတယောက်ဆိုပါက သူတို့ ပြောနေတာကို မသိပေမယ့် ကျနော် ကျတော့သူတို့ ပြောဆိုနေတာ ကို  ၂ ခွန်း ၃ ခွန်းကြားရုံနဲ့ ပြောဆိုနေကြတဲ့အဓိပ္ပါယ်ကို သိပါတယ် ကိုယ်နဲ့လည်း ဆက်စပ်နေတာ မဟုတ်လား ။ ဒါပေမယ့် သူတို့  ကျနော်တို့  ကို မသိတဲ့အခါ ကြတော့ သိချင်တာမေးတဲ့ သူနဲ့  ပြောပြနေတဲ့ သူ နဲ့ ကြားမှာ ကျနော် အဲလူတွေ ကို မှတ်ထားလိုက်ပါတယ် ။ နောက်ပိုင်းမှာ လဲ ရှောင်ပါတယ် ။
      ဒဲ့ပြောဖို့  အချိန်ဖြစ်နေလို့  လဲ နံမည်တွေပါ တပ်ပြီးပြောပါမယ် ။ ပုဂ္ဂိုလ်ရေးထိခိုက်စေလို့ တဲ့ သဘောမပါ ပါဘူး ။ ဆူးစူးနေတာကို နှုတ်တယ်လို့ သဘောထားပေးပါ ။ ပထမဦးဆုံး ပြောမယ့် သူကတော့ ဦးအောင်မြင့် လို့  လူသိများတဲ့ အဖိုးကြီး တယောက်ပါပဲ မြောက် ဥက္ကလာဖက်မှာနေတယ်လို့ဆိုပါတယ် ။ ရှပ်အကျီင်္ လက်တို အ၀တ်များပြီး ၊ မျက်မှန်တပ်ထားပါတယ် ။ ဆံပင်ကိုသေချာသပ်ရပ်စွာဖြီးထားလေ့ ရှိပြီး လည်သာပိုက်ဆံအိတ်အနက်ရောင် တလုံးကို အမြဲ ကိုင်ထားလေ့ ရှိပါတယ် ။ သူထိုင်တတ်တဲ့ဆိုင်တွေကတော့ ယုဇန ဟိုတယ် နဲ့  တရုတ်ဘုံကျောင်း ရှေ့ နားမှာရှိတဲ့ လက်ဖက်ရည်ဆိုင်လေးမှာပါပဲ ။
       နနံက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်ဆိုလျှင် အဖွဲ့ချုပ်ရုံးအနီးတ၀ိုက်တွင် စတင်မြင်တွေ နိုင်ပါသည် ။ ၎င်း ဦးအောင်မြင့်သည် ညနေ ၅ နာရီ ၀န်းကျင်ခန့်ဆိုလျှင် တနေကုန်စုဆောင်းထားသမျှ သတင်းများကို  သတ်မှတ်ချိန်းဆို ထားရာ နေရာများတွင်သွားရောက် ပေးရပါသည်။ ကျနော် သိသော ၎င်း တို့ ချိန်းဆိုအပေးအယူလုပ်သော နေရာများထဲမှ အချို့ကိုဖော်ပြပေးလိုက်ပါတယ် ။ ယခင် ငါးနှစ်ကျော် ခြောက်နှစ်ဝန်းကျင်ကဆိုလျှင် ပွင့်သစ်စမ်း လက်ဖက်ရည်ဆိုင်အနောက်ဖက် နှင့် ရွှေဂုံရိပ်မွန်အိမ်ယာ မြောက်ဖက် မြေကွပ်လပ်ကျယ်ထဲမှာရှိတဲ့ တထပ်တိုက် အပုလေး လေးမှာ ဖြစ်ပါတယ် ။ ထို တိုက်ပိုင်ရှင်မှာ ဗိုလ်မှုးကြီးတဦးဖြစ်သည်ဟု သိရပြီး ထိုအချိန်က  ထိုဗိုလ်မှုး၏ ညီတော်စပ်သူတဦး နေထိုင်ပါသည်။ ထိုသူမှာ ထိုအချိန်က ၂ လုံးထီ ချဲထီရောင်းခြင်း ၊ ဘောလုံးပွဲပြသခြင်း ၊ ဘောပွဲဒိုင်ကိုင်ခြင်း ၊ ဘိလိယက်ခုံဖွင့် ထားခြင်း စသည့် လောင်းကစားမျိုးစုံ လုပ်ကိုင်နေသောအိမ်ဖြစ်ပါသည်။
      ညနေ ၅ နာရီ ခွဲ ၀န်းကျင်တွင် အထက်ဖော်ပြပါ ဦးအောင်မြင့် ရောက်လာပြီး ခွင့်တောင်းစရာမလိုပဲ အိမ်ထဲ မှ ကုလားထိုင်တွင် ၀င်ရောက်ထိုင်ပြီး စုဆောင်းထားသော သတင်းများကိုစီရီပါတော့သည် ။ ပြီးပြီ ဆိုပါက  စာပွဲပေါ်တွင် တင်ထားခဲ့ကာ ပြနလည်ထွက်သွားပါသည် ။  သတင်းယူသည်သူက လဲ ထိုကဲ့သို့ ပင်လာရောက်ယူဆောင်သွားပါသည် တချိန်တုန်း က စပ်စုခဲ့တာလေးကိုပြန်လည်တင်ပြခြင်း ဖြစ်ပါသည် ။
      နောက်ထပ် ဦးအောင်မြင့်တို့ အချိန်းအချက်ပြုလုပ်ကြတဲ့နေရာကတော့ ဇီဝတဒါန သံဃာ့ဆေးရုံ မျက်နှာချင်းဆိုင် ရှိ ရွေဂုံတိုင် ကားမှတ်တိုင် အနီးမှာ ရှိတဲ့ လမ်းကြား တခုမှာပဲ ဖြစ်ပါသည် ။၎င်း လမ်းကြားလေးထဲမှာ ညနေ ၅ နာရီ ၀န်းကျင်မှာ ဆိုလျှင် အပေါ့သွားမလိုလို ဘာလိုလို နှင့်ယောင်လည်လည် လုပ်နေတတ်ပါသည် ။ ထို့ နောက်ချိန်းဆို ထားသူ နဲ့ပေးစရာရှိတာပေးပြီးသည်နှင့်ပြန်လည်ထွက်ခွာ သွားတော့သည် ။ထိုသို့ ဦးအောင်မြင့်လုပ်နေသည်မှာ အချိန်ကာလ အတော်ကြာမြင့်နေပြီဖြစ်သည်။  NLD ရုံးမှလည်း ဦးအောင်မြင့်ကို အဖွဲ့ဝင်ဟောင်း တယောက်ဖြစ်သော်လည်းရုံးထဲသို့ ဝင်ရောက်ခွင့်ကိုတားမြစ်ထားခဲ့ပါသည် ။
      သို့သော် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ မလွတ်မြောက်မီ အချိန်တွင် ပြန်လည် အတင့်ရဲလာကာ NLD ရုံးချုပ် မှ ကျင်းပသော အခန်းအနားပွဲများ ၊ ပြည်နယ်တိုင်းဆွေးနွေးပွဲများတွင် ရုံးတွင်းသို့ဝင်ရောက် သတင်းယူခြင်းများပင် ပြန်လည်ပြုလုပ်လာခဲ့သည်မှာ ယခုအချိန်ထိဖြစ်သည်ဟုပါတီဝင်တဦးမှပြောပြချက်အရ သိရပါသည် ။
      ထပ်မံပြီး မိမိတို့ MyanmarMedia အဖွဲ့သားများမှ သိရှိထားသော NLD ရုံး(အတွင်း၊အပြင်)မှ သတင်းပေး လုပ်ကိုင်နေကြများကို မကြာမီတွင် ဆက်လက် တင်ပြပေးသွားမည်ဖြစ်ပါသည် ။တင်ပြရာတွင် သတင်းပေးလုပ်ကိုင်နေသူဖြစ်ကြောင်းကို မှားယွင်းစွာဖော်ပြမိပါက ဖော်ပြခံရသူမှာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ များစွာ ထိခိုက်စေနိုင်သည့်အတွက်  သေချာစွာ စုံစမ်းစစ်ဆေးပြီး သတင်းပေးအဖြစ်ဆောင်ရွက်နေသူဖြစ်ကြောင်း အချက်အလက် ခိုင်မာသေချာသည့်သူများကိုသာ တင်ပြသွားမည်ဖြစ်ပါသည်။ ယခုကဲ့သို့ မိမိတို့အနေဖြင့် ဖော်ကောင် လုပ်ကြရခြင်းမှာ ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်ခြင်း ၊ သူတပါးအသက်မွေးဝမ်းကြောင်း အလုပ်ကိုပျက်စီး စေရန် ရည်ရွယ်ခြင်းမျိုးလုံးဝ မရှိပါ ။ သူတပါးခန္ဒာကိုယ်မှဖြစ်စေ ၊ မိမိခန္ဒာကိုယ်မှဖြစ်စေ ပုပ်ပွရိရွဲပြီး လှိုက်စားနေသော အသားပုပ်များကို ဖယ်ထုတ်  နိုင်စေရန်ကြိုးစားခြင်းသာ ဖြစ်ပါကြောင်း အသိပေးလိုက်ပါရစေဗျာ..။
       မာဃ
      --
      You received this message because you are subscribed to the Google Groups "Share from HYDE" group.
      To post to this group, send email to hydegroup@googlegroups.com.
      To unsubscribe from this group, send email to hydegroup+unsubscribe@googlegroups.com.
      For more options, visit this group at http://groups.google.com/group/hydegroup?hl=my.
      တကယ့်ကိုဘဲ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလိုလားသလားဆိုတာ ကြံ့ခိုင်ဖွံ့ဖြိုးရေး နဲ့စစ်တပ်က လွှတ်တော်ကိုယ်စားလှယ်တွေ လက်တွေ့သက်သေပြရတော့မယ်
      Posted: 22 Apr 2012 05:14 AM PDT
      ဆွီဒင်အခြေစိုက်တရားရုံးချုပ်ရှေ့နေ ဦးအောင်ထူးနဲ့ ဘီဘီစီ အင်တာဗျူးအား ဒေါင်းမာန်ဟုန်မှ ကောက်နူတ်ဖော်ပြရေးသားပါသည်..
      ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြိမ်းချမ်းစွာပြုပြင်ပြောင်းလဲရေးကို လက်ကိုင်သွားချင်တယ်လို့သဘောထားကို ယခုလက်ရှိတက်နေတဲ့ အရပ်သားအသွင်ယူထားတဲ့ စစ်အစိုးရမှာရှိတယ်ဆိုရင်တော့လွယ်လွယ်လေးပါ ..ဖွဲ့စည်းပုံဥပဒေမှာ ပြင်ဆင်ခြင်းအခန်းရှိတယ်.. အဲဒီမှာ ပုဒ်မ၄၃၆ (ခ)နဲ့အညီ လက်ရှိတက်နေတဲ့ ၇၅ရာခိုင်နူန်းကနေပြီးတော့ ပြင်ပေးလိုက်ရင် အသာလေးပြီးသွားမဲ့ကိစ္စပါ.. ဘာမှပြဿနာရှိတဲ့ကိစ္စ မဟုတ်ဘူး.. ကျနော်အဲဒီလိုဘဲမြင်တယ်.
      ပုဒ်မ၄၃၆ (ခ)အရဆိုရင် ၇၅ရာခိုင်နူန်းက ခွင့်ပြုပြင်ပေးလိုက်ရုံဘဲ..
      မေး.. ဦးအောင်ထူးပြောသလိုပေါ့နော်..စကားလုံးအသုံးအနူံးကိုပြင်ဖို့ လွှတ်တော်အမတ် ၇၅ရာခိုင်နူန်းနဲ့မှ ပြင်ဆင်နိုင်တယ်ဆိုတော့ အခု ကြံ့ခိုင်ဖွံ့ဖြိုးရေး လွှတ်တော်ကိုယ်စားလှယ်တွေက အများစုဖြစ်နေတော့ ဒါကရော လက်တွေ့မှာဖြစ်နိုင်ပါ့မလား?
      အဲဒါကသူတို့နဲ့ဘဲဆိုင်တယ်.. ကြံ့ခိုင်ဖွံ့ဖြိုးရေး က လွှတ်တော်ကိုယ်စားလှယ်တွေရော စစ်တပ်က လွှတ်တော်ကိုယ်စားလှယ်တွေရောစဉ်းစားကြဖို့အချိန်ရောက်ပြီလို့ ကျနော်မြင်တယ်.. သူတို့ဟာ တကယ့် ကို ဘဲ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရှိတဲ့တိုင်းပြည်၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ဖြစ်အောင် တကယ်တည်ဆောက်ချင်တာလား? အခု တကယ်လက်တွေ့သက်သေပြရတော့မယ်.. သူတို့ဟာ တကယ့် ကို ဘဲ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုလိုလားတယ်. လူထုစီးပွားရေးဘ၀ကို တိုးတက်စေချင်ရင်တော့ ၂၀၀၈ အခြေခံဥပဒေရဲ့ အခြေခံကျတဲ့ ကြောရိုးတွေကို ပြင်ကို ပြင်ပေးရတော့မယ်..
      လူထုကလည်းပြင်စေချင်နေတယ်..အဲဒီလိုပြင်ဖို့အတွက်ကို လည်း လူထုက အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကို မဲပေးလိုက်တာဖြစ်တယ်..
      မေး။။ အခုလတ်တလော (၂၃)ရက်နေ့အခုစတင်ကျင်းပတော့မဲ့ လွှတ်တော်ကို NLD လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့မတက်ဘူးဆိုရင် သူတို့ရဲ့အနေအထားဟာဘယ်လိုဖြစ်သွားနိုင်သလဲ?
      (၂)ပိုင်းဖြစ်သွားနိုင်တယ်ဗျ..တပိုင်းကဘာလဲဆိုတော့ ဒီလွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ လွှတ်တော်တက်ဖို့တာဝန်ရှိတာကို မတက်တဲ့အတွက်ကြောင့် ဒါကရည်ရွယ်ချက်နဲ့ပျက်ကွက်တယ်လို့ လုပ်ထုံးလုပ်နည်းအရအပြစ်ရှာပြီးမှ ဒီ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ရပ်ဆိုင်းသည့်အထိကို ပြဿနာတက်သွားနိုင်တယ်..
      နောက်တဖက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘ့ာကြောင့် ဒီစကားလုံးပေါ်မှာ အဓိကထားပြီးတော့ သူက ဒါကိုစပြင်ဖို့ပြောနေတာလဲ? အဲဒီလိုပြောတဲ့ရည်ရွယ်ချက်က ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနှစ်သာရပြဿနာဘဲ.၂၀၀၈ အခြေခံဥပဒေရဲ့ အခြေခံကြောရိုးကြီးတခုလုံးကို ပြင်ဖို့ ရည်ရွယ်ချက် ရှိသလား.. အဲဒီလိုပြင်ဖို့ရည်ရွယ်ချက်ရှိတယ်ဆိုရင်တော့ သူကလွှတ်တော်ကိုဆက်မတက်တော့ဘဲနဲ့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနှစ်သာရတွေကို ပြင်ပြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကို တက်မယ်ဆိုပြီး တောင်းဆိုတာမျိုး ဆက်ဖြစ်သွားနိုင်တယ်..အဲဒီလိုဖြစ်သွားမယ်ဆို ရင် ဒီပြဿနာက ကြီးသွားပြီးတော့ လူထုတွေကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနှစ်သာရ အခြေခံကြောရိုးကြီးတခုလုံးကိုပြင်ဖို့လူထုကလည်း တခဲနက်ပါဝင်ထောက်ခံလာကြမယ်ဆိုရင် နိုင်ငံတကာကလည်းအာရုံစူးစိုက်မှုပြန်ရလာနိုင်တယ်။ ၊အခုအချိန်မှာ နိုင်ငံတကာက အရင်းအနှီးတွေ ၀င်လာမှာကို လက်ရှိစစ်အစိုးရအာဏာပိုင်တွေက အကြီးအကျယ်လိုလားနေကြတာကိုး
      မြဲမြဲမှတ်ပါ မင်းမြန်မာ
      Posted: 21 Apr 2012 07:10 PM PDT
      "ဘယ်နိုင်ငံမှာ ဘာတွေလုပ်လုပ် မြဲမြဲမှတ်ပါ မင်းမြန်မာ" ဆိုတဲ့ အဆိုတော် အောာင်ကိုလတ်ရဲ့ သီချင်းက ပြည်ပရောက် မြန်မာတွေကို အသိမပျောက်အောင် သတိပေးတဲ့ သီချင်းတစ်ပုဒ်ပါ။ ရေကြည်ရာ မြက်နုရာဆိုပြီး ကျွန်တော်တို့ တိုင်းပြည်က လူငယ်လူရွယ်တွေ ပြည်ပနိုင်ငံ အသီးသီးကို ခြေဆန့်လာလိုက်ကြတာ တချို့တွေကလဲ "အမေ့အိမ်" သီချင်းကို ညည်းရင်း အိမ်ပြန်ချင်တဲ့ စိတ်တွေကို သတိရတိုင်း ထုတ်ထုတ်ကြည့်ကြ၊ တချို့တွေကလဲ ရောက်ရာနေရာမှာ ပျော်ရွှင်စွာနေထိုင်ကြရင်း ပတ်စပို့ အနီရောင်လေးကို စွန့်လွှတ်ကြနဲ့ပေါ့။ ဘယ်တိုင်းပြည်ကိုပဲ ရောက်ရောက်၊ ဘယ်နိုင်ငံသား အဖြစ်ပဲ ခံယူ ခံယူ ကျွန်တော်တို့တတွေရဲ့ သွေးသားထဲမှာ မြန်မာဆိုတဲ့ သွေးတွေ လှည့်ပတ်စီးဝင်နေဆဲ ဆိုတာ မမေ့လျော့ကြဖို့ အလွန်အရေးကြီးပါတယ်။ ဒီလို ပြောတာဟာ "တို့ဗမာကွ" လို့ လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်နေဖို့ မဟုတ်ပါဘူး။ "ငါဟာ မြန်မာတစ်ယောက် အနေနဲ့ ငါ့လူမျိုး သိက္ခာကျစေမယ့် အလုပ်ကို မလုပ်ဘူး၊ ငါ့မိဘ၊ ငါ့ဆွေမျိုး၊ ငါ့လူမျိုး ဂုဏ်တက်စေတဲ့ အလုပ်ကိုပဲ လုပ်မယ်" ဆိုတဲ့ စိတ်ဓာတ်မျိုး ခိုင်ခိုင်မာမာ ထားကြစေချင်ပါတယ်။
      ဒေသတွင်း နိုင်ငံတချို့ကို သွားကြည့်တော့ ပုံစံအသီးသီးနဲ့ ရောက်နေကြတဲ့ မြန်မာတွေကို တွေ့ရပါတယ်။ ထိုင်းမှာ၊ မလေးရှားမှာ၊ စင်္ကာပူမှာ စသဖြင့်ပေါ့။ ဘန်ကောက်က ဆူခန်ဗစ်လမ်းမကြီး (ရန်ကုန်က ပန်းဆိုးတန်းလိုပေါ့) က ပလက်ဖောင်းမှာ ဈေးရောင်းနေတဲ့ မြန်မာတွေ အများအပြား တွေ့ရပါတယ်။ မြန်မာ အချင်းချင်းမို့ သင့်တင့်တဲ့ ဈေးနဲ့ ရောင်းမယ် ထင်ပါသလား။ တီရှပ်တစ်ထည်လောက် ဈေးမေးလိုက်ရင် အစ်ကိုက မြန်မာလား လို့ ပြန်မေးပြီး သူများရောင်းတဲ့ဈေးထက် ပိုဈေးတင်ပြီး ရောင်းပါတယ်။ ဒါဟာ ကိုယ်တွေ့ပါ။ နောက်တစ်ခါ ဘောလုံးဂျာစီတွေ ရောင်းတဲ့ ဆိုင်မှာ မန်ယူဂျာစီ ၀ယ်မလို့ မေးတော့ ကျွန်တော် ၀တ်ထားတဲ့ စပိန်အသင်းအင်္ကျီကို ကြည့်ရင်း "အစ်ကို့ အင်္ကျီက အစစ်လား .. ဘယ်လောက်ပေးရလဲ" လို့ မေးတာ ကြုံဖူးပါတယ်။ ကျွန်တော်တို့ လူမျိုးတွေက မြန်မာ မြန်မာ အချင်းချင်း ပြည်ပမှာ တွေ့တဲ့အခါ အချဉ်လို့ သတ်မှတ်ချင် နေကြပြီလား။ နှိမ်တတ်တဲ့ အကြည့်မျိုး စကားမျိုးတွေနဲ့ ကြည့်တတ် ပြောတတ်နေကြပြီလား။ ဒီလို တွေ့ကြုံခဲ့လို့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာတွေ အများစုဟာ ဒီလို ဖြစ်နေတယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ ထိုင်းက တက္ကသိုလ်ကြီးတွေမှာ ပါမောက္ခတွေ၊ ဆရာတွေ အဖြစ် တာဝန်ထမ်းနေတဲ့ မြန်မာတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင် မြန်မာတွေလည်း အများကြီး ရှိပါတယ်။ ငခုံးမ တချို့ကြောင့် တစ်လှေလုံး မပုပ်စေချင်တဲ့ စေတနာနဲ့ ဒီလိုမျိုးတော့ ရှိနေတယ်ဆိုတာ သတိထားစေလို ပြင်စေလိုတဲ့ ဆန္ဒနဲ့ ပြန်ပြီး တဆင့် ဖောက်သည်ချတာပါ။ သေချာတာကတော့ ထိုင်းမှာ မြန်မာဆို အတော် ထင်သေးနေကြတာကို စိတ်မကောင်း စရာ တွေ့ရပါတယ်။ တည်းခိုတဲ့ ဟိုတယ်က အိန္ဒိယနွယ်ဖွား ၀န်ထမ်းက ကျွန်တော့်ကို ဘာလူမျိုးလဲ မေးတော့ "မြန်မာ" လို့လဲ ပြန်ဖြေလိုက်ရော မျက်နှာအမူအရာက ပြောင်းသွားပါတယ်။ ဒါနဲ့ ဆက်ပြီး "ငါစင်္ကာပူမှာ အိုင်တီပညာနဲ့ အလုပ်လုပ်တယ်" လို့ ဆက်ပြောလိုက်မှ ရိုရိုကျိုးကျိုး ပြန်ဖြစ်သွားပြီး ဆရာ ခေါ်ပါတယ်။
      မလေးရှားက ကွာလာလမ်ပူကို ရောက်တော့လဲ တရုတ်တန်းမှာ ဆိုင်ခင်းပြီး ဈေးရောင်းနေတဲ့ မြန်မာတွေကို တွေ့ရပါတယ်။ အဲဒီသူတွေထဲက ၂ ယောက်က ကျွန်တော့် ယောက္ခမက ထမီဝတ်ထားတော့ မြန်မာမှန်း သိတာနဲ့ အတူပါလာတဲ့ ဇနီးကို မကြားတကြား လှမ်းနောက်ပြောင်နေပါတယ်။ ဒါဟာ ယဉ်ကျေးတဲ့ လူမျိုးတမျိုးရဲ့ လုပ်ရပ်လား။ ထောင်းခနဲ ထွက်သွားတဲ့ ဒေါသကို သတိချွန်းမအုပ်နိုင်ခဲ့ရင် အဲဒီနေရာမှာတင် ရန်ပွဲ ဖြစ်ခဲ့လောက်တယ်။ ကွာလာလမ်ပူမြို့ အနီးက ဂန်တင်း (Genting Highland) ကို သွားပြန်တော့လဲ စားသောက်ဆိုင်တွေမှာ မြန်မာတွေ နေရာယူထားပါတယ်။ ထိုင်းအစားအစာရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးက အစ၊ ချက်ပြုတ်နေသူတွေ အဆုံး မြန်မာတွေပါ။ ဒီတော့ မြန်မာလို ပြောပြီး အစားအသောက် မှာလို့ ရတာပေါ့။ မနက်စာ စားဖို့ အသွားမှာတော့ အအေးရောင်းတဲ့ ကောင်တာက မြန်မာကောင်လေးက ကျွန်တော်တို့ တဖွဲ့လုံးကို အအေး အလကား တိုက်ပါတယ်။ ကျွန်တော်က ငြင်းတော့ "သူတို့ သူဌေးက မြန်မာ ဧည့်သည်ဆို ပိုက်ဆံမယူဘဲ တိုက်လိုက်ပါလို့ မှာထားပါတယ်" တဲ့။ သူတို့ သူဌေးက မြန်မာလူမျိုးပဲလား၊ မလေးလူမျိုးပဲလား ဆိုတာကိုတော့ မမေးဖြစ်ခဲ့ပါဘူး။ ဘာပဲ ဖြစ်ဖြစ် တရပ်တကျေးမှာ ကိုယ့်မြန်မာအချင်းချင်း ဒီလို ကူညီရိုင်းပင်းတဲ့စိတ် ရှိတဲ့ လုပ်သားတွေလဲ ရှိပါလားလို့ အမှတ်ထင်ထင် ရှိခဲ့ပါတယ်။ လန်ကာဝီကမ်းခြေမှာလဲ အတူတူပါပဲ။ ပင်လယ်စာရောင်းတဲ့ ဆိုင်မှာ ငယ်ငယ်ကတည်းက မလေးရှားရောက်နေလို့ မြန်မာလို ပီပီသသ မပြောတတ်တော့တဲ့ စားပွဲထိုး ကောင်မလေးကို မြန်မာလို ပြောပြီး အစားအသောက် မှာစားခဲ့ပါတယ်။
      စင်္ကာပူကတော့ ကျွန်တော်လက်ရှိ အလုပ်လုပ်နေတာမို့ စင်္ကာပူရောက် မြန်မာတွေနဲ့ ထိတွေ့ဆက်ဆံမှုက ပိုများပါတယ်။ အိမ်စေ အလုပ်လုပ်နေသူတွေ၊ အလုပ်ကြမ်းသမားတွေက အစ မန်နေဂျာတွေ၊ ဒါရိုက်တာတွေ၊ ကုမ္ပဏီပိုင်ရှင်တွေ အထိ မြန်မာတွေဟာ ရာထူး အသီးသီးမှာ တာဝန်ထမ်းနေကြတာပါ။ ဌာန တစ်ခုလုံး မြန်မာချည်းပဲ ဆိုတဲ့ ရုံးတွေလည်း အများအပြားပါပဲ။ မြန်မာဆိုရင် အလုပ်မခန့်ချင်ဘူးဆိုတဲ့ ကုမ္ပဏီတချို့လည်း ရှိပါတယ်။ ဒါဟာ အဲဒီ ရုံးဌာနတွေ၊ ကုမ္ပဏီတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာတွေ အပေါ် အများကြီး မူတည်ပါတယ်။ ကိုယ် အလုပ်မ၀င်ခင် မြန်မာတစ်ယောက်ယောက် ရှိနေမယ်၊ သူကလဲ ကောင်းကောင်းမွန်မွန် လုပ်ကိုင် ပြထားမယ် ဆိုရင်တော့ မြန်မာလူမျိုးကို မခန့်ချင်ဘူး ဆိုတာ မရှိပါဘူး။ တကယ်လို့ ကိုယ် အလုပ် မ၀င်ခင် အရင် လုပ်ဖူးတဲ့ မြန်မာ တစ်ယောက်ယောက် ဒါမှ မဟုတ် လက်ရှိ အလုပ်လုပ်နေတဲ့ မြန်မာ တစ်ယောက်ယောက်က တလွဲတွေ လုပ်ထားလို့ နာမည်ပျက်စ ပြုနေပြီ ဆိုရင်တော့ မြန်မာဆို နှာခေါင်းရှုံ့ချင်ကြမှာပါ။ တကယ်တော့ တစ်ဦးတစ်ယောက်ထဲနဲ့ ဆိုင်တာ ဖြစ်ပေမယ့် လူအများစုက ဒါကို မြင်လေ့ မရှိဘဲ ယေဘုယျ သုံးသပ်ပြီး "မြန်မာတွေဟာ ပျင်းတယ်.. ခိုတယ်.. အလုပ်ကို ကြိုးစား မလုပ်ချင်ဘူး" ဆိုတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီတော့ အဲဒီလို အကောင်းမြင် ခံရတာ မရှိတဲ့ အခြေအနေကို မရောက်အောင် ကျွန်တော်တို့ ဂရုစိုက် နေထိုင်လုပ်ကိုင်ကြဖို့ အရေးကြီးပါတယ်။
      မြန်မာတွေဟာ မညံ့ပါဘူး။ ကျွန်တော်တို့ ပညာရေး ရေချိန်ဟာ ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်ရင် အများကြီး လိုပါသေးတယ်။ ဒါပေမယ့် ပြည်ပရောက် လာတဲ့ မြန်မာ ပညာတတ်အများစုနဲ့ ပြည်ပမှာ ပညာသင်ကြားဖို့ ထွက်လာကြတဲ့ မြန်မာတွေဟာ အချိန်အနည်းငယ် အတွင်းမှာကိုပဲ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်၊ လုပ်တတ်၊ ကိုင်တတ် ဖြစ်လာကြသူတွေချည်းပါပဲ။ ကျွန်တော်တို့ အလုပ်မှာ ဆိုရင် မြန်မာ ၄ ယောက်၊ မလေးရှားနွယ်ဖွား တရုတ် ၃ ယောက်၊ အင်ဒိုနီးရှားနွယ်ဖွား တရုတ် ၁ ယောက်၊ ဖိလစ်ပိုင် ၁ ယောက်၊ စင်္ကာပူ လူမျိုး ၃ ယောက် ရှိပါတယ်။ မီနီ အာစီယံလို့ ကျွန်တော်တို့ အထွေထွေမန်နေဂျာက နောက်ပြောင် ခေါ်လေ့ ရှိပါတယ်။ အဖွဲ့ ၃ ဖွဲ့ ရှိရာမှာ Business Support ကလွဲလို့ ကျန်တဲ့ ကွန်ပျူတာပရိုဂရမ်မာ အဖွဲ့ ၂ ခုမှာ မြန်မာ ၂ ယောက်က အဖွဲ့ခေါင်းဆောင် နေရာမှာ ရှိပါတယ်။ ကျွန်တော် တွေ့မြင်မိသလောက် လုပ်ငန်းခွင်မှာ မြန်မာ အများစုက ဘယ်လို နေရာမှာ အားနည်းကြသလဲ ဆိုတော့ ဘာသာစကားမှာ၊ ပေါင်းသင်းဆက်ဆံရေးမှာ၊ အစည်းဝေး ဆွေးနွေးပွဲတွေမှာ ပြောရဲဆိုရဲ မရှိတာ၊ ကိုယ့်စိတ်ကူးစိတ်သန်းကို အထက်လူကြီးနဲ့ ဆန့်ကျင်ပြီး မတင်ပြ၀ံ့တာ စသဖြင့်ပေါ့။ ဒါတွေဟာ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ လူ့အဖွဲ့အစည်းနဲ့ ပညာသင်ကြားပုံ စနစ်ရဲ့ အားနည်းချက်တွေကြောင့်ပါ။ တချို့လဲ ပြည်ပရောက်ပြီး မကြာမီ အဲဒီ လိုအပ်ချက်တွေကို ပြင်ဆင်နိုင်လိုက်ကြပါတယ်။ တချို့လဲ ပြင်ဖို့ ကြိုးစားရင်းနဲ့ အဲဒီ သံသရာက မရုန်းထွက်နိုင်ကြသေးပါ။ အဓိက ကတော့ ကောင်းရာကောင်းကျိုး အတွက် ပြောင်းလဲချင်စိတ် ရှိဖို့နဲ့ စိတ်ဓာတ်ခိုင်မာဖို့ ပါပဲ။
      တချို့က ကိုယ်တိုင်က မြန်မာဖြစ်ပြီး မြန်မာတွေနဲ့ မပေါင်းချင်ဘူး ဆိုတာမျိုးလည်း ရှိပါတယ်။ ဟုတ်ပြီ။ ဘာလို့ မပေါင်းချင်တာလဲ။ သူတို့က ညံ့လို့လား။ သူတို့က လူမှုရေး နားမလည်လို့လား။ သူတို့က တစ်ကိုယ်ကောင်းဆန်လို့လား။ မေးခွန်းထုတ်ပါ။ အဖြေရှာပါ။ နားလည်မှုပေးပါ။ ညှိနှိုင်းပါ။ ရှင်းပြ ပြောပြပါ။ တစ်ဦးတစ်ယောက်ရဲ့ အားနည်းမှုကြောင့် အများစုက ဒီလိုပါပဲ ဆိုတာမျိုး ၀ါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းဖို့ လိုပါတယ်။ နောက်ပြီး မြန်မာဆိုတာ အကျင့်မကောင်းတဲ့သူတွေလို့ အထင်မခံရအောင် ကိုယ်ကျင့်တရား မပျက်ပါစေနဲ့။ ဘယ်နိုင်ငံကိုပဲ ရောက်ရောက် ကျွန်တော်တို့ သွေးသားထဲမှာ မြန်မာဆိုတာ ဖျောက်ဖျက်ပစ်ချင်လဲ မရတဲ့ အရာပါ။ ကျွန်တော်တို့ တတွေ ပညာရပ်ပိုင်းဆိုင်ရာ အတွေ့အကြုံ ဗဟုသုတတွေသာမက အမူအကျင့်ကောင်းတွေ၊ အလေ့အထကောင်းတွေကို တချိန်မှာ ကျွန်တော်တို့ နိုင်ငံဆီ၊ ကျွန်တော်တို့ရဲ့ လူမျိုးတွေ ရှိရာဆီ ယူဆောင်နိုင်မယ် တဖန်ပြန်လည် အကျိုးပြုနိုင်မယ် ပြည်တွင်းက ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ စွမ်းအားတွေနဲ့ ပေါင်းစပ်နိုင်ကြမယ် ဆိုရင်တော့ မြန်မာဆိုတာ ကမ္ဘာ့အလယ်မှာ မားမားမတ်မတ် ရပ်နေနိုင်မယ့် အချိန်ဟာ မဝေးဘူးလို့ ယုံကြည်ပါတယ်။
      ဘယ်နိုင်ငံမှာ ဘာတွေလုပ်လုပ် မြဲမြဲမှတ်ပါ မင်းမြန်မာ။
      ညီညီ(သံလွင်)
      ကျမ်းကျိန် စာသား ၃ မျိုး အပေါ် ဥပဒေပညာရှင်နဲ့ လွှတ်တော်အမတ်များအမြင်
      Posted: 21 Apr 2012 11:41 AM PDT
      မြန်မာနိုင်ငံမှာ သမ္မတနဲ့ ဒုသမ္မတ ကျမ်းကျိန်ရတဲ့ ဖွဲ့စည်းပုံဆိုင်ရာ စာသားနဲ့ လွှတ်တော်အမတ်တွေ ကျိန်ဆိုရတဲ့ စာသား ကွဲလွဲနေသလို၊ နိုင်ငံရေးပါတီထောင်ဖို့ ကတိပြုရတဲ့ ဖွဲ့စည်းပုံဆိုင်ရာ စာသားလည်း ကွဲလွဲနေပါတယ်။
      လတ်တလောမြန်မာ့နိုင်ငံရေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမယ့် စာသားနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချု...ပ်က ပြင်ဆင်ပေးဖို့တောင်းဆိုနေပြီး၊ အစိုးရလက်အောက်ခံ အခြေခံဥပဒေခုံရုံးကလဲ ပြင်ပေးဖို့ငြင်းဆန်နေတာတွေ့ရပါတယ်။
      ဒီကိစ္စနဲ့ပတ်သက်လို့လေ့လာကြည့်တဲ့အခါ ကျန်းကျိန်ရတဲ့ပုံစံတွေမှာ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေ ကျိန်ဆိုရတဲ့ စာသားနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကျိန်ဆိုရတဲ့စာသား ကွဲလွဲနေတာတွေ့ရသလို၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ ကတိပြုရတဲ့စာသားကလဲ နောက်တမျိုး ဖြစ်နေတဲ့အတွက် ၃ မျိုး ကွဲနေတာတွေ့ရပါတယ်။
      နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေကျမ်းကျိန်ရတဲ့ ပုံစံထဲကစာသားမှာ 'ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေပြီး'- လို့ ရေးသားထားပြီး၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကျိန်ဆိုရတဲ့ ပုံစံစာရွက်ထဲမှာတော့ 'ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး' လို့ ရေးသားထားပါတယ်။
      ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်ကို လေးစားလိုက်နာပါမည်ဆိုတဲ့ စကားရပ်နဲ့ သမ္မတက ပြောင်းလဲပေးခဲ့ပါတယ်။
      ဒါကြောင့် အစိုးရတစ်ဖွဲ့ အခြေခံဥပဒေတခုပဲ ရရှိတဲ့ နိုင်ငံတခုမှာ အကြောင်းအရာ တခုတည်း အပေါ် ဘာကြောင့် ၃ မျိုးကွဲနေတာလဲ၊ ဥပဒေသမား ရှုထောင့်အနေနဲ့ ဥပဒေအကြံပေး ဦးအောင်သိန်းက အခုလိုပြောပါတယ်။
      "တကယ်တော့ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်ရေးအတွက်ကို ဒီက တောင်းဆိုလိုက်တဲ့အခါ သမ္မတကိုယ်တိုင် ပြင်ပေးလိုက်တယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ ဖွဲ့စည်းပုံ ပြင်ပေးပါလို့ ကျနော်တို့ ဘာမှ ပြောခွင့် မရှိဘူးလေ။ ဘာလို့လဲဆိုတော့ ကိုယ်စားလှယ်မှ မဟုတ်သေးဘဲနဲ့ဟာကိုး။
      ကိုယ်စားလှယ် ဖြစ်တဲ့အခါကျတော့ ကျနော်တို့က ဖွဲ့စည်းပုံနဲ့ တိုက်ရိုက် သက်ဆိုင်လာပြီ။ ယခင်ကလည်း ဒီ ဝေါဟာရ အပေါ်မှာ ပြင်ပေးထားတယ်။ အခုလည်း ထပ်ပြင်ပေးဖို့ တောင်းဆိုတာက မှားတယ်လို့ ကျနော် မထင်ဘူးဗျ။ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို ပြင်မယ် ဆိုရင်တော့ ၇၅ ရာခိုင်နှုန်းမဲ အရေအတွက်၊ နောက်တခါ လူထု ထောက်ခံ ဆန္ဒမဲတွေနဲ့မှ ပြင်ရမယ်ဆိုတဲ့ ဟာ။
      ကျနော့်အမြင် ပြောရမယ်ဆိုရင်တော့ဗျာ။ ပုဒ်မကြီး တခုလုံး ပြင်တာ မဟုတ်တဲ့အတွက် ဒါပြင်သင့်ပြင်ထိုက်တယ်။ သမ္မတနေနဲ့လည်း
      ပြင်ပိုင်ခွင့်ရှိတယ်လို့ ကျနော် မြင်တယ်။"
      အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာမှာရော အခုလို ခွဲခြားသတ်မှတ်ချက်မျိုးတွေ ရှိပါလားလို့ အိန္ဒိယနိုင်ငံရောက် ၁၉၉၀ လွှတ်တော်အမတ် ဒေါက်တာတင့်ဆွေကို မေးကြည့်တဲ့အခါမှာ-
      "နိုင်ငံတကာမှာကတော့ မြန်မာပြည်လို ကျမ်းကျိန်ဖို့ ကိစ္စမှာ ပြဿနာရှိတယ်
      လို့ တော့ ကျနော် မတွေ့ဖူးဘူး။ နောက်တခုက ဒီ အခြေခံဥပဒေ ဆိုတာက ရေးပြီးတော့ ပြင်ဖို့ အင်မတန်မှ လွယ်ရတဲ့ ကိစ္စကတော့ တကမ္ဘာလုံးမှာပါပဲ ခင်ဗျ။ ရေးပြီးသားဟာကို ပြင်မရအောင်လုပ်တယ်ဆိုတဲ့ အချက်ကိုက ဒီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာကိုက လွဲခဲ့တာပေါ့ဗျာ။
      ကျမ်းကျိန်ဖို့ ကိစ္စမှာ စကားလုံးလွဲနေတာတွေကတော့ သေသေချာချာပဲ မတူအောင်လုပ်ခဲ့ကြသလားလို့တော့ ကျနော်တို့က သံသယရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ ဗမာပြည်မှာက အုပ်ချုပ်ရေးပိုင်းမှာ လုပ်နေကြတဲ့ အရာရှိ အရာခံ အကြီးအငယ်တွေ အကုန်လုံးဟာ ဖွဲ့စည်းပုံက အသစ်၊ အစိုးရက အသစ် ဖြစ်သော်ငြားလည်းဘဲ အတွေ့အကြုံများပြီးသား၊ မှားစရာတော့ မရှိဘူးဗျ။ အဲဒီလိုလွဲတယ်ဆိုရင်တော့ တမင်တကာကို လွဲအောင်လုပ်ဖို့ ပုဂ္ဂိုလ်တွေ အထဲမှာ မမြင်ရတဲ့ လက်တွေရှိသလားလို့ ကျနော်တို့ သံသယ ၀င်ရတော့မှာပေါ့။ "
      တခါ ဒီပြဿနာအပေါ်မှာ ပြည်တွင်းနိုင်ငံရေးသမားတယောက်ရဲ့ အမြင်သိရအောင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးလှစောကိုလည်း မေးကြည့်ပါတယ်။
      "အဓိကကတော့ အားကြီးသူနဲ့ အားနည်းတဲ့သူမှာ သဘောထားကြီး ရမှာကတော့ တကယ့်ကို အပေါ်က ရောက်နေတဲ့သူ၊ နောက် ဥပဒေကို ပြုပြင်နိုင်စွမ်း ပါဝါရထားတဲ့သူတွေက သဘောထားကြီးကြီးနဲ့ လုပ်ပေးလိုက်မယ်ဆိုရင် အားလုံး ချစ်ချစ်ခင်ခင် ဖြစ်သွားပြီးတော့ ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ လွှတ်တော်ကြီးတခု ဖြစ်တာပေါ့။
      ဗမာပြည်သူတွေကလည်း ၂၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာမယ်ဆိုပြီးတော့ မျှော်လင့်ထားတာ။ စဉ်းစားကြည့်ပေါ့ဗျာ။ လူတွေ စိတ်ထဲဘာဖြစ်သွားမလဲ။ လူတွေက အပြောင်းအလဲကို သိပ်လိုချင်ကြတာ။ တာဝန်ရှိတဲ့သူတွေက သဘောထားကြီးကြီးနဲ့ အကောင်းဆုံး လုပ်ပေးကြပါဗျာ။ ကျနော်တော့ မေတ္တာရပ်ခံချင်ပါတယ်။"
      နှစ်ပေါင်းများစွာ အကြပ်အတည်း ဆိုက်ခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ အခုလိုကမ္ဘာ့အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု၊ နွေးထွေးတဲ့ဆက်ဆံမှုတွေ ရလာပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ကိုယ်စားလှယ်တွေ ပါဝင်လာမယ့် လွှတ်တော်ဖြစ်လာဖို့ ဒီစကားရပ်ကိစ္စ တခုတည်းနဲ့ ရှေ့မတိုး နိုင်ဘဲ ရပ်တန့်နေဦးမှာလား ဆိုတာကလည်း လူတွေကြားမှာ ဒီကနေ့ပြောနေကြတဲ့ အကြောင်းအရာတခု အဖြစ်တွေ့နေရကြောင်း တင်ပြလိုက်ရပါတယ်။
      Rfa
      ဂျပန်နိုင်ငံသို့ ပေးရန် ကြွေးမြီ ၃.၇၂ ဘီလျံလျှော်ပြီ
      Posted: 21 Apr 2012 09:32 AM PDT
      မြန်မာပြည်က ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံပံ့ပိုးတဲ့အနေနဲ့ မြန်မာနိုင်ငံကို ဂျပန်က ပေးအပ်နေတဲ့ ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေး အကူအညီ ODA ကို အပြည့်အ၀ ပြန်ပေးသွားမှာဖြစ်သလို မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံအပေါ်မှာ တင်ရှိနေတဲ့ အကြွေးတွေကိုလည်း လျှော်ပေးမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံက တရားဝင် ပြောဆိုလိုက်ပါတယ်။ ဂျပန် နဲ့ မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ဂျပန်ဘက်က အခုလို ပြောခဲ့တာပါ။ အပြည့်အစုံကို မနန္ဒာချမ်း က တင်ပြထားပါတယ်။
      မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို ထောက်ခံပံ့ပိုးတဲ့အနေနဲ့ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံအပေါ် တင်ရှိနေတဲ့ လက်ရှိ ကြွေးမြီ ဂျပန်ယန်းငွေ သန်း ၃ ထောင်ကျော်၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၃ သန်းခွဲကျော်ကို လျှော်ပေးမှာဖြစ်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်က ပေးအပ်နေတဲ့ ODA အကူအညီတွေကိုလည်း အပြည့်အ၀ ပြန်ပြီး ပေးသွားမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံကနေ စနေနေ့က ကြေညာခဲ့တာပါ။
      လက်ရှိ ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ မဲခေါင်မြစ်ဝှမ်းဒေသ ၅ နိုင်ငံခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်လာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ (Yoshihiko Noda) တို့ စနေနေ့က သီးခြား တွေ့ဆုံခဲ့ကြပြီးနောက် ဂျပန်ဝန်ကြီးချုပ် နိုဒ က အခုလို ကြေညာခဲ့တာပါ။
      "မြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ တဖြည်းဖြည်းနဲ့ ရှေ့ကို တက်လှမ်းနေပါတယ်။ ဒီမိုကရေစီစနစ် ဖော်ဆောင်ရာမှာလည်း အရေးပါတဲ့အဆင့်ကို နီးကပ်လာနေချိန်မှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို ဒီ့ထက် ပိုပြီး အားပေး ထောက်ခံသွားမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်မို့လည်း ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံအပေါ် အကူအညီတွေ ပေးအပ်သွားမှာဖြစ်တယ်လို့ ကတိပေးထားပြီး မြန်မာပြည်သူတွေ အနေနဲ့လည်း ဒီပြုပြင်ပြောင်းလဲရေး အသီးအပွင့်ကို ခံစားရမှာဖြစ်ပါတယ်။"
      ဂျပန်ဟာ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ နိုင်ငံမဟုတ်ပေမဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့တဲ့ ၂၀၀၃ ခုနှစ်မှာပဲ မြန်မာနိုင်ငံအပေါ် ပေးအပ်နေတဲ့ အကူအညီတွေကို ဂျပန်အစိုးရက ဖြတ်တောက်ခဲ့တာပါ။ တကယ်တော့ မြန်မာနိုင်ငံကို ၂၀၀၃ ခုနှစ်အထိ အဓိက ထောက်ပံ့ကူညီနေခဲ့တာ ဂျပန်နိုင်ငံက ဖြစ်ပါတယ်။
      ဒါကြောင့်လည်း ဂျပန်ဝန်ကြီးချုပ် နိုဒ ရဲ့ အခုလို ကြေညာချက်အပေါ် မြန်မာသမ္မတ ဦးသိန်းစိန်က မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်ကြောင်း အခုလို တုံ့ပြန်သွားပါတယ်။
      "မြန်မာနိုင်ငံက ပြန်လည် ပေးဆပ်ရမယ့် ကြွေးမြီကိစ္စများ ဖြေရှင်းနိုင်ဖို့အတွက် နှစ်ဘက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ဖို့နဲ့ နှစ်ဦးနှစ်ဘက် အဆင်ပြေစွာနဲ့ ဖြေရှင်း ဆောင်ရွက်သွားနိုင်ဖို့ ဆောင်ရွက်ပေးတဲ့အတွက် ဂျပန်အစိုးရနဲ့ တာဝန်ရှိသူများ၊ ဂျပန်ပြည်သူများ အားလုံးကို မြန်မာပြည်သူများရဲ့ ကိုယ်စား များစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြား လိုပါတယ်။ အဲဒီလို ကြွေးမြီကိစ္စ ဖြေရှင်းနိုင်ရေး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများနဲ့ အကူအညီပေးမှုများ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲမှုများ အတွက် မြန်မာပြည်သူများရဲ့ ကြိုးပမ်းမှုများအပေါ်မှာ လွန်စွာ အထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။"
      ဒါ့အပြင် သမ္မတ ဦးသိန်းစိန် က ဂျပန်နိုင်ငံကို ရောက်ရောက်ချင်းမှာပဲ ဂျပန်စီးပွားရေးထိပ်တန်း တာဝန်ရှိသူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ကိုင်ဖို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။
      ဒီလို မဖိတ်ခေါ်ခင် ပြီးခဲ့တဲ့ တပတ်ထဲမှာတုန်းကလည်း ဂျပန်စတော့အိတ်ချိန်း နဲ့ ဒေ၀လုံခြုံရေးအဖွဲ့ကနေ လာမယ့် ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး မြန်မာနိုင်ငံမှာ စတော့ဈေးကွက် တည်ဆောက်ရေး ကူညီသွားဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ပြောဆိုခဲ့ပါတယ်။
      မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်မှုကနေ အရပ်သားအစိုးရ အုပ်ချုပ်မှုစနစ်ကို ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ဘယ်သူမှ မျှော်လင့်မထားတဲ့ အပြောင်းအလဲ တော်တော်များများကို ဦးသိန်းစိန်အစိုးရက လုပ်ဆောင်ခဲ့တဲ့အတွက် အံ့အားသင့်ခဲ့ကြတာပါ။ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား တော်တော်များများ ပြန်လွှတ်ပေးခဲ့တာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သူ့ပါတီ NLD ကို လွှတ်တော်ထဲ ၀င်ရောက်ခွင့် ပြုခဲ့တာမျိုးလို နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို သမ္မတ ဦးသိန်းစိန် အစိုးရက တက်လာပြီး ၁ နှစ်အတွင်းမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
      ဒီလို လုပ်ဆောင်ချက်တွေကြောင့်လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှု တချို့ကို အမေရိကန် အပါအ၀င် အနောက် အင်အားကြီးနိုင်ငံတွေက မကြာသေးခင်ကပဲ လျှော့ပေါ့ပေးခဲ့သလို အခုနောက်ဆုံး ဂျပန်နိုင်ငံကလည်း မြန်မာပြည်က တင်နေတဲ့ ကြွေးမြီတွေကို လျှော်ပေးတာ အပြင် ဖွံ့ဖြိုးရေးအကူအညီတွေကို ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
      (VOA)
      အငြိမ်းစားမြို့နယ်မှူးသားဖြစ်သူမှ ဥပဒေမဲ့ပြုမူခြင်း.
      Posted: 21 Apr 2012 08:44 AM PDT
      ကျိုက်ဝိုင်းဘု၇ားလမ်းနှင့်ပြည်လမ်းထောင့်တွင် ကွမ်းယာေ၇ာင်းနေသူ အမျိုးသမီးအား အငြိမ်းစားမြို့နယ်မှူး ၏သားဖြစ်သူ ဘကျော်(ခ)ဦးကျော်ဇင် ၉ မိုင်ဗိုလ်ဥာဏလမ်းတွင်နေထိုင်သူ ကားနံပါတ် လ/၈၇၅၅ ဆို သူမှ ဆိုင်ရှေ့တွင်ကား၇ပ်ပြီး ကွမ်းယာတယာပေးဟု မောက်မာစွာတောင်းပါသည်..
      ကျွန်မမှာဗိုက်ခွဲ၍ မွေးဖွားထားသော မိခင်တစ်ယောက်ဖြစ်ပါသည်..မီးဖွားထားသည်မှာ( ၃၃ ) ရက် အကြာပဲ ရှိပါသေးသည်..ထို့ ကြောင့်ကွမ်းယာအား ထ မပေးနိုင်ခဲ့ပါ..ထို့ သို့ မပေး၍ ကားပေါ်မှ ပြေးဆင်းလာပြီး ညစ်ညမ်းစွာဆဲဆို၍ ရင်ဘတ်အားဖိထားပြီး ဆံပင်ကိုဆောင့်ဆွဲ ပါးနား ပြင်းထန်စွာ ဘယ်ပြန်ညာပြန်၇ိုက် ပါသည်....ပျဉ်ချောင်းဖြင့် လက်ကို ၂ ချက် ခါးကို ၂ ချက် တင်ပါးကို ၁ ချက်၇ိုက်ပါသည်...
      အပြည့်အစုံအားပေးပို့ လာသောစာတွင် ဖတ်ရူနိုင်ပါသည်...
      Myat phone lin
      သာဓု .. သာဓု .. သာဓုပါဗျာ
      Posted: 21 Apr 2012 08:22 AM PDT
      သာဓု .. သာဓု .. သာဓုပါဗျာ
      ယခုနှစ်သင်္ကြန်တွင် ကုသိုလ်၊ ဗေလုဝ၊ မေတ္တာစသည့် သင်္ကြန်မင်းသားများသည် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးတို့တွင် "သာဓုပါဗျာ" သံချပ်အဖွဲ့ဖွဲ့စည်း၍ လိုက်လံဖျော်ဖြေတင်ဆက်ခဲ့ရာ အလှူငွေများ ရရှိခဲ့ပြီးသည့်နောက် နှစ်သစ်ကူးအချိန်ကာလတွင် လူမှုရေးအသင်းအဖွဲ့များသို့ မိမိတို့ ဖျော်ဖြေရေးမှ ရရှိ သော အလှူငွေများထဲမှ အချိုးကျ တစ်ဆင့်လှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြသည်။
      ၂၁.၄.၂၀၁၂ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ "သာဓု ပါဗျာ" သံချပ်အဖွဲ့(ကုသိုလ်၊ ဗေလုဝ၊ မေတ္တာ၊ အရိုင်း)တို့မှအလှူငွေကျပ် (၅) သိန်းနှင့် မေတ္တာ + လွင်မီမီကို (မိသားစု)မှ (၁)သိန်းကျပ်၊ မေတ္တာမြင့်မြတ်ဟိန်းနှင့် (၇) ရက်သားသမီးမှ (၃) သောင်းကျပ်၊ ငြိမ်းချမ်းနိုင်+မဇင်မာအေးနှင့် သမီးတို့မှ (၁) သောင်းကျပ်၊ မောင်ဇေယျာမင်း+မစောမြတ်မွန် ၉ခ) မအိမွန်တို့၏ မင်္ဂလာဦးအလှူအဖြစ် (၅) သောင်းကျပ်တို့အား အသီးသီးလှူဒါန်းခဲ့ကြသည်။ "သာဓုပါဗျာ" အဖွဲ့သားများအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များအား လိုက်လံရှင်းလင်းပြသခဲ့ကာ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ယင်းအလှူဒါနပွဲသို့ ပြည်တွင်းသတင်းမီဒီယာများမှလည်း လာရောက်၍ မှတ်တမ်းတင်ခဲ့ကြ သည်။
      မြန်မာနိုင်ငံတွင် သင်္ကြန်အချိန်ကာလအတွင်း သံချပ်တည်းဟူသော စကားလုံးကို မကြားမမြင်ခဲ့ ရသည်မှာ နှစ်ပေါင်းသုံးဆယ်နီးပါးခန့် ရှိခဲ့ပြီဖြစ်ရာ ယခု ၂၀၁၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ပြန်လည်၍ သံချပ်အဖွဲ့များဟူ၍ ရှင်သန်လာမှုသည် ပြည်သူ/သားများအတွက် များစွာဝမ်းသာပီတိဖြစ်ခဲ့ရပါသည်။ သံချပ်ဟူသောစကားသည် အများပြည်သူလူထုတို့၏ ဟစ်တိုင် ဆိုလျှင်လည်း မမှားချေ။ မြန်မာပြည်တွင်းရှိ ပြည်သူလူထုတို့ တွေ့ကြုံခံစားနေရသည့် အခက်အခဲ၊ အကြောင်းအရာများအား ဟစ်တိုင်သဖွယ် တီးလုံး သံစဉ်တို့ဖြင့် ပြည်သူလူထုကိုယ်စား ဖျော်ဖြေတင်ဆက်ရသော တင်ဆက်ပြသမှုတစ်ရပ်ပင် ဖြစ်သည်။
      ထို့ကြောင့် ပြည်သူလူထုကိုယ်စား ဟစ်တိုင်သဖွယ် တောင်းဆိုမှုများကို ၂၀၁၂ ခုနှစ်တွင် ပြန်လည် ၍ ထိုးဖောက်ကာ သံချပ်သမိုင်းကို ပြန်လည်ကာ ရဲရဲဝံ့ဝံ့ဦးဆောင်ဖော်ထုတ်ခဲ့သော အဖွဲ့များအနက် ယခု "သာဓုပါဗျာ" အဖွဲ့အား လှူဒါန်းမှုအစုစုနှင့် ဖျော်ဖြေမှုအစုစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ သာဓု .. သာဓု .. သာဓု ဟုခေါ်ဆိုလိုက်ပါတော့သည်။
      ကိုကျော်သူ
      You are subscribed to email updates from dawnmanhon
      To stop receiving these emails, you may unsubscribe now.
      Email delivery powered by Google
      Google Inc., 20 West Kinzie, Chicago IL USA 60610