Sunday, 29 July 2012
|
Posted: 28 Jul 2012 07:17 AM PDT
ပြည်ပဖိအားမှသည် အမျိုးသားရင်ကြားစေ့ရေးဆီသို့
ယနေ့မနက် RFAမှ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရဲ့ သတင်း တပုဒ် နားထောင်လိုက်ရသည်။ ရခိုင်ပြည်နယ် အရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာကင်တားနားကို မြန်မာအစိုးရက ဖိတ်ခေါ်တာတောင် မလုံလောက်ဆိုသည့် ပုံစံပြောဆိုသွားခဲ့သည်...။
ထိုသို့ဆိုလျှင် မစ္စတာကင်တားနား၏ လက်ရှိအခြေအနေသည် မည်သို့ဖြစ်သွားမည်နည်း..။ ထားတော့ မြန်မာပြည်ရဲ့ အရေး တိုင်းရင်းသား အရေးသည် မြန်မာပြည်သားများသာ အသိဆုံးဖြစ်သည်..။ ယခုတလော ဘင်္ဂလီရိုဟင်ဂျာ အရေးနဲ့ ...ပတ်သက်ပြီး သတင်းမှား၊ မှားယွင်းသော မီဒီယာ သတင်း အချက်အလက်များနှင့် အတူ ပြည်ပမွတ်စလင်နိုင်ငံများသို့ မဟုတ်မမှန် လှုံဆော်မှုကြောင့် အစ္စလာမ်နိုင်ငံများ၏ ဖိအားပေးမှုများနှင့် အတူ အကြမ်းဖက်အဖွဲ့အစည်း တချို့မှလည်း ခြိမ်းချောက် ထုတ်ပြန်မှုများ အစီစဉ်တကျ ထွက်ပေါ်လာခဲ့သည်..။
ရိုဟင်ဂျာ အရေး ဘင်္ဂလီအရေးနဲ့ ပတ်သက်ပြီး အမြင့်ဆုံးအနေဖြင့် သမ္မတဦးသိန်းစိန်မှ တရားဝင်ထုတ်ပြန် ခဲ့သလို၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း ဥပဒေနှင့် နှိုင်းယှဉ် ပြောဆိုခဲ့ပြီးဖြစ်သည်..။ ၈၈မျိုးဆက်မှလည်း ဦးကိုကိုကြီး၊ ကိုမြအေးတို့မှလည်း ပြောဆိုခဲ့ပြီး ဖြစ်သည်..။ ယနေ့လက်ရှိ အခြေအနေသည် ပြည်ပမှ ဖိအားများကို ကာကွယ် တားဆီးရန် အစိုးရ၊ အတိုက်အခံ ပေါင်းစည်း ကာကွယ်ရတော့မည့် အချိန်ဖြစ်သည်..။ ဖြစ်ပေါ်လာသည့် ဖိအားတခုကို အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသား ခွဲခြားမနေပဲ ပူးပေါင်း ထုတ်ပြန်ကြေငြာချက်များ ထုတ်ပြန်ကြေငြာခြင်းဖြင့် သွေးစည်းမှုကို ပြသရတော့မည့် အချိန်ဖြစ်သလို ထိုကဲ့သို့ ပူပေါင်းဆောင်ရွက်ခြင်းဖြင့် ကျွန်တော်တို့ အနှစ်နှစ်အလလက လိုလားခဲ့သော အမျိုးသား ရင်ကြားစေ့ရေးအတွက် ခြေလှမ်းတရပ်ကိုလည်း အကောင်အထည် ဖော်မိပြီး ဖြစ်ပေမည်...။
လူဦးရေ အဆမတန် များပြားသော နိုင်ငံကြီးများ ကြား၌ မြန်မာပြည်သည် နှစ်ပေါင်းထောင်ချီကာ ကြံ့ကြံ့ခံကာ ရပ်တည်ခဲ့သည်..။ အကျဉ်းထောင်အတွင်း၌ ကျဆုံးခဲ့တဲ့ ဆရာမောင်သော်က ပြောခဲ့သည့် စကားတခုရှိပါတယ်..။ ကျွန်တော်တို့ မြန်မာတွေ အုတ်ကြားမှာ မြက်ပေါက်နေသူတွေတဲ့ ... ဆရာဆိုလိုသည်မှာ ကလေကချေကို ဆိုလိုခြင်းမဟုတ်..။ ဤသို့သော လူဦးရေနှင့် ယဉ်ကျေးမှု ကာလကြာရှည်စွာ တည်ရှိခဲ့သော နိုင်ငံကြီး ၂ခုကြား၌ မြန်မာပြည်သည် အဆိုပါနိုင်ငံကြီးများ ကြား၏ သြဇာခံ ကျူးကျော်ခံ မဖြစ်ခဲ့သည်ကို ဆိုလိုခြင်းဖြစ်ကြောင်း၊ အုတ်ကြားမှာ မြက်မဟုတ်ပဲ တခြားသော အမာခံ တခုခုဖြစ်ပါက ပျောက်ကွယ်သွားဖို့ လွယ်ကူပေလိမ့်မည်..။ အုတ်ကြားမှာ ရှိနေတဲ့မြက်သည် သတ်ရခက်သည် နှုတ်ပယ်ရ ခက်သည်..။ မြန်မာပြည်သူတို့သည် အဆိုပါ အုတ်ကြားမှ မြက်ကဲ့သို့ သတ်မရ ပြုမရ ဖယ်မရပါ နိုင်ငံကြီးများကြားတွင် အမြဲရှင်သန် နေနိုင် ခဲ့သည်...။ ဆရာသော်က(ခ) ဗိုလ်မှုးဘသော်သည် အမိမြေကို ချစ်ခင်သော မွတ်စလင် ဘာသာဝင် တပ်မတော်ရေတပ် အရာရှိတဦး ဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့ရာတွင် ပါဝင်ခဲ့သည့် ခေါင်းဆောင် တဦးဖြစ်လေသည်..။
ယခုလို ပြည်ပကျူးကျော်သူ ဘင်္ဂလီများ အရေးတွင် အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသားများသာမက ပြည်တွင်းမှာ တမြေတည်းနေ တရေတည်းသောက် ဆိုးတူကောင်းဖက် အစ္စလာမ် ဘာသာဝင်များ၏ ပူးပေါင်းပါဝင်မှု အရေးဟာလည်း အင်မတန်မှ လိုအပ်ပါတယ်..။ ဆရာကြီးဦးရာဇာတ်၊ ဆရာသော်က၊ ကိုမြအေးတို့ ကဲ့သို့ မြန်မာ့နိုင်ငံရေးတွင် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသော အစ္စလာမ် ဘာသာဝင်များ အနေနဲ့ ယခုလို အခြေအနေတွင် သွေးစည်း သစ္စာစောင့်သိမှုကို ပြပြီး မိမိတို့ အစ္စလာမ် ဘာသာဝင်များ၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေငြာခြင်းဖြင့် အမြင်တိမ်းစောင်း နေမှုများကို ဖယ်ရှားပြသဖို့ အချိန်ကျရောက်နေလေပြီ။
ကျွန်တော်တို့ မြန်မာပြည်သူတွေ သွေးစည်းညီညွတ်လျှင် အင်မတန်မှ အင်မတန်အင်အားကြီးပြီး ကြောက်စရာကောင်းကြောင်း မြန်မာနိုင်ငံ သမိုင်းကို လေ့လာခဲ့သူများမှ ထုတ်ဖော် ပြောဆိုခဲ့ဘူးသည့် သာဓကများ ရှိခဲ့လေသည်...။ အချုပ်အားဖြင့် ဆိုသော် ယခုကဲ့သို့သော ပြည်ပမှ အချုပ်အခြာကို ထိပါးလာသူများနှင့် ပြင်ပမှ နိုင်ငံများ၏ ဖိအားပေးမှုများကို ကျွန်တော်တို့ အတိုက်အခံ၊ အစိုးရ၊ တိုင်းရင်းသား ခွဲခြားမနေပဲ သွေးစည်းညီညွတ်မှုကို မြို့ရွာအနှံ ပြသထုတ်ဖော်ပြီး တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို အမျိုးသားရင်ကြားစေ့ရေးကို ခြေလှမ်းတလှမ်း လှမ်းပြီး ထုတ်ဖော်ပြသဖို့ အချိန်ကျရောက်နေပြီ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ပါတယ်..။
ဒီမိုဝေယံ
|
|
Posted: 27 Jul 2012 11:06 AM PDT
မျိုးချစ်မြန်မာလူငယ်များ အဖွဲ့မှ ထုတ်ပြန်ကြေငြာချက်
ကျွန်ုပ်တို့မြန်မာမျိုးချစ် လူငယ်များသည် တိုင်းပြည်နှင့် လူမျိုးရေး အတွက် ပြတ်သားရဲရင့်စွာ ဆောင်ရွက်ခဲ့သော နိုင်ငံတော်သမ္မတကြီးကို ထောက်ခံကြောင်းနှင့် UNHCR မဟာမင်းကြီးမှ ဘင်္ဂလီရိုဟင်ဂျာများနှင့် မြန်မာပြည်သူများကို အတူငြိမ်းချမ်းစွာ လက်တွဲနေထိုင် သွားရေးဆိုသော အဆိုပြုချက်ကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်ခြင်း ကို ရန်ကုန်မြို့ UNHCR ရုံးရှေ့တွင် ပြုလုပ်သွားပါမည်။ ထိုကိစ္စနှင့်ပတ်သက် ပြီး စုဝေးတိုင်ပင်ရန် စိတ်ဝင်စားသူ မည်သူမဆို (29.7.2012) တနင်္ဂနွေနေ့တွင် ရွေတိဂုံဘုရား မြောက်ဘက်မုခ် ရှင်ဥပဂုတ္တပန်းခြံသို့ နေ့လည်(၂း၃၀)တွင် လာရောက် ဆွေးနွေးနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေး အကြောင်းကြား အပ်ပါသည်။
သုဓနု
|
|
Posted: 27 Jul 2012 10:26 AM PDT
နိုင်ငံတော် သမ္မတကြီး၏ လက်နဲ့ရေးသော အဆိုအမိန့်အား ခြေနဲ့ဖျက်နေကြတဲ့ ကြို့ပင်ကောက်မြို့မှ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တရားရုံးဝန်ထမ်းများ.. (တိုင်ကြားစာ)
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ရွာမတောင်ရပ်ကွက် က၀ိမင်္ဂလာ လမ်းထိပ်ရှိ ရေကန်တွင် ၂၅.၇.၂၀၁၂နေ့ နေ့လည် ၂နာရီခန့် အချိန်က မောင်ဥာဏ်မျိုးအောင်၊ မောင်သံချောင်းနှင့် မောင်မင်းမင်းတို့ လူငယ်သုံးဦး အပျော်တမ်း ငါးမျှားနေစဉ် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲများမှ လာရောက် ဖမ်းဆီးပြီး မူးယစ်ယမ်းကား ဥပဒေပုဒ်မ(၄၇)ဖြင့် မတရား တရားရုံး တင်ခံလိုက်ရပါသည်။ ထိုလူငယ်သုံးဦးမှာ အရက်သေစာ သောက်စားထားခြင်းလည်း မရှိပါဘဲ မတရားစွာ ရုံးတင် ခံလိုက်ရပါသည်။
တရားရုံးအမှတ်(၃)မှလည်း ထိုလူငယ်သုံးဦးအား လာဘ်ငွေ တစ်ယောက်လျှင် တစ်သောင်း တောင်းသော်လည်း ၃ယောက် ကိုးထောင်ဖြင့် ပြေလည်သွားပြီး အမှုကိုမူ မူးယစ်ယမ်းကား ဥပဒေပုဒ်မ(၄၇)ဖြင့် သတ်မှတ်ပြီး ဒဏ်ငွေ ကျပ်၅၀၀နှင့် မြက်နှုတ်ခိုင်း ခဲ့ပါသည်။
တရားဥပဒေအား အလွှဲသုံးစား ပြုမူနေကြသော မြို့နယ် ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအပေါ် မတရားစွာ အနိုင်ကျင့်လျက် ရှိနေသည်မှာ ကြာပြီဖြစ်ပါသည်။ အမှုလိုနေ၍ မဟုတ်သော်လည်း ပုဒ်မအတင်း တပ်လိုက်ကြပါသည်။ နိုင်ငံတော် သမ္မတကြီး၏ "Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government(သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် အထက်ပါ အောက်ခြေမှ ပြည်သူလူထုအပေါ် မတရား အနိုင်ကျင့်နေသည့် အာဏာပိုင်များ၏ လုပ်ရပ်များသည် သမ္မတကြီး၏ လက်နဲ့ ရေးသားချက်အား ခြေနဲ့ ဖျက်နေသလို အကျည်းတန် အရုပ်ဆိုးလှပါတယ်..။ ထို့ကြောင့် တရားဥပဒေအား အလွဲသုံးစားပြု၍ ပြည်သူလူထုအား မတရားပြုမူ နေကြသော ရဲတပ်ဖွဲ့ဝင်များနှင့် တရားရုံးမှ တာဝန်ရှိသူများအား နိုင်ငံတော် သမ္မတကြီးမှ သိရှိပြီး ထိရောက်ပြင်းထန်စွာ အရေးယူ ပေးနိုင်ပါရန် ဤသတင်းဋ္ဌာနမှ တစ်ဆင့် ရင်ဖွင့်တင်ပြလိုက်ရပါသည် ခင်ဗျား။
မတရားမှုကို ပပျောက်စေလိုသူ မြို့ခံတစ်ဦး
|
| You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
|
ကမ္ဘာကျော်အတိုက်
Posted: 27 Jul 2012 11:24 PM PDT
ခွက်ခွက်လန်အောင် အရှုံးကိုခုသာခံသာဖြစ်စေမယ့် ၉၀ ရွေးကောက်ပွဲနဲ့  ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာကျင့်သုံးခဲ့တဲ့ ရွေးကောက်ပွဲစနစ် Majority System ကို ProportionalRepresentation System (PR စနစ်)နဲ့ အစားထိုးဖို့  လှုံ့ ဆော်သွေးထိုးလာရပါတော့ တယ်။ ဒီနေရာမှာ အာဏာရပါတီဘက်က ဒီစနစ်ကို ကျင့်သုံးဖို့ တင်ပြလာမှုမျိုး လူထုအမြင်မှာအထင်မခံရလေအောင်အခြားဒီမိုကရေစီဘက်တော် သားပါတီတွေရဲ့  အကြံပြုချက်ပုံစံမျိုးပေါက်အောင် ရည်ရွယ်လုပ်ဆောင်လာပြီဖြစ်ပါတယ်။ ဦးတင်အေးဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြ။ အခြေခံဥပဒေခုံရုံးရဲ့  စိစစ်မှုကို ခံယူ၊ ပြည်ထောင်စုလွှတ်တော်သို့  ဥပဒေကြောင်းအရ အဆုံးအဖြတ် နာယူပြီး ကော်မရှင်မှလိုအပ်သလို စီစဉ်ဆောင်ရွက်ဖို့  ကြိတ်ပုန်းခုတ်နေကြပါပြီ။proportional representation ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေးသတင်း ကို http://www.bbc.co.uk/burmese/burma/2012/07/120724_uthuwei.shtml ၂၀၁၀ ပါတီစုံရွေးကောက်ပွဲကြီးဟာ အာဏာရှင်ဗိုလ်သန်းရွှေ စစ်အုပ်စုစိတ်ကြိုက် ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအောက်မှာ စနစ်တကျပြင်ဆင်၊ ရေပက်မ၀င်အောင် အခုအခံ လက်နက်မျိုးစုံ ထုတ်သုံးပြီးပိုင်ပြီဆိုမှ ထကြဲ လေတဲ့ ဒီမိုကရေစီ ခေါင်းပါးတဲ့ ပြိုင်ပွဲဖြစ်ပေမယ့်နောက်ဆုံးအချိန်အထိ မတရားတဲ့ အောက်လမ်းနည်း ရှိရှိသမျှကိုစစ်အာဏာပိုင်တွေ ကျောထောက်နောက်ခံပြုလို့  နိုင်ငံတော်အာဏာကိုအရှက်မဲ့မဲ့ အနိုင်ကျင့်သိမ်းပိုက်ခဲ့တယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အထက်လွှတ်တော်၊အောက်လွှတ်တော်ထဲမှာအလိုအလျောက်စစ်အမတ်တစ်မတ်သားမျက်နှာပြောင်တိုက်ဝင်ထိုင်ခွင့်ရနေရုံ အပြင် စစ်တပ်ပါတီကြံ့ဖွံ့  အနေနဲ့ လည်း လွှတ်တော်နှစ်ရပ်လုံးမှာ နေရာအများစု အုပ်စီးထားနိုင်တဲ့ရလဒ် ထွက်ကိုထွက်မှဖြစ်မယ်၊ အခြား ဘာအဖြေမှ ပေါ်မလာစေရ ဆိုတဲ့ပေါ် လစီကို ချမှတ်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါမှသာ နောင် (၅) လုံးလုံးပြည်ထောင်စုလွှတ်တော်ကို စစ်ဒဿန အခြေပြု အမတ်တွေချည်းမောင်ပိုင်စီး သိမ်းပိုက်ချုပ်ကိုင်လို့  ခေတ်အဆက်ဆက်က အာဏာရှင်တွေရဲ့ အကျိုးစီးပွားကို ခုခံကာကွယ်နိုင် မယ့် ဥပဒေတွေကို လိုအပ်သလို ရေးဆွဲ၊ပယ်ချခြင်းတွေ ကို စိမ်ပြေနပြေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ စစ်အုပ်စုအနေနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီကိုအလိုမရှိသေးတဲ့အချိန်၂၀၁၀ရွေးကောက်ပွဲမှာဖယ်ကျဉ်ထားနိုင်ခဲ့ပေ မယ့်ဦးသိန်းစိန်ဦးဆောင် တဲ့အရပ်သားအရေခြုံစစ်တစ်ပိုင်းအစိုးရဟာသူတို့ အပေါ်နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းတွေ၊ အမေရိကန်အစိုးရရဲ့  အသိအမှတ်ပြုမှုကို အရေး တကြီး လိုအပ်လာတဲ့အတွက် ဒေါ်စုနဲ့ သူ့ ပါတီကို နေပြည်တော်နိုင်ငံရေးထဲ မဖြစ်မနေ ဆွဲသွင်းခေါ်ယူဖို့  နည်းဗျူဟာမြောက်လက်ကမ်းလာရပါတော့တယ်။ တစောင်းနဲ့ မျက်ချေးဖြစ်ခဲ့ကြတဲ့သူတွေဟာဗိုလ်ချုပ်အောင်ဆန်းပုံ နောက်ခံပြု ဓာတ်ပုံတွဲရိုက်ကြအပြီး ပြည်သူတွေ ဘာမှန်းမ သိကြရတဲ့ "ယုံကြည်ပါတယ်၊ တူတာတွဲလုပ်ကြပါစို့ " ဆိုတဲ့ လေတစ်လုံးမိုးတစ်လုံးသံတွေ ဆူညံကာ ဒေါ်စု ကိုယ်တိုင်လည်းကော့မှူးအမတ်အဖြစ် ပြည်သူ့ လွှတ်တော်ရဲ့  ထိုင်ခုံတစ်လုံးပေါ် ရောက်ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နီးပါဒေါ်စုပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့အပေါ် စစ်တစ်ပိုင်းအစိုးရဘက် ကခေါင်းနပန်းကြီး အောင့်သီးအောင့်သက်ဖြစ်ခဲ့တဲ့အခါ လာမယ့် ၂၀၁၅ရွေးကောက်ပွဲအတွက် စီမံကိန်းချ အကြံဥာဏ်ထုတ်ရပါတော့တယ်။ လူထုစိန်ဝင်း ဝေဖန်သလို NLD ဟာ အာဏာရနဲ့  မောင်နှမပါတီတွေအဖြစ်သမုတ်ခံရပေမယ့် မြန်မာပြည်သူတွေရဲ့  လူကိုခင်မှ မူကိုမင်နိုင်မယ် ဆိုတဲ့အလေ့အထ အစွဲအလမ်းကို သဘောပေါက်မိတဲ့ ကြံ့ဖွံ့ အစိုးရဟာ လာမယ့် ရွေးကောက်ပွဲတွေမှာလည်း ဒေါ်စုကို ဘယ်လိုမှ လူလိုသူလို ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်စွမ်းမရှိမှန်း ဆ၀ါးမိတဲ့အခါ ခွက်ခွက် လန်အောင် အရှုံးကိုခုသာခံ သာဖြစ်စေမယ့် ၉၀ ရွေးကောက်ပွဲနဲ့  ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျင့်သုံးခဲ့တဲ့ ရွေးကောက်ပွဲစနစ် Majority System ကို ProportionalRepresentation System (PR စနစ်)နဲ့ အစားထိုးဖို့  လှုံ့ ဆော်သွေးထိုးလာ ရပါတော့တယ်။ ဒီနေရာမှာ အာဏာရပါတီဘက်က ဒီစနစ်ကို ကျင့်သုံးဖို့ တင်ပြလာမှုမျိုး လူထုအမြင်မှာ အထင်မခံရလေအောင် အခြား ဒီမိုကရေစီဘက်တော်သားပါ တီတွေရဲ့  အကြံပြုချက်ပုံစံမျိုးပေါက်အောင် ရည်ရွယ်လုပ်ဆောင်လာပြီဖြစ်ပါတယ်။ ဦးတင်အေး ဦးဆောင်တဲ့ ရွေးကောက် ပွဲကော်မရှင်ကို တင်ပြ။ အခြေခံဥပဒေခုံရုံးရဲ့  စိစစ်မှုကို ခံယူ၊ ပြည်ထောင်စု လွှတ်တော်သို့  ဥပဒေကြောင်းအရ အဆုံးအဖြတ် နာယူပြီး ကော်မရှင်မှလိုအပ်သလို စီစဉ်ဆောင်ရွက်ဖို့  ကြိတ်ပုန်းခုတ်နေကြ ပါပြီ။ ဒါဟာဒေါ်စုနဲ့  NLD ဘက်က အစိုးရနဲ့ ဘယ်လိုဘဲ ပူးပေါင်းဆောင်ရွက်စမ်းပါစေနောက်ဆုံး အညံ့ခံတဲ့အထိ ဖြစ်လာပါစေဦး၊ ကြံ့ဖွံ့ ပါတီဘက်က အာသာပြေကျေနပ်တင်းတိမ်နေမှာ မဟုတ်ဘဲကမ္ဘာကျော်အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD ကို မြန်မာ့နိုင်ငံရေးရှေ့ ခရီးမှာ ၂၀၀၈ ဥပဒေတွင်း ရှိနေသမျှတုတ်တုတ်မှ မလှုပ်နိုင်အောင် ထိန်းချုပ်ဖို့  ကြိုးစား လာနေခြင်းဖြစ်တယ်လို့ သုံး သပ်မိပါတယ်။ (PR စနစ်နှင့် အခြား ရွေးကောက်ပွဲစနစ်များအကြောင်း လေ့လာကြပါရန်) Aung myo tun |
|
Posted: 27 Jul 2012 10:37 PM PDT
|
|
Posted: 27 Jul 2012 08:58 PM PDT
Myanmar's flagbearer Zaw Win Thet (C) leads his delegation during the opening ceremony of the London 2012 Olympic
Games on July 27, 2012 at the Olympic Stadium in London. AFP PHOTO / GABRIEL BOUYS AFP london2012.com Photo...london2012.com ဓာတ်ပုံ(၁၄၀)ကျော် စုပေါင်းတင်ပြလိုက်ပါတယ်... |
|
က ဘုရင်မကြီးကို
Posted: 27 Jul 2012 07:27 PM PDT
လန်ဒန်မြို့၂ဝ၁၂ အိုလံပစ် အားကစား ပွဲတော်ကို ဗြိတိသျှ ဘုရင်မကြီး အဲလစ်ဇဘတ် Queen Elizabeth ကိုယ်တိုင် တရားဝင် ဖွင့်လှစ် ပေးလိုက်ပါပြီ။ ဆက်စပ်အကြောင်းအရာများအားကစားအခု ကျင်းပမယ့် အိုလံပစ် ပွဲတော်မှာ ပါဝင် ယှဉ်ပြိုင်တဲ့ နိုင်ငံအသင်းတိုင်းမှာ အမျိုးသမီး အားကစား သမားတွေ ထည့်သွင်း ပါဝင်လာတာ ဒါဟာ ပထမဆုံး အကြိမ်ဘဲလို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဌ Jacques Rogge က မှတ်ချက် ချပါတယ်။နိုင်ငံ အသီးသီး က ပါဝင်ယှဉ်ပြိုင် ကြမယ့် အားကစား သမားတွေ အားလုံး ကွင်းထဲမှာ တန်းစီ ချီတက်ကြရာမှာ မြန်မာအသင်း အားကစား သမားတွေလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီပွဲရဲ့ အခင်းအကျင်း ပြင်ဆင်မှုတွေကိုတော့ နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ ဒန်နီ ဘွိုင်းက တာဝန်ယူ ဖန်တီးတာ ဖြစ်ပါတယ်။ အားကစားကွင်း အလယ်မှာ ဗြိတိန်နိုင်ငံရဲ့ ရှေးခေတ် ကျေးလက် ပုံသဏ္ဍန်ကို ဖန်တီး ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် အားကစား ကွင်းလယ်မှာ မြေအောက်ကနေ မီးခိုခေါင်းတိုင်ကြီးတွေ ထွက်လာပါတယ်။ မီးခိုးခေါင်းတိုင်ကြီးတွေဟာ တဖြည်းဖြည်းနဲ့ ဝါးဆယ်ပြန်လောက် မြင့်တက် သွားပါတယ်။ မီးခိုးခေါင်းတိုင် ထိပ်က နေ မီးခိုးတွေလည်း တလူလူ ထွက်လာတာ တွေ့ကြရပါ တယ်။မီးခိုးတွေထွက်လာတာ တွေ့ရရုံသာမက ပွဲကြည့်ပရိသတ်တွေကို မီးခိုးနံ့ပါ ရအောင် စီစဉ်ထားတဲ့ အတွက် တကယ့် မီးခိုးခေါင်းတိုင်ကြီးတွေလို့ ခံစားကြရအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီနောက် သံမဏိ စက်ရုံ ကြီးတွေ သဏ္ဍန်ပေါ်ထွက်လာပြီး စက်ရုံထဲကနေ သံရည်ပူရဲရဲတွေ စီးကျလာပုံကို လည်း ပေါ်လွင်အောင် ပြသသွားပါတယ်။ ဗြိတိသျှ လူမျိုးတွေ ဂုဏ်ယူကြတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ဖော်ညွှန်းတဲ့ အနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ကလေးငယ်တွေနဲ့သရုပ်ဖော်ပြသ သွားပါတယ်။ နာမည်ကြီး ဗြိတိသျှ ဇာတ်ကောင် ဂျိမ်းစ်ဘွန်းက ဘုရင်မကြီးကို စောင့်ရှောက်ပြီး ရဟတ်ယာဉ် ခေါ်ဆောင်လာဟန်ကိုလည်း ရုပ်ရှင်ဆန်ဆန် ထည့်သွင်း ပြသသွားပါတယ်။ဗြိတိသျှ နာမည်ကျော် လူရွှင်တော် မစ္စတာ ဘီးန် ကိုလည်း ပါဝင် သရုပ်ဆောင်စေခဲ့ပါတယ်။ဟယ်ရီပေါ်တာ စာရေး ဆရာ ဂျေကေ ရိုးလင်းရဲ့ မှော်ဇာတ်ကောင်တွေကိုလည်း ထည့်သွင်း ပြသသွားပါတယ်။ဒီပွဲဟာ ခန်းနားကြီးကျယ်ရုံသာမက ဗြိတိသျှ သမိုင်းနဲ့ ယဉ်ကျေးမှုကိုပါ ဖော်ပြထားတာ ဖြစ်တယ်လို့ ဒါရိုက်တာ ဒန်နီ ဘွိုင်း ကဆိုပါတယ်။ (ဘီဘီစီ) |
|
Posted: 27 Jul 2012 10:08 AM PDT
အကျယ်ဖတ်ရန် ဒီနေရာ ကို နှိပ်ပါ.. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အပတ်စဉ်ထုတ်ဝေနေတဲ့ ဒီလှိုင်း စာစောင်ပါ NLD နာယကအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်ရေးသားတဲ့ဆောင်းပါးတစ်ပုဒ်နဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ကို ဒီကနေ့ ခေါ်ယူသတိပေးခဲ့ပါတယ်။ Ref..Rfa |
|
မှတ်တမ်းရုပ်ရှင် တစ်ခု
Posted: 27 Jul 2012 08:53 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနှလုံးသား၊ မြန်မာခံစားမှုကို အဓိက ချဉ်းကပ်ထားသော မှတ်တမ်း ရုပ်ရှင်တစ်ခုကို ဇူလိုင် ၂၁ ရက် က စတင်ရိုက်ကူးခဲ့ကြောင်း မြန်မာ အင်ဒီပဲန်ဒင့်သို့ ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ပြောကြားခဲ့သည်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား ဒေါ်အောင်ဆန်းစုကြည်၏ အခြားအောင်မြင်မှုများ၊ လှုပ်ရှားမှုများ ကို အဘယ်ကြောင့် အဓိကထား ရိုက်ကူးမှုမပြုခြင်းနှင့် ပတ်သက်၍ မြန်မာအင်ဒီပဲန်ဒင့်မှ မေးမြန်းရာ "အမေစုရဲ့ အောင်မြင်မှုတွေက တစ်ကမ္ဘာလုံးသိတယ်လေ၊ အဲဒီတော့ တစ်ကမ္ဘာ လုံးကမသိသေးတဲ့ သူရဲ့နှလုံးသား၊ သူ့ရဲ့စိတ်ကူး၊ သူ့ရဲ့ မြန်မာနှလုံးသား၊ သူ့ရဲ့ မြန်မာခံစားမှုကို အခြေခံတဲ့ အဓိက ချဉ်းကပ်တဲ့ မှတ်တမ်းရုပ်ရှင် ပေါ့နော်။ ပြီးတော့ အမေစုရဲ့ နှလုံးသား အတွင်းဆုံး အနက်ဆုံးမှာ ရှိနေတဲ့အရာကို တူးဆွကြည့်ဖို့ ကြိုးစားမှာပေါ့၊ ဒီမှတ်တမ်းရုပ်ရှင်နဲ့" ဟု ပြန်လည်ဖြေကြား ခဲ့သည်။ အဆိုပါ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်း စုကြည်အား သွားရောက် တွေ့ဆုံဖြစ်ခဲ့ပုံနှင့် ပတ်သက်၍လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီး က "အမေစု လွတ်လာတဲ့ အချိန်က တစ်ခါ တွေ့တယ်။ နောက်ပြီး ကိုလံဘီယာ ကဗျာပွဲတော် အတွက် အမေစုဆီက ကဗျာသွားတောင်းတုန်းက တစ်ခါတွေ့ တယ်။ တတိယအကြိမ် တွေ့တာက အဲဒီကဗျာပွဲတော်က အတွေ့အကြုံတွေကို ပြောပြရင်းနဲ့ ဒီမှတ်တမ်းရုပ်ရှင် ရိုက်ချင်တဲ့ အကြောင်း ပြောဖြစ်တာ၊ အဲဒီမှာ အမေစုက ဘယ်လိုရိုက်မှာလဲ မေးတယ်၊ အဲဒီတော့ ဘယ်လို ရိုက်မလဲဆိုတာ ပြင်ဆင်တာပေါ့။ အဲဒီအချိန်ကတည်းက ရိုက်ခွင့်ပြုခဲ့တာ အခုရိုက်ဖြစ်တဲ့အချိန်က ခွင့်ပြုပြီး ၁နှစ်လောက်ကြာမှ ရိုက်ဖြစ်တာ"ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားသည်။ ဒေါ်အောင်ဆန်းစုကြည် မှတ်တမ်း ရုပ်ရှင်အတွက် ကြိုတင်ပြင်ဆင်ခဲ့မှု အပိုင်းနှင့်ပတ်သက်၍လည်း ""အမေစု အော်စလိုကို သွားတုန်းကလည်း လိုက်ပြီး မှတ်တမ်းရိုက်တယ်၊ ကိုယ်မမီလိုက်တဲ့ သူ့အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တွေ၊ စတေဓာတ်ပုံတွေ၊ Movie တွေကတော့ ထပ်ပြီး ရှာရဦးမယ်"ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန် အခြားပုဂ္ဂိုလ် အများအပြား ရှိသည့်အနက် ဒေါ်အောင်ဆန်းစုကြည် အား အ ဘယ်ကြောင့် ရွေးချယ်ရခြင်း နှင့်ပတ်သက်၍လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက "ဒီမှတ်တမ်း ရုပ်ရှင်ရိုက်မယ်လို့ စိတ်ကူးမိချိန်မှာ အမေစု တစ်ယောက်ပဲ လွတ်မြောက်သေးတယ်။ အခြားသူတွေ မလွတ် မြောက်သေးဘူး၊ ပြီးတော့ ကမ္ဘာမှာ မြန်မာနိုင်ငံအတွက် အမေစုက icon တစ်ခုဖြစ်နေတယ်ဆိုတော့ အဲဒါကို ကိုယ့်မှာရှိတဲ့ အနုပညာနဲ့ မှတ်တမ်းတစ်ခု တင်မှဖြစ်လိမ့်မယ်လို့ ခံစားချက်လည်း ရှိလို့ပါ"ဟု ပြန်လည်ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်အကြောင်း ရိုက်ကူးထားသော The Ladies ရုပ်ရှင်ကားနှင့် ယခုရိုက်ကူးသည့် မှတ်တမ်းရုပ်ရှင်တို့ နှစ်ခုကွာခြားမှု အခြေအနေနှင့် ပတ်သက်၍လည်း " The Ladies က ကျတော့ Features ပေါ့။ ဖန်တီးတဲ့ပုဂ္ဂိုလ်က ဖန်တီးချင်သလို ဖန်တီးခွင့်ရှိတယ်။ မှတ်တမ်းရုပ်ရှင် ဆိုတာကကျတော့ တကယ့် အဖြစ်အပျက်၊ တကယ့်ဘဝတွေကို အခြေခံထားရတယ်။ ဒါပေမယ့် ကိုယ်ရိုက်တဲ့ မှတ်တမ်းရုပ်ရှင်မှာကျတော့ အချက်အလက် တွေကို အခြေခံ ထားတာ မဟုတ်ဘဲနဲ့ သူ့ရဲ့ခံစားမှုတွေကို အခြေခံတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်မှာပါ"ဟု ပြောကြားသည်။ အဆိုပါ မှတ်တမ်းရုပ်ရှင်ကို အချိန် ၁ နှစ်ခွဲ၊ ၂နှစ်ခန့်ယူ၍ ရိုက်ကူးရမည်ဟု သိရသည်။ ဒေါ်အောင်ဆန်း စုကြည်၏ အချိန်ပေးနိုင် မှုအပေါ် မူတည်၍ ရိုက်ကူး သွားမည်ဟု သိရသည်။ ပရိသတ်ထံသို့ မည်သည့်အချိန်တွင် ပြသနိုင်ပြီး မည်သည့် ခံစားမှုများ ကြည့်ရှုသူ ပရိသတ်က ရရှိနိုင်ကြောင်းကိုလည်း မေးမြန်းရာ "ဘယ်အချိန်ပြီးမယ်လို့တော့ မပြောနိုင်သေးဘူး။ ပရိသတ် ဘာရသွားမလဲ ဆိုတာထက် ကိုယ်ချစ်ခင်လေးစားရတဲ့ မြန်မာနိုင်ငံ အတွက် အင်မတန်ကို တန်ဖိုးရှိတဲ့ လူသားတစ်ယောက် ရဲ့ခံစားမှုတွေကို တတ်နိုင်သလောက် ကြိုးစားပြီး မှတ်တမ်းတင် ကြည့်ချင်တာပါ"ဟု ပြန်လည် ဖြေကြားခဲ့သည်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂ဝဝ၆ ခုနှစ်က ပထမဦးဆုံး မှတ်တမ်းရုပ်ရှင်အဖြစ် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် နယ်၊ နန့်စွယ်ရွာရှိ ကယန်း(ပဒေါင်) လူမျိုး အကြောင်း ရိုက်ကူးထားသော HUMAN ZOO မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ ဒုတိယမြောက် မှတ်တမ်းရုပ်ရှင် အဖြစ် အင်းသီး(The Floating Tomatoes) မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ အဆိုပါ အင်းသီးမှတ်တမ်း ရုပ်ရှင် သည် ဗီယက်နမ်နိုင်ငံတွင်ကျင်းပသော အာဆီယံ ရုပ်ရှင်ပွဲတော်၌ အာဆီယံ ၁ဝ နိုင်ငံမှ မှတ်တမ်းရုပ်ရှင် ၁၇၈ ကားအနက် ဒုတိယဆု ရရှိခဲ့သည်။ www.myanmarij.com |
| You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
Saturday, 28 July 2012
ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၆)
တင်မိုး
ဇူလိုင် ၂၈၊ ၂၀၁၂

၁။
နေ့စဉ်နဲ့အမျှ ကမ္ဘာကြီးက မီးလျှံထနေတယ်။ စီအန်အန်၊ ဘီဘီစီ စတဲ့ သတင်းဌာန တီဗွီတွေကို မကြည့်ချင် မြင်ပါလျက်သား မီးတောက်တွေတဖွားဖွား။
တိုင်းပြည်နယ်နိမိတ်လုကြ၊ ပြည်သူလူထုနဲ့ အာဏာရှင်တွေ စစ်ခင်းကြ၊ ရောဂါထူ ငတ်မွတ် စတဲ့ ကပ်ရောဂါတွေနဲ့ နပန်းလုံးရနဲ့ ဒုက္ခတွေ ပင်လယ်ဝေနေပါတော့တယ်။
အဲဒီဒုက္ခအပေါင်းတွေထဲမှာ မဖြစ်သင့် မဖြစ်ထိုက်ပါဘဲနဲ့ ဖြစ်ရတဲ့ဒုက္ခကတော့ ဘာသာရေးအယူသည်းမှုကြောင့် အစွန်းတဖက်ရောက်ပြီး အကြမ်းဖက်ဝါဒတွေ ပေါ်ပေါက်လာခြင်းပါပဲ။ ဘယ်နေရာ၊ ဘယ်စခန်းမှာ အသေခံဗုံးခွဲသမားတွေရဲ့ လက်ချက်နဲ့ အသက်ပေါင်းဘယ်လောက်သေကြမလဲ။ ကမ္ဘာကြီးဟာ ရင်တမမ။
ဘာသာတရားကို လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားတဲ့အတွက် ကိုယ့်ဘုရား၊ သူ့ဘုရား အငြင်းပွားစရာ မလိုပါဘူး။ ကိုးကွယ်မှုနဲ့ ပတ်သက်ရင်လဲ အငြင်းမပွားကောင်းပါဘူး။ ကမ္ဘာပေါ်ရှိ ဘာသာတရားတိုင်းဟာ ငြိမ်းချမ်းရေစင်လောင်း၊ မေတ္တာရေစင် ပက်ဖျန်းကြတာချည်းပါပဲ။ ဘယ်ဘုရားကမှ သတ်ပွဲ ဖြတ်ပွဲ သွေးရဲရဲကို လိုလားကြမယ် မထင်ပါဘူး။ ဒီလိုအတွေးတစ ၀င်လာတာနဲ့ ဒီ “ဘုရားရှိခိုး” ဆိုတဲ့ ကဗျာကလေးတပိုဒ် ရေးစပ်လိုက်မိပါတယ်။
(၂)
“ဘုရားရှိခိုး”
ငါ့ဘုရားမှ ငါ့ဘုရား
ငါ့တရားမှ ငါ့တရားဟူ၍
ကျဉ်းမြောင်းသောစိတ်ထားနှင့်
ဘုရားရှိမခိုး။
ငါ့ဘာသာကမှ သမ္မာဒိဋ္ဌိ
တခြားဘာသာများက မိစ္ဆာဒိဋ္ဌိ
အမှန်မသိ အမှန်မမြင်ဟူ၍
အမြင်မကောင်း
အမြင်စောင်းနှင့် ဘုရားရှိမခိုး။
ငါ့အယူမှ အမှန်
သူအယူက မမှန်
င့ါအရဟံမှ အရဟံ
ငါ့အလံမှ အလံ
ငါ့ဗုဒ္ဓံကမှ အဟုတ်ဟူ၍
ကျွန်ုပ်ရှိမခိုး။
ဘာသာတရားတိုင်း
လေးစားရိုသေထိုက်သည်သာ။
အမိုက်မှောင်ကိုခွင်း၍
အလင်းဆောင်နိုင်စေသည်သာ။
ရိုင်းစိုင်းမှုကိုဆေး၍
ယဉ်ကျေးလိမ္မာစေသည်သာ။
ရက်စက်မှုကို စွန့်ပယ်၍
သနားလွယ်သော ကရုဏာနှင့်
မေတ္တာတရား မွေးမြူစေသည်သာ။
ဘာသာတရားမှန်သမျှ
လူ့လောက၏အလှဆုံး
အဆင်တန်ဆာ
အလင်္ကာဂုဏ်မြောက်သည့်
မြကျောက်ပွင့်ပမာ။
သိမ်မွေ့မှု၊ နူးညံ့မှု
နက်နဲမှု၊ လက်တွဲမှုတို့နှင့်
လူ့အကျိုးငှာ၊ ပွင့်၍လာသည်ဟု
ငါယုံကြည်လျက်
ဘာသာတရား၏ဂုဏ်ရည်ကိုရည်စူးကာ
ဦးချရှိခိုးပါ၏ သုံးပါးသောရတနာ။
အဲဒီလို အမုန်းတရားနဲ့ကင်း၊ နှလုံးသားနဲ့ရင်းရတဲ့ ဘာသာတရားအားလုံးကို လေးလေးစားစား ကြည်ကြည်ညိုညို ရိုရိုသေသေ ရှိခိုးတဲ့ ကဗျာရေးမိပါတယ်။ ဘယ့်နဲ့ ဘာသာတရားက လူသားကို ဘာလို့ဒုက္ခပေးရမှာလဲ။
(၃)
အများအားဖြင့် အယူသည်းတယ်ဆိုတာ ကောင်းကျိုးမပေးတတ်ပါ။ စိတ်နေစိတ်ထား ကျယ်ပြန့်မှုကို အတားအဆီး ပြုတတ်ပါတယ်။
“ဘာသာရေးက၊ စစ်သွေးကြွ
မာနခက်ထန်၊ ဥပါဒါန်
ခိုက်ရန်လိုလား၊ ဒေါမာန်ပွားသတဲ့ ..။
ကိုယ့်ဘုရားမှ ကိုယ့်ဘုရား
သူများဘုရား၊ အကုန်မှား
ယုံစားသောသူ၊ တို့ရန်သူတဲ့ …။
စစ်ပွဲခင်းမလား၊ သတ်ပွဲကျင်းမလား
သွေးခြင်းခြင်းနီ၊ အလောင်းစီပစေ
မထီလေးစား၊ သင်တို့အား
ဘုရားမတူ တို့ရန်သူတဲ့ ..”
ဒီလိုအပြုအမူ၊ အပြောအဆို၊ အတွေးအကြံတွေမှန်သမျှ တဖက်သတ် တံခါးပိတ်ထားတဲ့ အမူအရာ ဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့လမ်း လျှောက်လှမ်းသူသာ ဖြစ်ပါတယ်။ မိမိလဲသေ၊ တပါးသူတွေလဲ သေစေတဲ့ မရဏလမ်းသွား ဘ၀ရမ်းကားသူသာ ဖြစ်ပါတယ်။
“ဘာသာရေးက၊ မာန်နှိမ့်ချ
လောကပြတင်း၊ လူ့အလင်း။
ကိုယ်ကွယ်ဘုရား၊ မတူငြားလည်း
လူသားချင်းချင်း၊ ချစ်ခင်ရင်း
ညီအကိုရင်း နှမချင်း
ငါတို့သွေးရင်း၊ ဆွေသားချင်း။
ဘုရားမတူ၊ စကားမတူ
အသားမတူ
လူသားအချင်းချင်း၊ ကူရိုင်းပင်း
ယဉ်ကျေးလိမ္မာခြင်း။”
လို့လဲ ကဗျာကို ဆက်လက်ဖွဲ့ဆိုမိပါတယ်။ လူသားဟာ ယဉ်ကျေးမှုအဆင့်မြင့်တဲ့ခေတ်ဆီသို့ တိုးတက်ရောက်ရှိလာပါရက်နဲ့ ဘာလို့ အောက်ပြန်ဆင်းတော့မှာလဲ။ ခေတ်နောက်ပြန်ဆွဲရာ ရောက်ပါတယ်။
လူသားအဖို့ အကောင်းဆုံးရရှိတဲ့လက်ဆောင်က “ဘုရား” ပါ။ ကိုးကွယ်ရာဘုရားတဆူရရှိလာတဲ့လူသားအဖို့ ဆင်ကန်းတောတိုး အကျိုးမမြင်တဲ့လမ်းစဉ်ကို မလိုက်သင့်တော့ပါဘူး။ မိမိတို့ရဲ့ လောဘ ဒေါသ၊ အာဃာတ မာနနဲ့ မောဟတွေအတွက် ဘုရားရဲ့မြင့်မြတ်တဲ့ဂုဏ်ကို ထိခိုက်မှာ စိုးရိမ်သင့်ပါတယ်။
ကမ္ဘာအရပ်ရပ်မှာ သွေးငတ်သွေးဆာနေတဲ့ နတ်မိစ္ဆာတွေ ရှိတတ်ပါတယ်။ သူတို့ဟာ ယုံကြည်ကိုးစားသူတို့ကို လှည့်ဖြားပြီး ဘုရားရဲ့ဂုဏ်တော်ကို ဖျက်ဆီးတတ်ပါတယ်။ သတိရှိရှိ ဆင်ခြင်ကြည့်နိုင်မှ အကြမ်းဖက်သမားဘ၀ လွတ်မြောက်ကြမှာပါ။
ကမ္ဘာ့လူသားတွေရဲ့ နှလုံးခုန်သံဟာ မူမှန်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။ ။
ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၂၇)၊ ဒီဇင်ဘာ၂၀၀၃
(မိုးမခမှကူးယူဖေါ်ပြပါသည်)
တင်မိုး
ဇူလိုင် ၂၈၊ ၂၀၁၂

၁။
နေ့စဉ်နဲ့အမျှ ကမ္ဘာကြီးက မီးလျှံထနေတယ်။ စီအန်အန်၊ ဘီဘီစီ စတဲ့ သတင်းဌာန တီဗွီတွေကို မကြည့်ချင် မြင်ပါလျက်သား မီးတောက်တွေတဖွားဖွား။
တိုင်းပြည်နယ်နိမိတ်လုကြ၊ ပြည်သူလူထုနဲ့ အာဏာရှင်တွေ စစ်ခင်းကြ၊ ရောဂါထူ ငတ်မွတ် စတဲ့ ကပ်ရောဂါတွေနဲ့ နပန်းလုံးရနဲ့ ဒုက္ခတွေ ပင်လယ်ဝေနေပါတော့တယ်။
အဲဒီဒုက္ခအပေါင်းတွေထဲမှာ မဖြစ်သင့် မဖြစ်ထိုက်ပါဘဲနဲ့ ဖြစ်ရတဲ့ဒုက္ခကတော့ ဘာသာရေးအယူသည်းမှုကြောင့် အစွန်းတဖက်ရောက်ပြီး အကြမ်းဖက်ဝါဒတွေ ပေါ်ပေါက်လာခြင်းပါပဲ။ ဘယ်နေရာ၊ ဘယ်စခန်းမှာ အသေခံဗုံးခွဲသမားတွေရဲ့ လက်ချက်နဲ့ အသက်ပေါင်းဘယ်လောက်သေကြမလဲ။ ကမ္ဘာကြီးဟာ ရင်တမမ။
ဘာသာတရားကို လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားတဲ့အတွက် ကိုယ့်ဘုရား၊ သူ့ဘုရား အငြင်းပွားစရာ မလိုပါဘူး။ ကိုးကွယ်မှုနဲ့ ပတ်သက်ရင်လဲ အငြင်းမပွားကောင်းပါဘူး။ ကမ္ဘာပေါ်ရှိ ဘာသာတရားတိုင်းဟာ ငြိမ်းချမ်းရေစင်လောင်း၊ မေတ္တာရေစင် ပက်ဖျန်းကြတာချည်းပါပဲ။ ဘယ်ဘုရားကမှ သတ်ပွဲ ဖြတ်ပွဲ သွေးရဲရဲကို လိုလားကြမယ် မထင်ပါဘူး။ ဒီလိုအတွေးတစ ၀င်လာတာနဲ့ ဒီ “ဘုရားရှိခိုး” ဆိုတဲ့ ကဗျာကလေးတပိုဒ် ရေးစပ်လိုက်မိပါတယ်။
(၂)
“ဘုရားရှိခိုး”
ငါ့ဘုရားမှ ငါ့ဘုရား
ငါ့တရားမှ ငါ့တရားဟူ၍
ကျဉ်းမြောင်းသောစိတ်ထားနှင့်
ဘုရားရှိမခိုး။
ငါ့ဘာသာကမှ သမ္မာဒိဋ္ဌိ
တခြားဘာသာများက မိစ္ဆာဒိဋ္ဌိ
အမှန်မသိ အမှန်မမြင်ဟူ၍
အမြင်မကောင်း
အမြင်စောင်းနှင့် ဘုရားရှိမခိုး။
ငါ့အယူမှ အမှန်
သူအယူက မမှန်
င့ါအရဟံမှ အရဟံ
ငါ့အလံမှ အလံ
ငါ့ဗုဒ္ဓံကမှ အဟုတ်ဟူ၍
ကျွန်ုပ်ရှိမခိုး။
ဘာသာတရားတိုင်း
လေးစားရိုသေထိုက်သည်သာ။
အမိုက်မှောင်ကိုခွင်း၍
အလင်းဆောင်နိုင်စေသည်သာ။
ရိုင်းစိုင်းမှုကိုဆေး၍
ယဉ်ကျေးလိမ္မာစေသည်သာ။
ရက်စက်မှုကို စွန့်ပယ်၍
သနားလွယ်သော ကရုဏာနှင့်
မေတ္တာတရား မွေးမြူစေသည်သာ။
ဘာသာတရားမှန်သမျှ
လူ့လောက၏အလှဆုံး
အဆင်တန်ဆာ
အလင်္ကာဂုဏ်မြောက်သည့်
မြကျောက်ပွင့်ပမာ။
သိမ်မွေ့မှု၊ နူးညံ့မှု
နက်နဲမှု၊ လက်တွဲမှုတို့နှင့်
လူ့အကျိုးငှာ၊ ပွင့်၍လာသည်ဟု
ငါယုံကြည်လျက်
ဘာသာတရား၏ဂုဏ်ရည်ကိုရည်စူးကာ
ဦးချရှိခိုးပါ၏ သုံးပါးသောရတနာ။
အဲဒီလို အမုန်းတရားနဲ့ကင်း၊ နှလုံးသားနဲ့ရင်းရတဲ့ ဘာသာတရားအားလုံးကို လေးလေးစားစား ကြည်ကြည်ညိုညို ရိုရိုသေသေ ရှိခိုးတဲ့ ကဗျာရေးမိပါတယ်။ ဘယ့်နဲ့ ဘာသာတရားက လူသားကို ဘာလို့ဒုက္ခပေးရမှာလဲ။
(၃)
အများအားဖြင့် အယူသည်းတယ်ဆိုတာ ကောင်းကျိုးမပေးတတ်ပါ။ စိတ်နေစိတ်ထား ကျယ်ပြန့်မှုကို အတားအဆီး ပြုတတ်ပါတယ်။
“ဘာသာရေးက၊ စစ်သွေးကြွ
မာနခက်ထန်၊ ဥပါဒါန်
ခိုက်ရန်လိုလား၊ ဒေါမာန်ပွားသတဲ့ ..။
ကိုယ့်ဘုရားမှ ကိုယ့်ဘုရား
သူများဘုရား၊ အကုန်မှား
ယုံစားသောသူ၊ တို့ရန်သူတဲ့ …။
စစ်ပွဲခင်းမလား၊ သတ်ပွဲကျင်းမလား
သွေးခြင်းခြင်းနီ၊ အလောင်းစီပစေ
မထီလေးစား၊ သင်တို့အား
ဘုရားမတူ တို့ရန်သူတဲ့ ..”
ဒီလိုအပြုအမူ၊ အပြောအဆို၊ အတွေးအကြံတွေမှန်သမျှ တဖက်သတ် တံခါးပိတ်ထားတဲ့ အမူအရာ ဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့လမ်း လျှောက်လှမ်းသူသာ ဖြစ်ပါတယ်။ မိမိလဲသေ၊ တပါးသူတွေလဲ သေစေတဲ့ မရဏလမ်းသွား ဘ၀ရမ်းကားသူသာ ဖြစ်ပါတယ်။
“ဘာသာရေးက၊ မာန်နှိမ့်ချ
လောကပြတင်း၊ လူ့အလင်း။
ကိုယ်ကွယ်ဘုရား၊ မတူငြားလည်း
လူသားချင်းချင်း၊ ချစ်ခင်ရင်း
ညီအကိုရင်း နှမချင်း
ငါတို့သွေးရင်း၊ ဆွေသားချင်း။
ဘုရားမတူ၊ စကားမတူ
အသားမတူ
လူသားအချင်းချင်း၊ ကူရိုင်းပင်း
ယဉ်ကျေးလိမ္မာခြင်း။”
လို့လဲ ကဗျာကို ဆက်လက်ဖွဲ့ဆိုမိပါတယ်။ လူသားဟာ ယဉ်ကျေးမှုအဆင့်မြင့်တဲ့ခေတ်ဆီသို့ တိုးတက်ရောက်ရှိလာပါရက်နဲ့ ဘာလို့ အောက်ပြန်ဆင်းတော့မှာလဲ။ ခေတ်နောက်ပြန်ဆွဲရာ ရောက်ပါတယ်။
လူသားအဖို့ အကောင်းဆုံးရရှိတဲ့လက်ဆောင်က “ဘုရား” ပါ။ ကိုးကွယ်ရာဘုရားတဆူရရှိလာတဲ့လူသားအဖို့ ဆင်ကန်းတောတိုး အကျိုးမမြင်တဲ့လမ်းစဉ်ကို မလိုက်သင့်တော့ပါဘူး။ မိမိတို့ရဲ့ လောဘ ဒေါသ၊ အာဃာတ မာနနဲ့ မောဟတွေအတွက် ဘုရားရဲ့မြင့်မြတ်တဲ့ဂုဏ်ကို ထိခိုက်မှာ စိုးရိမ်သင့်ပါတယ်။
ကမ္ဘာအရပ်ရပ်မှာ သွေးငတ်သွေးဆာနေတဲ့ နတ်မိစ္ဆာတွေ ရှိတတ်ပါတယ်။ သူတို့ဟာ ယုံကြည်ကိုးစားသူတို့ကို လှည့်ဖြားပြီး ဘုရားရဲ့ဂုဏ်တော်ကို ဖျက်ဆီးတတ်ပါတယ်။ သတိရှိရှိ ဆင်ခြင်ကြည့်နိုင်မှ အကြမ်းဖက်သမားဘ၀ လွတ်မြောက်ကြမှာပါ။
ကမ္ဘာ့လူသားတွေရဲ့ နှလုံးခုန်သံဟာ မူမှန်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။ ။
ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၂၇)၊ ဒီဇင်ဘာ၂၀၀၃
(မိုးမခမှကူးယူဖေါ်ပြပါသည်)
|
Posted: 25 Jul 2012 07:31 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးတင်သွင်းသော အဆိုအပေါ် အမေစု သဘောထား...
သတင်း၊ ဓာတ်ပုံ ကိုမောပြေ (Maw Pyay)
ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်က " Good governance(ကောင်းမွန်သော အုပ်ချုပ်ရေး)၊
Clean government(သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများ သည် ငှင်းတို့၏ ရွှေ့ ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေ ညာပြီး မှတ်တမ်းတင်ထားရန်" အဆိုတင်သွင်းရာ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဒီကနေ့ ဇူလိုင်(၂၅) ရက်နေ့ တွင် သဘောတူလိုက်သည်...
အထက်ပါ အကြောင်းအရာနှင့် ပါတ်သတ်ပြီး အမေစု အင်တာဗျူးတိုလေးကို ဖေ့ဘွတ် သူငယ်
ချင်းများကို လက်ဆောင် ပေးလိုပါသည်... စေတနာ ပိုစွာဖြင့် ကျတော့လက်ရာ အမေ့ ဓါတ်ပုံလေးပါ တင်
ပြီး လက်ဆောင် အဖြစ်ပေးပါသည်။
NHK အမေး... ဒီကနေ့ ဆွေးနွေးတဲ့ အဆိုအပေါ်မှာ အန်တီသဘောထားလေး သိချင်ပါတယ်...
အဖြေ... အဲ့ဒါ အန်တီတို့ ကတော့ ဖြစ်သင့်တယ်လို့ ထင်တယ်... တကယ် ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေ မှာဆို
ဒီလိုပဲ လုပ်ကြတာပဲလေ... အဲ့တော့မှလဲ အစိုးရအဖွဲ့ဝင်တွေက သန့်သန့်ရှင်းရှင်းနေဖို့ရာ လိုအပ်လာမှာပေါ့... ဥပမာ --- ၀န်ကြီးမဖြစ်ခင်တုန်းက အိမ်တစ်လုံး နဲ့ ၀န်ကြီးဖြစ်ပြီးတော့ အိမ်ဆယ်လုံး ဆိုရင်တော့ ဒါမေးစရာ ဖြစ်မယ်... အဲ့ဒါတွေကို ကာကွယ်ဖို့အတွက် ဒီလို ဥပဒေတွေ ထုတ်ကြတာပဲ...
NHK အမေး... အန်တီကရော အားရရဲ့လား... အဆိုအပေါ်မှာ ... အဖြေ... အင်း... သူ့ရဲ့အဆိုအပေါ်မှာ အားရပါတယ်.
.. ဒါက အဆိုက ရိုးရိုးလေးပဲလေ... နောက်တော့မှ ဒါကို အခြေခံပြီး ဆွေးနွေးရမှာပေါ့... သားတို့ရော သဘောမတူဘူးးးး လား... (သံပြိုင်- တူပါတယ်)... ![]()
ပြည်ထောင်စုလွှတ်တော်သို့ အ၀င်တွင်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်
သတင်း၊ ဓာတ်ပုံ ကိုမောပြေ (Maw Pyay)
|
|
Posted: 24 Jul 2012 10:15 PM PDT
စစ်တွေ သံတော်လီရွာမှ ဘင်္ဂလီများ.. (ဓာတ်ပုံ ဒီမိုဝေယံ သတင်းထောက်)
ညောင်ကုလား ကျည်းပေါင်းတရုတ်
ကဗျာရှင်(နေရဲနီ)
စေတီဘုရား
တည်ထားကောင်းလျက်
ညောင်ပင်ဖျက်၏။
ဘုရားစေတီ အထက်ဆီတွင်
ဘယ်ကဘယ်လို ရောက်လာမှန်းမသိ
ပေါက်သည့်ညောင်ပင်
မကြီးထွားခင် အမြစ်ပါမကျန် အမြန်ခုတ်ရှင်း အချိန်မှီ သတ်ပါမှ
သို့မဟုတ်လျှင် ညောင်မြို၍ ဘုရားပြိုရသည်။
ဤသို့သော ညောင်ကို
ညောင်ကုလား ဟူ၍ သမုတ်ကြ၏။
အဘယ့်ကြောင့် ဆိုသော်
တို့တိုင်းဌာနေ မြန်မာပြည်ကို
ဘယ်ကဘယ်လို ရောက်လာမှန်းမသိ
ခေါတော ကုလား
ဘင်္ဂလား ကုလား
ချစ်တီး ကုလား
စစ်တကောင်း ကုလား
ကုလားဖြူ ကုလားမည်း
အစရှိသော ကုလားအမျိုးမျိုး
တစ်စတစ်စနှင့် ဘုရားကို ညောင်မြိုသလို
ဘာသာလည်းပျောက်
လူမျိုးလည်းပျောက်
ကြာသော် တိုင်းပြည်ပါ ပျောက်လတ္တံ့။
ထို့ကြောင့် ဤညောင်သည်ကား
ညောင်ကုလား။
(၂၀၁၁ခုနှစ် မြစ်ဆုံသင်္ကြန်မှ CPI တရုတ်ဝန်ထမ်းများ) (ဓာတ်ပုံ ဒီမိုဝေယံ သတင်းထောက်)
ကျည်းပေါင်းပင်
မြေပြင်အထက်အမြစ်တွယ်၍
မိမိဘာသာရပ်တည် ရှင်သန်ရိုး ထုံးစံမရှိ
သရက် ပိန္နဲ
မာလကာ အစရှိသော သီးပင်အမျိုးမျိုး
ကျည်းပေါင်းပင် တွယ်ကပ်ပေါက်သော်
အသီးလည်းအ အရသာလည်းကင်း
သို့သော်ငြားလည်း
စားသုံးမရသည့် ကျည်းပေါင်းပင်မှာ
အသီးတဝင်းဝင်း။
တို့တိုင်းဌာနေ မြန်မာပြညဝယ်
ကပ်ရပ်ခိုစား
ကျည်းပေါင်းပင် တရုတ်များ
စီပွားရေး တဝင်းဝင်း
ကြီးပွားတိုးတက် ထင်တိုင်းကြဲနေချိန်
အိမ်ရှင် တိုင်းရင်းသား
မြန်မာပြည်သူ အပေါင်းကား
ဖွတ်ကျောပြာစု သူတောင်းစားပမာ
မွဲသည်ထက်မွဲကာ
ရန်ငါးပါးနှိပ်စက်၍
ဒုက္ခမျိုးစုံ ကြုံရလေပြီတကား။
နေရဲနီ
|
|
Posted: 24 Jul 2012 09:30 AM PDT
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း (ရန်ကုန်စာတိုက်ကြီးနှင့်
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရုံးအကြား) အောက်ဘလောက် လမ်းပေါ်တွင် ယနေ့ ညနေ သုံးနာရီခန့်က လေပြင်း တိုက်ခတ်မှုကြောင့် ပိတောက်ပင် နှစ်ပင် ပြိုလဲခဲ့ရာ ထိခိုက် ပျက်စီးခဲ့ရသော မော်တော်ယာဉ်များအား တွေ့မြင်ရစဉ်။
ဓာတ်ပုံများအတွက် သားစိုးလေးအား ကျေးဇူးတင်ပါသည်..။
|
|
Posted: 24 Jul 2012 09:21 AM PDT
|
|
Posted: 24 Jul 2012 09:10 AM PDT
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ BRO Learning Center၌ (၆၅)နှစ်မြောက် 19th July အာဇာနည်နေ့ အထိမ်းအမှတ် ၀ါဆိုသင်္ကန်းကပ်ပွဲနှင့် အာဇာနည်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပြုလုပ်ခဲ့ပါသည်။ ခရစ်ယာန် ဘာသာဝင် ကျောင်းသူ၊ ကျောင်းသားလေး များမှလည်း အာဇာနည်နေ့ အတွက် ဝတ်ပြု ဆုတောင်း ပေးခဲ့ကြသည်။
ထို့နောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျောင်းသား အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ပြီး။ ဆုရရှိသူ ကျောင်းသူ၊ ကျောင်းသားများအားလည်း ဆုများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။...
|
|
Posted: 24 Jul 2012 08:09 AM PDT
စာပေစီစစ်ရေးက ဖော်ပြခွင့်မပြုတဲ့ "Newday News "ဂျာနယ်မှ ဘင်္ဂလီ အင်တာဗျူးတခု.. ဆိုတဲ့ ပိုစ့်အောက်မှာ
လာရောက် ကွန်မာန့်ပေးတဲ့ ကိုMyo Setရဲ့ ကွန်မာန့်အား အများမှ နှစ်ခြိုက်လက်ခံတဲ့ အတွက် အများသိအောင် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်..။
ရပ်ကွက်လူမိုက်နှင့် တူသည့် မြန်မာအစိုးရ...
(ရေးသားသူ Myo Set)
မြန်မာအစိုးရသည် ဘာနဲ့ တူသည်လဲဆိုတော့ ငယ်စဉ်က ရပ်ကွက်ထဲ၊ အိမ်ထဲမှာသာ မိုက်ရဲသော
လူမိုက်၊ လူရမ်းကားနှင့်တူနေသည်။
၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတုန်းက ပြလိုက်သည့် သေနတ်ကျည်အစွမ်း။ ကချင်ဒေသတွင်
ထုလိုက်၊ နှက်လိုက်သည်မှာ ကမ္ဘာစစ်ဖြစ်လျှင်ပင် မြန်မာက အောင်ပွဲဆင်မည့်အလား။
သို့ရာတွင် ခေတ်သစ် Globalization
အခင်းအကျင်းတွင် အထီးကျန်မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးစာမျက်နှာနှင့် နိုင်ငံခြားရေးပေါ်လစီ ကိစ္စတွင် လူမမယ်လသားအရွယ်မျှသာ ရှိနေသေးသည်နှင့်တူနေသည်။ ဘင်္ဂလားဒေ့ရှ်လို 1971မှ ပါကစ္စတန်ထံမှ လွတ်လပ်ရေးရသော နိုင်ငံတစ်ခု၏ ဒစ်ပလိုမေစီပရိယာယ်လက်အောက်တွင် ၁၉၄၈ခုနှစ်က တည်းက လွတ်လပ်ရေးရခဲ့သော မြန်မာနိုင်ငံ၏ မြန်မာအစိုးရ ကောင်းကောင်းကြီး ပါးရိုက်ခံနေရသည်။
ရေပိုင်နက် ကိစ္စတွင်လည်း မြန်မာအစိုးရက "ဘောအ" ကြီးဖြစ်နေချိန်တွင် ဘင်္ဂလားဒေ့ရှ်ဖက်မှ သတင်းစာ
ရှင်းလင်းပွဲကို ပီပီပြင်ပြင်လုပ်ကာ ဟုတ်ဟုတ် မဟုတ်ဟုတ် အသာစီးယူပြသွားသည်။ ယခု ရိုဟင်ဂျာကိစ္စတွင် လည်း လက်နက်များဖမ်းမိပါသည်ဟု သတင်းများ ဒင်းကြမ်းထွက်နေချိန်တွင် ကုလသမဂ္ဂအရာရှိများကို ဖမ်းထားသည့်တိုင် ပြန်ကြားရေးဝန်ကြီးဌာနကား သင်္ချိုင်းမှ ဇရပ်ပျက်လို ငုတ်တုတ်မဲတဲ ဘာမှ သုံးမရချေ။ ဘာကိုကြောက်နေသည် မှန်းတော့မသိချေ။ အချိန်မှီသတင်းများကို တင်ဆက်နေသော ပြည်တွင်းမီဒီယာများ ကိုကားခေါ်၍ ပင်ကြိမ်းလိုက်သေးသည်။ အာဂရပ်ကွက်လူမိုက် အိမ်ကျယ်ကြီးများပါတကား။
ဘင်္ဂလားဒေ့ရှ်ဖက်မှ နိုင်ငံခြားရေးဝန်ကြီးက အချိန်ကိုက်သတင်းများကို တုန့်ပြန်နေချိန်တွင် မြန်မာအစိုးရသည်ကား
ဆိတ်တို့၊ မြည်းတို့ကဲ့သို့သော အဟိတ်တိရစ္ဆာန်များကဲ့သို့ စကားမတတ်သော ရွှေအ သဖွယ် ငုံ့ခံနေရချေသည်။ ယနေ့ရခိုင်ကိစ္စကို တုန့်ပြန်သော လူငယ်များ၏ အမြင်မှကြည့်လျှင် တစ်စက်မှ အားရဖွယ်မရှိချေ။ ခေတ်ဆွေးတို့ကိုဖယ်ရန်အချိန်ရောက်လေပြီလော။
ဘင်္ဂလားဒေ့ရှ်ဖက်မှ မီဒီယာဖြင့် နှပ်ကြောင်းပေး ပုံဖော်သည်မှာ "ရှိသမျှရိုဟင်ဂျာများကို မြန်မာမှ
ပြန်ခေါ်မည်တဲ့"။ "နိုင်ငံခြားရေးဒုဝန်ကြီးက ဘင်္ဂါလီများကို ပြန်လက်ခံရန် သဘောတူသည်တဲ့"။ ဘင်္ဂလားမီဒီယာများမှ ထိုကဲ့သို့ ကျယ်ကျယ်လောင်လောင် အော်ဟစ်ချိန်တွင် ပုလင်းတူဘူးဆို့ ဘင်္ဂလား မီဒီယာများဖြစ်သည့် BBC မြန်မာပိုင်း၊ VOA၊ RFA ၊ ဧရာဝတီနှင့် အဆိုးဝါးဆုံး ဒီဗီဘီ တို့မှ ပူးပေါင်းလုပ်ကြံကာ ဘင်္ဂလားသွင်းရေး ခေါ်တောနတ်ကနားပွဲကို လေလှိုင်းမှ မြိုင်မြိုင် ဆိုင်ဆိုင် တီးပြကြပေဦးမည်။ ခံပေဦးရော့ ရခိုင်မြေ။
နိုင်ငံတကာဆက်ဆံရေးတွင် မြန်မာနိုင်ငံသည် ဗိုလ်ချုပ်ပြောသော "ဖာ" နိုင်ငံစစ်စစ် ဖြစ်သွားရလေပြီ။ တရုတ်က
ကြက်ကဲ့သို့ ဖြဲယဲ ယူသမျှ ခေါင်းငုံ့ခံရ၏။ ထိုင်းက နားရင်းရိုက် တောင်းသမျှ သွားဖြဲဖြင့်ပေးရ၏။ ယခုမူ ကိုယ့်ထက် လွတ်လပ်ရေးရတာ အနှစ်သုံးဆယ်မျှ နောက်ကျသော နိုင်ငံ၊ ကိုယ့်နိုင်ငံမှ စစ်ကိုင်းတိုင်းလောက်သာရှိသော နိုင်ငံမှ နားရွက်တံတွေးဆွတ်သည်ကို အိမ်ကျယ်၊ လူမိုက်ကြီးများ ခေါင်းငုံ့ခံ နေရလေ၏။ သန္တာရွှေတို့ အလကားနေရင်း လခထုတ်နေသည်ဟူသော Ministry of Foreign Affairs ဟူသည့် ဌာနကြီးသည် သံအမတ်ခန့်အပ်ထားရေးအတွက် ခြများကြီစိုးရာ ခြတွင်းကြီးသာ ဖြစ်နေလေရာ ယနေ့ကဲ့သို့ အရေးပေါ်ခိုက် ဘာမှ သုံးမရသည်မှာ မဆန်းချေ။
သြော် ငါတို့သည် အဖေဗိုလ်ချုပ်ပြောခဲ့သလို "ဖာ" နိုင်ငံ တွင်နေရသော ကုသိုလ်ကံ မွဲ ရေနည်းငါးများသာ ဖြစ်ရချေသည်တကား။
Myo Set
(ဓာတ်ပုံ) ပြန်ကြားရေးဝန်ကြီး ငိုကျော်ဆန်းရဲ့ ယခင့်၊ ယခင်များက ပြန်ကြားရေး ဝန်ကြီးဆိုသူ အနှီပုဂ္ဂိုလ်သည်..
နိုင်ငံရေး လှုပ်ရှားသူများနှင့် ပတ်သက်လာလျှင် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောသည်..။ အမှန်တရားကို အမှားဖြင့် ဖုံးသည်.. လူကြားထဲ၌ ငိုစား၊ ရယ်စား ငိုပြသည်၊ ရယ်ပြသည်..။
ယခုကဲ့သို့ အချုပ်အခြာ အာဏာကို ထိပါးလာသော အမျိုးသားရေး တရပ်ကဲ့သို့ ဆောင်ရွက်ရမည့်
ယနေ့လို အချိန်အခါတွင် ပြန်ကြားရေးဝန်ကြီးဋ္ဌာန အနေဖြင့် ဘင်္ဂလီ အရေးကိစ္စအား ပြတ်ပြတ်သားသား သတင်း ထုတ်ပြန်လျှက် ကြမ်းပိုးကို ကြမ်းပိုးဟု ပြောဆို သတ်မှတ်ကာ သတင်းမှန်များကို ကမ္ဘာသို့ ထုတ်ပြန် တင်ပြရမည့် အချိန်တွင် အနှီပုဂ္ဂိုလ်သည် မည်သည့် အရပ်သို့ ပုန်းအောင်း ရောက်ရှိနေလေသည် မသိ...။
ကမ္ဘာ့မီဒီယာများ၌ ဘင်္ဂလီများမှ အောက်လမ်းနည်းသုံးပြီး မဟုတ်မမှန် လုပ်ကြံဖော်ပြနေချိန်တွင် မီဒီယာကို
မီဒီယာဖြင့် တိုက်မည်ဟု ကြွေးကျော်ခဲ့သော အနှီဝန်ကြီးသည် ပြန်ကြားရေးဝန်ကြီးနှင့် ထိုက်တန် မထိုက်တန် အများပြည်သူမှ ဆုံးဖြတ်ကြပါလေကုန်..။ (ဒီမိုဝေယံ) |
| You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
Subscribe to:
Posts (Atom)










