Friday 19 August 2011






မျိုးဆက်ဟောင်း သူရဲကောင်း မောင်စိန်ဝင်း(ပုတီးကုန်း)

Posted: 17 Aug 2011 10:29 AM PDT

မျိုးဆက်ဟောင်း သူရဲကောင်း မောင်စိန်ဝင်း(ပုတီးကုန်း)

၇.၈.၂၀၁၁ (တနင်္ဂနွေနေ့) နေ့လည် (၁၂း၀၀) နာရီအချိန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လစဉ်ကျင်းပလျှက်ရှိသော စာပေဟောပြောပွဲတွင် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)သည် "ယနေ့ ပောာပြောရသည့်ပွဲမျိုးသည် နာရေးကူညီမှုအသင်းရှိ လူငယ်များသည် ကျွန်တော်တို့ မလုပ်ကိုင်နိုင်သည့်ကိစ္စများ၊ ကျွန်တော်တို့ မဆောင်ရွက်နိုင်သည့် အရာတွေအား ဆောင်ရွက် လုပ်ကိုင်နေကြတယ်လို့ ခံယူမိပါကြောင်း၊ ယခုလိုလူငယ်များနှင့် ပတ်သက်ပြီး စကား ပြောခွင့်ရသည့်အချိန်တွင် ကျွန်တော်တို့တွေ မလုပ်နိုင်ပေမယ့် သူတို့လုပ်ကိုင်နေကြတဲ့ လုပ်ငန်း အပေါ်မှာ တစ်စိတ်တစ်ဒေသ ပါဝင်ခွင့်ရသည့်အတွက် စိတ်ထဲတွင် ကျေနပ်ကြည်နူးမှုဖြစ် မိပါကြောင်း၊ ပရဟိတကိစ္စ၊ သူများကိစ္စလုပ်ဖို့ အဓိကထား ရည်ရွယ်ချက်ဖြင့် ပြောကြားဖြစ်ကြောင်း၊ မိမိယခင်က လုံးချင်းဝတ္ထုများ ရေးသားသည့်ချိန်၌ မိမိလုံးချင်းဝတ္ထု အသစ်တစ်အုပ် ရေးသားသည့် အချိန်တွင် စာပေစင်မြင့်ပေါ်မှ ၎င်းဝတ္ထု အကြောင်းအရာများ ယနေ့ချိန်ထိ ကြော်ငြာခြင်း မရှိခဲ့ချေ။ ကိစ္စသည် မိမိ၏ အလုပ်မဟုတ်သည်ဟု မိမိယုံကြည်မိပါကြောင်း၊ လူငယ်အများစုသည် ကိုယ့်အတွက်မဟုတ်ပဲ သူတစ်ပါးအတွက် ပေးချင်တဲ့စိတ် ဖြစ်ပေါ်မိခဲ့ရင် မနည်းဘူးဆိုတဲ့ စိတ်ဖြင့် သာ မိမိတို့အပြင်၌ ဟောပြောဖြစ်ခဲ့ပါကြောင်း...


 နာရေးကူညီမှုအသင်းရှိ လူငယ်များသည် မိမိအတွက်ဆိုတာထက် အများအကျိုးလုပ်ကိုင်နေကြသော လူငယ်များဖြစ်သည့် အတွက် "ပန်းတိုင်ရှိရာ" ခေါင်းစဉ်အား ဟောပြောခဲ့ပါသည်။"

သူရဲကောင်းတို့သည် ဘယ်သောအခါမှ ဘုန်းဘုန်းလဲကျသွားရိုး မရှိပါဘူး။ မသကာ ယိုင်ယုံပါပဲ။ ခေါင်းဆောင်များ၏ လုပ်ဆောင်မှုတို့သည် မိမိတို့၏ အတွေးအမြင်ကသာ ပျောက် ကွယ်သွားလိမ့်မည် ဒါပေမယ့် ကျွန်တော်တို့၏ ရင်ထဲကနေတော့ ဘယ်တော့မှပျောက်ကွယ်မှာ မဟုတ်ပါဘူး။ မည်သည့်သူရဲကောင်းမဆို မိမိတို့၏ မြင်ကွင်းက ပျောက်ကွယ်တိုင်း လူတွေရဲ့ နှလုံးသားမှာ မပျောက်ကွယ်နိုင်ပါဘူး။

အဆုံးသတ်၌ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)သည် ပန်းတိုင်ဆိုသည့် နေရာရောက်ဖို့ အတွက် အခြေအနေ အချိန်အခါ သုံးသပ်ပြီး မျိုးဆက်ဟောင်းများက စတေးခံပြီး မျိုးဆက်သစ် များအတွက် ပေးဆပ်ရင်းနှင့် မျိုးဆက်ဟောင်းများသည် သူရဲကောင်းများဖြစ်သွားကြတော့သည် ဟူသော အသည်းကွဲတောင်ကြားတွင် နေထိုင်ကျက်စားကြသော တောင်ဆိတ်မျိုးနွယ်စုများ၏ ပုံပြင်တစ်ပုဒ်ကို မျက်ဝါးထင်ထင်မြင်တွေ့လာရအောင် ပြောဆိုဟောကြားသွားခဲ့သည်။ ထို့နောက် ပန်းတိုင်ရှိရာနေရာသို့ မရောက်ရောက်အောင် ဇောမာန်တင်း၍ ပျံသန်းရင်း ပျံရင်းနှင့် အသေခံသွား ရှာကြသော "ငှက်တို့၏တေး" ဟူသော စိတ်ဓါတ်မြှင့်တင်ရေး ကဗျာတစ်ပုဒ်ကို ရွတ်ဆိုရှင်းလင်း ပြကာ ဟောပြောပွဲအား နိဂုံးချုပ်ခဲ့သည်။

ငှက်တို့၏တေး
- မလိုက်ရဲရင်တော့
အသိုက်ထဲမှာပဲကျန်ခဲ့လေ . . . ။
- တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်
ငှက်ဆိုတာက ပျံရင်းသေ . . . ။
- ခြင်္သေ့ကမြက်မစား
ကျားက ကြွက်မချောင်း

ဖွတ်တွေက မိချောင်းလို့မနေ
အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်း
ပျံရင်းသေ ခရီးဆက်မယ်တဲ့
အဲဒါ … ငှက်တို့ရဲ့သမိုင်း။

(မောင်စိန်ဝင်း - ပုတီးကုန်း)

ထိုထိုသော "ငှက်တို့၏တေး" ဟူသောအမည်ရှိ နူးညံလှသော စကားလုံးများနှင့် ဖွဲ့စည်းထားသော ကဗျာသည် မျိုးဆက်သစ်လူငယ်များအတွက်တင်မက မျိုးဆက်ဟောင်း လူကြီးများအတွက်ပါ စိတ်ဓါတ်ခွန်အား၊ မာန်အင်အားများစွာ ပေးစွမ်းမှုကို မွေးဖွားစေခဲ့သည်။

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါဆရာတော်)ကြီး၏ လွတ်မြောက်နိုင်ရေး တရားတော် (၂) (သြဂုတ်လ (၆)ရက်နေ့ ဒုတိယနေ့ တရားပွဲ)

Posted: 17 Aug 2011 09:51 AM PDT

ရုပ်သံဖိုင်အတွက် ဇေယျာအား ကျေးဇူးတင်ပါသည်။
မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းဖို့အတွက်နဲ့ မြန်မာတွေရှိတဲ့ သတ္တိ......
ပြည်ပမှ ကိုမဲကြီးများနဲ့ ပြည်တွင်းမှ ပုတ်သင်ညိုများအတွက် ဆရာတော်ဟောကြားချက်...
ရုပ်သံဖိုင်အတွက် Ko Mg Wto အား ကျေးဇူးတင်ပါသည်။
ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်http://www.mediafire.com/?al28a8hlcx5q7m6
အသံဖိုင် အလိုရှိတဲ့ ပရိသတ်များအတွက် မကြာခင်ထပ်မံတင်ပေးပါမည်...။

မြန်မာပြည်ရဲ့ တောင်ဘက်အစွန်းက ကော့သောင်းမြို့မြင်ကွင်း ဓာတ်ပုံများ..

Posted: 17 Aug 2011 08:06 AM PDT

ဓာတ်ပုံများ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါသည်...။

 ရနောင်း နယ်စပ်လူဝင်မှုကြီးကြပ်ရေးရုံး (ထိုင်း)
 ကော့သောင်း လ.ဝ.က (မြန်မာ)
ကော့သောင်းမြို့
ပိုးတုံးလုံးကျွန်းနဲ့ သဲသောင်ပြင်အလှ
ရနောင်းဘက် ကူးတဲ့လှေဆိပ် လူတစ်ဦး (ဘတ် ၅၀ပါ)
၇ရက်ဝင်ခွင့်ရတဲ့ စာအုပ်ကတော့ မြန်မာငွေ တစ်ထောင်ကျပါတယ်...။ ယိုးဒယားဘက် ရောက်ရင်တော့ ရဲမဖမ်းအောင် စာအုပ်မှာ ဗီဇာထုရပါတယ်...။ ဘတ် (၂၀)ကြပါတယ်...။ လက်ညိုးနှိပ်ပြီး၊ ဓာတ်ပုံရိုက်ရပါတယ်...။

အရပ်သား အစိုးရဆိုသူတွေရဲ့ ခေတ်သစ် စီးပွားရေးလုပ်ငန်းကတော့ သဲရောင်းနေတဲ့မြို့ပေါ့...။

မြန်မာပြည်ရဲ့ တောင်ဘက်အစွန်ဆုံးက စီးပွားရေးအချက်အချာကျတဲ့ ကော့သောင်းမြို့ရဲ့အလှပါ... အမိမြန်မာပြည်အမှတ်တရ အဖြစ် ဖော်ပြလိုက်ပါတယ်..။https://picasaweb.google.com/109255525006943086316/KawThaung ဓာတ်ပုံများပေးပို့လာတဲ့ NDအား ကျေးဇူးတင်ပါသည်...။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment