"ကျွန်ုပ်တို့ ရဲ့ ခေတ်"
1. လူကြီးနဲ့ အပျိုစင်တွဲလျှက်ယှဉ် ပွဲသဘင်ကတဲ့ခေတ်။
2. ဘိုင်စကုပ်ပြည့်တန်ဆာစီးပွားရှာ ကညာပျိုတို့ဆိုးတဲ့ခေတ်။
3. တစ်ဦး ဥစ်စာပြည့်စုံလာ မနာလိုတဲ့ခေတ်။
4. တရားသဘောဘယ်လိုဟော နှုတ်မောရုံသာရှိတဲ့ခေတ်။
5. ပေါင်းဖော်သားချင်း မေတ္တာကင်း အတင်းပြောတဲ့ခေတ်။
6. မယားကြီးရှိပြန်တက်မှန် ငယ်ခံထားတဲ့ခေတ်။
7. လူငယ်လူကြီးပြောဆိုနည်း လူကြီးရှုံးတဲ့ခေတ်။
8. အရွယ်မရောက် အပျိုပေါက် လင်နောက်လိုက်တဲ့ခေတ်။
9. ဥပုပ်စောင့်များ ကျောင်းကိုသွား ၀ါကြားနေတဲ့ခေတ်။
10. ဘုန်းကြီးများထံ သီလခံ ဆူညံနေအောင်ပြောတဲ့ခေတ်။
11. ရွှေငွေဝတ်ဆင် လူခေါ်ချင် ဂုဏ်အင်ကြီးတဲ့ခေတ်။
12. လပြည့်/လကွယ်ဥပုပ်သည် အောင်သွယ်စကားပြောတဲ့ခေတ်။
13. လူကြီးရှေ့နောက် မရှက်ကြောက်လင်နောက်လိုက်တဲ့ခေတ်။
14. ဆရာကြီ/ဆရာမ စာသင်ပြစိတ်မချရတဲ့ ခေတ်။
15. ရှေ့ကွဲ/နောက်ကွဲ ၀တ်ဆင်ရဲ အသဲယားတဲ့ခေတ်။
16. သားရေး၊သမီးရေး၊ပေါင်းဖော်ရေး အလေးမထား တဲ့ခေတ်။
17. မိဘများထံနည်းနာခံ ပြောရန်ခက် တဲ့ခေတ်။
18. ဘုန်ကြီးကျောင်းပင်အိမ်ဟုထင် တွင်တွင်ပြော တဲ့ခေတ်။
19. မိန်းမယောကျာင်္းသွင်ပြင်များ ခွဲမရ တဲ့ခတ်။
20. ဓနရှင်များ မာနထား တိုးပွားနေ တဲ့ခေတ်။
21. ကျောင်းသူ/ကျောင်းသား ကျူရှင်သွားရည်းစားချိန်း တဲ့ခေတ်။
မင်းချစ်သူ(Thiha) @Chocolate
ချောကလက်မှကူးယူဖော်ပြသည်
from GTU မှ Posted by ဖိုးရှုပ်
Saturday 27 August 2011
"ကျွန်ုပ်တို့ ရဲ့ ခေတ်"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment