ရဲဘော်အပေါင်းခင်ဗျား
ထိုင်းဝန်ကြီးချုပ် ယင်လတ်  ဟာ မြန်မာနိုင်ငံကိုမကြာခင်သွားရောက်ပါတော့မည် ။  ၀န်ကြီးချုပ်ရဲ့ခရီးကို ကြိုဆိုပါသည် ။ ဒေါ်စု နင့်တွေ့ ဆုံဆိုသည်ကိုလဲ  ကြိုဆိုပါသည် ။
သို့ သော်   မြန်မာခရီးစဉ်တွင်  ၁၉၉၈- ခရစ်စတီကျွန်းပေါ်မှာ  မြန်မာ-၅၁- ဦး ( ကလေးငယ်များအပါအ၀င် ) နင့် ပိုအရေးကြီးသည်က ထိုင်းငါးဖမ်းသမား ၂၂-ဦးကိုသတ်ခဲ့သော  လူသတ်သမားလျှပ်စစ်ဝန်ကြီးဇော်မင်းကို  တွေ့ ဆုံခြင်း  လုံးဝ မပြုလုပ်ရန်အတွက်  ရဲဘော်အားလုံး ၀ိုင်းဝန်းပြီး  သတင်းဌာနကြီးတွေကနေ  အမြန်ဆုံး သတင်းထုတ်ပြန်ပေးကြပါရန် ပန်ကြားပါသည် ။
ထိုင်းဝန်ကြီးချုပ်အနေဖြင့် ဒီခရစ်စတီးကျွန်းပေါ်မှာ  ထိုင်းလူမျိုးများအသတ်ခံရတဲ့ ကိစ္စကို  ထိုင်းလူမျိုးတွေအပေါ်မှာ  သစ္စာမဖေါက်သူအဖြစ်ပြသလိုပါလျှင်  ဒီကိစ္စကို  ယခုခရီးစဉ်မှာ  မြန်မာဘက်က  ဖြေရှင်းချက်ကို  တောင်းဆိုပေးပါရန် အတွက်  ထိုင်းအတိုက်အခံ  ပါတီများကို  မြန်မာအတိုက်အခံများမှ  ဆက်သွယ်နိုးဆော်ထားကြပါရန်  နိုင်ငံရေးတာဝန်တစ်ရပ်အနေဖြင့်  တိုက်တွန်းပါသည် ။  ဒီလူသတ်မှုဟာ  ထိုင်းဝန်ကြီးချုပ် ယင်လတ်၏ အကိုအရင် သက်ဆင်ရှင်န၀တ်  လက်ထက်မှာ ဖြစ်ခဲ့တာမို့   ယင်လတ်အနေဖြင့် ဒီကိစ္စကို  ရေငုံနုတ်ပိတ်နေမည်ဆိုလျှင်  ထိုင်းလူမျိုးတွေအပေါ်  သစ္စဖေါက်ခြင်းဖြစ်ကြောင်း  ကြေညာချက်ထုတ်ပြန်ထားရန်ကိုပါ တောင်းဆိုပါသည်  ။
တဖန်  အာဆီယံ အစည်းအဝေးများ  သဘောတူညီချက်များ  စာချုပ်များမှာလည်း  ဒီလူသတ်သမားလက်မှတ် များ ပါရှိခဲ့ပါက  နောင်တက်လာမည့် မြန်မာအစိုးရမှ   အသိအမှတ်မပြုရေး  နိုင်ငံတကာ ( ဒီမိုကရေစီ နိုင်ငံကြီးများ )  ကလည်းဒီလူသတ်သမားလက်မှတ်ပါလာရင် အသိအမှတ်မပြုရေးကို ၀ိုင်းဝန်းဆော်သြပေးကြပါရန် တိုက်တွန်းပါသည် ။
နောင်တက်လာမည့်အစိုးရအနေဖြင့်  ဒီလူသတ်သမားနင့်ချုပ်ဆိုထားသော  စာချုပ်များအားလုံးဟာ  အလိုလိုပျက်ပြယ်နေပြီဖြစ်ကြောင်း  အတိုက်အခံ  နိုင်ငံရေးအင်အားလုံး ( ပြည်ပအင်အားစုများအပါအ၀င် ပြည်တွင်းမှ  တာဝန်ယူရဲသော တရားဝင်နိုင်ငံရေးပါတီများအပါအ၀င် )  လက်မှတ်ထိုးတောင်းဆိုပြီး  အာဆီယံ  နင့်တကွ  နိုင်ငံတော်အစိုးရကိုပါတရားဝင်း  အကြောင်းကြားစာ ပို့ ထားကြပါရန်တိုက်တွန်းပါသည် ။
မြန်မာအစိုးရအနေဖြင့်လည်း    တစ်နေ့ နေ့   တစ်ချိန်ချိန်တွင်  နိုင်ငံတကာစစ်ခုံရုံးပေါ်တက်ရမည့်  လူသတ်သမားများမြန်မာအစိုးရအဖွဲ့ တွင်မရှိပါကြောင်း  အာမခံချက်  ကို  တာဝန်ရှိရှိ (  တာဝန်ယူပြီး )  ထုတ်ပြန်ပေးပါရန်တောင်းဆိုလိုက်ပါသည်  ။
အားလုံးကို အထူးပန်ကြားလိုက်ပါသည်
လှိုင်မြင့်
ထပ်ဆင့်အနေဖြင့်  ဒီလူသတ်သမားကို  ၀န်ကြီးအဖြစ်ဆက်ခန့် ထားလျှင်  မကြာခင်  ဒီကြံ့ ဖွတ်အစိုးရကြီး  ပါပြုတ်ကျသွားစေမည့်အထောက်အထားများ  ထုတ်ပြန်ပေးပါမည် ။
 

No comments:
Post a Comment