Sunday, 27 November 2011

မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆာင်ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်များတွေ့ဆုံပွဲ

မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆာင်ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်များတွေ့ဆုံပွဲ

Posted: 25 Nov 2011 09:42 PM PST


မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆာင်ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွင်းက ဂီတအနုပညာရှင် တွေ နဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ဆုံသွားခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ ညနေ ၃ နာရီကနေ ညနေ ၅ နာရီထိတွေ့ဆုံသွားခဲ့တာပါ။

အဲဒီလိုတွေ့ဆုံရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ဂီတအနုပညာရှင်တွေအနေနဲ့ ပါဝင်ကူညီဖို့ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းသွားခဲ့တယ်လို့သိရပါတယ်။

တွေ့ဆုံပွဲကို နာမည်ကြီးအနုပညာရှင်အဆိုတော်တွေ တေးရေးဆရာတွေ တီးဝိုင်းတွေ စတူဒီယိုတွေ အပါအ၀င် ဂီတအနုပညာရှင်စုစုပေါင်း ၇၀ လောက်တက်ရောက်လာခဲ့ကြပါတယ်။

ခရီးလွန်နေတဲ့တစ်ချို့တီးဝိုင်းတွေကတော့ ဒီတွေ့ဆုံပွဲကို မလာရောက်နိုင်ပဲဖြစ်ခဲ့ရတယ်လို့သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ အသုံးပြုမယ့်တေးသီးချင်းအတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဂီတအနုပညာရှင်တွေ အခုလိုတွေ့ဆုံတာလည်းဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲအတွင်း နိုဝင်ဘာလ ၂၁ ရက်နေ့က ပညာရေးကွန်ယတ် ရံပုံငွေဈေးရောင်းပွဲတော်မှာ ပါဝင်ကူညီခဲ့ကြတဲ့အနုပညာရှင်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကားပြေားကြားခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံက အနုပညာရှင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်လုပ်ဆောင်တဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အားတက်သရော ပါဝင်ကူညီလုပ်ဆောင်လာတာကို တွေ့မြင်ရတာလည်း ဖြစ်ပါတယ်။
အဲဒီလိုပဲ အနုပညာလုပ်ငန်းတွေ အရင်ကထက်ပိုမိုပွင့်လင်းလာဖို့ ရုပ်ရှင်အနုပညာရှင်တွေနဲ့ ဒါရိုက်တာတွေ စုပေါင်းပြီး လက်ရှိမြန်မာနိုင်ငံရဲ့ဆင်ဆာမူဝါဒတွေကို ပြောင်းလဲဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ ရသတ်တပတ်အတွင်းမှာပြုလုပ်ခဲ့ကြပါသေးတယ်ခင်ဗျာ။

Burma VJ Media Network


စစ်ပွဲတွေရပ်ပစ်!

Posted: 25 Nov 2011 09:26 AM PST



စစ်ပွဲတွေရပ်ပစ်!

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ကချင်ပြည်နယ်၏ ထူးခြားလှသော အလှတရားများ ပျက်စီးမှုကို ကာကွယ်ရေးအတွက်၎င်း၊ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးတို့၏ အသက်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက်၎င်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် ရေးအတွက်၎င်း ရည်ရွယ်ပြီး ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းအား ကန့်ကွက်မှုကို အင်တိုက် အားတိုက် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး ဖြစ်ပါသည်။

ယခု ဒုတိယအကြိမ်မြောက် ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှုပျောက်ဆုံးနေမှု၊ စစ်ဘေးသင့်၍ စစ်ဘေးရှောင်ရှားနေရသော တိုင်းရင်းသားဒုက္ခသည် မိဘဆွေမျိုး ညီအစ်ကို မောင်နှမများတို့အား လူသားချင်းစာနာထောက်ထားမှုဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီဖေးမပေးရန်အတွက် သမိုင်း ပေးတာဝန်တစ်ရပ် ဖြစ်ပေါ်လာခဲ့ပြန်တော့သည်။

ထို့ကြောင့် လူသားချင်းစာနာသောအားဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျွန်တော်တို့ အနေဖြင့် စစ်ဘေးသင့် ရှောင်ရှားနေရသော တိုင်းရင်းသားဒုက္ခသည် ညီအစ်ကို မောင်နှမများအား ပထမအကြိမ်မြောက် မတည်လှူဒါန်းငွေအဖြစ် အလှူငွေ သိန်း (၂၀၀) ကျပ်တိတိအား လှူဒါန်းရန် ဆုံးဖြတ်ချက်ချမှတ် လိုက်ပါတော့သည်။

ကျွန်တော်သည် တစ်ချိန်တုန်းက ကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်း၊ မြစ်ကြီးနား၊ မြစ်ဆုံများတွင် "တိန်ကော့နော်ဂျာ" ရုပ်ရှင်ဇာတ်ကား လာရောက်၍ ရိုက်ကူးစဉ်က ခရစ်စမတ်(စ်) ပွဲတော်နှင့် ကြုံကြိုက် ကာ ခရစ်စမတ်(စ်) ပွဲတော်တွင် သီဆိုမေတ္တာပို့ကြသော "`ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသော်" ဟူသော စာပိုဒ်အား ခရစ်စမတ်(စ်)ပွဲတော် အကြိုအဖြစ် "ကချင်ပြည်နယ်တွင် ကောင်းချီး မင်္ဂလာရောက်စေသော်" ဟူ၍ သီဆိုကာ ဘုရားသခင်ထံ ဆုတောင်းမေတ္တာပို့လိုက်ပါသည်။

တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဒုက္ခအပေါင်းမှ လွတ်ကင်းကြပါစေ။

လက်နက်ကိုင်အဖွဲ့များ အမြန်ဆုံး ငြိမ်းချမ်းမှုရကြပါစေ။

စစ်ပွဲတွေရပ်ပစ်!

ငြိမ်းချမ်းမှုကို လိုလားသူ - ကျော်သူ (တိန်ကော့နော်ဂျာ)

နာရေးကူညီမှုအသင်း(ရန်ကုန်)


အတူပျံသန်းရင်း ပေးဆပ်သူများ

Posted: 25 Nov 2011 09:05 AM PST



အတူပျံသန်းရင်း ပေးဆပ်သူများ
၂၅.၁၁.၂၀၁၁ (သောကြာ)နေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် ဆထပ်တန်ဖိုး တိုးတတ်၍ ကူညီပံ့ပိုးဖေးမမှုအင်အားများကို တိုးမြှင့်မည့် သွေးသစ်လောင်းခဲ့သော နေ့တစ် နေ့ပင် ဖြစ်တော့သည်။ ထိုနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကွယ်လွန်သွားပြီဖြစ်သော မိခင်ဖြစ်သူ …… အတွက် ရည်စူးကာ တေးသံရှင် ဆောင်းဦးလှိုင် (မိသားစု)တို့မှ အလှူငွေကျပ် (၅) သိန်း အား လာရောက်လှူဒါန်း၍ Honourable Member Card ပေးအပ်သော အခမ်းအနားအား တစ်ပြိုင်နက် တည်း ကျင်းပပြုလုပ်ခဲ့သည်။

ယင်း Honourable Member Card အား ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့အား ပေးအပ် ခဲ့သည်။ ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့သည် ယခင် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် လက်တွဲ၍ အများပြည်သူတို့အပေါ် ကူညီဖေးမမှုများကို ပြုလုပ်ပေးခဲ့သူများလည်း ဖြစ်သည်။ ထို့ပြင် မိမိတို့ တတ်စွမ်းသော ဂီတပညာရပ်တို့ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူ အလှူရှင်တို့ အပေါ် ပြန်လည်အမှတ်တရ ပေးအပ်သည့် နာရေးလုပ်ဆောင်မှု၊ ကူညီမှု "လူမှုရေးဂီတသူရဲကောင်း MTV" အခွေတွင်လည်း မိမိတို့၏ အချိန်၊ အင်အား၊ ငွေအားတို့ဖြင့် ပံ့ပိုးကူညီလှူဒါန်းမှုများကို ပြုလုပ်ပေးခဲ့သူများ လည်းဖြစ်သည်။ ယခုအချိန်တွင် လူမှုရေးလုပ်ငန်းရပ်အား ထဲထဲဝင်ဝင် လုပ်ကိုင်ပေးဆပ်လိုသော စိတ်ဆန္ဒအရ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားအဖြစ် ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။

ယင်း အခမ်းအနားတွင် ဆောင်းဦးလှိုင်မှ အများပြည်သူတို့ အထူးလိုအပ်နေသော နာရေးကိစ္စရပ်၊ ကျန်းမာရေးစောင့်ရှောက်ကုသမှု၊ ပညာရေးကိစ္စရပ်များ ဆုံဆည်းရာနေရာဖြစ်သော နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ စိတ်ရှင်းရှင်းဖြင့် ကိုယ်တိုင်ပါဝင် ၀င်ရောက်ပံ့ပိုးကူညီမှုများ လုပ်ကိုင်လို၍ဖြစ်ကြောင်းနှင့် ဦးရဲလွင် (မဇ္စျိမလှိုင်း)မှ ပြောကြားရာတွင် မိမိ၏ မိဘနှစ်ပါးသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြောင်း၊ မိဘနှစ်ပါး ကွယ်လွန်သွားသောအချိန်တွင် မိမိသည် ဗုဒ္ဓဘာသာအား လေ့လာခဲ့ပြီး နောက်ဆုံးတွင် "ကံ ကံ၏အကျိုး" ကို ယုံကြည်ကိုးကွယ်မိကြောင်း၊ နောက်ဆုံးတွင် ငြိမ်းချမ်းမှုများရှိရာ ဤနာရေးကူညီမှု အသင်း(ရန်ကုန်)အား ၀င်ရောက်၍ အများပြည်သူတို့အပေါ် ပေးဆပ်လိုစိတ်ဆန္ဒ ဖြစ်ပေါ်လာကြောင်း တို့ကို ပြောကြားသွားခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့ ရေးစပ်သီဆိုပေးထားသော "Share My Love" နှင့် "ပျံသန်းသွား" သီချင်းစာသားများထဲကလို ငြိမ်းချမ်းမှုကို ရှေးရှု၍ ဂီတသူရဲကောင်းများဖြင့် အများပြည်သူတို့အတွက် ကူညီဖေးမမှုများကို အတူ လက်တွဲကာ ပျံသန်းရင်း ပေးဆပ်နေပြီ ဖြစ်ပါတော့သည်။

ကိုကျော်သူ


Gmail, Gtalk ဘယ်အစိုးရကမှ ကြားကနေ ဖောက်မဖတ်နိုင်ဘူးဗျို့....

Posted: 25 Nov 2011 08:45 AM PST


Gmail ကို အစိုးရရဲ့ ဆာဗာတွေကနေ ဖောက်လို့ရသတဲ့၊ Gtalk ကြီးကိုလည်း အစိုးရက အလွယ်တကူ ၀င်ကြည့်လို့ရသတဲ့နဲ့ မနက်မိုးလင်းလို့ ဆောင်းပါးတစ်ခု ဖတ်လိုက်ရတော့ မှားနေတာ တန်းသိတာနဲ့ မှတ်ချက်တစ်ချို့ပေးလိုက်ပါတယ်..... သူ့စာကို ဖတ်ကြည့်ရသလောက်တော့ ရန်းတုတ်တာ တော်တော်များနေပေမဲ့ ကိုယ်နဲ့ မဆိုင်တော့ သိတ်မပြောချင်သေးဘူး..... နောက်မှ ဘယ်ဟုတ်မလဲ အဲ့ဒိသတင်းက မဇ္ဇိမ ၀ဘ်ဆိုဒ်မှာ တင်ထားပါတယ်ဆိုမှ အော် သောက်ရမ်း ရမ်းတုတ်တွေပဲဆိုပီး ရေးခဲ့သမျှ မှတ်ချက်ကို ပြန်စုလိုက်ပါတယ်... ပထမဆုံးက မြန်မာပြည်မှာ အင်တာနက်ကိုသုံးရာမှာ Gateway အဆင့်ဆင့်ခံပါတယ်။ မြန်မာပြည်တွင် မဟုတ်ပါဘူး နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ရှိပါတယ်။ Gateway ဆိုတဲ့သဘောတရားဟာ Network ကြီးတွေ ကြီးလာတဲ့ အခါမှာ၊ Sub Net တွေများလာတဲ့အခါမှာ Network တစ်ခုနဲ့ တစ်ခု Route လုပ်ဖို့အတွက် သုံးရတာဖြစ်ပါတယ်။ သူ့နက်ဝါ့ ကိုယ့်နက်ဝါ့တွေ ခွဲခြားသုံးတဲ့အခါမှာလည်း Gateway ကို ခံသုံးပါတယ်။ Gateway ဆိုတာ အကြမ်းမျဉ်းအားဖြင့် Router / NAT Devices တွေဖြစ်ပါတယ်။ Hardware / Software နှစ်မျိုးရှိပါတယ်။ အိမ်တွေရုံးတွေမှာလည်း အင်တာနက်လိုင်းကို ခွဲသုံးမယ်ဆိုရင် Router အသေးစားလေးတွေနဲ့ အင်တာနက်ကို ပြန်ခွဲသုံးတာကို အားလုံးလည်း သိကြတာပါပဲ။ နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ကနေ သွားပါတယ်....

မြန်မာပြည်က အင်တာနက်ကော်နက်ရှင်အများစုဟာ National Gateway ကနေဖြတ်ရတာလည်း ဟုတ်ပါတယ်။ အဲ့ဒိမှာ အင်တာနက်ကို သုံးဖို့အတွက် Proxy ဆာဗာတွေကို ဖြတ်ရပါတယ်။ MPT Connection မှာ Proxy Server ခံရပြီး Yatanarpon Connection မှာ Proxy မထည့်ရပဲ Auto နဲ့ သုံးရပါတယ်။ Technical အခေါ်အဝေါ်အနေနဲ့ကတော့ WPAD (Web Proxy Auto Discovery) ဖြစ်ပါတယ်။ Proxy Server များခံရခြင်းရဲ့ အဓိကကတော့ ဖွင့်ပေးခြင်တဲ့ Website တွေ ပိတ်ခြင်တဲ့ Website တွေကို ထိမ်းချုပ်ရန်အတွက် အဓိကဖြစ်ပါတယ်။ အဲ့ဒိမှာ Gmail နဲ့ Gtalk သုံးတဲ့ စနစ်ကို ကြည့်လျင် https ဆိုတာကို တွေ့ရမှာပါ။ https ဆိုတာ Secure Channel ဖြစ်ပါတယ်။ SSL Certificate ဆိုတဲ့ Encryption တစ်မျိုးနဲ့ ဒေတာတွေကို အပို့အယူ လုပ်ပါတယ်။ Encryption ဆိုတာဟာ a လို့ရိုက်လိုက်တဲ့စာကို Encrypt လုပ်လိုက်တဲ့အချိန်မှာ Method ပေါ်မူတည်ပြီး 019275&6%#%@*! ဆိုတဲ့ စာတွေအဖြစ်ကို ပြောင်းသွားပါတယ်။ ဟိုဘက်ကို ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့ Decrypt လုပ်ဖို့ ကုဒ်နဲ့ ပြန်ဖြည်မှ မူလစာ a ကိုမြင်ရတာဖြစ်ပါတယ်။ ဒီပုံထဲက SSL Encryption အလုပ်လုပ်ပုံကိုကြည့်ရင်သိနိုင်ပါတယ်။

ပုံမှန် ကျွန်တော်တို့ www.google.com လို့ရိုက်ထည့်လိုက်ရင် http://www.google.com နဲ့ ပြောင်းသွားပါတယ်။ ဒါဟာ Pure HTML ပါ၊ ကြားကနေ ဖြတ်ယူကြည့်လို့ရပါတယ်။ အဲ့ဒိအချိန်မှာ mail.google.com ဆိုပီး ရိုက်ထည့်လိုက်ရင် https://mail.google.com ဆိုပီးပြောင်းသွားတာကို တွေ့ရပါမယ်။ အဲ့ဒါဟာ ပုံထဲမှာဆိုရင် အသုံးပြုသူရဲ့ ကွန်ပျူတာကနေ ဂျီမေးလ်ဆာဗာကို Secure Channel သုံးဖို့ Request လုပ်လိုက်ပါတယ်။ အဲ့ဒိအချိန်မှာ Gmail Server ဟာ Encryption လုပ်မဲ့ အဓိက Certificate ကိုထုတ်ပေးလိုက်ပါတယ်။ အဲ့ဒိအခါမှာ အသုံးပြုမယ့်သူက အပြန်အလှန် Encrypt/Decrypt လုပ်မဲ့ Key ကိုပေးလိုက်ပါတယ်။ နှစ်ဖက် သဘောတူညီမှု ရသွားတဲ့အချိန်မှာ Encrypted လုပ်ထားတဲ့ စာတွေကိုပဲ အပို့/အယူ လုပ်ပါတော့တယ်။ Encrypt လုပ်ထားတဲ့ စာတွေကို ပြန်ဖြည်တာကတော့ ခုဏက ပို့ထားတဲ့ Key နဲ့ပဲ ပြန်ဖြည်ရပါတယ်။ အဲ့ဒိ Key ဟာ မူလထုတ်ပေးတဲ့ Certificate ကနေလည်း အခြေခံပါတယ်၊ သုံးတဲ့သူရဲ့ ကွန်ပျူတာက နာမည်၊ အချိန်၊ နာရီ စတာတွေကိုလည်း ယူပါတယ်။ အဲ့ဒါကြောင့် Encrypt လုပ်တဲ့ကီးဟာ တစ်ကြိမ်နဲ့ တစ်ကြိမ်မတူပါဘူး။

အဲ့ဒိအတွက် https သုံးထားတဲ့ ဆိုဒ်တွေဟာ ကြားကဖြတ်ယူလို့ရပေမဲ့ မူလစာတွေကို အဓိပ္ပါယ်ပေါ်အောင် လုပ်လို့မရပါဘူး။ ဆိုလိုချင်တာကတော့ ကြားကဖြတ်ခိုးလို့မရပါဘူး။ ဘယ် ISP (Internet Service Provider) မှလည်း ဖြတ်ခိုးလို့ မရပါဘူး။ အဲ့ဒါတွေကြောင့် မူရင်းဆာဗာတွေကိုပဲ အဓိက ပစ်မှတ်ထားပြီး Hack လုပ်ကြတာဖြစ်ပါတယ်။ မူရင်း Server Hack လုပ်ခံရမှ အဲ့ Server ထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေကို ခိုးယူလို့ရမှာ ဖြစ်ပါတယ်။ https သုံးထားတဲ့ Connection ကို ကြားကဖြတ်ခိုးလို့မရပါဘူး။ အထူးသဖြင့် Google ကဟာက ပိုဆိုးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ Google's https နဲ့ အခြားသော Business Application တွေကိုပါ Provide လုပ်ထားတဲ့ အတွက် ဖြစ်ပါတယ်။ Google Business Application တွေကိုသုံးထားတဲ့ နာမည်ကြီး အဖွဲ့အစည်းတွေကတော့ Motorola, Konica/Minolta, Land Rover, Virgin America, EPS, Brown University, National Geographic, တို့ဖြစ်ပါတယ်။ အတိအကျစာရင်းကို http://www.google.com/apps/intl/en/customers/ မှာသွားကြည့်နိုင်ပါတယ်။ အဲ့ဒိအတွက် Google ရဲ့ https ဟာ စိတ်မချရလျင် အဆိုပါအဖွဲ့အစည်းများ တရားစွဲတာနဲ့တင် Google ဟာ နာမည်ပျက်သွားမှာ ဖြစ်ပါတယ်။

https ရဲ့ Security Algorithm တွေကို ဖြည်ဖို့က တော်တော့ကို ခဲယင်းပါတယ်။ Super Computer တွေနဲ့ ဖြည်ထုတ်ရမှာပါ.... ဖတ်ဖူးတဲ့ စာစုတစ်ခုအရ အနည်းဆုံး နှစ် ၁၀၀ ကျော် အချိန်ပေးရမယ်လို့ ဆိုပါတယ်... အဲ့ဒါကြောင့် CA ကုမ္ပဏီတွေဟာ ယပ်ခတ်ပီး နေနိုင်ပါတယ်.... အဲ့လိုပဲ Certificate တွေမှာလည်း သက်တန်းရှိပါတယ်... သက်တန်း ကြာတဲ့ Certificate တွေကတော့ ဖောက်ဖို့ လွယ်ပါတယ်.... အခု Google Certificate ကတော့ ၂ နှစ်တစ်ခါ လဲတာကို သတိထားမိပါတယ်...

https ကိုပိတ်လို့မရတဲ့အတွက်ကြောင့် နိုင်ငံရေး တစ်ခုခု လှုပ်လှုပ် လှုပ်လှုပ် ဖြစ်ခဲ့ရင် အရင် အစိုးရဟာ https ကို ထိမ်းချုပ်ဖို့ ကြိုးစားပါတယ်... မရလျင် လုံးဝကို ပိတ်ပစ်လိုက်ပါတယ်... မြန်မာပြည်တွင်းက အင်တာနက်သုံးသူတွေ အကုန်ခဏခဏ ကြုံဖူးမှာပါ.... အင်တာနက်သုံးလို့ရပီး ဂျီမေးလ် ဂျီတော့ သုံးမရဘူးဆိုတာ https ကို ပိတ်ထားတဲ့ အတွက်ပါ.... အဲ့ဒါကြောင့် ကျော်ခွသုံးရပါတယ်... အခု Facebook ဟာ Login အတွက်ကိုပဲ https သုံးပီး ကျန်တာတွေကို Encryption မပါတဲ့ http သုံးတဲ့အတွက် သူတို့ နည်းပေါင်းစုံနဲ့ ကလိဖို့ ကြိုးစားနေပါတယ်.... အခုလက်ရှိ MPT ဟာ သူတို့ရဲ့ Primary DNS Server ကို 203.81.64.18 ဆိုပီး ထပ်တိုးပါတယ်.... DNS ဆိုတာ Naming Resolution (ဥပမာ www.google.com လို့ရိုက်ရင် google ကိုသွားရှာရန်) အတွက် သုံးတာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လိပ်စာတွေကို Resolve လုပ်နိုင်ရမှာ ဖြစ်ပါတယ်... ဒါပေမဲ့ အဲ့ဒိ Primary DNS Server မှာ Record ဖျက်ထားတဲ့အတွက် www.facebook.com လို့ရှာလိုက်ရင် Record Not Found ဆိုပီး ဖြစ်နေလို့ ပြည်တွင်းမှာ ခုရက်ပိုင်း Facebook သုံးတာ အဆင်မပြေဖြစ်တာပါ... အရင်တုန်းကတော့ mail.google.com ဆိုပီးရှာလိုက်ရင် Record Not Found ဖြစ်တယ်။ တစ်ခါတစ်လေမှာ www.google.com ကိုခေါ်ကြည့်ရင်ကို Access Denied ဖြစ်တာတွေ ပြည်တွင်းက အင်တာနက်သုံးသူများ အထူးအဆန်းမဟုတ်တော့ပါဘူး။

စာထဲမှာ ရေးထားတဲ့ DNS Poisoning နဲ့ အစိုးရက ခိုးတယ်လို့ ရေးထားပါတယ်။ အဲ့ဒါလည်း တက်တက်စင်အောင် လွဲပါတယ်။ DNS Poisoning ဆိုတာ တကယ့် Record အစစ်အမှန်တွေနေရာမှာ အတုအယောင်တွေနဲ့ အစားထိုးတာပါ။ မျက်စိထဲမှာ ထင်သာမြင်သာအောင် ပြောရမယ်ဆိုရင် မောင်ဖြူနေရာမှာ မောင်နီကို အစားထိုးလိုက်တာပါ။ အောက်ကပုံကိုကြည့်ရင် DNS Poisoning အလုပ်လုပ်ပုံကို တွေ့ရမှာ ဖြစ်ပါတယ်။

အသုံးပြုသူဟာ www.nicebank.com ကိုခေါ်လိုက်တဲ့အချိန်မှာ Poisoning အလုပ်ခံရတဲ့ DNS Server ဟာ တကယ့်နာမည်အစစ်ဖြစ်တဲ့ www.nicebank.com ကိုပေးမဲ့အစား www.n1cebank.com ကိုပြောင်းပလိုက်ပါတယ်။ အဲ့ဒိ www.n1cebank.com မှာမှ အသုံးပြုသူ User ရဲ့ပါစ၀ါ့တွေကို ခိုးဖို့ Fake Form တွေ အဆင်သင့်စောင့်နေပါတယ်။ ဖောင်တွေကို ဖြည့်ပီး Submit လုပ်လိုက်ချိန်မှာတော့ ကိုယ့်အကောင့်ဟာ ပါသွားပီဖြစ်ပါတယ်။ ပြန်ယူချင်လို့ မရတော့ပါဘူး။ ဘဏ့်အကောင့်ဆို ငွေအကုန်၊ အီးမေးလ်အကောင့်ဆို ပါ့စ၀ါ့ကိုအပြောင်းခံလိုက်ရပီး Account Hijacked ဖြစ်သွားပါပီ။ ဒါဟာ DNS Poisoning နဲ့ Fake Website ကိုအသုံးပြုပြီး ခိုးတာဖြစ်ပါတယ်။ ကိုယ် Login ၀င်နေတာ Google ရဲ့ Website ဟုတ်မဟုတ်ကို Internet Browser ရဲ့ Address Bar ကနေ စစ်ကြည့်လို့ရပါတယ်။

အဲ့ဒိမှာ သူပြထားတဲ့ ပုံထဲက ဆာဗာတစ်လုံးဟာ Checking and Capturing the Login Credential ဆိုပြီးပြထားပါတယ် မှားပါတယ်။ https နဲ့သွားတဲ့ Login Credential တွေကို ဖြတ်ပီးခိုးဖမ်းဖို့ မဖြစ်နိုင်ပါဘူး။ အခုလက်ရှိ အစိုးရမှ သုံးထားတာတွေဟာ Proxy Server တွေဖြစ်ပြီး Website အဖွင့်အပိတ်ကို ပြုလုပ်ရန်၊ တနည်းအားဖြင့် URL Filtering အတွက်ဖြစ်ပါတယ်။ သူတို့ ပေါ်လစီနဲ့ ညိရင် ပိတ်ထားပါတယ်၊ တနည်းအားဖြင့် ဘန်းတယ်ပေါ့။ အဲ့ဒါကြောင့် မြန်မာတွေ ကျော်ခွသုံးတာကို ဘန်းကျော်တယ်လို့ သုံးကြပါတယ်။ User သွားကြည့်တဲ့ Website တွေကိုတော့ Trace လိုက်လို့ရပါတယ်။ ဒါကလည်း သူသုံးတဲ့ အင်တာနက် Service ပေါ်မူတည်ပြီး ချပေးထားတဲ့ IP Address ကိုနောက်ယောင်ခံ လိုက်ကြည့်တာပါ။ အဲ့ဒါလည်း ဘယ် Website ကိုသွားတာပဲ သိရတာဖြစ်ပါတယ်။ အဲ့ဒိ Website ဟာ https သုံးထားလျင် အထဲမှာ ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ တနည်းအားဖြင့် သူတို့ဟာ ဒီလူ ဒီအဆောက်အဦးထဲ ၀င်သွားတာကို သိပါတယ်။ အဆောက်အဦးထဲမှာ ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဓိက Decrypt လုပ်ရန် Key မရှိခြင်းကြောင့် ဖြစ်ပါတယ်။

အဲ့ဒိလို သွားကြည့်တဲ့ Website တွေကို Trace လိုက်တယ်ဆိုတဲ့နေရာမှာလည်း Proxy Bypass Software တွေသုံးထားရင် လိုက်စစ်လို့ မရပြန်ပါဘူး။ ထို့အတူ Proxy Bypass Site တွေကနေ တစ်ဆင့်သွားလျင်လည်း မသိနိုင်ပါဘူး။ လူသိများကြတဲ့ Proxy Bypass Software တွေကတော့ Your Freedom, Freegate, Ultrasurf, Hopster အစရှိသဖြင့် အများကြီး ရှိပါတယ်။ ဥာဏ်ရှိသလို သုံးနိုင်ပါတယ်။ နိုင်ငံတကာကို သွားဖို့ Ports တွေကတော့ အကုန်ပိတ်ထားပြီး ဖွင့်တာဆိုလို့ http, https ပဲရှိတယ်၊ ဘယ်ဝက်ဆိုဒ်တွေတော့ ပေးကြည့်မယ် ဘယ်ဟာတော့ ပိတ်မယ်ဆိုတာ URL Filtering ပါ၊ DNS Poisoning တောင်မလုပ်ဘူး NS Record ကို ဖျက်ပစ်တဲ့ အလုပ်မျိုးကိုပဲ လုပ်ကြတယ်။ အဲ့ဒိဆောင်းပါးပါ အချက်အလက်တွေ တော်တော်လေးလွဲနေပါတယ်။ DNS Port ကိုတော့ ဖွင့်ပေးထားပေမဲ့ MPT Connection ဟာ Proxy နဲ့ ထိမ်းထားတာ ဖြစ်တဲ့အတွက် သူ့ Proxy Server ဟာ သူ့ရဲ့ DNS ကိုပဲ သွားစစ်တာဖြစ်တဲ့အတွက် ကိုယ်ပိုင် DNS Server သုံးပီး ကျော်ခွလည်း မရပါဘူး။

FTP Port ကတော့ စိတ်ကူးပေါက်ရင် ဖွင့်ပါတယ်၊ တစ်ခါတစ်လေမှာ ပိတ်ပါတယ်၊ တစ်ချို့ အဖွဲ့အစည်းတွေကတော့ သူတို့ နိုင်ငံခြားမှာ ရှိတဲ့ ဆာဗာတွေကိုသုံးဖို့အတွက်တော့ Port Request တင်ရပါတယ်။ Messaging Port တွေဖြစ်တဲ့ (POP, SMTP, IMAP, Exchange) တွေကိုတော့ လုံးဝပေးမဖွင့်ပါလို့ အရင်ကတရားဝင် ပြောပါတယ်။ အဲ့လိုပဲ VPN ကိုလည်း လုံးဝပေးသုံးပါလို့ အရင်က ပြောပါတယ်။ Port Request မှာ Source IP ပေးရပါတယ်၊ Target URL & Target Port ကိုပေးရပါတယ်။ ဖွင့်မပေးခင်း နည်းလမ်းပေါင်းစုံ စစ်ပါတယ် ဒါက အရင်ကပါ။ (အခုတော့ မသိဘူး ကျွန်တော့လာမမေးနဲ့ သူတို့သွားမေး.... :D)

လက်ရှိ မြန်မာပြည်က ရတာနာပုံ ကသုံးထားတဲ့ Proxy Server တွေဟာ Blue Coat System ဖြစ်ပါတယ်။ Blue Coat က ကမ္ဘာ့အကောင်းဆုံးလို့တော့ ပြောကြတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံက လုပ်ချင်တဲ့ System နဲ့ Control လုပ်ချင်တဲ့ပုံစံက တကယ့်ကို တလွဲပါ။ ကမ္ဘာမှာလည်း မရှိပါဘူး.... အဲ့ဒါကြောင့် သူတို့တွေ Proxy ကို တစ်မျိုးပြီး တစ်မျိုးပြောင်းသုံးနေပေမဲ့လည်း ခုထိသူတို့ လိုချင်တဲ့ပုံစံနဲ့ ထိမ်းချုပ်မရသေးတဲ့အတွက် နည်းပညာပိုင်း မနိုင်သေးတဲ့အတွက် ကမောက်ကမ ဖြစ်တာ များခဲ့ပါတယ်။ ဒီနေရာမှာ Proxy Server တွေဟာ https အတုတွေကို ကြားဖြတ် ဖျက်ချဖို့ System တွေပါဝင်လာပါတယ်။ ကျွန်တော် Blue Coat နဲ့ အကျွမ်းတ၀င်မရှိတဲ့အတွက် Microsoft TMG နဲ့ပဲ နှိုင်းယှဉ်ရေးပြပါ့မယ်။ သဘောတရားခြင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ (Co-operate Proxy & Firewall မှာတော့ Microsoft TMG ဟာ နာမည်ကြီးပါတယ်။ Blue Coat ကတော့ ISP တွေ အကြိုက်ဖြစ်ပါတယ်။)

Microsoft TMG မှာအဲ့ဒိ စနစ်ကို SSL Inspection လို့ ခေါ်ပါတယ်။ Fake SSL Certificate တွေကို သုံးမှာကို တားတာပါ။ ဒါပေမဲ့ Technology အရ Un-trusted Certificate တွေနဲ့ Fake Certificate တွေကို သုံးထားတဲ့ Website တွေကို Users တွေ Access လုပ်မိခြင်းမှ ကာကွယ်ရန် ဖြစ်သလို၊ Proxy Bypass သုံးတဲ့ Software တွေရဲ့ Fake Certificate နဲ့ ကျော်ခွခြင်းကို ကာကွယ်ရန်ဖြစ်ပါတယ်။ ဒါပေမဲ့ Public ISP လိုမျိုးတွေမှာ အဲ့ဒိ Function ဟာ သုံးလို့မရပဲ Co-operate တွေမှာပဲ သုံးရတာ အဆင်ပြေပါတယ်။ Public မှာသွားသုံးလိုက်ရင် Client Authentication မှာတင် အဆင်မပြေဖြစ်ပီး https ကို Access လုပ်မရပဲ ဒေါင်းကုန်လို့ဖြစ်ပါတယ်။

ယခင် အစိုးရက အင်တာနက်ကို ကြားက ဖြတ်စစ်လို့ မရမှန်းသိလာတော့ သိတ်ပေးမသုံးချင်ခဲ့ဘူး။ ဒါပေမဲ့လည်း အင်တာနက် အခွင့်အရေး အပြည့်အ၀ ပေးထားတယ်ဆိုတာ ပြချင်တော့ ပေးသုံးတယ်၊ သို့သော် သူတို့ အခုလက်ရှိ လုပ်ထားတာ Bandwidth Control ဖြစ်ပါတယ်။ ပြောရရင်တော့ နှေးအောင်လုပ်ထားတာပေါ့ဗျာ။ အဲ့ဒါကြောင့် တစ်ခုခုဖြစ်လို့ မသင်္ကာရင် သတင်းတပ်ဖွဲ့က ကွန်ပျူတာကို အကုန်စစ်တာဖြစ်ပါတယ်။ ကိုဇာဂနာကြီးရဲ့ ဘာ့ကြောင့်ထောင်ကြသလဲ အင်တာဗျူးတွေ ပြန်ကြည့်ရင် သိနိုင်ပါတယ်။ နိုင်ငံတကာမှာ၊ အထူးသဖြင့် အမေရိကန်မှာ တစ်ခုခု National Security နဲ့ပါတ်သက်လို့ သိချင်လာလျင် Public Server တွေကို ဖွင့်ပီး စစ်ဆေးပိုင်ခွင့် အမိန့်ဒီကရီကို တရားရုံးမှာတောင်းပါတယ်။ ဒီကရီ ရတာနဲ့ သက်ဆိုင်တဲ့ Server တွေက ဒေတာတွေကို မွှေပါတော့တယ်။ ဟိုတလောလေးကပဲ အမတ်တစ်ယောက်ကို Wikileak နဲ့ အဆက်အသွယ်ရှိလို့ဆိုပီး သူ့ရဲ့ Twitter အကောင့်အပါဝင် တော်တော်များများကို ၀င်မွှေခွင့်ပေးလိုက်ပါတယ်။ အဲ့ဒိနေရာမှာသတိထားကြည့်ပါ၊ ISP ကိုမမွှေပဲ မူရင်း Source ကိုပဲ မွှေတာကို တွေ့မှာပါ။ ISP ကနေ စစ်လို့ရလျင် CIA ဟာ လူသိရှင်ကြားတောင် လုပ်မနေပါဘူး တိတ်တိတ်ဖြတ်ခိုးနေမှာပါ။

ဂျီမေးလ်အကောင့်အသစ် ဖွင့်ပီး မြန်မာပြည်တွင်းမှာ (မြန်မာပြည်ရဲ့ IP နဲ့ဆို ပိုမှန်ပါတယ်..) သုံးရင် သိတ်မကြာဘူး လော့ကျသွားပီး ဖုန်းနံပါတ်နဲ့ ဖြည်ရပါတယ်.... ဘာ့ကြောင့်လည်းဆိုတော့ မြန်မာပြည်ကို အကောင့်အသစ်ဖွင့်ခွင့် ပိတ်ထားတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်.... အဲ့ဒိ လော့ကျသွားတဲ့ အကောင့်ကို ဖုန်းနံပါတ်ထည့်ပြီး ပြန်ဖွင့်လို့ရပါတယ်.... အစိုးရ လုပ်တာမဟုတ်ပါဘူး... Google ရဲ့ Restriction တစ်ခုပါ.... ဒါတွေကိုဖတ်ကြည့်ရင်တော့ အဖြေရှင်းလောက်ပီ ထင်ပါတယ်။ အဲ့ဒိဆောင်းပါးပါတဲ့ အချက်တွေဟာ တော်တော်လေးကို လွဲမှားနေပါတယ်။ အဲ့ဒိအထဲက ကွန်ပျူတာ ပညာရှင်ဆိုတာ လူရွှင်တော်လား မသိပါဘူး။ ကွန်ပျူတာ ပညာကို သေသေခြာခြာ တတ်တဲ့သူတိုင်း၊ https ရဲ့ အလုပ်လုပ်ပုံကို သိသူတိုင်းဟာ ဘယ်လိုမှ https ကိုကြားကနေ ဖြတ်ခိုးယူလို့ မရဘူးဆိုတာ အလိုလို သဘောပေါက်နားလည်ပီးသား ဖြစ်ပါတယ်။ အဲ့ဒိအတွက် ဘာမှ စိုးရိမ်စရာမလိုပဲ https နဲ့ စစ်မှန်တဲ့ URL (DNS Poisoning) လုပ်ထားတဲ့ လိပ်စာမဟုတ်ရင် စိတ်ချ လက်ချ သုံးနိုင်တာကို အာမခံပါတယ်။ အဲ တစ်ခုပဲ ရှိတယ် Cyber Cafe မှာသွားသုံးလို့ Key Logger နဲ့ ခိုးခံရရင်တော့ မပြောတတ်ဘူးဗျိုး.....
James Mmt facebookမှ


(အညတရသူရဲကောင်းဆုချီးမြှင့်ရေးကော်မတီ)မှ ကျေးဇူးတင်လွှာ

Posted: 25 Nov 2011 08:30 AM PST


Thanksgiving Letter (25.11.2011)မိတ်ဆွေများအားလုံးခင်ဗျား

ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုချီးမြှင့်နိုင်ရေးအတွက် အမျိုးသားရေးစိတ်ဓါတ်ဖြင့်
ပံ့ပိုးကူညီဆောင်ရွက်ကြသူများ အားလုံးအား မိမိတို့ ဆုချီးမြှင့်ရေးကော်မတီအနေဖြင့်လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်းနှင့် အထူးကျေးဇူးတင်ရှိရပါကြောင်း ထုတ်ပြန်ချက်များပါရှိသည့် ကျေးဇူးတင်လွှာအား ပေးပို့အပ်ပါသည်။

ငွေစာရင်းရှင်းတမ်းအား မကြာမီ ထုတ်ပြန်ပေးသွားပါမည်။

ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားတစ်ရပ်အားဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဒီဇင်ဘာလ (၁၈) ရက်၊ တနင်္ဂနွေနေ့တွင်ကျင်းပပြုလုပ်မှာဖြစ်ပြီး ၊ သူရဲကောင်းဂုဏ်ပြု တေးသံသာများဖြင့်ပါ ဂုဏ်ပြုဖျော်ဖြေတင်ဆက်သွားနိုင်ရန် စီစဉ်လျှက်ရှိပါသည်။

တတိယအကြိမ်မြောက် ဆုချီးမျြင့်နိုင်ရေးအတွက် နှစ်သစ်ကူး ရံပုံငွေ ခရီးစဉ်တခုကိုလည်း
စီစဉ်လျှက်ရှိပါသည်။

အခမ်းအနား ဖိတ်ကြားလွှာ၊ ခရီးသွား ကြော်ငြာ (poster) များအား မကြာမီ ဖြန့်ချီတော့မည် ဖြစ်ပါကြောင်းသတင်းကောင်း ပါးအပ်လိုက်ရပါသည်။

လေးစားစွာဖြင့်
မင်းထက်ဇော်


မိုးပေါ်က လနတ်သား နေနတ်သားလေး

Posted: 25 Nov 2011 08:15 AM PST




ကိုမင်းကိုနိုင် လို ဒီမိုကရေစီရဲ့အဓိပတိကြယ်အဖြစ်ခွပ်တဲ့ဒေါင်းတစ်ကောင်ကို ထောက်ပံ့ပေး။ ကျွေးမွေးပြုစု ပေး ခဲ့ တဲ့ မွေးထုတ်ပေး ခဲ့တဲ့ဖခင်နှင့်မိခင်ဒေါ်လှကြည်တို့  အားသူရဲကောင်း သားကောင်းသားမြတ် သူရဲကောင်း ကို မွေးဖွားသန့် စင်ပေးခဲ့တဲ့အတွက် လည်းကောင်း ၊ မိဘ ၂ပါးအား ဒီစာ လေးဖြင့် ကျွန်တော်ရိုသေစွာ ကန်တော့အပ်ပါတယ်..ပထမဆုံး ကျွန်တော် ကိုယ်တိုင် ကိုဇာဂနာရဲ့ ရင်သွေးများအား သီးလေးသီးအဖွဲ့  ကိုပါဝင်တီးခတ်ပေးခဲ့ရတဲ့ အတွက် ကိုမင်းကိုနိုင် က သူကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းနဲ့ ဖော်ပြလိုပါတယ်ဗျာ ။ ဒီသီချင်း ကို သီးလေးသီးအဖွဲ့ နှင့်အတူ ကိုရီးယားနိုင်ငံ ၁ပွဲ ၊ ဂျပန်နိုင်ငံ နှစ်ပွဲ နှင့် စင်္ကာပူ တစ်ပွဲ ပွဲ စဉ်တိုင်းမှာ ကိုယ့်စားရိတ်ကိုယ်စိုက်ပြီး လိုက်တီးပေးခဲ့ရပါတယ် နားဆင်ကြည့်ပါ၊၊

စည်ဗျောသံဝေ

တေးရေး ..သံစဉ် စာသား ကိုမင်းကိုနိုင်

အဆို ချောစုမျိုး

စည်ဗျောသံဝေ ++ စိမ်းလမ်းတဲ့++ အေးချမ်တဲ့ ငြိမ်းချမ်တဲ့ ++ဒို့ ဗမာပြည်

ပွင့်ဖြိုးသာစေ ++စိမ်းလန်းတဲ့ ငြိမ်းချမ်းနွဲ့ ++ ကိန်းကိန်းနွဲ့  စပါးပင်ပျိုတွေ

မြေအောက်ရေအောက်တရံဇာတတွေ ++တိုင်းပြည်ဂုဏ်ဝင့် ++အကျိုးရင့် ကျက်သရေ

တက်နေဖျာသလင်း ++ကက်ချေမှာကွင်း++ ခိုင်မာချင်းညီညာချင်းမြန်မာဆိုတဲ့ 


မူရင်း အဓိပါယ် အမြဲပေါ်လွင်နေ+++ ဇွဲမာန်မိုးရိပ်တွေ လွင့်နေပစေ

အာဃတတရား +အငြိုးများပျောက်ကွယ်စေ ++ ဂျိုးဖြူငှက်ရဲ့ ++သီချင်းများသာယာစေ

ခိုင်မာချင်းညီညာချင်းမြန်မာဆိုတဲ့ 

မူရင်း အဓိပါယ် အမြဲပေါ်လွင်နေ၊ ။ ။

ဒီသီချင်းနားထောင်ပြီးရင် ညီလေးတို့ ညီမလေးတို့ ရဲ့ ကိုယ်ပေါ်မှ ကြက်သီးမွှေးတွေ ထလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဒီသီချင်းရဲ့ သံစဉ်အနက်အဓိပါယ်က အေးချမ်းတော့မယ့် မြန်မာပြည်မှာ ရွှေရောင်တ၀င်းဝင်းတောက်ပနေတဲ့ဗမာပြည်မှာ တရံဇာတတွေထွက်ရှိတယ် ၊၊ မျိုးချစ်စိတ်ဓါတ်တွေ တစ်ဖွါးဖွါး ပြင်းပြင်းထန်ထန်ဖြစ်စေပါတယ် ….သံစဉ်ကလည်းဇာတိမာန်ကြွတက်ဖို့  စိတ်ဓါတ်တွေ ဖြစ်စေပါတယ် ။နောက်ပြီး အမှောင်ကွင်းပြီး အလင်းဆောင်တော့မယ် နေချည်ဖြာတော့မယ့်မိုးသောက်ယံမှာ ညီအစ်ကိုတိုင်းရင်သားတွေ ညီညာကြစေ ညီညွတ်ကြစေ လို့  ကိုမင်းကိုနိုင် က ဆော်သြထားပါတယ်၊၊ ဒါဟာ နောက်ဆုံးအကြိမ် ပြန်လွတ်ပြီး ရေးစပ်ထားတာပါဗျာ။ သီချင်းနောက်ဆုံး အပိုဒ်မှာတော့ အာဃတတရား အငြိုးများပျောက်ကွယ်စေဖို့ ဂျိုးဖြူငှက်ရဲ့ သီချင်များနဲ့ နှိုင်းယှဉ်ပြီး သူ့မှာလဲဘဲ ဘာမှရန်ငြိုးမထားတတ်တဲ့ သူလိုချင်တဲ့ပန်းတိုင်ကိုရောက်အောင် အစိုးရကို အနုနည်းဖြင့် တိုက်ပွဲဝင်မယ့် အကြောင်း အမိမြန်မာပြည်ကြီးတိုးတက်ခိုင်မာအောင် အရှေ့ ဆီမှ စည်ဗျောသံတွေဝေဆာနေအောင် အောင်စည်အောင်မောင်းသံတွေ အပြည့်နဲ့  ရေးဖွဲ့ စပ်ဆိုထားပါတယ်။ဒီအကြောင်းနဲ့ ရေးမယ်ဆိုရင် သူ့ မှာ အနုပညာခံစားမှု ကဗျာခံစားမှုပုံ ရိပ်တွေ ရင်ထဲမှာ ဘယ်လောက်မွတ်သိပ်ပြည့်ကျပ်နေမလဲ စဉ်းးစားလို့ ရတယ်။ ဒါက ကိုမင်းကိုနိုင် ရေးစပ်ခဲ့တဲ့ သီချင်းကိုဖော်ပြပေးတာပါ၊၊

နောက် သူရေးထာတဲ့ သီချင်းတွေ ရှိပါသေးတယ် အလျဉ်းသင့်ပါက ဖော်ပြပေးပါအုံးမယ်။ ကျွန်တော်ရေးချင်ပြောချင်တာက ဒီသီချင်းမှာလည်း အစိုးရဆန့် ကျင်တဲ့ စာလုံးတစ်ခုမှမပါပါဘူး..မင်းကိုနိုင် ဆိုတဲ့ နံမည်က ဒီမင်းကို ဒီအစိုးရကို နိုင်အောင် ပေးထား တဲ့ နံမည်က စီးနေလို့ ဒီအစိုးရကြောက်နေပုံရတယ်လို့ထင်မိပါတယ်၊၊မြန်မာပြည်က လည်း ဗုဓ္ဒဘာသာတိုင်းပြည်ဖြစ်ပေမဲ့ အခြားဘာသာများကိုလည်း အသိအမှတ်ပြုထားတဲ့ အဖွဲ့ အစည်းပါ၊၊ ဒါပေမဲ့ အမေကျော် ဒွေးတော်လွမ်းတဲ့ကိစ္စမျိုးကို သမ္မတဦးသိန်းစိန် သာ ဗုဓ္ဒဘာသာဝင်ဆိုရင် အစ်ကိုမင်းကိုနိုင် နဲ့  နိုင်ငံရေး အကျဉ်းသားတွေ ၈၈၈၈လေးလုံးကျောင်သားခေါင်းဆောင်တွေဟာ ခုထိ လွှတ်မယ်လွှတ်မယ် နိုင်ငံတကာတကာကိုလိမ် ၊အာဆီယံမှာလည်းညာပြော နဲ့ သိန်းစိန်အစိုးရ အာဏာ တည်တံ့အောင် ဘက်ပေါင်းစုံက အယုံသွင်းပြီး အာဏာန်ီတည်တံ့ဖို့ ကို ရေရှည်စီမံကိန်းတွေချပြပြီး လုပ်ပြနေတယ်။ ဟိုထောင်ပြောင်း ဒီထောင်ရွှေ့ နဲ့ ပင်ပန်းလိုက်တာဗျာ သူတို့ အစိုးရကြည့်ပြီး ဆက်လိမ်နေတာကိုက ရင်မောတယ်၊၊ လွှတ်စရာရှိရင် လွှတ်ပေးလိုက်စမ်းပါ လွှတ်ပေးတော့ကော ဘာများထူးခြားပြောင်းလဲလာမှာ လဲ ယုံကြည်ချက်ကြောင့်အပြစ်ပေးခံရတဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာကို လက်မခံကြဘူးတဲ့။ ထောင်ကျနေတဲ့ ကိုမင်းကိုနိုင်နဲ့အပေါင်း ပါတွေဟာ ယုံကြည်ချက်တွေကိုတင်ပြလို့ ဖမ်းဆီးထားတာ မဟုတ် ရင် မယုံကြည် တာလုပ်လို့ ဖမ်းဆီးထောင်ချ ထားတာလားဆိုတာမေးကြည့်ချင်တယ်။ စကား လုံးဖောဖော တွေ ထည့်ပြီး ဖလောဖလှယ်တွေလုပ်ပြီး အမျိုးမျိုးလိမ်ညာချင်ကြတဲ့ အစိုးရလူတွေပဲ။ဒါဆိုရင်ဘာဖြစ်လို့ ဆက်ဖမ်းထားခြင်ရတာလဲ..

စိတ်လေတယ်။ ဂျပန်မှာ နအဖ အခွန်ရုံးရှေ့ မှာ ကိုမင်းကိုနိုင် လွတ်မြောက်ရေး အတွက်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ နေ့ စဉ် နှင့်အမျှပါဘဲ ၊။ခက်နေတာက အသားထဲကလောက်ထွက်နေကြတဲ့ နအဖ ၀န်ထမ်းတွေကြောင့် တော်လှန်ရေးကကြာနေကြတာပါ၊၊ ထောင်ကတော့ အ၀င်အထွက်ရှိနေကြတာ ဘဲဗျ၊၊ထောင်ရဲ့ သဘောကတော့ ကြမ်းမှာဘဲ။စိတ်ဓါတ်ကျနေလို့ လည်းဘာမှမထူးခြားလာပါဘူး အစ်ကိုပေါ်ဦးထွန်းရေ .. ထောင်ရဲ့ လက္ခဏာတွေက အလွမ်းတွေဒဏ်ရာတွေ ၊ အံကြိတ် တောက်ခေါက်သံ တွေ ၊ထောင်သားတွေရဲ့  သောက တွေ နောက်ပြီး ပြန်ထွက်လာတဲ့အကျဉ်းသမားများရဲ့ ညည်းတွားသံတွေ ပြည့်နေဆဲပါဘဲ အစ်ကို့ အတွက် ကျွန်တော် စာကဗျာလေးနဲ့  စပ်ဆိုပြီးရေးလိုက်ပါရစေ ရောက်ရာအရပ်ကနေကြားပါစေ..အစ်ကို မင်းကိုနိုင်ရေ...

ဘရဏီနတ်သား လေးတဲ့
ဖြူဖွေးတဲ့နှလုံးသားပိုင်ရှင်
ပီပြင်တဲ့ အစ်ကိုရဲ့ အရည်အချင်းတွေ
မငြင်းနိုင်တဲ့ရည်မှန်းချက်တွေကြောင့်
ကြောက်ရပါတဲ့ အာဏာသား
ကြောက်လို့ပင်တကယ်ဖျား။

ဟိုထောင်ရွှေ့  ဒီထောင်ပြောင်းနဲ့ 
ဗလောင်းဗလဲ နဲ့ အပြောင်းအလဲတွေကြောင့်
ဒေါင်းကိုမွေးပေးတဲ့ အစ်ကို့ စိတ်ဓါတ်
အဆက်မပြတ် ၈၈ရဲ့ မော်ကွန်းတစ်ရပ်
မှတ်ကျောက်ရယ်တင် ကြောက်စိတ်ရယ်မ၀င်
မှတ်တမ်းတင် သမိုင်းတွင်ထင်ထင်ရှား။
ဒေါင်းသခင်ကြီးရယ်လို ကျွန်တော်တင်စား ။

သက်ပြင်းတွေ အကြိမ်ကြိမ်ချ
လောကရဲ့အထောင်းအထုကို
အကြောင်းပြုရှာပြီး
ကဗျာတွေရေး တေးသီချင်းတွေစပ်
ပစ်မှတ်ထိတဲ့ အစ်ကို့သီချင်းကို
ဆိုရင်းစိတ်ဓါတ်တွေတက်
အလင်းအတွက် လွတ်ကြောင်းကြံ
ခွပ်ဒေါင်းအလံ ခိုင်ခိုင်မြဲ
အပိုင်ဆွဲပြီ ရဲရဲတက်
ရင့်ကျက်ပြတ်သား ယုံကြည်ချက်များနဲ့
လူသားအကျိုး တကယ်သယ်ပိုးမယ့်
ခွပ်ဒေါင်းမျိုးခိုင် မင်းကိုနိုင်။

ထွန်းဝေ
FB Tun Wai (U Tun Wai)

ကိုမင်းကိုနိုင် အမြန်ဆုံးလွတ်မြောက်ပါစေ

ကိုမင်းကိုနိုင် လွတ်မြောက်ရေး ..... ဒို့ အရေး ဒို့ အရေး
၈၈ကျောင်းသားခေါင်းဆောင်များ ...အမြန်လွှတ်ပေး အမြန်လွှတ်ပေး
နိုင်ငံရေး အကျဉ်းသားအားလုံး ........ ချက်ချင်းလွှတ် ချက်ချင်းလွှတ်


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment