Thursday 10 November 2011


ရိုဟင်ဂျာနှင့် ပတ်သက်၍ရခိုင်လူငယ်အယောက် ၂၀ခန့်အင်္ဂလန် သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရန်ကြိုးစား

Posted: 09 Nov 2011 08:00 AM PST


Photo..Burma VJ Media Network

BBC သတင်းဌာန၏ စာမျက်နှာပေါ်တွင် မြန်မာပြည်မြေပုံဖော်ပြရာ၌ ရခိုင်ပြည်နယ်၏နေရာတွင် ရိုဟင်ဂျာဟာ သုံးနှုန်းထားခြင်းနှင့် ပတ်သက်၍မကျေနပ်သော ရခိုင်လူငယ်နှင့် ရခိုင်အနုပညာရှင် အယောက် ၂၀ ခန့်မှာ ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အင်္ဂလန်သံရုံးရှေ့တွင် ၄င်းတို့၏ ဆန္ဒဖော်ထုတ်ရန် ကြိုးစားခဲ့သည်ဟု သတင်းရရှိသည်။

"BBC မှာ မြန်မာနိုင်ငံမြေပုံကို တင်တဲ့အချိန်မှာ ရခိုင်နဲ့ ရှမ်းနေရာတွေမှားနေတယ်။ ရခိုင်နေရာမှာ ရိုဟင်ဂျာတော့ မဟုတ်ဘူး။ ကုလားတွေကိုထည့်ထားတယ်။ ဒါကိုလုပ်တာ BBC သတင်းထောက်အင်နာဂျွန် မှားတာ။ BBC ကနေပဲ ကျွန်တော်တို့ရခိုင်မြေပုံ ပြင်ခိုင်းတယ်။ ဒီကိစ္စကိုတောင်းပန်ခိုင်းထားတယ်။ မလုပ်ပေးဘူး။ ဒါကြောင့် ဆန္ဒဖော်ထုတ်မယ်" ဟု အဆိုပါစုရုံးရာတွင် ပါဝင်သူ ကိုအောင်ဇော်ထက် (ခ) စစ်ငြိမ်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများနေလာသည်မှာ ရာစုနှစ်များစွာကတည်းကပင်ဖြစ်ပြီး ရိုဟင်ဂျာဆိုသည်မှာ ခုမှပင်ပေါ်လာခြင်းဖြစ်ကြောင်း၊ အမှန်တကယ်မှာမူ ဘင်္ဂါလီကုလားသာဖြစ်ပြီး မွတ်စလင်လူမျိုးများဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယဘက်မှဝင်လာကြကြောင်းသိရသည်။

"လူသားချင်စာနာထောက်ထားပြီး ကျွန်တော်တို့နေရာမှာ နေခွင့်ပေးထားတာ။ ဒါကျွန်တော်တို့တိုင်းရင်းသားမဟုတ် ဘူး" ဟု ကိုအောင်ဇော်ထက်ဆက်ပြောသည်။

ထို့ကြောင့် ယခုပြသနာကိုဖြေရှင်းပေးပါရန် လူအင်အားစုခြင်းဖြစ်ပြီး၊ ဆန္ဒပြခွင့်မရရှိ၍ပြန်သွားကြသူများလည်း ရှိကြောင်းမိမိတို့က လူရသလောက် ဆန္ဒဖော်ထုတ်မည်ဖြစ်သည်ဟု ဆိုသည်။

"BBC ကိုလုံးဝကန့်ကွက်တယ်။ သူဒီလိုလုပ်တာ ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့နိုင်ငံနစ်နာတယ်။ ဒါကြောင့် BBC ကိုကျွန်တော်တို့နိုင်ငံတောင်းပန်ပေးပါ။ သတင်းထောက် အင်နာဂျွန်ကို အလုပ်ဖြုတ်ပေးပါ" ဟု ၄င်းက ပြောသည်။

အဆိုပါ လူငယ်အယောက် ၂၀ ခန့်မှာ နေ့လည် 1 နာရီမှ စတင်ကာမိနစ် ၂၀ ခန့်အင်္ဂလန်သံရုံးရှေ့တွင် စုဝေးပြီး နောက် လူစုခွဲကာ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
(Messenger Journal)


အညတရသူရဲကောင်း သတင်းထုတ်ပြန်ချက်

Posted: 09 Nov 2011 07:42 AM PST


ဆုများအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား၌
ပေးအပ်ချီးမြှင့်သွားပါမည် ။

လေးစားစွာဖြင့်
မင်းထက်ဇော်



You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment