Monday 12 December 2011
ငါ
ငါ့ မှာလည်းငါ သူ့ မှာငါ နှင့်
ငါ့ ငါ သူ့ ငါ တွေ့ ကြခါဝယ်
ငါ နှင့်ငါခြင်း ငါစစ်ခင်းလျက်
ပူပြင်းပျံလျက် ငါပေါက်ကွဲ၏
ငါဒုက္ခပေး ငါမအေး၍
ငါအေးရကြောင်း ခွင့်ခါချောင်းလျက်
ငါကောင်းကိုရှာ ငါဆိုးခွါသော်
ကွာလေသည်သို့  ဖြစ်သမျို့ လည်း
ခေါင်းရှုပ် ကိုယ်ခွေ ပကျုပ်ခွေ၌
ငန်းမြွေမခြား နှဲသံကြားခိုက်
ပါးပြင်းထောင်လျက် ငါသည်ထွက်၏
အိုဖွားဖက်ငါ
အသင်ငါနှင့် ငါမလျော့ တမ်း
အားမာန်စမ်းအံ
အစွမ်းသာသူ ပန်းစွတ်ယူလှဲ့ 
ငါ့ ကို ငါက အောင်မည်လော။ (ဆရာ မင်းသုဝဏ်)
(ဆရာချစ်ဦးညို၏ မဲဆောက်စာပေဟောပြောပွဲမှ ကူးယူဖေါ်ပြပါသည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment