Saturday 17 December 2011


့ကာတွန်းရုပ်ပြောင်
Posted: 16 Dec 2011 10:48 PM PST


In new window
Print all
















More






Posted: 16 Dec 2011 10:48 PM PST

Posted: 16 Dec 2011 08:35 PM PST
 လက်ရှိအနေအထားကို ပြန်ကြည့်ရင် ၂ဝ၁ဝ ရွေးကောက်ပွဲအရ အမတ်အများဆုံးနဲ့ အပြတ်အသတ် အနိုင်ရ
 နိုင်ငံရေးပါတီဟာ ကြံ့ဖွံ့သာ ဖြစ်မြဲဖြစ်နေတဲ့အပြင် လွှတ်တော်ထဲမှာလည်း ၂၅% တပ်မတော် အမတ်တွေက 
ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။ သမ္မတဟာလည်း ဦးသိန်းစိန်ပင် ဖြစ်မြဲဖြစ်လျက် ရှိနေပြီး၊ အမျိုးသားလွှတ်တော် 
ဥက္ကဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့ဟာလည်း အရင်လူတွေအတိုင်းပဲ ဆက်လက် ရှိနေပါတယ်။ တခါ သမ္မတကို
 ရွေးချယ်တဲ့စနစ်၊ တရားရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေကို ခန့်ထားတဲ့ စနစ်ကလည်း
 အရင်အတိုင်းပဲ ရှိနေပြီး အရင်လူတွေသာ ဆက်လက် တာဝန် ထမ်းဆောင်နေတာ တွေ့ရပါတယ်။ နိုင်ငံရေး 
လှုပ်ရှားမှုတွေကို နှိပ်ကွပ်တဲ့ တည်ဆဲဥပဒေတွေအပေါ် ပြင်ဆင် ဖျက်သိမ်းတာတွေလည်း မရှိသေးပါဘူး။ 
တရားဥပဒေစိုးမိုးမှု အမှန်အကန် ဖြစ်မလာသေးပါဘူး။
မကြာခင် ကျင်းပဖို့ ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ပြည်သူတွေအလိုကျ လွတ်လပ်ပြီး တရားမျှတဖို့ ဖြစ်လာနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတာ့ "မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသော ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်း" ဆိုတဲ့
နိုင်ငံရေးပြယုဂ် ဖြစ်လာစေမယ့် နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးနိုင်ဖို့က အင်မတန် အရေးပါနေလို့ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်နိုင်ခြင်းအားဖြင့် သမ္မတအနေနဲ့ရော၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ရော၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ
အနေနဲ့ရော၊ အနိုင်ရပါတီတွေအနေနဲ့ရော ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ အခြားမသမာမှုတွေကြောင့်
နာမည်ပျက်ခဲ့ရတာကို ပြန်လည် အဖတ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။

နာမည်အပျက်ခံပြီး လုပ်ရတာကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့
အသက်ဝင်စေချင်ပြီး တရားဝင် အသိအမှတ်ပြုခံရဖို့ ရည်ရွယ်ချက်ကြောင့်လို့ ယူဆရပါတယ်။ (လိုရင်း မရောက်ဘဲ
စာရှည်မှာစိုးလို့ အခြားရည်ရွယ်ချက်တွေ ရှိနေကောင်း ရှိနေနိုင်တာနဲ့ အခြားနည်းလမ်း သုံးလို့ မရခဲ့ဘူးလား ဆိုတာတွေ
ကို ထည့်သွင်း မဖော်ပြလိုတော့ပါဘူး။)

ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲ၊ အခြေခံဥပဒေ အတည်ပြုတာ၊ လွှတ်တော်နဲ့ အစိုးရ ဖွဲ့စည်းတာတွေရဲ့ နောက်ပိုင်းမှာတော့
မူလရည်ရွယ်ချက်က မျှော်လင့်ထားသလောက် အသက်မဝင်ဘဲ ဖြစ်နေခဲ့ပါတယ်။ (ပထမအကြိမ် လွှတ်တော်ဆိုင်ရာကိစ
္စတွေနဲ့ အစိုးရသစ် လုပ်ဆောင်ပုံတွေကို ပြန်လည်သုံးသပ် ကြည့်နိုင်ပါတယ်။) ဒါကို ကုစားတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်
ကို အရင် ပွဲထုတ်ပါတယ်။ အဲဒီကတဆင့် NLD နဲ့ နိုင်ငံတကာကို လမ်းကြောင်းဖွင့်ပေးဖို့ ပြင်ဆင်လုပ်ဆောင်လာခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေကို အထိုက်အလျောက် လုပ်ဆောင်လာရာမှာ တစိတ်တဒေသအားဖြင့်အောင်မြင်လာ တာကတော့
ဥပဒေတွေ ပြင်ဆင်ပြောင်းလဲရေးနဲ့ ရပိုင်ခွင့်ကိစ္စတွေ ဖြစ်ပါတယ်။ ဒါဟာ လွှတ်တော်နဲ့ အစိုးရအပေါ်မှာ ယုံကြည်မှုရအောင်
ကြိုးပမ်းနေတာဖြစ်ပြီး တချိန်တည်းမှာ လူထုလိုလားတဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ မီဒီိယာလွတ်လပ်ခွင့်
တို့ကို အတန်အသင့် လျှော့ချခွင့်ပြုခဲ့ပါတယ်။

(မလိုလားအပ်တော့တဲ့ တည်ဆဲဥပဒေများ ဖျက်သိမ်းရေးအပါအဝင် တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးကိစ္စ၊
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အုပ်ချုပ်ရေးပိုင်း
ဆိုင်ရာနဲ့ ဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ပြောင်းလဲရေး၊ ဆင်းရဲနွမ်းပါးမှုနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး
အစရှိတဲ့ များပြားလှတဲ့ လူထုလိုလားချက်တွေ မပြည့်ဝသေးတာနဲ့ နိုင်ငံတကာအဆင့်မီ ဒီမိုကရေစီစံနှုန်းတွေ မပြည့်
ဝသေးတာကို လူတိုင်းသိနေတာဖြစ်လို့ မဖော်ပြတော့ပါဘူး။)

လက်ရှိအစိုးရဟာ တချိန်တည်းမှာ ၂ဝဝ၈ အခြေခံဥပဒေ၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့အပေါ် လူထုကရော နိုင်ငံတကာ
အသိုင်းအဝိုင်းကပါ ယုံကြည်လက်ခံလာအောင် လုပ်ယူပါတယ်။ ဒါ့အပြင် နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD
ပါဝင်လာတာမျိုး အပါအဝင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အရင်စစ်အစိုးရလက်ထက်လို အထက်စီးကနေ
မောက်မာဝင့်ကြွားတာမျိုး မဟုတ်ဘဲ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပေးလာပါတယ်။ တရုတ်သြဇာလွှမ်းမိုးမှု ကင်း
ရှင်းကြောင်း ပြသတဲ့ လက္ခဏာတရပ်အနေနဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်တန့်စေပြီး လူထုနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့
ယုံကြည်ကိုးစားမှုကို ရယူတာတွေ ရှိခဲ့ပါတယ်။ ငွေကြေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်စေရေးကိစ္စတွေကို
လည်း အထိုက်အလျောက် လုပ်ဆောင်ပေးလာတာ ရှိပါတယ်။

အရေးပါတယ်လို့ ယူဆရတဲ့ အဲဒါတွေအားလုံးအပေါ် ခြုံငုံသုံးသပ်တဲ့အခါမှာ မူလရည်ရွယ်ချက်ဟာ အတော်အတန်
အသက်ဝင်လာပါတယ်။ အရှိန်ရစ ပြုလာပါတယ်။ တချိန်တည်းမှာ ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပွဲကို လက်ခံ
ကျင်းပပေးဖို့ ရှိတာနဲ့ ၂ဝ၁၄ အာဆီယံဥက္ကအဖြစ် တာဝန်ယူပေးဖို့ ရှိတာတွေကလည်း သေချာသွားခဲ့ပါတယ်။ ဒီ ၂ ချက်
ဟာ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုခံရဖို့ မူလရည်ရွယ်ချက်ကို အားပြုပေးမှာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ရလာတဲ့အရှိန်ကို လျှော့ချတော့မှာ မဟုတ်တော့ပါဘူး။ ဒါက သေချာသလောက်ပါပဲ။ ဒါကြောင့်လည်း
နောက်ပြန် မလှည့်တော့ပါဘူးလို့ အစိုးရ ထိပ်တန်းအရာရှိကြီးတွေက အကြိမ်ကြိမ်အခါခါ လူသိရှင်ကြား ပြောဆိုနေကြ
တာ ဖြစ်ပါတယ်။ နောက်ပြန်လှည့်ရမယ့် အာဏာရှင်စနစ်ကို ကမ္ဘာက လက်မခံတဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဘက်မလိုက်၊ သိက္ခာအကျမခံဘဲ အမှန်ကန်ဆုံးနဲ့ အမျှတဆုံး လုပ်သွားမှာ
သေချာလိမ့်မယ်လို့ တွက်ဆထားနိုင်ပါတယ်။

လက်ရှိအနေအထားကို ပြန်ကြည့်ရင် ၂ဝ၁ဝ ရွေးကောက်ပွဲအရ အမတ်အများဆုံးနဲ့ အပြတ်အသတ် အနိုင်ရ နိုင်ငံရေး
ပါတီဟာ ကြံ့ဖွံ့သာ ဖြစ်မြဲဖြစ်နေတဲ့အပြင် လွှတ်တော်ထဲမှာလည်း ၂၅% တပ်မတော် အမတ်တွေက ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။
သမ္မတဟာလည်း ဦးသိန်းစိန်ပင် ဖြစ်မြဲဖြစ်လျက် ရှိနေပြီး၊ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့ဟာ
လည်း အရင်လူတွေအတိုင်းပဲ ဆက်လက် ရှိနေပါတယ်။ တခါ သမ္မတကို ရွေးချယ်တဲ့စနစ်၊ တရားရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေကို ခန့်ထားတဲ့ စနစ်ကလည်း အရင်အတိုင်းပဲ ရှိနေပြီး အရင်လူတွေသာ ဆက်လက်
တာဝန် ထမ်းဆောင်နေတာ တွေ့ရပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေကို နှိပ်ကွပ်တဲ့ တည်ဆဲဥပဒေတွေအပေါ် ပြင်ဆင်
ဖျက်သိမ်းတာတွေလည်း မရှိသေးပါဘူး။ တရားဥပဒေစိုးမိုးမှု အမှန်အကန် ဖြစ်မလာသေးပါဘူး။

ဒါဟာ တကယ်တော့ ဥပဒေပြုရေးရာ၊ တရားရေးဆိုင်ရာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဆိုတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ရဲ့ လုပ်ကိုင်ခွင့်
အာဏာအပေါ် ချုပ်ကိုင်ထားမှုဟာ အရင်အတိုင်းသာ ဖြစ်နေပြီး မူလရည်ရွယ်ချက်အတိုင်း ဆက်လက်ချုပ်ကိုင်နိုင်ဖို့
ဖန်တီးယူထားတာကို ထောက်ပြခြင်း ဖြစ်ပါတယ်။ အစိုးရဟာ ဖြေလျှော့မှုတချို့နဲ့ ပြုပြင်ပြောင်းလဲပေးပြီး သူတို့လိုချင်တဲ့
ပြည်တွင်း ပြည်ပအင်အားတွေကို ပေါင်းစပ်ထားတဲ့ နိုင်ငံရေး အခြေအနေသစ်ကို ရောက်ရှိလာစေတာကိုလည်း
သတိပြုစေလိုပါတယ်။ ဒါ့အပြင် တချို့ကိစ္စတွေမှာ သူလည်းရစေ-ငါလည်းရစေ ဆိုတဲ့ မူ (win-win policy) ကို
ဖော်ဆောင်လာတယ်လို့လည်း မြင်ကြည့်နိုင်ပါတယ်။

လက်ရှိအနေအထားတွေကိုကြည့်ပြီး စိတ်ဆိုးစရာ၊ မကျေမနပ်ဖြစ်စရာ၊ ပြစ်တင်ကန့်ကွက် ရှုတ်ချစရာ၊ စိတ်ပျက်အား
ငယ်စရာ၊ နိုင်ငံရေးလောကမှ ကျောခိုင်းစရာတွေ လုပ်စရာ မလိုပါဘူး။ လက်ရှိ အခြေအနေတွေကို အရင်စစ်အစိုးရလက်
ထက်နဲ့ နှိုင်းစာရင် အဆိုးဝါးဆုံးအဆင့်ကနေ တက်လာပြီလို့ ယူဆထားနိုင်ပါတယ်။ ဆက်ပြီး တက်လာနိုင်ဖို့ကိုသာ
တစိုက်မတ်မတ် ရှိနေရမှာ ဖြစ်ပါတယ်။

မိမိစိတ်တိုင်းကျ နိုင်ငံရေးမျိုး ဖြစ်လာပြီ်လို့ ဘယ်တော့မှ မယူဆသင့်ပါဘူး။ မျှော်လင့် မနေသင့်ပါဘူး။ နားလိုက်တာမျိုး၊
ကျောခိုင်းလိုက်တာမျိုး မရှိသင့်ပါဘူး။ ပြည်သူလူထု လိုလားချက် ဆိုတာတွေက ခေတ်ကာလအလိုက် အမြဲတစေ
ပြောင်းလဲနေမှာ၊ လိုအပ်နေမှာဖြစ်လို့ မိမိကိုယ်တိုင် နိုင်ငံရေးမှာ အာဏာရနေသည့်တိုင်အောင် (ဥပမာ- ကမ္ဘာ့နံပါတ်တစ်
အမေရိကန်နိုင်ငံက သမ္မတ ဆိုရင်တောင်) လူထုဆန္ဒနောက်ကို လိုက်ရင်းလိုက်ရင်းနဲ့သာ ပေးဆပ်နေရမှာ ဖြစ်ပါတယ်။
ဒါမျိုးက တကယ်တော့ လူထုအကျိုး လိုလားသူတွေအတွက် ပြောတာဖြစ်ပါတယ်။ ကိုယ်ကျိုးကြည့် နိုင်ငံရေးသမားဆို
ရင်တော့ လူထုအကျိုးအတွက် လုပ်ပေးဖို့ မျှော်လင့်ချက် မရှိပါဘူး။

ဒါကြောင့် ပြည်သူတွေရော၊ တက်ကြွလှုပ်ရှားသူတွေရော၊ နိုင်ငံရေးသမားတွေပါ မိမိတို့မျှော်လင့်တဲ့ နိုင်ငံရေးမျိုး ဖြစ်
လာအောင် အမြဲတစေ ကြိုးပမ်းနေဖို့သာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ပြည်သူအပေါ် အကျိုးပြုလိုတဲ့ နိုင်ငံရေးဆန္ဒဟာ
အမြဲတမ်း ရှိနေရမှာ ဖြစ်ပါတယ်။ ခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့အတူ အမြဲတမ်း ရှင်သန်နိုးကြားနေရပါမယ်။ လုပ်ရင်းလုပ်
ရင်းနဲ့ပဲ ပိုမိုကောင်းမွန်သင့်တော်တဲ့ နိုင်ငံရေး နည်းလမ်းတွေ၊ အခင်းအကျင်းတွေကို ရှာဖွေတွေ့ရှိ အသုံးချလာနိုင်မှာ
ဖြစ်ပါတယ်။

နိုင်ငံရေး အရည်အသွေးတွေ ဘယ်လောက် ထက်မြက်သလဲ၊ လူထုယုံကြည်မှုနဲ့ ထောက်ခံအားပေးမှုကို ဘယ်လောက်
ရနိုင်သလဲ၊ နိုင်ငံရေး ရပိုင်ခွင့်တွေ ဘယ်လောက်ထိ ရှိနေလဲ၊ win-win policy ကို ဘယ်လောက်ထိ ထိန်းသိမ်းပြီး
အကျိုးဖြစ်စေမလဲ၊ အဲဒါတွေနဲ့အတူ လိုအပ်တဲ့ နိုင်ငံရေး အခင်းအကျင်း ကောင်းတွေကို ဘယ်လောက် ဖန်တီးယူနိုင်
မလဲ စတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အများကြီး တိုးတက်လာနိုင်စရာ ရှိပါတယ်။

လက်ရှိ နိုင်ငံရေး အနေအထားမှာ ဒီမိုကရေစီဖော်ဆောင်/ဖြစ်ထွန်းမှုဟာတဆင့်ပြီးတဆင့်ကျယ်ပြန့်လာနေ ပေမယ့်
လူထုအလိုကျ ပြောင်းလဲသွားအောင် လုပ်ပေးနိုင်စွမ်း မရှိသေးတာ သိသာမြင်သာနေတုန်းပါပဲ။ အဲဒါကိုက ကျနော်
တို့ မြန်မာနိုင်ငံသားအားလုံးဟာ ရှေ့ဆက်ပြီး အမြော်အမြင်ကြီးကြီးနဲ့ အားသွန်ခွန်စိုက် ပိုမိုလုပ်ရဖို့ ရှိနေတာပဲလို့
သဘောထားရမှာ ဖြစ်ပါတယ်။

လွင်အောင်စိုး

၁၇-၁၂-၂ဝ၁၁

Posted: 16 Dec 2011 08:25 PM PST

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း စိတ်ကူးလေးတစ်ခုဆိုပြီး မကြာသေးခင်က ကျွန်တော့် Facebook မှာ တင်ခဲ့တာမှတ်မိကြမယ်ထင်ပါတယ်။အဲဒီစိတ်ကူးလေးကိုမိတ်ဆွေအချို့က၀ိုင်းဝန်းထောက်ခံအားပေးကြပါတယ်။
တချို့က ရန်ပုံငွေ လှူဖို့ကတိပြုကြပါတယ်။

၁၁ ဒီဇင်ဘာ ၂၀၁၁ ညနေမှာတော့ ရန်ကုန် ပန်းဆိုးတန်း နန်းယုဟိုတယ်မှာ ကျင်းပတဲ့ မိတ်ဆုံပွဲမှာ ကျွန်တော်က
အဲဒီစိတ်ကူးကို တင်ပြလိုက်ပါတယ်။ မိတ်ဆုံပွဲက ဆရာဦးဝင်းတင်ရဲ့ လုပ်ဖော်ကိုင်ဖက် ကွယ်လွန်သူ ကြေးမုံ ဦးစိုးနိုင်
ရဲ့သား မေတ္တာမိုး ကိုမောင်မောင်နိုင်က ဧည့်ခံတဲ့ ပွဲပါ။ ဆရာဦးဝင်းတင်ကို အကြောင်းပြုပြီး မိတ်ဆွေတွေကို နှစ်စဉ်
ဧည့်ခံခြင်းဖြစ်ပါတယ်။

ဆရာဦးဝင်းတင်ဟာ ယခုလည်း သူ့ကို ကြည်ညိုလေးစားလို့ ပုဂ္ဂိုလ်ရေးအရ လာရောက်ပေးအပ်တဲ့ အလှူငွေတွေကို
ဘယ်လက်က ၀င်တာကို ညာလက်က ပြန်ထုတ်သလို ပြန်လည် လှူဒါန်းနေတာပါပဲ။ ဒါကြောင့် ဟံသာဝတီဦးဝင်းတင်
ဖောင်ဒေးရှင်းဆိုတဲ့ နာမည်တပ်ပြီး ထူထောင်လိုက်ရင် ရန်ပုံငွေ စီးဝင်မှုနဲ့ စီးထွက်မှု စနစ်ပိုကျသွားမယ်။ တကယ်လို
အပ်နေသူတွေကို ကူညီထောက်ပံ့နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော်က တင်ပြပါတယ်။

ထောင်ထဲမှာ နှစ် ၂၀ နေခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားကြီး ဦးဝင်းတင်ရဲ့အထိမ်းအမှတ်ဖောင်ဒေးရှင်းဖြစ်လို့ အဓိက
အားဖြင့် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများနဲ့ လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း
များရဲ့ သက်သာချောင်ချိရေးကို ဦးစားပေးသင့်တယ်။ တော်ဝင်နှင်းဆီခြံမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း
သုံးဦး (ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်) ကို လူငယ်များက ကန်တော့တဲ့ပွဲမှာ ဆရာဦးဝင်းတင်က
နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်ရေးသာမက နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ ဘ၀တွေ ပြန်လည်
ထူထောင်ရေးကို အလေးထားဆောင်ရွက်သင့်တယ်လို့ ပြောခဲ့တာဟာ ကျွန်တော့်ရဲ့ စိတ်ကူးကို ပိုပြီးအားကောင်း
သွားစေပါတယ်လို့ ပြောပါတယ်။

ထမင်းစားပွဲ တက်ရောက်သူအားလုံးက ထောက်ခံဆွေးနွေးကြပါတယ်။ NLD ဦးအုန်းကြိုင်က ဒီစိတ်ကူးကို အကောင်
အထည်ဖော်ဖို့ ကြိုးစားတဲ့အတွက်ကျွန်တော့်ကို ကျေးဇူးတင်ပါတယ်လို့ ထပြောပါတယ်။

သတင်းစာဆရာတွေထဲက လူမှုဘ၀ချို့တဲ့နေသူများကိုပါ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ကူညီသင့်တယ်လို့
ဆွေးနွေးသူအချို့လည်ူး ရှိပါတယ်။ ဆရာဦးဝင်းတင်က အဲဒီဆွေးနွေးချက်ကို ထောက်ခံပါတယ်။

မိမိအနေနဲ့ နိုင်ငံရေးပါတီ တာဝန်ရှိနေတဲ့အတွက် ကိုယ်တိုင်ဦးစီးပြီး ဖောင်ဒေးရှင်းထူထောင်တာတော့ မလုပ်နိုင်ကြောင်း၊
သို့ပေမယ့် လုပ်ဖော်ကိုင်ဖက်ဟောင်းများနဲ့ မိတ်ဆွေများက ကြီးမှူးပြီး လုပ်ချင် ကြတယ်ဆိုရင်ဖြင့် မိမိအနေနဲ့
ခွင့်ပြုပါကြောင်း၊ ဖောင်ဒေးရှင်းကလုပ်မှာကလဲ မိမိ ယခုလက်ရှိ လုပ်နေ တာတွေကိုပဲ ပိုပြီး ကျယ်ပြန့်တဲ့အသွင်သဏ္ဍာန်
နဲ့ လုပ်သွားကြမှာ ဖြစ်လို့ သဘောတူကျေနပ်ပါတယ်လို့ ပြောသွားပါတယ်။

အဲဒီထမင်းစားပွဲမှာ သတင်းစာဆရာတွေအများစုပါပေမယ့် လက်ရှိ လူငယ်ခြေတက်အဖြစ် သွက်သွက် လက်လက်
လှုပ်ရှားနေသူထဲကတော့ ကိုဦးဆွေတစ်ယောက်ကိုပဲ တွေ့လို့ ``ကိုဦးဆွေရေ- သတင်းတော့မရေးနဲ့ဦးနော်၊
ဖောင်ဒေးရှင်း ဦးဆောင်အဖွဲ့ ဖွဲ့ပြီးရင် အန်ကယ် သတင်းထုတ်ပြန်ချက် ရေးပေးမယ်။ အဲဒီတော့မှ ရေးပါ´´လို့
သတိပေးလိုက်ပါသေးတယ်။

ဒါက ထုံးစံအတိုင်း ပြောလိုက်တာပါ။ ဒီခေတ်လူငယ်ခြေတက်တွေအကြောင်း ကျွန်တော် သိပ်သိသပေါ့ဗျာ။ ဒီလောက်ပြော
လိုက်ရုံနဲ့ဘာရလိမ့်မလဲ။ယခုအပတ်ထွက်တဲ့ဂျာနယ်တွေမှာဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ဖွဲ့စည်းမည့်သတင်းတွေ
ပါလာပါပြီ။ ဆရာဦးဝင်းတင်နဲ့ အင်တာဗျူးလုပ်ပြီး ရေးတဲ့သတင်းတောင်ပါလိုက် သေး။ ဆရာကတော့ စိန်ခေါ်ရင်
တိမ်ပေါ်လိုက်မယ်ဆိုတဲ့လူမျိုးဆိုတော့ အမေးရှိရင် အဖြေပေးဖို့ အသင့်ပဲပေါ့။ သည်တော့ ကျွန်တော်ကလဲ လုပ်ဆောင်
ပြီးသလောက်ကိုတော့ ပြောသင့်ပြီလို့ ဆုံးဖြတ်ပြီး အခု ကျွန်တော့် ဖေ့စ်ဘွတ်ကနေ အစီရင်ခံခြင်း ဖြစ်ပါတယ်။

ဒီရက်ထဲမှာ ကျွန်တော်နဲ့အတူ ဆော်သြရေးလုပ်နေတဲ့ ရွှေပြည်တန် ကိုကျော်အောင်နဲ့တိုင်ပင်ပြီး ဟံသာဝတီ
ဦးဝင်းတင်ဖောင်ဒေးရှင်းနာယကများနဲ့ ဦးဆောင်အဖွဲ့ဝင်များ လျာထားစာရင်းတစ်ခု ပြုစုဖြစ်ခဲ့ပါတယ်။

စာရင်းမှာ ဖော်ပြထားသူတွေထဲက မပါဝင် မပတ်သက်လိုသူများ ကျွန်တော့်ထံ အမြန်အကြောင်းကြား နိုင်ပါတယ်။
စာရင်းက ချက်ချင်း ဖယ်ရှားပေးပါမယ်။ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းမှာ စိတ်ရော ကိုယ်ပါ ပါဝင်တာဝန်
ယူဆောင်ရွက်လိုသူများ ရှိရင်လဲ စာရင်းပေးနိုင်ပါတယ်။ ဖြည့်စွက်ဖော်ပြပေးပါမယ်။

လက်ရှိလျာထား စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း

နာယကများ

၁။ ဒဂုန်တာရာ

၂. သခင်သိန်းမောင် (၀ါးခယ်မ)

၃။ ကြေးမုံဦးသော်

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး ဦးဆောင်အဖွဲ့ (ယာယီ) အဖွဲ့ဝင်များ

၎။ ဦးအုန်းထွန်း ၀၁ ၅၇၈၀၂၇

၅။ ဦးမောင်မောင်ခင် ၀၁ ၆၄၆၂၄၄

၆။ မောင်မိုးသူ ၀၁ ၃၇၆၄၃၅

၇။ ဦးသာဘန်း ၀၁ ၅၀၃၉၆၄

၈။ မောင်ဝံသ ၀၉၅၀၄၀၉၉၄

၉။ ဦးအံ့မောင် ၀၁ ၅၆၃၁၀၆

၁၀။ ဦးကိုကိုကြီး ၀၉၅၁၆၂၄၃၇

၁၁။ ဦးအုန်းကြိုင် ၀၉၄၃၀၂၇၃၇၆

၁၂။ ဦးသိန်းတန် ၀၁၂၂၄၃၂၈

၁၃။ ဦးအုန်းမောင် ၀၁ ၆၆၄၅၁၅

၁၄။ ဦးငြိမ်းချမ်း (ညီပုလေး) ၀၂ - ၃၉၇၁၇ / ၆၀၁၃၆

၁၅။ ဖျာပုံနီလုံဦး ၀၁ ၇၂၆၉၆၃

၁၆။ ဦးကျော်အောင် ၀၉၅၀၂၆၄၅၀

၁၇။ ဦးစိန်ရွှေ ၀၉၅၁၄၈၃၄၂

၁၈။ ဦးရဲထွဋ် ၀၉၅၀၇၈၁၉၃

၁၉။ ဦးစိုးမြင့် ၀၉၇၃၀၃၈၀၉၅

၂၀။ ဦးမျိုးမြင့်ညိမ်း ၀၉၅၀၀၉၉၂၅

၂၁။ ဦးမောင်မောင်နိုင် ၀၉၅၁၂၈၈၈၆ / ၀၉၇၃၁၂၈၈၈၆

၂၂။ ဦးမြတ်ဆွေ ၀၉၅၁၄၈၃၄၂

၂၃။ ညောင်ဦးဖိုးချို ၀၁ ၅၄၅၃၂၃

၂၄။ ဦးချစ်စံ (ဟံသာဝတီ) ၀၁ ၅၄၅၃၉၀

၂၅။ ကိုဖုန်း ၀၉၄၃၁၃၁၉၆၆

၂၆။ ဦးမိုးဝင်း ၀၁ ၂၀၉၀၁၇

၂၇။ မဒုံ ။

၂၈။ ဦးဆန်နီ ၀၉၅၀၁၅၁၈၅

၂၉။ ကိုဇော်မျိုးအောင် ၀၉၅၀၅၃၃၅၅

၃၀။ ကိုပေါက် ၀၁ ၅၇၈၀၂၇

၃၁။ ဦးမြင့်လွင် (စိုးအုပ်) ၀၁ ၂၄၂၅၃၁

၃၂။ ကိုဦးဆွေ ၀၉၇၃၀၄၃၂၁၅

မိတ်ဆွေများထံမှ အကြံပေးဆွေးနွေးမှုများကို ကြိုဆိုပါတယ်။

မောင်ဝံသ

maungwuntha@gmail.com

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့မှာနိုင်င်ငံတော်သံဃာ့မဟာနာယက
အဖွဲ့၏လုပ်ရက်အား ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းထုတ်ပြန်ကြေငြာ
Posted: 16 Dec 2011 08:23 PM PST
Posted: 16 Dec 2011 09:28 AM PST
ခုတလော မြန်မာတပြည်လုံး ငြိမ်းချမ်းဖို့အတွက် ငြိမ်းချမ်းရေးတရားတွေ ဟောနေတဲ့ ရွှေည၀ါဆရာတော်ကို အရေးယူပေးဖို့
စစ်အစိုးရလက်ကိုင်တုတ်ဖြစ်တဲ့ သံဃာ့မဟာနာယကအဖွဲ့က အမိန့်စာတွေ ထုတ်နေတာတွေကို တွေ့ရလို့ သူတို့အစား
ရှက်မိပါတယ်။

ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှားရန် အမိန့်စာတွေ ထုတ်ရအောင် ရွှေည၀ါဆရာတော်က ဘယ်လို
ရာဇ၀တ်မှုတွေ ကျူးလွန်နေလို့လဲ။ ငြိမ်းချမ်းရေးတရားဟောတာ၊ သူ့ကျောင်းမှာ အတိုက်အခံတွေရဲ့ အလှူအတန်း
အခမ်းအနားတွေ လုပ်တာ၊ အကျဉ်းကျသံဃာတွေ ကျောင်းသားတွေ နိုင်ငံရေးသမားတွေ လွတ်ဖို့ ဆုတောင်းပွဲတွေ
လုပ်တာ ဘယ်သူတွေကို ထိခိုက်နေလို့လဲ။

သံဃာ့မဟာနာယက ဆရာတော်တွေ ဘုရားရှင်ရဲ့ဥပဒေကို မျက်ကွယ်ပြုပြီး အာဏာပိုင်တွေ အလိုကျ ကိုယ့်သံဃာ
အချင်းချင်း နှိပ်ကွပ်နေတာ အင်မတန်မှ အရုပ်ဆိုးလှပါတယ်။ ကိုယ့်အမျိုးသားအချင်းချင်း သတ်တာ ဖြတ်တာတွေ
ရပ်ဖို့ အတူတကွ ချစ်ချစ်ခင်ခင်နဲ့ တိုင်းပြည်ကြီးပွားတိုးတက်အောင် အတူတကွ ဆောင်ရွက်ကြဖို့ တရားဟောတာ
မကောင်းဘူးလား။

မြတ်စွာဘုရား သက်ရှိထင်ရှား ရှိနေတဲ့အချိန်တုန်းကတောင် စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေကို ကိုယ်တိုင်ကြွရောက်ပြီး
ငြိမ်းချမ်းရေးတရားတွေ ဟောခဲ့လို့ လူအသက်ပေါင်းများစွာ ချမ်းသာရခဲ့တာ ပိဋကတ်စာပေတွေမှာ အထင်အရှား
ရှိနေသေးတာကို ဆရာတော်တို့ မေ့နေပြီလား။

ခုလို ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ သံဃာ့မဟာနာယက ဆရာတော်တွေအနေနဲ့ တိုင်းပြည်ငြိမ်းချမ်းအောင်
လုပ်ဆောင်ကြဖို့ စစ်အစိုးရအာဏာပိုင်တွေကို တခွန်းတပါဒမှ ဆုံးမသြ၀ါဒမပေးဘဲ စစ်အစိုးရအလိုကျ လုပ်ဆောင်နေ
တာတွေဟာ အင်မတန်မှ တာဝန်မကျေပြွန်ရာရောက်သလို ရဟန်းရှင်လူ ပြည်သူလူထုတွေရဲ့ အလိုဆန္ဒကိုလည်း
ဆန့်ကျင်ရာရောက်နေပါတယ်။

အစိုးရကိုယ်တိုင်တောင် ပြည်တွင်းစစ်တွေ ရပ်စဲဖို့ တိုင်းရင်းသားအဖွဲ့တွေနဲ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေတာ အားလုံးအသိပါ။ တဘက်တလမ်းကနေ ရွှေည၀ါဆရာတော်က ငြိမ်းချမ်းရေးတရားတွေ ဟောနေတာ အစိုးရကိုတောင် အထောက်အကူ
ဖြစ်ပါသေးတယ်။ သံဃာ့မဟာနာယက ဆရာတော်တွေ ရှက်တတ်ရင် လဲသေဖို့ ကောင်းပါတယ်။

ရွှေည၀ါကျောင်းတိုက်ဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စလို့ ခေါင်းစဉ်တပ်ထားတဲ့ စာမှာ
ဆရာတော်အနေဖြင့် မန္တလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောကြားသည့်ကိစ္စနှင့် စပ်လျဉ်း၍
၂၀-၁၁-၂၀၁၁ ရက်နေ့တွင် ကျင်းပသည့် သံဃာ့နာယက ၄၇ ပါး စုံညီအစည်းအဝေးမှ ဆရာတော်အား ကျောင်းတိုက်မှ
ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်နှင့်
ရွှေည၀ါကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်းမပြုရန် ဆိုသည့် အချက်သုံးချက်ကို ဖော်ပြထားပါတယ်။

မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောတာ အပြစ်လား။ ပင့်ဖိတ်တဲ့ ဒကာ၊ ဒကာမတွေရှိရင် ဘယ်နေရာ
ဘယ်ဒေသမဆို တရားဟောရမှာ ဘုန်းကြီးတွေ အလုပ်မဟုတ်ဘူးလား။ ဦးသိန်းစိန်အစိုးရက ဖိတ်ရင်လည်း ဆရာတော်က
ဟောမှာပါ။ အစိုးရရယ် အတိုက်အခံရယ်လို့ ဆရာတော်က ခွဲခြားမှာ မဟုတ်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တရားဟောတာနဲ့ပဲ ကျောင်းတိုက်က ဖယ်ရှားပေးရမယ်၊ ဒုဗ္ဗဇပုဂ္ဂိုလ်
(ဆိုဆုံးမရခက်တဲ့ ပုဂ္ဂိုလ်) ဖြစ်တယ်၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မလိုက်နာသဖြင့် ဆိုတာတွေဟာ
အတော်လေး သဘာဝမကျတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

ဒီနေရာမှာ သံဃာ့နာယက ဆရာတော်တွေကို တခုလောက် လျှောက်ထားချင်ပါတယ်။ ဆရာတော်တို့ အနေနဲ့ကရော
သာသာနာရေးကိစ္စတွေမှာ မှန်မှန်ကန်ကန်နဲ့ ဘုရားဥပဒေအတိုင်း လုပ်ဆောင်ခဲ့လို့လား။ စစ်အစိုးရ အာဏာပိုင်တွေက
လိုအပ်တာထက် ပိုပြီး သံဃာတော်တွေကို ဖိနှိပ်နေတာတွေကို တခွန်းတပါဒ ဟန့်တာဖူးပါသလား။ သံဃာတော်တွေက
ရေးဘေး၊ မီးဘေး ပညာရေးကိစ္စတွေမှာ ကိုယ်တိုင်ပါဝင်ပြီး လူထုကို အကူအညီတွေ ပေးတယ်။ အဲဒီသံဃာတွေကို
ဖမ်းတယ်။ ထောင်ချတယ်။

ဒီလို မတရားလုပ်နေတာတွေကိုကျတော့ စစ်အစိုးရကို တခွန်းတပါဒမှ ပြောဖော်မရဘဲ အမျိုး ဘာသာ သာသနာ
ကြီးပွားတိုးတက်ဖို့ လုပ်ဆောင်နေတဲ့ သံဃာတွေကိုတော့ စစ်အာဏာရှင်တွေ အလိုကျ အမိန့်တွေထုတ်ပြန်ပြီး
ပိတ်ပင်တားဆီးနေတာတွေဟာ တရားရဲ့လား။ သံဃာ့နာယက ဆရာတော်တွေ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ
ကြီးပွားတိုးတက်အောင် ငြိမ်းချမ်းအောင် ဘာတခုမှ မလုပ်ဆောင်ဘဲ စစ်အစိုးရ အလိုကျ သံဃာတွေကို ဖိနှိပ်နေတာတွေ
ဟာ တကယ့်ကို အဂတိတရား လိုက်စားနေတယ်ဆိုတာ ထင်ရှားနေပါတယ်။

နောက်ဆုံးအနေနဲ့ လျှောက်ထားချင်တာကတော့ စစ်အစိုးရ အလိုကျ စစ်အစိုးရ ခိုင်းတာတွေ လုပ်ဖို့ သံဃာ့နာယက
ဖွဲ့စည်းထားတာလား။ ဘာအတွက် သံဃာ့နာယကကို ဖွဲ့စည်းထားတာလဲဆိုတာ ဆရာတော်တို့ အနေနဲ့ သေချာစဉ်း
စားပြီး မလုပ်သင့် မလုပ်ထိုက်တာတွေကို မလုပ်ဖို့ လျှောက်ထားလိုပါတယ်။ အဲလိုမဟုတ်ဘဲ ဘုရားမျက်နှာတော်ကို
မကြည့်ဘဲ စစ်အစိုးရ ခိုင်းတိုင်း လုပ်နေမယ်ဆိုရင်တော့ စစ်အစိုးရ၀န်ထမ်းတွေအဖြစ် သတ်မှတ်ရတော့မှာဖြစ်ကြောင်း
လျှောက်ထားလိုက်ပါတယ်။

အရှင်ပညာနန္ဒ
ဒီဇင်ဘာ-၁၅-၂၀၁၁

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment