Monday 9 January 2012






လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်...။ လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပါက အစိုးရအဖွဲ့အတွင်း ပညာရေးဝန်ကြီးနေရာ ပေးမည်ဟု သတင်းထွက်ပေါ်...
Posted: 09 Jan 2012 04:13 AM PST
 ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပါတီမှတ်ပုံတင်ရန် သွားရောက်မည့် အဖွဲ့ချုပ်ခေါင်းဆောင်များအား ရန်ကုန်လေဆိပ်မှာ တွေ့ရစဉ်..
(ဓာတ်ပုံ ဒီမိုဝေယံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ပြိုင်မည်.
(ဆက်သွယ် မေးမြန်းချက်)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ လာမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း
ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြင့် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည်
ဖြစ်ကြောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်...။
လာမည့် ဧပြီလ(၁)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်တဲ့
နေရာ(၄၈)နေရာ အတွက် ယှဉ်ပြိုင်အရွေးခံမည့် အမည်စာရင်းများအား လာမည့်(၁၁)ရက်နေ့
နောက်ပိုင်းမှာ ထုတ်ပြန်ကြေငြာမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။

ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါတယ်..။ အဖွဲ့ချုပ် ဖွဲ့စည်းပုံအားလည်း ပြန်လည်ပြင်ဆင်
ဖွဲ့စည်းခဲ့ကြောင်း သိရှိရပြီး သဘာပတိအဖွဲ့နဲ့ စီအီးစီ အဖွဲ့ဟူ၍ ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါတယ်..။ 

အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်များ
ဦးတင်ဦး (သဘာပတိအဖွဲ့ နာယက)
ဦးသန်းထွန်း၊
ဦးလှဖေ၊
ဦးညွှန့်ဝေ၊
ဦးဝင်းတင်၊
(နောက်ထပ် ဆက်လက်ထည့်သွင်း ဖွဲ့စည်းမည်ဟုသိရ)

စီအီးစီ အဖွဲ့ဝင်များ
ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ)
ဦးဥာဏ်ဝင်း၊
ဦးဟံသာမြင့်၊
ဦးထွန်းထွန်းဟိန်၊
ဦးဝင်းမြင့်၊
ဦးအုန်းကြိုင်၊
ဒေါ်မေဝင်းမြင့်၊
(နောက်ထပ် ဆက်လက်ထည့်သွင်း ဖွဲ့စည်းမည်ဟုသိရ)
လစ်လပ်နေသော မဲဆန္ဒနယ် (၄၈)ခုနဲ့ ကော်မရှင်က ကြေငြာခြင်းမပြုသေးတဲ့ ပြီးခဲ့တဲ့ ဇန္နဝါရီလ (၆)ရက်နေ့က
ကျန်းမာရေး အခြေအနေကြောင့် နှုတ်ထွက်ခွင့် ပြုလိုက်တဲ့ ဦးကျော်စွာခိုင် (ယခင် စက်မှု၁ ဝန်ကြီး)နဲ့
ဦးခင်ဇော် (တနင်္သာရီတိုင်း ဒေသဝန်ကြီးချုပ်)တို့ရဲ့ လစ်လပ်သွားသော မဲဆန္ဒနယ်(၂) နေရာ ပါဝင်ပါက မဲဆန္ဒနယ်
နေရာ(၅၀)ထိ လစ်လပ်မှာ ဖြစ်ပါတယ်..။

လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပါက  
အစိုးရအဖွဲ့အတွင်း ပညာရေးဝန်ကြီးနေရာ ပေးမည်ဟု သတင်းထွက်ပေါ်...
(ပေးစာ)

နောက်ဆက်တွဲ ရရှိထားတဲ့ သတင်းတစ်ခုကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပပြုလုပ်တဲ့ ပညာရေးဝန်ကြီးဋ္ဌာန
အဆင့်မြင့် အစည်းအဝေးတစ်ခု၌ လက်ရှိ ပညာရေးဝန်ကြီး ဒေါက်တာမြအေးမှ မိမိတာဝန်မှ အနားယူသည့်ေ
နာက်ပိုင်းမှာ မိမိနေရာသို့ ရောက်ရှိလာမည့် နိုင်ငံခေါင်းဆောင်မှာ မိမိထက် ပိုမိုလုပ်နိုင် ကိုင်နိုင်ပြီး၊
နိုင်ငံတကာနဲ့ ဝင်ဆန့် ဆက်ဆံနိုင်သူ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်း ပြောဆိုသွားတယ်လို့
  အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့တဲ့ အမည်မဖော်လိုတဲ့ အဆင့်မြင့် ပညာရေးဝန်ထမ်းတဦးမှ
ပေးပို့လာပါတယ်..။ ထို့အတွက်ကြောင့်လည်း မိမိတို့ ပညာရေးလောကမှာ ဝမ်းသာအားတက် ဖြစ်နေရကြောင်း၊
နှစ်ပေါင်းများစွာ နိမ့်ကျနေတဲ့ မြန်မာနိုင်ရဲ့ ပညာရေးအတွက် အားတက်မိကြောင်း ပညာနဲ့ နိုင်ငံကိုတိုးတက်အောင်
အမြန်ဆုံး တည်ထောင်ရမှာ ဖြစ်ကြောင်း ရေးသားပေးပို့လာပါတယ်..။ တခြားအတည် မပြုရသေးတဲ့
သတင်းများအရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ရောက်ရှိလာပါက.
. အစိုးရအဖွဲ့အတွင်း ပညာရေးနဲ့ ကျန်းမာရေးအား တွဲဘက် တာဝန်ပေးအပ်မှာ  ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်..။

သတင်း၊ ဓာတ်ပုံ (ဒီမိုဝေယံ)
Posted: 09 Jan 2012 01:58 AM PST
 မလွတ်မြောက်နိုင်သေးသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး
အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက် လှုပ်ရှားမှုတစ်ခုအား ဒီဇင်ဘာလ (၈)ရက်နေ့ မနက်ပိုင်းက
ရန်ကုန်မြို့တွင် စတင်လိုက်ပါသည်။ ကြံဖွံ့အစိုးရ၏ ဇန်န၀ါရီလ ၃ရက် လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာချက် ထုတ်ပြန်အပြီး
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာခြင်း မရှိသည့်အတွက် ကျန်နေသူများ လွတ်မြောက်ရေး
အတွက် ယခုကဲ့သို့ လှုပ်ရှားမှုများကို စတင်ခဲ့ခြင်းဖြစ်ပြီး တာမွေမြို့နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား
မိသားစုဝင်ပေါင်း ၁၅ စုများ၏ နေအိမ်များသို့ သွားရောက် အားပေးခဲ့ပါသည်။  

၈၈ မျိုးဆက်ကျောင်းသားဟောင်းများ အပါအ၀င် ၂၀၀၇ ဗကသ ကျောင်းသားများ၊ မျိုးဆက်သစ်လူငယ်များ
အစည်းအရုံး(GW)၊ အလုပ်သမား၊ လယ်သမားကွန်ယက်အဖွဲ့များ၊ နိုင်ငံရေး
အကျဉ်းသားဟောင်းများ ကွန်ယက်၊ နိုင်ငံရေးအကျဉ်းသား မိသားစုများ ကူညီစောင့်ရှောက်ရေး အဖွဲ့
စသည့်အဖွဲ့များမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရပါသည်။ နောက်ပိုင်း အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များ၊
စာပေအနုပညာရှင်များ၊ လူတန်းစားအားလုံးပါဝင်သည့် တနိုင်ငံလုံး အတိုင်းအတာအထိ ကျယ်ပြန့်သည်
လှုပ်ရှားမှုအဖြစ် လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်းနှင့် နိုင်ငံရေးအကျဉ်းသား
မိသားစုဝင်များအား အားပေးသည့်လှုပ်ရှားမှုအပြင် အခြား ၀တ်ပြု ဆုတောင်းပွဲ များကို ကိုမင်းကိုနိုင်ပုံပါသည့်
တီရှပ်များ ၀တ်ဆင်ကာ လုပ်ဆောင်သွားရန် ရှိကြောင်းသိရသည်။
 သတင်း၊ ဓာတ်ပုံ.. ဒီမိုဝေယံ၊ ဇော်တူး



ရုပ်သံဖိုင်..
Posted: 09 Jan 2012 01:45 AM PST









ဟင်္သာတမြို့မှာ ပြုလုပ်တဲ့ ပြာသိုလပြည့်နေ့ အမေနေ့ အခမ်းအနားသို့ ဆရာမြဝင်း (ဒဿနပါမောက္ခ)(ငြိမ်း) (ဒဿနိကဗေဒ... ပြည်)။ ဆရာမြင့်စိုးလှိုင် (ပါမောက္ခ.. ငြိမ်း) (မြန်မာစာဋ္ဌာန၊ ဟင်္သာတတက္ကသိုလ်)၊ ဆရာဦးသန့်ဇင်ဦး (ထူးကျူရှင်နှင့် Nobel School သင်ကြားရေးဆရာတို့မှ အမေ့ကျေးဇူး၊ အမေ့ဂုဏ်ရည်၊ အမေ့မေတ္တာ အနန္တတို့နဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်..။


စာပေဟောပြောပွဲ အင်တာဗျူး ရုပ်သံဖိုင်..
ဟင်္သာတ ကျန်စစ်သားအား ကျေးဇူးတင်ပါသည်...။
Posted: 09 Jan 2012 12:46 AM PST
 ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနား...။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများအား တနိုင်ငံလုံးအတိုင်းအတာနဲ့ ယနေ့မှစ၍ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်...။

ဓာတ်ပုံ (Reuters)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ခွင့်လျှောက်လွှာ။ ( ပုံစံ )
လျှောက်လွှာများကို တစ်စောင်လျှင် ၁၀၀ ကျပ်ဖြင့် သက်ဆိုင်ရာ မြို့နယ်အလိုက် ၀ယ်ယူဖြည့်စွက်ပြီး ပြန်တင်ရမည်
ဖြစ်ပါသည်။ (Ahbayah) (Facebook)
Posted: 09 Jan 2012 12:20 AM PST

ရေအသက် တစ်မနက်
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူလူထုတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးအန္တရာယ်
(ရေဘေး၊ မီးဘေး၊ လေဘေး) အရေးပေါ်ကူညီထောက်ပံ့ရေး လုပ်ငန်းရပ် များအား မိမိတို့ (အခမဲ့) ကူညီဆောင်
ရွက်ပေးနေသလို အခါအားလျော်စွာဖြင့် အသိပညာ၊ အတတ်ပညာ ရှင်များတို့နှင့် ပူးပေါင်းလက်တွဲ၍
ဓါတ်ပုံသင်တန်း၊ စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း၊ ၀ိပဿနာသင်တန်း၊ အင်္ဂလိပ်စာ၊ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးသင်တန်း၊ သဘာဝသီးနှံဖြင့် လူသုံးကုန်ပစ္စည်း
ထုတ်လုပ်မှုသင်တန်း၊ လူမှုဆက်ဆံရေးနှင့် ခေါင်းဆောင်မှုစွမ်းရည်သင်တန်း၊ ပန်းချီသင်တန်း၊ ကွန်ပျူတာ
သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ ဒီဇိုင်းပညာနှင့် စက်ချုပ်ပညာသင်တန်း
အစရှိသည်တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)၌ နေရာအခင်းအကျင်းေ
ဆာင်ရွက်ပေးကာ သင်တန်းဆရာ/မများတို့မှ စေတနာထက်သန်စွာဖြင့် အချိန်ပေးသင်ကြားပို့ချပေးခဲ့ရာ
စိတ်ပါဝင်စား၍ တက်ရောက်သင်ကြားကြသူ များသည် ငွေကြေးတစ်စုံ တစ်ရာမျှ ပေးသွင်းရန်မလိုအပ်ပဲ
(အခမဲ့) လာရောက်သင်ကြားခဲ့ကြသည်။

ယခုလည်း Community Engineering Team (CET) လူထုအကျိုးပြု အင်ဂျင်နီယာအသင်းမှ ဦးသန်းနိုင်
(အကြီးတန်း လိုင်စင်အင်ဂျင်နီယာ - ပြည်သူ့အကျိုးပြု အင်ဂျင်နီယာ)သည် ကျေးရွာဖွံ့ဖြိုးရေး
လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် တစ်နိုင်တစ်ပိုင် ရေသန့်သောက်ရေစစ်အိုးြ
ပုလုပ် နည်းများ၊ စာတွေ့လက်တွေ့ ဟောပြောချက်များကို ၁၉.၁.၂၀၁၂ (ကြာသပတေးနေ့) နံနက် (၉း၀၀)
နာရီမှ (၁၂း၀၀) နာရီအထိ တစ်ရက်တာ သင်ကြားပို့ချမည် ဖြစ်ပါသည်။ ထို့ကြောင့် "ရေအသက် တစ်မနက်"
ဟူသော စကားအတိုင်း ရေ၏အကျိုးကျေးဇူးများ၊ အသုံးဝင်ပုံများ၊ အသက်ရှင်ရပ်တည်ရေးအတွက်
အဓိကကျမှုများကို အချိန်အားဖြင့် (၂ ~ ၃) နာရီအတွင်း လူသားအကျိုးပြုလုပ်ငန်းရပ်ကို သိရှိနားလည် သဘောပေါက်ကြကာ
မိမိတို့ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ၊ တိုင်း၊ ဒေသအသီးသီးတို့တွင် ပြန်လည်၍ အကျိုးပြုနိုင်ရန်အတွက်
လာရောက် သင်တန်းတက်ကြပါရန် မြို့နယ်၊ တိုင်း၊ ဒေသအသီးသီးရှိ လူမှုရေး အသင်းအဖွဲ့များမှ စိတ်ပါဝင်စားသူများ၊
ပရဟိတ စိတ်ဓါတ်ရှိသူများအား ဖိတ်ခေါ်အပ်ပါသည်။


Email delivery powered by Google


No comments:

Post a Comment