Tuesday 3 January 2012
လေညင်းကလေး
မင်းဟာ ဧမြအောင်လဲ လုပ်ပေးတယ်
ငါတို့ ခံစားရတယ်
နှလုံးသားက တဆင့်ပေါ့။
မင်းမှာ အဆင်းလဲရှိတယ်
ငါတို့ မြင်ရတယ်
တိမ်စိုင်လေးတွေက တဆင့်ပေါ့။
မင်းဟာ စကားလဲ ပြောတတ်တယ်
ငါတို့ ကြားရတယ်
သစ်ရွက်ကလေးတွေခတ်သံက တဆင့်ပေါ့။
ဒါပေမဲ့ မင့်ရဲ့မျက်နှာကိုတော့
ဘယ်ခါမှ မပြဘူး
ငါတို့ရဲ့ မေတ္တာတရားကို
မုန်းတီးလို့လားကွယ်။ ...။
မောင်ဒီ                               
No comments:
Post a Comment