Wednesday 4 January 2012

မြစ်ဆိပ်

by Nyein Chan Aye on Monday, January 2, 2012 at 3:32pm
နွား တွေက
သူ့ ခြေရာပေါ် နင်း
သူ က
နွား ခွာရာတွေပေါ် နင်းနဲ့
အဲဒီ နေ့ခင်းက
ဖုန် တထောင်းထောင်း ထဲ
မြစ်ဆိပ် ကို ဆင်းသွားလိုက်ကြတာ
လူ က ဦးဆောင်တာလား
နွားတွေ က ဦးဆောင်တာလား ...။

နှင်တံ ကို ထောက်မှီ လို့
နောက်ရို့ ရပ် ကျန်ခဲ့တဲ့
ကမ်း ပေါ်က သူ့ ရုပ်ပုံ
မှုန်ဝါး ရာက လင်းလာတော့
အိုမင်းပုံ မြန်ဆန် လိုက်တာ ...။

ခဏ နေတော့
သူ လည်း
နွား တွေ လို
ရေ ဆင်းသောက် တော့တာပါပဲ ... ။

မောင်အောင်ပွင့်
မေလ၊၂၀၀၀-ပြည့်နှစ်။
မောင်အောင်ပွင့်    
( Facebook  မှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment