Monday 2 January 2012


ကမ္ဘာပေါ်မှာဘယ်နိုင်ငံမှမရှိနိုင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်သတင်း MRTVတွင် ကြေငြာ (ရုပ်/သံ)
Posted: 02 Jan 2012 05:29 AM PST



Burma vj media network

Posted: 02 Jan 2012 01:56 AM PST
လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အစိုးရသက်တမ်းတွင် တတိယအကြိမ်မြောက်လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ....
Cartoon Aungmaw
ညနေ ၄ နာရီသတင်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့ခြင်းနှင့် ပတ်သက်ပြီး ထပ်မံသိရှိရသမျှ
ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသူအား ၄ ပုံ၁ ပုံသို့လျော့ပေါ့လိုက်သည်ဟု သိရသည်။ ကိုနေဖုန်းလတ်မိခင်က ၎င်း၏
သားဖြစ်သူမှာ
နှစ် ၂၀ ချမှတ်ခံထားရသဖြင့် လွတ်မြောက်နိုင်ကြောင်း ပြောသည်။

မသက်သက်အောင် ၏ မိခင်ဖြစ်သူ ဒေါ်စုစုကြည်က ၆၅ နှစ်ချမှတ်ခံထားရသည့် သမီးဖြစ်သူမှာ နှစ် ၃၀ သို့လျှော့ပေါ့မည့်
အထဲပါဝင်မည်ဟု ယခုလက်ရှိ အချိန်ထိကြားသိရသည့် အချက်အလက်ပေါ် မူတည်ပြောဆိုသည်။

ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် လွှတ်ပေးမည့်အထဲ မပါဝင်သေးကြောင်း မိသားစုဝင် မမီမီလွင်က ပြောသည်။ " မပါပါဘူးရှင် ၊ မပါပါဘူး၊ သူတို့ကြေညာချက်က မရှင်းမရှင်းတွေ၊ အဲဒီအတိုင်းဆို နှစ် ၄၀ လောက်
ကျန်ဦးမယ် " ဟု YPI သို့ပြောသည်။

yangon press international

ထောင်ဒဏ် နှစ် ၂၀ ကျော်သမားတွေက ထောင်ဒဏ် အနှစ် ၂၀၊ ထောင်ဒဏ် အနှစ် ၃၀ ကျော်သမားတွေက ထောင်ဒဏ်
အနှစ် ၃၀၊ ထောင်ဒဏ် အနှစ် ၂၀ အောက်က လူတွေက ၄ပုံ၁ပုံ၊ သေဒဏ်သမားတွေကို တကျွန်း လွတ်ငြိမ်းချမ်းသာခွင့်ရမည်
ဟု
နိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းမှ ညနေ ၄ နာရီအချိန်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
Burma Vj media network
ယခု ကြေငြာချက် အတိုင်း ဆိုလျှင် မည်သည့် ၈၈ မျိုးဆက်ကျောင်းသား မှ လွတ်မြောက် အုံးမည် မဟုတ်သေး ချေ။

Posted: 02 Jan 2012 12:47 AM PST
လွတ်လပ်ရေးနေ့အတွေးတမျှင်
နယ်ချဲ့ဖက်ဆစ် တွန်းလှန်ပစ်လို့
ကျွန်ဖြစ်တဲ့ဘဝ လွတ်မြောက်ခဲ့ရ။

ထိုမှတဖန် အကောက်ကြံလို့
အဖိုးတန် မီးရှူးတန်ဆောင်
ဒို့ခေါင်းဆောင်တွေသွေးမြေကျ
ဆုံးရှုံးခဲ့ရ။

တဖန်ရှေ့ဆက် ချီတက်ခဲ့ရာ
သူခိုးလက်က တဝက်လုပြန်
ဗြောင်းဆန်တဲ့ ဒို့တိုင်းဒို့ပြည်
ဖွတ်ဖွတ်ကိုကျေ အခြေနေတကယ်ဆိုး
ဘယ်လိုအမြင်မျိုးမှမြင်လို့မရ
နာတာရှည်ရောဂါထ ဆေးကုလို့မရ။

ကျီးကန်းက ပက်လက်ပျံ
ငါးဒန်က ကောင်းကင်တက်
ပိုးဆိုးပက်လက် သူခိုးမျိုးနန်းတက်
အမျိုးမျိုးအသက်ထွက်နိုင်တဲ့ခုချိန်မှာ
ပြည်သူ့ဘဝဆိုတာ နုံချာလှ

ပုံပမာပြရရင် ကျွန်စုပ်တဲ့သရက်တောင်
သူတို့ထက်တောက်ပြောင်။

၎-ရက်ဇန္န၀ါရီ ရောက်လာပြန်ပြီ
နှစ်ချီကျင်းပပေးခဲ့ လွတ်လပ်ရေးနေ့တဲ့
မလွတ်လပ်သေးတဲ့ နိုင်ငံရေးအကျဉ်းသား
လွှတ်ပေးမှာလား ပြောသံသာကြား
အမှန်တရားက ဘယ်အနားရောက်နေမှန်း
လမ်းမမြင် ကမ်းမမြင်လေတော့
လည်တမော့မော့နဲ့ စောင့်မျှော်ကြရုံပေါ့။

နတ်သုဒ္ဓာမှာ မစင်တစက်ပါရုံနဲ့ နတ်သုဒ္ဓာပစ်ရသတဲ့။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ဇန္န၀ါရီ ၄ ၂၀၁၂

Posted: 01 Jan 2012 10:43 PM PST

တိုကျို ။ ။ အင်အား ၇.၀ ရှိသည့် အင်အားပြင်းထန်သော ငလျင်တစ်ခုမှာ ဂျပန်နိုင်ငံ တိုကျိုဒေ သတွင် လွန်ခဲ့သော တနင်္ဂနွေနေ့က လှုပ်ခတ်သွားခဲ့ကာ ဂျပန် ဘုရင်မင်းမြတ်ဖြစ်သူ Akihito မှ နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် လွန်ခဲ့ သည့် မတ်လအတွင်းက ဖြစ်ပွားခဲ့ရသည့် ဆူနာမီ နောက်ဆက်တွဲ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကို လုပ်ဆောင် နိုင်ရန် အတွက် ပြည်သူများကို ပြောကြားနေစဉ်အတွင်း ယခုလို ဖြစ်ပွားခဲ့ရခြင်း လည်း ဖြစ်သည်။

အဆိုပါ ငလျင်မှာ ဒေသစံတော်ချိန် နေ့လည် ၂ နာရီ ၂၈ မိနစ်တွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပြီး ပင်လယ်ရေအောက် မိုင် ၂၃၀ အကွာ
တွင် ဖြစ်ပွား ခဲ့ ရခြင်း ဖြစ်သည်ဟု ဂျပန်မိုးလေဝသနှင့် ဇလဗေဒအဖွဲ့မှ ထုတ်ပြန်ပြောကြားခဲ့သည်။ ငလျင်၏ ဗဟိုချက်မှာ
နိုင်ငံအေ နာက်မြောက်ပိုင်း ပစိဖိတ်ကျွန်း တစ်ခုဖြစ်သည့် Torishima တွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပြီး တိုကျိုမြို့တောင်ဘက်
ကီလိုမီတာ ၅၆၀ အကွာတွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

ယခုလို ငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်ခဲ့သည့် သတိပေးချက် ထုတ်ပြန်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။ သို့ရာတွင်
ယင်းငလျင်
အရှိန်ကြောင့် တိုကျို မြို့ရှိ အဆောက်အအုံများမှာ ယိမ်းယိုင် လှုပ်ရှားခဲ့ရသော်လည်း ဂျပန်ဘုရင့် ဖလား ဘောလုံးပွဲ
ကျင်းပနေသည့်
နေ ရာကိုမူ ထိခိုက်ခဲ့ခြင်း မရှိကြောင်းသိရသည်။ ယခုငလျင်ကို လမ်းလျှောက်သွားနေသူများမှာ သတိမထားလိုက်မိဘဲ
နေအိမ်များ
တွင် နေ ထိုင်သူအချို့သာ သိလိုက်ကြောင်း တိုကျို Disneyland မှပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။

အလားတူပင် စီးပွားရေးလုပ်ငန်းများမှာလည်း ပုံမှန်အတိုင်းပင် လည်ပတ်ခဲ့ကြောင်း နှင့် အဆိုပါ ကစားကွင်ရှိ အချို့သောပျော်
စရာ စီးနင်းမှုများမှာ စက်မှအလိုအလျှောက် ရပ်တန့်ပေးခဲ့ကြောင်းလည်း သိရသည်။ ဂျပန်နိုင်ငံမှာ လွန်ခဲ့သည့် နှစ် မတ်လ ၁၁
ရက်နေ့က လှုပ်ခတ်သွားခဲ့သည့် ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီး ဖြစ်ပွားခဲ့ရပြီး လူပေါင်း ၁၉၀၀၀ ကျော် သေဆုံးခဲ့ရသည့်အပြင် နှုးကလိယ
စက်ရုံကိုလည်း ထိခိုက်ပျက်စီးစေခဲ့သဖြင့် ဆိုးရွားလှသည့် နောက်ဆက်တွဲဖြစ်ရပ်များကို ခံစားခဲ့ရသည့်နိုင်ငံတစ်ခုလည်း
ဖြစ်သည်။

source : channelnewsasia
Mrtv4

Posted: 01 Jan 2012 10:21 PM PST




အသံဖိုင်.. BBCမှကောက်နူတ်ဖော်ပြပါသည်..

Posted: 01 Jan 2012 09:22 PM PST

မြန်မာ့ဒီမိုကရေစီအရေး ဖြစ်ထွန်းအောင် တည်ဆောက်ကြရာမှာ ကျနော်တို့ နိုင်ငံသားတွေဟာ ကိုယ်နားလည်သလို၊ ဆန္ဒရှိသလို
နည်းလမ်း အမျိုးမျိုးနဲ့ တည်ဆောက်ကြပါတယ်။ အမြင်တွေ ကြွဲပားတတ်ပါတယ်။ လုပ်နည်းလုပ်ဟန်တွေ ကွဲပြားတတ်ပါတယ်။

ကြွဲပားတိုင်း ရန်သူ မဟုတ်ပါဘူး။ တိုက်ခိုက် ဖျက်ဆီးရမယ့် ကိစ္စ၊ ပြစ်တင်ဝေဖန်ရမယ့် ကိစ္စ မဟုတ်ပါဘူး။ ဟုတ်ခဲ့ရင် ကိုယ်တိုင်က အာဏာရှင်စနစ်ကို ကျင့်သုံးသလို ဖြစ်သွားပါတယ်။

(ကွဲပြားတိုင်း ရန်သူလို့ သတ်မှတ်တဲ့) ဒီသဘောမျိုးကို လက်ရှိအစိုးရက လုပ်နေဆဲပဲလား ဆိုတာ ကျနော်တို့ စောင့်ကြည့်ရပါမယ်။ လက်ရှိအထိမှာတော့ အများအားဖြင့် မတွေ့ရသေးပါဘူး။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ကိစ္စ၊ ပြည်တွင်းစစ် ရပ်စဲတဲ့ကိစ္စ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်တဲ့ကိစ္စ၊
တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေကို ဖော်ဆောင်ပေးတဲ့ကိစ္စ စတဲ့ အရေးကြီးဆုံး အမျိုးသားရေးကိစ္စကြီးတွေအပေါ်မှာ မစမ်းသပ်ရသေးပါဘူး။

အမြင်နဲ့ နည်းလမ်းတွေ ကွဲပြားသွားတာကို အသိအမှတ်ပြုခြင်းဟာ ဒီမိုကရေစီရဲ့ အခြေခံအားဖြင့် လိုက်နာရတဲ့ မူဖြစ်ပါတယ်။ တန်ဖိုးထားအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိစနစ်ကိုက ပါတီစုံ ဒီမိုကရေစီစနစ် ဖြစ်ပါတယ်။ အမြင်နဲ့ နည်းလမ်း ကွဲပြားသူတွေ လွတ်လပ်စွာ နိုင်ငံရေး လုပ်နိုင်အောင် လမ်းဖွင့်ပေးထားတဲ့ စနစ်ပါ။

တကယ်တော့ ဒီလိုကွဲပြားနေတာတွေအပေါ် အချိန်၊ ငွေ၊ အင်အား အကုန်ခံပြီး ပြောဆိုဝေဖန်နေမယ့် အစား မိမိ လက်ရှိလုပ်နေတဲ့
အလုပ်ကိုသာ ဟာကွက်၊ အားနည်းချက် နည်းသထက်နည်းအောင် ပိုပြီး အလေးအနက် ဂရုစိုက်သင့်ကြပါတယ်။ ဘယ်သူမှ ပြီးပြည့်စုံအောင် ကောင်းတဲ့ Perfect တွေ မဖြစ်လို့၊ ဖြစ်အောင် မဖန်တီးနိုင်ကြသေးလို့ ကိုယ်နဲ့ အမြင်ကွဲသူတွေဆီက ကောင်းတာတွေ တွေ့မိတဲ့အခါမှာ အတုယူနိုင်ရင် ကိုယ့်အတွက်လည်း ပိုကောင်းလာတာ ရှိပါတယ်။

တကယ်လို့ အမြင်ကွဲလွဲနေသူတွေရဲ့ လုပ်ရပ်က အောင်မြင်သွားရင်တောင် ရည်မှန်းချက် တူနေတာဖြစ်လို့ ကိုယ့်အတွက်လည်း
ဘာမှ ဆုံးရှုံးနစ်နာစရာ ထိခိုက်စရာ မရှိပါဘူး။ သူ အာဏာရမှ၊ ကိုယ်က အာဏာရမှ ရယ်လို့ မဟုတ်ပါဘူး။ ကိုယ်နဲ့ အမြင်ကွဲပြားသည့်တိုင်အောင် ပြည်သူတွေ လက်ခံနိုင်တဲ့သူ ဘယ်သူဖြစ်ဖြစ် အာဏာရသွားရင် ကိုယ်ကိုယ်တိုင်က ပြည်သူ့ဆန္ဒကို
လေးစားသူ၊ အဖွဲ့အစည်းအဖြစ် သိက္ခာရှိရှိ ရပ်တည်နိုင်ပါတယ်။

ဥပမာတခုအနေနဲ့ ၂ဝဝ၈ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ McCain က Obama ကို ရှုံးသွားလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ အားပေးပြီး ဆုမွန်ကောင်းတွေ ပေးလိုက်ပါသေးတယ်။ ကျနော်ကတော့ မြန်မာ့နိုင်ငံရေးကို အဲသလို ဖြစ်စေချင်ပါတယ်။


လွင်အောင်စိုး
၂-၁-၂ဝ၁၂

Posted: 01 Jan 2012 10:16 AM PST









ဒေါက်တာနေ၀င်းမောင် သေဆုံးမှုဟာ မြန်မာပြည်က ဆေးလောက ချွတ်ခြုံကျနေပုံကိုမီးမောင်းထိုးပြ လိုက်တာဖြစ်ပါတယ်။ နှစ်သစ်ကူးနေမှာသူဟာ ရင်ပတ်အောင့်လာတယ်။ နှစ်သစ်ကူးပါတီကို မိတ်ဆွေတွေနဲ့  မဆင်နွဲနိင်ပဲ သူကိုယ်တိုင်ကားမောင်းပြီး တေဇပိုင် ၀ိဒူရိယ ဆေးရုံးကို သွားရတယ်လို့ သိရတယ်။ ဒီဆေးရုံက ကိုးမိုင်တရုပ်သငြိုင်းကို စစ်တပ်ကသိမ်းပြီးေ...တဇကို ရောင်းထားတာဖြစ်တယ်။

ဟိုရောက်တော့ ဆေးရုံးမှာဆရာဝန်တွေမရှိပဲ နစ်သစ်ကူးပါတီ ဆင်နွဲနေကြတယ်လို့ သိရတယ်။ ဒါနဲ့ သူဟာ ရန်ကုန်ဆေးရုံကြီးကို ဆက်ပြီးကားမောင်းသွားရတယ်။ ရောက်ရောက်ချင်း ပဲသေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒါဟာမြန်မာ ပြည်က ပြည်သူကျမ်းမာရေးစနစ် ပြိုကျနေပုံကို ကွက်ကွက်ကွင်းကွင်း ဖေါ်ပြလိုက်တာဖြစ်တယ်။ သူလို့ ပြည်စုံပြီး ပေါက်ရောက်တဲ့ လူတယောက်တောင် အဖြစ်ဆိုးနဲ့ ကြုံရတဲ့အတွက် အောက်ခြေဆင်းရဲ သားပြည်သူတွေဟာ နေစဉ် နှလုံးရောဂါနဲ့ ဘယ်လောက်သေနေကြမလဲဆိုတာ မစဉ်းစားဝံအောင်ဖြစ်ပါတယ်။ သူဟာ နှလုံးရောဂါရှိသူဖြစ်တယ်။ ဒါဟာဒုတိယအကြိမ် နှလုံးရောဂါဖေါက်ခြင်း ( Second Attack ) ဖြစ်ပါတယ်။

သူသာ တကယ်လို့ အမေရိကန်မှာဆိုရင် သေဆုံးမှာမဟုတ်ပါဘူး။ သူဟာလူချစ်လူခင်များသူတဦးဖြစ်ပြီး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သူရဲ ထူးဆန်းတဲ့သေဆုံးမှုကို ၀မ်းနည်းကြောင်း သူမိတ်ဆွေတွေက အင်တာနက်စာမျက်နှာတွေမှာဖေါ်ပြထားကြပါတယ်။ လူတွေက နှစ်ဆုံးမှာမီးလောင်နှစ်သစ်ကူးမှာ အသက်ထွက် ၂၀၁၂ က တော့ အစိုးရအတွက် နမိတ်မကောင်းဘူးလို့ ပြောနေကြပါတယ်။
Photo..Khin Maung Nyo Facebook

Posted: 01 Jan 2012 08:34 AM PST




Posted: 01 Jan 2012 08:03 AM PST
နိုင်ငံကျော် အလဲဗင်းမီဒီယာအုပ်စု၏ အကြီးအကဲ ဒေါက်တာသန်းထွဋ်အောင်သည် ဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားနည်းချက် များကို စောင့်ကြည့်မှတ်တမ်းတင်ရန် ၎င်း၏ သတင်းထောက်တစ်ချို့ကို ညွန်ကြားထားကြောင်း ရန်ကုန်မြို့ စာနယ်ဇင်အသိုင်းက ပြောကြားသည်။

အားစားဂျာနယ်ထုတ်ဝေရာမှတဆင့် သတင်းဂျာနယ်ထုတ်ဝေပြီး နာမည်ကျော်ကြားသူ ဒေါက်တာသန်းထွဋ်အောင်သည် မြစ်ဆုံအရေးကို အကြောင်း ပြုပြီး နိုင်ငံရေးလုပ်ရန် ခြေလှမ်းပြင်နေကာ ၎င်း၏ဖေ့ဘုတ်တွင် ၈၈အရေးခင်းကာလက နိုင်ငံရေးလှုပ်ရှားမှုများကို တင်ထားကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

နိုင်ငံရေးလုပ်ခြင်းအပါအ၀င် ဘ၀ပုံသဏ္ဍန်ကို လူတစ်ဦးချင်း လွတ်လပ်စွာရွေးချယ်ခွင့်ရှိကြောင်း သို့ရာတွင် အောက်လမ်းနည်း ဖြတ်လမ်းနည်းများ သုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်အဖွဲ့မှ အလဲဗင်းကို ဆုချီးမြှင့်ခဲ့ရာ ထိုင်းနိုင်ငံ ချင်မိုင်အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော် ထောက်ခံပေးခဲ့ကြောင်း ဦးအောင်ဇော်သည် ဘက်မလိုက်သည့် မီဒီယာသမား ရပ်တည်ချက်အကြောင်းပြုပြီး နာမည်ကြီးသူ များကို တိုက်ခိုက်ကာ နာမည်ကြီးအောင်လုပ်သူတစ်ဦးဖြစ်သဖြင့် ဒေါ်စုကို တိုက်ခိုက်ရန် ကြိုးစားနေကြောင်း ၀ါရင့် အယ်ဒီတာတစ်ဦးက ပြောကြားသည်။

နိင်ငံရေးလုပ်ခြင်း၊ မလုပ်ချင်းသည် ဒေါက်တာသန်းထွဋ်အောင်၏ လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြစ်သော်လည်း နိင်ငံရေးလောဘတက်ပြီး အောက်လမ်း နည်း ဖြတ်လမ်းနည်းများသုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

MP(yangonchronicle2011)

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment