လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ် မြင်ကွင်းဓာတ်ပုံများ
နမ္မတီးမှာ လာရောက်ကြတဲ့ ပရိသတ်မြင်ကွင်း တမျှော်တခေါ်ပေါ့ လူတသိန်းခန့်တဲ့
မြစ်ကြီးနား လေဆိပ်အထွက်မှာ ကြိုဆိုကြတဲ့ တိုင်းရင်းသား ပြည်သူများ..
နမ္မတီးမြို့မှ အဖွားစုကို ကြိုဆိုနေတဲ့ ကချင်တိုင်းရင်းသား ဒေါင်းရဲ့သမီးငယ်လေး
မြို့တွေ ရွာတွေသာ ပြောင်းသွားတယ် ကြိုဆိုတဲ့ မြင်ကွင်းကတော့ အပြောင်းအလဲမရှိပါဘူး
လာရောက်ကြိုဆိုကြတဲ့ လူငယ်များ မိုင်လေးဆယ် မြစ်ကြီးနား မိုးကောင်းခရီး တောက်လျှောက်လိုက် အားပေးကြတာ..
ချစ်စရာမနောမြေက ပြည်သူလူထုတွေပါ..
လူမစွမ်း နတ်မဆိုတဲ့ စကားပုံရှိပါတယ်..။ ဒီလောက်များတဲ့ လူတွေ ဘယ်နတ်မ လာတာပါလိမ့်..။
... ဒီလို လူစုလူဝေးမျိုး နမ္မတီးမြို့မှာ ရှိခဲ့ဘူးပါလား..။ ဘယ်သူက မလာမနေရ စည်းရုံးထားပါလိမ့်..။
အာဏာစက်နဲ့ ဆင့်ခေါ်စရာမလိုလေ..။ ယုံကြည်ချက်နဲ့ လေးစားချစ်ခင်မှုဟာ လူထုရဲ့ နှလုံးသားထဲမှာ
ကိန်းဝပ်နေတော့ လူစွမ်းနေတော့ နတ်မစရာမလိုလေ...။
အာဏာစက်ထက် လူထုစက် လက်စောင်းထက်၏..
Photos Reuters, Getty Images

No comments:
Post a Comment