Saturday 10 March 2012

ထောင်တွင်းမှ HIV ဝေဒနာသည် အကျဉ်းသား တဦး ရင်ဖွင့်စာ
Posted: 08 Mar 2012 11:21 PM PST


ဆီးအိမ်ရောဂါ ဝေဒနာကြောင့် ခွဲစိတ်ကုသခြင်း ခံပြီး ဒါဏ်ရာမှ နာကျင်သောကြောင့် သက်ဆိုင်ရာ ဆရာဝန်ထံ သတင်းပို့ရာ လုံးဝ ဂရုမစိုက်ဘဲ ပစ်ပယ်ထားခံနေရကြောင့် ပြင်းပြသော ဝေဒနာကို မခံစားနိုင်တော့သောကြောင့် လျှို့ဝှက်ပြီး စာရေးသားပေးပို့လာပါသည်။ ထောင်တွင်း အခြေအနေများကား ကျနော် အဖမ်းခံချုပ်နှောင်ခံရစဉ် ကဲ့သို့ပင် ဆိုးဝါးလျှက် ရှိနေသေးသည်ကို တွေ့ရသည် ။ အထူးပင်စိတ်မကောင်း ဖြစ်မိပါသည်

Nay myo zin

Posted: 08 Mar 2012 11:14 PM PST




နေပြည်တော်တိုင်းဒေသကြီးထဲမှ မြို့နယ်တချို့မှာ လူတွေနေထိုင်ခြင်း မရှိပါပဲနှင့် တဲအိမ်လေးများ ဖြစ်သလို ဆောက်လုပ်လျှက် လူဦးရေစာရင်းပြကာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ မဲများကို လိမ်လည်အသုံးချခဲ့ကြပါတယ်။

Burma vj media network

Posted: 08 Mar 2012 08:43 AM PST



Posted: 08 Mar 2012 07:56 AM PST


Posted: 08 Mar 2012 07:29 AM PST
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်သည် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်မှုများပြုလုပ်ပေးနေသည့်ပြင် မဲဆွယ်အခမ်းအနားများအတွက် စင်မြင့်တည်ဆောက်ရာတွင် ဒေသခံများကို လုပ်အားပေးစေခိုင်းမှုများကိုပါ လုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။
မြင်းကကွင်းတိုက်နယ်ဒေသခံတစ်ဦးက "ကျွန်တော်တို့ဆီကို ရှေ့လ ၂၄ ရက်ကလာတာ၊ မလာခင် သုံးရက်လောက်အလိုမှာ မဏ္ဍပ်ဆောက်ဖို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက လူငယ်တွေကို လုပ်အားပေးလာခေါ်တယ်" ဟု ပြောသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်သည် ဖေဖေါ်ဝါရီလအတွင်းက ငပုတောမြို့နယ်၊ မြင်းကကွင်းတိုက်နယ်အပါအ၀င် ဒေသငါးခုခန့်သို့သွားရောက်ခဲ့ပြီး ရောက်ရာဒေသတိုင်းတွင် ပြောကြားသောမိန့်ခွန်းများ၌ ကြံ့ခိုင်ရေးပါတီကို မဲထည့်ရန်တိုက်တွန်းမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။
ပုသိမ်မြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးများတွင် ဧရာဝတီတိုင်းသား ၀န်ကြီးချုပ် အဘဦးသိန်းအောင်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အား မဲပေးကြပါစို့ ဟူသောစာတန်းဖြင့် ဦးသိန်းအောင်ဓါတ်ပုံများကပ်ကာကြော်ငြာထားခြင်း၊ ရပ်ကွက်အတွင်း ကြံ့ခိုင်ရေးပါတီဝင်သူတိုင်းကို ငွေကျပ်သုံးသောင်းကို နေ့သွင်းအနေဖြင့်ထုတ်ချေးပေးခြင်း၊ ၎င်းပါတီတံဆိပ်ပါသော အင်္ကျီများနှင့် ဦးထုပ်များကို အခမဲ့ပေးခြင်းများပြုလုပ်နေကြောင်း ပုသိမ်မြို့ခံတို့ကပြောသည်။
ပုသိမ်ခရိုင်တရားလွှတ်တော်ရှေ့နေတစ်ဦးက" ဦးသိန်းအောင်ဟာ အလုပ်အရမ်းလုပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါပေမယ့် သူ့မှာပါတီစွဲကရှိနေတော့ ဥပဒေနဲ့ငြိစွန်းနေတာစိတ်မကောင်းစရာပဲ" ဟု မှတ်ချက်ပြုသည်။
အစိုးရ၀န်ကြီးများအနေဖြင့် ၎င်းတို့သက်ဆိုင်ရာ ပါတီလုပ်ငန်းများနှင့် ပါတီအတွက် မဲဆွယ်စည်းရုံးခြင်းများမပြုလုပ်ရန် နည်းဥပဒေများထုတ်ပြန်ထားသည်။ ။
Yangon press international

Posted: 08 Mar 2012 07:08 AM PST



ကနေဒါနိုင်ငံခြားရေးဝန်ကြီးဂျွန်ဘာ့ဒ်(JohnBaird)မှလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်သွားရောက်တွေ့ဆုံ

မြန်မာနိုင်ငံကို ပထမဆုံးသွားရောက်တဲ့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဖြစ်သလို အခုလို သမိုင်းဝင် ခရီးစဉ်ကနေ မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်း ပြန်မလှည့်ဘဲ ရှေ့ကို ဆက်သွားနိုင်ဖို့ တွန်းအားပေးတဲ့ ခရီးစဉ်တစ်ခုဖြစ်လိမ့်မယ်လို့ ယူဆပါတယ်(Canadian Friends of Burma ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကိုတင်မောင်ထူး)
Photo..AP

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment