Tuesday 10 April 2012


ယုံလွယ်သူများ






တကယ်လို့ကြီးကြီးကျယ်ကျယ် စကားလုံးတွေနဲ့စတင်ပြောကြားတတ်
သူများကို အများအားဖြင့်
သာမန်လူတွေက အထင်ကြီးလေ့ရှိတတ်တာကို တွေ့ရပါတယ်၊ ဒီနေရာမှာသတိထားရမယ့်အချက်က
ကျနော်တို့ဟာ ဘာကိုမှအလွယ်တကူမယုံကြည်ဖို့ပါပဲ၊လွန်ခဲ့တဲ့နှစ်ကာလများက လေလှိုင်းပေါ်က
အသံတွေနဲ့ အဝေးရောက်ပြည်တွင်းမီဒီယာသမားများဟာ မြန်မာနိုင်ငံကိုအခြေပြုပြီး ကြီးပွားသွားတာကို
တွေ့ရပါတယ်၊ကမ္ဘာမှာရှိတဲ့နိုင်ငံတိုင်းလိုလိုဟာ ကိုယ့်နိုင်ငံမှာဖြစ်ပျက်နေတဲ့ ကောင်းသတင်းတွေရော
မကောင်းသတင်းတွေကိုရော တစ်ကမ္ဘာလုံးသို့ချပြပြောဆိုပြီး ကိုယ့်နိုင်ငံရဲ့သတင်းရင်းမြစ်တွေကို
ရောင်းချနေတာ တွေ့ရပါတယ်၊ဒါပေမဲ့ ကမ္ဘာကိုချပြတဲ့အခါမှာ အဓိကကိုယ့်နိုင်ငံအကျိုးဖြစ်ထွန်းဖို့ဆိုရင်
ကောင်းမွန်သောသတင်းတွေနဲ့သာ အသိအမှတ်ပြုမှုတွေကို ရယူနေတာတွေ့ရပါတယ်၊

နိုင်ငံရဲ့တိုးတက်မှုအခြေအနေတွေ နိုင်ငံသားတွေရဲ့တီထွင်ဖန်တီးမှုစွမ်းဆောင်ရည် အရည်အချင်းတွေ
နိုင်ငံရဲ့လှပကောင်းမွန်သော သဘာဝအလှရှူ့ခင်းတွေ စသဖြင့်အဆိုပါအကြောင်းအရာတွေနဲ့
ကမ္ဘာ့နိုင်ငံအသီးသီးက လူပုဂ္ဂိုလ်များကိုဖမ်းစားလေ့ရှိပါတယ်။

အဓိကကျနော်ပြောချင်တာက အဝေးရောက်လေလှိုင်းသမား မြန်မာပြည်သားတွေဖြစ်ပါတယ်၊
မြန်မာနိုင်ငံရဲ့ဆိုးဝါးလှတဲ့အခြေအနေအဖြစ်အပျက်တွေကို ကမ္ဘာသို့ချပြပြီး ၀င်ငွေရှာနေကြတဲ့
လူတစ်စုလုပ်ရပ်ပဲ ဖြစ်ပါတယ်၊

ဒီနေရာမှာစာဖတ်သူများ သတိထားရမယ့်အချက်က ကျနော်ဟာဘယ်လိုအဖွဲ့အစည်း
ဘယ်ပါတီဝင်မှမဟုတ်ပဲ သာမန်လွတ်လပ်သောပြည်သူတစ်ယောက်သာဖြစ်တယ်ဆိုတဲ့အကြောင်း
စာဖတ်သူများရှင်းလင်းစွာ သိစေဖို့ဖြစ်ပါတယ်၊ဟိုတလောက facebook မှာကြံဖွတ်အစိုးရ
အဖွဲ့ဝင်များနဲ့ nldပါတီဝင် ပြည်သူများအကြီးအကျယ်တိုက်ခိုက်မှုဖြစ်ပေါ်နေချိန်မှာ အကုန်လုံးကို
စောင့်ကြည့်လေ့လာပြီး အများအားဖြင့်မှန်ကန်တယ်လို့ယူဆရတဲ့ တစ်စုံတစ်ရာပေါ်မှာ ကျနော်က
ထောက်ခံအားပေးပြောကြားခဲ့ဖူးပါတယ်၊အဲ့ဒီအချိန်မှာစစ်အစိုးရရဲ့ ဖိနှိပ်မှုတွေနဲ့ ပြည်သူတွေဟာ
တုတ်တုတ်တောင်မလှူပ်ရဲ့တဲ့အချိန်ကာလတစ်ခုပေါ့ facebook လိုနေရာမျိုးမှာတောင် အကျယ်အကျယ်တွေ
မပြောရဲ မဆိုရဲနဲ့ ပြည်သူတွေဟာကြံဖွတ်အဖွဲ့အစည်းရဲ့ အသာစီးရရှိနေမှုကို လည်စင်းခံနေရရှာပါတယ်၊
အဲ့ဒီအချိန်မှာ ကျနော်ဟာပြည်သူတွေဘက်ကအပြည့်အ၀ထောက်ခံပြီး တတ်နိုင်သလောက်ရှင်းလင်းခဲ့ဖူးပါတယ်၊
ဒါဟာအွန်လိုင်းပြသနာတစ်ခုပါ၊ဒီထက်မက သိုသိုသိပ်သိပ်လှူပ်ရှားခဲ့တဲ့နိုင်ငံရေးသမားများဟာလဲ အပြင်မှာ
ဘယ်အချိန် ဘယ်နေရာကနေ ဘယ်လိုဝင်စိသွားမလဲဆိုတာကိုပဲ ကြောက်လန့်နေရတဲ့အချိန်ပေါ့၊

ဒီကနေ့nldအောင်နိုင်ရေးဖြစ်ပေါ်နေချိန်မှာ ထိုပြသနာတစခန်းထလာပြန်ပါတယ်၊ခုချိန်မှာတော့ လွတ်လပ်ပြီး
တရားမျှတသောဥပဒေပေါ်ပေါက်လာပြီဆိုပြီး ပြည်သူတွေဟာခေါ်မကြားအော်မကြားဖြစ်လာအောင်
အွန်လိုင်းမှာရော စာမျက်နှာပေါ်မှာရော လက်ရှိအပြင်မှာပါ လွတ်လွတ်လပ်လပ်ထကြွနေပါတော့တယ်၊
ရှင်းရှင်းပြောရရင် ခုအခြေအနေကို ကျနော်သဘောမကျပါ၊ခုလောက်ထိလဲ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်၊
အွန်လိုင်းမှာခင်မင်နေတဲ့ ကျနော့်အသိမိတ်ဆွေ သူငယ်ချင်းတစ်ချို့ဟာ နောက်ပိုင်းအဆိုပါကိစ္စတွေနဲ့ပက်သက်ပြီး
လာလာမေးတဲ့စကားက တစ်မျိုးတည်းပါ ၊ မင်းကစစ်အစိုးရ၀န်ထမ်းလား ပြည်ခိုင်ဖြိုးကလားဆိုတဲ့အပေါ်ယံ
ထင်မြင်ယူဆချက်တွေနဲ့ လာရောက်မေးမြန်းခြင်းကို ခံနေရပါတယ်၊ကျနော်ကတော့ ခုချိန်မှာ သူတို့နားလည်အောင်
ဘာတစ်ခုကိုမှမရှင်းပြချင်တော့ပါဘူး၊သူတို့ထင်ချင်သလို ထင်ကြပါစေတော့ဆိုပြီး လွှတ်ထားပေးလိုက်ပါတယ်၊
ရရှိလာတဲ့အကျိုးဆက်ကတော့ လူတစ်ချို့က ကျနော့်ကို delete လုပ်ပါတယ် လူတစ်ချို့နဲ့သဘောထားကွဲလွဲမှုတွေ
ဖြစ်ပေါ်ပြီးစကား အခြေအတင်များခဲ့ရပါတယ်၊သေချာတာတစ်ခုကတော့ ကျနော်အထက်မှာပြောခဲ့တဲ့အတိုင်း
ကျနော့်အပြင်ကမိတ်ဆွေ သူငယ်ချင်းတစ်ချို့သာ ကျနော်ဘာဆိုတာကို သေသေချာချာသိကြပါတော့တယ်၊
လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျနော်တတ်နိုင်သလောက်ပါဝင်လှုပ်ရှားမှုပြုနေတဲ့အချိန်မှာ ပြည်သူအင်အား
အွန်လိုင်းမှာရော အပြင်မှာပါအရမ်းနည်းပါးနေတာကို တွေ့ရပါတယ်၊ဒါပေမဲ့ ခုချိန်မှာတော့ ကလေးကအစ ခွေးအဆုံး
နိုင်ငံရေးလုပ်ဆောင်နေပြီဟုလဲ သိရပါတယ်၊ထားပါတော့ ကျနော်ပြောချင်တာက ဒါမဟုတ်ဘူ။

အထက်မှာပြောသွားခဲ့တဲ့ မြန်မာပြည်သားအဝေးရောက်အသံလွှင့်ပုဂ္ဂိုလ်တွေပါ၊DVBတို့BBCတို့VOAတို့စသဖြင့်
မြန်မာနိုင်ငံအခြေအနေတွေကို တင်ပြပြောဆိုရာမှာ အဓိကပြည်တွင်းမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေပဲ
ဖြစ်ပါတယ်၊စစ်အစိုးရရဲ့ ယုတ်မာမှုတွေ အခြေခံလူတန်းစားတွေခံစားနေရတဲ့ ၀ဋ်ဒုက္ခတွေကိုသာ ရေပက်မ၀င်
ကမ္ဘာကသိအောင် လုပ်ဆောင်ပါတယ်၊နိုင်ငံရေးတစ်ခုတည်းသာ လွှင့်ရမယ်လို့များစည်းကမ်းချက်များ ချမှတ်ထားသလား
မသိပါ၊ဒါပေမဲ့ ကျနော်သိသလောက် ကမ္ဘာမှာရှိတဲ့ရုပ်သံလိုင်းတိုင်းက နိုင်ငံရေးတစ်ခုထဲလွှင့်နေသည်မဟုတ်ပါ၊
ကိုယ့်ပြည်တွင်းမှာရှိနေတဲ့ အလှတရားတွေအပါအ၀င် အားကစား ရုပ်ရှင် ဂီတ စာပေ စသဖြင့်အောင်မြင်ကျော်ကြားလူသိများတဲ့
ပုဂ္ဂိုလ်များရဲ့အခန်းကဏ္ဍကို ထည့်သွင်းပြောကြားစမြဲပါ၊ခုနောက်ပိုင်းမှသာ အနည်းငယ်သောအခန်းကဏ္ဍအနေနဲ့
အားကစားတို့ ဘာတို့ကိုပြန်လည်တင်ဆက်လာတာတွေ့ရပါတယ်၊ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက မြန်မာနိုင်ငံအခြေအနေတွေကို
ထိုအဝေးရောက်အသံလွှင့်သမားများဟာ အဆိုးရွားဆုံးအဖြစ်အပျက်တွေကိုသာ ကောက်နုတ်တင်ပြပြီး ကမ္ဘာကို ကြေငြာပါတော့တယ်။

မလုပ်ရပါဘူးလို့ ဆိုလိုတာမဟုတ်ပါ ဒါပေမဲ့နိုင်ငံတစ်နိုင်ငံရဲ့ ကောင်းကွက်ဆိုးကွက်များရှိရမှာ ဆိုးကွက်တွေကိုသာ
ရွေးချယ်တင်ဆက်တာဟာ  သဘာဝမကျဟုထင်ပါသည်၊ဆိုးဝါးမှုက များပြားနေလျှင်လဲ အနည်းငယ်သော ကောင်းကွက်များကို
ချန်လှပ်ထား၍မဖြစ်ပါ၊ဒါဟာ မြန်မာနိုင်ငံကိုကယ်တင်တာမဟုတ်ပဲနဲ့ ကမ္ဘာကိုမြန်မာက အဲ့ဒီလောက်ထိစုတ်ပြတ်သတ်နေတယ်
ဆိုတဲ့သဘောဖြင့် မီးမောင်းထိုးပြရာရောက်ပါတယ်၊ကမ္ဘာရဲ့စိတ်ဝင်စားမှုကိုခံရပေမယ့် အခြားနိုင်ငံတွေလို တိုးတက်ပြောင်းလဲမှုလိုမျိုး
လူသိတာမဟုတ်ပဲနဲ့ ညစ်ပက်စုတ်ပြတ်နေတဲ့အခြေအနေတွေကို လူသိအောင်လုပ်ဆောင်နေသလို ဖြစ်နေပါတယ်၊
အခြားနိုင်ငံတွေလို အသေခံဗုံးခွဲသမားတွေ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမျိုးတွေ မြန်မာနိုင်ငံမှာမရှိသေးပါ၊
၈၈တုန်းကသေဆုံးခဲ့သော လူဦးရေဟာအခြားနိုင်ငံများရဲ့ သေဆုံးမှုများနှင့်ယှဉ်လျှင် ဘာမှမပြောပလောက်ပါ၊
ဒါပေမဲ့ သေဆုံးသူများအတွက်တော့ စိတ်မကောင်းဖြစ်ရပါတယ်၊ဒါကတစ်ကန့်ပါ၊

မြန်မာနိုင်ငံမှာရှိတဲ့ ရေမြေတောတောင်သဘာဝအလှတရားတွေ ဘာသာယဉ်ကျေးမှုပုံရိပ်တွေ ရိုးရာတိုင်းရင်းသားများရဲ့
ဖြစ်တည်မှုတွေ လူမသိသူမသိပျောက်ကွယ်လုနီးနီး အဖြစ်သနစ်တွေကျတော့ ရှာဖွေဖော်ထုတ်မတင်ဆက်ပဲနဲ့
ခုလိုနိုင်ငံရေးအခြေအနေတစ်ခုပေါ်မှာပဲမူတည်ပြီး စီးပွားရှာနေတာဟာ အလွန်ပဲအောက်တန်းကျတဲ့လုပ်ရပ်လို့မြင်ပါတယ်၊
ဒါဟာ နိုင်ငံရေးကိုခုတုံးလုပ်ပြီး အကျိုးအမြတ်ရရှိသွားတဲ့ အဝေးရောက်မီဒီယာသမားများ ဖြစ်ပါတယ်၊ပြည်ပရောက်ရှိသွားတဲ့
လူအများစုဟာ ပြည်တွင်းမှာလုပ်ကိုင်ခွင့်မရတဲ့ နိုင်ငံရေးလှုံ့ဆော်မှုတွေကို ပြည်ပမှာစိတ်ကြိုက်လုပ်ကိုင်ဆောင်ရွက်ပြီး
မြန်မာအချင်းချင်း သွေးထိုးပါတယ်၊ဒါဟာ တကယ့်အဖြစ်အပျက်ပါ၊စစ်အစိုးရရဲ့ဖိနှပ်ချုပ်ချယ်မှုတွေက တစ်မျိုး
ထိုသူတို့ရဲ့ မြှောက်ပင့်ပေးမှုတွေကြောင့် မလိုအပ်ပဲသွေးမြေကျခဲ့ရသူတွေရှိလာခဲ့ပါတယ်၊ ကျနော်စဉ်းစားလို့မရတာက
စောနကပြောသလို ဘာကြောင့်အဝေးရောက်သွားတဲ့လူတိုင်းက နိုင်ငံရေးတစ်ခုထဲကိုပဲအာရုံစိုက်နေကြတာလဲ
ဘာသာရေးနဲ့ပက်သက်ပြီး ကမ္ဘာကမြန်မာကိုသိအောင်ထဲထဲဝင်ဝင်မလုပ်ကြရတာလဲ နိုင်ငံရေးအခြေအနေတစ်ခုထဲကပဲ
လူမျိုးတစ်စုလုံးကို ကယ်တင်နိုင်မှာလား ဘာသာတရားနဲ့နိုင်ငံရေးဟာဆက်စပ်မှုရှိနေတယ်ဆိုတာကို ပညာရှင်များကရော
တတ်သိနားလည်တဲ့စာရေးဆရာများကရောပြောဆိုခဲ့ဖူးပါတယ်၊ယခုအချိန်ထိလဲ ပြောဆိုနေကြတုန်းပါပဲ၊ရှင်းရှင်းပြောရရင်
စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာနိုင်ငံဟာလုံးဝနီးပါးပျက်စီးသွားတာ မဟုတ်ပါဘူး အခြားစစ်သွေးကြွများရှိတဲ့
နိုင်ငံတွေလို လူအစုလိုက်အပြုံလိုက်ဖမ်းစီးသတ်ဖြတ်နေတာမဟုတ်ပါဘူး ဟိုမှာက ဖမ်းလဲဖမ်း ပက်ပက်စက်စက်လဲ
အသတ်ခံရပါတယ်၊တိဗက်လိုနိုင်ငံမျိုးမှာ နိုင်ငံရေးလှုပ်ရှားသူတွေ နေ့စဉ်ရာနဲ့ချီအဖမ်းစီးခံနေရပါတယ်၊နေ့စဉ်လဲ
နိုင်ငံရေးသမားတွေကို သတ်ဖြတ်နေတာတွေ့ရပါတယ်၊နောက် အခြား ကုလားနိုင်ငံတွေမှာဆိုရင်တော့ဖြင့် ပြောလို့
ဆုံးတော့မည်မဟုတ်ပါ၊ဆီးရီးယားလိုအခြေအနေမျိုးသာ ဖြစ်ခဲ့မယ်ဆိုရင် ဖြစ်နေမယ်ဆိုရင်တော့ မတွေးတတ်အောင်ကို
ဖြစ်သွားပါပြီ၊ဒါဟာလဲ စစ်အစိုးရကို ဖာထေးပြောဆိုနေခြင်းမဟုတ်ပါ ပြည်သူများဖြေသိမ့်စာနာဖို့ရန်အတွက်သာ ဖြစ်ပါတယ်၊
ကိုယ့်လူမျိုး ကိုယ့်နိုင်ငံမဟုတ်တဲ့အတွက် စာနာ နားလည်မှုမရှိဘူး မထားနိုင်ဘူးဆိုရင်တော့ ဒါဟာ ဗုဒ္ဓဘာသာနိုင်ငံလို့ပြောရမှာ
ရှက်ဖွယ်ပါပဲ၊

ခုလက်ရှိ ပြောင်းလဲလာတဲ့အခြေအနေမှာ ကမ္ဘာကတောင်အသိအမှတ်ပြုလက်ခံလာတဲ့ အခြေအနေမှာ ထိုသူများဟာ
ယခုအချိန်ထိ စစ်အစိုးရနဲ့ပြည်သူများကြား အမျိုးမျိုးလှည့်ပတ်လှုံ့ဆော်သွေးထိုးနေတုန်းပါပဲ၊အထက်မှာ ပြောသွားခဲ့သလို
ကောင်းကွက်ဆိုးကွက်မှာ ဆိုးကွက်ကများနေလျှင်လဲ ထိုဆိုးကွက်ကိုသာ မြင်သာထင်သာ ဖြစ်စေအောင်ဖန်တီးပါတယ်၊
နောက်ပြီးကောင်းကွက်ကများနေလျှင်လဲ အနည်းငယ်သော ဆိုးကွက်ကိုသာ ထုတ်ဖော်ပြသလေ့ရှိပါတယ်၊အဲ့ဒီအခါ
ဘာတွေဖြစ်လာသလဲဆိုတော့ အဆိုပါသတင်းတွေကို ကြားနေရတဲ့ပြည်သူတွေအနေနဲ့ အစိုးရအပေါ် လုံးဝလေးစားမှု
အလေးထားမှု မရှိတော့ပါ၊ဒါဟာ မဖြစ်သင့်ပါ၊နယ်ဘက်တွေမှာဆိုလျှင် ရေဒီယိုကဖြင့်သာ ထိုအသံများကြားရသည်
ဖြစ်တဲ့အတွက် ထိုသူများရဲ့ စကားသာအတည်လို ဖြစ်သွားတာကို တွေ့ရပါတယ်၊အဘယ်မှလာပြီး ၁၀၀%ကောင်းမွန်သေးမည်နည်း၊
ကမ္ဘာမှာရှိတဲ့ နိုင်ငံတိုင်းဟာ ၁၀၀%ပြည့်စုံအောင် ကောင်းမွန်မှုရှိမနေပါ၊ဒါပေမဲ့ သူ့နည်းသူ့ဟန်နဲ့ ဆက်လက် ချီတက်လျှက်ရှိနေပါတယ်၊
ဗုဒ္ဓဘာသာမြန်မာလူမျိုးများဖြစ်တဲ့အတိုင်း ဘာသာတရားရဲ့အဆုံးအမနဲ့နိုင်ငံရေးအခြေအနေတွေကို ဝေဖန်ပိုင်းခြားသင့်ပါပြီ၊
ဖြစ်ပေါ်နေတဲ့ အခြေအနေအားလုံးကို လက်မခံနိုင်တာကိုတော့ နားလည်ပါတယ် ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ပူးပေါင်းပါဝင်မှုမရှိပဲ
တစ်ယောက်ယောက်အပေါ်မှာပဲ မှီခိုအားကိုးနေသေးမည်ဆိုရင်တော့ဖြင့် အဆိုပါလူတွေကို ပြစ်တင်ရှူံ့ချရပါလိမ့်မယ်၊
ကိုယ်တိုင်ပါဝင်မှုက ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာကို အနောက်နိုင်ငံက လူမျိုးတွေကသက်သေပြပါတယ်၊
အဝေးရောက်အသံလွှင့်ဌာနများကို တစ်ခုအကြံပေးချင်တာက ဆက်လက်ပြီး ယုံလွယ်လောက်တဲ့စကားလုံးတွေနဲ့
ပြည်သူနဲ့အစိုးရကြား သွေးထိုးလှုံ့ဆော်မှုတွေရပ်တန့်ပြီး အတတ်နိုင်ဆုံးအကောင်းမြင်စိတ်နဲ့ မြန်မာနိုင်ငံကိုကယ်တင်ဖို့သာ
စဉ်းစားကြပါ၊ခုလောက်ဆိုထိုသူများဟာ အဲ့ဒီနိုင်ငံတွေမှာပဲ တိုက်နဲ့ကားနဲ့ဇိမ်ကျကျနေထိုင်လျက်ရှိနေလောက်ပါပြီ၊
ဒေါ်လာစားဆိုတဲ့ စကားဟာတကယ်မှန်ပါတယ်၊ဒါပေမဲ့ သူတို့အသံကိုယုံကြည်မိသွားတဲ့ အယုံလွယ်သွားတဲ့ ပြည်တွင်းရှိ
ပြည်သူများသာ သေတဲ့သူကသေ ထောင်ထဲရောက်သူကရောက် မွဲသူကမွဲသထက်မွဲရင်းနဲ့ ထူးခြားမှု မရှိခဲ့ပါ၊
ယခုအချိန်ထိသာ အရင်လိုပဲစစ်အစိုးရအုပ်ချုပ်မှုအောက်မှာ ရှိနေအုံးမည်ဆိုလျှင် လမ်းပေါ်ထွက်ဆန္ဒပြလျှင် ပစ်သတ်မည်
ဒီမိုကရေစီဟုအော်လျှင် ထောင်ထဲထည့်မည်ဆိုပါက ဘယ်သူကမှ ဘာမှတတ်နိုင်မည်မဟုတ်ပါ ၊ နိုင်ငံခြားအကူအညီရယူဖို့ရန်လဲ
လုံးဝမစဉ်းစားပါနဲ့ အမေရိကန်က ဘယ်လောက်ပဲ ဖိအားတွေပေးပေး ကုလသမဂ္ဂက အကြိမ်ကြိမ်လာရောက်ဆွေးနွေးဆွေးနွေး
တရုတ်ရဲ့ပံ့ပိုးမှုတွေ တရုတ်ရဲ့ခြယ်လှယ်တားစီးမှုတွေနဲ့ဘာတစ်ခုမှ အရာထင်မည်မဟုတ်ပါ၊သူတို့ကိုယ်တိုင် လိုလိုလားလား
ဆင်းပေးသွားလို့သာ ယခုအချိန်တွင်အောင်မြင်နေသောပါတီများ နေရာရလာခြင်းဖြစ်ပါတယ်၊ဒါကို ကိုယ့်ကိုကိုယ်ဟုတ်လှပြီ
ထင်မနေစေချင်ပါ၊အစောကတည်းက ထောင်ထဲရောက်နေသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို နည်းအမျိုးမျိုးနဲ့
သတ်ဖြတ်ခဲ့မည်ဆိုလျှင်လဲ ဘယ်သူမှမတတ်နိုင်ပါ၊စစ်အစိုးရရဲ့ အမျိုးမျိုးသောနည်းဗျူဟာများဟာ အလွန်ပဲကြောက်ဖို့ကောင်းလှပါတယ်၊
အားလုံးကို အကွက်ကျကျစီမံပြီး ကိုယ်ရောင်ဖျောက်သွားနိုင်ခဲ့တဲ့ စစ်အစိုးရရဲ့ အကြံဥာဏ်တွေဟာ ပက်ပက်စက်စက်
ကြောက်ဖို့ကောင်းကြောင်းကိုလဲ အကုန်လုံးသိပြီးဖြစ်ပါတယ်၊ဒါကိုဂရုမပြု အလေးမထားပဲ ကိုယ့်ကိုကိုယ်အောင်မြင်နေသူများဟု
ရင်ကော့နေမည်ဆိုပါက နောက်ကွယ်ကလှောင်ပြောင်းခြင်းကိုခံရနိုင်ပါတယ်၊ဘယ်သူ့ကိုမှ အလွယ်တကူမယုံကြည်ပဲ
ကိုယ့်ရဲ့အစွမ်းအစတွေနဲ့သာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် ထိုသို့သော သွေးထိုးမြှောက်ပင့်မှုများ မီဒီယာသမားများ၏
အဆိုးမြင်ရှူ့ထောင့်များအား အသေအချာပြန်လည်စီစစ်ပါရန် အသိပေးပြောကြားလိုက်ပါတယ်။








ဇာတိ(ဖျာပုံ)
1:45AM - 2:50AM
10.4.2012
zartipyapon@gmail.com

--
          


 မာဃလုလင်

--
You received this message because you are subscribed to the Google Groups "Share from HYDE" group.
To post to this group, send email to hydegroup@googlegroups.com.
To unsubscribe from this group, send email to hydegroup+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/hydegroup?hl=my.


No comments:

Post a Comment