Thursday 12 April 2012






စင်ကာပူ ဆမ်းဘားဝမ်း ဓမ္မဥယျာဉ် သင်္ကြန်ပွဲတော်မှ အားလုံးချစ်တဲ့ အမေစု ဂုဏ်ပြုတေးသီချင်းနဲ့ သင်္ကြန်သံချပ် (ဓာတ်ပုံ၊ ရုပ်သံဖိုင်)

Posted: 11 Apr 2012 10:16 AM PDT



စင်ကာပူ ဆမ်းဘားဝမ်း ဓမ္မဥယျာဉ် သင်္ကြန်ပွဲတော်မှ စင်ကာပူရောက် အမေစုရဲ့ ခွပ်ဒေါင်း သားနဲ့ သမီးများမှ အားလုံးချစ်တဲ့ အမေစု ဂုဏ်ပြုတေးသီချင်း 
(ဓာတ်ပုံနှင့် ရုပ်သံဖိုင်အတွက် ကိုအောင်ဇင်အား ကျေးဇူးတင်ပါသည်..။)

နာတတ်လိုက်ကြတာ (ကဗျာရှင် နေရဲနီ)...

Posted: 11 Apr 2012 09:19 AM PDT

နာတတ်လိုက်ကြတာ
(ကဗျာရှင် နေရဲနီ)

နေသားကျနေသော အမာရွတ်ကိုပြန်ဆွပြီး
အနာအသစ် ပြန်လုပ်နေခြင်းမဟုတ်
သို့သော်ငြားလည်း
ပြုသူအသစ် ဖြစ်သူအဟောင်း
ကံအကြောင်းကို ထည့်မတွေးဘဲ
ခံခဲ့ရသူတွေ အတွက်တော့
ခွင့်လွှတ်နိုင်ပေမဲ့
အဖြစ်အပျက်နဲ့ ဒဏ်ရာဒဏ်ချက်တွေကိုတော့
ဘယ်တော့မှမမေ့နိုင်
ဘုံလုံတလှည့် ငါးပျံတလှည့်
ကံဇာတ်ခုံမှာ
ကိုယ့်အလှည့်ကျတော့လည်း နာတတ်လိုက်ကျတာ။

တချိန်တခါက
တို့တစ်တွေသည်လည်း
ပေ ဖြစ်တုန်းဘဝမှာ ဒီလိုခံခဲ့ရသည် ဆိုတာကိုတော့
စင်ပေါ်ရောက်တုန်း တခဏ
သူတပါးအပေါ်မှာ မညှာမတာနှံခဲ့ နှက်ခဲ့လေသော တူတွေ
စာနာစိတ်လေးတွေ မွေးတတ်စေဖို့
အသိလေးတော့ ပေးလိုက်ချင်သည်။

(ကံဇာတ်ခုံ၏ လုပ်ဇာတ်များ )

အသားမဲမဲ ပိန်ပိန်ခြောက်ခြောက်
ငါးကျည်းခြောက် ကျပ်တင်ပမာ
ရှေ့သွားတွေက ကျိုးပဲ့ကြေလို့ ကျိုးတို့ကျဲတဲ
ဒေါ်ဂွက်ထော် မည်သော
အဆိုပါဗီဒီယို သရုပ်ဆောင် အဖွားကြီးအား
အမေစုဟန်ပန် အတင်းသွတ်သွင်းကာ
ကလေးတအုပ်နှင့် အတူ
အမေစု၏ခြံရှေ့မိန့်ခွန်းများအား လှောင်ပြောင် သရော်ခဲ့သည်ကို
၉၆/၉၇ နှစ်များအတွင်း မီးမှန်သောရပ်ကွက်မှ
ရုပ်မြင်သံကြားကြည့် ပရိတ်သတ်များ မှတ်မိနေပေလိမ့်မည်။

ထိုမှတဖန် ရုပ်ရှင်အနုပညာလောကမှ
သက်ကြီးရွယ်အို ဒါရိုက်တာ မင်းသားကြီးများပါဝင်သော
" ရပ်ကွက်ထဲမှ ဓမ္မာရုံ " ဖြင့်လည်း
ပြည်သူကိုမျက်လှည့်ပြခဲ့သေး၏။

သိပ်မကြာပါ ဒေါ်ဂွက်ထော်ကြီးလည်း
လူ့ပြည်ကို နှုတ်ဆက်သွားသလို
ဓမ္မာရုံလူကြီးမင်းများလည်း တဖြည်းဖြည်းနှင့်
ငုပ်လျှိုးပျောက်ကွယ် ကုန်ကြသည်။
တစ်အိမ်တစ်ယောက် မလာမနေရ
လူထုစည်းဝေးပွဲများ ကျင်းပပြီး
ငါးစိမ်းသည် ရန်တွေ့ပုံဖြင့် နှုတ်ထွက်စာတင်ကြသော
ထောက်ခံပွဲ ရှုတ်ချပွဲ တို့သည်ကား မရေတွက်နိုင်ကုန်။

ထိုမျှနှင့် မတင်းတိမ်နိုင်သေးဘဲ
သတင်းစာမှ ရေးသောNLDကို ရှုံ့ချသည့်
သတင်းဆောင်းပါး ကာတွန်း စသည်တို့သည်ကား
၂၃နှစ်ကို ၃၆၅ရက်နှင့်သာ မြှောက်ကြပါကုန်။
ထိုမျှနှင့်အားမရသော်
ထွက်သမျှဂျာနယ်တိုင်းတွင် ထိုဆောင်းပါးပါမှ
ထုတ်ဝေခွင့်ရကြ၏။

အနီးစပ်ဆုံးသက်သေ သာဓကဖြင့် ပြရသော်
ပြန်/ဆက်ဝန်ကြီး ကိုယ်တိုင်ပြောသော
" အဖွဲ့အစည်း တစ်ရပ်ဆိုတာ သိပ်သိသာတယ်
စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ တိုင်းပြည်နှင့်လူမျိုးအတွက်
ကောင်းတာဆို၍ ဘာမှမလုပ်ခဲ့ကြောင်း "
သတင်းစာ ရှင်းလင်းပွဲရုပ်သံမှာ
အင်တာနက်ပေါ်တွင် ယနေ့ထက်တိုင်
ပူပူနွေးနွေး ရှိနေသေး၏။

ညစ်နည်းအပေါင်း အကြောင်းစုံကို သိနေသောပြည်သူတို့မှာ
အချိန်ကြာလာသည်နှင့် အမျှ
ခန္တီတရားသည်လည်း အရေထူ၍လာခဲ့ပြီ
မရှိသည်နှင့်လည်း နေသားကျ၍လာခဲ့သည်။

အမေစုကိုယ်တိုင်သော်မှ
သူကိုယ်တိုင် အသက်ဘေးနှင့်ကြုံခဲ့ရသော
ကမ္ဘာသိ ဒီပဲယင်းကိစ္စကြီးကိုပင်
သင်ပုန်းချေရန် အသင့်အနေအထားတွင်ရှိနေလေပြီ။

၂၀၁၀ရွေးကောက်ပွဲ ခေတ်ဦးကာလ
ဤအိမ်သည် ကြံ့ခိုင်ရေးပါတီဝင်
အိမ်ဖြစ်သည်။
ဤရပ်ကွက်သည် NLD ကင်းစင်နယ်မြေဖြစ်သည်။
ထင်တိုင်းကြဲနေသည့် အချိန်
မည်သူကမျှ ဘာမှမပြောနိုင်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်
ရပ်တည်နေတဲ့ အဆိုတော်တစ်ချို့ကို
အခုသင်္ကြန်တွင်း စတိတ်ရှိုးတွေမှာ
သိချင်းသီဆိုခွင့် ပိတ်ပင်ကန့်သတ်ခံနေရ။
( 2012-4-11 RFA )

(ဘုံလုံတလှည့် ငါးပျံတလှည့်)

ဧပြီ(၁)ရက် ကြားဖြတ် ရွေးကောက်ပွဲအပြီး
USDP ၏သတင်းစာ ရှင်းလင်းပွဲ
" ခွပ်ဒေါင်းအင်္ကျီဝတ်ပြီးတော့
ကျွန်တော်တို့ရှေ့မှာ အားလုံးကို ကျေးဇူးတင်ပါတယ် ဆိုပြီးတော့
အမူအရာနဲ့ လာလုပ်ပြနေတာတွေ
ကျွန်တော်တို့ ခြံစည်းရိုး ဝါးလုံးထိပ်မှာ လာပြီးတော့
ခွပ်ဒေါင်းအလံကြီး ယမ်းပြနေတာတွေ
ဒါတွေဟာ ကျွန်တော်တို့ရဲ့ တပ်ဦးမျက်နှာစာမှာဆိုတော့
ကျွန်တော်တို့ကို စိန်ခေါ်နေတာလို့ထင်ပါတယ်။ "
" မဲပြားပေါ်မှာ ဖယောင်းသုတ်ထားတယ် ဆိုပီးတော့
စွပ်စွဲပြောဆိုတာဟာ
တဖက်အဖွဲ့အစည်းကို ထိခိုက်နစ်နာစေပါတယ်။ "

အော်....
သူတို့အလှည့်ကျတော့လည်း
နာတတ်လိုက်ကြတာ။

နေရဲနီ

မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်)ရဲ့ ၂၀၁၂ခုနှစ် တေးသံချပ်များ (ရုပ်သံ)

Posted: 11 Apr 2012 08:59 AM PDT

မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်)ရဲ့ ၂၀၁၂ခုနှစ် တေးသံချပ်များ (ရုပ်သံ ဇေယျာ)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment