Thursday 10 May 2012
Posted: 08 May 2012 09:49 AM PDT
တန်ဖိုးထားထိမ်းသိမ်းစောက်ရှောက်တတ်သော မိသားစုတစ်စုကျေးဇူးကြောင့်သမိုင်းတန်ဖိုး မြင့်မားသော အာဇာ
နည်ခေါင်းဆောင်ကြီးများ၏မိန့် ခွန်းဓါတ်ပြားများကိုမျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပါပြီ။ လေးစားချီးကျုးထိုက်သော မိသားစု၊
 တာဝန်သိမှတ်ကျေပွန်သောမိသားစုပါ။
ဦးအုန်းမောင်+ဒေါ်ဗူးညွန့် 
သမီး
ဒေါ်နု၊ဒေါ်ညို၊ဒေါ်လှမြင့်
မြေး
ကိုတင်ကျော်ကျော်၊ကိုယဉ်မင်းထွန်း(ခ)ကိုဂျိုးဂျိုး၊မဖြိုးဝေေ၀ထွန်း
အိမ်အမှတ်(၆၅၅)၊ဘီအိုစီအနီး၊အောင်ဆန်းရပ်ကွက်၊ရေဦးမြို့ ။စစ်ကိုင်းတိုင်းဒေသကြီး မှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
၊ရေဦးမြို့ သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများမိန့် ခွန်းဓါတ်ပြား (၂၂ ) ချပ်လှူဒါန်းပါသည်
ထိုဓါတ်ပြားများထဲတွင်ဒီးဒုတ်ဦးဘချို၊မိုင်းပွန်စော်ဘွားကြီး၏ရှမ်းဘာသာနှင့်ဟောပြောထားသောမိန့် ခွန်းများပါဝင်ပြီးမြို့ တော်
ခန်းမတွင်ဟောပြောသောဓါတ်ပြားများဖြစ်ပါတယ်
ရေဦးမြို့နယ်အတွက်ဂုဏ်ယူစရာမိသားစုပါ၊ကျွန်တော်ဒီနေရာကလေးစားစွာဂုဏ်ပြုလိုက်ပါတယ်။အဆိုပါဓါတ်ပြားများကို
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြင့်နိုင်နှင့်အတူဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီသို
Thankyaw Win
 စုကြည်မိန့်ခွန်း
Posted: 08 May 2012 08:57 AM PDT
Photo.AP
မြန်မာနိုင်ငံလွတ်လပ်ရေးကြိုပမ်းမှုသမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လွှတ်တော်အမတ်အဖြစ် ၀င်ရောက် အရွေးခံခဲ့ဖူးတဲ့
 ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းပြောကြားပြီး ဖွင့်
လှစ်ပေးခဲ့ပါတယ်။
dvb
Posted: 08 May 2012 08:33 AM PDT
သမ္မတ ဦးသိန်းစိန် လာမည့် ၂၀၁၅ ခုတွင် အနားယူမည် ဆိုသည့်သတင်းနှင့် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး
ကျန်းမာရေးကြောင့် အနားယူသွားသည့်သတင်းများ ဖေါ်ပြမှုကြောင့် ပြည်တွင်းအပတ်စဉ် ထုတ် ဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေးမှ ခေါ်ယူသတိပေးခဲ့ကြောင်း ဂျာနယ်တာဝန်ခံတို့က ပြောသည်။
ယမန်နေ့ထုတ် မြန်မာပို့စ် ဂျာနယ်တွင် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ကျန်းမာရေး အကြောင်းပြချက် ဖြင့် ယခုလ
 ၃ ရက်နေ့က ရာထူးမှ အနားယူသွားပြီဖြစ်ကြောင်း ဖေါ်ပြခဲ့ရာ ဂျာနယ်ဖြန့်ချိသည့်နေ့ ညနေ ပိုင်းတွင်ပင် စာပေစိစစ်ရေးမှ
 ယခုဖေါ်ပြမှုကြောင့် ဂျာနယ်အား အရေးယူနိုင်သည်ကို သိရှိကြောင်း ခံဝန် လက်မှတ်ရေးထိုးစေခဲ့သည်ဟု တာဝန်ခံ အယ်ဒီတာ ကိုခိုင်လင်းကျော်က ပြောသည်။
အလားတူ ယနေ့ထုတ် ဗီးနပ်စ် သတင်းဂျာနယ်တွင်လည်း "၂၀၁၅ ခုနှစ်တွင် သမ္မတကြီး ဦးသိန်းစိန် နိုင်ငံရေးမှ အနားယူမည်" ဆိုသည့်ခေါင်းစဉ်ဖြင့် ဦးသိန်းစိန် အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ်တွင် အနားယူဖွယ်ရှိသည်ဟု သမ္မတအကြံပေး ဦးကိုကိုလှိုင်၏ ပြောဆိုချက်တရပ်ကို ကိုးကားရေးသား ဖေါ်ပြခဲ့သည်။
ဂျာနယ်ထွက်ရှိပြီးနောက် နေ့တွင်းချင်းပင် စာပေစိစစ်ရေးမှ တာဝန်ရှိသူက ဗီးနပ်စ်ဂျာနယ် တာဝန်ခံအယ်ဒီတာအား ခေါ်ယူ၍ ခံဝန်လက်မှတ်ရေးထိုးစေခဲ့သည်ဟု တာဝန်ခံအယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောသည်။ စာပေစိစစ်ရေးကို သမ္မတကြီး
သတင်းနှင့် ဒုသမ္မတ နှုတ်ထွက်သည့် သတင်းတို့ကို ယမန်နေ့ညနေက စိစစ်ရေးသို့ တင်ပြရာတွင် ခွင့်မပြုကြောင်း ပြန်
ကြားသော်လည်း သမ္မတကြီး အနားယူဖွယ်ရှိသည့် သတင်းကို ဖေါ်ပြခဲ့ရာမှ ယခုလို ခေါ်ယူသတိပေးခြင်း ခံရသည်ဟု တာဝန်ခံ
အယ်ဒီတာက YPI သို့ပြောသည်။
ကိုသာလွန်ဇောင်းထက်က "ကျန်းမာရေး မကောင်းဘူးဆိုတာကို မကောင်းဘူးလို့ရေးတာပဲ၊ အခုလိုဆိုရင် စာနယ်ဇင်းလွတ်
လပ်ခွင့်တို့ ဘာတို့ပြောနေတာ ဘာအဓိပ္ပါယ်ရှိမလဲ၊ ဒိလောက်လေးတောင် ရေးခွင့်မရှိဘူး ဆိုရင်" ဟု လည်းရှင်းပြသည်။
မြန်မာနိုင်ငံတွင် အပတ်စဉ်ထုတ် သတင်းဂျာနယ်များ အနေဖြင့် သတင်းနှင့် ဓါတ်ပုံ၊ ကြော်ငြာအားလုံး ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ
စာပေစိစစ်ရေးသို့ တင်ပြကြရပြီး စိစစ်ရေးမှ ဖေါ်ပြခွင့်မပြုသည့် သတင်း၊ ဓါတ်ပုံ၊ ကြော်ငြာများကို ဖေါ်ပြပါက ခံဝန်လက်
မှတ်ရေးထိုးစေခြင်း၊ တပတ်၊ ၂ ပတ်နားစေခြင်း သို့မဟုတ် ထုတ်ဝေခွင့် ပိတ်သိမ်းစေခြင်းထိ အရေးယူနိုင်သည်။
ယမန်နှစ် အရပ်သား အစိုးရသစ်တက်လာပြီးနောက် မီဒီယာ လျော့ပေါ့မှုများ ပြုလုပ်လာသည့်နောက်တွင် သတင်းဂျာနယ်များ
တွင် နိုင်ငံရေး စီးပွားရေး ဆိုင်ရာ သတင်း၊ သုံးသပ်ချက်၊ ဝေဖန်ချက်များ ယခင်ထက် ဖေါ်ပြခွင့်ရရှိလာသော်လည်း ယခုလို ခေါ်ယူသတိပေးခြင်းများ နောက်ဆက်တွဲ တင်ပြခွင့်မပြုခြင်း အစရှိသည့် အရေးယူမှုမျိုး ရှိနေဆဲဖြစ်သည်ဟု သတင်းအယ်ဒီတာများက ပြောဆိုသည်။
ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ သတင်းမီဒီယာနှင့်ပတ်သက်သည့် ဥပဒေတရပ် နောက်လာမည့် လွှတ်တော်တွင် တင်သွင်းရန်ရှိပြီး ယင်းဥပဒေသစ်အတည်ပြုပြီးနောက်တွင် သတင်းဂျာနယ်များ မထုတ်ဝေမီ စာပေစိစစ်ရေးသို့ တင်ပြရန် လိုအပ်မည်
 မဟုတ်တော့ဟု ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ တာဝန်ရှိသူများက မီဒီယာဖွံ့ဖြိုးမှု ဆွေးနွေးပွဲများတွင် ပြောဆိုထားသည်။ ။
Yangon press international
(ဓာတ်ပုံ)
Posted: 08 May 2012 08:13 AM PDT
NLD MPs with Prime Minister of Australia Julia Gillard — with Janelle Saffin at Parliament House,
Canberra, Australia.
Australia's foreign minister Kevin Rudd
Photo..Radio Australia Myanmar
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60
No comments:
Post a Comment