Sunday 27 May 2012
    Posted: 27 May 2012 07:02 AM PDT
    ဒီကနေ့ မနက် လမ်းပေါ်ထွက်ပြီး သတင်းစနည်းနာကြည့်တော့ .......
    သတင်းတစ်ခုထွက်လာပါတယ် ။
    မနေ့ ( ၂၆-၅-၂၀၁၂ စနေနေ့ ) က လမ်းမတော်မြို့နယ် အမှတ် ( ၅ ) ရပ်ကွက်ထည်းမှာ ခြိမ်းချောက် အကျပ်ကိုင် တဲ့
     လုပ်ရပ်တစ်ခု သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ပြုလုပ်ခဲ့တယ်ဆိုပဲ ။
    လုပ်ပုံက တော့ရပ်ကွက်အတွင်းက လ္ဘက်ရည်ဆိုင်က ပိုင်ရှင်တွေ စားသောက်ဆိုင်ပိုင်ရှင်တွေ တာဝန်ရှိသူ ကိုယ်စားလှယ်တွေကို
     ခေါ်ပြီး ပြောသတဲ့ ။ကိုရဲလွင်ဦးစီးတဲ့ အဖွဲ့ ကိုသိသလား ပေါ့ ။
    သီချင်းတွေလိုက်ဆိုပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ စစ်ဘေးဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေးအတွက် အလှူခံပေးနေတဲ့
    အဖွဲ့ကလေတဲ့ ။
    ဆိုင်ပိုင်ရှင်တွေ က ကြားတော့ကြားဖူးပါတယ် လို့ ဖြေကြတယ် ။
    ( အထက်ကညွှန်ကြားချက် ) ကြောင့်ပါ လို့ပြောပြီး ။
    ကိုယ်သဘောနဲ့ကိုယ် အဲ့ဒီအဖွဲ့ သီချင်းဆိုဖို့ ကိစ္စ ( လက်မခံပါဘူး )
    ++++++++++++++++++++++++++++++++++++++++++++
    ရပ်ကွက်က အုပ်ချုပ်ရေးရုံးကို အရင် အသိပေး ခွင့်တောင်းမှု ယူပါ့မယ် ။
    ++++++++++++++++++++++++++++++++++++++++++++++++
    ဆိုတဲ့ ကိုယ်တိုင် ခံဝန် ကတိပြုချက်တွေ လက်မှတ်ထိုးခိုင်းသတဲ့ ။
    ကိစ္စကတော့ အဲ့ဒါပါပဲ ။
    သမ္မတကြီးနဲ့ သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝင် လူကြီးမင်းများကို မသိလို့ မေးကြည့်ချင်တယ် ။
    အဲ့ဒီညွှန်ကြားချက်မျိုး တကယ်ပဲ ပေးခဲ့သလား ။ မပေးခဲ့ဘူးလား ။
    ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ် တာဝန်ယူလုပ်ဆောင်နေသူတွေကို အနှောက်အယှက်ပေးတာဟာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှု မရှိလို့ပဲလား ။
    ဒါမှမဟုတ် သမ္မတကြီးနဲ့ သက်ဆိုင်ရာအစိုးရ အဖွဲ့ဝင် လူကြီးများကို သိက္ခာမရှိအောင် နာမည်ပျက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့
     အောက်ခြေက အုပ်ချုပ်ရေးမှူးတွေက လုပ်နေတာလား ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြဖို့တော့ လိုနေပါပြီ ။
    ပြည်သူလူထုကို ကိုယ့်ကြိုးနဲ့ ကိုယ်ပြန်ချည်ခိုင်းတဲ့ ခြိမ်းချောက် လက်မှတ်ထိုးခိုင်းတဲ့ လုပ်ရပ်မျိုးတွေ ၊ ငြိမ်းချမ်းရေးကိုဟန့်
    တားတဲ့လုပ်ရပ်တွေ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မလိုလားပဲ ဖျက်လိုဖျက်ဆီး လုပ်ရပ်တွေကို အောက်ခြေက
     အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို လုပ်ဆောင်ဖို့ ဘယ်သူမှန်းမသိတဲ့ ( အထက်က ) ဆိုတဲ့သူတွေက တကယ်ပဲ အမိန့်ပေးစေ
    ခိုင်းနေတာလား ။
    ဒါမှမဟုတ် သမ္မတကြီး လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ဖျက်လိုဖျက်ဆီး မလေးမစားနဲ့ အောက်က လူတွေ
     တမင်လုပ်နေတာလားဆိုတာကို သိဖို့ ( လမ်းမတော်မြို့နယ် ) အမှတ်( ၅ ) ရပ်ကွက်နဲ့ အမှတ် ( ၄ ) ရပ်ကွက် အုပ်ချုပ်ရေး
    ရုံးတွေကို သက်ဆိုင်ရာတာဝန်ရှိသူများကိုယ်တိုင် ကွင်းဆင်းစုံစမ်း အဖြစ်မှန်ကို အဖြေရှာပေးဖို့ အထူးလိုအပ်နေပါသည် ။
    ( ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတယ်ဆိုရင်ပေါ့ )"
    Ah Ba Yah
    Posted: 27 May 2012 06:07 AM PDT
    မြန်မာပြည်မှာ ဟိုးအရင်ကတည်းကနေ ယနေ့အထိ ကြုံတွေ့နေရတဲ့ လျှပ်စစ်လုံလောက်အောင် မပေးနိုင်တဲ့ ပြဿနာဖြစ်ပါ
    တယ်။ ဒါပေမဲ့လည်း သေသေချာချာသာ နှစ်တို၊ နှစ်ရှည် စီမံကိန်းတွေချပြီး လုပ်ဆောင်မယ်ဆိုရင် ပြေလည်နိုင်မဲ့အရာတွေလို့
    ယူဆပါတယ်။
    အစ
    ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဘယ်လို အရင်းအမြစ်တွေကနေ လျှပ်စစ်ကို ထုတ်လုပ်သလဲဆိုတာကို လေ့လာကြည့်ရင်......
    ၁.) Fossil fuels လို့ ဆိုတဲ့ Coal, Natural gas, Petroleum စတာတွေနဲ့လည်ပတ်တဲ့ စက်ရုံ၊
    ၂.) Nuclear Fission နဲ့လည်ပတ်တဲ့ Nuclear Powerစက်ရုံ၊
    ၃.) Renewable Energy လို့ဆိုတဲ့...
    i) Biomassနဲ့ လည်ပတ်တဲ့ စက်ရုံ၊
    ii) Solar Power နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ၊
    iii) Geothermal power နဲ့လည်ပတ်တဲ့ စက်ရုံ၊
    Ocean thermal energy conversion(OTEC)နဲ့ လည်ပတ်တဲ့ စက်ရုံ၊
    ၄.) Hydroelectric ရေစွမ်းအင်သုံး စက်ရုံ၊
    ၅.) Wind turbine လေစွမ်းအင်သုံး စက်ရုံ၊
    ၆.) Waste-to-Energy စွန့်ပစ်ပစ္စည်းတွေ နဲ့ လည်ပတ်တဲ့ စက်ရုံ တွေဆိုပြီး အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။
    အဲဒီထဲကမှ ရွေးထုတ်ပြီး ပြောချင်တာက ကျနော်တို့ ဒေါ်လာသန်း ၃၅၀ လောက်ဖြုန်းနိုင်ရင် ၁-၂ နှစ်အတွင်း မီဂါဝပ် ၅၀၀လော
    က်ထုတ်နိုင်တဲ့ Combined Cycle Power Plant (CCPP) တလုံးကောင်းကောင်းရနိုင်ပါတယ်။
    Combined cycle power plant (CCPP) ဆိုတာက
    ၁.) Gas Turbine Generator (GT)
    ၂.) Steam Turbine Generator (ST)
    ၃.) Heat recovery steam generation (HRSG-Boiler)
    စတာတွေကို အချိုးညီညီပေါင်းစပ်ပြီး စွမ်းအင်အလေအလွင့်မရှိရအောင် စက်ရုံကို Efficiency အမြင့်ဆုံးရနိုင်သလောက်
    ရအောင် လည်ပတ်သုံးစွဲရတာဖြစ်ပါတယ်။
    သဘာဝ ပတ်ဝန်းကျင် ထိခိုက်မူအနည်းဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Technology တခုလည်းဖြစ်ပါတယ်။
    Natural Gas
    ဒါပေမဲ့ အရေးကြီးတာက အဲဒီ CCPP ကို Supply အဓိကလုပ်ပေးတဲ့ Natural gas လုံလုံလောက်လောက်ရှိရဲ့လားဆိုတဲမေး
    ခွန်းပါပဲ။ ။
    Natural gas ကလည်း မြေကြီးတွင်းထဲက ထွက်လာတာနဲ့ တိုက်ရိုက်ပိုက်နဲ့ဆက်ပြီးသုံးစွဲလို့မရပါဘူး။
    Treatment လိုပါသးတယ်။ Gas composation ကို အချိုးကျရောစပ်စေပြီးမှ စက်ရုံကိုပို့ပေးလို့ရတာပါ။ အဲဒီတော့
    Natural Gas processing plant လိုပြန်ပါပြီ။
    အဲဒီအတွက်ကတော့ အခုအခါ တခြားနိုင်ငံတွေကို Gas ရောင်းစားနေတော့သိပ်ပူစရာမရှိလောက်ဘူး ထင်ပါတယ်။
    အကြောင်းတခုခုကြော့် Gas မရှိရင်၊ Gas supply ပြတ်တောက်သွားခဲ့ရင် စက်ရုံ လည်ပတ်လို့ရအောင် Secondary Fuel Supply (e.g. Diesel) ကိုလည်းထားပေးရပါမယ်။
    Training and Support
    အဲဒီ CCPP စတင်ပြီးလည်ပတ်ဖို့ ပညာရှင်တွေလိုပါတယ်။မြန်မာတွေ မညံပါဘူး။ ဟုတ်ပါတယ် ကျနော်တို့ မညံ့ကြပါဘူး။
    ဒါပေမဲ့ Proper Training တော့လိုအပ်ပါတယ်။ အဓိကကျတဲ့ Operation, Instrument and control, Mechanical and Electrical maintenance စတာတွေမှာ ကျွမ်းကျင်သူတွေ တကယ်လိုအပ်ပါတယ်။ Overhaul maintenance ရှိခဲ့ရင်လည်း ကိုယ့် In-house maintenance team နဲ့တင်မလုံလောက်ပဲ တခြားအပြင်က Contractors တွေကိုပါ ခေါ်ပြီး အချိန်မှီပြီးစီးအောင်လုပ်ရပါတယ်။
    အဲဒီလို ပံ့ပိုးနိုင်တဲ့ Outsources O&M company တွေ, Manpower supplierတွေ ကျနော်တို့မှာမရှိသေးပါဘူး။
    Asset Management
    Spear parts တွေ၊ စက်အပိုပစ္စည်းတွေကိုလည်း အဆင်သင့် ပြင်ဆင်၊ ဖြုတ်လဲ၊ တပ်ဆင်နိုင်အောင် အမြဲထားရပါမယ်။ ပြဿနာဖြစ်မှ ပစ္စည်းထွက်ဝယ်ဖို့၊ order မှာဖို့၊ quotation တောင်းဖို့ဆိုတာ မဖြစ်သင့်ပါဘူး။ အဲဒီအတွက် Logistic ကောင်းကောင်း၊ Asset management ကောင်းကောင်းရှိဖို့၊ ရှိနေဖို့ လိုအပ်ပါတယ်။
    ဥပမာ။ ။ စက်ရုံရဲ့ critical ဖြစ်တဲ့ motor တလုံး ပြဿနာတက်ပါပြီဆိုပါတော့။ motor ကကွိုင်ပြန်ရမဲ့ အခြေအနေဆို စက်ရုံကို အချိန်ကြာကြာ ပိတ်ပြီး ကွိုင်ပြန်ပတ်မလား၊ အသစ်တလုံးနဲ့ချက်ချင်းအစားထိုးပြီး နာရီပိုင်းအတွင်း စက်ရုံကိုလည်ပတ်မလားဆိုတဲ့ စိန်ခေါ်မူတွေရှိလာပါပြီ။ ။
    Specialist Support
    နောက်ထပ်တခု အရေးကြီးတာတခုက ဒီစက်တွေရဲ့ Specialists တွေကို ကိုယ်ရဲ့ စက်ရုံမှာ အမြဲတမ်း standby 24/7 ထားပေးရပါတယ်။
    ဥပမာ။ ။ Gas turbine က Samsung or GE or Mitsubishi or Alstom ဆိုပါစို့။ အဲဒီစက်တွေရဲ့ Specialistတွေကို ဆိုလိုတာပါ။
    အဲဒါမှ Gas Turbine, Steam Turbine, Heat recovery steam generation (HRSG- Boiler), transformers, High voltage breakers, Sub-station စတာတွေ တခုခု ပြဿနာဖြစ်တာနဲ့ သူတို့က ထဲထဲဝင်ဝင် ချက်ချင်းဖြေရှင်းနိုင်မှာပါ။
    တချို့သော အရေးကြီးတဲ့ Operation Control Logic တွေကို စက်တွေရဲ့ Supplier က သူတို့ စက်တွေရဲ့ လှို့ဝှက်ချက်အနေနဲ့ ထားတတ်တော့ သူတို့ Support ပေးတဲ့ Specialists team ကထားဖို့ လိုကိုလိုပါတယ်။
    Water Treatment Plant
    Heat recovery steam generation (HRSG- Boiler) လည်ပတ်ဖို့အတွက် Treatment လုပ်ထားတဲ့ ရေလိုအပ်ပါတယ်။ Water treatment Plant (Demineralization Water) လိုကို လိုအပ်လာပါပြီ။ အများသုံးအတွက် ပုံမှန် ဖြန့်ဝေနေတဲ့ ရေကို Process water အဖြစ်နဲ့ တိုက်ရိုက် သုံးလို့မရပါဘူး။
    PH ကို ၉ လောက်အထိမြှင့်ထား၊ conductivity ကိုလည်း ၀.၀၅ ucm လောက်အထိ အနိုမ့်ဆုံး လျှော့ချပေးဖို့လိုပါတယ်။ အဲဒါမှ Heat recovery steam generation (HRSG- Boiler) က Water Steam cycle Piping, Water-Steam drums, Steam Turbine Blades တွေရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်မှာဖြစ်ပါတယ်။
    Treatment Water/ Process water Quality ကို အမြဲတမ်း စစ်နေနိုင်ဖို့အတွက် Laboratory နဲ့ ကျွမ်းကျင်တဲ့ Station Chemists တွေ၊ Lab Tech တွေ လိုကို လိုလာပါပြီ။
    Treatment လုပ်ဖို့အတွက် လိုအပ်တဲ့ Chemicals တွေကို အချိန်မှီပံ့ပိုးနိုင်မဲ့ Supplier တွေ မရှိမဖြစ်လိုလာပါပြီ။
    Electricity Supply
    နောက်ဆုံးတချက်အနေနဲ့ စက်ရုံကထွက်လာတဲ့ လျှပ်စစ်ဓါတ်အားကို National grid ထဲကို ပို့ရန်အတွက် delivery System လည်းလိုလာပါပြီ။ စက်ရုံကထွက်လာတဲ့ Voltage မြှင့်ထားတဲ့ လျှပ်စစ်ဓါတ်အားကို (e.g 230kV) သယ်ဆောင်ပေးနိုင်တဲ့ delivery system ကိုလည်း အဆင့်ထပ်မြှင့်ရန်လိုလာပါပြီ။ ။ လိုအပ်တဲ့ Sub-station တွေ၊ Voltage Transformers တွေကိုလည်း နိုင်ငံအနှံအပြားမှာ တပ်ဆင်ဖို့လိုအပ်လာပါပြီ။ ။
    ကျနော်တို့မှာ မရှိသေးပါ။
    တကယ်တမ်းကျတော့...........................
    ကျနော်တို့မှာ ဘာမှမရှိပါ။
    ကျနော်တို့မှာ ဘာမှမပြင်ဆင်ရသေးပါ။
    ကျနော်တို့မှာ ဘာမှအဆင်သင့် မဖြစ်သေးပါ။
    မြင်နိုင်ကြပါစေ။ ။
    နိဂုံး
    ကျနော်ရဲ့ တချက်ခုတ် နှစ်ချက်ပြတ် အကြံတခုအနေနဲ့ recommend လုပ်ချင်တာကတော့Waste-to-energy ဖြစ်တဲ့ Incineration plant ဆောက်ဖို့ပါပဲ။ ။
    Incineration plant ဆိုတာက အမှိုက်တွေ၊ စွန့်ပြစ်ပစ္စည်းတွေကို အရမ်းမြင့်တဲ့ Temperature တခုမှာလောင်ကျွမ်းစေခြင်းပဲဖြစ်ပါတယ်။ အဲဒီလို High Temperatureနဲ့ လောင်ကျွမ်းတဲ့အခါ energy ထွက်လာပါတယ်။ အဲဒီ energy ကို သုံးပြီး Boiler မှတဆင့် Electric power ကို ထုတ်ယူသုံးစွဲစေခြင်းဖြစ်ပါတယ်
    အကယ်၍သာ Incineration plant ဆောက်ဖြစ်ခဲ့ရင် ရန်ကုန်မှာ ဖြစ်နေတဲ့ အမှိုက်စွန့်ပြစ်ရေးပြဿနာကိုလည်း တစိတ်တပိုင်း ပြေလည်သွားမှာဖြစ်သလို မြို့အတွက် လိုအပ်တဲ့ လျှပ်စစ်ပြဿနာကိုလည်း တစိတ်တပိုင်းပဲဖြစ်ဖြစ် ဖြေရှင်းပေးသွားနိုင်မယ်လို့ ယူဆပါတယ်ခင်ဗျာ။ ။
    မစ္စတာမောင်ကိုသက်
    မေလ ၂၇ ရက် ၂၀၁၂
    တနင်္ဂနွေနေ့
    အစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သီးစားလုပ်ကိုင်ခွင့် ပြုလိုက်
    Posted: 27 May 2012 03:59 AM PDT
    တိုင်းဒေသကြီး အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ရွှေနံ့သာ ကျေးရွာမှာ အငြင်းပွာနေတဲ့ လယ်မြေတွေကို ဇေကမ္ဘာ ခင်ရွှေကို ရန်ကုန်
    တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သီးစားလုပ်ကိုင်ခွင့် ပြုလိုက်ကြောင်းခင်ရွှေက စက်မှုဇုန် လုပ်မည် ပြောထားပြီး မြင့်ဇော်က သီးစားလုပ်ခွင့် လျှောက်အမျိုးမျိုးလှည့်ပတ်လိမ်ညာသည့် အပေါ် နိုင်ငံရေးအင်အား စုများ စုပေါင်း၍ နိုင်ငံရေး အင်အားစုတွေ
     စုပေါင်းပြီး ခင်ရွှေနဲ့ သက်ဆိုင်ရာအစိုးရတွေကို တရားစွဲ လက်မှတ်ရေးထိုး လှုပ်ရှားဖို့ ဆောင်ရွက်သွားပါမည်။ ဇေကမ္ဘာခင်ရွှေကို
     ရွှေနံ့သာ အငြင်းပွားနေတဲ့ လယ်မြေတွေကို သီးစားလုပ်ကိုင်ခွင့် ပြုလိုက်ခြင်းဟာ ဥပဒေနဲ့လည်း မညီညွတ်ပါဘူး ... ဆူပူအောင်
     သက်သက်ဖန်တီးနေသလို ဖြစ်ပါတယ်
    လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာလယ်သမားအရေးကို ရှေးရှု ပြောဆိုလိုပါတယ်။ အစမှာ ကျေးရွာအုပ်ချုပ်ရေးနဲ့ ဇေကမ္ဘာကုမ္ပဏီပူးပေါင်းပြီး လယ်သမားတွေကို ခေါင်းစဉ်မရှိတဲ့ စာရွက်ပေါ် မှာလက်မှတ်
    ထိုးခိုင်းတယ်။ လယ်သမားတွေ က အကြိမ်ကြိမ်ငြင်းဆိုခဲ့တယ်။ အ...ဲဒီနောက် ဦးခင်ရွှေက နိုင်ငံတော် သိမ်းတာ ငါသိမ်းတာ
    မဟုတ်ဘူး။ မင်းတို့ကို နိုင်ငံတော်က သိမ်းရင် တပြားမှ ရမှာမဟုတ်ဘူး။ မင်းတို့ကို ကိုယ့်လူမျိုး ချင်း စာနာသောအားဖြင့်
     ကရုဏာကြေးပေးမှာလို့ ပြောပြီး စည်းရုံးသိမ်းသွင်း တယ်။ အဲဒီနောက် ၅၀၀၀၀ ကနေ လယ်သမားတွေ လက်မခံ လက်ခံအောင်
     ၃၀၀၀၀၀ အထိ တိုးပေးပြီး လယ်သမားတွေက လယ်မလုပ်ချင်တော့လို့ လယ်အပ်တဲ့ သဘောမျိုးဖြစ်အောင် အုပ်ချုပ်ရေးနဲ့
    ခင်ရွှေ ပူးပေါင်းကြံစည်ခဲ့ခြင်းက အစိုးရကို ခုတုံးလုပ်တဲ့ ပထမဆုံး ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်း သိသာစေပါတယ်။
    အဲဒီနောက် လယ်သမားတွေကို လယ်ပြန်စိုက်ခွင့်ပြုတယ်။ သီးစားပြေစာအတွက်တော့ ဘယ်သူ့လက် အပ်လိုက် တယ် ဆိုတာ
     လယ်သမားတွေက နားစွန်နားဖျား ဇေကမ္ဘာကို ပေးလိုက်တယ် ဆိုတာလောက်ပဲ သိပါတယ်။ လယ်သမားတွေ စပါးသိမ်းနေချိန်
    မှာပဲ ၂၀၁၁ ခုနှစ်ထဲမှာ လယ်ကန်သင်းတွေ ဖျက်တယ်။ နွေစပါး စိုက်လို့မရ အောင် ရေမြောင်းတွေ ပိတ် ပစ်တယ်။ လယ်တွေကို အပြောင်ရှင်းတယ်။ မြေတွေကိုလည်း ရောင်းချထားပြီး ဖြစ်ကြောင်း လယ်မြေတွေပေါ်မှာ ဘယ်က ဘယ်သူမှန်းမသိတဲ့
     ကောင်တွေ နာမည်တွေ လာတပ်ထား ပါတယ်။
    ဒီကြား ထဲမှာ လယ်သမားတွေဟာ လယ်လုပ်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားလာတာကြောင့် အငြင်းပွားမှုတွေ ဖြစ်လာပြီး ဇေကမ္ဘာရဲ့
    ဖျက်စီးရေး လုပ်ငန်းတွေကို သက်ဆိုင်ရာက တားမြစ် တယ်။ နိုင်ငံတော်က စက်မှုဇုန် လုပ်ကိုင်ခွင့် ခွင့်ပြုထား သယောင် ငါးမ
    ဖမ်းရ ၊ ဖားမရိုက်ရ ဆိုတဲ့ စာတွေကပ်၊ ဇေကမ္ဘာ မန်နေဂျာ မြင့်ဇော်နေ တဲ့ ရုံးကို လယ်ထဲမှာ လာဆောက်၊ လယ်သမားတွေကို
     ခြိမ်းခြောက်မှုတွေနဲ့ အတူ တုတ်တပြတ် ဓားတပြတ် လုံခြုံရေး ၀န်ထမ်း အင်အားကလည်း ကြောက်ခမန်းလိလိပါပဲ။
    လယ်သမားတွေက လယ်ပြန်လုပ်ဖို့ နွားချေးမြေသြဇာတွေချနေတဲ့အချိန် ခင်ရွှေရဲ့ ကုမ္ပဏီက လယ်ကန်သင်း တွေ ကိုဖျက်လို့
     ကောင်းဆဲ။ ဒီ ၂၀၁၂ ခုနှစ်ထဲမှာပါပဲ။ လယ်သမားတွေကလည်း တရုံးရုံးဖြစ်လာပြီ။ မြင့်ဇော်ကလည်း သက်ဆိုင်ရာက
     တားမြစ်နေတဲ့ကြားက တုတ်တပြတ် ဓားတပြတ် မိုက်ကြေးခွဲတဲ့ ပုံစံမျိုးအထိ ဖြစ်လာတာတွေဟာ မင်းမဲ့တိုင်းပြည် ဥပဒေမဲ့
    တိုင်းပြည်လိုပါပဲ။
    တားမြစ်စာတွေပို့ပြီး ဇေကမ္ဘာကုမ္ပဏီကို လယ်ကန်သင်းတွေမဖြတ်ဖို့၊ လယ်သမားတွေကိုလည်း လယ်မလုပ်သေး ဖို့ အငြင်း
    ပွားနေဆဲ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ကစာတွေ ပို့တယ်။ အဲဒီအထဲမှာ လယ်သမားတွေက
    သူတို့တစ်ခုခုလုပ်တိုင်း သက်ဆိုင်ရာကို အသိပေးအကြောင်းကြား ပါသည်လို့ ရေးတာကိုတောင် နောက်နောင် အသိပေး
    အကြောင်းကြားပါသည်ဟု မရေးသားရန်လို့ မြို့နယ် အုပ်ချုပ် မှူးက ဆိုလာတယ်ဗျ။ ဘယ်လို ပြောရမှာလဲ တင်ပြအသနားခံပါ
    သည် ဆိုတဲ့ စာသားတွေ သူတို့ရဲ့ အမှိုက်တောင်းထဲမှာ တပုံတခေါင်းပါ။ လူပါးဝချင် စိတ်က မကုန်သေးဘူး။ အဲဒါ အုပ်ချုပ်ရေး
     ပိုင်းကို ပြောတာ။
    လယ်သမားတွေဟာ မထူးဇာတ်တော့ မဟုတ်ဘူး။ ဘယ်လို အခင်းအကျင်းဖြစ်လာမလဲ ဆိုတာသိချင်လို့ လယ်ထွန်တော့မယ်လို့ သတင်းလွှင့်လိုက်တယ်။ နောက်နေ့ တကယ်လယ်ထွန်ဖို့ လယ်ထွန်စက်ကြီးတွေ ပြင်ဆင်ကြတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး
     ဦးငြိမ်းထွေးနဲ့ ကျေးရွာ အုပ်ချုပ်ရေါ်မှူး ဦးထွန်းထွန်းဦးတို့ ကိုယ်တိုင်ရောက်လာပြီး တားကြတယ်။ လယ်သမားတွေက ဥပဒေကို မလေးစားလို့၊ အုပ်ချုပ်ရေးကို မလေးစားလို့ လုပ်တာ မဟုတ်ပါဘူး။ ဥပဒေနဲ့ အုပ်ချုပ်ရေးကို ဘယ်သူတွေ ပေါ်ပေါ်လွင်လွင် ချိုးဖောက်နေလဲ ဆိုတာ သိချင်လို့
    လယ်ထွန်စက်ကြီးနဲ့ ဟန်ရေးပြလိုက်တာပါ။ လယ်သမားတွေကို လာတားတော့ ဇေကမ္ဘာကို လည်း သွားတားကြည့်ပါအုံးလို့
     ပြောလိုက် တယ်။ အုပ်ချုပ်ရေးမှူးကြီးတွေ သွားတားတယ်။ မြင့်ဇော်က မကောင်းတတ်လို့ အားနာသမှုနဲ့ ခဏရပ်ပေးလိုက်
    တယ်။ အဲဒီညနေမှာပဲ ဖျက်စီးရေးကို ဆက်လုပ်တယ်။ နောက်နေ့လည်း ဆက်လုပ်တယ်။ မီဒီယာတွေရဲ့ အမေးကို တစ်ပတ်
    အတွင်း အဖြေသိပါလိမ့်မယ်။ ဖြေစရာစကားမရှိဘူးလို့ မာမာတင်းတင်းပဲ ပြောတယ်။
    လယ်သမားတွေက သီးစားလုပ်ကိုင်ခွင့်ကို လျှောက်ထားပြီးဖြစ်နေပြီ။ ဇေကမ္ဘာကုမ္ပဏီက နောက်မှသွားပြီး သီးစား လုပ်ကိုင်ခွင့်
     လျှောက်တယ်။ ပြဌာန်းထားတဲ့ ဥပဒေတွေအရ လယ်သမားတွေဟာ လက်ငုတ်လုပ်ကိုင်သူတွေဖြစ်လို့ ဒီကိစ္စမှာတော့
    ဥပဒေအရဆိုရင် လယ်သမားတွေ အောင်ပွဲခံလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။
    အငြင်းပွားနေတဲ့ ကိစ္စအတွက် သက်ဆိုင်ရာက ဘယ်သူ့ဘယ်သူမှ ခေါ်ယူညှိနှိုင်းခြင်းမရှိဘဲ လယ်ယာမြေတွေ ကို ဟောဒီနေ့
     (၂၆.၅.၂၀၁၂) ရက်နေ့မှာပဲ ဇေကမ္ဘာကို ဆက်လက်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်းလို့ ဆုံးဖြတ်ချက် ချလိုက် ပါလေရောဗျာ။
    လွှတ်တော် ကိုယ်စားလှယ်၊ ဇေကမ္ဘာဥက္ကဌ ခင်ရွှေကြီးက The Voice ဂျာနယ်မှာ လယ်လုပ်မှာ မဟုတ်ဘူး။ စက်မှုဇုန်လုပ်မှာ
    လို့ ပြောထားပါလျှက် ဇေကမ္ဘာကို လယ်လုပ်ကိုင်ခွင့် ပြုတဲ့ ရန်ကုန်တိုင်းအစိုးရကို သောက်သုံးမကျတဲ့ အစိုးရ ဥပဒေမဲ့လုပ်တဲ့
    အစိုးရလို့ မှတ်ချက်ပြုပါတယ်။
    ဥပဒေကို လက်တစ်လုံးကြားလိမ်တာသည် အစိုးရအဖွဲ့ဖြစ်ပြီး လယ်သမားတွေဘက်က ဥပဒေအရ အကာအကွယ် ယူလို့
    မရတော့တဲ့အခါမှာ လယ်သမာတွေက အရိုးကျေကျေ အရေခန်းခန်း တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဆက်လက်ပြီးတော့လည်း
     ဥပဒေကြောင်းအရ ခင်ရွှေကို ဖိုးတွမ်တီးနဲ့ စွဲချက်တင်ပါမယ်။ ငွေကုန်ကြေးကျ မတတ်နိုင် လို့ နောက်ဆုံးလုပ်စရာက ဆန္ဒပြဖို့ပဲ
     ဖြစ်ပါတယ်။ ဥပဒေမဲ့နိုင်ငံတော်မှာ ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ပြည်သူအသံကို စောင့်မျှော်နေတဲ့ လူလိမ်အသိုင်းအ
     ဖြစ်ပါတယ်။
    နောက်ဆုံအနေနဲ့တော့ လူပါးဝ သူက ခင်ရွှေ ဆိုတဲ့ လွှတ်တော် အမတ်ကြီးပါ။ ဥပဒေမဲ့ ဘက်လိုက်ဆုံးဖြတ် တာက ရန်ကုန်တိုင်း
    အစိုးရအဖွဲ့ပါ။ ခံနေရတာတော့ လယ်သမားတွေပါ။
    အဲဒီအရေးအတွက် ပြည်သူ့အကျိုးလိုလား သူ ပူးပေါင်းကူညီချင်သူ နိုင်ငံရေး အင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများ
    က ၀ိုင်းဝန်းကူညီကြပါရန် မတရား မှုတွေကို ပြည်သူများ ခံနေရစဲ ဖြစ်ကြောင်း တင်ပြရင်း နိဂုန်းချုပ်ပါတယ်။ ငြိမ်းချမ်းစွာနေတဲ့
     ပြည်သူကို ဆူပူအောင် ဖန်တီးနေတာ အစိုးရနှင့် ခရိုနီ အုပ်စုဖြစ်ကြောင်း နိုင်ငံတော် ရှေ့ဆက်သွားခြင်း မသွားခြင်းတွင်
    အလျဉ်း မသက် ဆိုင်ဘဲ မတရားမှုသည် မတရားမှုသာ ဖြစ်လို့ လူလိမ်လူညာများကို ပြည်သူအင်အားနဲ့ ၀ိုင်းဝန်း တိုက်ဖျက်
     ကြပါစို့။
    နောင်တော်လေး
    ကိုယ်တိုင် စန္ဒယားတီးပြီးသီချင်းတစ်ပုဒ်ဖျော်ဖြေ
    Posted: 26 May 2012 06:59 PM PDT
    ၂၀၁၂ မေလ ၂၆ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်၊တောင်လုံးပြန်ရပ်ကွက်တွင်မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှရံပုံငွေဈေးရောင်းပွဲနှင့်ဖျော်ဖြေရေးအစီအစဉ်များဖြင့်စီစဉ်တင်ဆက်ခဲ့ကြပါတယ်။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း
    သားသမဂ္ဂများအဖွဲ့ချုပ်၊Generation Waveနှင့် ၈၈မျိုးဆက်ကျောင်းသားများပူးပေါင်း ပါဝင် တင်ဆက်ကြပြီး ပုဇွန်တောင်မြို့
    နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းလည်း တက်ရောက် အားပေးတာတွေ့ရပါတယ်။
    ဂီတမှူး ကိုဝင်းမော်ဦးစီးတဲ့ရွှေသံစဉ်တေးဂီတအဖွဲ့နဲ့အတူတေးသံရှင်သျှီ၊အနဂ္ဂ၊သံသာဝင်း၊ခိုင်မြဲသာ၊ကာကာ တို့ကလည်းတေးသီချင်းများနဲ့ဖျော်ဖြေခဲ့ကြပါတယ်။
    ပြဇာတ်တိုများ၊သံချပ်များ၊ဟာသတေးသရုပ်ဖေါ်များနဲ့လည်းတင်ဆက်ခဲ့ကြပါတယ်။၈၈မျိုဆက်ကျောင်းသားတွေဖျော်ဖြေမှု
    အစမှာ ကိုမင်းကိုနိုင်ကဦးဆောင်ပြီး ၈၈တုန်းကဒီမိုကရေစီရေးအတွက်အသက်စွန့်သွားကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေအတွက်ရည်စူးတဲ့ပန်းစည်းနဲ့လက်ရှိမြန်မာနိုင်ငံ အကျဉ်းထောင် တွေထဲ မှာ ကျန်ရှိနေသေးတဲ့ သံတိုင်များနောက်
    က နိုင်ငံရေးအကျဉ်းသားတွေအတွက် ရည်စူးတဲ့ ပန်းစည်းတွေကို စင်ပေါ်မှာချပြီးမှသူတို့ရဲ့ဖျော်ဖြေရေးအစီအစဉ်တွေကိုစ
    တင်ခဲ့ပါတယ်။
    လက်ရှိပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ မီးပျက်တဲ့ဒုက္ခကိုတင်ပြတဲ့အနေနဲ့ ကိုမင်းကိုနိုင်ကိုယ်တိုင်
    စန္ဒယားတီးပြီး သီချင်းတစ်ပုဒ်ဖျော်ဖြေခဲ့ပါတယ်။ ပရိသတ်များကပါ ဖရောင်းတိုင်များထွန်းညှိကိုင်ဆောင် ပြီးပူးပေါင်းပါဝင်ကြတာတွေ့ရပါတယ်။
    Shwe than zin
    Posted: 26 May 2012 11:01 AM PDT
    အဆိုတော်မျိုးကျော့မြိုင်က အရွယ်မရောက်သေးတဲ့ ကလေးတဦးကို ငွေကြေးခိုးယူမှုနဲ့စွပ်စွဲပြီး ထိုးကြိတ်ခဲ့တဲ့သတင်းနဲ့ အဲဒီလို နှိပ်စက်ခံထားရတဲ့ ကလေးရဲ့ဓါတ်ပုံတွေကို အင်တာနက် အီးမေးတွေ ကနေတဆင့် လက်ခံရရှိခဲ့ပါတယ်။
    နှိပ်စက်ခံရတဲ့ ကလေးအမည်က မောင်ဟိန်းမင်းသူ ဖြစ်ပါတယ်။ ဆေးရုံမှာ ကုသမှုခံခဲ့ရပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့
    ဆိုပါတယ်။
    By: RFA Burmese
    Posted: 26 May 2012 09:34 AM PDT
    ၈၈ မျိုးဆက်ကျောင်းသား ကျောင်းသားဟောင်းခေါင်းဆောင် ဦးကိုကိုကြီးအားပြည်တွင်းပြည်ပ မီဒီယာများက ယခုတလောဖြစ်
     ပွားနေသော လျှပ်စစ်မီးကိစ္စ/ဆန္ဒ ဖော်ထုတ်မူကိစ္စများအပေါ်သဘော ထားမှတ်ချက်ပေးပါရန် မေးမြန်း ချက်များကို ယခု
    လိုဖြေကြားသွား ခဲ့သည်။
    အခုဒီမီးပျက်တဲ့ကိစ္စတွေက တော့ အထူးသဖြင့်တော့ မြို့ကြီး တွေမှာ ဒီဒုက္ခတွေခံစားနေကြရ တာတော်တော်ကြာပါပြီ။ အခု တိုင်းပြည်ကနည်းနည်းပွင့်လင်းလာ တော့ လူထုကလည်းသူတို့လိုအပ် ချက်တွေကို တင်ပြတောင်းဆိုတာ တွေ ဆန္ဒဖော်ထုတ်
    တာတွေလုပ် လာတာဟာ ပွင့်လင်းတဲ့လူ့အဖွဲ့ အစည်းမှာကြိုဆိုရမယ့်ကိစ္စတွေပါ ၀န်ကြီးကလျှပ်စစ်နဲ့ ပတ်သက်လို့ လူထုရဲ့
    တင်ပြမူတွေ ဆန္ဒဖော်ထုတ် မူတွေအပေါ်မှာတုန့်ပြန်တဲ့ ကြေညာချက်လည်းပေးတယ် ဒါဟာလူထုရဲ့လိုအပ်ချက်ကိုအလေး ထားလာတယ်။ဂရုတစိုက်နဲ့ပြန်ပြီး တုန့်ပြန်လာတယ်ဆိုတော့ကြိုဆို ရမယ့်တစ်ချက်ပါပဲ။
    အစိုးရက ယခင်ကလို ဖမ်းလားဆီးလားကိစ္စ မျိုးတွေဖြစ်လာဦးမှာလားဆိုပြီး မေးမြန်းချက်ကိုတော့ ကိုကိုကြီးက ဒါအခြေအနေချင်းနည်းနည်းကွာ သွားတယ်။ အဲဒီကာလကစစ်အုပ် ချုပ်ရေးကာလ အခုကဖွဲ့စည်းပုံ အခြေခံဥပဒေအရလွှတ်တော်တွေ ပေါ်လာတယ်။ လွှတ်တော်က နေရွေးကောက်တင်မြှောက်တဲ့ အစိုးရအဖွဲ့ပေါ်လာတယ်
    ဆိုတော့ ဒီလိုပြဿနာတွေကို ကိုင်တွယ်တဲ့ ပုံစံတွေပြောင်းလဲသွားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်ဟု ပြောသည်။
     တစ်ဘက်ကလည်း လူထုကိုသည်းခံဖို့မေတ္တာရပ်ခံတဲ့ ကြေညာချက် ထွက်လာတော့သည်း ခံဖို့ဆိုတာကတော့ ကျွန်တော်တို့ ကသည်းခံလာကတစ်လျှောက်လုံး ပါပဲ။
    အခုကိစ္စယနေ့ချင်းညချင်း ကြီးတော့ မဖြေရှင်းနိုင်ဘူးဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမဲ့ သာမန်လူထုရဲ့ အမြင်မှာ
     တော့ ကျွန်တော်တို့နိုင်ငံမှာ သဘောဝဓာတ်ငွေ့တွေအပြင် ထုတ်ရောင်းနေတယ်။ ရေအား လျှပ်စစ်တွေအရင်အမြစ်တွေအများ ကြီးရှိနေတယ်ပြည်ပကိုထုတ်ရောင်း နေတဲ့အခြေအနေမှာ ပြည်တွင်း မှာ မှောင်ထဲငုတ်တုတ်ထိုင်နေရ မယ်ဆိုတာကတော့
     မကျေနပ်တာ အမှန်ပါဘဲ။ အဲဒီတော့နိုင်ငံတော် အနေနှင့် Good Govermance ပေါ့ ကောင်းမွန်တဲ့အုပ်ချုပ် ရေးစနစ် ဒါကို
    သမ္မတကလည်း အကြိမ်ကြိမ် ပြောထားတော့ အဓိက နိုင်ငံသားတွေရဲ့ လိုအပ်ချက်ကို အထူးပြုပြီးတော့ ဆောင်ရွက်တဲ့ စီမံ
    ချက်တွေ၊ အဲဒါရှေ့ဆက်ပြီးတော့ ဒီလိုမျိုးလျှပ်စစ်မီးတင်မဟုတ်ဘဲ နေ့စဉ်ကြုံတွေရတဲ့ ပြဿနာတွေ ကို ဘယ်လိုဘယ်ပုံ
     ဖြေရှင်းမယ်ဆို တာကို ဒါလူထုနားလည်လက်ခံ လာအောင်ရှင်းပြတာမျိုးတွေပါ။ ကောင်းမွန်တဲ့ စီမံအုပ်ချုပ် ရေးကို ကျင့်သုံးတာတွေပါဆက်ပြီးတော့ လုပ်သင့်တယ်လို့ကျွန်တော်တော့ မြင်ပါတယ်ဟုဆိုသည်။
    မီဒီယာတစ်ခုက အခုလို ကိစ္စတွေမှာ အာဏာပိုင်အပိုင်းက နိုင်ငံရေးအမြတ်ထုတ်လိုသူတချို့ ရှိလာမယ်လို့စိုးရိမ်စိတ်ယူဆတာ တွေဖြစ်လာနိုင်သလားဟုမေးခဲ့ရာ ဦးကိုကိုကြီးမှ ကျွန်တော့်အနေနှင့် ကတော့နိုင်ငံတော်
    အကြီးအကဲတွေ ရဲ့ မိန့်ခွန်းမှာထပ်ခါတလဲလဲပြော နေတဲ့အချက်က အမူအကျင့် အဟောင်းတွေအတွေးအခေါ် အဟောင်းတွေ
    ကို ပြင်ဆင်ဖို့ဆို တာက ကျွန်တော်လည်းသတိထား မိပါတယ်။ အဲဒီတော့ ဒီလိုမျိုးနိုင်ငံ သားတွေပြည်သူတွေရဲ့ လိုအပ် ချက်တွေ
    ကို ထုတ်ဖော်တဲ့နေရာ မှာ တစ်ဘက်က တာဝန်ရှိသူတွေ ကိုယ်၌ကလည်းရှုမြင်တဲ့ပုံစံတွေ ပြောင်းသင့်တယ်လို့ကျွန်တော်တော့ မြင်ပါတယ်သူကတစ်ခုခုဖြစ်တိုင်း ဖြစ်တိုင်းမှာနောက်
    ကွက်ကနေပြီး တော့ ဘယ်သူလှုံ့ဆော်သလဲ။ ဘယ်သူကနေစီမံဖန်တီးသလဲဆို တာကို သဘောကတော့ အပြစ် ရှာတဲ့ပုံစံ၊ တရားခံရှာတဲ့ ပုံစံနှင့် ချဉ်းကပ်တာထက် ဒီပြဿနာတွေ ဟာ တိုင်းပြည်မှာတကယ်ဖြစ်ပျက် နေတဲ့ပြဿနာဆိုတာတွေကိုအရှိ အတိုင်းလက်ခံဖို့လိုတယ် အဲဒါကို ဖြေရှင်းမယ်နည်းလမ်းတွေကို စနစ်တကျနဲ့ ထိထိရောက်ရောက် ကြိုးပမ်းသင့်တယ်၊ ပြင်ဆင်သင့် တယ်လို့မြင်တယ်။ အဲဒီလိုမဟုတ် ဘဲနဲ့ ဒါလူထုဟာတစ်ခါမှဆန္ဒထုတ် ဖော်ခွင့်မရခဲ့ဘူး။ အခုအစိုးရသစ် အပေါ်မှာ ယုံကြည်မျှော်လင့်ပြီး တော့ သူတို့ဒီလိုမျိုးဆန္ဒထုတ်ဖော် ပြသလိုက်ရင်တော့ထိထိရောက် ရောက်ကိုင်တွယ်ဖြေရှင်းပေးမှာဘဲ ဆိုတဲ့မျှော်လင့်ချက်ကိုချိုးနှိမ်ပစ်တဲ့ ချဉ်းကပ်မူမျိုးဖြေရှင်းမူမျိုးတော့ မလုပ်သင်ဘူးလို့လည်းကျွန်တော် မြင်ပါတယ်။
    ဆန္ဒဖော်ထုတ်တဲ့သူတွေအပိုင်း ကလည်း သတိထားရမှာက ကျွန်တော်တို့က ကျွန်တော်တို့ တကယ်လိုအပ်တဲ့ တကယ်နစ်နာ တဲ့ဟာကို အထက်အဖွဲ့အစည်း အဆင့်ဆင့်ကနေအရေးတယူဆောင် ရွက်ပေးအောင် ဆန္ဒဖော်ထုတ်တာ ဘဲဖြစ်သင့်တယ်အဲဒီကနေပြီးတော့ မလိုလားအပ်တဲ့အကြမ်းဖက်မှုတွေ ဒါက ကိုယ်ကိုယ်တိုင် မလုပ်ယုံတင် မကဘူး။ အဲဒီလိုအခြေအနေရောက် အောင်တွန်းပို့နိုင်တဲ့ ဖန်တီးမှုမျိုး တွေဟာ ဘက်အသီးသီးက ဖြစ် လာနိုင်တယ် အဲဒါမျိုးတွေကို သတိကြီးစွာထားပြီးတော့ ရှောင် ရှားသင့်တယ်လို ကျွန်တော်တော့ မြင်ပါတယ်ဟုပြောပြသွားပါသည်။
    http://www.hotnewsweekly.com/archives/5058#.T793_6UGqqt.facebook
    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610
    No comments:
    Post a Comment