Sunday 15 July 2012






    ရံပုံငွေဖျော်ဖြေပွဲ(ရုပ်/သံ)
    Posted: 15 Jul 2012 06:23 AM PDT


    ရခိုင်ပြည်နယ်အတွင်းက ဘေးဒုက္ခရောက် နေသူတွေကို ကူညီဖို့ ရုပ်ရှင်အဆိုတော်တွေ၊ သရုပ်ဆောင်တွေ ကပြ ညီညွတ်ခြင်း
     နှင်းဆီဆိုတဲ့ အငြိမ့်လေး ကြည့်ချင်သူတွေ အတွက် တင်ပေးလိုက်ပါတယ်။...ညီညွတ်ခြင်း နှင်းဆီဆိုတဲ့ အငြိမ့်ဟာ ပြည်တွင်းမှာ
    လိုက်ဝယ်တာဖမ်းလို့ဆိုပြီးမရောင်းရဲကြပါ..မနည်းဝယ်ခဲ့ရတယ်။
    အပိုင်း(၁)။အပိုင်း(၃)
    ထိ ရှစရာလေးတွေပါတဲ့အပြင် ပြည်သူဖက်ကနေပြီး အခုလို သတ္တိရှိလွန်းတဲ့ အနုပညာရှင်တွေကိုလည်း လေးစားစွာဖြင့် ဦးညွတ်
    ပါတယ်။...
    မြစ်ဆုံ စီမံကိန်း ရပ်လိုက်တဲ့ အကြောင်းနဲ့ ပတ်သက်တဲ့ သီချင်းကို ညီညွတ်ခြင်း နှင်းဆီ အငြိမ့်ထဲမှာ လူရွှင်တော်တွေ
    ထည့်ပျက်တဲ့ ပျက်လုံးတစ်ခု...
    ---------- ---------- ------------- ------------- ------------
    ဒီမှာ မြစ်ဆုံ .... စီမံကိန်း၊
    ဖျက်သိမ်းလိုက်ပြီ ... သိရဲ့လား၊
    တရုတ်တွေ ဒီတစ်ခါတော့ .... ခံလိုက်ရပြီပေါ့။
    မန္တလေးနဲ့ မူဆယ် ......... မင်းတို့ယူ...

    (အဆိုတော်၊ ဒါရိုက်တာ လူရွှင်တော် မိုးမိုး )

    ဟေ့ဟေ့ သမ္မတ.. သမ္မတ ရဲ့ ပြောပုံလေးက ချစ်စရာကွယ်..
    ဟေ့ဟေ့ သမ္မတ.. သမ္မတ ရဲ့ ပြောပုံလေးက ချစ်စရာကွယ်..
    သမ္မတရဲ့ ဥပဓိရုပ်က ခန့်ငြားပါတယ်။
    သမ္မတကြီးက တော်တယ်ဗျ။ ပြည်သူအားလုံးပျော်နေကြ..
    သမ္မတကြီးက တော်တယ်ဗျ။ ပြည်သူအားလုံးပျော်နေကြ..
    ပြန်ပါနဲ့အုံးကွယ်...
    နောင်နှစ်ချိန်ခါ နေလိုက်အုံးကွယ်...

    (အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်း)

    Video..zawlwinwin
    photo..The voice weekly

    Posted: 14 Jul 2012 07:28 PM PDT
    ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းအား အမေရိကန် ဒေါ်လာ ၁ သောင်း (ကျပ်ငွေ သိန်း ၁၀၀ ခန့်) ကို
     လိုင်ဇာဗဟိုဌာနချုပ်ရှိ ကချင်အမျိုးသမီးရေးရာအဖွဲ့နှင့် မန်ရှီ (Mangshi)ရှိ (Atsam Ning Ja Jat) အဖွဲ့အစည်းမှ ယနေ့
    လွဲအပ်ချီးမြှင့်ပေးခဲ့သည်။

    ယခုလို ဆုချီးမြှင့်ခံရသော ကျေးဇူးတော်ချီးမွမ်းပွဲတော်ကို မြန်မာပြည်နှင့် ဆက်စပ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်ရှီ
    (Mangshi)မြို့ရှိ ကချင်စားသောက်ဆိုင် (Hkrum Zup Seng) တခုတွင် ပြုလုပ်ကျင်းပခဲ့ရာ လဖိုင်နော်မိန်းတက်ရောက်နိုင်
    ခဲ့ကြောင်း သိရသည်။

    "မန်ရှီဆေးရုံနှင့် ပွဲလုပ်တဲ့နေရာက ၃ မိုင်လောက်ရှိတယ်။ ဆရာကို ထမ်းစင်မှာ တင်ပြီး တခါတည်း ကားမှာတင်လာတယ်။
     ဒီမှာရောက်ရင်တော့ ပက်လက်ကုလားထိုင်မှာ ထိုင်ချင်ထိုင် လဲချင်လဲလို့ရအောင်လေ" စောင့်ရှောက်သူတဦး KNG ကချင်
    သတင်းဌာနသို့ပြောသည်။

    ကျေးဇူးတော်ချီးမွမ်းပွဲတွင် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းမှ သူကြုံတွေ့ခဲ့သော ကိုယ်တွေ့အဖြစ်အပျက်များကို အချက်
     (၄) ချက်ဖြင့်ပြောပြခဲ့ကြောင်းသိရသည်။

    ၎င်းဆုချီးမြင့်ကျေးဇူးတော် ချီးမွမ်းပွဲသို့ မိုင်ဂျာယန်မှ သိက္ခာတော်ရဆရာများ၊ ဒေသခံများနှင့် မြစ်ကြီးနား နှစ်ခြင်းခရစ်ယာန်
    အဖွဲ့ချုပ် (KBC)မှ သိက္ခာတော်ရ သင်းအုပ်ဆရာများတက်ရောက်ခဲ့ပြီး သိက္ခာတော်ရ ဒေါက်တာဂျာဂွန်းမှ တရားဟောပြောခဲ့
    သည်။

    ကျေးဇူးတော်ချီးမွမ်းပွဲ အစီအစဉ်တွင် ကချင်တေးဂီတ အဖွဲ့များမှလည်း တေးဂီတများဖြင့် သီဆိုဖျော်ဖြေ ချီးမြှင့်ခဲ့ပြီး ဒေသခံများ
     ၆၀ ကျော်တက်ရောက်ခဲ့သည်။

    ၂ဝ၁၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် စိန်လုံဒေသရှိ ကောင်းဝဲတိုက်ပွဲအတွင်း စစ်ဖြစ်နေသည့်နေရာသို့ ကိုယ်တိုင်သွားရောက်
    သတင်းယူနေစဉ် မြန်မာအစိုးရစစ်တပ်မှ ပစ်ခတ်သော သေနတ်ကျည်ဆံထိမှန်ကာ လည်ပင်းအောက်ပိုင်း ခန္ဓာကိုယ်တခုလုံး
    မလှုပ်ရှားနိုင်ဖြစ်သွားခဲ့သည်။

    ကချင်ပြည်နယ် စစ်ပွဲအတွင်း သတင်းသွားယူစဉ် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဒုက္ခိတဘ၀သို့ရောက်ခဲ့ရသူ Kachinland News
     သတင်းဌာန အယ်ဒီတာ ကချင်တိုင်းရင်းသား ဦးလဖိုင်နော်မိန်းအား ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ၂၀၁၂ ခုနှစ် ပြည်
    သူ့ဂုဏ်ရည်ဆုပိုင်ရှင်အဖြစ် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

    ဆရာလဖိုင်နော်မိန်းသည် ၂၀၁၂ ခုနှစ်တွင် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် စကာတင် ၅ ဦးအနက် ရွေးချယ်ခံ
    ရသူဖြစ်သည်။

    ဆရာလဖိုင်နော်မိန်းသည် မန်ရှီပြည်သူ့ဆေးရုံသို့ မတ် (ရ) ရက်နေ့တွင်ရောက်ရှိလာပြီး ဆေးကုသမူကို ယခုချိန်ထိ ခံယူေ
    နဆဲဖြစ်သည်။
    (By-KNG)

    Posted: 14 Jul 2012 07:13 PM PDT
    ဒေါ်စုက I do not know တစ်လုံးတည်း ဖြေခဲ့တယ် လို့ ရွှေဥာဏ်တော် စူးရောက်နေတဲ့ လူတွေ သိစေရန် အလို့ငှာ Oslo
     Peace Forum မှာ ရိုဟင်ဂျာအကြောင်း ဖြေထားမှုကို ပြန်ဖော်ပြလိုက်ပါတယ် ။ ရှုစားမှတ်သားကြပါကုန် ။ တ၀က်တပျက်
    အမှန် Half Truth လောက်တောင် မရှိတဲ့ စကားနဲ့ ၀ါဒဖြန့်တဲ့လူတွေကို တော့ မပြောတော့ဘူး ။ ယုံချင်တဲ့လူတွေကိုဘဲ
     သြချမိပါရဲ့ ။ ဒီစကားတွေကို ပြောသွားတာ တစ်လတောင် မကြာသေးဘူး ၊ မေ့ကုန်ကြပြီလား ။ ( အခုတင်ပြတဲ့ စကားတွေက
     ဆွေးနွေးပွဲပြီးခါနီးမှာ အမေရိကန် National Public Radio က သတင်းထောက်တစ်ယောက် ထမေးတာပါ ။ ဒီဆွေးနွေးပွဲမ
    တိုင်ခင်မှာလည်း ဒေါ်စုက ဒီအကြောင်း ညှပ်ပူးညှပ်ပိတ်မေးခွန်းတွေကို အကြိမ်ကြိမ်ဖြေပြီးသွားပါပြီ )

    မေး ။ ။ ရိုဟင်ဂျာ ပြသာနာဟာ လူဝင်မှုကြီးကြပ်ရေး မထိရောက်တာကြောင့်လို့ တချို့က ပြောတယ် ။ တချို့ကတော့
     ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားတဲ့ ပေါ်လစီကြောင့် ဖြစ်လာတဲ့ ပြသာနာလို့ ဆိုပြန်တယ် ။ ခင်ဗျားက
     အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုဟင်ဂျာကို နိုင်ငံသားလို့ သတ်မှတ်သလား မသတ်မှတ်ဘူးလား ။

    ဖြေ ။ ။ တရားဥပဒေစိုးမိုးရေးအရေးကြီးပုံအကြောင်းကို ကျမပြောခဲ့ပြီးပါပြီ ။ တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံသားဖြစ်ခွင်
့ဥပဒေလည်း အကျုံးဝင်တာပါဘဲ ။ ဒါကြောင့်ဘဲ ပြသာနာရဲ့ အရင်းအမြစ်ဟာလည်း တရားဥပဒေစိုးမိုးမှုမရှိလို့လို့ ကျမပြောခဲ
့တာ ။

    နိုင်ငံသားဖြစ်ခွင့်ဥပဒေတွေဟာ ဘာတွေလည်းဆိုတာ ကျမတို့သေသေချာချာ မသိကြရဘူး ။ ဒီသေချာမသိရဘူးဆိုတဲ့
    ကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်အပျက်တစ်ခုကို ဥပမာပေးချင်ပါတယ် ။ ကျမတို့ပါတီက အမတ်လောင်းတစ်ယောက် လွန်ခဲ့တဲ့
      ကြားဖြတ်ရွေးကောက်ပွဲကနေ အထုတ်ခံရတယ် ။ အကြောင်းကတော့ ရွေးကောက်ပွဲဥပဒေအရ အမတ်လောင်းတွေအားလုံး
    ဟာ မြန်မာနိုင်ငံသားတွေက မွေးရမယ်လို့ ဆိုပါတယ် ။ အခုထုတ်ခံလိုက်ရတဲ့ အမတ်ကလည်း မြန်မာပြည်သားမိဘတွေက
     မွေးတဲ့ မြန်မာပါဘဲ ။ ဒါပေမယ့် နောက်တော့ သူ့အဖေက တခြားနိုင်ငံသားခံသွားခဲ့တယ် ။ ဒါကို အကြောင်းပြပြီး ထုတ်ခံ
    လိုက်ရတာပါ ။

    ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ နိုင်ငံသားဥပဒေတွေဟာ ဘာတွေမှန်း အတိအကျ မသိရဘူး ။ တကယ်လို့သာ
     နိုင်ငံသားဥပဒေအောက်မှာ ဘယ်သူတွေဟာ နိုင်ငံသားပါ ၊ ဘယ်လို လိုအပ်ချက်တွေရှိမှ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာ
     တိတိကျကျ ဖော်ပြလိုက်နာထားရင် ဒီပြသာနာတွေ မတတ်နိုင်ဘူး ။ အခုတော့ လူတချို့ကို ဘင်္ဂလားဒေ့ရှ်ကလည်း သူတို
    လူမဟုတ်ပါဘူး ၊ မြန်မာကလည်း သူတို့လူမဟုတ်ပါဘူး ဆိုပြီး စွပ်စွဲချက်တွေက အမြဲပေါ်နေရတယ် ။

    ဘင်းဂလားဒေ့ရှ်ကသူတို့လူမဟုတ်ဘူးလို့ ဆိုတယ် ။ မြန်မာကလည်းငါတို့လူမဟုတ်ဘူးလို့ဆိုတယ် ။ ဒီလိုငြင်းကြတဲ့
    အထဲမှာ ကြားထဲက လူတွေက ဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်ရတယ် ။ ဒီတော့ ကျမတို့မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိမှ
    ကို ဖြစ်မယ် ။ အဲဒီဥပဒေတွေက ဘာဆိုတာလည်း တိတိကျကျ သိမှ ဖြစ်မယ် ။ အဲဒီဥပဒေတွေကိုလည်း တကယ်လိုက်နာသ
    လားဆိုတာ သေချာအောင်လုပ်မှဖြစ်မယ် ။

    မေး ။ ။ ( စိတ်မရှည်သံလေးဖြင့် ) ဒါဆို သူတို့ဟာ နိုင်ငံသားဖြစ်သင့်လား ၊ မဖြစ်သင့်ဘူးလား ။

    ဖြေ ။ ။ ( ဒေါ်စုကလည်း အနည်းငယ် စိတ်တိုသံဖြင့် ) ကျမ မသိဘူး ။ မသိရတဲ့အကြောင်းရင်းက ရှင်တို့ ရိုဟင်ဂျာ လို့
     ပြောနေတဲ့လူတွေဟာ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်းမသိရလို့ဘဲ ။ အရင်ပြောပြီးသလိုဘဲ ဘယ်သူတွေကို ရိုဟင်ဂျာလို့
     ခေါ်နေကြမှန်း မသေချာတဲ့ ပြသာနာရှိနေတယ် ။ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်နေတဲ့လူတွေက မြန်မာပြည်ပေါက်တွေ
    မဟုတ်ဘူး ၊ သိပ်မကြာခင်ကမှ ဘင်္ဂလာဒေ့ရှ်က ရောက်လာတာလို့ ပြောတဲ့သူက ပြောတယ် ၊ တချိန်တည်းမှာဘဲ ဘင်္ဂလားဒေ
့ရှ်က အဲဒီရိုဟင်ဂျာဆိုသူတွေဟာ သူတို့နိုင်ငံပေါက်တွေမဟုတ်ဘူး ၊ မြန်မာပြည်ကပါလို့ ဆိုပြီး ဒုက္ခသည်အဖြစ် လက်မခံ
    ချင်ပြန်ဘူး ။

    ဒီပြသာနာကို တရားဥပဒေစိုးမိုးမှုမရှိဘဲ ၊ တိကျမှန်ကန်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမရှိဘဲ ၊ ဥပဒေချိုးဖောက်သူတွေကို
     စောင့်ကြည့်တဲ့ရဲတွေ မရှိဘဲ ၊ တရားဥပဒေကို သင့်တော်သလို ပြဌာန်းလိုက်နာစေတာမျိုးမရှိဘဲ ကျမတို့ ဘယ်လို ရှင်းမလဲ ။
     ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ ဒီပြသာနာတွေရဲ့ အရင်းအမြစ်ဟာ တရားဥပဒေစိုးမိုးရေးပါဆိုတာ ။ဒီဥပဒေပြသာနာဖြစ်နေ
    တာဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ၊ လွန်ခဲ့တဲ့ တစ်လနှစ်လကမှ ဖြစ်တဲ့ ရာဇ၀တ်မှုက စတာ မဟုတ်ဘူးဆိုတာပါဘဲ ။

    ( ဒီဆွေးနွေးပွဲက မိနစ် ၂၀ ကြာပါတယ် ။ အခုအမေးအဖြေက နောက်ဆုံးပါဘဲ ။ ဒေါ်စုက I do not know တစ်လုံးထဲ ဖြေသွား
    တာမဟုတ်ဘူးဆိုတာ သတိရလောက်ပါပြီနော် ။ မျက်မှန်စိမ်းများတပ်မကြည့်ဘဲ ဆင်ခြင်စဉ်းစားရင် သူဖြေသွားတဲ့ တရားဥ
    ပဒေစိုးမိုးရေး Rule of Law ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ Proper Immigration Process ၊ ဥပဒေချိုးဖောက်သူများကို
     စောင့်ကြည့်တဲ့ ရဲ Proper Policing ၊ ဥပဒေကိုလိုက်နာစေမှု စသည်တို့ရဲ့ အရေးပါပုံကို သဘောပေါက်လာပါလိမ့်မယ်လို
့ မျှော်လင့်လျက် .................။ မကျေနပ်သေးရင် မောင်ဇာနည်တို့က ဒေါ်စုကို ချောက်ချဖို့ စီစဉ်ထားတဲ့ London School
     of Economics က ဆွေးနွေးပွဲမှာ ဒေါ်စုက Rule of Law ရဲ့ အရေးပါပုံကို ဆွေးနွေးဖို့ request လုပ်ခဲ့တယ် ။ အဲဒါကိုပါ
     ကြည့်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ် ...........။ )ဒေါ်စုက I do not know တစ်လုံးတည်း ဖြေခဲ့တယ် လို့ ရွှေဥာဏ်တော်
    စူးရောက်နေတဲ့ လူတွေ သိစေရန် အလို့ငှာ Oslo Peace Forum မှာ ရိုဟင်ဂျာအကြောင်း ဖြေထားမှုကို ပြန်ဖော်ပြလိုက်ပါ
    တယ် ။ ရှုစားမှတ်သားကြပါကုန် ။ တ၀က်တပျက် အမှန် Half Truth လောက်တောင် မရှိတဲ့ စကားနဲ့ ၀ါဒဖြန့်တဲ့လူတွေကို
     တော့ မပြောတော့ဘူး ။ ယုံချင်တဲ့လူတွေကိုဘဲ သြချမိပါရဲ့ ။ ဒီစကားတွေကို ပြောသွားတာ တစ်လတောင် မကြာသေးဘူး ၊
     မေ့ကုန်ကြပြီလား ။ ( အခုတင်ပြတဲ့ စကားတွေက ဆွေးနွေးပွဲပြီးခါနီးမှာ အမေရိကန် National Public Radio က
    သတင်းထောက်တစ်ယောက် ထမေးတာပါ ။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာလည်း ဒေါ်စုက ဒီအကြောင်း ညှပ်ပူးညှပ်ပိတ်မေးခွန်းတွေ
    ကို အကြိမ်ကြိမ်ဖြေပြီးသွားပါပြီ )

    မေး ။ ။ ရိုဟင်ဂျာ ပြသာနာဟာ လူဝင်မှုကြီးကြပ်ရေး မထိရောက်တာကြောင့်လို့ တချို့က ပြောတယ် ။ တချို့ကတော့ ရိုဟင်
    ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားတဲ့ ပေါ်လစီကြောင့် ဖြစ်လာတဲ့ ပြသာနာလို့ ဆိုပြန်တယ် ။ ခင်ဗျားက အတိုက်အ
    ခံခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုဟင်ဂျာကို နိုင်ငံသားလို့ သတ်မှတ်သလား မသတ်မှတ်ဘူးလား ။

    ဖြေ ။ ။ တရားဥပဒေစိုးမိုးရေးအရေးကြီးပုံအကြောင်းကို ကျမပြောခဲ့ပြီးပါပြီ ။ တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံသားဖြစ်ခွင်
့ဥပဒေလည်း အကျုံးဝင်တာပါဘဲ ။ ဒါကြောင့်ဘဲ ပြသာနာရဲ့ အရင်းအမြစ်ဟာလည်း တရားဥပဒေစိုးမိုးမှုမရှိလို့လို့ ကျမပြောခဲ
့တာ ။

    နိုင်ငံသားဖြစ်ခွင့်ဥပဒေတွေဟာ ဘာတွေလည်းဆိုတာ ကျမတို့သေသေချာချာ မသိကြရဘူး ။ ဒီသေချာမသိရဘူးဆိုတဲ့ ကိစ္စနဲ့
     ပတ်သက်ပြီး အဖြစ်အပျက်တစ်ခုကို ဥပမာပေးချင်ပါတယ် ။ ကျမတို့ပါတီက အမတ်လောင်းတစ်ယောက် လွန်ခဲ့တဲ့
     ကြားဖြတ်ရွေးကောက်ပွဲကနေ အထုတ်ခံရတယ် ။ အကြောင်းကတော့ ရွေးကောက်ပွဲဥပဒေအရ အမတ်လောင်းတွေအားလုံး
    ဟာ မြန်မာနိုင်ငံသားတွေက မွေးရမယ်လို့ ဆိုပါတယ် ။ အခုထုတ်ခံလိုက်ရတဲ့ အမတ်ကလည်း မြန်မာပြည်သားမိဘတွေက
     မွေးတဲ့ မြန်မာပါဘဲ ။ ဒါပေမယ့် နောက်တော့ သူ့အဖေက တခြားနိုင်ငံသားခံသွားခဲ့တယ် ။ ဒါကို အကြောင်းပြပြီး ထုတ်ခံ
    လိုက်ရတာပါ ။

    ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ နိုင်ငံသားဥပဒေတွေဟာ ဘာတွေမှန်း အတိအကျ မသိရဘူး ။ တကယ်လို့သာ နိုင်ငံသားဥ
    ပဒေအောက်မှာ ဘယ်သူတွေဟာ နိုင်ငံသားပါ ၊ ဘယ်လို လိုအပ်ချက်တွေရှိမှ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာ တိတိကျကျ
     ဖော်ပြလိုက်နာထားရင် ဒီပြသာနာတွေ မတတ်နိုင်ဘူး ။ အခုတော့ လူတချို့ကို ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့လူမဟုတ်ပါဘူး
    ၊ မြန်မာကလည်း သူတို့လူမဟုတ်ပါဘူး ဆိုပြီး စွပ်စွဲချက်တွေက အမြဲပေါ်နေရတယ် ။

    ဘင်းဂလားဒေ့ရှ်ကသူတို့လူမဟုတ်ဘူးလို့ ဆိုတယ် ။ မြန်မာကလည်းငါတို့လူမဟုတ်ဘူးလို့ဆိုတယ် ။ ဒီလိုငြင်းကြတဲ့
    အထဲမှာ ကြားထဲက လူတွေက ဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်ရတယ် ။ ဒီတော့ ကျမတို့မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိမှကို
     ဖြစ်မယ် ။ အဲဒီဥပဒေတွေက ဘာဆိုတာလည်း တိတိကျကျ သိမှ ဖြစ်မယ် ။ အဲဒီဥပဒေတွေကိုလည်း တကယ်လိုက်နာသလား
    ဆိုတာ သေချာအောင်လုပ်မှဖြစ်မယ် ။

    မေး ။ ။ ( စိတ်မရှည်သံလေးဖြင့် ) ဒါဆို သူတို့ဟာ နိုင်ငံသားဖြစ်သင့်လား ၊ မဖြစ်သင့်ဘူးလား ။

    ဖြေ ။ ။ ( ဒေါ်စုကလည်း အနည်းငယ် စိတ်တိုသံဖြင့် ) ကျမ မသိဘူး ။ မသိရတဲ့အကြောင်းရင်းက ရှင်တို့ ရိုဟင်ဂျာ လို့
     ပြောနေတဲ့လူတွေဟာ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်းမသိရလို့ဘဲ ။ အရင်ပြောပြီးသလိုဘဲ ဘယ်သူတွေကို ရိုဟင်ဂျာလို့
     ခေါ်နေကြမှန်း မသေချာတဲ့ ပြသာနာရှိနေတယ် ။ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်နေတဲ့လူတွေက မြန်မာပြည်ပေါက်တွေ
    မဟုတ်ဘူး ၊ သိပ်မကြာခင်ကမှ ဘင်္ဂလာဒေ့ရှ်က ရောက်လာတာလို့ ပြောတဲ့သူက ပြောတယ် ၊ တချိန်တည်းမှာဘဲ
    ဘင်္ဂလားဒေ့ရှ်က အဲဒီရိုဟင်ဂျာဆိုသူတွေဟာ သူတို့နိုင်ငံပေါက်တွေမဟုတ်ဘူး ၊ မြန်မာပြည်ကပါလို့ ဆိုပြီး ဒုက္ခသည်အဖြစ်
    လက်မခံချင်ပြန်ဘူး ။

    ဒီပြသာနာကို တရားဥပဒေစိုးမိုးမှုမရှိဘဲ ၊ တိကျမှန်ကန်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမရှိဘဲ ၊ ဥပဒေချိုးဖောက်သူတွေကို
     စောင့်ကြည့်တဲ့ရဲတွေ မရှိဘဲ ၊ တရားဥပဒေကို သင့်တော်သလို ပြဌာန်းလိုက်နာစေတာမျိုးမရှိဘဲ ကျမတို့ ဘယ်လို ရှင်းမလဲ ။
    ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ ဒီပြသာနာတွေရဲ့ အရင်းအမြစ်ဟာ တရားဥပဒေစိုးမိုးရေးပါဆိုတာ ။ဒီဥပဒေပြသာနာဖြစ်နေ
    တာဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ၊ လွန်ခဲ့တဲ့ တစ်လနှစ်လကမှ ဖြစ်တဲ့ ရာဇ၀တ်မှုက စတာ မဟုတ်ဘူးဆိုတာပါဘဲ ။

    ( ဒီဆွေးနွေးပွဲက မိနစ် ၂၀ ကြာပါတယ် ။ အခုအမေးအဖြေက နောက်ဆုံးပါဘဲ ။ ဒေါ်စုက I do not know တစ်လုံးထဲ ဖြေ
    သွားတာမဟုတ်ဘူးဆိုတာ သတိရလောက်ပါပြီနော် ။ မျက်မှန်စိမ်းများတပ်မကြည့်ဘဲ ဆင်ခြင်စဉ်းစားရင် သူဖြေသွားတဲ့
    တရားဥပဒေစိုးမိုးရေး Rule of Law ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ Proper Immigration Process ၊ ဥပဒေချိုးဖောက်
    သူများကို စောင့်ကြည့်တဲ့ ရဲ Proper Policing ၊ ဥပဒေကိုလိုက်နာစေမှု စသည်တို့ရဲ့ အရေးပါပုံကို သဘောပေါက်လာပါ
    လိမ့်မယ်လို့ မျှော်လင့်လျက် .................။ မကျေနပ်သေးရင် မောင်ဇာနည်တို့က ဒေါ်စုကို ချောက်ချဖို့ စီစဉ်ထားတဲ့
     London School of Economics က ဆွေးနွေးပွဲမှာ ဒေါ်စုက Rule of Law ရဲ့ အရေးပါပုံကို ဆွေးနွေးဖို့ request
     လုပ်ခဲ့တယ် ။ အဲဒါကိုပါ ကြည့်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ် ...........။ )

    Nyo Htet

    Posted: 14 Jul 2012 11:09 AM PDT
    (ဤစာဖြင့်အာဇာနည်ကြီးများနှင့်တကွအာဇာနည် မြန်မာပြည်သူ့ အချစ်ပန်းဗိုလ်ချုပ်ဦးအောင်ဆန်း၏ဆိုဆုံးမ မှကြားချက်များ အား လက်စုံမိုးရှိခိုးဂါရ၀ပြုပါ၏)
    ရှေ့ ကို

    "ရှေ့ကို လွတ်လပ်ရေးအရသာကိစ္စ
    အတွက် အလုပ်လုပ်တဲ့နေရာမှာလည်း
    ခင်ဗျားတို့ သောက်ကျင့်တွေကို ပြင်ဖို့လို့
    ကျွန်တော်ပြောခဲ့မယ်"
    ဦးအောင်ဆန်း

    အာဇာနည်နေ့ နားနီးခါမှ ဗိုလ်ချုပ် အောင်ဆန်းကို သတိရနေကြတာဟု ဆိုဆို၊ခါတော်မီဟုပြောပြောနိုင် ငံ လွတ်လပ်ရေး အတွက် အသက်ပေးသွားသူ အာဇာနည်တွေ နှင့်တကွ ဗိုလ်ချုပ်တို့၏ ကျေးဇူးကို ဤအခါသမယမှာကျွန်တော်တို့ စာနယ်ဇင်း သမားတွေ အနေနှင့် အခြားသော မြန်မာပြည်သူ၊ ပြည်သားတွေထက် ပိုမိုကျေးဇူးတင်ထိုက်သည်ကအမှန်။

    ""ဗိုလ်ချုပ်မပြောနှင့် ဗိုလ်ချုပ် သမီးအကြောင်းဗိုလ်ချုပ်သမီး ဓာတ်ပုံ ပါရင်တောင်ရောင်းမလောက်ဖြစ်နေ တာ စာနယ်ဇင်းသမားတွေညတိုင်း ဗိုလ်ချုပ်ကိုဦးသုံးကြိမ်ချပြီးအိပ်သင့်တယ်"" ဟူသော စကားမကြာ မကြာကြားရ တတ်ဖူးသည်ကိုး။

    သို့ပေမင့် မရှက်တမ်းဝန်ခံရလျင်ဗိုလ်ချုပ်ကို ညစဉ်မပြတ် ရှိခိုးဦးချခြင်း မပြုဖြစ်ခဲ့ဘူးရုံမက"ဗိုလ် ချုပ်ကျေးဇူးကြီးလှ ပါပေသည်" ဆိုကာ အိမ်ဦးခန်းမှာချိတ်ထားသော ဓာတ်ပုံကို လည်း နေ့စဉ်မပြတ်ဖုန်သုတ်ပေးမိခြင်း မျိုးမရှိခဲ့ပါ။ ထိုမျှမက ကျွန်တော်တို့ ငယ်စဉ် အခါက အထပ်ထပ်သင်ယူ ရွတ်ဖတ်ဖူးသည့်အာဇာနည်ခေါင်း ဆောင်ကြီး များ၏စာတွေကဗျာတွေ၊ငယ်စဉ်အခါအာစရိယဆရာတို့ အခါခါသင်ကြားနာယူစေခဲ့ကြသည့်"အာဇာနည်ခေါင်းဆောင်ကြီးတွေကိုချစ်မြတ်နိုးကြောင်းပြောနေတာထက် သူတို့လမ်းညွှန်မှာကြားသွားတဲ့ စကားတွေ လိုက်နာဆောင်ရွက်ပြီးသက်သေပြသင့်တယ်"" ဟူသော စကားမျိုးကိုပင်နှစ်စဉ် သတိသိပ်မရတက်ချင်မိခဲ့ပါ။

    အာဇာနည်နေ့မှာ ဥသြသံတွေကွယ် ပျောက်နေခဲ့ခြင်းကြောင့်လော။

    အာဇာနည် ဗိမာန်ကိုသွားရောက်ဂါရ၀ပြုခွင့်တားဆီးပိတ် ပင်ခြင်းတွေ အကန့်အသတ်များနေခဲ့ခြင်း ကြောင့်လော။

    သတင်းစာမှာ အာဇာနည်နေ့ အကြိုဂုဏ်ပြု ဗိုလ်ချုပ်မိန့်ခွန်းတွေဖော်ပြမှုလျော့နည်းလာခြင်းကြောင့်လော။

    ရုပ်သံမှာ အာဇာနည်နေ့ အကြိုဂုဏ်ပြုနှိုးဆော် သတိ ပေးမှုတွေမပြုလုပ်ခြင်းကြောင့်လော။ရုပ် ရှင်ရုံတွေမှာ အာဇာနည်နေ့ အမှတ်တရမော် ကွန်းရုပ်ရှင်ကားထုပ်တွေ မပြသတော့ခြင်းကြောင့်လော။

    ငွေစက္ကူတွေပေါ်မှာဗိုလ်ချုပ် ရုပ်ပုံလွှာတွေမပါရှိလာတော့ခြင်းကြောင့်လော ဟု အာဇာနည်နေ့အပေါ် ကျွန်တော့် ပျက် ကွက်ခြင်းအဖြစ်တွေ အတွက် သို့လောသို့ လော တွေးတောမိရင်းက လွန်ခဲ့သောလမှာ ဆရာကြီးဘဘကာတွန်း ဦးဖေသိန်း၏သမီးအစ်မ"ဇွန်ပွင့်"စာပေလက်ဆောင်ပေးလာသည့်စာအုပ်ထဲကဗိုလ်ချုပ်မိန့်ခွန်းဖော်ပြချက်ကိုသွားအမှတ်ရသည်။

    အဆိုပါဖော်ပြချက်မှာ ချက်မှာဤဆောင်းပါး အစကောက်နုတ်တင် ပြထားသည့် ဗိုလ်ချုပ် မိန့်ခွန်းဖြစ်ပြီး၎င်းနှင့် ကပ်လျက် စာမျက်နှာမှာ

    ""လူတိုင်းက

    သူများ ပြောင်းလဲတာကို

    မြင်ချင်တယ်။

    ဒီလူမျိုးက

    ဟိုလူမျိုး ပြောင်းလဲတာကို

    မြင်ချင်တယ်။

    ဒါပေမဲ့ လူတိုင်းလူတိုင်း

    ကိုယ်တိုင်က အရင်ပြောင်းလဲမပြဘဲ

    သူတစ်ပါးက ပထမစပြီး

    ပြောင်းလဲတာကို စောင့်နေကြတယ်။

    ကမ္ဘာ့ပြဿနာတွေအတွက် အဖြေကို

    အလိုရှိရင် ဘယ်မှာရှာမလဲ။

    တွေ့ပြီတွေ့ပြီ

    အဖြေဟာကိုယ့်မှာ ပဲရှိတယ်။

    ကိုယ်ကစပြီးပြောင်းလဲပြရမယ်။

    ပြီးတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးက

    ပထမ ပြောင်းလဲပြရမယ်""

    ဟူ၍လည်းဖော်ပြထားရာ၆၅နှစ်မကကြာမြင့်ခဲ့ပြီ ဖြစ်သောဗိုလ်ချုပ်၏ မိန့်မှာချက် ဆိုလိုရင်းကို နားလည်လိုက်မိသလို ရှိသည့် တဒင်္ဂကိုလည်းအမှတ်ရသည်။

    တစ်တိုင်းပြည်လုံးကချစ်လှပါသည်ဆို သောဗိုလ်ချုပ်၏လွန်ခဲ့သောနှစ်ပေါင်း၆၅ နှစ်ကြာက"ပြင်ဆင်သင့်တာတွေပြင်ဖို့"ဟူ၍မိန့်မှာခဲ့မှုအားမည်သူတွေလိုက်နာနိုင်ခဲ့ကြ၊အကျင့်တွေပြင်နိုင်ခဲ့ကြသည်ကိုကျွန်တော်မသိပေမယ့်အကျင့်တွေပြင်နိုင်ခဲ့သူ တွေထဲမှာကျွန်တော်မပါနိုင်သေးခြင်းကိုတော့ ကျွန်တော်သေသေချာချာ သိလိုက် မိခဲ့သော တဒင်္ဂဟုလည်း ဆိုနိုင်၏။

    ကွယ်လွန်ချိန်မှာ အသက်၃၂နှစ်အရွယ် သာရှိခဲ့ပေမယ့် အမျိုးသား ခေါင်းဆောင်ကြီးပီပီ၊ လူသဘာဝကို သိကာလူတို့၏ အကျင့် စရိုက်မှာ ကိုယ်တိုင်ကိုယ်ကျ ကိုယ့်အကျင့်ကိုပြောင်းလဲမပြနိုင်ပေမယ့် တစ်ပါးသူကိုသာ ပြု ပြင်ပြောင်းလဲစေလိုတတ်သည့်သဘော

    လူ့ မနောကိုကောင်းစွာသိသူပီပီ၊ကရုဏာဒေါသော ပြောဆိုမှာကြားခဲ့ရသည်ဆိုခြင်းကို ယခုကျွန်တော် အသက်၄၀ကျော်ခါမှတောင် သိလိုက်သလိုလို သာရှိသေးသည့်အဖြစ်အတွက်တော့များစွာစိတ်မကောင်းဖြစ်ရသည်။

    ""သူတို့တွေတောင် မှမပြောင်းလဲကြသေးတာ""ဟူသောသေဖော်ညှိလိုတတ်သည့်ဉာဉ်နှင့်
    အကျင့်ဆိုး(ဗိုလ်ချုပ် မိန့်ကြားခဲ့သလိုစေးစေးပိုင်ပိုင်စကားဖြင့်ဆိုလျှင်သောက်ကျင့်)ကို
    ကျွန်တော်ပြင်နိုင်ဖို့မှာ..။

    ကိုမျိုး(မြန်မာစာ)

    Posted: 14 Jul 2012 10:43 AM PDT
    (Reuters မှ 13 July 2012 ရက်စွဲပါ "Coca-Cola eys Myanmar no immediate prospects" သတင်းကို ဘာသာပြန်ဆိုသည်)

    ကိုကာကိုလာအချိုရည်ကုမ္ပဏီသည် မြန်မာနိုင်ငံမှကြီးမားသော အလားအလာကိုလေ့လာကာ အလားအလာကောင်းသော မြန်မာ စီးပွားဖက်များနှင့် ဆွေးနွေးနေသော်လည်း လုပ်ငန်းများမစတင်မီ အချိန်ကြန့်ကြာနိုင်သည်ဟု ကိုကာကိုလာဒေသဆိုင်ရာအကြီးအကဲက သောကြာနေ့တွင် ပြောကြားသည်။

    ကမ္ဘာတွင် ကိုကာကိုလာကုမ္ပဏီ မရောက်သေးသော ၃ နိုင်ငံထဲတွင် ပါဝင်ပြီး၊ စစ်အုပ်ချုပ်ရေးမှရုန်းထွက်နေသော မြန်မာနိုင်ငံသည် ဆွဲဆောင်အားကောင်းသော ဈေးကွက်တစ်ခုဖြစ်သော်လည်း ကမန်းကတန်း သဘောတူစာချုပ်များကို အပြေးအလွှားချုပ်ဆိုမည် မဟုတ်ပါဟု ကိုကာကိုလာ၏ အာဆီယံဒေသအကြီးအကဲ မန်နူရယ်အာရိုယိုက ပြောကြားသည်။

    "မြန်မာဈေးကွက်ရဲ့ အလားအလာကောင်းကတော့ သံသယရှိစရာမလိုပါဘူး။ ဒါပေမယ့် လုပ်ငန်းမစတင်မီမှာ အလွန်ရှင်းလင်း၊ ပွင့်လင်း၊ ပြတ်သား၊ မြင်သာတဲ့လမ်းကြောင်းကို ကျွန်တော်တို့လျှေက်သွားဖို့ လိုအပ်ပါတယ်"ဟု ကမ္ဘောဒီးယားရှိ အမေရိကန်ကုမ္ပဏီများ အစည်းအဝေးတွင် ပြုလုပ်သော အင်တာဗျူး၌ မန်နူရယ်အာရိုယိုက ရိုက်တာသို့ ပြောကြားခဲ့သည်။

    "ကျွန်တော်တို့ဟာ အလားလာကောင်းတဲ့စီးပွားဖက်တွေနဲ့ တခြားရွေးစရာလုပ်ငန်းတွေကို အကဲဖြတ်နေပါတယ်။ဒါမှမဟုတ် ကျွန်တော်တို့ ကိုယ်တိုင်လုပ်မလားလို့လည်း စဉ်းစားနေပါတယ်"ပာု ၎င်းက ဆက်လက်ပြောကြားသည်။

    "တကယ်လုပ်ငန်း စတင်နိုင်ဖို့အတွက် လပေါင်းများစွာအလုပ်တွေ အများကြီးလုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ဟာ အခုမှတကယ့်ကို သန္ဓေ တည်နေတုန်းအဆင့်ပါ"ဟု ကိုကာကိုလာ အာဆီယံဒေသ အကြီးအကဲက ဆိုသည်။

    ယခုတပတ် သမ္မတအိုဘားမားထုတ်ပြန်ကြေညာခဲ့သော မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံခွင့်ပြုမည့် စည်းကမ်းသစ်များအရ မြန်မာနိုင်ငံတွင်းမှ အလားအလာကောင်းသော စီးပွားဖက်များ သင့်လျှော်မှန်ကန်မှုရှိရဲ့လားဆိုသည်ကို သေချာစေရန် အမေရိကန်နိုင်ငံခြားရေးဌာနနှင့် အနီးကပ်ဆက်သွယ် ဆောင်ရွက်နေသည်ဟု ၎င်းကပြောကြားသည်။

    မြန်မာပြည်တွင်း အချိုရည်ကုမ္ပဏီများအနက် ကိုကာကိုလာ၏ လက်တွဲဖော်ဖြစ်နိုင်သူများ Pinya Maunfacturing Co. Myanmar Golden Star(MGS) နှင့် Loi Hein Co တို့ဖြစ်သည်ဟု သိရှိရသည်။

    "ဒီ ၃ ဖွဲ့အပြင် တခြားကုမ္ပဏီတွေကိုလည်း ကျွန်တော်တို့လေ့လာနေပါတယ်။ အကောင်းဆုံးစီးပွားဖက်နဲ့တွဲလုပ်မလား၊ ကိုယ်တိုင်လုပ်မလားဆိုတာကို ဆုံးဖြတ်ဖို့အတွက် ကျွန်တော်တို့ အဲဒီမှာပဲ အလုပ်လုပ်နေကြတုန်းပါ"ဟု အာရိုယိုက ဆိုသည်။

    ၁၉၆၀ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိကကုမ္ပဏီများ ရပ်ဆိုင်းသွားခဲ့သော်လည်း ထိုင်းနိုင်ငံနယ်စပ်မှ မှောင်ခိုသွင်းယူလာသော ကိုကာကိုလာအချိုရည်များ နိုင်ငံအနှံ့တွင် ပျံ့နှံ့လျက်ရှိသည်ဟု သိရှိရသည်။

    yangonchronicle

    Posted: 14 Jul 2012 10:04 AM PDT
    မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး ချွတ်ခြုံကျမှုဟာ ဆန်ရှင်ကြောင့်လို့ ဘယ်လိုများလေ့လာ သုံးသပ်လိုက်ပါလိမ့် ကျားဖြူ အမတ်ကြီး ဒေါ်နန်းဝါနု?
    သောကြာနေ့ လွှတ်တော်မှာ ကျားဖြူပါတီက ဒေါ်နန်းဝါနု က လွတ်တော် အစီအစဉ်ထဲ ဆွေးနွေးဘို့ ပါဝင်ထားခြင်း မရှိပဲ ရုတ်တရက် အရေးကြီး တင်ပြစရာရှိလို့ပါ ဆိုပြီးပါလာတဲ့ စာရွက်ကို ထုတ်ပြီး စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးအကြောင်းကို ဆွေးနွေးသွားတာပါ။ လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း ဒါ အရေးကြီးတယ် ဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။

    ယုဇန ဦးဌေးမြင့်ကလည်း အသင့်ပါလာတဲ့ စာရွက်တွေ ထုတ်ပြီး ထောက်ခံဆွေးနွေးပါတယ်။ ရခိုင်ဘက်က လွှတ်တော်အမတ်ကလည်း ပါလာတဲ့ စာရွက်ထုတ်ပြီး ထောက်ခံ ဆွေးနွေးပါတယ်။ NLD အမတ် ဦးဝင်းထိန်က ထဆွေးနွေးမယ်လုပ်ပြီး မိုက်ကရိုဖုန်း ခလုပ်နိုပ်တာ မီးလင်း မလာခဲ့ပါဘူး။ နောက်က ခုံတွေမှာ သွားလင်းနေတယ် ပြောပါတယ်။ တော်တော်ကြာမှ ဖွင့်ပေးလိုက်၊ ဖွင့်ပေးလိုက် ဆိုပြီး စပီကာက အသံတွေကြားနေရကြောင်း ဦးဝင်းထိန်နဲ့ VOA ဆွေးနွေးခန်းမှာ ဦးဝင်းထိန်က ပြောပါတယ်။

    မိုက်ကရိုဖုန်းတွေက အော်တိုမဟုတ်ပဲ စက်ခန်းက လိုသလို ထိန်းချုပ်နေပုံရပါတယ် လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။ ဦးဝင်းထိန် ၀င်ရောက်ဆွေးနွေးခွင့် မရခဲ့ပါဘူး။ NLD ကနှစ်ယောက် ထ ဆွေးနွေးပြီးနောက် အချိန်မရှိတော့ပါဘူး။ အတင်းကြီး အသံနဲ့ မဲခွဲအတည်ပြု လိုက်ပါတယ်။

    ရုတ်တရက်ကြီး အခုလိုဆွေးနွေးလိုက်လို့ NLD က လက်တန်းတွေ ထပြောရတော့တာပါ။ စစ်စကားနဲ့ပြောရရင်တော့ ခြုံခိုတိုက်လိုက်တာပေါ့လေ။
    DD85 (MMCP)

    ဒီအဆိုဟာ နဂိုမူလက အစည်း​အ​ဝေး​အစီအစဉ်မှာ မပါဘဲ ကြား​ဖြတ် တင်သွင်း​တဲ့​အဆိုဖြစ်ပြီး​ လွှတ်​တော်ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​က​နေ ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်​ သုံး​ပြီး​ အဲဒီအဆိုကို အတည်ပြုလိုက်တာလို့​ ပြည်သူ့​လွှတ်​တော်အစည်း​အ​ဝေး​မှာ တက်​ရောက်​နေတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က မိတ္ထီလာမြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဝင်း​ထိန်က ​ပြောပါတယ်။
    "နား​ထောင်​နေရင်း​နဲ့​ ပုံစံက မကျဘူး​။ ​ပြောမယ်ဆို​တော့​လည်း​ ​ပြောလို့​မရဘူး​။ ကျ​နော်​ပြောချင်တာက မြန်မာနိုင်ငံမှာ စီး​ပွား​ရေး​ပိတ်ဆို့​တဲ့​ အဓိက အ​ကြောင်း​အရင်း​က လူ့​အခွင့်​အ​ရေး​တွေ ချိုး​ဖောက်လို့​ စီး​ပွား​ရေး​ပိတ်ဆို့​တာ။ အဲဒီအ​ကြောင်း​ကို မသိဘဲနဲ့​။ အဲဒီအ​ကြောင်း​တွေကို ​ကောင်း​ကောင်း​ သိချင်ရင် ​ကောင်း​ကောင်း​ ​လေ့​လာဖို့​ လိုတယ်။ မြန်မာနိုင်ငံက လူ့​အခွင့်​အ​ရေး​ ဘယ်​လောက်ချိုး​ဖောက်တာ​တွေ​ကြောင့်​ စီး​ပွား​ရေး​ပိတ်ဆို့​တာ။  "အခု ဦး​သိန်း​စိန် ​ခေါင်း​ဆောင်တဲ့​ အစိုး​ရက မီဒီယာ​တွေကိုလည်း​ အထိုက်အ​လျောက် လွတ်လပ်ခွင့်​ပေး​တယ်။ ကျ​နော်တို့​ကိုလည်း​ ​ရွေး​ကောက်ပွဲ ဝင်လို့​ရ​အောင်အထိ ညှိ​ပေး​တယ်။ စီး​ပွား​ရေး​ပိုင်း​မှာလည်း​ ​မော်​တော်ကား​ကိစ္စ​တွေ အထိုက်အ​လျောက် လုပ်​ပေး​တယ်။ နိုင်ငံတကာကလည်း​ သူတို့​ရဲ့​ စီး​ပွား​ရေး​ ပိတ်ဆို့​တာ​တွေကို ​လျော့​ပေး​တယ်။ ဦး​သိန်း​စိန်အစိုး​ရဘက်က အထိုက်အ​လျောက် ​လျော့​ပေး​လို့​ စီး​ပွား​ရေး​ပိတ်ဆို့​တာ​တွေလည်း​ ​လျော့​ပေါ့​လာတာ။ ပိုပြီး​တော့​ ​လျော့​ပေါ့​ပေး​ချင်ရင် ပိုပြီး​ လူ့​အခွင့်​အ​ရေး​နဲ့​ ဒီမိုက​ရေစီအ​ရေး​ကို လုပ်ရမယ်။ ဒါ​ကြောင့်​ စီး​ပွား​ရေး​ပိတ်ဆို့​မှု ရုပ်သိမ်း​ရေး​ကို ​တောင်း​ဆိုမယ့်​အစား​ ဒီနိုင်ငံမှာ ဦး​သိန်း​စိန်အစိုး​ရက​နေ လူ့​အခွင့်​အ​ရေး​ကို ပိုပြီး​ ပွင့်​ပွင့်​လင်း​လင်း​ လုပ်​ပေး​ပါဆိုတဲ့​ အဆိုကို တင်ချင်တာ မတင်လိုက်ရဘူး​။ အဲဒါပါပဲ။"အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က မိတ္ထီလာမြို့နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဝင်း​ထိန် ..(DVB)

    Posted: 14 Jul 2012 08:01 AM PDT

    >
    အပြောင်းအလဲလိုလားသူမောင်နှမများခင်ဗျား

    အသင်းအဖွဲ့များပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆွေးနွေးစကားဝိုင်းများ အစီအစဉ် အမှတ် ၁ ကို
    ယနေ့ ဇူလိုင်လ ၁၄ရက် စနေနေ့ နေ့လည် ၂နာရီမှ ၄နာရီထိရန်ကုန်မြို့ဗဟန်းမြို့နယ်တော်ဝင်နှင်းဆီစားသောက်ဆိုင် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် ဆရာမ မသီတာ(စမ်းချောင်း) က ဦးဆောင်ဆွေးနွေးခဲ့ပြီးတက်ရောက်လာသောပရိတ်သတ်များထဲမှ ၈၈မျိုးဆက်ကျောင်းသား ကိုမင်းဇေယျ နှင့်အခြားသူများက မေးခွန်းများမေးမြန်းခြင်း ပြန်လှန်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

    ဆရာမ မသီတာ (စမ်းချောင်း) အဓိက ဆွေးနွေးသွားခဲ့သော အချက်များမှာ...လက်ရှိဖြစ်ပေါ်နေသော လူမှုရေးနိုင်ငံရေး အခြေအနေများအပေါ်မူတည်၍အနာဂတ်အတွက် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်သွားရမည့်ကိစ္စမှာ ရေတိုကိစ္စမဟုတ်ပဲရေရှည်ဆောင်ရွက်သွားရမည့်ကိစ္စရပ်ဖြစ်ပြီး မာရသွန်ပြေးပွဲတခုနှင့်နှိုင်းယှဉ်မြင်ကြည့်စေလိုကြောင်း၊
    ထိုသို့ရေရှည် ပြေးရမည့် မာရသွန်ပွဲတခုတွင် အသင်းအဖွဲ့များအနေဖြင့် သက်လုံကောင်းရန်လိုအပ်ပြီး၊
    တိကျသော ဗျူဟာများချမှတ်နိုင်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

    အသင်းအဖွဲ့များအနေဖြင့်မိမိအဖွဲ့အဓိကဆောင်ရွက်နေသောလုပ်ငန်းများမှာမိမိဒေသခံပြည်သူများအမှန်တကယ်လိုအပ်နေ သော လိုအပ်ချက်များနှင့်ကိုက်ညီစေရေးအတွက် သတိပြုရန်လိုအပ်ပြီး၊ဒေသခံပြည်သူများအနေဖြင့်ရေရှည်တွင် မိမိကိုယ်ကိုအားကိုး ရပ်တည်နိုင်ကြစေရန်ရည်ရွယ်သင့်ကြောင်းလည်း ဆွေးနွေးသွားခဲ့သည်။

    အသင်းအဖွဲ့များ၏ကူညီမှုများသည် သက်ဆိုင်ရာပြည်သူလူထုကို လက်တွဲခေါ်သည့်ပုံစံသာဖြစ်သင့်ပြီး၊
    လိုအပ်သမျှဖန်တီးပေးနေမည့် ကယ်တင်ရှင်များပုံစံမဖြစ်စေရန် သတိပြုသင့်ကြောင်းလည်း
    အထူးအလေးပေးဆွေးနွေးသွားခဲ့ပါသည်။--
    Best Regards

    Moe Thway
    Co-founder
    Executive Committee (External Affairs)
    Generation Wave

    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610

    No comments:

    Post a Comment