Tuesday 3 July 2012
တစ်ရပ် ပြုလုပ်
Posted: 01 Jul 2012 06:55 AM PDT
ယနေ့ (ဇူလိုင်လ၊ ၁ ရက်) နံနက် ၉း၀၀ နာရီ အချိန်က ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါရှိ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရန်ကုန်(ရုံးခွဲ) အစည်းအဝေး ခန်းမတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ရေးရာကော်မတီ ဥက္ကဌများပါဝင်သော အဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ ဆွေးနွေး ပွဲတစ်ရပ်
 ပြုလုပ်ခဲ့ကြသည်။
ထိုဆွေးနွေးပွဲသို့ သူရဦးရွှေမန်း(ပြည်သူ့လွှတ်တော်ဥက္ကဌ)၊ ဦးမောင်မောင်သိမ်း(စီးပွားကူးသန်းရေးနှင့် ကုန်သွယ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ)၊ သူရဦးအေးမြင့် (အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု
 ကော်မတီ ဥက္ကဌ)၊ ဦးဌေးမြင့်(ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဌ)၊ သူရဦးအောင်ကို
(တရားစီရင်ရေးနှင့် ဥပဒေရေးရာဆိုင်ရာကော်မတီ ဥက္ကဌ)၊ ဦးအောင်သိန်းလင်း(ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီဥက္ကဌ)၊ ဦးခိုင်မောင်ရည် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့ တက်ရောက်ခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်း
သားများ အဖွဲ့မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို၊ မြအေး၊ ဂျင်မီနှင့် အံ့ဘွယ်ကျော် တို့ တက်ရောက်ခဲ့ကြသည်။
နံနက် ၉း၀၀ နာရီမှ ၁၀း၃၀ နာရီအထိ တစ်နာရီခွဲကြာ ဆွေးနွေးခဲ့ကြရာတွင် အသွင်ကူးပြောင်းကာလ နှင့် ပတ်သက်သော အကြောင်းအရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများက ယနေ့နိုင်ငံတော်၏ ဥပဒေ၊ နည်းဥပဒေ ကိစ္စရပ်များ၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးကိစ္စနှင့် ပြည်ပရောက်နိုင်ငံရေးအင်အားစုများ ပြန်လာနိုင်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
88 Generation Students Facebook
တရ
Posted: 01 Jul 2012 06:01 AM PDT
♫ ♪ ♫ ♪လူတွေဟာ လောကကြီးမှာ မွေးဖွားအသက်ရှင်ခဲ့
ပြန်လည်ကာ လောကကြီးကို ပေးဆပ်ဖို့လိုတယ်
ကမ္ဘာမြေကို မြတ်နိုးတဲ့ ရင်ခုန်သံ တို့သီချင်းပဲ
တာဝန် ကိုယ်စီ တို့ပခုံးထက် ရှိနေတယ်♫ ♪ ♫ ♪
ခိုလှုံရာ လောကကြီးကို ကျေးဇူး မကန်းပါနဲ့
ယုံကြည်စွာ ပေးဆပ်ဖို့ရာ ကြိုးစားအသက်ရှင်မယ်
ကမ္ဘာမြေရဲ့ မျှော်လင့်ချက် မိခင်တွေ ချစ်ခြင်းနဲ့
ရှင်သန်လည်ပတ်သွားမယ့် တို့ကမ္ဘာရယ်
ချစ်တဲ့ လောကကြီးက အားလုံးရဲ့ မိခင်
ချစ်တဲ့ လောကကြီးအား အားလုံး ကျေးဇူးတင်
ကလေးများရဲ့ ရိုးသားခြင်းနဲ့ ပန်းများပွင့်တဲ့ ကမ္ဘာ
အမြဲတမ်း လှပ ငြိမ်းချမ်းသွားမှာပါ
လူတွေရဲ့ နှလုံးသားတိုင်းမှာ ငြိမ်းချမ်းရေးပါပဲ
သာယာတဲ့ လောကကြီးမှာ စစ်မက်များ မလိုဘူး
နေထိုင်ရာ ဒေသနဲ့ အသားအရောင်တွေ မတူလည်းဘဲ
ရင်ခုန်နေတဲ့ နှလုံးသားက တစ်ရောင်တည်း♫ ♪ ♫ ♪
ထူးအိမ်သင်၏ ဇနီး မသွယ်သွယ်ထွေး(ပန်းရောင်နှင့်)
ဒီနေ့မြင်လိုက်ရတဲ့ သူ့အပြုံးဟာ ကျွန်တော်တို့ရင်ထဲက ငှက်(ထူးအိမ်သင်)အပြုံးအတိုင်းပါ။
၁၉၆၃ခုနှစ် ဇူလိုင်(၁)ရက်နေ့တွင်မွေးဖွားခဲ့ပြီး ၂၀၀၄ ခုနှစ် သြဂုတ်(၁၄)ရက်နေ့တွင်ကွယ်လွန်ခဲ့သည့် ဂီတအနုပညာရှင် အဆိုတော် ထူးအိမ်သင်အတွက် ရည်စူး၍ သူ၏မွေးနေ့ဖြစ်သော ဇူလိုင်(၁)ရက် နံနက်ပိုင်းတွင် ဂီတငှက် ရွှေရတုအကြို အထိမ်းအမှတ်ပွဲကို
 စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ ဓမ္မစေတီ ရွှေကျင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအမှတ်တရပွဲသို့ ထူးအိမ်သင်ကို ချစ်ခင်လေးစားခဲ့ကြသည့် ဂီတချစ်သူများနှင့် မိတ်ဆွေအပေါင်းအသင်းများ တက်ရောက်ခဲ့ကြပြီး၊ ထူးအိမ်သင် အမှတ်တရစာများရေးသားပေးခဲ့ကြသည်။
ရဲရဲ
Popular myanmar news journal မှ
Posted: 30 Jun 2012 07:48 PM PDT
(Bangkok Post မှ 28 June 2012 ရက်စွဲပါ " Suu Kyi tells AFP willing to lead Myanmar if her party wins " သတင်းကိုဘာသာပြန်ဆိုသည်။)
အံ့မခန်းအောင်မြင်သော ဥရောပခရီးစဉ်ကို အပြီးသတ်အဖြစ် ပဲရစ်မြို့တွင် ရောက်ရှိနေသော မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က AFP သတင်းဌာနနှင့်ပြောဆိုရာတွင်
"သူမအနေဖြင့် တစ်နေ့နေ့တွင် နိုင်ငံကိုခေါင်းဆောင်ရန် ပြင်ဆင်ထားကြောင်း" ကြာသပတေးနေ့က ပြောကြားလိုက်သည်။
နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီးနောက် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဥရောပ ၅ နိုင်ငံခရီးစဉ်တွင် နွေးနွေးထွေးထွေး ကြိုဆိုခံရခြင်းအပေါ် ကျေနပ်ပျော်ရွှင်မိသည်ဟုလည်း ပြောဆိုခဲ့သည်။
Burma ဟုလူသိများသော မြန်မာနိုင်ငံကို တစ်နေ့နေ့တွင် ခေါင်းဆောင်ရန်အတွက် အဆင်သင့်ဖြစ်ပြီလားဟု မေးမြန်းသောအခါ
သူမက "ပါတီတွေအားလုံးရဲ့ ခေါင်းဆောင်တိုင်းဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ကို အမှန်တကယ် ယုံကြည်ကြတယ်ဆိုရင် ဒီအလားအလာအတွက် သူတို့ကိုယ် သူတို့ ပြင်ဆင်ထားကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်"ဟု ပြောကြားသည်။
"ဒါပေမယ့် ကျွန်မတစ်ချိန်လုံး စဉ်းစားနေတာကတော့ အဲဒီကိစ္စမဟုတ်ပါဘူး။ အမှန်တကယ် ကျွန်မစဉ်းစားနေတာကတော့ အနာဂတ်အတွက် ပြင်ဆင်နေတာထက် လက်ရှိပစ္စုပ္ပန်မှာ အာရုံစိုက်ဖို့ပါပဲ။ လက်ရှိပစ္စုပ္ပန်ဟာ လူတစ်ဦးရဲ့ အနာဂတ်မျှော်လင့်
ချက်တွေကို ဆက်စပ်ပေးတာပါပဲ"ဟု ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကဆိုသည်။
ကမ္ဘာကျော် မြန်မာ့နိုင်ငံရေးခေါင်းဆောင်သည် ဆွစ်ဇာလန်၊ နော်ဝေး၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများတွင်
 နိုင်ငံခေါင်းဆောင်များက ကြိုဆိုနှုတ်ဆက်ကာ ကြီးမားသောလူထုပရိသတ်က ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုခြင်းခံရသော ဥရောပခရီးစဉ်ကိုအဆုံးသတ်ကာ သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
"ကမ္ဘာတစ်လွှားနေရာတိုင်းက ပြည်သူတွေအားလုံးဆီက ရရှိတဲ့နွေးထွေးမှုကို ကျွန်မအသိအမှတ်ပြုပါတယ်။ ကမ္ဘာတစ်လွှား၊ မတူညီတဲ့ နေရာတွေက ပြည်သူများစွာဟာ မြန်မာနိုင်ငံမှာ ကျွန်မတို့ရုန်းကန်ခဲ့ရတာကို သိရှိထားကြပုံရပါတယ်။ ကျွန်မတို့နဲ့ တစ်သားထဲရှိနေကြတယ်ဆိုတဲ့ အင်အားကြီးမားတဲ့ အသိမျိုးကို ကျွန်မခံစားမိပါတယ်။ ဒါဟာတစ်ကယ်ကိုအံ့အားသင့်စရာပါ"ဟု သူမကဆက်လက်ပြောကြားသည်။
တစ်ချိန်က ဖိနှိပ်အုပ်ချုပ်သော စစ်အုပ်ချုပ်ရေးလက်အောက်သို့ ကျရောက်ခဲ့သော မြန်မာနိုင်ငံကို ယခုအခါ အရပ်သားတစ်ပိုင်း
အစိုးရက စီမံခန့်ခွဲလျက်ရှိပြီး၊ ၂၀၁၅ တွင်ကျင်းပရန်ရှိသော အထွေထွေရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏
 NLD ပါတီတို့ ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ပိုမိုကြိုးစားလုပ်ကိုင်ရန် လိုအပ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုသည်။
"ကောင်းတဲ့အရာတွေ ထွက်ပေါ်လာတာကမြင်ရဖို့ ၂၀၁၅ အထိ ကျွန်မတို့ မစောင့်နိုင်တော့ဘူးလို့ ကျွန်မထင်ပါတယ်"ဟု သူမက
 AFP သို့ ပြောကြားသည်။
"အရေးကြီးဆုံးကတော့ အခုလက်ရှိအချိန်ပါပဲ။ ၂၀၁၅ မှာ ဘယ်လိုပုံပေါ်လာမှာလဲဆိုတာကို အခုလာမယ့် ၃ နှစ်က ဆုံးဖြတ်ပေး
လိမ့်မယ် ဆိုတဲ့အချက်ဟာ ကမ္ဘာကြီးသိအောင် ကျွန်မကြိုးစားနေတဲ့ မက်ဆေ့ခ်ျပါပဲ။ ဒါကြောင့် ပြည်သူတွေဟာ သူတို့နဲ့သက်ဆိုင်တဲ့လိုလားချက်တွေကို အကောင်အထည် ဖော်နိုင်မယ့် အင်အားပြည့်ဝလာအောင် လာမယ့် ၃ နှစ်အတွင်း သေချာလုပ်ဆောင်ကြရမှာဖြစ်ပါတယ်"ဟု မြန်မာဒီမိုကရေစီ ခေါင်းဆောင်က ပြောကြားသွားခဲ့သည်။
yangonchronicle
Posted: 30 Jun 2012 08:28 AM PDT
( ဒေါ်အောင်ဆန်းစုကြည် ၏ ဒီဇိုင်နာ သည် ဒေါ်အောင်ဆန်းစုကြည် ပင်ဖြစ်သည် )
အဖြူရောင် ပန်းကနုတ်များ ထိုးထားသော ခရမ်းရင့်ရောင် ရင်ဖုံးအင်္ကျီနှင့် လိုက်ဖက်စွာ တွဲစပ်ထားသည့် အဖြူခံခရမ်း ချိတ်ဝတ်စုံ၊
 နို့...နှစ်ရောင် ပ၀ါ ဖြူနှင့် တွဲဖက်ဝတ်ဆင်ခဲ့သည့် ၀ါညိုရောင်ဒူးနားချိတ်များနှင့်မရမ်းစေ့ရောင်ဝတ်စုံတို့ သည် လွန်ခဲ့သော ရက်သတ္တပတ်ကသမိုင်းဝင် ဖြစ်ရပ် နှစ်ခုနှင့်အတူကမ္ဘာတစ်ဝန်းမှလူများ သတိထားမိခဲ့သည့် မြန်မာအမျိုးသမီးဝတ်စုံနှစ်စုံပင်ဖြစ်သည်။
ဥရောပသို့ နှစ်ပေါင်း ၂၄ နှစ်ကြာမှ ပထမဆုံးအနေနှင့် သွားရောက်သော မြန်မာနိုင်ငံ၏မီးရှူးတန်ဆောင်ဟု ကမ္ဘာ့မီဒီယာများ တင်စားနေကြသော ဒေါ်အောင်ဆန်းစုကြည်သည် ထိုဝတ်စုံနှစ်စုံထဲမှ ခရမ်းရောင်ဝတ်စုံကို လွန်ခဲ့သော ၂၁နှစ်က ကိုယ်တိုင်
 လက်ခံရယူနိုင်ခဲ့ခြင်း မရှိသည့် ငြိမ်းချမ်းရေးနိုဘယ်ဆု ပြန်လည်လက်ခံရယူသည့် အခမ်းအနားတွင် ၀တ်ဆင်ခဲ့သည်။
မရမ်းစေ့ရောင် ၀တ်စုံကိုတော့ သမိုင်း ၀င်နေ့ရက်အဖြစ် မှတ်ကျောက် အတင်ခံရသော ဗြိတိန်ပါလီမန် တွင်မိန့်ခွန်းပြောကြား
သည့်နေ့ တွင် နို့နှစ်ရောင်ပ၀ါခပ်ကြီးကြီး နှင့် တွဲဖက်ဝတ်ဆင်
ခဲ့ပြီး နှစ်သက်တမ်းရာချီသည့် ၀က်မင်စတာခန်းမအတွင်းရှိ ကိန်းကြီးခန်းကြီး နိုင်သည့် မင်းပရိသတ် ၁၄၀၀ ၏ အာရုံကိုဖမ်းစားထားနိုင်ခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ အိန္ဒိယခေါင်းဆောင်နေရူး ပေးသည့်
ဗြိတိသျှစစ်ကုတ်အင်္ကျီနှင့် ဒေါင်းနင်းလမ်းသို့ လွန်ခဲ့သောနှစ်ပေါင်း ၆၀ကျော်က ဗိုလ်ချုပ် အောင်ဆန်းရောက်ရှိခဲ့သလို
သမီးဖြစ်သူကလည်း ထိုမရမ်းစေ့ရောင် မြန်မာဝတ်စုံဖြင့် ဒေါင်းနင်း လမ်းသို့ သွားရောက်လည်ပတ်ခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်သည် နှစ်ပေါင်း များစွာ ပျောက်ကွယ်နေသောမြန်မာနိုင်ငံ၏ ဂုဏ်ရောင်ဂုဏ် ၀ါကို ပြန်လည်တောက်ပအောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို ကျက်သရေရှိတင့်တယ်သော မြန်မာ့ရိုး ရာ အမျိုးသမီးဝတ်စုံများ
ကိုလည်း ကမ္ဘာ့ပရိသတ်နှင့် မိတ်ဆက်ပေး ခဲ့သည်။
''ဥရောပက တချို့နိုင်ငံတွေ က မြန်မာဝတ်စုံကို သိပ်မသိကြဘူးလေ။ အခုတော့ အန်တီ့ကြောင့်ကျက်သရေရှိလှတဲ့ မြန်မာ့ရိုးရာ
ကပြော သည်။
သူမ၏ ခရီးစဉ်တွင် ပထမ ဆုံးတက်ရောက် မိန့်ခွန်းပြောခဲ့ရသော ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်အစည်းအဝေးတွင် အစိမ်းရောင် ဇာပ၀ါနှင့်လိုက်ဖက်သော အစိမ်းရောင်ပွင့်ခက်များ ထိုးထားသည့်အင်္ကျီဖြူနှင့် ပန်းပွင့်အရောင်စုံများ ထိုးထားသောအနက်ရောင်
လုံချည်နှင့်ဝတ်စုံ၊ ကမ္ဘာကျော်ရော့ခ်အဆိုတော် ဘိုနိုနှင့် အော်စလိုငြိမ်းချမ်းရေးဖိုရမ်တွင် အနီရောင် လုံချည်နှင့် လူငယ်အနည်း
ငယ်ဆန်သော အနီရောင်ပွင့်စိပ်အင်္ကျီ နှင့် ကုတ်အင်္ကျီအတွဲ အစပ်ဝတ်စုံ၊ ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးနှင့် သွားရောက်တွေ့
ဆုံစဉ်က အနက်ခံရွှေအိုရောင်လုံချည်နှင့် ရွှေအိုရောင်ပ၀ါ တွဲဖက်ဝတ်စုံ၊တော်ဝင်အိမ်ရှေ့မင်းသား ချားလ်တို့စုံတွဲနှင့် တွေ့ဆုံစဉ်က ချယ်ရီ ရောင်ဝတ်စုံတို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်အရှိန်အ၀ါနှင့်အတူ နိုင်ငံတကာသတင်းစာမျက်နှာများထက်တွင်
 လူအများ၏အာရုံ ကို ဖမ်းစားနေရာယူ နိုင်ခဲ့သည်။
''အန်တီအောက်စဖို့ဒ်မှာ ကျောင်းတက်ကတည်းက မြန် မာဝတ်စုံလေးတွေပဲ ၀တ်တယ် ဆိုတာဓာတ်ပုံတွေကနေ သိခဲ့ပါ တယ်။
အခုလို တစ်ကမ္ဘာလုံးက အလေးထား ဂုဏ်ပြုခံရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့အတူ မြန်မာဝတ်
စုံတွေကို တစ်ကမ္ဘာလုံးကသိလာကြတာကို အရမ်းဂုဏ်ယူမိတယ်။ ကိုယ်တိုင်လည်း အရင် က ရံဖန်ရံခါမှသာ ၀တ်တတ်တဲ့မြန်မာ
ဝတ်စုံကို အန်တီ့ကြောင့် အမြတ်တနိုးနဲ့ အမြဲလိုဝတ်ဖြစ်နေပြီ''ဟု ဒေါ်အောင်ဆန်းစု ကြည်ကိုအစဉ်အမြဲအားပေး ထောက်ခံလျက်ရှိ
 သော အဆိုတော်သံသာဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လူသုံးအ များဆုံး လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်တွင် သုံးစွဲသူမိန်းကလေးအများစုမှာ ဒေါ်အောင်ဆန်း
စုကြည်၏ ဥရောပခရီးစဉ်တွင် ၀တ်ဆင်သော ၀တ်ဆင်သည့်ဝတ်စုံများအကြောင်း တခုတ်တရ ပြောဆိုမှုများရှိပြီး ပုံမှန်သုံးစွဲသူ
 အသက် ၂၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ''နောက်တစ်ခါ နိုင်ငံခြားသွားရင် မြန်မာဝတ်စုံပဲ ၀တ်တော့မယ်''ဟု ရေးသားထားသည် ကို ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောအပြီးမိနစ်ပိုင်းအကြာတွင်
 တွေ့ခဲ့ရသည်။
ပေါင်တစ်ရာစွန်းစွန်းသာရှိ သော ခန္ဓာကိုယ် ပိန်ပါးပါးပေါ် တွင် အသက်၆၇ နှစ်အရွယ်နှင့် လိုက်
ဖက်သောအရောင်များကို တွဲဖက်ဝတ်ဆင်ကာ အမြဲကြော့ရှင်းစွာ မြင်တွေ့ရသဖြင့် သူမတွင် ကိုယ်ပိုင်
ဒီဇိုင်နာရှိရမည်ဟု ခန့်မှန်းပြော ဆိုမှုများရှိသလို ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စုံများကို မည်သူက
တာဝန်ယူချုပ်လုပ်ပေးနေသလဲဟူသည်မှာလည်း မြန်မာပြည်သူများအကြား စိတ် ၀င်စားနေသည့် အကြောင်းအရာ ဖြစ်နေသည်။
''သူ့ရဲ့ပင်တိုင် ဒီဇိုင်နာက ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်ပါပဲ။ အစ်မက သူဝတ်ချင် တဲ့
ဒီဇိုင်းလေးတွေကို ကိုယ်တိုင် စဉ်းစားတယ်။ ပြီးရင်ချုပ်တဲ့သူကို ပြောတယ်။ ဒီဇိုင်နာကတော့သူကိုယ်တိုင်ပါပဲ}} ဟု ဒေါ်အောင်
ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦး ကပြောသည်။
အမေရိကန်သမ္မတကတော် မီရှဲအိုဘားမား၏ ပင်တိုင်ဖက်ရှင်အကြံပေးမှာ နယူးယောက်မှ နာမည်ကျော် ဒီ ဇိုင်နာအိုင်ကရမ်ဂိုးဒ်ဖြစ်ပြီး ဗြိတိန်တော်ဝင်မင်းသမီးဒိုင် ယာနာ၏ ဒီဇိုင်နာမှာ နာမည်ကြီးဒီဇိုင်နာကက်သရင်းဝေါလ်ကာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စုံဖန်တီးသူမှာဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက် အပြီး ၁၁ လခန့် ကြာမြင့်ချိန် တွင် သီးသန့်တွေ့ဆုံစဉ်က သူမ၏
ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်လေ့ရှိသော မြန်မာဆန်ဆန်ရင်ဖုံးအင်္ကျီများတွင် ထိုးထားလေ့ရှိသော ပန်းကနုတ်များကို အများစု သတိထားမိကြမည် ထင်ပါသည်။ထိုပန်းကနုတ် အများစုမှာ သူမ၏ကိုယ်ပိုင် စိတ်ကူးများ ဖြစ်သည်။စည်းစနစ်ကြီးသူ၊ တိကျသေသပ်
သူပီပီ သူမ၀တ်ဆင်သော ၀တ်စုံအများစုကို သူမခန္ခာကိုယ်နှင့် ချပ်ရပ်နေမှသာ သဘောကျစိတ်တိုင်းကျသူတစ်ယောက်ဖြစ်ကြောင်းလည်းသူမနှင့်နီးစပ်သူများထံမှ သိရသည်။
ဥရောပခရီးစဉ်တွင် ၀တ်ဆင်သော ဒေါ်အောင်ဆန်းစု ကြည်၏ ၀တ်စုံများကို ဂရုတစိုက် စောင့်ကြည့်ဖြစ်သည့်အပြင် ထူးခြားမှုတစ်ခု
ကို သတိထားမိသူမှာ အမျိုးသမီးရုပ်ရှင်ဒါရိုက်တာကြည်ဖြူသျှင်ပင်ဖြစ်သည်။
''အန်တီဘယ်နိုင်ငံသွား သွား မြန်မာဝတ်စုံပဲ ၀တ်လိမ့် မယ်ဆိုတာ ကြိုမှန်းဆပြီးသားပါ။ ဒါပေမဲ့ ဒီဥရောပခရီးမှာ ဒီမှာလို ပဲ အန်တီ့ရဲ့ အမှတ်သညာဖြစ်တဲ့ နှင်းဆီပန်းလေးတွေကို အစဉ်အ လာမပြတ် ပန်ဖြစ်တာ သတိထားမိတယ်။ အရမ်းလည်းသဘောကျမိတယ်''ဟု သူမကိုယ်တိုင် ပြည်ပ နိုင်ငံများသွားလျှင် မြန်မာဝတ်စုံ ကိုသာ အများဆုံးဝတ်ဆင်လေ့ရှိ သူ ဒါရိုက်တာကြည်ဖြူသျှင်က ပြောသည်။
ဥရောပခရီးစဉ်သို့ သွားလာ ရာတွင် ၀တ်ဆင်ထားသော ၀တ် စုံအရောင်နှင့် လိုက်ဖက်သော နှင်းဆီပန်းရောင်စုံကို ပန်ဆင် လေ့ရှိပြီး ဒေါ်အောင်ဆန်းစုကြည် ၏ စုစည်းထားသော ဆံစုဘေး တွင် အမြဲလိုလိုမြင်တွေ့ရသည် မှာ အ၀ါနုရော
င်နှင်းဆီပွင့်များ ဖြစ်သည်။ ထို့အပြင် ယဉ်ကျေး သော လူ့အဖွဲ့အစည်းကို တန်ဖိုး ထားသော နိုင်ငံများသို့ သွားသည် နှင့်အညီ
အမြဲတမ်းစီးနေကျ ခြေ ညှပ်ဖိနပ်များအစား ခြေချောင်း များကိုမမြင်ရသည့် အဖြူနှင့်အ နက် လေဒီရှူးများ၊ တစ်ခါတစ်ရံ ဒေါက်မြင့်
 ရှူးများကို ၀တ်ဆင်ခဲ့ သည်မှာလည်း သူမအားတွေ့ဖူး နေကျပုံစံနှင့် အနည်းငယ်ခြားနားနေသည်။
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး စကတည်းက သူ မ၀တ်ဆင်သော ၀တ်စုံများကို လူ အများ ဂရုပြုမိလာကြပြီး မြန်မာ
 မိန်းကလေးများ ခုံမင်မြတ်နိုးစွာ မြန်မာဝတ်စုံများ ၀တ်ဆင်လာ သည်အထိသူမ၏ ၀တ်စားဆင် ယင်မှုများက မြန်မာအမျိုးသမီး
 များအပေါ် လွှမ်းမိုးမှုရှိသည်။ သူ မ၏ ၆၆ နှစ်မြောက်မွေးနေ့နှင့် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း နှင့် တွေ့ဆုံစဉ်က ၀တ်ဆင်သော
ပန်းပွင့်များ ထိုးထားသည့် ၀တ်စုံ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ်က ၀တ်ဆင်ခဲ့သည့်အစိမ်းပုပ်ရောင်ဝတ်စုံစသော
ဝတ်စုံများက လူအများ သတိထားအမှတ်ရနေသည့် ၀တ်စုံများဖြစ် သည်။
''အန်တီ့ရဲ့ ၀တ်စားဆင်ယင်မှုဟာ မြန်မာမိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုမှာ အများကြီးသက်ရောက်မှုရှိပါတယ်။
 ဒီတစ်နှစ်ဝန်းကျင်မှာ အန်တီစုဝတ်တဲ့ဝတ်စုံအတိုင်း တစ်ပုံစံတည်းချုပ် ပေးပါဆိုတဲ့ အပ်ထည်တွေ အများကြီး လက်ခံရတယ်။ ဆယ်ကျော်သက်လေးတွေကအစပဲ''ဟု ဒီဇိုင်နာ မလတ်လတ်က ပြောကြားသည်။
ယနေ့ရန်ကုန်မြို့၏ နာမည်ကျော် ဗိုလ်ချုပ်ဈေးတွင် ဈေးဝယ် ထွက်မည်ဆိုပါက မြန်မာ့ရိုးရာအထည်ဆိုင်များတွင် ဒေါ်စုအဆင် အင်္ကျီစများ၊ ဒေါ်အောင်ဆန်းစု ကြည် လုံချည်ဟု အမည်ပေးထားသည့် ဒူးနားချိတ်လုံချည်များကို ၀ယ်ယူရရှိနိုင်ပါပြီ။
အေးမြကျော်( 7Day News ဂျာနယ်မှ..)
( မြန်မာမိန်းကလေးများ မြန်မာ့ ယဉ်ကျေးမှု ၀တ်စားဆင်ယင် မှုဖြင့်ဂုဏ်ယူနိုင်ကြပါစေ..)။
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
No comments:
Post a Comment