Tuesday 3 July 2012

မြန်မာသည်ကမ္ဘာကိုတံခါးဖွင့်ပြီးနောက် ချိနဲ့သောပညာရေးစနစ်နှင့် ကျောင်းမတက်နိုင်သော ပြည်သူများ များပြားနေခြင်းအတွက် တန်ဖိုးကြီးပေးဆပ်ရတော့မည်

Posted: 01 Jul 2012 09:12 AM PDT

(28 June 2012 ရက်စွဲပါ Washington Post မှ Denis d.Gray ရေးသားသော Now opening to world, Myanmar pays price for crippled education system and unschooled citizens ကိုဘာသာပြန်ဆိုသည်။)
"တက္ကသိုလ်ကျောင်းသားဘဝတွေဟာ တစ်စစီပြိုကွဲခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရက တက္ကသိုလ်ကျောင်းသားတွေဟာ ငြိမ်ဝပ်ပိပြားနေရ မယ်လို့ ခံယူထားလို့ပါပဲ"ဟု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ဗြိတိသျှပါလီမန်တွင် ပြောခဲ့သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။  "ပညာရေးစနစ်က လွန်စွာအားနည်းနေပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်နေပါတယ်။ ကျောင်းတွေ၊ သင်ရိုးတွေနဲ့ ဆရာတွေကို လေ့ကျင့်သင်ကြားပေးရေးတွေသာမကပဲ ကျွန်မတို့ရဲ့ ပညာရေးအပေါ်ထားတဲ့ သဘောထားကိုလည်း ပြုပြင်ယူရပါမယ်။ လက်ရှိအားဖြင့် ပညာရေးနှင့် ပတ်သက်ပြီး သဘောထားက အမြင်ကျဉ်းမြောင်းလွန်းပြီး၊ ပြောင်းလဲလိုစိတ်မရှိပါဘူး"ဟု သူက Oxford တက္ကသိုလ်တွင် ပြောကြားခဲ့သည်။
အဆောင်များသည် လူသူကင်းမဲ့နေသည်။ တချိန်က ဝင့်ကြွားခဲ့သော ပါမောက္ခနေအိမ်များသည် ပေါင်းမြက်များဖုံးလွှမ်း လျက် ရှိသည်။ စစ်တပ်က ဗုံးဖြင့်ခွဲခဲ့သော ကျောင်းသားသမဂ္ဂအဆောက်အဦးနေရာတွင် မြက်များသာ ပေါက်နေသည်။

ဤသည်ကား တစ်ချိန်က အာရှ၏အကောင်းဆုံး ရန်ကုန်တက္ကသိုလ်ကြီးဖြစ်ပြီး၊ ရာစုနှစ်ထက်ဝက်ခန့် စစ်တပ်မှ အုပ်စိုးခဲ့ပြီး ပညာရေးစနစ်ကို ချိနဲ့စေခဲ့ခြင်း၏ ဝမ်းနည်းဖွယ်သင်္ကေတတစ်ခု ဖြစ်သည်။ ယခုအချိန်တွင် ဘွဲ့ရပြီးသော ကျောင်းသားများသာ ထိုနေရာတွင် စာသင်နိုင်သည်။ စစ်အစိုးရသည် ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြမှုများကို ကြောက်ရွံ့ခြင်းကြောင့်၊ မကြာခဏကျောင်းပိတ်ခဲ့ပြီး၊ ကျောင်းသားများကို ဝေးလံသော နေရာများတွင် အဆောက်အဦးနည်းပါးစွာဖြင့် ဖြန့်ကျက်ပစ်ခဲ့သည်။

ယခုမြန်မာနိုင်ငံသည် ပြင်ပကမ္ဘာသို့ တံခါးဖွင့်ခဲ့ချိန်တွင် ထို့အတွက်ကြီးမားစွာ ပေးဆပ်နေရပြီ ဖြစ်သည်။ တက္ကသိုလ်များကို ဖြိုခွဲပစ်ခဲ့ခြင်းသည် မျိုးဆက်နှင့်ချီသော ဆုံးရှုံးမှုကို ဖြစ်စေခဲ့ပြီ။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် နှေးကွေးသွားမည်ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှပ်နှံသူများ၊ အလှူရှင် များနှင့် အမြတ်အစွန်းကိုသာကြည့်မည့်သူများ မျှော်လင့်ထားသည့်အတိုင်း ဝင်ရောက်လာပါက ပညာရေးချို့တဲ့သော မြန်မာပြည်သူများသည် ခေါင်းပုံဖြတ် ခံရတော့မည်ဟု ပညာရှင်များက ပြောသည်။

"ကမ္ဘာကြီးကို အမှီလိုက်ဖို့ဆိုရင် အနည်းဆုံး ဆယ်နှစ်လောက်လိုပါမယ်။ ကျွန်တော်တို့ရဲ့ ပညာရေးယဉ်ကျေးမှုကြီးကို ပြောင်းပစ်ရပါမယ်။ ဒါပေမယ့် ဒါလုပ်ဖို့သိပ်ခက်ခဲနေပါလိမ့်မယ်"ဟု ပညာရေးမြှင့်တင်မှုများပြုလုပ်နေသော မင်္ဂလာမြန်မာမှအကြီးအကဲ ဒေါက်တာဘုန်းဝင်းက ပြောသည်။

ကနဦးခြေလှမ်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ယခင်ကလုပ်ဆောင်ဖူးခြင်းမရှိသော ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး စစ်တပ်က အာဏာ ဆုပ်ကိုင်ထားမှုကို လျှော့ချနေသော သမ္မတ ဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ် ၎င်းတက်ရောက်လာစဉ်က မိန့်ကြားခဲ့သောမိန့်ခွန်းတွင် ပညာရေး တိုးတက်ရန် နှင့် နိုင်ငံတကာ အဆင့်မြှင့်တင်ရေးအတွက် နိုင်ငံခြားပညာရှင်များ ရှာဖွေရန်ပြောကြားခဲ့သည်။

ပညာရေးဘက်ဂျက်သည် စစ်တပ်သုံးစွဲမှုထက်စာလျှင် နည်းပါးလွန်းလှပြီး၊ လုံလောက်မှုမရှိဟု ကျယ်ပြန့်စွာ ဝေဖန်ခဲ့ကြသည်။ ဧပြီလက ပညာရေးဘတ်ဂျက်ကို ဒေါ်လာသန်း(၃၄၀)မှ သန်း(၇၄၀)သို့ တိုးမြှင့်ပေးခဲ့သည်။ နှစ်ပေါင်းများစွာကပင် ဘတ်ဂျက်၏ ၂၅% ကိုစစ်တပ်အတွက် အသုံးပြုခဲ့ပြီး၊ ပညာရေးအတွက် ၁.၃% သာအသုံးပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ဓါတ်ခွဲခန်းပစ္စည်းများနှင့် ကိရိယာများကိုင်တွယ်နိုင်မည့် အင်ဂျင်နီယာများ မဖြည့်ဆည်းပေးနိုင်သည်မှာ ဓါတုဗေဒပါမောက္ခ မျိုးဆက်နှစ်ဆက်နှစ်ခုရှိပြီဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးမိုးကျော်က ပြောသည်။

MBA ဘွဲ့ရများမှအစပြု၍ ရှေ့နေများနှင့် စာရင်းကိုင်များအဆုံးများစွာ လိုအပ်လျက်ရှိသည်။ ဦးမိုးကျော်က တိတိပပ စိုးရိမ်ရသောအချက်မှာ အကယ်၍ ရင်းနှီးမြှုပ်နှံမှုများ ပုံအောဝင်လာပါက ကျွမ်းကျင်သောပညာရှင်များနှင့်လုပ်သားများ မရှိခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ မကြာသေးမီက ရန်ကုန်၏ အနာဂါတ်နှင့်ပတ်သက်၍ ကွန်ဖရင့်တစ်ခုတွင် အစိုးရတာဝန်ရှိသူများက တိုင်းပြည်တွင်မြို့ပြဖွံ့ဖြိုးရေးနှင့်ပတ်သက်သော ပညာရှင်(၅၀)ဦး ခန့်သာ ရှိပြီး (၅၀၀)ခန့် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံဟာ အမြတ်ထုတ်ခံရနိုင်တယ်လို့ ပြောနိုင်ပါတယ်။ ပြည်တွင်းမှာ အဆင့်အတန်းမှီတဲ့ လူတွေမရှိတော့ နိုင်ငံခြားသားတွေက သူ့ဘာသာခေါ်လာကြတဲ့အခါ မြန်မာတွေအဖို့ လခကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးမှာ ဖြစ်ပါတယ်"ဟု UNESCO မှ ပညာရေးနှင့် ပတ်သက်သော Sardar Umar Alam ကပြောသည်။

"အစိုးရသည် အဆင့်မြင့်ပညာအတွက် ကျောင်းပေါင်း(၁၆၀)ခန့် တိုးမြှင့်ပေးခဲ့သော်လည်း၊ ဘွဲ့ရသူအများစုက ၎င်းတို့၏ဘွဲ့နှင့် မထိုက်တန်ကြောင်း ကိုယ့်ကိုကိုယ် ပြက်ရယ်ပြုကြသည်။

ယခင် ဗြိတိသျှကိုလိုနီဟောင်းဖြစ်သော မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာအရည်အသွေးများ ပျောက်ဆုံးသွားရခြင်းအတွက် အများက စိတ်ပျက် နေကြသည်။ ၁၉၆၀ ခုနှစ်နှစ်လယ်များက နိုင်ငံခြားသားကြောက်သော ဗိုလ်ချုပ်နေဝင်းက ကျောင်းများတွင် အတန်းငယ်များ၌ အင်္ဂလိပ်စာ သင်ကြားမှုကို ပိတ်ပင်ခဲ့သည်။

"ကျွန်တောတို့ မန္တလေးရုံးမှာ အလုပ်တော်တဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးရှိပါတယ်။ သူကစိတ်ပညာနဲ့ဘွဲ့ရပေမယ့် အင်္ဂလိပ်လိုစာလုံးတောင် မပေါင်းတက်ပါဘူး"ဟု ဦးမိုးကျော်က ပြောသည်။

ပညာရေးအပေါ်ဆင်နွှဲသောတိုက်ပွဲမှာ ၁၉၆၂ ခုနှစ်စစ်တပ်မှအာဏာသိမ်းပြီးနောက် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အဦးကို အစိုးရဆန့်ကျင်သူများ၏ လှုပ်ရှားမှုများစတင်ရာနေရာ အဖြစ်မှတ်ယူ၍ ဗုံးခွဲခဲ့ရာမှ စတင်ခဲ့သည်။

သို့သော် အမှောင်ဆုံးနေ့ရက်များမှာ ၁၉၈၈ ခုနှစ်က ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်သော ဒီမိုကရေစီဆန္ဒပြပွဲများ ရှုံးနိမ့် ခဲ့ရမှုများအပြီးတွင် ထွက်ပေါ်လာခဲ့သည်။ စစ်အစိုးရသည် တက္ကသိုလ်များကို ပိတ်ပစ်ခဲ့ပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများကို ကာကွယ်သည့်အနေဖြင့် ကျောင်းသားများကို မြို့နှင့် ဝေးရာသို့ ပို့ပစ်ခဲ့သည်။

"တက္ကသိုလ်ကျောင်းသားဘဝတွေဟာ တစ်စစီပြိုကွဲခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရက တက္ကသိုလ်ကျောင်းသားတွေဟာ ငြိမ်ဝပ်ပိပြားနေရ မယ်လို့ ခံယူထားလို့ပါပဲ"ဟု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ဗြိတိသျှပါလီမန်တွင် ပြောခဲ့သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

"ပညာရေးစနစ်က လွန်စွာအားနည်းနေပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်နေပါတယ်။ ကျောင်းတွေ၊ သင်ရိုးတွေနဲ့ ဆရာတွေကို လေ့ကျင့်သင်ကြားပေးရေးတွေသာမကပဲ ကျွန်မတို့ရဲ့ ပညာရေးအပေါ်ထားတဲ့ သဘောထားကိုလည်း ပြုပြင်ယူရပါမယ်။ လက်ရှိအားဖြင့် ပညာရေးနှင့် ပတ်သက်ပြီး သဘောထားက အမြင်ကျဉ်းမြောင်းလွန်းပြီး၊ ပြောင်းလဲလိုစိတ်မရှိပါဘူး"ဟု သူက Oxford တက္ကသိုလ်တွင် ပြောကြားခဲ့သည်။

ကျောင်းသားများမှာ ကျေးလက်တွင်ရှိသော ကျောင်းများသို့တက်ရောက်ရန် အားမရှိကြဘဲ အဝေးသင်ပညာရေးကိုသာ ပို၍စိတ်အားထက်သန် ကြသည်။ ကျောင်းသားများ၏ ၇၀% မှာ အဝေးသင်ဖြင့်သာ ဘွဲ့ယူကြသည်။ ပုံမှန်အားဖြင့် အဝေးသင်ကျောင်းသားများမှာ တစ်နှစ်လျှင် ၁၀ ရက်ခန့်သာ ကျောင်းတက်ရပြီး၊ အိမ်တွင်လုပ်ရန် အဆိုင်းမင့်များပေးခြင်းသာ ရှိသည်။

အသက်လေးဆယ်ကျော်ဝန်းကျင်တွင် ရှိနေသူများသည် အစိုးရထံတွင်သော်လည်းကောင်း၊ စီးပွားရေးလောကတွင်လည်းကောင်း အကြီးတန်း နေရာများတွင် ရောက်နေသင့်ပြီဖြစ်သည်။ သို့သော် ယခု ဤအရွယ်သို့ ရောက်နေသူများမှ ကျောင်းတွင်ပညာပြည့်ဝစွာမရခဲ့၊ အချို့ကလည်း ရည်မှန်းချက် ပျက်၍ အရည်အချင်းမပြည့်ဝဘဲ အလုပ်အကိုင်ဘဝထဲသို့ ရောက်ရှိခဲ့ရပြီး၊ အချို့ကလည်း နိုင်ငံခြားတိုင်းပြည်များသို့ ထွက်သွားရခဲ့သည်။

အာဏာရှင်စနစ်၏ လက်အောက်တွင်ရှိသော နှစ်များအတွင်း ပညာရေးစနစ်သည် အောက်သို့စိုက်၍ ထိုးဆင်းသွားခဲ့သည်။ စာမေးပွဲတွင် ခိုးချ ခြင်းများကလည်း ကျယ်ပြန့်လာသည်။ ဆင်းရဲမွဲတေမှုကြောင့် ကိန်းဂဏန်းမှာ မယုံနိုင်ဖွယ်ကျဆင်းခဲ့ရာ လူဦးရေ၏ ၇၀% သည် မူလတန်းပညာရေးကိုပင် ပြီးဆုံးအောင် မသင်နိုင်ဖြစ်ရသည်ကို တွေ့ရသည်။ တက္ကသိုလ်များ၏ အဆင့်အတန်းမှာလည်း လျင်မြန်စွာကျဆင်းခဲ့သည်။

"မြန်မာနိုင်ငံမှာ ပါမောက္ခတွေဟာ သုတေသနလုပ်ဖို့မလိုပါဘူး၊ စာတမ်းလေးရေး၊ ကွန်ဖရင့်လေးတက်ရုံပါပဲ။ သောကြာနေ့မှာ လျှောက်လွှာတင်၊ တနင်္လာနေ့မှာ ပါမောက္ခဖြစ်ပြီ"ဟု ဒေါက်တာဘုန်းဝင်းက ပြောသည်။

မကြာမီက စစ်တပ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ ပြောင်းလဲသွားခဲ့ရာ၊ ပြည်သူများသည် ၎င်းတို့၏ ဒေါသများကို ဖော်ထုတ် လာကြသည်။ နာမည်ကြီးသော ဘလောဂ့်တစ်ခုတွင် ဘာမျှမတက်သော စစ်အရာရှိများသည် ၎င်းတို့၏ အာဏာကို အလွဲသုံးစား၍ ချမ်းသာအောင် လုပ်နေ သည်ဟု ပညာရေးတာဝန်ရှိသူများကို စွပ်စွဲပြောဆိုထားသည်။

သို့သော်အစိုးရသည် ၉ သန်းမျှရှိသော ကျောင်းသားများတိုးတက်မှုရှိရေးအတွက် ကြိုးစားနေပုံတော့ရသည်။

ကျောင်းဆရာများမှာ ဆင်းရဲသည့်အဆင့်တွင်ပင် ရှိနေသေးပြီး လစာတိုးမြှင့်ပေးထားပြီး တစ်လလျှင်ဒေါ်လာ (၃၀) တိုးပေးထားသည်။ ကျေးလက်တွင် တာဝန်ထမ်းဆောင်သူများ နှစ်ဆတိုးသည်။

ယခင်ကတည်းက အဆက်အသွယ်ရှိခဲ့သော နိုင်ငံခြားတက္ကသိုလ်များ ပြန်လည်တည်ထောင်ရန် လုပ်ဆောင်လျက်ရှိသည်။ အမေရိကန်၏ John Hopkins တက္ကသိုလ်သည် ဘွဲ့ရကျောင်းသားများနှင့် ဆရာများလေ့ကျင့်ပေးရေးအတွက် ရည်ရွယ်၍ ရန်ကုန်တက္ကသိုလ်တွင် Center of Excellence ထူထောင်ရန် စီစဉ်နေသည်။

"သမ္မတကြီးကတော့ ပညာရေးနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တကယ်ကိုတွန်းအားပေးနေတာပါပဲ။ ဒါပေမယ့် ဒါက အထက်က အောက်သွားတဲ့ပုံစံ(top-down)ဖြစ်နေတော့၊ ညွှ့န်ကြားရေးမှူးချုပ် အဆင့်လောက်မှာတင် ရပ်နေတယ်"ဟု မြန်မာနိုင်ငံ၏ လေးစားရသော ပညာရှင် တစ်ဦးဖြစ်သူ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူးဟောင်း ဦးသော်ကောင်းက ပြောသည်။ "အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စကားကို နားထောင်နေတာပဲ။ တစ်ခါတစ်ရံ ဝန်ကြီးအဖြေရခက်တဲ့ မေးခွန်းတွေတောင် မေးနေကြတယ်"ဟု ၎င်းကဆိုသည်။

မြန်မာပညာတက်အများစုက သမ္မတအကြံပေးဦးမြင့်၏ ယခုအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသော ရန်ကုန်တက္ကသိုလ်ဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်ရန်နှင့် ပြည်သူလူထုအလှူငွေဖြင့် ကျောင်းသားသမဂ္ဂအဆောက်အဦး ပြန်လည်ဆောက်လုပ်ရန် တိုက်တွန်းထားမှုအား ခေါင်းဆောင်ပိုင်းမှ တုန့်ပြန်မှုကို စိတ်အားထက်သန်စွာ စောင့်ကြည့်လျက်ရှိသည်။ ၎င်းက ရန်ကုန်တက္ကသိုလ်အား အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးသော မှတ်တိုင်ဟုလည်းကောင်း၊ သမိုင်းစာမျက်နှာသစ် အသစ်စတင်ရန် အကောင်းဆုံးနည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထွက်ပေါ်လာမည့် ရလဒ်သည် အစိုးရက ၎င်း၏ ရည်ရွယ်ချက်အပေါ် အလေးအနက်ထားခြင်း ရှိမရှိ အဓိကစမ်းသပ်မှုအတွက် သက်သေဖြစ်မည် ဖြစ်သည်။ သို့တည်းမဟုတ် ကျောင်းသားများ၏ စွမ်းအားကိုကြောက်ရွံ့သော စိတ်၏ အရိပ်ထိုးမှုခံရဆဲလားဆိုသည်ကို စောင့်ကြည့်ရပေတော့မည်။
yangonchronicle


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment