Sunday 15 July 2012





)
    Posted: 13 Jul 2012 12:27 AM PDT

    ပြည်သူ့လွှတ်တော် website ကို beta version ဖြင့် လွှင့်တင်ထားကြောင်းသိရသည်။
    အဆိုပါ website တွင် အစည်းအဝေးမှတ်တမ်းများ,ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအကြောင်းရှာရန်, ပြည်သူ့လွှတ်တော်
     ပုံမှန်အစည်းအဝေးများ,ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်း,ပြည်သူ့လွှတ်တော်သို့ ပြည်သူအသံ တင်ပြတောင်းခံနိုင်
    သည့် အစီအစဉ်များဖြင့် လွှင့်တင်ထားကြောင်းသိရသည်။

    ပြည်သူ့လွှတ်တော် website လိပ်စာမှာ-

    http://www.pyithuhluttaw.gov.mm/

     
    Posted: 13 Jul 2012 12:18 AM PDT
    photo. Getty images
    ရုပ်ရှင်ရုံအတွင်း နိုင်ငံတော်အလံကို အလေးပြုမှု အားနည်းခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း မေးမြန်း

    လင်းလင်း-ရန်ကုန် ဇူလိုင် ၁၃

    ဇူလိုင် ၁၂ရက်က ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဥာဏ်လင်းက ရုပ်ရှင်ရုံများ၌ ရုပ်ရှင်ပြသရာတွင် နိုင်ငံတော်အလံအား အလေးပြုမှု အားနည်းခြင်းနှင့် ပတ်သက်ပြီး မည်သို့ ပြုပြင် ဆောင်ရွက်သွားရန် ရှိမရှိ သိရှိလိုကြောင်းမေးခွန်းအား မေးမြန်းခဲ့ကြောင်းသိရသည်။

    အဆိုပါမေးခွန်းနှင့်စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းက နိုင်ငံတော်အလံ ပြသစဉ် နိုင်ငံတော်အလံကို
     အလေးပြုမှု အားနည်းသည့်အတွက် သတိပေးစာသားကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာ ဖြင့် အလံတော်မပြသမီ ကြိုတင်ပြ
    သခြင်းကို ၂၀၀၆ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ကြည့်ရှုသူပရိသတ်က နိုင်ငံတော်အလံအား အလေးမပြုခြင်းကို ယခင်ခေတ်ကာလက ရုံများအတွင်း စည်းကမ်းထိန်းရဲများ ထားရှိပြီး ရုံပြင်သို့ခေါ်ကာ ဒဏ်ရိုက်အရေးယူခြင်းဆောင်ရွက်ခဲ့ဖူးကြောင်းကို ဖြေကြားသည်။

    ထို့နောက် ၎င်းကဆက်လက်ပြီး လက်ရှိ နိုင်ငံတော်အလံ ဥပဒေနှင့် နည်းဥပဒေတို့တွင် ရုပ်ရှင်ရုံအတွင်း နိုင်ငံတော်အလံ အလေးပြုရန် ပျက်ကွက်ပါက အရေးယူဆောင်ရွက်ရန် ထည့်သွင်းဖော်ပြထားခြင်း မရှိသေးပါသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိထုတ်ပြန်ထားသော နိုင်ငံတော်အလံဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်သင့်ကြောင်း၊ ထိုသို့ထုတ်ပြန်ပြီးပါက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်ရုံများတွင် နိုင်င့တော်အလံအား အလေးပြုရန် သတိပေး ဆိုင်းဘုတ်များ ရေးသားချိတ်ဆွဲစေခြင်း၊ ရုပ်ရှင်မပြမီ အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းကို ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။

    Ko Ye

    Posted: 13 Jul 2012 12:07 AM PDT
    Posted: 12 Jul 2012 04:53 PM PDT
    ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ဆဌမမြောက်နေ့ (ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ တက်ရောက်သည့် သုံးရက်မြောက်နေ့) ဇူလိုင်(၁၁) ရက်နေ့တွင်လွှတ်တော်အစည်း အဝေးဒုတိယ ပိုင်းကျင်းပစဉ် ခေတ်တရပ်နားချိန်တွင်
    အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် သတင်း မီဒီများ တွေ့ ဆုံမေးမြန်းမှုများကို စာဖတ်ပရိ
    သတ်များ အ စုံအလင် ဖတ်ရှုနိုင် ရန် ဖော်ပြ လိုက်ပါ သည်။

    မေး။ ။ဒေးဗစ်မစ်ရှယ် မြန်မာပြည်ကိုရောက်လာ ပြီးလို့သိရပါတယ် အန်တီရဲ့သဘောထားကို သိချင်ပါ တယ်။

    ဖြေ။ ။ကောင်းပါတယ်။ သူကမြန်မာပြည်ကိစစတွေ လည်းတော်တော်လေး ကျွမ်းကျင်ပါတယ်။ ခဏခဏ လည်း လာပြီးပြီ မြန်မာပြည် ကို အရင်နှစ်ပေါင်းများစွာ ကတည်းက မြန်မာပြည်အရေး ကိစတွေ ကိုလေ့လာထား ပြီးသားဆိုတော့ သင့်တော်တဲ့ သံတမန်တစ်ယောက် လို့ ပြောလို့ ရပါတယ်။

    မေး။ ။အမေရိကန်နဲ့ဆက်ဆံရေးကရောခင်ဗျ။

    ဖြေ။ ။ဘယ်နိုင်ငံနဲ့ဆက်ဆံရေးမဆိုကောင်း ဖို့ပဲ မျှော်လင့်ပါတယ်။

    မေး။ ။မနေ့ကဆု အတွက် ပြောပေးပါဦး။

    ဖြေ။ ။ချားချီးစ် ဆုကိုပေးလိုက်မှ တာသိတာပါ။လော့မာဒင်က ဝင်စတန်ချားချီ ကိုအင်မတန် လေးစား တယ်။ သူစိတ်ထဲမှာ လေးစားတဲ့တစ်ဦးအနေနဲ့သတ်မှတ် ပါတယ်ဆိုပြီး လိုက်တာပါ။

    မေး။ ။မနေ့ကထွတ်ပေါ်နေတဲ့ ဒုသမ္မတ အမည်အပြောင်း အလဲဖြစ်နေတယ်လို့ကြား ပါတယ်။ သတင်း ပေါက် ကြားသွား
    လို့ဆိုပြီး တပ်ကအရာရှိတွေ ကိုခေါ်ဆူတယ် လို့လဲသိရပါတယ်။

    ဖြေ။ ။ဒါတွေဟာ မပေါက်ကြား ရတော့ဘူးလား။ အဆူခံရတာလည်း အဆူခံရတာပေါ့။ အဆူခံ ရတာနဲ့ပဲ လူပါ ပြောင်းမယ်တဲ့လား။ အဆူခံရတာနဲ့ လူပြောင်းတာနဲ့ တစ်ကဏ္ဍာစီလို့ထင်တာပဲ။ သင့် တော်လို့ ရွေးထားတယ် ဆိုရင် ပေါက်ကြား

    လို့ဖြစ်စေ၊မပေါက်ကြားလို့ဖြစ်စေရွေး မယ်လို့ ထင်တာပေါ့။ ဒါဟာ အစကတည်းကပဲ ကောလ ဟာလလားမှမသိတာ။

    မေး။ ။အန်တီတင်မယ့် အဆိုတွေ မေးခွန်းတွေ ဘယ်တော့ လွှတ်တော်မှာတွေ့မြင်လာရမလဲရှင့်။

    ဖြေ။ ။အဲ့ဒါတော့ မသိဘူး။ အန်တီတို့ဆုံးဖြတ်တာ မဟုတ်တဲ့အတွက်။တင်တာကတော့ တင်တာပေါ့။ ဘယ် တော့လောက် လက်ခံမယ်ဆိုတာကတော့ ဒီကရုံးပေါ်မှာ တည်တာပေါ့။

    မေး။ ။အန်တီကိုယ်တိုင်ရော လွှတ်တော်ကိုယ်စား လှယ်တွေတင်ခွင့်ရတဲ့ အဆို(၁၀)ခု၊မေးခွန်း(၁၀)ခု အပြည့် အစုံတင်ဖြစ်
    လားရှင့်။ ဘယ်နှစ်ခုလောက်စဉ်းစား ထားလဲရှင့်။ အကြောင်း အရာလေး ပြောပေး ပါလား။

    ဖြေ။ ။အကုန်မတင်ဖြစ်သေးဘူး။တစ်ခုတော့တင်ထားတယ်။အခု မပြောသေးဘူး ။ကြည့်လိုက်ဦး မယ်။ ဒါ တော င် ရင်တ
    ထိတ်ထိတ် နဲ့စောင့်ရဦးမယ်။

    မေး။ ။အန်တီပညာရေးလို့ကြားပါတယ် ဟုတ် လား။

    ဖြေ။ ။ပညာရေးနဲ့တော့ ဆက်စပ်ပါတယ်။

    မေး။ ။ဥပဒေကြမ်းတွေ တင်သွားဖို့ရှိပါသလား။

    ဖြေ။ ။ဥပဒေကြမ်း တွေကိုတော့ ဆွေးနွေးသွားဖို့ အန်တီ တို့ကိုယ်စားလှယ် တွေမှာရှိပါ တယ်။ ဥပဒေကြမ်း တွေ တင်သွားဖို့တော့ မရှိပါဘူး။

    မေး။ ။အခု အဆိုတွေဆွေးနွေးတဲ့အခါမှာ အန်တီ အနေနဲ့လေ့လာမိသလောက် ဘာလိုအဆိုတွေ များ ဝင် ရောက် ဆွေးနွေး သွားဖို့ရှိပါသေးလဲ။

    ဖြေ။ ။အဆိုတွေကို ဆွေးနွေး သွားဖို့ရှိပေမယ့် ပြောခွင့်ရှိလား။ မရှိလား။မသိဘူးလေ။ တော်ကြာ အန်တီ အပြော မှား နေပါဦးမယ်။ မပြော တာပဲကောင်းတယ်။

    မေး။ ။ကော့မှူးအတွက် ဘာများတင်သွားဖို့ရှိလဲ။

    ဖြေ။ ။ကော့မှူး အတွက်ကတော့ သက်သက်တင် ဖို့မရှိပါဘူး။ ကော့မှူးအတွက်ကတော့ တက်နိုင်သ လောက်လုပ် နေတာပဲ။ တချို့အဆင့်ကမြို့နယ်အဆင့် ကနေလုပ်ရမယ့် ကိစတွေ တော်တော်များ တယ်လေ အဲ့ဒါ တွေတောင် မလုပ်နိုင်ဘူး ဆိုတော့ အဲ့ဒါတွေကို အဓိက ဦးစားပေးပြီးလုပ်နေတယ်။

    မေး။ ။ဘယ်လိုအဆိုမျိုးကို ဝင်ပြီးဆွေးနွေးသွားဖို့ ရှိလဲ။

    ဖြေ။ ။အန်တီ ကိုယ်တိုင်တော့ အခြားကိုယ်စား လှယ်တွေရဲ့အဆိုတွေဆွေးနွေးသွားဖို့ မရှိသေးပါဘူး။ အန်တီတို့ အခြားကိုယ်စားလှယ် တွေကတော့ ဆွေးနွေး သွားဖို့ရှိပါတယ်။

    မေး။ ။ဝန်ကြီးတွေအပြောင်းအလဲရှိတယ်လို့သိရ ပါတယ်။အန်တီရဲ့သဘောထားသိချင်ပါတယ်။

    ဖြေ။ ။ဒုဝန်ကြီးတွေပြောင်း သွားပြီလေ။ဝန်ကြီးတွေ ပြောင်းဖို့ရှိသေးလား။အဓိကကတော့ အပြောင်း အလဲ ဆိုတာကောင်းဘက် ကိုဦးတည်ဖို့ပဲအရေးကြီးပါတယ်။ဘယ် သူရယ်၊ဘယ်ဝါရယ် မှမဟုတ်ပါဘူး။ သင့်တော်တဲ့ သူဖြစ်ဖို့ပေါ့။သင့်တော်တဲ့သူဆိုတာလည်း ပထမဦးဆုံးနံပါတ် တစ်အနေနဲ့ ဒီမိုကရေစီ ပြောင်းလဲရေး အတွက် အားသန် တဲ့ပုဂိုလ်ဖြစ်ရမယ်။နံပါတ်နှစ်အနေနဲ့ကတော့ အလုပ် ကျွမ်းကျင်တဲ့ သူဖြစ်ရ မယ်။အဲ့ဒီနှစ်ခုကိုတော့ အထား ပြီးပြောချင်တယ်။

    မေး။ ။အခု Check and Balance လုပ်နေ တဲ့အပေါ်ဘယ်လိုသဘောထားပါသလဲ။

    ဖြေ။ ။အန်တီတို့ဟာ အမြဲပဲ ဥပဒေစိုးမိုးရေးကို ပြောနေတော့ ဥပဒေရေးမဏ္ဍိုင် ကိုပိုပြီး အာရုံစိုက်စေ ချင် တယ်။ အခု အဲ့ဒီဘက်မှာ အာရုံစိုက်မှု အားနည်း နေသေးတယ်။

    မေး။ ။လွှတ်တော်နိုင်ငံရေး process အပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။ အခြားကိုယ်စားလှယ်တွေ တင်သွင်း တဲ့ အဆိုတွေဟာ ပြည်သူ့လူထု အတွက် အကျိုးရှိတာတွေ တော်တော်များများ ပါတယ်။ တချို့မှာ မပါဘူး။

    ဖြေ။ ။အဲ့ဒါကြတော့ တခြားကိုယ်စားလှယ်တွေ ရဲ့ တင်သွင်းမှုအပေါ်မှာ ဘာမှမှတ်ချက်မပေး ချင်ပါဘူး။အဲ့ ဒါဟာ မကောင်းဘူးလေ။ဝေဖန်တာပဲဖြစ်ဖြစ်၊အခြား တစ်ယောက်ကိုထောက်ခံ တာပဲဖြစ်ဖြစ် မကောင်းဘူး။ ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ လွှတ်တော်ကိုပိုပြီးလွတ် လွတ်လပ် လပ်ဖြစ်စေ ချင်ပါတယ်။အန်တီတို့ကိုယ်တိုင် ကိုယ်စားလှယ်တွေဆိုတော့ ဝင်လိုက် ထွက်လိုက်လုပ် စေချင် တယ်။ ဥပမာ-ကိုယ်ရဲ့ကျွမ်းကျင်မှုတွေနဲ့စိတ်မဝင်စား ဘူးဆိုရင် အခြားကို သွားပြီး ကိုယ်အဆိုနဲ့ ပက်သက်ပြီး ပြင်ဆင်ဖို့ ဆွေးနွေးဖို့အဲ့လို အနေအထားမျိုးရှိမယ်ဆို ရင်တော့ ကိုယ်စားလှယ် တွေအတွက်ပို လွတ်လပ်တာ ပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တစ်ချိန်တည်း မှာထ၊ တစ်ချိန်တည်း မှာ ထိုင်ဆိုတော့ ဒါတွေဟာနောက် တော့ဖြစ်လာမှာပါ။ ရင့်ကျက်တဲ့ လွှတ်တော်နဲ့ တော့ နည်း နည်းကွာသေးတာပေါ့။ဒါဟာ တဆင့်တဆင့်ဖြစ်သွား မယ်လို့ထင်ပါတယ်။



    မေး။ ။အစ်မတို့ ကော်မတီတစ်ရပ်ဖွဲ့ ထားတယ်လို့ သိရပါတယ်။အဲ့ဒီကော်မတီမှာ အစ်မတာ ဝန်ယူထား တယ်လို့ သိရပါတယ်။ တင်သွင်းတဲ့ အဆိုတွေမှာ စိစစ်ပြီး မှတင်သွင်းခွင့်ပြုမှာလား သိချင် ပါတယ်။

    ဖြေ။ ။စိစစ်တယ်ဆိုတာ ဒီလိုပါ။နံပါတ်တစ်ကတင် သွင်းပုံတင်သွင်းနည်းမှန်လား ကြည့်ရဦးမယ်။ သိပ်မကျွမ်း ကျင်သေးတော့ လုပ်ပုံလုပ်နည်းလည်းမှန်လားဆိုတာ ကြည့်ရဦးမယ်။ လုပ်ထုံးလုပ်နည်း တွေကျွမ်းကျင် သလား ဆိုတာကြည့်ရမယ်။နောက်တစ်ခုက ထပ်တလဲလဲမဖြစ် စေချင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်မညှိ တဲ့အတွက်ဖြစ်တက်တယ်။ နောက်တစ်မျိုးကတော့ မလိုအပ်တဲ့အ ချက်တွေကို မထည့်စေချင်ဘူး။ ကိုယ်တင်သွင်းချင်တာ တင်သွင်း ဒါပေမယ့်အရှည်ကြီး သမိုင်းကြောင်းလှန်တာတို့ မလိုအပ်ရင်။ တခါတလေလည်း လိုအပ်ပါတယ်။တစ်ခါ တစ်လေကြတော့ လည်း သမိုင်းကြောင်းနဲ့ ယှဉ်ပြီးပြောမှ လည်း အဓိပ္ပာယ်ပေါ်လွင်တာကိုး။ လွှတ်တော်ရဲ့အချိန် ကိုလေးစား သောအားဖြင့် မလိုအပ်တဲ့ အချက်တွေမ ထည့်ဖို့။နောက်ပြီးတော့လည်း တိတိကျကျ တိုတို တုတ် တုတ်ပြောတဲ့ အခါကျရင် အများလည်း နားလည်လွယ် တာပေါ့။တခြားကြောင့်တော့ မဟုတ ပါဘူး။ ဟိုတလော ကဆိုရင် တစ်ယောက်နဲ့ တစ်ယောက်မတိုင်ပင်ကြတော့ နှစ်ယောက်စလုံး ကအ တူတူ ပဲဖြစ် နေတာပေါ့။အဲ့ဒါက မလိုအပ်ဘူးထင်ပါတယ်။အချိန်လည်း ကုန်တာပေါ့။

    မေး။ ။အန်တီ အဆိုတွေ၊မေးခွန်းတွေအတွက် အချက်အလက်တွေ ရှာဖွေတဲ့အခါ ဌာနဆိုင်ရာတွေမှာ အချက် အလက် တွေရှာဖွေသွားမှာလား။

    ဖြေ။ ။အန်တီအတွက် အချက်အလက်ရှာဖွေတဲ့အခါမှာ ပိုပြီးအချိန်ယူလို့ရရင်၊အချိန်ယူသင့်ရင် ယူလို့ရရင် ကောင်းတာပေါ့။ဘာလို့လဲဆိုတော့ နေပြည်တော်ဆိုတာ သီးသန့်နေရာဖြစ်တဲ့နေရာဆိုတော့ ကိုယ်လို ချင် တဲ့အချက်အလက်တွေ ရှာဖို့၊သင့်တော်တဲ့ သူတွေနဲ့ဆွေးနွေး ဖို့ဆိုတာသိပ် မလွယ်ဘူး။ မလွယ်တဲ့ အတွက် အချိန်ပိုယူ လို့ရရင်ကောင်းတာပေါ့။


    မေး။ ။ဦးဌေးဦး တို့ပြောလာတာရှိပါတယ် သူတို့ပါ တီနဲ့အန်တီတို့ပူးပေါင်းသွားဖို့အဆင်သင့်ပါပဲလို့ ပြောပါ တယ်။ အန်တီတို့ဘက်က ဘယ်လိုသဘောထား ရှိပါသလဲ။


    ဖြေ။ ။အန်တီတို့ကဘယ်ပါတီနဲ့မဆို ပူးပေါင်း ဆောင်ရွက်ဖို့အဆင်သင့်ပါပဲ။ကိုယ့်ရဲ့ရည်ရွယ်ချက်က တကယ်ပဲ ဥပဒေစိုးမိုးရေးနဲ့ဒီမိုကရေစီရရှိရေးဆိုရင် ဘယ်ပါတီနဲ့ မဆိုပူးပေါင်း ဆောင်ရွက်ဖို့ ဝန်မလေး ပါဘူး။

    မေး။ ။လွှတ်တော် အဆက်ဆက်မှာ မူတွေချမှတ် တာတွေ လုပ်ငန်းစဉ်တွေရေး ဆွဲတာတွေရှိ ပါတယ်။ ဒီမှာ ဘာတွေပြောင်းလဲ တယ်လို့ မြင်ပါသလဲ။

    ဖြေ။ ။ဒါကြောင့်မို့လို ကိုယ်လုပ်နိုင်သလောက်ပဲ လုပ်ဖို့ပြောတာပါ။ဒါကြောင့်မို့လို့လဲ ကော်မတီတွေဖွဲ့ ထားတာပါ။ လက်တွေ့မကျတဲ့အဆိုတွေကိုတော့ အစ်မ တို့အနေနဲ့ အားပေးသွားမှာ မဟုတ်ပါဘူး။ သဘော မတူဘူး ဆိုရင် ရှင်းပြပေါ့။ဘာကြောင့် သဘောမတူတာလဲ တာလဲဆိုတာ။ တင်တဲ့သူလည်း ရှင်းပြပေါ့။ တချို့ကလည်း လွှတ်တော်ထဲမှာ လုပ်ပုံလုပ်နည်းနဲ့မနီးစပ်လို့ပေါ့။

    မေး။ ။ဖွဲ့စည်းပုံ ဥပဒေနဲ့ပက်သက်ပြီး ဘယ်အချက် တွေကိုပြုပြင်သွားမလဲခင်ဗျ။

    ဖြေ။ ။အဲ့ဒါကတော့ ပြောဖို့စောပါသေးတယ်။

    မေး။ ။လွှတ်တော်အတွက် အဓိကကျတဲ့အဆိုတွေ ၊မေးခွန်းတွေ များရှိပါသလား။

    ဖြေ။ ။အခုပညာရေးနဲ့ ပက်သက်တဲ့အဆိုတွေက တော့အရေးကြီးတာပေါ့။ အမှန်တိုင်းပြောရရင် ဆွေးနွေး တဲ့အဆင့်မှာ လွန်သွားပြီ။အခုဟာ ပြုပြင်ပြောင်းလဲတာ အတည်ပြုတဲ့ အဆင့် ရောက်သွား ပြီပေါ့။ အန်တီတို့သိပ် ပြီးပါဝင်ဆွေးနွေးဖို့ မဖြစ်သေးပါဘူး။

    မေး။ ။အန်တီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့တုန်းက ပြောတယ်ပေါ့ ဒီကိုလာတာ အတိုက် အခံ လုပ်ဖို့ မဟုတ်ဘူး လို့မှာ တယ်လို့ပြောပါတယ်။

    ဖြေ။ ။ဒီလိုပါ ဒီမိုကရေစီ မှာဆိုအတိုက်အခံအဖွဲ့အ စည်းဆိုတာရှိရမှာပေါ့။အခုအခြေအနေမှာ အန်တီတို့ ကိုအတိုက်အခံအဖွဲ့ အစည်းလို့ခေါ်ရင်လည်း လက်ခံပါ တယ်။ မကန့်ကွက်ပါဘူး။ အန်တီပြောတာက ရန်လုပ်ဖို့ လာတာမဟုတ်ဘူး။ ရန်ဖြစ်ဖို့လာ တာမဟုတ်ဘူးလို့ပြော တာပါ။ စည်းစည်းလုံးလုံး နဲ့တက်နိုင်သမျှ နိုင်ငံအကျိုးအ တွက်ပူးပေါင်းဆောင်ရွက်ဖို့လာတာ ဒါဟာ အင်္ဂလိပ်မှာ ဆိုရင်သူတို့သုံးတာ သိတယ်မို့လား lawer opporzation လို့သစ္စာ စောင့်သိ တဲ့အတိုက်အ ခံလို သုံးကြတယ်။အန်တီတို့ကတော့ နိုင်ငံတော်အပေါ်ကို သစ်စာစောင့်သိတဲ့ အဖွဲ့အစည်း အနေနဲ့ လုပ်သွား မှာပါ။ အဓိကကတော့ နိုင်ငံပေါ်မှာသစ်စာစောင့်သိဖို့ပါ။ဘယ် သူ့ကိုမှတိုက်ချင်လို့ ခိုက်ချင်လို့ မဟုတ်ပါဘူး။ နိုင်ငံတော် ကိုအကျိုးပြုချင်လို့ အကျိုးပြုတဲ့နေရာမှာ ပူးပေါင်း ဆောင် ရွက်သင့်သူတွေ နဲ့ပူးပေါင်း ဆောင်ရွက် သွားမှာ ပါ။

    အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ဝေမာသိမ့် (Yangon Media Group)

    Posted: 12 Jul 2012 09:39 AM PDT
    US coordinator for policy on Myanmar, Derek Mitchell (L) poses for a photograph next to Myanmar President Thein Sein at the presidential residence in Naypyidaw on July 11, 2012. Mitchell, the first US ambassador to Myanmar in over two decades, took up his post on July 11, 2012. -(france24.com)
    (AFP သတင်းမှ 12 July 2012 ရက်စွဲပါ "Myanmar president urges west to lift sanctions"သတင်းကို ဘာသာပြန်ဆိုသည်)

    မြန်မာနိုင်ငံတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၏ ဒုတိယအဆင့်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေပြီဖြစ်၍ ယခင်ချမှတ်ထားသော Sanctions များအားလုံး ရုတ်သိမ်းပေးကြရန် သမ္မတဦးသိန်းစိန်က ကြာသပတေးနေ့တွင် အနောက်နိုင်ငံများကို တိုက်တွန်းတောင်းဆိုလိုက်သည်။

    လောလောဆယ်ဒီနိုင်ငံမှာ အရေးတကြီးလိုအပ်နေတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အလားအလာကောင်းစေဖို့အတွက် ငွေကြေးနဲ့ စီးပွားရေးဒဏ်ခတ်မှု Sanctions နှစ်မျိုးစလုံး ရုတ်သိမ်းပေးဖို့ အလွန်အမင်းအရေးကြီးနေပါတယ်ပာု မြန်မာသမ္မတ Financial Times သို့ ပြောကြားသည်။

    နေပြည်တော်ရှိ သမ္မတအိမ်တွင် Financial Times သတင်းစာကို လက်ခံတွေ့ဆုံသော မြန်မာသမ္မတက စီးပွားရေးပြုပြင်ပြောင်းလဲမှု ဒုတိယ အဆင့်ကို မြန်မာသမ္မတက စီးပွားရေးပြုပြင်ပြောင်းလဲမှု ဒုတိယအဆင့်ကို ကြီးကြပ်ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ပြီး လက်ရှိ အစိုးရအပေါ် တပ်မတော်က အာဏာချုပ်ကိုင်ထားဆဲပာူသော အငြင်းပွားစောဒကတက်မှုများကိုလည်း ပယ်ချက်လိုက်သည်။

    အမေရိကန်ပြည်ထောင်စုသည် ယခင်အပယ်ခံ မြန်မာနိုင်ငံအပေါ်ချမှတ်ထားခဲ့သော Sanctions များကို အငြင်းပွားစရာအကောင်းဆုံးနှင့် အများဆုံးဖြေလျော့မှုများအဖြစ် ရေနံဓာတ်ငွေ့အပါအဝင် မြန်မာစီးပွားရေးနယ်ပယ်၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံကြရန် မီးစိမ်း ပြလိုက်ပြီဖြစ်သည်။

    နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အာရှရေးရာကျွမ်းကျင်သူ ဒဲရစ်မစ်ချယ် ဗုဒ္ဓပာူးနေ့က ဆိုက်ရောက်လာပြီးနောက် နာရီပိုင်းအကြာတွင် သမ္မတဘားရက် အိုဘားမားက မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲပြသမှုများကို အသိအမှတ်ပြုသည့် နောက်ဆုံးအချက်ပြမှုကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

    မြန်မာအစိုးရပိုင် MOGE(မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း)နှင့် နိုင်ငံခြားကုမ္ပဏီများ ပူးပေါင်းစီးပွားရှာခြင်းမပြုကြရန် သတိပေး ပြောဆိုထားသော မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားနှင့် ယခုအိုးဘားမား၏ လုပ်ဆောင်မှုတို့အကြား ကွဲလွဲမှု ရှိနေသည်။

    ယခု ဥပဒေ စည်းကမ်းသစ်အရ အမေရိကန်ကုမ္ပဏီများသည် မြန်မာအစိုးရပိုင် MOGE ကုမ္ပဏီနှင့် စီးပွားရေးလုပ်ခွင့်ရှိသော်
    လည်း ရက်ပေါင်း ၆၀ အတွင်း အမေရိကန်နိုင်ငံခြားရေးဌာနကို အသိပေးအကြောင်းကြားရမည်ပာု ဆိုသည်။

    ယခင် တပ်မတော်အစိုးရလက်ထက် စီမံခန့်ခွဲမှုအလွဲများ၊ အဂတိလိုက်စားမှုများ၊ နိုင်ငံကိုတံခါးပိတ် လက်ဝါးကြီးအုပ်စီးပွားရှာမှုများကြောင့် စုတ်ပြတ်၊ ယိုယွင်း၊ ပြိုလဲသွားသော မြန်မာ့စီးပွားရေးလောကကို ပြန်လည်ပြင်ဆင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်နှင့် အခြားအစီအစဉ်များ
    စွာကို လွှတ်တော်တွင် ဆွေးနွေးနေကြပြီပာု သိရသည်။
    yangonchronicle

    Posted: 12 Jul 2012 09:35 AM PDT

    စင်္ကာပူမှ Kyler Lim အမည်ရ ကလေးငယ်တစ်ဦးဖြစ်သူသည် အသက် ၁၈ လကတည်းက မဂ္ဂဇင်းများကို ဖတ်ရှုနိုင်ပြီး အိုင်ကျူ အဆင့် ၁၄၀ ရှိကြောင်းသိရသည်။

    ယခုKyler သည် အသက် ၄ နှစ်ရှိပြီ ဖြစ်ပြီး ...ကျောင်းပညာရေး ပြဌာန်း စာအုပ် များကို ဖတ်ရှုလေ့လာနေမှတ်သားနေပြီ ဖြစ်ကြောင်း သိရသည်။

    အသက် ၁၈လ သာရှိခဲ့စဉ်ကသူသည် မဂ္ဂဇင်းကို အသံကျယ်လောင်စွာနှင့် ဖတ်ခဲ့ရာမိဘများ အံ့သြ၍ ဥာဏ်ရည် အဆင့် လေ့လာရေးသုတေသီသို့ သွားရောက်စစ်ဆေးခဲ့ရာ အိုင်ကျူအဆင့် ၁၄၀ ရှိသည်ကို တွေ့ရှိခဲ့သည်။ သာမန်စင်္ကာပူလူမျိုး တစ်ဦး၏ အိုင်ကျူအဆင့်သည် ၁၀၃ သာရှိသဖြင့် ကလေးငယ်ကို ဥာဏ်ကြီးရှင်ဟု သတ်မှတ်ခဲ့သည်။

    အင်္ဂလိပ်စကားလုံး ဝေါဟာရများကို သီးသန့်သင်ကြားပေးစရာမလိုပဲ သူ့အလိုလို တတ်မြောက် လျက်ရှိသည်ကိုလည်း တွေ့
    ရသည်။ ထို့အပြင် စာကိုလည်း ဘယ်ရော၊ညာပါ လက်နှစ်ဖက်လုံး နှင့် ကျွမ်းကျွမ်းကျင် ကျင် ရေးတတ်သည်ကို လက်တွေ
့ပြခဲ့သည်။

    ယခုအခါ Kyler Lim သည် စင်္ကာပူဥာဏ်ရည်မြင့်သူများအဖွဲ့ (Mensa Singapore) ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီး ဗဟုသုတ စွယ်စုံကျမ်းများ၊ အလယ်တန်း သင်ရိုးညွန်းစာပေ၊စာအုပ်များ ဖတ်ရှုလေ့လာမှတ် သား နေပြီ ဖြစ်ကြောင်း သိရသည်။

    မူရင်းသတင်းဝင်ရောက်ဖတ်ရှုရန်
    http://singaporeseen.stomp.com.sg/stomp/sgseen/this_urban_jungle/1196570/he_has_an_iq_of_140.html

    International news myanmar

    Posted: 12 Jul 2012 08:52 AM PDT
    ပေးပို့သူ.. ကိုမိုးသွေး

    Posted: 12 Jul 2012 08:05 AM PDT

    မှတ်မိပါတယ်..အခြေခံဥပဒေကိုပြင်မဲ့အတွက် ကျမ်းသစ္စာဆိုဖို့ကိစ္စနဲ့ ဒေါ်စုလွတ်တော်ထဲ မ၀င်ပဲနဲ့ နေတုန်းက.. လူတွေတော်တော်ဝေဘန်ကြတယ်၊

    အမျိုးမျိုးပဲ...... ကျွန်တော်တို့လဲအားမရခဲ့တာအမှန်ပါ...၊သစ္စာပြုတဲ့ကိစ္စကအရမ်းအရေးကြီးလားပေါ့...

    အခုနားလည်ပါပြီ၊..နားလည်မှုနဲ့အတူ..အမေစုကို ပိုပြီးလေးစားလာတယ်...တကယ်ပါ...

    ( နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ ၂၄(ခ) အရ......တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သတ်မှတ်ပေးသောနေရာတွင် ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပရမည်။ နည်းဥပဒေခွဲ(က)အရ ကျင်းပသည့် ရွေးချယ်တင်မြှောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဦးဆောင်မှုဖြင့်ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ရမည်ဖြစ်ကြောင်း)

    အဲဒါ ကိုမြင့်ဆွေ.အတွက်ပေါ့...

    (ပုဒ်မ ၆ (က)တွင် ပြဋ္ဌာန်းထားသည်မှာ ''နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (က) ပါ အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်၍ ၎င်း၏အမည်စာရင်းကို လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက် ရယူပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်)

    အဲဒါကိုဝေလွင်အတွက်ပေါ့..အခုအားလုံးလဲနားလည်ကြလောက်ပြီထင်ပါတယ်....

    လူတိုင်းမကြိုက်တဲ့သူကို ဒုသမ္မတအဖြစ်..အဲဒီအခြေခံဥပဒေကပဲရွေးချယ်ကြတော့မယ်....
    အဲဒီတော့..

    ကျမ်းကြိမ်ထားတဲ့ သစ္စာဆိုထားတဲ့...အမေစုက..အဲဒီအဆိုတင်သွင်းတာကိုကြည့်ရင်း....ကြည့်ရင်းနဲ့.....
    လွှတ်တော်မ၀င်ခင်က .....ကျွန်တော်အပါအ၀င်...သူ့သားသမီးတွေဆန္ဒစောခဲ့တာတွေကိုပဲ...
    ဂရုဏာဒေါသဖြစ်နေမလား......မင်းတို့အတွက်.....သင်ခန်းစာပေါ့ဆိုပြီး...သင်ကြားပေးနေမလား...
    ဆက်လုပ်ရမဲ့အလုပ်တွေအတွက်ပဲ..ခေါင်းရှုပ်နေမလား...
    စိတ်ပဲပင်ပန်းလေးလံသွားမလား......
    ???????

    ကျွန်တော်တို့ကလဲ...ကျွန်တော်တို့ပါပဲလေ.....

    Payit facebook

    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610

    No comments:

    Post a Comment