Thursday 22 November 2012

တရုတ်ဗမာ ဆက်ဆံရေးမှ သင်္ခန်းစာ





by Bo K Nyein on Thursday, November 15, 2012 at 11:37pm

()

 

သင်္ခန်းစာဆိုတာ

() ဆက်မြောက် တရုတ်ခေါင်းဆောင်တွေ နောက် (၁၀) နှစ် အုပ်ချုပ်ဖို့ ကွန်မြူနစ် ခေါင်းဆောင် သစ်တွေ တက်လာတာကြောင့် ကမ္ဘာ နဲ့ တ၀ှမ်း တရုတ်ကို စိတ်ဝင်စားနေကြတယ်။

ဗမာ နဲ့ တရုတ် မိုင်ပေါင်းများစွာ နယ်ချင်း ကပ်နေကြတာမို့ တရုတ် ဗမာ ဆက်ဆံရေး ဟာ ဗမာ အစိုးရ အဆက်ဆက် အရေးပါခဲ့တယ်။ နောင်လည်း အရေးထားရဦးမှပဲ တရုတ်-ဗမာ ဆက်ဆံရေး .. တဂွေ့မှာ အပြောင်းအလဲ ဖြစ်ခဲ့ရတယ်

 

အဲဒီ တဂွေ့ ကို ဘယ်သူကမှ သတိထားမိကြပုံမပေါ်ဖူး။ သို့ပေမဲ့လည်း ဒီ အဂွေ့ ရဲ့ ရလဒ်က ခုထိ အကျိုး သက်ရောက်လျှက်ရှိတယ်။ တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုသလိုနိုင်ငံရေး ..အုပ်ချုပ်ရေး ..တို့မှာ လှည့်ကွက် တွေ အများကြီးရှိပါတယ်။

 

 

စီးပွားရေး တို့ .. နိုင်ငံတကာ ဆက်ဆံရေး ဆိုတာတွေဟာ နိုင်ငံရေးအောက် မှာပဲ ရှိကြတာပါ။

နိုင်ငံရေး ဆိုတာလည်း တလမ်းသွား ဖြောင့်ဖြောင့် မဟုတ်ဖူးဆိုတာကို သိကြဖို့ လိုပါတယ်

တိန်လျှောက်ပိန်လို နှစ်ခါ နန်းကျ ပြီးမှ ပုလ္လင်အပေါ် ပြန်ရောက်တဲ့ သူကလည်းရှားသား

 

နိုင်ငံရေးမှာ မြှုပ်ကွက်လေးတွေ ရှိတတ်သလို ခြေတလှမ်း မှား တာနဲ့ အသူရာဂျောက်ထဲ ကျခဲ့ရသူတွေလည်း ရှိခဲ့ဖူးတာ အမြောက်အမြားပဲ

ဗမာနိုင်ငံရေးက ပုဂ္ဂိုလ်ရေးကြည့်တာများကြတယ်။ ဒီလူ ဒီပါတီကိုထောက်ခံရင် ဒီလူတွေ ဘာလုပ်လုပ် အမှန်လို့ (မြင်) တတ်တြတယ်။ ၀ါဒ အရ ကြည့်တာ (မူ) ကိုကြည့်တာ နိုင်ငံရေးအကွက် တွေကို မကြည့်ချင် မမြင်ချင်ကြဖူး။ (မသိ) ချင်ကြတော့ဖူး။ သင်္ခန်းစာဆိုတာကတော့ ဝေလာဝေး။

 

ဒါကြောင့် တချို့ ကနိုင်ငံရေး ကို ကလေးကစား သလို မြင်ကြပြီး ဟိုဟာလေး လုပ်လိုက်ပါလား ဒီဟာလေး ရွေ့လိုက်ပါလား ဆိုပြီး ထွက်ထွက် ကြွေးကျော်ကြတာ လူရီစရာ။ မသိတဲ့ သူတွေကလည်း ဟုတ်တာပေါ့ မလုပ်သေးဖူးလား မိုက်လိုက်တာ စသည်ဖြင့် အမျိုးစုံ အောဘာပေး ၀ိုင်းလက်ခုပ်တီးကြပေါ့

 

ဒီအဖြစ်အပျက် တွေကို မြင်နေရတာမို့နိုင်ငံရေးမှာ လှည့်ကွက် တွေရှိတယ် မြှုပ်ကွက်တွေရှိတယ် အထူးသဖြင့် နိုင်ငံ တနိုင်ငံ နဲ့ တနိုင်ငံ ဆက်ဆံရေး မှာ ဆို ပို သတိရှိရတယ် သိမ်မွေ့တယ်ဆိုတာကို လူငယ်လေးတွေ ကို သိစေချင် တာမို့ ဒီဆောင်းပါးကိုရေးရတာပါ။

နောက်တစ်ခုက ခေါင်းဆောင်တွေ (တကွက်) မှားရင် တသက်ခံ ရတယ်ဆိုတာကို သိ စေချင်လို့ပါ။

 

လူငယ်လေးတွေကို သင်္ခန်းစာ ယူတတ်စေချင်တဲ့ စေတနာပါ

 

 

()

၁၉၆၇ တရုတ်ဗမာ အရေးအခင်းအပြီး

 

၁၉၆၇ ခုနှစ်မှာ တရုတ်-ဗမာ အရေးအခင်း ဖြစ်တယ်။

အဲဒီ အချိန်က တရုတ်ပြည်ကြီးမှာ ယဉ်ကျေးမှုတော်လှန်ရေးကြီး ကျင်းပပြီး ဖြုတ်-ထုတ်-သတ် လုပ်နေတဲ့အချိန်။

တိန်လျှောက်ပိန် တို့ အချခံ ရတဲ့ အချိန်။

မော်စီတုံးကိုဖါးထားတဲ့ (စာအုပ်နီ) ကလေးတွေကို တပ်နီတွေ Bible လိုကိုးကွယ်နေကြတဲ့ အချိန်

ရန်ကုန် နန်ယန်တရုတ်ကျောင်း က ကျောင်းသားတွေ မော်စီတုံး တံဆိပ်တပ်ပြီး စာအုပ်နီလေးတွေ ကိုင်ပြီး သွေးကြွ ဆန္ဒပြနေကြတဲ့ အချိန်

ဗိုလ်ကြီးဟောင်းတင်ဦး က တရုတ်သံရုံးထဲ ၀င်ရိုက်တဲ့ အချိန် (မှတ်ချက်၊ ဗိုလ်ကြီးတင်ဦးနဲ့ ထောင်ထဲ မှာ တခန်းထဲနေခဲ့ဖူးတယ်။ ဗိုလ်ကြီးတင်ဦးကနေ နောင် ဘိုးတော်တင်ဦးဆိုပြီး နံမည်ကြီးသူပါ။)

 

တရုတ်-ဗမာ အရေးအခင်းမှာ တရုတ်တွေ အတော် သေသွားတယ်

တရုတ်တွေ ဦးနေ၀င်း ကို အတော်စိတ်ဆိုးကြတယ်။

တရုတ်သံအမတ် ကို ပြန်ခေါ်ခံရတဲ့ အထိ ဖြစ်ခဲ့ကြတယ်။

ဒါကြောင့် ပီကင်းရေဒီယိုက ဦးနေ၀င်း ကို ပက်ပက်စက်စက် ဆဲ ကြတယ်။

 

()

ဗကပ ကိုမြှောက်ပေးပြီ။

 

ပီကင်းက တရုတ်ြပည် ထဲရှိ စက်ရုံမှာ အလုပ်လုပ်နေတဲ့ ကချင် (နော်ဆိုင်း) ကို ဆွဲထုတ်လာတယ်

နော်ဆိုင်း ဆိုတာ က ပြည်တွင်းစစ် ဖြစ်ကာစ မှာ ဗမာ့တပ်မတော်က ကချင်တပ် ရဲ့ တပ်ရင်းမှူး

အင်္ဂလိပ် က ကချင်တပ်ရင်း ချင်းတပ်ရင်း ကရင်တပ်ရင်း ဆိုပြီး ဖွဲ့ပေးခဲ့တယ်။

ကရင် ကိုတိုက်ခိုင်းလို့ ဆိုပြီး တော်ခိုသွားရင်း နောက်ဆုံး တရုတ်ပြည်ထဲ ၀င်ပြေးသွားပြီး

အားလုံး တရုတ်ပြည်မှာ အခြေချ နေကြတယ်။

နော်ဆိုင်း က စစ်တိုက်တော်တယ်ဆိုပြီး နံမည်ကြီးတယ်။

တရုတ်က စစ်တိုက်အတွေ့အကြုံရှိတဲ့ နော်ဆိုင်းကို ဆွဲထုတ်လာပြီး ဗကပ ကို စစ်လက်နက် ပစ္စည်းရော ငွေရော နောက်ဆုံး တရုတ်တပ်နီကလေးတွေကို ဗကပ ယူနီဖေါင်း ပြောင်းဝတ်ခိုင်းပြီး ဗကပ အနေနဲ့ ၀င်တိုက်ခိုင်းတာပေါ့။

အမှန်က တော့ ဒါ တရုတ်က ၀င်သိမ်းတာပဲ။ Invasion by proxy သက်သက်ပဲ။

တရုတ်က all out support ပေးတာပဲ။

ဒီအကြောင်းကို Bertil Linter ရဲ့ Burma in Revolt မှာ အသေးစိပ်ပါ ပါတယ်။

 

()

ယဉ်ကျေးမှု တော်လှန်ရေး

 

မောစီတုံးက ၁၉၅၈ ကနေ ၁၉၆၁ ခုနှစ် အထိ ခေတ်နောက်ကျတဲ့ စိုက်ပျိုးရေးနိုင်ငံကနေရ ခေတ်မှီတိုး တက်တဲ့ ကွန်မြူနစ် နိုင်ငံဘ၀သို့ ရောက်ရှိရေးအတွက် (မော်) က Great Leap Forward ခုံပျံကျော်လွှား အစီအမံကြီး ကို ဆွဲထုတ်လာတယ်။ လယ်ယာစိုက်ပျိုးရေးမှာ ပုဂ္ဂိုလိက စိုးက်ပျိုးရေးမရှိစေရ communes မှာ အများစုနေ ကြရပြီး၊ collectivization လို့ခေါ်တဲ့ (ဘုံ) စိုက်ပျိုးရေး စနစ်ကို ဖေါ်ထုတ်ခဲ့တယ်။

 

စက်မှုလက်မှုမှာလည်း ၁၅ နှစ်အတွင်း အင်္ဂလိပ်ကို ကျော်ရမယ်ဆိုပြီး ကြွေးကျော်ကာ metallurgy ကိုနားမလည်ပဲ အိမ်နောက်ဖေးသံမဏိ စက်ရုံတွေထောင်ရမယ်ဆိုပြီး ရပ်ကွက်တိုင်း commune တိုင်းမှာ သံမဏိ စက်ရုံအသေးလေးတွေ ထောင်စေတယ်။ အိုးခွက်ကမကျန် အားလုံး သံရေကြိုပစ်လိုက်တာ ချက်စရာမရှိသာ ဖြစ်ကုန်ရတယ် သုံးလောက်တဲ့ သံမဏိ ထွက်မလာဖူး။

 

မော်စီတုံး ရွှေဥါဏ်တော် ဆူးရောက် လိုက်တာ လူတွေ သန်း နဲ့ချည်ပြီး ငတ်ပြီး သေကုန်ကြတယ်။ ဒါကြောင့် (လူဆန်း) အစည်းအဝေး Lushan Conference (1959) (ဇူလိုင်-သြဂုတ်) မှာ ဆွေးနွေး ကြရာမှာ မော်ရဲ့ အရှိန် နဲ့ သိက္ခာ ကျ ခဲ့ရတယ်။ မာရှယ်ပင်ဒူးဝါ (Marshall Peng Dehuai) ကပြတ်ပြတ် သားသား မော် ကိုဝေဖန်ခဲ့တာမို့ ကာကွယ်ရေးဝန်ကြီး က အဖြုတ်ခံရရှာတယ်။

 

ပါတီကို ပြန်အဖတ်ဆယ် ခဲ့တာက လျူလျှောက်ချီ နဲ့ တိန်လျှောက်ပိန်။ လျူလျှောက်ချီ က တကဲ့ လူတော်။ ၀ါဒရေးရာ မှာရော် အုပ်ချုပ်ရေးမှာပါတော်တာ။ ဒါကြောင့် မော် က သူ့အရိုက်အရာက ကိုခံယူဖို့ ရွေးခဲ့ပြီး သမ္မတရာထူး ပေးခဲ့တာ။ လူတော်တွေ ဆိုတော့ ပါတီဗျူရိုကရေစီ ယန္တရားဟာ လူ နဲ့ တိန် တို့လက်ထဲ ရောက်သွားတယ်။ တိန်လျှောက်ပိန်က အထွေထွေအတွင်းရေးမှူး

 

မော်စီတုံးက အာဏါရှင် စစ်စစ်။

 

အစိုးရကို ချောင်အင်လိုင်း ကိုလွှဲထားပြီး ပါတီဥက္ကဋ္ဌ ရာထူးယူထားပြီး ဘာ တာဝန် မှ မယူ။

 

အားလုံးရဲ့ လှုပ်ရှားမှု တွေကို အပေါ်က သိန်းငှက်လို ကြည့်နေပြီး နိုင်ငံရေး အကွက် တွေပဲ ကြည့်ပြီး မိမိ အာဏါတည်မြဲရေး အတွက်ပဲ ကြံစည်လှုပ်ရှားနေတာ။

ဒါကြောင့် စစ်တပ်မှာ မာရှယ်ပင်ဒူးဝါ ကိုဖယ်၊ လင်ပြောင်ကို တင် ပါတီကို ပြန်ကိုင်ဖို့ ကျောင်းသားလေး တွေကို မြှောက်ပေးပြီး ဌါနချုပ်ကို အမြှောက်နဲ့ထု ဆိုပြီး ကြွေးကျော်လာတာ။ တဖက်က ဥါဏ်နဲ ပြီး အလွန် အာဏါမက်တဲ့ သူ့ရဲ့ မိန်းမ ချန်ချင်းကို မြှောက်ပေးပြီး () ဦးဂိုဏ်းကို ရှေ့မှာတင်ထားတာ။ ဒါကြောင့် ချန်ချင်းက ငါဟာ မော်ရဲ့ ခြံစောင့်ခွေးပါ။ သူကိုက်ခိုင်းသမျှ ငါကိုက်ရတာပါလို့ သူ့ရဲ့ trial မှာထွက်ဆို သွားတာပါ။

 

မော်စီတုံး လျှင်တာက သူဘာလုပ်နေတယ် ဘယ်သူ့ကို ဦးတည်တော့မယ် ဆိုတာ ဘယ်သူမှ မှန်းလို့ မရဖူး။ တခါတရံ မဖြုတ်ခင် မော်က ခေါ်ပြီး မင်းဘယ်လို ထင်သလဲ လို့ မေးလိုက်သေးတယ်။ မသိတော့ ငါ့ ဥက္ကဋ္ဌကြီး ငါ့ ကို ယုံသေးတယ် ထင်ပြီး ပြောတော့မှ မော်က ကောင်းလေစွ ဆိုပြီး ထောင်ထဲ တန်းထဲ့ လိုက်တာပဲ။

 

()

နိုင်ငံရေး ဆိုတာ လျှင်သူစားတာပဲ

 

မော်က တကွက် စော နေတော့ လူ ရော တိန် ပါ ပြုတ်ပါရော

လူလျှောက်ချီ ခမြာ က ထောင်ထဲမှာ ပဲ (သေ) သွားရှာတယ်

တိန် က မဲဇာ အပို့ခံရရှာတယ်။

တိန့် သမီး ရေးတဲ့ စာအုပ် နှစ်အုပ်ရှိတယ်။ ဖတ်ကြည့်စေချင်တယ်။ တိန် မဲဇာ အပို့ ခံရတော့ မော် က တိန်ကို ပါတီက မထုတ်တာပဲ ၀မ်းသာ မဆုံးဖူး

ပါတီကို သံယောဇဉ် ရှိတာလည်း ပါ သလို အထုတ် မခံရရင် အသက်ရှင် နိုင်သေးတာကိုး

တိန် က ထူးထူးဆန်းဆန်း () ခါ အဖြုတ် ခံရရှာတယ်

 

ပါတီပေါ်လစီ

တရုတ်ကွန်မြူနစ် ပါတီမှာ ပါတီ ပါတီချင်း အစိုးရ အစိုးရ ချင်း ဆက်ဆံတယ်ဆိုတဲ့ ပေါ်လစီ ရှိတယ်။

ဒါကြောင့် တရုတ်ကြီးဟာ ဦးနု နဲ့ ထောက်လျှောက် တဲ့ပေမဲ့ ဗကပ နဲ့ ကြတော့ ပါတီ ပါတီ ချင်း ဆက်ဆံ တာ ဖြစ်သွားရော။

ဒီပေါ်လစီ နဲ့ တရုတ် က လူလည် လုပ်လာတာ။

လီကွမ်ယူးက တိန်လျှောက်ပိန် ကို ကန့်ကွက်တော့ တိန်လျှောက်ပိန်က ဒီပေါ်လစီကို ဖျက်ဖို့ကြိုးစားရတာ () နှစ်ကျော်ကျော် ကြာသွားတယ်။

တရုတ် ပါတီထဲမှာ တခြားသူတွေ ရှိသေးတာကိုး

ပေါ်လစီ ပြောင်းတာ မလွယ်ဖူး ဆိုတာကို လူငယ်လေး တွေကို (သိ) သေချင်လို့ပါ။

ပထမဦးဆုံး လီကွမ်ယူး ရဲ့ကိုယ်ရေးမှတ်တမ်း စာအုပ်ကို ဖတ်ကြည့်ပါ။

 

()

ဗကပ တွေ နိုင်ငံရေး နားမလည်တာ

 

လူတွေအများက ဗကပ ဆိုလိုက်တာနဲ့ နိုင်ငံရေး ၀ါရင့် သမားကြီး တွေလို့ ထင်ကြလိမ့်မယ်။

ဗကပ တွေသာ နိုင်ငံရေး တကယ် နားလည်ရင် ဗမာနိုင်ငံ ဟာ အစောကြီး ကွန်မြူနစ် နိုင်ငံဖြစ်နေပြီ

ဗကပ တွေက သူတို့သာ နိုင်ငံရေး လုပ်လာတဲ့ ပုံ ၀ါဒ ဖြန့်ကြလွန်းလို့

မသိတဲ့သူတွေက အထင်ကြီးကြတာ

 

တရုတ် ကို ကိုင်တွယ်တဲ့ နေရာမှာ ဗကပ ဇာတိ ပေါ်လာတာပဲ

 

တိန်လျှောက်ပိန် ကို မော်စီတုံး ကိုယ်တိုင် ပြန်ပြီး ပွဲထုတ်လာ ဆွဲထုတ်လာတာပါ။

ယဉ်ကျေးမှု တော်လှန်ရေးဆိုတဲ့ အာဏါ လု ပွဲကြောင့် တိုင်းပြည် အတော် နစ်နာတယ်။

ပါတီယန္တရား ကို ဖျိုခွဲရတာကြောင့် အာလုံးဖရိုဖရဲပဲ

အစိုးရ ယန္တရား ပါထိခိုက်လာာရတယ်။

မော်စီတုံး က အာဏါ အကြောင်း ကောင်းကောင်း နားလည်တဲ့ အာဏါရှင် စစ်စစ်

တပ်နီလေးတွေ လည်း အချင်းချင်း ချကုန် ကြပြီ

 

ဒါကြောင့် တပ်နီ တွေ ကို စစ်တပ် နဲ့ ပြန်ကိုင် ခိုင်းပြီး အစိုးရကို ပြန်ကိုင် ဖို့ တိန်လျှောက်ပိန်ကို ပြန်ဆွဲထုတ်လာတာ။

(ငါ) စီမံတာကွ ဆိုတာ လူသိ အောင် တိန်လျှောက်ပိန်ကို UN ကိုအဖွဲ့ ခေါငးဆောင် အနေနဲ့ လွှတ်လိုက်သေးတယ်။

တိန်လျှောက်ပိန် အကြောင်းလည်းကောင်းကောင်း (သိ) တယ်။

 

စစချင်း ပွဲထုတ်တဲ့ ပွဲမှာ တိန် က ကုပ်ကုပ်လေး ငြိမ်နေတုန်း အဲဒါ တိန် ကောင်းကောင်းကြည့်ထားကြ ခေါင်းထဲမှာ (ဥါဏ်) ကြီးပဲ လို့ မှတ်ချက်ချခဲ့ဖူးတယ်။

ဒါပေမဲ့ တိန်ကလည်း ခေါင်းမာတယ်။

 

မော်စီတုံး က သူ့ရဲ့ Legacy ရာဇ၀င် အတွက် ယဉ်ကျေးမှုတော်လှန်ရေး ဟာ မှန်ပါတယ်ဆိုတာ ကို ၀န်ခံ ထောက်ခံ ခိုင်းတယ်။

ချောင်အင်လိုင်း က မဟုတ်ပေမဲ့ လိုက်လျော်ညီတွေ မော့်အကြိုက် လိုက်ပြော ပေမဲ့ တိန်က မရဖူး

တရုတ် နိုင်ငံရေးက လည်း တော်တော် ရှုပ်တယ်။

 

တရုတ်ဝန်ကြီးချုပ် ချောင်အင်လိုင်း ဟာ ၁၉၇၆ ခု ဇန္န၀ါရီ ()ရက်မှာ Bladder cancer နဲ့ ကွယ်လွန် သွားတယ်။ ဒိအရင် တလ ဒီဇင်ဘာလ (၁၆) ရက်မှာ လက်ဝဲစွန်း အမာဂိုဏ်းက Kang Sheng က အသက် (၇၇) နှစ်မှာ ကွယ်လွန်သွားတယ်။ ညီနောင် ကွန်မြူနစ်ပါတီ တွေကို ကြိုးကိုင်တာ ဗကပ ရဲ့ ဆရာ က Kang Sheng

 

ချောင်အင်လိုင်း သေသွားတော့ () ဦးဂိုဏ်း က တိန်ကိုဦးတည်ပြီး ကျန်တဲ့ ပြန်လည်ပြင်ဆင်ရေးသမား reformers တွေကို တိုက်ခိုက်ပါလေရော။ နိုင်ငံရေးတိုက်ပွဲ ဟာ ဧပြီ (၁ရ) ရက် ၁၉၇၆ ခုနှစ်မှာ (တိန်) ဒုတိယ အကြိမ် ပြုတ်မှ ငြိမ်သွားတယ်။ အင်ဒိုနီးရှား ထိုင်း မလေးရှား စတဲ့ ကျန်တဲ့ ကွန်မြူနစ်ပါတီ တွေက တရုတ်ကွန်မြူနစ် ပါတီတွင်း နိုင်ငံရေး တိုက်ပွဲတွေမှာ ၀င်မပါကြဖူး။ငြိမ်နေကြတယ်။ သူတို့ အားလုံး ရဲ့ ဆရာကြီး Kang Sheng က လည်းမရှိတော့ ဖူးလေ။ နိုင်ငံရေး ကလည်း အာဏါလုပွဲ တွေနဲ့ ရှုပ်ထွေးနေတယ်။

 

ဒီအချိန်မှာ ဦးဏှောက်နဲ တဲ့ သခင်ဗသိန်းတင် နဲ့ ဗကပ တွေက ၁၉၇၆ခု တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်မှု (၅၅) ကြိမ်မြောက် ချီးကျူးသ၀န်လွှာ ပို့ရာမှာ "လျူရှောင်ချီ ဦးဆောင်သော ပြန်လည်ပြင် ဆင်ရေး အုပ်စု သည် အချေမှုန်း ခံလိုက်ရပါပြီ" ထပ်ကွန့်ပြီးတော့ ….

 

"လက်ျာသွေဖီရေး ကြိုးစားမှုကို ပြန်လည်တဲ့မတ်ပေးသော လှုပ်ရှားမှု နှင့် လကျာ်ဂိုဏ်း

ခေါင်းဆောင်တိန်လျှောက်ပိန် ကို အရေးယူခဲ့သော တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်

မီတီ ၏လုပ်ရပ်များသည်မာ့က်လီနင်မူဝါဒ နှင့် မော်စီတုံး အတွေးအခေါ်တို့နှင့်ကိုက်ညီပါ

သည် "

 

ဟု မနေနိုင်မထိုင်နိုင် လျှာရှည်ပြီး အမာဂိုဏ်းကို ထောက်ခံချီးကျူးနေလေရဲ့။

(မှတ်ချက်။ Bertil Linter Burma in Revolt စာမျက်နှာ ၂၈၈ - ၈၉။)

 

ထိုနှစ် စက်တင်ဘာ () ရက်နေ့မှာ မော်စီတုံး သေပါလေရော။

 

ဗကပ က ၀မ်းနဲ သ၀န်လွှာ ပို့ရာမှာ မော် ကို ချီးမွမ်းရင်း တိန်လျှောက်ပိန် နဲ့ လူလျှောက်ချီ တို့ကို စော်ကား လိုက် ပြန်သေးတယ်။

 

ဗကပ တွေနားမလည်တာက တိန်လျှောက်ပိန်က ပါတီဗျူရိုကရေစီ ကိုကိုင်လာတဲ့ အထွေထွေ အတွင်းရေမှူးဟောင်း။ တော်လှန်ရေး မှာရာဇ၀င် ရှိခဲ့တဲ့ ၀ါရင့်နိုင်ငံရေး အကျော်အမော်။ 4th Route Army အမှတ် () တပ်မတော် ရဲ့ နိုင်ငံရေးမှူး။ ()ဦးဂိုဏ်းက မော် မြှောက်စားလို့ (လူ) ဖြစ်ရတဲ့ သူတွေ။ ဘာ ရာဇ၀င်မှ မရှိကြ။ ဒါကြောင့် စစ်တပ်က တိန်လျှောက်ပိန် ဖက်မှာ ရှိတယ်။ () ဦးဂိုဏ်းကို စစ်တပ်ကပဲ ဖမ်းပေးလိုက်တယ်။ ဇူလိုင်လ ၁၉၇၇ ဗဟိုကော်မီတီ အစည်းအဝေးမှာ (တိန်) ပြန်ခေါင်းထောင်လာတော့ ဗကပ တွေ အသံထိပ် ကုန်ကြတယ်။ မော် ရော ဗကပ ရဲ့ အဖေ Kang Sheng လည်း မရှိတော့ဖူး။

 

ဗကပ ရဲ့ တိုက်ပွဲသတင်းတွေနဲ့ စာတန်းတွေကို Beijing Review နဲ့ တခြား တရုတ်အစိုးရ စာဆောင်တွေ မှာ ထဲ့ပေးနေကြ။ ဗကပ တွေရဲ့ "ဗမာ့တော်လှန်ရေး" သတင်းတွေဟာ တခါထဲ တရုတ်ဂျာနယ် တွေမှ ထိမ်မြုပ်ပျောက်ကွယ် သွားရတယ်။

 

()

ဗကပ နဲ့ တရုတ်အကွဲမှာ ဦးနေ၀င်း တို့ ၀င်အမြတ်ထုတ်ပြီ

 

 

ဒါကတော့ နိုင်ငံရေးမှာ လုပ်နေကြပဲ

 

ခမာနီလို့ခေါ်တဲ့ ပေါလ်ပေါ့တို့ အာဏါရလာတော့ နိုင်ငံတိုင်းက ၀ိုင်းကျင် ထားကြတယ်။ တရုတ်ကြီးက ခမာနီ တွေကိုထောက်ခံတယ်။ ဒီတော့ ၁၉၇၇ နိုဝင်ဘာလ ၂၆ ရက်မှာ ဦးနေ၀င်းဟာ ခမာနီ တွေအာဏါ ရလာပြီး အလည်လာတဲ့ ပထမဦး ဆုံးသော နိုင်ငံအကြီးအကဲ လာဖြစ်တယ်။ ဒါတရုတ်ကို မျက်နှာလုပ်တာ။

ဘတ်တာလ်လစ်နာ က ဗကပ တွေ ရဲ့ ဌါနချုပ် ပန်ဆောင် မှာ သက်စွန့်စံဖျား သွားရောက်ခဲ့ပြီး တွေ့ကြုံရတာကို ပြန်ရေးပြထားတာ။ Bertil စာအုပ်ဟာ အင်မတန် တိကျတယ်။

ဒါကိုဖတ်ပြီး ဦးနေ၀င်း ဘယ်လို တရုတ်ကြီးကို ရန်သူဘ၀ ကနေ မိတ်ဆွေ ဖြစ်အောင် လှည့်လိုက်နိုင် သလဲ ဆိုတာကို စာရေးသူ သိပ်စိတ်ဝင်စားခဲ့တယ်။

 

အကြောင်းက ၁၉၈၈ နောက်ပိုင်း ဗမာစစ်တပ် က ဒုတိယ အာဏါသိမ်းပြီး တဲ့နောက်ပိုင်းမှာ တရုတ် ရဲ့ အားပေးမှုကြောင့်သာ နအဖ န၀တ ဘ၀ အဖြစ် ရပ်တည် နိုင်ခဲ့တာ ဖြစ်တယ်။

 

 

ဒါကြောင့် Bertil နဲ့ တွေ့တော့ ဒီအကြောင်းကို မေးမိတယ်။ ဆွေးနွေး မိတယ်။

Bertil Cambodia ရောက်တော့ ဦးနေ၀င်း ပုံကြီးကို တွေ့တယ်တဲ့။ Cambodians တွေက ဘယ်သူမှန်း လည်း မသိကြဖူး။ တရုတ်ကြီးလို့ ထင်နေတာတဲ့။ ဒါနဲ့ အဲဒါ ဗမာနိုင်ငံက စစ်အာဏါရှင်ဗိုလ်ချုပ်နေ၀င်း လို့ပြောပြရတယ်တဲ့။

Reference မရှိလို့သာ သူ့စာအုပ်မှာ ထဲ့ မရေးခဲ့တာလို့ထင်မိတယ်။ ဗီယက်နမ် တွေ Pol Pot တို့ကို ကန်ထုတ်အပြီးမှာ တရုတ်က ခမာနီ တွေကို စစ်လက်နက် ပစ္စည်း ထောက်ပံ့ခဲ့တယ်။ စစ်လေယဉ်တွေ ဗမာပြည် မှာ ဦးနေ၀င်း က ရပ်နားခွင့် ပေးတယ်လို့ ဆိုတယ်။

 

၁၉၇၈ ခုနှစ် မှာ ဗကပ တွေရဲ့ ဗဟို ဌါနချုပ်ကို တရုတ်ပြည်ကနေ အနှင်ထုတ်ခံရပြီး ပန်ဆောင် ကိုပြောင်း ခဲ့ရတယ်။ ဗကပ တွေရဲ့ "ပြည်သူ့အသံ" ရေဒီယို အဖွဲ့ လည်း ပန်ဆောင်ကို ရွှေ့ခဲ့ရတယ်။ မကြာဖူး တရုတ် ဘော်လန်တီရာ တွေကို တရုတ်က ပြန်ရုတ်သိမ်း သွားတော့တယ်။

 

ဒီလို အကျင်းအကျပ် ထဲရောက်လာတဲ့ အခါမှာမှ ဗကပ ဗဟို ဟာ မာရသွန် ဆွေးနွေးပွဲကို ၁၉၇၈ နိုဝင်ဘာ ကနေ ၁၉၇၉ခု ဇွန်လအထိ ကျင်းပခဲ့ပြီး သြဂုတ်လ ၁၅ရက် ပါတီထူထောင်ခြင်း အနှစ် (၄၀) မြောက် အခံအနားမှာ မျက်နှာသုန်မှုန်နေတဲ့ ရဲဘော်တွေကို သခင်ဗသိန်းတင် က ပါတီဟာ ကိုယ်အားကိုယ်ကိုး ရတော့မယ်။ ဘာရယ်လို့ အသေးစိပ် မဖေါ်ပြပဲ အနှစ် (၄၀) ဗကပ သက်တမ်းမှာ ပါတီဟာ 'အမှားတွေအများကြီးလုပ်ခဲ့ကြတယ်" လို့ ၀န်ခံသွားတယ်တဲ့ (မှတ်ချက်။ Bertil စာမျက်နှာ ၂၉၀။)

 

ဦးနေ၀င်းရဲ့ အောင်မြင်မှုကတော့ ၁၉၇၈ ခု ဇန္န၀ါရီလ ၂၆ ရက်နေ့မှာ တရုတ်ခေါင်းဆောင် တိန်လျှောက် ပိန် ကိုယ်တိုင် မြန်မာနိုင်ငံ ကိုကြွမြန်းလာလေရဲ့။ ဦးနေ၀င်း က ကျေနပ်အောင် ပြုစုခွင့် ရခဲ့တယ်။

 

()

စစ်တပ်ဖက်က ကြားရတာက။

 

 

စစ်တပ်အသိုင်းအ၀ိုင်း နဲ့ ခင်တဲ့ ပညာရှင် တစ်ယောက် က အင်္ဂလန်နိုင်ငံ သံအမတ် နဲ့ ဦးနေ၀င်းရဲ့ သမားတော် ဟောင်း ဒေါက်တာကျော်ဝင်း ကဆင့် ပြန်ပြောတာကို ပြောတာကတော့ဦးနေ၀င်း နဲ့ တိန်လျှောက်ပိန် တို့ တွေ့ဆုံပွဲ အပြီးမှာ တရုတ်သံအမတ် က ကျေနပ်ရဲ့လားလို့ မေးတယ်တဲ့။ ဦးနေ၀င်းက ဘာမှ တိတိကျကျ ရယ် မရှိလှဖူး မရှင်းဖူး လို့လည်းပြောရော တရုတ် သံအမတ် က ချက်ချင်း တိန်ကို သတော်ဦးတင်ပြီး ဗမာတွေ ကျေနပ်တဲ့ အထိ ဆွေးနွေးပေးတယ်တဲ့။

 

စစ်ဗိုလ်ချုပ်ဟောင်း တဦးရဲ့ အဆိုရတော့တိန်လျှောက်ပိန် အိမ်နိမ့်စံဘ၀ နဲ့ နယ်နှင် ခံနေရတုန်း ဦးနေ၀င်း က သိလျှက်နဲ့ တိန်လျှောက်ပိန် နဲ့ တွေ့ပါရစေ ဆိုပြီး ခွင့်တောင်းတယ်တဲ့။ တရုတ်တွေက ခရီးလွန်နေပါတယ်လို့ အကြောင်းပြန်တယ်။ ဒီမှာ ဦးနေ၀င်း က ချောင်အင်လိုင်း ရဲ့ မိန်းမ မဒန်တိန့်ရင် ချောင်း ကို တိန်လျှောက်ပိန်ကို သတိရကြောင်းပြောပေးပါ ဆိုပြီး စာရေးပေးတာ ကို မဒန် က ရအောင် တိန့်လျှောက်ပိန် စီကို ပို့ပေးတယ်လို့ ဆိုတယ်။ (မှတ်ချက်။ ဗိုလ်ချုပ်နေ၀င်း က ၁၉၇၁ခု သြဂုတ်လ ရက်မှ ၁၂ ရက် အထိ ဖေဂျင်းကို တရုတ် တွေ နဲ့ ပြေရာပြေကြောင်းဖို့ အလည်အပတ် သွားခဲ့တယ်။)

 

တဆင့်စကား ဆိုပေမဲ့ ဦးနေ၀င်း ရဲ့ နိုင်ငံရေး အကွက် တွေကို လေ့လာသူ တဦးအနေနဲ့ ဒါ ဦးနေ၀င်း လုပ်နေကျ (အကွက်) တွေပဲ။

 

ဦးနေ၀င်း ဟာ တသက်လုံး အာဏါ ရှိလာပြီး Power Manupilation လို့ခေါ်တဲ့ အာဏါကိုအသုံးချ တဲ့ အတတ်ပညာ ကိုကောင်းကောင်းတတ်တယ်။ တတ်ရုံကမ (ကျွမ်းကျင်) လိမ္မာတယ် လို့ပြောလို့ရတယ်။

 

အာဏါ အကြောင်းနားမလည်တဲ့ သူတွေက အပေါ်ယံ ကိုသာ ကြည့်ပြီး ဦးနေ၀င်း အာဏါသိမ်းနိုင်တာ ဦးကျော်ငြိမ်း မြေထောင်မြှောက်ပေးခဲ့တာကြောင့် လို့ ကြံဖန် အပစ်တင်ချင်ကြတဲ့သူတွေက ရှိသေးတယ်။

 

ဦးနေ၀င်း က နိုင်ငံရေး မှာ (ဖျံ) ထက် လျှင်တဲ့ အလယ်သားစားတဲ့ (မြေခွေး)

 

() ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရပြီး ပျဉ်းမနားက ဆင်းလာတော့ သခင်သန်းထွန်း စီ တန်း

သွား ပြီး ခင်ဗျားတို့ကို အားကိုးပါတယ် ယုံပါတယ် ဆိုပြီး အသာလေး မြှောက်ပြီး အပင်း

(ထဲ့) သွားတယ်

 

() ဗိုလ်ချုပ်မောင်မောင် ဦးနု ရှေ့ က ထွက်သွားမှ ဒီကောင်တွေ မသိသေးဖူး ကိုကြီးနု ကျနော်

ကိုင်ပြမယ် ပြောပြီး ဆိုရှယ်လစ် ဗိုလ်ချုပ်တွေကို မင်းတို့ထွက်မလား ငါထွက်ရမလား ဆိုပြီး

ထုတ်ပြီး ဦးနု ကို အယုံ သွင်းခဲ့တယ်။ ဦးနု က ယုံပြီး အာဏါသိမ်းတဲ့ နေ့မှာ ဗိုလ်နေ၀င်းသိရဲ့

လားလို့မေးတယ်။ ဗိုလ်နေ၀င်း သိရင် အားလုံး ပြေလည်သွားမယ်လို့ထင်ပြီး အိပ်သွားတယ်။

အာဏါသိမ်း တာက ဗိုလ်နေ၀င်း (မှတ်ချက်။ဦးတင်မောင်ဝင်းစာအုပ်မှ)

 

() အာဏါသိမ်း မဲ့ မှာ တရုတ်ယဉ်ကျေးမှု ကပွဲ သွားတက်ကြည့်နေတာ။

 

() ပြည်တွင်းငြိမ်းချမ်းရေးခေါ်တော့ ဗကပ တွေက ပြည်ပ နဲ့ ပြည်တွင်း ပြန်အဆက်အသွယ်ရ

တာကိုပဲ အဟုတ်ထင်နေကြတယ်။ ဗိုလ်နေ၀င်း က (မျှော်လင့်ချက်) ပစ်ကျွေးပြီး ခွဲထုတ်

လိုက်တာ။ နောက်ဆုံး ဖြတ်-ထုတ်-သတ် တွေဖြစ်ကုန်ရော

 

() ကွန်မြူနစ် တွေနဲ့ ကင်းဝေးနေတဲ့ ဗိုလ်ချုပ်ကျော်ဇော် အတွက် တော်လှန်ရေး ရဲဘော် ဟောင်း

ကွန်မြူနစ် ဦးကြည်းမြင့် ကို အင်စိန်ထောင် ကထုတ်ပေးပြီး အဆင်းတွန်းပေးလိုက်တာ

 

ဗိုလ်ချုပ်နေ၀င်း က နိုင်ငံရေး အကြောင်းကို နိုင်ငံရေးသမား ထက် နားလည်တဲ့ (စစ်သား) စစ်စစ်။

 

စစ်တပ်ကို အားယူဖို့ ဖဆပလ ကရော ဆိုရှယ်လစ် ပါတီကပါ ထွက်လာတာ။ အစောကြီး ကြိုတင်

ပြင်ဆင်တတ်သူ။ အာဏါ မသိမ်းခင် အစောကြီး ဦးကိုကိုမောင်ကြီး () ဦးချစ်လှိုင် ကိုမွေးထားပြီးသား။

 

လူတစ်ယောက် ကို အာဏါ ရှိစဉ်မှာ ပေါင်းတာထက် အာဏါမဲ့တဲ့ အချိန်မှာ (သတိ) ရတာလောက်

တာသွားတာမရှိဖူး။ မိတ်ဆွေကောင်း ဆိုတာ ကိုပြတာ။ တိန်လျှောက်ပိန် (ဟတ်) ထိသွားနိုင်တာပေါ့။

 

ယှဉ်ကြည့် ကြစေချင်တယ်

 

 

ဦးနေ၀င်း ဥါဏ်သွား တာ နဲ့ သခင်ဗသိန်းတင်တို့ တွေ ဥါဏ်နဲ တာ ယှဉ်ကြည့် ရင် ဘာကြောင့် စစ်တပ် က ဗကပ ဆို ငယ်နိုင် ဖြစ်ရသလဲ ဆိုတာ လူငယ်လေးတွေကို (မြင်) စေချင်တယ်။

 

ဗကပ တွေကို လေ့လာရင် ခုထိ (ဗကပကွ) (ဗကပကွ) ဆိုပြီး အော်နေကြတုန်း

လက်ဝဲ စာပေသမားတွေက လည်း ဘေးကနေ ဘေးတီးပေးတယ်

 

သေသေခြာခြာ လေ့လာရင် ဗကပ ဆိုတာ (အသံ) ပဲ ရှိခဲ့တာ (အဆံ) မရှိပါ။

 

ဒီထုံး နောက်လိုက် ကြတော့ ဗကပ ခေါင်းဆောင်တွေ မျိုးဆက် တစ်ခုပြီး တစ်ခု ခြာသထက် ခြာလာ

ကြတယ်။ ဖိုးသံချောင်းတို့ လက်ထက်ကြတော့ ထာဝရ တွင်းအောင်းနေရတဲ့ (မြေကြွက်) ကြီးတွေ ဘဝ

ရောက်ကုန်ရပြီ .. (သုံး) မရ တော့ပါ။

 

သံချောင်းတို့ ရဲ့ rhetoric တွေ နားထောင်ပြီး နိုင်ငံရေး နားမလည် ပဲ သံယောင်ဟစ် နေတဲ့ သူတွေက

တပုံတခေါင်း

 

ဖိုးသံချောင်း နဲ့ ဗိုလ်ကျင်မောင် တို့အဆင့် က သေခါနီး အဖိုးကြီး မသေခင် ရွှေတိဂုံ ဖူးချင်တယ်ဆိုတာ ကို အမြတ်ထုတ် နောက်ကလိုက်ပြီး ကွန်မြူနစ်တွေကို အရောင်တင်ချင် တဲ့ အဆင့်ပဲ ရှိတာပါ။ အစိုးရ က ရဲဘော် () ကျိပ်ဝင် အဖြစ် ပြန်လာခွင့် ပြုတာကို အတင်း ကွန်မြူနစ် အနေ နဲ့မှ ဆိုပြီး (မူ) လိုက်တာ ဗိုလ်ချုပ်ကျော်ဇော် ခမြာ ရွှေတိဂုံ မဖူးရပဲ သေခဲ့ရတယ်။ စိတ်ဓါတ်အတော် အောက်တန်းကျ တဲ့သူတွေပါ။

 

()

သင်္ခန်းစာယူစေချင်တာက

 

 

လူငယ်လေးတွေကို သင်္ခန်းစာ ယူစေချင်တာက နိုင်ငံရေး ဆိုတာ စိတ်ကူးယဉ် သက်သက် မဟုတ်ပါ။

 

ရုပ်ရှင်ထဲမှာ လို စိတ်ကူးယဉ်ပြီး ဖြစ်စေချင်တာကို ဖြစ်၍ မရပါ။

 

ပေးလာတဲ့ အခြေအနေ အရ မိမိပန်းတိုင် ကိုရောက်အောင် (လက်တွေ့ကျ) ဖို့လိုပါတယ်။

 

စိတ်ကူးယဉ် သမား က Why? Why? Why? ဆိုပြီး (ငို) ပြ နေတာ

 

လက်တွေ့ သမား က How? How? How? ဆိုပြီး (ဖြစ်) အောင် လုပ်သွားကြတာ။

 

လူငယ်လေးတွေ လက်တွေ့ သမားဖြစ်ဖို့ (လူကြီး) တွေရဲ (အမှား) ကို (မြင်) ပြီး ရှောင်နိုင် စေဖို့ပါ

 

ဒီဆောင်းပါး ကို ဖတ်ပြီး Bertil စာအုပ် ကို ထပ်ဖတ်ကြည့်ကြပါ။

 

ဝင့်တင်ထွန်း လို ပေါ့ပေါ့ရေးတဲ့ ကွန်မြူနစ် စာပေ နဲ့ Bertil တို့လို research လုပ်ပြီး လက်တွေ့ အမြင် နဲ့ ရေးတဲ့ အဆင့်မြင့် စာပေတွေ ကိုလည်း နှိုင်းယှဉ်ကြည့်စေချင်ပါတယ်။

လူငယ်လေးတွေ အသိဥါဏ် မြင့်မား လက်တွေ့ ကျ နိုင်ကြပါစေ။

 

ဘိုဘိုကျော်ငြိမ်း

နိုဝင်ဘာလ ၁၆ရက်

ခေတ္တ ချင်းမိုင်

--
You received this message because you are subscribed to the Google Groups "Share from HYDE" group.
To post to this group, send email to hydegroup@googlegroups.com.
To unsubscribe from this group, send email to hydegroup+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/hydegroup?hl=my.


No comments:

Post a Comment