Monday 19 November 2012
အမေရိကန် သမ္မတ ဘားရက် အိုဘားမား ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်လာ ရောက် တွေ့ဆုံ
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နေအိမ်သို့ လာရောက် တွေ့ဆုံ
MONDAY, 19 NOVEMBER 2012 RITTEN BY ရွှေဟင်္သာသတင်းဌာန
DDD009မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် အဖြစ် အလည်အပတ် ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား အနေနှင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် အချိန် အကန့် အသတ်ကြောင့် မိနစ် အတန်ငယ်သာ တွေ့ဆုံနိုင် ခဲ့သော်လည်း အရေးကြီးသည့် ဆွေးနွေးချက် များဖြင့် ဒီမိုကရေစီ အပြောင်းအလဲ တိုးတက်မှုဖြစ်စဉ် အကြောင်းကို ထည့်သွင်း ဆွေးနွေး သွားခဲ့သည်။ 
 သမ္မတ ဦးသိန်းစိန်၏ ဒီမိုကရေစီ အပြောင်းအလဲ ခြေလှမ်း အတွက် လုပ်ဆောင် နေချက် များသည် နိုင်ငံ၏ တိုးတက် ပြောင်းလဲမှု များအတွက် ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်း နိုင်မည့် ကောင်းမွန်သည့် လမ်းကြောင်း တစ်ခု ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြား ခဲ့သည်။
 မြန်မာနိုင်ငံ အနေဖြင့် ရွေးကောက်ပွဲများ ကျင်းပပေး နိုင်ခဲ့ခြင်း၊ အကျဉ်းသားများ လွှတ်ပေးခဲ့ခြင်း၊ ကလေးစစ်သားနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကတိကဝတ် ဆွေးနွေး မှုများကို သဘောတူ နိုင်ခဲ့ခြင်းမှာ ဒီမိုကရေစီ ကူးပြောင်းရေး ဆိုင်ရာ ထူးခြားသည့် ဖြစ်စဉ်များ ဖြစ်သည်ဟု သမ္မတ အိုဘားမားမှ မှတ်ချက်ပြု ပြောကြားခဲ့သည်။
 သို့သော်လည်း သမ္မတ အိုဘားမားမှ ဆက်၍ “ ဒါဟာ ခရီးစဉ် တစ်ခုထဲက အစပိုင်း လေးပဲ ရှိပါ သေးတယ်၊ ဒီခရီး အစ ဟာလည်းပဲ နောက်ထပ် နိုင်ငံ တိုးတက် ပြောင်းလဲမှု ဖြစ်စဉ်အတွက် အလွန်ကို အရေးကြီးသည့် အပြောင်းအလဲ အခွင့်အရေး တစ်ရပ် ဖြစ်တယ်ဟု” သမ္မတ ဦးသိန်းစိန်နှင့် လွှတ် တော် အဆောက်အဦးတွင် တွေ့ဆုံကြစဉ်တွင် သမ္မတ အိုဘားမားမှ ထည့်သွင်း ပြောကြား ခဲ့သည်။
 ကန်-မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက် ကောင်းမွန် နိုင်ဖို့အတွက် ကျွှန်တော်တို့ ရှေ့ဆက်ပြီးတော့ အများကြီး ကြိုးစား သွားရအုံးမယ်၊ ယခုလို နှစ်နိုင်ငံ ကြား ဆက်ဆံရေး တိုးတက် ကောင်းမွန် လာခြင်းဟာ မြန်မာနိုင်ငံ တစ်ခုတည်း အပေါ် အကျိုးရှိတာ မဟုတ်ပဲ၊ ဒေသတွင်း နိုင်ငံများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အတွက် ကောင်းမွန် စေနိုင်မှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့စဉ် သမ္မတ အိုဘားမားမှ ပြောကြား ခဲ့ပါသည်။
 ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သူမ၏ အစ မိန့်ခွန်းကို မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲကို အမေရိကန်မှ ကဲ့သို့ ထောက်ခံ အားပေးခြင်းကို ကျေးဇူး တင်ကြောင်းဖြင့် ဖွင့်လှစ် ပြောဆိုခဲ့သည်။
 OOOOO9
 သမ္မတ အိုဘားမားနှင့် သူမတို့ နေအိမ်တွင်း၌ တွေ့ဆုံ စကားပြောခဲ့စဉ် ၌လည်း နှစ်ယောက် စလုံးမှ မတူညီသည့် ရှူ့ထောင့်များမှ ပွင့်ပွင့်လင်းလင်း ဆွေးနွေး နိုင်ခဲ့ကြပြီး၊ သူမ အနေနှင့် သမ္မတ အိုဘားမားမှ ဆက်လက်၍ အခက်အခဲနှင့် အကူး အပြောင်းကာလ ရှေ့ဆက် ခြေလှမ်း များအပေါ်လည်း အမေရိကန်မှ ဆက်လက်၍ တည်ရှိ နေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
 “ အသွင် ကူးပြောင်းရေး တိုင်းရဲ့ အခက်ခဲဆုံး အပိုင်းတွေ ကတော့ ကျွှန်မတို့ အပြောင်းအလဲ မြင်ကွင်း တွေကို စပြီး မြင်နေရပြီ ဆိုတဲ့ အခါ မျိုးမှာ ဒါဟာ အသွင် ကူးပြောင်းရဲ့ အလုံးစုံ အောင်မြင် မှုလို့ မြင်တတ်ကြ ပါတယ်၊ ဒါပေမယ့် ဒီလို အပြောင်းအလဲ တွေကို မြင်ရတဲ့ အတွက် သေချာမှု ရှိပြီလား၊ မြန်မာ ပြည်သူ ပြည်သား တွေနဲ့ နိုင်ငံတကာ မိတ်ဖက် နိုင်ငံ တွေအတွက်ကျွှန်မတို့က တစ်ကယ့် အပြောင်းအလဲ စစ်စစ်ကို အောင်မြင်နိုင်ဖို့ ဆက်ပြီး ကြိုးစား သွားရအုံးမယ်” ဟု ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်၌ သမ္မတ အိုးဘားမားနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် သူမမှ ထည့်သွင်း ပြောကြား သွားခဲ့သည်။
 အိုဘာမားရဲ့ မိန့်ခွန်း အစကို ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီမိုကရေစီရဲ့ Icon” ဖြစ်ပြီး သူမရဲ့ ရဲ့ရင့် ပြတ်သားတဲ့ သူရ သတ္တိ တွေအတွက် သဘောကျ ခဲ့ပြီး လေးစား ထောက်ခံကြောင်း ပြောကြားပြီး စခဲ့ ပါတယ်။ ဒီအလည်အပတ် ခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာ နိုင်ငံ တို့အကြား စာမျက်နှာသစ် တစ်ခုကို ဖွင့်လှစ် နိုင်ခဲ့ခြင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
 ပြီးခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာ လအတွင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စစ် ကလင်တန် လာရောက် လည်ပတ်ခဲ့ပြီး နောက်ပိုင်း မြန်မာ့ အပြောင်းအလဲ အတွက် အမေရိကန်ရဲ့ ပါဝင် ကြိုးပမ်းမှု အခန်းကဏ္ဍကို စတင် ဖွင့်လှစ် နိုင်ခဲ့ကြပြီး ဆက်ဆံရေး အသစ် တွေကိုလည်း ချမှတ် နိုင်ခဲ့ပါတယ်။
 အဲဒီလို မစ္စကလင်တန်ရဲ့ အားပေး တိုက်တွန်းမှုတွေကြောင့် နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ တိုးတက်မှုများ အဖြစ် နေအိမ် အကျယ်ချုပ်မှု လွတ်မြောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပါလီမာန်ရွေးကောက်ပွဲများ ဝင်ရောက် ယှဉ်ပြိုင် နိုင်ခဲ့ခြင်းများ၊ နိုငံရေး အကျဉ်းသားများ လွှတ်ပေးလာခြင်း၊ စာနယ်ဇင်းများအပေါ် ကန့်သတ်မှုတွေ ထားရှိထားတဲ့ အပေါ် ဖယ်ရှား ပေးခဲ့ခြင်း အလုပ်သမား ကာကွယ်ရေး အခွင့်အရေးတွေ ရေးဆွဲ နိုင်ခဲ့ခြင်း၊ ကလေးစစ်သား အသုံးပြုရေးအပေါ် ထိန်းချုပ်လာနိုင်ခြင်း စတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။
 အမေရိကန် နိုင်ငံကလည်း ဒီအပြောင်းအလဲကို ထောက်ခံ ဂုဏ်ပြုတဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ပင်မှု အချို့ကို စတင် ရုတ်သိမ်း ပေးခဲ့ပါတယ်။
 ကျွှန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ ဒီမိုကရေစီ အကူးအပြောင်း ဟန်ချက်ကို ထိန်းညှိ ပေးပြီး ခိုင်ခိုင်မာမာ ရှေ့ဆက် သွားနိုင်ဖို့ပါ၊ ဒီအတွက်လည်း ယုံကြည် စိတ်ချ ရတဲ့ အစိုးရ အဖွဲ့အစည်း တစ်ရပ် ရှိရမယ်၊ ဥပဒေ စိုးမိုးရေးကို တည်ဆောက် ရမယ်၊ တိုင်းရင်းသား ဒေသ ပဋိပက္ခတွေ ရပ်တန့် ရမယ်၊ ဒီတိုင်းပြည်မှာ ရှိတဲ့ ပြည်သူတွေ ကောင်းမွန်တဲ့ ပညရာရေး၊ ကျန်းမာရေးနဲ့ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုတွေ ထဲကို ဝင်ရောက် နိုင်အောင် တာဝန်ခံ ပေးရမယ်” ဟု အိုဘားမားမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သွားပါသည်။
 နိဂုံး အနေဖြင့် မြန်မာနိုင်ငံသူ/သား များအပေါ် ကျေးဇူးတင်ကြောင်း ပြောကြား၍ မြန်မာနိုင်ငံ ဒီမိုကရေစီ ဘက်သို့ ကူးပြောင်းရေး ဆက်လက် ရှေ့လှမ်းဖို့ အမေရိကန်မှ တတ်နိုင်သည့် ဘက်မှ ထောက်ပံ့ကူညီ ပေးသွားမည်ဟု ကတိပေး ပြောကြား သွားခဲ့သည်။
No comments:
Post a Comment