Monday 14 January 2013

Posted: 13 Jan 2013 05:30 PM PST
လူ တချို့ မုန်းတီးမှုကို ခံလာရသော လူတဦးဘ၀။

မှန်ရာကိုပြောသည်။ လူထု ဘက်သို့သာ ရှေးရှုသည်။

မတရားမှုတွေကို ဖေါ်ထုတ် တိုက်ဖျက်သည်။ လိုအပ်နေသေးသော ကွပ်လပ်လေးတွေကို တတ်နိုင်သမျှ လိုက်ဖြည့်သည်။ ပင်လယ်ကမ်းစပ်ပေါ် သောင်လာတင်နေသော ကြယ်ငါးလေးများကို ပင်လယ်ရေထဲ လိုက်ဖြည့်နေသော လူတယောက်ကဲ့သို့ ဘာမှ ထိရောက်မှု မရှိဟု ထင်ချင်စဖွယ် ရှိသည်။

သို့သော် ကျနော် ပြန်လွှတ်ပေးလိုက်သော ကြယ်ငါးလေး တကောင် နှစ်ကောင်မှသည် ယခု ဆို ထောင်ချီသော သောင်တင်သူတို့ လွတ်လပ်စွာ မြူးထူးကူးခတ် ဖြောင့်မတ်နေလေပြီ။

ခရိုနီကြီးများ၊ လူထု ပြည်သူကို မတရားအုပ်ချုပ်ခဲ့သူများ၊ အရပ်ဘက် ဘူဇွာ စီးပွားရေး ကုမ္ဒ္ပဏီ ကြီးများ ထဲမှ လူထုပေါ် ဖိစီးနှိပ်စက် ရက်စက်နေခြင်းများကို မီးမောင်း ထိုးပြသည်။

ပြည်သူကြားမှ ပြည်သူ့ သားဖြစ်သောကြောင့် ထို ခရိုနီကြီးများ အကြားမှ ပြည်သူများကပင် စာနာထောက်ထားစိတ်ဖြင့် သတင်းများဆက်သွယ်ပေးပို့လာသည်။

ကျနော့်  တင်ပြချက် လူထု လှုပ်ရှားမှုများ၊ ဖေါ်ထုတ်ချက်များ၊ ကြောင့် ကျနော့်တွင် ဘေးအန္တရာယ် ကျရောက်လာနိုင်ကြောင်း။

အရပ်ဘက် ဘူဇွာ စီးပွားရေး ကုမ္ဒ္ပဏီ ကြီးများထဲမှ သူဌေး တဦးက ကျနော့်ကို တရားစွဲရန် ပြင်ဆင်နေကြောင်း၊ ရှေ့နေများက လက်မခံသေးသဖြင့် စစ်ဗိုလ်ချုပ်ကြီးများ ထံ ချည်းကပ်နေကြောင်း သတင်း ရရှိပါသည်။

စစ်သားဟောင်း တယောက် လူထု အကျိုး ရှေးရှုပြီး မှန်ကန်ဖြောင့်မတ်ရာကို ရဲရဲ လုပ်နေခြင်း အပေါ် တားမြစ်ကန့်ကွက် ခရိုနီဘက် လိုက်ကာ မတရားသော စွပ်စွဲချက်အတွက် ဘက်ရပ်ပစားပေးသူ စစ်ဗိုလ်ချုပ် ယနေ့ မြန်မာ့ တပ်မတော်တွင် မရှိတော့ပြီဟု ယုံကြည်သည်။

အချို့သော သူများက လျို့ဝှက်သတင်းပေးသည်။ ခရီးသွားချိန် ဂရုစိုက်ရန် နှင့် ကိုထင်ကျော် ကဲ့သို့ လူအုပ်စုဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခြင်း။ ကားဖြင့် ချောင်းမြောင်း တိုက်ခိုက် သတ်ဖြတ်ရန် ကြံစည်ခြင်းများ ပြုလုပ်ရန် ကြံစည်နေကြောင်း။ ဖြုတ်ငယ်မျှသာဖြစ်သော ကျနော်လို လူတယောက်ကို အစဖျောက်ပစ်ရန် အလွယ်လေး ဖြစ်ကြောင်း သူဌေးကြီး တချို့က ပြင်ဆင်နေကြောင်း လျို့ဝှက် သတင်းပေးသည်။

လက်ရဲ ဇက်ရဲပြီးသော သူတို့ အတွက် လက်ဖျောက်တချက် တီးငယ်မျှဖြင့် လူတယောက် လောက က ပျောက်သွားနိုင်ခဲ့သည့် ခေတ်ကို ကျနော်တို့ဖြတ်သန်းခဲ့ဖူးပါသည်။

ကျနော်သည် ဖြောင့်မတ် ရိုးစင်းခြင်းဖြင့် လူထု ချစ်ခင်လေးစားခြင်းကို မြတ်နိုးစွာ ခံယူ တန်ဖိုးထားသော ပြည်သူ့စစ်သားဟောင်း စစ်တက္ကသိုလ် ကျောင်းဆင်း တဦးဖြစ်ပါသည်။

မတရားသူများ၊
ကိုယ်ကျိုးရှာသမားများ ၊
ငို့ဘသမားများ၊
အခွင့်ထူးခံများ၊
တာဝန်ရှိသူဟု ဆိုပြီး ပြည်သူ့လစာကို စားကာ ပြည်သူကို မကြည့်သူများ
၊ ပြည်သူ့ အကျိုးစီးပွားထက် မိမိကိုယ်ကျိုးစီးပွားကိုသာ လိပ်သဖွယ် ယက်သူများ။
ဥပဒေကိုလက်တလုံးခြားလုပ်ကာ လှည့်ဖြားကြီးပွား ခရိုနီကြီးများ သတိမပြုမိသေးသော ခေတ်သစ် မျိုးဆက်သစ် လူငယ်တို့ စိတ်ထားကို အသိပေးလိုက်သည်။

စစ်တက္ကသိုလ် ကျောင်းဆင်း ဟူသည် ဘယ်တော့မှ လက်နက် မချပါ။

မှန်ကန်ပြတ်သား။၊ အများ အကျိုး ရှေးရှု၊ လူထု နှင့် ပြည်သူ့ အတွက် ၊ နိုင်ငံတော် အနာဂတ် အတွက် ၊ ပြည်ထောင်စုကြီး အတွက် လူမျိုးရေး မခွဲခြားသော တိုင်းရင်းဖွား စိတ်ဓါတ်ဖြင့် ပြည်ထောင်စု သားများ အတွက် မြင့်မြတ်သော မျိုးချစ်စိတ်ထားဖြင့် မျိုးဖျက်သူထံ၊ ပြည်ဖျက်သူထံ၊ လူထုကို ဖိစီးနှိပ်စက်သူထံ ဘယ်တော့မှ အညံ့မခံပါ။

ခြောက်တိုင်းလည်း ကြောက်မည့်သူ မဟုတ်၊ ချော့တိုင်းလည်း ပျော့မည်သူမဟုတ်။ အသပြာ ငွေကြေး အခွင့် အရေးဖြင့်လည်း မိမိဧ။် ရပ်တည်ချက်ကို ပြောင်းလဲ ပြင်ဆင်ပြီး လူတစုအတွက် လူထုကို မငဲ့ ၊ ကျောင်းဆင်း တဦးဧ။်မြင့်မြတ်သော ဂုဏ်သိက္ခာကို ရောင်းစားမည့်သူ မဟုတ်။

ကျနော်သည် စစ်တက္ကသိုလ် ကျောင်းဆင်း တဦးဖြစ်ပါသည်။

နေမျိုးဇင်
(စတသ ၃၉)
Bc29444

No comments:

Post a Comment